"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက...

By callmefrangi

2.6M 210K 52.4K

"ကိုကို့ စိတ်အနာတွေဟာ ရရကြောင့်များ သက်သာခဲ့မယ် ဆိုရင် ကိုကို့အနာဂတ်မှာ ပန်းတွေ ဝေစေပြီး ရရ အနာဂတ်မှာ ပန်းတွေ... More

"Welcome Back"
အခန်း- ၁
အခန်း- ၂
အခန်း- ၃
အခန်း- ၄
အခန်း- ၅
အခန်း- ၆
အခန်း- ၇
အခန်း- ၈
အခန်း- ၉
အခန်း- ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
PLEASE READ IT
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
PLEASE 🥺
အခန်း - ၄၄
အခန်း - ၄၅
ဇာတ်သိမ်းပိုင်း
အချပ်ပို ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Announcement
"Book Order Alert"

အခန်း - ၁၆

46.7K 4.2K 346
By callmefrangi

UNICODE

ကိုကို့ကားလေး ထွက်သွားကတည်းက ခြံတံခါး ပိတ်ပြီး အိမ်ထဲ ပြန်ဝင်လာမိတယ်။ ထုံးစံအတိုင်း ပိတ်ရက်မို့ လုပ်စရာတွေ များပေမဲ့ ကိုကိုက ပိုပင်ပန်းတာပေါ့လို့ တွေးမိတော့ စိတ်မကောင်း ဖြစ်သွားတယ်။

စနေ တနင်္ဂနွေတွေဟာ ပိတ်ရက် ဆိုပေမဲ့ ကိုကို နားတာ သိပ်မတွေ့ရ။ မိုးလင်းတာနဲ့ အလုပ်ရှိရာ ကိုကို ထွက်သွားတတ်မြဲ။ အတူနေတာ ကိုးလနီးပါး ဖြစ်လာမှ ကိုကိုက အလုပ်သရဲမှန်း ပိုသိလာခဲ့တယ်။

ဒီတစ်ပတ်လုံး ကိုကို အလုပ်များနေပါတယ်။

ညဘက်တွေ အိပ်တာ ညဉ့်နက်ပုံ ရပြီး မနက်စောစောမှာလဲ ကွန်ပျူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တယ်။ စိတ်မကောင်း ဖြစ်မိတဲ့ ရရက ကူပေးရမလား ဆိုလဲ ကိုကိုက ခေါင်းခါတယ်။ ပြီးရင် ရယ်မြူးရိပ်တွေနဲ့ ပြောတာက...

"ကျေးဇူးတင်ပေမဲ့ ခင်ဗျား ကူလို့ မရတဲ့ အရာတွေပါဗျာ" တဲ့။

"ကိုကိုကလဲ ရရက နလပိန်းတုန်း မဟုတ်ပါဘူးနော်၊ ဆယ်တန်းမှာ ဘာသာစုံ ဂုဏ်ထူး ထွက်ထားတာ သိလား"

ဒီလို အတွန့်တက်ရင် ကိုကိုက ခေါင်းခါယမ်းရင်း ပြုံးတယ်။ အလုပ်နဲ့ လက်လဲ မပျက်စေဘဲ...

"အင်း... ဘာသာစုံ ထွက်ထားလဲ မရဘူးဗျာ"

"ကိုကို ဒေတာတွေ ဖြည့်နေတာမို့လား၊ ဒီလောက်က အသာလေးများ ဟွန့်"

မကျေမချမ်းနဲ့ ကိုကို့ ကွန်ပျူတာကို သွားငုံ့ကြည့်ရင် ကိုကိုက အသံထွက်အောင် ရယ်တတ်တယ်။

"အဲ့ဒီ ဒေတာလေးတွေမို့ ကူဖြည့်လို့ မရတာ ဟုတ်ပြီလား"

"ကိုကိုကလဲ"

အနားမှာ သွားစပ်စုတဲ့ ရရ ပါးပြင်ကို လက်နှစ်ဖက်နဲ့ ဖိအုပ်ကိုင်ပြီး အသည်းယားသလို ဘယ်ညာ ယမ်းပစ်တတ်ပေမဲ့ ရရ မူးလာပြီ ထင်တာနဲ့ ကိုကိုက ချက်ချင်း လွှတ်ပေးတတ်ပါတယ်။

"ကိုယ့် လက်ထောက်ကိုတောင် လုပ်ခိုင်းလို့ မရလို့ ကိုယ်တိုင် လုပ်နေတာ၊ သိပြီလား"

"ရရ ကူညီချင်တယ်လို့"

"ဒါတော့ တကယ် ခိုင်းလို့ မဖြစ်ပေမဲ့ ကူညီချင်သပဆို သံပရာရည် ဖျော်ပေးမလား"

"ရတာပေါ့ ကိုကိုရဲ့၊ ကိုကို လိုချင်တာ မှန်သမျှ ဟတ်ချလောင်းပဲ သိလား"

ရရ ဆံပင်တွေကို ဆွဲဖွလိုက်တဲ့ ကိုကိုက...

"အင်း ချဉ်ချဉ်လေး"

"ချဉ်ရုံမက ကိုကို ပြုံးသွားစေရမယ်၊ စိတ်ချ"

ကျီစယ်လိုက်တော့ ကိုကို ပြုံးနေတယ်။ ပြီးရင် ရရ ဖျော်တိုက်တဲ့ သံပရာရည်ကို ကျေးဇူးတင်စွာ သောက်သုံးပါတယ်။

ဒီရက်ပိုင်း ကိုကို့အပေါ် စကားတွေ ကျွံနေမိပြီး နှစ်ကိုယ်တူ ချစ်နေကြတဲ့ လူတွေလို ဟန်မူပို ဆိုးနွဲ့မိပေမဲ့ ထူးဆန်းဟန် မရှိဘဲ ကိုကိုက မသိဟန်ဆောင်ပေးခဲ့တယ်။

လက်ပွန်းတတီး ဖြစ်လာခဲ့တဲ့ နေ့ရက်တွေမှာ ကိုကိုတော့ ဘယ်လိုနေမယ် မသိ။ ရရကတော့ အရင်ထက် မြတ်နိုးစွာ အားကိုးလာမိသလို ဒီယောက်ျားဟာ ရရအတွက် အချစ်ဦး၊ အချစ်ဆုံး ဆိုတာ တုနှိုင်းမဲ့ သေချာလာခဲ့ပါတယ်။

ရရ အပေါ် ကိုကို တစ်ခါ ကြင်နာလေတိုင်း မမသက်လျာကို ပိုနားလည်လာတယ်။ မိဘတွေနဲ့ လဲနိုင်တဲ့အထိ ကိုကို့အပေါ် ယုံကြည်ကိုးစားမှုကို ကိုယ်ချင်းစာလာတယ်။

ညီမလေး သေးသေးလေးကို ချီပိုး ချော့မြှူခဲ့ရပေမဲ့ ကိုယ်တိုင်လဲ အရွယ် မရောက်သေးတဲ့ ကိုကို့ပုံစံလေးကို မှန်းဆ မြင်ယောင်မိတော့ ယဲ့ယဲ့ကလေး ပြုံးမိပြန်တယ်။

ဒီလို တွေးမိချိန်တိုင်း မမသက်လျာ အသံလေးကလဲ ရရ နားထဲ တဝဲလည်လည်။

"မောင်ငယ်လေး သိလား၊ ကိုကိုကလေ ကိုယ်တိုင် နာကျင်နေပေမဲ့ မိဘတွေကို မမုန်းမိဖို့ မမကို အမြဲသွန်သင်လေ့ ရှိတယ်၊ ဒါကြောင့်ပဲ အရွယ် ရောက်လာတာနဲ့အမျှ ဒယ်ဒီနဲ့ မာမီ့အပေါ် မမ မုန်းတီးမှုက အရောင်လျော့လာတယ် ထင်တာပါပဲ"

"ကိုကိုက အစ်ကိုကြီး အဖရာ ပီသလိုက်တာနော်"

ဒီလို ပြောရင် ကျေနပ်သလို မမက ကြည်နူးစွာ ရယ်တယ်။

"မိဘတွေ စွန့်ပစ်ခဲ့တဲ့ အချိန်က နှစ်ယောက်လုံး လူမမယ်လေးတွေ ဆိုပေမဲ့ မမကို ဝလင်အောင် မကျွေးနိုင်မှာ ကိုကို အမြဲ ပူပန်ခဲ့ပုံပါပဲ၊ မဟုတ်လဲ မိဘတွေက ဘယ်ကာလထိ ငွေပို့ပေးမယ် ဆိုတာ မမတို့ မမှန်းဆနိုင်ခဲ့ဘူးလေ၊ မမကို ကျောပေါ် တင်ထားတဲ့ ကိုကိုက လှိုင်ရပ်ကွက်တွေ အတွင်းက ဈေးဆိုင်ကလေးတွေဆီမှာ ကျောင်းပိတ်ရက်တိုင်း အလုပ် လိုက်တောင်းခဲ့ဖူးတာ ဘယ်တုန်းကမှ မမေ့နိုင်ခဲ့ဘူး သိလား"

"ဟင်"

ရရ အံ့ဩသွားရင် မမက ရရ ခေါင်းလေးကို ဖွဖွပုတ်တတ်တယ်။

"ဘယ်သူက အလုပ်ပေးမှာလဲ မောင်ငယ်လေးရယ်၊ အရပ် ကလန်ကလားနဲ့ ကောင်လေးကို အလုပ် ပေးချင်ရင်တောင် ကိုကို့ဘေးမှာ မမက ကပ်ပါးကောင်လို အမြဲပါနေခဲ့တာလေ၊ ငယ်ငယ်ကဆို မမက သိပ်ချူချာလို့ ကိုကို စိတ်မချနိုင်တာ သိလား၊ တချို့ကလဲ ပြောတာပေါ့နော်၊ မင်း ညီမလေး မပါရင် အလုပ်ပေးမယ် လာခဲ့တဲ့၊ အဲ့လို ပြောတဲ့ ဆိုင်တွေဆို ကိုကို ထပ်မသွားတော့ဘူး သိလား၊ မမကို သိမ်ငယ်သွားမှာ ကိုကို သိပ်ကြောက်ခဲ့တာ"

ကိုယ်တိုင် မမြင်ဖူးခဲ့တဲ့ မမတို့ အတိတ်တွေ ဆိုပေမဲ့ ရရ ဘဝနဲ့ မမတို့က ဘာကြောင့်များ အဲ့သလောက် ကွာခဲ့ရတာလဲ။ ရရရဲ့ ပျော်ရွှင်စရာကောင်းခဲ့တဲ့ ငယ်ဘဝလေးကို အခွင့်ရှိရင် ခွဲပေးချင်လောက်တဲ့အထိ ကိုကိုနဲ့ မမအပေါ် ကရုဏာသက်ခဲ့ရပါတယ်။

"နောက်တော့ ကိုကိုက ပြောတယ် သိလား၊ လောကမှာ လူပုံအလည် ပွဲလယ် တင့်နိုင်ဖို့ဆို ပညာ၊ ငွေကြေး သို့မဟုတ် အဆက်အသွယ်ကောင်း၊ ဒီသုံးခုထဲက တစ်ခုခု ရှိမှ ဖြစ်နိုင်မှာတဲ့၊ ကိုကိုတို့မှာ တစ်ခုမှ မရှိရင် နောင်နှစ်ပေါင်း များစွာမှာလဲ ကိုကိုတို့ မောင်နှမက အခုလိုပဲ ငိုနေရမှာတဲ့၊ ကိုကိုတို့ရဲ့ အခုအခြေအနေမှာ ငွေကြေးနဲ့ အဆက်အသွယ်ကောင်း ဆိုတာ မရနိုင်လို့ ပညာတစ်ခုသာ အားကိုးရာပါ ညီမလေးရယ်၊ မိဘတွေကို နာကြည်းနေမဲ့အစား စာသာ ကြိုးစားပါတဲ့၊ လူချွန်လူမွန် ဖြစ်သွားတဲ့အခါ ငွေကြေးနဲ့ အဆက်အသွယ်ကောင်းက အလိုလိုနေရင်း ကပ်ပါ လာပါလိမ့်မယ်တဲ့"

ထိုစကားတွေ မမဆီက ကြားဖူးစဉ်ကတည်းက ကိုကို့အပေါ် လေးစားခြင်းတွေ စတင်ခဲ့တာပါပဲ။ ကိုကိုဟာ ဘယ်လောက်များ ရင့်ကျက်လိုက်ပါသလဲနော်။

"ဒီလို ဆိုပေမဲ့ တကယ်တမ်းသာ စားဝတ်နေရေး ခက်ခဲလာခဲ့ရင် မမကိုသာ ကျောင်းဆက်ထားပြီး ကိုကို အလုပ်ထွက်လုပ်မယ် ဆိုတာ မမ သိပြီးသားပါ၊ ကံကောင်းတာ တစ်ခုက မိဘတွေဆီက လစဉ်ငွေက ပြတ်တောက် မသွားတာမို့ မောင်နှမ နှစ်ယောက်လုံး ကျောင်းဆက်တက်နိုင်ခဲ့တယ်လေ"

"တော်သေးတာပေါ့ မမရယ်"

"ဒီလို ဆိုပေမဲ့ မမတို့မှာ ငွေပိုဆိုတာ နည်းနည်းလေးတောင် မရှိဘူး သိလား၊ လကုန်ရက် ရောက်တိုင်း တစ်လစာ စားသောက်ဖို့အတွက် စာအိတ်တစ်လုံးနဲ့ ငွေရောက်လာတာက လွဲရင် အရေးအကြောင်းဆို သုံးစရာ တကယ် မရှိဘူး၊ တိုင်းထွာ သုံးစွဲရတဲ့ ကိုကိုက မမ သရေစာ စားချင်လို့ ပူဆာတိုင်း ဖြည့်ဆည်း ပေးတတ်ပေမဲ့ ငွေပြတ်သွားလို့ ဝယ်မကျွေးနိုင်တဲ့အခါ ကိုကို ကြိတ်ငိုတာ မြင်လိုက်ရမှ မမ မုန့်မတောင်း ဖြစ်တော့တာ"

"မမရယ်"

