ယစ်မူးပျော်ဝင်ခြင်း║မြန်မာပြန...

By mila_ria

1.5M 208K 14.6K

Myanmar Translation of { Ni Jiu ( 溺酒 )} Original Author _ Nai Kou Ka Status in COO _ 85 Chapters + 6 Extras... More

Prologue
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-34 <U>
Chapter-34 <Z>
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58
Chapter-59
Chapter-60
Chapter-61
Chapter-62
Chapter-63
Chapter-64
Chapter-65
Chapter-66
Chapter-67
Chapter-68
Chapter-69
Chapter-70
Chapter-71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85 < Final >
Little Secrets ♡
Extra_1
Extra_2
Extra_3
Extra_4
Extra_5
Extra_6
Extra_7
ကျေးဇူးတင်ရှိခြင်း

Chapter-33

12K 1.8K 125
By mila_ria

~Unicode~

" ဖေဖေ... ဒီနွေရာသီပိတ်ရက်ကျ ကျောင်းက အင်္ဂလိပ်စာသင်တန်းရှိလို့... သားတက်လို့ ရလားဟင် ?"

ခမ်းထုန်မှာ အခုလေးတင်မှ ရေချိုးပြီးခြင်းဖြစ်ကာ အဒေါ်ကြီးက သူ၏ဆံပင်များအား ဒရိုင်ယာဖြင့် လေမှုတ်ပေးနေခြင်းဖြစ်သည် ။ ဖုန်းအားလက်ဖြင့် ကိုင်ထားရင်းနှင့် စခရင်ထက်မှ လျန်ကျွယ်၏ပါးစပ်လှုပ်သံအား ကြည့်လိုက်ပြီးနောက်တွင် နားနားကပ်ကာ ပြောလာသည် ။

" အာ... ဘာပြောတာလဲဟင် ? သားမကြားလိုက်ရလို့ "

အဒေါ်ကြီးက သူ၏ဆံပင်အား မစိုမခြောက်အနေအထားအထိ လေမှုတ်ပေးပြီးနောက်တွင် လက်ဖြင့်ဖွပေးလာရင်း အပြုံးတစ်ခုနှင့်အတူ ပြောလာသည် ။

" အဖေနဲ့အရင် video call ပြောလိုက်ဦးနော်... ခနနေ အိပ်ခါနီးမှ ဆံပင်ကို ထပ်ပြီး လေမှုတ်ပေးမယ် "

ထိုအချိန်မှသာ ခမ်းထုန်က လျန်ကျွယ်၏စကားအား ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည် ။ လျန်ကျွယ်က ခွင့်ပြုချက်မပေးမီ ထိုနွေရာသီသင်တန်း၏ အချက်အလက်များအား ပို့ပေးရန် ပြောနေခြင်းပင် ။

ခမ်းထုန်က နာနာခံခံနှင့်ပင် ခေါင်းညိတ်လိုက်ပြီးနောက် အတန်း၏ group ထဲမှနေ၍ ထိုသင်တန်းအကြောင်း ပေးပို့ထားသည့် အချက်အလက်များအား download ဆွဲလိုက်ကာ လျန်ကျွယ့်ထံ ပြန်ပို့ပေးလိုက်သည် ။

လျန်ကျွယ်က ထိုအချက်အလက်များအား ကြည့်လိုက်ပြီးနောက် ‌အန္တရာယ်များသည့် ကိစ္စရပ်များမပါဝင်ကြောင်း အတည်ပြုလိုက်ပြီးမှသာ ခမ်းထုန်ထံပြန်ပြောလာသည် ။

" ရတယ် "

Video call ချသွားချိန်တွင် လျန်ကျွယ်က အခုလေးတင်မှ ဆေးရုံကပို့ထားသည့် WeChat မက်ဆေ့ခ်ျအား ဝင်ကြည့်လိုက်သည် ။ တစ်ဖက်လူက ယခုအပတ်အတွက် ရှန်ထင်ဝေ့၏ ဆေးစစ်ချက်ရလဒ်များအား တင်ပြထားခြင်းပင် ။ ရှန်ထင်ဝေ့၏ ခန္ဓာကိုယ်အခြေအနေမှာ ကိုယ်ဝန်ရှိစတုန်းကထပ်တော့ ပို၍ ကောင်းမွန်လာပြီဖြစ်သော်လည်း လက်ရှိမှာ ကိုယ်ဝန်ဆောင်သည်များအနေနှင့် ပုံမှန်ထပ်ပို၍ စိတ်အတက်အကျဖြစ်လွယ်သည့် အချိန်မျိုးဖြစ်ရာ မိသားစုဝင်များအနေနှင့် အတူတူအချိန်ဖြုန်းပေးသင့်ကြောင်း ပြောပြထားသည် ။

လျန်ကျွယ်က တစ်ဖက်လူပို့လာသည့် စာကြောင်းများအား ဖတ်ကြည့်နေခဲ့ရင်းပင် သူ၏မျက်လုံးတို့က " မိသားစုဝင် " ဆိုသည့် စကားလုံးထက်၌ တစ်ခနမျှ တန့်သွားခဲ့ပါ၏ ။ သူ့ကိုယ်သူ ရှန်ထင်ဝေ့၏ မိသားစုဝင်ဟု သတ်မှတ်လို့ ရသလားဟု တွေးမိနေဆဲမှာပင် အတွေးတစ်ခုက ဝင်လာခဲ့သည် ။ ရှန်ထင်ဝေ့ရဲ့ ဆွေမျိုးတွေကရော ?

လျန်ကျွယ်မှာ ရှန်ထင်ဝေ့နှင့် ပထမဆုံးအကြိမ် စတွေ့ဖူးချိန်ကတည်းက တစ်ဖက်လူမှာ သူ၏ဆွေမျိုးများအကြောင်း ထုတ်ပြောလာခြင်းမရှိသည်အား ဂရုတစိုက် ပြန်တွေးမိလိုက်ပါ၏ ။ ရှန်ထင်ဝေ့အား မင်္ဂလာပွဲ လိုအပ်သလားဟု မေးခဲ့ချိန်တုန်းကလည်း တစ်ဖက်လူ၏ ပုံမှန်မဟုတ်သော အပြုအမူတို့က သူ့အား သံသယမဝင်ပဲ မနေနိုင်အောင်ပင် ဖြစ်စေခဲ့ရသည် ။

အတွေးထဲ နစ်မြုပ်နေဆဲမှာပင် သူ၏ WeChat မှ မက်ဆေ့ခ်ျတစ်စောင် တက်လာခဲ့ပါ၏ ။ Friend request တစ်ခု ပေးပို့လာခြင်းပင် ။

