အပြုံးဖျော့ဖျော့လေးက သိပ်နှစ်...

By MidnightHunterTeam

37.3K 3.5K 136

A Slight Smile is Very Charming Author_Gu Man English Translator_Lil' Bliss Burmese Translators_Xiao Shu & X... More

Description
Part 1 : စွန့်ပစ်ခံရခြင်း >_____<
Part 2 : ဝေဝေက သတို့သားကို ပြန်ပေးဆွဲမှာလား ◎______◎
Part 3 : လက်ထပ်ခွင့်‌‌‌တောင်း‌‌ဆိုမှုတစ်ခု လက်ခံရရှိခြင်း
Part 4 : မင်္ဂလာပွဲအကြို
Part 5: မင်္ဂလာပွဲ
Part 6: နောက်လိုက်မလေး ဝေဝေ
Part 7: ရှောင်ယွီကလန်
Part 8: ဖြတ်သွားခြင်း
Part 9: ယှဥ်တိုက်ခြင်း
Part 10: ရက်စက်လွန်းတယ်...အရမ်းရက်စက်လွန်းတယ်
Part 11: ဗီဒီယို
Part 12: ဝတ်ရုံဖြူအရိပ်နီ
Part 13: သူက ကိုယ် မဟုတ်ဘူး
Part 14: ခက်ခဲတဲ့ Quest
Part 15: မြစ်တွေကန်တွေထဲမှာ ကျွန်မတို့ ထပ်တွေ့မယ့်အချိန်ထိ
Part 16: ကိုယ်နဲ့အတူ
Part 17: ငါ့ဇနီး ကစားဖို့အတွက်
Part 18: ဗိုလ်လုပွဲ
Part 19: သဘောပေါက်သွားခြင်း
Part 20: ကိုယ် သိတယ်
Part 21: ကိုယ် မင်းကို စောင့်နေတာ
Part 22: ကိုယ်ပဲ
Part 23: စုံတွဲ ဖြစ်ဖို့ မဖြစ်နိုင်ဘူး
Part 24: ဘက်စကက်ဘော နှုတ်ဆက်ပြိုင်ပွဲ
Part 25: မိုးကြိုးစစ်ဆေးရေးစစ်ပွဲ
Part 26: ငါတို့က မိသားစုတွေပဲ
Part 27: ကိုယ် သည်းခံနိုင်မှာ မဟုတ်တော့ဘူး
Part 28: ဘေးကနေ ဖြတ်သွားတယ်
Part 29: သမိုင်းမှာ ကြောက်မက်ဖွယ်အကောင်းဆုံးအဖွဲ့
Part 30: ကျွမ်းကျင်သူတစ်ဦး၏ကိုယ်နှုတ်အမူအရာ
Part 31: စီနီယာအလှလေး
Part 32: ကောလာဟလများ
Part 33: လမ်းက လူတစ်ယောက်အတွက်ပဲ လုံလောက်အောင် ကျယ်တယ်
Part 34: အမှန်တရား
Part 35: ခန်းဝင်ပစ္စည်း ပြုလုပ်ပေးခြင်း
Part 37: ပန်းတွေ ပွင့်နေပြီ
အပိုင်းသစ်များအတွက်

Part 36: ခရီးလမ်းဖြောင့်ဖြူးသာယာပါစေ

674 68 9
By MidnightHunterTeam

Part 36: ခရီးလမ်းဖြောင့်ဖြူးသာယာပါစေ

Unicode Ver

ဆည်းဆာနေဝင်တောင်ထိပ်တွင် အချိန်အတန်ကြာ တိတ်ဆိတ်နေ၏။

ပုံမှန်အချိန်ဆို တိကျမြန်ဆန်သော APM ရှိသည့် ဝတ်ရုံဖြူဝတ် ဂီတပညာရှင်လေးသည် စက္ကန့်အနည်းငယ်ကြာသွားသည်အထိ လက်ခံသည်အား မနှိပ်သေးပေ။

အမျိုးအစား: ဆံထိုး

အမည်: ဖာ့ဝေ (ဖန်တီးသူမှ အမည်ပေးထားခြင်းဖြစ်ပြီး တည်းဖြတ်နိုင်သည်)

[ ဖာ့ဝေ_ဖာ့မှာ ဆံကေသာဆိုလိုခြင်းဖြစ်ပြီး၊ ဝေမှာ ဝေဝေကို ဆိုလိုခြင်းဖြစ်သည် ]

အိုင်တမ်အမျိုးအစား: ရှားပါးသေမျိုးအိုင်တမ်

အဆင့်သတ်မှတ်ချက်: ၉၀

အချက်အလက်များ: +၁၅% ဂီတစွမ်းရည်၊ +၁၂% MP (Mana) အင်အားပြန်ပြည့်သည့် အမြန်နှုန်း၊ +၃၈ အမြန်နှုန်း၊ +၁၀၀၀ HP

ကြာရှည်ခံမှု: ၅၀၀/၅၀၀

အလုပ်အကိုင်: ဂီတပညာရှင်

ဖန်တီးသူ: လုဝေ ဝေဝေ

“ တကယ်တော့ အရင်တခေါက် ဖုန်းထန်ဆီက ဝိညာဥ်တိရစ္ဆာန်လေးကောင်အပြင် ရှားပါးကုန်ကြမ်းနှစ်ခုဖြစ်တဲ့ ထျန်းရှန်ကျောက်စိမ်းဖြူနဲ့ နဝမကောင်းကင်ဘုံရဲ့အပူမီးငြှိမ်းသတ်သူကိုလည်း ကျွန်မ ရခဲ့သေးတယ်၊ ဒါကို အဲ့နှစ်ခုရယ်၊ အရင်ကတည်းက စုထားတဲ့ကုန်ကြမ်းတွေနဲ့ လုပ်လိုက်တာ ”

“ ရှင့်မှာ ရှိတဲ့ဆံထိုးက အကောင်းဆုံးထဲက အကောင်းဆုံးဆိုပေမယ့် ကျွန်မက အဲ့ထက်ပိုကောင်းအောင် လုပ်နိုင်မလား သိချင်လို့လေ ”

သူမ တကယ်ပဲ အလွန်တန်ဖိုးကြီးသည့်အရာတစ်ခုကို ဖန်တီးနိုင်သွားသည်။

“ မြစ်တွေကန်တွေထဲက အိပ်မက်ခရီးရှည် ” တွင် System Bot မှ ပေးသော အဆင့်မြင့်ပစ္စည်းများကို နတ်ဘုရားအဆင့် မသေမျိုးလက်နက်များဟု ခေါ်ပြီး ကစားသမားများ ကိုယ်တိုင်ပြုလုပ်သောပစ္စည်းများကို သေမျိုးလက်နက်များဟု ခေါ်သည်။ သို့သော် သေမျိုးလက်နက်၏အချက်အလက်များသည် မသေမျိုးလက်နက်များအား မကျော်လွန်နိုင်ဟု မဆိုလိုပေ။ ဝေဝေ ပြုလုပ်ထားသော ဆံထိုးသည် သာမန်မသေမျိုးလက်နက်များထက် အချက်အလက်များ ပိုကောင်းသည့်လက်နက်များအထဲမှ တစ်ခုပင်။ သို့သော်လည်း ကစားသမားတစ်ဦးအတွက် ရှားပါးမသေမျိုးလက်နက်တစ်ခုကို ဖန်တီးရန်မှာ အလွန်ခက်ခဲလေသည်။ ရှားပါးမသေမျိုးလက်နက်တစ်ခု ဖန်တီးရန်မှာ အဖိုးတန်ကုန်ကြမ်းပစ္စည်းများနှင့် ထိုကစားသမားသည် အချက်အလက်များ မြင့်မားရန် လိုအပ်သည့်အပြင် ဖြစ်နိုင်ခြေအပေါ်လည်း မူတည်သေးသည်။

“ ^_^ ကျွန်မရဲ့ကံ မဆိုးဘူးမလား ”

ဝေဝေ စိတ်လှုပ်ရှားစွာဖြင့် စာရိုက်လိုက်သည်။ သူမ အခုပြောချင်တာတွေ အများကြီးရှိနေလေသည်။ စကားများများပြောလေလေ သူမ ဖိအားနည်းလေလေပင်။ သို့သော် သူမ ရှက်နေပေမယ့်လည်း သူမကတော့ ထိုအရာကို ထပ်လုပ်ပြီး ထိုစကားများ ပြောဦးမည်ပင်။

ဝတ်ရုံဖြူဝတ် ဂီတပညာရှင်သည် စကားပြောလာသောကြောင့် သူမ၏လက်ချောင်းများ ရပ်တန့်သွားတော့သည် “ အဲ့ဒါ ကိုယ်ကံကောင်းလို့ပါ ”

ဝေဝေ၏မျက်နှာမှာ ပွက်ပွက်ဆူတော့မတတ် ပူလာတော့သည်။ သူမ၏သွက်ဝှက်ထားသော အတွေးသက်သက်သာဖြစ်နိုင်သော်လည်း သူ၏အလွန်ရိုးရှင်းသောစကားများတွင် ပိုလေးနက်သော အဓိပ္ပာယ်ရှိနေပုံရသည်။

“ ...အာ၊ ကျွန်မတို့နှစ်ယောက်စလုံး ကံကောင်းတာ ” သူမ ဘာတွေပြောနေမိတာလဲ?...

