ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.4K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
196
197
198
199
200

195

336 47 0
By SoeHmue

Chapter 195: တောစောင့်နတ်မျိုးနွယ်

ပုရွတ်ဆိတ်တစ်ကောင် နှင့် အမှန်တကယ် ချစ်ကြိုက်မိနိုင်သည် ဟူသော အတွေးက မိန်လိ၏ ခံစားမှုများကို လုံးဝ ရှုပ်ထွေးသွားစေသည်။

သူမ ယုံမှားသံသယဖြစ်နေသည့် အခွင့်အရေးကို အသုံးချကာ ဇူအန်သည် ကမ္ဘာဦးမူလကျင့်စဉ် ကို သုံး၍ ဒဏ်ရာကုသလိုက်သည်။ သူ၏ ခန္ဓာကိုယ် မှာ ကမ္ဘာဦးကီဖြင့် ထုဆစ်ခဲ့သောကြောင့် ယခင်ကထက် များစွာ ပိုမိုအကြမ်းခံနေပြီဖြစ်သည်။
အတိတ်ကာလတွင် ဤကဲ့သို့ ပြင်းထန်သော ရိုက်ချက်ကို ခံလိုက်ရပါက သူ၏ ရင်ဘတ်မှာ ဓားကီကြောင့် ပွင့်ထွက်သွားမည်ဖြစ်သည်။ သူ၏ ရင်ဘတ်ထဲ ရှိသမျှ အင်္ဂါများလည်း အသားအစုအပုံများ ဖြစ်သွားတော့မည်ဖြစ်သည်။

ယခုအခိုက်အတန့်တွင် သူ၏ရင်ဘတ်၌ ဒဏ်ရာနက်နက်တစ်ခုသာ ရှိနေတော့သည်။ ၎င်းမှာ အသက်ဘေးဖြစ်နိုင်သော ဒဏ်ရာတစ်ခုဆိုမှာ မှားစရာမရှိပေ။ သို့သော် ၎င်းသည် မျက်လုံဖြင့်မြင်ရသော နှုန်းထားတစ်ခုဖြင့် ပြန်လည်ကုသနေသည်။
ရင်ဘတ်မှာ ဓားကို ဆွဲနှုတ်ရသည်မှာ သူ့အဖို့ မလွယ်ကူခဲ့ပေ။ ဓားနှင့် နံရိုးကြား ပွတ်မှု အသံသည် ဇူအန်ကို ခတ္တငေးငိုင်သွားစေမိသည်။ အကယ်၍ အဲ့ဒီလိုမျိုး အရင်ဘဝမှာ ဖြစ်ခဲ့ရင် ငါတော့ အကြောက်လွန်ပြီးသေမှာပဲ။

တစ်ချိန်တည်းမှာပင် ချူချူယန် ၏ ဓားဖြင့် မေးခိုင်ပိုး ကူးစက်ခံရနိုင်မလားဟု တွေးမိလိုက်သည်။ ထိုသို့ဖြစ်လာပါက အလွန်ဆိုးရွားမည်ဖြစ်သည်။ သို့သော်လည်း သူ၏ လက်ရှိ ခန္ဓာကိုယ်ဖြင့် ထိုကဲ့သို့သော ရောဂါမျိုးက သူ့ကို အလဲထိုးရန် ခက်ခဲလိမ့်မည်ကို အသိအမှတ်ပြုလိုက်သည်။

“နင်…ဘာ...ဘာတွေလုပ်နေတာလဲ” သိပ်မဝေးသော နေရာတစ်ခုမှ ရှောင်းရွှယ်ယင် ၏ တုန်ယင်နေသော အသံထွက်ပေါ်လာသည်။ တံခါးနားတွင် ရှိနေစဉ် လှုပ်ရှားသံများ ကြားရသောကြောင့် သူမ အပြေးအလွှားရောက်လာခြင်းဖြစ်သည်။
မြင်ကွင်းက သူမကို အမှန်ပင် ထိတ်လန့်စေခဲ့သည်။ ဇူအန်မှာ ဂူနံရံမှ သွေးစီးကြောင်းတစ်ခုဖြင့် အောက်သို့ လျှောကျနေသည်။ သူ၏လက်ထဲတွင် သွေးများပေနေသော ရင်းနှီးနေသော ဓားတစ်ချောင်း ကိုင်ထားသည်ကို ခပ်မှိန်မှိန် တွေ့လိုက်ရသည်။
အဲ့ဒါက ချူချူယန်ရဲ့ နှင်းပန်း ဓားမဟုတ်ဘူးလား။

ရှောင်းရွှယ်ယင် အလျှင်အမြန် ပြေးသွားကာ ဇူအန်ကို ထူပေးလိုက်သည်။ အနီးကပ်မြင်ရမှ သူ၏ ဒဏ်ရာများ မည်မျှ ဆိုးရွားသည်ကို သေချာတွေ့လိုက်ရသည်။ သူမ၏ ဆေးတစ်ပုလင်း ထုတ်ရန် သူမ၏ ဝတ်ရုံထဲ နှိုက်လိုက်သည်။ သို့သော်လည်း ယခင် တိုက်ပွဲတွင် အရာအားလုံး အသုံးပြုခဲ့ပြီးပြီကို သူမ နောက်ကျမှ သတိရလိုက်သည်။