လျန်ကျွယ်မှာ တစ်ဖက်လူက မည်သူဖြစ်ကြောင်း ချက်ချင်းပင် ခန့်မှန်းမိလိုက်နိုင်သည် ။

ရှန်ထင်ဝေ့၏ WeChat profile မှာ ယနေ့ခေတ်လူငယ်များ အသုံးပြုရသည်ကို သဘောကျသော အိမ်မွေးတိရစ္ဆာန်ပုံဖြစ်ပြီး အမည်မှာတော့ လျန်ကျွယ်တောင်မှပင် နားမလည်နိုင်သည့် သင်္ကေတအနည်းငယ်ဖြစ်သည် ။ ကြည့်ရသည်မှာ ကျပန်းရရှိသည့် ကုဒ်တစ်ခုလိုမျိုးပင် ။

Friend request အား လက်မခံရသေးခင်မှာပင် ရှန်ထင်ဝေ့က request ပေးပို့ရခြင်း၏ မှတ်ချက်နေရာ၌ စာတစ်ကြောင်းထပ်ပို့လာခဲ့သည် ။

" လူကြီးမင်းလျန်... ကျွန်တော် ရှန်ထင်ဝေ့ပါ "

WeChat ၌ အပ်ပြီးသွားချိန်တွင် ရှန်ထင်ဝေ့က အတော်လေးယဉ်ကျေးသောအသံဖြင့် အသံမက်ဆေ့ခ်ျတစ်ခု ပေးပို့လာခဲ့သည် ။

" လူကြီးမင်းလျန်... ဒီလောက်နောက်ကျမှ အနှောက်အယှက်ပေးရတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်တော့်အခန်းထဲက ရေပူစက်က ပျက်သွားတဲ့ပုံပဲမို့ ဒီနေ့ည ခင်ဗျားအခန်းက ရေချိုးခန်းကို ငှားသုံးလို့ ရနိုင်မလားလို့ပါ "

လျန်ကျွယ်က အချိန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည် : နောက်မကျသေးပါဘူး

ထို့နောက်တွင် : ရတယ်

ရှန်ထင်ဝေ့ကလည်း အလျင်အမြန် စာပြန်လာခဲ့သည် ။ " ကျေးဇူးတင်ပါတယ် "

လက်ရှိအချိန်တွင် အရေးတကြီးဖြေရှင်းစရာ ကိစ္စရပ်မျိုးလည်း ရှိမနေသည်ဖြစ်ရာ လျန်ကျွယ်က လက်ထောက်ဖြစ်သူအား မခေါ်တော့ပဲ ကိုယ့်ဖာကိုယ်သာထ၍ ကော်ဖီတစ်ခွက် ဖျော်လိုက်တော့သည် ။

ထိုင်ခုံ၌ ပြန်ထိုင်လိုက်ပြီးနောက် ခုနတုန်းက စာပို့ပြီး ပိတ်ထားခဲ့သည့် ဖုန်းအား ကောက်ယူကာ ပြန်ဖွင့်လိုက်ချိန်တွင် WeChat ထဲသို့သာ တန်းရောက်သွားခဲ့လေသည် ။

ရှန်ထင်ဝေ့၏ စကားပြောခန်းမှာ လက်တလော စကားပြောဖြစ်ခဲ့သည့်သူများ၏ ထိပ်ဆုံးတွင်ရှိနေဆဲပင် ။ လျန်ကျွယ်မှာ ရှန်ထင်ဝေ့၏ ထူးဆန်းသော နာမည်အား တစ်ခနကြာအောင် စိုက်ကြည့်နေပြီးနောက်တွင် ရုတ်တရက် ထိုသင်္ကေတများအား နားလည်သွားသလို ခံစားလိုက်ရသည် ။

လျန်ကျွယ်က ဖုန်းအား တစ်ဖက်သို့ စောင်းကြည့်လိုက်သည် ။

*<|:-1

ထိုသင်္ကေတများမှာ သစ်သားဦးထုပ်ဆောင်းထားသည့် လူလေးတစ်ယောက်အလားပင် ။

လျန်ကျွယ်မှာ ရှန်ထင်ဝေ့၏ ကလေးဆန်လှသော ခေတ်နောက်ကျသည့် အကြိုက်မျိုးကြောင့် ဘာပြောရမှန်းမသိပင် ဖြစ်သွားတော့သည် ။ ဤကဲ့သို့သော အရာမျိုးအား သူ၏မျက်စိရှေ့၌ မြင်တွေ့နေရသည်မှာ အတော်လေးကို သည်းမခံနိုင်သည်ဖြစ်ရာ သင့်တော်သည့်နာမည်တစ်ခုကိုသာ ပြောင်းထားလိုက်တော့သည် ။

ထို့နောက်တွင် ဘာကြောင့်မှန်းမသိ ထိုထူးဆန်းသည့် ပရိုဖိုင်အား အကျယ်ချဲ့လိုက်ရင်း စေ့စေ့စပ်စပ် ကြည့်မိပါတော့သည် ။

ရှန်ထင်ဝေ့၏ ပရိုဖိုင်မှာ ကြောင်တစ်ကောင်ပုံဖြစ်ပြီး ဦးခေါင်းနှင့် နှာခေါင်းထိပ်တွင် အနက်ရောင်အစင်းများရှိနေလျက် မျက်လုံးကိုလည်း တစ်ဝက်ခန့်မှေးကျဉ်းထားကာ သူ၏မျက်ဆံတို့မှာလည်း ရွှေဝါရောင်အမွေးတို့ဖြင့် ဖုံးအုပ်ခံထားရသည် ။ ထိုကြောင်က သူ၏ရှေ့လက်များပေါ်သို့ ခန္ဓာကိုယ်အား မှေးတင်ထားလျက် ဝရန်တာတွင် နေပူစာလှုံနေခြင်းဖြစ်သည် ။

ပုံပန်းသွင်ပြင်က သာမန်မျှသာဖြစ်ပြီး ဓာတ်ပုံရိုက်သည့် စကေးမှာလည်း ထူးခြားနေခြင်းမျိုး မရှိနေခဲ့ရာ အင်တာနက်ပေါ်မှ ရှာတွေ့ထားသည့် ပုံမျိုးနှင့် မတူနေခဲ့ ။

လျန်ကျွယ်က မေးလာသည် : မင်းရဲ့ ပရိုဖိုင်က ဘာလဲ ?