ဒါတွေ ပြောတိုင်း မမ မျက်ရည်ကျသလို ရရလဲ ဆို့နင့်နေမိတယ်။

"အဲ့ဒီတစ်ရက်က မမ အကြီးအကျယ် နေမကောင်းဖြစ်ခဲ့တယ် သိလား၊ သတိက လည်လိုက်၊ မလည်လိုက် ဖြစ်အောင် အများကြီး နေမကောင်း ဖြစ်ခဲ့တာ၊ မမကိုယ်မမ သေပြီ ထင်ခဲ့ပေမဲ့ ကိုကို့ မေတ္တာကြောင့် ရှင်သန်နိုင်ခဲ့တာလေ"

"မမ ဘယ်အရွယ်တုန်းကလဲဟင်"

"အင်း... ၇ နှစ်လောက်က ဖြစ်မယ် ထင်တယ်၊ အဲ့တုန်းက ကိုကို ကိုးတန်းလေ"

"ဟုတ်ကဲ့ မမ"

"လကုန်သွားပေမဲ့ ငွေရောက်မလာသေးတဲ့ ရက်ပေါ့၊ သတိလစ်နေတဲ့ မမကို ကျောပေါ်တင်ပြီး ကိုကို အရူးတစ်ယောက်လိုပဲ၊ ဟိုပြေး ဒီပြေးနဲ့ သိပ်သနားစရာ ကောင်းခဲ့တာ၊ ရပ်ကွက် ဆေးခန်းတွေက ဆေးရုံတင်ရမယ်လို့ ပြောလိုက်ပေမဲ့ မမတို့မှာ ငွေလုံလောက်မှု မရှိဘူးလေ၊ နောက်ဆုံး ဖြစ်ချင်ရာဖြစ် မမကို ပွေ့ပြီး ရန်ကုန် ဆေးရုံကြီးကို ကိုကို ခေါ်သွားတယ်"

မျက်ရည်တွေ အပြည့်နဲ့ အားငယ် ကြောက်လန့်နေခဲ့မဲ့ ကိုကို့ပုံစံကို နှလုံးသားနဲ့ ပုံဖော်ကြည့်ခဲ့မိတယ်။ ကိုကိုက ဘယ်လောက်များ ကြင်နာ မြတ်နိုးတတ်လိုက်ပါသလဲ။ ညီမလေးကို ဘယ်လောက်များ ချစ်ခင်ယုယခဲ့မှာလဲ။

"ဆေးရုံ ကုတင်ပေါ်မှာ မမ သတိလည်လာချိန် ဆေးစာရွက်ကိုင်ပြီး ကိုကို ကြိတ်ငိုနေတာ မြင်လိုက်ရတော့ မမလေ အဲ့ခဏလေးအတွင်း ဆေးရုံ ပြတင်းပေါက်ကနေ ခုန်ဆင်းချင်လောက်အောင် ဝမ်းနည်းခဲ့ရတာ၊ ကိုကို့အပေါ် မမက အများကြီး ဝန်ထုတ်ဝန်ပိုး ဖြစ်စေခဲ့တာလေ"

မောရင် နားလိုက်၊ ခဏနေရင် စကားပြန်ဆက်လိုက်နဲ့ မမ ပါးပြင်မှာလဲ မျက်ရည်တွေ စိုစွတ်လို့။

"စာသိပ်တော်တဲ့ ကိုကိုက ကျောင်းမှာဆို ဆရာတိုင်းရဲ့ သတိထား ကြည့်ခြင်း ခံရတာမို့ ကိုကို ကျောင်းပျက်ရင် လူတိုင်း သိတယ် မောင်ငယ်လေးရဲ့၊ ကိုကို့ အတန်းပိုင် ဆရာမ အပျိုကြီးက မမတို့ သတင်းကို ကြားတော့ ဆေးရုံကို အပြေး လိုက်လာတယ်လေ၊ လိုသမျှ စီစဉ်ပေးပြီး ကိုကို့ကိုလဲ မဆက်သွယ်လို့ ဆူခဲ့တာပေါ့၊ ဘယ်တုန်းကမှ လူမြင်အောင် မငိုဖူးတဲ့ ကိုကိုက အဲ့နေ့မှာ ဆရာမကြီး ခြေဖျားကို ဦးတိုက်လို့ ဝမ်းပန်းတနည်း ငိုခဲ့တယ်လေ"

ဒီစကားကြားစဉ်မှာ ရှိုက်သံတွေ ထွက်သည်အထိ ရရ ငိုပစ်လိုက်မိတယ်။

"အဲ့ဒီနောက်ပိုင်း ဆရာမကြီးက မမတို့အတွက် တစ်ခုတည်းသော အလင်းရောင်လေး ဖြစ်လာခဲ့တယ်၊ ဆရာမကြီးဆီက အကူအညီတစ်ခု ယူပြီးတိုင်း လုပ်အားတစ်ခုနဲ့ ပြန်ပေးဆပ်တတ်တဲ့ ကိုကို့ကို ဆရာမကြီးက ပိုပြီး ကရုဏာ သက်လာခဲ့တယ်၊ ထက်မြက် လိမ္မာလွန်းတဲ့ ကလေးမို့ မြေတောင်မြှောက်ပေးချင်တာလဲ ပါတာပေါ့ကွယ်"

ရရ မျက်ရည်တွေကို လက်မလေးနဲ့ ဖွဖွသုတ်ပေးတဲ့ မမက ရရကို ချစ်စနိုး ကြည့်တယ်။

"ကိုကိုက သိပ်တော်တာ မောင်ငယ်လေးရဲ့၊ ဆရာမကြီးရဲ့ စီစဉ်ပေးမှုနဲ့ ကိုးတန်း ဖြေပြီးကတည်းက ဆရာမကြီး အိမ်မှာ ကျူရှင် ပြန်ပြတယ် သိလား၊ သူငယ်တန်းကနေ ကိုးတန်းအထိ ကိုကို အကုန်သင်နိုင်တယ်လေ၊ အသင်အပြ ကောင်းလွန်းလို့ မိဘတွေကြားလဲ နာမည်ရလာခဲ့တယ်၊ အဲ့အချိန်မှာ ဆယ်တန်းစာကိုလဲ တစ်စိုက်မက်မက် ကိုကို ကြိုလုပ်နေခဲ့ပြီ၊ မမကို ပညာတတ်ကြီး ဖြစ်စေချင်ပေမဲ့ မမက ကိုကို့လောက် ဉာဏ်မကောင်းပါဘူး မောင်ငယ်လေးရယ်"

"ကိုကိုက တော်လိုက်တာနော်"

"လောကဓံကို ခါးစီးခံခဲ့ရလို့ ဘဝနာခဲ့တာ ဖြစ်မယ် မောင်ငယ်လေးရဲ့၊ မမကျတော့ ကိုယ်တိုင် ကြုံခဲ့ရပေမဲ့ ကိုကို့ အရိပ်ပဲ လှုံခဲ့ရတာမို့ ခါးစီး မခံခဲ့ရဘူးလေ၊ အင်း... ပြောရမယ်ဆို မမတို့ မောင်နှမ အဲ့ကတည်းက ချောင်လည်လာတယ် ဆိုပါတော့၊ ရပ်ကွက်ထဲလဲ အမိမဲ့သား ရေနည်းငါးအဖြစ် လူအထင်သေး ခံခဲ့ရတာကနေ နေ့ချင်းညချင်း လူရိုသေ ရှင်ရိုသေ ဖြစ်လာတာပေါ့၊ ကိုကို့ကို ဆရာလေးလို့ လူတွေ ခေါ်ကြတိုင်း ပြုံးနေတဲ့ ကိုကို့ကို မမ သိပ်ချစ်ခဲ့တာ သိလား"

"ရရတော့လေ အဲ့ကာလက ကိုကိုနဲ့မမကို သိပ်တွေ့ဖူးချင်တာပဲ"

ဒီလို ပြောရင် မမက ရယ်တယ်။

"ဘယ်သူနဲ့မှ မိတ်ဆက် မပေးချင်လောက်အောင် ကိုကို့ကို အူတိုပေမဲ့ မောင်ငယ်လေးကတော့ ခြွင်းချက်ပဲ သိလား၊ မမ ယုံကြည်တယ်၊ ကလေး ချစ်တတ်တဲ့ ကိုကိုက မောင်ငယ်လေးကို မြင်တာနဲ့ အများကြီး ချစ်သွားမှာ ကျိန်းသေတယ်"

မမ စကားမှာ ပါးကလေးနှစ်ဖက် ပူနွေးလာသလိုနှယ်။ ရရလဲ ကိုကို့ကို အများကြီး တွေ့ဖူးချင်ခဲ့တဲ့ ကာလတွေပါပဲ။

"ကိုကိုက ဒိန်းမတ်ကို ဘယ်လို ရောက်သွားတာလဲ မမ"

ဒီမေးခွန်းမှာ မမ မျက်နှာလေး ဝင့်ခနဲ ဖြစ်သွားပုံက အစ်ကို ဖြစ်သူအတွက် ဂုဏ်ယူ ဝမ်းမြောက်နေဟန်။

"ဆယ်တန်းမှာ ကိုကိုက The Whole Burma No 2 ချိတ်တယ်လေ"

"ဟင်"

"ဟုတ်တယ် မောင်ငယ်လေးရဲ့၊ အဆင့်တစ်သမားနဲ့ တစ်မှတ်ပဲ ကွာတာ သိလား"

နားထောင်နေရင်း ကြက်သီးထလာတာ တားမရ။ ကိုကို့လို လူရည်ချွန် ဖြစ်ချင်ခဲ့တာလဲ အဲ့ကတည်းကပါပဲ။

"ရွေးချယ်စရာ စကောလားရှစ် ပရိုဂရမ်တွေက ကိုကို့အတွက် အများသားပေါ့ မောင်ငယ်လေးရယ်၊ အဲ့ထဲကမှ ဆရာဝန်၊ အင်ဂျင်နီယာ ဘာတစ်ခုမှ မဖြစ်ချင်တဲ့ ကိုကိုက သူ စိတ်ဝင်စားတဲ့ အဆင့်မြင့် အိမ်သုတ်ဆေး နည်းပညာကို ထိပ်ဆုံး ရောက်အောင် ဆည်းပူးမယ် ဆိုပြီး ဒိန်းမတ်ကို ရွေးခဲ့တယ်၊ ကိုကို့ စကောလားရှစ်က ဘယ်လောက်များ ဆုကြေး မြင့်သလဲဆို ကိုကိုတင်မက မမပါ ဖူလုံခဲ့တယ်လေ"

"အဲ့ကတည်းက မမတစ်ယောက်တည်း ကျန်ခဲ့ရတာပေါ့နော်"

"ဆိုပေမဲ့ တစ်ယောက်တည်းတော့ မဟုတ်ပါဘူးကွယ်၊ မမြက ကိုကို့ဆရာမကြီးရဲ့ တူမဝမ်းကွဲ တော်စပ်တယ်လေ၊ ကိုကို သွားမယ် ဆိုကတည်းက မမြက မမဆီ ရောက်လာခဲ့ပြီး ညီအစ်မ အရင်းလေးလို စောင့်ရှောက်ပေးခဲ့လို့လဲ ကိုကို စိတ်ချလက်ချ ပညာသင် သွားနိုင်ခဲ့တာ"

"အဲ့ဒီ ဆရာမကြီးကောဟင်"

"အခုတော့ မရှိရှာတော့ဘူးပေါ့ မောင်ငယ်လေးရယ်၊ ကိုကို ဒိန်းမတ်ရောက်ပြီး သုံးနှစ်ပြည့်တော့ လူကြီး ရောဂါနဲ့ ဆုံးရှာတယ်လေ၊ ကိုကို့ခမျာ မိဘလို တွယ်တာရတဲ့ ဆရာမကြီးရဲ့ နောက်ဆုံး ခရီးတောင် မပို့ဆောင်နိုင်ရှာဘဲ အဝေးကသာ ကန်တော့ခဲ့ရတာပေါ့ကွယ်၊ အဲ့ကတည်းက ဆွေမျိုးမဲ့သွားတဲ့ မမြက မမနဲ့ ပိုနီးစပ်လာပြီး တစ်ယောက်ပေါ်တစ်ယောက် ပိုတွယ်တာလာခဲ့ကြတာပေါ့"

ရရအပေါ် ကာလအတန်ကြာ ခက်ထန်စွာ နေပြခဲ့ပေမဲ့ ကိုကို လူဆိုး မဟုတ်မှန်း သိခဲ့တဲ့ ရရက ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြင်နာခံရတဲ့ အခုလို အခါမှာ ကိုကို့ စိတ်သဏ္ဌာန်လေးကို ပိုပြီး အထင်ကြီး ဦးညွှတ်မိပြန်တယ်။

ကိုကိုဟာ လူကောင်းတစ်ယောက် ဆိုတာထက် နှလုံးသား ကောက်ကွေ့မှု မရှိတဲ့ လူယဉ်ကျေး တစ်ယောက်ပါပဲ။

ကိုကို့လက်နဲ့ ဘယ်သူ့ကိုမှ မနာကျင်စေလိုတာလဲ ရရ သိပါတယ်။ ကိုကိုနဲ့ ရရကြား စိတ်အနာတွေသာ မရှိခဲ့ရင် ဘယ်လောက်များ ကောင်းလိမ့်မှာလဲ။ အဲ့လိုသာဆို မမသက်လျာ ပြောသလို ကိုကို ရရကို ချစ်နိုင်လိမ့်မယ် ထင်တာပါပဲ။

ကြိုးစား မေ့ဖျောက်ထားပေမဲ့ ကိုကို မရှိတဲ့ မနက်ဖြန် ဆိုတာ တွေးကြည့်လို့တောင် မရဲတဲ့ အနာဂတ်မို့ ကိုကိုသာ ကြည်ဖြူမယ်ဆို တစ်ဖဝါးမခွာ ရှိချင်ခဲ့တာ ရင်တွင်းဆန္ဒပါ။ ကိုကို မရခဲ့ဖူးတဲ့ အနွေးဓာတ်တွေက စလို့၊ ကိုကို လိုအပ်သမျှ ချစ်ခြင်းမေတ္တာ ရရဆီကသာ ပေးချင်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီး လုပ်ခဲ့ရတဲ့ ကိုကိုက တစ်စုံတစ်ယောက် ရင်ခွင်မှာ မှီတွယ် ခိုဝင်လို့ ပန်းသမျှ ပြေလိုတယ် ဆိုရင်တောင် အဲ့ဒီရင်ခွင်ဟာ ရရသာ ဖြစ်လိုပါတယ်။