ကွန်ပျူတာမှတစ်ဆင့် သူမ၏ရှက်ရွံ့မှုကို ခံစားနိုင်သကဲ့သို့ ရှောင်းနိုင်သည် ဖျော့ဖျော့လေးပြုံးလိုက်သည် “ ဖာ့ဝေက ဘာကိုဆိုလိုတာလဲ ”

“ ဝေဝေရဲ့ဆံထိုး (ဖာ့ကျန်) လို့ ဆိုလိုတာ ” စိတ်ကူးယဉ်ဆန်သော ဦးနှောက်ဆဲလ်တစ်ခုမှမပါသည့် သိပ္ပံကျောင်းသူတစ်ဦး ဝေဝေသည် ထိုအရာကို အတော်လေး နားလည်ရလွယ်သည်ဟု ခံစားရ၏ “ ရှင် မကြိုက်ဘူးဆိုရင် ပြောင်းလို့ရတယ်။ ကျွန်မမှာ စာပေဥာဏ်မရှိလို့ ”

“ ပြောင်းစရာမလိုပါဘူး၊ ကိုယ် တကယ် ကြိုက်တယ် ”

ဆံကေသာအား ဝေဖြင့် ထုံးဖွဲ့ခြင်း။ 

သူ ဘာလို့မကြိုက်ရမှာလဲ?

“ အွန်း ”

ဝေဝေသည် “ ပိုလေးနက်သောအဓိပ္ပါယ် ” ကို သဘောပေါက်ခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။ အသံတစ်သံထွက်လာပြီးနောက် သူမ ထွက်ပြေးချင်သွားသည် “ ကျွန်မ အခုလိုင်းပေါ်က ဆင်းတော့မယ်၊ ဒီနေ့တနေ့လုံး လျှောက်သွားနေရတာကြောင့် ပင်ပန်းနေတာနဲ့ စောစောအိပ်ချင်လို့ ”

ဝတ်ရုံဖြူဝတ် ဂီတပညာရှင်လေးကလည်း သူမကို တားဖို့ မကြိုးစားပေ “ ကောင်းပါပြီ၊ ကြိုးစားမှုအတွက် ကျေးဇူးပါပဲ၊ ကိုယ့်ရဲ့ဇနီးလေး ”

“……”

ဒီလူသည်... အဓိပ္ပါယ်နှစ်ခွထွက်သောစကားများကို အမြဲပြောလေ့ရှိသည်။ သူ ပြောနေသည်မှာ သူမ လျှောက်သွားနေတာကို ပြောချင်တာလား၊ ထိုပစ္စည်းကို ကြိုးစားပမ်းစား ပြုလုပ်ပေးခဲ့တာကို ပြောချင်နေတာလားကို သူမ မသိတော့ပေ။ ထို့ကြောင့် နေရခက်စွာဖြင့် ဝေဝေလည်း အစက်ကလေးများကို အတန်းလိုက် ချန်ရစ်ကာ အမြန်လိုင်းပေါ်မှ ဆင်းလိုက်တော့သည်။

အနီရောင်ပုံရိပ်လေးသည် ချောက်ကမ်းပါးမှ ပျောက်ကွယ်သွားသည်။ စက္ကန့်များသည် တချက်ချက်ဖြင့် ကုန်လွန်နေသည်။ မိနစ်အနည်းငယ်ကြာမှသာ လပ်တော့ပ်ပေါ်ရှိ သွယ်လျသော လက်ချောင်းများသည် ဆံထိုးအသစ်အား ထိုးရန် ညာဘက်မောက်စ်ခလုတ်ကို ညင်ညင်သာသာ နှိပ်လိုက်၏။

ကျောက်စိမ်းဖြူဆံထိုးသည် သူ၏မည်းနက်နေသောဆံကေသာပေါ်တွင် သိသိသာသာကို တလက်လက်တောက်ပနေပြီး အလင်းများ ဖြာထွက်နေသည်။ ရှောင်းနိုင်သည် ထိုအရာအား ကြည့်ရင်း ဖမ်းစားခံလိုက်ရတော့သည်။

ရုတ်တရက် သူမကို သူ တကယ် တွေ့ချင်လာသည်။

ထိုအချိန်တွင် သူမ၏မျက်ခုံးများသည် အနည်းငယ် မြှင့်တက်သွားကာ သူမမျက်လုံးများသည် ပုံမှန်ထက် ပို၍တောက်ပနေလိမ့်မည်။ ထို့ပြင် သူမသည် အလွန်ရှက်ရွံ့နေသော်လည်း လုံးဝ ဂရုမစိုက်သည့်ပုံစံ ဟန်ဆောင်နေလိမ့်မည်။ သူမသည် အနည်းငယ် ငယ်ရွယ်ပြီး အပြစ်ကင်းသောအသွင်ရှိနေပြီး ပြိုင်ဘက်ကင်းစွာ လှပနေမည်မှာ သေချာလေသည်။

“ မင်း စကားပုံအဘိဓာန်တွေကို ဖတ်ရင်းနဲ့ အချိန်တွေကို မဖြုန်းခဲ့သင့်ဘူး ” သူ့လက်ချောင်းများသည် လပ်တော့ပ်အဝေးသို့ ရွေ့သွားသည်။ ဂိမ်းထဲက ထိုမြင်ကွင်းကို တစ်ချက်ထပ်ကြည့်လိုက်ပြီးနောက် ရှောင်းနိုင်သည် သူ့လပ်တော့ပ်ကို ပိတ်ကာ ကုတင်ပေါ် ပစ်တင်လိုက်တော့၏ “ မာကျောက် ကစားမလား ”

အဆောင်ခန်း၏တံခါးကို ဘန်းခနဲ ပြင်းပြင်းထန်ထန် ကန်ဖွင့်လိုက်ကာ အခန်းထဲက ထိုသူများ၏စိတ်ရှုပ်ထွေးနေသော အကြည့်များကို ရပ်တန့်စေလိုက်သည်။ ထို့နောက်တွင်  ယွီကုန်း၏အံ့သြနေသော အသံကျယ်ကြီးကို ကြားလိုက်ရတော့သည် “ မဖြစ်နိုင်တာ၊ အစ်ကိုသုံး၊ မင်းက လရောင်အောက်မှာ ပန်းလိုလှပလွန်းတဲ့ ကောင်မလေးနဲ့ အတူရှိနေပြီး သာယာလှပတဲ့ ရှုခင်းလေးဖြစ်နေရမှာလေ၊ ဘယ်လိုလုပ် ငါတို့ထက်တောင် စောပြီးပြန်လာရတာလဲ! ”
 
Wow!

ယွီကုန်းသည် စိတ်ရှုပ်ထွေးစေသော အော်ဟစ်သံများ ပြုလုပ်ပြီးနောက် ယွီကုန်းက ကုတင်အောက်မှ မာကျောက်ကို အလျင်အမြန် ဆွဲထုတ်လာသည် “ မင်း ဘာဖြစ်နေတာလဲ။ မင်း မာကျောက် တကယ် ကစားချင်တာလား ”

“ ဘာမှမဖြစ်ဘူး ” ရှောင်းနိုင်က အရှိကို အရှိတိုင်း ပြောလိုက်၏ “ ငါ စိတ်အခြေအနေ ကောင်းနေတာကြောင့် နည်းနည်းလောက် ထွက်ပေါက်ပေးချင်လို့ ”

“ ဟိုးဟိုး၊ ငါ အရင်ပြောရဦးမယ် အခုတလော လက်က တော်တော်ကောင်းနေတာ၊ မင်း ရှုံးတဲ့အချိန်ကျရင် ပိုက်ဆံပေးတာ ပိုကောင်းမယ်နော် ” ယွီကုန်းက မာကျောက်ကြွေပြားများကို ဝုန်းခနဲ ပစ်ချလိုက်သည်။

ရှောင်းနိုင်သည် ဘာကိုမှမှတ်ချက်မပေးဘဲ စားပွဲဘေးတွင် ဝင်ထိုင်လိုက်သည်။

……

……

တစ်နာရီကြာပြီးနောက်

ရှောင်းနိုင် သူ့ရှေ့ရှိ ကြွေပြားများကို အောက်ကို ချကာ ရှေ့တိုးလိုက်သည် “ အပွင့် တူတယ်၊ အစဥ်လိုက်ပဲ။ မင်း ပိုက်ဆံပေးတာ ပိုကောင်းမယ်နော် ”

ယွီကုန်းတစ်ယောက် မျက်ရည်များဖြင့် ပြည့်လျှံနေတော့သည်။

ဟော်ကျီကျို့က စာနာစွာဖြင့် သူ့ပခုံးကို ပုတ်လိုက်သည် “ ဝမ်းနည်းစရာပဲ၊ ဒီနေ့ အစ်ကိုသုံး ကျွေးမွေးလိုက်တဲ့ ကုန်ကျစရိတ်ကို မင်း ရှင်းပေးလိုက်ရမယ်လို့ ငါ မထင်ထားဘူးကွာ ”