ရှန်ထင်ဝေ့က နာရီဝက်ခန့်အကြာတွင် ပြန်ဖြေလာသည် : ကြောင်

လျန်ကျွယ်မှာ အခုလေးတင် အီးမေးလ်တစ်စောင် ပြန်ပြီးခြင်းဖြစ်ကာ ရှန်ထင်ဝေ့၏ ပြန်စာအား မြင်လိုက်ရ၍ ဖုန်းအားယူကာ ကြည့်လိုက်ပြီးနောက်တွင် သူ၏ IQ အား နောက်တစ်ကြိမ် အစော်ကားခံလိုက်ရသလို ခံစားလိုက်ရတော့သည် ။

သေချာပေါက် ကြောင်မှန်းတော့ သူလည်းသိတာပေါ့…

ကံကောင်းစွာဖြင့်ပင် ရှန်ထင်ဝေ့က နောက်ထပ်စာတစ်ကြောင်း ထပ်ပို့လာသည် ။

" ကျွန်တော့်သူငယ်ချင်းရဲ့ကြောင်လေ.. တော်တော်လေးချစ်စရာကောင်းနေလို့ ပရိုဖိုင်ထားထားလိုက်တာ "

လျန်ကျွယ်မှာ ထိုအူကြောင်ကြောင် ကြောင်ကြီး၏မျက်နှာထက်၌ ချစ်စရာကောင်းမှုအား တစ်စိုးတစ်စိမျှပင် ရှာမတွေ့သည်ဖြစ်ရာ ထိုစကားအား လေကဲ့သို့သာ မှတ်ယူလိုက်သည် ။

မိနစ်အနည်းငယ်ခန့်အကြာတွင် ရှန်ထင်ဝေ့ထံမှ စာတစ်စောင် ထပ်ရောက်လာသည် : ကျွန်တော်ခင်ဗျားအခန်းထဲက တဘက်အသစ်တစ်ထည် ယူသုံးလိုက်တယ်

လျန်ကျွယ်အတွက်မူ ရှန်ထင်ဝေ့၏ ယဉ်ကျေးလွန်းနေမှုမှာ တစ်ခါတစ်ရံတွင် စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလှသည်ဟု ခံစားရလေရာ ပြန်ဖြေလာသည် ။

" အဲ့တာမျိုးတွေထိ အသိပေးနေစရာမလိုဘူး "

တစ်ခနအကြာတွင် သူကထပ်ပြောလိုက်သည် ။

" မင်းသုံးချင်တာရှိရင် ဒီတိုင်းယူသုံးလိုက် "

ရှန်ထင်ဝေ့က ရေစိုနေသည့်ဆံပင်တို့အား တဘက်ဖြင့် သုတ်နေခဲ့ရင်း လျန်ကျွယ်၏ ပြန်စာအား မြင်လိုက်ရချိန်တွင် ဘေစင်ထက်မှ သူ၏ဖုန်းအားယူလိုက်ကာ ပြန်ဖြေလိုက်သည် ။

" ကျေးဇူးတင်ပါတယ် "

တဖက်မှ [ လျန်ကျွယ် ] ဆိုသည့်နေရာက [ စာရိုက်နေသည် ] ဟု ပြောင်းလဲသွားခဲ့သည် ။ ရှန်ထင်ဝေ့က ညဝတ်အင်္ကျီအား ဝတ်ဆင်လိုက်ပြီးနောက် သူ၏ဖုန်းအားယူကာ အခန်းထဲသို့ပြန်သွားလိုက်ရင်း ဆံပင်လေမှုတ်ရန် ဒရိုင်ယာအား ရှာလိုက်သည် ။

ဆံပင်လေမှုတ်ပြီးလို့ အိပ်ရာထဲသို့ ဝင်ချိန်အထိ လျန်ကျွယ့်ထံမှ ပြန်စာမရောက်လာခဲ့ ။ မျက်နှာပြင်မှာ [ လျန်ကျွယ် ] ဟု ပြန်ပြောင်းသွားပြီဖြစ်သည် ။

ယနေ့အတွက် ဖောလစ်အက်စစ်ဆေးအား ရေနွေးနွေးဖြင့် သောက်လိုက်ပြီးနောက်တွင် အိပ်ရာခေါင်းရင်း၌ မှီထိုင်လိုက်ရင်း ဖုန်းထဲရှိ ဓာတ်ပုံအယ်လ်ဘမ်ထဲမှ ဓာတ်ပုံများအား ပျင်းပျင်းရိရိနှင့် လှန်လှောကြည့်နေတော့သည် ။

< t/n_ ဖောလစ်အက်စစ်က ကိုယ်ဝန်ဆောင်သည်တွေ အတွက်မဖြစ်မနေ လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ ။ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို ဖြစ်စေပြီး ၊ ကိုယ်ဝန်ဆောင်စဉ်ဖြစ်တတ်တဲ့ သံဓာတ်ချို့ယွင်းမှုကို ကာကွယ်ပေးပါတယ် ။ >

ရှန်ထင်ဝေ့မှာ ရံဖန်ရံခါ ဓာတ်ပုံရိုက်လေ့ရှိသည်ပင် ။ သူရိုက်ကူးထားသည့်ပုံ အများစုမှာ အင်တာနက်ပေါ်မှ ရှာတွေ့သည့် ဟင်းချက်နည်းများဖြင့် စမ်းသပ်ကြည့်ထားသော ဟင်းလျာအသစ်များ ၊ ခြံထဲမှ ပွင့်လန်းနေသည့် ပန်းပုံများပင် ။ သို့သော်လည်း သူ့ထံ၌ မျှဝေစရာလူဟူ၍ ရှိမနေသည်ဖြစ်ရာ ထိုဓာတ်ပုံများအား ဖုန်းထဲ၌သာ သိမ်းဆည်းထားရင်း တစ်ခါတစ်ရံ ထုတ်ကြည့်လေ့ရှိသည် ။

ကြုံရာကျပန်း လျှောက်ကြည့်နေချိန်တွင် ချန်ခိုက်ရှင်းက သူ့အားစာပို့လာသည် ။

" ဒီနေ့ရဲ့ တိမ်လေးက တအားမိုက် "

< t/n_ ယွင် ( တိမ် ) ကြောင်နာမည်ပါ ။>

ချန်ခိုက်ရှင်း၏ ကြောင်လေးမှာ အတော်လေး တွန့်လိမ်နေသော အနေအထားနှင့် အိပ်ပျော်နေသည်ဖြစ်ပြီး သူ၏ဝမ်းဗိုက်သားဖြူဖြူတို့အား လှစ်ဟပြထားလျက်ရှိသည် ။ ရှန်ထင်ဝေ့မှာ စခရင်ထက်မှနေ၍ပင် နူးညံ့အိစက်နေမည့် အထိအတွေ့အား ခံစားမိနိုင်နေခဲ့လေရာ သဘောကျသွားလျက် ထိုပုံအား သူ၏ပရိုဖိုင်အဖြစ် ပြောင်းလိုက်တော့သည် ။

ချန်ခိုက်ရှင်းနှင့် ခနကြာအောင် စကားပြောနေလိုက်ပြီးနောက်တွင် သူမက မနက်ဖြန်အလုပ်သွားရန် စောစောထရဦးမည်ဖြစ်ရာ ရှန်ထင်ဝေ့မှနေ၍ နှုတ်ဆက်စကားဆိုလိုက်တော့သည် ။

ရှန်ထင်ဝေ့မှာ အိပ်ချင်စိတ် မရှိနေခဲ့သော်လည်း ဘာမှလုပ်စရာဟူ၍လည်း ရှိမနေခဲ့ ။ ထို့ကြောင့် Weibo အား ဖွင့်လိုက်ပြီးနောက်တွင် တစ်ခနမျှ ဟိုဟိုသည်သည် ကြည့်နေလိုက်သည် ။ သတင်းအများစုမှာလည်း သူမသိသည့် အနုပညာရှင်များ၏ အတင်းအဖျင်းများပင် ။

