Chapter-67

15.3K 2.6K 357
                                    

~Unicode~

ရှန်ထင်ဝေ့၏ မျက်နှာထက်ရှိ ရှက်ရွံ့မှုကြောင့် ဖြစ်တည်နေခဲ့ပါသော အနီရင့်ရင့်တို့က လုံးဝမပျောက်ကွယ်သွားသေးခင်မှာပင် စိတ်ရှုပ်ထွေးမှုတို့ဖြင့် လျန်ကျွယ့်ထံ မော့ကြည့်လာပြီး သူ၏အမူအရာကလည်း ကြောင်အအလေး ဖြစ်နေခဲ့ပါ၏ ။

" ....ဘာခွေးလဲ ?"

အလိုအလျောက် တုံ့ပြန်သည့်အလား လျန်ကျွယ်၏ စိတ်အာရုံထဲ၌ ချက်ချင်းဆိုသလို ယွီမန်၏ အဖြူရောင် ပိုမရေးနီးယန်း ခွေးပုံများက ပေါ်ထွက်လာသည် ။ အချိန်အခါမသင့်‌ ပေါ်ထွက်လာပါသော ထိုပုံရိပ်များကိုပဲ ဒေါသထွက်နေခြင်းလား သို့မဟုတ် ရှန်ထင်ဝေ့၏ တမင်သပ်သပ် အရှက်ခွဲလာမှုအား ဒေါသထွက်နေခြင်းပဲလား မသိရ လျန်ကျွယ်က အေးစက်သည့် အမူအရာနှင့် ပြောလာခဲ့သည် ။

" မင်းရဲ့ အရှုပ်ထုပ်တွေအကုန် ပြန်ယူသွား "

ရှန်ထင်ဝေ့မှာ မူလအစတုန်းကတော့ အနည်းငယ်မျှ ရှက်ရွံ့နေသေးပါသော်လည်း လျန်ကျွယ်၏ ရုတ်တရက်ပွင့်ထွက်လာသော ဒေါသတရားတို့အောက်တွင် သူ၏စိုးရိမ်ပူပန်နေမှုတို့ကပါ တဖြည်းဖြည်းချင်း လွင့်ပြယ်သွားပြီဟု ခံစားလာခဲ့ရသည် ။ မိမိ၏ လက်တွဲဖော်အတွက် သက်တောင့်သက်သာဖြစ်စေရန် ပြင်ဆင်ပေးမှုမျိုးက အတော်လေးကို သီးသန့်ဆန်လွန်းလှသည်ဖြစ်ရာ သူနှင့် လျန်ကျွယ်တို့အကြားရှိ စာချုပ်ဆက်ဆံရေးအပေါ်၌ ပြဿနာကြီးကြီးမားမား မရှိလောက်ပါကြောင်း တွေးမိခဲ့သောကြောင့် လျန်ကျွယ် ပြန်မရောက်လာသေးခင်တစ်ချိန်လုံး ဤကိစ္စအား ပြင်ဆင်ပေးနေမိခဲ့ခြင်းဖြစ်သည် ။

သူ၏ နှလုံးသားလေးအား မြေကြီးထက်သို့ ချနင်းလိုက်ခြင်းနှင့် အလားသဏ္ဋာန်တူပါသော ယခုကဲ့သို့ အပြုအမူမျိုးက ရှန်ထင်ဝေ့၏ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုအား အနည်းငယ်မျှ နာကျင်သွားစေခဲ့ရပြီး အရိုးထဲထိစိမ့်အောင် အေးသည့် ရေအေးများဖြင့် လောင်းချခံလိုက်ရသည့်အလား သူ၏သွေးတို့ကလည်း တစ်ခနမျှ အေးခဲသွားခဲ့ပါ၏ ။ သို့သော်လည်း မည်သို့ပဲဖြစ်နေပါစေ ယခုကိစ္စက သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်မိခဲ့ခြင်းဖြစ်လေရာ လျန်ကျွယ့်အား အပြစ်မတင်နိုင်ပါပဲ စိတ်ထဲ၌ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိတော့သည် ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Tempat cerita menjadi hidup. Temukan sekarang