ချစ်သက်ဝေ

Oleh MAYNINE_04

32.4K 2.9K 270

"သက်ဝေ" ဆိုတာ အသက်တမျှ၊ အသက်နဲ့ထပ်တူ ချစ်မြတ်နိုးရတဲ့သူလို့ ဆိုလိုသတဲ့။ မေရီ့အတွက်တော့ "သက်ဝေ" ဆိုတဲ့ အမျိုးသ... Lebih Banyak

A/N
ဤသို့အစပြု၍
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
A/N 0.2
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)

အပိုင်း (၁၁)

864 86 1
Oleh MAYNINE_04

- မိန်ရာသီ -

ဂျပန်တို့၏ ဖက်ဆစ်ဆန်ဆန် အုပ်ချုပ်ရေးကို မခံမရပ်နိုင်သောကြောင့် တော်လှန်ရေးစိတ်ဓာတ်များ ပိုမိုပြင်းထန်လာသည် ။ ထို့ကြောင့် ၁၉၄၄ ခုနှစ် ဩဂုတ်လဆန်းတွင် အာရှလူငယ် အစည်းအရုံး၊ ပြည်သူ့အရေးတော်ပုံပါတီ ၊ ကွန်မြူနစ်ပါတီနှင့် ဗမာ့တပ်မတော်တို့ ပူးပေါင်း၍ ဖဆပလအဖွဲ့ကို ဖွဲ့ဟလိုက်ကြသည် ။ ထို့နောက် မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ ဂျပန်တို့ကို နှိမ်နင်းလာရာ ၁၉၄၅ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် သက်ဝေတို့၏ မန္တလေးမြို့ကိုပြန်လည်သိမ်းပိုက်ရရှိခဲ့သည် ။ များမကြာခင် ဧပြီလတွင်မူ ဂျပန်တို့သည် ရန်ကုန်မြို့ကပါ ဆုတ်ခွာသွားရကြောင်း သတင်းရရှိသည် ။

" စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးသာယာပေ ... စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးသာယာပေ ... စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးမာလာပန်းနဲ့
စမ်းငွေရိပ်အောက်ခြေ အပန်းဖြေလို့နေ ... ကျင်လည်တဲ့ဘုံဘွေ သန်းခေါင်ခြေ ..
လေပြည်လေးတသင်းသင်းတိုက်လို့နေ ...
ခင်လေ ထင်ရာမြင်ရာငေးလို့ တွေးမိပေ ... "

မနီးမဝေးက ပျံ့လွင့်လာသော ' လဲ့လဲ့ဝင်း ' သီချင်းသံကို ‌သက်ဝေ နားစိုက်နေမိသည် ။ မမရှင်ဟု သူမတို့ခေါ်ကြသော မင်းသမီးကြီး မေရှင့်၏အသံမှာ သာယာနာပျော်ဖွယ်ကောင်း၍ နားထောင်ရသူကို နှလုံးချမ်းမြေ့စေသည် ။ စိတ်ညစ်စရာများကြားမှ ဂီတကသာလျှင် တစ်ခုတည်းသော စိတ်ပျော်ရွှင်ရာမဟုတ်လား ။

သက်ဝေတို့ ဒီရွာကလေးမှာ စစ်ရှောင်နေရတာ ယခုဆိုလျှင် ၄ နှစ်ကျော်ခဲ့ပေပြီ ။ ထို ၄ နှစ်ကျော်အတွင်း သက်ဝေ၏ လုပ်ငန်းဆောင်တာများကတော့ ထူးထူးထွေထွေမရှိခဲ့ ။ မနက်စောစော အိပ်ရာနိုးသည်နှင့် မျက်နှာသစ်အဝတ်လဲကာ ရေချမ်းကပ်၍ ဘုရားကန်တော့သည် ။ ပြီးလျှင် တစ်မိသားစုလုံးအတွက် ချက်ရင်းပြုတ်ရင်းနှင့် နေ့လည်ခင်းကိုကုန်ဆုံးရပြန်သည် ။

အားလပ်ချိန်များမှာတော့ သက်ဝေ စာကိုအတိုးချဖတ်သည် ။ အတန်းပညာအဆုံးထိမတက်ခဲ့ရသော်လည်း စာအုပ်စာပေများမှပေးသော အသိပညာများကြောင့် သက်ဝေသည် အရင်ကထက်ပို၍ရင့်ကျတ်လာသလို တွေးခေါ်နိုင်စွမ်းလည်းမြင့်မားလာသည် ။ စကားလုံးများမှတစ်ဆင့် အနယ်အနယ်အရပ်ရပ်က ဗဟုသုတများကို ရရှိရသည် ။

ပြီးလျှင်တော့ ရွာနီးချုပ်စပ်သို့သွားကာ နိုင်ငံရေးအခြေအနေဘယ်သို့ရှိသည်ဆိုတာကို စနည်းနာရသည် ။ စစ်ဟာအတော်ကြောက်မက်ဖွယ်ကောင်းသည် ။ ချစ်သူခင်သူများနှင့် ကွဲကွာကြရသည် ။ ‌မေရီလည်း အဘယ်သို့ရှိမည် သက်ဝေ မသိ ။ ဆက်သွယ်ရေးတွေပြတ်တောက်နေသဖြင့် သတင်းအစအနပင် သက်ဝေမကြားရပေ ။ မေရီ့ကိုသတိရတိုင်း သက်ဝေ မေတ္တာသာပို့နေမိသည် ။

" ဘယ်တော့များမှ ရုပ်ရှင်တွေပြန်ရိုက်ရမလဲ မသိပါဘူး ။ လူတွေလည်း အိုးပျက် အိမ်ပျက် စီးပွားပျက်နဲ့ ။ တစ်ချို့ဆို ရှေ့တန်းထွက်ပြီး ဟော မကြာဘူး ကျသွားသတဲ့ ။ ဖေဖေ့ကိုလည်း စိတ်ပူလိုက်တာ ကိုကိုကြီးရယ် "

သက်ဝေ ညည်းသမျှကို အစ်ကိုကြီးဖြစ်သူ ထွန်းမောင်က ဒိုင်ခံနားထောင်ပေးသည် ။ သက်ဝေနှင့် ထွန်းမောင်သည် ၅ နှစ်နီးပါးကွာသည် ။ အစ်ကိုလေး တင့်ဆွေနှင့်တော့ ၂ နှစ်လောက်သာကွာသည် ။ အငယ်ဆုံးလေး ထွေးကတော့ သက်ဝေအောက် ၄ နှစ်ငယ်သည် ။ ယခုဆိုလျှင် သက်ဝေသည်ပင် အသက် ၂၆ နှစ်ထဲမှာ ။

" ဟုတ်ပါ့ ညီမလေးရာ ဖေဖေပြန်မလာတာ ကြာပြီနော် ။ ကြားထဲတစ်ခါပြန်လာပြီးကတည်းက ထပ်မလာတာ "

" ဝေ တော့စိတ်ပူတယ် ကိုကိုကြီးရယ် ဖွ မပြောကောင်းပြောကောင်း‌ ဖေဖေသာတစ်ခုခုဖြစ်သွားခဲ့ရင် ဝေဝောာ့ရင်ကျိုးမှာပဲ "

" မဖြစ်ပါဘူးဟာ "