တစ်ခနမျှကြာအောင် ရည်ရွယ်ချက်မရှိ လျှောက်ကြည့်နေခဲ့ပြီးနောက်တွင် စိတ်ဝင်စားစရာ မတွေ့သည်ဖြစ်ရာ ဖုန်းအား ဘေးဖက်သို့ချလိုက်ရင်း အိပ်စက်ရန် ပြင်လိုက်တော့သည် ။

ရှန်ထင်ဝေ့က မျက်နှာကျက်မှမီးအား ပိတ်လိုက်ပြီးနောက်တွင် ကုတင်ခေါင်းရင်းမှ နွေးထွေးသည့် စားပွဲတင်မီးအိမ်လေးကိုသာ ချန်ထားလိုက်သည် ။ ထို့နောက်တွင် သူ၏လက်ဖြင့် ပါးလျသော ညဝတ်အင်္ကျီအောက်မှ ဝမ်းဗိုက်လေးအား ပွတ်သပ်နေမိခဲ့သည် ။

ရေချိုးချိန်တုန်းက မှန်ထဲမှနေ၍ သူ၏ဝမ်းဗိုက်လေးမှာ အနည်းငယ်မျှ ဖောင်းလာပြီဖြစ်ကြောင်း မြင်ခဲ့ရသည် ။ သို့သော်လည်း ဖုန်းထဲမှပြောသွားသော လျန်ကျွယ်၏ " အရမ်းပိန်လွန်းတယ်... ကလေးအတွက် မကောင်းဘူး " ဆိုသည့်စကားကြောင့် ဤရက်ပိုင်းအတွင်း ယခင်ကထပ်ပို၍ များများစားဖြစ်အောင် ကြိုးစားခဲ့သည် ။ ပို၍စားလေလေ ပို၍အော့အန်မိလေလေဖြစ်သော်လည်း ယခင်ကထပ် စားချင်စိတ်ပိုလို့ တိုးလာခဲ့သည့်အပြင် ဗိုက်ထဲမှ အသားလုံးလေး၏ ကြီးထွားလာမှုကိုလည်း ပို၍ ခံစားမိလာခဲ့ရပါ၏ ။

ရှန်ထင်ဝေ့မှာ ပြင်းထန်လှသော ရင်ဘတ်ထဲမှ တလှပ်လှပ်ဖြစ်သည့် ခံစားချက်မျိုး မခံစားရသည်မှာ ကြာပြီဖြစ်ကြောင်း သတိရသွားခဲ့သည် ။ လျန်ကျွယ်က သူ့အား နေထိုင်စရာ အတည်တကျပေးထားသောကြောင့် ဖြစ်လောက်မည်ပင် ။ မနက်ဖြန်ကျရင် ဘယ်ကိုများသွားရပါ့မလဲ ဟူ၍ ပူပန်စရာမျိုးလည်း မရှိတော့သလို နှလုံးသားထဲ၌ အချိန်ပြည့် စွဲထင်နေသည့် စိတ်သောကရောက်မှုများလည်း မရှိပါတော့ချေ ။ သူ၏ အိပ်စက်သည့်စွမ်းရည်ကလည်း ပိုလို့ပင် အဆင်ပြေလာခဲ့လေသည် ။

တောင်ရောက်မြောက်ရောက် လျှောက်တွေးနေရင်းနှင့်ပင် အိပ်ချင်လာခဲ့ပြီဖြစ်ရာ သမ်းဝေလိုက်ရင်း စောင်ထဲမှ လက်ထုတ်လျက် မီးလှမ်းပိတ်လိုက်ပါ၏ ။

အိပ်ပျော်တော့မည့်အချိန်မှာပင် ဖုန်းက အသံမြည်လာခဲ့သည် ။ လှမ်းယူပြီး ကြည့်လိုက်ချိန်တွင် လျန်ကျွယ်က အကြောင်းအရင်းမရှိ မေးခွန်းတစ်ခု လှမ်းမေးထားခြင်းဖြစ်ကြောင်း တွေ့လိုက်ရလေသည် ။

" ကြောင်တွေကို သဘောကျတာလား ?"

ရှန်ထင်ဝေ့မှာ အလွန်အမင်း အိပ်ချင်နေခဲ့သောကြောင့် စာရိုက်ရန် အားတစ်စက်မှပင် မရှိပါတော့ချေ ။ ထို့ကြောင့် ဖုန်းအား ပါးစပ်နားသို့ကပ်လိုက်ရင်း " အွန်း " ဟု နူးညံ့စွာ ပြန်ဖြေလိုက်ပြီးနောက်တွင် အိပ်ပျော်သွားခဲ့ပါတော့သည် ။

*****
Mila’s note :
ကိုယ်အသစ် pick ထားတာလေးကို ခုမှစကိုင်မှာဆိုတော့ အဲ့ဖက်ကို အချိန်နည်းနည်းလောက်ပေးချင်လို့ ဒါလေးကို update သုံးလေးရက်လောက် နားချင်ပါတယ် ။ ပြန်လာခဲ့ပါမယ် ။

ဒါနဲ့ ခုနက ဒါလေးကို review ပေးထားတာလေးတွေ့ခဲ့တယ်သိလား.. ကိုယ်တအားပျော်နေတာ ဟိဟိ ><

Thanks for reading , voting and leaving comments!
29 May 2022
*****

~Zawgyi~

" ေဖေဖ... ဒီေႏြရာသီပိတ္ရက္က် ေက်ာင္းက အဂၤလိပ္စာသင္တန္း႐ွိလို႔... သားတက္လို႔ ရလားဟင္ ?"

ခမ္းထုန္မွာ အခုေလးတင္မွ ေရခ်ိဳးၿပီးျခင္းျဖစ္ကာ အေဒၚႀကီးက သူ၏ဆံပင္မ်ားအား ဒ႐ိုင္ယာျဖင့္ ေလမႈတ္ေပးေနျခင္းျဖစ္သည္ ။ ဖုန္းအားလက္ျဖင့္ ကိုင္ထားရင္းႏွင့္ စခရင္ထက္မွ လ်န္ကြၽယ္၏ပါးစပ္လႈပ္သံအား ၾကည့္လိုက္ၿပီးေနာက္တြင္ နားနားကပ္ကာ ေျပာလာသည္ ။

" အာ... ဘာေျပာတာလဲဟင္ ? သားမၾကားလိုက္ရလို႔ "

အေဒၚႀကီးက သူ၏ဆံပင္အား မစိုမေျခာက္အေနအထားအထိ ေလမႈတ္ေပးၿပီးေနာက္တြင္ လက္ျဖင့္ဖြေပးလာရင္း အျပဳံးတစ္ခုႏွင့္အတူ ေျပာလာသည္ ။

" အေဖနဲ႔အရင္ video call ေျပာလိုက္ဦးေနာ္... ခနေန အိပ္ခါနီးမွ ဆံပင္ကို ထပ္ၿပီး ေလမႈတ္ေပးမယ္ "

