- ဆုံးကမ္ဘာမြေသို့တိုင် -
သက်ဝေ ဖေဖေတို့ကို ရွှေတိဂုံဘုရား ၊ ဆူးလေဘုရားစသည့် ရန်ကုန်မြို့ပေါ်က ဘုရားတော်တော်များများကို လိုက်ပို့သည် ။ ထို့နောက်ညနေဘက်အထိနေ၍ မေမေချက်ကျွေးသည့် အိမ်ထမင်း အိမ်ဟင်းကိုစားပြီးမှ သက်ဝေ အေဝမ်းသို့ပြန်လာတတ်စမြဲ ။
ထွေးထွေးကိုလည်း ဈေးထဲသို့ခေါ်သွားကာ လိုချင်မျက်စိရှိမည့်အရာများကို သက်ဝေ လိုက်ဝယ်ပေးဖြစ်သည် ။ ထွေးထွေးနှင့်ဈေးဝယ်ရင်း ထွေးထွေးနှင့်မတိမ်းမယိမ်း မေရီ့ကိုပါ တစ်ချက်တစ်ချက် သတိရမိသေးသည် ။ ၅ ရက်လောက်ကြာတော့ ဖေဖေတို့ မန်းလေးသို့ပြင်ကြရန်ပြင်တော့သည် ။ သက်ဝေလည်း ဖေဖေနှင့်မေမေကို လက်ဆယ်ဖြာ ထိပ်မှာမိုး၍ အပြစ်ဟူသမျှဝန်ချတောင်းပန်ရင်း ရိုကျိုးစွာ ကန်တော့လိုက်သည် ။
" ငါ့သမီး သွားလေရာ ဘေးမထိ ဆူးမငြိဘဲ သူတော်ကောင်းတွေနဲ့သာ တွေ့ပါစေဗျား "
" ပေးတဲ့ဆုနဲ့ပြည့်ပါရစေ ဖေဖေ "
♡
မေရီနှင့်သက်ဝေ၏ဆက်ဆံရေးသည်လည်း မေမေတို့ကိုမိတ်ဆက်ပေးသည့်နေမှစ၍ တဖြည်းဖြည်းရင်းနှီးလာခဲ့သည် ။ မေရီလည်း ' မမသက်ဝေ ' ဟုခေါ်ရာမှ ယခုဆိုလျှင် ' မမဝေ ' ဟုခေါ်နေပြီဖြစ်သည် ။ မေရီက သက်ဝေညီမ ထွေးထွေးနှင့်အသက်သိပ်မကွာတာမို့ သက်ဝေအတွက်တော့ ညီမလေးတစ်ယောက်ထပ်ရလိုက်သလိုပါပင် ။
" မမဝေ ဒီနေ့ မမဝေ ဇာတ်ကားအတွက် သီချင်းစတက်မယ်ပြောမယ် သိသလား "
" သိတယ် မေရီ ဦးလေးစံတင်ပြောပြထားတယ် ။ ဘယ်လိုလဲ စိတ်လှုပ်ရှားနေပြီလား "
မေရီက ခပ်ဆဆလေးတွေးပြီးမှ သက်ဝေထံမှအကြည့်ကိုလွှဲကာ ဖြေလေသည် ။
" အင်း ... စိတ်မလှုပ်ရှားဘူးဆို မေရီညာရာကျမှာပေါ့ မမဝေရဲ့ ။ အရင် သီချင်းကြီးတွေဆိုတုန်းက တာဝန်ကြီးတယ်ရယ်ဆိုပေမယ့် မေရီနားလည်သလို ခံစားချက်ကိုထည့်ပြီးဆိုရင်ရတယ်လေ ။ အခုကကျ မမဝေပြောချင်သမျှ ခံစားချက်တွေ စကားလုံးတွေကို မမဝေရဲ့ကိုယ်စား မေရီက သီချင်းထဲကနေ ပေါ်လွင်အောင်ဆိုပြပေးရမှာဆိုတော့ တကယ့် အနှစ်သာရ မပေါ်မှာစိုးတယ် "
မေရီဟာ အသက်အရွယ်ငယ်ပေမယ့် အတော်ကို တွေးခေါ်နိုင်စွမ်းမြင့်မားသည့် ကလေးမပင် ။
" မပူပါနဲ့ မေရီရဲ့ ။ မမဝေဆိုရင်လည်း ကိုယ်တကယ်မခံစားရတာကို ခံစားရသလို ပရိယာယ်နဲ့ဟန်ဆောင်ရတာပဲလေ ။ ဒီသဘောကို မေရီလေးနားလည်ပြီး မမခံစားသလို လိုက်ပြီး စီးမြောနိုင်ရုံနဲ့တင်ရပါတယ်ကွယ် ။ ငါ့ညီမ အရည်အချင်းက ပေါ့သေးသေးမှမဟုတ်ဘဲ "
မမဝေ စကားကြောင့် မေရီ အားတက်ရသည် ။ ပထမဆုံးအတွေ့အကြုံမို့ စိတ်လှုပ်ရှားနေတာနေမှာပါဟု ကိုယ့်ကိုယ်ကိုယ် ထပ်မံအားပေးရင်း အသံသွင်းစတူဒီယိုဆီသို့ ဦးတည်လိုက်သည် ။
၁၅ နှစ်အရွယ်တွင် မေရီ ပထမဆုံးအကြိမ်အနေဖြင့် မိမိအသံကို ပရိသတ်ရှေ့မှောက်သို့ ချပြခွင့်ရပေတော့မည် ။ ထိုသို့တွေးလိုက်တိုင်းလည်း ရင်ထဲမှာ လှိုင်းကလေးတွေ လူးလွန့်သွားသလိုဖြစ်ရပြန်သည် ။
" ဘယ်လိုလဲ မေရီ ။ အဆင်သင့်ဖြစ်ပြီလား "
" ဟုတ်ကဲ့ ဆရာ "
မေရီ ဂီတဆရာ ဦးကျော်ဟန်ကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည် ။ ဆရာက ဇာတ်ဝင်ခန်းအကြောင်းကို အကျဉ်းချုံး၍ရှင်းပြပြီး ခံစားချက်များကို အသားပေး၍ပြောသည် ။ သီချင်းစာသားတစ်ကြောင်းစီကိုလည်း အဓိပ္ပါယ်အသေးစိတ်ပြောပြပြီး ဘယ်နေရာတွင် ဘယ်လိုရှိုက် ၊ ဘယ်နေရာတွင် ဘယ်လိုခံစားချက်လေးထည့် စသည်ကအစ ပြောပြသဖြင့် မေရီအတွက် တော်တော်လေးအဆင်ပြေပါသည် ။
" ဒါဖြင့် အတီးမပါဘဲ စာသားချည်းပဲ ဆရာတိုင်ပေးထားတဲ့အတိုင်း အဆွဲအငင် အရှိုက်အဖိုနဲ့ အကြမ်းသဘော ဆိုပြနိုင်မလား "
" ဟုတ် မေရီကြိုးစားကြည့်ပါ့မယ် ဆရာ "
" ကြိုးစားကြည့်မယ်မလုပ်နဲ့ ကလေးမ ။ အစွမ်းကုန်ကြိုးစားမယ်ဆိုတာပဲကြားချင်တယ် "
