UNICODE
"ဟိုတယ် ပြောင်းရအောင်"
အခန်းထဲ ရောက်တာနဲ့ ကိုကို ပြောတဲ့စကား။
"မဟုတ်တာ ကိုကိုရယ်၊ မင်္ဂလာပွဲက ပြီးသေးတာမှ မဟုတ်တာပဲ"
"ဘာဖြစ်တယ်၊ အဲ့ဒီ မင်္ဂလာပွဲ ခင်ဗျားကို ထပ်တက်ခိုင်းလိမ့်မယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမို့လား"
"ကိုကို့ သူငယ်ချင်း အရင်းကြီး မဟုတ်လား၊ ရရကြောင့် မျက်နှာပျက်ရမှာ စိုးလို့ပါ"
"မျက်နှာ ပျက်ရုံတင် မကဘူး၊ အခင်မင် ပျက်ရလို့ ထပ်မပတ်သက်ကြလဲ ကိုယ့်အတွက် ဘာမှ မဖြစ်ဘူး၊ ဒီမှာ ကိုယ့်ကို ကြည့်စမ်းပါ"
"ဗျာ"
အနားကို လျှောက်လာတဲ့ ကိုကိုက ရရ မျက်နှာကို ဆတ်ခနဲ ပင့်တင်ယူလိုက်ပြီး...
"အရာအားလုံးထက် မင်းက ပိုအရေးကြီးတယ်၊ မင်း မျက်နှာက လွဲရင် ကိုယ် ဘယ်သူ့မှ ကြည့်မှာ မဟုတ်ဘူး"
"ကိုကို"
"ဒါကို ချာတိတ် သိရင် ကောင်းမှာ"
ရင်အစုံ ငြိမ့်ငြိမ့်လေး လှိုက်ခါနေတာ တားလို့မရ။ ရရကို ငေးကြည့်တဲ့ အချိန်၊ ရရကို စိတ်ပူတဲ့ အချိန်၊ ရရကို ဆူပူတဲ့ အချိန်တွေမှာ ကိုကိုဟာ ချစ်စရာအကောင်းဆုံးပါ။
"ကိုကို့ကို ချစ်တယ်"
"အင်း... ဒါဆို ဟိုတယ် ပြောင်းရအောင်"
နေ့လယ်စာတောင် မစားနိုင်ကြဘဲ နှစ်ယောက်သား ဟိုတယ် ရွေ့ဖြစ်ခဲ့ကြပြီး ဒီတစ်ခါ တည်းဖြစ်တဲ့ ဟိုတယ်က မြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။
နေဝင်ချိန်တွေ သိပ်လှပြီး မြစ်ပြင်ကျယ်ကိုပါ နောက်ခံပြုထားတာမို့ ခရီးသွားတွေ အထူးနှစ်သက်ကြပြီး ချင်းမိုင်မှာ နာမည်အကြီးဆုံး ဖြစ်တဲ့ Chiang Mai Gate Night Market နဲ့လဲ တော်တော်လေး နီးပါတယ်။
တကယ်သာ သူ့အလိုကျဆို ချာတိတ်လက်ကို ကောက်ဆွဲပြီး ချက်ချင်း ရန်ကုန် ပြန်ချသွားမှာ။ သို့ပေမဲ့ စိတ်ပျော်ရွှင်ရအောင် ခေါ်လာပြီးမှ စိတ်နှလုံး မသာမယာ ဖြစ်ရမယ်ဆို ဒီခရီးက သူတို့အတွက် အလဟဿ ဖြစ်သွားမှာ။
ဟိုတယ် အသစ်မှာ Check In မဝင်ခင် နေ့လယ်စာ အရင်စားဖြစ်ပေမဲ့ နှစ်ယောက်လုံး ဟုတ်တိပတ်တိ မစားနိုင်။ မျက်နှာလေး နွမ်းနေပေမဲ့ သူ ငေးကြည့်နေတာ မြင်တိုင်း သွားတက်ကလေး ပေါ်အောင် ပြုံးပြုံးပြတယ်။ ဒီကလေးလေးက သူ စိတ်ရှုပ်မှာ စိုးရွံ့နေသလို။
"ကိုကို နားလိုက်အုံးနော်"
"ခင်ဗျားက မနားဘူးလား"
"ရရက အထုတ်တွေ နေရာချလိုက်အုံးမယ်"
လှမ်းကြည့်လိုက်တော့ ခရီးဆောင်အိတ်တွေကို အခန်းထောင့် ကပ်နေပြီး တစ်ကိုယ်ရေသုံး ပစ္စည်းတွေ၊ သူ့အတွက် ရေလဲခံ၊ ရေချိုးပြီးရင် သူဝတ်ဖို့ အဝတ်၊ စသဖြင့် တစ်ခုချင်း မညည်းမညူ လုပ်နေတာမို့ ကုတင်ပေါ်ကနေ ဝမ်းလျားမှောက် မေးထောက်ပြီး စိန်ပြေနပြေ ကြည့်နေမိတယ်။
"ကိုကို ရေချိုးပြီးရင် Sport Shirt နဲ့ Sweat Pant လေးပဲ ဝတ်လိုက်နော်"
သူ့ဖြေသံ မကြားလို့ ထင်ရဲ့၊ မော့ကြည့်လိုက်ပြီးမှ သူ ငေးနေတာ မြင်သွားပြီး မျက်နှာလေး ချက်ချင်း ရဲလာရုံမက လက်ကလေး နှစ်ဖက်ကို ပွတ်ချေနေတယ်။ ဒီကလေးလေးက အခုထက်ထိ သူ့ ကြည့်ငေးခြင်းတွေကို ရှက်နေသေးတာလား။
"မပင်ပန်းသေးဘူးလား"
"ဗျာ"
"ဟိုတယ် ပြောင်းတာ သုံးခါ ရှိနေပြီ၊ အဲ့ပစ္စည်းတွေ ထုတ်လိုက်၊ ထည့်လိုက်၊ ပြန်ထုတ်လိုက်နဲ့ ခဏခဏ လုပ်နေရတာ၊ မပင်ပန်းဘူးလားလို့"
သူ့အပြောမှာ ပါးမို့ကလေး တက်သွားအောင် ရယ်ပြရင်း မတ်တပ် ထရပ်တယ်။
"မပင်ပန်းပါဘူးနော်၊ ကိုကိုနဲ့ပဲဟာကို"
ပြောရင်း ရေချိုးခန်းထဲ ဝင်မလို ဟန်ပြင်နေတာမို့...
"ချာတိတ်"
"ဗျာ ကိုကို"
"ဒီလာခဲ့"
"ခဏလေးနော်၊ မျက်နှာသစ် ဆေးဗူးလေး သွားထားမလို့"
"နောက်မှထား"
"ဗျာ
"ရင်ခွင်ထဲကို လာခဲ့"
ပက်လက်ကနေ လက်နှစ်ဖက်ကို ဘေးဆန့်တန်းလျက် ရင်ခွင်ဖွင့်ပေးထားတော့ လက်ကလေး နှစ်ဖက်ကို ဖိပွတ်နေရင်း သူ့အနားကို စောင်းကန်းစောင်းကန်း လျှောက်လာတယ်။ သူ သိပါတယ်။ သူ့ချာတိတ်လေး သိပ်ရှက်နေပြီ ဆိုတာ ပါးပြင်လေးက သက်သေမဟုတ်လား။
အကဲခတ်ရသလောက် ဒီကလေးလေးက သူ့ဘာသူသာ လူကို ချွဲချင် ချွဲမယ်။ ကလေးလိုလို ခွေးလိုလိုလေးနဲ့ လူကို လာဖက်နမ်းချင် နမ်းမယ်။ သူ့ရင်ခွင်ထဲ တိုးချင် ဝင်တိုးနေလိမ့်မယ် ဆိုပေမဲ့ အခုလို သူ့ဘက်က အတည်ကြီး ပြောလိုက်တဲ့ အခါမျိုးတွေဆို မျက်နှာလေးက နှင်းဆီသွေးကြွပြီး လွန်စွာ ရှက်တတ်တာလဲ သူ အသိ။
ရင်ခွင်ထဲ လာဆိုတာကို ရင်ခွင်ထဲ မလာဘဲ သူ့ဘေးမှာ ကပ်လှဲလိုက်တာမို့ ခါးလေးကနေ သိမ်းပွေ့ပြီး သူ့ရင်ဘတ်ပေါ် ကောက်တင်လိုက်တော့ မျက်လုံးလေး ပြူးလာတယ်။
"လွှတ်ပါ ကိုကိုရယ်၊ ကိုကို့ ရင်ဘတ် နာသွားလိမ့်မယ်"
"အရက်မူးတဲ့ ညက အဲ့လို ပြောပါတော့လား"
"ဟင်"
"ဟင်... မလုပ်နဲ့ သိရဲ့လား၊ အဲ့ညက ခင်ဗျား ကျွန်တော့် ရင်ဘတ်ပေါ် တက်အိပ်ရုံတင် မကဘူး၊ လူကို ခေါင်းကနေ ခြေအဆုံး တက်လိုက် ဆင်းလိုက် ၅ ကြိမ်တောင် လုပ်ခဲ့သေးတာ၊ ဘာတဲ့၊ ပြောသေးတယ်၊ ပုန်းညက်ပင်က ဆိုးလိုက်တာတဲ့လား"
ပြောရင်း သူ ရယ်ချလိုက်တော့ အတူ လိုက်ရယ်နေပေမဲ့ ရှက်တဲ့အလား မျက်နှာလေးကို အောက်ငိုက်ချလိုက်ပြီး သူ့ရင်ခွင်မှာ ခေါင်းစိုက်ထားတယ်။
"ရရက တောင်းပန်တယ်နော်"
"ဒါဆို ရင်ခွင်ထဲ လာဖို့ ခေါ်ရင် မငြင်းနဲ့"
"ဗျာ"
"ခင်ဗျားကြောင့် အကျင့်ပါသွားပြီ၊ မရတော့ဘူး"
ရယ်သံချိုလေး ကြားလိုက်ရပြီး ငုတ်လျိုးနေတဲ့ ခေါင်းလေးက ပြန်မော့လာရုံမက သူ့ရင်ဘတ်ပေါ်မှာ ဝမ်းလျားမှောက်လျက် မေးဖျားကို လက်တစ်ဖက်နဲ့ ထောက်ထားပုံက သက်သောင့်သက်သာ။
"ရရက ပိုပျော်တာပေါ့ ကိုကိုရယ်၊ ကိုကိုနဲ့ အသားချင်း ထိနေရရင်ကို ရရ ပျော်တာ သိလား"
သူ့ရင်ခွင်ထက်မှာ ရယ်နေပုံလေးကို မြင်တော့ ငယ်ငယ်တုန်းက ညီမလေးကို ချော့သိပ်ခဲ့ဖူးတဲ့ အချိန်လေးတွေတောင် ပြန်သတိရပါသေးတယ်။ သူ့ရင်ခွင်ပေါ် တက်မှောက်လိုက်တိုင်း ညီမလေး သေးသေးလေးက ချက်ချင်း အိပ်ပျော်သွားတတ်တာ မေ့လို့မရ။
အခုတော့ ညီမလေးနေရာမှာ လူသေးသေးလေးက အစားထိုး ရောက်ရှိလာပြီး သူ့နှလုံးသား ကွက်လက်ကို မေတ္တာနွေးနွေးတွေနဲ့ ဖြန်းပက်လို့ ချစ်ခြင်းမေတ္တာတို့နဲ့ ပြည့်နှက်စေခဲ့ပါတယ်။
"ကိုကို့ကို ဝန်ခံစရာ ရှိတယ်"
"အင်း"
ပြောနေသူနဲ့ နားထောင်သူက မျက်ဝန်းချင်း ဆုံစည်းနေရုံမက မျက်နှာချင်း အကွာအဝေးက လွန်စွာ နီးကပ်နေပြီး လက်ကလေး တစ်ဖက်က သူ့နဖူးက ဆံစတွေဆီ တို့ထိလာပြီး သူ့ပါးရိုးတွေထိ ညင်သာဖွဖွ ရောက်လာတယ်။
"တကယ်တော့ ဦးလေး အောင်မောင်းနဲ့ ကျောင်းမှာ ဆုံတာ မဟုတ်ဘူး သိလား"
"အင်း"
"ကိုကို စိတ်ဆိုးလားဟင်"
"စိတ်ဆိုးရမှာလား"
"ရရ မညာချင်တော့လို့ စိတ်ဆိုးရင်လဲ ခံပါ့မယ်နော်"
"ဟုတ်ပြီ၊ ဆက်ပြော"
"ကမ်းနားလမ်းက ကော်ဖီဆိုင်လေးမှာ မတော်တဆ ဆုံကြတာ"
