Chapter-21

12.3K 1.8K 88
                                    

~Unicode~

ဤကဲ့သို့သော အခြေအနေအား မမျှော်လင့်ထားသည်ဖြစ်ရာ ရှန်ထင်ဝေ့က အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ရပါ၏ ။

အသိပြန်ဝင်လာပြီးနောက် သူ၏စိတ်ထဲသို့ ပထမဦးဆုံး ဝင်လာသည့်အရာမှာ...

ကလေးက ဆက်ပြီး ရှိနေနိုင်ဦးမှာလား ?

ထိုအတွေးဝင်လာသည်နှင့် လျန်ကျွယ်အား လှမ်းမေးလိုက်သည် ။

လျန်ကျွယ်၏ အေးစက်သော အမူအရာက ထိုသူ၏အတွေးများအား ခန့်မှန်းရခက်ခဲစေသည် ။ လျန်ကျွယ်က ရှန်ထင်ဝေ့အား တစ်ခနကြာအောင် စိုက်ကြည့်နေပြီးနောက်မှသာ စိတ်မပါလက်မပါ ပြုံးပြလာရင်း အဓိပ္ပါယ်အပြည့်နှင့် ပြောလာသည် ။

" မင်းဘာပဲလိုလို အကုန်ပေးမှာ "

ရှန်ထင်ဝေ့မှာ ကျိုးသင့်ကြောင်းသင့်တွေးတောလျက် ငြင်းဆန်လိုခဲ့သော်လည်း တစ်ခနမျှ တိတ်ဆိတ်နေပြီးနောက်တွင် သူ၏စကားလုံးတို့က နာခံသည့်ဖက်သို့ ပြောင်းသွားခဲ့ပါ၏ ။

" ...ကျွန်တော် အဆောင်ကိုပြန်ပြီး ပစ္စည်းတွေသိမ်းချင်တယ် "

သူ့ထံ၌ လျန်ကျွယ်၏ ရည်ရွယ်ချက်အား မှန်းဆနိုင်သည့် ခွန်အားမျိုးလည်း ရှိမနေခဲ့ပါချေ ။ ထိုရည်ရွယ်ချက်မှာ သူ့အား အရှက်ခွဲလိုခြင်း ဆိုလျှင်တောင်မှ သူ့အနေနှင့် လက်ခံဖို့သာ ရှိပေသည် ။

ဤအခြေအနေမှာ သူလိုချင်သည့်အရာမျိုး မဟုတ်နေခဲ့သော်လည်း မျှော်လင့်ချက်သေးသေးလေးသာ ရှိနေမည်ဆိုလျှင်တောင်မှ ရှန်ထင်ဝေ့က ကလေးအား မစွန့်လွှတ်ရန် ရွေးချယ်နေဦးမည်ဖြစ်သည် ။

.. ယခုအချိန်တွင် လျန်ကျွယ်နှင့် လက်ထပ်ခြင်းမှာ ထိုမျှော်လင့်ချက် သေးသေးလေးဖြစ်သည်ပင် ။

ရှန်ထင်ဝေ့က ငြိမ်းချမ်းကာ လုံခြုံမှုရှိသော ဘဝမျိုး လိုအပ်ပြီး လျန်ကျွယ်က သူ့အား ထိုကဲ့သို့သော ဘဝမျိုး ပေးနိုင်ပေသည် ။

ထိုကဲ့သို့သော ဘဝမျိုးအတွက် အဆိုးဆုံးအပိုင်းမှာတော့ အချစ်မပါပဲ လက်ထပ်ရခြင်းဖြစ်သည် ။

သို့သော်လည်း တစ်ချိန်တည်းမှာပင် အကောင်းဆုံးသောအရာမှာ သူ့အနေနှင့် လျန်ကျွယ့်၏ အချစ်အား မလိုအပ်နေခဲ့သလို လျန်ကျွယ့်အား ချစ်ပေးရန်လည်း မလိုအပ်နေခြင်းပင် ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Место, где живут истории. Откройте их для себя