" ဟုတ်ကဲ့ပါ ဆရာ "
{ တေးရေး ရောင်နီ နှင့် မူရင်းအဆိုရှင် ချိုပြုံးကို လေးလေးစားစား credit ပေးပါတယ်ရှင် ။ ကေတုဝင်းထွဋ်ရဲ့ အလင်္ကာဝတ်ရည် တေးသင်္ကေတပေါင်းချုပ် စာအုပ်ထဲမှ ထုတ်နုတ်ထားခြင်းဖြစ်ပါတယ် }
" လောကရဲ့ကမ္ဘာကုန်ကျယ်သရွေ့ .. အမြဲမမေ့ပါနိုင် .. တစ်ယောက်နဲ့တစ်ယောက် .. စေတနာပီတိ .. ရွှန်းဝေကာမြိုင် .. အကြည့်ချင်းဆိုင် .. အပြုံးယှဉ်ပြိုင် .. အားပါးတရ .. ပခုံးချင်းဖက်ကာ နှစ်ယောက်သား မခွာပါနိုင် .. ဆုံးကမ္ဘာမြေတိုင် .. လျှောက်လည်ချင်စမ်း .. မေတ္တာပိုင် .. "
" အင်း ဟုတ်တယ် ဆိုသွားတဲ့ အသံအနေအထားလေးမှန်တယ် ဒီ့ထက်ပိုပြီး ခံစားချက်လေးထည့်ပြီးဆို ။ ဆိုတာကကောင်းပြီး နားထောင်ရတာ လေးလေးနက်နက်သိပ်မရှ်ိလို့ "
မေရီအတတ်နိုင်ဆုံး ခံစားချက်တွေကို လေးနက်၍ ယခင် သီချင်းကြီး သီချင်းခံတွေ ဆိုခဲ့ဖူးတုန်းကကဲ့သို့ ချစ်ခြင်း၏အရသာကို အပြည့်အဝ ရယူလိုက်သည် ။ သီချင်းဆိုရန်အတွက် အဆင်သင့်ဖြစ်လောက်သည့် ခံစားချက်မျိုးရတော့ မေရီ ဆရာဦးကျော်ဟန်ကို ခေါင်းညိတ်ပြလိုက်သည် ။
" တံတားအောက်မှ .. ဖြတ်သန်းစီးဆင်းလာသော .. ရေအလျဉ်စိုင် .. ဘယ်လောက်များ .. မြောက်မြားပြီလဲ သိပဲသိပါနိုင် .. တံတားအိုအလား .. တို့များတော့ .. မတုန်မလှုပ်မယိုင် .. လူ့သဘောမနော .. အပြုသဘောတွေ .. တွေးဆပိုင်ပိုင် .. သံသရာတစ်ခွင် .. ပျက်ကြွေပြုန်းသည်ထိ .. နှလုံးသွေးနဲ့အသက်ကိုပင် .. ဖလှယ်ဆက်မယ်အပြိုင် .. အပြုံးတေးဖွဲ့ .. တစ်သက်မငြိုငြင် နှစ်သွယ်လက် ခိုင်ခိုင်ပျက် .. မမုန်းပါနိုင် .. အသည်းထဲ .. စွဲမြဲနေသမျှ .. "
သီချင်းဆုံးသည်ထိ မေရီ မျက်လုံးမှိတ်ထားမိဆဲဖြစ်သည် ။ လက်ခုပ်သံတွေကြားတော့မှ မေရီ အလန့်တကြားမျက်လုံးဖွင့်ကြည့်မိတော့ ဆရာဦးကျော်ဟန်အပါအဝင် အသံသွင်းအဖွဲ့အားလုံးက မေရီ့အသံကို လက်ခုပ်ဝိုင်းတီးပေးနေကြခြင်းဖြစ်သည် ။ မေရီ့မျက်လုံးဝိုင်းဝိုင်းတွင် မျက်ရည်ကြည်များ ဝေ့တက်လာသည် ။ အို မေမေဆုံးပြီးကတည်းက လှိုက်လှိုက်လှဲလှဲပျော်ရသည့် ပထမဆုံးအပျော်ဖြစ်သည် ။
" ကောင်းလိုက်တာ မေရီရာ ။ နင့် ၁၅ နှစ်လို့ ဘယ်သူမှထင်မှာမဟုတ်ဘူး ။ ဂီတမှာတော့ ညည်းအမေ မလှမေ ထက်တောင်ပိုပြီး ထူးချွန်ဦးမယ် "
" ကျေးဇူးတင်ပါတယ် ဆရာ "
" ကဲ ကဲ နားချည်ဦး ။ ဒီဇာတ်က ဒီတစ်ပုဒ်က မင်းသမီးအတွက် အသက်ပဲ ။ နောက်တစ်ပုဒ်ကို နောက်ရက်မှ ဆက်တိုက်ကြတာပေါ့ ။ ဒါကို အသံသွင်းပြီး နင့်အစ်မသက်ဝေကို သီချင်းချပေးရဦးမယ် ။ ဒါမှ နင့်အသံနဲ့ သက်ဝေ အမူအရာနဲ့တစ်ထပ်တည်းကျမှာ "
" အဲဒီကျရင် မေရီရော လိုက်ကြည့်လို့ရလား ဆရာ "
" ရတာပေါ့ လိုက်ခဲ့လေ မနက်ဖြန်ကျ သက်ဝေနဲ့အတူတူ လာကြပေါ့ "
" ဟုတ်ကဲ့ပါ ဆရာ ။ ဒါဖြင့် မေရီ့ကို ခွင့်ပြုပါဦး "
မေရီ နောက်ရက် အေဝမ်းရုပ်ရှင်ခြံသို့ စောသွားလိုက်သည် ။ အချိန်စောနေသေး၍ မမဝေကို လိုက်ရှာတော့ ခြံထဲက ထိုင်ခုံတစ်ခုတွင် ထိုင်နေသည်ကို မြင်လိုက်ရသည် ။
" မမဝေ "
" ဟင် မေရီ အစောကြီးပါပဲလား "
" ဟုတ်တယ် အိမ်မှာပဲနေရတာ ပျင်းတာနဲ့လေ စောထွက်လာခဲ့တာ "
" ဒါဖြင့်လာထိုင်ဦးလေ ။ မမလည်းစောသေးတော့ ခဏထိုင်နေတာ ။ မေရီရောက်လာတော့ အဖော်ရသွားပြီ စကားလေးဘာလေးပြောကြတာပေါ့ "
" ဟုတ် "
မေရီ မမဝေ ဘေးဝင်ထိုင်တော့ မမဝေခေါင်းမှာပန်ထားသည့် သနပ်ခါးပန်းနံ့သင်းသင်းလေးကိုရလိုက်သည် ။ မမဝေက သူ့ရဲ့ဖြစ်တည်မှုနဲ့တင် တစ်ဖက်လူကို စိတ်အေးချမ်းစေတဲ့ အမျိုးသမီးပါပဲလား ဟုလည်း မေရီတွေးမိလိုက်သည် ။
" တစ်ယောက်အကြောင်းတစ်ယောက်သိပ်မသိကြသေးဘူးမလား ။ အဲဒီတော့ ပြောပါဦး မေရီ့အကြောင်း ။ မမသိပ်စိတ်ဝင်စားတယ်ကွယ် "
