"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက...

By callmefrangi

2.7M 212K 53K

"ကိုကို့ စိတ်အနာတွေဟာ ရရကြောင့်များ သက်သာခဲ့မယ် ဆိုရင် ကိုကို့အနာဂတ်မှာ ပန်းတွေ ဝေစေပြီး ရရ အနာဂတ်မှာ ပန်းတွေ... More

"Welcome Back"
အခန်း- ၁
အခန်း- ၂
အခန်း- ၃
အခန်း- ၄
အခန်း- ၅
အခန်း- ၆
အခန်း- ၇
အခန်း- ၈
အခန်း- ၉
အခန်း- ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
PLEASE READ IT
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
PLEASE 🥺
အခန်း - ၄၄
အခန်း - ၄၅
ဇာတ်သိမ်းပိုင်း
အချပ်ပို ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Announcement
"Book Order Alert"

အခန်း - ၃၉

42.3K 3.6K 792
By callmefrangi

UNICODE

ခွဲခန်းရှေ့မှာ ပတ်လျှောက်နေကြတာ တစ်ယောက်လဲမဟုတ်၊ နှစ်ယောက်လဲမဟုတ် အုပ်စုလိုက်ကြီး။ လူတိုင်း မျက်ဝန်းမှာ စိုးရိမ်ရိပ်တွေ ကိန်းဝပ်နေတဲ့အပြင် ကလေးအဖေ ဖြစ်သူက အိမ်သားလေး အန္တရာယ်ကင်းဖို့အတွက် တစ်ခုခုကို ဆက်တိုက် ရွတ်ဖတ်နေပြီး မကြာခဏ နံရံမှာ ခေါင်းသွားစိုက်လိုက်၊ ခွဲခန်းတံခါးကို မျှော်ကြည့်လိုက်၊ လက်နှစ်ဖက်ကို ဖိပွတ်လိုက်နဲ့ ဂနာမငြိမ် အလုပ်ရှုပ်နေပါတယ်။

ဘိုးအေဖြစ်သူက ဆေးရုံထဲက အလှစိုက် ပန်းအိုးလေးကို ငူငူကြီး ရပ်ကြည့်နေပြီး ဘွားအေဖြစ်သူက စင်္ကြံလျှောက်ရင်း ဘုရားစာ ရွတ်ဖတ်နေတယ်။ အစ်မ ဖြစ်သူကတော့ ထိုင်လိုက်ထလိုက် ပူထူဗျာများနေပြီး သူငယ်ချင်းလေး နှစ်ယောက်ကတော့ တွတ်ထိုးလိုက်၊ ငြိမ်ကျသွားလိုက်၊ ခွဲခန်းနားကို ပြေးသွားလိုက်နဲ့ အလုပ်ရှုပ်နေကြပါတယ်။

ကိုယ့်အာရုံနဲ့ကိုယ်မို့ အချင်းချင်း သတိမထားမိကြပေမဲ့ သူတို့အားလုံး ရင်ထဲမှာ တညီတညွတ်တည်း ဆုတောင်းမေတ္တာ ပို့သနေတာကတော့ မွေးလူနာလေး ရှောရှောရှူရှူ အဆင်ပြေသွားဖို့ပါပဲ။

"ဟူး... အဆင်မှပြေရဲ့လား ချာတိတ်လေးရာ၊ ကိုကို့ ရင်တွေ ပူလှပြီကွာ"

နံရံမှာ ခေါင်းစိုက်ထားရင်း နေမရ ဖြစ်လာတယ်။ သူ့ချာတိတ်လေး ခွဲခန်း ဝင်သွားတာ နာရီဝက် ရှိပါပြီ။ Operation စပြီ ဆိုကတည်းက မနားမနေ ရွတ်မိတာက အင်္ဂုလိမာလသုတ်။ ကိုးလကျော် ဆယ်လနီးပါး အာဂုံဆောင်ခဲ့မိတဲ့ သုတ္တံကြီးက မနေ့ကအထိ ဂျောင်းဂျောင်း ပြေးနေသေးပေမဲ့ ချာတိတ်လေး ဝင်သွားပြီးတည်းက ကပေါက်တိ ကပေါက်ချာ ဖြစ်ချင်လာတယ်။

ခေါင်းကုတ်လိုက်၊ လေပူတွေ မှုတ်ထုတ်လိုက်နဲ့ မှတ်မိဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ အစအနတောင် ပေါ်မလာ။ သူ သိပ်တုန်လှုပ်နေပါပြီ။ တစ်ယောက်ယောက် အကူအညီကို ကျိန်းသေလိုနေပြီမို့ ခုံတန်းလျားတွေဆီ ခပ်သုတ်သုတ် လျှောက်လိုက်မိတယ်။

"အောင်မောင်း"

ထိုင်ခုံပေါ်မှာ ခေါင်းငုံ့ထားလျက် လက်နှစ်ဖက်ကို ဖိပွတ်နေတဲ့ အောင်မောင်းက ခေါ်သံကြားတော့ မော့ကြည့်တယ်။ သူတင်မက လူတိုင်းက တုန်တုန်လှုပ်လှုပ် ဖြစ်နေကြတာ သိသာပါတယ်။

"အေး... အာကြီး"

သူ့မျက်နှာကို အကဲခတ်မိသွားတဲ့ အောင်မောင်းက သက်ပြင်းရှိုက်လျက် နေရာက ထရပ်တယ်။

"စိတ်ပူနေတာလား အာကြီး"

"အေး"

"အခုမှ နာရီဝက်ပဲ ရှိသေးတာ၊ အနည်းဆုံး တစ်နာရီလောက်တော့ အချိန်ယူရမှာပဲ၊ လာ ငါ့ဘေး လာထိုင်၊ အဆင်ပြေသွားလိမ့်မယ်၊ စိတ်အေးအေးထား ဟေ့ရောင်"

ပြောပြောဆိုဆို သူ့လက်ကို လှမ်းဆွဲ ထိုင်ခိုင်းလိုက်တဲ့ အောင်မောင်း လက်က သူ့နည်းတူ အေးစက်စက်ကြီး။ သူငယ်ချင်းနှစ်ယောက် သွေးမရှိတဲ့ မျက်နှာကြီးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြရင်း...

"အောင်မောင်း"

"အေး... သူငယ်ချင်း"

"အင်္ဂုလိမာလသုတ် ဘယ်က စတာလဲ"

"ဟမ်"

"သိတယ်မလား၊ အင်္ဂုလိမာလသုတ်လေ"

"ကိုးလလုံးလုံး မင်း ကျက်နေတဲ့ဟာမို့လား"

"အေး"

"ငါ ဘယ်လိုလုပ် သိမှာလဲ သူငယ်ချင်းရာ၊ ငါက ကလေးအဖေမှ မဟုတ်တာ"

အောင်မောင်း စကားကို စိတ်ပျက်သွားမိတာ အမှန်ပါ။

"ကလေးအဖေမှ ကျက်ရမှာလား၊ ပြောတော့ သူငယ်ချင်းကောင်း ဆိုပြီး ဒါလေးတောင် ကူကျက်မထားဘူး၊ ဟိုမှာတွေ့လား၊ ချာတိတ် မိဘတွေနဲ့ အစ်မတင်မက သူ့သူငယ်ချင်းလေးတွေပါ ရွတ်နေကြတယ်"

"အဲ့တာဆို သူတို့ သွားမေးပါ့လားကွာ"

"မေ့သွားတယ်လို့ မပြောချင်လို့ပေါ့ကွ"

အောင်မောင်း မျက်နှာက အံ့ဩဟန် ပြောင်းလဲသွားပြီးမှ တစ်ခုခုကို တွေးမိသလို စပ်ဖြဲဖြဲ ဖြစ်လာတယ်။

"ကူကျက်ပေးတော့ မင့်သမီး ငါ့ပေးမှာမို့လို့လား၊ အရာရာတိုင်း ငါ့ခိုင်းစားချင်နေတဲ့ မင်းက မလွန်လွန်ဘူးလား နွားရာ"

ပေါ့ပါးစေလိုဟန် စနောက်လိုက်တဲ့ အောင်မောင်း စကားကို မကြားလိုက်ဟန် အဇဋာက လက်နှစ်ဖက်ကို ဖိပွတ်လျက် သက်ပြင်း အရှည်ကြီးကို လူတွေ ကြားအောင် ချလိုက်ပြီး ခွဲခန်းဆီ မျှော်ကြည့်နေပြန်တယ်။

"ခုနကအထိ ငါ ရွတ်နေသေးတယ်ကွာ၊ အခု အစကို ဖော်မရတော့ဘူး၊ တစ်ခုခု လုပ်စမ်းပါ အောင်မောင်းရာ၊ ငါ့ချာတိတ်လေး အဆင်မှပြေရဲ့လား မသိဘူး၊ ရင်တွေ ပူနေတာ နေမရတော့ဘူး"

ငိုတော့မလို အသံတုန်တုန်ကြီးကြောင့် အောင်မောင်း မျက်ခုံးတန်းတွေ ပင့်တက်သွားပြီး သူငယ်ချင်း ဖြစ်သူကို သိုင်းဖက်လိုက်မိတယ်။ ပြောင်းလဲလာတဲ့ အာကြီး သွင်ပြင်ကြောင့် အလိုလိုနေရင်း သူပါ ပူပူထူထူ ဖြစ်လာတယ်။

"အလွတ်မရပေမဲ့ ဖုန်းထဲကနေ ရှာပေးပါ့မယ်ကွာ၊ စိတ်မပူစမ်းပါနဲ့၊ မင်း တစ်ကိုယ်လုံး တုန်မနေနဲ့လေ အာကြီးရာ၊ ဘာမှမဖြစ်စေရဘူး စိတ်ချ၊ မကြောက်နဲ့၊ ငါ တစ်ယောက်လုံး ရှိ... ရှိ... ရှိတယ် အာကြီး"

အာကြီးတင်မက အောင်မောင်းပါ လျှာတွေ လိပ်ပြီး စကားတွေ ထစ်လာတယ်။ ခွဲခန်းကို မျှော်ကြည့်လိုက်၊ သက်ပြင်းရှိုက်လိုက်နဲ့ သူငယ်ချင်းနှစ်ယောက် တွတ်ထိုးနေတုန်း အနားကို ဦးမျိုးမြတ်ရှိန်ဝါ ရောက်လာတယ်။

"သားကြီး"

"ဗျာ အဖေ"

"တအား စိတ်ပူနေတာလား"

"ဟုတ်ကဲ့အဖေ"

ဦးမျိုးမြတ်ရှိန်ဝါက အာကြီးကို သေချာအကဲခတ်ပြီး ခေါင်းညိတ်တယ်။

"အဆင်ပြေသွားလိမ့်မယ် သား၊ အဲ့လောက် စိတ်မပူနဲ့၊ ခင်ပွန်းသည်က တအားပူပန်လွန်းနေရင် မွေးလူနာအတွက် မကောင်းဘူး၊ သိပ်ကြောက်နေရင် မျက်စိခဏ မှိတ်ထားလိုက်၊ သားအစား အဖေက ရွတ်ဖတ်ပေးထားမယ် ဟုတ်ပြီလား၊ သားသမီး သုံးယောက်တောင် မွေးဖူးတာမို့ အဖေက ဒီအပိုင်းမှာ ကျွမ်းကျင်ပြီးသား"

အာကြီး ပခုံးကို ဖွဖွပုတ်ပြီး နှစ်သိမ့်နေပုံက ဘိုးအေကြီးဆိုက် ပြည့်နေတဲ့အပြင် အပြုံးနွေးနွေး၊ လေသံအေးအေးနဲ့မို့ စိတ်လှုပ်ရှားနေလား၊ မလှုပ်ရှားနေလား ဘယ်သူမှ မခန့်မှန်းနိုင်။ တကယ်ပဲ ကလေးသုံးယောက် ဖခင်မို့ ရင့်ကျက်နေသလား ဆိုတာကတော့ ဦးမျိုးမြတ်ရှိန်ဝါသာ သိနိုင်ပါလိမ့်မယ်။

"ဟုတ်ကဲ့... ဟုတ်ကဲ့ အဖေ"

နှစ်သိမ့်ပြုံးနဲ့ ဦးမျိုးမြတ်ရှိန်ဝါက လှည့်ထွက်မလို ဟန်ပြင်ပြီးမှ အောင်မောင်းတို့ဘက် ပြန်လှည့်လာတယ်။

"ဒါနဲ့ သားတို့"

"ဗျာ အဖေ"

"ပရိမိတ္တဇာလသုတ်က ဘယ်ကစတာလဲ၊ ရုတ်တရက် အဖေ မမှတ်မိတော့လို့"

"ပရိ... ပရိမိတ္တဇာလသုတ်က ဘာလုပ်ဖို့လဲ အန်ကယ်"

မျက်လုံးကြီး ပြူးပြီး မေးလိုက်တဲ့ အောင်မောင်းကို ဦးမျိုးမြတ်ရှိန်ဝါက ကြည့်ပြီး ပြုံးတယ်။

"အန်ကယ့်သားငယ်လေး မီးဖွားရ လွယ်ကူအောင် ရွတ်ပေးမလို့ပါ၊ ခင်နှောင်း မီးဖွားတိုင်း အန်ကယ်က အဲ့တာ ရွတ်ဖတ်ပြီး စောင့်နေကျလေ၊ ဒါကြောင့် ထင်တယ်၊ အန်ကယ့်ကလေး သုံးယောက်လုံး ရှောရှောရှူရှူ မွေးဖွားခဲ့ကြတာပေါ့"

သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အီလည်လည် ကြည့်နေပြီးမှ ဆက်အောင့်မထားနိုင်တဲ့ အောင်မောင်းက ဦးမျိုးမြတ်ရှိန်ဝါကို ဖွင့်ထုတ်မေးတယ်။

"မီးဖွားရ လွယ်ကူဖို့ဆို အင်္ဂုလိမာလသုတ် ရွတ်ရမှာ မဟုတ်ဘူးလား အန်ကယ်"

ဦးမျိုးမြတ်ရှိန်ဝါ မျက်နှာက ရဲခနဲ။ ကြည့်ရတာ ဦးမျိုးမြတ်ရှိန်ဝါလဲ လွတ်နေပုံ ရပါတယ်။ သို့ပေမဲ့ ဟန်ကိုယ့်ဖို့နဲ့ အမူအရာကို ထိန်းသိမ်းလိုက်ပြီး ခေါင်းဆတ်လျက် ပြုံးမြမြ လုပ်နေတယ်။

"မဟုတ်မှ သုတ္တံ နာမည်တွေတောင် မှားပြောနေပြီ ဆိုတော့ အန်ကယ် တအား စိတ်လှုပ်ရှားနေတယ် ထင်တယ်၊ ထိုင်ပြီး နားပါအုံး ခင်ဗျာ"

နေရာဖယ်ပေးတဲ့ အောင်မောင်းကို ဦးမျိုးမြတ်ရှိန်ဝါက လက်ကာပြတယ်။

"မဟုတ်တာကွယ်၊ အန်ကယ်က အတွေ့အကြုံတွေ များလှပါပြီ၊ စိတ်လှုပ်ရှားတယ် ဆိုတာ လူငယ်တွေ အတွက်ပါ၊ ကိုင်း... ထားပါတော့၊ ထားပါတော့၊ အင်္ဂုလိမာလသုတ်ဆိုလဲ အင်္ဂုလိမာလသုတ်ပေါ့ကွာ၊ အန်ကယ် ရပြီးသားပါ၊ ဒါနဲ့ သားကြီး"

ဦးမျိုးမြတ်ရှိန်ဝါက အာကြီးဘက် စကားလမ်းကြောင်း လှည့်လာတာမို့...