ထိုအခ်ိန္မွသာ ခမ္းထုန္က လ်န္ကြၽယ္၏စကားအား ႐ွင္း႐ွင္းလင္းလင္း ၾကားလိုက္ရသည္ ။ လ်န္ကြၽယ္က ခြင့္ျပဳခ်က္မေပးမီ ထိုေႏြရာသီသင္တန္း၏ အခ်က္အလက္မ်ားအား ပို႔ေပးရန္ ေျပာေနျခင္းပင္ ။

ခမ္းထုန္က နာနာခံခံႏွင့္ပင္ ေခါင္းညိတ္လိုက္ၿပီးေနာက္ အတန္း၏ group ထဲမွေန၍ ထိုသင္တန္းအေၾကာင္း ေပးပို႔ထားသည့္ အခ်က္အလက္မ်ားအား download ဆြဲလိုက္ကာ လ်န္ကြၽယ့္ထံ ျပန္ပို႔ေပးလိုက္သည္ ။

လ်န္ကြၽယ္က ထိုအခ်က္အလက္မ်ားအား ၾကည့္လိုက္ၿပီးေနာက္ ‌အႏၲရာယ္မ်ားသည့္ ကိစၥရပ္မ်ားမပါဝင္ေၾကာင္း အတည္ျပဳလိုက္ၿပီးမွသာ ခမ္းထုန္ထံျပန္ေျပာလာသည္ ။

" ရတယ္ "

Video call ခ်သြားခ်ိန္တြင္ လ်န္ကြၽယ္က အခုေလးတင္မွ ေဆး႐ုံကပို႔ထားသည့္ WeChat မက္ေဆ့ခ်္အား ဝင္ၾကည့္လိုက္သည္ ။ တစ္ဖက္လူက ယခုအပတ္အတြက္ ႐ွန္ထင္ေဝ့၏ ေဆးစစ္ခ်က္ရလဒ္မ်ားအား တင္ျပထားျခင္းပင္ ။ ႐ွန္ထင္ေဝ့၏ ခႏၶာကိုယ္အေျခအေနမွာ ကိုယ္ဝန္႐ွိစတုန္းကထပ္ေတာ့ ပို၍ ေကာင္းမြန္လာၿပီျဖစ္ေသာ္လည္း လက္႐ွိမွာ ကိုယ္ဝန္ေဆာင္သည္မ်ားအေနႏွင့္ ပုံမွန္ထပ္ပို၍ စိတ္အတက္အက်ျဖစ္လြယ္သည့္ အခ်ိန္မ်ိဳးျဖစ္ရာ မိသားစုဝင္မ်ားအေနႏွင့္ အတူတူအခ်ိန္ျဖဳန္းေပးသင့္ေၾကာင္း ေျပာျပထားသည္ ။

လ်န္ကြၽယ္က တစ္ဖက္လူပို႔လာသည့္ စာေၾကာင္းမ်ားအား ဖတ္ၾကည့္ေနခဲ့ရင္းပင္ သူ၏မ်က္လုံးတို႔က " မိသားစုဝင္ " ဆိုသည့္ စကားလုံးထက္၌ တစ္ခနမွ် တန္႔သြားခဲ့ပါ၏ ။ သူ႕ကိုယ္သူ ႐ွန္ထင္ေဝ့၏ မိသားစုဝင္ဟု သတ္မွတ္လို႔ ရသလားဟု ေတြးမိေနဆဲမွာပင္ အေတြးတစ္ခုက ဝင္လာခဲ့သည္ ။ ႐ွန္ထင္ေဝ့ရဲ႕ ေဆြမ်ိဳးေတြကေရာ ?

လ်န္ကြၽယ္မွာ ႐ွန္ထင္ေဝ့ႏွင့္ ပထမဆုံးအႀကိမ္ စေတြ႕ဖူးခ်ိန္ကတည္းက တစ္ဖက္လူမွာ သူ၏ေဆြမ်ိဳးမ်ားအေၾကာင္း ထုတ္ေျပာလာျခင္းမ႐ွိသည္အား ဂ႐ုတစိုက္ ျပန္ေတြးမိလိုက္ပါ၏ ။ ႐ွန္ထင္ေဝ့အား မဂၤလာပြဲ လိုအပ္သလားဟု ေမးခဲ့ခ်ိန္တုန္းကလည္း တစ္ဖက္လူ၏ ပုံမွန္မဟုတ္ေသာ အျပဳအမူတို႔က သူ႕အား သံသယမဝင္ပဲ မေနႏိုင္ေအာင္ပင္ ျဖစ္ေစခဲ့ရသည္ ။

အေတြးထဲ နစ္ျမဳပ္ေနဆဲမွာပင္ သူ၏ WeChat မွ မက္ေဆ့ခ်္တစ္ေစာင္ တက္လာခဲ့ပါ၏ ။ Friend request တစ္ခု ေပးပို႔လာျခင္းပင္ ။

လ်န္ကြၽယ္မွာ တစ္ဖက္လူက မည္သူျဖစ္ေၾကာင္း ခ်က္ခ်င္းပင္ ခန္႔မွန္းမိလိုက္ႏိုင္သည္ ။

႐ွန္ထင္ေဝ့၏ WeChat profile မွာ ယေန႔ေခတ္လူငယ္မ်ား အသုံးျပဳရသည္ကို သေဘာက်ေသာ အိမ္ေမြးတိရစၧာန္ပုံျဖစ္ၿပီး အမည္မွာေတာ့ လ်န္ကြၽယ္ေတာင္မွပင္ နားမလည္ႏိုင္သည့္ သေကၤတအနည္းငယ္ျဖစ္သည္ ။ ၾကည့္ရသည္မွာ က်ပန္းရ႐ွိသည့္ ကုဒ္တစ္ခုလိုမ်ိဳးပင္ ။

Friend request အား လက္မခံရေသးခင္မွာပင္ ႐ွန္ထင္ေဝ့က request ေပးပို႔ရျခင္း၏ မွတ္ခ်က္ေနရာ၌ စာတစ္ေၾကာင္းထပ္ပို႔လာခဲ့သည္ ။

" လူႀကီးမင္းလ်န္... ကြၽန္ေတာ္ ႐ွန္ထင္ေဝ့ပါ "

WeChat ၌ အပ္ၿပီးသြားခ်ိန္တြင္ ႐ွန္ထင္ေဝ့က အေတာ္ေလးယဥ္ေက်းေသာအသံျဖင့္ အသံမက္ေဆ့ခ်္တစ္ခု ေပးပို႔လာခဲ့သည္ ။

" လူႀကီးမင္းလ်န္... ဒီေလာက္ေနာက္က်မွ အေႏွာက္အယွက္ေပးရတဲ့အတြက္ ေတာင္းပန္ပါတယ္... ကြၽန္ေတာ့္အခန္းထဲက ေရပူစက္က ပ်က္သြားတဲ့ပုံပဲမို႔ ဒီေန႔ည ခင္ဗ်ားအခန္းက ေရခ်ိဳးခန္းကို ငွားသုံးလို႔ ရႏိုင္မလားလို႔ပါ "

လ်န္ကြၽယ္က အခ်ိန္အား တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ျပန္ေျဖလိုက္သည္ : ေနာက္မက်ေသးပါဘူး

