"Take Me Home Where I Belong"...

By callmefrangi

2.5M 256K 83.2K

Both Unicode & Zawgyi "တွေ့ပြီထင်တယ်၊ ခင်ဗျားပဲ ထင်တယ်၊ ကျွန်တော် စောင့်နေမိတာ တကယ် ခင်ဗျားပဲ ထင်တယ်" _______... More

Frangi's Note
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အပိုင်း - ၇
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
REQUEST
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃ (ဇာတ်သိမ်းပိုင်း)
Please, take a minute
"Book Order Alert"

အခန်း - ၈

43.2K 5.2K 2.6K
By callmefrangi

UNICODE

"သူလား"

အဓိပ္ပာယ်ပါပါနဲ့ ရေမီ မေးလိုက်တော့ ဆောလ်က ခေါင်းညိတ်ပြတယ်။ အဲ့ဒီနောက် မျက်ဝန်းပြာထက်မှာ မျက်ရည်ဟာ နောက်တစ်ကြိမ် သိုင်းဖွဲ့လာတာ မြင်တော့ ရေမီ သက်ပြင်း ရှိုက်မိတော့တာပဲ။ တစ်သက်လုံး နားစွင့်ခဲ့ရတဲ့ ဒီမြေးလေးရဲ့ နှလုံးသား ရေးရာက အရွယ်လွန်ပြီးသား လူ့ခွစာတစ်ယောက်ကိုမှတဲ့။

လူရိုင်းတစ်ယောက် မဟုတ်တာ ရိပ်စားမိပေမဲ့ လူယဉ်ကျေး မဟုတ်တဲ့ ဘရိုင်ယန်နဲ့ ဆောလ်လေး ဘယ်လို လုပ်မှာလဲ။ ဘယ်လို စခန်းသွားကြမှာလဲ။ မနေ့ညကလဲ ရောဘတ် အမိန့်အတိုင်း ဘရိုင်ယန့်ကို အိမ်ခေါ်ခွင့် မရှိ၊ မိုတယ် သယ်ခွင့် မရှိတာမို့ မြေးအဘွားနှစ်ယောက် ကြံရာမရတဲ့အဆုံး ဘရိုင်ယန့် ဘေးအိမ်ကို သွားနှိုးရပါတယ်။

ဘေးအိမ်ကျေးဇူးနဲ့ တံခါးဖွင့်လို့ ရပြီးနောက် သားအမိမြေးအဘွား သုံးယောက် ဘရိုင်ယန့်ကို အိပ်ရာပေါ် နေရာချပေးတဲ့ အထိ ဆောလ်လက်ကို လွှတ်မပေး။ မျက်မှောင် တွန့်ကုတ်ထားတဲ့အတိုင်း နှုတ်ကလဲ ဘာတွေမှန်း မသိ တိုးတိုးညည်းတွားနေသေးတာ။ ပြန်ဖို့ လုပ်ကြတဲ့အထိ ဖျစ်ညှစ်ဆုပ်ကိုင်ထားတာမို့ စိတ်မရှည်တဲ့ ရောဘတ်က လက်ကို ဆွဲဖြုတ်ဖို့ လုပ်တော့ ဆောလ်က တားတယ်။

"အိပ်ပါစေ၊ နိုးသွားလိမ့်မယ်" တဲ့။

ဒီစကားလုံးလေးကို နူးနူးညံ့ညံ့လေး ဆိုလာတယ်။

နောက်ဆုံးတော့ ဘွားအေနဲ့ ဦးလေးကို အတင်းပြန်လွှတ်၊ အိမ်မှာ ရှိသမျှ စောင်တွေ သယ်လာခိုင်းပုံက ငယ်ငယ်တည်းက အခုထိ ရေမီ့ဆီ ရောက်လာတိုင်း ဆောလ် ခြုံတတ်တဲ့ သူ အကြိုက်ဆုံး ကြောင်နဲ့ကြွက် ဂွမ်းစောင်လေးကအစ ပါတယ်။

အဲ့နောက် ရေမီတို့ကို ပြန်လွှတ်ပြီး ဘရိုင်ယန်နဲ့အတူ ဆောလ် ကျန်ရစ်ခဲ့တော့တာပဲ။ မတတ်သာလို့ ထားခဲ့ရပေမဲ့ ရောဘတ်က တောက်တခေါက်ခေါက်။ ဆောလ် မျက်ဝန်းတွေကို မြင်လိုက်ရတဲ့ ရေမီ့အတွက်ကတော့ ညကတည်းက အိပ်မရစိတ်နဲ့ လူးလွန့်နေခဲ့တာ။ နိုးလာတဲ့ ဘရိုင်ယန်ဟာ ဆောလ်ကိုများ ရန်ရှာနေမလား စိတ်ပူနေခဲ့တာ။

မိုးမလင်းခင်တည်းက အနည်းငယ်လှမ်းတဲ့ ဘရိုင်ယန့် အိမ်ကို အပြေးရောက်လာပြီး တံခါး လာခေါက်ကြည့်ခဲ့ပေမဲ့ သုံးကြိမ်မြောက်အထိ ဘာသံမှ မကြားရလို့ အသက်မှ ရှိကြသေးရဲ့လား တွေးပူခဲ့ရတာ။ ဆောလ်လေး တစ်စုံတစ်ရာ ထိခိုက်သွားရင် ရေမီ ရင်ကျိုးရမှာ။ အဲ့နောက် နေမရစိတ်နဲ့ ရောဘတ်ကို ပြန်ခေါ်ပြီး သားအမိနှစ်ယောက် ထွက်လာခါမှ အိမ်ပေါက်ဝမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေပုံကို မြင်ခဲ့ရတာ။

"ဆောလ် ဘာလုပ်ချင်သလဲ"

စကားပြန်စလိုက်တော့ ဆောလ်က မော့ကြည့်လာတယ်။

"ဘာလုပ်ရမလဲ ရေမီ၊ ဆောလ် အဖြေရှာရမှာပေါ့"

"ဘယ်လို အဖြေမျိုးလဲ"

သက်ပြင်းရှိုက်သံ တိုးလျလျလေးနဲ့အတူ...

"အဲ့ဒီလူ အနားမှာ ဆောလ် ကျိန်းသေ နေခွင့်ရမဲ့ အဖြေမျိုးပေါ့"

ဒီတစ်ကြိမ် သက်ပြင်း ရှိုက်ရသူက ရေမီ ဖြစ်သွားတယ်။

"ဆောလ်"

မျက်လွှာလေး ဝင့်ခနဲ တစ်ချက်မှာ မျက်ဝန်းပြာတွေဟာ လက်ခနဲ တောက်ကုန်တယ်။ ဆောလ်မှာ လှပပြီး စွဲဆောင်အားကောင်းတဲ့ မျက်နှာလှလှကလေး ရှိတယ်။ ဆောလ်က အေးဆေးတယ်။ ဆောလ်ဟာ တည်ကြည်တယ်။ ဘာလေးဖြစ်ဖြစ် ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ဆောင်တတ်တယ်။ ဘာချို့ယွင်းချက်မှ မရှိတဲ့ ဆောလ်ဆီမှာ အိပ်မက်ဆိုးတွေသာ ဖယ်လိုက်ရင် အဖက်ဖက်က တင့်တယ်နေတဲ့ လူချောကလေးပဲ။ အခုလဲ ဘယ်သူတားတား၊ ဆောလ် ရှေ့တိုးတော့မယ် ဆိုတာ ရေမီ သိထားပြီးသားပါ။

"ဘယ်လောက် ကြည့်ကောင်းတယ် ပြောပြော၊ ဘရိုင်ယန်က ရောဘတ်နဲ့ သိပ်မကွာလောက်ဘူးနော်"

သတိပေးသလို ပြောတော့ ဆောလ်က လွန့်လွန့်ကလေး ပြုံးပြီး ခေါင်းညိတ်တယ်။

"ဘရိုင်ယန်က ပိုငယ်တယ် ထင်ရပါတယ်"

အကောင်းပြောနေရင်း ထဖောက်လာတော့ မြေးဖြစ်သူ နဖူးကို ဖွဖွလေး ထုလိုက်မိတယ်။

"လူကောင်းလား၊ လူဆိုးလား ရေမီတို့ မသိဘူး ဆောလ်"

"လူကောင်း မဟုတ်ရင်တောင် လူယုတ်မာတော့ မဟုတ်ဘူး ရေမီ၊ ဆောလ်ရဲ့ ဒီနေရာက ခံစားလို့ ရနေတယ်"

ရင်ဘတ်ကို လက်သီးဆုပ်ကလေးနဲ့ ထုပြီး ဆောလ် ဖြေတယ်။ ဆောလ် မျက်ဝန်းတွေ တလက်လက် တောက်နေပုံက သိပ်ကို သေချာနေသလိုမျိုး။ တကယ်ကို နုသစ်တဲ့ အရွယ်ကလေးရဲ့ ခေါင်းမာဟန်မျိုး။ ခုနကတင် ဂုတ်က ဆွဲပြီး ကြမ်းတမ်းစွာ တွန်းလွှတ်လိုက်သူကို ဆောလ်က ကာကွယ်ပေးနေပြန်တယ်။

"အိမ်ထောင်ရှိလား၊ မရှိလားလဲ မသိနိုင်ဘူး ဆောလ်"

ဆောလ်က ခေါင်းငုံ့ငြိမ်သက်နေတာမို့ ရေမီပဲ သက်ပြင်းအကြိမ်ကြိမ် ရှိုက်လိုက်ရတယ်။

"ဒီမနက် ဆောလ်ကို သူ ဆက်ဆံတဲ့ ပုံစံက..."

ရေမီ့စကား မဆုံးခင်...

"သိပ်သနားစရာကောင်းတာပဲ"

"ဘယ်သူကလဲ"

"အဲ့ဒီလူပေါ့၊ ရေမီ သိလား ဘရိုင်ယန်က ကလေးလိုပဲ၊ မာန်တင်းထားပေမဲ့ သူ့မျက်ဝန်းတွေက အထီးကျန်နေတာ၊ ပွေ့ဖက် ပေးထားချင်လောက်အောင် သူ အထီးကျန်နေတာ ရေမီ၊ ပြီးတော့ သူ့လက်မှာ ဒဏ်ရာရထားတယ်၊ အဲ့တာ ဆောလ်ကြောင့်"

ဆောလ် စကားဆုံးတဲ့အခါ ရေမီ ထရပ်လိုက်မိတယ်။ ဒီလောက်ဆို ဆောလ် သဘောထားကို ရေမီ ကောင်းကောင်း နားလည်ပါပြီ။ အနားအထိ လျှောက်သွားရင်း ဆောလ်ကို ပွေ့ပိုက်ထားမိတယ်။ အန္တရာယ် ကင်းပါစေ။ ဒီမြေးကလေး အထိအခိုက် ကင်းပါစေ။ ရင်ခွင်ထဲမှာ ဆောလ် ငြိမ်သက်သွားတဲ့အခါ ခေါင်းလေးကို ဖွဖွသပ်ပေးမိတယ်။ သမီးဖြစ်သူ အန်မာ့ကိုတောင် ရေမီ မတားနိုင်ခဲ့တာ။ ရင်နှစ်သည်းချာ မြေးဖြစ်သူကို ရေမီ တားရက်ပါ့မလား။

ရေမီတို့ လင်မယား ဇာမတ်မှာ မနေနိုင်တော့ဘဲ ပိုလန်ကို ပြောင်းလာခဲ့တဲ့ အဖြစ်မှန်ကို ဆောလ် အခုထိ သိသေးမယ် မထင်ဘူး။ မှတ်မိသေးတယ်။ အဲ့တုန်းက အန်မာနဲ့ အကြီးအကျယ် စကားများခဲ့ကြတာ။ ဒီဖြစ်ရပ်ကြောင့်ပဲ သမီးဖြစ်သူ အနားကနေ ရေမီ ပြေးထွက်လာခဲ့တာဆို ပိုမှန်ပါမယ်။

ဖြစ်ရခြင်း ပြဿနာကတော့ မကြာခဏ အိပ်မက်ဆိုးတွေနဲ့ လုံးထွေးနေတတ်တဲ့ သုံးနှစ်သား အရွယ်ကလေး ဆောလ်ကို လူဝင်စားလို့ ပြောခြင်းကနေ စတာပါပဲ။ သားအမိနှစ်ယောက် ဒါကို ခေါင်းချင်းဆိုင် ဆွေးနွေးကြတိုင်း စကားနိုင်လုခြင်းနဲ့ အဆုံးသတ်ရတယ်။ ဘာသာမဲ့ ဖြစ်တဲ့ အန်မာက ဒီကိစ္စကျမှ ယုံကြည်မှု လွန်ကဲနေတာကို ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့သလို ဖျောင်းဖျလို့လဲ မရနိုင်ခဲ့ပါဘူး။

အန်မာ့ ယုံကြည်မှုက အန်မာ့ အမှန်တရားမို့ ရေမီ့အနေနဲ့ ဘာမှ မပြောလိုပေမဲ့ ရေမီ့မှာလဲ အကြောက်တရားနဲ့ ဖက်တဲ့ စိတ်ဒဏ်ရာတစ်ခု ရှိပါတယ်။ ဒါတွေဟာ ဆောလ်လေး လူလောကထဲ ရောက်မလာခင် လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်လောက်က ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ သဘာဝလွန် ကိစ္စရပ်တွေကို အလွန် စိတ်ဝင်စားတတ်တဲ့ ရေမီ့ရဲ့ ကျောင်းနေဘက် အရင်းနှီးဆုံး သူငယ်ချင်းလေးကနေ စတာပဲ။

ဒီသူငယ်ချင်းက ရေမီ့ မွေးရပ်မြေ ဖြစ်တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ နေထိုင်ပါတယ်။ သူ့ဆီမှာ ထူးဆန်းတဲ့ သမီးကလေး တစ်ယောက် ထွန်းကားခဲ့တယ်။ တွတ်တီးတွတ်တာတွေ ပြောတတ်လာတဲ့အခါ ကလေးလေးက ထူးဆန်းတာတွေ စပြောလာခဲ့တယ်။ ဒီလို ပြောတိုင်း လူကြီးတွေက သဘောကျကြတယ်။ ထူးဆန်းတဲ့ ကလေးမို့ အိမ်နီးချင်းတွေက စိတ်ဝင်စားကြတယ်။

လူဝင်စားလေး ဖြစ်မယ်တဲ့။ ဒီလို ယိုးစွပ်ကြတယ်။ မိဘတွေ၊ ဘိုးဘွားတွေက ကလေး စိတ်ကျန်းမာရေးကို ဘေးကနေ ပြုပြင် အားပေးရမဲ့အစား လူဝင်စားကလေးဆိုပြီး အားပေးအားမြှောက် လုပ်ကြတယ်။ သူတို့ကပါ ကလေးခေါင်းထဲ အတွေးမှားတွေ စတင် ရိုက်သွင်းကြတယ်။ ကလေးကို အလုပ်တွေ အများကြီး ပေးသလို မကြာခဏ စဉ်းစားခိုင်းကြတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကလေးဆီက အသစ်အဆန်းတစ်ခု ကြားရတိုင်း သူတို့ ပျော်ရွှင်ကြတယ်။ သူတို့ရဲ့ စိတ်အာဟာရ အပန်းပြေခြင်းကို ကလေးဆီမှာ ရှာဖွေကြသလိုမျိုးပေါ့။

နောက်တော့ သဘာဝလွန် ကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်တဲ့ ဆရာသမားတချို့နဲ့ ချိတ်ဆက်မိတယ်။ ပြသကြတယ်။ အဲ့ဒီနောက်ပိုင်းက စလို့ အရွယ်ရောက်လာတာနဲ့အမျှ ကလေးအခြေအနေက အရင်ကထက် ပိုမို ဆိုးရွားလာခဲ့တယ်။ ကလေးသဘာဝ ပျော်ရမဲ့ အရွယ်ကလေးမှာ တငိုင်ငိုင်၊ တတွေတွေ၊ တငိုငို၊ တရယ်ရယ် ဖြစ်လာတယ်။ အပျိုကလေး ဖြစ်လာတဲ့အခါ အိမ်မှာ ဘယ်လိုမှ ဆက်လက် ကုသလို့ မရတော့တဲ့ အခြေအနေ ရောက်လာခဲ့တယ်။ ဒီအချိန်မှာ သူတို့ ဗျာများကြတော့တာပဲ။ ရေမီ့အနေနဲ့ စိတ်ရောဂါကု ဆေးရုံကို ပြသစေချင်ပေမဲ့ သူတို့က ဒီလို တွေးမိပုံ မရကြပါဘူး။

ပြဿနာရဲ့ အဖြေကို ခေါင်းအေးအေးနဲ့ မစဉ်းစားကြတဲ့ မိဘတွေက နတ်ဆရာတစ်ယောက်နဲ့ ထပ်မံတွေ့ဆုံခဲ့တယ်။ နတ်ဘုရားတွေရဲ့ အလိုဆန္ဒအရ ကလေးရဲ့ အတိတ်ဘဝနဲ့ ချိတ်ဆက်ရမယ်၊ ဒါကို လက်ခံရင် ပျော်ရွှင်အောင် လုပ်ပေးမယ် ဆိုတဲ့ ဆရာဖြစ်သူရဲ့ စကားကို ခြွင်းချက်မရှိ လက်ခံလိုက်ကြတယ်။ သူငယ်ချင်းဆီက ဒါကို ကြားခါစ ရေမီ့ မျက်လုံးတွေ ပြာခနဲ။ ရေမီဆိုတာ စိတ်ကူးမယဉ်တတ်တဲ့ လက်တွေ့သမားမို့ ဒါမျိုးကို လက်မခံနိုင်။ စိတ်မချရတဲ့ နည်းလမ်းမို့ အချိန်မီ တားလိုက်သေးပေမဲ့ သူငယ်ချင်းက လက်မခံ။

မကြာပါဘူး။ သမီးလေးက နတ်ဆရာဆီမှာ လက်လွန်လို့ ဆုံးသတဲ့။ ကိုယ်တိုင်လဲ အသုဘကို တက်ရောက်ခဲ့ရသူမို့ နောင်တရနေတဲ့ သူငယ်ချင်း မိသားစုရဲ့ အပူဟာ ရေမီ့ဆီ ကူးစက်ပြီး အပူဟပ်ခဲ့သေးတာ။ ကိုယ့်မှာလဲ သားသမီးတွေ ရှိတာမို့ သူငယ်ချင်း အပူဟာ ရေမီ့အပူလိုပါပဲ။ အဲ့နေ့က ဖက်ငိုခဲ့တဲ့ သူငယ်ချင်းရဲ့ ရုပ်လွှာဟာ ရေမီ့ကို အများကြီး တုန်လှုပ်စေခဲ့တာ။