" ဘာမှထွေထွေထူးထူးမရှိပါဘူး မမဝေရယ် "
" မေရီက ရှမ်းစပ်တယ်မလား အသားလေးတွေကအစ ဖြူဖွေးပြီးကြည်နေတာပဲ "
" ဟုတ် မေရီ့ဖေဖေက ရှမ်းလေ ။ မေရီ့မှာ ရှမ်းနာမည်တောင်ရှိသေးတယ် "
" ဟုတ်သလား ဘာတဲ့လဲဟင် "
" နန်းမိုခမ်း တဲ့ ။ မြန်မာလိုဆို ရွှေကြာပွင့်လို့ အဓိပ္ပါယ်ရတယ် ။ မေမေနဲ့ဖေဖေရဲ့ဘဝထဲကို မမျှော်လင့်ဘဲ ဝင်လာခဲ့တဲ့ ရွှေကြာပွင့်ကလေးမို့တဲ့ "
" သိပ်အဓိပ္ပါယ်ရှိတာပဲကွယ် ရွေးတတ်လိုက်တာ "
" ဒါနဲ့ မမနာမည်ကရော "
" မမ နာမည်က သက်ဝေ ပါပဲ ။ မမအထက်မှာ အစ်ကိုနှစ်ယောက်ရှိတယ်လေ ။ ဖေဖေသမီး မိန်းကလေးလိုချင်နေတဲ့အချိန်မှာ မွေးလာလို့ အသက်တမျှချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့မှည့်ထားတယ်လို့ပြောတာပဲ "
" မမက လူလည်းလှ နာမည်လည်းလှပဲ ။ သက်ဝေဆိုတဲ့နာမည်က မမနဲ့လိုက်တယ် သိလား "
" ဒါနဲ့ ရှမ်းပြည်နယ်အကြောင်းလေးစကားဆက်ပါဦး ။ မမ ရောက်ဖူးချင်တာ ရှမ်းပြည်ဘက်ကို ဒါပေမယ့် အခွင့်မသာခဲ့ဘူးလေ ။ ဒါကြောင့် မေရီကပဲ မမကို ရှမ်းပြည်နယ်အကြောင်းတွေ ပြောပြကွယ်နော် "
" ဟုတ်ပါပြီရှင် "
မေရီ ဘယ်ကစပြောရမလဲဟု စဉ်းစားကာ ခေါင်းလေးကိုငဲ့ထားလိုက်သည် ။ မမဝေကတော့ မေရီပြောလာမည့်စကားများကို အပြည့်အဝ အာရုံစိုက်ထားပုံရသည် ။
" ရှမ်းတိုင်းရင်းသားတွေမှာ လူမျိုးစုငယ်တွေအများကြီးရှိတယ် မမဝေရဲ့ ။ အဲဒီလူမျိုးစုတွေက သူ့လူမျိုးစုနဲ့သူ နေကြတာများတယ် ။ မေရီသိသလောက်ကတော့ ရှမ်းတွေများပါတယ် ။ ရှမ်းအပြင် အင်းသား၊ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်၊ ဝ၊ အခါ .. အို အများကြီးပါပဲ ။ မေရီတောင် အကုန်မမှတ်နိုင်ဘူး "
မမဝေဟာ မေရီ့စကားကို သေချာလေးဂရုစိုက်၍နားထောင်ပေးသည် ။
" စကားကျရော? မေရီက ရှမ်းလိုပြောတတ်သလား? "
" လူမျိုးစုတွေအလိုက်သုံးတာတွေတော့ရှိတာပေါ့ မမဝေရဲ့ ။ များသောအားဖြင့်ကတော့ ဗမာစကား ၊ ရှမ်းစကားတွေကိုပဲသုံးကြတာပါ ။ မေရီကတော့ အများကြီး မပြောတတ်ပါဘူး ။ နည်းနည်းပါးပါးပေါ့ ။ သူတို့ပြောတာနားလည်ပေမယ့် ပြန်ပြောတာတော့ မသွက်ဘူးလေ "
" ကိုးကွယ်တာကြတော့ရောဟင် ။ မမဝေ တအားစပ်စုသလိုဖြစ်သွားရင် တောင်းပန်ပါတယ်နော် မေရီ "
" ရပါတယ် မမရဲ့ ။ မေရီ ရှမ်းပြည်နယ်ကိုချစ်ပါတယ် ။ ဒါကြောင့် အဲဒါနဲ့ပက်သက်ပြီး မေရီသိသလောက်မျှဝေရတာလည်း မေရီပျော်ပါတယ် "
" အင်း ဒါဖြင့် အားမနာတမ်းမေးပြီနော် "
မမဝေက ခပ်လွင်လွင်ရယ်သည် ။ ဘယ်လိုလူကများ ရယ်သံကအစ နားဝင်ချိုအောင် ရယ်နိုင်ရတာပါလိမ့် ။
" တော်တော်များများကတော့ ဗုဒ္ဓဘာသာပဲကိုးကွယ်ကြတာပါ ။ မေရီတို့ရောပေါ့ ။ နတ်ကိုးကွယ်တာတို့ ခရစ်ယာန်ကိုးကွယ်တာတို့လည်းရှိတယ် ။ အဲ ဗုဒ္ဓဘာသာဖြစ်ပြီး နတ်ကိုးကွယ်တာမျိုးဆိုတာလည်း ရှိသေးတယ် မမဝေရဲ့ ။ ရှမ်းပြည်နယ်ဘက်က တစ်ချို့က နတ်နဲ့ပက်သက်တာကတော့ တအားအစွဲကြီးကြတယ် ။ ဗေဒင်တွေ ယတြာတွေလည်းယုံကြတယ် ။ မေရီကတော့ အဲဒါမျိုးတွေ အယုံအကြည်မရှိပါဘူး "
" အင်း ဒါတော့ မမဝေလည်း မေရီနဲ့တူသွားပြီ ။ အခုလို ကိုယ်မသိတဲ့ ကိုယ့်လူမျိုးတိုင်းရင်းသားအကြောင်းကို သိလိုက်ရတာ ကောင်းလိုက်တာ ။ ကျေးဇူးပဲ မေရီ "
" မဟုတ်တာ သေချာနားထောင်ပေးတဲ့ မမဝေကိုပဲ မေရီက ကျေးဇူးတင်ရမှာပါ "
" မမလည်း အရင်က ရှမ်းလူမျိုးနဲ့ပက်သက်တဲ့စာတွေတော့ ဖတ်ဖူးတယ် ။ သိပ်အများကြီးတော့မဟုတ်ဘူးပေါ့ကွယ် ။ ရှမ်းနဲ့ပက်သက်ပြီး ဒီတစ်ခုကတော့ မမဝေခေါင်းထဲကမထွက်ဘူးရယ် "
" ဘာများလဲ မမဝေရဲ့ "
