Chapter-77

16K 2.5K 374
                                    

~Unicode~

လေဆိပ်မှ ဆေးရုံသို့ သွားနေသည့်လမ်းတစ်လျှောက်၌ လင်ချန်းမှာ ရှန်ထင်ဝေ့၏ အခြေအနေအား လျန်ကျွယ့်ထံသို့ ရှင်းပြလာခဲ့သည် ။ သို့သော်လည်း စိုးရိမ်‌ပူပန်မှုတို့ ကြီးစိုးနေသည်ဖြစ်ရာ ပြောပြနေသည့် စကားလုံးတို့က အမြှီးအမောက်မတည့်ပဲ ဖြစ်နေခဲ့ကြသည် ။

တိုက်မိသည့်ကားမှာ လျန်ကျွယ်၏ စောင့်ကြည့်မှုအောက်၌ ရှိနေသည့်ကားမဟုတ်ပါပဲ တိုက်ပြီးထွက်ပြေးခြင်းမျိုးလည်း မဟုတ်ခဲ့ကာ ကားတိုက်မှုဖြစ်ပွားသည်နှင့် ချက်ချင်းပင် 120 ကိုတောင်မှ ခေါ်ပေးခဲ့သေးပါကြောင်း ပြောပြလာခဲ့သည် ။ အက်စီးဒင့်ဖြစ်သည့်နေရာက ကွာလှမ်းနေမှုကြောင့် လူနာတင်‌ယာဉ်များက အချိန်မီရောက်မလာခဲ့ပါပဲ အသိပေးမှုရသည်နှင့် ချက်ချင်းဆိုသလိုပင် လင်ချန်းက လျန်ကျွယ့်နာမည်အောက်မှနေ၍ ရှန်ထင်ဝေ့အား ပုဂ္ဂလိကဆေးရုံသို့ လွှဲပြောင်းရန်အတွက် အလျင်အမြန် စီစဉ်ခဲ့ရပြီး ယာဉ်တိုက်မှုဖြစ်ပွားသည့် ဧရိယာတစ်ဝိုက်ရှိ စောင့်ကြည့်ကင်မရာများအား စစ်ဆေးကာ ရှန်ထင်ဝေ့ လူနာတင်ယာဉ်ပေါ် အတင်ခံလိုက်ရသည့်မြင်ကွင်းအား မည်သူမှ မမြင်လိုက်ပါကြောင်းကိုလည်း သေချာအောင် လုပ်ခဲ့ရသေးပါ၏ ။

ကိစ္စရပ်တို့အား တင်ပြနေသည့်အလယ်မှာပင် လင်ချန်းက လျန်ကျွယ့်အား စိတ်အေးနိုင်စေရန်အတွက် " လူကြီးမင်းရှန် အဆင်ပြေသွားမှာပါ " ဆိုသည့် စကားအား ခနခန ညှပ်ထည့်ပြောပေးနေခဲ့သည် ။

နောက်ပိုင်းတွင်တော့ လင်ချန်းမှာ လျန်ကျွယ်က ပုံမှန်အချိန်များထက်တောင်မှပို၍ တည်ငြိမ်လွန်းနေခဲ့ပြီး သူပြောသည့်စကားအား လေးလေးနက်နက် နားထောင်နေခဲ့ပါသော်လည်း တစ်ချက်ကလေးတောင်မှ တုံ့ပြန်ခြင်းမရှိပါကြောင်း တွေ့လိုက်ရလေသည် ။

အမှန်တကယ်တမ်းတွင်တော့ လျန်ကျွယ်မှာ လက်ရှိအခိုက်အတန့်လေး၌ သူ၏တွေးခေါ်နိုင်စွမ်းတို့က ကမ္ဘာကြီးတစ်ခုလုံးမှနေ၍ ဖြတ်တောက်ခံထားခဲ့ရလျက် သူ့နှလုံးသားထဲ၌ " ရှန်ထင်ဝေ့က ကားအက်စီးဒင့်ဖြစ်‌ခဲ့တယ် " ဆိုသည့် အကြောင်းအရာတစ်ခုတည်းကသာ လေးလေးလံလံ စွဲထင်နေခဲ့ပါ၏ ။

溺酒 《nì jiǔ》║မြန်မာပြန် 『Completed 』Kde žijí příběhy. Začni objevovat