“ ငါ ရှင်းရမယ်လို့ ဘယ်သူပြောလဲ။ ညဥ့်မနက်သေးပါဘူး ” ယွီကုန်းက စားပွဲကို ပုတ်ကာ “ ထပ်ဆော့မယ်၊ ဒီတခေါက် ငါ ပြန်ရမှာ ”

ညမှာ တကယ့်ကို ညဥ့်မနက်သေးပေ။

ဤညသည် သူတို့ကျောင်းက စီနီယာကျောင်းသားများအတွက် နောက်ဆုံးညဖြစ်ပြီး သူတို့မှတ်ဥာဏ်ထဲတွင် ထာဝရအမှတ်ရနေမည့် ညလည်းဖြစ်သည်။ ဂျူနီယာကျောင်းသားများသည်တော့ စာမေးပွဲပြီးဆုံးသွားပြီဖြစ်သောကြောင့် တစ်ကျောင်းလုံး ပျော်ရွှင်မှုများဖြင့် မငြိမ်မသက်ဖြစ်နေတော့သည်။ များစွာသော အဆောင်ခန်းများ၏မီးရောင်များသည်လည်း တစ်ညလုံးလင်းနေခဲ့၏။

သို့သော်လည်း အဆုံး၌ ညသည် ကုန်လွန်သွားရပြီး နောက်တနေ့မနက်ခင်းမှာ ရောက်လာသည်။ အတန်းဖော်ယွီကုန်းသည်တော့ ဥစ္စာပစ္စည်းများကို ပြန်ရအောင် မလုပ်နိုင်သေးဘဲ သူ့ပခုံးပေါ်တွင် အကြွေးဒေါ်လာရာကျော်အား ထမ်းကာ ၀မ်းနည်းစွာဖြင့် အလုပ်ထဲသို့ ၀င်လာရတော့သည်။

ဝေဝေအတွက်တော့ နွေရာသီအားလပ်ရက် အိမ်ပြန်ရန် သူမလည်း နေဝင်ရီတရောအချိန်တွင် မြို့တော် B မှ ထွက်ခွာရသည်။

“ ဝေဝေ၊ နင့်ရထားလက်မှတ်က အရမ်းစောတာပဲ ”

ရှောင်လင်းနှင့် အားရှီသည် ဝေဝေ၏ခရီးဆောင်အိတ်အား သယ်ပေးကာ ဝေဝေနှင့်အတူ အောက်ထပ်သို့ လျှောက်သွားကြသည်။

“ အင်း၊ ဟုတ်တယ် ”

သူမ အမှတ်တမဲ့သာ ပြန်ဖြေရင်း လှေကားပြတင်းပေါက်မှတဆင့် ငုံ့ကြည့်လိုက်သည်။ သစ်ပင်များကြားမှ ရှောင်းနိုင်၏ကားက အောက်ထပ်တွင် သူမအား စောင့်နှင့်နေသည်အား မြင်နိုင်လေသည်။

ရှောင်လင်းက အပြင်ကို ခေါင်းထုတ်ကြည့်ရင်း ပျော်ရွှင်စွာ တခစ်ခစ်ရယ်လေသည် “ ပါမောက္ခမိဘတွေရှိတဲ့ ကောင်လေးရှိရတာ တကယ်ကောင်းတာပဲ။ သူ့ကားကို ကျောင်းထဲမှာ မောင်းလို့ရတယ်၊ မဟုတ်ရင် နင် ကျောင်းဂိတ်အထိ ဘတ်စ်ကားစီးရမှာ၊ အဲ့ဒါက အရမ်းအဆင်မပြေဘူး ”

“ မဟုတ်ရင် အမြဲအစွမ်းထက်တဲ့ တာရှန်းလို့ ဘယ်လိုလုပ်အခေါ်ခံရပါ့မလဲ။ ဒါပေမယ့် ဝေဝေ ” အားရှီက မေးလာသည် “ နင် ဒီလောက်အစောကြီးပြန်သွားတာ။ နင့်တာရှန်းက အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်မဆိုးဘူးလား ”

သူ စိတ်မဆိုးသင့်ဘူးလေ…ဟုတ်တယ်မလား။

ကားထဲတွင် ဝေဝေ သူ့ကို တိတ်တိတ်လေး ကြည့်နေမိသည်။ သူ့အား ဘယ်လိုပဲကြည့်နေပါစေ တာရှန်းသည် ကားမောင်းသည့်အပေါ်တွင်သာ အာရုံစိုက်နေပုံရသည်။ လန်းဆန်းကာ ချောမောသော သူ့မျက်နှာ၏ဘေးတိုက်ပုံတွင်  မည်သည့်အရာကိုမျှ ဖော်ပြမထားပေ။ သို့သော်လည်း ပျော်ရွှင်နေပုံမရသည်မှာ သိသာလေသည်။

ရှက်ရွံ့စွာဖြင့် ဝေဝေလည်း သူမလက်ထဲ တစ်ချိန်လုံး ကိုင်ထားသော ပလတ်စတစ်အိတ်လေးကို ကမ်းပေးလိုက်၏။ ထိုအထဲက အိုးလေးထဲတွင် ရှားစောင်းပင်လေးတစ်ပင် ရှိနေလေသည် “ ဒါက ရှင့်အတွက် ”

ရှောင်းနိုင်က တစ်ချက်ကြည့်လိုက်သည် “ ခန်းဝင်ပစ္စည်း အသစ်လား ”

= =

ထင်ထားသည့်အတိုင်း တာရှန်းသည် ခန်းဝင်ပစ္စည်းဆိုသည့် စကားလုံးကို ပြောဖို့ အလွတ်ကိုမပေးချေ။ မနေ့က ထိုကိစ္စကို ဖော်ပြဖို့အတွက်ကတော့ အရမ်းနောက်ကျလွန်းနေလေသည် “ ဒါက ကျွန်မ စိုက်ထားတဲ့ ရှားစောင်းပင်လေးလေ၊ နွေရာသီအားလပ်ရက်မှာ ကျွန်မ ဂရုစိုက်မပေးနိုင်လို့၊ ဒါကြောင့် ရှင့်ကို ဂရုစိုက်ပေးစေချင်တာ ”

“ အိုး ” ရှောင်းနိုင်က တည်တည်ငြိမ်ငြိမ် ပြောလာ၏ “ ကိုယ် ဒါကို တွေ့တဲ့အချိန်တိုင်း မင်းကို တွေးမိနေအောင်လား ”

ဟေ့၊ ဒီလိုကသိကအောက်ဖြစ်အောင် မလုပ်နဲ့လေ။

ထိုညတွင် သူမ ပြန်တော့မည့်အကြောင်းကို နေ့လည်စာစားနေစဉ်မှသာ သူ့အား ပြောပြလိုက်ခြင်းသည် အနည်းငယ် ရုတ်တရက်ဆန်မှန်း သူမ သိသည်။ သို့သော်လည်း ၎င်းမှာ သူမ၏အပြစ်လည်း မဟုတ်ပေ။ ဝေဝေက တိုးတိုးပြောလိုက်၏ “ ကျွန်မ ဒါကို တမင်သက်သက် အစောကြီးကြိုမှာထားတာ မဟုတ်ပါဘူး၊ ကျောင်းက လက်မှတ်တွေကို အုပ်စုလိုက်ကြိုမှာတုန်းက ကျွန်မ ရှင့်ကို မသိသေးဘူးလေ ”

ဖြစ်ရပ်မှန်များနှင့် ရင်ဆိုင်ရသည့်အခါ ရှောင်းနိုင်တွင်လည်း ၎င်းနှင့်ပတ်သက်၍ ပြောစရာမရှိတော့ချေ။

သူတို့သည် မြောက်ဘက်ဘူတာရုံသို့ ရောက်သောအခါ ရှောင်းနိုင်သည် ရထားစင်္ကြံလက်မှတ်ဝယ်ရန် ထွက်သွားကာ ဝေဝေသည် သူ့နောက်မှ လိုက်လာသည်။ ရှောင်းနိုင်သည် ကောင်တာမှပြေစာနှင့် လက်မှတ်ကို ယူလိုက်ချိန်တွင် ဝေဝေသည် လက်မှတ်ရောင်းသူကို ချက်ချင်း မေးလိုက်၏ “ မနက်ဖြန်အတွက်ဖြစ်ဖြစ်၊ သဘက်ခါအတွက်ဖြစ်ဖြစ် မြို့တော် W သို့ သွားမယ့် လက်မှတ် ရှိသေးလားရှင့် ”

[ ရထားစင်္ကြံလက်မှတ်_ခရီးသွားမဟုတ်သူများကို မီးရထားဘူတာရုံစင်္ကြံသို့ ဝင်ရောက်ခွင့်ပေးသည့် လက်မှတ် ]