ထို႔ေနာက္တြင္ : ရတယ္

႐ွန္ထင္ေဝ့ကလည္း အလ်င္အျမန္ စာျပန္လာခဲ့သည္ ။ " ေက်းဇူးတင္ပါတယ္ "

လက္႐ွိအခ်ိန္တြင္ အေရးတႀကီးေျဖ႐ွင္းစရာ ကိစၥရပ္မ်ိဳးလည္း ႐ွိမေနသည္ျဖစ္ရာ လ်န္ကြၽယ္က လက္ေထာက္ျဖစ္သူအား မေခၚေတာ့ပဲ ကိုယ့္ဖာကိုယ္သာထ၍ ေကာ္ဖီတစ္ခြက္ ေဖ်ာ္လိုက္ေတာ့သည္ ။

ထိုင္ခုံ၌ ျပန္ထိုင္လိုက္ၿပီးေနာက္ ခုနတုန္းက စာပို႔ၿပီး ပိတ္ထားခဲ့သည့္ ဖုန္းအား ေကာက္ယူကာ ျပန္ဖြင့္လိုက္ခ်ိန္တြင္ WeChat ထဲသို႔သာ တန္းေရာက္သြားခဲ့ေလသည္ ။

႐ွန္ထင္ေဝ့၏ စကားေျပာခန္းမွာ လက္တေလာ စကားေျပာျဖစ္ခဲ့သည့္သူမ်ား၏ ထိပ္ဆုံးတြင္႐ွိေနဆဲပင္ ။ လ်န္ကြၽယ္မွာ ႐ွန္ထင္ေဝ့၏ ထူးဆန္းေသာ နာမည္အား တစ္ခနၾကာေအာင္ စိုက္ၾကည့္ေနၿပီးေနာက္တြင္ ႐ုတ္တရက္ ထိုသေကၤတမ်ားအား နားလည္သြားသလို ခံစားလိုက္ရသည္ ။

လ်န္ကြၽယ္က ဖုန္းအား တစ္ဖက္သို႔ ေစာင္းၾကည့္လိုက္သည္ ။

*<|:-1

ထိုသေကၤတမ်ားမွာ သစ္သားဦးထုပ္ေဆာင္းထားသည့္ လူေလးတစ္ေယာက္အလားပင္ ။

လ်န္ကြၽယ္မွာ ႐ွန္ထင္ေဝ့၏ ကေလးဆန္လွေသာ ေခတ္ေနာက္က်သည့္ အႀကိဳက္မ်ိဳးေၾကာင့္ ဘာေျပာရမွန္းမသိပင္ ျဖစ္သြားေတာ့သည္ ။ ဤကဲ့သို႔ေသာ အရာမ်ိဳးအား သူ၏မ်က္စိေ႐ွ႕၌ ျမင္ေတြ႕ေနရသည္မွာ အေတာ္ေလးကို သည္းမခံႏိုင္သည္ျဖစ္ရာ သင့္ေတာ္သည့္နာမည္တစ္ခုကိုသာ ေျပာင္းထားလိုက္ေတာ့သည္ ။

ထို႔ေနာက္တြင္ ဘာေၾကာင့္မွန္းမသိ ထိုထူးဆန္းသည့္ ပ႐ိုဖိုင္အား အက်ယ္ခ်ဲ႕လိုက္ရင္း ေစ့ေစ့စပ္စပ္ ၾကည့္မိပါေတာ့သည္ ။

႐ွန္ထင္ေဝ့၏ ပ႐ိုဖိုင္မွာ ေၾကာင္တစ္ေကာင္ပုံျဖစ္ၿပီး ဦးေခါင္းႏွင့္ ႏွာေခါင္းထိပ္တြင္ အနက္ေရာင္အစင္းမ်ား႐ွိေနလ်က္ မ်က္လုံးကိုလည္း တစ္ဝက္ခန္႔ေမွးက်ဥ္းထားကာ သူ၏မ်က္ဆံတို႔မွာလည္း ေ႐ႊဝါေရာင္အေမြးတို႔ျဖင့္ ဖုံးအုပ္ခံထားရသည္ ။ ထိုေၾကာင္က သူ၏ေ႐ွ႕လက္မ်ားေပၚသို႔ ခႏၶာကိုယ္အား ေမွးတင္ထားလ်က္ ဝရန္တာတြင္ ေနပူစာလႈံေနျခင္းျဖစ္သည္ ။

ပုံပန္းသြင္ျပင္က သာမန္မွ်သာျဖစ္ၿပီး ဓာတ္ပုံ႐ိုက္သည့္ စေကးမွာလည္း ထူးျခားေနျခင္းမ်ိဳး မ႐ွိေနခဲ့ရာ အင္တာနက္ေပၚမွ ႐ွာေတြ႕ထားသည့္ ပုံမ်ိဳးႏွင့္ မတူေနခဲ့ ။

လ်န္ကြၽယ္က ေမးလာသည္ : မင္းရဲ႕ ပ႐ိုဖိုင္က ဘာလဲ ?

႐ွန္ထင္ေဝ့က နာရီဝက္ခန္႔အၾကာတြင္ ျပန္ေျဖလာသည္ : ေၾကာင္

လ်န္ကြၽယ္မွာ အခုေလးတင္ အီးေမးလ္တစ္ေစာင္ ျပန္ၿပီးျခင္းျဖစ္ကာ ႐ွန္ထင္ေဝ့၏ ျပန္စာအား ျမင္လိုက္ရ၍ ဖုန္းအားယူကာ ၾကည့္လိုက္ၿပီးေနာက္တြင္ သူ၏ IQ အား ေနာက္တစ္ႀကိမ္ အေစာ္ကားခံလိုက္ရသလို ခံစားလိုက္ရေတာ့သည္ ။

ေသခ်ာေပါက္ ေၾကာင္မွန္းေတာ့ သူလည္းသိတာေပါ့…

ကံေကာင္းစြာျဖင့္ပင္ ႐ွန္ထင္ေဝ့က ေနာက္ထပ္စာတစ္ေၾကာင္း ထပ္ပို႔လာသည္ ။

" ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ေၾကာင္ေလ.. ေတာ္ေတာ္ေလးခ်စ္စရာေကာင္းေနလို႔ ပ႐ိုဖိုင္ထားထားလိုက္တာ "

လ်န္ကြၽယ္မွာ ထိုအူေၾကာင္ေၾကာင္ ေၾကာင္ႀကီး၏မ်က္ႏွာထက္၌ ခ်စ္စရာေကာင္းမႈအား တစ္စိုးတစ္စိမွ်ပင္ ႐ွာမေတြ႕သည္ျဖစ္ရာ ထိုစကားအား ေလကဲ့သို႔သာ မွတ္ယူလိုက္သည္ ။

မိနစ္အနည္းငယ္ခန္႔အၾကာတြင္ ႐ွန္ထင္ေဝ့ထံမွ စာတစ္ေစာင္ ထပ္ေရာက္လာသည္ : ကြၽန္ေတာ္ခင္ဗ်ားအခန္းထဲက တဘက္အသစ္တစ္ထည္ ယူသုံးလိုက္တယ္

