Extra_5

17.1K 1.8K 152
                                    

~Unicode~

မူရင်းစာရေးသူ : [ ရှေ့မှာရေးထားတဲ့အတိုင်းပဲ ဒီအပိုင်းက အဓိကစာကိုယ်နဲ့ မဆိုင်ပါဘူး ။ အပျော်သဘောပဲမို့ မင်းတို့သဘောမကျဘူးဆိုရင် ကျော်လိုက်လို့ရတယ် ။ အဓိကစာကိုယ်နဲ့ သပ်သပ်စီပါ ။]

Mila : << ဒါလေးက မူရင်းမှာတုန်းက အပိုင်း 71 ပြီးတဲ့အချိန်မှာ အပိုင်း 72 အဖြစ် ပါလာခဲ့တာလေးပါ ။ သပ်သပ်စီကွဲနေတာမို့ Extra ကျမှ တင်ပေးပါ့မယ်လို့ ပြောခဲ့တာလေး ။ ဒါလေးသိမှ Extra_5 ကိုဖတ်လို့ရမှာမို့ ဒါလေးကို အရင်တင်ပေးလိုက်ပါတယ် ။ Extra က 7ပိုင်းဖြစ်သွားပါလိမ့်မယ် ။>>

*****

_အွန်လိုင်းခရီးသွားများအတွက် ချီးရှီပွဲတော်_

01.

လင်ချန်းက ယခုနှစ်တွင် အသက် 27 နှစ် ရှိပြီဖြစ်ပြီး 9 နှစ်တာပတ်လုံး တစ်ခုတည်းသော ရှန်းရှအွန်လိုင်းဂိမ်း တစ်ခုတည်းကိုသာ ကစားလာခဲ့သည် ။

02.

လွန်ခဲ့သည့် ကိုးနှစ်မတိုင်ခင်တုန်းက လင်ချန်းမှာ သူ့ကိုယ်သူ Otaku တစ်ယောက် ဘယ်တော့မှဖြစ်လာလိမ့်မည်မဟုတ်ဟု ကြုံးဝါးခဲ့သည် ။ သို့သော်လည်း ထိုကိစ္စရပ်များက တစ်ရက်၌ သူနှင့်အတော်လေးရင်းနှီးသည့် အခန်းဖော်က အွန်လိုင်းဂိမ်းတစ်ခု စစွဲသွားသည့်အချိန် မတိုင်ခင်ထိသာ ။ ထိုသူငယ်ချင်းက နေ့နေ့ညည အချိန်ရှိသ၍ စားပွဲခုံရှေ့၌ ကွန်ပျူတာထဲတွင်သာ ခေါင်းစိုက်နေခဲ့သည် ။

ဘယ်နှကြိမ်မြောက်မှန်း မသိနိုင်လောက်အောင်အထိ လင်ချန်းက သူ့အတွက် အစားအစာများ ကူယူပေးခဲ့ရပြီးနောက်တွင် ဆက်ပြီးသည်းမခံနိုင်တော့ပဲ ပြောလာခဲ့သည် ။

" မင်းက ဘာမှအရေးမပါတဲ့အရာတွေကို ကစားပြီးတော့ အသိစိတ်တွေ ပျောက်ဆုံးနေပြီကွ နားလည်လား ? အသိစိတ်ပျောက်နေပြီ !"

သူ၏အခန်းဖော်က လှောင်ပြုံးပြုံးကာ " မင်းဒါမျိုးတွေ နားမလည်ပါဘူးကွာ သားကြီးရာ " ဆိုသော အကြည့်မျိုး ပေးလာခဲ့ရင်း သနားဟန်တို့ရောစွက်နေသည့် လေသံဖြင့်ဆိုလာသည် ။

" ဒါကို ဂိမ်းတဲ့လား ? မဟုတ်ဘူးကွ.. ဒါက အချစ်ပဲ... မင်းနားလည်ရဲ့လား ? နားလည်မှာလည်း မဟုတ်ပါဘူးကွာ... ဘာလို့ဆို မင်းမှာ အချစ်ဆိုတာမှ မရှိတာ "

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Where stories live. Discover now