သက်ဝေနှင့် ကိုကိုကြီးတို့ထိုင်နေသော အပင်ရိပ်သို့ အမျိုးသမီးတစ်ယောက် ရောက်လာသည် ။ မယဉ်အေး .. ။ မယဉ်အေးက သက်ဝေ့ထက် ၃ နှစ်လောက်ကြီးသည် ။ ယခု သက်ဝေတို့စစ်ရှောင်နေရသော ရွာကလေးမှ ရွာခံလည်းဖြစ်သည် ။ ထို့အပြင် ကိုကိုကြီးကို သဘောကျနေသည့် အမျိုးသမီးလည်းဖြစ်လေသည် ။

" ဪ မမအေး ဘယ်ကလှည့်လာသလဲ "

ကိုကိုကြီးဆီ တည့်တည့်လာတာသိပေမယ့် သက်ဝေ တမင်မေးလိုက်ခြင်းဖြစ်သည် ။ မယဉ်အေးသည် ရွာထဲတွင် အကြည့်ခံစားရင်းဝင်သည့် အပျိုတစ်ဦးဖြစ်သည် ။ အတော်ချောသည်ဟုမဆိုနိုင်သော်လည်း သူ့ဟာနှင့်သူတော့ကြည့်ကောင်းသည့် အမျိုးသမီးပင် ။

" ဒီကိုပဲလာတာ ဝေ ။ မမအေး ဒါလေးတွေလာပေးတာ "

" အားနာစရာဖြစ်ကုန်ပါပြီ မမအေးရယ် "

မမအေးက ခြံထွက် အသီးအရွက်များကို သက်ဝေလက်ထဲကမ်းပေးသည် ။ ကိုကိုကြီး မျက်နှာကြောင့်လည်း ပါပေမယ့် မမအေးက နဂိုစိတ်ရင်းကကို သဘောကောင်းသူဖြစ်သည် ။ အကယ်၍ ကိုကိုကြီး မမအေးကို ယူမည်ဆိုလျှင် သက်ဝေကတော့ ဝမ်းပန်းတသာနှင့် လက်ခံမည်ပင် ။

" အားမနာရပါဘူး ဝေရယ် မမအေးတို့အိမ်က လူများများရှိတာမှမဟုတ်ဘဲ ။ စားလောက်တာထက်ပိုတော့ မျှဝေရတာပေါ့ "

" ဒါဖြင့် ကျေးဇူးပါပဲ မမအေးရယ် ။ ထိုင်ဦးလေ ဝေ ဒါတွေသွားသိမ်းလိုက်ဦးမယ် "

မမအေးလက်ထဲမှ အသီးအရွက်များကိုယူ၍ သက်ဝေ အိမ်ထဲသို့ဝင်လာခဲ့သည် ။ ထွေးထွေးက ဖတ်လက်စ စာအုပ်ကိုလက်ကချ၍ သက်ဝေကို လှမ်းကြည့်သည် ။

" ဟယ် အသီးအရွက်တွေ အများကြီးပါ့ရော ဘာလဲ မမဝေနဲ့ ကိုကိုကြီးသွားခူးလာကြတာလား "

" မဟုတ်ပါဘူးအေ တို့ ယောင်းမလောင်းလေးက လာပေးတာပါ "

ထွေး မျက်နှာပြုံးစိစိဖြစ်သွားသည် ။ ထွေးလည်း ဒီအထာတွေကိုရိပ်မိတာပေါ့ ။ ထွေး‌လည် ကလေးမှမဟုတ်တော့ဘဲ ၂၂ နှစ်ဆိုတာ အတန်အသင့် အပျိုအရွယ်ဖြစ်နေပြီမဟုတ်လား ။

" ဪ မမယဉ်အေးမဟုတ်လား "

" ဟုတ်ပါ့ ဟုတ်ပါ့ အပြင်မှာ ကိုကိုကြီးနဲ့ထားခဲ့တယ် "

သက်ဝေ မီးဖိုးထဲဝင်လာတော့ ထွေးကပါ နောက်ကလိုက်ဝင်လာသည် ။ ထွေးကိုကြည့်ရတာ ဝေ့ကို တစ်ခုခုမေးချင်နေသလို မျက်နှာထားက ပြီတီတီဖြစ်နေသည် ။

" ဘာတုန်း မထွေးထွေး ဘာတွေများပြောချင်လို့ စာဖတ်နေတာတောင် ချထားပြီး မီးဖိုထဲအထိ လိုက်လာတာတုန်း "

" မမဝေရော "

" အရင်းမရှိ အဖျားမရှိနဲ့ ဒီ မိန်းကလေးကတော့ ဘာတုန်း ငါက "

" မမဝေမှာရော အဲသလို ချစ်ရကြိုက်ရမယ့်သူမရှိဘူးလားလို့မေးတာ "

" အို ပေါက်ပေါက်ရှာရှာ မရှိပေါင်တော် "

" မမလည်း ငယ်တော့တာမှမဟုတ်တာ ၂၆ နှစ်တောင်ရှိနေပြီ အိမ်ထောင်ပြုဖို့စိတ်ကူးမရှိဘူးလား "

" တယ် ဒီကလေးမ ဘာတွေလာမေးနေတာတုန်း မရှိပါဘူး ကိုယ့်ဟာနဲ့ကိုယ် မအားရတဲ့ထဲ အဲဒါတွေ မစဉ်းစားအားပါဘူး "

တကယ်တော့ ထွေးပြောတာမှန်သည် ။ သက်ဝေ အသက် မငယ်တော့ ။ သို့သော်လည်း ယခုထိ သက်ဝေ သဘောကျပါသည်ဆိုသည့် ယောင်္ကျားလေးတစ်ဦးမှမရှိခဲ့ပေ ။ ကျောင်းမှာလည်း ခပ်တည်တည် ခပ်မှန်မှန်သာနေခဲ့သဖြင့် သက်ဝေကို သဘောကျပါသည်ဟူသော ကောင်လေးများကပင် သက်ဝေကိုရှိန်ကြသည် ။ ယခုလည်း ရုပ်ရှင်မင်းသမီးဆိုတာရော သက်ဝေအနေအထိုင်မှန်တာရော ကိုကိုတို့ကို ကြောက်ရတာရောကြောင့် သက်ဝေအနားထိ ချဉ်းကပ်ရဲသူ တစ်ယောက်မှမရှိခဲ့ပေ ။

" အပျိုကြီးလုပ်မှာလား မမက "

" ကဲ မထွေးထွေး ဒီလောက်မှအားနေရင် ငါ့ကို အရွက်သင်တာ လာကူလှည့် "

"‌ ထွေးစာဖတ်လက်စလေးရှိသေးလို့ သွားပြီနော် "

အလုပ်ခိုင်းခါမှပဲ အနားက ထွက်ပြေးသွားတဲ့ ညီမဖြစ်သူကို သက်ဝေ မဆူရက်သည့်အပြင် ရယ်ရုံသာရယ်နေနိုင်တော့သည် ။ ထွေးဟာ အိမ်တွင်အငယ်ဆုံးဖြစ်သည့်အလျောက် ကလေးဆန်ဆန် ဆိုးနွဲ့တတ်ပေမယ့် တစ်ခါတလေတော့လည်း လူကြီးဆန်တတ်သည် ။ ထွေးကိုမြင်တိုင်းလည်း ထွေးနှင့်သိပ်မကွာသော ကလေးမလေးကို သက်ဝေ စိတ်ထဲမှ သတိရနေမိပါသည် ။