လူမှုအသိုင်းအဝိုင်းကြားမှာ အတော်ကလေး ဂယက်ထသွားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ပြောရမယ် ဆိုရင် ရေမီတို့ အသိုင်းအဝိုင်းမှာ လူဝင်စားတို့၊ နတ်ဆရာတို့ ဆိုတဲ့ စကားလုံး ကြားတာနဲ့ လန့်ဖျပ်သွားကြတာမျိုးပေါ့။ အခုနောက်ပိုင်း နှစ်ကာလတွေ ရောက်လာတဲ့အခါ ပြန်လည်ဝင်စားခြင်းနဲ့ ပတ်သက်ပြီး တတ်သိနားလည်သူတွေ အချင်းချင်း သိပ္ပံနည်းကျ အတည်ပြုကြ၊ ချက်ကျလက်ကျ ရှင်းပြကြ၊ ငြင်းခုန်ကြတာတွေ ကြားရပေမဲ့ ရေမီ့တစ်ကိုယ်ရေစာကတော့ ထိတ်လန့်ကြောက်ရွံ့သွားခဲ့တာ။ ဒါနဲ့ ပတ်သက်ပြီး မကြားချင်တော့တာ။

ရေမီက လူတစ်မျိုး။ ကြင်နာတတ်တယ်၊ လူတွေကို ကူညီတတ်တယ် ဆိုပေမဲ့ လူဝင်စား ဆိုတာကို ဘယ်တုန်းကမှ မယုံ။ ဘယ်လို သာဓက ပြပြ ရေမီ မယုံကြည်နိုင်ခဲ့တာ။ ဒါကလဲ ကိုယ်လက်ခံထားတဲ့ ကိုယ့်အမှန်တရားနဲ့ ကိုယ်ပါပဲ။ ရေမီ လက်ခံထားတဲ့ မယုံကြည်ခြင်းဟာ သူငယ်ချင်း မိသားစုကို မျက်မြင်ကိုယ်တွေ့ ထပ်တွေ့လိုက်ရမှ အရောင်ပိုလက်လာတာမျိုး။

ဒီလိုကနေ နှစ်ကာလတွေ ကြာညောင်း ပြောင်းလဲသွားလို့ ရေမီ အနည်ထိုင်ခါစမှာ အန်မာက တစ်စခန်း ထလာခဲ့တယ်။ ဆောလ်ဆီမှာ ဖြစ်ပေါ်နေတဲ့ ရောဂါကို ရအောင် ရှာဖွေဖို့ မကြိုးစားကြဘဲ စိတ်ကုထုံးပညာရှင်ဆီ ပြေးကြသတဲ့။ သိပ္ပံနည်းကျနဲ့ ဂမ္ဘီရကို ပေါင်းစပ်ပြီး အထိခိုက်ကင်းအောင် ကုသမယ်ပြောပြော၊ ဘာပြောပြော ရေမီ အယုံအကြည် နည်းခဲ့တာ။

သမီးဖြစ်သူအပေါ် ဘယ်တုန်းကမှ စိတ်မခုဖူးတဲ့ ရေမီက ဘယ်လောက်အထိ စိတ်ဆိုးမိသလဲ ဆိုရင် မြေးလေး အနားမှာ ဆက်မနေရဲ၊ မြေးလေး သတင်းတွေ ဆက်နားမထောင်ရဲတော့ဘဲ သားကြီး ရောဘတ် နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်ခဲ့မိတာပဲ။ ဒီကုထုံးကြောင့် ကလေး တစ်ခုခုဖြစ်သွားရင် သားအမိ တော်စပ်ခြင်းကနေ ပြတ်ကြပြီ ဆိုပြီး ကိုယ့်တက်နဲ့ကိုယ် ရွက်လွှင့် ထွက်ခွာခဲ့ပေမဲ့ ထူးဆန်းတာက ဆောလ်ပါပဲ။

မယုံကြည်ခြင်း တရားတွေကို ယုံကြည်လာအောင် လုပ်ပေးခဲ့တာ ဆောလ်ပဲ။ ရေမီ ပိုလန် ရောက်ပြီး နောက်မှာ အန်မာ့ဆီက ဖုန်းအဆက်အသွယ်ကို မပြတ် လက်ခံရရှိခဲ့တယ်။ အန်မာက ပြောတယ်။ ကုထုံးကို အောင်မြင်ပြီးနောက် ဆောလ် နေကောင်းလာပြီတဲ့။ အလုံးစုံ မဟုတ်ရင်တောင် ဆောလ်က တခြား ကလေးတွေကို ပျော်နိုင်လာပြီတဲ့။ အရှုံးမပေးလို စိတ်နဲ့ သေချာလေး စောင့်ကြည့်ပါအုံးလို့ ပြောပစ်တော့ သက်သေပြတဲ့အနေနဲ့ ဆောလ် ပထမဆုံး ကုထုံးလက်ခံတုန်းက အသံဖိုင်ကို အန်မာက တိတ်တဆိတ် ပို့ပေးခဲ့တယ်။

အဲ့တာကို နားထောင်ပြီးကတည်းက ရေမီ တစ်ထစ်လျော့ကျသွားတာ။ ဘယ်တော့မှ မယုံကြည်နိုင်တော့ဘူး ဆိုတာတွေကို ရိုးတိုးရိပ်တိတ် ယုံကြည်လာခဲ့တာ။ ဆောလ်ဟာ တကယ်ကို ပျော်မှ ဖြစ်မှာ။ အန်မာ ပြောသလို မတ်တာဟွန် တောင်ထွတ်ဖျားကနေ ရောက်လာခဲ့တဲ့ ဆောလ်ဟာ မတ်တာဟွန် တောင်ထွတ်ဖျားကနေ ပြန်လည်ပျောက်ကွယ်သွားမှာ ရေမီ ကြောက်လာတယ်။ ဆောလ်ဟာ ရေမီတို့ အသိုင်းအဝိုင်းကြားထဲမှာ ဒီလို အရိပ်တကြည့်ကြည့် ချစ်နေရတဲ့ ကလေးပဲ။

အဲ့နောက်ပိုင်း ဆောလ်ဟာ ငိုတတ်တဲ့ ကလေးလေး ဘဝကနေ လွတ်မြောက်လာခဲ့တယ်။ စောင့်ကြည့်မိလေ စိတ်အေးရလေ။ ဆောလ်ဟာ မယုံနိုင်လောက်အောင် ကြည်လင်လာတယ်။ ပျော်တတ်လာတယ်။ ဆောလ် မျက်လုံးလေးတွေဟာ အမြဲထာဝရ တောက်ပလာတယ်။ တစ်ခါတစ်ရံ ပြန်မက်တတ်တဲ့ အိပ်မက်တွေက လွဲရင် ဆောလ်ဟာ ပျော်ရွှင်နှစ်သက်ဖွယ် ဒီလို ကြီးပြင်းလာခဲ့တယ်။

ဒီလို ဆောလ်က အရွယ်ရောက်လာပြီးနောက် ရေမီနဲ့ ဖုန်းပြောတဲ့အခါ အိပ်မက်ထဲက လူအကြောင်းကို ရယ်ရယ်မောမော တစ်စွန်းတစ်စ ပြောပြတတ်လာတယ်။ ရေမီ မယုံချင်တာတွေကို ဆောလ်က သက်သေပြပေးခဲ့တယ်။ ဝန်မခံဖြစ်ပေမဲ့ အန်မာပြောလေ့ ရှိတဲ့...

"မာမား ကောင်လေးက လူဝင်စားလေးပါ မာမားရယ်"

ဆိုတာကို တိတ်တဆိတ် လက်ခံလာမိတယ်။ ညကပဲ ကြည့်လေ။ ရှိုက်ငိုနေတာမျိုး မဟုတ်ပေမဲ့ တစ်ညလုံး မျက်ရည် သွင်သွင်ကျနေတဲ့ ဆောလ်က ဒီလူပါ ဆိုပြီး ဘရိုင်ယန့်ကို လက်ညှိုးထိုးပြတယ်။

"ဒီလူနဲ့ ပတ်သက်ချင်တယ်၊ ဆောလ် စောင့်နေတဲ့လူက ဒီလူပါ၊ ဒီလူ့ကို လိုချင်တယ်" တဲ့။

ဒီလိုမျိုး အတိအကျ ဆိုလာခဲ့တယ်။

ရေမီ ရင်မောရတယ်။ ဒါတွေကို သိမထားတဲ့ ရောဘတ်ကတော့ သူ့တူကို ထိလို့တဲ့ ဘရိုင်ယန့်ကို သတ်မယ်ချည်း တကဲကဲ။ အခုလဲ အလုပ်ရှိရာ ရောဘတ် ထွက်သွားမှ မြေးအဘွားနှစ်ယောက် အေးအေးလူလူ ဆွေးနွေးရဲကြတာ။ နေ့လယ်ကျရင် အန်မာ့ဆီ ဖုန်းဆက်ပြီး ဒီသတင်းကို ပြောပြရအုံးမယ်။ အန်မာ့စိတ်ကို ကြိုတင်ပြင်ဆင် ထားလို့ ရအောင် ရေမီ အသိပေးရပါအုံးမယ်။ ရင်ကွဲရမယ် ဆိုရင်တောင် သားအမိနှစ်ယောက် လက်ချင်းတင်းတင်းယှက်လို့ အားတင်းရပါအုံးမယ်။

ဆောလ် ဘဝထဲကို ဝင်ရောက်လာမဲ့လူက ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ဆင်းရဲရဲ၊ ချမ်းသာသာ ရေမီတို့အတွက် ထူးပြီး တုန်လှုပ်စရာ မရှိဘူး ဆိုပေမဲ့ ဘရိုင်ယန့်ကိုမှ လက်ညှိုးထိုးပြလာတော့ ရင်မောရတယ်။ တစ်မျိုးလုံးရဲ့ အဖိုးတန် ရင်နှစ်သည်းချာလေးကို ဘရိုင်ယန်က ကြင်နာနိုင်ပါ့မလား၊ ဘရိုင်ယန့်ဆီမှာ အဆိုတင်းသွင်းတဲ့အခါ ဆောလ် အောင်မြင်ပါ့မလား။

ရေမီ့လိုပဲ ဘရိုင်ယန်ဟာ လူပြန်ဝင်စားခြင်းကို မယုံကြည်တဲ့ လူတစ်ယောက် ဆိုရင် ဘယ်လိုလုပ်မှာလဲ။ လုံလောက်နေပြီ မဟုတ်လား။ ငယ်ဘဝ တစ်လျှောက်လုံး အိပ်မက်ဆိုးတွေနဲ့ လုံးထွေးပြီး နာကျင်ခဲ့ရတာက ဆောလ်လေးအတွက် လုံလောက်နေပြီ မဟုတ်လား။ အကြိမ်ကြိမ် ချမိတဲ့ သက်မမောဟာ ဆောလ်လေးကို မနာကျင်စေချင်လို့ပါ။

^^

ရေမိုးချိုးပြီးကတည်းက ဆောလ်တစ်ယောက် ဘရိုင်ယန့်အိမ်အနား ရစ်သီရစ်သီ လုပ်နေခဲ့တာ။ အိမ်ကလေးက ချိုင့်ဝှမ်းသဏ္ဌာန် မြေအနေအထားမှာ တည်ရှိတာမို့ ဘေးနှစ်ဖက်က တောင်ကုန်းမို့မို့တွေပေါ်က တက်ကြည့်ရင် ပြတင်းပေါက်တွေက တစ်ဆင့် ဘရိုင်ယန့်အခန်းကို ကောင်းစွာမြင်ရပါတယ်။

သရုပ်ပျက်အောင် ဘယ်လောက် ချောင်းမိသလဲ ဆိုရင် ဘရိုင်ယန့် အိမ်နီးချင်းတွေတောင် သတိထားမိတဲ့အထိ။ ရေမီ လိုက်လာပြီး နားလည်အောင် ရှင်းပြမှသာ ရယ်ရယ်မောမောနဲ့ ထပ်မစပ်စုကြတော့တာ။

ဒီလိုကနေ မထင်မှတ်ပဲ မျက်ဝန်းချင်း ဆုံမိကြရင် မတူမတန်ဟန်ပန်နဲ့ ဖွင့်ထားတဲ့ အပေါက်မှန်သမျှ ဝုန်းခနဲ လိုက်ပိတ်ပစ်တယ်။ ဆောလ်ကတော့ အဲ့ပုံစံလေးကို မြင်တိုင်း အူမြူးနေတာ ရပ်မရ။ စတာ မကြိုက်တဲ့ ကလေးကိုမှ အတင်း လိုက်စနေမိတဲ့ လူကြီးတစ်ယောက်လို ပျော်နေမိတာ။

မနေ့ကလဲ ခြံအပြင်ဘက်မှာ ဆောလ် အဝတ်တွေ၊ စောင်တွေ လွှင့်ပစ်ထားတာ မြင်လို့ သွားကောက်ရင်း ရယ်မိသေးတယ်။ တကယ် ကလေးနဲ့ တူနေတာ မဟုတ်ဘူးလား။

ခေါင်းမော့ရယ်မိခြင်း နောက်မှာ ကိုယ့်ပခုံးသားကိုယ် လက်နဲ့ဖွဖွ ပွတ်သပ်ကြည့်မိတယ်။ ဘယ်နှကြိမ်တောင် ရှိပြီလဲလေ။ ပခုံးစွန်းပေါ် လက်တင်လိုက်မိတိုင်း အနွေးဓာတ်တွေ ရလာသလို။ နှလုံးသားက စည်းဝါးတကျ ငြိမ့်ငြိမ့်လေး ခုန်နေခဲ့တာ။ အဲ့ဒီလူ ထွေးဖက်ခဲ့တဲ့ နေရာတွေပေါ့။

အဲ့ဒီလူရဲ့ ထွက်သက်နွေးနွေးတွေ စွန်းထင်းခဲ့တဲ့ ဆောလ်ရဲ့ ရင်ခွင်။ အဲ့ဒီလူရဲ့ ရင်ခွင်ထဲမှာ နွေးနေအောင် ကွေးခဲ့ရတဲ့ တစ်ညတာ။ အပြင်ပိုင်း ပုံစံက အေးစက် မာကျောနေသလောက် ရင်ခွင်က ဘာကြောင့် နွေးနေရပါသလဲ။ ဖက်တဲ့လူက တစ်ညလုံး လှုပ်မရအောင် ဖက်ထားခဲ့သလို အဖက်ခံတဲ့ လူကလဲ တုပ်တုပ်မျှ မလှုပ်ဘဲ အဖက်ခံခဲ့တာ။

စိတ်ပူပြီး တစ်ညလုံး အထပ်ထပ် ခြုံပေးခဲ့မိတဲ့ ဂွမ်းစောင်တွေက မနက်လင်းပိုင်း ရောက်လာတော့ ပူတယ် ထင်ပါရဲ့။ စောင်တွေကို ကုတင်အောက် ကန်ချတဲ့အခါ ဘရိုင်ယန့် ခြေထောက်တွေကြား ဆောလ်ပါ လုံးထွေး ရောပါသွားခဲ့တာ။ ရင်ခွင်ထဲ ပြန်ဝင်ပြီး ခပ်တည်တည် ပြန်အိပ်နေချင်ပေမဲ့ အိပ်ပျော်နေတဲ့ လူကို ထိုင်ငေးနေရင်း အချိန်တွေ တရိပ်ရိပ် ကုန်ဆုံးသွားခဲ့တာ။ ဒီလိုနဲ့ မှေးခနဲ ဖြစ်သွားတယ် ထင်ပါရဲ့။ ဆောလ် သတိပြန်ဝင်လာတော့ ဘရိုင်ယန်က နိုးနေခဲ့ပြီ မဟုတ်လား။

ဘရိုင်ယန့်ကို စတွေ့ကတည်းက ချဉ်းကပ်ရ ခက်တဲ့ လူမျိုးဆိုတာ သဘောပေါက်ပြီးသားပါ။ ဆောလ်တို့က ကံကြမ္မာကြောင့် ကျိန်းသေ ဆုံတွေ့ရတဲ့ လူတွေဆိုရင် ဆောလ်တင် မဟုတ်၊ ဘရိုင်ယန့်မှာလဲ ပုစ္ဆာခက်ခက်တွေ ရှိနေမှာပဲ။ ဘရိုင်ယန် လျှောက်နေရတဲ့ လမ်းက ဘယ်လို လမ်းမျိုးဖြစ်မလဲ။ ဘရိုင်ယန်က ဘာလို့ လူတွေနဲ့ မပတ်သက်ချင်တာလဲ။ ဒါတွေက ဆောလ် သိအောင် ကြိုးစားရမဲ့ ပုစ္ဆာတွေပဲ။ ရေမီ ပြောပုံအရဆို ဘရိုင်ယန်က နားလည်ရခက်တဲ့ လူစားမျိုးပဲ ဖြစ်မှာ။

မျက်ဝန်းညိုညိုအပြင်၊ နှုတ်ခမ်းသားအလယ်က မှဲ့နက်ကလေး၊ အဲ့တာတွေထက် ဘရိုင်ယန့်ဆီက တစ်စွန်းတစ်စ ကြားနေရတဲ့ ဗမာစကား။ ဒီလူ့ကို စမြင်လိုက်ကတည်းက ခုန်နေတဲ့ ဆောလ် နှလုံးသား။ မျက်ရည်တွေနောက်မှာ ဝမ်းမြောက်ခြင်းတွေ ကပ်ပါနေတဲ့ ခံစားမှု။

ဒီလူနဲ့မှ မဟုတ်ရင် မရှင်သန်ချင်တော့သလို ငြိတွယ်မှုမျိုး။ ဘရိုင်ယန့် အနားမှာ နေခွင့်ရတဲ့ တစ်စက္ကန့်တိုင်းဟာ ဘယ်လောက်များ နှစ်လိုဖွယ် ကောင်းသလဲဆို ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်လုံး မကြုံဖူးခဲ့တဲ့ နှလုံးသား အာဟာရတစ်မျိုးကို မြည်းစမ်းခွင့် ရနေသလိုမျိုးပါပဲ။

မြင်နေရင်းကို ခိုက်ခိုက်တုန်အောင် လွမ်းနေတာ။ မရင်းနှီးသေးခင် ချစ်ပစ်လိုက်ချင်တာ။ မျက်နှာချောချောကို အားပါးတရ ငေးကြည့်ရင်း ပျော်စရာကောင်းတဲ့ အကြောင်းတွေ ပြောပြချင်တာ။ ဒီလူက ရယ်လိုက်ရင် ဘယ်လောက်တောင် ကြည့်ကောင်းနေမှာလဲ။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေ အနောက်မှာ နေပျော်စရာ ဘဝတစ်ခုရှိကြောင်း ဆောလ် ပြပေးလိုက်ချင်တာ။