မမသက်လျာ အနေနဲ့ ကိုကို အထီးမကျန်ရအောင် အဖော်ပြုပေးဖို့ ရရကို မှာခဲ့တယ် ဆိုပေမဲ့ ရိုးသားတဲ့ ပတ်သက်မှုမျိုးကို ဆိုလိုခဲ့မှန်း ရရ သိပါတယ်။

ကိုကို အားငယ်ရင် အားပေးဖို့။ အစ်ကိုနဲ့ ညီငယ်လေးလို တည်မြဲနွေးထွေးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့။

မမသက်လျာ အတွေးက ဒီလို ရိုးစင်းခဲ့ပေမဲ့ ချစ်ခဲ့မိပါတယ်။ အစ်ကိုနဲ့ ညီငယ်လေး ဆိုတဲ့ ဘောင်ကနေ လွတ်ကင်းသွားတဲ့အထိ ကိုကို့ကို စူးနစ်စွာ ချစ်ခဲ့မိပါတယ်။ အဲ့ဒီအတွက်လဲ မမသက်လျာ ခွင့်လွှတ်နိုင်မယ်လို့ ရရ မျှော်လင့်မိပါရဲ့။

အတွေး အမျှင်တန်းကြီးနဲ့ တံမြက်စည်း ပတ်လှည်းနေရင်း အိမ်ရှေ့ ရောက်လာမှ မြင်လိုက်ရတဲ့ ဖိနပ်စင်လေးပေါ်မှာ အခံ့သား ရှိနေတဲ့ ဖိုင်တွဲ အပြာလေး။ မနက်ကတည်းက ကိုကို တကိုင်ကိုင် လုပ်နေတာမို့ အရေးကြီးတဲ့ စာရွက်စာတန်းတွေမှန်း ရရ သိပါတယ်။

တကယ်လို့များ ဆိုတဲ့ အတွေးနဲ့ ကိုကို့နံပါတ်လေးကို ခပ်မြန်မြန် နှိပ်ချလိုက်တော့ ပြန်ထူးသံနဲ့အတူ လေတိုးသံပါ ကြားလိုက်ရတယ်။ အဲကွန်းလေကို မကြိုက်လှတဲ့ ကိုကိုက ဘေးမှာ ရရ မပါတိုင်း မှန်ချ စီးတတ်တာလဲ သိပါတယ်။

"ကိုကို"

"အင်း"

"ကိုကို ဘယ်နား ရောက်ပြီလဲဟင်"

"ရုံး ရောက်ဖို့ ငါးမိနစ်အလို"

"ကိုကို ဖိုင်တွဲများ ကျန်ခဲ့တာလားလို့"

"အပြာရောင်ဖိုင်လား"

"ဟုတ်တယ် ကိုကို"

"ဟာကွာ၊ အရေးကြီးတဲ့ဟာမှ... ကျစ်"

စိတ်ပျက်လက်ပျက် အသံက ဖုန်းလေးထဲမှာ အထင်းသား။ ဘယ်တုန်းကမှ ပစ္စည်း မေ့မကျန်တတ်တဲ့ ကိုကိုက ဒီမနက်မှ ခပ်လောလော ဖြစ်နေခဲ့တာ။ ရရ သိသလောက် ကိုကို့အတွက် အရေးကြီး မီတင် ရှိပုံပေါက်ပါတယ်။

"ရရ လာပေးမယ်လေ ကိုကိုရဲ့"

"ရုံးတည်နေရာ မှတ်မိလို့လား"

"ကလေးမှ မဟုတ်တာ ကိုကိုရယ်၊ ရရ မှတ်မိပါတယ်"

ကိုကို့နောက် လိုက်သွားရမှာမို့ မြူးကြွစွာ အာမခံလိုက်ပေမဲ့...။

"မဖြစ်သေးပါဘူး၊ ခင်ဗျား တစ်ယောက်တည်း လာနေရမှာ"

ကိုကို့အသံက တွေးတွေးဆဆ။ ရရကို ကလေးပေါက်စနလေးများ မှတ်နေသလား ကိုကိုရယ်။

"ကိုကို စိတ်ချ၊ ကိုကို စိတ်ချနော်၊ ရရ အခုပဲ လာခဲ့မယ် သိလား၊ ဖိုင်တွဲအပြင် ဘာယူခဲ့ရအုံးမလဲဟင်"

ခပ်လောလော ထပ်ပြောလိုက်တော့ ကိုကို ခဏ ငြိမ်သွားပြီးမှ...

"စိတ်ချလို့ ရရဲ့လား"

"အင်းပါဆို"

"ဒါဆို ခင်ဗျား ဖျော်တဲ့ သံပရာရည်"

"ဟုတ်... ဒါဆို ရရ လာခဲ့တော့မယ်နော်"

"အလျင်မလိုဘူး၊ စိတ်ချရတဲ့ ကားကို ငှား၊ ဖြည်းဖြည်း လာခဲ့၊ ဘယ်ချိန် ရောက်ရောက် ရတယ်၊ ဟုတ်ပြီလား"

"ဟုတ်ပြီ ကိုကို"

ကိုကို့စကားအတိုင်း လိုက်ပြောတော့ ရယ်သံ ကြားလိုက်ရပြီး ဖုန်းချသွားတယ်။

အဲ့ကတည်းက သံပရာရည် ပြေးဖျော်၊ အအေးခံဘူးကလေးထဲ အပြည့်ဖြည့်၊ အဝတ်အစားလဲ၊ ရုံးက မမတွေအတွက် ရရ ကိုယ်တိုင် လုပ်ထားတဲ့ ပူတင်းဘူးကလေးတွေ ကောက်ထည့်၊ ဖိုင်တွဲကလေးကို ကျောပိုးအိတ်ကလေးထဲ သေချာထည့်၊ အိမ်နဲ့ ခြံတံခါး သော့ခတ်ပြီးကတည်းက ကိုကို့ဆီ လွင့်နေအောင် ထွက်လာခဲ့လိုက်တာ။

တစ်လမ်းလုံး ကျောပိုးအိတ်ကလေး ပွေ့ပြီး ပျော်လာခဲ့ပေမဲ့ အငှားကားလေးက ရန်ကင်း လမ်းသွယ်တွေကို ကျော်ဖြတ်လာတော့မှ ဒုက္ခနဲ့ လှလှက စတင်လာတယ်။

"မုဒြာထိပ်တော့ ရောက်လာပြီ၊ မုဒြာ ဘယ်နှလမ်းကို ပို့ပေးရမလဲ လူလေး"

ဦးလေးကြီး စကားမှာ ရင်က ထိတ်ခနဲ။ မုဒြာက တစ်လမ်းပဲ ရှိရမှာ မဟုတ်ဘူးလား။

"ခင်ဗျာ... အဲ့လို ရှိသေးတာလား"

"မုဒြာက မိန်းလမ်းမကြီးလေ လူလေးရဲ့၊ လမ်းခွဲက ၁၀ လမ်း‌တောင် ရှိပြီး လမ်းခွဲ ၁၀ ခုကို ပေါင်းလိုက်ရင် မုဒြာ အိမ်ရာလို့ ခေါ်တယ်၊ လမ်းသွယ် တစ်လမ်း တစ်လမ်းကလဲ အတော်ရှည်သားကွ၊ ရုံးလုပ်သားတွေ မဟုတ်ရင် အပြင်လူလဲ သိပ်အဝင်အထွက် မရှိကြဘူး"

"ဗျာ"

အူကြောင်ကြောင် လုပ်နေတဲ့ ရရ ပုံစံကို ဦးလေးကြီးက နားလည်လာဟန် သက်ပြင်းရှိုက်တယ်။

"မှတ်မိသလောက် ပြောကြည့်မလား၊ ဒါမှမဟုတ် လူလေး သွားချင်တဲ့ အဆောက်အဦကို မှတ်မိလား"

ခေါင်းကို ခပ်မြန်မြန် အလုပ်ပေးနေပေမဲ့ ပူထူလာတာမို့ ချက်ချင်း ထွက်မလာ။ ရင်ကလဲ တုန်နေပြီ၊ ရရ အဖြေကို စောင့်နေတဲ့ အငှားကားလေးကလဲ မုဒြာထိပ်မှာ ရပ်ထားတာ ကြာနေပြီ။

"ဟိုလေ အဆောက်အဦက ထည်ထည်ဝါဝါနဲ့ ရှစ်ထပ် အဆောက်အဦကြီးပါ ခင်ဗျ၊ ကျွန်တော် သိသလောက် ဂိတ်ပေါက်ဝမှာ စက္ကူပန်းပင်တွေ အများကြီး ရှိတယ်ဗျ"

"မုဒြာ တစ်လမ်းလုံးက ရုံးတွေနဲ့ချည်း ပြည့်နေတာမို့ အဆောက်အဦတွေက ခပ်ဆင်ဆင်ချည်းပဲ လူလေးရဲ့၊ ဒါမှမဟုတ် ဖုန်းဆက်မေးလို့ ရရင် မေးလိုက်ပါလား၊ ဦးလေး စောင့်ပေးပါ့မယ်"

ကိုကို့ဆီ ဖုန်းဆက်လိုက်ရင် စိတ်ရှုပ်သွားမလား တွေးလိုက်ပေမဲ့ ဖိုင်တွဲလေးက အရေးကြီးတာမို့ လူက ပူထူလာတယ်။ မထူးစိတ်ပိုက်ပြီး ကျောပိုးအိတ်လေးကို ဇစ်ဖွင့်လိုက်ပေမဲ့ ဘယ်နေရာမှ ရှာမတွေ့။

"ဟင်... ဖုန်း ကျန်ခဲ့ပြီ ထင်တယ်"

"သေချာ ကြည့်ပါအုံး လူလေးရဲ့၊ ကူရှင်တွေကြားများ ကျနေသလား"

"မဟုတ်ဘူး ဦးလေး၊ ကားပေါ် ရောက်ကတည်းက ကျွန်တော် ဖုန်းမကိုင်ရသေးတာ"

"ဒါဆို အိမ်မှာ ကျန်ခဲ့တာပေါ့"

"ဟုတ်တယ်ဗျ"

စိတ်ညစ်လက်ညစ်နဲ့ ခေါင်းကို စုံကုတ်မိရင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတာ တားမရ။ ငယ်ငယ်ကတည်းက လမ်းနာမည်တွေ၊ နေရာသစ်တွေကို မမှတ်နိုင်ခဲ့တာ အခုထိပါပဲ။ ဘယ်လောက်ပဲ ရင်းနှီးခဲ့ ရင်းနှီးခဲ့၊ မသွားတာ ကြာတဲ့ လမ်းဟောင်းတွေဆီ ပြန်ရောက်ရင်တောင် တစ်ယောက်တည်းဆို နဝေတိမ်တောင် ဖြစ်ရတာလဲ မရေတွက်နိုင်အောင်ပဲ။

အသေစွဲထင် မှတ်ထားဖူးတဲ့ မြင်ကွင်းနဲ့ အနည်းငယ်လေးများ ကွဲပြားသွားခဲ့ရင် ရရတို့ ကမ္ဘာပျက်ပါပြီ။ ဒါကြောင့်ပဲ နေမှာ ဖေဖေ၊ မေမေ၊ ကိုကိုကြီးနဲ့ မမကြီးတို့က ရရကို စိတ်မချနိုင် ဖြစ်ခဲ့ကြတာ။

ဒီရက်တွေအတွင်း ကိုကို့ ရုံးကို မကြာခဏ ရောက်ဖူးပေမဲ့ ကိုကိုနဲ့ အတူမို့ ပတ်ဝန်းကျင်ကို သာမန်ကာလျှံကာသာ ကြည့်ပြီး လမ်းတွေကို မမှတ်သားခဲ့မိတဲ့ အမှားပါပဲ။ မုဒြာက လမ်းခွဲ ဆယ်ခု ရှိတာတောင် အခုမှ သိတဲ့ ရရက ဘယ်လောက်များ ညံ့ဖျင်းလိုက်ပါသလဲ။

အတွေးတွေ ယောက်ယက်ခတ်ဆဲမှာ ရရ မျက်စိရှေ့ ရောက်လာတဲ့ ကီးပတ် ဖုန်းကလေး။

"ဦးလေး ဖုန်းနဲ့ ခေါ်ကြည့်ပါ့လား၊ စီးနေကျ ကာစတမ်မာက စောင့်နေတာမို့ လူလေးနဲ့အတူ အကြာကြီး လိုက်ရှာ မပေးနိုင်ပေမဲ့ ထားခဲ့ရမှာလဲ စိတ်မချလို့ပါ၊ ခေါ်ကြည့်လိုက်နော်၊ သူ လမ်းညွှန်ပေးနိုင်ရင် အဆင်ပြေတာပေါ့"

"ဟုတ်ကဲ့ ဦးလေး"

အလွတ်ရနေတဲ့ ကိုကို့ နံပါတ်ကို ဝမ်းသာအားရ နှိပ်လိုက်ပေမဲ့ တတူတူ ဝင်နေတဲ့ ဖုန်းလိုင်းလေးမှ အပ၊ ပြန်ဖြေသံ မကြားရ။ နံပါတ်စိမ်းမို့များ ကိုကို မကိုင်လေသလား။

ရရကို စိတ်မချပေမဲ့ နောက်ကြောင်း မအေး ဖြစ်နေတဲ့ ဦးလေးကြီးက နာရီတကြည့်ကြည့်မို့ ကားပေါ်က ကပျာကယာ ဆင်းလိုက်မိပြီး ကျသင့်ငွေ ကမ်းပေးလိုက်မိတယ်။

"ကျွန်တော် နေရစ်ခဲ့ပါ့မယ်ဗျ၊ ဒီမှာ ကျသင့်ငွေပါ ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်"

"အဆင်ပြေရဲ့လား လူလေး"

