Chapter-57

16.8K 2.9K 325
                                    

~Unicode~

လျန်ကျွယ့်အတွက်မူ အိပ်ရာထက်မှကိစ္စရပ်များအတွင်း ဤမျှလောက် ချုပ်တည်းနေခြင်းမျိုးမှာ ရှားပါးလွန်းလှပေသည် ။ အကြိမ်အများစု၌ သူ၏ထိန်းချုပ်နိုင်စွမ်းတို့က ကင်းလွတ်လုနီးနီး ဖြစ်နေခဲ့ကြလျက်သား ။ လျန်ကျွယ်က ရှန်ထင်ဝေ့၏ ပုခုံးထက်၌ နဖူးမှေးတင်ထားလိုက်ပြီးနောက်တွင် တစ်ဖက်လူ၏ မေးစေ့လေးအား အားသုံး၍ ဆွဲလှည့်လိုက်ရင်း ကြမ်းကြမ်းတမ်းတမ်း နမ်းရှိုက်နေခဲ့ပါ၏ ။

ရှန်ထင်ဝေ့က အခုလေးတင် ထုတ်လွှတ်ပြီးသွားခဲ့ခြင်းဖြစ်ရာ ခန္ဓာကိုယ်တစ်ခုလုံးက တစ်ဖက်လူ၏ ခွန်အားအောက်၌ ပြုသမျှနုနေခဲ့ရလေည် ။ အစတုန်းက သူ၏ဗိုက်ထဲရှိ ကလေးငယ်လေးအား စိုးရိမ်သောကြောင့် ဝမ်းဗိုက်ကလေးအား ဂရုတစိုက် ထိန်းကိုင်ထားခဲ့ပါသော်လည်း လျန်ကျွယ်ကမူ သူ့ထပ်ပင်ပို၍ ဂရုစိုက်လွန်းနေခဲ့ကြောင်း သတိပြုမိသွားခဲ့ရပါ၏ ။ ရှန်ထင်ဝေ့မှာ လျန်ကျွယ့်ထံမှ မမျှော်လင့်ထားမိပါသော နူးညံ့သည့်အပြုအမူတို့အောက်၌ ဆင်ခြင်တုံတရားအားလုံး လွတ်ထွက်သွားခဲ့ရရင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးကလည်း လျန်ကျွယ်၏ သနားညှာတာမှုနှင့်အတူ နူးညံ့လာခဲ့ရလေသည် ။

အစောပိုင်းတုန်းက အသေးအဖွဲကိစ္စရပ်များကြောင့် အတော်လေးကို အားအင်ကုန်ခမ်းသွားသည်ဖြစ်ပြီး အသက်ရှူလည်း မဝနေခဲ့ပါချေ ။ ယခုအခိုက်အတန့်လေးတွင်တော့ ရှန်ထင်ဝေ့၏ ခန္ဓာကိုယ်တွင်း၌ စိတ်ဆန္ဒတို့ ရောယှက်နေသည့် အားအင်များ ဖြစ်တည်လာခဲ့ရရင်း ထိန်းထိန်းသိမ်းသိမ်းရှိပါရန် သူ့ကိုယ်သူ သတိပေးနေခဲ့ပါသော်လည်း နောက်ဆုံးတွင်တော့ ထိန်းချုပ်နိုင်စွမ်းတို့ ကင်းမဲ့သွားခဲ့ရကာ ကိစ္စရပ်တို့က ညသန်းခေါင်တိုင်သည်အထိ ဖြစ်ပျက်နေခဲ့လေသည် ။ နောက်ဆုံးတွင်တော့ ရှန်ထင်ဝေ့မှာ သူ၏ heat ဝင်နေသည့် အခြေအနေက ပို၍သက်သာလာခြင်းပဲလား ၊ ပို၍ ပင်ပန်းသွားရခြင်းပဲလား မသိနေခဲ့ပါတော့ ။

ပြီးဆုံးသွားခဲ့ချိန်တွင် လျန်ကျွယ်က ရှန်ထင်ဝေ့၏ ပေပွနေသည့် ညဝတ်အင်္ကျီအား ချွတ်ပေးလိုက်ရင်း ကော်ဇောထက်သို့ လွှင့်ပစ်လိုက်ပြီးနောက်တွင် ရှန်ထင်ဝေ့အား ရေချိုးပေးရန်အတွက် ရေချိုးခန်းထဲသို့ ပွေ့ချီခေါ်သွားခဲ့သည် ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now