"ဗျာ အဖေ"

"အင်္ဂုလိမာလသုတ်ကော ဘယ်က စတာလဲ"

ပုံမှန်အချိန်ဆို ရယ်ပစ်လိုက်မှာ ဖြစ်ပေမဲ့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကို တစ်ယောက် အူကြောင်ကြောင် ထပ်ကြည့်မိကြတယ်။ အာစေးမိနေတဲ့ အာကြီးကို ကူညီပေးဖို့အတွက် အောင်မောင်း လက်တွေက ဖုန်းမျက်နှာပြင်ပေါ် စတင် ပြေးလွှားလိုက်ပေမဲ့ လက်တုန်နေတာမို့ လိုရင်းကို ချက်ချင်းမရောက်။

"မဟုတ်မှ သားကြီးလဲ မေ့နေတာလား"

"ဟုတ်ကဲ့၊ ကျွန်တော်လဲ အခုပဲ မေ့သွားလို့ အဖေ"

အာကြီး အဖြေ ထွက်လာတော့ ဦးမျိုးမြတ်ရှိန်ဝါက ခပ်လွင်လွင် ရယ်တယ်။

"ဟေ... ကောင်းရောကွာ၊ ငါ့သားက တော်တော် စိတ်လှုပ်ရှားနေတာပဲ ဟားဟား"

"ကိုကြီးဇဋာ"

သုံးယောက်သား အလုပ်ရှုပ်နေချိန်မှာ အနားကို စွတ်ခနဲ ထပ်ရောက်လာတာက သံသာ။

"အင်း... ညီမ"

"အင်္ဂုလိမာလသုတ် ဘယ်ကစ..."

"ခဏ... ခဏနော်၊ အစ်ကိုလဲ မေ့သွားလို့၊ အောင်မောင်းကို ရှာခိုင်းထားတယ်"

သံသာက သူ့နဖူးသူ ဖြန်းခနဲ ရိုက်တယ်။

"အာ... ဟုတ်သားပဲ၊ ညီမ ပူထူနေတာနဲ့ ဖုန်းထဲ ရှာလို့ ရတာ မေ့သွားတယ်"

အောင်မောင်းနဲ့ သံသာ ဖုန်းထဲ မျက်နှာစိုက်နေချိန်မှာ ပါဝါရိန်းဂျားတစ်ကောင် အနားကို ထပ်ရောက်လာပြန်တယ်။

"အင်္ဂုလိမာလသုတ်မို့လား၊ ငါ ရတယ်လေ သံသာရဲ့"

"ဟမ်... စောစောက ပြောပါလား ကောင်စုတ်ရဲ့၊ ဒီမှာ ပူထူနေပါတယ်ဆိုမှ"

"မရှာနဲ့တော့လေ၊ ကျွန်တော် ရွတ်ပြပါ့မယ်"

ရှာဖွေနေကြသူတွေ ရပ်တန့်သွားကြပြီး မြတ်မိုးကို ဝိုင်းပြုံ ကြည့်ကြတဲ့အခါ ဆရာကြီး အထာနဲ့ မြတ်မိုးက ချောင်းအရင်ဟန့်တယ်။ ပြီးနောက် ထွက်လာတဲ့ အသံသေး၊ အသံကြောင်က...

"ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေဝကာ၊ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ"

"အဲ့တာ မင်္ဂလသုတ်ကြီးမို့လား"

အားလုံး အော်သံက တစ်ပြိုင်နက်။ မြတ်မိုးပုံစံက မျက်လုံးလေး ပေကလပ် ပေကလပ် ဖြစ်လာပြီး သွားဖြဲလျက် အားလုံးကို တောင်းပန်ဟန် ဝေ့ကြည့်တယ်။

"အဟဲ... မင်္ဂလသုတ် ဖြစ်သွားတာလား၊ ဆော... ဆောရီး"

အားလုံး ရယ်ရခက် ငိုရခက် ဖြစ်နေချိန်မှာ လျှောက်လမ်း တစ်လျှောက်မှာ ပုတီးပတ်စိတ်နေတဲ့ ဒေါ်ခင်နှောင်းနဲ့ နွေဦးရနံ့တို့ အနားကို ပြန်ရောက်လာကြတယ်။

"ဘာဖြစ်နေကြတာလဲဟင်၊ မျက်နှာလဲ မကောင်းကြပါလား၊ သားငယ်လေး သတင်း ဘာကြားလို့လဲ ဖေဖေ"

နွေဦးရနံ့ အမေးကို ဦးမျိုးမြတ်ရှိန်ဝါက လက်ကာပြတယ်။

"ဘာမှမဖြစ်ပါဘူး သမီးကြီးရဲ့၊ ဖေဖေတို့ အားလုံး အင်္ဂုလိမာလသုတ်ကို အစဖော်မရလို့ ရှုပ်ထွေးနေကြတာ"

တော်သေးတာပေါ့ ဆိုတဲ့ဟန်နဲ့ နွေဦးရနံ့ဆီက ရယ်သံ ကြားလိုက်ရတယ်။ ဒေါ်ခင်နှောင်းကတော့...

"ခင်နှောင်းကိုတော့ လာမမေးဘူး ကိုမျိုးရယ်၊ ကလေးတွေက ပူထူနေပါတယ် ဆိုမှ ကိုမျိုးကပါ သွားရှုပ်နေတာလား"

ဒေါ်ခင်နှောင်း စကားကြောင့် ဦးမျိုးမြတ်ရှိန်ဝါက ရှက်ရယ် ရယ်ပါတယ်။

"ခင်နှောင်းက လှစ်ခနဲ ပျောက်သွားတာကိုး၊ ကိုမျိုး လိုက်ကြည့်သေးပေမဲ့ ရှာမတွေ့လို့"

"စင်္ကြံမှာ ပုတီးလေး သွားစိတ်နေတာပါ ကိုမျိုးရယ်၊ ကဲ...ကဲ အားလုံးကို အန်တီ ရွတ်ပြမယ်နော်၊ လိုက်ဆိုကြပေါ့ ဟုတ်ပြီလား"

ဒေါ်ခင်နှောင်း အရှိန်ယူစဉ်မှာ နွေဦးရနံ့က အိတ်ကပ်ထဲကနေ ဖုန်းကလေး ဆွဲထုတ်ပြီး ထောင်ပြတယ်။

"နွေ ဖွင့်ပြလိုက်မယ် မေမေ၊ မေမေလဲ စိတ်လှုပ်ရှားနေတာမို့လား၊ ခုနကတောင် ကိုယ့်ခြေထောက်နဲ့ကိုယ် ခလုတ်တိုက်ပြီး ချော်လဲတော့မလို့လေ၊ နွေ လှမ်းဆွဲလိုက်လို့ မလဲတာ မဟုတ်ဘူးလား"

ရယ်ရမဲ့ အချိန် မဟုတ်ပေမဲ့ ခွဲခန်းလေး အရှေ့မှာ ချစ်ခြင်းမေတ္တာနဲ့ ရယ်သံတို့ဟာ လွင့်ခနဲ။ တစ်ပြိုင်နက်မှာ ကြားလိုက်ရတာက သူတို့အားလုံး အစဖော်မရတဲ့ အင်္ဂုလိမာလသုတ်။ အားလုံး မျက်နှာတွေ ပြုံးယောင်သန်းလာပြီး ဆရာတော် ရွတ်ဖတ်သံနဲ့အတူ တီးတိုး လိုက်ဆိုနေမိကြတယ်။

"ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ၊ ဥဒကမ္ပိ ဝိနာသေတိ၊ သဗ္ဗမေဝ ပရိဿယံ၊ သောတ္ထိနာ ဂဗ္ဘဝုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ၊ ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ၊ ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ"

အချိန်တွေဟာ တရှပ်ရှပ်၊ တလှပ်လှပ် လွန်မြောက်ပြီးနောက် ခွဲခန်းတံခါး ဖွင့်သံလေး ကြားလိုက်ရပြီး သူတို့အနားကို ဒေါက်တာစမစ် ခပ်သုတ်သုတ် လျှောက်လာတယ်။

"ကလေးအဖေ"

"ဟုတ်ကဲ့ ရှိပါတယ်"

အဇဋာ့ကို တည့်တည့်ကြည့်ပြီး ဒေါက်တာစမစ်က ခပ်လောလော ပြောတယ်။

"ကလေးတွေကို အောင်အောင်မြင်မြင် မွေးဖွားပြီးပြီ ဆိုပေမဲ့ လူကြီး အခြေအနေက သားအိမ် ခွဲစိတ်မှုပါ တစ်ပါတည်း လုပ်ဆောင်မှ အဆင်ပြေပါလိမ့်မယ်၊ အချိန်ဆွဲလို့ မရပါဘူး"

"ဟမ်"

"အို"

အားလုံးဆီက အာမေဍိတ်နဲ့အတူ ဒေါက်တာစမစ်အနား တိုးကပ်သွားကြတယ်။

"အရေးပေါ် အခြေအနေအရ သားအိမ်ကို ချက်ချင်း ဖယ်ထုတ်ပစ်ရပါမယ်"

အရေးပေါ် အခြေအနေ ဆိုတဲ့ စကားမှာ အဇဋာ့ပုံစံက ဖြူဖျော့သွားပြီး ခန္ဓာကိုယ်ကြီး ညွတ်ကျလာတာမို့ အောင်မောင်းနဲ့ ဦးမျိုးမြတ်ရှိန်ဝါက တစ်ဖက်ဆီ ဖမ်းထိန်းပေးထားရပါတယ်။ အားလုံး မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်ပြီး တုန်ခိုက်နေကြတယ်။

"ဒေါက်တာ ကျွန်တော့်သား"

အသံတုန်နေတဲ့ ဦးမျိုးမြတ်ရှိန်ဝါကို ဒေါက်တာစမစ်က ခေါင်းညိတ်ပြတယ်။

"စိတ်မပူပါနဲ့ မစ္စတာ၊ အမျိုးသားကိုယ်ဝန် ဖြစ်တဲ့အပြင် ကလေးက အမြွှာမို့လို့ ခက်ခဲသွားတာပါ၊ အရေးပေါ် ဆိုပေမဲ့ ကျုပ်တို့ တွက်ဆထားတဲ့ ဘောင်အတွင်းမို့ မစိုးရိမ်ရပါဘူး၊ မီးဖွားတာက အဆင်ပြေပေမဲ့ လူနာအနေနဲ့ သားအိမ် ခွဲစိတ်ဖို့ကိုတော့ ပူပန်မှု ရှိပုံပါပဲ၊ မေ့ဆေး မပေးခင်မှာ ခင်ပွန်းသည်ကို အနား ခေါ်ထားပေးဖို့ တောင်းဆိုထားလို့ လာခေါ်ပေးရတာပါ"

အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားချိန်မှာ ဒေါက်တာစမစ် အနားကို အဇဋာ လျင်မြန်စွာ တိုးကပ်လာတယ်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ခေါ်သွားပေးပါ ဒေါက်တာ"

မျက်ရည်တွေနဲ့ အက်ကွဲကွဲ အသံကြီးကြောင့် ဒေါက်တာစမစ်က ခေါင်းညိတ်ပြတယ်။

"အခန်းထဲ မဝင်ခင် သတ်မှတ်ဝတ်စုံ လဲဝတ်ရပါမယ်၊ အဇဋာ ကျုပ်နောက် လိုက်ခဲ့ပါ"

ဒေါက်တာစမစ်က အားလုံးဘက် ဝေ့ကြည့်ပြီး ထပ်ပြောတယ်။

"ကလေးတွေကို အခန်းသက်သက် ခွဲထားပြီးပြီမို့ ကျန်လူတွေ အားလုံး ပိုးသတ်ဝတ်စုံ လဲဝတ်ပြီးတာနဲ့ ဝင်တွေ့လို့ရပါပြီ၊ သားအိမ် ခွဲစိတ်မှု ပြီးတာနဲ့ ကျုပ်တို့ အကြောင်းကြားပေးပါ့မယ်"

^^

အရေးပေါ် ဖြစ်လာနိုင်ခြေရှိတဲ့ ကေ့စ်တွေကို ကြိုတင် တွက်ဆထားတဲ့ ဆရာဝန်နှစ်ဦးအတွက် သားအိမ် ဖယ်ထုတ်မှုက ကြီးကြီးမားမား မရုန်းကန်လိုက်ရပါ။ လက်ဖဝါးနုနုလေးကို ဆုပ်ကိုင်ထားလျက် တစ်လျှောက်လုံး အသက်ရှူ ရပ်မတတ် ပူလောင်ခဲ့ရပေမဲ့ အချိန်တိုအတွင်းမှာ အောင်အောင်မြင်မြင် ပြီးဆုံးသွားလို့ သူ လဲကျမသွားတာ။