" တပည့်တော်မ ပို့သသော မေတ္တာကြောင့် မေရီတို့မိသားစုလည်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေ အရှင်ဘုရား "

ယခုလို စစ်မီးငြိမ်းသည့် ကာလလေးအတွင်း မေရီတို့ စိတ်ချမ်းသာရသည် ။ မဟုတ်လျှင် ဘယ်အချိန် ပြေးကြရမလဲ ဘယ်အချိန်များ အပေါ်ကနေ ဗုံးတွေကျလာမလဲဆိုတာကို တွေးပူနေရသဖြင့် ညဘက်များပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်ပေ ။

မေရီလည်း အသက် ၂၁ အတွင်းသို့ဝင်လာသဖြင့် အရင်ကထက်စာလျှင် ပို၍ ဖွံ့ဖွံ့ထွားထွားရှိလာသည် ။ ဆံပင်ကိုတော့ ကရိကထများ၍ ကျောလယ်လောက်ရောက်လျှင် ကတ်ကြေးနှင့် ညှပ်ချပစ်တတ်သည် ။ အရပ်ကတော့ အရင်ကထက်စာလျှင် ၃ လက်မလောက်ပိုရှည်လာသည်ထင်သည် ။ ကိုယ်လုံးကိုယ်ပေါက် ပြေပြေပြစ်ပြစ်ရှိပြီး အသားဖြူဖြူနှင့် ချစ်စရာ ရှမ်းဗမာမကလေး မေရီ့ကို မျက်စိကျသော ကာလ‌သားတွေလည်းမနည်း ။ သို့သော် မေရီကတော့ ထိုကိစ္စ၌အာရုံမရှိပေ ။

အားလပ်ချိန်များတွင် သီချင်းအဆိုကျင့်ခြင်းဖြင့်သာ စိတ်ကိုပျော်မွေ့အောင် နေနေရသည် ။

" သမီး မေရီ "

" ရှင် ဖေဖေ "

" ဒီမှာကွယ် မသန်းကြွယ်က သမီးအပ်ထားတဲ့ အထည်တွေ လမ်းကြုံပေးလိုက်တယ် ၃ ထည် ဟုတ်စ "

" ဟုတ်တယ် ဖေဖေ "

စစ်ကြီးအတွင်းတွင် နိုင်ငံခြားမှ အဝတ်အထည်များ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်မှုမရှိတော့သဖြင့်
အဝတ်ဈေးမှာ ခေါင်ခိုက်သွားတော့သည် ။ စစ်ကာလအနည်းငယ်ကြာရှည်နေသဖြင့် မရှိဆင်းရဲသူများအဖို့ အဝတ်အစားကလည်း ပြဿနာဖြစ်လေတော့သည် ။ အချို့ဆို စောင်များ ခြင်ထောင်များကို ဖြတ်၍ အထည်ချုပ်ဝတ်ရသည်အထိပင် ။

မေရီတို့နေသည့် ရွာတွင်တော့ ယခင်ကတည်းကပင် အခြားအထည်များ မရှိသည့်အလျောက် လက်ဖြင့်ငင်သည့် မြန်မာချည်နှင့် ရက်ထားသည့် အထည်များကိုသာ ဝတ်ဆင်ကြသည် ။ ထိုလက်ရက်ထည်များတောင် ရက်လုပ်သူကနည်းနည်း ဝတ်ဆင်သူကများများဖြစ်သောကြောင့် ချည်ချောထွက်အောင်အထိ မတတ်နိုင်အောင်ပဲရှိရသည် ။

ချည်လုံးတုတ်တုတ်နှင့် ခပ်ကျဲကျဲရက်ထားသည့် အမြန်‌ရက်အထည်ကို နိုင်ငံခြားမှ ဆိုးဆေးကောင်းကောင်းမရမှုကြောင့် ဆေးမခိုင်သည့်အရောင်များဖြင့် အကွက်ဖော်ကာ ဝတ်ဆင်ကြရသည် ။ မေရီသော်မှ ငွေကြေးအနည်းငယ်တတ်နိုင်သဖြင့် စောင် ခြင်ထောင်ကို အင်္ကျီလုပ် မဝတ်ရခြင်းဖြစ်သည် ။ ဒါတွေအတွက်လည်း ဖေဖေ့ကို မေရီ ကျေးဇူးတင်၍မဆုံးပေ ။

" မမဝေကို သတိရလိုက်တာ ဖေဖေရယ် ရန်ကုန်ကပြန်သွားကတည်းက အဆက်အသွယ်ပြတ်သွားလိုက်တာ ‌တော်တော်တောင်ကြာပြီနော် စစ်ကြီးစဖြစ်တာ ၁၉၄၂ လောက်က မှတ်တာပဲ ခုဆို ၁၉၄၆ ထဲတောင်ရောက်လာပြီနော် အချိန်တွေအကုန်မြန်လိုက်တာ ၅ နှစ်တောင်ရှိသွားပြီ "

" ဟုတ်ပါ့ ။ သူတို့လည်း မန်းလေးမြို့ပေါ်တော့ ရှိမှာမဟုတ်ဘူး ။ ရွာတွေဘက် ရှောင်နေလောက်မှာပေါ့ "

" ဪ ဒါနဲ့လေ မေရီငယ်ငယ်က မမဝေနဲ့တွေ့ဖူးတယ်တဲ့ သိလား ဖေဖေ ။ မမဝေက ပြန်ပြောပြတာ "

" ဟေ ဟုတ်လား "

" ဖေဖေရယ် မေမေရယ် မေရီရယ် မန်းလေးလာကြတုန်းက ဘုရားကြီးမှာ လူကွဲသွားတာတဲ့ ။ မေရီတစ်ယောက်တည်းဖြစ်နေလို့ မမဝေက ရပ်ပြီးစကားပြောပေးနေတာတဲ့ "

ဖေဖေက ခေတ္တမျှစဉ်းစားဟန်ပြုပြီးမှ မှတ်မိသွားသည့်ပုံပင် ။

" ဪ အဲဒီကလေးမလေးလား ။ အင်း ရေစက်တွေလည်း အဆန်းသားပဲနော် "

" ဟုတ်ပါ့ မေရီဖြင့်ကြားကြားချင်း အံ့ဩသွားတာပါဆို "

ဖေဖေက မတ်တပ်ရပ်နေရာမှ မေရီထိုင်နေရာ တန်းလျားတွင်ဝင်ထိုင်ပြီး ရေနွေးအိုးထဲမှ အကြမ်းရည်များကို ငှဲ့ကာ သောက်သည် ။ ဖေဖေ့မျက်နှာသည်ပင် လောကဓံ၏အထုအထောင်းးများကြောင့် အတန်ငယ် အိုမင်းရင့်ရော်လျက်ရှိသည် ။ ရှမ်းတိုင်းရင်းသားဘဝကနေ ယခုဆိုလျှင် အညာကျေးလက်အမျိုးသားကြီးတစ်ဦးသွင်ပြင်ဖြစ်နေရှာသည် ။

" ဖေဖေတော့ ရှမ်းပြည်ကို သိပ်အောက်မေ့တာပဲ ‌သမီးရယ် "

မွေးရပ်ဇာတိကို စွန့်ခွာပြီးနေနေရတာမို့ ရှမ်းပြည်ကို လွမ်းသည့်ဖေဖေ့အား မေရီအပြစ်မဆိုသာ ။