" ဒီဟာလေ သျှမ်းဆိုတဲ့ ဝေါဟာရကို ရှမ်းမြန်မာ ပါဠိပညာရှင်ကြီးတွေက 'သာမိ ဣဿရိယတီတိ သာမိ' လို့ဆိုကြတယ် ။ အဓိပ္ပါယ်က သာမိ- အရှင်သခင်အဖြစ်ဖြင့်၊ ဣဿရိယတိ- အစိုးရတတ်၏၊ ဣတိတသ္မာ- ထို့ကြောင့်၊ သာမိ-သာမိမည်၏။ ဆိုပြီး ဖွင့်ဆိုထားတာလေ ။ ရှမ်းလူမျိုးတွေက ခတ္တိယနွယ်စဉ် သာကီဝင်တွေကနေ ဆင်းသက်လာတယ်လို့ ယူဆကြသတဲ့ ။ အဲဒါလေးကိုတော့ မမ ထူးထူးခြားခြားမှတ်မိနေတယ် "
မေရီ မမ၏လေ့လာမှုစွမ်းအားကို တလေးတစားဖြစ်မိပါသည် ။ တော်ရုံဆို ဘယ်မိန်းမသားကမှ ဒီလိုစာတွေကို အရေးထားပြီးဖတ်နေတာမဟုတ် ။ ကျောင်းအတန်းပညာတောင် သိပ်မအားမပေးတာ အပြင်စာဖတ်ဖို့ဆိုတာ ဝေးကြပါရော ။ သို့သော် မမကတော့ စာပေကိုစိတ်ဝင်စားပြီး အချိန်ရရင်ရသလို လေ့လာသည်ထင်သည် ။
" ကဲ ကဲ နှစ်ယောက်သားစကားကောင်းတာနဲ့ပဲ ရှုတင်နောက်ကျတော့မယ် သွားကြစို့ "
မမဝေက ထဘီကိုတင်းနေအောင်ပြင်ဝတ်ကာ မိတ်ကပ်ခပ်ပါးပါးပုတ်၍ ရိုက်ကွင်းသို့ထွက်လာခဲ့သည် ။ ဒီနေ့က outdoor scenes မပါသောကြောင့် ရုပ်ရှင်ခြံထဲမှာတင် ရှုတင်ဆောက်လိုက်ကြသည် ။
မမဝေ အဝတ်အစားလဲပြီးနောက် အသံသွင်းထားသည့် မေရီ့သီချင်းသံကိုဖွင့်ပြလိုက်သောအခါ အတော်လေး အံ့အားသင့်သွားသည့် အမူအရာကိုတွေ့ရသည် ။ ထို့နောက် သီချင်းကိုဂရုတစိုက်နားထောင်ရင်း မေရီ့အသံ၌ပါဝင်သော ခံစားချက်များကို မမဝေက အမူအရာဖြင့် သရုပ်ဖော်သည် ။ သီချင်းတစ်ပုဒ်လုံးတွင်ပါဝင်သည့် သီချင်းစာသားနှင့် အကြောင်းအရာများအားလုံးကို ရသွားသောအခါ မမဝေက ရိုက်ကွင်းစရန်ပြင်တော့သည် ။
မေရီက စာကြောင်းတစ်ကြောင်းချင်း ခံစားချက်ကိုနှစ်၍ ဆိုခဲ့သည်ဆိုလျှင် မမဝေကတော့ စာလုံးတစ်လုံးချင်းစီ၏ အဓိပ္ပါယ်ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့သည်ဟု ပြောနိုင်သည် ။ မျက်ဝါးထင်ထင်မြင်ရမှ မမဝေဟာလည်း သိပ်ကိုပါရမီထူးချွန်သည့် မင်းသမီးတစ်လက်ဖြစ်မှန်းသိလိုက်ရသည် ။
မေရီ့အသံကို မမဝေက သူ့အမူအရာနှင့်တစ်ထပ်တည်းကျအောင် သရုပ်ဆောင်သွားသည်မှာ မသိရင် သူမကိုယ်တိုင်ပင် သီဆိုနေသကဲ့သို့ အသက်ပါလှသည် ။ ၁၉၅၀ ကာလ၏ ရုပ်ရှင်လောကမှာ အများကြီးဖွံ့ဖြိုးတိုးတက်သည်ဟု မဆိုသာပေ ။ ဖလင်လိပ်များက ရွှေထက်ပင်တန်ဖိုးရှိသောကြောင့် ထိုခေတ်က မင်းသား မင်းသမီးများမှာ တစ်ခါတည်းနှင့်အပြီးရအောင် သရုပ်ဆောင်ကြရသည် ။ ခဏခဏ မှားလို့ပြန်ပြင်ပါရစေ ဆိုတာမျိုး မရှိပေ ။
ထိုခေတ်မျိုးမှာ ဆိုပေမယ့် မမဝေဟာ တက်သစ်စ မင်းသမီးတစ်ယောက်အနေနှင့် တကယ်ကို လက်ဖျားခါလောက်ပေသည် ။ တစ်ခါတည်းနှင့် ဇာတ်ဝင်ခန်းတော်တော်များများကို ပြီးပြည့်စုံအောင် ရိုက်ကူးနိုင်လေသည် ။ ဒီနေ့အဖို့ ရိုက်ကူးရန် ဇာတ်ဝင်ခန်းများကုန်သွားသောအခါ မမဝေက မေရီရှိရာသို့လျှောက်လာသည် ။
" သီချင်းက သိပ်ကောင်းတာပဲ မေရီရယ် ။ မမဝေဖြင့် သီချင်းကြောင့် ခံစားချက်တွေရပြီး ဒီနေ့ သရုပ်ဆောင်ရတာလည်း အဆင်ကိုပြေနေရောပဲ "
" မဟုတ်တာ မမဝေကမှ တကယ်တော်တာပါ ။ မေရီဖြင့် ဘယ်လိုချီးကျူးရမှန်းတောင်မသိတော့ဘူး တကယ် တကယ် "
" ကဲပါရှင် တစ်ယောက်တစ်လှည့်စီချီးကျူးနေတာ တော်ကြပါစို့ ။ ညနေလည်းစောင်းပြီ မေရီ ပြန်တော့လေ ။ မမဝေ နှင်တာမဟုတ်ပါဘူး ဒါပေမယ့် ညနေဘက် နေဝင်ရီတရောကို မိန်းကလေးတစ်ယောက်တည်း သွားလာနေတာ စိတ်မချလို့ပါ "
" စိတ်မပူပါနဲ့ မမရဲ့ ဖေဖေက ရန်ကုန်မှာပဲရှိသေးတော့ မေရီ့ကိုလာကြိုမှာ ။ ဒီည အဖိုးလေးတို့ဆီသွားပြီး ထမင်းစားကြမလို့လေ "
" ကောင်းပါရဲ့ရှင် "
" ဒါဖြင့် မေရီသွားပြီနော် "
ကျစ်ဆံမြီးလေးနှစ်ဖက် ဝေ့ခနဲယိမ်းသွားသည်အထိ ခန္ဓာကိုယ်လေးကို လှည့်ကာ သက်ဝေကို နှုတ်ဆက်ရင်း တဖြည်းဖြည်းဝေးကွာသွားသော ပုံရိပ်လေးကို ထိုနေရာမှာပင်ရပ်၍ သက်ဝေ ခပ်ကြာကြာ စိုက်ကြည့်နေမိခဲ့ပါသည် ... ။