ခွဲစိတ်မှု အောင်မြင်စွာ ပြီးဆုံးပြီလို့ ကြားပြီးချိန်မှာ နံရံမှာ ခေါင်းစိုက်လျက် အသံထွက်တဲ့အထိ ငိုလိုက်မိတဲ့ သူ့ကို ခွဲခန်းထဲက ဆရာဝန်တွေ ဝိုင်းဝန်း နှစ်သိမ့်ခဲ့ကြပါတယ်။ စိတ်ရှိတိုင်းဆို မျက်နှာနုနုလေးကို မွှေးကြူ ဂုဏ်ပြုလိုက်ချင်ပေမဲ့ သူ ထိခွင့် မရှိသေး။

သွေးရောင်ဖျော့နေပေမဲ့ မျက်နှာနုနုလေးမှာ ပကတိ အကြည်ဓာတ်တို့ ကိန်းဝပ်နေဆဲ။ ခွဲခန်းထဲကနေ အထူးခန်းထဲကို ရွှေ့လာတာပဲ တစ်နာရီနီးပါး ရှိပါပြီ။ သူ့ချာတိတ်လေးက အခုထိ နိုးမလာသေး။ ကျန်လူတွေ အားလုံး ဝင်တွေ့ခွင့် မရှိသေးတာမို့ သားနဲ့သမီး ဘေးမှာ ရှိနေကြပြီး သူ တစ်ယောက်သာ ချာတိတ်လေး ဘေးက မခွာနိုင်ပါ။

ဖခင်တစ်ယောက် အနေနဲ့ ကလေးတို့ကို မြင်ချင်လွန်းပေမဲ့ သူ့ချာတိတ်လေး နိုးလာမှ အတူ ထွေးပွေ့ပါတော့မယ်။ သားနဲ့သမီး မျက်နှာလေးကို တစိမ့်စိမ့် ငေးကြည့်ဖို့အတွက် သူ့ချာတိတ်လေး မြန်မြန်နိုးလာမှ ဖြစ်ပါမယ်။

သဘာဝနဲ့ ဖီဆန်နေတဲ့ ဖြစ်ရပ်ကြီးအတွက် သေမင်း နှုတ်ခမ်းဝမှာ ချာတိတ်လေးက ပြေးလွှား ပင်ပန်းခဲ့ရရှာတယ်။ တုန်တုန်ခိုက်ခိုက် ငေးကြည့်နေပေမဲ့ မျက်တောင်ရှည်တွေက အခုထိ ငြိမ်သက်နေဆဲ။ မှေးမှိတ်လို့ အိပ်စက်နေဆဲ။

နိုးမလာမချင်း လူနာကို မထိတွေ့ရလို့ ဒေါက်တာဝီလီယမ် မှာထားတာကြောင့် ပါးလေးကိုတောင် မနမ်းရဲ။ မျက်လုံးတွေ ကျိန်းစပ်နေသလို မျက်ရည်တွေလဲ ခမ်းနေပြီ။ သူ့ရင်တွေလဲ နာလှပြီ။ သူ့ကြောင့် ကလေးလေးက နာကျင်ခဲ့ရတာ။

"ကိုကိုက တစ်ဘဝစာ အတိုးနဲ့ ပြန်ချစ်ပေးပါ့မယ် ကလေးရယ်၊ ကျေးဇူးပြုပြီး ကျန်းကျန်းမာမာ နိုးထလာပါတော့နော်၊ ကိုကို စိတ်ပူနေလို့ ကလေးရယ်၊ ကိုကို စိတ်ပူနေလို့ပါ"

ဘယ်နှကြိမ်မှန်းမသိ တဖွဖွ ညည်းတွားနေမိတယ်။ ထွေးပွေ့လို့ မရတာကို သည်းမခံနိုင်တဲ့အဆုံး ကုတင်ဘေးမှာ ဒူးထောက်လျက် ချာတိတ် လက်ဖမိုးလေး ဘေးမှာ သူ ခေါင်းစိုက် ငြိမ်သက်နေမိတယ်။ ဖြစ်နိုင်ရင် ချာတိတ်လေးဆီက နာကျင်မှုတွေကို လက်လွှဲယူလိုက်ချင်ပါရဲ့။

"အဇဋာ"

"ဟုတ်ကဲ့"

ဒေါက်တာဝီလီယမ့် အသံကြောင့် ပျာပျာသလဲ ထရပ်ပြီး မျက်ရည်သုတ်လိုက်မိတယ်။

"ကြည့်ရတာ လူနာ မနိုးခင် ခင်ဗျား လဲတော့မလားပဲ၊ မိုးဦးရနံ့ ဆေးရုံ မဆင်းခင် ခင်ဗျားကိုပါ Medical Checkup လုပ်ပေးရတော့မယ် ထင်တယ်"

ပေါ့ပေါ့ပါးပါး စနောက်လိုက်မှန်း သိပေမဲ့ ယောင်လို့တောင် မပြုံးနိုင်။ သဘောပေါက်တဲ့ ဒေါက်တာ ဝီလီယမ်က သူ့အနား လျှောက်လာပြီး ပခုံးကို ဖွဖွပုတ်လျက် နှစ်သိမ့်ပါတယ်။

"စိတ်မပူပါနဲ့၊ မေ့ဆေး အရှိန်ကြောင့် နိုးမလာသေးတာက လွဲရင် အဆင်ပြေပြီးသား ခွဲစိတ်မှုပါ၊ စိတ်အပြောင်းအလဲ ဖြစ်သွားအောင် ကလေးတွေကို သွားကြည့်ကြမလား၊ ခင်ဗျားတို့နှစ်ယောက်လုံးနဲ့ တူတာမို့ မျက်နှာအကျတွေက ထင်းနေတာပဲ"

ဒေါက်တာ ဝီလီယမ့်စကားကို ခေါင်းခါ ငြင်းဆန်လိုက်မိတယ်။

"သူ နိုးမှ... ကျွန်တော့်အမျိုးသားလေး နိုးလာမှ အတူကြည့်ပါတော့မယ်"

"ကောင်းပါပြီ"

အဲ့ဒီအချိန်လေးအတွင်း ကြားလိုက်ရတဲ့ အသံလေးကြောင့် သူ့ကမ္ဘာဟာ တစ်မုဟုတ်ချင်း လင်းထင်းသွားခဲ့ပါတယ်။

"ကိုကို"

မျက်နှာလေးက နွမ်းလျလျ။ လေသံလေးက တိုးတိုးလေး ဖြစ်ပြီး သူ့ဆီမျှော်ငေးနေပုံက ထိထိရှရှ။

"ကိုကို့ကလေးလေးရယ်"

ပြေးလို့ ပွေ့ပိုက်လိုက်ချင်ပေမဲ့ ကုတင်ဘေး ဒူးထောက်ချလိုက်ပြီး လက်ဖဝါးနုနုလေးကို ဆုပ်ကိုင်လျက် သူ့ပါးပြင်နဲ့ ထိကပ်ထားမိတယ်။ သူ့မျက်ရည်တွေ ချာတိတ်လေး လက်ဖမိုးမှာ စိုစွတ်သွားတယ် ထင်ပါရဲ့။

"ကိုကို ငိုနေတာလားဟင်"

ခေါင်းကို အဆက်မပြတ် ခါယမ်းပြမိပြီး ဒေါက်တာ့ အရှေ့မှာတင် ချာတိတ် လက်ဖမိုးလေးကို အကြိမ်ကြိမ် နမ်းရှိုက်နေမိတယ်။

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကိုကို ကျေးဇူးတင်ပါတယ် ကလေးရယ်"

စကားတို့ကို တဖွဖွ ဆိုညည်းလျက် မျက်ရည်တွေ အပြည့်နဲ့ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေမိကြတယ်။

"ကလေးတွေကော... ကလေးတွေကော ကိုကိုရယ်"

"ရှိပါတယ် ချာတိတ်ရယ်၊ သားနဲ့သမီးက ကျန်းကျန်းမာမာ ရှိကြပါတယ်"

"တွေ့ချင်တယ် ကိုကို၊ သားနဲ့သမီးကို အခုပဲ တွေ့ချင်ပါတယ်"

ကလေးပျောက် ရှာနေပုံလေးက သနားဖွယ်ရာ။ ကလေးတွေကို မမြင်ရမခြင်း ရတတ်အေးမဲ့ပုံ မပေါ်တာမို့ ခေါင်းညိတ်ပြလိုက်မိတယ်။

"ဟုတ်ပြီ၊ ကိုကိုတို့ တွေ့ကြမယ်၊ ကိုကိုတို့ တွေ့ကြမယ်နော်"

တုန်ခိုက်နေတဲ့ သူတို့နှစ်ယောက်ကို ငေးကြည့်ပြုံးနေတဲ့ ဒေါက်တာ ဝီလီယမ်က အခန်းထဲက ခလုတ်တစ်ခုကို နှိပ်ချလိုက်ပြီးနောက်...

"လူနာ သတိရပြီမို့ ကလေးတွေကော၊ လူနာစောင့်တွေပါ ဝင်လာလို့ ရပါပြီ"

^^

ခုနကအထိ စူးစူးနစ်နစ် ငိုနေသေးတဲ့ ကလေးလေး နှစ်ယောက်က ဖခင်နှစ်ယောက် ရင်ခွင်ထဲ ရောက်တာနဲ့ တိတ်ကျသွားပုံက မိဘတွေမှန်း သိကြတဲ့အလား။ အဇဋာ ဆိုတာ ပြောဖွယ်ရာ မရှိ။ ကလေးနှစ်ယောက်ကို ကြည့်လိုက်၊ သူ့အိမ်သားလေးကို ငဲ့ကြည့်လိုက်နဲ့ တုန်ခိုက်နေပုံက အိပ်မက်ထဲမှာ လမ်းလျှောက်နေသူနဲ့ ဆင်တူပါတယ်။

"ကိုကို... ဒါရရတို့ ရင်သွေးလေးတွေနော်"

"ဟုတ်တာပေါ့ ကလေးရယ်၊ ကိုကိုနဲ့ ချာတိတ်ရဲ့ ရင်သွေးလေးတွေ၊ ကိုကိုတို့ ကလေးလေးတွေပါ"

"ရရ ပျော်လိုက်တာ ကိုကိုရယ်၊ ကြည့်ပါအုံး၊ သားနဲ့သမီးက ကိုကို့လိုပဲ နှာတံပေါ်ပြီး ကြည့်ကောင်းလိုက်တာ"

ပြောနေရင်း မျက်ရည်ကျလာတာမို့ ဒေါက်တာဝီလီယမ့်အသံ ထွက်လာတယ်။

"မိုးဦးရနံ့က ငိုလို့ မဖြစ်တာကို မေ့လို့ မရပါဘူး"

"ဟုတ်ကဲ့ပါ ဒေါက်တာ၊ ကျွန်တော် ဆင်ခြင်ပါ့မယ်"

ထိုအခိုက်မှာ ချာတိတ်ရင်ခွင်ထဲက သမီးလေးက တအဲ့အဲ့ အသံလေး ထွက်လာပြီး နှုတ်ခမ်းလေးက နို့တောင်းသလို တပြွတ်ပြွတ် ဖြစ်လာတာမို့ ချာတိတ် မျက်နှာလေး မဲ့ကျသွားတယ်။ သမီးလေးတစ်ချက် ငိုလိုက်တိုင်း ရင်အုံရှိရာ ဖိအုပ်ကိုင်လိုက်ပုံက ယူကြုံးမရ။ အခန်းထဲ ရှိသူ အားလုံး မျက်နှာတွေ ပျက်ကုန်ကြတယ်။

"ဒေါက်တာ သမီးလေးက..."

ဒေါက်တာဝီလီယမ်က နားလည်ဟန် ခေါင်းညိတ်ပြပြီး ချာတိတ်ကို မေးတယ်။

"ကလေးတွေ နို့တောင်းတာကို မြင်တော့ ရင်သားတွေဆီက ဘယ်လို ခံစားချက်မျိုး ရနေလဲ"

"တင်းနေတယ်၊ မခံမရပ်နိုင်အောင် တင်းနေပါတယ်"

"ကျုပ်တစ်ချက် စမ်းသပ်ကြည့်ပါ့မယ်"

"ဟုတ်ကဲ့ ဒေါက်တာ"

မျက်နှာလေးက ရဲစွေးလျက် အားလုံးကို ဝေ့ကြည့်လိုက်တာမို့ မြတ်မိုးက လက်ကုတ်ပြီး သံသာ့ကို ခေါ်ထုတ်သွားတယ်။ ဆက်နေလဲ ဘာမှမဖြစ်ဘူး ဆိုပေမဲ့ အောင်စည်အောင်မောင်းပါ အခန်းထဲက ထွက်သွားတော့ ဦးမျိုးမြတ်ရှိန်ဝါပါ လိုက်ထွက်သွားပြီး အခန်းထဲမှာ နွေဦးရနံ့၊ ဒေါ်ခင်နှောင်းနဲ့ အဇဋာသာ ကျန်ရစ်ပါတယ်။

သူ့ရင်ခွင်ထဲက သားက ငြိမ်ငြိမ်သက်သက်လေး အိပ်နေဆဲ ဖြစ်ပေမဲ့ ချာတိတ် ရင်ခွင်ထဲက သမီးလေးက ငိုသံလေး စပေးလာတဲ့အခါ ဒေါက်တာ့ဆီမှာ အစမ်းသပ် ခံနေရင်း ချာတိတ်က မျက်ရည်ကျလာတယ်။

သွေးနုနု သားနုနုမို့ စိတ်ကနုနေမှာ ဖြစ်ပြီး ယောက်ျားတစ်ယောက် ဖြစ်သော်ငြား ကိုယ်တိုင် မွေးထုတ်ထားရတဲ့ ကလေးနှစ်ယောက်အတွက် ဖခင်စိတ်အပြင် မိခင်စိတ်ပါ ချာတိတ်ဆီမှာ ဒွန်တွဲ ဖြစ်ပေါ်နေမှာ အသေအချာပါ။

"အမျိုးသမီးတွေလိုတော့ ဘယ်လွယ်ကူပါ့မလဲ"

ဒေါက်တာ ဝီလီယမ့်စကားကြောင့် မျက်နှာလေး ပျက်ကျသွားတယ်။ ရင်အုံလေးကို ငုံ့ကြည့်နေပုံက တုန်တုန်လှုပ်လှုပ်။ သူ့ချာတိတ်လေး ပင်ပန်းလှပါပြီ။ ခန္ဓာကိုယ်ရဲ့ နာကျင်မှုတွေ မပျောက်ရှသေးခင် စိတ်ကလေးပါ နာဖျားသွားမှာ စိုးရိမ်လှပါတယ်။

