Chapter-73

15.6K 2.3K 225
                                    

~Unicode~

ယီမြို့က ဆောင်းဦးအကြို မိုးရွာချလိုက်ပြီးနောက်တွင် ရုတ်တရက်ကြီး အေးလာခဲ့သည် ။

ရာသီအကူးအပြောင်း၌ တုပ်ကွေးဖြစ်ပွားနိုင်ချေကလည်း များပြားလာခဲ့ပါရင်း လျန်ကျွယ့်နောက် လိုက်နေရသည့် လင်ချန်းတောင်မှပင် အအေးမိသွားခဲ့ရသည် ။ လျန်ကျွယ်က ကုမ္ပဏီအတွင်း နေမကောင်းဖြစ်နေသည့် ဝန်ထမ်းတိုင်းအား အလုပ်ချိန်အတွင်း နှာခေါင်းစည်းတပ်ထားပါရန် စည်းမျဉ်းထုတ်ပြန်ခဲ့သည် ။ လင်ချန်းကလည်း လျန်ကျွယ်က သူပါအအေးမိသွားရင်း လူကြီးမင်းရှန်ကို မတော်တဆ ကူးမည်ကို စိုးရိမ်နေခြင်းဖြစ်မှန်း သိနေခဲ့လေရာ အတတ်နိုင်ဆုံး လျန်ကျွယ်နှင့် အထိအတွေ့ မရှိစေရန် ဂရုစိုက်ပေးခဲ့သည် ။

ရှန်ထင်ဝေ့မှာ လျန်ကျွယ်က ယခင်ကနှင့်စာလျှင် အများကြီး ပြောင်းလဲလာခဲ့ပါကြောင်း တဖြေးဖြေးနှင့် သိလာခဲ့ရသည် ။

အတိတ်တုန်းက လျန်ကျွယ်မှာ နူးညံ့သည့် အသေးစိတ်ကိစ္စရပ်များအားလုံး၌ အမြဲတမ်း ရေငုံနှုတ်ပိတ်နေတတ်သည်ဖြစ်သော်လည်း ယခုတွင်တော့ ရှန်ထင်ဝေ့အား အနည်းငယ်မျှ နွေးထွေးသွားစေပါသည့် စကားလုံးအချို့အား တဖြေးဖြေးချင်း ထုတ်ပြောလာတတ်ပြီဖြစ်သည် ။

ဥပမာအနေနှင့် မနက်ခင်းတစ်ခု၌ အပြင်မထွက်ခင် ပိုထူသောအဝတ်အစားများ လဲလှယ်ပါရန်အတွက် စေခိုင်းလာခြင်းမျိုး... လစဉ်ဆေးစစ်မှုတိုင်းတွင်လည်း အဖော်ပြုပေးလာခဲ့ပါရင်း ဆရာဝန်ညွှန်ကြားသည့် ဆောင်ရန်ရှောင်ရန် ကိစ္စရပ်တိုင်းအား တိုက်ဆိုက်သည့် အခိုက်အတန့်မျိုး ရောက်လာခဲ့ချိန်တွင် သူ့အား သတိပေးလာခဲ့ခြင်းမျိုး...

အေးစက်သည့်လေသံကိုသာ အသုံးပြုနေဆဲဖြစ်သော်လည်း ရှန်ထင်ဝေ့မှာ လျန်ကျွယ်က သူအမှန်တကယ် မထူးချွန်ပါသော နည်းလမ်းမျိုးအား အသုံးပြု၍ သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရန် ကြိုးစားနေခြင်းဖြစ်ပါကြောင်း ခံစားမိနေခဲ့ပါ၏ ။

ထိုအံ့အားသင့်စရာကောင်းဖွယ် ရှာဖွေတွေ့ရှိလာမှုများက ရှန်ထင်ဝေ့အား နေ့စဉ်နေ့တိုင်း ပျားရည်အိုးတစ်ခုထဲ၌ အနှစ်ခံနေရသည့်အလား ခံစားနေခဲ့ရရင်း နှလုံးသားလေးတစ်ခုလုံးကလည်း ချိုမြိန်မှုတို့ဖြင့်သာ ပြည့်လျှံကျနေခဲ့လေသည် ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now