၄.၉.၂၀၂၂
5:20 PM
- ဆုံးကမာၻေျမသို႔တိုင္ -
သက္ေဝ ေဖေဖတို႔ကို ေ႐ႊတိဂုံဘုရား ၊ ဆူးေလဘုရားစသည့္ ရန္ကုန္ၿမိဳ႕ေပၚက ဘုရားေတာ္ေတာ္မ်ားမ်ားကို လိုက္ပို႔သည္ ။ ထို႔ေနာက္ညေနဘက္အထိေန၍ ေမေမခ်က္ေကြၽးသည့္ အိမ္ထမင္း အိမ္ဟင္းကိုစားၿပီးမွ သက္ေဝ ေအဝမ္းသို႔ျပန္လာတတ္စၿမဲ ။
ေထြးေထြးကိုလည္း ေဈးထဲသို႔ေခၚသြားကာ လိုခ်င္မ်က္စိရွိမည့္အရာမ်ားကို သက္ေဝ လိုက္ဝယ္ေပးျဖစ္သည္ ။ ေထြးေထြးႏွင့္ေဈးဝယ္ရင္း ေထြးေထြးႏွင့္မတိမ္းမယိမ္း ေမရီ႕ကိုပါ တစ္ခ်က္တစ္ခ်က္ သတိရမိေသးသည္ ။ ၅ ရက္ေလာက္ၾကာေတာ့ ေဖေဖတို႔ မန္းေလးသို႔ျပင္ၾကရန္ျပင္ေတာ့သည္ ။ သက္ေဝလည္း ေဖေဖႏွင့္ေမေမကို လက္ဆယ္ျဖာ ထိပ္မွာမိုး၍ အျပစ္ဟူသမွ်ဝန္ခ်ေတာင္းပန္ရင္း ႐ိုက်ိဳးစြာ ကန္ေတာ့လိုက္သည္ ။
" ငါ့သမီး သြားေလရာ ေဘးမထိ ဆူးမၿငိဘဲ သူေတာ္ေကာင္းေတြနဲ႔သာ ေတြ႕ပါေစဗ်ား "
" ေပးတဲ့ဆုနဲ႔ျပည့္ပါရေစ ေဖေဖ "
♡
ေမရီႏွင့္သက္ေဝ၏ဆက္ဆံေရးသည္လည္း ေမေမတို႔ကိုမိတ္ဆက္ေပးသည့္ေနမွစ၍ တျဖည္းျဖည္းရင္းႏွီးလာခဲ့သည္ ။ ေမရီလည္း ' မမသက္ေဝ ' ဟုေခၚရာမွ ယခုဆိုလွ်င္ ' မမေဝ ' ဟုေခၚေနၿပီျဖစ္သည္ ။ ေမရီက သက္ေဝညီမ ေထြးေထြးႏွင့္အသက္သိပ္မကြာတာမို႔ သက္ေဝအတြက္ေတာ့ ညီမေလးတစ္ေယာက္ထပ္ရလိုက္သလိုပါပင္ ။
" မမေဝ ဒီေန႔ မမေဝ ဇာတ္ကားအတြက္ သီခ်င္းစတက္မယ္ေျပာမယ္ သိသလား "
" သိတယ္ ေမရီ ဦးေလးစံတင္ေျပာျပထားတယ္ ။ ဘယ္လိုလဲ စိတ္လႈပ္ရွားေနၿပီလား "
ေမရီက ခပ္ဆဆေလးေတြးၿပီးမွ သက္ေဝထံမွအၾကည့္ကိုလႊဲကာ ေျဖေလသည္ ။
" အင္း ... စိတ္မလႈပ္ရွားဘူးဆို ေမရီညာရာက်မွာေပါ့ မမေဝရဲ႕ ။ အရင္ သီခ်င္းႀကီးေတြဆိုတုန္းက တာဝန္ႀကီးတယ္ရယ္ဆိုေပမယ့္ ေမရီနားလည္သလို ခံစားခ်က္ကိုထည့္ၿပီးဆိုရင္ရတယ္ေလ ။ အခုကက် မမေဝေျပာခ်င္သမွ် ခံစားခ်က္ေတြ စကားလုံးေတြကို မမေဝရဲ႕ကိုယ္စား ေမရီက သီခ်င္းထဲကေန ေပၚလြင္ေအာင္ဆိုျပေပးရမွာဆိုေတာ့ တကယ့္ အႏွစ္သာရ မေပၚမွာစိုးတယ္ "
ေမရီဟာ အသက္အ႐ြယ္ငယ္ေပမယ့္ အေတာ္ကို ေတြးေခၚႏိုင္စြမ္းျမင့္မားသည့္ ကေလးမပင္ ။
" မပူပါနဲ႔ ေမရီရဲ႕ ။ မမေဝဆိုရင္လည္း ကိုယ္တကယ္မခံစားရတာကို ခံစားရသလို ပရိယာယ္နဲ႔ဟန္ေဆာင္ရတာပဲေလ ။ ဒီသေဘာကို ေမရီေလးနားလည္ၿပီး မမခံစားသလို လိုက္ၿပီး စီးေျမာႏိုင္႐ုံနဲ႔တင္ရပါတယ္ကြယ္ ။ ငါ့ညီမ အရည္အခ်င္းက ေပါ့ေသးေသးမွမဟုတ္ဘဲ "
မမေဝ စကားေၾကာင့္ ေမရီ အားတက္ရသည္ ။ ပထမဆုံးအေတြ႕အႀကဳံမို႔ စိတ္လႈပ္ရွားေနတာေနမွာပါဟု ကိုယ့္ကိုယ္ကိုယ္ ထပ္မံအားေပးရင္း အသံသြင္းစတူဒီယိုဆီသို႔ ဦးတည္လိုက္သည္ ။
၁၅ ႏွစ္အ႐ြယ္တြင္ ေမရီ ပထမဆုံးအႀကိမ္အေနျဖင့္ မိမိအသံကို ပရိသတ္ေရွ႕ေမွာက္သို႔ ခ်ျပခြင့္ရေပေတာ့မည္ ။ ထိုသို႔ေတြးလိုက္တိုင္းလည္း ရင္ထဲမွာ လႈိင္းကေလးေတြ လူးလြန႔္သြားသလိုျဖစ္ရျပန္သည္ ။
" ဘယ္လိုလဲ ေမရီ ။ အဆင္သင့္ျဖစ္ၿပီလား "
" ဟုတ္ကဲ့ ဆရာ "
ေမရီ ဂီတဆရာ ဦးေက်ာ္ဟန္ကို ေခါင္းညိတ္ျပရင္း ေျပာလိုက္သည္ ။ ဆရာက ဇာတ္ဝင္ခန္းအေၾကာင္းကို အက်ဥ္းခ်ဳံး၍ရွင္းျပၿပီး ခံစားခ်က္မ်ားကို အသားေပး၍ေျပာသည္ ။ သီခ်င္းစာသားတစ္ေၾကာင္းစီကိုလည္း အဓိပၸါယ္အေသးစိတ္ေျပာျပၿပီး ဘယ္ေနရာတြင္ ဘယ္လိုရႈိက္ ၊ ဘယ္ေနရာတြင္ ဘယ္လိုခံစားခ်က္ေလးထည့္ စသည္ကအစ ေျပာျပသျဖင့္ ေမရီအတြက္ ေတာ္ေတာ္ေလးအဆင္ေျပပါသည္ ။
" ဒါျဖင့္ အတီးမပါဘဲ စာသားခ်ည္းပဲ ဆရာတိုင္ေပးထားတဲ့အတိုင္း အဆြဲအငင္ အရႈိက္အဖိုနဲ႔ အၾကမ္းသေဘာ ဆိုျပႏိုင္မလား "
" ဟုတ္ ေမရီႀကိဳးစားၾကည့္ပါ့မယ္ ဆရာ "
" ႀကိဳးစားၾကည့္မယ္မလုပ္နဲ႔ ကေလးမ ။ အစြမ္းကုန္ႀကိဳးစားမယ္ဆိုတာပဲၾကားခ်င္တယ္ "