"ကျောင်းပြေးတယ် ဆိုပါတော့"
သူ ပြောတော့ ဟီးခနဲ ရယ်ချလိုက်ပြီး သူ့ရင်ခွင်ကို ခေါင်းနဲ့ တစ်ချက် ခွေ့လိုက်သေးတယ်။
"အဲ့ဒီတစ်ရက်တည်းပါ ကိုကိုရယ်"
"နောက်ဆို ကျောင်းပြေးရင် ပြောမှာလား"
ခေါင်းလေး တဆတ်ဆတ် ညိတ်ပြပြီး သူ့မေးဖျားကို လှမ်းနမ်းလိုက်တာမို့ ရင်ထဲမှာ ပန်းတွေ ပွင့်ကုန်တယ်။ မျက်နှာလေးကို စိုက်ကြည့်မိချိန်တိုင်း နမ်းချင်စိတ်ကို ချွန်းအုပ်လို့ မရတာ ဘယ်လို ဓာတ်သဘောလဲ။
"နောက်ဆို ကိုကို မသိအောင် ဘာမှ မလုပ်တော့ဘူးနော်၊ ကျောင်းလဲ မပြေးချင်တော့ပါဘူး၊ အဲ့နေ့ကတောင် တအား နောင်တ ရနေတာပါ ကိုကိုရယ်"
"ဘာလို့လဲ"
"ရရက ကိုကို့ကို ချစ်လို့၊ ကိုကို စိတ်ပျက်သွားမှာ ကြောက်လို့"
သူ့ရင်ထဲ ကြည်နူးမှု လှိုင်းကလေးတွေက တလွန့်လွန့်။ ချစ်မိပြီ ဆိုကတည်းက အသားစိုင်လေးတွေကို ထိတွေ့ချင်တယ်။ လက်ကလေးတွေ၊ ပါးကလေးတွေ၊ နှုတ်ခမ်းလေးတွေကို ဖွဖွလေး နမ်းချင်တယ်။ အချိန်တိုင်း ပူပူးကပ်ကပ် ရှိချင်ပေမဲ့ ဒီသက်ရှိ နတ်ဖုရားလေးကို ဒီထက် ပိုကဲတဲ့ ရမ္မက်တွေနဲ့ သူ မချည်နှောင်ရက်။
ငေးကြည့်နေရရင် ပြည့်စုံနေပြီး သွာတက်ကလေး ပေါ်အောင် ပြုံးပြခြင်း ခံရတဲ့အခါ သူ့နေ့ရက်တွေမှာ ဗီတာမင် မလိုအပ်ဘဲ အင်အားတွေ ပြည့်နေသလိုပါ။ သူ့အတွက်ကတော့ မိုးဦးရနံ့ ဆိုတာ ပျော်ရွှင်ခြင်းမည်တဲ့ ဆေးလုံးကလေးနဲ့ ဆင်တူပါတယ်။
ချစ်တယ်လို့ တဖွဖွ ပြောတတ်ပေမဲ့ ချစ်လားလို့ ပြန်မမေးတတ်တဲ့ ကလေးလေးက ရောင့်ရဲနိုင်လွန်းတာလား။ ဒါမှမဟုတ် သူ စိတ်ကူးယဉ်ထားသလို အချစ်မျိုးနဲ့ ချစ်တာ မဟုတ်လို့များ သူ့ဆီက တုံ့ပြန်မှုကို မလိုအပ်တာလား။
ဘယ်သို့ဆိုဆို တစ်နေ့နေ့ တစ်ချိန်ချိန် ရောက်လာခဲ့ရင် နှစ်ကိုယ်တူ ချစ်အမျှနဲ့ ဒီမျက်နှာလှလှလေးကို ငေးစိုက်လို့ ချစ်တဲ့အကြောင်းတွေ ဝေဝေဆာဆာ ပြောခွင့်ရချင်ပါတယ်။
*ချာတိတ်လေး သိရဲ့လား။ ဒီကိုကိုက အများကြီး ချစ်နေတာ အများကြီး ကြာခဲ့ပြီလို့လေ။
^^
Chiang Mai Gate Night Market ကို ရောက်တော့ ည ၈ နာရီ။
Street Food စားချင်ပါတယ် ပူဆာသူလေးကြောင့် ဟိုတယ်ကနေ ညစာ စားမလာဖြစ်။ ထိုင်းမြောက်ပိုင်း အစားအစာက နဂိုတည်းက နာမည်ကြီးမို့ ဗမာပါးစပ်နဲ့ အလွန်ကိုက်ပြီး ဈေးလဲ မကြီး၊ စားလိုက်တိုင်းလဲ ခံတွင်းတွေ့မို့ ချာတိတ်လေးကတော့ ပြုံးပျော်နေတာပါပဲ။
ဟိုဟာလေးစပ်စပ် ဒီဟာလေးစပ်စပ် လိုက်စားနေပေမဲ့ တကယ်တမ်းကျ မိုးဦးရနံ့တို့ အားရပါးရ စားနိုင်တယ် ဆိုတာ ဘယ်ဟာမှ မရှိ။ အထာနပ်နေတဲ့ သူက ဘယ်ရောက်ရောက် တစ်ယောက်စာသာ မှာယူပြီး သခင်လေး စားလို့ မကုန်တာ အားလုံး သိမ်းကြုံးထည့်ရတဲ့ အမှိုက်တောင်းကြီး ဖြစ်မှန်း မသိ ဖြစ်လာတယ်။
ပထမတော့...
"ကိုကိုရယ် အကျန်တွေ မစားပါနဲ့၊ ရရ စိတ်မကောင်းဘူး"
လို့ မျက်နှာငယ်လေးနဲ့ တားတတ်ခဲ့ပေမဲ့ အခုများတော့...
"ရရ မစားနိုင်တော့ဘူး ကိုကိုရယ်၊ နှမြောစရာကြီးမို့ ကိုကို ဒါလေး စားပေးနော်"
ဆိုပြီး သူ့ပါးစပ်ထဲ ခပ်တည်တည် လာထည့်တတ်တဲ့ လူပေါက်စလေးပါပဲ။
ဈေးတန်း အရှည်ကြီးကို မမောနိုင် မပန်းနိုင် ပတ်နေတာမို့ အချိန်က အတော်လေး လင့်လာပြီ။ ချာတိတ်လေး ပင်ပန်းနေမလား ငဲ့ကြည့်လေတိုင်း မြောက်ကြွ မြောက်ကြွနဲ့ မြူးတူးနေပုံလေးကြောင့် သူ ပြုံးနေမိတာပါပဲ။ စားလို့ သောက်လို့ ဝတော့ သူ့လက်ဆွဲပြီး ဟိုပူဒီပူ ဇာတ်လမ်း စတယ်။
ညဈေးတစ်ခုလုံးမှာ ရိုးရာ အဝတ်အထည်တွေသာမက၊ လက်ဆောင်ပေးချင်စရာ ပစ္စည်းတွေနဲ့ ပြည့်နှက်နေပြီး ခြေအိတ်၊ လက်အိတ်က စလို့ တစ်ကိုယ်ရေသုံး ပစ္စည်းအားလုံးကို ဈေးသက်သက်သာသာနဲ့ ရောင်းချနေတာမို့ ချာတိတ်လေးက သဘောကျနေဟန်။
ထိုင်းရိုးရာ ရုပ်ပုံလေးတွေနဲ့ အလှဆင်ထားတဲ့ ခေါင်းစီးကွင်း၊ ရင်ထိုး၊ ကလစ်လေးတွေ စသဖြင့် ဘုစုခရုလေးတွေ စုပြုံရောင်းတဲ့ ဆိုင်ရှေ့မှာ ခြေစုံ ရပ်သွားပြီး...
"ကိုကို"
"အင်း"
"ကလစ် ဝယ်မယ်နော်"
"ခင်ဗျားက ပန်ရဲလို့လား"
"ကိုကိုကလဲ ရရ သူငယ်ချင်း အတွက်ပါနော်"
သူ့ကို ပြောနေရင်း ကလစ်လေး တစ်ခုကို လှ မလှ သိချင်ဟန်နဲ့ ဆံပင်ထိပ်လေးမှာ ထောက်ခနဲ ပန်လိုက်ပြီး မှန် ကြည့်နေပုံလေးကြောင့် အသည်းတယားယားနဲ့ ချာတိတ် မမြင်ခင် ဖုန်းထုတ်ပြီး အလျင်အမြန် ရိုက်ယူလိုက်မိတယ်။
"ကိုကို လှလားဟင်"
"အင်း... လှတယ် ချာတိတ်နဲ့"
"ကိုကိုကလဲ"
ဟီးခနဲ ရယ်ပြပြီး သူ့ဘေး ကပ်လာချိန်မှာ မိုးနှောင်းက ဗြဲခနဲ ရွာချလာတာမို့ ဈေးတန်းလေးက လှုပ်လှုပ်ရှားရှား။ မိုးမိရင် ဖျားသွားမှာ စိုးရိမ်စိတ်နဲ့ ကလစ်ဖိုး မြန်မြန်ရှင်းပြီး ခါးလေးကနေ သိမ်းပွေ့လျက် အနီးက ဆိုင်တစ်ဆိုင်ဆီ ပြေးဝင်လာမိတယ်။
နှစ်ယောက်လုံး ဗိုက်ပြည့်နေပြီ ဆိုပေမဲ့ ဆိုင်လေးထဲမှာ မိုးခိုသူတွေနဲ့ ချက်ချင်း ပြည့်လာတာမို့ တစ်ခုခု မမှာရင် လွန်စွာ အားနာဖို့ ကောင်းပါတယ်။
"ချာတိတ် ဘာစားချင်လဲ"
"ရရ အန်ထွက်တော့မယ်"
"ဘာမှဖြင့် ဟုတ်တိပက်တိ မစားသေးဘဲနဲ့"
"တကယ် မစားနိုင်တော့လို့ ကိုကိုရဲ့၊ ကိုကိုကော ဘာစားမလဲဟင်"
"အင်း... မိုးတိတ်အောင် စောင့်ရမှာ ဆိုတော့ ဘလက်ကော်ဖီ တစ်ခွက်တော့ သောက်လိုက်အုံးမယ်"
"ကိုကို သောက်ရင် ရရကို တိုက်ရမယ်"
"ကော်ဖီတော့ မရဘူး၊ ဒီမှာ လက်သီး မြင်လား"
ချစ်စနိုး ထောင်ပြလိုက်တဲ့ သူ့ လက်သီးကို ဖမ်းယူကိုင်ပြီး နမ်းပစ်လိုက်တာမို့ လူအများကြားမှာ ပူပူထူထူ ဖြစ်လာရတယ်။ တချို့လဲ မြင်ကြဟန်နဲ့ ချာတိတ်နဲ့ သူ့ကို ကြည့်ပြီး ပြုံးနေကြတယ်။ အသည်းတယားယားနဲ့ ဆံပင်တွေကို လှမ်းဖွလိုက်တော့ ကုပ်ကလေး ပုပြီး ရယ်ပြနေတယ်။
နှစ်ယောက်သား နှစ်လို့စွာ ရယ်နေရင်း တစ်ဖက်လမ်းက ဈေးဆိုင်တွေ ရှိရာ ပြိုင်တူ လှမ်းကြည့်မိချိန်မှာ နှစ်ယောက်လုံး အေးစက် တောင့်တင်းသွားကြတယ်။ ထိုပုဂ္ဂိုလ်က သူတို့ကို မြင်ဟန်မတူဘဲ ထီးကိုင်ပြီး သွားနေပုံက အလျင်စလို ဖြစ်နေသလို။
နေရာက ဝုန်းခနဲ ထလိုက်တော့ ချာတိတ်ကပါ လိုက်ထပြီး သူ့လက်တွေကို ဖမ်းကိုင်ရင်း ခေါင်းခါတယ်။ မသွားစေချင်လို့ တားနေမှန်း သိပေမဲ့ အိမ်စာ လုပ်ရမဲ့ အချိန်မှာ အိမ်စာ လုပ်ကို လုပ်ရမှ ကျေနပ်မဲ့ ကျောင်းသားတစ်ယောက်လို သူ့အာရုံက ခပ်သွက်သွက် သွားနေတဲ့ ပုဂ္ဂိုလ်ဆီမှာ။
"ကိုကို"
"ပြန်လာခဲ့မယ်"
"ဟင့်အင်း မသွားပါနဲ့နော်"
"ဒီကပဲ စောင့်"
"တောင်းပန်ပါတယ် ကိုကိုရယ်၊ မသွားပါနဲ့၊ ရရ တောင်းပန်ပါတယ်"
မျက်နှာငယ်လေးဆီက မျက်ရည်တွေ စီးကျလာတာ မြင်ပေမဲ့ ဒီအခွင့်အရေးက နှစ်ခါ မရနိုင်တာ သူ သိတယ်။ ကြင်နာစိတ်နဲ့ ခေါင်းလေးကို အလျင်စလို ပွတ်ပစ်ခဲ့ပြီး...
