Chapter-53

15.1K 2.3K 86
                                    

~Unicode~

ရှန်ထင်ဝေ့က အခန်းထဲရှိ လေအေးပေးစက်အား ညကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သည် ။ ထို့ကြောင့် နိုးထလာခဲ့ချိန်တွင် အနည်းငယ်မျှ အိုက်စပ်နေသည့် လေထုထဲ၌ ရှန်ထင်ဝေ့ အိပ်ပျော်နေစဉ်တုန်းက မသိလိုက်မသိဘာသာ ထုတ်လွှတ်ထားမိခဲ့သော ဖယ်ရိုမုန်းရနံ့များဖြင့် ပြည့်နှက်နေခဲ့လျက် အသက်တစ်ချက် ရှူလိုက်ရုံနှင့်ပင် သိပ်သည်းလှသည့် အယ်လ်ကိုဟောရနံ့များအား ခံစားမိနိုင်နေခဲ့လေသည် ။

ကိုယ်ဝန် လေးလထဲသို့ ဝင်လာခဲ့ချိန်ကတည်းက ဤကဲ့သို့သော အခြေအနေမျိုးမှာ မနက်ခင်းတိုင်းနီးပါး ဖြစ်ပွားလာလေ့ရှိပြီး ရှန်ထင်ဝေ့ကလည်း ကျင့်သားရနေပြီပင် ။

ရှန်ထင်ဝေ့က ထူထဲသည့် လိုက်ကာစများအား သဘောမကျပါချေ ။ ကြည့်ရသည်မှာ လျန်ကျွယ်က သူ့အခန်းထဲသို့ တစ်ခါတစ်လေ ရောက်လာခဲ့ချိန်များ၌ သူ့အခန်းထဲရှိ ခန်းဆီးစများက အမြဲတမ်း ဖွင့်လှစ်ခံထားရကြောင်း သတိထားမိသွားသောကြောင့် ဖြစ်လောက်မည်ပင် ။ နောက်ပိုင်းတွင်တော့ လူတစ်ယောက်ခေါ်လာခဲ့ရင်း ပိုးဇာသားဖြင့် ပြုလုပ်ထားသည့် အလင်းပေါက်နိုင်သော အရောင်ဖျော့ဖျော့ ခန်းဆီးစများဖြင့် လဲပေးလာခဲ့သည် ။

မနက်ခင်း၏ အလင်းရောင်က တောက်ပနေခဲ့သော်လည်း မျက်စိစူးလောက်အောင်ထိတော့ မဟုတ်ရပါပဲ နွေးထွေးမှုများက အခန်းတွင်းသို့ အကြားအလပ်မကျန် ပျံ့နှံ့ဝင်ရောက်နေခဲ့သည် ။ ရှန်ထင်ဝေ့က မျက်လုံးအိမ်များအား ဖြေးညှင်းစွာ ဖွင့်လိုက်ပြီးနောက် တစ်ခနကြာမှသာ စိတ်ကြည်လာခဲ့ပါ၏ ။ လက်မြှောက်လျက် ယောင်ယမ်းနာကျင်နေသည့် နားထင်ထက်သို့ ဖိနှိပ်လိုက်ပြီးနောက်တွင် အနည်းငယ်မျှ တောင့်တင်းနေသော သူ၏လက်မောင်းအား ခမ်းထုန်၏အောက်မှနေ၍ ဖြေးညှင်းစွာ ဆွဲထုတ်လိုက်သည် ။

ရှန်ထင်ဝေ့က အိပ်ရာထက်၌ ထထိုင်လိုက်ပြီးနောက်တွင် သူ၏ဘေးဖက်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည့် ခမ်းထုန်အား ငုံ့ကြည့်လိုက်သည် ။ ဤကမ္ဘာရှိလူအများစုက သူ၏ဖယ်ရိုမုန်းရနံ့များအား အနံ့မခံနိုင်ကြောင်း သိထားပြီးသားဖြစ်သော်လည်း အိပ်ရာမှထ၍ ပြတင်းပေါက်အား ဖွင့်လိုက်ဆဲပါပင် ။ ဖယ်ရိုမုန်းကဲ့သို့သော အရာများက လူများအပေါ် ထိခိုက်နိုင် မထိခိုက်နိုင်အား မသိပါသော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သူ၏ ဖယ်ရိုမုန်းရနံ့ကတော့ ကလေးများအတွက် မသင့်တော်နေခဲ့ပါချေ ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now