ဆောလ်နဲ့ ဆိုရင် နေ့တိုင်း ပျော်ရမယ်လို့ တိုးတိုးလေး ပြောပြီး ဖျားယောင်းလိုက်ချင်တာ။ မနှစ်မြို့တဲ့ မျက်ဝန်းတွေနဲ့ ဆက်တိုက် အကြည့်ခံရတာတောင် ပျော်ရွှင်နေတာ အနှိုင်းမဲ့ပါ။ အားလုံး ပေါင်းစပ်ကြည့်တဲ့အခါ ဆောလ်ရဲ့ တစ်စုံတစ်ယောက်ဟာ ဘရိုင်ယန် ဖြစ်နေတယ် ဆိုတာ သေချာသထက် သေချာလာခဲ့တယ်။

ဆောလ်ကိုယ်ဆောလ် ပြန်မေးတယ်။ ဆောလ်အတွက် တစ်ကိုယ်ရေစာ သေချာနေပြီ ဆိုရင် ချဉ်းကပ်ဖို့အပြင် တခြားနည်းလမ်း မရှိ။ ဘရိုင်ယန်က ကျိန်းသေ လက်ပေါက်ကပ်တဲ့ လူခွစာတစ်ယောက်မို့ ဆောလ်က ဒါကို ကြောက်နေလို့ မဖြစ်။ ရင်ဆိုင်မှ ဖြစ်မှာ။ သူ့ထက် ပိုဂျစ်တိုက်နိုင်မှ ချဉ်းကပ်လို့ ရမဲ့ အနေအထား။

ဘရိုင်ယန့် စိတ်နေစိတ်ထားကို အကဲခတ် ကြည့်ရသလောက် ရောဘတ်နဲ့ ခပ်ဆင်ဆင်မို့ ဆောလ်အတွက် အထူးတလည် ပြင်ဆင်ရမှာမျိုးတော့ မရှိပါဘူး။ အဲ့လိုစရိုက်မျိုးတွေက သူတို့ရှေ့မှာ အားနည်းပြရင် သိပ်မုန်းတတ်သလို တစ်ပါးသူကို သနားရမှာ မလိုလားဘူး။ တစ်ပါးသူက သူတို့ကို လာသနားကြမှာ၊ ဖေးမပေးမှာ ပိုလို့တောင် မလိုလားကြပါဘူး။

အထီးကျန်နေတာကို လူမသိအောင် သိုဝှက်ကြရင်း ပတ်ဝန်းကျင်နဲ့ သူတို့ခြား စည်းအထပ်ထပ် ခြားထားလိမ့်မယ်။ နှလုံးသား အာဟာရချို့တဲ့နေပေမဲ့ သန်မာချင်ယောင် ဆောင်ကြပါလိမ့်မယ်။ ဒီအတိုင်း သူအော် ကိုယ်အော်၊ သူတင်း ကိုယ်တင်းနဲ့ပဲ အနားကို ရောက်အောင် တိုးကပ်သွားမှ သူတို့နဲ့ ပတ်သက်ခွင့်ရမှာ။

ဆောလ်ရဲ့ စိတ်ရှည်မှုကြောင့်ပဲ ရောဘတ်နဲ့ ဆက်ဆံရေးမှာ အောင်မြင်မှု ရခဲ့တာက သာဓကပဲလေ။ ဘယ်သူနဲ့မှ မတည့်သလို၊ ဘယ်ကလေးကိုမှ မချစ်တတ်တဲ့ ရောဘတ်က ဆောလ်ကို ချစ်သူလေးလို့ ခေါ်ပြီး သည်းသည်းလှုပ် ချစ်မြတ်နိုးလာခဲ့တာ၊ ဘယ်သူ့အပြောအဆိုကိုမှ မခံနိုင်အောင် ဆောလ်ကို ထိရင် နာတတ်လာတာက လုံလောက်တဲ့ အကြောင်းပြချက်ပါပဲ။

အခုလဲ သေချာခြင်းများစွာနဲ့ အနားကို ရောက်အောင် တိုးကပ်သွားမှာ။ အဲ့ဒီလူ မလိုလားရင်တောင် အကြောတင်းတင်းနဲ့ တွယ်ကပ်နေတော့မှာ။ အဲ့ဒီလူ သည်းသည်းလှုပ် ချစ်ရတဲ့ လူသားလေးက ဆောလ်ဖြစ်လာအောင် ကြိုးစားရမှာ။ အဲ့ဒီလူရဲ့ နှလုံးသားထဲမှာ ဆောလ်နဲ့တင် ပြည့်လျှံသွားရမှာ။

တစ်ကိုယ်ရေ သေချာနေတာ တစ်ခုကလေ အဲ့ဒီလူကို စမြင်ပြီးကတည်းက တစ်နေ့မှာ ဒီလူက ဆောလ်ကို ကျိန်းသေ ချစ်မြတ်နိုးလာလိမ့်မယ် ဆိုတာပေါ့။ ဘာကြောင့် ရှင်သန်ခဲ့ရလဲဆိုတဲ့ အဖြေက အဲ့ဒီလူဆီမှာ ရှိနေတာလေ။ ဆောလ်က ဘာတွေများ တွေဝေနေရပါအုံးမလဲ။

ဆောလ်က လူငယ်ပဲ၊ ငြင်းဆန် မောက်မာရမှာက ဘရိုင်ယန့် အလုပ်ဆိုရင် အရှက်မရှိ တွယ်ကပ်ရမှာနဲ့ ဘရိုင်ယန် အော်တာကို ခံနိုင်ရည် ရှိဖို့က ဆောလ်အလုပ်ပါပဲ။ ဘရိုင်ယန်နဲ့ နီးကပ်ချင်တယ်။ ပြီးတော့ ရင်းရင်းနှီးနှီး ပတ်သက်ချင်တယ်။ ဆောလ် ဘာလိုချင်လဲ ကိုယ့်ကိုယ်ကိုယ် သိနေတာပဲ မဟုတ်လား။

အခုပဲ ကြည့်ပါအုံး သူ့အကြောင်း တွေးတာနဲ့ ဆောလ်တစ်ကိုယ်လုံး အချစ်စွမ်းအားတွေ ပြည့်နှက်နေလိုက်တာ။

အတွေးဆုံးတာနဲ့ ခြေဖျားထောက်ပြီး စပ်စုလိုက်တော့ ရေချိုးထားပုံရတဲ့ ဘရိုင်ယန်က ဝတ်စုံအပြည့်နဲ့မို့ အခုပဲ တစ်နေရာရာ သွားမဲ့ဟန်။ ရေမီ့အိမ်က လမ်းထိပ်မှာ ဖြစ်ပြီး ဘရိုင်ယန့်အိမ်က အတွင်းပိုင်း ပိုကျပြီး ဝေးတာမို့ အပြင်သွားမယ်ဆို ရေမီတို့ အိမ်ရှေ့က ကျိန်းသေ ဖြတ်ရပါတယ်။

အတွေးနဲ့အတူ အိမ်ကို ဟတ်ထိုးလဲမတတ် ပြန်ပြေးပြီး အဆင်ပြေမယ် ထင်တဲ့ ဝတ်စုံတစ်စုံနဲ့ အနွေးထည်ထူထူပါ လဲလှယ် ဝတ်ဆင်လိုက်မိတယ်။ အဲ့နောက် အိမ်ပေါ်ထပ်ကနေ ဒရောသောပါး ပြေးဆင်းလာတော့...

"ဆောလ် ဘယ်လဲကွယ်"

"ဘရိုင်ယန့်နောက် လိုက်မယ်"

ရေးကြီးသုတ်ပျာ ပြန်ဖြေတော့ ရေမီက သက်ပြင်းရှိုက်တယ်။

"သူ အနိုင်ကျင့်ရင် ရေမီ့ကို ချက်ချင်း ဖုန်းဆက်နော်"

လက်သီးလက်မောင်းတန်း နေပုံကြောင့် ခေါင်းမော့ပြီး ဆောလ် ဟက်ဟက်ပက်ပက် ရယ်လိုက်မိတယ်။

"ရေမီက ဘာလုပ်ပေးမှာလဲ"

"ခြေသလုံးဖက် တောင်းပန်ရမှာပေါ့"

မြေးအဘွားနှစ်ယောက် ရယ်ရယ်မောမောနဲ့ တစ်ယောက်ခါး တစ်ယောက်ဖက်ပြီး အိမ်ထဲက ထွက်လာတော့ ခြံဝန်းလေး ထိပ်မှာ ဘရိုင်ယန်နဲ့ တည့်တည့်တိုးတယ်။ ဘရိုင်ယန့်ကို မြင်တာနဲ့ ရေမီ့က ဆောလ် ပါးလေးကို ဖျတ်ခနဲ နမ်းပြီး...

"အပြန် နောက်မကျစေနဲ့နော် ချစ်သူလေး၊ မကောင်းတဲ့ လူတွေကိုလဲ ရှောင်"

မကောင်းတဲ့ လူဆိုတာ ဘရိုင်ယန့်ကို ရည်ရွယ်ပြီး တမင် စနေမှန်း သိတော့ ဆောလ် အသံထွက်အောင် ရယ်လိုက်မိတယ်။ ကြားသွားပုံရတဲ့ လူချောစိတ်တိုကြီးက မှုန်ကုပ်လာတာမို့ ဆောလ် အူမြူးလာတာ ရပ်မရ။

"ဆောလ် ချစ်သူလေး စိတ်မပျက်စေရဘူးနော်၊ အိမ်ထဲမှာ နွေးနွေးထွေးထွေးနေ ဟုတ်ပြီလား၊ ချစ်တယ်နော်"

ရေမီ့နဖူးလေး ငုံ့နမ်းရုံရှိသေး...

"တောက်... ဒီနေ့တော့ တစ်နေကုန် ပြဿဒါးပဲ ထင်တယ်၊ သောက်ခွေးမွှေးက မျက်စိရှေ့မှာ ပလူကိုပျံနေတာပဲ"

ဘယ်သူ့ကိုမှ တည့်တည့်ကြည့် ပြောတာလဲ မဟုတ်ဘဲ ဘေးက ထွက်လာတဲ့ ဗမာအသံကြောင့် နားမလည်တဲ့ ရေမီက မျက်လုံးလေးကို ဝိုင်းလို့။ ဘရိုင်ယန့် မျက်နှာထား တင်းတင်းကို မြင်တော့ ဆောလ် လက်ကို စိတ်မချသလို တင်းခနဲ ဆုပ်ကိုင်တယ်။ 'ဖြစ်ပါ့မလား ဆောလ်ရယ်' ဆိုတဲ့ ပုံစံမျိုး။

ငဲ့ကြည့်ခိုက်မှာ လက်ဖဝါးက ပတ်တီးဖြူဖြူလေးကြောင့် ရင်ထဲ နင့်ခနဲ။ မနေ့က ဆောလ်ကို ခြောက်လှန့်ချင်လို့ နာကျင်သွားရတာ မဟုတ်လား။ အေးနေတဲ့ ရာသီဉတုမှာ ကိုက်ခဲနေမှာလား။ အတွေးမဆုံးခင် ခေါင်းကို ခါထုတ်ပစ်ရတယ်။ ဒီဒဏ်ရာကို ဆောလ် မသိချင်ယောင် ဆောင်ထားမှ ဖြစ်မှာ။ ဘရိုင်ယန်က ဆောလ်ဆီက သနားကြင်နာမှုကို နည်းနည်းလေးမှ လိုချင်မှာ မဟုတ်ဘူးလေ။ စိတ်မကောင်းဟန်နဲ့ ကြည့်လိုက်မိရင် သူ ထပြီး ပေါက်ကွဲတော့မှာပဲ။

ဘရိုင်ယန်က လမ်းမတန်းဆီ ရောက်နေပြီမို့ စိတ်မချ ဖြစ်နေတဲ့ ရေမီ့ကို ပွေ့ဖက်နှစ်သိမ့်ပြီး ခြေလှမ်းကျဲကြီးနဲ့ ထွက်သွားတဲ့လူ အနောက်ကနေ ဆောလ် အပြေးလိုက်သွားမိတယ်။ သတိရလို့ လှည့်ကြည့်တော့ ရေမီက ရင်ဘတ်လေးကို ဖိလို့။

အနောက်ကို တစ်ချက်မှ လှည့်မကြည့်တဲ့ ကျောပြင်ကျယ်ရယ်၊ တကောက်ကောက် လိုက်နေတဲ့ ဆောလ်ရယ်၊ နောက်နားမှာ ရင်ဘတ်ဖိပြီး မျှော်ကြည့်နေတဲ့ ရေမီရယ်။ အရွယ်သုံးမျိုးနဲ့ လူသုံးယောက် ပုံစံက ဘေးကကြည့်မယ်ဆို ရယ်ပစ်ချင်စရာပဲ။

ထူးဆန်းတာက ဆောလ်ရင်ထဲမှာ ကြည်နူးချမ်းမြေ့ခြင်းတွေ ကြီးစိုးနေခဲ့တာ။ ရှူသွင်းရတဲ့ ဆောင်းလေပြေက အစ ခါတိုင်းနဲ့မတူ လတ်ဆတ်နေတာများ။ တစ်ယောက်က ရှေ့က သွားနေပြီး တစ်ယောက်က နောက်က လိုက်နေရင်း ပထမဆုံး ဆုံခဲ့တဲ့ ဆင်ခြေလျှောလေးနား ရောက်လာတဲ့အခါ...

"ဘာလဲ"

လှည့်မေးလာတဲ့ မျက်ဝန်းညိုမှာ အလိုမကျမှုက တစ်ရာ ရာခိုင်နှုန်းအပြည့်။ စုကြုတ်ထားတဲ့ မျက်ခုံးတန်း နှစ်ဖက်က ထိစပ်လုနီးပါး။ ခြေချောင်းတွေကို ခွဲရပ်ပြီး လက်ပိုက်တယ်။ တော်ရုံလူဆို ဘုံးခနဲ လဲကျသွားနိုင်တဲ့ အကြည့်မျိုးနဲ့ ဆောလ်တစ်ကိုယ်လုံးကို မနှစ်မြို့သလို အထက်အောက် ဝေ့ကြည့်တယ်။

ပါးရိုးတစ်လျှောက်မှာ ပါးသိုင်းမွှေး မတိုမရှည်တွေ ပေါက်ရောက်နေပြီး စူးရှတဲ့ အကြည့်တို့ကြောင့် ဘရိုင်ယန့် ပုံစံက ဆွဲဆောင်အားပြင်းနေတဲ့ ခပ်မိုက်မိုက် ယောက်ျားတစ်ယောက်အသွင်။

*ဆောလ် နမ်းပစ်ချင်လိုက်တာ။

ပုံစံမပျက်ဘဲ အသက်ကို ဝအောင် ရှူတယ်။ ခုန်နေတဲ့ နှလုံးသားလေးကို ငြိမ်ငြိမ်နေဖို့ သတိပေးရတယ်။ ယိုင်ချင်နေတဲ့ ဒူးနှစ်လုံးကို အားအပြည့် ထည့်ပြီး မတ်မတ်ရပ်ရတယ်။ တစ်ကိုယ်လုံးမှာ အုံကြွနေသမျှ အကြောပေါင်းတစ်ထောင်ကို တင်းနေအောင် ဆွဲချည်လိုက်ရတယ်။ အကြောတင်းထားမှ ဖြစ်မယ်။ ခဏနေရင် ဆောလ် အဆူခံရတော့မှာမို့ ရှိသမျှ အကြောတွေ အကုန်လုံး တင်းနေဖို့ လိုအပ်ပါတယ်။

မျက်စိရှေ့က လူကို မျက်နှာတည်နဲ့ ခပ်အေးအေး ပြန်စိုက်ကြည့်နေပေမဲ့ ဆောလ် ရင်ထဲမှာ ရိုးရာပွဲတော်တွေ သောင်းသောင်းဖျဖျ ကျင်းပနေကြတယ်။ မျက်နှာသေ လုပ်ထားပေမဲ့ အတွင်းပိုင်းမှာ ဂနာမငြိမ် လတ်လျားလတ်လျား ဖြစ်နေတာက တော်ရုံမဟုတ်။ ဘဝမှာ ယောက်ျားရင့်မာကြီး တစ်ယောက်ကို ဒီလို သရုပ်ပျက်အောင် သဘောကျမိလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးရိုး အမှန်ပါ။

ပျော်နေတဲ့ စိတ်လေး မပျောက်ကွယ်ခင် မျက်စိရှေ့က လူကြီးကို ဆွဲဆောင်ချင်လာတယ်။ အတွေးဆုံးတာနဲ့ ထောင့်မှန်ပုံ လုပ်ထားတဲ့ ဆောလ်ရဲ့ လက်ညှိုးနဲ့ လက်မကို မေးအောက်ကနေ ပင့်ပြီး ထောက်လိုက်တယ်။ မျက်နှာလေးကို ပင့်ပစ်လိုက်တယ်။ ဒီမျက်နှာလေးနဲ့ ဒီလိုညှို့လိုက်ရင် ဘယ်လို လူမျိုးမဆို ဆောလ်ရှေ့ ပြုတ်ကျလာတတ်တာ အရှေ့မှာ သာဓကတွေ ရှိခဲ့တယ် မဟုတ်လား။ မျက်နှာအမူအရာကို တမင် ခပ်မြူးမြူးလေး လုပ်ပြရင်းက...

"ဆောလ်က လားချော"

ဗမာလို ကြိုးစား ပြောလိုက်ပေမဲ့ တစ်ဖက်က နားမလည်သလို မျက်မှောင်ကို စုကြုတ်တယ်။ မျက်နှာက တဖြည်းဖြည်း မှောင်ကျလာလေလေ ဆောလ် ပျော်လာလေလေ။ ပုံစံက လတ်ဆတ်နေလိုက်တာများ ရေချိုးထားမှန်း သိသာလိုက်တာ။ သိပ်ချောတာပဲ။ ဝတ်စုံပြည့် ဝတ်ထားတာမို့ ချောတယ် ဆိုတာထက် ခံ့ညားတဲ့ဘက် ပိုရောက်ပါတယ်။

"ယောက်ျားတွေ ဘဝက လေးဆယ်ပြည့်မှ စတာကွ" တဲ့။

ပါပါး ပြောဖူးတာတွေ ပြန်ကြားယောင်လာတော့ ဟက်ဟက်ပက်ပက် ထရယ်လိုက်မိတယ်။ ယုံတယ်။ ဆောလ် တကယ် ယုံသွားတာ။ ပါပါးထက်၊ ရောဘတ်ထက်၊ ကမ္ဘာပေါ်က သက်တူရွယ်တူတွေထက် တမူထူးပြီး ချောမောနေတဲ့ ဘဘကြီး။ ဆောလ်ကသာ အတွင်းလှိုက်ပြီး အူမြူးနေပေမဲ့ မှုန်ကုပ်ထားတဲ့ ဘဘကြီးက...