"ပြေတယ် ခင်ဗျ၊ ကျွန်တော် နည်းနည်း ပတ်ရှာလိုက်ပါ့မယ်"

"ခြေကျင်အစား တက္ကစီနဲ့ဆို ပိုအဆင်ပြေမှာ၊ ရုံးပိတ်ရက်မို့ အိမ်ရာထဲ ဝင်တဲ့ကား ရှားမှာတော့ အမှန်ပဲ၊ ဦးလေး အပြင်ထွက်ရင်း တွေ့ခဲ့ရင် လွှတ်ပေးလိုက်ပါ့မယ်"

"ဟုတ်ကဲ့ ဦးလေး"

သံပရာရည်ဘူးလေးကို ကျစ်ကျစ်ပါအောင် ကိုင်၊ ကျောပိုးအိတ်ကလေး လွယ်လျက် မြင်နေရတဲ့ ဦးဆုံး လမ်းကလေးထဲ ချိုးကွေ့ ဝင်လာခဲ့မိတယ်။ ပတ်ဝန်းကျင်ကို မေးမြန်းရအောင်လဲ ရုံးပိတ်ရက်မို့ လမ်းပေါ်မှာ လူသူ ကင်းမဲ့နေတယ်။

အားတင်း လျှောက်လာပေမဲ့ မနက်ခင်းနေက ဦးခေါင်းတည့်တည့်ကို ရောက်နေပြီ။ အတော်လေး လျှောက်ပြီးတဲ့အခါ ခပ်ဝေးဝေးဆီက အဆောက်အဦပေါ်မှာ မြင်လိုက်ရတဲ့ ဆိုင်းဘုတ်ကလေး။ အင်္ဂလိပ် ပန်းစာလုံးနဲ့ ရေးထားတာမို့ အရှေ့ဆုံးက C ဆိုတာ သိလိုက်ရပြီး အားတက်သွားမိတယ်။ ကိုကို့ ကုမ္ပဏီနာမည်က C.O.E မဟုတ်လား။

နှုတ်ခမ်းသားတွေ ကွေးညွတ်အောင် ပြုံးလိုက်မိတဲ့အခါ ရင်ထဲက အပူလုံးကြီး ပြုတ်ကျသွားသလို။ တော်သေးတာပေါ့။ ကိုကို့ဆီ ရောက်တော့မှာပဲ။

^^

လူရာကျော် ရှိခဲ့တဲ့ ရုံးကြီးထဲမှာ စနေ ပိတ်ရက်မို့ ဝန်ထမ်းအင်အားက ဆယ်ယောက်ပင် မပြည့်။ ဒီအချိန်ဆို ချာတိတ် ရောက်နေမှာ မလွဲဧကန်။ သူ့ကို အကြာကြီး စောင့်နေရလို့ နှုတ်ခမ်းစူနေမလား တွေးမိတော့ လှစ်ခနဲ ပြုံးမိသေးတယ်။

အရေးကြီး ZOOM Meeting တက်ပြီးတဲ့ သူက မီတင်ခန်းထဲက ခပ်သွက်သွက် ထွက်လာတော့ အခန်းဝမှာ ဝေမိုးကို မြင်တယ်။ ဘေးမှာ တစ်စုံတစ်ယောက် ပါလာမလား ရှာပေမဲ့ မတွေ့သလို၊ ဝေမိုးကလဲ ဘာမှ မပြောတာမို့...

"ကိုယ့်ချာတိတ်ကော"

"ခင်ဗျာ"

ဝေမိုး ပုံစံက ဘာမှမသိသလို အူကြောင်ကြောင်မို့ ဒေါသထွက်လာတယ်။

"ကိုယ့်ချာတိတ် ဘယ်မှာလဲလို့"

"ကျွန်တော် မသိဘူးလေ ခင်ဗျ"

"မဟုတ်မှ မရောက်သေးတာလား"

"ကိုဋာ့ ချာတိတ်က ရုံးကို လိုက်လာလို့လား"

ပြန်မေးခံလိုက်ရတာမို့ တစ်ခုခု လွဲနေပြီ ဆိုတာ ရိပ်မိလိုက်တယ်။ အခု သူ့ စိုးရိမ်ရေမှတ်က ၁၀၀ ကျော်လာပြီ။ မဟုတ်မှ လမ်းပျောက်နေတာလား ဆိုပြီး ဖုန်းနံပါတ်လေး ကောက်နှိပ်လိုက်ပေမဲ့ ဖုန်းဝင်သံက လွဲရင် ကိုင်မဲ့သူ မရှိ။ သူ့ဆီ အသစ်ခေါ်ထားတာလဲ မရှိ။

သူ့ရင်ထဲ အမျိုးအမည် မသိတဲ့ ဝေဒနာတွေ သောင်းကျန်း အုံကြွလာတယ်။ ဒီကလေးလေးက မကြာခဏ ဖုန်းတခြား လူတခြား ဖြစ်တတ်တာလဲ သူ သိထားပါတယ်။ ဧကန္တ သူ့ဆီ အလျင်စလို ထွက်လာရင်း ဖုန်းမေ့ခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် နိစ္စဓူဝ သွားလာနေတဲ့ လမ်း မဟုတ်ရင် ဘယ်လမ်းကိုမှ ကောင်းကောင်း မမှတ်မိတတ်ပါဘူး။ မဟုတ်မှ သူ့ဆီလာရင်း လမ်းပျောက်နေတာလား။ ဟာကွာ...။

နှလုံးခုန်သံက မူမမှန်တော့သလို သူ့ရင်အုပ်ကြီး မောက်တက်လာအောင် သက်ပြင်းရှိုက်နေမိတော့ ဝေမိုးပါ ပျာပျာသလဲ ဖြစ်လာတယ်။

မီတင် တက်နေစဉ်က ဖုန်းသံ ပိတ်ထားတာမို့ Missed Calls တွေ အများကြီး ဝင်ထားပေမဲ့ နံပါတ်စိမ်းလေး တစ်ခုက တခြားနံပါတ်တွေနဲ့မတူ ဆယ်ကြိမ်တိတိ ခေါ်ထားတာမို့ ခပ်မြန်မြန် နှိပ်ချလိုက်တော့ တစ်ဖက် ထူးသံက ဦးလေးကြီးတစ်ယောက်။

"ဦးတင့်ထူးပါ"

"ဟုတ်ကဲ့၊ ကျွန်တော့် နံပါတ်ကို အကြိမ်ရေ အများကြီး ခေါ်ထားလို့ပါ ခင်ဗျာ"

"အေးအေး ဟုတ်တယ်ကွဲ့၊ ဦးလေး ကာစတမ်မာ ကလေးလေး ခေါ်ထားတာပါကွယ်၊ ဖုန်းမေ့ကျန်ခဲ့ပြီး လမ်းပါ မမှတ်မိတော့လို့တဲ့ အားကိုးတကြီး လှမ်းခေါ်ရှာတာပဲ၊ လူလေးက ဖုန်းမှ မကိုင်တာကွယ်"

ထင်တဲ့ အတိုင်းမို့ သူ့ရင်ထဲ ကျပ်ခဲသွားတာ ဘာနဲ့ တိုင်းတာပြရမှန်း မသိ။ အဲ့လောက် အရေးကြီးတာ မဟုတ်ပါဘဲ ဘာကြောင့် ဖိုင်တွဲကို လာပို့ခိုင်းမိတာလဲ။ အလုပ် လုပ်နေချိန် ဘေးမှာ ထိုင်နေတာလေး မြင်ချင်လို့များ သူ ဆိုးသွမ်းမိတာလား။

"သူ အနားမှာ ရှိလားဗျ"

"ဘယ်ရှိပါတော့မလဲ လူလေးရယ်၊ လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက မုဒြာအိမ်ရာထိပ်မှာ ကျန်ရစ်တာပဲ၊ ဦးလေးလဲ အတူ ရှာပေးချင်ပေမဲ့ ခရီးသည် စောင့်နေတာမို့ ထားခဲ့ရတယ်"

"ဗျာ"

"ဒီလောက် ကြာနေပြီ၊ ကလေး ရောက်မလာသေးတာလား"

"ဟုတ်တယ် ခင်ဗျ၊ မုဒြာထိပ်မှာ ချပေးခဲ့တာ သေချာပါတယ်နော်"

"ဟုတ်တယ် ဟုတ်တယ်၊ ဧကန္တ တစ်လမ်းဝင် တစ်လမ်းထွက်များ လိုက်ရှာနေမလားကွယ်၊ ကလေးက ငယ်ငယ် ချောချောကလေးရယ်၊ ကျားဖြစ်ဖြစ် မဖြစ်ဖြစ်၊ ခေတ်ကြီးက စိတ်ချရတာ မဟုတ်လို့ ညီလေးကို မြန်မြန်သာရှာ လူလေးရေ"

ဖုန်းချပြီးတာနဲ့ ကားသော့ကောက်ဆွဲပြီး ပြေးထွက်လာတော့ ဝေမိုးပါ ကပ်ပါလာတယ်။

"ကိုဋာ ကျွန်တော်ပါ..."

"မလိုက်နဲ့၊ နောက်မီတင် ပျက်လို့ မရလို့ ဝေမိုး အစား ဝင်ထားလိုက်"

"ခင်ဗျာ၊ အဆင်... အဆင်ပြေပါ့မလားဟင်"

"အထက်လူကြီးတွေ မေးရင် ကိုယ့်အတွက် သေရေး ရှင်ရေးထက် အရေးကြီးတဲ့ ကိစ္စကို လုပ်နေလို့ ပျက်ကွက်တဲ့ အကြောင်း ပြောထားပေး"

ပြောပြီးတာနဲ့ ဆရာသမားက ပြေးဆင်းသွားတာမို့ ဖင်ကုတ် ခေါင်းကုတ်နဲ့ ဝေမိုးတစ်ယောက်တည်း ကျန်ရစ်တယ်။

တစ်လ တစ်ကြိမ် ပြုလုပ်တဲ့ အုပ်ချုပ်မှု အကြီးပိုင်း မီတင်ကြီးကိုမှ မိမိကို အစားဝင်ထားတဲ့လား။ ဒီမီတင်က ပျက်ကွက်ရန် ခက်သလို၊ ဘယ်သူမှ အစားထိုး ဝင်လို့ မရတာ ကိုဋာ သိပါလျက် ဝေမိုးက ဘယ်မျက်နှာနဲ့ တက်ရပါမလဲ။

အဲ့ဒီအစား ကိုဋာ့ ချာတိတ်ကို လိုက်ရှာ ဆိုရင်တောင် အရိုးကြေကြေ အရေခမ်းခမ်း ပျော်ရွှင်စွာ လိုက်ရှာပေးလိုက်မှာ။ အခုတော့ အစားဝင်ထိုင်ပေးရမဲ့ ဝေမိုးက ကိုဋာ့လို ဘာသာစကားတွေ အများကြီး ပြောတတ်တာလဲ မဟုတ်။ ကိုဋာ့လို အရည်အချင်း ရှိတာလဲ မဟုတ်။

ကြံရာမရတဲ့အဆုံး ကမ္ဘာလုံး ဆိုင်ရာ လူကြီးမင်းတွေကြားမှာ မဆိုးလှတဲ့ အင်္ဂလိပ် စကေးလ်ကို အသုံးချပြီး ကိုဋာ့အတွက် ခွင့်ဝင်တိုင်ပေးဖို့သာ အားတင်း လိုက်ရပါတော့တယ်။

^^

ဆက်ရန်

ချစ်တဲ့ အသွဲ့^^

၂၄.၁၀.၂၀၂၂ တနင်္လာနေ့

+++++

ZAWGYI

ကိုကို႔ကားေလး ထြက္သြားကတည္းက ၿခံတံခါး ပိတ္ၿပီး အိမ္ထဲ ျပန္ဝင္လာမိတယ္။ ထုံးစံအတိုင္း ပိတ္ရက္မို႔ လုပ္စရာေတြ မ်ားေပမဲ့ ကိုကိုက ပိုပင္ပန္းတာေပါ့လို႔ ေတြးမိေတာ့ စိတ္မေကာင္း ျဖစ္သြားတယ္။

စေန တနဂၤေႏြေတြဟာ ပိတ္ရက္ ဆိုေပမဲ့ ကိုကို နားတာ သိပ္မေတြ႕ရ။ မိုးလင္းတာနဲ႔ အလုပ္ရွိရာ ကိုကို ထြက္သြားတတ္ၿမဲ။ အတူေနတာ ကိုးလနီးပါး ျဖစ္လာမွ ကိုကိုက အလုပ္သရဲမွန္း ပိုသိလာခဲ့တယ္။

ဒီတစ္ပတ္လုံး ကိုကို အလုပ္မ်ားေနပါတယ္။

ညဘက္ေတြ အိပ္တာ ညဥ့္နက္ပုံ ရၿပီး မနက္ေစာေစာမွာလဲ ကြန္ပ်ဴတာ တစ္လုံးနဲ႔ အလုပ္ရႈပ္ေနတတ္တယ္။ စိတ္မေကာင္း ျဖစ္မိတဲ့ ရရက ကူေပးရမလား ဆိုလဲ ကိုကိုက ေခါင္းခါတယ္။ ၿပီးရင္ ရယ္ျမဴးရိပ္ေတြနဲ႔ ေျပာတာက...

"ေက်းဇူးတင္ေပမဲ့ ခင္ဗ်ား ကူလို႔ မရတဲ့ အရာေတြပါဗ်ာ" တဲ့။

"ကိုကိုကလဲ ရရက နလပိန္းတုန္း မဟုတ္ပါဘူးေနာ္၊ ဆယ္တန္းမွာ ဘာသာစုံ ဂုဏ္ထူး ထြက္ထားတာ သိလား"

ဒီလို အတြန႔္တက္ရင္ ကိုကိုက ေခါင္းခါယမ္းရင္း ၿပဳံးတယ္။ အလုပ္နဲ႔ လက္လဲ မပ်က္ေစဘဲ...

