Chapter-34 <U>
12.8K 1.6K 225
[ စာလုံးရေနည်းနည်းပဲ ပိုများသွားတာကို ဘာလို့ ကြောင်နေမှန်း မသိ‌ဘူး ။ ကိုယ်ဒီအပိုင်းတင်နေတာ နာရီဝက်ကျော်နေပြီ တင်မရလို့ ဒီလိုပဲ ခွဲတင်လိုက်ပါတယ် ။
**********
~Unicode~
နိုင်ငံခြားမှ အလုပ်ကိစ္စများအား ဖြေရှင်းပြီးနောက် အိမ်သို့ ပြန်လာခဲ့ချိန်တွင် တစ်လတောင်မှပင် ကြာသွားခဲ့ပြီဖြစ်သည် ။
လေဆိပ်ထဲမှ ထွက်လာခဲ့ချိန်တွင် အထူးတလည် စောင့်‌ဆိုင်းနေသော လင်ချန်းက လျန်ကျွယ်၏လက်ထဲမှ ခရီးဆောင်အိတ်အား လက်လွှဲယူလိုက်ရင်း သူ့အတွက် ကားတံခါး ဖွင့်ပေးလာကာ မေးလာသည် ။
" ဆရာ.. အိမ်ကိုပဲ တန်းပြီးပြန်မှာလား ?"
လျန်ကျွယ်က " အင်း " ဟု အသံပြုလိုက်ပြီးနောက် ကားထဲသို့ ဝင်ထိုင်လိုက်ရင်း စကားထပ်မပြောပါတော့ချေ ။
အရေးကြီးသော အလုပ်ကိစ္စများအား တစ်လကျော်နီးပါး ဖြေရှင်းခဲ့ရခြင်းဖြစ်ပြီး လေယာဉ်အကြာကြီး စီးခဲ့ရခြင်းကြောင့် မသက်မသာလည်း ဖြစ်နေဆဲဖြစ်ရာ သူ၏စိတ်အား ခနမျှ အနားပေးလိုသောကြောင့် ထိုင်ခုံထက်သို့ မှီလိုက်ပြီးနောက် သူ၏မျက်လုံးတို့အား မှိတ်ထားလိုက်တော့သည်။
လင်ချန်းက လျန်ကျွယ်ပင်ပန်းနေကြောင်း မြင်လိုက်ရလေရာ ဒရိုင်ဘာအား ကားထဲမှအပူချိန်ကို အနည်းငယ်မျှ မြှင့်ရန် ပြောလိုက်ပြီးနောက် အသံထပ်မပြုပါတော့ချေ ။
မနက်ခင်းအလုပ်သွားချိန် ဖြစ်နေခဲ့လေရာ မြို့ထဲသို့ ဝင်လာကြပြီးနောက်တွင် ကားကတစ်ခနကြာအောင် ပိတ်သွားခဲ့ပါ၏ ။ တဖြည်းဖြည်းချင်းရွေ့လျားနေသည့် ကားတန်းကြီးကလည်း ဆက်တိုက်ဆိုသလိုပင် ဟွန်းသံ ကျယ်ကျယ်လောင်လောင်တို့ ထွက်ပေါ်နေသည် ။
လျန်ကျွယ်က မျက်မှောင်ကြုပ်လိုက်ရင်း မျက်လုံးအနည်းငယ်မျှ ဖွင့်လာခဲ့ကာ သူ၏တွန့်ချိုးနေသည့် မျက်ခုံးနှစ်ဖက်ကြားတွင်လည်း စိတ်အဆင်မပြေမှုတို့က ရှင်းလင်းနေသည် ။
ယစ်မူးပျော်ဝင်ခြင်း║မြန်မာပြန် 『Completed 』Where stories live. Discover now