"ဒီမှာ ဗမာလို ပြောမယ်ဆို ကောင်းကောင်းမွန်မွန် ပြော၊ မပြောနိုင်ရင် ငါ့ရှေ့မှာ တစ်ခွန်းမှ လာမဟနဲ့၊ ဘာဂြိုဟ်သား စကားတွေမှန်း မသိဘူး... တောက်"

မချိုမချဉ် ပြုံးနေဆဲ ဆောလ်ကို မကြည်သလို အကြာကြီး စိုက်ကြည့်နေရင်းက...

"သောက်ရူးလိုလို သောက်ပေါလိုလိုနဲ့"

ဆောင့်အောင့်ပြီး ထွက်လာတဲ့စကား။

သောက်ရူးလိုလိုက ဟုတ်ပါပြီ၊ သောက်ပေါလိုလို ဆိုတာက ဘာလဲ။ ဘာအဓိပ္ပာယ်မှန်း သေချာ နားမလည်ပေမဲ့ ဆဲလိုက်သလို ခံစားနေရတယ်။ မျက်မှောင်ကြုတ်ထားတုန်းမို့ ကျိန်းသေ ကောင်းတဲ့ စကားတော့ ဖြစ်ဟန်မတူ။ ဗမာလို ပြန်ပြောလိုက်ချင်ပေမဲ့ မှားမှာကြောက်တာရယ်၊ နောက်တစ်ကြိမ် အဆူခံရမှာ စိုးတာရယ်နဲ့ မှတ်စု စာအုပ်လေးထဲ ခပ်မြန်မြန် ချရေးလိုက်တယ်။ ဆောလ်က ဗမာလို ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်တယ် ဆိုတာ ဘဘကြီးကို သိစေချင်တာမို့ ရေးပြီးတာနဲ့ မျက်စိရှေ့ ထိုးပြလိုက်မိတယ်။

"ဘဘကြီးနဲ့ ရင်းရင်းနှီးနှီး ပတ်သက်ချင်တယ်၊ ဘဘကြီးကို..."

ဆုံးအောင် မဖတ်လိုက်တဲ့ ဘရိုင်ယန့်မျက်နှာက အဝတ်နီစ တစ်စလို ရဲတက်လာတယ်။ အံတင်းတင်း ကြိတ်လိုက်တာလဲ မြင်တယ်။ ဘယ်လက်ကို တင်းတင်းဆုပ်လိုက်ပြီးမှ ညာဘက်လက်နဲ့ လည်ကုပ်သားကို အတန်ကြာ ဖိနှိပ်နေတယ်။ လေပူတွေ မှုတ်ထုတ်နေတာလဲ တွေ့တယ်။ အသက်ကို မနည်းမှန်အောင် ရှူနေရဟန်နဲ့ နှုတ်ကနေ တိုးတိုးရေရွတ်လိုက်တာက...

"အောင်မယ်လေး... ငါ့ဇက်ကြော"

"ဇက်ကြော ဘာဖြစ်လို့လဲဟင်၊ အကြောသေသွားတာလား၊ ဆောလ် နှိပ်ပေးရမလား၊ ဆေးပြေးဝယ်ပေးရမလား"

စိုးရိမ်စိတ်နဲ့ ပြူးပြူးပျာပျာ မေးလိုက်တာကို အရေးမစိုက်ဘဲ...

"စိတ်ထိန်း ဘရိုင်ယန်၊ စိတ်ထိန်း၊ ဒီခွေးစုတ်ဖွားက ကျပ်ပြည့်တာ မဟုတ်ဘူး၊ မင်း သည်းခံနိုင်စွမ်းက ဒီထက် မြင့်မားတယ်၊ စိတ်ထိန်းစမ်း၊ ကိုယ့်စိတ်ကိုယ်ထိန်းစမ်း"

ဆောလ်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ တစ်ယောက်တည်း လေပူတွေ မှုတ်ထုတ်လိုက်၊ ရေရွတ်လိုက်နဲ့ လည်ကုပ်သားကိုလဲ အခုထိ ဖိနှိပ်ထားသေးတယ်။ ဖြစ်ပျက်နေတဲ့ ပုံစံက ရှုံ့မဲ့နေပြီး တကယ်ကို ချစ်ချင်စရာအတိ။ နေမကောင်း ဖြစ်နေတာ မဟုတ်ဘဲ ဒေါသထွက်နေတာမှန်း သိလာတော့ ရယ်ချင်လာတာ တားမရ။

ခဏနေရင် အပြောအဆို ခံရတော့မှာ သိနေတာတောင် ပျော်နေတာ တော်ရုံမဟုတ်။ မကြီးမငယ်နဲ့ သိပ်ကြီးကျယ်တဲ့ လူကြီးကို မျက်ဝန်းတွေ တလက်လက်ထအောင် စိုက်ကြည့်နေမိတဲ့အခါ ဆောလ်ကို လက်ညှိုးထိုးပြီး...

"ငါ့ရှေ့... ငါ့ရှေ့ ပေါ်မလာစမ်းနဲ့ သောက်ခွေးမွှေးရဲ့"

တောက်တခေါက်ခေါက်နဲ့ မကျေမချမ်း ပြောဆိုပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားတယ်။ ငါးလှမ်းလောက် လှမ်းပြီးခါမှ မကျေနပ်မှု ပြည့်နေတဲ့ မျက်နှာပေးနဲ့ ပြန်လှည့်လာပြီး...

"ငါ့အနေနဲ့ဆို ဒီအတိုင်း ထားလိုက်တော့မလို့ပဲ၊ ဒါပေမဲ့ ငါ့ကိုယ်စောင့်နတ်က လှုံ့ဆော်နေလို့ မေးပါအုံးမယ်၊ ဒီရုပ်ဒီရည်က ဘဘကြီးလား"

သူ့မျက်နှာသူ လက်ညှိုးနဲ့ ထိုးပြရင်း ခပ်ငေါက်ငေါက် လှည့်မေးပုံက တော်ရုံမဟုတ်။ မျက်နှာတစ်ခုလုံး ဒေါသအရောင်တွေ လွှမ်းနေသေးတယ်။ အင်းပေါ့၊ ဘဘကြီးဆိုတဲ့ အသုံးအနှုန်းက ချစ်ခင်သူတွေ အချင်းချင်း ခေါ်ကြတဲ့ ဗန်းစကားမျိုးမို့ ဒေါသထွက်သွားတာ နေမှာ။ မကြိုက်မှန်း သိပေမဲ့ အခုမှ ပိုပြီး ခေါ်ချင်သွားတဲ့ ဆောလ်က စာအုပ်ထဲ ခပ်မြန်မြန် ချရေးပြီး မျက်စိရှေ့ သွားထောင်ပြမိတယ်။

"ဘဘကြီးနဲ့ တအား ရင်နှီးချင်တယ်"

ဖတ်ပြီးတာနဲ့ တောက်ခေါက်သံ ကြားလိုက်ရပြီး...

"မင်းအဖေ သွားပြော သောက်ရူးလေး"

နောက်တစ်ကြိမ် စာအုပ်ထဲ ခပ်မြန်မြန် ချရေးပြီး ပြလိုက်တာက...

"ဆောလ်အဖေ သွားပြောရင် ဆောလ်အမေက ရယ်မှာပေါ့"

"အဲ့တာ မင်းသောက်လုပ်လေ"

ခုနကထက် မှုန်ကုပ်နေတဲ့ မျက်နှာထားနဲ့ ဆောင့်ထွက်လာတဲ့ ဒေါသသံကြောင့် စာထဲ ချရေးချိန် မရှိအောင် ဆောလ် နှုတ်ကနေ ဗမာလို ခုန်ပေါက်ထွက်သွားတဲ့ စကားလုံးက...

"သတ်ပက်..."

"ဘာကွ"

စကားမဆုံးခင် ဆောင့်အော်လိုက်တဲ့ အသံကြောင့် ပြောလက်စက တစ်ဝက်တစ်ပြတ်။ လူလဲ နောက်ပြန် လန်ကျတော့မလို။ ဘယ်သူ့ကိုမှ တော်ရုံ မကြောက်တတ်တဲ့ ဆောလ်လဲ ဘရိုင်ယန်နဲ့ တွေ့မှ ဘာတွေ ဖြစ်ကုန်မှန်းမသိ။ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံ၊ နှလုံးသားရဲ့ တုံ့ပြန်ပုံတွေက ဒီလူနဲ့ ဆုံကတည်းက အလွဲလွဲ အချော်ချော်။ ကြိုးစားပမ်းစား သင်ယူထားရတဲ့ ဗမာစကားက ဒီလိုမှ အသုံးမချရင် ဘယ်လို အသုံးချရတော့မှာလဲ။ လက်ကာပြ ခြေကာပြနဲ့ တစ်ယောက်တည်း အလုပ်ရှုပ်သွားရင်း အသက်ကို မနည်းမှန်အောင် ရှူလိုက်ရပြီး အော်ပြောလိုက်မိတာက...

"ဘဘကြီးကို သက်ပတ်..."

ဘရိုင်ယန့် မျက်နှာ ပိုနီလာတယ်။ ပြောလက်စကို ဆုံးအောင် ပြောဖို့ လိုတာမို့...

"သက်ပတ်ချင်တယ်"

တောက်ခေါက်သံ တိုးတိုးကြားလိုက်ရတယ်။ အဲ့နောက် စိတ်ကို မနည်းလျှော့လိုက်ရဟန်နဲ့ လေပူကို မှုတ်ထုတ်လိုက်ပြီး...

"အဲ့ဒီ့ သက်ပတ်က မင်းမေ..."

စကားကို ဆုံးအောင် မပြောဘဲ စိတ်ရှုပ်သလို ဆံပင်တွေ ဆွဲဖွပစ်တယ်။ အဲ့နောက်...

"တောက်... ဒီဂြိုဟ်သားနဲ့ငါ ဘာလုပ်နေမိတာလဲ"

ပြောဆိုပြီးတာနဲ့ ခြေလှမ်းကျဲကြီးနဲ့ အရှေ့က တလွှားလွှား ထွက်သွားတယ်။ အနောက်ကနေ ဆောလ် ပြေးလိုက်ရပြန်တယ်။ ထုရင်လဲ နာရုံ၊ ဆူရင်လဲ ခံရုံပေါ့။ ဘာလို့ လိုက်နေသလဲ မေးလာရင် သဘောကျလို့ လိုက်နေတယ် ဖြေရုံပါပဲ။

ခင်ဗျားက ဆောလ် အိပ်မက်ထဲက လူလို့ ထပ်ပြောရင်ကော ဒီလူက ယုံမတဲ့လား။ ဟိုနေ့က တစ်ခါ ပြောတုန်းကတောင် သူ့ရဲ့ လှောင်ပြောင်ရိပ်တွေထဲ ဆောလ် လမ်းပျောက်သွားခဲ့ရတာ။ အဲ့ဒီအစား ဘာအကြောင်းပြချက်မှ ထပ်မပေးဘဲ ကြိုးစားမယ်။ ဘာအကြောင်းပြချက်နဲ့မှ မဟုတ်ဘဲ ဒီလူက ဆောလ်ကို ချစ်လာရမယ်။

သူ မနှစ်မြို့ရင်တောင် ချဉ်းကပ်နေအုံးမယ်။ လူတွေနဲ့ ထိတွေ့ရတာ မကြိုက်တဲ့ ဘဘကြီးက ဆောလ်ကိုတော့ ခြွင်းချက်အနေနဲ့ ထိတွေ့ချင်လာရမယ်။ အချိန်ဘယ်လောက် ယူရယူရ၊ ဆောလ်မှ နောက်မဆုတ်နိုင်တာ။ သဘောကျတယ် ဆိုတာ အလကား သက်သက် မဟုတ်ဘူး ဘဘကြီး၊ ခင်ဗျားကို အပျော်ကြံတာ မဟုတ်ဘူး၊ ဆောလ် တကယ် ပိုင်ချင်တာ။

ဒီလိုနဲ့ တစ်နေကုန် ဘရိုင်ယန့် အနောက်က ဆောလ် လိုက်နေမိတာ။ မိတ်ဆွေတွေနဲ့ ဆိုင်တစ်ဆိုင်မှာ အလုပ်ကိစ္စ ပြောနေပုံရတဲ့ ဘရိုင်ယန်က ခပ်လှမ်းလှမ်းကနေ ထိုင်ကြည့်နေတဲ့ ဆောလ်ကို မြင်သွားတိုင်း အံတင်းတင်း ကြိတ်ပြတယ်။ ဘေးတိုက်ကြည့်တာတောင် မေးရိုးတွေက ထင်းနေလိုက်တာများ။ ရှေ့တည့်တည့်မှာ ထိုင်ခိုင်းထားပြီး တမေ့တမော ငေးကြည့်ချင်စရာ ယောက်ျားပဲ။

ပြင်းရှရှ နှစ်ချို့ဝိုင်တစ်ခွက်နဲ့ ဆင်တူနေတဲ့ ဘရိုင်ယန့် အရှိန်အဝါက ဝန်းကျင်တစ်ဝိုက်ကို ဒီလို လွှမ်းခြုံထားတယ်။ ပျော်တယ်။ လူတစ်ယောက်ကို မျက်စိအောက်မှာ တစ်ချိန်လုံး မြင်နေရခြင်းက ပျော်ရွှင်ခြင်းကို ဖြစ်စေတာပဲ။ ဂျစ်ကန်ကန် အကြည့်နဲ့ ဘုဘောက်ကျတဲ့ စကားသံတွေ ကြားလိုက်ရတိုင်း ဆောလ်ရဲ့ မသိစိတ်က ဆက်တိုက် လှုံ့ဆော်လာတယ်။ ဆောလ် သူ့ကို ကျိန်းသေ ပိုင်ဆိုင်ရမယ်။ မျက်စိရှေ့မှာ အကောင်အထည်လိုက် စမြင်ဖူးတာ မကြာသေးပေမဲ့ ရင်ခုန်သံတွေက ပြောတယ်။

"ဆောလ်‌ရေ မင်း သူ့ကို သိပ်ချစ်နေပါပြီကွာ" တဲ့။

အဲ့နောက် ခပ်လှမ်းလှမ်းမှာ စကား ထိုင်ပြောနေတဲ့ လူကြီးကို လှမ်းငေးရင်း ဗမာလို ထပ်ပြောမိတာက...

"သိလား ဘဘကြီး၊ ခင်ဗျား မကြိုက်လဲ သက်ပတ်မှာ"

^^

ဆက်ရန်

ချစ်တဲ့အသွဲ့^^

၅.၂.၂၀၂၂ စနေနေ့

+++++

ZAWGYI

"သူလား"

အဓိပၸာယ္ပါပါနဲ႔ ေရမီ ေမးလိုက္ေတာ့ ေဆာလ္က ေခါင္းညိတ္ျပတယ္။ အဲ့ဒီေနာက္ မ်က္ဝန္းျပာထက္မွာ မ်က္ရည္ဟာ ေနာက္တစ္ႀကိမ္ သိုင္းဖြဲ႕လာတာ ျမင္ေတာ့ ေရမီ သက္ျပင္း ရႈိက္မိေတာ့တာပဲ။ တစ္သက္လုံး နားစြင့္ခဲ့ရတဲ့ ဒီေျမးေလးရဲ႕ ႏွလုံးသား ေရးရာက အ႐ြယ္လြန္ၿပီးသား လူ႔ခြစာတစ္ေယာက္ကိုမွတဲ့။

လူ႐ိုင္းတစ္ေယာက္ မဟုတ္တာ ရိပ္စားမိေပမဲ့ လူယဥ္ေက်း မဟုတ္တဲ့ ဘ႐ိုင္ယန္နဲ႔ ေဆာလ္ေလး ဘယ္လို လုပ္မွာလဲ။ ဘယ္လို စခန္းသြားၾကမွာလဲ။ မေန႔ညကလဲ ေရာဘတ္ အမိန႔္အတိုင္း ဘ႐ိုင္ယန႔္ကို အိမ္ေခၚခြင့္ မရွိ၊ မိုတယ္ သယ္ခြင့္ မရွိတာမို႔ ေျမးအဘြားႏွစ္ေယာက္ ႀကံရာမရတဲ့အဆုံး ဘ႐ိုင္ယန႔္ ေဘးအိမ္ကို သြားႏႈိးရပါတယ္။

ေဘးအိမ္ေက်းဇူးနဲ႔ တံခါးဖြင့္လို႔ ရၿပီးေနာက္ သားအမိေျမးအဘြား သုံးေယာက္ ဘ႐ိုင္ယန႔္ကို အိပ္ရာေပၚ ေနရာခ်ေပးတဲ့ အထိ ေဆာလ္လက္ကို လႊတ္မေပး။ မ်က္ေမွာင္ တြန႔္ကုတ္ထားတဲ့အတိုင္း ႏႈတ္ကလဲ ဘာေတြမွန္း မသိ တိုးတိုးညည္းတြားေနေသးတာ။ ျပန္ဖို႔ လုပ္ၾကတဲ့အထိ ဖ်စ္ညႇစ္ဆုပ္ကိုင္ထားတာမို႔ စိတ္မရွည္တဲ့ ေရာဘတ္က လက္ကို ဆြဲျဖဳတ္ဖို႔ လုပ္ေတာ့ ေဆာလ္က တားတယ္။

"အိပ္ပါေစ၊ ႏိုးသြားလိမ့္မယ္" တဲ့။

ဒီစကားလုံးေလးကို ႏူးႏူးညံ့ညံ့ေလး ဆိုလာတယ္။

ေနာက္ဆုံးေတာ့ ဘြားေအနဲ႔ ဦးေလးကို အတင္းျပန္လႊတ္၊ အိမ္မွာ ရွိသမွ် ေစာင္ေတြ သယ္လာခိုင္းပုံက ငယ္ငယ္တည္းက အခုထိ ေရမီ့ဆီ ေရာက္လာတိုင္း ေဆာလ္ ၿခဳံတတ္တဲ့ သူ အႀကိဳက္ဆုံး ေၾကာင္နဲ႔ႂကြက္ ဂြမ္းေစာင္ေလးကအစ ပါတယ္။

အဲ့ေနာက္ ေရမီတို႔ကို ျပန္လႊတ္ၿပီး ဘ႐ိုင္ယန္နဲ႔အတူ ေဆာလ္ က်န္ရစ္ခဲ့ေတာ့တာပဲ။ မတတ္သာလို႔ ထားခဲ့ရေပမဲ့ ေရာဘတ္က ေတာက္တေခါက္ေခါက္။ ေဆာလ္ မ်က္ဝန္းေတြကို ျမင္လိုက္ရတဲ့ ေရမီ့အတြက္ကေတာ့ ညကတည္းက အိပ္မရစိတ္နဲ႔ လူးလြန႔္ေနခဲ့တာ။ ႏိုးလာတဲ့ ဘ႐ိုင္ယန္ဟာ ေဆာလ္ကိုမ်ား ရန္ရွာေနမလား စိတ္ပူေနခဲ့တာ။

မိုးမလင္းခင္တည္းက အနည္းငယ္လွမ္းတဲ့ ဘ႐ိုင္ယန႔္ အိမ္ကို အေျပးေရာက္လာၿပီး တံခါး လာေခါက္ၾကည့္ခဲ့ေပမဲ့ သုံးႀကိမ္ေျမာက္အထိ ဘာသံမွ မၾကားရလို႔ အသက္မွ ရွိၾကေသးရဲ႕လား ေတြးပူခဲ့ရတာ။ ေဆာလ္ေလး တစ္စုံတစ္ရာ ထိခိုက္သြားရင္ ေရမီ ရင္က်ိဳးရမွာ။ အဲ့ေနာက္ ေနမရစိတ္နဲ႔ ေရာဘတ္ကို ျပန္ေခၚၿပီး သားအမိႏွစ္ေယာက္ ထြက္လာခါမွ အိမ္ေပါက္ဝမွာ ႐ုန္းရင္းဆန္ခတ္ ျဖစ္ေနပုံကို ျမင္ခဲ့ရတာ။

"ေဆာလ္ ဘာလုပ္ခ်င္သလဲ"

စကားျပန္စလိုက္ေတာ့ ေဆာလ္က ေမာ့ၾကည့္လာတယ္။

"ဘာလုပ္ရမလဲ ေရမီ၊ ေဆာလ္ အေျဖရွာရမွာေပါ့"

"ဘယ္လို အေျဖမ်ိဳးလဲ"

သက္ျပင္းရႈိက္သံ တိုးလ်လ်ေလးနဲ႔အတူ...