" ‌စစ်ကြီးပြီးစေချင်ပါပြီ ဖေဖေရယ် ။ မေရီတို့အရင်လို လွတ်လွတ်လပ်လပ်နဲ့ သီချင်းကလေးတွေဆိုရင်းတီးရင်း နေရတဲ့ဘဝကို ပြန်လွမ်းလှပြီ "

" ဒါဖြင့် ဖေဖေ့ကို သီချင်းဆိုပြပါ့လား သမီး ။ ဆောင်းရာသီတောင်ကုန်တော့မယ် ဆောင်းနဲ့ပက်သက်တာလေးဆိုပြပါဦး ။ သမီးမေမေလိုပေါ့ ဆောင်းရာသီပြီးမှ ဆောင်းဘွဲ့ဆိုပြသလိုလေ "

မေရီရော ဖေဖေပါ ရယ်လိုက်မိကြသည် ။ မေမေ့ကို အစဉ်သတိရပေမယ့် မေရီတို့ဟာ အမှတ်တရတွေကို မျက်ရည်မပါဘဲ ပြန်ပြောင်းပြောနိုင်သည်အထိ အခြေအနေတစ်ခုသို့ရောက်လာခဲ့ကြပြီ ။

" ခုမှ ဖေဖော်ဝါရီလပဲ ရှိသေးတယ်ဆိုတော့ မန္တလေးဦးဘသိန်းရေးတဲ့ မိန်ရာသီ သီချင်းဆိုပြမယ် "

" ခိုင်ရွှေညှာဝင်း ... နှင်းကျွင်းဖွဲ့တဲ့ ... မိန်လရာသီ
လေသွေးရာသီ .. ရွှေဖီငုံကင်း အင်ကြင်းတွေက ..
နီးသန္တာရည် .. တောလုံး .. ဖြာချေပြီ
(ငွေရည် .. နှင်းငွေရည် ... ထွေလည် .. ဆင်းထွေလည် ... လေပြည် .. ညှင်းလေပြည်)၂
ညှင်းလေပြည်က မြောက်တောင်နှော ..
ရွက်ဝါမြေခလို့ .. သက်ကြွေလျောခဲ့ပြီ
သိင်္ဂီတောလုံးထိန်ချေပြီ ...
(ဝတိံဘုံနန်း .. တိမ်စုံတွေ .. လျှမ်းတင်ခဲ့ပြီ
လွမ်းရေး .. ဖွဲ့ညီ .. ကြင်ဖော်မျှော်ရည်)၂
သူနဲ့သာတူညီ ...ဖူးလိုက်ချင်ငဲ့
ဦးခိုက်ချင်ပါရဲ့လို့ ... သဲပုံစေတီ
ရွှေလရောင်ခြည် ... ဘရဂုဏ္ဏီနှင့်
ယှဉ်မီထွန်းကာ ... ယွန်းရှာချေပြီ .. မိန်ရာသီ "

မေရီ့၏ သာယာနာပျော်ဖွယ် သီချင်းသံက တိတ်ဆိတ်ငြိမ်သက်နေသော ရွာကလေး၏ လေထုထဲသို့ ညက်ညက်ညောညော ပျံ့လွင့်သွားသည် ။ လုပ်ငန်းဆောင်တာများအပြီး ညနေစောင်းတွင် ဤကဲ့သို့ ချိုသာသောသီချင်းသံကို နားထောင်ရသည်မှာ အဘယ်မျှကောင်းကြောင်း စကားနဲ့ပင်ဖော်ပြ၍မရပေ ။

ဤရွာကလေးတွင် မေရီသည် အလှအပကြောင့်လည်းကောင်း ၊ သီချင်းဆိုကောင်း၍လည်းကောင်း ၊ ပေါင်းသင်းဆက်ဆံရေးကြောင့်လည်းကောင်း လူချစ်လူခင်ပေါများကြသည် ။ အချို့ကတော့ မေရီ့ကို မလိုတမာရှိကြသည် ။ မေရီကတော့ ဒါတွေကို မမှုပါပေ ။

" ကိုယ့်သမီးမို့ ကိုယ်ပြောတာမဟုတ်ဘူး တကယ်တော်တာပဲ ။ ဦးညီပုပြောတဲ့ သမီးမေမေထက် တော်မယ့်ကလေးဆိုတာ အမှန်ပဲ ။ ဖေဖေတော့ ဒီဘဝမှာ သမီးမေမေရယ် သမီးရယ်နဲ့ဆုံရတာ တကယ်ကို ကံကောင်းတာပဲလို့ အမြဲတွေးတယ် "

" သမီးကလည်း ဖေဖေတို့ရဲ့သမီးဖြစ်လာရတဲ့အတွက် ကံကောင်းတာပါပဲ ။ ထပ်ပြီးဘာမှတောင် မလိုချင်တော့လောက်အောင်ပဲ ။ အမြဲ မေရီ့ဝါသနာကိုအားပေးပြီး ယုံကြည်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဖေဖေ "

" ရပါတယ် သမီးရယ် ဖေဖေကတော့ ‌သမီးဝါသနာပါတာတွေလုပ်နေပြီး ပျော်နေသရွေ့ ဘာမဆို ပံ့ပိုးပေးဖို့ပြင်ထားပြီးသား "

" ဟုတ်ကဲ့ပါ ဖေဖေ မေရီ ကြိုးစားပါ့မယ် "

တဖြည်းဖြည်းမှောင်လာသော အညာဆောင်း၏ရှုခင်းကိုတစ်ချက်ငေးရင်း စိတ်ညစ်စရာများကို ဖြေဖျောက်နေမိတော့သည် ။

၈.၁၁.၂၂
8:34 PM

- မိန္ရာသီ -

ဂ်ပန္တို႔၏ ဖက္ဆစ္ဆန္ဆန္ အုပ္ခ်ဳပ္ေရးကို မခံမရပ္ႏိုင္ေသာေၾကာင့္ ေတာ္လွန္ေရးစိတ္ဓာတ္မ်ား ပိုမိုျပင္းထန္လာသည္ ။ ထို႔ေၾကာင့္ ၁၉၄၄ ခုႏွစ္ ဩဂုတ္လဆန္းတြင္ အာရွလူငယ္ အစည္းအ႐ုံး၊ ျပည္သူ႔အေရးေတာ္ပုံပါတီ ၊ ကြန္ျမဴနစ္ပါတီႏွင့္ ဗမာ့တပ္မေတာ္တို႔ ပူးေပါင္း၍ ဖဆပလအဖြဲ႕ကို ဖြဲ႕ဟလိုက္ၾကသည္ ။ ထို႔ေနာက္ မဟာမိတ္တပ္မ်ားႏွင့္ပူးေပါင္း၍ ဂ်ပန္တို႔ကို ႏွိမ္နင္းလာရာ ၁၉၄၅ ခုႏွစ္ မတ္လ ၂၀ ရက္ေန႔တြင္ သက္ေဝတို႔၏ မႏၲေလးၿမိဳ႕ကိုျပန္လည္သိမ္းပိုက္ရရွိခဲ့သည္ ။ မ်ားမၾကာခင္ ဧၿပီလတြင္မူ ဂ်ပန္တို႔သည္ ရန္ကုန္ၿမိဳ႕ကပါ ဆုတ္ခြာသြားရေၾကာင္း သတင္းရရွိသည္ ။