လက်မှတ်ရောင်းသူသည် မပြောမီ ထပ်တောင် မစစ်ဆေးတော့ပေ “ မရှိတော့ပါဘူး၊ နောက် ၅ ရက်အတွက် လက်မှတ်အားလုံး ကုန်သွားပါပြီရှင် ”

၎င်းမှာ မျှော်လင့်ထားသော အဖြေဖြစ်သော်လည်း သူမအား ကြည့်လာသော တာရှန်း၏ရုတ်တရက်ဆန်သည့် မျက်နှာအမူအယာသည် သူမကို စိတ်ဓာတ်ကျစေသည်။

နောက်ဆုံးမှာတော့ ရှောင်းနိုင်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ပေါ်လာတော့၏။ သူက သူမအား လူအုပ်ထဲမှ ဆွဲထုတ်လိုက်ကာ သူ့ဖုန်းကိုထုတ်ပြီး ဖုန်းခေါ်လိုက်၏။

“ သဘက်ခါအတွက် လေယာဉ်လက်မှတ်ဆိုရင်ရော ဘယ်လိုလဲ ”

သူ ဆိုလိုသည်ကို ဝေဝေ နားမလည်နိုင်သေးခင် အနည်းငယ် အံ့သြသွားခဲ့သည်။ သူမက သူ့ကို အမြန်တားလိုက်သည် “ အဲ့လောက်ထိ မလိုပါဘူး ”

တစ်ရက်ထပ်နေရလျှင်ပင် အဆုံးတွင် သူမ သွားရဦးမည်ပင်။ အစောပိုင်းက သူမ မေးမြန်းလိုက်ခြင်းသည် လွှတ်ခနဲ ထွက်သွားသာဖြစ်၏။ ယခု သူမ တည်ငြိမ်သွားသောအခါ ၎င်းသည် မမှန်ဟု ခံစားရပြီး ဝေဝေ ခေါင်းငိုက်စိုက်လေးဖြင့် ပြောလိုက်၏ “ မနက်ဖြန်မနက်ကျ အိမ်ပြန်လာမယ်လို့ ဖေဖေ့ကို ပြောပြီးသွားပြီ ”

လေထုမှာ အနည်းငယ် စိတ်ဓာတ်ကျစရာကောင်းနေလေသည်။ သူမလည်း ရှောင်းနိုင်တစ်ယောက် သူ့အိတ်ကပ်ထဲသို့ စိတ်ဓာတ်ကျစွာဖြင့် ဖုန်းပြန်ထည့်လိုက်သည်ကို ကြည့်နေမိသည်။

ဒါပေမယ့်…

“ ထားလိုက်ပါတော့ ”

ထိုသူသည် သက်ပြင်းချကာ သူမ၏လက်ကို ဆွဲ၍ ခရီးသည်နားနေခန်းမဆီသို့ လျှောက်သွားတော့သည်။ ရှောင်းနိုင်က လျော့ပေးလာသည် “ မင်း အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း ကိုယ့်ကို ဖုန်းခေါ်နော် ”

ဝေဝေ စိတ်သက်သာရာရသွားပြီး အမြန်ခေါင်းညိတ်လိုက်သည်။

“ ဖုန်းလည်း အမြန်ဝယ်ဦး ”

သူမ ခေါင်းကို ဆက်တိုက်ညိတ်ပြကာ “ ကျွန်မ အိမ်ပြန်ရောက်တာနဲ့ ချက်ချင်း ဝယ်လိုက်ပါ့မယ် ” ဟု ကတိပေးလိုက်တော့သည်။

ဝေဝေ ရုတ်တရက် မနေ့ညက သူမ၏အခန်းဖော်များနှင့် ပြောခဲ့သည့် စကားဝိုင်းကို သတိရသွားတော့သည်။ တာရှန်းက သူမအတွက် ဘာလို့ဖုန်းအသစ်တစ်လုံးမဝယ်ပေးတာလဲလို့ အားရှီက မေးလာခဲ့သည်။ ထိုအချိန်တုန်းက တာရှန်းက အဲ့လိုမဆီလျော်တဲ့ကိစ္စတွေကို လုပ်မှာမဟုတ်ဘူးဆိုပြီး သူမ ပြန်ဖြေခဲ့လေသည်။

သူမတို့ စိတ်ချင်းဆက်နေသောကြောင့် သူမ၏နှလုံးသားလေး ရုတ်တရက် ပျော်ရွှင်သွားတော့သည်။

ရှောင်းနိုင်သည် သူမနှင့်အတူ ရထားပေါ်သို့ တက်ပေးခဲ့ပြီး သူ အထုပ်အပိုးများကို နေရာချပြီးချိန်မှာပဲ လက်မှတ်ရောင်းသူထံမှ မကြာခင်ထွက်ခွာတော့မည်ဖြစ်ကြောင်း သတိပေးချက်မှာ ထွက်ပေါ်လာတော့သည်။

“ ရှင် အမြန်သွားတော့လေ ”  ဝေဝေသည် ယခုအချိန်တွင် ဘာပြောရမှန်း မသိတော့သောကြောင့် သူ့အား “ ရှားစောင်းပင်လေးကို ဂရုစိုက်ဖို့ သတိရဦးနော် ” ဆိုပြီး သတိပေးဖို့သာ သိတော့သည်။

တကယ်တော့ ရှားစောင်းပင်သည် လအနည်းငယ်လောက် ရေမလောင်းလျှင်ပင် ကောင်းမွန်စွာ အသက်ရှင်နိုင်လေသည်။ သို့သော်လည်း မနေ့ညက သူမ ထုပ်ပိုးနေသည့်အချိန်မှာပဲ သူမ၏စိတ်ထဲ ဝင်လာသည့် ပထမဆုံးအရာမှာ ထိုအပင်လေးကို တာရှန်းအား ပေးရန်ပင်။ ပထမအကြောင်းအရင်းမှာ တာရှန်း၏ရုံးခန်းထဲတွင် ဓာတ်ရောင်ခြည်စုပ်ယူရန် ရှားစောင်းအိုးလေး တစ်အိုးပင် မရှိကြောင်း သတိပြုမိသောကြောင့်ဖြစ်သည်။ သို့သော် ပို၍နက်ရှိုင်းသည့် ရည်ရွယ်ချက်ကတော့ သူမ မတူးဖော်ချင်သော အရာပင်ဖြစ်၏။ ယေဘုယျရည်ရွယ်ချက်သည်တော့ ထိုစကားလုံးများ ဖြစ်နိုင်လေသည်။
 
အရာဝတ္ထုတစ်ခုအား ကြည့်ခြင်းသည် ထိုအရာဝတ္ထု၏ပိုင်ရှင်အား လွမ်းဆွတ်သတိရစေလေသည်။

နွေရာသီအားလပ်ရက်မှာ နှစ်လဖြစ်သည်။

“ ရှင် ပြန်ရောက်ရင် ရှင့်ရုံးခန်းထဲက ရှင့်ကွန်ပျူတာဘေးမှာ ထားထားနော်... ”

ရှင် နေ့တိုင်းကြည့်နေရင်တော့ အကောင်းဆုံးပေါ့။

ရှောင်းနိုင် သူ့မျက်ခုံးကို ပင့်လိုက်သည်။

မသွားခင်လေးမှာတောင် သူမက သူမရဲ့ရှားစောင်းပင်လေးအကြောင်းကိုပဲ အဆက်မပြတ်ပြောနေတော့မှာလား။ သူသာ သူမကို ဒီအတိုင်းလွှတ်ပေးလိုက်ရင် တကယ့်ကို ရှုံးနိမ့်သွားလိမ့်မယ်။

ညင်သာပြီး နူးညံ့သော အနမ်းတစ်ပွင့်။

ချုပ်တည်းထားရသော ခံစားချက်များ၏အရိပ်အယောင်ကို ထိန်းချုပ်ထားသည့် အခြားအနမ်းတစ်ပွင့်သည်တော့ သူမ၏မျက်ခွံပေါ်သို့ ညင်သာစွာ ကျရောက်လာသည်။

မလိုလားခြင်းများစွာဖြင့် ရှောင်းနိုင်သည် ထွက်ခွာရင်း သူမ၏မျက်ဝန်းလေးများကို ငေးကြည့်လိုက်၏။

“ ဝေဝေ၊ ခရီးလမ်းဖြောင့်ဖြူးသာယာပါစေ ”

ဝေဝေတွင် တကယ်လည်း “ သာယာဖြောင့်ဖြူးသော အိမ်ပြန်ခရီးလေး ” ရှိခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် သူမ ရီဝေဝေဖြင့် အိမ်ပြန်သွားတာကြောင့်ပင် >o< ။

_____________

Part 36: ခရီးလမ္းေျဖာင့္ျဖဴးသာယာပါေစ

Zawgyi Ver

ဆည္းဆာေနဝင္ေတာင္ထိပ္တြင္ အခ်ိန္အတန္ၾကာ တိတ္ဆိတ္ေန၏။

ပုံမွန္အခ်ိန္ဆို တိက်ျမန္ဆန္ေသာ APM ရွိသည့္ ဝတ္႐ုံျဖဴဝတ္ ဂီတပညာရွင္ေလးသည္ စကၠန႔္အနည္းငယ္ၾကာသြားသည္အထိ လက္ခံသည္အား မႏွိပ္ေသးေပ။