"အဲ့ဒီလူ အနားမွာ ေဆာလ္ က်ိန္းေသ ေနခြင့္ရမဲ့ အေျဖမ်ိဳးေပါ့"

ဒီတစ္ႀကိမ္ သက္ျပင္း ရႈိက္ရသူက ေရမီ ျဖစ္သြားတယ္။

"ေဆာလ္"

မ်က္လႊာေလး ဝင့္ခနဲ တစ္ခ်က္မွာ မ်က္ဝန္းျပာေတြဟာ လက္ခနဲ ေတာက္ကုန္တယ္။ ေဆာလ္မွာ လွပၿပီး စြဲေဆာင္အားေကာင္းတဲ့ မ်က္ႏွာလွလွကေလး ရွိတယ္။ ေဆာလ္က ေအးေဆးတယ္။ ေဆာလ္ဟာ တည္ၾကည္တယ္။ ဘာေလးျဖစ္ျဖစ္ ဆုံးျဖတ္ထားတဲ့အတိုင္း လုပ္ေဆာင္တတ္တယ္။ ဘာခ်ိဳ႕ယြင္းခ်က္မွ မရွိတဲ့ ေဆာလ္ဆီမွာ အိပ္မက္ဆိုးေတြသာ ဖယ္လိုက္ရင္ အဖက္ဖက္က တင့္တယ္ေနတဲ့ လူေခ်ာကေလးပဲ။ အခုလဲ ဘယ္သူတားတား၊ ေဆာလ္ ေရွ႕တိုးေတာ့မယ္ ဆိုတာ ေရမီ သိထားၿပီးသားပါ။

"ဘယ္ေလာက္ ၾကည့္ေကာင္းတယ္ ေျပာေျပာ၊ ဘ႐ိုင္ယန္က ေရာဘတ္နဲ႔ သိပ္မကြာေလာက္ဘူးေနာ္"

သတိေပးသလို ေျပာေတာ့ ေဆာလ္က လြန႔္လြန႔္ကေလး ၿပဳံးၿပီး ေခါင္းညိတ္တယ္။

"ဘ႐ိုင္ယန္က ပိုငယ္တယ္ ထင္ရပါတယ္"

အေကာင္းေျပာေနရင္း ထေဖာက္လာေတာ့ ေျမးျဖစ္သူ နဖူးကို ဖြဖြေလး ထုလိုက္မိတယ္။

"လူေကာင္းလား၊ လူဆိုးလား ေရမီတို႔ မသိဘူး ေဆာလ္"

"လူေကာင္း မဟုတ္ရင္ေတာင္ လူယုတ္မာေတာ့ မဟုတ္ဘူး ေရမီ၊ ေဆာလ္ရဲ႕ ဒီေနရာက ခံစားလို႔ ရေနတယ္"

ရင္ဘတ္ကို လက္သီးဆုပ္ကေလးနဲ႔ ထုၿပီး ေဆာလ္ ေျဖတယ္။ ေဆာလ္ မ်က္ဝန္းေတြ တလက္လက္ ေတာက္ေနပုံက သိပ္ကို ေသခ်ာေနသလိုမ်ိဳး။ တကယ္ကို ႏုသစ္တဲ့ အ႐ြယ္ကေလးရဲ႕ ေခါင္းမာဟန္မ်ိဳး။ ခုနကတင္ ဂုတ္က ဆြဲၿပီး ၾကမ္းတမ္းစြာ တြန္းလႊတ္လိုက္သူကို ေဆာလ္က ကာကြယ္ေပးေနျပန္တယ္။

"အိမ္ေထာင္ရွိလား၊ မရွိလားလဲ မသိႏိုင္ဘူး ေဆာလ္"

ေဆာလ္က ေခါင္းငုံ႔ၿငိမ္သက္ေနတာမို႔ ေရမီပဲ သက္ျပင္းအႀကိမ္ႀကိမ္ ရႈိက္လိုက္ရတယ္။

"ဒီမနက္ ေဆာလ္ကို သူ ဆက္ဆံတဲ့ ပုံစံက..."

ေရမီ့စကား မဆုံးခင္...

"သိပ္သနားစရာေကာင္းတာပဲ"

"ဘယ္သူကလဲ"

"အဲ့ဒီလူေပါ့၊ ေရမီ သိလား ဘ႐ိုင္ယန္က ကေလးလိုပဲ၊ မာန္တင္းထားေပမဲ့ သူ႔မ်က္ဝန္းေတြက အထီးက်န္ေနတာ၊ ေပြ႕ဖက္ ေပးထားခ်င္ေလာက္ေအာင္ သူ အထီးက်န္ေနတာ ေရမီ၊ ၿပီးေတာ့ သူ႔လက္မွာ ဒဏ္ရာရထားတယ္၊ အဲ့တာ ေဆာလ္ေၾကာင့္"

ေဆာလ္ စကားဆုံးတဲ့အခါ ေရမီ ထရပ္လိုက္မိတယ္။ ဒီေလာက္ဆို ေဆာလ္ သေဘာထားကို ေရမီ ေကာင္းေကာင္း နားလည္ပါၿပီ။ အနားအထိ ေလွ်ာက္သြားရင္း ေဆာလ္ကို ေပြ႕ပိုက္ထားမိတယ္။ အႏၲရာယ္ ကင္းပါေစ။ ဒီေျမးကေလး အထိအခိုက္ ကင္းပါေစ။ ရင္ခြင္ထဲမွာ ေဆာလ္ ၿငိမ္သက္သြားတဲ့အခါ ေခါင္းေလးကို ဖြဖြသပ္ေပးမိတယ္။ သမီးျဖစ္သူ အန္မာ့ကိုေတာင္ ေရမီ မတားႏိုင္ခဲ့တာ။ ရင္ႏွစ္သည္းခ်ာ ေျမးျဖစ္သူကို ေရမီ တားရက္ပါ့မလား။

ေရမီတို႔ လင္မယား ဇာမတ္မွာ မေနႏိုင္ေတာ့ဘဲ ပိုလန္ကို ေျပာင္းလာခဲ့တဲ့ အျဖစ္မွန္ကို ေဆာလ္ အခုထိ သိေသးမယ္ မထင္ဘူး။ မွတ္မိေသးတယ္။ အဲ့တုန္းက အန္မာနဲ႔ အႀကီးအက်ယ္ စကားမ်ားခဲ့ၾကတာ။ ဒီျဖစ္ရပ္ေၾကာင့္ပဲ သမီးျဖစ္သူ အနားကေန ေရမီ ေျပးထြက္လာခဲ့တာဆို ပိုမွန္ပါမယ္။

ျဖစ္ရျခင္း ျပႆနာကေတာ့ မၾကာခဏ အိပ္မက္ဆိုးေတြနဲ႔ လုံးေထြးေနတတ္တဲ့ သုံးႏွစ္သား အ႐ြယ္ကေလး ေဆာလ္ကို လူဝင္စားလို႔ ေျပာျခင္းကေန စတာပါပဲ။ သားအမိႏွစ္ေယာက္ ဒါကို ေခါင္းခ်င္းဆိုင္ ေဆြးေႏြးၾကတိုင္း စကားႏိုင္လုျခင္းနဲ႔ အဆုံးသတ္ရတယ္။ ဘာသာမဲ့ ျဖစ္တဲ့ အန္မာက ဒီကိစၥက်မွ ယုံၾကည္မႈ လြန္ကဲေနတာကို ဘယ္တုန္းကမွ နားမလည္ႏိုင္ခဲ့သလို ေဖ်ာင္းဖ်လို႔လဲ မရႏိုင္ခဲ့ပါဘူး။

အန္မာ့ ယုံၾကည္မႈက အန္မာ့ အမွန္တရားမို႔ ေရမီ့အေနနဲ႔ ဘာမွ မေျပာလိုေပမဲ့ ေရမီ့မွာလဲ အေၾကာက္တရားနဲ႔ ဖက္တဲ့ စိတ္ဒဏ္ရာတစ္ခု ရွိပါတယ္။ ဒါေတြဟာ ေဆာလ္ေလး လူေလာကထဲ ေရာက္မလာခင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ေလးဆယ္ေက်ာ္ေလာက္က ျဖစ္ခဲ့တာပါ။ ဒီျဖစ္ရပ္ဟာ သဘာဝလြန္ ကိစၥရပ္ေတြကို အလြန္ စိတ္ဝင္စားတတ္တဲ့ ေရမီ့ရဲ႕ ေက်ာင္းေနဘက္ အရင္းႏွီးဆုံး သူငယ္ခ်င္းေလးကေန စတာပဲ။

ဒီသူငယ္ခ်င္းက ေရမီ့ ေမြးရပ္ေျမ ျဖစ္တဲ့ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာ ေနထိုင္ပါတယ္။ သူ႔ဆီမွာ ထူးဆန္းတဲ့ သမီးကေလး တစ္ေယာက္ ထြန္းကားခဲ့တယ္။ တြတ္တီးတြတ္တာေတြ ေျပာတတ္လာတဲ့အခါ ကေလးေလးက ထူးဆန္းတာေတြ စေျပာလာခဲ့တယ္။ ဒီလို ေျပာတိုင္း လူႀကီးေတြက သေဘာက်ၾကတယ္။ ထူးဆန္းတဲ့ ကေလးမို႔ အိမ္နီးခ်င္းေတြက စိတ္ဝင္စားၾကတယ္။

လူဝင္စားေလး ျဖစ္မယ္တဲ့။ ဒီလို ယိုးစြပ္ၾကတယ္။ မိဘေတြ၊ ဘိုးဘြားေတြက ကေလး စိတ္က်န္းမာေရးကို ေဘးကေန ျပဳျပင္ အားေပးရမဲ့အစား လူဝင္စားကေလးဆိုၿပီး အားေပးအားေျမႇာက္ လုပ္ၾကတယ္။ သူတို႔ကပါ ကေလးေခါင္းထဲ အေတြးမွားေတြ စတင္ ႐ိုက္သြင္းၾကတယ္။ ကေလးကို အလုပ္ေတြ အမ်ားႀကီး ေပးသလို မၾကာခဏ စဥ္းစားခိုင္းၾကတယ္။ ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ ကေလးဆီက အသစ္အဆန္းတစ္ခု ၾကားရတိုင္း သူတို႔ ေပ်ာ္႐ႊင္ၾကတယ္။ သူတို႔ရဲ႕ စိတ္အာဟာရ အပန္းေျပျခင္းကို ကေလးဆီမွာ ရွာေဖြၾကသလိုမ်ိဳးေပါ့။

ေနာက္ေတာ့ သဘာဝလြန္ ကိစၥရပ္ေတြကို ကိုင္တြယ္ေဆာင္႐ြက္တဲ့ ဆရာသမားတခ်ိဳ႕နဲ႔ ခ်ိတ္ဆက္မိတယ္။ ျပသၾကတယ္။ အဲ့ဒီေနာက္ပိုင္းက စလို႔ အ႐ြယ္ေရာက္လာတာနဲ႔အမွ် ကေလးအေျခအေနက အရင္ကထက္ ပိုမို ဆိုး႐ြားလာခဲ့တယ္။ ကေလးသဘာဝ ေပ်ာ္ရမဲ့ အ႐ြယ္ကေလးမွာ တငိုင္ငိုင္၊ တေတြေတြ၊ တငိုငို၊ တရယ္ရယ္ ျဖစ္လာတယ္။ အပ်ိဳကေလး ျဖစ္လာတဲ့အခါ အိမ္မွာ ဘယ္လိုမွ ဆက္လက္ ကုသလို႔ မရေတာ့တဲ့ အေျခအေန ေရာက္လာခဲ့တယ္။ ဒီအခ်ိန္မွာ သူတို႔ ဗ်ာမ်ားၾကေတာ့တာပဲ။ ေရမီ့အေနနဲ႔ စိတ္ေရာဂါကု ေဆး႐ုံကို ျပသေစခ်င္ေပမဲ့ သူတို႔က ဒီလို ေတြးမိပုံ မရၾကပါဘူး။

ျပႆနာရဲ႕ အေျဖကို ေခါင္းေအးေအးနဲ႔ မစဥ္းစားၾကတဲ့ မိဘေတြက နတ္ဆရာတစ္ေယာက္နဲ႔ ထပ္မံေတြ႕ဆုံခဲ့တယ္။ နတ္ဘုရားေတြရဲ႕ အလိုဆႏၵအရ ကေလးရဲ႕ အတိတ္ဘဝနဲ႔ ခ်ိတ္ဆက္ရမယ္၊ ဒါကို လက္ခံရင္ ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးမယ္ ဆိုတဲ့ ဆရာျဖစ္သူရဲ႕ စကားကို ႁခြင္းခ်က္မရွိ လက္ခံလိုက္ၾကတယ္။ သူငယ္ခ်င္းဆီက ဒါကို ၾကားခါစ ေရမီ့ မ်က္လုံးေတြ ျပာခနဲ။ ေရမီဆိုတာ စိတ္ကူးမယဥ္တတ္တဲ့ လက္ေတြ႕သမားမို႔ ဒါမ်ိဳးကို လက္မခံႏိုင္။ စိတ္မခ်ရတဲ့ နည္းလမ္းမို႔ အခ်ိန္မီ တားလိုက္ေသးေပမဲ့ သူငယ္ခ်င္းက လက္မခံ။

မၾကာပါဘူး။ သမီးေလးက နတ္ဆရာဆီမွာ လက္လြန္လို႔ ဆုံးသတဲ့။ ကိုယ္တိုင္လဲ အသုဘကို တက္ေရာက္ခဲ့ရသူမို႔ ေနာင္တရေနတဲ့ သူငယ္ခ်င္း မိသားစုရဲ႕ အပူဟာ ေရမီ့ဆီ ကူးစက္ၿပီး အပူဟပ္ခဲ့ေသးတာ။ ကိုယ့္မွာလဲ သားသမီးေတြ ရွိတာမို႔ သူငယ္ခ်င္း အပူဟာ ေရမီ့အပူလိုပါပဲ။ အဲ့ေန႔က ဖက္ငိုခဲ့တဲ့ သူငယ္ခ်င္းရဲ႕ ႐ုပ္လႊာဟာ ေရမီ့ကို အမ်ားႀကီး တုန္လႈပ္ေစခဲ့တာ။

လူမႈအသိုင္းအဝိုင္းၾကားမွာ အေတာ္ကေလး ဂယက္ထသြားတဲ့ ျဖစ္ရပ္တစ္ခုပါပဲ။ ေျပာရမယ္ ဆိုရင္ ေရမီတို႔ အသိုင္းအဝိုင္းမွာ လူဝင္စားတို႔၊ နတ္ဆရာတို႔ ဆိုတဲ့ စကားလုံး ၾကားတာနဲ႔ လန႔္ဖ်ပ္သြားၾကတာမ်ိဳးေပါ့။ အခုေနာက္ပိုင္း ႏွစ္ကာလေတြ ေရာက္လာတဲ့အခါ ျပန္လည္ဝင္စားျခင္းနဲ႔ ပတ္သက္ၿပီး တတ္သိနားလည္သူေတြ အခ်င္းခ်င္း သိပၸံနည္းက် အတည္ျပဳၾက၊ ခ်က္က်လက္က် ရွင္းျပၾက၊ ျငင္းခုန္ၾကတာေတြ ၾကားရေပမဲ့ ေရမီ့တစ္ကိုယ္ေရစာကေတာ့ ထိတ္လန႔္ေၾကာက္႐ြံ႕သြားခဲ့တာ။ ဒါနဲ႔ ပတ္သက္ၿပီး မၾကားခ်င္ေတာ့တာ။

ေရမီက လူတစ္မ်ိဳး။ ၾကင္နာတတ္တယ္၊ လူေတြကို ကူညီတတ္တယ္ ဆိုေပမဲ့ လူဝင္စား ဆိုတာကို ဘယ္တုန္းကမွ မယုံ။ ဘယ္လို သာဓက ျပျပ ေရမီ မယုံၾကည္ႏိုင္ခဲ့တာ။ ဒါကလဲ ကိုယ္လက္ခံထားတဲ့ ကိုယ့္အမွန္တရားနဲ႔ ကိုယ္ပါပဲ။ ေရမီ လက္ခံထားတဲ့ မယုံၾကည္ျခင္းဟာ သူငယ္ခ်င္း မိသားစုကို မ်က္ျမင္ကိုယ္ေတြ႕ ထပ္ေတြ႕လိုက္ရမွ အေရာင္ပိုလက္လာတာမ်ိဳး။

ဒီလိုကေန ႏွစ္ကာလေတြ ၾကာေညာင္း ေျပာင္းလဲသြားလို႔ ေရမီ အနည္ထိုင္ခါစမွာ အန္မာက တစ္စခန္း ထလာခဲ့တယ္။ ေဆာလ္ဆီမွာ ျဖစ္ေပၚေနတဲ့ ေရာဂါကို ရေအာင္ ရွာေဖြဖို႔ မႀကိဳးစားၾကဘဲ စိတ္ကုထုံးပညာရွင္ဆီ ေျပးၾကသတဲ့။ သိပၸံနည္းက်နဲ႔ ဂမၻီရကို ေပါင္းစပ္ၿပီး အထိခိုက္ကင္းေအာင္ ကုသမယ္ေျပာေျပာ၊ ဘာေျပာေျပာ ေရမီ အယုံအၾကည္ နည္းခဲ့တာ။

