Chapter-14

12.4K 1.7K 33
                                    

~Unicode~

လျန်ကျွယ်က ချန်နျင်းရွှယ်၏ အိတ်အား ကားနောက်ဖုံးထဲတွင် ထည့်လိုက်သည် ။ ချန်နျင်းရွှယ်က သူမ၏ သူငယ်ချင်းအား နှုတ်ဆက်လိုက်ပြီးနောက်တွင် ရှေ့ခန်းခရီးသည်ထိုင်ခုံသို့ လျှောက်လာလိုက်ပြီး တံခါးအား ဖွင့်လိုက်သည့်အချိန်တွင် ကြောင်အသွားရလေသည် ။

သူမနှင့် ထိုင်ခုံတွင်ထိုင်နေသော ခမ်းထုန်တို့က စက္ကန့်အနည်းငယ်ကြာ အချင်းချင်း စိုက်ကြည့်နေမိကြပါ၏ ။ ခမ်းထုန်က ရှေ့ခန်းထိုင်ခုံအား လက်လျှော့လိုက်ပြီး နောက်ခန်းသို့ ပြောင်းထိုင်ရန် စတင်တွေးလိုက်သည့်အချိန်မှသာ ချန်နျင်းရွှယ်က ရုတ်တရက် တုန့်ပြန်လာသည် ။

" မင်းက ထုန်ထုန် ဟုတ်တယ်မလား ? ငါ မေ့တောင်မေ့တော့မလို့... မင်းဖေဖေက ငါ့ကိုမင်းပုံ ပို့ပေးဖူးသေးတယ်.. ဒါပေမယ့် ပုံထဲကနဲ့ လုံးလုံးကို မတူတာရော် "

ခမ်းထုန်မှာ လျန်ကျွယ်က သူ့ပုံပို့ပေးဖူးသည် ဆိုသည်ကိုလည်း မသိနေခဲ့သလို ဘယ်တုန်းက ရိုက်ကူးလိုက်သည့်ပုံမှန်းလည်း သိမနေခဲ့ ။ သူက ဘာမှပြန်မပြောနိုင်နေခဲ့လျက် လက်ထဲရှိ ပီဇာဘူးကိုသာ စိတ်ရှုပ်ထွေးစွာ ကိုင်ထားရင်း သူမအား တွန့်ဆုတ်စွာကြည့်လိုက်ပြီးနောက် တီးတိုးခေါ်လိုက်သည် ။ " အန်တီရွှယ် "

လန်ကျွယ်က နောက်ဖုံးတံခါးအား ပိတ်လိုက်ကာ လျှောက်လာပြီးနောက် ခမ်းထုန်အစား ပြန်ဖြေပေးလာသည် ။

" သူက အခု အဲ့တုန်းကထပ် ပိုပြီး ဝလာပြီမို့.. အရင်တုန်းက သိပ်ပြီး အာဟာရ မပြည့်ဝခဲ့ဘူး "

ခမ်းထုန်က လျန်ကျွယ်၏ စကားနောက်လိုက်ပြောလာသည် ။

" သား ဝိတ်တက်လာတာ "

ချန်နျင်းရွှယ်က အနည်းငယ်မျှ ဖောင်းကစ်နေသော ပါးလေးများအား ချစ်မြတ်နိုးစွာ ဆွဲညှစ်လိုက်သည် ။

" မဝပါဘူး.. အခုကမှ ပုံမှန်လေး ဖြစ်သွားတာ "

လျန်ကျွယ်မှာ ချန်နျင်းရွှယ်အား အိမ်သို့လိုက်ပို့ရန် စီစဉ်ထားခဲ့သော်လည်း ချန်နျင်းရွှယ်ကမူ မပျော်မရွှင် ဖြစ်သွားရတော့သည် ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now