အမ်ိဳးအစား: ဆံထိုး

အမည္: ဖာ့ေဝ (ဖန္တီးသူမွ အမည္ေပးထားျခင္းျဖစ္ၿပီး တည္းျဖတ္နိုင္သည္)

[ ဖာ့ေဝ_ဖာ့မွာ ဆံေကသာဆိုလိုျခင္းျဖစ္ၿပီး၊ ေဝမွာ ေဝေဝကို ဆိုလိုျခင္းျဖစ္သည္ ]

အိုင္တမ္အမ်ိဳးအစား: ရွားပါးေသမ်ိဳးအိုင္တမ္

အဆင့္သတ္မွတ္ခ်က္: ၉၀

အခ်က္အလက္မ်ား: +၁၅% ဂီတစြမ္းရည္၊ +၁၂% MP (Mana) အင္အားျပန္ျပည့္သည့္ အျမန္ႏႈန္း၊ +၃၈ အျမန္ႏႈန္း၊ +၁၀၀၀ HP

ၾကာရွည္ခံမႈ: ၅၀၀/၅၀၀

အလုပ္အကိုင္: ဂီတပညာရွင္

ဖန္တီးသူ: လုေဝ ေဝေဝ

“ တကယ္ေတာ့ အရင္တေခါက္ ဖုန္းထန္ဆီက ဝိညာဥ္တိရစၧာန္ေလးေကာင္အျပင္ ရွားပါးကုန္ၾကမ္းႏွစ္ခုျဖစ္တဲ့ ထ်န္းရွန္ေက်ာက္စိမ္းျဖဴနဲ႔ နဝမေကာင္းကင္ဘုံရဲ့အပူမီးျငႇိမ္းသတ္သူကိုလည္း ကၽြန္မ ရခဲ့ေသးတယ္၊ ဒါကို အဲ့ႏွစ္ခုရယ္၊ အရင္ကတည္းက စုထားတဲ့ကုန္ၾကမ္းေတြနဲ႔ လုပ္လိုက္တာ ”

“ ရွင့္မွာ ရွိတဲ့ဆံထိုးက အေကာင္းဆုံးထဲက အေကာင္းဆုံးဆိုေပမယ့္ ကၽြန္မက အဲ့ထက္ပိုေကာင္းေအာင္ လုပ္နိုင္မလား သိခ်င္လို႔ေလ ”

သူမ တကယ္ပဲ အလြန္တန္ဖိုးႀကီးသည့္အရာတစ္ခုကို ဖန္တီးနိုင္သြားသည္။

“ ျမစ္ေတြကန္ေတြထဲက အိပ္မက္ခရီးရွည္ ” တြင္ System Bot မွ ေပးေသာ အဆင့္ျမင့္ပစၥည္းမ်ားကို နတ္ဘုရားအဆင့္ မေသမ်ိဳးလက္နက္မ်ားဟု ေခၚၿပီး ကစားသမားမ်ား ကိုယ္တိုင္ျပဳလုပ္ေသာပစၥည္းမ်ားကို ေသမ်ိဳးလက္နက္မ်ားဟု ေခၚသည္။ သို႔ေသာ္ ေသမ်ိဳးလက္နက္၏အခ်က္အလက္မ်ားသည္ မေသမ်ိဳးလက္နက္မ်ားအား မေက်ာ္လြန္နိုင္ဟု မဆိုလိုေပ။ ေဝေဝ ျပဳလုပ္ထားေသာ ဆံထိုးသည္ သာမန္မေသမ်ိဳးလက္နက္မ်ားထက္ အခ်က္အလက္မ်ား ပိုေကာင္းသည့္လက္နက္မ်ားအထဲမွ တစ္ခုပင္။ သို႔ေသာ္လည္း ကစားသမားတစ္ဦးအတြက္ ရွားပါးမေသမ်ိဳးလက္နက္တစ္ခုကို ဖန္တီးရန္မွာ အလြန္ခက္ခဲေလသည္။ ရွားပါးမေသမ်ိဳးလက္နက္တစ္ခု ဖန္တီးရန္မွာ အဖိုးတန္ကုန္ၾကမ္းပစၥည္းမ်ားႏွင့္ ထိုကစားသမားသည္ အခ်က္အလက္မ်ား ျမင့္မားရန္ လိုအပ္သည့္အျပင္ ျဖစ္နိုင္ေျခအေပၚလည္း မူတည္ေသးသည္။

“ ^_^ ကၽြန္မရဲ့ကံ မဆိုးဘူးမလား ”

ေဝေဝ စိတ္လႈပ္ရွားစြာျဖင့္ စာရိုက္လိုက္သည္။ သူမ အခုေျပာခ်င္တာေတြ အမ်ားႀကီးရွိေနေလသည္။ စကားမ်ားမ်ားေျပာေလေလ သူမ ဖိအားနည္းေလေလပင္။ သို႔ေသာ္ သူမ ရွက္ေနေပမယ့္လည္း သူမကေတာ့ ထိုအရာကို ထပ္လုပ္ၿပီး ထိုစကားမ်ား ေျပာဦးမည္ပင္။

ဝတ္႐ုံျဖဴဝတ္ ဂီတပညာရွင္သည္ စကားေျပာလာေသာေၾကာင့္ သူမ၏လက္ေခ်ာင္းမ်ား ရပ္တန႔္သြားေတာ့သည္ “ အဲ့ဒါ ကိုယ္ကံေကာင္းလို႔ပါ ”

ေဝေဝ၏မ်က္ႏွာမွာ ပြက္ပြက္ဆူေတာ့မတတ္ ပူလာေတာ့သည္။ သူမ၏သြက္ဝွက္ထားေသာ အေတြးသက္သက္သာျဖစ္နိုင္ေသာ္လည္း သူ၏အလြန္ရိုးရွင္းေသာစကားမ်ားတြင္ ပိုေလးနက္ေသာ အဓိပၸာယ္ရွိေနပုံရသည္။

“ ...အာ၊ ကၽြန္မတို႔ႏွစ္ေယာက္စလုံး ကံေကာင္းတာ ” သူမ ဘာေတြေျပာေနမိတာလဲ?...

ကြန္ပ်ဴတာမွတစ္ဆင့္ သူမ၏ရွက္ရြံ့မႈကို ခံစားနိုင္သကဲ့သို႔ ေရွာင္းနိုင္သည္ ေဖ်ာ့ေဖ်ာ့ေလးျပဳံးလိုက္သည္ “ ဖာ့ေဝက ဘာကိုဆိုလိုတာလဲ ”

“ ေဝေဝရဲ့ဆံထိုး (ဖာ့က်န္) လို႔ ဆိုလိုတာ ” စိတ္ကူးယဥ္ဆန္ေသာ ဦးေႏွာက္ဆဲလ္တစ္ခုမွမပါသည့္ သိပၸံေက်ာင္းသူတစ္ဦး ေဝေဝသည္ ထိုအရာကို အေတာ္ေလး နားလည္ရလြယ္သည္ဟု ခံစားရ၏ “ ရွင္ မႀကိဳက္ဘူးဆိုရင္ ေျပာင္းလို႔ရတယ္။ ကၽြန္မမွာ စာေပဥာဏ္မရွိလို႔ ”

“ ေျပာင္းစရာမလိုပါဘူး၊ ကိုယ္ တကယ္ ႀကိဳက္တယ္ ”

ဆံေကသာအား ေဝျဖင့္ ထုံးဖြဲ႕ျခင္း။ 

သူ ဘာလို႔မႀကိဳက္ရမွာလဲ?