"ဝမ်းကကျွတ်ပြီးတည်းက ကလေးတွေကို အာဟာရ တိုက်ကျွေးပြီးသား ဆိုပေမဲ့ မိုးဦးရနံ့ ဆန္ဒရှိရင် ကြိုးစားကြည့်မလား"

"ဖြစ်နိုင်ပါ့မလား ဒေါက်တာရယ်၊ အခုတောင် တုံ့ပြန်မှု မရတာ၊ ကျွန်တော့်ဆီက ဖြစ်နိုင်ပါ့မလားဟင်၊ ကျွန်တော်က ဖြစ်နိုင်ပါ့မလား"

တဖွဖွ ရေရွတ်လျက် မျက်ရည်တွေ အိကျလာတာမို့ မိခင်ဖြစ်သူက ချာတိတ်လေးဘေး ကပ်သွားပြီး ဖွဖွပုတ်လျက် နှစ်သိမ့်ပါတယ်။

"အားတင်းထားရမှာပေါ့ သားငယ်လေးရယ်၊ ဝမ်းမနည်းရဘူးလေကွယ်၊ ဘာဖြစ်ဖြစ် မြေးနှစ်ယောက်ကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ကတည်းက မေမေ့သားငယ်လေးက ကောင်းချီးမင်္ဂလာ ပြည့်ဝနေပြီးသားပါ၊ မငိုပါနဲ့ သားငယ်လေးရယ်၊ မငိုပါနဲ့နော်၊ သားငယ်လေး ငိုတာကို မြေးကလေးနှစ်ယောက် သိသွားရင် ဘယ်စိတ်ကောင်းကြပါ့မလဲကွယ်"

တိတ်ဆိတ်နေတဲ့ အခန်းတွင်းမှာ ချာတိတ် ရှိုက်သံလေးက တိုးတိုးပျံ့လွင့်နေဆဲ။

"မေမေရယ် ရရ ဘယ်လို လုပ်ရပါ့မလဲဟင်၊ ဒီအခြေအနေကို မကြာခဏ တွေးဖူးပေမဲ့ နို့ဘူးနဲ့ပဲ အဆင်ပြေသွားမှာပါလို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ခဲ့ဖူးတာ၊ အခုတော့ ဘယ်လို လုပ်ရပါတော့မလဲဟင်၊ သားနဲ့သမီး ငိုရင် ရရ ခံနိုင်ရည် မရှိလောက်ဘူး ထင်တယ်"

"သားငယ်လေးရယ်"

သားအမိနှစ်ယောက်ကို ကြည့်ပြီး ဘယ်သူမှ စိတ်မကောင်းနိုင်။ ဖြစ်နိုင်ရင် အခန်းပြင် ပြေးထွက်ပြီး နံရံပေါ် လက်သီးတွေ ပစ်တင်လိုက်ချင်ပေမဲ့ ချာတိတ်လေး ပိုဝမ်းနည်းသွားမှာကို မကြည့်ရက်။ မျက်နှာနွမ်းနွမ်းလေးကို ငေးကြည့်ရင်း သူ့မှာဖြေမဆည်နိုင်။

"ကြိုးစားကြည့်တာ အချည်းအနှီး မရှိဘူး ထင်တယ်၊ မဖြစ်နိုင်ဘူး ထင်တဲ့ အရာတွေက မိုးဦးရနံ့ဆီမှာ ဖြစ်ပျက်ခဲ့ပြီးသားပဲလေ၊ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံးမှာ မှီဝဲထားခဲ့တဲ့ ဟော်မုန်းဆေးတွေကြောင့် မျှော်လင့်လို့ ရကောင်း ရနိုင်ပါတယ်၊ မထွက်လဲ ဝမ်းနည်းဖို့ မလိုပါဘူး၊ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရကို ကျုပ်တို့ စီမံပြီးသားပါ"

တအဲ့အဲ့ ငိုနေဆဲ သမီးလေးကို ငုံ့မိုးကြည့်နေတဲ့ ချာတိတ်က မျက်ရည်သုတ်လိုက်ပြီးနောက် တစ်ခုခုကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီးသလို ခေါင်းညိတ်ပြတယ်။

"ဟုတ်ကဲ့ ဒေါက်တာ၊ ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်"

နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တဲ့ ဒေါက်တာ ဝီလီယမ်က နံရံမှာ ကပ်နေတဲ့ သူ့ကို မေးဆတ်ပြတယ်။

"ခင်ပွန်းသည်က ကူညီပေးလိုက်ပါ"

"ဟုတ်ကဲ့ ဒေါက်တာ"

သားနဲ့သမီးက အမေနဲ့ နွေဦးရနံ့ လက်ထဲ ပါသွားတာမို့ ချာတိတ်လေးဘေး လျင်မြန်စွာ ကပ်သွားလိုက်ပြီး ကုတင်ပေါ်မှာ သက်သောင့်သက်သာ ဖြစ်အောင် အနေအထားကို ပြုပြင်ပေး၊ အင်္ကျီလေးကို အသာလှပ်ပေးပြီးတာနဲ့ သမီးကို ပြန်ခေါ်ဖို့ လုပ်တော့ ဒေါက်တာဝီလီယမ်က လက်ကာပြရင်း ရယ်တယ်။

"မဟုတ်မှ ကူညီပေးလိုက် ဆိုတာကို နှစ်ယောက်သား နားမလည်ကြတာ ထင်တယ်"

"ဟင်"

ချာတိတ်နဲ့သူ အခုထိ နားမလည်သေးပေမဲ့ နားလည်သွားပြီဖြစ်တဲ့ အမေနဲ့ နွေဦးရနံ့က မျက်နှာနီနီနဲ့ ထပြေးမလို ဟန်ပြင်တယ်။ ချာတိတ်နဲ့သူ့ကို ကြည့်လိုက်၊ အမေနဲ့ နွေဦးရနံ့ကို ကြည့်လိုက်နဲ့ ဒေါက်တာ ဝီလီယမ်ရဲ့ ရယ်သံက ပိုကျယ်လာတယ်။

"အမေ ဖြစ်သူနဲ့ အစ်မ ဖြစ်သူက ကလေးတွေနဲ့အတူ တစ်ဖက်အခန်းမှာ ခဏစောင့်ပေးလိုက်ကြပါ၊ ကာယကံရှင် နှစ်ယောက်ပဲ လွပ်လွပ်လပ်လပ် ကြိုးစားကြပါစေ၊ ကျုပ်တို့အားလုံးက သတင်း နားထောင်ကြတာပေါ့"

"ကောင်းပါပြီ ဒေါက်တာ"

အမေနဲ့ နွေဦးရနံ့တို့ အခန်းထဲက ထွက်သွားကြတာ လှစ်ခနဲ။ နှစ်ယောက်သား မျက်နှာနီနီနဲ့ မော့ကြည့်တော့ ဒေါက်တာက ခေါင်းညိတ်ပြတယ်။

"အိမ်ထောင်သည်တွေပဲဗျာ၊ ဘာရှက်စရာလိုလဲ၊ လိုအပ်လို့ လုပ်ရတာပဲ မဟုတ်လား၊ ဘယ်လို ထိတွေ့ရင် မနာကျင်ဘူးလဲ ခင်ဗျား သိမယ်လို့ မျှော်လင့်ပါတယ် အဇဋာ၊ အချိန် နာရီဝက် ပေးပါ့မယ်၊ မဖြစ်နိုင်ဘူး ထင်ရင် ရပ်လိုက်ပါ၊ လူနာကို အထိခိုက်ကင်းဖို့ ဂရုစိုက်ပါ၊ လက်နဲ့လုံးဝ မဖျစ်ပါနဲ့"

ပြောပြီးတာနဲ့ ဒေါက်တာဝီလီယမ်ပါ ထွက်သွားတာမို့ ကျန်ရစ်ခဲ့တဲ့ သူတို့နှစ်ယောက်က မျက်ဝန်းချင်းအဆုံမှာ ပူပူထူထူ ရယ်ချလိုက်မိတယ်။ ဒီနေ့အတွက် ဒါပထမဆုံးအကြိမ် ရယ်မောခြင်း ဖြစ်ပြီး ဒီနေ့ကစ နောင်နှစ်ပေါင်း များစွာအထိ ဒီလိုသာ ရယ်မောပါရစေ ဆိုတာက သူ့ရင်တွင်း ဆန္ဒတွေပါပဲ။

"ကိုကို"

နဖူးပြေပြေလေးကို ကြင်ကြင်နာနာ နမ်းရှိုက်လိုက်ပြီး သူ့အိမ်သားလေး ဘေးကို နီးနီးကပ်ကပ် တိုးထိုင်လိုက်မိတယ်။

"ကိုကို့ကို ခွင့်ပြုပါနော်၊ မနာကျင်အောင် ကိုကို ဂရုစိုက်ပါ့မယ်"

တားမြစ်ခံထားရတာ သိပေမဲ့ ဒေါက်တာဝီလီယမ့် အလစ်မှာ နှုတ်ခမ်းလေးဆီ ဦးစွာ နမ်းရှိုက်လိုက်မိတယ်။ အဲ့ဒီနောက် သူ တစ်လျှောက်လုံး ညင်သာဖွဖွ ကြင်နာခဲ့ဖူးတဲ့ ပွင့်ချပ်တွေဆီ သားနဲ့သမီးအတွက် ရည်ရွယ်လို့...။

^^

ဆက်ရန်

ချစ်တဲ့အသွဲ့^^

၁.၁၂.၂၀၂၂ ကြာသပတေးနေ့

(ပထမတော့ ၄ ရက်နေ့မှ တင်မလို့ပါပဲ။ တစ်ပိုင်းရေးလို့ ပြီးသွားပြန်တော့ မနေနိုင်ဘဲ လာတင်မိပြန်ပါတယ်။ တစ်ခု ပြောချင်တာက ဒီဝထ္ထုလေးကလေ စာဖတ်သူတွေကို လွမ်းလွန်းလို့ ဖန်တီးမိတဲ့ ပေါ့ပေါ့ပါးပါး သမားရိုးကျ ဇာတ်လေး ဖြစ်တာမို့ အများကြီး မျှော်လင့်ထားကြသူတွေအတွက် ဖတ်ရတာ ပေါ့ရွှတ်ပြီး အနှစ်သာရကင်းမဲ့သွားရင် ခွင့်လွှတ်ပါနော်။ အချိန်ပေး ဖတ်နေတဲ့ တစ်လျှောက်မှာ အနည်းငယ်မျှ Healing ဖြစ်ခဲ့တယ် ဆိုရင်ပဲ သွဲ့က ဝမ်းသာ ကျေနပ်နေမှာပါ။ အပိုင်းသစ်နဲ့အတူ ၅.၁၂.၂၀၂၂ မှာ ပြန်ဆုံပါ့မယ်။ ချမ်းမြေ့ပါစေရှင်)

+++++

ZAWGYI

ခြဲခန္းေရွ႕မွာ ပတ္ေလွ်ာက္ေနၾကတာ တစ္ေယာက္လဲမဟုတ္၊ ႏွစ္ေယာက္လဲမဟုတ္ အုပ္စုလိုက္ႀကီး။ လူတိုင္း မ်က္ဝန္းမွာ စိုးရိမ္ရိပ္ေတြ ကိန္းဝပ္ေနတဲ့အျပင္ ကေလးအေဖ ျဖစ္သူက အိမ္သားေလး အႏၲရာယ္ကင္းဖို႔အတြက္ တစ္ခုခုကို ဆက္တိုက္ ႐ြတ္ဖတ္ေနၿပီး မၾကာခဏ နံရံမွာ ေခါင္းသြားစိုက္လိုက္၊ ခြဲခန္းတံခါးကို ေမွ်ာ္ၾကည့္လိုက္၊ လက္ႏွစ္ဖက္ကို ဖိပြတ္လိုက္နဲ႔ ဂနာမၿငိမ္ အလုပ္ရႈပ္ေနပါတယ္။

ဘိုးေအျဖစ္သူက ေဆး႐ုံထဲက အလွစိုက္ ပန္းအိုးေလးကို ငူငူႀကီး ရပ္ၾကည့္ေနၿပီး ဘြားေအျဖစ္သူက စႀကႍေလွ်ာက္ရင္း ဘုရားစာ ႐ြတ္ဖတ္ေနတယ္။ အစ္မ ျဖစ္သူကေတာ့ ထိုင္လိုက္ထလိုက္ ပူထူဗ်ာမ်ားေနၿပီး သူငယ္ခ်င္းေလး ႏွစ္ေယာက္ကေတာ့ တြတ္ထိုးလိုက္၊ ၿငိမ္က်သြားလိုက္၊ ခြဲခန္းနားကို ေျပးသြားလိုက္နဲ႔ အလုပ္ရႈပ္ေနၾကပါတယ္။

ကိုယ့္အာ႐ုံနဲ႔ကိုယ္မို႔ အခ်င္းခ်င္း သတိမထားမိၾကေပမဲ့ သူတို႔အားလုံး ရင္ထဲမွာ တညီတၫြတ္တည္း ဆုေတာင္းေမတၱာ ပို႔သေနတာကေတာ့ ေမြးလူနာေလး ေရွာေရွာရႉရႉ အဆင္ေျပသြားဖို႔ပါပဲ။

"ဟူး... အဆင္မွေျပရဲ႕လား ခ်ာတိတ္ေလးရာ၊ ကိုကို႔ ရင္ေတြ ပူလွၿပီကြာ"

နံရံမွာ ေခါင္းစိုက္ထားရင္း ေနမရ ျဖစ္လာတယ္။ သူ႔ခ်ာတိတ္ေလး ခြဲခန္း ဝင္သြားတာ နာရီဝက္ ရွိပါၿပီ။ Operation စၿပီ ဆိုကတည္းက မနားမေန ႐ြတ္မိတာက အဂၤုလိမာလသုတ္။ ကိုးလေက်ာ္ ဆယ္လနီးပါး အာဂုံေဆာင္ခဲ့မိတဲ့ သုတၱံႀကီးက မေန႔ကအထိ ေဂ်ာင္းေဂ်ာင္း ေျပးေနေသးေပမဲ့ ခ်ာတိတ္ေလး ဝင္သြားၿပီးတည္းက ကေပါက္တိ ကေပါက္ခ်ာ ျဖစ္ခ်င္လာတယ္။

