Chapter-30

13.5K 1.7K 30
                                    

~Unicode~

" ဒေါက်.. ဒေါက်.. ဒေါက် "

တုတ်ကောက်နှင့်ကြမ်းပြင် ထိခတ်ရာမှ ထွက်ပေါ်လာသည့် ခပ်အုပ်အုပ်အသံက အောက်ထပ်မှ ဆူညံသံများအား ရပ်တန့်သွားစေခဲ့ပြီး ရှန်ထင်ဝေ့မှာလည်း လူအုပ်ကြီးအတိုင်း အပေါ်သို့မော့ကြည့်လိုက်သည် ။

ဒုတိယထပ်မှ မဟော်ဂနီလက်ရန်း၏ဘေး၌ မတ်တပ်ရပ်နေသည့် လူများစွာရှိနေပြီး ကျန်လူများအားလုံး ဝန်းရံထားသည့် အလယ်မှပုဂ္ဂိုလ်မှာ သူနှင့်လျန်ကျွယ်တို့ ရှိနေသည့်လားရာဖက်သို့ အေးစက်လျက် အထက်စီးဆန်လွန်းလှစွာ ငုံ့ကြည့်လာသည် ။

တစ်ဖက်လူ၏ အလွန်အမင်းထက်ရှသော မျက်လုံးများက ရှန်ထင်ဝေ့အား အကြောင်းပြချက်မရှိပါပဲ ထိတ်လန့်လာစေခဲ့ကာ ထို့နောက်တွင် သူ၏နောက်ကျောပြင်ထက်သို့ ပွေ့ဖက်လာသည့် လျန်ကျွယ်၏လက်အား ခံစားမိလိုက်ပါ၏ ။

ရှန်ထင်ဝေ့မှာ မသိစိတ်ထဲမှနေ၍ ထိုသူနှင့် လျန်ကျွယ်တို့ကြားတွင် ဆက်ဆံရေးတစ်ခုခုရှိလောက်ကြောင်း ခံစားမိနေခဲ့သည် ။ အဘယ့်ကြောင့်ဆိုသော် ထိုသူ့ထံ၌ရှိနေသည့် အရှိန်အဝါတို့က လျန်ကျွယ်နှင့် အတော်လေး ဆင်တူနေသောကြောင့်ပင် ။

သူ၏သံသယတို့က အလျင်အမြန်ပင် သက်သေပြခံလိုက်ရသည် ။

ထိုလူအုပ်ထဲမှ ဦးလေးကြီးလား ဦးလေးငယ်လားမသိ တစ်စုံတစ်ယောက်က သူတို့နှစ်ဦးထံ စိုက်ကြည့်လျက် ပထမဆုံး စကားစပြောလာသည် ။

" လျန်ကျွယ်... အိမ်ကိုတစ်ယောက်ယောက် ခေါ်လာတာလား ?"

လျန်ကျွယ်က ခေါင်းမော့ကာ နှုတ်ဆက်လိုက်သည် ။

" အဖေ... ဦးလေးနှစ်... ဦးလေးငယ် "

ချန်ချူလျန်၏အမူအရာက တည်ငြိမ်နေဆဲဖြစ်ကာ ဘာမှတုံ့ပြန်မလာခဲ့ ။

ဦးလေးနှစ်က ခပ်ဖျော့ဖျော့ ချောင်းဆိုးလိုက်ပြီးနောက် ပြစ်တင်လိုဟန် ပြောလာသည် ။

" လျန်ကျွယ်.. မင်း ဘယ်လိုလုပ်ပြီး... သူစိမ်းတစ်ယောက်ကို အိမ်ကိုခေါ်လာရတာလဲ ?"

" သူက သူစိမ်းမဟုတ်ပါဘူး " လျန်ကျွယ်က အပြုံးတစ်ခုနှင့် ပြန်ဖြေသည် ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Onde histórias criam vida. Descubra agora