“ အြန္း ”

ေဝေဝသည္ “ ပိုေလးနက္ေသာအဓိပၸါယ္ ” ကို သေဘာေပါက္ျခင္းမရွိဘဲ ျပန္ေျဖလိုက္၏။ အသံတစ္သံထြက္လာၿပီးေနာက္ သူမ ထြက္ေျပးခ်င္သြားသည္ “ ကၽြန္မ အခုလိုင္းေပၚက ဆင္းေတာ့မယ္၊ ဒီေန႔တေန႔လုံး ေလၽွာက္သြားေနရတာေၾကာင့္ ပင္ပန္းေနတာနဲ႔ ေစာေစာအိပ္ခ်င္လို႔ ”

ဝတ္႐ုံျဖဴဝတ္ ဂီတပညာရွင္ေလးကလည္း သူမကို တားဖို႔ မႀကိဳးစားေပ “ ေကာင္းပါၿပီ၊ ႀကိဳးစားမႈအတြက္ ေက်းဇူးပါပဲ၊ ကိုယ့္ရဲ့ဇနီးေလး ”

“……”

ဒီလူသည္... အဓိပၸါယ္ႏွစ္ခြထြက္ေသာစကားမ်ားကို အျမဲေျပာေလ့ရွိသည္။ သူ ေျပာေနသည္မွာ သူမ ေလၽွာက္သြားေနတာကို ေျပာခ်င္တာလား၊ ထိုပစၥည္းကို ႀကိဳးစားပမ္းစား ျပဳလုပ္ေပးခဲ့တာကို ေျပာခ်င္ေနတာလားကို သူမ မသိေတာ့ေပ။ ထို႔ေၾကာင့္ ေနရခက္စြာျဖင့္ ေဝေဝလည္း အစက္ကေလးမ်ားကို အတန္းလိုက္ ခ်န္ရစ္ကာ အျမန္လိုင္းေပၚမွ ဆင္းလိုက္ေတာ့သည္။

အနီေရာင္ပုံရိပ္ေလးသည္ ေခ်ာက္ကမ္းပါးမွ ေပ်ာက္ကြယ္သြားသည္။ စကၠန႔္မ်ားသည္ တခ်က္ခ်က္ျဖင့္ ကုန္လြန္ေနသည္။ မိနစ္အနည္းငယ္ၾကာမွသာ လပ္ေတာ့ပ္ေပၚရွိ သြယ္လ်ေသာ လက္ေခ်ာင္းမ်ားသည္ ဆံထိုးအသစ္အား ထိုးရန္ ညာဘက္ေမာက္စ္ခလုတ္ကို ညင္ညင္သာသာ ႏွိပ္လိုက္၏။

ေက်ာက္စိမ္းျဖဴဆံထိုးသည္ သူ၏မည္းနက္ေနေသာဆံေကသာေပၚတြင္ သိသိသာသာကို တလက္လက္ေတာက္ပေနၿပီး အလင္းမ်ား ျဖာထြက္ေနသည္။ ေရွာင္းနိုင္သည္ ထိုအရာအား ၾကည့္ရင္း ဖမ္းစားခံလိုက္ရေတာ့သည္။

႐ုတ္တရက္ သူမကို သူ တကယ္ ေတြ႕ခ်င္လာသည္။

ထိုအခ်ိန္တြင္ သူမ၏မ်က္ခုံးမ်ားသည္ အနည္းငယ္ ျမႇင့္တက္သြားကာ သူမမ်က္လုံးမ်ားသည္ ပုံမွန္ထက္ ပို၍ေတာက္ပေနလိမ့္မည္။ ထို႔ျပင္ သူမသည္ အလြန္ရွက္ရြံ့ေနေသာ္လည္း လုံးဝ ဂ႐ုမစိုက္သည့္ပုံစံ ဟန္ေဆာင္ေနလိမ့္မည္။ သူမသည္ အနည္းငယ္ ငယ္ရြယ္ၿပီး အျပစ္ကင္းေသာအသြင္ရွိေနၿပီး ၿပိဳင္ဘက္ကင္းစြာ လွပေနမည္မွာ ေသခ်ာေလသည္။

“ မင္း စကားပုံအဘိဓာန္ေတြကို ဖတ္ရင္းနဲ႔ အခ်ိန္ေတြကို မျဖဳန္းခဲ့သင့္ဘူး ” သူ႔လက္ေခ်ာင္းမ်ားသည္ လပ္ေတာ့ပ္အေဝးသို႔ ေရြ႕သြားသည္။ ဂိမ္းထဲက ထိုျမင္ကြင္းကို တစ္ခ်က္ထပ္ၾကည့္လိုက္ၿပီးေနာက္ ေရွာင္းနိုင္သည္ သူ႔လပ္ေတာ့ပ္ကို ပိတ္ကာ ကုတင္ေပၚ ပစ္တင္လိုက္ေတာ့၏ “ မာေက်ာက္ ကစားမလား ”

အေဆာင္ခန္း၏တံခါးကို ဘန္းခနဲ ျပင္းျပင္းထန္ထန္ ကန္ဖြင့္လိုက္ကာ အခန္းထဲက ထိုသူမ်ား၏စိတ္ရႈပ္ေထြးေနေသာ အၾကည့္မ်ားကို ရပ္တန္႔ေစလိုက္သည္။ ထို႔ေနာက္တြင္  ယြီကုန္း၏အံ့ၾသေနေသာ အသံက်ယ္ႀကီးကို ၾကားလိုက္ရေတာ့သည္ “ မျဖစ္နိုင္တာ၊ အစ္ကိုသုံး၊ မင္းက လေရာင္ေအာက္မွာ ပန္းလိုလွပလြန္းတဲ့ ေကာင္မေလးနဲ႔ အတူရွိေနၿပီး သာယာလွပတဲ့ ရႈခင္းေလးျဖစ္ေနရမွာေလ၊ ဘယ္လိုလုပ္ ငါတို႔ထက္ေတာင္ ေစာၿပီးျပန္လာရတာလဲ! ”
 
Wow!

ယြီကုန္းသည္ စိတ္ရႈပ္ေထြးေစေသာ ေအာ္ဟစ္သံမ်ား ျပဳလုပ္ၿပီးေနာက္ ယြီကုန္းက ကုတင္ေအာက္မွ မာေက်ာက္ကို အလ်င္အျမန္ ဆြဲထုတ္လာသည္ “ မင္း ဘာျဖစ္ေနတာလဲ။ မင္း မာေက်ာက္ တကယ္ ကစားခ်င္တာလား ”

“ ဘာမွမျဖစ္ဘူး ” ေရွာင္းနိုင္က အရွိကို အရွိတိုင္း ေျပာလိုက္၏ “ ငါ စိတ္အေျခအေန ေကာင္းေနတာေၾကာင့္ နည္းနည္းေလာက္ ထြက္ေပါက္ေပးခ်င္လို႔ ”

“ ဟိုးဟိုး၊ ငါ အရင္ေျပာရဦးမယ္ အခုတေလာ လက္က ေတာ္ေတာ္ေကာင္းေနတာ၊ မင္း ရႈံးတဲ့အခ်ိန္က်ရင္ ပိုက္ဆံေပးတာ ပိုေကာင္းမယ္ေနာ္ ” ယြီကုန္းက မာေက်ာက္ေႂကြျပားမ်ားကို ဝုန္းခနဲ ပစ္ခ်လိုက္သည္။

ေရွာင္းနိုင္သည္ ဘာကိုမွမွတ္ခ်က္မေပးဘဲ စားပြဲေဘးတြင္ ဝင္ထိုင္လိုက္သည္။

……

……

တစ္နာရီၾကာၿပီးေနာက္

ေရွာင္းနိုင္ သူ႔ေရွ႕ရွိ ေႂကြျပားမ်ားကို ေအာက္ကို ခ်ကာ ေရွ႕တိုးလိုက္သည္ “ အပြင့္ တူတယ္၊ အစဥ္လိုက္ပဲ။ မင္း ပိုက္ဆံေပးတာ ပိုေကာင္းမယ္ေနာ္ ”

ယြီကုန္းတစ္ေယာက္ မ်က္ရည္မ်ားျဖင့္ ျပည့္လၽွံေနေတာ့သည္။

ေဟာ္က်ီက်ိဳ႕က စာနာစြာျဖင့္ သူ႔ပခုံးကို ပုတ္လိုက္သည္ “ ဝမ္းနည္းစရာပဲ၊ ဒီေန႔ အစ္ကိုသုံး ေကၽြးေမြးလိုက္တဲ့ ကုန္က်စရိတ္ကို မင္း ရွင္းေပးလိုက္ရမယ္လို႔ ငါ မထင္ထားဘူးကြာ ”

“ ငါ ရွင္းရမယ္လို႔ ဘယ္သူေျပာလဲ။ ညဥ့္မနက္ေသးပါဘူး ” ယြီကုန္းက စားပြဲကို ပုတ္ကာ “ ထပ္ေဆာ့မယ္၊ ဒီတေခါက္ ငါ ျပန္ရမွာ ”

ညမွာ တကယ့္ကို ညဥ့္မနက္ေသးေပ။

ဤညသည္ သူတို႔ေက်ာင္းက စီနီယာေက်ာင္းသားမ်ားအတြက္ ေနာက္ဆုံးညျဖစ္ၿပီး သူတို႔မွတ္ဥာဏ္ထဲတြင္ ထာဝရအမွတ္ရေနမည့္ ညလည္းျဖစ္သည္။ ဂ်ဴနီယာေက်ာင္းသားမ်ားသည္ေတာ့ စာေမးပြဲၿပီးဆုံးသြားၿပီျဖစ္ေသာေၾကာင့္ တစ္ေက်ာင္းလုံး ေပ်ာ္ရႊင္မႈမ်ားျဖင့္ မၿငိမ္မသက္ျဖစ္ေနေတာ့သည္။ မ်ားစြာေသာ အေဆာင္ခန္းမ်ား၏မီးေရာင္မ်ားသည္လည္း တစ္ညလုံးလင္းေနခဲ့၏။