ေခါင္းကုတ္လိုက္၊ ေလပူေတြ မႈတ္ထုတ္လိုက္နဲ႔ မွတ္မိဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားေပမဲ့ အစအနေတာင္ ေပၚမလာ။ သူ သိပ္တုန္လႈပ္ေနပါၿပီ။ တစ္ေယာက္ေယာက္ အကူအညီကို က်ိန္းေသလိုေနၿပီမို႔ ခုံတန္းလ်ားေတြဆီ ခပ္သုတ္သုတ္ ေလွ်ာက္လိုက္မိတယ္။

"ေအာင္ေမာင္း"

ထိုင္ခုံေပၚမွာ ေခါင္းငုံ႔ထားလ်က္ လက္ႏွစ္ဖက္ကို ဖိပြတ္ေနတဲ့ ေအာင္ေမာင္းက ေခၚသံၾကားေတာ့ ေမာ့ၾကည့္တယ္။ သူတင္မက လူတိုင္းက တုန္တုန္လႈပ္လႈပ္ ျဖစ္ေနၾကတာ သိသာပါတယ္။

"ေအး... အာႀကီး"

သူ႔မ်က္ႏွာကို အကဲခတ္မိသြားတဲ့ ေအာင္ေမာင္းက သက္ျပင္းရႈိက္လ်က္ ေနရာက ထရပ္တယ္။

"စိတ္ပူေနတာလား အာႀကီး"

"ေအး"

"အခုမွ နာရီဝက္ပဲ ရွိေသးတာ၊ အနည္းဆုံး တစ္နာရီေလာက္ေတာ့ အခ်ိန္ယူရမွာပဲ၊ လာ ငါ့ေဘး လာထိုင္၊ အဆင္ေျပသြားလိမ့္မယ္၊ စိတ္ေအးေအးထား ေဟ့ေရာင္"

ေျပာေျပာဆိုဆို သူ႔လက္ကို လွမ္းဆြဲ ထိုင္ခိုင္းလိုက္တဲ့ ေအာင္ေမာင္း လက္က သူ႔နည္းတူ ေအးစက္စက္ႀကီး။ သူငယ္ခ်င္းႏွစ္ေယာက္ ေသြးမရွိတဲ့ မ်က္ႏွာႀကီးေတြနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္မိၾကရင္း...

"ေအာင္ေမာင္း"

"ေအး... သူငယ္ခ်င္း"

"အဂၤုလိမာလသုတ္ ဘယ္က စတာလဲ"

"ဟမ္"

"သိတယ္မလား၊ အဂၤုလိမာလသုတ္ေလ"

"ကိုးလလုံးလုံး မင္း က်က္ေနတဲ့ဟာမို႔လား"

"ေအး"

"ငါ ဘယ္လိုလုပ္ သိမွာလဲ သူငယ္ခ်င္းရာ၊ ငါက ကေလးအေဖမွ မဟုတ္တာ"

ေအာင္ေမာင္း စကားကို စိတ္ပ်က္သြားမိတာ အမွန္ပါ။

"ကေလးအေဖမွ က်က္ရမွာလား၊ ေျပာေတာ့ သူငယ္ခ်င္းေကာင္း ဆိုၿပီး ဒါေလးေတာင္ ကူက်က္မထားဘူး၊ ဟိုမွာေတြ႕လား၊ ခ်ာတိတ္ မိဘေတြနဲ႔ အစ္မတင္မက သူ႔သူငယ္ခ်င္းေလးေတြပါ ႐ြတ္ေနၾကတယ္"

"အဲ့တာဆို သူတို႔ သြားေမးပါ့လားကြာ"

"ေမ့သြားတယ္လို႔ မေျပာခ်င္လို႔ေပါ့ကြ"

ေအာင္ေမာင္း မ်က္ႏွာက အံ့ဩဟန္ ေျပာင္းလဲသြားၿပီးမွ တစ္ခုခုကို ေတြးမိသလို စပ္ၿဖဲၿဖဲ ျဖစ္လာတယ္။

"ကူက်က္ေပးေတာ့ မင့္သမီး ငါ့ေပးမွာမို႔လို႔လား၊ အရာရာတိုင္း ငါ့ခိုင္းစားခ်င္ေနတဲ့ မင္းက မလြန္လြန္ဘူးလား ႏြားရာ"

ေပါ့ပါးေစလိုဟန္ စေနာက္လိုက္တဲ့ ေအာင္ေမာင္း စကားကို မၾကားလိုက္ဟန္ အဇဋာက လက္ႏွစ္ဖက္ကို ဖိပြတ္လ်က္ သက္ျပင္း အရွည္ႀကီးကို လူေတြ ၾကားေအာင္ ခ်လိုက္ၿပီး ခြဲခန္းဆီ ေမွ်ာ္ၾကည့္ေနျပန္တယ္။

"ခုနကအထိ ငါ ႐ြတ္ေနေသးတယ္ကြာ၊ အခု အစကို ေဖာ္မရေတာ့ဘူး၊ တစ္ခုခု လုပ္စမ္းပါ ေအာင္ေမာင္းရာ၊ ငါ့ခ်ာတိတ္ေလး အဆင္မွေျပရဲ႕လား မသိဘူး၊ ရင္ေတြ ပူေနတာ ေနမရေတာ့ဘူး"

ငိုေတာ့မလို အသံတုန္တုန္ႀကီးေၾကာင့္ ေအာင္ေမာင္း မ်က္ခုံးတန္းေတြ ပင့္တက္သြားၿပီး သူငယ္ခ်င္း ျဖစ္သူကို သိုင္းဖက္လိုက္မိတယ္။ ေျပာင္းလဲလာတဲ့ အာႀကီး သြင္ျပင္ေၾကာင့္ အလိုလိုေနရင္း သူပါ ပူပူထူထူ ျဖစ္လာတယ္။

"အလြတ္မရေပမဲ့ ဖုန္းထဲကေန ရွာေပးပါ့မယ္ကြာ၊ စိတ္မပူစမ္းပါနဲ႔၊ မင္း တစ္ကိုယ္လုံး တုန္မေနနဲ႔ေလ အာႀကီးရာ၊ ဘာမွမျဖစ္ေစရဘူး စိတ္ခ်၊ မေၾကာက္နဲ႔၊ ငါ တစ္ေယာက္လုံး ရွိ... ရွိ... ရွိတယ္ အာႀကီး"

အာႀကီးတင္မက ေအာင္ေမာင္းပါ လွ်ာေတြ လိပ္ၿပီး စကားေတြ ထစ္လာတယ္။ ခြဲခန္းကို ေမွ်ာ္ၾကည့္လိုက္၊ သက္ျပင္းရႈိက္လိုက္နဲ႔ သူငယ္ခ်င္းႏွစ္ေယာက္ တြတ္ထိုးေနတုန္း အနားကို ဦးမ်ိဳးျမတ္ရွိန္ဝါ ေရာက္လာတယ္။

"သားႀကီး"

"ဗ်ာ အေဖ"

"တအား စိတ္ပူေနတာလား"

"ဟုတ္ကဲ့အေဖ"

ဦးမ်ိဳးျမတ္ရွိန္ဝါက အာႀကီးကို ေသခ်ာအကဲခတ္ၿပီး ေခါင္းညိတ္တယ္။

"အဆင္ေျပသြားလိမ့္မယ္ သား၊ အဲ့ေလာက္ စိတ္မပူနဲ႔၊ ခင္ပြန္းသည္က တအားပူပန္လြန္းေနရင္ ေမြးလူနာအတြက္ မေကာင္းဘူး၊ သိပ္ေၾကာက္ေနရင္ မ်က္စိခဏ မွိတ္ထားလိုက္၊ သားအစား အေဖက ႐ြတ္ဖတ္ေပးထားမယ္ ဟုတ္ၿပီလား၊ သားသမီး သုံးေယာက္ေတာင္ ေမြးဖူးတာမို႔ အေဖက ဒီအပိုင္းမွာ ကြၽမ္းက်င္ၿပီးသား"

အာႀကီး ပခုံးကို ဖြဖြပုတ္ၿပီး ႏွစ္သိမ့္ေနပုံက ဘိုးေအႀကီးဆိုက္ ျပည့္ေနတဲ့အျပင္ အၿပဳံးေႏြးေႏြး၊ ေလသံေအးေအးနဲ႔မို႔ စိတ္လႈပ္ရွားေနလား၊ မလႈပ္ရွားေနလား ဘယ္သူမွ မခန႔္မွန္းႏိုင္။ တကယ္ပဲ ကေလးသုံးေယာက္ ဖခင္မို႔ ရင့္က်က္ေနသလား ဆိုတာကေတာ့ ဦးမ်ိဳးျမတ္ရွိန္ဝါသာ သိႏိုင္ပါလိမ့္မယ္။

"ဟုတ္ကဲ့... ဟုတ္ကဲ့ အေဖ"

ႏွစ္သိမ့္ၿပဳံးနဲ႔ ဦးမ်ိဳးျမတ္ရွိန္ဝါက လွည့္ထြက္မလို ဟန္ျပင္ၿပီးမွ ေအာင္ေမာင္းတို႔ဘက္ ျပန္လွည့္လာတယ္။

"ဒါနဲ႔ သားတို႔"

"ဗ်ာ အေဖ"

"ပရိမိတၱဇာလသုတ္က ဘယ္ကစတာလဲ၊ ႐ုတ္တရက္ အေဖ မမွတ္မိေတာ့လို႔"

"ပရိ... ပရိမိတၱဇာလသုတ္က ဘာလုပ္ဖို႔လဲ အန္ကယ္"

မ်က္လုံးႀကီး ျပဴးၿပီး ေမးလိုက္တဲ့ ေအာင္ေမာင္းကို ဦးမ်ိဳးျမတ္ရွိန္ဝါက ၾကည့္ၿပီး ၿပဳံးတယ္။

"အန္ကယ့္သားငယ္ေလး မီးဖြားရ လြယ္ကူေအာင္ ႐ြတ္ေပးမလို႔ပါ၊ ခင္ေႏွာင္း မီးဖြားတိုင္း အန္ကယ္က အဲ့တာ ႐ြတ္ဖတ္ၿပီး ေစာင့္ေနက်ေလ၊ ဒါေၾကာင့္ ထင္တယ္၊ အန္ကယ့္ကေလး သုံးေယာက္လုံး ေရွာေရွာရႉရႉ ေမြးဖြားခဲ့ၾကတာေပါ့"

သူငယ္ခ်င္းႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ အီလည္လည္ ၾကည့္ေနၿပီးမွ ဆက္ေအာင့္မထားႏိုင္တဲ့ ေအာင္ေမာင္းက ဦးမ်ိဳးျမတ္ရွိန္ဝါကို ဖြင့္ထုတ္ေမးတယ္။

"မီးဖြားရ လြယ္ကူဖို႔ဆို အဂၤုလိမာလသုတ္ ႐ြတ္ရမွာ မဟုတ္ဘူးလား အန္ကယ္"

ဦးမ်ိဳးျမတ္ရွိန္ဝါ မ်က္ႏွာက ရဲခနဲ။ ၾကည့္ရတာ ဦးမ်ိဳးျမတ္ရွိန္ဝါလဲ လြတ္ေနပုံ ရပါတယ္။ သို႔ေပမဲ့ ဟန္ကိုယ့္ဖို႔နဲ႔ အမူအရာကို ထိန္းသိမ္းလိုက္ၿပီး ေခါင္းဆတ္လ်က္ ၿပဳံးျမျမ လုပ္ေနတယ္။

"မဟုတ္မွ သုတၱံ နာမည္ေတြေတာင္ မွားေျပာေနၿပီ ဆိုေတာ့ အန္ကယ္ တအား စိတ္လႈပ္ရွားေနတယ္ ထင္တယ္၊ ထိုင္ၿပီး နားပါအုံး ခင္ဗ်ာ"

ေနရာဖယ္ေပးတဲ့ ေအာင္ေမာင္းကို ဦးမ်ိဳးျမတ္ရွိန္ဝါက လက္ကာျပတယ္။

"မဟုတ္တာကြယ္၊ အန္ကယ္က အေတြ႕အႀကဳံေတြ မ်ားလွပါၿပီ၊ စိတ္လႈပ္ရွားတယ္ ဆိုတာ လူငယ္ေတြ အတြက္ပါ၊ ကိုင္း... ထားပါေတာ့၊ ထားပါေတာ့၊ အဂၤုလိမာလသုတ္ဆိုလဲ အဂၤုလိမာလသုတ္ေပါ့ကြာ၊ အန္ကယ္ ရၿပီးသားပါ၊ ဒါနဲ႔ သားႀကီး"

ဦးမ်ိဳးျမတ္ရွိန္ဝါက အာႀကီးဘက္ စကားလမ္းေၾကာင္း လွည့္လာတာမို႔...

"ဗ်ာ အေဖ"

"အဂၤုလိမာလသုတ္ေကာ ဘယ္က စတာလဲ"

ပုံမွန္အခ်ိန္ဆို ရယ္ပစ္လိုက္မွာ ျဖစ္ေပမဲ့ သူငယ္ခ်င္းႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ အူေၾကာင္ေၾကာင္ ထပ္ၾကည့္မိၾကတယ္။ အာေစးမိေနတဲ့ အာႀကီးကို ကူညီေပးဖို႔အတြက္ ေအာင္ေမာင္း လက္ေတြက ဖုန္းမ်က္ႏွာျပင္ေပၚ စတင္ ေျပးလႊားလိုက္ေပမဲ့ လက္တုန္ေနတာမို႔ လိုရင္းကို ခ်က္ခ်င္းမေရာက္။

"မဟုတ္မွ သားႀကီးလဲ ေမ့ေနတာလား"

"ဟုတ္ကဲ့၊ ကြၽန္ေတာ္လဲ အခုပဲ ေမ့သြားလို႔ အေဖ"

အာႀကီး အေျဖ ထြက္လာေတာ့ ဦးမ်ိဳးျမတ္ရွိန္ဝါက ခပ္လြင္လြင္ ရယ္တယ္။

"ေဟ... ေကာင္းေရာကြာ၊ ငါ့သားက ေတာ္ေတာ္ စိတ္လႈပ္ရွားေနတာပဲ ဟားဟား"

"ကိုႀကီးဇဋာ"

သုံးေယာက္သား အလုပ္ရႈပ္ေနခ်ိန္မွာ အနားကို စြတ္ခနဲ ထပ္ေရာက္လာတာက သံသာ။

"အင္း... ညီမ"

"အဂၤုလိမာလသုတ္ ဘယ္ကစ..."