" ဟုတ္ကဲ့ပါ ဆရာ "
{ ေတးေရး ေရာင္နီ ႏွင့္ မူရင္းအဆိုရွင္ ခ်ိဳၿပဳံးကို ေလးေလးစားစား credit ေပးပါတယ္ရွင္ ။ ေကတုဝင္းထြဋ္ရဲ႕ အလကၤာဝတ္ရည္ ေတးသေကၤတေပါင္းခ်ဳပ္ စာအုပ္ထဲမွ ထုတ္ႏုတ္ထားျခင္းျဖစ္ပါတယ္ }
" ေလာကရဲ႕ကမာၻကုန္က်ယ္သေ႐ြ႕ .. အၿမဲမေမ့ပါႏိုင္ .. တစ္ေယာက္နဲ႔တစ္ေယာက္ .. ေစတနာပီတိ .. ႐ႊန္းေဝကာၿမိဳင္ .. အၾကည့္ခ်င္းဆိုင္ .. အၿပဳံးယွဥ္ၿပိဳင္ .. အားပါးတရ .. ပခုံးခ်င္းဖက္ကာ ႏွစ္ေယာက္သား မခြာပါႏိုင္ .. ဆုံးကမာၻေျမတိုင္ .. ေလွ်ာက္လည္ခ်င္စမ္း .. ေမတၱာပိုင္ .. "
" အင္း ဟုတ္တယ္ ဆိုသြားတဲ့ အသံအေနအထားေလးမွန္တယ္ ဒီ့ထက္ပိုၿပီး ခံစားခ်က္ေလးထည့္ၿပီးဆို ။ ဆိုတာကေကာင္းၿပီး နားေထာင္ရတာ ေလးေလးနက္နက္သိပ္မရွ္ိလို႔ "
ေမရီအတတ္ႏိုင္ဆုံး ခံစားခ်က္ေတြကို ေလးနက္၍ ယခင္ သီခ်င္းႀကီး သီခ်င္းခံေတြ ဆိုခဲ့ဖူးတုန္းကကဲ့သို႔ ခ်စ္ျခင္း၏အရသာကို အျပည့္အဝ ရယူလိုက္သည္ ။ သီခ်င္းဆိုရန္အတြက္ အဆင္သင့္ျဖစ္ေလာက္သည့္ ခံစားခ်က္မ်ိဳးရေတာ့ ေမရီ ဆရာဦးေက်ာ္ဟန္ကို ေခါင္းညိတ္ျပလိုက္သည္ ။
" တံတားေအာက္မွ .. ျဖတ္သန္းစီးဆင္းလာေသာ .. ေရအလ်ဥ္စိုင္ .. ဘယ္ေလာက္မ်ား .. ေျမာက္ျမားၿပီလဲ သိပဲသိပါႏိုင္ .. တံတားအိုအလား .. တို႔မ်ားေတာ့ .. မတုန္မလႈပ္မယိုင္ .. လူ႔သေဘာမေနာ .. အျပဳသေဘာေတြ .. ေတြးဆပိုင္ပိုင္ .. သံသရာတစ္ခြင္ .. ပ်က္ေႂကြျပဳန္းသည္ထိ .. ႏွလုံးေသြးနဲ႔အသက္ကိုပင္ .. ဖလွယ္ဆက္မယ္အၿပိဳင္ .. အၿပဳံးေတးဖြဲ႕ .. တစ္သက္မၿငိဳျငင္ ႏွစ္သြယ္လက္ ခိုင္ခိုင္ပ်က္ .. မမုန္းပါႏိုင္ .. အသည္းထဲ .. စြဲၿမဲေနသမွ် .. "
သီခ်င္းဆုံးသည္ထိ ေမရီ မ်က္လုံးမွိတ္ထားမိဆဲျဖစ္သည္ ။ လက္ခုပ္သံေတြၾကားေတာ့မွ ေမရီ အလန႔္တၾကားမ်က္လုံးဖြင့္ၾကည့္မိေတာ့ ဆရာဦးေက်ာ္ဟန္အပါအဝင္ အသံသြင္းအဖြဲ႕အားလုံးက ေမရီ႕အသံကို လက္ခုပ္ဝိုင္းတီးေပးေနၾကျခင္းျဖစ္သည္ ။ ေမရီ႕မ်က္လုံးဝိုင္းဝိုင္းတြင္ မ်က္ရည္ၾကည္မ်ား ေဝ့တက္လာသည္ ။ အို ေမေမဆုံးၿပီးကတည္းက လႈိက္လႈိက္လွဲလွဲေပ်ာ္ရသည့္ ပထမဆုံးအေပ်ာ္ျဖစ္သည္ ။
" ေကာင္းလိုက္တာ ေမရီရာ ။ နင့္ ၁၅ ႏွစ္လို႔ ဘယ္သူမွထင္မွာမဟုတ္ဘူး ။ ဂီတမွာေတာ့ ညည္းအေမ မလွေမ ထက္ေတာင္ပိုၿပီး ထူးခြၽန္ဦးမယ္ "
" ေက်းဇူးတင္ပါတယ္ ဆရာ "
" ကဲ ကဲ နားခ်ည္ဦး ။ ဒီဇာတ္က ဒီတစ္ပုဒ္က မင္းသမီးအတြက္ အသက္ပဲ ။ ေနာက္တစ္ပုဒ္ကို ေနာက္ရက္မွ ဆက္တိုက္ၾကတာေပါ့ ။ ဒါကို အသံသြင္းၿပီး နင့္အစ္မသက္ေဝကို သီခ်င္းခ်ေပးရဦးမယ္ ။ ဒါမွ နင့္အသံနဲ႔ သက္ေဝ အမူအရာနဲ႔တစ္ထပ္တည္းက်မွာ "
" အဲဒီက်ရင္ ေမရီေရာ လိုက္ၾကည့္လို႔ရလား ဆရာ "
" ရတာေပါ့ လိုက္ခဲ့ေလ မနက္ျဖန္က် သက္ေဝနဲ႔အတူတူ လာၾကေပါ့ "
" ဟုတ္ကဲ့ပါ ဆရာ ။ ဒါျဖင့္ ေမရီ႕ကို ခြင့္ျပဳပါဦး "
ေမရီ ေနာက္ရက္ ေအဝမ္း႐ုပ္ရွင္ၿခံသို႔ ေစာသြားလိုက္သည္ ။ အခ်ိန္ေစာေနေသး၍ မမေဝကို လိုက္ရွာေတာ့ ၿခံထဲက ထိုင္ခုံတစ္ခုတြင္ ထိုင္ေနသည္ကို ျမင္လိုက္ရသည္ ။
" မမေဝ "
" ဟင္ ေမရီ အေစာႀကီးပါပဲလား "
" ဟုတ္တယ္ အိမ္မွာပဲေနရတာ ပ်င္းတာနဲ႔ေလ ေစာထြက္လာခဲ့တာ "
" ဒါျဖင့္လာထိုင္ဦးေလ ။ မမလည္းေစာေသးေတာ့ ခဏထိုင္ေနတာ ။ ေမရီေရာက္လာေတာ့ အေဖာ္ရသြားၿပီ စကားေလးဘာေလးေျပာၾကတာေပါ့ "
" ဟုတ္ "
ေမရီ မမေဝ ေဘးဝင္ထိုင္ေတာ့ မမေဝေခါင္းမွာပန္ထားသည့္ သနပ္ခါးပန္းနံ႔သင္းသင္းေလးကိုရလိုက္သည္ ။ မမေဝက သူ႔ရဲ႕ျဖစ္တည္မႈနဲ႔တင္ တစ္ဖက္လူကို စိတ္ေအးခ်မ္းေစတဲ့ အမ်ိဳးသမီးပါပဲလား ဟုလည္း ေမရီေတြးမိလိုက္သည္ ။
" တစ္ေယာက္အေၾကာင္းတစ္ေယာက္သိပ္မသိၾကေသးဘူးမလား ။ အဲဒီေတာ့ ေျပာပါဦး ေမရီ႕အေၾကာင္း ။ မမသိပ္စိတ္ဝင္စားတယ္ကြယ္ "
