အခန်း - ၄၂

39.5K 3.5K 2.3K
                                    

UNICODE

မွေ့ရာတစ်ဖက်ခြမ်းက အိခနဲ ဖြစ်သွားပြီး ရရ ပါးတစ်ဖက်က နွေးလာတယ်။ ထိုမှတစ်ဆင့် နဖူးပြင်နဲ့ နှုတ်ခမ်းတို့ဆီ နွေးထွေးမှုလေးတွေ ပြိုဆင်းလာတယ်။ သားနဲ့သမီး မွေးပြီးတည်းက ဘယ်လောက်ပဲ အိပ်မောကျနေနေ အသား လာထိတာနဲ့ ဆတ်ခနဲ နိုးတတ်တာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ညစဉ်ညတိုင်း ကိုကို လာထိရင် နိုးသွားပေမဲ့ ကိုကိုမှန်း သိရင် ပြန်အိပ်ပျော်သွားတာလဲ ရရပါပဲ။

မျက်နှာတစ်ပြင်လုံးနဲ့ လက်ဖမိုးတို့ကို ဖွဖွရွရွ ကြင်နာပြီးတာနဲ့ ခါတိုင်းလို ရရဘေးမှာ တိုးကပ် အိပ်လိုက်မယ် ထင်ထားပေမဲ့ သက်ပြင်းရှိုက်လိုက်၊ ငုံ့နမ်းလိုက် လုပ်နေတဲ့ ကိုကို့ အကြင်နာတွေက လည်တိုင်နဲ့ နားသယ်စပ်တွေအထိ ဖိကပ်လာတာမို့ ရင်တဒိန်းဒိန်း ခုန်လာတယ်။

အဲ့ဒီကတစ်ဆင့် ရရ ဆွယ်တာလေးကို ကိုကို ပင့်တင်လိုက်တဲ့အသိ။ ဗိုက်ခွဲထားတဲ့ နေရာလေးကို အတန်ကြာ ပွတ်သပ် နမ်းရှိုက်နေတဲ့အသိ။ ထိုမှတစ်ဆင့် ရရ ဆွယ်တာလေးထဲ ကိုကို့ခေါင်း ဝင်ရောက်လာတဲ့အသိ။ အကျင့်ဖျောက်ဖို့ ခက်သွားတဲ့ ကိုကိုက သားနဲ့သမီးအတွက် အာဟာရ တိုက်ကျွေးဖို့ မလိုတော့တဲ့ နေရာလေးကို အတန်ကြာ ထိပါးငုံထွေးလာတဲ့အခါ ရရ တစ်ကိုယ်လုံး ပူလောင်ပြင်းပြလာတယ်။

အသံမထွက်စေဖို့ အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး ကုတင်ပေါ် ဝေ့ကြည့်တော့ သားနဲ့သမီးက ရရဘေး တစ်ဖက် တစ်ချက်ဆီမှာ ကွေးကွေးလေး အိပ်မောကျနေပြီး မြတ်ကလေးက ရရကို ထိမထားဘူး ဆိုပေမဲ့ သားမြဲက ရရအင်္ကျီ လက်ဖျားလေးကို ဆုပ်ကိုင်ထားတာမို့ ရရ လူးလွန့်မိရင် ကလေးတွေ နိုးကုန်ကြတော့မှာ။

ဒီတစ်လော နှစ်ယောက်သား အလုပ်ရှုပ် ဗျာများနေကြပြီး ညရောက်တိုင်းလဲ ရရက တုံးခနဲ ဦးစွာ အိပ်ပျော်သွားတာမို့ တူနှစ်ကိုယ် မကြင်နာဖြစ်တာ ကြာပါပြီ။ ကိုကိုဟာ ရောင့်ရဲတတ်တဲ့ အိမ်ဦးနတ်ပါ။

ရရကို ဘယ်လောက်ပဲ ကြင်နာချင် ကြင်နာချင် ဘယ်တုန်းကမှ အရိုင်းဆန်စွာ မပြုမူတတ်သလို ရရ ပင်ပန်းနေမှန်း သိရင် လေသံလေးတောင် မသလပ်ဘဲ ပွေ့ပိုက် နမ်းရှိုက်ရရုံနဲ့ ကိုကို ကျေနပ်တတ်ပါတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now