"အင္း... ဘာသာစုံ ထြက္ထားလဲ မရဘူးဗ်ာ"

"ကိုကို ေဒတာေတြ ျဖည့္ေနတာမို႔လား၊ ဒီေလာက္က အသာေလးမ်ား ဟြန႔္"

မေက်မခ်မ္းနဲ႔ ကိုကို႔ ကြန္ပ်ဴတာကို သြားငုံ႔ၾကည့္ရင္ ကိုကိုက အသံထြက္ေအာင္ ရယ္တတ္တယ္။

"အဲ့ဒီ ေဒတာေလးေတြမို႔ ကူျဖည့္လို႔ မရတာ ဟုတ္ၿပီလား"

"ကိုကိုကလဲ"

အနားမွာ သြားစပ္စုတဲ့ ရရ ပါးျပင္ကို လက္ႏွစ္ဖက္နဲ႔ ဖိအုပ္ကိုင္ၿပီး အသည္းယားသလို ဘယ္ညာ ယမ္းပစ္တတ္ေပမဲ့ ရရ မူးလာၿပီ ထင္တာနဲ႔ ကိုကိုက ခ်က္ခ်င္း လႊတ္ေပးတတ္ပါတယ္။

"ကိုယ့္ လက္ေထာက္ကိုေတာင္ လုပ္ခိုင္းလို႔ မရလို႔ ကိုယ္တိုင္ လုပ္ေနတာ၊ သိၿပီလား"

"ရရ ကူညီခ်င္တယ္လို႔"

"ဒါေတာ့ တကယ္ ခိုင္းလို႔ မျဖစ္ေပမဲ့ ကူညီခ်င္သပဆို သံပရာရည္ ေဖ်ာ္ေပးမလား"

"ရတာေပါ့ ကိုကိုရဲ႕၊ ကိုကို လိုခ်င္တာ မွန္သမွ် ဟတ္ခ်ေလာင္းပဲ သိလား"

ရရ ဆံပင္ေတြကို ဆြဲဖြလိုက္တဲ့ ကိုကိုက...

"အင္း ခ်ဥ္ခ်ဥ္ေလး"

"ခ်ဥ္႐ုံမက ကိုကို ၿပဳံးသြားေစရမယ္၊ စိတ္ခ်"

က်ီစယ္လိုက္ေတာ့ ကိုကို ၿပဳံးေနတယ္။ ၿပီးရင္ ရရ ေဖ်ာ္တိုက္တဲ့ သံပရာရည္ကို ေက်းဇူးတင္စြာ ေသာက္သုံးပါတယ္။

ဒီရက္ပိုင္း ကိုကို႔အေပၚ စကားေတြ ကြၽံေနမိၿပီး ႏွစ္ကိုယ္တူ ခ်စ္ေနၾကတဲ့ လူေတြလို ဟန္မူပို ဆိုးႏြဲ႕မိေပမဲ့ ထူးဆန္းဟန္ မရွိဘဲ ကိုကိုက မသိဟန္ေဆာင္ေပးခဲ့တယ္။

လက္ပြန္းတတီး ျဖစ္လာခဲ့တဲ့ ေန႔ရက္ေတြမွာ ကိုကိုေတာ့ ဘယ္လိုေနမယ္ မသိ။ ရရကေတာ့ အရင္ထက္ ျမတ္ႏိုးစြာ အားကိုးလာမိသလို ဒီေယာက္်ားဟာ ရရအတြက္ အခ်စ္ဦး၊ အခ်စ္ဆုံး ဆိုတာ တုႏႈိင္းမဲ့ ေသခ်ာလာခဲ့ပါတယ္။

ရရ အေပၚ ကိုကို တစ္ခါ ၾကင္နာေလတိုင္း မမသက္လ်ာကို ပိုနားလည္လာတယ္။ မိဘေတြနဲ႔ လဲႏိုင္တဲ့အထိ ကိုကို႔အေပၚ ယုံၾကည္ကိုးစားမႈကို ကိုယ္ခ်င္းစာလာတယ္။

ညီမေလး ေသးေသးေလးကို ခ်ီပိုး ေခ်ာ့ျမႇဴခဲ့ရေပမဲ့ ကိုယ္တိုင္လဲ အ႐ြယ္ မေရာက္ေသးတဲ့ ကိုကို႔ပုံစံေလးကို မွန္းဆ ျမင္ေယာင္မိေတာ့ ယဲ့ယဲ့ကေလး ၿပဳံးမိျပန္တယ္။

ဒီလို ေတြးမိခ်ိန္တိုင္း မမသက္လ်ာ အသံေလးကလဲ ရရ နားထဲ တဝဲလည္လည္။

"ေမာင္ငယ္ေလး သိလား၊ ကိုကိုကေလ ကိုယ္တိုင္ နာက်င္ေနေပမဲ့ မိဘေတြကို မမုန္းမိဖို႔ မမကို အၿမဲသြန္သင္ေလ့ ရွိတယ္၊ ဒါေၾကာင့္ပဲ အ႐ြယ္ ေရာက္လာတာနဲ႔အမွ် ဒယ္ဒီနဲ႔ မာမီ့အေပၚ မမ မုန္းတီးမႈက အေရာင္ေလ်ာ့လာတယ္ ထင္တာပါပဲ"

"ကိုကိုက အစ္ကိုႀကီး အဖရာ ပီသလိုက္တာေနာ္"

ဒီလို ေျပာရင္ ေက်နပ္သလို မမက ၾကည္ႏူးစြာ ရယ္တယ္။

"မိဘေတြ စြန႔္ပစ္ခဲ့တဲ့ အခ်ိန္က ႏွစ္ေယာက္လုံး လူမမယ္ေလးေတြ ဆိုေပမဲ့ မမကို ဝလင္ေအာင္ မေကြၽးႏိုင္မွာ ကိုကို အၿမဲ ပူပန္ခဲ့ပုံပါပဲ၊ မဟုတ္လဲ မိဘေတြက ဘယ္ကာလထိ ေငြပို႔ေပးမယ္ ဆိုတာ မမတို႔ မမွန္းဆႏိုင္ခဲ့ဘူးေလ၊ မမကို ေက်ာေပၚ တင္ထားတဲ့ ကိုကိုက လႈိင္ရပ္ကြက္ေတြ အတြင္းက ေဈးဆိုင္ကေလးေတြဆီမွာ ေက်ာင္းပိတ္ရက္တိုင္း အလုပ္ လိုက္ေတာင္းခဲ့ဖူးတာ ဘယ္တုန္းကမွ မေမ့ႏိုင္ခဲ့ဘူး သိလား"

"ဟင္"

ရရ အံ့ဩသြားရင္ မမက ရရ ေခါင္းေလးကို ဖြဖြပုတ္တတ္တယ္။

"ဘယ္သူက အလုပ္ေပးမွာလဲ ေမာင္ငယ္ေလးရယ္၊ အရပ္ ကလန္ကလားနဲ႔ ေကာင္ေလးကို အလုပ္ ေပးခ်င္ရင္ေတာင္ ကိုကို႔ေဘးမွာ မမက ကပ္ပါးေကာင္လို အၿမဲပါေနခဲ့တာေလ၊ ငယ္ငယ္ကဆို မမက သိပ္ခ်ဴခ်ာလို႔ ကိုကို စိတ္မခ်ႏိုင္တာ သိလား၊ တခ်ိဳ႕ကလဲ ေျပာတာေပါ့ေနာ္၊ မင္း ညီမေလး မပါရင္ အလုပ္ေပးမယ္ လာခဲ့တဲ့၊ အဲ့လို ေျပာတဲ့ ဆိုင္ေတြဆို ကိုကို ထပ္မသြားေတာ့ဘူး သိလား၊ မမကို သိမ္ငယ္သြားမွာ ကိုကို သိပ္ေၾကာက္ခဲ့တာ"

ကိုယ္တိုင္ မျမင္ဖူးခဲ့တဲ့ မမတို႔ အတိတ္ေတြ ဆိုေပမဲ့ ရရ ဘဝနဲ႔ မမတို႔က ဘာေၾကာင့္မ်ား အဲ့သေလာက္ ကြာခဲ့ရတာလဲ။ ရရရဲ႕ ေပ်ာ္႐ႊင္စရာေကာင္းခဲ့တဲ့ ငယ္ဘဝေလးကို အခြင့္ရွိရင္ ခြဲေပးခ်င္ေလာက္တဲ့အထိ ကိုကိုနဲ႔ မမအေပၚ က႐ုဏာသက္ခဲ့ရပါတယ္။

"ေနာက္ေတာ့ ကိုကိုက ေျပာတယ္ သိလား၊ ေလာကမွာ လူပုံအလည္ ပြဲလယ္ တင့္ႏိုင္ဖို႔ဆို ပညာ၊ ေငြေၾကး သို႔မဟုတ္ အဆက္အသြယ္ေကာင္း၊ ဒီသုံးခုထဲက တစ္ခုခု ရွိမွ ျဖစ္ႏိုင္မွာတဲ့၊ ကိုကိုတို႔မွာ တစ္ခုမွ မရွိရင္ ေနာင္ႏွစ္ေပါင္း မ်ားစြာမွာလဲ ကိုကိုတို႔ ေမာင္ႏွမက အခုလိုပဲ ငိုေနရမွာတဲ့၊ ကိုကိုတို႔ရဲ႕ အခုအေျခအေနမွာ ေငြေၾကးနဲ႔ အဆက္အသြယ္ေကာင္း ဆိုတာ မရႏိုင္လို႔ ပညာတစ္ခုသာ အားကိုးရာပါ ညီမေလးရယ္၊ မိဘေတြကို နာၾကည္းေနမဲ့အစား စာသာ ႀကိဳးစားပါတဲ့၊ လူခြၽန္လူမြန္ ျဖစ္သြားတဲ့အခါ ေငြေၾကးနဲ႔ အဆက္အသြယ္ေကာင္းက အလိုလိုေနရင္း ကပ္ပါ လာပါလိမ့္မယ္တဲ့"

ထိုစကားေတြ မမဆီက ၾကားဖူးစဥ္ကတည္းက ကိုကို႔အေပၚ ေလးစားျခင္းေတြ စတင္ခဲ့တာပါပဲ။ ကိုကိုဟာ ဘယ္ေလာက္မ်ား ရင့္က်က္လိုက္ပါသလဲေနာ္။

"ဒီလို ဆိုေပမဲ့ တကယ္တမ္းသာ စားဝတ္ေနေရး ခက္ခဲလာခဲ့ရင္ မမကိုသာ ေက်ာင္းဆက္ထားၿပီး ကိုကို အလုပ္ထြက္လုပ္မယ္ ဆိုတာ မမ သိၿပီးသားပါ၊ ကံေကာင္းတာ တစ္ခုက မိဘေတြဆီက လစဥ္ေငြက ျပတ္ေတာက္ မသြားတာမို႔ ေမာင္ႏွမ ႏွစ္ေယာက္လုံး ေက်ာင္းဆက္တက္ႏိုင္ခဲ့တယ္ေလ"

"ေတာ္ေသးတာေပါ့ မမရယ္"

"ဒီလို ဆိုေပမဲ့ မမတို႔မွာ ေငြပိုဆိုတာ နည္းနည္းေလးေတာင္ မရွိဘူး သိလား၊ လကုန္ရက္ ေရာက္တိုင္း တစ္လစာ စားေသာက္ဖို႔အတြက္ စာအိတ္တစ္လုံးနဲ႔ ေငြေရာက္လာတာက လြဲရင္ အေရးအေၾကာင္းဆို သုံးစရာ တကယ္ မရွိဘူး၊ တိုင္းထြာ သုံးစြဲရတဲ့ ကိုကိုက မမ သေရစာ စားခ်င္လို႔ ပူဆာတိုင္း ျဖည့္ဆည္း ေပးတတ္ေပမဲ့ ေငြျပတ္သြားလို႔ ဝယ္မေကြၽးႏိုင္တဲ့အခါ ကိုကို ႀကိတ္ငိုတာ ျမင္လိုက္ရမွ မမ မုန႔္မေတာင္း ျဖစ္ေတာ့တာ"

"မမရယ္"

ဒါေတြ ေျပာတိုင္း မမ မ်က္ရည္က်သလို ရရလဲ ဆို႔နင့္ေနမိတယ္။

"အဲ့ဒီတစ္ရက္က မမ အႀကီးအက်ယ္ ေနမေကာင္းျဖစ္ခဲ့တယ္ သိလား၊ သတိက လည္လိုက္၊ မလည္လိုက္ ျဖစ္ေအာင္ အမ်ားႀကီး ေနမေကာင္း ျဖစ္ခဲ့တာ၊ မမကိုယ္မမ ေသၿပီ ထင္ခဲ့ေပမဲ့ ကိုကို႔ ေမတၱာေၾကာင့္ ရွင္သန္ႏိုင္ခဲ့တာေလ"

"မမ ဘယ္အ႐ြယ္တုန္းကလဲဟင္"

"အင္း... ၇ ႏွစ္ေလာက္က ျဖစ္မယ္ ထင္တယ္၊ အဲ့တုန္းက ကိုကို ကိုးတန္းေလ"

"ဟုတ္ကဲ့ မမ"

"လကုန္သြားေပမဲ့ ေငြေရာက္မလာေသးတဲ့ ရက္ေပါ့၊ သတိလစ္ေနတဲ့ မမကို ေက်ာေပၚတင္ၿပီး ကိုကို အ႐ူးတစ္ေယာက္လိုပဲ၊ ဟိုေျပး ဒီေျပးနဲ႔ သိပ္သနားစရာ ေကာင္းခဲ့တာ၊ ရပ္ကြက္ ေဆးခန္းေတြက ေဆး႐ုံတင္ရမယ္လို႔ ေျပာလိုက္ေပမဲ့ မမတို႔မွာ ေငြလုံေလာက္မႈ မရွိဘူးေလ၊ ေနာက္ဆုံး ျဖစ္ခ်င္ရာျဖစ္ မမကို ေပြ႕ၿပီး ရန္ကုန္ ေဆး႐ုံႀကီးကို ကိုကို ေခၚသြားတယ္"

မ်က္ရည္ေတြ အျပည့္နဲ႔ အားငယ္ ေၾကာက္လန႔္ေနခဲ့မဲ့ ကိုကို႔ပုံစံကို ႏွလုံးသားနဲ႔ ပုံေဖာ္ၾကည့္ခဲ့မိတယ္။ ကိုကိုက ဘယ္ေလာက္မ်ား ၾကင္နာ ျမတ္ႏိုးတတ္လိုက္ပါသလဲ။ ညီမေလးကို ဘယ္ေလာက္မ်ား ခ်စ္ခင္ယုယခဲ့မွာလဲ။

