Chapter-41

12.7K 2.6K 134
                                    

~Unicode~

လျန်ကျွယ် ထိန်းသိမ်းခံရပြီးနောက် 28 ရက်မြောက်နေ့တွင် ရှန်ထင်ဝေ့က သူ ယခင်လ ဝတ်ခဲ့ချိန်တုန်းကတော့ ချောင်ချိနေသေးသော ဘောင်းဘီတစ်ထည်အား ဝတ်နိုင်ရန်အတွက် ရုန်းကန်နေရသည် ။ ထိုအချိန်မှာပဲ ဘေးဖက်၌ တင်ထားသည့် သူ၏ဖုန်းက အသံမြည်လာခဲ့သည် ။

ရှန်ထင်ဝေ့က ကောက်ယူကြည့်လိုက်ချိန်တွင် သူ့အား တစ်ပတ်နီးပါး မဆက်သွယ်လာပါသော လင်ချန်းဖြစ်နေမှန်း တွေ့လိုက်ရပြီး လင်ချန်း၏ ဖုန်းခေါ်ဆိုရသည့် အကြောင်းအရင်းကိုလည်း ချက်ချင်းဆိုသလို သတိပြုမိသွားခဲ့ပါ၏ ။ သူ၏နှလုံးသားလေးမှာလည်း ရုတ်ခြည်းပြင်းပြင်းထန်ထန် ခုန်လှုပ်လာခဲ့လျက် အိပ်ရာဘေးဖက်သို့ ထိုင်ချလိုက်ပြီးနောက်တွင် ဖုန်းအား ပြန်ဖြေလိုက်သည် ။

ဖုန်းက ချိတ်ဆက်သွားသည်နှင့် ချက်ချင်းပင် တစ်ဖက်မှအသံက အလျင်အမြန် ထွက်ပေါ်လာသည် ။

" မနက်ဖြန် မနက် ရှစ်နာရီ.. ယီကျိုး အချုပ်ထောင် နံပါတ်နှစ် "

ဖုန်းတစ်ဖက်မှ လင်ချန်းမှာ သူ၏ပုံမှန် အေးဆေးကာ အသေးစိတ်ပြောပြတတ်သည့် ပုံစံမျိုးမှ ကွဲထွက်နေခဲ့သော်လည်း ရှန်ထင်ဝေ့ကမူ သူပြောချင်သည့် အဓိပ္ပါယ်အား ချက်ချင်း သတိပြုမိသွားရင်း မတ်တပ်ထရပ်လိုက်မိသည် ။

" လူကြီးမင်းလျန်လား... "

" ဟုတ်ပါတယ် "

လင်ချန်း၏ အနည်းငယ်မျှ လျင်မြန်နေလျက် နူးညံ့နေသည့် အသံက သူ၏ထိန်းချုပ်မထားနိုင်သော စိတ်ခံစားချက်များအား ဖော်ပြနေသည် ။

" ဆရာ အကုန်လုံး အဆင်ပြေသွားပြီ "

ရှန်ထင်ဝေ့က ကြိုတင်ခန့်မှန်းထားသည်ဖြစ်သော်လည်း အမှန်တကယ်ကြားလိုက်ရချိန်တွင်မူ သူ၏နှလုံးသားထဲ၌ တစ်ဆို့နေသည့် ကျောက်တုံးကြီးက မြေကြီးပေါ်သို့ ရုတ်ခြည်းပြုတ်ကျသွားသည့်အလား ခံစားလိုက်ရပြီး တစ်ခနကြာအောင် စကားပြန်မပြောနိုင်ခဲ့ပါချေ ။

" ကောင်းလိုက်တာ.. "

လင်ချန်းမှာ သတင်းရရချင်း ရှန်ထင်ဝေ့ထံ အသိလှမ်းပေးခြင်းဖြစ်ပြီး သူ့ထံ၌ အလုပ်များစွာရှိနေသေးသည်ဖြစ်ရာ

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now