"ကိုကို ပြန်လာမှာပါ၊ ခဏပဲနော်"
"ဒါဆို ရရလဲ လိုက်မယ်"
"မိုးရွာနေတယ် နေခဲ့နော်၊ ပြန်လာခဲ့မယ်"
ပြောပြီး ပြေးထွက်သွားတဲ့ ကိုကို့ ကျောပြင်ကျယ်ကို ငေးရင်း ရရ တစ်ကိုယ်လုံး ထိုင်ခုံဆီ ပျော့ခွေကျသွားတယ်။
ဒါက ရရတို့ အဆုံးသတ်များလားလို့ တွေးမိတော့ မျက်ရည်တွေ တားမရ ဆီးမရ။ ဒီရက်တွေမှာ တည်ဆောက်ခဲ့သမျှ နှစ်ယောက်ကြားက မေတ္တာတွေက မမြနဲ့ တွေ့အပြီးမှာ ကိုကို့ဆီမှာ ကျန်ရှိနေပါအုံးမလား။
အဖြစ်မှန်တွေ သိသွားပြီးရင် မိဘတွေဆီ ကိုကို ပြန်အပ်မှာလား။ ရရကို သွားလိုရာ သွားပါတော့လို့ ကိုကို တွန်းထုတ်လိုက်မှာလား။
လက်ထပ်ခါစက ရရ ကိုယ်တိုင် ချရေးခဲ့ရတဲ့ စာချုပ်ကလေးကို သတိရတော့ နှလုံးသားက မီးပြင်းစနဲ့ အထိုးခံလိုက်ရသလို ပူပြင်းလောင်မြိုက်လာတယ်။
"ဆက်ထုံးတွေ ဖြည်ပြီးတာနဲ့ ငါတို့က သူစိမ်းတွေ ဖြစ်သွားကြမှာပဲ၊ ငါ မင်းကို ဘယ်တော့မှ ဆွဲမထားဘူး" တဲ့။
ကိုကို့နှုတ်က ပြောခဲ့ဖူးတဲ့ စကားတွေ။
ချင်းမိုင် မိုးက ရရ မျက်ရည်တွေကို မကျော်လွန်နိုင်သလို စားပွဲခုံလေးပေါ်မှာ မျက်ရည်တွေ လျှံကျလာတယ်။ တချို့က သိသိသာသာ အကဲခတ်ကြသလို တချို့လဲ မသိမသာ အကဲခတ်နေကြပါတယ်။
ရှက်ရကောင်းမှန်း မသိတဲ့ ရရက ကိုကို ပြေးထွက်သွားရာကို မျှော်ကြည့်ပြီး တုန်ခိုက်စွာ စောင့်နေပေမဲ့ မိုးသာ တိတ်သွားတယ်။ ကိုကိုက ပြန်ပေါ်မလာ။ မဟုတ်မှ ကိုကို ရရကို ထားပစ်ခဲ့ပြီလား။ ရရ လက်ထဲမှာ ဖုန်းလဲမပါ၊ ပိုက်ဆံလဲ မပါ၊ ကိုကို ဝယ်ပေးထားတဲ့ ကလစ်လေး တစ်ခုသာ ပါပါတယ်။
ညဈေးကို ထွက်လာတုန်းက ဖုန်းထားပစ်ခဲ့တဲ့ ရရကို ကိုကို ဆူနေသေးတယ်။ လူချင်း ကွဲသွားရင် ဘယ်လို လုပ်မလဲတဲ့။ အဲ့တုန်းက ရယ်သွမ်းသွေးပြီး ပြောခဲ့တာက...
"လူချင်း မကွဲရအောင် ကိုကိုနဲ့ ကော်လိုကပ်ထားမှာ သိလား"
ဒီလို ပြောခဲ့ပေမဲ့ ရရက အမြဲတမ်း ညံ့ခဲ့ပါတယ်။
ကိုကို့စကားကို နားမထောင်ခဲ့တဲ့ ရရအတွက် သွားစရာ မြေမရှိ။ အကယ်၍ ကိုကို လာပြန်ခေါ်ရင်တောင် ကိုကို့မျက်ဝန်းတွေက ရရ အတွက် အေးစက်သွားမှာလား။ ကိုယ့်လမ်းကိုယ် လျှောက်ကြစို့လို့ ကိုကို ပြောလေမလား။
အချိန်တွေ တစ်ချက်ချက် ပြောင်းလဲလာပြီ။ ဂရုဏာသက်သလို ငေးကြည့်နေတဲ့ တချို့ မျက်ဝန်းဒဏ်တွေကို ရရ ခံနေရပြီ။ တုန်ခိုက်နေစိတ်နဲ့ သတိတစ်ချက် အလွတ်မှာ လူက ဆိုင်ပြင် ရောက်နေပြီ။
ခေါင်းငိုက်စိုက်ကျလျက် ချည့်နဲ့စွာ လျှောက်လာခဲ့တာ ပတ်ဝန်းကျင်ကိုလဲ သတိမထားမိ။ သတိရလို့ ဝေ့ကြည့်တော့ ဈေးတန်းရှည်ကို အစအနတောင် မမြင်ရတော့။ ရောက်နေတဲ့ နေရာက လူခြေတိတ်နေတာမို့ ပတ်ဝန်းကျင်က ကျောချမ်းချင်စရာ။
အခုမှတော့ ရရ ဘယ်သွားရပါမလဲ။ ဒီလမ်းအတိုင်း ပြန်ရင်တောင် ဈေးတန်း ရှိရာ အရောက် ပြန်နိုင်ပါ့မလား။ ကိုကို ထားခဲ့တဲ့ နေရာလေးကို ပြန်ဖို့တောင် ရရ မမှတ်မိ။ ရရက ညံ့တယ် ဆိုတာထက် ပိုပြီး ညံ့ခဲ့မိပြန်ပါပြီ။
"ကိုကိုရေ"
တီးတိုး ခေါ်မြည်လျက် လမ်းဘေး ပလက်ဖောင်းလေးပေါ်မှာ ထိုင်ချလိုက်ပြီး မျက်နှာကို ဒူးနှစ်ဖက်ပေါ် တင်လျက် အူလှိုက်သည်းလှိုက် စတင် ငိုရှိုက်လိုက်မိတယ်။
ထိုအခိုက်မှာ ကားမီးရောင် တစ်ခုကို မြင်လိုက်ရပြီး သိပ်မကြာခင် ရရဘေးမှာ ရပ်တန့်သွားတယ်။ ကိုကို မဟုတ်တာ သိတာမို့ လန့်တုန်သွားဆဲမှာ ကားပေါ်က ဆင်းလာတဲ့ လူက...
"ဘက်ကီ"
"အင်း... ကိုယ် ဘက်ကီပဲ၊ မျက်စိအောက်က လှစ်ခနဲ ပျောက်သွားလို့ ကိုယ် ဘယ်လောက် စိတ်ပူသွားရတယ် မှတ်လဲ၊ လာ ကိုယ်နဲ့ လိုက်နဲ့"
ပြောပြောဆိုဆို ရရ လက်တစ်ဖက်ကို အတင်းလာဆွဲတာမို့ ပြန်ဆောင့်ရုန်းပေမဲ့ ဘက်ကီ လက်က မလွတ်မြောက်နိုင်။
"ခင်ဗျား ကျွန်တော့်ကို နောက်ယောင်ခံနေတာလား"
"နောက်ယောင်ခံတာထက် အဆုံးရှုံး မခံနိုင်တာ"
"ဘာတွေ လာပြောနေတာလဲ၊ ကျွန်တော်က ခင်ဗျားရဲ့ အာရှာ မဟုတ်ဘူး ဘက်ကီ"
ဒေါသထွက်ထွက်နဲ့ အော်ပစ်လိုက်ပေမဲ့ ဘက်ကီရဲ့ အကြည့်စူးစူးတွေ ရရဆီ နင့်နင့်သီးသီး ရောက်လာတယ်။ ရရ လက်ကို လွှတ်မပေးတဲ့ အပြင် အနားကို ကျားရိုင်း တစ်ကောင်လို တိုးကပ်လာပြီး...
"သိတယ်၊ အာရှာ မဟုတ်တာ သိတာမို့ ထပ်ထပ်မပြောနဲ့"
"သိရင် ကျွန်တော့်ကို လွှတ်"
အပြိုင် အော်နေကြတာမို့ အသံတွေက လမ်းမထက်မှာ ဟိန်းထွက်လာတယ်။
"အာရှာ မဟုတ်မှန်း သိတာတောင် လိုချင်နေသေးလို့ ရူးတော့မယ် သိလား၊ မိုး ဦး ရ နံ့"
ရရ အမည်ကို တစ်လုံးချင်း ခေါ်ချလိုက်ပုံက ကြက်သီးထစရာ။ ဘာလို့လဲ။ ဘာလို့ ရရဆီမှာမှ ဒီလို အဖြစ်တွေ လာကြုံနေရပါသလဲ။ ကိုကို ဘယ်မှာလဲ။ ကိုကို့ကို လွမ်းတယ်။
"ကျွန်တော် ခင်ဗျားကို သဘောမကျဘူး သိလား၊ ကိုကို့ကိုပဲ ချစ်တယ်၊ ကိုကိုနဲ့ပဲ နေချင်တယ်"
"မပြောနဲ့၊ အဲ့လို စကားလုံးတွေ ငါ့ကို လာမပြောနဲ့"
စူးစူးနစ်နစ် ပြောင်းလဲလာတဲ့ ဘက်ကီပုံစံက ခြောက်ခြားစရာ။ အနေအထားကို တင်းမာလို့ မဖြစ်တာ နားလည်လာတဲ့ ရရက အသက်ကို ဝအောင် ရှူလိုက်မိတယ်။ မျက်နှာကို နူးညံ့အောင် ပြောင်းလိုက်ပြီးနောက်...
"ဘက်ကီ ကျွန်တော် ပြောတာ နားထောင်နော်၊ ကျွန်တော်တို့ ဆေးရုံ သွားကြရအောင်နော်"
ရရ စကားကြောင့် ဘက်ကီက အော်ကြီးဟစ်ကျယ် ထရယ်တယ်။
"ငါ့ကို အရူးလို့ ထင်တဲ့အထဲ မင်းလဲ ပါတာကိုး"
"မဟုတ်ဘူး ဘက်ကီ၊ ဘက်ကီကို အရူးလို့ နည်းနည်းလေးတောင် မထင်ပါဘူး၊ ဒီအတိုင်း ကျွန်တော်က စိုးရိမ်လို့ပါ"
လမ်းဘေး ပလက်ဖောင်းပေါ်က အလှစိုက်ထားတဲ့ ပန်းပင်ငယ်တွေကို ဘက်ကီက အားနဲ့ လွှဲကန်တယ်။
"လူတွေက ငါ့အနာ ကျပ်မကျပ် မသိကြဘူး၊ ငါ့ကို ဆေးကုလိုက်ရင် ပျောက်သွားမယ်ပဲ ထင်နေကြတာ၊ မင်း သိလား မိုးဦးရနံ့၊ ငါ သုံးနှစ်တိတိ ဆေးကုခံရဖူးတယ်၊ အဲ့သုံးနှစ်အတွင်း ငါ့စိတ်အနာက နည်းနည်းလေးတောင် သက်သာမလာပေမဲ့ အရာအားလုံးကို ငါမေ့သွားသလို ဟန်ဆောင်ပြလိုက်တော့ ဆရာဝန်တွေကအစ မိဘတွေအဆုံး ငါ့ကို လူကောင်း ဖြစ်သွားပြီလို့ ထင်သွားကြတယ်၊ မရယ်ရဘူးလား၊ သူတို့ မသိတာက ဘက်ကီ ဆိုတဲ့ကောင်က အစတည်းက ဒီကောင်ပဲ၊ အခုလဲ ဒီကောင်ပဲ၊ နည်းနည်းလေးတောင် ပြောင်းလဲမသွားဘူး"
ဒေါသကြောင့် ဘက်ကီ ရင်အုပ်က တလှိုက်လှိုက် မောက်တက်လာရင်း ရရ အနား ချဉ်းကပ်လာတယ်။ သူ့အတိတ်နဲ့ ရရက ဘာဆိုင်လို့ ဒီလို အဖြစ်မျိုးကို ရရက ကြုံနေရပါသလဲ။
"မင်းမျက်လုံးထဲ ငါက အရူးလား မိုးဦးရနံ့"
တစ်လုံးချင်း မေးလိုက်ပုံက သွေးဆူလွယ်တဲ့ ကျားရိုင်းတစ်ကောင်လို။
"မဟုတ်... မဟုတ်တာ ဘက်ကီ၊ နည်းနည်းလေးတောင် အရူးနဲ့ မတူပါဘူး"
အားတင်း ပြောလိုက်တော့ ဘက်ကီ မျက်နှာက နူးညံ့တဲ့ အသွင်ပြောင်းသွားပြီး ရရ ပါးပြင်ကို လက်ဖဝါးနဲ့ လာထိကပ်တယ်။ ဒါတင် အားမရ နမ်းရှိုက်တော့မလို တိုးကပ်လာပြီး...
"မင်းက အာရှာ မဟုတ်မှန်း ကိုယ် သိသားပဲ"
"ဟင်"
ဆွံ့အသွားဆဲမှာ ဘက်ကီက ရရ ခါးကို သိမ်းပွေ့ပစ်တယ်။
"စံပယ်တင်မှဲ့ ရှိတာချင်း တူတယ်၊ သွားတက် ပါတာချင်း တူတယ်၊ မျက်နှာ အမူအရာလေးတွေ တူတယ် ဆိုပေမဲ့ မိန်းကလေး ဖြစ်တဲ့ အာရှာဘယ်လာထက် မင်းက ပိုလှတယ် မိုးဦးရနံ့"
"ကျွန်တော့်... ကျွန်တော့်ကို လွှတ်ပါ"
"အာရှာ မရှိတော့ကတည်းက ကိုယ် ဘယ်သူ့ကိုမှ မတပ်မက်ဖူးဘူး၊ မင်းနဲ့မှ..."