"ခဏ... ခဏေနာ္၊ အစ္ကိုလဲ ေမ့သြားလို႔၊ ေအာင္ေမာင္းကို ရွာခိုင္းထားတယ္"

သံသာက သူ႔နဖူးသူ ျဖန္းခနဲ ႐ိုက္တယ္။

"အာ... ဟုတ္သားပဲ၊ ညီမ ပူထူေနတာနဲ႔ ဖုန္းထဲ ရွာလို႔ ရတာ ေမ့သြားတယ္"

ေအာင္ေမာင္းနဲ႔ သံသာ ဖုန္းထဲ မ်က္ႏွာစိုက္ေနခ်ိန္မွာ ပါဝါရိန္းဂ်ားတစ္ေကာင္ အနားကို ထပ္ေရာက္လာျပန္တယ္။

"အဂၤုလိမာလသုတ္မို႔လား၊ ငါ ရတယ္ေလ သံသာရဲ႕"

"ဟမ္... ေစာေစာက ေျပာပါလား ေကာင္စုတ္ရဲ႕၊ ဒီမွာ ပူထူေနပါတယ္ဆိုမွ"

"မရွာနဲ႔ေတာ့ေလ၊ ကြၽန္ေတာ္ ႐ြတ္ျပပါ့မယ္"

ရွာေဖြေနၾကသူေတြ ရပ္တန႔္သြားၾကၿပီး ျမတ္မိုးကို ဝိုင္းၿပဳံ ၾကည့္ၾကတဲ့အခါ ဆရာႀကီး အထာနဲ႔ ျမတ္မိုးက ေခ်ာင္းအရင္ဟန႔္တယ္။ ၿပီးေနာက္ ထြက္လာတဲ့ အသံေသး၊ အသံေၾကာင္က...

"ယံ မဂၤလံ ဒြါဒသဟိ၊ စိႏၲယႎသု သေဒဝကာ၊ ေသာတၳာနံ နာဓိဂစၦႏၲိ၊ အ႒တၱႎ သၪၥ မဂၤလံ"

"အဲ့တာ မဂၤလသုတ္ႀကီးမို႔လား"

အားလုံး ေအာ္သံက တစ္ၿပိဳင္နက္။ ျမတ္မိုးပုံစံက မ်က္လုံးေလး ေပကလပ္ ေပကလပ္ ျဖစ္လာၿပီး သြားၿဖဲလ်က္ အားလုံးကို ေတာင္းပန္ဟန္ ေဝ့ၾကည့္တယ္။

"အဟဲ... မဂၤလသုတ္ ျဖစ္သြားတာလား၊ ေဆာ... ေဆာရီး"

အားလုံး ရယ္ရခက္ ငိုရခက္ ျဖစ္ေနခ်ိန္မွာ ေလွ်ာက္လမ္း တစ္ေလွ်ာက္မွာ ပုတီးပတ္စိတ္ေနတဲ့ ေဒၚခင္ေႏွာင္းနဲ႔ ေႏြဦးရနံ႔တို႔ အနားကို ျပန္ေရာက္လာၾကတယ္။

"ဘာျဖစ္ေနၾကတာလဲဟင္၊ မ်က္ႏွာလဲ မေကာင္းၾကပါလား၊ သားငယ္ေလး သတင္း ဘာၾကားလို႔လဲ ေဖေဖ"

ေႏြဦးရနံ႔ အေမးကို ဦးမ်ိဳးျမတ္ရွိန္ဝါက လက္ကာျပတယ္။

"ဘာမွမျဖစ္ပါဘူး သမီးႀကီးရဲ႕၊ ေဖေဖတို႔ အားလုံး အဂၤုလိမာလသုတ္ကို အစေဖာ္မရလို႔ ရႈပ္ေထြးေနၾကတာ"

ေတာ္ေသးတာေပါ့ ဆိုတဲ့ဟန္နဲ႔ ေႏြဦးရနံ႔ဆီက ရယ္သံ ၾကားလိုက္ရတယ္။ ေဒၚခင္ေႏွာင္းကေတာ့...

"ခင္ေႏွာင္းကိုေတာ့ လာမေမးဘူး ကိုမ်ိဳးရယ္၊ ကေလးေတြက ပူထူေနပါတယ္ ဆိုမွ ကိုမ်ိဳးကပါ သြားရႈပ္ေနတာလား"

ေဒၚခင္ေႏွာင္း စကားေၾကာင့္ ဦးမ်ိဳးျမတ္ရွိန္ဝါက ရွက္ရယ္ ရယ္ပါတယ္။

"ခင္ေႏွာင္းက လွစ္ခနဲ ေပ်ာက္သြားတာကိုး၊ ကိုမ်ိဳး လိုက္ၾကည့္ေသးေပမဲ့ ရွာမေတြ႕လို႔"

"စႀကႍမွာ ပုတီးေလး သြားစိတ္ေနတာပါ ကိုမ်ိဳးရယ္၊ ကဲ...ကဲ အားလုံးကို အန္တီ ႐ြတ္ျပမယ္ေနာ္၊ လိုက္ဆိုၾကေပါ့ ဟုတ္ၿပီလား"

ေဒၚခင္ေႏွာင္း အရွိန္ယူစဥ္မွာ ေႏြဦးရနံ႔က အိတ္ကပ္ထဲကေန ဖုန္းကေလး ဆြဲထုတ္ၿပီး ေထာင္ျပတယ္။

"ေႏြ ဖြင့္ျပလိုက္မယ္ ေမေမ၊ ေမေမလဲ စိတ္လႈပ္ရွားေနတာမို႔လား၊ ခုနကေတာင္ ကိုယ့္ေျခေထာက္နဲ႔ကိုယ္ ခလုတ္တိုက္ၿပီး ေခ်ာ္လဲေတာ့မလို႔ေလ၊ ေႏြ လွမ္းဆြဲလိုက္လို႔ မလဲတာ မဟုတ္ဘူးလား"

ရယ္ရမဲ့ အခ်ိန္ မဟုတ္ေပမဲ့ ခြဲခန္းေလး အေရွ႕မွာ ခ်စ္ျခင္းေမတၱာနဲ႔ ရယ္သံတို႔ဟာ လြင့္ခနဲ။ တစ္ၿပိဳင္နက္မွာ ၾကားလိုက္ရတာက သူတို႔အားလုံး အစေဖာ္မရတဲ့ အဂၤုလိမာလသုတ္။ အားလုံး မ်က္ႏွာေတြ ၿပဳံးေယာင္သန္းလာၿပီး ဆရာေတာ္ ႐ြတ္ဖတ္သံနဲ႔အတူ တီးတိုး လိုက္ဆိုေနမိၾကတယ္။

"ပရိတၱံ ယံ ဘဏႏၲႆ၊ နိသိႏၷ႒ာနေဓာဝနံ၊ ဥဒကမၸိ ဝိနာေသတိ၊ သဗၺေမဝ ပရိႆယံ၊ ေသာတၳိနာ ဂဗၻဝု႒ာနံ၊ ယၪၥ သာေဓတိ တခၤေဏ၊ ေထရႆဂၤုလိမာလႆ၊ ေလာကနာေထန ဘာသိတံ၊ ကပၸ႒ာယႎ မဟာေတဇံ၊ ပရိတၱံ တံ ဘဏာမ ေဟ"

အခ်ိန္ေတြဟာ တရွပ္ရွပ္၊ တလွပ္လွပ္ လြန္ေျမာက္ၿပီးေနာက္ ခြဲခန္းတံခါး ဖြင့္သံေလး ၾကားလိုက္ရၿပီး သူတို႔အနားကို ေဒါက္တာစမစ္ ခပ္သုတ္သုတ္ ေလွ်ာက္လာတယ္။

"ကေလးအေဖ"

"ဟုတ္ကဲ့ ရွိပါတယ္"

အဇဋာ့ကို တည့္တည့္ၾကည့္ၿပီး ေဒါက္တာစမစ္က ခပ္ေလာေလာ ေျပာတယ္။

"ကေလးေတြကို ေအာင္ေအာင္ျမင္ျမင္ ေမြးဖြားၿပီးၿပီ ဆိုေပမဲ့ လူႀကီး အေျခအေနက သားအိမ္ ခြဲစိတ္မႈပါ တစ္ပါတည္း လုပ္ေဆာင္မွ အဆင္ေျပပါလိမ့္မယ္၊ အခ်ိန္ဆြဲလို႔ မရပါဘူး"

"ဟမ္"

"အို"

အားလုံးဆီက အာေမဍိတ္နဲ႔အတူ ေဒါက္တာစမစ္အနား တိုးကပ္သြားၾကတယ္။

"အေရးေပၚ အေျခအေနအရ သားအိမ္ကို ခ်က္ခ်င္း ဖယ္ထုတ္ပစ္ရပါမယ္"

အေရးေပၚ အေျခအေန ဆိုတဲ့ စကားမွာ အဇဋာ့ပုံစံက ျဖဴေဖ်ာ့သြားၿပီး ခႏၶာကိုယ္ႀကီး ၫြတ္က်လာတာမို႔ ေအာင္ေမာင္းနဲ႔ ဦးမ်ိဳးျမတ္ရွိန္ဝါက တစ္ဖက္ဆီ ဖမ္းထိန္းေပးထားရပါတယ္။ အားလုံး မ်က္ဝန္းမွာ မ်က္ရည္ေတြ ျပည့္ၿပီး တုန္ခိုက္ေနၾကတယ္။

"ေဒါက္တာ ကြၽန္ေတာ့္သား"

အသံတုန္ေနတဲ့ ဦးမ်ိဳးျမတ္ရွိန္ဝါကို ေဒါက္တာစမစ္က ေခါင္းညိတ္ျပတယ္။

"စိတ္မပူပါနဲ႔ မစၥတာ၊ အမ်ိဳးသားကိုယ္ဝန္ ျဖစ္တဲ့အျပင္ ကေလးက အႁမႊာမို႔လို႔ ခက္ခဲသြားတာပါ၊ အေရးေပၚ ဆိုေပမဲ့ က်ဳပ္တို႔ တြက္ဆထားတဲ့ ေဘာင္အတြင္းမို႔ မစိုးရိမ္ရပါဘူး၊ မီးဖြားတာက အဆင္ေျပေပမဲ့ လူနာအေနနဲ႔ သားအိမ္ ခြဲစိတ္ဖို႔ကိုေတာ့ ပူပန္မႈ ရွိပုံပါပဲ၊ ေမ့ေဆး မေပးခင္မွာ ခင္ပြန္းသည္ကို အနား ေခၚထားေပးဖို႔ ေတာင္းဆိုထားလို႔ လာေခၚေပးရတာပါ"

အားလုံး လႈပ္လႈပ္ရွားရွား ျဖစ္သြားခ်ိန္မွာ ေဒါက္တာစမစ္ အနားကို အဇဋာ လ်င္ျမန္စြာ တိုးကပ္လာတယ္။

"ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ေခၚသြားေပးပါ ေဒါက္တာ"

မ်က္ရည္ေတြနဲ႔ အက္ကြဲကြဲ အသံႀကီးေၾကာင့္ ေဒါက္တာစမစ္က ေခါင္းညိတ္ျပတယ္။

"အခန္းထဲ မဝင္ခင္ သတ္မွတ္ဝတ္စုံ လဲဝတ္ရပါမယ္၊ အဇဋာ က်ဳပ္ေနာက္ လိုက္ခဲ့ပါ"

ေဒါက္တာစမစ္က အားလုံးဘက္ ေဝ့ၾကည့္ၿပီး ထပ္ေျပာတယ္။

"ကေလးေတြကို အခန္းသက္သက္ ခြဲထားၿပီးၿပီမို႔ က်န္လူေတြ အားလုံး ပိုးသတ္ဝတ္စုံ လဲဝတ္ၿပီးတာနဲ႔ ဝင္ေတြ႕လို႔ရပါၿပီ၊ သားအိမ္ ခြဲစိတ္မႈ ၿပီးတာနဲ႔ က်ဳပ္တို႔ အေၾကာင္းၾကားေပးပါ့မယ္"

^^

အေရးေပၚ ျဖစ္လာႏိုင္ေျခရွိတဲ့ ေက့စ္ေတြကို ႀကိဳတင္ တြက္ဆထားတဲ့ ဆရာဝန္ႏွစ္ဦးအတြက္ သားအိမ္ ဖယ္ထုတ္မႈက ႀကီးႀကီးမားမား မ႐ုန္းကန္လိုက္ရပါ။ လက္ဖဝါးႏုႏုေလးကို ဆုပ္ကိုင္ထားလ်က္ တစ္ေလွ်ာက္လုံး အသက္ရႉ ရပ္မတတ္ ပူေလာင္ခဲ့ရေပမဲ့ အခ်ိန္တိုအတြင္းမွာ ေအာင္ေအာင္ျမင္ျမင္ ၿပီးဆုံးသြားလို႔ သူ လဲက်မသြားတာ။

ခြဲစိတ္မႈ ေအာင္ျမင္စြာ ၿပီးဆုံးၿပီလို႔ ၾကားၿပီးခ်ိန္မွာ နံရံမွာ ေခါင္းစိုက္လ်က္ အသံထြက္တဲ့အထိ ငိုလိုက္မိတဲ့ သူ႔ကို ခြဲခန္းထဲက ဆရာဝန္ေတြ ဝိုင္းဝန္း ႏွစ္သိမ့္ခဲ့ၾကပါတယ္။ စိတ္ရွိတိုင္းဆို မ်က္ႏွာႏုႏုေလးကို ေမႊးၾကဴ ဂုဏ္ျပဳလိုက္ခ်င္ေပမဲ့ သူ ထိခြင့္ မရွိေသး။