" စိမ့္ႀကီးၿမိဳင္ႀကီး ရိပ္ႀကီးသာယာေပ ...
စိမ့္ႀကီးၿမိဳင္ႀကီး ရိပ္ႀကီးသာယာေပ ...
စိမ့္ႀကီးၿမိဳင္ႀကီး ရိပ္ႀကီးမာလာန္းနဲ႔
မ္းေငြရိပ္ေအာက္ေျခ အပန္းေျလို႔ေန ...
က်င္ည္တဲ့ဘုံေဘြန္းေခါင္ေျခ ..
လျည္ေလးတသင္းင္းတိုက္လို႔ေန ...
င္ေလ ထင္ရာျင္ရာေငးလို႔တြးမိေပ ... "

မနီးမေဝးက ပ်ံ႕လြင့္လာေသာ ' လဲ့လဲ့ဝင္း ' သီခ်င္းသံကို ‌သက္ေဝ နားစိုက္ေနမိသည္ ။ မမရွင္ဟု သူမတို႔ေခၚၾကေသာ မင္းသမီးႀကီး ေမရွင့္၏အသံမွာ သာယာနာေပ်ာ္ဖြယ္ေကာင္း၍ နားေထာင္ရသူကို ႏွလုံးခ်မ္းေျမ့ေစသည္ ။ စိတ္ညစ္စရာမ်ားၾကားမွ ဂီတကသာလွ်င္ တစ္ခုတည္းေသာ စိတ္ေပ်ာ္႐ႊင္ရာမဟုတ္လား ။

သက္ေဝတို႔ ဒီ႐ြာကေလးမွာ စစ္ေရွာင္ေနရတာ ယခုဆိုလွ်င္ ၄ ႏွစ္ေက်ာ္ခဲ့ေပၿပီ ။ ထို ၄ ႏွစ္ေက်ာ္အတြင္း သက္ေဝ၏ လုပ္ငန္းေဆာင္တာမ်ားကေတာ့ ထူးထူးေထြေထြမရွိခဲ့ ။ မနက္ေစာေစာ အိပ္ရာႏိုးသည္ႏွင့္ မ်က္ႏွာသစ္အဝတ္လဲကာ ေရခ်မ္းကပ္၍ ဘုရားကန္ေတာ့သည္ ။ ၿပီးလွ်င္ တစ္မိသားစုလုံးအတြက္ ခ်က္ရင္းျပဳတ္ရင္းႏွင့္ ေန႔လည္ခင္းကိုကုန္ဆုံးရျပန္သည္ ။

အားလပ္ခ်ိန္မ်ားမွာေတာ့ သက္ေဝ စာကိုအတိုးခ်ဖတ္သည္ ။ အတန္းပညာအဆုံးထိမတက္ခဲ့ရေသာ္လည္း စာအုပ္စာေပမ်ားမွေပးေသာ အသိပညာမ်ားေၾကာင့္ သက္ေဝသည္ အရင္ကထက္ပို၍ရင့္က်တ္လာသလို ေတြးေခၚႏိုင္စြမ္းလည္းျမင့္မားလာသည္ ။ စကားလုံးမ်ားမွတစ္ဆင့္ အနယ္အနယ္အရပ္ရပ္က ဗဟုသုတမ်ားကို ရရွိရသည္ ။

ၿပီးလွ်င္ေတာ့ ႐ြာနီးခ်ဳပ္စပ္သို႔သြားကာ ႏိုင္ငံေရးအေျခအေနဘယ္သို႔ရွိသည္ဆိုတာကို စနည္းနာရသည္ ။ စစ္ဟာအေတာ္ေၾကာက္မက္ဖြယ္ေကာင္းသည္ ။ ခ်စ္သူခင္သူမ်ားႏွင့္ ကြဲကြာၾကရသည္ ။ ‌ေမရီလည္း အဘယ္သို႔ရွိမည္ သက္ေဝ မသိ ။ ဆက္သြယ္ေရးေတြျပတ္ေတာက္ေနသျဖင့္ သတင္းအစအနပင္ သက္ေဝမၾကားရေပ ။ ေမရီ႕ကိုသတိရတိုင္း သက္ေဝ ေမတၱာသာပို႔ေနမိသည္ ။

" ဘယ္ေတာ့မ်ားမွ ႐ုပ္ရွင္ေတြျပန္႐ိုက္ရမလဲ မသိပါဘူး ။ လူေတြလည္း အိုးပ်က္ အိမ္ပ်က္ စီးပြားပ်က္နဲ႔ ။ တစ္ခ်ိဳ႕ဆို ေရွ႕တန္းထြက္ၿပီး ေဟာ မၾကာဘူး က်သြားသတဲ့ ။ ေဖေဖ့ကိုလည္း စိတ္ပူလိုက္တာ ကိုကိုႀကီးရယ္ "

သက္ေဝ ညည္းသမွ်ကို အစ္ကိုႀကီးျဖစ္သူ ထြန္းေမာင္က ဒိုင္ခံနားေထာင္ေပးသည္ ။ သက္ေဝႏွင့္ ထြန္းေမာင္သည္ ၅ ႏွစ္နီးပါးကြာသည္ ။ အစ္ကိုေလး တင့္ေဆြႏွင့္ေတာ့ ၂ ႏွစ္ေလာက္သာကြာသည္ ။ အငယ္ဆုံးေလး ေထြးကေတာ့ သက္ေဝေအာက္ ၄ ႏွစ္ငယ္သည္ ။ ယခုဆိုလွ်င္ သက္ေဝသည္ပင္ အသက္ ၂၆ ႏွစ္ထဲမွာ ။

" ဟုတ္ပါ့ ညီမေလးရာ ေဖေဖျပန္မလာတာ ၾကာၿပီေနာ္ ။ ၾကားထဲတစ္ခါျပန္လာၿပီးကတည္းက ထပ္မလာတာ "

" ေဝ ေတာ့စိတ္ပူတယ္ ကိုကိုႀကီးရယ္ ဖြ မေျပာေကာင္းေျပာေကာင္း‌ ေဖေဖသာတစ္ခုခုျဖစ္သြားခဲ့ရင္ ေဝေဝာာ့ရင္က်ိဳးမွာပဲ "

" မျဖစ္ပါဘူးဟာ "

သက္ေဝႏွင့္ ကိုကိုႀကီးတို႔ထိုင္ေနေသာ အပင္ရိပ္သို႔ အမ်ိဳးသမီးတစ္ေယာက္ ေရာက္လာသည္ ။ မယဥ္ေအး .. ။ မယဥ္ေအးက သက္ေဝ့ထက္ ၃ ႏွစ္ေလာက္ႀကီးသည္ ။ ယခု သက္ေဝတို႔စစ္ေရွာင္ေနရေသာ ႐ြာကေလးမွ ႐ြာခံလည္းျဖစ္သည္ ။ ထို႔အျပင္ ကိုကိုႀကီးကို သေဘာက်ေနသည့္ အမ်ိဳးသမီးလည္းျဖစ္ေလသည္ ။

" ဪ မမေအး ဘယ္ကလွည့္လာသလဲ "

ကိုကိုႀကီးဆီ တည့္တည့္လာတာသိေပမယ့္ သက္ေဝ တမင္ေမးလိုက္ျခင္းျဖစ္သည္ ။ မယဥ္ေအးသည္ ႐ြာထဲတြင္ အၾကည့္ခံစားရင္းဝင္သည့္ အပ်ိဳတစ္ဦးျဖစ္သည္ ။ အေတာ္ေခ်ာသည္ဟုမဆိုႏိုင္ေသာ္လည္း သူ႔ဟာႏွင့္သူေတာ့ၾကည့္ေကာင္းသည့္ အမ်ိဳးသမီးပင္ ။