လ်န္ကြၽယ္အတြက္မူ ႐ွန္ထင္ေဝ့၏ ယဥ္ေက်းလြန္းေနမႈမွာ တစ္ခါတစ္ရံတြင္ စိတ္အေႏွာက္အယွက္ျဖစ္စရာ ေကာင္းလွသည္ဟု ခံစားရေလရာ ျပန္ေျဖလာသည္ ။

" အဲ့တာမ်ိဳးေတြထိ အသိေပးေနစရာမလိုဘူး "

တစ္ခနအၾကာတြင္ သူကထပ္ေျပာလိုက္သည္ ။

" မင္းသုံးခ်င္တာ႐ွိရင္ ဒီတိုင္းယူသုံးလိုက္ "

႐ွန္ထင္ေဝ့က ေရစိုေနသည့္ဆံပင္တို႔အား တဘက္ျဖင့္ သုတ္ေနခဲ့ရင္း လ်န္ကြၽယ္၏ ျပန္စာအား ျမင္လိုက္ရခ်ိန္တြင္ ေဘစင္ထက္မွ သူ၏ဖုန္းအားယူလိုက္ကာ ျပန္ေျဖလိုက္သည္ ။

" ေက်းဇူးတင္ပါတယ္ "

တဖက္မွ [ လ်န္ကြၽယ္ ] ဆိုသည့္ေနရာက [ စာ႐ိုက္ေနသည္ ] ဟု ေျပာင္းလဲသြားခဲ့သည္ ။ ႐ွန္ထင္ေဝ့က ညဝတ္အက်ႌအား ဝတ္ဆင္လိုက္ၿပီးေနာက္ သူ၏ဖုန္းအားယူကာ အခန္းထဲသို႔ျပန္သြားလိုက္ရင္း ဆံပင္ေလမႈတ္ရန္ ဒ႐ိုင္ယာအား ႐ွာလိုက္သည္ ။

ဆံပင္ေလမႈတ္ၿပီးလို႔ အိပ္ရာထဲသို႔ ဝင္ခ်ိန္အထိ လ်န္ကြၽယ့္ထံမွ ျပန္စာမေရာက္လာခဲ့ ။ မ်က္ႏွာျပင္မွာ [ လ်န္ကြၽယ္ ] ဟု ျပန္ေျပာင္းသြားၿပီျဖစ္သည္ ။

ယေန႔အတြက္ ေဖာလစ္အက္စစ္ေဆးအား ေရေႏြးေႏြးျဖင့္ ေသာက္လိုက္ၿပီးေနာက္တြင္ အိပ္ရာေခါင္းရင္း၌ မွီထိုင္လိုက္ရင္း ဖုန္းထဲ႐ွိ ဓာတ္ပုံအယ္လ္ဘမ္ထဲမွ ဓာတ္ပုံမ်ားအား ပ်င္းပ်င္းရိရိႏွင့္ လွန္ေလွာၾကည့္ေနေတာ့သည္ ။

< t/n_ ေဖာလစ္အက္စစ္က ကိုယ္ဝန္ေဆာင္သည္ေတြ အတြက္မျဖစ္မေန လိုအပ္တဲ့ ဓာတ္တစ္မ်ိဳးပါ ။ သေႏၶသားႀကီးထြားဖြံ႕ၿဖိဳးမႈကို ျဖစ္ေစၿပီး ၊ ကိုယ္ဝန္ေဆာင္စဥ္ျဖစ္တတ္တဲ့ သံဓာတ္ခ်ိဳ႕ယြင္းမႈကို ကာကြယ္ေပးပါတယ္ ။ >

႐ွန္ထင္ေဝ့မွာ ရံဖန္ရံခါ ဓာတ္ပုံ႐ိုက္ေလ့႐ွိသည္ပင္ ။ သူ႐ိုက္ကူးထားသည့္ပုံ အမ်ားစုမွာ အင္တာနက္ေပၚမွ ႐ွာေတြ႕သည့္ ဟင္းခ်က္နည္းမ်ားျဖင့္ စမ္းသပ္ၾကည့္ထားေသာ ဟင္းလ်ာအသစ္မ်ား ၊ ျခံထဲမွ ပြင့္လန္းေနသည့္ ပန္းပုံမ်ားပင္ ။ သို႔ေသာ္လည္း သူ႕ထံ၌ မွ်ေဝစရာလူဟူ၍ ႐ွိမေနသည္ျဖစ္ရာ ထိုဓာတ္ပုံမ်ားအား ဖုန္းထဲ၌သာ သိမ္းဆည္းထားရင္း တစ္ခါတစ္ရံ ထုတ္ၾကည့္ေလ့႐ွိသည္ ။

ၾကဳံရာက်ပန္း ေလွ်ာက္ၾကည့္ေနခ်ိန္တြင္ ခ်န္ခိုက္႐ွင္းက သူ႕အားစာပို႔လာသည္ ။

" ဒီေန႔ရဲ႕ တိမ္ေလးက တအားမိုက္ "

< t/n_ ယြင္ ( တိမ္ ) ေၾကာင္နာမည္ပါ ။>

ခ်န္ခိုက္႐ွင္း၏ ေၾကာင္ေလးမွာ အေတာ္ေလး တြန္႔လိမ္ေနေသာ အေနအထားႏွင့္ အိပ္ေပ်ာ္ေနသည္ျဖစ္ၿပီး သူ၏ဝမ္းဗိုက္သားျဖဴျဖဴတို႔အား လွစ္ဟျပထားလ်က္႐ွိသည္ ။ ႐ွန္ထင္ေဝ့မွာ စခရင္ထက္မွေန၍ပင္ ႏူးညံ့အိစက္ေနမည့္ အထိအေတြ႕အား ခံစားမိႏိုင္ေနခဲ့ေလရာ သေဘာက်သြားလ်က္ ထိုပုံအား သူ၏ပ႐ိုဖိုင္အျဖစ္ ေျပာင္းလိုက္ေတာ့သည္ ။

ခ်န္ခိုက္႐ွင္းႏွင့္ ခနၾကာေအာင္ စကားေျပာေနလိုက္ၿပီးေနာက္တြင္ သူမက မနက္ျဖန္အလုပ္သြားရန္ ေစာေစာထရဦးမည္ျဖစ္ရာ ႐ွန္ထင္ေဝ့မွေန၍ ႏႈတ္ဆက္စကားဆိုလိုက္ေတာ့သည္ ။

႐ွန္ထင္ေဝ့မွာ အိပ္ခ်င္စိတ္ မ႐ွိေနခဲ့ေသာ္လည္း ဘာမွလုပ္စရာဟူ၍လည္း ႐ွိမေနခဲ့ ။ ထို႔ေၾကာင့္ Weibo အား ဖြင့္လိုက္ၿပီးေနာက္တြင္ တစ္ခနမွ် ဟိုဟိုသည္သည္ ၾကည့္ေနလိုက္သည္ ။ သတင္းအမ်ားစုမွာလည္း သူမသိသည့္ အႏုပညာ႐ွင္မ်ား၏ အတင္းအဖ်င္းမ်ားပင္ ။