"ေဆး႐ုံ ကုတင္ေပၚမွာ မမ သတိလည္လာခ်ိန္ ေဆးစာ႐ြက္ကိုင္ၿပီး ကိုကို ႀကိတ္ငိုေနတာ ျမင္လိုက္ရေတာ့ မမေလ အဲ့ခဏေလးအတြင္း ေဆး႐ုံ ျပတင္းေပါက္ကေန ခုန္ဆင္းခ်င္ေလာက္ေအာင္ ဝမ္းနည္းခဲ့ရတာ၊ ကိုကို႔အေပၚ မမက အမ်ားႀကီး ဝန္ထုတ္ဝန္ပိုး ျဖစ္ေစခဲ့တာေလ"

ေမာရင္ နားလိုက္၊ ခဏေနရင္ စကားျပန္ဆက္လိုက္နဲ႔ မမ ပါးျပင္မွာလဲ မ်က္ရည္ေတြ စိုစြတ္လို႔။

"စာသိပ္ေတာ္တဲ့ ကိုကိုက ေက်ာင္းမွာဆို ဆရာတိုင္းရဲ႕ သတိထား ၾကည့္ျခင္း ခံရတာမို႔ ကိုကို ေက်ာင္းပ်က္ရင္ လူတိုင္း သိတယ္ ေမာင္ငယ္ေလးရဲ႕၊ ကိုကို႔ အတန္းပိုင္ ဆရာမ အပ်ိဳႀကီးက မမတို႔ သတင္းကို ၾကားေတာ့ ေဆး႐ုံကို အေျပး လိုက္လာတယ္ေလ၊ လိုသမွ် စီစဥ္ေပးၿပီး ကိုကို႔ကိုလဲ မဆက္သြယ္လို႔ ဆူခဲ့တာေပါ့၊ ဘယ္တုန္းကမွ လူျမင္ေအာင္ မငိုဖူးတဲ့ ကိုကိုက အဲ့ေန႔မွာ ဆရာမႀကီး ေျခဖ်ားကို ဦးတိုက္လို႔ ဝမ္းပန္းတနည္း ငိုခဲ့တယ္ေလ"

ဒီစကားၾကားစဥ္မွာ ရႈိက္သံေတြ ထြက္သည္အထိ ရရ ငိုပစ္လိုက္မိတယ္။

"အဲ့ဒီေနာက္ပိုင္း ဆရာမႀကီးက မမတို႔အတြက္ တစ္ခုတည္းေသာ အလင္းေရာင္ေလး ျဖစ္လာခဲ့တယ္၊ ဆရာမႀကီးဆီက အကူအညီတစ္ခု ယူၿပီးတိုင္း လုပ္အားတစ္ခုနဲ႔ ျပန္ေပးဆပ္တတ္တဲ့ ကိုကို႔ကို ဆရာမႀကီးက ပိုၿပီး က႐ုဏာ သက္လာခဲ့တယ္၊ ထက္ျမက္ လိမၼာလြန္းတဲ့ ကေလးမို႔ ေျမေတာင္ေျမႇာက္ေပးခ်င္တာလဲ ပါတာေပါ့ကြယ္"

ရရ မ်က္ရည္ေတြကို လက္မေလးနဲ႔ ဖြဖြသုတ္ေပးတဲ့ မမက ရရကို ခ်စ္စႏိုး ၾကည့္တယ္။

"ကိုကိုက သိပ္ေတာ္တာ ေမာင္ငယ္ေလးရဲ႕၊ ဆရာမႀကီးရဲ႕ စီစဥ္ေပးမႈနဲ႔ ကိုးတန္း ေျဖၿပီးကတည္းက ဆရာမႀကီး အိမ္မွာ က်ဴရွင္ ျပန္ျပတယ္ သိလား၊ သူငယ္တန္းကေန ကိုးတန္းအထိ ကိုကို အကုန္သင္ႏိုင္တယ္ေလ၊ အသင္အျပ ေကာင္းလြန္းလို႔ မိဘေတြၾကားလဲ နာမည္ရလာခဲ့တယ္၊ အဲ့အခ်ိန္မွာ ဆယ္တန္းစာကိုလဲ တစ္စိုက္မက္မက္ ကိုကို ႀကိဳလုပ္ေနခဲ့ၿပီ၊ မမကို ပညာတတ္ႀကီး ျဖစ္ေစခ်င္ေပမဲ့ မမက ကိုကို႔ေလာက္ ဉာဏ္မေကာင္းပါဘူး ေမာင္ငယ္ေလးရယ္"

"ကိုကိုက ေတာ္လိုက္တာေနာ္"

"ေလာကဓံကို ခါးစီးခံခဲ့ရလို႔ ဘဝနာခဲ့တာ ျဖစ္မယ္ ေမာင္ငယ္ေလးရဲ႕၊ မမက်ေတာ့ ကိုယ္တိုင္ ႀကဳံခဲ့ရေပမဲ့ ကိုကို႔ အရိပ္ပဲ လႈံခဲ့ရတာမို႔ ခါးစီး မခံခဲ့ရဘူးေလ၊ အင္း... ေျပာရမယ္ဆို မမတို႔ ေမာင္ႏွမ အဲ့ကတည္းက ေခ်ာင္လည္လာတယ္ ဆိုပါေတာ့၊ ရပ္ကြက္ထဲလဲ အမိမဲ့သား ေရနည္းငါးအျဖစ္ လူအထင္ေသး ခံခဲ့ရတာကေန ေန႔ခ်င္းညခ်င္း လူ႐ိုေသ ရွင္႐ိုေသ ျဖစ္လာတာေပါ့၊ ကိုကို႔ကို ဆရာေလးလို႔ လူေတြ ေခၚၾကတိုင္း ၿပဳံးေနတဲ့ ကိုကို႔ကို မမ သိပ္ခ်စ္ခဲ့တာ သိလား"

"ရရေတာ့ေလ အဲ့ကာလက ကိုကိုနဲ႔မမကို သိပ္ေတြ႕ဖူးခ်င္တာပဲ"

ဒီလို ေျပာရင္ မမက ရယ္တယ္။

"ဘယ္သူနဲ႔မွ မိတ္ဆက္ မေပးခ်င္ေလာက္ေအာင္ ကိုကို႔ကို အူတိုေပမဲ့ ေမာင္ငယ္ေလးကေတာ့ ႁခြင္းခ်က္ပဲ သိလား၊ မမ ယုံၾကည္တယ္၊ ကေလး ခ်စ္တတ္တဲ့ ကိုကိုက ေမာင္ငယ္ေလးကို ျမင္တာနဲ႔ အမ်ားႀကီး ခ်စ္သြားမွာ က်ိန္းေသတယ္"

မမ စကားမွာ ပါးကေလးႏွစ္ဖက္ ပူေႏြးလာသလိုႏွယ္။ ရရလဲ ကိုကို႔ကို အမ်ားႀကီး ေတြ႕ဖူးခ်င္ခဲ့တဲ့ ကာလေတြပါပဲ။

"ကိုကိုက ဒိန္းမတ္ကို ဘယ္လို ေရာက္သြားတာလဲ မမ"

ဒီေမးခြန္းမွာ မမ မ်က္ႏွာေလး ဝင့္ခနဲ ျဖစ္သြားပုံက အစ္ကို ျဖစ္သူအတြက္ ဂုဏ္ယူ ဝမ္းေျမာက္ေနဟန္။

"ဆယ္တန္းမွာ ကိုကိုက The Whole Burma No 2 ခ်ိတ္တယ္ေလ"

"ဟင္"

"ဟုတ္တယ္ ေမာင္ငယ္ေလးရဲ႕၊ အဆင့္တစ္သမားနဲ႔ တစ္မွတ္ပဲ ကြာတာ သိလား"

နားေထာင္ေနရင္း ၾကက္သီးထလာတာ တားမရ။ ကိုကို႔လို လူရည္ခြၽန္ ျဖစ္ခ်င္ခဲ့တာလဲ အဲ့ကတည္းကပါပဲ။

"ေ႐ြးခ်ယ္စရာ စေကာလားရွစ္ ပ႐ိုဂရမ္ေတြက ကိုကို႔အတြက္ အမ်ားသားေပါ့ ေမာင္ငယ္ေလးရယ္၊ အဲ့ထဲကမွ ဆရာဝန္၊ အင္ဂ်င္နီယာ ဘာတစ္ခုမွ မျဖစ္ခ်င္တဲ့ ကိုကိုက သူ စိတ္ဝင္စားတဲ့ အဆင့္ျမင့္ အိမ္သုတ္ေဆး နည္းပညာကို ထိပ္ဆုံး ေရာက္ေအာင္ ဆည္းပူးမယ္ ဆိုၿပီး ဒိန္းမတ္ကို ေ႐ြးခဲ့တယ္၊ ကိုကို႔ စေကာလားရွစ္က ဘယ္ေလာက္မ်ား ဆုေၾကး ျမင့္သလဲဆို ကိုကိုတင္မက မမပါ ဖူလုံခဲ့တယ္ေလ"

"အဲ့ကတည္းက မမတစ္ေယာက္တည္း က်န္ခဲ့ရတာေပါ့ေနာ္"

"ဆိုေပမဲ့ တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူးကြယ္၊ မျမက ကိုကို႔ဆရာမႀကီးရဲ႕ တူမဝမ္းကြဲ ေတာ္စပ္တယ္ေလ၊ ကိုကို သြားမယ္ ဆိုကတည္းက မျမက မမဆီ ေရာက္လာခဲ့ၿပီး ညီအစ္မ အရင္းေလးလို ေစာင့္ေရွာက္ေပးခဲ့လို႔လဲ ကိုကို စိတ္ခ်လက္ခ် ပညာသင္ သြားႏိုင္ခဲ့တာ"

"အဲ့ဒီ ဆရာမႀကီးေကာဟင္"

"အခုေတာ့ မရွိရွာေတာ့ဘူးေပါ့ ေမာင္ငယ္ေလးရယ္၊ ကိုကို ဒိန္းမတ္ေရာက္ၿပီး သုံးႏွစ္ျပည့္ေတာ့ လူႀကီး ေရာဂါနဲ႔ ဆုံးရွာတယ္ေလ၊ ကိုကို႔ခမ်ာ မိဘလို တြယ္တာရတဲ့ ဆရာမႀကီးရဲ႕ ေနာက္ဆုံး ခရီးေတာင္ မပို႔ေဆာင္ႏိုင္ရွာဘဲ အေဝးကသာ ကန္ေတာ့ခဲ့ရတာေပါ့ကြယ္၊ အဲ့ကတည္းက ေဆြမ်ိဳးမဲ့သြားတဲ့ မျမက မမနဲ႔ ပိုနီးစပ္လာၿပီး တစ္ေယာက္ေပၚတစ္ေယာက္ ပိုတြယ္တာလာခဲ့ၾကတာေပါ့"

ရရအေပၚ ကာလအတန္ၾကာ ခက္ထန္စြာ ေနျပခဲ့ေပမဲ့ ကိုကို လူဆိုး မဟုတ္မွန္း သိခဲ့တဲ့ ရရက ကိုယ္တိုင္ နဖူးေတြ႕ ဒူးေတြ႕ ၾကင္နာခံရတဲ့ အခုလို အခါမွာ ကိုကို႔ စိတ္သဏၭာန္ေလးကို ပိုၿပီး အထင္ႀကီး ဦးၫႊတ္မိျပန္တယ္။

ကိုကိုဟာ လူေကာင္းတစ္ေယာက္ ဆိုတာထက္ ႏွလုံးသား ေကာက္ေကြ႕မႈ မရွိတဲ့ လူယဥ္ေက်း တစ္ေယာက္ပါပဲ။

ကိုကို႔လက္နဲ႔ ဘယ္သူ႔ကိုမွ မနာက်င္ေစလိုတာလဲ ရရ သိပါတယ္။ ကိုကိုနဲ႔ ရရၾကား စိတ္အနာေတြသာ မရွိခဲ့ရင္ ဘယ္ေလာက္မ်ား ေကာင္းလိမ့္မွာလဲ။ အဲ့လိုသာဆို မမသက္လ်ာ ေျပာသလို ကိုကို ရရကို ခ်စ္ႏိုင္လိမ့္မယ္ ထင္တာပါပဲ။

ႀကိဳးစား ေမ့ေဖ်ာက္ထားေပမဲ့ ကိုကို မရွိတဲ့ မနက္ျဖန္ ဆိုတာ ေတြးၾကည့္လို႔ေတာင္ မရဲတဲ့ အနာဂတ္မို႔ ကိုကိုသာ ၾကည္ျဖဴမယ္ဆို တစ္ဖဝါးမခြာ ရွိခ်င္ခဲ့တာ ရင္တြင္းဆႏၵပါ။ ကိုကို မရခဲ့ဖူးတဲ့ အေႏြးဓာတ္ေတြက စလို႔၊ ကိုကို လိုအပ္သမွ် ခ်စ္ျခင္းေမတၱာ ရရဆီကသာ ေပးခ်င္ပါတယ္။

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ လူႀကီး လုပ္ခဲ့ရတဲ့ ကိုကိုက တစ္စုံတစ္ေယာက္ ရင္ခြင္မွာ မွီတြယ္ ခိုဝင္လို႔ ပန္းသမွ် ေျပလိုတယ္ ဆိုရင္ေတာင္ အဲ့ဒီရင္ခြင္ဟာ ရရသာ ျဖစ္လိုပါတယ္။

မမသက္လ်ာ အေနနဲ႔ ကိုကို အထီးမက်န္ရေအာင္ အေဖာ္ျပဳေပးဖို႔ ရရကို မွာခဲ့တယ္ ဆိုေပမဲ့ ႐ိုးသားတဲ့ ပတ္သက္မႈမ်ိဳးကို ဆိုလိုခဲ့မွန္း ရရ သိပါတယ္။