"ဘက်ကီ လက်တွေကို လွှတ်ပြီး စကားအေးဆေး ပြောရအောင်နော်"
"ကိုယ့်ကို လက်ထပ်မလား မိုးဦးရနံ့"
"ဟမ်"
"မင်း ပြောတော့ ကိုယ် အရူး မဟုတ်ဘူးလို့ မင်း ထင်တယ်ဆို"
"အဲ့တာက အဲ့တာပဲ၊ ဘက်ကီ မမေ့နဲ့၊ ကျွန်တော်က ယောက်ျားလေးနော်"
"ကိုယ် ဂရုစိုက်မယ် ထင်လား၊ ဟိုဘဲနာနဲ့တောင် မင်း ဟန်ဆောင် လက်ထပ်နိုင်သေးတာပဲ"
"ကိုကို့ကို အဲ့လို မပြောနဲ့"
"မပြောစေချင်ရင် ကိုယ့်ကို လက်ထပ်လိုက်"
"ဘက်ကီ"
ကုန်းအော်ပစ်လိုက်ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြပေမဲ့ အရိုင်းဆန်နေတဲ့ ဘက်ကီလက်က ရရ မလွတ်မြောက်နိုင်။
"မရုန်းနဲ့ မိုးဦးရနံ့၊ မရုန်းနဲ့၊ လိုချင်တာ အမြဲရနေတဲ့ ဘက်ကီ ဆိုတဲ့ကောင်ကို လာမငြင်းဆန်နဲ့"
မီးမှောင်မှောင် လမ်းကလေးပေါ်မှာ ရရ တစ်ကိုယ်လုံး မြက်ခင်းပြင်ပေါ် တွန်းလှဲခံလိုက်ရတာမို့ မျက်ရည်ပူတွေ စီးကျလာမိတယ်။ အားကုန် ကန်ကျောက်နေပေမဲ့ မလွတ်မြောက်နိုင်ဘဲ ရရ ပါးရိုးတွေ၊ လည်တိုင်တွေမှာ ဘက်ကီ အနမ်းတွေ ကျရောက်လာတယ်။
"ကိုကိုရေ"
အားကိုးတကြီး မြည်တမ်းမိပေမဲ့ ရရအတွက် ကူကယ်ရာမရှိ။
ဒီလူ့ရဲ့ အဓမ္မ ပြုကျင့်ခြင်းသာ ခံရမယ်ဆို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ တွေးနေတုန်း ရရကို ချုပ်နှောင်ထားတဲ့ ဘက်ကီ လက်တွေ ပြုတ်ထွက်သွားပြီး တစ်စုံတစ်ယောက်က ရရနဲ့ ဝေးရာဆီ ဘက်ကီကို ကုပ်ကနေ ဆွဲချသွားပြီးနောက် တစ်ဆက်တည်းမှာ အားနဲ့ ပစ်ထိုးတဲ့ လက်သီးသံတွေ တရစပ် ထွက်လာတယ်။
"ခွပ်... ခွပ်... ခွပ်"
"မင်းကများ... မင်းကများ... မင်းကများ"
"ကိုကို"
ကိုကို့ကျောပြင်ကို ပြေးဖက်ပြီး အတင်း ဝင်ဆွဲနေပေမဲ့ ကိုကိုက မရပ်တန့်။ အသိစိတ်လွတ်နေသူလို ဘက်ကီဆီ ဦးတည်နေဆဲ။ လက်သီးတစ်ချက် မြောက်တက်သွားပြီး ပြန်ကျလာတိုင်း ဘက်ကီ မျက်နှာမှာ သွေးတွေ ဖွားခနဲ လွင့်စင်လာတယ်။
"တောင်းပန်ပါတယ် ကိုကိုရယ်၊ သူ သေသွားလိမ့်မယ် သိလား၊ ရရ ကိုကို့ကို အဲ့လို အဖြစ်မခံနိုင်လို့ပါ၊ ရရ တောင်းပန်ပါတယ် ကိုကိုရယ်၊ ရရကြောင့် မရူးမိုက်ပါနဲ့နော်၊ တောင်းပန်ပါတယ်၊ တော်ပါတော့နော်"
ငိုယို တားမြစ်သံလေးနဲ့အတူ သူ့ဘေးမှာ ပုံခနဲ ခွေကျသွားတဲ့ ကလေးကို မြင်မှ ဘက်ကီကို လွှတ်ချခဲ့ပြီး ချာတိတ်ဆီ အပြေးလှမ်းသွားမိတယ်။ သူ့ရင်ထဲမှာ မီးတောက်နေတာ ဖြေဆေးမရှိ။ တော်သေးတာပေါ့လို့ တွေးလိုက်မိတိုင်း ဆောက်တည်ရာ မဲ့ချင်လာတယ်။
မိုက်လိုက်တဲ့ ကလေး။ ဘာလို့များ ထားခဲ့တဲ့ နေရာမှာ ငြိမ်ငြိမ်လေး စောင့်မနေရပါသလဲ။ ဒါ့ထက် သူကကော ဘာကြောင့် ကလေးကို ထားပစ်ခဲ့ရပါသလဲ။ သူဟာ မကောင်းတဲ့ကောင်ပဲလို့ ထပ်ခါထပ်ခါ တွေးနေမိတုန်း...
"ကိုကို"
"မငိုပါနဲ့၊ မငိုပါနဲ့တော့ကွာ"
ကမူးရှူးထိုး ပွေ့ဖက်လို့ ပါးပြင်နုနုကို နမ်းရှိုက်မိချိန်မှာ နာနာကျင်ကျင် ငိုယိုသံလေးကို ကြားနေရပြီး မလုံလောက်သလို သူ့ရင်ခွင်ထဲ ထပ်ခါထပ်ခါ တိုးဝင်နေပုံလေးက သနားစရာ။
"တောင်းပန်ပါတယ် ကိုကိုရယ်၊ ရရကို မထားခဲ့ပါနဲ့နော်၊ အဲ့လိုဆို... အဲ့လိုဆို ရရ သေပစ်လိုက်မှာ သိလား၊ ကိုကို မရှိရင် ရရ သေပစ်လိုက်မှာ"
"ကလေးရယ်၊ ကိုကို့ကလေးလေးရယ်"
ခဏအကြာ သူ့တို့ဘေး ပတ်ပတ်လည်မှာ ကားတွေ ထိုးရပ်လာပြီး လူတွေ အများကြီး ရောက်လာကြတယ်။ ရဲတွေလို့ ထင်လိုက်ပေမဲ့ သူ ထင်တာ မဟုတ်။ ငိုယိုသံတွေ၊ ပွေ့ဖက်သံတွေ၊ ယူကြုံးမရသံတွေ ကြားနေရပေမဲ့ သူ နားမထောင်ချင်တော့။
ချာတိတ်လေးကို ပွေ့ဖက်ပြီး ထရပ်လိုက်တော့ အနားကို လက်ရုံးသစ် ရောက်လာတယ်။
"တောင်းပန်ပါတယ် ခင်ဗျာ၊ ထပ်ပြီး တောင်းပန်ပါတယ်"
မြေကြီးကို ထိလုမတတ် ဦးညွတ်တောင်းပန်နေပေမဲ့ ခွင့်လွှတ်ဖို့ စိတ်ကူးမရှိ။ အဇဋာ ဆိုတဲ့ ကောင်က ချစ်ရသူကို နာကျင်စေသူတိုင်း ဆယ်ဆမက ပြန်ခံစားစေချင်တာ။ ချာတိတ်ကို နာကျင်စေသူထဲမှာ သူကိုယ်တိုင် ပါရင်တောင် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်မှာ မဟုတ်။
"ကိုယ့်ချာတိတ် ဝင်တားလို့ ဒီလောက်နဲ့ လျှော်လိုက်တယ် မှတ်ပါ"
"သိပါတယ် ခင်ဗျာ၊ ကျွန်တော်တို့ သိပါတယ်"
"နောက်တစ်ခါ မျက်စိရှေ့ ပေါ်မလာစေနဲ့၊ အဲ့အခါကျ ကြိုးစင် တက်ရမယ် ဆိုရင်တောင် ကိုယ် ဂရုမစိုက်မှာ မဟုတ်ဘူး၊ မင်းတို့ သိအောင် ပြောလိုက်မယ်၊ မိုးဦးရနံ့ကို ဟန်ဆောင် လက်ထပ်ထားတာ မဟုတ်ဘူး"
ပြောနေလျက် ချာတိတ် မျက်နှာလေးကို မြတ်နိုးမဝသလို ငုံ့ကြည့်လိုက်မိတယ်။
"ချစ်လွန်းလို့၊ သူနဲ့အတူဆို ဘယ်လို သောကကိုမှ ပြန်တွေးချိန် မရှိအောင် စိတ်သက်သာရာ ရလွန်းလို့၊ အနားမှာ ရှိနေရင်ကို အားတွေ ပြည့်လာလို့၊ ဒီလို အကြောင်းပြချက်တွေ အများကြီးထဲကမှ မြတ်နိုးလွန်းလို့ လက်ထပ်ခဲ့တာ အမှန်တရားပဲ၊ နောက်တစ်ခါ ကိုယ့်အိမ်သားကို လာမပတ်သက်ဖို့ မင်းတို့ တစ်မျိုးလုံး သိအောင် ပြောထားလိုက်"
ပြောပြီးတာနဲ့ ချာတိတ်ကို ပွေ့ပိုက်လျက် နေရာက ချာခနဲ လှည့်ထွက်လာမိတယ်။ လိုက်ပို့ပါရစေလို့ လှမ်းပြောတဲ့ လက်ရုံး စကားကို မကြားဟန် ဆောင်လာမိတယ်။ ဒီအတိုင်း ဟိုတယ် ရောက်အောင် လျှောက်ရမယ် ဆိုလဲ သူ လုပ်မိမှာပါပဲ။
ရင်ခွင်ထဲမှာ မျက်လုံးလေး မှေးမှိတ်ထားတဲ့ ကောင်လေးက လွတ်ထွက်သွားမှာ စိုးရွံ့သလို သူ့ရင်ဘတ် အင်္ကျီစကို ဆုပ်ကိုင်ထားလျက် တစ်ချက်တစ်ချက် ရှိုက်နေသေးတာမို့ သူ့ရင်ထဲ ဆို့နင့် နာကျင်နေတယ်။
"ကိုကိုက မကောင်းဘူးမို့လား"
"ဟင့်အင်း"
"ကိုကိုက လူဆိုးနော်"
"မဟုတ်တာပါ ကိုကိုရယ်"
"ကိုကို့ကို မုန်းလား"
"ဟင့်အင်း"
မျက်ရည်စီးကြောင်းလေးကို ဖိနမ်းလိုက်မိတော့ သူ့လည်တိုင်ကို ပြန်သိုင်းဖက်ပြီး ချာတိတ် နှုတ်ခမ်းနွေးနွေးလေးက သူ့မေးဖျားဆီ ရောက်လာတယ်။
"ရရကို မထားခဲ့ပါနဲ့နော်"
"အင်း... ချာတိတ် မရှိရင် ကိုကို သေသွားမှာ ထင်တယ်"
"ဟင်"
"ချာတိတ် မသိလို့ပါ၊ ကိုကိုကလေ မင်း မရှိလို့ မဖြစ်ဘူး သိလား၊ ချာတိတ်က တကယ်ကို ကိုယ့်အသက်ရဲ့ မှီတည်ရာ ရေသောက်မြစ်ကလေးပါပဲ"
^^
ဆက်ရန်
ချစ်တဲ့ အသွဲ့^^
၅.၁၁.၂၀၂၂ စနေနေ့
(မအားတဲ့ကြားက အချိန်လုရေးပြီး ရေးပြီးသမျှ အကုန်အစင် တင်ပေးတယ် ဆိုတာက On Going လိုက်ပေးတဲ့ တစ်ဦးတစ်ယောက်ချင်း အတွက် အသွဲ့ ပြန်ပေးနိုင်တဲ့ မေတ္တာပါ။ နောက်ရက်ထဲတော့ မအားလပ်တာမို့ တစ်ပတ်တိတိ ကြာမှ ပြန်လာပါရစေနော်။ ၁၂.၁၁.၂၀၂၂ မှာ ပြန်ဆုံပါ့မယ်။ ကျန်းမာချမ်းမြေ့ကြပါစေ)
+++++
ZAWGYI
"ဟိုတယ္ ေျပာင္းရေအာင္"
အခန္းထဲ ေရာက္တာနဲ႔ ကိုကို ေျပာတဲ့စကား။
"မဟုတ္တာ ကိုကိုရယ္၊ မဂၤလာပြဲက ၿပီးေသးတာမွ မဟုတ္တာပဲ"
"ဘာျဖစ္တယ္၊ အဲ့ဒီ မဂၤလာပြဲ ခင္ဗ်ားကို ထပ္တက္ခိုင္းလိမ့္မယ္လို႔ ထင္ေနတာေတာ့ မဟုတ္ဘူးမို႔လား"
"ကိုကို႔ သူငယ္ခ်င္း အရင္းႀကီး မဟုတ္လား၊ ရရေၾကာင့္ မ်က္ႏွာပ်က္ရမွာ စိုးလို႔ပါ"
"မ်က္ႏွာ ပ်က္႐ုံတင္ မကဘူး၊ အခင္မင္ ပ်က္ရလို႔ ထပ္မပတ္သက္ၾကလဲ ကိုယ့္အတြက္ ဘာမွ မျဖစ္ဘူး၊ ဒီမွာ ကိုယ့္ကို ၾကည့္စမ္းပါ"
"ဗ်ာ"
အနားကို ေလွ်ာက္လာတဲ့ ကိုကိုက ရရ မ်က္ႏွာကို ဆတ္ခနဲ ပင့္တင္ယူလိုက္ၿပီး...
