Chapter-55

16.9K 2.3K 152
                                    

~Unicode~

< NSFW content!!!
Read at your own ricks guys!>

ဖုန်းတစ်ဖက်မှ ရှန်ထင်ဝေ့မှာ လျန်ကျွယ့်အား လုံးဝပင် လွှမ်းမိုးသွားခဲ့သည် ။ ကား၏ စပီကာမှနေ၍ ထွက်ပေါ်လာသည့် ပဲ့တင်ထပ်နေသော အသံများကလည်း ကျဉ်းမြောင်းသည့် ကားအတွင်းပိုင်း၌ ပြည့်လျှံနေခဲ့ကြရင်း လျန်ကျွယ်၏ အာရုံကြောများထဲအထိ ထိုးဖောက်ဝင်ရောက်လာခဲ့ကြသည် ။ " ကျွန်တော် heat ဝင်နေပြီ " ဆိုသည့် စကားလုံးကလည်း မီးတောက်ငယ်လေးသဖွယ် လျန်ကျွယ်၏ ဝမ်းဗိုက်ထဲအထိ ပူပူပြင်းပြင်း လှိမ့်ဝင်လာခဲ့ရင်း သူ၏ နဖူးထက်ရှိ သွေးကြောများကိုပါ ထင်းထွက်လာစေခဲ့ပါ၏ ။

ရှန်ထင်ဝေ့က ဤကဲ့သို့သောနည်းလမ်းမျိုးအား အသုံးပြု၍ သူ့အားဆွဲဆောင်လာသည်မှာ ယခု‌တစ်ခေါက်က ပထမဆုံးအကြိမ် ဟုတ်မနေခဲ့ ။ သူပြောလေ့ရှိသော ' heat ဝင်သည် ' ဆိုသည့် စကားလုံးကလည်း သူလိုချင်ကြောင်း ဖော်ပြရန်အတွက် သွယ်ဝိုက်ကာသုံးသည့် စကားလှတစ်လုံးသာဖြစ်သည်ပင် ။ မဟုတ်... ထိုမျှလောက်လည်း သွယ်ဝိုက်ဟန် ပေါ်မနေခဲ့ ။

သို့သော်လည်း သိပ်မကြာခင်မှာပင် လွင့်ပျံ့နေသည့် ဆင်ခြင်တုံတရားအား အသုံးပြု၍ သူ၏ စိတ်ထဲ၌ အဆက်မပြတ်ထွက်ပေါ်လာနေသော ပုံရိပ်များထံမှနေ၍ စိတ်အာရုံအား ပြန်‌ဆွဲခေါ်လိုက်နိုင်သည် ။

ရှန်ထင်ဝေ့က ယခင်သူ့အား ဆွဲဆောင်ရန်ကြိုးပမ်းသည့်အချိန်များ၌ ဆေးစွဲနေသည့်အလား ဟန်ဆောင်နေခဲ့လေ့ရှိသည် ။ အလွန်အမင်း စိတ်ရှုပ်ထွေးနေခဲ့လျက် ထိန်းချုပ်ဆေးအကြောင်းကိုလည်း ရံဖန်ရံခါ ထုတ်ပြောလာလေ့ရှိပြီး ထို့နောက်တွင်တော့ ကိစ္စရပ်များစွာ ဖြစ်ပွားခဲ့သည်ပင် ။

ရှန်ထင်ဝေ့၏ ဗိုက်ထဲ၌ ကလေးတစ်ယောက်ရှိနေကြောင်း တွေးမိသွားခဲ့ချိန်တွင်တော့ လျန်ကျွယ်က သူ၏ဒေါသများအား ဖိနှိပ်လိုက်ကာ တည်ငြိမ်အေးဆေးသည့် လေသံမျိုးကိုပဲ ဆက်ထိန်းထားလိုက်ရင်း အသံနှိမ့်လျက် သတိပေးလာခဲ့သည် ။

" မင်းက အခု ကိုယ်ဝန်ရှိနေတာ "

လျန်ကျွယ်မှာ ရှားရှားပါးပါး ပြောစရာစကား မဲ့နေခဲ့ရပါ၏ ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now