" ဒီကိုပဲလာတာ ေဝ ။ မမေအး ဒါေလးေတြလာေပးတာ "

" အားနာစရာျဖစ္ကုန္ပါၿပီ မမေအးရယ္ "

မမေအးက ၿခံထြက္ အသီးအ႐ြက္မ်ားကို သက္ေဝလက္ထဲကမ္းေပးသည္ ။ ကိုကိုႀကီး မ်က္ႏွာေၾကာင့္လည္း ပါေပမယ့္ မမေအးက နဂိုစိတ္ရင္းကကို သေဘာေကာင္းသူျဖစ္သည္ ။ အကယ္၍ ကိုကိုႀကီး မမေအးကို ယူမည္ဆိုလွ်င္ သက္ေဝကေတာ့ ဝမ္းပန္းတသာႏွင့္ လက္ခံမည္ပင္ ။

" အားမနာရပါဘူး ေဝရယ္ မမေအးတို႔အိမ္က လူမ်ားမ်ားရွိတာမွမဟုတ္ဘဲ ။ စားေလာက္တာထက္ပိုေတာ့ မွ်ေဝရတာေပါ့ "

" ဒါျဖင့္ ေက်းဇူးပါပဲ မမေအးရယ္ ။ ထိုင္ဦးေလ ေဝ ဒါေတြသြားသိမ္းလိုက္ဦးမယ္ "

မမေအးလက္ထဲမွ အသီးအ႐ြက္မ်ားကိုယူ၍ သက္ေဝ အိမ္ထဲသို႔ဝင္လာခဲ့သည္ ။ ေထြးေထြးက ဖတ္လက္စ စာအုပ္ကိုလက္ကခ်၍ သက္ေဝကို လွမ္းၾကည့္သည္ ။

" ဟယ္ အသီးအ႐ြက္ေတြ အမ်ားႀကီးပါ့ေရာ ဘာလဲ မမေဝနဲ႔ ကိုကိုႀကီးသြားခူးလာၾကတာလား "

" မဟုတ္ပါဘူးေအ တို႔ ေယာင္းမေလာင္းေလးက လာေပးတာပါ "

ေထြး မ်က္ႏွာၿပဳံးစိစိျဖစ္သြားသည္ ။ ေထြးလည္း ဒီအထာေတြကိုရိပ္မိတာေပါ့ ။ ေထြး‌လည္ ကေလးမွမဟုတ္ေတာ့ဘဲ ၂၂ ႏွစ္ဆိုတာ အတန္အသင့္ အပ်ိဳအ႐ြယ္ျဖစ္ေနၿပီမဟုတ္လား ။

" ဪ မမယဥ္ေအးမဟုတ္လား "

" ဟုတ္ပါ့ ဟုတ္ပါ့ အျပင္မွာ ကိုကိုႀကီးနဲ႔ထားခဲ့တယ္ "

သက္ေဝ မီးဖိုးထဲဝင္လာေတာ့ ေထြးကပါ ေနာက္ကလိုက္ဝင္လာသည္ ။ ေထြးကိုၾကည့္ရတာ ေဝ့ကို တစ္ခုခုေမးခ်င္ေနသလို မ်က္ႏွာထားက ၿပီတီတီျဖစ္ေနသည္ ။

" ဘာတုန္း မေထြးေထြး ဘာေတြမ်ားေျပာခ်င္လို႔ စာဖတ္ေနတာေတာင္ ခ်ထားၿပီး မီးဖိုထဲအထိ လိုက္လာတာတုန္း "

" မမေဝေရာ "

" အရင္းမရွိ အဖ်ားမရွိနဲ႔ ဒီ မိန္းကေလးကေတာ့ ဘာတုန္း ငါက "

" မမေဝမွာေရာ အဲသလို ခ်စ္ရႀကိဳက္ရမယ့္သူမရွိဘူးလားလို႔ေမးတာ "

" အို ေပါက္ေပါက္ရွာရွာ မရွိေပါင္ေတာ္ "

" မမလည္း ငယ္ေတာ့တာမွမဟုတ္တာ ၂၆ ႏွစ္ေတာင္ရွိေနၿပီ အိမ္ေထာင္ျပဳဖို႔စိတ္ကူးမရွိဘူးလား "

" တယ္ ဒီကေလးမ ဘာေတြလာေမးေနတာတုန္း မရွိပါဘူး ကိုယ့္ဟာနဲ႔ကိုယ္ မအားရတဲ့ထဲ အဲဒါေတြ မစဥ္းစားအားပါဘူး "

တကယ္ေတာ့ ေထြးေျပာတာမွန္သည္ ။ သက္ေဝ အသက္ မငယ္ေတာ့ ။ သို႔ေသာ္လည္း ယခုထိ သက္ေဝ သေဘာက်ပါသည္ဆိုသည့္ ေယာက်ၤားေလးတစ္ဦးမွမရွိခဲ့ေပ ။ ေက်ာင္းမွာလည္း ခပ္တည္တည္ ခပ္မွန္မွန္သာေနခဲ့သျဖင့္ သက္ေဝကို သေဘာက်ပါသည္ဟူေသာ ေကာင္ေလးမ်ားကပင္ သက္ေဝကိုရွိန္ၾကသည္ ။ ယခုလည္း ႐ုပ္ရွင္မင္းသမီးဆိုတာေရာ သက္ေဝအေနအထိုင္မွန္တာေရာ ကိုကိုတို႔ကို ေၾကာက္ရတာေရာေၾကာင့္ သက္ေဝအနားထိ ခ်ဥ္းကပ္ရဲသူ တစ္ေယာက္မွမရွိခဲ့ေပ ။

" အပ်ိဳႀကီးလုပ္မွာလား မမက "

" ကဲ မေထြးေထြး ဒီေလာက္မွအားေနရင္ ငါ့ကို အ႐ြက္သင္တာ လာကူလွည့္ "

"‌ ေထြးစာဖတ္လက္စေလးရွိေသးလို႔ သြားၿပီေနာ္ "

အလုပ္ခိုင္းခါမွပဲ အနားက ထြက္ေျပးသြားတဲ့ ညီမျဖစ္သူကို သက္ေဝ မဆူရက္သည့္အျပင္ ရယ္႐ုံသာရယ္ေနႏိုင္ေတာ့သည္ ။ ေထြးဟာ အိမ္တြင္အငယ္ဆုံးျဖစ္သည့္အေလ်ာက္ ကေလးဆန္ဆန္ ဆိုးႏြဲ႕တတ္ေပမယ့္ တစ္ခါတေလေတာ့လည္း လူႀကီးဆန္တတ္သည္ ။ ေထြးကိုျမင္တိုင္းလည္း ေထြးႏွင့္သိပ္မကြာေသာ ကေလးမေလးကို သက္ေဝ စိတ္ထဲမွ သတိရေနမိပါသည္ ။

" တပည့္ေတာ္မ ပို႔သေသာ ေမတၱာေၾကာင့္ ေမရီတို႔မိသားစုလည္း ေဘးအႏၲရာယ္ကင္းရွင္းၾကပါေစ အရွင္ဘုရား "

