Chapter-65

16.7K 2.6K 232
                                    

~Unicode~

လျန်ကျွယ်က ယခင်အနေအထားအတိုင်း ပြန်ပြောင်းလှဲလိုက်ချိန်တွင် အသက်ရှူသံတို့က ငြိမ်ဆိမ်သွားခဲ့ရလျက် မျက်လုံးတို့လည်း ပြန်ပိတ်သွားခဲ့ကြပါ၏ ။

ရှန်ထင်ဝေ့က သူ လျန်ကျွယ်၏ အခန်းထဲမှ ထွက်လာသည့်အချိန်၌ ခမ်းထုန်နှင့် ထိပ်တိုက်တွေ့မည်အား စိုးရိမ်နေခဲ့လေရာ လျန်ကျွယ့်ထက်အရင် အိပ်ရာထလာခဲ့သည် ။ အရှက်သည်းနေခဲ့လျက် ကြမ်းပြင်ထက်မှ ညဝတ်အင်္ကျီနှင့် အတွင်းခံတို့အား ကောက်ယူလိုက်ပြီးနောက်တွင် ပထမဦးဆုံး အတွင်းဝတ်အား ဝတ်သင့် မဝတ်သင့် တွန့်ဆုတ်နေခဲ့ပါသော်လည်း ထို့နောက်တွင်တော့ သူ့အား ကြိုးကူချည်ပေးရန်အတွက် လျန်ကျွယ့်အား အကူအညီတောင်းသင့် မတောင်းသင့်ဆိုသည့်ဖက်သို့ အတွေးတို့က ပြောင်းသွားခဲ့ရသည် ။

" ခနနေရင်ပဲ ဆေးရုံသွားတော့မှာ မဟုတ်ဘူးလား ?"

လျန်ကျွယ်က ရုတ်တရက် အိပ်ရာထက်၌ ထထိုင်လိုက်ရင်း ပြောလာခဲ့သည် ။

" မင်းအဲ့တာ ဝတ်ထားတာကို ဆရာဝန့်ကို မြင်သွားစေချင်တာလား ?"

ရှန်ထင်ဝေ့က သူ၏စကားကြောင့် ရှက်သွားခဲ့ရရင်း ဝတ်မည့်အကြံအား လက်လျှော့လိုက်တော့သည် ။ ထို့နောက် ညဝတ်အင်္ကျီအား ပြန်ဝတ်လိုက်ကာ အခန်းသို့ အရင်ပြန်တော့မည်ဖြစ်ကြောင်း ပြောလာခဲ့လေသည် ။

လျန်ကျွယ်က စကားတစ်ခွန်းမှ ပြန်မပြောပါပဲ သူ့အားဖြတ်၍ ရေချိုးခန်းထဲသို့ လျှောက်ဝင်သွားခဲ့သည်  ။

လင်ချန်းက ခြံဝင်းထဲသို့ ကားမောင်းဝင်လာခဲ့ချိန်တွင် လျန်ကျွယ်က မနက်စာ စားနေဆဲပဲ ရှိနေသေးပေသည် ။ ရှန်ထင်ဝေ့က ခွက်ထဲရှိ နွားနို့နွေးနွေးလေးအား တစ်ငုံခန့် သောက်လိုက်ပြီးနောက်တွင် ခမ်းထုန်အား နှိုးရန်အတွက် အပေါ်ထပ်သို့ တက်သွားခဲ့ပြီး ခမ်းထုန် အဝတ်အစားလဲနေသည့် အချိန်အတွင်းသူ့အနေနှင့် အိမ်၌တစ်ယောက်တည်း ကျန်နေခဲ့ရမည်ဖြစ်သောကြောင့် သတိထားရမည့်ကိစ္စရပ်တို့အား မှာကြားလာခဲ့သည် ။

ပုဂ္ဂလိကဆေးရုံက အသစ်ချဲ့ထွင်ဖွဲ့စည်းထားသည့် နယ်မြေဖက်၌ တည်ရှိသည်ဖြစ်ရာ ထိုနေရာသို့ ရောက်ရန်အတွက် အတော်ကြာအောင် ကားမောင်းသွားရမည်ဖြစ်သည် ။ ရှန်ထင်ဝေ့က ယခုမနက်ခင်း၌ အစောကြီး အိပ်ရာထခဲ့ခြင်းဖြစ်လေရာ ကားထဲ၌ တစ်ခနကြာအောင် ထိုင်နေခဲ့ပြီးနောက်တွင် နောက်တစ်ဖန် အိပ်ချင်လာခဲ့ရပြန်သည် ။ ထို့နောက် သူခနလောက် အိပ်ချင်ပါကြောင်း လျန်ကျွယ့်ထံ လှမ်းပြောလာခဲ့သည် ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Où les histoires vivent. Découvrez maintenant