ေသြးေရာင္ေဖ်ာ့ေနေပမဲ့ မ်က္ႏွာႏုႏုေလးမွာ ပကတိ အၾကည္ဓာတ္တို႔ ကိန္းဝပ္ေနဆဲ။ ခြဲခန္းထဲကေန အထူးခန္းထဲကို ေ႐ႊ႕လာတာပဲ တစ္နာရီနီးပါး ရွိပါၿပီ။ သူ႔ခ်ာတိတ္ေလးက အခုထိ ႏိုးမလာေသး။ က်န္လူေတြ အားလုံး ဝင္ေတြ႕ခြင့္ မရွိေသးတာမို႔ သားနဲ႔သမီး ေဘးမွာ ရွိေနၾကၿပီး သူ တစ္ေယာက္သာ ခ်ာတိတ္ေလး ေဘးက မခြာႏိုင္ပါ။

ဖခင္တစ္ေယာက္ အေနနဲ႔ ကေလးတို႔ကို ျမင္ခ်င္လြန္းေပမဲ့ သူ႔ခ်ာတိတ္ေလး ႏိုးလာမွ အတူ ေထြးေပြ႕ပါေတာ့မယ္။ သားနဲ႔သမီး မ်က္ႏွာေလးကို တစိမ့္စိမ့္ ေငးၾကည့္ဖို႔အတြက္ သူ႔ခ်ာတိတ္ေလး ျမန္ျမန္ႏိုးလာမွ ျဖစ္ပါမယ္။

သဘာဝနဲ႔ ဖီဆန္ေနတဲ့ ျဖစ္ရပ္ႀကီးအတြက္ ေသမင္း ႏႈတ္ခမ္းဝမွာ ခ်ာတိတ္ေလးက ေျပးလႊား ပင္ပန္းခဲ့ရရွာတယ္။ တုန္တုန္ခိုက္ခိုက္ ေငးၾကည့္ေနေပမဲ့ မ်က္ေတာင္ရွည္ေတြက အခုထိ ၿငိမ္သက္ေနဆဲ။ ေမွးမွိတ္လို႔ အိပ္စက္ေနဆဲ။

ႏိုးမလာမခ်င္း လူနာကို မထိေတြ႕ရလို႔ ေဒါက္တာဝီလီယမ္ မွာထားတာေၾကာင့္ ပါးေလးကိုေတာင္ မနမ္းရဲ။ မ်က္လုံးေတြ က်ိန္းစပ္ေနသလို မ်က္ရည္ေတြလဲ ခမ္းေနၿပီ။ သူ႔ရင္ေတြလဲ နာလွၿပီ။ သူ႔ေၾကာင့္ ကေလးေလးက နာက်င္ခဲ့ရတာ။

"ကိုကိုက တစ္ဘဝစာ အတိုးနဲ႔ ျပန္ခ်စ္ေပးပါ့မယ္ ကေလးရယ္၊ ေက်းဇူးျပဳၿပီး က်န္းက်န္းမာမာ ႏိုးထလာပါေတာ့ေနာ္၊ ကိုကို စိတ္ပူေနလို႔ ကေလးရယ္၊ ကိုကို စိတ္ပူေနလို႔ပါ"

ဘယ္ႏွႀကိမ္မွန္းမသိ တဖြဖြ ညည္းတြားေနမိတယ္။ ေထြးေပြ႕လို႔ မရတာကို သည္းမခံႏိုင္တဲ့အဆုံး ကုတင္ေဘးမွာ ဒူးေထာက္လ်က္ ခ်ာတိတ္ လက္ဖမိုးေလး ေဘးမွာ သူ ေခါင္းစိုက္ ၿငိမ္သက္ေနမိတယ္။ ျဖစ္ႏိုင္ရင္ ခ်ာတိတ္ေလးဆီက နာက်င္မႈေတြကို လက္လႊဲယူလိုက္ခ်င္ပါရဲ႕။

"အဇဋာ"

"ဟုတ္ကဲ့"

ေဒါက္တာဝီလီယမ့္ အသံေၾကာင့္ ပ်ာပ်ာသလဲ ထရပ္ၿပီး မ်က္ရည္သုတ္လိုက္မိတယ္။

"ၾကည့္ရတာ လူနာ မႏိုးခင္ ခင္ဗ်ား လဲေတာ့မလားပဲ၊ မိုးဦးရနံ႔ ေဆး႐ုံ မဆင္းခင္ ခင္ဗ်ားကိုပါ Medical Checkup လုပ္ေပးရေတာ့မယ္ ထင္တယ္"

ေပါ့ေပါ့ပါးပါး စေနာက္လိုက္မွန္း သိေပမဲ့ ေယာင္လို႔ေတာင္ မၿပဳံးႏိုင္။ သေဘာေပါက္တဲ့ ေဒါက္တာ ဝီလီယမ္က သူ႔အနား ေလွ်ာက္လာၿပီး ပခုံးကို ဖြဖြပုတ္လ်က္ ႏွစ္သိမ့္ပါတယ္။

"စိတ္မပူပါနဲ႔၊ ေမ့ေဆး အရွိန္ေၾကာင့္ ႏိုးမလာေသးတာက လြဲရင္ အဆင္ေျပၿပီးသား ခြဲစိတ္မႈပါ၊ စိတ္အေျပာင္းအလဲ ျဖစ္သြားေအာင္ ကေလးေတြကို သြားၾကည့္ၾကမလား၊ ခင္ဗ်ားတို႔ႏွစ္ေယာက္လုံးနဲ႔ တူတာမို႔ မ်က္ႏွာအက်ေတြက ထင္းေနတာပဲ"

ေဒါက္တာ ဝီလီယမ့္စကားကို ေခါင္းခါ ျငင္းဆန္လိုက္မိတယ္။

"သူ ႏိုးမွ... ကြၽန္ေတာ့္အမ်ိဳးသားေလး ႏိုးလာမွ အတူၾကည့္ပါေတာ့မယ္"

"ေကာင္းပါၿပီ"

အဲ့ဒီအခ်ိန္ေလးအတြင္း ၾကားလိုက္ရတဲ့ အသံေလးေၾကာင့္ သူ႔ကမာၻဟာ တစ္မုဟုတ္ခ်င္း လင္းထင္းသြားခဲ့ပါတယ္။

"ကိုကို"

မ်က္ႏွာေလးက ႏြမ္းလ်လ်။ ေလသံေလးက တိုးတိုးေလး ျဖစ္ၿပီး သူ႔ဆီေမွ်ာ္ေငးေနပုံက ထိထိရွရွ။

"ကိုကို႔ကေလးေလးရယ္"

ေျပးလို႔ ေပြ႕ပိုက္လိုက္ခ်င္ေပမဲ့ ကုတင္ေဘး ဒူးေထာက္ခ်လိုက္ၿပီး လက္ဖဝါးႏုႏုေလးကို ဆုပ္ကိုင္လ်က္ သူ႔ပါးျပင္နဲ႔ ထိကပ္ထားမိတယ္။ သူ႔မ်က္ရည္ေတြ ခ်ာတိတ္ေလး လက္ဖမိုးမွာ စိုစြတ္သြားတယ္ ထင္ပါရဲ႕။

"ကိုကို ငိုေနတာလားဟင္"

ေခါင္းကို အဆက္မျပတ္ ခါယမ္းျပမိၿပီး ေဒါက္တာ့ အေရွ႕မွာတင္ ခ်ာတိတ္ လက္ဖမိုးေလးကို အႀကိမ္ႀကိမ္ နမ္းရႈိက္ေနမိတယ္။

"ေက်းဇူးတင္ပါတယ္၊ ေက်းဇူးတင္ပါတယ္၊ ကိုကို ေက်းဇူးတင္ပါတယ္ ကေလးရယ္"

စကားတို႔ကို တဖြဖြ ဆိုညည္းလ်က္ မ်က္ရည္ေတြ အျပည့္နဲ႔ တစ္ေယာက္ကိုတစ္ေယာက္ ေငးၾကည့္ေနမိၾကတယ္။

"ကေလးေတြေကာ... ကေလးေတြေကာ ကိုကိုရယ္"

"ရွိပါတယ္ ခ်ာတိတ္ရယ္၊ သားနဲ႔သမီးက က်န္းက်န္းမာမာ ရွိၾကပါတယ္"

"ေတြ႕ခ်င္တယ္ ကိုကို၊ သားနဲ႔သမီးကို အခုပဲ ေတြ႕ခ်င္ပါတယ္"

ကေလးေပ်ာက္ ရွာေနပုံေလးက သနားဖြယ္ရာ။ ကေလးေတြကို မျမင္ရမျခင္း ရတတ္ေအးမဲ့ပုံ မေပၚတာမို႔ ေခါင္းညိတ္ျပလိုက္မိတယ္။

"ဟုတ္ၿပီ၊ ကိုကိုတို႔ ေတြ႕ၾကမယ္၊ ကိုကိုတို႔ ေတြ႕ၾကမယ္ေနာ္"

တုန္ခိုက္ေနတဲ့ သူတို႔ႏွစ္ေယာက္ကို ေငးၾကည့္ၿပဳံးေနတဲ့ ေဒါက္တာ ဝီလီယမ္က အခန္းထဲက ခလုတ္တစ္ခုကို ႏွိပ္ခ်လိုက္ၿပီးေနာက္...

"လူနာ သတိရၿပီမို႔ ကေလးေတြေကာ၊ လူနာေစာင့္ေတြပါ ဝင္လာလို႔ ရပါၿပီ"

^^

ခုနကအထိ စူးစူးနစ္နစ္ ငိုေနေသးတဲ့ ကေလးေလး ႏွစ္ေယာက္က ဖခင္ႏွစ္ေယာက္ ရင္ခြင္ထဲ ေရာက္တာနဲ႔ တိတ္က်သြားပုံက မိဘေတြမွန္း သိၾကတဲ့အလား။ အဇဋာ ဆိုတာ ေျပာဖြယ္ရာ မရွိ။ ကေလးႏွစ္ေယာက္ကို ၾကည့္လိုက္၊ သူ႔အိမ္သားေလးကို ငဲ့ၾကည့္လိုက္နဲ႔ တုန္ခိုက္ေနပုံက အိပ္မက္ထဲမွာ လမ္းေလွ်ာက္ေနသူနဲ႔ ဆင္တူပါတယ္။

"ကိုကို... ဒါရရတို႔ ရင္ေသြးေလးေတြေနာ္"

"ဟုတ္တာေပါ့ ကေလးရယ္၊ ကိုကိုနဲ႔ ခ်ာတိတ္ရဲ႕ ရင္ေသြးေလးေတြ၊ ကိုကိုတို႔ ကေလးေလးေတြပါ"

"ရရ ေပ်ာ္လိုက္တာ ကိုကိုရယ္၊ ၾကည့္ပါအုံး၊ သားနဲ႔သမီးက ကိုကို႔လိုပဲ ႏွာတံေပၚၿပီး ၾကည့္ေကာင္းလိုက္တာ"

ေျပာေနရင္း မ်က္ရည္က်လာတာမို႔ ေဒါက္တာဝီလီယမ့္အသံ ထြက္လာတယ္။

"မိုးဦးရနံ႔က ငိုလို႔ မျဖစ္တာကို ေမ့လို႔ မရပါဘူး"

"ဟုတ္ကဲ့ပါ ေဒါက္တာ၊ ကြၽန္ေတာ္ ဆင္ျခင္ပါ့မယ္"

ထိုအခိုက္မွာ ခ်ာတိတ္ရင္ခြင္ထဲက သမီးေလးက တအဲ့အဲ့ အသံေလး ထြက္လာၿပီး ႏႈတ္ခမ္းေလးက ႏို႔ေတာင္းသလို တႁပြတ္ႁပြတ္ ျဖစ္လာတာမို႔ ခ်ာတိတ္ မ်က္ႏွာေလး မဲ့က်သြားတယ္။ သမီးေလးတစ္ခ်က္ ငိုလိုက္တိုင္း ရင္အုံရွိရာ ဖိအုပ္ကိုင္လိုက္ပုံက ယူႀကဳံးမရ။ အခန္းထဲ ရွိသူ အားလုံး မ်က္ႏွာေတြ ပ်က္ကုန္ၾကတယ္။

"ေဒါက္တာ သမီးေလးက..."

ေဒါက္တာဝီလီယမ္က နားလည္ဟန္ ေခါင္းညိတ္ျပၿပီး ခ်ာတိတ္ကို ေမးတယ္။

"ကေလးေတြ ႏို႔ေတာင္းတာကို ျမင္ေတာ့ ရင္သားေတြဆီက ဘယ္လို ခံစားခ်က္မ်ိဳး ရေနလဲ"

"တင္းေနတယ္၊ မခံမရပ္ႏိုင္ေအာင္ တင္းေနပါတယ္"

"က်ဳပ္တစ္ခ်က္ စမ္းသပ္ၾကည့္ပါ့မယ္"

"ဟုတ္ကဲ့ ေဒါက္တာ"

မ်က္ႏွာေလးက ရဲေစြးလ်က္ အားလုံးကို ေဝ့ၾကည့္လိုက္တာမို႔ ျမတ္မိုးက လက္ကုတ္ၿပီး သံသာ့ကို ေခၚထုတ္သြားတယ္။ ဆက္ေနလဲ ဘာမွမျဖစ္ဘူး ဆိုေပမဲ့ ေအာင္စည္ေအာင္ေမာင္းပါ အခန္းထဲက ထြက္သြားေတာ့ ဦးမ်ိဳးျမတ္ရွိန္ဝါပါ လိုက္ထြက္သြားၿပီး အခန္းထဲမွာ ေႏြဦးရနံ႔၊ ေဒၚခင္ေႏွာင္းနဲ႔ အဇဋာသာ က်န္ရစ္ပါတယ္။

သူ႔ရင္ခြင္ထဲက သားက ၿငိမ္ၿငိမ္သက္သက္ေလး အိပ္ေနဆဲ ျဖစ္ေပမဲ့ ခ်ာတိတ္ ရင္ခြင္ထဲက သမီးေလးက ငိုသံေလး စေပးလာတဲ့အခါ ေဒါက္တာ့ဆီမွာ အစမ္းသပ္ ခံေနရင္း ခ်ာတိတ္က မ်က္ရည္က်လာတယ္။

