Chapter-84

18.5K 2.7K 337
                                    

~Unicode~

ဖုန်းလက်ခံရရှိခဲ့ချိန်တွင် လျန်ကျွယ့်၏စိတ်ထဲ၌ မရေမတွက်နိုင်လောက်သော အတွေးများစွာ ဝင်ရောက်လာခဲ့ကြပါသော်လည်း ထိုရှုပ်ထွေးနေသည့် အတွေးများက ရှန်ထင်ဝေ့၏ " ဘယ်အချိန် ကျွန်တော့်ကို အိမ်ပြန်ဖို့ လာခေါ်မှာလဲ ?" ဆိုသည့် စကားလေးတစ်ခွန်းတည်းဖြင့်ပင် အလုံးစုံ ရပ်တန့်ခံလိုက်ရပါ၏ ။

လျန်ကျွယ်က သော့အား ကောက်ယူလိုက်ကာ အိမ်ထဲမှ အလျင်စလို ပြေးထွက်သွားခဲ့ပါရင်း သူ့အနောက်သို့ ပြေးလိုက်လာသည့် ခမ်းထုန်အား အဘယ်ကြောင့် အပြင်သွားရကြောင်းကိုပင် ရှင်းပြရန် အချိန်မရှိခဲ့ပါချေ ။

ထိုအခိုက်အတန့်လေးတွင် လွန်ခဲ့သည့် နှစ်များစွာတုန်းက အေးစက်တည်ငြိမ်နေခဲ့သည့်သူမှာ သူမဟုတ်သည့်အလား ခံစးလိုက်ရပါရင်း သိပ်မဝေးသည့်နေရာ၌ သူရောက်လာမည်ကို စောင့်ဆိုင်းနေသော ရှန်ထင်ဝေ့ကသာ ထိုအတိတ်၏ အိပ်မက်ဆိုးများအတွင်းမှနေ၍ သူ့အား နိုးထလာစေခဲ့ခြင်းဖြစ်ကြောင်း ခံစားလိုက်ရသည် ။

လျန်ကျွယ်မှာ လမ်းဆုံများစွာ၏ မီးနီများကိုပင် စောင့်ဆိုင်းပါရန် မစွမ်းသာတော့သည့်အလား အလျင်လိုနေခဲ့သော်လည်း အဆုံးတွင်တော့ " ရှန်ထင်ဝေ့က ငါ့ကိုစောင့်နေတုန်းပဲ " ဆိုသည့်အတွေးဖြင့်သာ ထိန်းချုပ်နိုင်ခဲ့သည် ။

မီးပွိုင့်အလင်းရောင်ထံမှ ရှည်လျားလှသော စက္ကန့်တို့အား ရေတွက်နေခဲ့ပါရင်း မီးရောင်ပြောင်းသွားသည်နှင့် ချက်ချင်းပင် အမြန်ဆုံးအရှိန်အား တင်လိုက်ပြီးနောက် ဖုန်းတစ်ဖက်မှ ထိုကလေးလေးပြောပြခဲ့သည့် လိပ်စာရှိရာသို့ မောင်းထွက်သွားခဲ့တော့သည် ။

သိပ်အကြာကြီး မခွဲခွာထားပါသော ပြန်လည်ဆုံစည်းမှုလေးတစ်ခုအတွက်မျှသာ မဟုတ်ရပါပဲ တန်ဖိုးကြီးမားလွန်းလှပါသော ကတိကဝတ်တစ်ခုအား ဖြည့်စည်းပေးရန် သွားရောက်နေရသည့်အလား အလွန်တရာ အလျင်လိုနေခဲ့ပါ၏ ။

လျန်ကျွယ်၏ စိတ်ခံစားချက်တို့မှာ ရှန်ထင်ဝေ့အား ကယ်တင်ရန်တစ်ခုတည်းသာ မဟုတ်ရပါပဲ သူ့ကိုယ်သူရောပါ ကယ်တင်နိုင်ရန်အတွက် အားအင်တက်ကြွကာ အလျင်စလို ဖြစ်နေခဲ့ကြသည် ။

ယစ်မူးပျော်ဝင်ခြင်း║မြန်မာပြန် 『Completed 』Where stories live. Discover now