" ဘာမွေထြေထြထူးထူးမရွိပါဘူး မမေဝရယ္ "
" ေမရီက ရွမ္းစပ္တယ္မလား အသားေလးေတြကအစ ျဖဴေဖြးၿပီးၾကည္ေနတာပဲ "
" ဟုတ္ ေမရီ႕ေဖေဖက ရွမ္းေလ ။ ေမရီ႕မွာ ရွမ္းနာမည္ေတာင္ရွိေသးတယ္ "
" ဟုတ္သလား ဘာတဲ့လဲဟင္ "
" နန္းမိုခမ္း တဲ့ ။ ျမန္မာလိုဆို ေ႐ႊၾကာပြင့္လို႔ အဓိပၸါယ္ရတယ္ ။ ေမေမနဲ႔ေဖေဖရဲ႕ဘဝထဲကို မေမွ်ာ္လင့္ဘဲ ဝင္လာခဲ့တဲ့ ေ႐ႊၾကာပြင့္ကေလးမို႔တဲ့ "
" သိပ္အဓိပၸါယ္ရွိတာပဲကြယ္ ေ႐ြးတတ္လိုက္တာ "
" ဒါနဲ႔ မမနာမည္ကေရာ "
" မမ နာမည္က သက္ေဝ ပါပဲ ။ မမအထက္မွာ အစ္ကိုႏွစ္ေယာက္ရွိတယ္ေလ ။ ေဖေဖသမီး မိန္းကေလးလိုခ်င္ေနတဲ့အခ်ိန္မွာ ေမြးလာလို႔ အသက္တမွ်ခ်စ္ပါတယ္ဆိုတဲ့ အဓိပၸါယ္နဲ႔မွည့္ထားတယ္လို႔ေျပာတာပဲ "
" မမက လူလည္းလွ နာမည္လည္းလွပဲ ။ သက္ေဝဆိုတဲ့နာမည္က မမနဲ႔လိုက္တယ္ သိလား "
" ဒါနဲ႔ ရွမ္းျပည္နယ္အေၾကာင္းေလးစကားဆက္ပါဦး ။ မမ ေရာက္ဖူးခ်င္တာ ရွမ္းျပည္ဘက္ကို ဒါေပမယ့္ အခြင့္မသာခဲ့ဘူးေလ ။ ဒါေၾကာင့္ ေမရီကပဲ မမကို ရွမ္းျပည္နယ္အေၾကာင္းေတြ ေျပာျပကြယ္ေနာ္ "
" ဟုတ္ပါၿပီရွင္ "
ေမရီ ဘယ္ကစေျပာရမလဲဟု စဥ္းစားကာ ေခါင္းေလးကိုငဲ့ထားလိုက္သည္ ။ မမေဝကေတာ့ ေမရီေျပာလာမည့္စကားမ်ားကို အျပည့္အဝ အာ႐ုံစိုက္ထားပုံရသည္ ။
" ရွမ္းတိုင္းရင္းသားေတြမွာ လူမ်ိဳးစုငယ္ေတြအမ်ားႀကီးရွိတယ္ မမေဝရဲ႕ ။ အဲဒီလူမ်ိဳးစုေတြက သူ႔လူမ်ိဳးစုနဲ႔သူ ေနၾကတာမ်ားတယ္ ။ ေမရီသိသေလာက္ကေတာ့ ရွမ္းေတြမ်ားပါတယ္ ။ ရွမ္းအျပင္ အင္းသား၊ ဓႏု၊ ေတာင္႐ိုး၊ ပအိုဝ္း၊ ပေလာင္၊ ဝ၊ အခါ .. အို အမ်ားႀကီးပါပဲ ။ ေမရီေတာင္ အကုန္မမွတ္ႏိုင္ဘူး "
မမေဝဟာ ေမရီ႕စကားကို ေသခ်ာေလးဂ႐ုစိုက္၍နားေထာင္ေပးသည္ ။
" စကားက်ေရာ? ေမရီက ရွမ္းလိုေျပာတတ္သလား? "
" လူမ်ိဳးစုေတြအလိုက္သုံးတာေတြေတာ့ရွိတာေပါ့ မမေဝရဲ႕ ။ မ်ားေသာအားျဖင့္ကေတာ့ ဗမာစကား ၊ ရွမ္းစကားေတြကိုပဲသုံးၾကတာပါ ။ ေမရီကေတာ့ အမ်ားႀကီး မေျပာတတ္ပါဘူး ။ နည္းနည္းပါးပါးေပါ့ ။ သူတို႔ေျပာတာနားလည္ေပမယ့္ ျပန္ေျပာတာေတာ့ မသြက္ဘူးေလ "
" ကိုးကြယ္တာၾကေတာ့ေရာဟင္ ။ မမေဝ တအားစပ္စုသလိုျဖစ္သြားရင္ ေတာင္းပန္ပါတယ္ေနာ္ ေမရီ "
" ရပါတယ္ မမရဲ႕ ။ ေမရီ ရွမ္းျပည္နယ္ကိုခ်စ္ပါတယ္ ။ ဒါေၾကာင့္ အဲဒါနဲ႔ပက္သက္ၿပီး ေမရီသိသေလာက္မွ်ေဝရတာလည္း ေမရီေပ်ာ္ပါတယ္ "
" အင္း ဒါျဖင့္ အားမနာတမ္းေမးၿပီေနာ္ "
မမေဝက ခပ္လြင္လြင္ရယ္သည္ ။ ဘယ္လိုလူကမ်ား ရယ္သံကအစ နားဝင္ခ်ိဳေအာင္ ရယ္ႏိုင္ရတာပါလိမ့္ ။
" ေတာ္ေတာ္မ်ားမ်ားကေတာ့ ဗုဒၶဘာသာပဲကိုးကြယ္ၾကတာပါ ။ ေမရီတို႔ေရာေပါ့ ။ နတ္ကိုးကြယ္တာတို႔ ခရစ္ယာန္ကိုးကြယ္တာတို႔လည္းရွိတယ္ ။ အဲ ဗုဒၶဘာသာျဖစ္ၿပီး နတ္ကိုးကြယ္တာမ်ိဳးဆိုတာလည္း ရွိေသးတယ္ မမေဝရဲ႕ ။ ရွမ္းျပည္နယ္ဘက္က တစ္ခ်ိဳ႕က နတ္နဲ႔ပက္သက္တာကေတာ့ တအားအစြဲႀကီးၾကတယ္ ။ ေဗဒင္ေတြ ယၾတာေတြလည္းယုံၾကတယ္ ။ ေမရီကေတာ့ အဲဒါမ်ိဳးေတြ အယုံအၾကည္မရွိပါဘူး "
" အင္း ဒါေတာ့ မမေဝလည္း ေမရီနဲ႔တူသြားၿပီ ။ အခုလို ကိုယ္မသိတဲ့ ကိုယ့္လူမ်ိဳးတိုင္းရင္းသားအေၾကာင္းကို သိလိုက္ရတာ ေကာင္းလိုက္တာ ။ ေက်းဇူးပဲ ေမရီ "
" မဟုတ္တာ ေသခ်ာနားေထာင္ေပးတဲ့ မမေဝကိုပဲ ေမရီက ေက်းဇူးတင္ရမွာပါ "
" မမလည္း အရင္က ရွမ္းလူမ်ိဳးနဲ႔ပက္သက္တဲ့စာေတြေတာ့ ဖတ္ဖူးတယ္ ။ သိပ္အမ်ားႀကီးေတာ့မဟုတ္ဘူးေပါ့ကြယ္ ။ ရွမ္းနဲ႔ပက္သက္ၿပီး ဒီတစ္ခုကေတာ့ မမေဝေခါင္းထဲကမထြက္ဘူးရယ္ "
" ဘာမ်ားလဲ မမေဝရဲ႕ "