ကိုကို အားငယ္ရင္ အားေပးဖို႔။ အစ္ကိုနဲ႔ ညီငယ္ေလးလို တည္ၿမဲေႏြးေထြးတဲ့ ဆက္ဆံေရးတစ္ခု တည္ေဆာက္ဖို႔။

မမသက္လ်ာ အေတြးက ဒီလို ႐ိုးစင္းခဲ့ေပမဲ့ ခ်စ္ခဲ့မိပါတယ္။ အစ္ကိုနဲ႔ ညီငယ္ေလး ဆိုတဲ့ ေဘာင္ကေန လြတ္ကင္းသြားတဲ့အထိ ကိုကို႔ကို စူးနစ္စြာ ခ်စ္ခဲ့မိပါတယ္။ အဲ့ဒီအတြက္လဲ မမသက္လ်ာ ခြင့္လႊတ္ႏိုင္မယ္လို႔ ရရ ေမွ်ာ္လင့္မိပါရဲ႕။

အေတြး အမွ်င္တန္းႀကီးနဲ႔ တံျမက္စည္း ပတ္လွည္းေနရင္း အိမ္ေရွ႕ ေရာက္လာမွ ျမင္လိုက္ရတဲ့ ဖိနပ္စင္ေလးေပၚမွာ အခံ့သား ရွိေနတဲ့ ဖိုင္တြဲ အျပာေလး။ မနက္ကတည္းက ကိုကို တကိုင္ကိုင္ လုပ္ေနတာမို႔ အေရးႀကီးတဲ့ စာ႐ြက္စာတန္းေတြမွန္း ရရ သိပါတယ္။

တကယ္လို႔မ်ား ဆိုတဲ့ အေတြးနဲ႔ ကိုကို႔နံပါတ္ေလးကို ခပ္ျမန္ျမန္ ႏွိပ္ခ်လိုက္ေတာ့ ျပန္ထူးသံနဲ႔အတူ ေလတိုးသံပါ ၾကားလိုက္ရတယ္။ အဲကြန္းေလကို မႀကိဳက္လွတဲ့ ကိုကိုက ေဘးမွာ ရရ မပါတိုင္း မွန္ခ် စီးတတ္တာလဲ သိပါတယ္။

"ကိုကို"

"အင္း"

"ကိုကို ဘယ္နား ေရာက္ၿပီလဲဟင္"

"႐ုံး ေရာက္ဖို႔ ငါးမိနစ္အလို"

"ကိုကို ဖိုင္တြဲမ်ား က်န္ခဲ့တာလားလို႔"

"အျပာေရာင္ဖိုင္လား"

"ဟုတ္တယ္ ကိုကို"

"ဟာကြာ၊ အေရးႀကီးတဲ့ဟာမွ... က်စ္"

စိတ္ပ်က္လက္ပ်က္ အသံက ဖုန္းေလးထဲမွာ အထင္းသား။ ဘယ္တုန္းကမွ ပစၥည္း ေမ့မက်န္တတ္တဲ့ ကိုကိုက ဒီမနက္မွ ခပ္ေလာေလာ ျဖစ္ေနခဲ့တာ။ ရရ သိသေလာက္ ကိုကို႔အတြက္ အေရးႀကီး မီတင္ ရွိပုံေပါက္ပါတယ္။

"ရရ လာေပးမယ္ေလ ကိုကိုရဲ႕"

"႐ုံးတည္ေနရာ မွတ္မိလို႔လား"

"ကေလးမွ မဟုတ္တာ ကိုကိုရယ္၊ ရရ မွတ္မိပါတယ္"

ကိုကို႔ေနာက္ လိုက္သြားရမွာမို႔ ျမဴးႂကြစြာ အာမခံလိုက္ေပမဲ့...။

"မျဖစ္ေသးပါဘူး၊ ခင္ဗ်ား တစ္ေယာက္တည္း လာေနရမွာ"

ကိုကို႔အသံက ေတြးေတြးဆဆ။ ရရကို ကေလးေပါက္စနေလးမ်ား မွတ္ေနသလား ကိုကိုရယ္။

"ကိုကို စိတ္ခ်၊ ကိုကို စိတ္ခ်ေနာ္၊ ရရ အခုပဲ လာခဲ့မယ္ သိလား၊ ဖိုင္တြဲအျပင္ ဘာယူခဲ့ရအုံးမလဲဟင္"

ခပ္ေလာေလာ ထပ္ေျပာလိုက္ေတာ့ ကိုကို ခဏ ၿငိမ္သြားၿပီးမွ...

"စိတ္ခ်လို႔ ရရဲ႕လား"

"အင္းပါဆို"

"ဒါဆို ခင္ဗ်ား ေဖ်ာ္တဲ့ သံပရာရည္"

"ဟုတ္... ဒါဆို ရရ လာခဲ့ေတာ့မယ္ေနာ္"

"အလ်င္မလိုဘူး၊ စိတ္ခ်ရတဲ့ ကားကို ငွား၊ ျဖည္းျဖည္း လာခဲ့၊ ဘယ္ခ်ိန္ ေရာက္ေရာက္ ရတယ္၊ ဟုတ္ၿပီလား"

"ဟုတ္ၿပီ ကိုကို"

ကိုကို႔စကားအတိုင္း လိုက္ေျပာေတာ့ ရယ္သံ ၾကားလိုက္ရၿပီး ဖုန္းခ်သြားတယ္။

အဲ့ကတည္းက သံပရာရည္ ေျပးေဖ်ာ္၊ အေအးခံဘူးကေလးထဲ အျပည့္ျဖည့္၊ အဝတ္အစားလဲ၊ ႐ုံးက မမေတြအတြက္ ရရ ကိုယ္တိုင္ လုပ္ထားတဲ့ ပူတင္းဘူးကေလးေတြ ေကာက္ထည့္၊ ဖိုင္တြဲကေလးကို ေက်ာပိုးအိတ္ကေလးထဲ ေသခ်ာထည့္၊ အိမ္နဲ႔ ၿခံတံခါး ေသာ့ခတ္ၿပီးကတည္းက ကိုကို႔ဆီ လြင့္ေနေအာင္ ထြက္လာခဲ့လိုက္တာ။

တစ္လမ္းလုံး ေက်ာပိုးအိတ္ကေလး ေပြ႕ၿပီး ေပ်ာ္လာခဲ့ေပမဲ့ အငွားကားေလးက ရန္ကင္း လမ္းသြယ္ေတြကို ေက်ာ္ျဖတ္လာေတာ့မွ ဒုကၡနဲ႔ လွလွက စတင္လာတယ္။

"မုျဒာထိပ္ေတာ့ ေရာက္လာၿပီ၊ မုျဒာ ဘယ္ႏွလမ္းကို ပို႔ေပးရမလဲ လူေလး"

ဦးေလးႀကီး စကားမွာ ရင္က ထိတ္ခနဲ။ မုျဒာက တစ္လမ္းပဲ ရွိရမွာ မဟုတ္ဘူးလား။

"ခင္ဗ်ာ... အဲ့လို ရွိေသးတာလား"

"မုျဒာက မိန္းလမ္းမႀကီးေလ လူေလးရဲ႕၊ လမ္းခြဲက ၁၀ လမ္း‌ေတာင္ ရွိၿပီး လမ္းခြဲ ၁၀ ခုကို ေပါင္းလိုက္ရင္ မုျဒာ အိမ္ရာလို႔ ေခၚတယ္၊ လမ္းသြယ္ တစ္လမ္း တစ္လမ္းကလဲ အေတာ္ရွည္သားကြ၊ ႐ုံးလုပ္သားေတြ မဟုတ္ရင္ အျပင္လူလဲ သိပ္အဝင္အထြက္ မရွိၾကဘူး"

"ဗ်ာ"

အူေၾကာင္ေၾကာင္ လုပ္ေနတဲ့ ရရ ပုံစံကို ဦးေလးႀကီးက နားလည္လာဟန္ သက္ျပင္းရႈိက္တယ္။

"မွတ္မိသေလာက္ ေျပာၾကည့္မလား၊ ဒါမွမဟုတ္ လူေလး သြားခ်င္တဲ့ အေဆာက္အဦကို မွတ္မိလား"

ေခါင္းကို ခပ္ျမန္ျမန္ အလုပ္ေပးေနေပမဲ့ ပူထူလာတာမို႔ ခ်က္ခ်င္း ထြက္မလာ။ ရင္ကလဲ တုန္ေနၿပီ၊ ရရ အေျဖကို ေစာင့္ေနတဲ့ အငွားကားေလးကလဲ မုျဒာထိပ္မွာ ရပ္ထားတာ ၾကာေနၿပီ။

"ဟိုေလ အေဆာက္အဦက ထည္ထည္ဝါဝါနဲ႔ ရွစ္ထပ္ အေဆာက္အဦႀကီးပါ ခင္ဗ်၊ ကြၽန္ေတာ္ သိသေလာက္ ဂိတ္ေပါက္ဝမွာ စကၠဴပန္းပင္ေတြ အမ်ားႀကီး ရွိတယ္ဗ်"

"မုျဒာ တစ္လမ္းလုံးက ႐ုံးေတြနဲ႔ခ်ည္း ျပည့္ေနတာမို႔ အေဆာက္အဦေတြက ခပ္ဆင္ဆင္ခ်ည္းပဲ လူေလးရဲ႕၊ ဒါမွမဟုတ္ ဖုန္းဆက္ေမးလို႔ ရရင္ ေမးလိုက္ပါလား၊ ဦးေလး ေစာင့္ေပးပါ့မယ္"

ကိုကို႔ဆီ ဖုန္းဆက္လိုက္ရင္ စိတ္ရႈပ္သြားမလား ေတြးလိုက္ေပမဲ့ ဖိုင္တြဲေလးက အေရးႀကီးတာမို႔ လူက ပူထူလာတယ္။ မထူးစိတ္ပိုက္ၿပီး ေက်ာပိုးအိတ္ေလးကို ဇစ္ဖြင့္လိုက္ေပမဲ့ ဘယ္ေနရာမွ ရွာမေတြ႕။

"ဟင္... ဖုန္း က်န္ခဲ့ၿပီ ထင္တယ္"

"ေသခ်ာ ၾကည့္ပါအုံး လူေလးရဲ႕၊ ကူရွင္ေတြၾကားမ်ား က်ေနသလား"

"မဟုတ္ဘူး ဦးေလး၊ ကားေပၚ ေရာက္ကတည္းက ကြၽန္ေတာ္ ဖုန္းမကိုင္ရေသးတာ"

"ဒါဆို အိမ္မွာ က်န္ခဲ့တာေပါ့"

"ဟုတ္တယ္ဗ်"

စိတ္ညစ္လက္ညစ္နဲ႔ ေခါင္းကို စုံကုတ္မိရင္း ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္မိတာ တားမရ။ ငယ္ငယ္ကတည္းက လမ္းနာမည္ေတြ၊ ေနရာသစ္ေတြကို မမွတ္ႏိုင္ခဲ့တာ အခုထိပါပဲ။ ဘယ္ေလာက္ပဲ ရင္းႏွီးခဲ့ ရင္းႏွီးခဲ့၊ မသြားတာ ၾကာတဲ့ လမ္းေဟာင္းေတြဆီ ျပန္ေရာက္ရင္ေတာင္ တစ္ေယာက္တည္းဆို နေဝတိမ္ေတာင္ ျဖစ္ရတာလဲ မေရတြက္ႏိုင္ေအာင္ပဲ။

အေသစြဲထင္ မွတ္ထားဖူးတဲ့ ျမင္ကြင္းနဲ႔ အနည္းငယ္ေလးမ်ား ကြဲျပားသြားခဲ့ရင္ ရရတို႔ ကမာၻပ်က္ပါၿပီ။ ဒါေၾကာင့္ပဲ ေနမွာ ေဖေဖ၊ ေမေမ၊ ကိုကိုႀကီးနဲ႔ မမႀကီးတို႔က ရရကို စိတ္မခ်ႏိုင္ ျဖစ္ခဲ့ၾကတာ။

ဒီရက္ေတြအတြင္း ကိုကို႔ ႐ုံးကို မၾကာခဏ ေရာက္ဖူးေပမဲ့ ကိုကိုနဲ႔ အတူမို႔ ပတ္ဝန္းက်င္ကို သာမန္ကာလွ်ံကာသာ ၾကည့္ၿပီး လမ္းေတြကို မမွတ္သားခဲ့မိတဲ့ အမွားပါပဲ။ မုျဒာက လမ္းခြဲ ဆယ္ခု ရွိတာေတာင္ အခုမွ သိတဲ့ ရရက ဘယ္ေလာက္မ်ား ညံ့ဖ်င္းလိုက္ပါသလဲ။

အေတြးေတြ ေယာက္ယက္ခတ္ဆဲမွာ ရရ မ်က္စိေရွ႕ ေရာက္လာတဲ့ ကီးပတ္ ဖုန္းကေလး။

"ဦးေလး ဖုန္းနဲ႔ ေခၚၾကည့္ပါ့လား၊ စီးေနက် ကာစတမ္မာက ေစာင့္ေနတာမို႔ လူေလးနဲ႔အတူ အၾကာႀကီး လိုက္ရွာ မေပးႏိုင္ေပမဲ့ ထားခဲ့ရမွာလဲ စိတ္မခ်လို႔ပါ၊ ေခၚၾကည့္လိုက္ေနာ္၊ သူ လမ္းၫႊန္ေပးႏိုင္ရင္ အဆင္ေျပတာေပါ့"

"ဟုတ္ကဲ့ ဦးေလး"

အလြတ္ရေနတဲ့ ကိုကို႔ နံပါတ္ကို ဝမ္းသာအားရ ႏွိပ္လိုက္ေပမဲ့ တတူတူ ဝင္ေနတဲ့ ဖုန္းလိုင္းေလးမွ အပ၊ ျပန္ေျဖသံ မၾကားရ။ နံပါတ္စိမ္းမို႔မ်ား ကိုကို မကိုင္ေလသလား။

ရရကို စိတ္မခ်ေပမဲ့ ေနာက္ေၾကာင္း မေအး ျဖစ္ေနတဲ့ ဦးေလးႀကီးက နာရီတၾကည့္ၾကည့္မို႔ ကားေပၚက ကပ်ာကယာ ဆင္းလိုက္မိၿပီး က်သင့္ေငြ ကမ္းေပးလိုက္မိတယ္။