"အရာအားလုံးထက္ မင္းက ပိုအေရးႀကီးတယ္၊ မင္း မ်က္ႏွာက လြဲရင္ ကိုယ္ ဘယ္သူ႔မွ ၾကည့္မွာ မဟုတ္ဘူး"
"ကိုကို"
"ဒါကို ခ်ာတိတ္ သိရင္ ေကာင္းမွာ"
ရင္အစုံ ၿငိမ့္ၿငိမ့္ေလး လႈိက္ခါေနတာ တားလို႔မရ။ ရရကို ေငးၾကည့္တဲ့ အခ်ိန္၊ ရရကို စိတ္ပူတဲ့ အခ်ိန္၊ ရရကို ဆူပူတဲ့ အခ်ိန္ေတြမွာ ကိုကိုဟာ ခ်စ္စရာအေကာင္းဆုံးပါ။
"ကိုကို႔ကို ခ်စ္တယ္"
"အင္း... ဒါဆို ဟိုတယ္ ေျပာင္းရေအာင္"
ေန႔လယ္စာေတာင္ မစားႏိုင္ၾကဘဲ ႏွစ္ေယာက္သား ဟိုတယ္ ေ႐ြ႕ျဖစ္ခဲ့ၾကၿပီး ဒီတစ္ခါ တည္းျဖစ္တဲ့ ဟိုတယ္က ျမစ္ကမ္းေဘးမွာ တည္ရွိပါတယ္။
ေနဝင္ခ်ိန္ေတြ သိပ္လွၿပီး ျမစ္ျပင္က်ယ္ကိုပါ ေနာက္ခံျပဳထားတာမို႔ ခရီးသြားေတြ အထူးႏွစ္သက္ၾကၿပီး ခ်င္းမိုင္မွာ နာမည္အႀကီးဆုံး ျဖစ္တဲ့ Chiang Mai Gate Night Market နဲ႔လဲ ေတာ္ေတာ္ေလး နီးပါတယ္။
တကယ္သာ သူ႔အလိုက်ဆို ခ်ာတိတ္လက္ကို ေကာက္ဆြဲၿပီး ခ်က္ခ်င္း ရန္ကုန္ ျပန္ခ်သြားမွာ။ သို႔ေပမဲ့ စိတ္ေပ်ာ္႐ႊင္ရေအာင္ ေခၚလာၿပီးမွ စိတ္ႏွလုံး မသာမယာ ျဖစ္ရမယ္ဆို ဒီခရီးက သူတို႔အတြက္ အလဟႆ ျဖစ္သြားမွာ။
ဟိုတယ္ အသစ္မွာ Check In မဝင္ခင္ ေန႔လယ္စာ အရင္စားျဖစ္ေပမဲ့ ႏွစ္ေယာက္လုံး ဟုတ္တိပတ္တိ မစားႏိုင္။ မ်က္ႏွာေလး ႏြမ္းေနေပမဲ့ သူ ေငးၾကည့္ေနတာ ျမင္တိုင္း သြားတက္ကေလး ေပၚေအာင္ ၿပဳံးၿပဳံးျပတယ္။ ဒီကေလးေလးက သူ စိတ္ရႈပ္မွာ စိုး႐ြံ႕ေနသလို။
"ကိုကို နားလိုက္အုံးေနာ္"
"ခင္ဗ်ားက မနားဘူးလား"
"ရရက အထုတ္ေတြ ေနရာခ်လိုက္အုံးမယ္"
လွမ္းၾကည့္လိုက္ေတာ့ ခရီးေဆာင္အိတ္ေတြကို အခန္းေထာင့္ ကပ္ေနၿပီး တစ္ကိုယ္ေရသုံး ပစၥည္းေတြ၊ သူ႔အတြက္ ေရလဲခံ၊ ေရခ်ိဳးၿပီးရင္ သူဝတ္ဖို႔ အဝတ္၊ စသျဖင့္ တစ္ခုခ်င္း မညည္းမညဴ လုပ္ေနတာမို႔ ကုတင္ေပၚကေန ဝမ္းလ်ားေမွာက္ ေမးေထာက္ၿပီး စိန္ေျပနေျပ ၾကည့္ေနမိတယ္။
"ကိုကို ေရခ်ိဳးၿပီးရင္ Sport Shirt နဲ႔ Sweat Pant ေလးပဲ ဝတ္လိုက္ေနာ္"
သူ႔ေျဖသံ မၾကားလို႔ ထင္ရဲ႕၊ ေမာ့ၾကည့္လိုက္ၿပီးမွ သူ ေငးေနတာ ျမင္သြားၿပီး မ်က္ႏွာေလး ခ်က္ခ်င္း ရဲလာ႐ုံမက လက္ကေလး ႏွစ္ဖက္ကို ပြတ္ေခ်ေနတယ္။ ဒီကေလးေလးက အခုထက္ထိ သူ႔ ၾကည့္ေငးျခင္းေတြကို ရွက္ေနေသးတာလား။
"မပင္ပန္းေသးဘူးလား"
"ဗ်ာ"
"ဟိုတယ္ ေျပာင္းတာ သုံးခါ ရွိေနၿပီ၊ အဲ့ပစၥည္းေတြ ထုတ္လိုက္၊ ထည့္လိုက္၊ ျပန္ထုတ္လိုက္နဲ႔ ခဏခဏ လုပ္ေနရတာ၊ မပင္ပန္းဘူးလားလို႔"
သူ႔အေျပာမွာ ပါးမို႔ကေလး တက္သြားေအာင္ ရယ္ျပရင္း မတ္တပ္ ထရပ္တယ္။
"မပင္ပန္းပါဘူးေနာ္၊ ကိုကိုနဲ႔ပဲဟာကို"
ေျပာရင္း ေရခ်ိဳးခန္းထဲ ဝင္မလို ဟန္ျပင္ေနတာမို႔...
"ခ်ာတိတ္"
"ဗ်ာ ကိုကို"
"ဒီလာခဲ့"
"ခဏေလးေနာ္၊ မ်က္ႏွာသစ္ ေဆးဗူးေလး သြားထားမလို႔"
"ေနာက္မွထား"
"ဗ်ာ
"ရင္ခြင္ထဲကို လာခဲ့"
ပက္လက္ကေန လက္ႏွစ္ဖက္ကို ေဘးဆန႔္တန္းလ်က္ ရင္ခြင္ဖြင့္ေပးထားေတာ့ လက္ကေလး ႏွစ္ဖက္ကို ဖိပြတ္ေနရင္း သူ႔အနားကို ေစာင္းကန္းေစာင္းကန္း ေလွ်ာက္လာတယ္။ သူ သိပါတယ္။ သူ႔ခ်ာတိတ္ေလး သိပ္ရွက္ေနၿပီ ဆိုတာ ပါးျပင္ေလးက သက္ေသမဟုတ္လား။
အကဲခတ္ရသေလာက္ ဒီကေလးေလးက သူ႔ဘာသူသာ လူကို ခြၽဲခ်င္ ခြၽဲမယ္။ ကေလးလိုလို ေခြးလိုလိုေလးနဲ႔ လူကို လာဖက္နမ္းခ်င္ နမ္းမယ္။ သူ႔ရင္ခြင္ထဲ တိုးခ်င္ ဝင္တိုးေနလိမ့္မယ္ ဆိုေပမဲ့ အခုလို သူ႔ဘက္က အတည္ႀကီး ေျပာလိုက္တဲ့ အခါမ်ိဳးေတြဆို မ်က္ႏွာေလးက ႏွင္းဆီေသြးႂကြၿပီး လြန္စြာ ရွက္တတ္တာလဲ သူ အသိ။
ရင္ခြင္ထဲ လာဆိုတာကို ရင္ခြင္ထဲ မလာဘဲ သူ႔ေဘးမွာ ကပ္လွဲလိုက္တာမို႔ ခါးေလးကေန သိမ္းေပြ႕ၿပီး သူ႔ရင္ဘတ္ေပၚ ေကာက္တင္လိုက္ေတာ့ မ်က္လုံးေလး ျပဴးလာတယ္။
"လႊတ္ပါ ကိုကိုရယ္၊ ကိုကို႔ ရင္ဘတ္ နာသြားလိမ့္မယ္"
"အရက္မူးတဲ့ ညက အဲ့လို ေျပာပါေတာ့လား"
"ဟင္"
"ဟင္... မလုပ္နဲ႔ သိရဲ႕လား၊ အဲ့ညက ခင္ဗ်ား ကြၽန္ေတာ့္ ရင္ဘတ္ေပၚ တက္အိပ္႐ုံတင္ မကဘူး၊ လူကို ေခါင္းကေန ေျခအဆုံး တက္လိုက္ ဆင္းလိုက္ ၅ ႀကိမ္ေတာင္ လုပ္ခဲ့ေသးတာ၊ ဘာတဲ့၊ ေျပာေသးတယ္၊ ပုန္းညက္ပင္က ဆိုးလိုက္တာတဲ့လား"
ေျပာရင္း သူ ရယ္ခ်လိုက္ေတာ့ အတူ လိုက္ရယ္ေနေပမဲ့ ရွက္တဲ့အလား မ်က္ႏွာေလးကို ေအာက္ငိုက္ခ်လိုက္ၿပီး သူ႔ရင္ခြင္မွာ ေခါင္းစိုက္ထားတယ္။
"ရရက ေတာင္းပန္တယ္ေနာ္"
"ဒါဆို ရင္ခြင္ထဲ လာဖို႔ ေခၚရင္ မျငင္းနဲ႔"
"ဗ်ာ"
"ခင္ဗ်ားေၾကာင့္ အက်င့္ပါသြားၿပီ၊ မရေတာ့ဘူး"
ရယ္သံခ်ိဳေလး ၾကားလိုက္ရၿပီး ငုတ္လ်ိဳးေနတဲ့ ေခါင္းေလးက ျပန္ေမာ့လာ႐ုံမက သူ႔ရင္ဘတ္ေပၚမွာ ဝမ္းလ်ားေမွာက္လ်က္ ေမးဖ်ားကို လက္တစ္ဖက္နဲ႔ ေထာက္ထားပုံက သက္ေသာင့္သက္သာ။
"ရရက ပိုေပ်ာ္တာေပါ့ ကိုကိုရယ္၊ ကိုကိုနဲ႔ အသားခ်င္း ထိေနရရင္ကို ရရ ေပ်ာ္တာ သိလား"
သူ႔ရင္ခြင္ထက္မွာ ရယ္ေနပုံေလးကို ျမင္ေတာ့ ငယ္ငယ္တုန္းက ညီမေလးကို ေခ်ာ့သိပ္ခဲ့ဖူးတဲ့ အခ်ိန္ေလးေတြေတာင္ ျပန္သတိရပါေသးတယ္။ သူ႔ရင္ခြင္ေပၚ တက္ေမွာက္လိုက္တိုင္း ညီမေလး ေသးေသးေလးက ခ်က္ခ်င္း အိပ္ေပ်ာ္သြားတတ္တာ ေမ့လို႔မရ။
အခုေတာ့ ညီမေလးေနရာမွာ လူေသးေသးေလးက အစားထိုး ေရာက္ရွိလာၿပီး သူ႔ႏွလုံးသား ကြက္လက္ကို ေမတၱာေႏြးေႏြးေတြနဲ႔ ျဖန္းပက္လို႔ ခ်စ္ျခင္းေမတၱာတို႔နဲ႔ ျပည့္ႏွက္ေစခဲ့ပါတယ္။
"ကိုကို႔ကို ဝန္ခံစရာ ရွိတယ္"
"အင္း"
ေျပာေနသူနဲ႔ နားေထာင္သူက မ်က္ဝန္းခ်င္း ဆုံစည္းေန႐ုံမက မ်က္ႏွာခ်င္း အကြာအေဝးက လြန္စြာ နီးကပ္ေနၿပီး လက္ကေလး တစ္ဖက္က သူ႔နဖူးက ဆံစေတြဆီ တို႔ထိလာၿပီး သူ႔ပါး႐ိုးေတြထိ ညင္သာဖြဖြ ေရာက္လာတယ္။
"တကယ္ေတာ့ ဦးေလး ေအာင္ေမာင္းနဲ႔ ေက်ာင္းမွာ ဆုံတာ မဟုတ္ဘူး သိလား"
"အင္း"
"ကိုကို စိတ္ဆိုးလားဟင္"
"စိတ္ဆိုးရမွာလား"
"ရရ မညာခ်င္ေတာ့လို႔ စိတ္ဆိုးရင္လဲ ခံပါ့မယ္ေနာ္"
"ဟုတ္ၿပီ၊ ဆက္ေျပာ"
"ကမ္းနားလမ္းက ေကာ္ဖီဆိုင္ေလးမွာ မေတာ္တဆ ဆုံၾကတာ"
"ေက်ာင္းေျပးတယ္ ဆိုပါေတာ့"
သူ ေျပာေတာ့ ဟီးခနဲ ရယ္ခ်လိုက္ၿပီး သူ႔ရင္ခြင္ကို ေခါင္းနဲ႔ တစ္ခ်က္ ေခြ႕လိုက္ေသးတယ္။
"အဲ့ဒီတစ္ရက္တည္းပါ ကိုကိုရယ္"
"ေနာက္ဆို ေက်ာင္းေျပးရင္ ေျပာမွာလား"
ေခါင္းေလး တဆတ္ဆတ္ ညိတ္ျပၿပီး သူ႔ေမးဖ်ားကို လွမ္းနမ္းလိုက္တာမို႔ ရင္ထဲမွာ ပန္းေတြ ပြင့္ကုန္တယ္။ မ်က္ႏွာေလးကို စိုက္ၾကည့္မိခ်ိန္တိုင္း နမ္းခ်င္စိတ္ကို ခြၽန္းအုပ္လို႔ မရတာ ဘယ္လို ဓာတ္သေဘာလဲ။
"ေနာက္ဆို ကိုကို မသိေအာင္ ဘာမွ မလုပ္ေတာ့ဘူးေနာ္၊ ေက်ာင္းလဲ မေျပးခ်င္ေတာ့ပါဘူး၊ အဲ့ေန႔ကေတာင္ တအား ေနာင္တ ရေနတာပါ ကိုကိုရယ္"
"ဘာလို႔လဲ"
"ရရက ကိုကို႔ကို ခ်စ္လို႔၊ ကိုကို စိတ္ပ်က္သြားမွာ ေၾကာက္လို႔"
သူ႔ရင္ထဲ ၾကည္ႏူးမႈ လႈိင္းကေလးေတြက တလြန႔္လြန႔္။ ခ်စ္မိၿပီ ဆိုကတည္းက အသားစိုင္ေလးေတြကို ထိေတြ႕ခ်င္တယ္။ လက္ကေလးေတြ၊ ပါးကေလးေတြ၊ ႏႈတ္ခမ္းေလးေတြကို ဖြဖြေလး နမ္းခ်င္တယ္။ အခ်ိန္တိုင္း ပူပူးကပ္ကပ္ ရွိခ်င္ေပမဲ့ ဒီသက္ရွိ နတ္ဖုရားေလးကို ဒီထက္ ပိုကဲတဲ့ ရမၼက္ေတြနဲ႔ သူ မခ်ည္ေႏွာင္ရက္။
ေငးၾကည့္ေနရရင္ ျပည့္စုံေနၿပီး သြာတက္ကေလး ေပၚေအာင္ ၿပဳံးျပျခင္း ခံရတဲ့အခါ သူ႔ေန႔ရက္ေတြမွာ ဗီတာမင္ မလိုအပ္ဘဲ အင္အားေတြ ျပည့္ေနသလိုပါ။ သူ႔အတြက္ကေတာ့ မိုးဦးရနံ႔ ဆိုတာ ေပ်ာ္႐ႊင္ျခင္းမည္တဲ့ ေဆးလုံးကေလးနဲ႔ ဆင္တူပါတယ္။
ခ်စ္တယ္လို႔ တဖြဖြ ေျပာတတ္ေပမဲ့ ခ်စ္လားလို႔ ျပန္မေမးတတ္တဲ့ ကေလးေလးက ေရာင့္ရဲႏိုင္လြန္းတာလား။ ဒါမွမဟုတ္ သူ စိတ္ကူးယဥ္ထားသလို အခ်စ္မ်ိဳးနဲ႔ ခ်စ္တာ မဟုတ္လို႔မ်ား သူ႔ဆီက တုံ႔ျပန္မႈကို မလိုအပ္တာလား။
ဘယ္သို႔ဆိုဆို တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္ ေရာက္လာခဲ့ရင္ ႏွစ္ကိုယ္တူ ခ်စ္အမွ်နဲ႔ ဒီမ်က္ႏွာလွလွေလးကို ေငးစိုက္လို႔ ခ်စ္တဲ့အေၾကာင္းေတြ ေဝေဝဆာဆာ ေျပာခြင့္ရခ်င္ပါတယ္။
*ခ်ာတိတ္ေလး သိရဲ႕လား။ ဒီကိုကိုက အမ်ားႀကီး ခ်စ္ေနတာ အမ်ားႀကီး ၾကာခဲ့ၿပီလို႔ေလ။
^^
Chiang Mai Gate Night Market ကို ေရာက္ေတာ့ ည ၈ နာရီ။
Street Food စားခ်င္ပါတယ္ ပူဆာသူေလးေၾကာင့္ ဟိုတယ္ကေန ညစာ စားမလာျဖစ္။ ထိုင္းေျမာက္ပိုင္း အစားအစာက နဂိုတည္းက နာမည္ႀကီးမို႔ ဗမာပါးစပ္နဲ႔ အလြန္ကိုက္ၿပီး ေဈးလဲ မႀကီး၊ စားလိုက္တိုင္းလဲ ခံတြင္းေတြ႕မို႔ ခ်ာတိတ္ေလးကေတာ့ ၿပဳံးေပ်ာ္ေနတာပါပဲ။
ဟိုဟာေလးစပ္စပ္ ဒီဟာေလးစပ္စပ္ လိုက္စားေနေပမဲ့ တကယ္တမ္းက် မိုးဦးရနံ႔တို႔ အားရပါးရ စားႏိုင္တယ္ ဆိုတာ ဘယ္ဟာမွ မရွိ။ အထာနပ္ေနတဲ့ သူက ဘယ္ေရာက္ေရာက္ တစ္ေယာက္စာသာ မွာယူၿပီး သခင္ေလး စားလို႔ မကုန္တာ အားလုံး သိမ္းႀကဳံးထည့္ရတဲ့ အမႈိက္ေတာင္းႀကီး ျဖစ္မွန္း မသိ ျဖစ္လာတယ္။
ပထမေတာ့...