" ဒီဟာေလ သွ်မ္းဆိုတဲ့ ေဝါဟာရကို ရွမ္းျမန္မာ ပါဠိပညာရွင္ႀကီးေတြက 'သာမိ ဣႆရိယတီတိ သာမိ' လို႔ဆိုၾကတယ္ ။ အဓိပၸါယ္က သာမိ- အရွင္သခင္အျဖစ္ျဖင့္၊ ဣႆရိယတိ- အစိုးရတတ္၏၊ ဣတိတသၼာ- ထို႔ေၾကာင့္၊ သာမိ-သာမိမည္၏။ ဆိုၿပီး ဖြင့္ဆိုထားတာေလ ။ ရွမ္းလူမ်ိဳးေတြက ခတၱိယႏြယ္စဥ္ သာကီဝင္ေတြကေန ဆင္းသက္လာတယ္လို႔ ယူဆၾကသတဲ့ ။ အဲဒါေလးကိုေတာ့ မမ ထူးထူးျခားျခားမွတ္မိေနတယ္ "
ေမရီ မမ၏ေလ့လာမႈစြမ္းအားကို တေလးတစားျဖစ္မိပါသည္ ။ ေတာ္႐ုံဆို ဘယ္မိန္းမသားကမွ ဒီလိုစာေတြကို အေရးထားၿပီးဖတ္ေနတာမဟုတ္ ။ ေက်ာင္းအတန္းပညာေတာင္ သိပ္မအားမေပးတာ အျပင္စာဖတ္ဖို႔ဆိုတာ ေဝးၾကပါေရာ ။ သို႔ေသာ္ မမကေတာ့ စာေပကိုစိတ္ဝင္စားၿပီး အခ်ိန္ရရင္ရသလို ေလ့လာသည္ထင္သည္ ။
" ကဲ ကဲ ႏွစ္ေယာက္သားစကားေကာင္းတာနဲ႔ပဲ ရႈတင္ေနာက္က်ေတာ့မယ္ သြားၾကစို႔ "
မမေဝက ထဘီကိုတင္းေနေအာင္ျပင္ဝတ္ကာ မိတ္ကပ္ခပ္ပါးပါးပုတ္၍ ႐ိုက္ကြင္းသို႔ထြက္လာခဲ့သည္ ။ ဒီေန႔က outdoor scenes မပါေသာေၾကာင့္ ႐ုပ္ရွင္ၿခံထဲမွာတင္ ရႈတင္ေဆာက္လိုက္ၾကသည္ ။
မမေဝ အဝတ္အစားလဲၿပီးေနာက္ အသံသြင္းထားသည့္ ေမရီ႕သီခ်င္းသံကိုဖြင့္ျပလိုက္ေသာအခါ အေတာ္ေလး အံ့အားသင့္သြားသည့္ အမူအရာကိုေတြ႕ရသည္ ။ ထို႔ေနာက္ သီခ်င္းကိုဂ႐ုတစိုက္နားေထာင္ရင္း ေမရီ႕အသံ၌ပါဝင္ေသာ ခံစားခ်က္မ်ားကို မမေဝက အမူအရာျဖင့္ သ႐ုပ္ေဖာ္သည္ ။ သီခ်င္းတစ္ပုဒ္လုံးတြင္ပါဝင္သည့္ သီခ်င္းစာသားႏွင့္ အေၾကာင္းအရာမ်ားအားလုံးကို ရသြားေသာအခါ မမေဝက ႐ိုက္ကြင္းစရန္ျပင္ေတာ့သည္ ။
ေမရီက စာေၾကာင္းတစ္ေၾကာင္းခ်င္း ခံစားခ်က္ကိုႏွစ္၍ ဆိုခဲ့သည္ဆိုလွ်င္ မမေဝကေတာ့ စာလုံးတစ္လုံးခ်င္းစီ၏ အဓိပၸါယ္ေပၚလြင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့သည္ဟု ေျပာႏိုင္သည္ ။ မ်က္ဝါးထင္ထင္ျမင္ရမွ မမေဝဟာလည္း သိပ္ကိုပါရမီထူးခြၽန္သည့္ မင္းသမီးတစ္လက္ျဖစ္မွန္းသိလိုက္ရသည္ ။
ေမရီ႕အသံကို မမေဝက သူ႔အမူအရာႏွင့္တစ္ထပ္တည္းက်ေအာင္ သ႐ုပ္ေဆာင္သြားသည္မွာ မသိရင္ သူမကိုယ္တိုင္ပင္ သီဆိုေနသကဲ့သို႔ အသက္ပါလွသည္ ။ ၁၉၅၀ ကာလ၏ ႐ုပ္ရွင္ေလာကမွာ အမ်ားႀကီးဖြံ႕ၿဖိဳးတိုးတက္သည္ဟု မဆိုသာေပ ။ ဖလင္လိပ္မ်ားက ေ႐ႊထက္ပင္တန္ဖိုးရွိေသာေၾကာင့္ ထိုေခတ္က မင္းသား မင္းသမီးမ်ားမွာ တစ္ခါတည္းႏွင့္အၿပီးရေအာင္ သ႐ုပ္ေဆာင္ၾကရသည္ ။ ခဏခဏ မွားလို႔ျပန္ျပင္ပါရေစ ဆိုတာမ်ိဳး မရွိေပ ။
ထိုေခတ္မ်ိဳးမွာ ဆိုေပမယ့္ မမေဝဟာ တက္သစ္စ မင္းသမီးတစ္ေယာက္အေနႏွင့္ တကယ္ကို လက္ဖ်ားခါေလာက္ေပသည္ ။ တစ္ခါတည္းႏွင့္ ဇာတ္ဝင္ခန္းေတာ္ေတာ္မ်ားမ်ားကို ၿပီးျပည့္စုံေအာင္ ႐ိုက္ကူးႏိုင္ေလသည္ ။ ဒီေန႔အဖို႔ ႐ိုက္ကူးရန္ ဇာတ္ဝင္ခန္းမ်ားကုန္သြားေသာအခါ မမေဝက ေမရီရွိရာသို႔ေလွ်ာက္လာသည္ ။
" သီခ်င္းက သိပ္ေကာင္းတာပဲ ေမရီရယ္ ။ မမေဝျဖင့္ သီခ်င္းေၾကာင့္ ခံစားခ်က္ေတြရၿပီး ဒီေန႔ သ႐ုပ္ေဆာင္ရတာလည္း အဆင္ကိုေျပေနေရာပဲ "
" မဟုတ္တာ မမေဝကမွ တကယ္ေတာ္တာပါ ။ ေမရီျဖင့္ ဘယ္လိုခ်ီးက်ဴးရမွန္းေတာင္မသိေတာ့ဘူး တကယ္ တကယ္ "
" ကဲပါရွင္ တစ္ေယာက္တစ္လွည့္စီခ်ီးက်ဴးေနတာ ေတာ္ၾကပါစို႔ ။ ညေနလည္းေစာင္းၿပီ ေမရီ ျပန္ေတာ့ေလ ။ မမေဝ ႏွင္တာမဟုတ္ပါဘူး ဒါေပမယ့္ ညေနဘက္ ေနဝင္ရီတေရာကို မိန္းကေလးတစ္ေယာက္တည္း သြားလာေနတာ စိတ္မခ်လို႔ပါ "
" စိတ္မပူပါနဲ႔ မမရဲ႕ ေဖေဖက ရန္ကုန္မွာပဲရွိေသးေတာ့ ေမရီ႕ကိုလာႀကိဳမွာ ။ ဒီည အဖိုးေလးတို႔ဆီသြားၿပီး ထမင္းစားၾကမလို႔ေလ "
" ေကာင္းပါရဲ႕ရွင္ "
" ဒါျဖင့္ ေမရီသြားၿပီေနာ္ "
က်စ္ဆံၿမီးေလးႏွစ္ဖက္ ေဝ့ခနဲယိမ္းသြားသည္အထိ ခႏၶာကိုယ္ေလးကို လွည့္ကာ သက္ေဝကို ႏႈတ္ဆက္ရင္း တျဖည္းျဖည္းေဝးကြာသြားေသာ ပုံရိပ္ေလးကို ထိုေနရာမွာပင္ရပ္၍ သက္ေဝ ခပ္ၾကာၾကာ စိုက္ၾကည့္ေနမိခဲ့ပါသည္ ... ။
၄.၉.၂၀၂၂
5:20 PM