သမီးျဖစ္သူအေပၚ ဘယ္တုန္းကမွ စိတ္မခုဖူးတဲ့ ေရမီက ဘယ္ေလာက္အထိ စိတ္ဆိုးမိသလဲ ဆိုရင္ ေျမးေလး အနားမွာ ဆက္မေနရဲ၊ ေျမးေလး သတင္းေတြ ဆက္နားမေထာင္ရဲေတာ့ဘဲ သားႀကီး ေရာဘတ္ ေနာက္ကို လိုက္သြားဖို႔ ဆုံးျဖတ္ခဲ့မိတာပဲ။ ဒီကုထုံးေၾကာင့္ ကေလး တစ္ခုခုျဖစ္သြားရင္ သားအမိ ေတာ္စပ္ျခင္းကေန ျပတ္ၾကၿပီ ဆိုၿပီး ကိုယ့္တက္နဲ႔ကိုယ္ ႐ြက္လႊင့္ ထြက္ခြာခဲ့ေပမဲ့ ထူးဆန္းတာက ေဆာလ္ပါပဲ။

မယုံၾကည္ျခင္း တရားေတြကို ယုံၾကည္လာေအာင္ လုပ္ေပးခဲ့တာ ေဆာလ္ပဲ။ ေရမီ ပိုလန္ ေရာက္ၿပီး ေနာက္မွာ အန္မာ့ဆီက ဖုန္းအဆက္အသြယ္ကို မျပတ္ လက္ခံရရွိခဲ့တယ္။ အန္မာက ေျပာတယ္။ ကုထုံးကို ေအာင္ျမင္ၿပီးေနာက္ ေဆာလ္ ေနေကာင္းလာၿပီတဲ့။ အလုံးစုံ မဟုတ္ရင္ေတာင္ ေဆာလ္က တျခား ကေလးေတြကို ေပ်ာ္ႏိုင္လာၿပီတဲ့။ အရႈံးမေပးလို စိတ္နဲ႔ ေသခ်ာေလး ေစာင့္ၾကည့္ပါအုံးလို႔ ေျပာပစ္ေတာ့ သက္ေသျပတဲ့အေနနဲ႔ ေဆာလ္ ပထမဆုံး ကုထုံးလက္ခံတုန္းက အသံဖိုင္ကို အန္မာက တိတ္တဆိတ္ ပို႔ေပးခဲ့တယ္။

အဲ့တာကို နားေထာင္ၿပီးကတည္းက ေရမီ တစ္ထစ္ေလ်ာ့က်သြားတာ။ ဘယ္ေတာ့မွ မယုံၾကည္ႏိုင္ေတာ့ဘူး ဆိုတာေတြကို ႐ိုးတိုးရိပ္တိတ္ ယုံၾကည္လာခဲ့တာ။ ေဆာလ္ဟာ တကယ္ကို ေပ်ာ္မွ ျဖစ္မွာ။ အန္မာ ေျပာသလို မတ္တာဟြန္ ေတာင္ထြတ္ဖ်ားကေန ေရာက္လာခဲ့တဲ့ ေဆာလ္ဟာ မတ္တာဟြန္ ေတာင္ထြတ္ဖ်ားကေန ျပန္လည္ေပ်ာက္ကြယ္သြားမွာ ေရမီ ေၾကာက္လာတယ္။ ေဆာလ္ဟာ ေရမီတို႔ အသိုင္းအဝိုင္းၾကားထဲမွာ ဒီလို အရိပ္တၾကည့္ၾကည့္ ခ်စ္ေနရတဲ့ ကေလးပဲ။

အဲ့ေနာက္ပိုင္း ေဆာလ္ဟာ ငိုတတ္တဲ့ ကေလးေလး ဘဝကေန လြတ္ေျမာက္လာခဲ့တယ္။ ေစာင့္ၾကည့္မိေလ စိတ္ေအးရေလ။ ေဆာလ္ဟာ မယုံႏိုင္ေလာက္ေအာင္ ၾကည္လင္လာတယ္။ ေပ်ာ္တတ္လာတယ္။ ေဆာလ္ မ်က္လုံးေလးေတြဟာ အၿမဲထာဝရ ေတာက္ပလာတယ္။ တစ္ခါတစ္ရံ ျပန္မက္တတ္တဲ့ အိပ္မက္ေတြက လြဲရင္ ေဆာလ္ဟာ ေပ်ာ္႐ႊင္ႏွစ္သက္ဖြယ္ ဒီလို ႀကီးျပင္းလာခဲ့တယ္။

ဒီလို ေဆာလ္က အ႐ြယ္ေရာက္လာၿပီးေနာက္ ေရမီနဲ႔ ဖုန္းေျပာတဲ့အခါ အိပ္မက္ထဲက လူအေၾကာင္းကို ရယ္ရယ္ေမာေမာ တစ္စြန္းတစ္စ ေျပာျပတတ္လာတယ္။ ေရမီ မယုံခ်င္တာေတြကို ေဆာလ္က သက္ေသျပေပးခဲ့တယ္။ ဝန္မခံျဖစ္ေပမဲ့ အန္မာေျပာေလ့ ရွိတဲ့...

"မာမား ေကာင္ေလးက လူဝင္စားေလးပါ မာမားရယ္"

ဆိုတာကို တိတ္တဆိတ္ လက္ခံလာမိတယ္။ ညကပဲ ၾကည့္ေလ။ ရႈိက္ငိုေနတာမ်ိဳး မဟုတ္ေပမဲ့ တစ္ညလုံး မ်က္ရည္ သြင္သြင္က်ေနတဲ့ ေဆာလ္က ဒီလူပါ ဆိုၿပီး ဘ႐ိုင္ယန႔္ကို လက္ညႇိဳးထိုးျပတယ္။

"ဒီလူနဲ႔ ပတ္သက္ခ်င္တယ္၊ ေဆာလ္ ေစာင့္ေနတဲ့လူက ဒီလူပါ၊ ဒီလူ႔ကို လိုခ်င္တယ္" တဲ့။

ဒီလိုမ်ိဳး အတိအက် ဆိုလာခဲ့တယ္။

ေရမီ ရင္ေမာရတယ္။ ဒါေတြကို သိမထားတဲ့ ေရာဘတ္ကေတာ့ သူ႔တူကို ထိလို႔တဲ့ ဘ႐ိုင္ယန႔္ကို သတ္မယ္ခ်ည္း တကဲကဲ။ အခုလဲ အလုပ္ရွိရာ ေရာဘတ္ ထြက္သြားမွ ေျမးအဘြားႏွစ္ေယာက္ ေအးေအးလူလူ ေဆြးေႏြးရဲၾကတာ။ ေန႔လယ္က်ရင္ အန္မာ့ဆီ ဖုန္းဆက္ၿပီး ဒီသတင္းကို ေျပာျပရအုံးမယ္။ အန္မာ့စိတ္ကို ႀကိဳတင္ျပင္ဆင္ ထားလို႔ ရေအာင္ ေရမီ အသိေပးရပါအုံးမယ္။ ရင္ကြဲရမယ္ ဆိုရင္ေတာင္ သားအမိႏွစ္ေယာက္ လက္ခ်င္းတင္းတင္းယွက္လို႔ အားတင္းရပါအုံးမယ္။

ေဆာလ္ ဘဝထဲကို ဝင္ေရာက္လာမဲ့လူက ေယာက္်ားျဖစ္ျဖစ္၊ မိန္းမျဖစ္ျဖစ္၊ ဆင္းရဲရဲ၊ ခ်မ္းသာသာ ေရမီတို႔အတြက္ ထူးၿပီး တုန္လႈပ္စရာ မရွိဘူး ဆိုေပမဲ့ ဘ႐ိုင္ယန႔္ကိုမွ လက္ညႇိဳးထိုးျပလာေတာ့ ရင္ေမာရတယ္။ တစ္မ်ိဳးလုံးရဲ႕ အဖိုးတန္ ရင္ႏွစ္သည္းခ်ာေလးကို ဘ႐ိုင္ယန္က ၾကင္နာႏိုင္ပါ့မလား၊ ဘ႐ိုင္ယန္႔ဆီမွာ အဆိုတင္းသြင္းတဲ့အခါ ေဆာလ္ ေအာင္ျမင္ပါ့မလား။

ေရမီ့လိုပဲ ဘ႐ိုင္ယန္ဟာ လူျပန္ဝင္စားျခင္းကို မယုံၾကည္တဲ့ လူတစ္ေယာက္ ဆိုရင္ ဘယ္လိုလုပ္မွာလဲ။ လုံေလာက္ေနၿပီ မဟုတ္လား။ ငယ္ဘဝ တစ္ေလွ်ာက္လုံး အိပ္မက္ဆိုးေတြနဲ႔ လုံးေထြးၿပီး နာက်င္ခဲ့ရတာက ေဆာလ္ေလးအတြက္ လုံေလာက္ေနၿပီ မဟုတ္လား။ အႀကိမ္ႀကိမ္ ခ်မိတဲ့ သက္မေမာဟာ ေဆာလ္ေလးကို မနာက်င္ေစခ်င္လို႔ပါ။

^^

ေရမိုးခ်ိဳးၿပီးကတည္းက ေဆာလ္တစ္ေယာက္ ဘ႐ိုင္ယန႔္အိမ္အနား ရစ္သီရစ္သီ လုပ္ေနခဲ့တာ။ အိမ္ကေလးက ခ်ိဳင့္ဝွမ္းသဏၭာန္ ေျမအေနအထားမွာ တည္ရွိတာမို႔ ေဘးႏွစ္ဖက္က ေတာင္ကုန္းမို႔မို႔ေတြေပၚက တက္ၾကည့္ရင္ ျပတင္းေပါက္ေတြက တစ္ဆင့္ ဘ႐ိုင္ယန႔္အခန္းကို ေကာင္းစြာျမင္ရပါတယ္။

သ႐ုပ္ပ်က္ေအာင္ ဘယ္ေလာက္ ေခ်ာင္းမိသလဲ ဆိုရင္ ဘ႐ိုင္ယန႔္ အိမ္နီးခ်င္းေတြေတာင္ သတိထားမိတဲ့အထိ။ ေရမီ လိုက္လာၿပီး နားလည္ေအာင္ ရွင္းျပမွသာ ရယ္ရယ္ေမာေမာနဲ႔ ထပ္မစပ္စုၾကေတာ့တာ။

ဒီလိုကေန မထင္မွတ္ပဲ မ်က္ဝန္းခ်င္း ဆုံမိၾကရင္ မတူမတန္ဟန္ပန္နဲ႔ ဖြင့္ထားတဲ့ အေပါက္မွန္သမွ် ဝုန္းခနဲ လိုက္ပိတ္ပစ္တယ္။ ေဆာလ္ကေတာ့ အဲ့ပုံစံေလးကို ျမင္တိုင္း အူျမဴးေနတာ ရပ္မရ။ စတာ မႀကိဳက္တဲ့ ကေလးကိုမွ အတင္း လိုက္စေနမိတဲ့ လူႀကီးတစ္ေယာက္လို ေပ်ာ္ေနမိတာ။

မေန႔ကလဲ ၿခံအျပင္ဘက္မွာ ေဆာလ္ အဝတ္ေတြ၊ ေစာင္ေတြ လႊင့္ပစ္ထားတာ ျမင္လို႔ သြားေကာက္ရင္း ရယ္မိေသးတယ္။ တကယ္ ကေလးနဲ႔ တူေနတာ မဟုတ္ဘူးလား။

ေခါင္းေမာ့ရယ္မိျခင္း ေနာက္မွာ ကိုယ့္ပခုံးသားကိုယ္ လက္နဲ႔ဖြဖြ ပြတ္သပ္ၾကည့္မိတယ္။ ဘယ္ႏွႀကိမ္ေတာင္ ရွိၿပီလဲေလ။ ပခုံးစြန္းေပၚ လက္တင္လိုက္မိတိုင္း အေႏြးဓာတ္ေတြ ရလာသလို။ ႏွလုံးသားက စည္းဝါးတက် ၿငိမ့္ၿငိမ့္ေလး ခုန္ေနခဲ့တာ။ အဲ့ဒီလူ ေထြးဖက္ခဲ့တဲ့ ေနရာေတြေပါ့။

အဲ့ဒီလူရဲ႕ ထြက္သက္ေႏြးေႏြးေတြ စြန္းထင္းခဲ့တဲ့ ေဆာလ္ရဲ႕ ရင္ခြင္။ အဲ့ဒီလူရဲ႕ ရင္ခြင္ထဲမွာ ေႏြးေနေအာင္ ေကြးခဲ့ရတဲ့ တစ္ညတာ။ အျပင္ပိုင္း ပုံစံက ေအးစက္ မာေက်ာေနသေလာက္ ရင္ခြင္က ဘာေၾကာင့္ ေႏြးေနရပါသလဲ။ ဖက္တဲ့လူက တစ္ညလုံး လႈပ္မရေအာင္ ဖက္ထားခဲ့သလို အဖက္ခံတဲ့ လူကလဲ တုပ္တုပ္မွ် မလႈပ္ဘဲ အဖက္ခံခဲ့တာ။

စိတ္ပူၿပီး တစ္ညလုံး အထပ္ထပ္ ၿခဳံေပးခဲ့မိတဲ့ ဂြမ္းေစာင္ေတြက မနက္လင္းပိုင္း ေရာက္လာေတာ့ ပူတယ္ ထင္ပါရဲ႕။ ေစာင္ေတြကို ကုတင္ေအာက္ ကန္ခ်တဲ့အခါ ဘ႐ိုင္ယန႔္ ေျခေထာက္ေတြၾကား ေဆာလ္ပါ လုံးေထြး ေရာပါသြားခဲ့တာ။ ရင္ခြင္ထဲ ျပန္ဝင္ၿပီး ခပ္တည္တည္ ျပန္အိပ္ေနခ်င္ေပမဲ့ အိပ္ေပ်ာ္ေနတဲ့ လူကို ထိုင္ေငးေနရင္း အခ်ိန္ေတြ တရိပ္ရိပ္ ကုန္ဆုံးသြားခဲ့တာ။ ဒီလိုနဲ႔ ေမွးခနဲ ျဖစ္သြားတယ္ ထင္ပါရဲ႕။ ေဆာလ္ သတိျပန္ဝင္လာေတာ့ ဘ႐ိုင္ယန္က ႏိုးေနခဲ့ၿပီ မဟုတ္လား။

ဘ႐ိုင္ယန႔္ကို စေတြ႕ကတည္းက ခ်ဥ္းကပ္ရ ခက္တဲ့ လူမ်ိဳးဆိုတာ သေဘာေပါက္ၿပီးသားပါ။ ေဆာလ္တို႔က ကံၾကမၼာေၾကာင့္ က်ိန္းေသ ဆုံေတြ႕ရတဲ့ လူေတြဆိုရင္ ေဆာလ္တင္ မဟုတ္၊ ဘ႐ိုင္ယန႔္မွာလဲ ပုစာၦခက္ခက္ေတြ ရွိေနမွာပဲ။ ဘ႐ိုင္ယန္ ေလွ်ာက္ေနရတဲ့ လမ္းက ဘယ္လို လမ္းမ်ိဳးျဖစ္မလဲ။ ဘ႐ိုင္ယန္က ဘာလို႔ လူေတြနဲ႔ မပတ္သက္ခ်င္တာလဲ။ ဒါေတြက ေဆာလ္ သိေအာင္ ႀကိဳးစားရမဲ့ ပုစာၦေတြပဲ။ ေရမီ ေျပာပုံအရဆို ဘ႐ိုင္ယန္က နားလည္ရခက္တဲ့ လူစားမ်ိဳးပဲ ျဖစ္မွာ။

မ်က္ဝန္းညိဳညိဳအျပင္၊ ႏႈတ္ခမ္းသားအလယ္က မွဲ႔နက္ကေလး၊ အဲ့တာေတြထက္ ဘ႐ိုင္ယန႔္ဆီက တစ္စြန္းတစ္စ ၾကားေနရတဲ့ ဗမာစကား။ ဒီလူ႔ကို စျမင္လိုက္ကတည္းက ခုန္ေနတဲ့ ေဆာလ္ ႏွလုံးသား။ မ်က္ရည္ေတြေနာက္မွာ ဝမ္းေျမာက္ျခင္းေတြ ကပ္ပါေနတဲ့ ခံစားမႈ။

ဒီလူနဲ႔မွ မဟုတ္ရင္ မရွင္သန္ခ်င္ေတာ့သလို ၿငိတြယ္မႈမ်ိဳး။ ဘ႐ိုင္ယန႔္ အနားမွာ ေနခြင့္ရတဲ့ တစ္စကၠန႔္တိုင္းဟာ ဘယ္ေလာက္မ်ား ႏွစ္လိုဖြယ္ ေကာင္းသလဲဆို ျဖတ္သန္းလာခဲ့တဲ့ ဘဝတစ္ေလွ်ာက္လုံး မႀကဳံဖူးခဲ့တဲ့ ႏွလုံးသား အာဟာရတစ္မ်ိဳးကို ျမည္းစမ္းခြင့္ ရေနသလိုမ်ိဳးပါပဲ။

ျမင္ေနရင္းကို ခိုက္ခိုက္တုန္ေအာင္ လြမ္းေနတာ။ မရင္းႏွီးေသးခင္ ခ်စ္ပစ္လိုက္ခ်င္တာ။ မ်က္ႏွာေခ်ာေခ်ာကို အားပါးတရ ေငးၾကည့္ရင္း ေပ်ာ္စရာေကာင္းတဲ့ အေၾကာင္းေတြ ေျပာျပခ်င္တာ။ ဒီလူက ရယ္လိုက္ရင္ ဘယ္ေလာက္ေတာင္ ၾကည့္ေကာင္းေနမွာလဲ။ တင္းတင္းေစ့ထားတဲ့ ႏႈတ္ခမ္းေတြ အေနာက္မွာ ေနေပ်ာ္စရာ ဘဝတစ္ခုရွိေၾကာင္း ေဆာလ္ ျပေပးလိုက္ခ်င္တာ။

ေဆာလ္နဲ႔ ဆိုရင္ ေန႔တိုင္း ေပ်ာ္ရမယ္လို႔ တိုးတိုးေလး ေျပာၿပီး ဖ်ားေယာင္းလိုက္ခ်င္တာ။ မႏွစ္ၿမိဳ႕တဲ့ မ်က္ဝန္းေတြနဲ႔ ဆက္တိုက္ အၾကည့္ခံရတာေတာင္ ေပ်ာ္႐ႊင္ေနတာ အႏႈိင္းမဲ့ပါ။ အားလုံး ေပါင္းစပ္ၾကည့္တဲ့အခါ ေဆာလ္ရဲ႕ တစ္စုံတစ္ေယာက္ဟာ ဘ႐ိုင္ယန္ ျဖစ္ေနတယ္ ဆိုတာ ေသခ်ာသထက္ ေသခ်ာလာခဲ့တယ္။