သို႔ေသာ္လည္း အဆုံး၌ ညသည္ ကုန္လြန္သြားရၿပီး ေနာက္တေန႔မနက္ခင္းမွာ ေရာက္လာသည္။ အတန္းေဖာ္ယြီကုန္းသည္ေတာ့ ဥစၥာပစၥည္းမ်ားကို ျပန္ရေအာင္ မလုပ္နိုင္ေသးဘဲ သူ႔ပခုံးေပၚတြင္ အေႂကြးေဒၚလာရာေက်ာ္အား ထမ္းကာ ၀မ္းနည္းစြာျဖင့္ အလုပ္ထဲသို႔ ၀င္လာရေတာ့သည္။

ေဝေဝအတြက္ေတာ့ ေႏြရာသီအားလပ္ရက္ အိမ္ျပန္ရန္ သူမလည္း ေနဝင္ရီတေရာအခ်ိန္တြင္ ၿမိဳ႕ေတာ္ B မွ ထြက္ခြာရသည္။

“ ေဝေဝ၊ နင့္ရထားလက္မွတ္က အရမ္းေစာတာပဲ ”

ေရွာင္လင္းႏွင့္ အားရွီသည္ ေဝေဝ၏ခရီးေဆာင္အိတ္အား သယ္ေပးကာ ေဝေဝႏွင့္အတူ ေအာက္ထပ္သို႔ ေလၽွာက္သြားၾကသည္။

“ အင္း၊ ဟုတ္တယ္ ”

သူမ အမွတ္တမဲ့သာ ျပန္ေျဖရင္း ေလွကားျပတင္းေပါက္မွတဆင့္ ငုံ႔ၾကည့္လိုက္သည္။ သစ္ပင္မ်ားၾကားမွ ေရွာင္းနိုင္၏ကားက ေအာက္ထပ္တြင္ သူမအား ေစာင့္ႏွင့္ေနသည္အား ျမင္နိုင္ေလသည္။

ေရွာင္လင္းက အျပင္ကို ေခါင္းထုတ္ၾကည့္ရင္း ေပ်ာ္ရႊင္စြာ တခစ္ခစ္ရယ္ေလသည္ “ ပါေမာကၡမိဘေတြရွိတဲ့ ေကာင္ေလးရွိရတာ တကယ္ေကာင္းတာပဲ။ သူ႔ကားကို ေက်ာင္းထဲမွာ ေမာင္းလို႔ရတယ္၊ မဟုတ္ရင္ နင္ ေက်ာင္းဂိတ္အထိ ဘတ္စ္ကားစီးရမွာ၊ အဲ့ဒါက အရမ္းအဆင္မေျပဘူး ”

“ မဟုတ္ရင္ အျမဲအစြမ္းထက္တဲ့ တာရွန္းလို႔ ဘယ္လိုလုပ္အေခၚခံရပါ့မလဲ။ ဒါေပမယ့္ ေဝေဝ ” အားရွီက ေမးလာသည္ “ နင္ ဒီေလာက္အေစာႀကီးျပန္သြားတာ။ နင့္တာရွန္းက အဲ့ဒါနဲ႔ပတ္သက္ၿပီး စိတ္မဆိုးဘူးလား ”

သူ စိတ္မဆိုးသင့္ဘူးေလ…ဟုတ္တယ္မလား။

ကားထဲတြင္ ေဝေဝ သူ႔ကို တိတ္တိတ္ေလး ၾကည့္ေနမိသည္။ သူ႔အား ဘယ္လိုပဲၾကည့္ေနပါေစ တာရွန္းသည္ ကားေမာင္းသည့္အေပၚတြင္သာ အာ႐ုံစိုက္ေနပုံရသည္။ လန္းဆန္းကာ ေခ်ာေမာေသာ သူ႔မ်က္ႏွာ၏ေဘးတိုက္ပုံတြင္  မည္သည့္အရာကိုမၽွ ေဖာ္ျပမထားေပ။ သို႔ေသာ္လည္း ေပ်ာ္ရႊင္ေနပုံမရသည္မွာ သိသာေလသည္။

ရွက္ရြံ့စြာျဖင့္ ေဝေဝလည္း သူမလက္ထဲ တစ္ခ်ိန္လုံး ကိုင္ထားေသာ ပလတ္စတစ္အိတ္ေလးကို ကမ္းေပးလိုက္၏။ ထိုအထဲက အိုးေလးထဲတြင္ ရွားေစာင္းပင္ေလးတစ္ပင္ ရွိေနေလသည္ “ ဒါက ရွင့္အတြက္ ”

ေရွာင္းနိုင္က တစ္ခ်က္ၾကည့္လိုက္သည္ “ ခန္းဝင္ပစၥည္း အသစ္လား ”

= =

ထင္ထားသည့္အတိုင္း တာရွန္းသည္ ခန္းဝင္ပစၥည္းဆိုသည့္ စကားလုံးကို ေျပာဖို႔ အလြတ္ကိုမေပးေခ်။ မေန႔က ထိုကိစၥကို ေဖာ္ျပဖို႔အတြက္ကေတာ့ အရမ္းေနာက္က်လြန္းေနေလသည္ “ ဒါက ကၽြန္မ စိုက္ထားတဲ့ ရွားေစာင္းပင္ေလးေလ၊ ေႏြရာသီအားလပ္ရက္မွာ ကၽြန္မ ဂ႐ုစိုက္မေပးနိုင္လို႔၊ ဒါေၾကာင့္ ရွင့္ကို ဂ႐ုစိုက္ေပးေစခ်င္တာ ”

“ အိုး ” ေရွာင္းနိုင္က တည္တည္ၿငိမ္ၿငိမ္ ေျပာလာ၏ “ ကိုယ္ ဒါကို ေတြ႕တဲ့အခ်ိန္တိုင္း မင္းကို ေတြးမိေနေအာင္လား ”

ေဟ့၊ ဒီလိုကသိကေအာက္ျဖစ္ေအာင္ မလုပ္နဲ႔ေလ။

ထိုညတြင္ သူမ ျပန္ေတာ့မည့္အေၾကာင္းကို ေန႔လည္စာစားေနစဥ္မွသာ သူ႔အား ေျပာျပလိုက္ျခင္းသည္ အနည္းငယ္ ႐ုတ္တရက္ဆန္မွန္း သူမ သိသည္။ သို႔ေသာ္လည္း ၎မွာ သူမ၏အျပစ္လည္း မဟုတ္ေပ။ ေဝေဝက တိုးတိုးေျပာလိုက္၏ “ ကၽြန္မ ဒါကို တမင္သက္သက္ အေစာႀကီးႀကိဳမွာထားတာ မဟုတ္ပါဘူး၊ ေက်ာင္းက လက္မွတ္ေတြကို အုပ္စုလိုက္ႀကိဳမွာတုန္းက ကၽြန္မ ရွင့္ကို မသိေသးဘူးေလ ”

ျဖစ္ရပ္မွန္မ်ားႏွင့္ ရင္ဆိုင္ရသည့္အခါ ေရွာင္းနိုင္တြင္လည္း ၎ႏွင့္ပတ္သက္၍ ေျပာစရာမရွိေတာ့ေခ်။

သူတို႔သည္ ေျမာက္ဘက္ဘူတာ႐ုံသို႔ ေရာက္ေသာအခါ ေရွာင္းနိုင္သည္ ရထားစႀကႍလက္မွတ္ဝယ္ရန္ ထြက္သြားကာ ေဝေဝသည္ သူ႔ေနာက္မွ လိုက္လာသည္။ ေရွာင္းနိုင္သည္ ေကာင္တာမွေျပစာႏွင့္ လက္မွတ္ကို ယူလိုက္ခ်ိန္တြင္ ေဝေဝသည္ လက္မွတ္ေရာင္းသူကို ခ်က္ခ်င္း ေမးလိုက္၏ “ မနက္ျဖန္အတြက္ျဖစ္ျဖစ္၊ သဘက္ခါအတြက္ျဖစ္ျဖစ္ ၿမိဳ႕ေတာ္ W သို႔ သြားမယ့္ လက္မွတ္ ရွိေသးလားရွင့္ ”

[ ရထားစႀကႍလက္မွတ္_ခရီးသြားမဟုတ္သူမ်ားကို မီးရထားဘူတာ႐ုံစႀကႍသို႔ ဝင္ေရာက္ခြင့္ေပးသည့္ လက္မွတ္ ]

လက္မွတ္ေရာင္းသူသည္ မေျပာမီ ထပ္ေတာင္ မစစ္ေဆးေတာ့ေပ “ မရွိေတာ့ပါဘူး၊ ေနာက္ ၅ ရက္အတြက္ လက္မွတ္အားလုံး ကုန္သြားပါၿပီရွင္ ”

၎မွာ ေမၽွာ္လင့္ထားေသာ အေျဖျဖစ္ေသာ္လည္း သူမအား ၾကည့္လာေသာ တာရွန္း၏႐ုတ္တရက္ဆန္သည့္ မ်က္ႏွာအမူအယာသည္ သူမကို စိတ္ဓာတ္က်ေစသည္။