ယခုလို စစ္မီးၿငိမ္းသည့္ ကာလေလးအတြင္း ေမရီတို႔ စိတ္ခ်မ္းသာရသည္ ။ မဟုတ္လွ်င္ ဘယ္အခ်ိန္ ေျပးၾကရမလဲ ဘယ္အခ်ိန္မ်ား အေပၚကေန ဗုံးေတြက်လာမလဲဆိုတာကို ေတြးပူေနရသျဖင့္ ညဘက္မ်ားပင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္ႏိုင္ေပ ။

ေမရီလည္း အသက္ ၂၁ အတြင္းသို႔ဝင္လာသျဖင့္ အရင္ကထက္စာလွ်င္ ပို၍ ဖြံ႕ဖြံ႕ထြားထြားရွိလာသည္ ။ ဆံပင္ကိုေတာ့ ကရိကထမ်ား၍ ေက်ာလယ္ေလာက္ေရာက္လွ်င္ ကတ္ေၾကးႏွင့္ ညႇပ္ခ်ပစ္တတ္သည္ ။ အရပ္ကေတာ့ အရင္ကထက္စာလွ်င္ ၃ လက္မေလာက္ပိုရွည္လာသည္ထင္သည္ ။ ကိုယ္လုံးကိုယ္ေပါက္ ေျပေျပျပစ္ျပစ္ရွိၿပီး အသားျဖဴျဖဴႏွင့္ ခ်စ္စရာ ရွမ္းဗမာမကေလး ေမရီ႕ကို မ်က္စိက်ေသာ ကာလ‌သားေတြလည္းမနည္း ။ သို႔ေသာ္ ေမရီကေတာ့ ထိုကိစၥ၌အာ႐ုံမရွိေပ ။

အားလပ္ခ်ိန္မ်ားတြင္ သီခ်င္းအဆိုက်င့္ျခင္းျဖင့္သာ စိတ္ကိုေပ်ာ္ေမြ႕ေအာင္ ေနေနရသည္ ။

" သမီး ေမရီ "

" ရွင္ ေဖေဖ "

" ဒီမွာကြယ္ မသန္းႂကြယ္က သမီးအပ္ထားတဲ့ အထည္ေတြ လမ္းႀကဳံေပးလိုက္တယ္ ၃ ထည္ ဟုတ္စ "

" ဟုတ္တယ္ ေဖေဖ "

စစ္ႀကီးအတြင္းတြင္ ႏိုင္ငံျခားမွ အဝတ္အထည္မ်ား ျမန္မာႏိုင္ငံတြင္းသို႔ဝင္ေရာက္မႈမရွိေတာ့သျဖင့္
အဝတ္ေဈးမွာ ေခါင္ခိုက္သြားေတာ့သည္ ။ စစ္ကာလအနည္းငယ္ၾကာရွည္ေနသျဖင့္ မရွိဆင္းရဲသူမ်ားအဖို႔ အဝတ္အစားကလည္း ျပႆနာျဖစ္ေလေတာ့သည္ ။ အခ်ိဳ႕ဆို ေစာင္မ်ား ျခင္ေထာင္မ်ားကို ျဖတ္၍ အထည္ခ်ဳပ္ဝတ္ရသည္အထိပင္ ။

ေမရီတို႔ေနသည့္ ႐ြာတြင္ေတာ့ ယခင္ကတည္းကပင္ အျခားအထည္မ်ား မရွိသည့္အေလ်ာက္ လက္ျဖင့္ငင္သည့္ ျမန္မာခ်ည္ႏွင့္ ရက္ထားသည့္ အထည္မ်ားကိုသာ ဝတ္ဆင္ၾကသည္ ။ ထိုလက္ရက္ထည္မ်ားေတာင္ ရက္လုပ္သူကနည္းနည္း ဝတ္ဆင္သူကမ်ားမ်ားျဖစ္ေသာေၾကာင့္ ခ်ည္ေခ်ာထြက္ေအာင္အထိ မတတ္ႏိုင္ေအာင္ပဲရွိရသည္ ။

ခ်ည္လုံးတုတ္တုတ္ႏွင့္ ခပ္က်ဲက်ဲရက္ထားသည့္ အျမန္‌ရက္အထည္ကို ႏိုင္ငံျခားမွ ဆိုးေဆးေကာင္းေကာင္းမရမႈေၾကာင့္ ေဆးမခိုင္သည့္အေရာင္မ်ားျဖင့္ အကြက္ေဖာ္ကာ ဝတ္ဆင္ၾကရသည္ ။ ေမရီေသာ္မွ ေငြေၾကးအနည္းငယ္တတ္ႏိုင္သျဖင့္ ေစာင္ ျခင္ေထာင္ကို အက်ႌလုပ္ မဝတ္ရျခင္းျဖစ္သည္ ။ ဒါေတြအတြက္လည္း ေဖေဖ့ကို ေမရီ ေက်းဇူးတင္၍မဆုံးေပ ။

" မမေဝကို သတိရလိုက္တာ ေဖေဖရယ္ ရန္ကုန္ကျပန္သြားကတည္းက အဆက္အသြယ္ျပတ္သြားလိုက္တာ ‌ေတာ္ေတာ္ေတာင္ၾကာၿပီေနာ္ စစ္ႀကီးစျဖစ္တာ ၁၉၄၂ ေလာက္က မွတ္တာပဲ ခုဆို ၁၉၄၆ ထဲေတာင္ေရာက္လာၿပီေနာ္ အခ်ိန္ေတြအကုန္ျမန္လိုက္တာ ၅ ႏွစ္ေတာင္ရွိသြားၿပီ "

" ဟုတ္ပါ့ ။ သူတို႔လည္း မန္းေလးၿမိဳ႕ေပၚေတာ့ ရွိမွာမဟုတ္ဘူး ။ ႐ြာေတြဘက္ ေရွာင္ေနေလာက္မွာေပါ့ "

" ဪ ဒါနဲ႔ေလ ေမရီငယ္ငယ္က မမေဝနဲ႔ေတြ႕ဖူးတယ္တဲ့ သိလား ေဖေဖ ။ မမေဝက ျပန္ေျပာျပတာ "

" ေဟ ဟုတ္လား "

" ေဖေဖရယ္ ေမေမရယ္ ေမရီရယ္ မန္းေလးလာၾကတုန္းက ဘုရားႀကီးမွာ လူကြဲသြားတာတဲ့ ။ ေမရီတစ္ေယာက္တည္းျဖစ္ေနလို႔ မမေဝက ရပ္ၿပီးစကားေျပာေပးေနတာတဲ့ "

ေဖေဖက ေခတၱမွ်စဥ္းစားဟန္ျပဳၿပီးမွ မွတ္မိသြားသည့္ပုံပင္ ။

" ဪ အဲဒီကေလးမေလးလား ။ အင္း ေရစက္ေတြလည္း အဆန္းသားပဲေနာ္ "

" ဟုတ္ပါ့ ေမရီျဖင့္ၾကားၾကားခ်င္း အံ့ဩသြားတာပါဆို "