ေဆာလ္ကိုယ္ေဆာလ္ ျပန္ေမးတယ္။ ေဆာလ္အတြက္ တစ္ကိုယ္ေရစာ ေသခ်ာေနၿပီ ဆိုရင္ ခ်ဥ္းကပ္ဖို႔အျပင္ တျခားနည္းလမ္း မရွိ။ ဘ႐ိုင္ယန္က က်ိန္းေသ လက္ေပါက္ကပ္တဲ့ လူခြစာတစ္ေယာက္မို႔ ေဆာလ္က ဒါကို ေၾကာက္ေနလို႔ မျဖစ္။ ရင္ဆိုင္မွ ျဖစ္မွာ။ သူ႔ထက္ ပိုဂ်စ္တိုက္ႏိုင္မွ ခ်ဥ္းကပ္လို႔ ရမဲ့ အေနအထား။

ဘ႐ိုင္ယန႔္ စိတ္ေနစိတ္ထားကို အကဲခတ္ ၾကည့္ရသေလာက္ ေရာဘတ္နဲ႔ ခပ္ဆင္ဆင္မို႔ ေဆာလ္အတြက္ အထူးတလည္ ျပင္ဆင္ရမွာမ်ိဳးေတာ့ မရွိပါဘူး။ အဲ့လိုစ႐ိုက္မ်ိဳးေတြက သူတို႔ေရွ႕မွာ အားနည္းျပရင္ သိပ္မုန္းတတ္သလို တစ္ပါးသူကို သနားရမွာ မလိုလားဘူး။ တစ္ပါးသူက သူတို႔ကို လာသနားၾကမွာ၊ ေဖးမေပးမွာ ပိုလို႔ေတာင္ မလိုလားၾကပါဘူး။

အထီးက်န္ေနတာကို လူမသိေအာင္ သိုဝွက္ၾကရင္း ပတ္ဝန္းက်င္နဲ႔ သူတို႔ျခား စည္းအထပ္ထပ္ ျခားထားလိမ့္မယ္။ ႏွလုံးသား အာဟာရခ်ိဳ႕တဲ့ေနေပမဲ့ သန္မာခ်င္ေယာင္ ေဆာင္ၾကပါလိမ့္မယ္။ ဒီအတိုင္း သူေအာ္ ကိုယ္ေအာ္၊ သူတင္း ကိုယ္တင္းနဲ႔ပဲ အနားကို ေရာက္ေအာင္ တိုးကပ္သြားမွ သူတို႔နဲ႔ ပတ္သက္ခြင့္ရမွာ။

ေဆာလ္ရဲ႕ စိတ္ရွည္မႈေၾကာင့္ပဲ ေရာဘတ္နဲ႔ ဆက္ဆံေရးမွာ ေအာင္ျမင္မႈ ရခဲ့တာက သာဓကပဲေလ။ ဘယ္သူနဲ႔မွ မတည့္သလို၊ ဘယ္ကေလးကိုမွ မခ်စ္တတ္တဲ့ ေရာဘတ္က ေဆာလ္ကို ခ်စ္သူေလးလို႔ ေခၚၿပီး သည္းသည္းလႈပ္ ခ်စ္ျမတ္ႏိုးလာခဲ့တာ၊ ဘယ္သူ႔အေျပာအဆိုကိုမွ မခံႏိုင္ေအာင္ ေဆာလ္ကို ထိရင္ နာတတ္လာတာက လုံေလာက္တဲ့ အေၾကာင္းျပခ်က္ပါပဲ။

အခုလဲ ေသခ်ာျခင္းမ်ားစြာနဲ႔ အနားကို ေရာက္ေအာင္ တိုးကပ္သြားမွာ။ အဲ့ဒီလူ မလိုလားရင္ေတာင္ အေၾကာတင္းတင္းနဲ႔ တြယ္ကပ္ေနေတာ့မွာ။ အဲ့ဒီလူ သည္းသည္းလႈပ္ ခ်စ္ရတဲ့ လူသားေလးက ေဆာလ္ျဖစ္လာေအာင္ ႀကိဳးစားရမွာ။ အဲ့ဒီလူရဲ႕ ႏွလုံးသားထဲမွာ ေဆာလ္နဲ႔တင္ ျပည့္လွ်ံသြားရမွာ။

တစ္ကိုယ္ေရ ေသခ်ာေနတာ တစ္ခုကေလ အဲ့ဒီလူကို စျမင္ၿပီးကတည္းက တစ္ေန႔မွာ ဒီလူက ေဆာလ္ကို က်ိန္းေသ ခ်စ္ျမတ္ႏိုးလာလိမ့္မယ္ ဆိုတာေပါ့။ ဘာေၾကာင့္ ရွင္သန္ခဲ့ရလဲဆိုတဲ့ အေျဖက အဲ့ဒီလူဆီမွာ ရွိေနတာေလ။ ေဆာလ္က ဘာေတြမ်ား ေတြေဝေနရပါအုံးမလဲ။

ေဆာလ္က လူငယ္ပဲ၊ ျငင္းဆန္ ေမာက္မာရမွာက ဘ႐ိုင္ယန႔္ အလုပ္ဆိုရင္ အရွက္မရွိ တြယ္ကပ္ရမွာနဲ႔ ဘ႐ိုင္ယန္ ေအာ္တာကို ခံႏိုင္ရည္ ရွိဖို႔က ေဆာလ္အလုပ္ပါပဲ။ ဘ႐ိုင္ယန္နဲ႔ နီးကပ္ခ်င္တယ္။ ၿပီးေတာ့ ရင္းရင္းႏွီးႏွီး ပတ္သက္ခ်င္တယ္။ ေဆာလ္ ဘာလိုခ်င္လဲ ကိုယ့္ကိုယ္ကိုယ္ သိေနတာပဲ မဟုတ္လား။

အခုပဲ ၾကည့္ပါအုံး သူ႔အေၾကာင္း ေတြးတာနဲ႔ ေဆာလ္တစ္ကိုယ္လုံး အခ်စ္စြမ္းအားေတြ ျပည့္ႏွက္ေနလိုက္တာ။

အေတြးဆုံးတာနဲ႔ ေျခဖ်ားေထာက္ၿပီး စပ္စုလိုက္ေတာ့ ေရခ်ိဳးထားပုံရတဲ့ ဘ႐ိုင္ယန္က ဝတ္စုံအျပည့္နဲ႔မို႔ အခုပဲ တစ္ေနရာရာ သြားမဲ့ဟန္။ ေရမီ့အိမ္က လမ္းထိပ္မွာ ျဖစ္ၿပီး ဘ႐ိုင္ယန႔္အိမ္က အတြင္းပိုင္း ပိုက်ၿပီး ေဝးတာမို႔ အျပင္သြားမယ္ဆို ေရမီတို႔ အိမ္ေရွ႕က က်ိန္းေသ ျဖတ္ရပါတယ္။

အေတြးနဲ႔အတူ အိမ္ကို ဟတ္ထိုးလဲမတတ္ ျပန္ေျပးၿပီး အဆင္ေျပမယ္ ထင္တဲ့ ဝတ္စုံတစ္စုံနဲ႔ အေႏြးထည္ထူထူပါ လဲလွယ္ ဝတ္ဆင္လိုက္မိတယ္။ အဲ့ေနာက္ အိမ္ေပၚထပ္ကေန ဒေရာေသာပါး ေျပးဆင္းလာေတာ့...

"ေဆာလ္ ဘယ္လဲကြယ္"

"ဘ႐ိုင္ယန္႔ေနာက္ လိုက္မယ္"

ေရးႀကီးသုတ္ပ်ာ ျပန္ေျဖေတာ့ ေရမီက သက္ျပင္းရႈိက္တယ္။

"သူ အႏိုင္က်င့္ရင္ ေရမီ့ကို ခ်က္ခ်င္း ဖုန္းဆက္ေနာ္"

လက္သီးလက္ေမာင္းတန္း ေနပုံေၾကာင့္ ေခါင္းေမာ့ၿပီး ေဆာလ္ ဟက္ဟက္ပက္ပက္ ရယ္လိုက္မိတယ္။

"ေရမီက ဘာလုပ္ေပးမွာလဲ"

"ေျခသလုံးဖက္ ေတာင္းပန္ရမွာေပါ့"

ေျမးအဘြားႏွစ္ေယာက္ ရယ္ရယ္ေမာေမာနဲ႔ တစ္ေယာက္ခါး တစ္ေယာက္ဖက္ၿပီး အိမ္ထဲက ထြက္လာေတာ့ ၿခံဝန္းေလး ထိပ္မွာ ဘ႐ိုင္ယန္နဲ႔ တည့္တည့္တိုးတယ္။ ဘ႐ိုင္ယန႔္ကို ျမင္တာနဲ႔ ေရမီ့က ေဆာလ္ ပါးေလးကို ဖ်တ္ခနဲ နမ္းၿပီး...

"အျပန္ ေနာက္မက်ေစနဲ႔ေနာ္ ခ်စ္သူေလး၊ မေကာင္းတဲ့ လူေတြကိုလဲ ေရွာင္"

မေကာင္းတဲ့ လူဆိုတာ ဘ႐ိုင္ယန႔္ကို ရည္႐ြယ္ၿပီး တမင္ စေနမွန္း သိေတာ့ ေဆာလ္ အသံထြက္ေအာင္ ရယ္လိုက္မိတယ္။ ၾကားသြားပုံရတဲ့ လူေခ်ာစိတ္တိုႀကီးက မႈန္ကုပ္လာတာမို႔ ေဆာလ္ အူျမဴးလာတာ ရပ္မရ။

"ေဆာလ္ ခ်စ္သူေလး စိတ္မပ်က္ေစရဘူးေနာ္၊ အိမ္ထဲမွာ ေႏြးေႏြးေထြးေထြးေန ဟုတ္ၿပီလား၊ ခ်စ္တယ္ေနာ္"

ေရမီ့နဖူးေလး ငုံ႔နမ္း႐ုံရွိေသး...

"ေတာက္... ဒီေန႔ေတာ့ တစ္ေနကုန္ ျပႆဒါးပဲ ထင္တယ္၊ ေသာက္ေခြးေမႊးက မ်က္စိေရွ႕မွာ ပလူကိုပ်ံေနတာပဲ"

ဘယ္သူ႔ကိုမွ တည့္တည့္ၾကည့္ ေျပာတာလဲ မဟုတ္ဘဲ ေဘးက ထြက္လာတဲ့ ဗမာအသံေၾကာင့္ နားမလည္တဲ့ ေရမီက မ်က္လုံးေလးကို ဝိုင္းလို႔။ ဘ႐ိုင္ယန႔္ မ်က္ႏွာထား တင္းတင္းကို ျမင္ေတာ့ ေဆာလ္ လက္ကို စိတ္မခ်သလို တင္းခနဲ ဆုပ္ကိုင္တယ္။ 'ျဖစ္ပါ့မလား ေဆာလ္ရယ္' ဆိုတဲ့ ပုံစံမ်ိဳး။

ငဲ့ၾကည့္ခိုက္မွာ လက္ဖဝါးက ပတ္တီးျဖဴျဖဴေလးေၾကာင့္ ရင္ထဲ နင့္ခနဲ။ မေန႔က ေဆာလ္ကို ေျခာက္လွန႔္ခ်င္လို႔ နာက်င္သြားရတာ မဟုတ္လား။ ေအးေနတဲ့ ရာသီဉတုမွာ ကိုက္ခဲေနမွာလား။ အေတြးမဆုံးခင္ ေခါင္းကို ခါထုတ္ပစ္ရတယ္။ ဒီဒဏ္ရာကို ေဆာလ္ မသိခ်င္ေယာင္ ေဆာင္ထားမွ ျဖစ္မွာ။ ဘ႐ိုင္ယန္က ေဆာလ္ဆီက သနားၾကင္နာမႈကို နည္းနည္းေလးမွ လိုခ်င္မွာ မဟုတ္ဘူးေလ။ စိတ္မေကာင္းဟန္နဲ႔ ၾကည့္လိုက္မိရင္ သူ ထၿပီး ေပါက္ကြဲေတာ့မွာပဲ။

ဘ႐ိုင္ယန္က လမ္းမတန္းဆီ ေရာက္ေနၿပီမို႔ စိတ္မခ် ျဖစ္ေနတဲ့ ေရမီ့ကို ေပြ႕ဖက္ႏွစ္သိမ့္ၿပီး ေျခလွမ္းက်ဲႀကီးနဲ႔ ထြက္သြားတဲ့လူ အေနာက္ကေန ေဆာလ္ အေျပးလိုက္သြားမိတယ္။ သတိရလို႔ လွည့္ၾကည့္ေတာ့ ေရမီက ရင္ဘတ္ေလးကို ဖိလို႔။

အေနာက္ကို တစ္ခ်က္မွ လွည့္မၾကည့္တဲ့ ေက်ာျပင္က်ယ္ရယ္၊ တေကာက္ေကာက္ လိုက္ေနတဲ့ ေဆာလ္ရယ္၊ ေနာက္နားမွာ ရင္ဘတ္ဖိၿပီး ေမွ်ာ္ၾကည့္ေနတဲ့ ေရမီရယ္။ အ႐ြယ္သုံးမ်ိဳးနဲ႔ လူသုံးေယာက္ ပုံစံက ေဘးကၾကည့္မယ္ဆို ရယ္ပစ္ခ်င္စရာပဲ။

ထူးဆန္းတာက ေဆာလ္ရင္ထဲမွာ ၾကည္ႏူးခ်မ္းေျမ့ျခင္းေတြ ႀကီးစိုးေနခဲ့တာ။ ရႉသြင္းရတဲ့ ေဆာင္းေလေျပက အစ ခါတိုင္းနဲ႔မတူ လတ္ဆတ္ေနတာမ်ား။ တစ္ေယာက္က ေရွ႕က သြားေနၿပီး တစ္ေယာက္က ေနာက္က လိုက္ေနရင္း ပထမဆုံး ဆုံခဲ့တဲ့ ဆင္ေျခေလွ်ာေလးနား ေရာက္လာတဲ့အခါ...

"ဘာလဲ"

လွည့္ေမးလာတဲ့ မ်က္ဝန္းညိဳမွာ အလိုမက်မႈက တစ္ရာ ရာခိုင္ႏႈန္းအျပည့္။ စုၾကဳတ္ထားတဲ့ မ်က္ခုံးတန္း ႏွစ္ဖက္က ထိစပ္လုနီးပါး။ ေျခေခ်ာင္းေတြကို ခြဲရပ္ၿပီး လက္ပိုက္တယ္။ ေတာ္႐ုံလူဆို ဘုံးခနဲ လဲက်သြားႏိုင္တဲ့ အၾကည့္မ်ိဳးနဲ႔ ေဆာလ္တစ္ကိုယ္လုံးကို မႏွစ္ၿမိဳ႕သလို အထက္ေအာက္ ေဝ့ၾကည့္တယ္။

ပါး႐ိုးတစ္ေလွ်ာက္မွာ ပါးသိုင္းေမႊး မတိုမရွည္ေတြ ေပါက္ေရာက္ေနၿပီး စူးရွတဲ့ အၾကည့္တို႔ေၾကာင့္ ဘ႐ိုင္ယန႔္ ပုံစံက ဆြဲေဆာင္အားျပင္းေနတဲ့ ခပ္မိုက္မိုက္ ေယာက္်ားတစ္ေယာက္အသြင္။

*ေဆာလ္ နမ္းပစ္ခ်င္လိုက္တာ။

ပုံစံမပ်က္ဘဲ အသက္ကို ဝေအာင္ ရႉတယ္။ ခုန္ေနတဲ့ ႏွလုံးသားေလးကို ၿငိမ္ၿငိမ္ေနဖို႔ သတိေပးရတယ္။ ယိုင္ခ်င္ေနတဲ့ ဒူးႏွစ္လုံးကို အားအျပည့္ ထည့္ၿပီး မတ္မတ္ရပ္ရတယ္။ တစ္ကိုယ္လုံးမွာ အုံႂကြေနသမွ် အေၾကာေပါင္းတစ္ေထာင္ကို တင္းေနေအာင္ ဆြဲခ်ည္လိုက္ရတယ္။ အေၾကာတင္းထားမွ ျဖစ္မယ္။ ခဏေနရင္ ေဆာလ္ အဆူခံရေတာ့မွာမို႔ ရွိသမွ် အေၾကာေတြ အကုန္လုံး တင္းေနဖို႔ လိုအပ္ပါတယ္။

မ်က္စိေရွ႕က လူကို မ်က္ႏွာတည္နဲ႔ ခပ္ေအးေအး ျပန္စိုက္ၾကည့္ေနေပမဲ့ ေဆာလ္ ရင္ထဲမွာ ႐ိုးရာပြဲေတာ္ေတြ ေသာင္းေသာင္းဖ်ဖ် က်င္းပေနၾကတယ္။ မ်က္ႏွာေသ လုပ္ထားေပမဲ့ အတြင္းပိုင္းမွာ ဂနာမၿငိမ္ လတ္လ်ားလတ္လ်ား ျဖစ္ေနတာက ေတာ္႐ုံမဟုတ္။ ဘဝမွာ ေယာက္်ားရင့္မာႀကီး တစ္ေယာက္ကို ဒီလို သ႐ုပ္ပ်က္ေအာင္ သေဘာက်မိလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့ဖူး႐ိုး အမွန္ပါ။

ေပ်ာ္ေနတဲ့ စိတ္ေလး မေပ်ာက္ကြယ္ခင္ မ်က္စိေရွ႕က လူႀကီးကို ဆြဲေဆာင္ခ်င္လာတယ္။ အေတြးဆုံးတာနဲ႔ ေထာင့္မွန္ပုံ လုပ္ထားတဲ့ ေဆာလ္ရဲ႕ လက္ညႇိဳးနဲ႔ လက္မကို ေမးေအာက္ကေန ပင့္ၿပီး ေထာက္လိုက္တယ္။ မ်က္ႏွာေလးကို ပင့္ပစ္လိုက္တယ္။ ဒီမ်က္ႏွာေလးနဲ႔ ဒီလိုညႇိဳ႕လိုက္ရင္ ဘယ္လို လူမ်ိဳးမဆို ေဆာလ္ေရွ႕ ျပဳတ္က်လာတတ္တာ အေရွ႕မွာ သာဓကေတြ ရွိခဲ့တယ္ မဟုတ္လား။ မ်က္ႏွာအမူအရာကို တမင္ ခပ္ျမဴးျမဴးေလး လုပ္ျပရင္းက...

