Chapter-26

13.9K 1.8K 157
                                    

~Unicode~

ရှန်ထင်ဝေ့၏လက်ကောက်ဝတ်မှာ တစ်စုံတစ်ယောက်ထံမှနေ၍ ရုတ်ခြည်းဆောင့်ဆွဲခံလိုက်ရပြီး အသိစိတ် ပြည့်ပြည့်ဝဝ ပြန်မဝင်လာသေးလေရာ မျက်ဝန်းအိမ်ထဲ၌ မနက်ခင်း၏ မီးခိုးရောင် မြူခိုးတို့ ဖုံးလွှမ်းနေလျက် လျန်ကျွယ့်ထံသို့ လှမ်းကြည့်လာသည် ။

" ဘာဖြစ်လို့လဲ ?"

လျန်ကျွယ်၏ အမူအရာမှာလည်း သဘာဝကျအောင် ခက်ခက်ခဲခဲ ထိန်းနေရသည့်အလား ။ ရှန်ထင်ဝေ့၏ လက်ကောက်ဝတ်အား ဆွဲလိုက်ပြီးနောက်တွင် တစ်ဖက်လူအား ထိုင်ခုံထက်မှနေ၍  ကြမ်းကြမ်းတမ်းတမ်း ဆွဲထူလာသည် ။

" ငါနဲ့ ဆေးရုံကိုလိုက်ခဲ့ "

ရှန်ထင်ဝေ့မှာ တရွတ်တိုက်နီးပါး အဆွဲခံလိုက်ရသောကြောင့် ခြေလှမ်းတို့က ယိမ်းယိုင်သွားကာ လက်ကောက်ဝတ်မှာလည်း နာကျင်လာခဲ့သော်လည်း ထိုအရာအား အာရုံမစိုက်အားပါချေ ။ လျန်ကျွယ်၏ ရုတ်ခြည်းဖြစ်ပေါ်လာသော မူမမှန်နေသည့် အပြုအမူတို့အား နားလည်သွားသည့်အလား သူ၏နှလုံးသားကလည်း ရုတ်တရက် တင်းကြပ်လာခဲ့ပါ၏ ။

လျန်ကျွယ်၏ အမူအရာမှာ တောင့်တင်းနေသော်လည်း သူ၏လှုပ်ရှားမှုများအတွင်း၌ ပုံမှန်မဟုတ်သော ထိတ်လန့်မှုတို့ပါ ရောယှက်နေခဲ့သည် ။ ရှန်ထင်ဝေ့မှာ အဆွဲခံသွားရပြီး တံခါးပေါက်နားသို့ ရောက်လာခဲ့ချိန်တွင် လျန်ကျွယ့်အား အလျင်အမြန် တားလိုက်လေသည် ။

" ခန... ခနလေး နေပါဦး… ခင်ဗျား ဒီပုံစံနဲ့ အပြင်ထွက်မလို့လား ?"

လျန်ကျွယ်၏ ခြေလှမ်းတို့က ရပ်တန့်သွားပြီး သူ၏မျက်ဝန်းအိမ်များထဲတွင်လည်း တစ်ကြိမ်တစ်ခါမှ မရှိဘူးသော ကြောင်အအ အမူအရာလေး ရှိနေခဲ့သည် ။ စက္ကန့်အနည်းငယ်မျှ ကြာသွားပြီးနောက်မှသာ သူ၏လက်အား လွှတ်ပေးလိုက်ပြီးနောက် ဒုတိယထပ်သို့ တက်သွားခဲ့သည် ။

ရှန်ထင်ဝေ့က သူ၏နီရဲနေသော လက်ကောက်ဝတ်အား ပွတ်သပ်လိုက်ရင်း လျန်ကျွယ်၏ ပုံရိပ်က လှေကားထက်မှနေ၍ ပျောက်ကွယ်သွားသည်အထိ စောင့်နေပြီးနောက်မှသာ အခန်းထဲသို့ အလျင်စလို ဝင်လိုက်ပြီးနောက် ဆေးသောက်လိုက်ရင်း သူ၏ရင်ဘတ်ထဲမှ မူမမှန်လှသော နှလုံးခုန်သံတို့ ပြေလျော့သွားစေရန်အတွက် သူ၏ရင်ဘတ်ထက်သို့ အကြိမ်ရေအနည်းငယ်ခန့် ပုတ်လိုက်ပါ၏ ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now