"ကြၽန္ေတာ္ ေနရစ္ခဲ့ပါ့မယ္ဗ်၊ ဒီမွာ က်သင့္ေငြပါ ခင္ဗ်ာ၊ ေက်းဇူးတင္ပါတယ္"

"အဆင္ေျပရဲ႕လား လူေလး"

"ေျပတယ္ ခင္ဗ်၊ ကြၽန္ေတာ္ နည္းနည္း ပတ္ရွာလိုက္ပါ့မယ္"

"ေျခက်င္အစား တကၠစီနဲ႔ဆို ပိုအဆင္ေျပမွာ၊ ႐ုံးပိတ္ရက္မို႔ အိမ္ရာထဲ ဝင္တဲ့ကား ရွားမွာေတာ့ အမွန္ပဲ၊ ဦးေလး အျပင္ထြက္ရင္း ေတြ႕ခဲ့ရင္ လႊတ္ေပးလိုက္ပါ့မယ္"

"ဟုတ္ကဲ့ ဦးေလး"

သံပရာရည္ဘူးေလးကို က်စ္က်စ္ပါေအာင္ ကိုင္၊ ေက်ာပိုးအိတ္ကေလး လြယ္လ်က္ ျမင္ေနရတဲ့ ဦးဆုံး လမ္းကေလးထဲ ခ်ိဳးေကြ႕ ဝင္လာခဲ့မိတယ္။ ပတ္ဝန္းက်င္ကို ေမးျမန္းရေအာင္လဲ ႐ုံးပိတ္ရက္မို႔ လမ္းေပၚမွာ လူသူ ကင္းမဲ့ေနတယ္။

အားတင္း ေလွ်ာက္လာေပမဲ့ မနက္ခင္းေနက ဦးေခါင္းတည့္တည့္ကို ေရာက္ေနၿပီ။ အေတာ္ေလး ေလွ်ာက္ၿပီးတဲ့အခါ ခပ္ေဝးေဝးဆီက အေဆာက္အဦေပၚမွာ ျမင္လိုက္ရတဲ့ ဆိုင္းဘုတ္ကေလး။ အဂၤလိပ္ ပန္းစာလုံးနဲ႔ ေရးထားတာမို႔ အေရွ႕ဆုံးက C ဆိုတာ သိလိုက္ရၿပီး အားတက္သြားမိတယ္။ ကိုကို႔ ကုမၸဏီနာမည္က C.O.E မဟုတ္လား။

ႏႈတ္ခမ္းသားေတြ ေကြးၫြတ္ေအာင္ ၿပဳံးလိုက္မိတဲ့အခါ ရင္ထဲက အပူလုံးႀကီး ျပဳတ္က်သြားသလို။ ေတာ္ေသးတာေပါ့။ ကိုကို႔ဆီ ေရာက္ေတာ့မွာပဲ။

^^

လူရာေက်ာ္ ရွိခဲ့တဲ့ ႐ုံးႀကီးထဲမွာ စေန ပိတ္ရက္မို႔ ဝန္ထမ္းအင္အားက ဆယ္ေယာက္ပင္ မျပည့္။ ဒီအခ်ိန္ဆို ခ်ာတိတ္ ေရာက္ေနမွာ မလြဲဧကန္။ သူ႔ကို အၾကာႀကီး ေစာင့္ေနရလို႔ ႏႈတ္ခမ္းစူေနမလား ေတြးမိေတာ့ လွစ္ခနဲ ၿပဳံးမိေသးတယ္။

အေရးႀကီး ZOOM Meeting တက္ၿပီးတဲ့ သူက မီတင္ခန္းထဲက ခပ္သြက္သြက္ ထြက္လာေတာ့ အခန္းဝမွာ ေဝမိုးကို ျမင္တယ္။ ေဘးမွာ တစ္စုံတစ္ေယာက္ ပါလာမလား ရွာေပမဲ့ မေတြ႕သလို၊ ေဝမိုးကလဲ ဘာမွ မေျပာတာမို႔...

"ကိုယ့္ခ်ာတိတ္ေကာ"

"ခင္ဗ်ာ"

ေဝမိုး ပုံစံက ဘာမွမသိသလို အူေၾကာင္ေၾကာင္မို႔ ေဒါသထြက္လာတယ္။

"ကိုယ့္ခ်ာတိတ္ ဘယ္မွာလဲလို႔"

"ကြၽန္ေတာ္ မသိဘူးေလ ခင္ဗ်"

"မဟုတ္မွ မေရာက္ေသးတာလား"

"ကိုဋာ့ ခ်ာတိတ္က ႐ုံးကို လိုက္လာလို႔လား"

ျပန္ေမးခံလိုက္ရတာမို႔ တစ္ခုခု လြဲေနၿပီ ဆိုတာ ရိပ္မိလိုက္တယ္။ အခု သူ႔ စိုးရိမ္ေရမွတ္က ၁၀၀ ေက်ာ္လာၿပီ။ မဟုတ္မွ လမ္းေပ်ာက္ေနတာလား ဆိုၿပီး ဖုန္းနံပါတ္ေလး ေကာက္ႏွိပ္လိုက္ေပမဲ့ ဖုန္းဝင္သံက လြဲရင္ ကိုင္မဲ့သူ မရွိ။ သူ႔ဆီ အသစ္ေခၚထားတာလဲ မရွိ။

သူ႔ရင္ထဲ အမ်ိဳးအမည္ မသိတဲ့ ေဝဒနာေတြ ေသာင္းက်န္း အုံႂကြလာတယ္။ ဒီကေလးေလးက မၾကာခဏ ဖုန္းတျခား လူတျခား ျဖစ္တတ္တာလဲ သူ သိထားပါတယ္။ ဧကႏၲ သူ႔ဆီ အလ်င္စလို ထြက္လာရင္း ဖုန္းေမ့ခဲ့တာ ျဖစ္ပါလိမ့္မယ္။

ဒါ့အျပင္ နိစၥဓူဝ သြားလာေနတဲ့ လမ္း မဟုတ္ရင္ ဘယ္လမ္းကိုမွ ေကာင္းေကာင္း မမွတ္မိတတ္ပါဘူး။ မဟုတ္မွ သူ႔ဆီလာရင္း လမ္းေပ်ာက္ေနတာလား။ ဟာကြာ...။

ႏွလုံးခုန္သံက မူမမွန္ေတာ့သလို သူ႔ရင္အုပ္ႀကီး ေမာက္တက္လာေအာင္ သက္ျပင္းရႈိက္ေနမိေတာ့ ေဝမိုးပါ ပ်ာပ်ာသလဲ ျဖစ္လာတယ္။

မီတင္ တက္ေနစဥ္က ဖုန္းသံ ပိတ္ထားတာမို႔ Missed Calls ေတြ အမ်ားႀကီး ဝင္ထားေပမဲ့ နံပါတ္စိမ္းေလး တစ္ခုက တျခားနံပါတ္ေတြနဲ႔မတူ ဆယ္ႀကိမ္တိတိ ေခၚထားတာမို႔ ခပ္ျမန္ျမန္ ႏွိပ္ခ်လိုက္ေတာ့ တစ္ဖက္ ထူးသံက ဦးေလးႀကီးတစ္ေယာက္။

"ဦးတင့္ထူးပါ"

"ဟုတ္ကဲ့၊ ကြၽန္ေတာ့္ နံပါတ္ကို အႀကိမ္ေရ အမ်ားႀကီး ေခၚထားလို႔ပါ ခင္ဗ်ာ"

"ေအးေအး ဟုတ္တယ္ကြဲ႕၊ ဦးေလး ကာစတမ္မာ ကေလးေလး ေခၚထားတာပါကြယ္၊ ဖုန္းေမ့က်န္ခဲ့ၿပီး လမ္းပါ မမွတ္မိေတာ့လို႔တဲ့ အားကိုးတႀကီး လွမ္းေခၚရွာတာပဲ၊ လူေလးက ဖုန္းမွ မကိုင္တာကြယ္"

ထင္တဲ့ အတိုင္းမို႔ သူ႔ရင္ထဲ က်ပ္ခဲသြားတာ ဘာနဲ႔ တိုင္းတာျပရမွန္း မသိ။ အဲ့ေလာက္ အေရးႀကီးတာ မဟုတ္ပါဘဲ ဘာေၾကာင့္ ဖိုင္တြဲကို လာပို႔ခိုင္းမိတာလဲ။ အလုပ္ လုပ္ေနခ်ိန္ ေဘးမွာ ထိုင္ေနတာေလး ျမင္ခ်င္လို႔မ်ား သူ ဆိုးသြမ္းမိတာလား။

"သူ အနားမွာ ရွိလားဗ်"

"ဘယ္ရွိပါေတာ့မလဲ လူေလးရယ္၊ လြန္ခဲ့တဲ့ တစ္နာရီေလာက္ကတည္းက မုျဒာအိမ္ရာထိပ္မွာ က်န္ရစ္တာပဲ၊ ဦးေလးလဲ အတူ ရွာေပးခ်င္ေပမဲ့ ခရီးသည္ ေစာင့္ေနတာမို႔ ထားခဲ့ရတယ္"

"ဗ်ာ"

"ဒီေလာက္ ၾကာေနၿပီ၊ ကေလး ေရာက္မလာေသးတာလား"

"ဟုတ္တယ္ ခင္ဗ်၊ မုျဒာထိပ္မွာ ခ်ေပးခဲ့တာ ေသခ်ာပါတယ္ေနာ္"

"ဟုတ္တယ္ ဟုတ္တယ္၊ ဧကႏၲ တစ္လမ္းဝင္ တစ္လမ္းထြက္မ်ား လိုက္ရွာေနမလားကြယ္၊ ကေလးက ငယ္ငယ္ ေခ်ာေခ်ာကေလးရယ္၊ က်ားျဖစ္ျဖစ္ မျဖစ္ျဖစ္၊ ေခတ္ႀကီးက စိတ္ခ်ရတာ မဟုတ္လို႔ ညီေလးကို ျမန္ျမန္သာရွာ လူေလးေရ"

ဖုန္းခ်ၿပီးတာနဲ႔ ကားေသာ့ေကာက္ဆြဲၿပီး ေျပးထြက္လာေတာ့ ေဝမိုးပါ ကပ္ပါလာတယ္။

"ကိုဋာ ကြၽန္ေတာ္ပါ..."

"မလိုက္နဲ႔၊ ေနာက္မီတင္ ပ်က္လို႔ မရလို႔ ေဝမိုး အစား ဝင္ထားလိုက္"

"ခင္ဗ်ာ၊ အဆင္... အဆင္ေျပပါ့မလားဟင္"

"အထက္လူႀကီးေတြ ေမးရင္ ကိုယ့္အတြက္ ေသေရး ရွင္ေရးထက္ အေရးႀကီးတဲ့ ကိစၥကို လုပ္ေနလို႔ ပ်က္ကြက္တဲ့ အေၾကာင္း ေျပာထားေပး"

ေျပာၿပီးတာနဲ႔ ဆရာသမားက ေျပးဆင္းသြားတာမို႔ ဖင္ကုတ္ ေခါင္းကုတ္နဲ႔ ေဝမိုးတစ္ေယာက္တည္း က်န္ရစ္တယ္။

တစ္လ တစ္ႀကိမ္ ျပဳလုပ္တဲ့ အုပ္ခ်ဳပ္မႈ အႀကီးပိုင္း မီတင္ႀကီးကိုမွ မိမိကို အစားဝင္ထားတဲ့လား။ ဒီမီတင္က ပ်က္ကြက္ရန္ ခက္သလို၊ ဘယ္သူမွ အစားထိုး ဝင္လို႔ မရတာ ကိုဋာ သိပါလ်က္ ေဝမိုးက ဘယ္မ်က္ႏွာနဲ႔ တက္ရပါမလဲ။

အဲ့ဒီအစား ကိုဋာ့ ခ်ာတိတ္ကို လိုက္ရွာ ဆိုရင္ေတာင္ အ႐ိုးေၾကေၾက အေရခမ္းခမ္း ေပ်ာ္႐ႊင္စြာ လိုက္ရွာေပးလိုက္မွာ။ အခုေတာ့ အစားဝင္ထိုင္ေပးရမဲ့ ေဝမိုးက ကိုဋာ့လို ဘာသာစကားေတြ အမ်ားႀကီး ေျပာတတ္တာလဲ မဟုတ္။ ကိုဋာ့လို အရည္အခ်င္း ရွိတာလဲ မဟုတ္။

ႀကံရာမရတဲ့အဆုံး ကမာၻလုံး ဆိုင္ရာ လူႀကီးမင္းေတြၾကားမွာ မဆိုးလွတဲ့ အဂၤလိပ္ စေကးလ္ကို အသုံးခ်ၿပီး ကိုဋာ့အတြက္ ခြင့္ဝင္တိုင္ေပးဖို႔သာ အားတင္း လိုက္ရပါေတာ့တယ္။

^^

ဆက္ရန္

ခ်စ္တဲ့ အသြဲ႕^^

၂၄.၁၀.၂၀၂၂ တနလၤာေန႔

+++++

Continue Reading

You'll Also Like

18.3K 2K 34
တိက်ေသခ်ာတာနဲ႕ ဇီဇာေၾကာင္တာမတူဘူး လူႀကီးရဲ႕ လူႀကီးက ပိုကိုပိုလြန္းတာ တိကျသေချာတာနဲ့ ဇီဇာကြောင်တာမတူဘူး လူကြီးရဲ့ လူကြီးက ပိုကိုပိုလွန်းတာ
8.3K 637 38
Love Is The Sweetest Poison. Love Is An Inescapable Bond. (Unicode+Zawgyi)
249K 19.6K 39
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...
172K 12.6K 53
အေးချမ်းရာကို ဖန်တီးပေးသည်မို့ မင်းဟာ ကိုယ့်ရဲ့ အေးမြရိပ်မြုံကလေး...။ ကိုယ့်နှလုံးသားရဲ့ အဖိုးမဖြတ်နိုင်တဲ့ ပန်ကာကလေး....။ ေအးခ်မ္းရာကို ဖန္တီးေပးသ...