"ကိုကိုရယ္ အက်န္ေတြ မစားပါနဲ႔၊ ရရ စိတ္မေကာင္းဘူး"
လို႔ မ်က္ႏွာငယ္ေလးနဲ႔ တားတတ္ခဲ့ေပမဲ့ အခုမ်ားေတာ့...
"ရရ မစားႏိုင္ေတာ့ဘူး ကိုကိုရယ္၊ ႏွေျမာစရာႀကီးမို႔ ကိုကို ဒါေလး စားေပးေနာ္"
ဆိုၿပီး သူ႔ပါးစပ္ထဲ ခပ္တည္တည္ လာထည့္တတ္တဲ့ လူေပါက္စေလးပါပဲ။
ေဈးတန္း အရွည္ႀကီးကို မေမာႏိုင္ မပန္းႏိုင္ ပတ္ေနတာမို႔ အခ်ိန္က အေတာ္ေလး လင့္လာၿပီ။ ခ်ာတိတ္ေလး ပင္ပန္းေနမလား ငဲ့ၾကည့္ေလတိုင္း ေျမာက္ႂကြ ေျမာက္ႂကြနဲ႔ ျမဴးတူးေနပုံေလးေၾကာင့္ သူ ၿပဳံးေနမိတာပါပဲ။ စားလို႔ ေသာက္လို႔ ဝေတာ့ သူ႔လက္ဆြဲၿပီး ဟိုပူဒီပူ ဇာတ္လမ္း စတယ္။
ညေဈးတစ္ခုလုံးမွာ ႐ိုးရာ အဝတ္အထည္ေတြသာမက၊ လက္ေဆာင္ေပးခ်င္စရာ ပစၥည္းေတြနဲ႔ ျပည့္ႏွက္ေနၿပီး ေျခအိတ္၊ လက္အိတ္က စလို႔ တစ္ကိုယ္ေရသုံး ပစၥည္းအားလုံးကို ေဈးသက္သက္သာသာနဲ႔ ေရာင္းခ်ေနတာမို႔ ခ်ာတိတ္ေလးက သေဘာက်ေနဟန္။
ထိုင္း႐ိုးရာ ႐ုပ္ပုံေလးေတြနဲ႔ အလွဆင္ထားတဲ့ ေခါင္းစီးကြင္း၊ ရင္ထိုး၊ ကလစ္ေလးေတြ စသျဖင့္ ဘုစုခ႐ုေလးေတြ စုၿပဳံေရာင္းတဲ့ ဆိုင္ေရွ႕မွာ ေျခစုံ ရပ္သြားၿပီး...
"ကိုကို"
"အင္း"
"ကလစ္ ဝယ္မယ္ေနာ္"
"ခင္ဗ်ားက ပန္ရဲလို႔လား"
"ကိုကိုကလဲ ရရ သူငယ္ခ်င္း အတြက္ပါေနာ္"
သူ႔ကို ေျပာေနရင္း ကလစ္ေလး တစ္ခုကို လွ မလွ သိခ်င္ဟန္နဲ႔ ဆံပင္ထိပ္ေလးမွာ ေထာက္ခနဲ ပန္လိုက္ၿပီး မွန္ ၾကည့္ေနပုံေလးေၾကာင့္ အသည္းတယားယားနဲ႔ ခ်ာတိတ္ မျမင္ခင္ ဖုန္းထုတ္ၿပီး အလ်င္အျမန္ ႐ိုက္ယူလိုက္မိတယ္။
"ကိုကို လွလားဟင္"
"အင္း... လွတယ္ ခ်ာတိတ္နဲ႔"
"ကိုကိုကလဲ"
ဟီးခနဲ ရယ္ျပၿပီး သူ႔ေဘး ကပ္လာခ်ိန္မွာ မိုးေႏွာင္းက ၿဗဲခနဲ ႐ြာခ်လာတာမို႔ ေဈးတန္းေလးက လႈပ္လႈပ္ရွားရွား။ မိုးမိရင္ ဖ်ားသြားမွာ စိုးရိမ္စိတ္နဲ႔ ကလစ္ဖိုး ျမန္ျမန္ရွင္းၿပီး ခါးေလးကေန သိမ္းေပြ႕လ်က္ အနီးက ဆိုင္တစ္ဆိုင္ဆီ ေျပးဝင္လာမိတယ္။
ႏွစ္ေယာက္လုံး ဗိုက္ျပည့္ေနၿပီ ဆိုေပမဲ့ ဆိုင္ေလးထဲမွာ မိုးခိုသူေတြနဲ႔ ခ်က္ခ်င္း ျပည့္လာတာမို႔ တစ္ခုခု မမွာရင္ လြန္စြာ အားနာဖို႔ ေကာင္းပါတယ္။
"ခ်ာတိတ္ ဘာစားခ်င္လဲ"
"ရရ အန္ထြက္ေတာ့မယ္"
"ဘာမွျဖင့္ ဟုတ္တိပက္တိ မစားေသးဘဲနဲ႔"
"တကယ္ မစားႏိုင္ေတာ့လို႔ ကိုကိုရဲ႕၊ ကိုကိုေကာ ဘာစားမလဲဟင္"
"အင္း... မိုးတိတ္ေအာင္ ေစာင့္ရမွာ ဆိုေတာ့ ဘလက္ေကာ္ဖီ တစ္ခြက္ေတာ့ ေသာက္လိုက္အုံးမယ္"
"ကိုကို ေသာက္ရင္ ရရကို တိုက္ရမယ္"
"ေကာ္ဖီေတာ့ မရဘူး၊ ဒီမွာ လက္သီး ျမင္လား"
ခ်စ္စႏိုး ေထာင္ျပလိုက္တဲ့ သူ႔ လက္သီးကို ဖမ္းယူကိုင္ၿပီး နမ္းပစ္လိုက္တာမို႔ လူအမ်ားၾကားမွာ ပူပူထူထူ ျဖစ္လာရတယ္။ တခ်ိဳ႕လဲ ျမင္ၾကဟန္နဲ႔ ခ်ာတိတ္နဲ႔ သူ႔ကို ၾကည့္ၿပီး ၿပဳံးေနၾကတယ္။ အသည္းတယားယားနဲ႔ ဆံပင္ေတြကို လွမ္းဖြလိုက္ေတာ့ ကုပ္ကေလး ပုၿပီး ရယ္ျပေနတယ္။
ႏွစ္ေယာက္သား ႏွစ္လို႔စြာ ရယ္ေနရင္း တစ္ဖက္လမ္းက ေဈးဆိုင္ေတြ ရွိရာ ၿပိဳင္တူ လွမ္းၾကည့္မိခ်ိန္မွာ ႏွစ္ေယာက္လုံး ေအးစက္ ေတာင့္တင္းသြားၾကတယ္။ ထိုပုဂၢိဳလ္က သူတို႔ကို ျမင္ဟန္မတူဘဲ ထီးကိုင္ၿပီး သြားေနပုံက အလ်င္စလို ျဖစ္ေနသလို။
ေနရာက ဝုန္းခနဲ ထလိုက္ေတာ့ ခ်ာတိတ္ကပါ လိုက္ထၿပီး သူ႔လက္ေတြကို ဖမ္းကိုင္ရင္း ေခါင္းခါတယ္။ မသြားေစခ်င္လို႔ တားေနမွန္း သိေပမဲ့ အိမ္စာ လုပ္ရမဲ့ အခ်ိန္မွာ အိမ္စာ လုပ္ကို လုပ္ရမွ ေက်နပ္မဲ့ ေက်ာင္းသားတစ္ေယာက္လို သူ႔အာ႐ုံက ခပ္သြက္သြက္ သြားေနတဲ့ ပုဂၢိဳလ္ဆီမွာ။
"ကိုကို"
"ျပန္လာခဲ့မယ္"
"ဟင့္အင္း မသြားပါနဲ႔ေနာ္"
"ဒီကပဲ ေစာင့္"
"ေတာင္းပန္ပါတယ္ ကိုကိုရယ္၊ မသြားပါနဲ႔၊ ရရ ေတာင္းပန္ပါတယ္"
မ်က္ႏွာငယ္ေလးဆီက မ်က္ရည္ေတြ စီးက်လာတာ ျမင္ေပမဲ့ ဒီအခြင့္အေရးက ႏွစ္ခါ မရႏိုင္တာ သူ သိတယ္။ ၾကင္နာစိတ္နဲ႔ ေခါင္းေလးကို အလ်င္စလို ပြတ္ပစ္ခဲ့ၿပီး...