ေနာက္ဆုံးမွာေတာ့ ေရွာင္းနိုင္၏ႏႈတ္ခမ္းေထာင့္တြင္ အျပဳံးတစ္ပြင့္ေပၚလာေတာ့၏။ သူက သူမအား လူအုပ္ထဲမွ ဆြဲထုတ္လိုက္ကာ သူ႔ဖုန္းကိုထုတ္ၿပီး ဖုန္းေခၚလိုက္၏။

“ သဘက္ခါအတြက္ ေလယာဥ္လက္မွတ္ဆိုရင္ေရာ ဘယ္လိုလဲ ”

သူ ဆိုလိုသည္ကို ေဝေဝ နားမလည္နိုင္ေသးခင္ အနည္းငယ္ အံ့ၾသသြားခဲ့သည္။ သူမက သူ႔ကို အျမန္တားလိုက္သည္ “ အဲ့ေလာက္ထိ မလိုပါဘူး ”

တစ္ရက္ထပ္ေနရလၽွင္ပင္ အဆုံးတြင္ သူမ သြားရဦးမည္ပင္။ အေစာပိုင္းက သူမ ေမးျမန္းလိုက္ျခင္းသည္ လႊတ္ခနဲ ထြက္သြားသာျဖစ္၏။ ယခု သူမ တည္ၿငိမ္သြားေသာအခါ ၎သည္ မမွန္ဟု ခံစားရၿပီး ေဝေဝ ေခါင္းငိုက္စိုက္ေလးျဖင့္ ေျပာလိုက္၏ “ မနက္ျဖန္မနက္က် အိမ္ျပန္လာမယ္လို႔ ေဖေဖ့ကို ေျပာၿပီးသြားၿပီ ”

ေလထုမွာ အနည္းငယ္ စိတ္ဓာတ္က်စရာေကာင္းေနေလသည္။ သူမလည္း ေရွာင္းနိုင္တစ္ေယာက္ သူ႔အိတ္ကပ္ထဲသို႔ စိတ္ဓာတ္က်စြာျဖင့္ ဖုန္းျပန္ထည့္လိုက္သည္ကို ၾကည့္ေနမိသည္။

ဒါေပမယ့္…

“ ထားလိုက္ပါေတာ့ ”

ထိုသူသည္ သက္ျပင္းခ်ကာ သူမ၏လက္ကို ဆြဲ၍ ခရီးသည္နားေနခန္းမဆီသို႔ ေလၽွာက္သြားေတာ့သည္။ ေရွာင္းနိုင္က ေလ်ာ့ေပးလာသည္ “ မင္း အိမ္ျပန္ေရာက္တာနဲ႔ ခ်က္ခ်င္း ကိုယ့္ကို ဖုန္းေခၚေနာ္ ”

ေဝေဝ စိတ္သက္သာရာရသြားၿပီး အျမန္ေခါင္းညိတ္လိုက္သည္။

“ ဖုန္းလည္း အျမန္ဝယ္ဦး ”

သူမ ေခါင္းကို ဆက္တိုက္ညိတ္ျပကာ “ ကၽြန္မ အိမ္ျပန္ေရာက္တာနဲ႔ ခ်က္ခ်င္း ဝယ္လိုက္ပါ့မယ္ ” ဟု ကတိေပးလိုက္ေတာ့သည္။

ေဝေဝ ႐ုတ္တရက္ မေန႔ညက သူမ၏အခန္းေဖာ္မ်ားႏွင့္ ေျပာခဲ့သည့္ စကားဝိုင္းကို သတိရသြားေတာ့သည္။ တာရွန္းက သူမအတြက္ ဘာလို႔ဖုန္းအသစ္တစ္လုံးမဝယ္ေပးတာလဲလို႔ အားရွီက ေမးလာခဲ့သည္။ ထိုအခ်ိန္တုန္းက တာရွန္းက အဲ့လိုမဆီေလ်ာ္တဲ့ကိစၥေတြကို လုပ္မွာမဟုတ္ဘူးဆိုၿပီး သူမ ျပန္ေျဖခဲ့ေလသည္။

သူမတို႔ စိတ္ခ်င္းဆက္ေနေသာေၾကာင့္ သူမ၏ႏွလုံးသားေလး ႐ုတ္တရက္ ေပ်ာ္ရႊင္သြားေတာ့သည္။

ေရွာင္းနိုင္သည္ သူမႏွင့္အတူ ရထားေပၚသို႔ တက္ေပးခဲ့ၿပီး သူ အထုပ္အပိုးမ်ားကို ေနရာခ်ၿပီးခ်ိန္မွာပဲ လက္မွတ္ေရာင္းသူထံမွ မၾကာခင္ထြက္ခြာေတာ့မည္ျဖစ္ေၾကာင္း သတိေပးခ်က္မွာ ထြက္ေပၚလာေတာ့သည္။

“ ရွင္ အျမန္သြားေတာ့ေလ ”  ေဝေဝသည္ ယခုအခ်ိန္တြင္ ဘာေျပာရမွန္း မသိေတာ့ေသာေၾကာင့္ သူ႔အား “ ရွားေစာင္းပင္ေလးကို ဂ႐ုစိုက္ဖို႔ သတိရဦးေနာ္ ” ဆိုၿပီး သတိေပးဖို႔သာ သိေတာ့သည္။

တကယ္ေတာ့ ရွားေစာင္းပင္သည္ လအနည္းငယ္ေလာက္ ေရမေလာင္းလၽွင္ပင္ ေကာင္းမြန္စြာ အသက္ရွင္နိုင္ေလသည္။ သို႔ေသာ္လည္း မေန႔ညက သူမ ထုပ္ပိုးေနသည့္အခ်ိန္မွာပဲ သူမ၏စိတ္ထဲ ဝင္လာသည့္ ပထမဆုံးအရာမွာ ထိုအပင္ေလးကို တာရွန္းအား ေပးရန္ပင္။ ပထမအေၾကာင္းအရင္းမွာ တာရွန္း၏႐ုံးခန္းထဲတြင္ ဓာတ္ေရာင္ျခည္စုပ္ယူရန္ ရွားေစာင္းအိုးေလး တစ္အိုးပင္ မရွိေၾကာင္း သတိျပဳမိေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္ ပို၍နက္ရွိုင္းသည့္ ရည္ရြယ္ခ်က္ကေတာ့ သူမ မတူးေဖာ္ခ်င္ေသာ အရာပင္ျဖစ္၏။ ေယဘုယ်ရည္ရြယ္ခ်က္သည္ေတာ့ ထိုစကားလုံးမ်ား ျဖစ္နိုင္ေလသည္။
 
အရာဝတၳဳတစ္ခုအား ၾကည့္ျခင္းသည္ ထိုအရာဝတၳဳ၏ပိုင္ရွင္အား လြမ္းဆြတ္သတိရေစေလသည္။

ေႏြရာသီအားလပ္ရက္မွာ ႏွစ္လျဖစ္သည္။

“ ရွင္ ျပန္ေရာက္ရင္ ရွင့္႐ုံးခန္းထဲက ရွင့္ကြန္ပ်ဴတာေဘးမွာ ထားထားေနာ္... ”

ရွင္ ေန႔တိုင္းၾကည့္ေနရင္ေတာ့ အေကာင္းဆုံးေပါ့။

ေရွာင္းနိုင္ သူ႔မ်က္ခုံးကို ပင့္လိုက္သည္။

မသြားခင္ေလးမွာေတာင္ သူမက သူမရဲ့ရွားေစာင္းပင္ေလးအေၾကာင္းကိုပဲ အဆက္မျပတ္ေျပာေနေတာ့မွာလား။ သူသာ သူမကို ဒီအတိုင္းလႊတ္ေပးလိုက္ရင္ တကယ့္ကို ရႈံးနိမ့္သြားလိမ့္မယ္။

ညင္သာၿပီး ႏူးညံ့ေသာ အနမ္းတစ္ပြင့္။

ခ်ဳပ္တည္းထားရေသာ ခံစားခ်က္မ်ား၏အရိပ္အေယာင္ကို ထိန္းခ်ဳပ္ထားသည့္ အျခားအနမ္းတစ္ပြင့္သည္ေတာ့ သူမ၏မ်က္ခြံေပၚသို႔ ညင္သာစြာ က်ေရာက္လာသည္။

မလိုလားျခင္းမ်ားစြာျဖင့္ ေရွာင္းနိုင္သည္ ထြက္ခြာရင္း သူမ၏မ်က္ဝန္းေလးမ်ားကို ေငးၾကည့္လိုက္၏။

“ ေဝေဝ၊ ခရီးလမ္းေျဖာင့္ျဖဴးသာယာပါေစ ”

ေဝေဝတြင္ တကယ္လည္း “ သာယာေျဖာင့္ျဖဴးေသာ အိမ္ျပန္ခရီးေလး ” ရွိခဲ့သည္။

အဘယ့္ေၾကာင့္ဆိုေသာ္ သူမ ရီေဝေဝျဖင့္ အိမ္ျပန္သြားတာေၾကာင့္ပင္ >o< ။





Continue Reading

You'll Also Like

364K 36.3K 112
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
430K 22.5K 49
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
870K 9.3K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
248K 9K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...