တစ္ခနမွ်ၾကာေအာင္ ရည္႐ြယ္ခ်က္မ႐ွိ ေလွ်ာက္ၾကည့္ေနခဲ့ၿပီးေနာက္တြင္ စိတ္ဝင္စားစရာ မေတြ႕သည္ျဖစ္ရာ ဖုန္းအား ေဘးဖက္သို႔ခ်လိုက္ရင္း အိပ္စက္ရန္ ျပင္လိုက္ေတာ့သည္ ။

႐ွန္ထင္ေဝ့က မ်က္ႏွာက်က္မွမီးအား ပိတ္လိုက္ၿပီးေနာက္တြင္ ကုတင္ေခါင္းရင္းမွ ေႏြးေထြးသည့္ စားပြဲတင္မီးအိမ္ေလးကိုသာ ခ်န္ထားလိုက္သည္ ။ ထို႔ေနာက္တြင္ သူ၏လက္ျဖင့္ ပါးလ်ေသာ ညဝတ္အက်ႌေအာက္မွ ဝမ္းဗိုက္ေလးအား ပြတ္သပ္ေနမိခဲ့သည္ ။

ေရခ်ိဳးခ်ိန္တုန္းက မွန္ထဲမွေန၍ သူ၏ဝမ္းဗိုက္ေလးမွာ အနည္းငယ္မွ် ေဖာင္းလာၿပီျဖစ္ေၾကာင္း ျမင္ခဲ့ရသည္ ။ သို႔ေသာ္လည္း ဖုန္းထဲမွေျပာသြားေသာ လ်န္ကြၽယ္၏ " အရမ္းပိန္လြန္းတယ္... ကေလးအတြက္ မေကာင္းဘူး " ဆိုသည့္စကားေၾကာင့္ ဤရက္ပိုင္းအတြင္း ယခင္ကထပ္ပို၍ မ်ားမ်ားစားျဖစ္ေအာင္ ႀကိဳးစားခဲ့သည္ ။ ပို၍စားေလေလ ပို၍ေအာ့အန္မိေလေလျဖစ္ေသာ္လည္း ယခင္ကထပ္ စားခ်င္စိတ္ပိုလို႔ တိုးလာခဲ့သည့္အျပင္ ဗိုက္ထဲမွ အသားလုံးေလး၏ ႀကီးထြားလာမႈကိုလည္း ပို၍ ခံစားမိလာခဲ့ရပါ၏ ။

႐ွန္ထင္ေဝ့မွာ ျပင္းထန္လွေသာ ရင္ဘတ္ထဲမွ တလွပ္လွပ္ျဖစ္သည့္ ခံစားခ်က္မ်ိဳး မခံစားရသည္မွာ ၾကာၿပီျဖစ္ေၾကာင္း သတိရသြားခဲ့သည္ ။ လ်န္ကြၽယ္က သူ႕အား ေနထိုင္စရာ အတည္တက်ေပးထားေသာေၾကာင့္ ျဖစ္ေလာက္မည္ပင္ ။ မနက္ျဖန္က်ရင္ ဘယ္ကိုမ်ားသြားရပါ့မလဲ ဟူ၍ ပူပန္စရာမ်ိဳးလည္း မ႐ွိေတာ့သလို ႏွလုံးသားထဲ၌ အခ်ိန္ျပည့္ စြဲထင္ေနသည့္ စိတ္ေသာကေရာက္မႈမ်ားလည္း မ႐ွိပါေတာ့ေခ် ။ သူ၏ အိပ္စက္သည့္စြမ္းရည္ကလည္း ပိုလို႔ပင္ အဆင္ေျပလာခဲ့ေလသည္ ။

ေတာင္ေရာက္ေျမာက္ေရာက္ ေလွ်ာက္ေတြးေနရင္းႏွင့္ပင္ အိပ္ခ်င္လာခဲ့ၿပီျဖစ္ရာ သမ္းေဝလိုက္ရင္း ေစာင္ထဲမွ လက္ထုတ္လ်က္ မီးလွမ္းပိတ္လိုက္ပါ၏ ။

အိပ္ေပ်ာ္ေတာ့မည့္အခ်ိန္မွာပင္ ဖုန္းက အသံျမည္လာခဲ့သည္ ။ လွမ္းယူၿပီး ၾကည့္လိုက္ခ်ိန္တြင္ လ်န္ကြၽယ္က အေၾကာင္းအရင္းမ႐ွိ ေမးခြန္းတစ္ခု လွမ္းေမးထားျခင္းျဖစ္ေၾကာင္း ေတြ႕လိုက္ရေလသည္ ။

" ေၾကာင္ေတြကို သေဘာက်တာလား ?"

႐ွန္ထင္ေဝ့မွာ အလြန္အမင္း အိပ္ခ်င္ေနခဲ့ေသာေၾကာင့္ စာ႐ိုက္ရန္ အားတစ္စက္မွပင္ မ႐ွိပါေတာ့ေခ် ။ ထို႔ေၾကာင့္ ဖုန္းအား ပါးစပ္နားသို႔ကပ္လိုက္ရင္း " အြန္း " ဟု ႏူးညံ့စြာ ျပန္ေျဖလိုက္ၿပီးေနာက္တြင္ အိပ္ေပ်ာ္သြားခဲ့ပါေတာ့သည္ ။

*****
Mila’s note :
ကိုယ္အသစ္ pick ထားတာေလးကို ခုမွစကိုင္မွာဆိုေတာ့ အဲ့ဖက္ကို အခ်ိန္နည္းနည္းေလာက္ေပးခ်င္လို႔ ဒါေလးကို update သုံးေလးရက္ေလာက္ နားခ်င္ပါတယ္ ။ ျပန္လာခဲ့ပါမယ္ ။

ဒါနဲ႔ ခုနက ဒါေလးကို review ေပးထားတာေလးေတြ႕ခဲ့တယ္သိလား.. ကိုယ္တအားေပ်ာ္ေနတာ ဟိဟိ ><

Thanks for reading , voting and leaving comments!
29 May 2022
*****

Continue Reading

You'll Also Like

321K 25.6K 87
နာမည်ကြီး Actor တယောက်ဖြစ်တဲ့ Xia TingWan(ရှထင်ဝမ်) ဟာ Accident တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ ကြယ်တစ်ပွင့်လို ကျော်ကြားနေရာကနေ ဝေဖန်ကဲ့ရဲ့တာတွေ ခံခဲ့ရပါ...
244K 37.1K 31
Title-我不跟傻子談戀愛 (I Don't Date A Fool) Original Author-三道 Type-Web Novel 30 Chapters Available in Both Unicode & Zawgyi I don't own the Story. I trans...
4.1M 301K 147
•Cover photo fully credit to Google.• This manhwa is not mine and just a fan translation.This manhwa belong to original artist'Nokchae' and English t...