"ကိုကို ျပန္လာမွာပါ၊ ခဏပဲေနာ္"
"ဒါဆို ရရလဲ လိုက္မယ္"
"မိုး႐ြာေနတယ္ ေနခဲ့ေနာ္၊ ျပန္လာခဲ့မယ္"
ေျပာၿပီး ေျပးထြက္သြားတဲ့ ကိုကို႔ ေက်ာျပင္က်ယ္ကို ေငးရင္း ရရ တစ္ကိုယ္လုံး ထိုင္ခုံဆီ ေပ်ာ့ေခြက်သြားတယ္။
ဒါက ရရတို႔ အဆုံးသတ္မ်ားလားလို႔ ေတြးမိေတာ့ မ်က္ရည္ေတြ တားမရ ဆီးမရ။ ဒီရက္ေတြမွာ တည္ေဆာက္ခဲ့သမွ် ႏွစ္ေယာက္ၾကားက ေမတၱာေတြက မျမနဲ႔ ေတြ႕အၿပီးမွာ ကိုကို႔ဆီမွာ က်န္ရွိေနပါအုံးမလား။
အျဖစ္မွန္ေတြ သိသြားၿပီးရင္ မိဘေတြဆီ ကိုကို ျပန္အပ္မွာလား။ ရရကို သြားလိုရာ သြားပါေတာ့လို႔ ကိုကို တြန္းထုတ္လိုက္မွာလား။
လက္ထပ္ခါစက ရရ ကိုယ္တိုင္ ခ်ေရးခဲ့ရတဲ့ စာခ်ဳပ္ကေလးကို သတိရေတာ့ ႏွလုံးသားက မီးျပင္းစနဲ႔ အထိုးခံလိုက္ရသလို ပူျပင္းေလာင္ၿမိဳက္လာတယ္။
"ဆက္ထုံးေတြ ျဖည္ၿပီးတာနဲ႔ ငါတို႔က သူစိမ္းေတြ ျဖစ္သြားၾကမွာပဲ၊ ငါ မင္းကို ဘယ္ေတာ့မွ ဆြဲမထားဘူး" တဲ့။
ကိုကို႔ႏႈတ္က ေျပာခဲ့ဖူးတဲ့ စကားေတြ။
ခ်င္းမိုင္ မိုးက ရရ မ်က္ရည္ေတြကို မေက်ာ္လြန္ႏိုင္သလို စားပြဲခုံေလးေပၚမွာ မ်က္ရည္ေတြ လွ်ံက်လာတယ္။ တခ်ိဳ႕က သိသိသာသာ အကဲခတ္ၾကသလို တခ်ိဳ႕လဲ မသိမသာ အကဲခတ္ေနၾကပါတယ္။
ရွက္ရေကာင္းမွန္း မသိတဲ့ ရရက ကိုကို ေျပးထြက္သြားရာကို ေမွ်ာ္ၾကည့္ၿပီး တုန္ခိုက္စြာ ေစာင့္ေနေပမဲ့ မိုးသာ တိတ္သြားတယ္။ ကိုကိုက ျပန္ေပၚမလာ။ မဟုတ္မွ ကိုကို ရရကို ထားပစ္ခဲ့ၿပီလား။ ရရ လက္ထဲမွာ ဖုန္းလဲမပါ၊ ပိုက္ဆံလဲ မပါ၊ ကိုကို ဝယ္ေပးထားတဲ့ ကလစ္ေလး တစ္ခုသာ ပါပါတယ္။
ညေဈးကို ထြက္လာတုန္းက ဖုန္းထားပစ္ခဲ့တဲ့ ရရကို ကိုကို ဆူေနေသးတယ္။ လူခ်င္း ကြဲသြားရင္ ဘယ္လို လုပ္မလဲတဲ့။ အဲ့တုန္းက ရယ္သြမ္းေသြးၿပီး ေျပာခဲ့တာက...
"လူခ်င္း မကြဲရေအာင္ ကိုကိုနဲ႔ ေကာ္လိုကပ္ထားမွာ သိလား"
ဒီလို ေျပာခဲ့ေပမဲ့ ရရက အၿမဲတမ္း ညံ့ခဲ့ပါတယ္။
ကိုကို႔စကားကို နားမေထာင္ခဲ့တဲ့ ရရအတြက္ သြားစရာ ေျမမရွိ။ အကယ္၍ ကိုကို လာျပန္ေခၚရင္ေတာင္ ကိုကို႔မ်က္ဝန္းေတြက ရရ အတြက္ ေအးစက္သြားမွာလား။ ကိုယ့္လမ္းကိုယ္ ေလွ်ာက္ၾကစို႔လို႔ ကိုကို ေျပာေလမလား။
အခ်ိန္ေတြ တစ္ခ်က္ခ်က္ ေျပာင္းလဲလာၿပီ။ ဂ႐ုဏာသက္သလို ေငးၾကည့္ေနတဲ့ တခ်ိဳ႕ မ်က္ဝန္းဒဏ္ေတြကို ရရ ခံေနရၿပီ။ တုန္ခိုက္ေနစိတ္နဲ႔ သတိတစ္ခ်က္ အလြတ္မွာ လူက ဆိုင္ျပင္ ေရာက္ေနၿပီ။
ေခါင္းငိုက္စိုက္က်လ်က္ ခ်ည့္နဲ႔စြာ ေလွ်ာက္လာခဲ့တာ ပတ္ဝန္းက်င္ကိုလဲ သတိမထားမိ။ သတိရလို႔ ေဝ့ၾကည့္ေတာ့ ေဈးတန္းရွည္ကို အစအနေတာင္ မျမင္ရေတာ့။ ေရာက္ေနတဲ့ ေနရာက လူေျခတိတ္ေနတာမို႔ ပတ္ဝန္းက်င္က ေက်ာခ်မ္းခ်င္စရာ။
အခုမွေတာ့ ရရ ဘယ္သြားရပါမလဲ။ ဒီလမ္းအတိုင္း ျပန္ရင္ေတာင္ ေဈးတန္း ရွိရာ အေရာက္ ျပန္ႏိုင္ပါ့မလား။ ကိုကို ထားခဲ့တဲ့ ေနရာေလးကို ျပန္ဖို႔ေတာင္ ရရ မမွတ္မိ။ ရရက ညံ့တယ္ ဆိုတာထက္ ပိုၿပီး ညံ့ခဲ့မိျပန္ပါၿပီ။
"ကိုကိုေရ"
တီးတိုး ေခၚျမည္လ်က္ လမ္းေဘး ပလက္ေဖာင္းေလးေပၚမွာ ထိုင္ခ်လိုက္ၿပီး မ်က္ႏွာကို ဒူးႏွစ္ဖက္ေပၚ တင္လ်က္ အူလႈိက္သည္းလႈိက္ စတင္ ငိုရႈိက္လိုက္မိတယ္။
ထိုအခိုက္မွာ ကားမီးေရာင္ တစ္ခုကို ျမင္လိုက္ရၿပီး သိပ္မၾကာခင္ ရရေဘးမွာ ရပ္တန႔္သြားတယ္။ ကိုကို မဟုတ္တာ သိတာမို႔ လန႔္တုန္သြားဆဲမွာ ကားေပၚက ဆင္းလာတဲ့ လူက...
"ဘက္ကီ"
"အင္း... ကိုယ္ ဘက္ကီပဲ၊ မ်က္စိေအာက္က လွစ္ခနဲ ေပ်ာက္သြားလို႔ ကိုယ္ ဘယ္ေလာက္ စိတ္ပူသြားရတယ္ မွတ္လဲ၊ လာ ကိုယ္နဲ႔ လိုက္နဲ႔"
ေျပာေျပာဆိုဆို ရရ လက္တစ္ဖက္ကို အတင္းလာဆြဲတာမို႔ ျပန္ေဆာင့္႐ုန္းေပမဲ့ ဘက္ကီ လက္က မလြတ္ေျမာက္ႏိုင္။
"ခင္ဗ်ား ကြၽန္ေတာ့္ကို ေနာက္ေယာင္ခံေနတာလား"
"ေနာက္ေယာင္ခံတာထက္ အဆုံးရႈံး မခံႏိုင္တာ"
"ဘာေတြ လာေျပာေနတာလဲ၊ ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ အာရွာ မဟုတ္ဘူး ဘက္ကီ"
ေဒါသထြက္ထြက္နဲ႔ ေအာ္ပစ္လိုက္ေပမဲ့ ဘက္ကီရဲ႕ အၾကည့္စူးစူးေတြ ရရဆီ နင့္နင့္သီးသီး ေရာက္လာတယ္။ ရရ လက္ကို လႊတ္မေပးတဲ့ အျပင္ အနားကို က်ား႐ိုင္း တစ္ေကာင္လို တိုးကပ္လာၿပီး...
"သိတယ္၊ အာရွာ မဟုတ္တာ သိတာမို႔ ထပ္ထပ္မေျပာနဲ႔"
"သိရင္ ကြၽန္ေတာ့္ကို လႊတ္"
အၿပိဳင္ ေအာ္ေနၾကတာမို႔ အသံေတြက လမ္းမထက္မွာ ဟိန္းထြက္လာတယ္။
"အာရွာ မဟုတ္မွန္း သိတာေတာင္ လိုခ်င္ေနေသးလို႔ ႐ူးေတာ့မယ္ သိလား၊ မိုး ဦး ရ နံ႔"
ရရ အမည္ကို တစ္လုံးခ်င္း ေခၚခ်လိုက္ပုံက ၾကက္သီးထစရာ။ ဘာလို႔လဲ။ ဘာလို႔ ရရဆီမွာမွ ဒီလို အျဖစ္ေတြ လာႀကဳံေနရပါသလဲ။ ကိုကို ဘယ္မွာလဲ။ ကိုကို႔ကို လြမ္းတယ္။
"ကြၽန္ေတာ္ ခင္ဗ်ားကို သေဘာမက်ဘူး သိလား၊ ကိုကို႔ကိုပဲ ခ်စ္တယ္၊ ကိုကိုနဲ႔ပဲ ေနခ်င္တယ္"
"မေျပာနဲ႔၊ အဲ့လို စကားလုံးေတြ ငါ့ကို လာမေျပာနဲ႔"
စူးစူးနစ္နစ္ ေျပာင္းလဲလာတဲ့ ဘက္ကီပုံစံက ေျခာက္ျခားစရာ။ အေနအထားကို တင္းမာလို႔ မျဖစ္တာ နားလည္လာတဲ့ ရရက အသက္ကို ဝေအာင္ ရႉလိုက္မိတယ္။ မ်က္ႏွာကို ႏူးညံ့ေအာင္ ေျပာင္းလိုက္ၿပီးေနာက္...
"ဘက္ကီ ကြၽန္ေတာ္ ေျပာတာ နားေထာင္ေနာ္၊ ကြၽန္ေတာ္တို႔ ေဆး႐ုံ သြားၾကရေအာင္ေနာ္"
ရရ စကားေၾကာင့္ ဘက္ကီက ေအာ္ႀကီးဟစ္က်ယ္ ထရယ္တယ္။
"ငါ့ကို အ႐ူးလို႔ ထင္တဲ့အထဲ မင္းလဲ ပါတာကိုး"
"မဟုတ္ဘူး ဘက္ကီ၊ ဘက္ကီကို အ႐ူးလို႔ နည္းနည္းေလးေတာင္ မထင္ပါဘူး၊ ဒီအတိုင္း ကြၽန္ေတာ္က စိုးရိမ္လို႔ပါ"
လမ္းေဘး ပလက္ေဖာင္းေပၚက အလွစိုက္ထားတဲ့ ပန္းပင္ငယ္ေတြကို ဘက္ကီက အားနဲ႔ လႊဲကန္တယ္။
"လူေတြက ငါ့အနာ က်ပ္မက်ပ္ မသိၾကဘူး၊ ငါ့ကို ေဆးကုလိုက္ရင္ ေပ်ာက္သြားမယ္ပဲ ထင္ေနၾကတာ၊ မင္း သိလား မိုးဦးရနံ႔၊ ငါ သုံးႏွစ္တိတိ ေဆးကုခံရဖူးတယ္၊ အဲ့သုံးႏွစ္အတြင္း ငါ့စိတ္အနာက နည္းနည္းေလးေတာင္ သက္သာမလာေပမဲ့ အရာအားလုံးကို ငါေမ့သြားသလို ဟန္ေဆာင္ျပလိုက္ေတာ့ ဆရာဝန္ေတြကအစ မိဘေတြအဆုံး ငါ့ကို လူေကာင္း ျဖစ္သြားၿပီလို႔ ထင္သြားၾကတယ္၊ မရယ္ရဘူးလား၊ သူတို႔ မသိတာက ဘက္ကီ ဆိုတဲ့ေကာင္က အစတည္းက ဒီေကာင္ပဲ၊ အခုလဲ ဒီေကာင္ပဲ၊ နည္းနည္းေလးေတာင္ ေျပာင္းလဲမသြားဘူး"
ေဒါသေၾကာင့္ ဘက္ကီ ရင္အုပ္က တလႈိက္လႈိက္ ေမာက္တက္လာရင္း ရရ အနား ခ်ဥ္းကပ္လာတယ္။ သူ႔အတိတ္နဲ႔ ရရက ဘာဆိုင္လို႔ ဒီလို အျဖစ္မ်ိဳးကို ရရက ႀကဳံေနရပါသလဲ။
"မင္းမ်က္လုံးထဲ ငါက အ႐ူးလား မိုးဦးရနံ႔"
တစ္လုံးခ်င္း ေမးလိုက္ပုံက ေသြးဆူလြယ္တဲ့ က်ား႐ိုင္းတစ္ေကာင္လို။
"မဟုတ္... မဟုတ္တာ ဘက္ကီ၊ နည္းနည္းေလးေတာင္ အ႐ူးနဲ႔ မတူပါဘူး"
အားတင္း ေျပာလိုက္ေတာ့ ဘက္ကီ မ်က္ႏွာက ႏူးညံ့တဲ့ အသြင္ေျပာင္းသြားၿပီး ရရ ပါးျပင္ကို လက္ဖဝါးနဲ႔ လာထိကပ္တယ္။ ဒါတင္ အားမရ နမ္းရႈိက္ေတာ့မလို တိုးကပ္လာၿပီး...
"မင္းက အာရွာ မဟုတ္မွန္း ကိုယ္ သိသားပဲ"
"ဟင္"
ဆြံ႕အသြားဆဲမွာ ဘက္ကီက ရရ ခါးကို သိမ္းေပြ႕ပစ္တယ္။
"စံပယ္တင္မွဲ႔ ရွိတာခ်င္း တူတယ္၊ သြားတက္ ပါတာခ်င္း တူတယ္၊ မ်က္ႏွာ အမူအရာေလးေတြ တူတယ္ ဆိုေပမဲ့ မိန္းကေလး ျဖစ္တဲ့ အာရွာဘယ္လာထက္ မင္းက ပိုလွတယ္ မိုးဦးရနံ႔"
"ကြၽန္ေတာ့္... ကြၽန္ေတာ့္ကို လႊတ္ပါ"
"အာရွာ မရွိေတာ့ကတည္းက ကိုယ္ ဘယ္သူ႔ကိုမွ မတပ္မက္ဖူးဘူး၊ မင္းနဲ႔မွ..."
