Chapter-62

14.6K 2.7K 176
                                    

~Unicode~

လျန်ကျွယ်က အစောကြီး ပြန်လာခဲ့ပါသော်လည်း အလုပ်ကိစ္စတို့က မပြီးသေးသည်ဖြစ်ရာ ညစာစားပြီးချိန်၌ စာဖတ်ခန်းသို့ တက်သွားခဲ့သည် ။

ခမ်းထုန်က ညစဉ်ညတိုင်း နိုင်ငံခြားသားဆရာတစ်ယောက်နှင့် အင်္ဂလိပ်စာအား တစ်ယောက်ချင်း online class သင်ကြားနေခြင်းဖြစ်သည် ။ ရှန်ထင်ဝေ့က ခမ်းထုန်အတွက် နွားနို့နွေးနွေးလေးတစ်ခွက်နှင့် အသီးအနည်းငယ် လှီးပေးခဲ့ပြီးနောက် သူ့အခန်းသို့ သွားပို့ပေးခဲ့သည် ။ အမှန်တကယ်တွင်တော့ ထိုပုံစံအတိုင်း နှစ်ယောက်စာ ပြင်ထားခဲ့သည်ဖြစ်သော်လည်း လျန်ကျွယ်၏ စာဖတ်ခန်းရှေ့သို့ ရောက်ချိန်၌ တံခါးခေါက်ရမည်အား အတော်လေး ရှက်ရွံ့နေခဲ့လေရာ မုန့်များအား အောက်ထပ်သို့သာ ပြန်သယ်သွားလိုက်တော့သည် ။

နွေရာသီအားလပ်ရက်က ပြီးဆုံးလုနီး ဖြစ်နေခဲ့ကာ အင်တာနက်ပေါ်၌လည်း ယီမြို့၏ စက်တင်ဘာလက နွေရာသီမှ ဆောင်းရာသီသို့ ကူးပြောင်းလာသော အပိုင်းအခြားကာလဟု ပြောဆိုနေကြသည်အား မြင်ခဲ့ရသည် ။ နှစ်တိုင်းနှစ်တိုင်း ယခုလိုအချိန်မျိုး၌ ကျောင်းများပြန်ဖွင့်လေ့ရှိပြီး ရာသီဥတုကလည်း ရုတ်တရက်ကြီး အေးလာလေ့ရှိသည် ။

ရှန်ထင်ဝေ့က တီဗီအား ဖွင့်၍ ကြုံရာရသစုံရှိုးတစ်ခုအား ရွေးချယ်လိုက်ရင်း အသံအား တိုးလိုက်ပြီးနောက်တွင် ခမ်းထုန်အတွက် လည်စီးထိုးပေးလိုက်‌ ခေါင်းမော့ကာ တီဗီဆီသို့ လှမ်းကြည့်လိုက် လုပ်နေခဲ့သည် ။ ကြောင်ကလေးက ကစားသည့်စင်လေးထက်မှ ခုန်ဆင်းလာခဲ့လျက် ရှန်ထင်ဝေ့၏ လက်ထဲမှ ချည်ခင်တို့အား သူ၏လက်ဖဝါးလေးဖြင့် ဖမ်းဆွဲဆော့ကစားလာခဲ့သည် ။ ရှန်ထင်ဝေ့က ချည်မျှင်များ ညှိသွားမည်အား စိုးရိမ်နေခဲ့လေရာ ကူကယ်ရာမဲ့စွာဖြင့် ကြောင်လေး၏ခေါင်းဖွာဖွာလေးအား ချည်ထိုးတံအားသုံး၍ တွန်းထုတ်လိုက်ပြီးနောက်တွင် ပန်းကန်ပြားထဲမှ သခွားမွှေးတစ်စိတ်အား ခက်ရင်းဖြင့် ထိုးစိုက်လိုက်ရင်း ကြောင်လေးအား ကျွေးလာခဲ့သည် ။

ကြောင်လေးက သခွားမွှေးအား စားပြီးသွားခဲ့ချိန်တွင် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့ပြန်ရင်း ရှန်ထင်ဝေ့၏လက်ထဲရှိ ကြိုးစအား လှမ်းဖမ်းလာခဲ့ပြန်သည် ။ ရှန်ထင်ဝေ့မှာ ရွေးချယ်စရာ မရှိတော့ပါပဲ လက်ထဲ၌ ချည်ခင်တို့အား ပွေ့ပိုက်ထားရင်း အပေါ်ထပ်သို့သာ တက်သွားလိုက်ရတော့သည် ။

ယစ်မူးပျော်ဝင်ခြင်း║မြန်မာပြန် 『Completed 』Where stories live. Discover now