Chapter-31

12.7K 1.7K 59
                                    

~Unicode~

ထို့နေညတွင် လျန်ကျွယ်က ကောင်းကောင်းအိပ်မပျော်ခဲ့ပဲ သူ၏အိပ်မက်များက တစ်ခုသောနွေရာသီဆီသို့ ပြန်ရောက်သွားခဲ့သည် ။

လျန်ကျွယ်မှာ အခုလေးတင် အတော်လေးထူးဆန်းသော အင်တာဗျူးတစ်ခုအား ဖြေပြီးခဲ့ခြင်းဖြစ်သည် ။ ထိုအေးမြကာ လှပလှ‌သော အဆောက်အဦးကြီးထဲမှ ထွက်လာခဲ့ပြီးနောက်တွင် သူနှင့်အတူတူ အင်တာဗျူးဖြေခဲ့သည့် ကောင်လေးများစွာနှင့်အတူ ပြန်မည့် ဘတ်စ်ကားထက်သို့ တက်ခဲ့လေသည် ။

မိဘမဲ့ဂေဟာမှ ကလေးများအနေနှင့် ဤကဲ့သို့သော ခမ်းနားသည့်နေရာမျိုးအား လာရောက်နိုင်သည့်အခွင့်အရေးမှာ နည်းပါးလွန်းလှပေသည် ။ ထို့အပြင် အခုလေးတင်ဖြေခဲ့ရသည့် တီဗီများထက်တွင်သာ မြင်ဖူးခဲ့သော အတော်ကြီးကို ခမ်းနားထည်ဝါသည့် အင်တာဗျူးကိုပါ ထပ်ပေါင်းထည့်လိုက်ချိန်တွင်တော့ ကားပေါ်မှ ကောင်လေးများ၏ တွတ်ထိုးသံများမှာ ရပ်တန့်မသွားပါတော့ချေ ။

လျန်ကျွယ်မှာ အနည်းငယ်မျှ ကားမူးနေခဲ့သည် ။ အစတုန်းက အရှေ့ဖက်တန်းမှ ပြတင်းပေါက်ဘေးဖက်ရှိ ထိုင်ခုံတွင် ထိုင်နေခဲ့ခြင်းဖြစ်သော်လည်း အတော်လေး ဆူညံသည်ဟု ခံစားလာခဲ့ရလေရာ မတ်တပ်ရပ်လိုက်ပြီးနောက်တွင် အနောက်ဆုံးတန်းသို့သာ လျှောက်သွားလိုက်တော့သည် ။

ကျေးလက်လမ်းမကြီးထက်သို့ မောင်းနှင်နေသည့် ဘတ်စ်ကားမှာ အတော်ကြီးကို နှေးနေခဲ့လျက် ဝမ်ယန်မြို့၏ ကလေးသူငယ်စောင့်ရှောက်ရေးစင်တာသို့ ပြန်ရောက်လာခဲ့ကြချိန်တွင် နောက်တစ်နေ့နေ့လည်တောင်မှ ရှိနေပြီဖြစ်သည် ။

ဝမ်ယန်မှာ နဂိုကတည်းက မိုးများသောမြို့တစ်မြို့ဖြစ်ပြီး လက်ရှိမှာ နွေရာသီဖြစ်သော်လည်း နေသာသည့်နေ့မျိုးကို မြင်ရရန်မှာ အတော်လေး ရှားပါးလှပေသည် ။

ကားထဲမှထွက်လာခဲ့ချိန်တွင် သူ၏ခြေထောက်တစ်ဖက်က ဗွက်အိုင်ထဲသို့ နင်းမိသွားခဲ့ရပြီး သူ၏ခြေထောက်ထက်မှ ညစ်ပတ်သွားပြီဖြစ်သော အရောင်လွင့်နေသည့် ဖိနပ်အား မျက်မှောင်ကြုပ်လျက် ငုံ့ကြည့်လိုက်သည် ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now