"ဘက္ကီ လက္ေတြကို လႊတ္ၿပီး စကားေအးေဆး ေျပာရေအာင္ေနာ္"
"ကိုယ့္ကို လက္ထပ္မလား မိုးဦးရနံ႔"
"ဟမ္"
"မင္း ေျပာေတာ့ ကိုယ္ အ႐ူး မဟုတ္ဘူးလို႔ မင္း ထင္တယ္ဆို"
"အဲ့တာက အဲ့တာပဲ၊ ဘက္ကီ မေမ့နဲ႔၊ ကြၽန္ေတာ္က ေယာက္်ားေလးေနာ္"
"ကိုယ္ ဂ႐ုစိုက္မယ္ ထင္လား၊ ဟိုဘဲနာနဲ႔ေတာင္ မင္း ဟန္ေဆာင္ လက္ထပ္ႏိုင္ေသးတာပဲ"
"ကိုကို႔ကို အဲ့လို မေျပာနဲ႔"
"မေျပာေစခ်င္ရင္ ကိုယ့္ကို လက္ထပ္လိုက္"
"ဘက္ကီ"
ကုန္းေအာ္ပစ္လိုက္ၿပီး ႐ုန္းရင္းဆန္ခတ္ေတြ ျဖစ္ကုန္ၾကေပမဲ့ အ႐ိုင္းဆန္ေနတဲ့ ဘက္ကီလက္က ရရ မလြတ္ေျမာက္ႏိုင္။
"မ႐ုန္းနဲ႔ မိုးဦးရနံ႔၊ မ႐ုန္းနဲ႔၊ လိုခ်င္တာ အၿမဲရေနတဲ့ ဘက္ကီ ဆိုတဲ့ေကာင္ကို လာမျငင္းဆန္နဲ႔"
မီးေမွာင္ေမွာင္ လမ္းကေလးေပၚမွာ ရရ တစ္ကိုယ္လုံး ျမက္ခင္းျပင္ေပၚ တြန္းလွဲခံလိုက္ရတာမို႔ မ်က္ရည္ပူေတြ စီးက်လာမိတယ္။ အားကုန္ ကန္ေက်ာက္ေနေပမဲ့ မလြတ္ေျမာက္ႏိုင္ဘဲ ရရ ပါး႐ိုးေတြ၊ လည္တိုင္ေတြမွာ ဘက္ကီ အနမ္းေတြ က်ေရာက္လာတယ္။
"ကိုကိုေရ"
အားကိုးတႀကီး ျမည္တမ္းမိေပမဲ့ ရရအတြက္ ကူကယ္ရာမရွိ။
ဒီလူ႔ရဲ႕ အဓမၼ ျပဳက်င့္ျခင္းသာ ခံရမယ္ဆို ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ဖို႔အထိ ေတြးေနတုန္း ရရကို ခ်ဳပ္ေႏွာင္ထားတဲ့ ဘက္ကီ လက္ေတြ ျပဳတ္ထြက္သြားၿပီး တစ္စုံတစ္ေယာက္က ရရနဲ႔ ေဝးရာဆီ ဘက္ကီကို ကုပ္ကေန ဆြဲခ်သြားၿပီးေနာက္ တစ္ဆက္တည္းမွာ အားနဲ႔ ပစ္ထိုးတဲ့ လက္သီးသံေတြ တရစပ္ ထြက္လာတယ္။
"ခြပ္... ခြပ္... ခြပ္"
"မင္းကမ်ား... မင္းကမ်ား... မင္းကမ်ား"
"ကိုကို"
ကိုကို႔ေက်ာျပင္ကို ေျပးဖက္ၿပီး အတင္း ဝင္ဆြဲေနေပမဲ့ ကိုကိုက မရပ္တန႔္။ အသိစိတ္လြတ္ေနသူလို ဘက္ကီဆီ ဦးတည္ေနဆဲ။ လက္သီးတစ္ခ်က္ ေျမာက္တက္သြားၿပီး ျပန္က်လာတိုင္း ဘက္ကီ မ်က္ႏွာမွာ ေသြးေတြ ဖြားခနဲ လြင့္စင္လာတယ္။
"ေတာင္းပန္ပါတယ္ ကိုကိုရယ္၊ သူ ေသသြားလိမ့္မယ္ သိလား၊ ရရ ကိုကို႔ကို အဲ့လို အျဖစ္မခံႏိုင္လို႔ပါ၊ ရရ ေတာင္းပန္ပါတယ္ ကိုကိုရယ္၊ ရရေၾကာင့္ မ႐ူးမိုက္ပါနဲ႔ေနာ္၊ ေတာင္းပန္ပါတယ္၊ ေတာ္ပါေတာ့ေနာ္"
ငိုယို တားျမစ္သံေလးနဲ႔အတူ သူ႔ေဘးမွာ ပုံခနဲ ေခြက်သြားတဲ့ ကေလးကို ျမင္မွ ဘက္ကီကို လႊတ္ခ်ခဲ့ၿပီး ခ်ာတိတ္ဆီ အေျပးလွမ္းသြားမိတယ္။ သူ႔ရင္ထဲမွာ မီးေတာက္ေနတာ ေျဖေဆးမရွိ။ ေတာ္ေသးတာေပါ့လို႔ ေတြးလိုက္မိတိုင္း ေဆာက္တည္ရာ မဲ့ခ်င္လာတယ္။
မိုက္လိုက္တဲ့ ကေလး။ ဘာလို႔မ်ား ထားခဲ့တဲ့ ေနရာမွာ ၿငိမ္ၿငိမ္ေလး ေစာင့္မေနရပါသလဲ။ ဒါ့ထက္ သူကေကာ ဘာေၾကာင့္ ကေလးကို ထားပစ္ခဲ့ရပါသလဲ။ သူဟာ မေကာင္းတဲ့ေကာင္ပဲလို႔ ထပ္ခါထပ္ခါ ေတြးေနမိတုန္း...
"ကိုကို"
"မငိုပါနဲ႔၊ မငိုပါနဲ႔ေတာ့ကြာ"
ကမူးရႉးထိုး ေပြ႕ဖက္လို႔ ပါးျပင္ႏုႏုကို နမ္းရႈိက္မိခ်ိန္မွာ နာနာက်င္က်င္ ငိုယိုသံေလးကို ၾကားေနရၿပီး မလုံေလာက္သလို သူ႔ရင္ခြင္ထဲ ထပ္ခါထပ္ခါ တိုးဝင္ေနပုံေလးက သနားစရာ။
"ေတာင္းပန္ပါတယ္ ကိုကိုရယ္၊ ရရကို မထားခဲ့ပါနဲ႔ေနာ္၊ အဲ့လိုဆို... အဲ့လိုဆို ရရ ေသပစ္လိုက္မွာ သိလား၊ ကိုကို မရွိရင္ ရရ ေသပစ္လိုက္မွာ"
"ကေလးရယ္၊ ကိုကို႔ကေလးေလးရယ္"
ခဏအၾကာ သူ႔တို႔ေဘး ပတ္ပတ္လည္မွာ ကားေတြ ထိုးရပ္လာၿပီး လူေတြ အမ်ားႀကီး ေရာက္လာၾကတယ္။ ရဲေတြလို႔ ထင္လိုက္ေပမဲ့ သူ ထင္တာ မဟုတ္။ ငိုယိုသံေတြ၊ ေပြ႕ဖက္သံေတြ၊ ယူႀကဳံးမရသံေတြ ၾကားေနရေပမဲ့ သူ နားမေထာင္ခ်င္ေတာ့။
ခ်ာတိတ္ေလးကို ေပြ႕ဖက္ၿပီး ထရပ္လိုက္ေတာ့ အနားကို လက္႐ုံးသစ္ ေရာက္လာတယ္။
"ေတာင္းပန္ပါတယ္ ခင္ဗ်ာ၊ ထပ္ၿပီး ေတာင္းပန္ပါတယ္"
ေျမႀကီးကို ထိလုမတတ္ ဦးၫြတ္ေတာင္းပန္ေနေပမဲ့ ခြင့္လႊတ္ဖို႔ စိတ္ကူးမရွိ။ အဇဋာ ဆိုတဲ့ ေကာင္က ခ်စ္ရသူကို နာက်င္ေစသူတိုင္း ဆယ္ဆမက ျပန္ခံစားေစခ်င္တာ။ ခ်ာတိတ္ကို နာက်င္ေစသူထဲမွာ သူကိုယ္တိုင္ ပါရင္ေတာင္ ကိုယ့္ကိုယ္ကိုယ္ ခြင့္လႊတ္မွာ မဟုတ္။
"ကိုယ့္ခ်ာတိတ္ ဝင္တားလို႔ ဒီေလာက္နဲ႔ ေလွ်ာ္လိုက္တယ္ မွတ္ပါ"
"သိပါတယ္ ခင္ဗ်ာ၊ ကြၽန္ေတာ္တို႔ သိပါတယ္"
"ေနာက္တစ္ခါ မ်က္စိေရွ႕ ေပၚမလာေစနဲ႔၊ အဲ့အခါက် ႀကိဳးစင္ တက္ရမယ္ ဆိုရင္ေတာင္ ကိုယ္ ဂ႐ုမစိုက္မွာ မဟုတ္ဘူး၊ မင္းတို႔ သိေအာင္ ေျပာလိုက္မယ္၊ မိုးဦးရနံ႔ကို ဟန္ေဆာင္ လက္ထပ္ထားတာ မဟုတ္ဘူး"
ေျပာေနလ်က္ ခ်ာတိတ္ မ်က္ႏွာေလးကို ျမတ္ႏိုးမဝသလို ငုံ႔ၾကည့္လိုက္မိတယ္။
"ခ်စ္လြန္းလို႔၊ သူနဲ႔အတူဆို ဘယ္လို ေသာကကိုမွ ျပန္ေတြးခ်ိန္ မရွိေအာင္ စိတ္သက္သာရာ ရလြန္းလို႔၊ အနားမွာ ရွိေနရင္ကို အားေတြ ျပည့္လာလို႔၊ ဒီလို အေၾကာင္းျပခ်က္ေတြ အမ်ားႀကီးထဲကမွ ျမတ္ႏိုးလြန္းလို႔ လက္ထပ္ခဲ့တာ အမွန္တရားပဲ၊ ေနာက္တစ္ခါ ကိုယ့္အိမ္သားကို လာမပတ္သက္ဖို႔ မင္းတို႔ တစ္မ်ိဳးလုံး သိေအာင္ ေျပာထားလိုက္"
ေျပာၿပီးတာနဲ႔ ခ်ာတိတ္ကို ေပြ႕ပိုက္လ်က္ ေနရာက ခ်ာခနဲ လွည့္ထြက္လာမိတယ္။ လိုက္ပို႔ပါရေစလို႔ လွမ္းေျပာတဲ့ လက္႐ုံး စကားကို မၾကားဟန္ ေဆာင္လာမိတယ္။ ဒီအတိုင္း ဟိုတယ္ ေရာက္ေအာင္ ေလွ်ာက္ရမယ္ ဆိုလဲ သူ လုပ္မိမွာပါပဲ။
ရင္ခြင္ထဲမွာ မ်က္လုံးေလး ေမွးမွိတ္ထားတဲ့ ေကာင္ေလးက လြတ္ထြက္သြားမွာ စိုး႐ြံ႕သလို သူ႔ရင္ဘတ္ အက်ႌစကို ဆုပ္ကိုင္ထားလ်က္ တစ္ခ်က္တစ္ခ်က္ ရႈိက္ေနေသးတာမို႔ သူ႔ရင္ထဲ ဆို႔နင့္ နာက်င္ေနတယ္။
"ကိုကိုက မေကာင္းဘူးမို႔လား"
"ဟင့္အင္း"
"ကိုကိုက လူဆိုးေနာ္"
"မဟုတ္တာပါ ကိုကိုရယ္"
"ကိုကို႔ကို မုန္းလား"
"ဟင့္အင္း"
မ်က္ရည္စီးေၾကာင္းေလးကို ဖိနမ္းလိုက္မိေတာ့ သူ႔လည္တိုင္ကို ျပန္သိုင္းဖက္ၿပီး ခ်ာတိတ္ ႏႈတ္ခမ္းေႏြးေႏြးေလးက သူ႔ေမးဖ်ားဆီ ေရာက္လာတယ္။
"ရရကို မထားခဲ့ပါနဲ႔ေနာ္"
"အင္း... ခ်ာတိတ္ မရွိရင္ ကိုကို ေသသြားမွာ ထင္တယ္"
"ဟင္"
"ခ်ာတိတ္ မသိလို႔ပါ၊ ကိုကိုကေလ မင္း မရွိလို႔ မျဖစ္ဘူး သိလား၊ ခ်ာတိတ္က တကယ္ကို ကိုယ့္အသက္ရဲ႕ မွီတည္ရာ ေရေသာက္ျမစ္ကေလးပါပဲ"
^^
ဆက္ရန္
ခ်စ္တဲ့ အသြဲ႕^^
၅.၁၁.၂၀၂၂ စေနေန႔
(မအားတဲ့ၾကားက အခ်ိန္လုေရးၿပီး ေရးၿပီးသမွ် အကုန္အစင္ တင္ေပးတယ္ ဆိုတာက On Going လိုက္ေပးတဲ့ တစ္ဦးတစ္ေယာက္ခ်င္း အတြက္ အသြဲ႕ ျပန္ေပးႏိုင္တဲ့ ေမတၱာပါ။ ေနာက္ရက္ထဲေတာ့ မအားလပ္တာမို႔ တစ္ပတ္တိတိ ၾကာမွ ျပန္လာပါရေစေနာ္။ ၁၂.၁၁.၂၀၂၂ မွာ ျပန္ဆုံပါ့မယ္။ က်န္းမာခ်မ္းေျမ့ၾကပါေစ)
+++++