"ေဆာလ္က လားေခ်ာ"

ဗမာလို ႀကိဳးစား ေျပာလိုက္ေပမဲ့ တစ္ဖက္က နားမလည္သလို မ်က္ေမွာင္ကို စုၾကဳတ္တယ္။ မ်က္ႏွာက တျဖည္းျဖည္း ေမွာင္က်လာေလေလ ေဆာလ္ ေပ်ာ္လာေလေလ။ ပုံစံက လတ္ဆတ္ေနလိုက္တာမ်ား ေရခ်ိဳးထားမွန္း သိသာလိုက္တာ။ သိပ္ေခ်ာတာပဲ။ ဝတ္စုံျပည့္ ဝတ္ထားတာမို႔ ေခ်ာတယ္ ဆိုတာထက္ ခံ့ညားတဲ့ဘက္ ပိုေရာက္ပါတယ္။

"ေယာက္်ားေတြ ဘဝက ေလးဆယ္ျပည့္မွ စတာကြ" တဲ့။

ပါပါး ေျပာဖူးတာေတြ ျပန္ၾကားေယာင္လာေတာ့ ဟက္ဟက္ပက္ပက္ ထရယ္လိုက္မိတယ္။ ယုံတယ္။ ေဆာလ္ တကယ္ ယုံသြားတာ။ ပါပါးထက္၊ ေရာဘတ္ထက္၊ ကမာၻေပၚက သက္တူ႐ြယ္တူေတြထက္ တမူထူးၿပီး ေခ်ာေမာေနတဲ့ ဘဘႀကီး။ ေဆာလ္ကသာ အတြင္းလႈိက္ၿပီး အူျမဴးေနေပမဲ့ မႈန္ကုပ္ထားတဲ့ ဘဘႀကီးက...

"ဒီမွာ ဗမာလို ေျပာမယ္ဆို ေကာင္းေကာင္းမြန္မြန္ ေျပာ၊ မေျပာႏိုင္ရင္ ငါ့ေရွ႕မွာ တစ္ခြန္းမွ လာမဟနဲ႔၊ ဘာၿဂိဳဟ္သား စကားေတြမွန္း မသိဘူး... ေတာက္"

မခ်ိဳမခ်ဥ္ ၿပဳံးေနဆဲ ေဆာလ္ကို မၾကည္သလို အၾကာႀကီး စိုက္ၾကည့္ေနရင္းက...

"ေသာက္႐ူးလိုလို ေသာက္ေပါလိုလိုနဲ႔"

ေဆာင့္ေအာင့္ၿပီး ထြက္လာတဲ့စကား။

ေသာက္႐ူးလိုလိုက ဟုတ္ပါၿပီ၊ ေသာက္ေပါလိုလို ဆိုတာက ဘာလဲ။ ဘာအဓိပၸာယ္မွန္း ေသခ်ာ နားမလည္ေပမဲ့ ဆဲလိုက္သလို ခံစားေနရတယ္။ မ်က္ေမွာင္ၾကဳတ္ထားတုန္းမို႔ က်ိန္းေသ ေကာင္းတဲ့ စကားေတာ့ ျဖစ္ဟန္မတူ။ ဗမာလို ျပန္ေျပာလိုက္ခ်င္ေပမဲ့ မွားမွာေၾကာက္တာရယ္၊ ေနာက္တစ္ႀကိမ္ အဆူခံရမွာ စိုးတာရယ္နဲ႔ မွတ္စု စာအုပ္ေလးထဲ ခပ္ျမန္ျမန္ ခ်ေရးလိုက္တယ္။ ေဆာလ္က ဗမာလို ေရးတတ္၊ ဖတ္တတ္၊ ေျပာတတ္တယ္ ဆိုတာ ဘဘႀကီးကို သိေစခ်င္တာမို႔ ေရးၿပီးတာနဲ႔ မ်က္စိေရွ႕ ထိုးျပလိုက္မိတယ္။

"ဘဘႀကီးနဲ႔ ရင္းရင္းႏွီးႏွီး ပတ္သက္ခ်င္တယ္၊ ဘဘႀကီးကို..."

ဆုံးေအာင္ မဖတ္လိုက္တဲ့ ဘ႐ိုင္ယန္႔မ်က္ႏွာက အဝတ္နီစ တစ္စလို ရဲတက္လာတယ္။ အံတင္းတင္း ႀကိတ္လိုက္တာလဲ ျမင္တယ္။ ဘယ္လက္ကို တင္းတင္းဆုပ္လိုက္ၿပီးမွ ညာဘက္လက္နဲ႔ လည္ကုပ္သားကို အတန္ၾကာ ဖိႏွိပ္ေနတယ္။ ေလပူေတြ မႈတ္ထုတ္ေနတာလဲ ေတြ႕တယ္။ အသက္ကို မနည္းမွန္ေအာင္ ရႉေနရဟန္နဲ႔ ႏႈတ္ကေန တိုးတိုးေရ႐ြတ္လိုက္တာက...

"ေအာင္မယ္ေလး... ငါ့ဇက္ေၾကာ"

"ဇက္ေၾကာ ဘာျဖစ္လို႔လဲဟင္၊ အေၾကာေသသြားတာလား၊ ေဆာလ္ ႏွိပ္ေပးရမလား၊ ေဆးေျပးဝယ္ေပးရမလား"

စိုးရိမ္စိတ္နဲ႔ ျပဴးျပဴးပ်ာပ်ာ ေမးလိုက္တာကို အေရးမစိုက္ဘဲ...

"စိတ္ထိန္း ဘ႐ိုင္ယန္၊ စိတ္ထိန္း၊ ဒီေခြးစုတ္ဖြားက က်ပ္ျပည့္တာ မဟုတ္ဘူး၊ မင္း သည္းခံႏိုင္စြမ္းက ဒီထက္ ျမင့္မားတယ္၊ စိတ္ထိန္းစမ္း၊ ကိုယ့္စိတ္ကိုယ္ထိန္းစမ္း"

ေဆာလ္ကို တစ္ခ်က္မွ လွည့္မၾကည့္ဘဲ တစ္ေယာက္တည္း ေလပူေတြ မႈတ္ထုတ္လိုက္၊ ေရ႐ြတ္လိုက္နဲ႔ လည္ကုပ္သားကိုလဲ အခုထိ ဖိႏွိပ္ထားေသးတယ္။ ျဖစ္ပ်က္ေနတဲ့ ပုံစံက ရႈံ႕မဲ့ေနၿပီး တကယ္ကို ခ်စ္ခ်င္စရာအတိ။ ေနမေကာင္း ျဖစ္ေနတာ မဟုတ္ဘဲ ေဒါသထြက္ေနတာမွန္း သိလာေတာ့ ရယ္ခ်င္လာတာ တားမရ။

ခဏေနရင္ အေျပာအဆို ခံရေတာ့မွာ သိေနတာေတာင္ ေပ်ာ္ေနတာ ေတာ္႐ုံမဟုတ္။ မႀကီးမငယ္နဲ႔ သိပ္ႀကီးက်ယ္တဲ့ လူႀကီးကို မ်က္ဝန္းေတြ တလက္လက္ထေအာင္ စိုက္ၾကည့္ေနမိတဲ့အခါ ေဆာလ္ကို လက္ညႇိဳးထိုးၿပီး...

"ငါ့ေရွ႕... ငါ့ေရွ႕ ေပၚမလာစမ္းနဲ႔ ေသာက္ေခြးေမႊးရဲ႕"

ေတာက္တေခါက္ေခါက္နဲ႔ မေက်မခ်မ္း ေျပာဆိုၿပီး ေျခလွမ္းက်ဲႀကီးေတြနဲ႔ ထြက္သြားတယ္။ ငါးလွမ္းေလာက္ လွမ္းၿပီးခါမွ မေက်နပ္မႈ ျပည့္ေနတဲ့ မ်က္ႏွာေပးနဲ႔ ျပန္လွည့္လာၿပီး...

"ငါ့အေနနဲ႔ဆို ဒီအတိုင္း ထားလိုက္ေတာ့မလို႔ပဲ၊ ဒါေပမဲ့ ငါ့ကိုယ္ေစာင့္နတ္က လႈံ႕ေဆာ္ေနလို႔ ေမးပါအုံးမယ္၊ ဒီ႐ုပ္ဒီရည္က ဘဘႀကီးလား"

သူ႔မ်က္ႏွာသူ လက္ညႇိဳးနဲ႔ ထိုးျပရင္း ခပ္ေငါက္ေငါက္ လွည့္ေမးပုံက ေတာ္႐ုံမဟုတ္။ မ်က္ႏွာတစ္ခုလုံး ေဒါသအေရာင္ေတြ လႊမ္းေနေသးတယ္။ အင္းေပါ့၊ ဘဘႀကီးဆိုတဲ့ အသုံးအႏႈန္းက ခ်စ္ခင္သူေတြ အခ်င္းခ်င္း ေခၚၾကတဲ့ ဗန္းစကားမ်ိဳးမို႔ ေဒါသထြက္သြားတာ ေနမွာ။ မႀကိဳက္မွန္း သိေပမဲ့ အခုမွ ပိုၿပီး ေခၚခ်င္သြားတဲ့ ေဆာလ္က စာအုပ္ထဲ ခပ္ျမန္ျမန္ ခ်ေရးၿပီး မ်က္စိေရွ႕ သြားေထာင္ျပမိတယ္။

"ဘဘႀကီးနဲ႔ တအား ရင္ႏွီးခ်င္တယ္"

ဖတ္ၿပီးတာနဲ႔ ေတာက္ေခါက္သံ ၾကားလိုက္ရၿပီး...

"မင္းအေဖ သြားေျပာ ေသာက္႐ူးေလး"

ေနာက္တစ္ႀကိမ္ စာအုပ္ထဲ ခပ္ျမန္ျမန္ ခ်ေရးၿပီး ျပလိုက္တာက...

"ေဆာလ္အေဖ သြားေျပာရင္ ေဆာလ္အေမက ရယ္မွာေပါ့"

"အဲ့တာ မင္းေသာက္လုပ္ေလ"

ခုနကထက္ မႈန္ကုပ္ေနတဲ့ မ်က္ႏွာထားနဲ႔ ေဆာင့္ထြက္လာတဲ့ ေဒါသသံေၾကာင့္ စာထဲ ခ်ေရးခ်ိန္ မရွိေအာင္ ေဆာလ္ ႏႈတ္ကေန ဗမာလို ခုန္ေပါက္ထြက္သြားတဲ့ စကားလုံးက...

"သတ္ပက္..."

"ဘာကြ"

စကားမဆုံးခင္ ေဆာင့္ေအာ္လိုက္တဲ့ အသံေၾကာင့္ ေျပာလက္စက တစ္ဝက္တစ္ျပတ္။ လူလဲ ေနာက္ျပန္ လန္က်ေတာ့မလို။ ဘယ္သူ႔ကိုမွ ေတာ္႐ုံ မေၾကာက္တတ္တဲ့ ေဆာလ္လဲ ဘ႐ိုင္ယန္နဲ႔ ေတြ႕မွ ဘာေတြ ျဖစ္ကုန္မွန္းမသိ။ ခႏၶာကိုယ္ရဲ႕ တုံ႔ျပန္ပုံ၊ ႏွလုံးသားရဲ႕ တုံ႔ျပန္ပုံေတြက ဒီလူနဲ႔ ဆုံကတည္းက အလြဲလြဲ အေခ်ာ္ေခ်ာ္။ ႀကိဳးစားပမ္းစား သင္ယူထားရတဲ့ ဗမာစကားက ဒီလိုမွ အသုံးမခ်ရင္ ဘယ္လို အသုံးခ်ရေတာ့မွာလဲ။ လက္ကာျပ ေျခကာျပနဲ႔ တစ္ေယာက္တည္း အလုပ္ရႈပ္သြားရင္း အသက္ကို မနည္းမွန္ေအာင္ ရႉလိုက္ရၿပီး ေအာ္ေျပာလိုက္မိတာက...

"ဘဘႀကီးကို သက္ပတ္..."

ဘ႐ိုင္ယန႔္ မ်က္ႏွာ ပိုနီလာတယ္။ ေျပာလက္စကို ဆုံးေအာင္ ေျပာဖို႔ လိုတာမို႔...

"သက္ပတ္ခ်င္တယ္"

ေတာက္ေခါက္သံ တိုးတိုးၾကားလိုက္ရတယ္။ အဲ့ေနာက္ စိတ္ကို မနည္းေလွ်ာ့လိုက္ရဟန္နဲ႔ ေလပူကို မႈတ္ထုတ္လိုက္ၿပီး...

"အဲ့ဒီ့ သက္ပတ္က မင္းေမ..."

စကားကို ဆုံးေအာင္ မေျပာဘဲ စိတ္ရႈပ္သလို ဆံပင္ေတြ ဆြဲဖြပစ္တယ္။ အဲ့ေနာက္...

"ေတာက္... ဒီၿဂိဳဟ္သားနဲ႔ငါ ဘာလုပ္ေနမိတာလဲ"

ေျပာဆိုၿပီးတာနဲ႔ ေျခလွမ္းက်ဲႀကီးနဲ႔ အေရွ႕က တလႊားလႊား ထြက္သြားတယ္။ အေနာက္ကေန ေဆာလ္ ေျပးလိုက္ရျပန္တယ္။ ထုရင္လဲ နာ႐ုံ၊ ဆူရင္လဲ ခံ႐ုံေပါ့။ ဘာလို႔ လိုက္ေနသလဲ ေမးလာရင္ သေဘာက်လို႔ လိုက္ေနတယ္ ေျဖ႐ုံပါပဲ။

ခင္ဗ်ားက ေဆာလ္ အိပ္မက္ထဲက လူလို႔ ထပ္ေျပာရင္ေကာ ဒီလူက ယုံမတဲ့လား။ ဟိုေန႔က တစ္ခါ ေျပာတုန္းကေတာင္ သူ႔ရဲ႕ ေလွာင္ေျပာင္ရိပ္ေတြထဲ ေဆာလ္ လမ္းေပ်ာက္သြားခဲ့ရတာ။ အဲ့ဒီအစား ဘာအေၾကာင္းျပခ်က္မွ ထပ္မေပးဘဲ ႀကိဳးစားမယ္။ ဘာအေၾကာင္းျပခ်က္နဲ႔မွ မဟုတ္ဘဲ ဒီလူက ေဆာလ္ကို ခ်စ္လာရမယ္။

သူ မႏွစ္ၿမိဳ႕ရင္ေတာင္ ခ်ဥ္းကပ္ေနအုံးမယ္။ လူေတြနဲ႔ ထိေတြ႕ရတာ မႀကိဳက္တဲ့ ဘဘႀကီးက ေဆာလ္ကိုေတာ့ ႁခြင္းခ်က္အေနနဲ႔ ထိေတြ႕ခ်င္လာရမယ္။ အခ်ိန္ဘယ္ေလာက္ ယူရယူရ၊ ေဆာလ္မွ ေနာက္မဆုတ္ႏိုင္တာ။ သေဘာက်တယ္ ဆိုတာ အလကား သက္သက္ မဟုတ္ဘူး ဘဘႀကီး၊ ခင္ဗ်ားကို အေပ်ာ္ႀကံတာ မဟုတ္ဘူး၊ ေဆာလ္ တကယ္ ပိုင္ခ်င္တာ။

ဒီလိုနဲ႔ တစ္ေနကုန္ ဘ႐ိုင္ယန႔္ အေနာက္က ေဆာလ္ လိုက္ေနမိတာ။ မိတ္ေဆြေတြနဲ႔ ဆိုင္တစ္ဆိုင္မွာ အလုပ္ကိစၥ ေျပာေနပုံရတဲ့ ဘ႐ိုင္ယန္က ခပ္လွမ္းလွမ္းကေန ထိုင္ၾကည့္ေနတဲ့ ေဆာလ္ကို ျမင္သြားတိုင္း အံတင္းတင္း ႀကိတ္ျပတယ္။ ေဘးတိုက္ၾကည့္တာေတာင္ ေမး႐ိုးေတြက ထင္းေနလိုက္တာမ်ား။ ေရွ႕တည့္တည့္မွာ ထိုင္ခိုင္းထားၿပီး တေမ့တေမာ ေငးၾကည့္ခ်င္စရာ ေယာက္်ားပဲ။

ျပင္းရွရွ ႏွစ္ခ်ိဳ႕ဝိုင္တစ္ခြက္နဲ႔ ဆင္တူေနတဲ့ ဘ႐ိုင္ယန္႔ အရွိန္အဝါက ဝန္းက်င္တစ္ဝိုက္ကို ဒီလို လႊမ္းၿခဳံထားတယ္။ ေပ်ာ္တယ္။ လူတစ္ေယာက္ကို မ်က္စိေအာက္မွာ တစ္ခ်ိန္လုံး ျမင္ေနရျခင္းက ေပ်ာ္႐ႊင္ျခင္းကို ျဖစ္ေစတာပဲ။ ဂ်စ္ကန္ကန္ အၾကည့္နဲ႔ ဘုေဘာက္က်တဲ့ စကားသံေတြ ၾကားလိုက္ရတိုင္း ေဆာလ္ရဲ႕ မသိစိတ္က ဆက္တိုက္ လႈံ႕ေဆာ္လာတယ္။ ေဆာလ္ သူ႔ကို က်ိန္းေသ ပိုင္ဆိုင္ရမယ္။ မ်က္စိေရွ႕မွာ အေကာင္အထည္လိုက္ စျမင္ဖူးတာ မၾကာေသးေပမဲ့ ရင္ခုန္သံေတြက ေျပာတယ္။

"ေဆာလ္‌ေရ မင္း သူ႔ကို သိပ္ခ်စ္ေနပါၿပီကြာ" တဲ့။

အဲ့ေနာက္ ခပ္လွမ္းလွမ္းမွာ စကား ထိုင္ေျပာေနတဲ့ လူႀကီးကို လွမ္းေငးရင္း ဗမာလို ထပ္ေျပာမိတာက...

"သိလား ဘဘႀကီး၊ ခင္ဗ်ား မႀကိဳက္လဲ သက္ပတ္မွာ"

^^

ဆက္ရန္

ခ်စ္တဲ့အသြဲ႕^^

၅.၂.၂၀၂၂ စေနေန႔

+++++

Continue Reading

You'll Also Like

102K 12.9K 42
"I don't want you in my life.Fvck off!! I'll kill you ugly Omega..!!" -KTH ''Please don't kill me..Alpha" -JJK Taekook Yoo...
242K 17K 27
တယောသံလွင်လွင်လေးရယ် နှင်းဆီနီနီတွေရယ် အတိတ်တွေသည် မဟောင်းနွမ်းခဲ့ပါ။ သို့သော် အသစ်ဖြစ်တည်လာတဲ့ ဂစ်တာသံများက ထိုလူသား၏စိတ်ကိုပြောင်းလဲသွားစေမည်လား။ တ...
508K 63.3K 36
"အရုဏ်က ကျုပ်ရှင်သန်နေရခြင်းရဲ့ အကြောင်းပြချက်ပဲ။" "အရုဏ္က က်ဳပ္ရွင္သန္ေနရျခင္းရဲ့ အေၾကာင္းျပခ်က္ပဲ။" Start Date- 29.6.2021 End Date- 22.9.2021
81.9K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။