ေသြးႏုႏု သားႏုႏုမို႔ စိတ္ကႏုေနမွာ ျဖစ္ၿပီး ေယာက္်ားတစ္ေယာက္ ျဖစ္ေသာ္ျငား ကိုယ္တိုင္ ေမြးထုတ္ထားရတဲ့ ကေလးႏွစ္ေယာက္အတြက္ ဖခင္စိတ္အျပင္ မိခင္စိတ္ပါ ခ်ာတိတ္ဆီမွာ ဒြန္တြဲ ျဖစ္ေပၚေနမွာ အေသအခ်ာပါ။

"အမ်ိဳးသမီးေတြလိုေတာ့ ဘယ္လြယ္ကူပါ့မလဲ"

ေဒါက္တာ ဝီလီယမ့္စကားေၾကာင့္ မ်က္ႏွာေလး ပ်က္က်သြားတယ္။ ရင္အုံေလးကို ငုံ႔ၾကည့္ေနပုံက တုန္တုန္လႈပ္လႈပ္။ သူ႔ခ်ာတိတ္ေလး ပင္ပန္းလွပါၿပီ။ ခႏၶာကိုယ္ရဲ႕ နာက်င္မႈေတြ မေပ်ာက္ရွေသးခင္ စိတ္ကေလးပါ နာဖ်ားသြားမွာ စိုးရိမ္လွပါတယ္။

"ဝမ္းကကြၽတ္ၿပီးတည္းက ကေလးေတြကို အာဟာရ တိုက္ေကြၽးၿပီးသား ဆိုေပမဲ့ မိုးဦးရနံ႔ ဆႏၵရွိရင္ ႀကိဳးစားၾကည့္မလား"

"ျဖစ္ႏိုင္ပါ့မလား ေဒါက္တာရယ္၊ အခုေတာင္ တုံ႔ျပန္မႈ မရတာ၊ ကြၽန္ေတာ့္ဆီက ျဖစ္ႏိုင္ပါ့မလားဟင္၊ ကြၽန္ေတာ္က ျဖစ္ႏိုင္ပါ့မလား"

တဖြဖြ ေရ႐ြတ္လ်က္ မ်က္ရည္ေတြ အိက်လာတာမို႔ မိခင္ျဖစ္သူက ခ်ာတိတ္ေလးေဘး ကပ္သြားၿပီး ဖြဖြပုတ္လ်က္ ႏွစ္သိမ့္ပါတယ္။

"အားတင္းထားရမွာေပါ့ သားငယ္ေလးရယ္၊ ဝမ္းမနည္းရဘူးေလကြယ္၊ ဘာျဖစ္ျဖစ္ ေျမးႏွစ္ေယာက္ကို က်န္းက်န္းမာမာ ေမြးဖြားႏိုင္ကတည္းက ေမေမ့သားငယ္ေလးက ေကာင္းခ်ီးမဂၤလာ ျပည့္ဝေနၿပီးသားပါ၊ မငိုပါနဲ႔ သားငယ္ေလးရယ္၊ မငိုပါနဲ႔ေနာ္၊ သားငယ္ေလး ငိုတာကို ေျမးကေလးႏွစ္ေယာက္ သိသြားရင္ ဘယ္စိတ္ေကာင္းၾကပါ့မလဲကြယ္"

တိတ္ဆိတ္ေနတဲ့ အခန္းတြင္းမွာ ခ်ာတိတ္ ရႈိက္သံေလးက တိုးတိုးပ်ံ႕လြင့္ေနဆဲ။

"ေမေမရယ္ ရရ ဘယ္လို လုပ္ရပါ့မလဲဟင္၊ ဒီအေျခအေနကို မၾကာခဏ ေတြးဖူးေပမဲ့ ႏို႔ဘူးနဲ႔ပဲ အဆင္ေျပသြားမွာပါလို႔ ကိုယ့္ကိုယ္ကိုယ္ ေျဖသိမ့္ခဲ့ဖူးတာ၊ အခုေတာ့ ဘယ္လို လုပ္ရပါေတာ့မလဲဟင္၊ သားနဲ႔သမီး ငိုရင္ ရရ ခံႏိုင္ရည္ မရွိေလာက္ဘူး ထင္တယ္"

"သားငယ္ေလးရယ္"

သားအမိႏွစ္ေယာက္ကို ၾကည့္ၿပီး ဘယ္သူမွ စိတ္မေကာင္းႏိုင္။ ျဖစ္ႏိုင္ရင္ အခန္းျပင္ ေျပးထြက္ၿပီး နံရံေပၚ လက္သီးေတြ ပစ္တင္လိုက္ခ်င္ေပမဲ့ ခ်ာတိတ္ေလး ပိုဝမ္းနည္းသြားမွာကို မၾကည့္ရက္။ မ်က္ႏွာႏြမ္းႏြမ္းေလးကို ေငးၾကည့္ရင္း သူ႔မွာေျဖမဆည္ႏိုင္။

"ႀကိဳးစားၾကည့္တာ အခ်ည္းအႏွီး မရွိဘူး ထင္တယ္၊ မျဖစ္ႏိုင္ဘူး ထင္တဲ့ အရာေတြက မိုးဦးရနံ႔ဆီမွာ ျဖစ္ပ်က္ခဲ့ၿပီးသားပဲေလ၊ ကိုယ္ဝန္ေဆာင္ခ်ိန္ တစ္ေလွ်ာက္လုံးမွာ မွီဝဲထားခဲ့တဲ့ ေဟာ္မုန္းေဆးေတြေၾကာင့္ ေမွ်ာ္လင့္လို႔ ရေကာင္း ရႏိုင္ပါတယ္၊ မထြက္လဲ ဝမ္းနည္းဖို႔ မလိုပါဘူး၊ ကေလးေတြအတြက္ လိုအပ္တဲ့ အာဟာရကို က်ဳပ္တို႔ စီမံၿပီးသားပါ"

တအဲ့အဲ့ ငိုေနဆဲ သမီးေလးကို ငုံ႔မိုးၾကည့္ေနတဲ့ ခ်ာတိတ္က မ်က္ရည္သုတ္လိုက္ၿပီးေနာက္ တစ္ခုခုကို ခိုင္ခိုင္မာမာ ဆုံးျဖတ္ၿပီးသလို ေခါင္းညိတ္ျပတယ္။

"ဟုတ္ကဲ့ ေဒါက္တာ၊ ကြၽန္ေတာ္ ႀကိဳးစားၾကည့္ခ်င္ပါတယ္"

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးလိုက္တဲ့ ေဒါက္တာ ဝီလီယမ္က နံရံမွာ ကပ္ေနတဲ့ သူ႔ကို ေမးဆတ္ျပတယ္။

"ခင္ပြန္းသည္က ကူညီေပးလိုက္ပါ"

"ဟုတ္ကဲ့ ေဒါက္တာ"

သားနဲ႔သမီးက အေမနဲ႔ ေႏြဦးရနံ႔ လက္ထဲ ပါသြားတာမို႔ ခ်ာတိတ္ေလးေဘး လ်င္ျမန္စြာ ကပ္သြားလိုက္ၿပီး ကုတင္ေပၚမွာ သက္ေသာင့္သက္သာ ျဖစ္ေအာင္ အေနအထားကို ျပဳျပင္ေပး၊ အက်ႌေလးကို အသာလွပ္ေပးၿပီးတာနဲ႔ သမီးကို ျပန္ေခၚဖို႔ လုပ္ေတာ့ ေဒါက္တာဝီလီယမ္က လက္ကာျပရင္း ရယ္တယ္။

"မဟုတ္မွ ကူညီေပးလိုက္ ဆိုတာကို ႏွစ္ေယာက္သား နားမလည္ၾကတာ ထင္တယ္"

"ဟင္"

ခ်ာတိတ္နဲ႔သူ အခုထိ နားမလည္ေသးေပမဲ့ နားလည္သြားၿပီျဖစ္တဲ့ အေမနဲ႔ ေႏြဦးရနံ႔က မ်က္ႏွာနီနီနဲ႔ ထေျပးမလို ဟန္ျပင္တယ္။ ခ်ာတိတ္နဲ႔သူ႔ကို ၾကည့္လိုက္၊ အေမနဲ႔ ေႏြဦးရနံ႔ကို ၾကည့္လိုက္နဲ႔ ေဒါက္တာ ဝီလီယမ္ရဲ႕ ရယ္သံက ပိုက်ယ္လာတယ္။

"အေမ ျဖစ္သူနဲ႔ အစ္မ ျဖစ္သူက ကေလးေတြနဲ႔အတူ တစ္ဖက္အခန္းမွာ ခဏေစာင့္ေပးလိုက္ၾကပါ၊ ကာယကံရွင္ ႏွစ္ေယာက္ပဲ လြပ္လြပ္လပ္လပ္ ႀကိဳးစားၾကပါေစ၊ က်ဳပ္တို႔အားလုံးက သတင္း နားေထာင္ၾကတာေပါ့"

"ေကာင္းပါၿပီ ေဒါက္တာ"

အေမနဲ႔ ေႏြဦးရနံ႔တို႔ အခန္းထဲက ထြက္သြားၾကတာ လွစ္ခနဲ။ ႏွစ္ေယာက္သား မ်က္ႏွာနီနီနဲ႔ ေမာ့ၾကည့္ေတာ့ ေဒါက္တာက ေခါင္းညိတ္ျပတယ္။

"အိမ္ေထာင္သည္ေတြပဲဗ်ာ၊ ဘာရွက္စရာလိုလဲ၊ လိုအပ္လို႔ လုပ္ရတာပဲ မဟုတ္လား၊ ဘယ္လို ထိေတြ႕ရင္ မနာက်င္ဘူးလဲ ခင္ဗ်ား သိမယ္လို႔ ေမွ်ာ္လင့္ပါတယ္ အဇဋာ၊ အခ်ိန္ နာရီဝက္ ေပးပါ့မယ္၊ မျဖစ္ႏိုင္ဘူး ထင္ရင္ ရပ္လိုက္ပါ၊ လူနာကို အထိခိုက္ကင္းဖို႔ ဂ႐ုစိုက္ပါ၊ လက္နဲ႔လုံးဝ မဖ်စ္ပါနဲ႔"

ေျပာၿပီးတာနဲ႔ ေဒါက္တာဝီလီယမ္ပါ ထြက္သြားတာမို႔ က်န္ရစ္ခဲ့တဲ့ သူတို႔ႏွစ္ေယာက္က မ်က္ဝန္းခ်င္းအဆုံမွာ ပူပူထူထူ ရယ္ခ်လိုက္မိတယ္။ ဒီေန႔အတြက္ ဒါပထမဆုံးအႀကိမ္ ရယ္ေမာျခင္း ျဖစ္ၿပီး ဒီေန႔ကစ ေနာင္ႏွစ္ေပါင္း မ်ားစြာအထိ ဒီလိုသာ ရယ္ေမာပါရေစ ဆိုတာက သူ႔ရင္တြင္း ဆႏၵေတြပါပဲ။

"ကိုကို"

နဖူးေျပေျပေလးကို ၾကင္ၾကင္နာနာ နမ္းရႈိက္လိုက္ၿပီး သူ႔အိမ္သားေလး ေဘးကို နီးနီးကပ္ကပ္ တိုးထိုင္လိုက္မိတယ္။

"ကိုကို႔ကို ခြင့္ျပဳပါေနာ္၊ မနာက်င္ေအာင္ ကိုကို ဂ႐ုစိုက္ပါ့မယ္"

တားျမစ္ခံထားရတာ သိေပမဲ့ ေဒါက္တာဝီလီယမ့္ အလစ္မွာ ႏႈတ္ခမ္းေလးဆီ ဦးစြာ နမ္းရႈိက္လိုက္မိတယ္။ အဲ့ဒီေနာက္ သူ တစ္ေလွ်ာက္လုံး ညင္သာဖြဖြ ၾကင္နာခဲ့ဖူးတဲ့ ပြင့္ခ်ပ္ေတြဆီ သားနဲ႔သမီးအတြက္ ရည္႐ြယ္လို႔...။

^^

ဆက္ရန္

ခ်စ္တဲ့အသြဲ႕^^

၁.၁၂.၂၀၂၂ ၾကာသပေတးေန႔

(ပထမေတာ့ ၄ ရက္ေန႔မွ တင္မလို႔ပါပဲ။ တစ္ပိုင္းေရးလို႔ ၿပီးသြားျပန္ေတာ့ မေနႏိုင္ဘဲ လာတင္မိျပန္ပါတယ္။ တစ္ခု ေျပာခ်င္တာက ဒီဝထၳဳေလးကေလ စာဖတ္သူေတြကို လြမ္းလြန္းလို႔ ဖန္တီးမိတဲ့ ေပါ့ေပါ့ပါးပါး သမား႐ိုးက် ဇာတ္ေလး ျဖစ္တာမို႔ အမ်ားႀကီး ေမွ်ာ္လင့္ထားၾကသူေတြအတြက္ ဖတ္ရတာ ေပါ့႐ႊတ္ၿပီး အႏွစ္သာရကင္းမဲ့သြားရင္ ခြင့္လႊတ္ပါေနာ္။ အခ်ိန္ေပး ဖတ္ေနတဲ့ တစ္ေလွ်ာက္မွာ အနည္းငယ္မွ် Healing ျဖစ္ခဲ့တယ္ ဆိုရင္ပဲ သြဲ႕က ဝမ္းသာ ေက်နပ္ေနမွာပါ။ အပိုင္းသစ္နဲ႔အတူ ၅.၁၂.၂၀၂၂ မွာ ျပန္ဆုံပါ့မယ္။ ခ်မ္းေျမ့ပါေစရွင္)

+++++

Continue Reading

You'll Also Like

186K 12.8K 32
" ဆုပိုင္ " " Yes, boss! " " ငါ က မင္းရဲ႕ ဘာလဲ ? " " ထာဝရ အတြက္ ကြၽန္ေတာ့္ရဲ႕ boss ေလး " #owncreation #bl
11.8K 1K 7
String colla ထဲမှာပါတဲ့ SK fiction လေးပါ။
30.4K 2K 11
ငါ့ကိုလွည့္စားခဲ့တာေတြနဲ့တန္ေအာင္ ျပန္ေပးဆပ္ရမယ္ဆိုတာကုိ မင္းမေမ့နဲ့ လကၤာမွဴးပိုင္...ငါ့ကုိလွည့္စားခဲ့တဲ့မင္းကုိ ငါအရမ္းမုန္းတယ္... ...