ေဖေဖက မတ္တပ္ရပ္ေနရာမွ ေမရီထိုင္ေနရာ တန္းလ်ားတြင္ဝင္ထိုင္ၿပီး ေရေႏြးအိုးထဲမွ အၾကမ္းရည္မ်ားကို ငွဲ႔ကာ ေသာက္သည္ ။ ေဖေဖ့မ်က္ႏွာသည္ပင္ ေလာကဓံ၏အထုအေထာင္းးမ်ားေၾကာင့္ အတန္ငယ္ အိုမင္းရင့္ေရာ္လ်က္ရွိသည္ ။ ရွမ္းတိုင္းရင္းသားဘဝကေန ယခုဆိုလွ်င္ အညာေက်းလက္အမ်ိဳးသားႀကီးတစ္ဦးသြင္ျပင္ျဖစ္ေနရွာသည္ ။

" ေဖေဖေတာ့ ရွမ္းျပည္ကို သိပ္ေအာက္ေမ့တာပဲ ‌သမီးရယ္ "

ေမြးရပ္ဇာတိကို စြန႔္ခြာၿပီးေနေနရတာမို႔ ရွမ္းျပည္ကို လြမ္းသည့္ေဖေဖ့အား ေမရီအျပစ္မဆိုသာ ။

" ‌စစ္ႀကီးၿပီးေစခ်င္ပါၿပီ ေဖေဖရယ္ ။ ေမရီတို႔အရင္လို လြတ္လြတ္လပ္လပ္နဲ႔ သီခ်င္းကေလးေတြဆိုရင္းတီးရင္း ေနရတဲ့ဘဝကို ျပန္လြမ္းလွၿပီ "

" ဒါျဖင့္ ေဖေဖ့ကို သီခ်င္းဆိုျပပါ့လား သမီး ။ ေဆာင္းရာသီေတာင္ကုန္ေတာ့မယ္ ေဆာင္းနဲ႔ပက္သက္တာေလးဆိုျပပါဦး ။ သမီးေမေမလိုေပါ့ ေဆာင္းရာသီၿပီးမွ ေဆာင္းဘြဲ႕ဆိုျပသလိုေလ "

ေမရီေရာ ေဖေဖပါ ရယ္လိုက္မိၾကသည္ ။ ေမေမ့ကို အစဥ္သတိရေပမယ့္ ေမရီတို႔ဟာ အမွတ္တရေတြကို မ်က္ရည္မပါဘဲ ျပန္ေျပာင္းေျပာႏိုင္သည္အထိ အေျခအေနတစ္ခုသို႔ေရာက္လာခဲ့ၾကၿပီ ။

" ခုမွ ေဖေဖာ္ဝါရီလပဲ ရွိေသးတယ္ဆိုေတာ့ မႏၲေလးဦးဘသိန္းေရးတဲ့ မိန္ရာသီ သီခ်င္းဆိုျပမယ္ "

" ခိုင္ေ႐ႊညႇာင္း ... ႏွင္းကြၽင္းဖြဲ႕တဲ့ ... မိန္ရာသီ
ေလေသြးရာသီ .. ေ႐ႊဖီငုံကင္းင္ၾကင္းေတြက ..
နီးသႏၲာည္ .. ေတာလုံး .. ျဖာေခ်ၿပီ
(ေငြည္ .. ႏွင္းေငြည္ ... ေထြည္ .. ဆင္းေထြည္ ... ေလျည္ .. ညႇင္းေလျည္)၂
ညႇင္းေလျည္က ေျမာက္ေတာင္ေႏွာ ..
႐ြက္ဝါေျမခလို႔ .. သက္ေႂကြေလ်ာခဲ့ပီ
သိဂႌေတာလုံးထိန္ေခ်ၿပီ ...
(ဝတႎဘုံန္း .. တိမ္စုံေတြ .. လွ်မ္းင္ခဲ့ပီ
လြမ္းေရး .. ဖြဲ႕ညီ .. ၾကင္ေဖာ္ေမွ်ာ္ည္)၂
သူနဲ႔သာတူညီ ...ဖူးလိုက္ခ်င္ငဲ့
ဦးခိုက္ခ်င္ပါရဲ႕လို႔ ... သဲပုံေတီ
႐ႊလေရာင္ျည္ ... ဘရဂုဏၰီႏွင့္
ယွဥ္မီထြန္းကာ ... ယြန္းရွာေခ်ၿပီ .. မိန္ရာသီ "

ေမရီ႕၏ သာယာနာေပ်ာ္ဖြယ္ သီခ်င္းသံက တိတ္ဆိတ္ၿငိမ္သက္ေနေသာ ႐ြာကေလး၏ ေလထုထဲသို႔ ညက္ညက္ေညာေညာ ပ်ံ႕လြင့္သြားသည္ ။ လုပ္ငန္းေဆာင္တာမ်ားအၿပီး ညေနေစာင္းတြင္ ဤကဲ့သို႔ ခ်ိဳသာေသာသီခ်င္းသံကို နားေထာင္ရသည္မွာ အဘယ္မွ်ေကာင္းေၾကာင္း စကားနဲ႔ပင္ေဖာ္ျပ၍မရေပ ။

ဤ႐ြာကေလးတြင္ ေမရီသည္ အလွအပေၾကာင့္လည္းေကာင္း ၊ သီခ်င္းဆိုေကာင္း၍လည္းေကာင္း ၊ ေပါင္းသင္းဆက္ဆံေရးေၾကာင့္လည္းေကာင္း လူခ်စ္လူခင္ေပါမ်ားၾကသည္ ။ အခ်ိဳ႕ကေတာ့ ေမရီ႕ကို မလိုတမာရွိၾကသည္ ။ ေမရီကေတာ့ ဒါေတြကို မမႈပါေပ ။

" ကိုယ့္သမီးမို႔ ကိုယ္ေျပာတာမဟုတ္ဘူး တကယ္ေတာ္တာပဲ ။ ဦးညီပုေျပာတဲ့ သမီးေမေမထက္ ေတာ္မယ့္ကေလးဆိုတာ အမွန္ပဲ ။ ေဖေဖေတာ့ ဒီဘဝမွာ သမီးေမေမရယ္ သမီးရယ္နဲ႔ဆုံရတာ တကယ္ကို ကံေကာင္းတာပဲလို႔ အၿမဲေတြးတယ္ "

" သမီးကလည္း ေဖေဖတို႔ရဲ႕သမီးျဖစ္လာရတဲ့အတြက္ ကံေကာင္းတာပါပဲ ။ ထပ္ၿပီးဘာမွေတာင္ မလိုခ်င္ေတာ့ေလာက္ေအာင္ပဲ ။ အၿမဲ ေမရီ႕ဝါသနာကိုအားေပးၿပီး ယုံၾကည္ေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္ ေဖေဖ "

" ရပါတယ္ သမီးရယ္ ေဖေဖကေတာ့ ‌သမီးဝါသနာပါတာေတြလုပ္ေနၿပီး ေပ်ာ္ေနသေ႐ြ႕ ဘာမဆို ပံ့ပိုးေပးဖို႔ျပင္ထားၿပီးသား "

" ဟုတ္ကဲ့ပါ ေဖေဖ ေမရီ ႀကိဳးစားပါ့မယ္ "

တျဖည္းျဖည္းေမွာင္လာေသာ အညာေဆာင္း၏ရႈခင္းကိုတစ္ခ်က္ေငးရင္း စိတ္ညစ္စရာမ်ားကို ေျဖေဖ်ာက္ေနမိေတာ့သည္ ။

၈.၁၁.၂၂
8:34 PM

Lanjutkan Membaca

Kamu Akan Menyukai Ini

1.7M 69.4K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
2.4M 375K 159
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All...
251K 26.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...