“အစ်မချူ စိတ်လွတ်သွားပြီလား” ရှောင်းရွှယ်ယင်က ချူချူယန်ကို စိုက်ကြည့်ကာ ဒေါသဖြစ်သွားသည်။ “ခုနက ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို လက်ခံဖို့ နင့်အတွက် ခက်ခဲလိမ့်မယ်ဆိုတာကို သိတယ်။ ဒါပေမယ့် ဒါတွေအားလုံးက နင့်ကို ကယ်ဖို့အတွက်ပဲလေ။ ဒီလောက်အထိ လုပ်စရာမလိုဘူးမဟုတ်လား”

ရှောင်းရွှယ်ယင် က သူ့ဘက်တွင် ရပ်တည်ပေးနေသည်ကို မြင်ရသောအခါ ဇူအန် အံသြသွားသည်။ မတတ်နိုင်သော အပြုံးတစ်ခုဖြင့် မှတ်ချက်ပေးလိုက်သည်။
“အရင်က ငါ့ကို ကယ်ဖို့ကြိုးစားတဲ့သူက အခု ငါ့ကို သတ်ဖို့လုပ်နေတယ်။ အရင်က သတ်ဖို့ကြိုးစားခဲ့တဲ့သူကတော့ အခု ငါ့ကို ကယ်ဖို့လုပ်နေတယ်။ ဒီကမ္ဘာကြီးက တကယ်ကို ရယ်စရာကောင်းတဲ့နေရာတစ်ခုပဲ”

ရှောင်းရွှယ်ယင်က ဇူအန်ကို မျက်စောင်းထိုးလိုက်သည်။ “ဒီလောက် ဆိုးတဲ့ ဒဏ်ရာ ရထားတာတောင်မှ ဟာသလုပ်ချင်စိတ်ရှိသေးတယ်”

“ငါ အသက်ရှင်နေတုန်းပဲလေ မဟုတ်ဘူးလား” သူမ ခန္ဓာကိုယ်မှ ပျော့ပျောင်းမှုကို ဇူအန် ခံစားမိနေသည်။ သူ့ကို သတ်ရန် တစ်ချိန်လုံးကြိုးစားနေခဲ့သော မိန်းကလေး ကို လက်ခံပေးရန် ခက်ခဲနေသည်။

ရှောင်းရွှယ်ယင် ကြောင်သွားသည်။ ဇူအန်သည် ငကြောက်ဟု သူမ ထင်မြင်ခဲ့ဖူးသည်။ သို့သော်လည်း အံသြစရာမှာ သူ့မျက်နှာပေါ်မှ တည်ငြိမ်မှုကို တွေ့လိုက်ရခြင်းဖြစ်သည်။ လူအရှေ့တွင် အမြဲပေါ့ပျက်သည့် အသွင်အပြင်ရှိသူ က သေခြင်း၏အရှေ့တွင် လေးနက်မှုကို ပြခဲ့သည်။

သူမ၏ အရှေ့တွင် ရှိနေသော နှစ်ယောက်ကို ကြည့်ကာ မိန်လိ၏ နှုတ်ခမ်းများ လှောင်ပြုံး ပြုံးလိုက်သည်။ “နင့်လို နိမ့်ကျတဲ့ လူမျိုးကို မိန်းကလေးတွေ အများကြီး နှစ်သက်ကြမယ်လို့ မထင်ထားဘူး”

ထိုစကားလုံးများကြောင့် ရှောင်းရွှယ်ယင် ချက်ချင်း ဇူအန်ကို ဘေးသို့ တွန်းလိုက်ကာ ပြောလိုက်သည်။ “ဘယ်သူက သူ့ကို သဘောကျနေလို့လဲ”

အခြားတစ်ဖက်တွင် အရာများ မည်သို့ လှည့်ပြောင်းသွားသည်ကို ကြည့်ကာ ဇူအန်ပျော်ရွင်နေသည်။ အသာအယာ ပုခုံးတွန့်ကာ ပြောလိုက်သည်။
“ဒါကိုတော့ ကျုပ်လည်း မတတ်နိုင်ဘူး။ ကျုပ်က အရမ်းချောမောခန့်ငြားနေတာလေ။ ကျုပ်အကြောင်းကို သိတဲ့ ဘယ်မိန်းကလေးမဆို ကျုပ်ရဲ့ ညှို့ချက်တွေကို မခုခံနိုင်ဘူး။ အစ်မမိဖုရားကြီး လည်း ကျုပ်ကို နှစ်သက်သွားတာဖြစ်ရမယ်။ မဟုတ်ရင် အဲ့ဒီလို သဝန်တိုတဲ့ စကားကို ဘယ်ပြောထွက်ပါ့မလဲ”

“...” ရှောင်းရွယ်ယင်

“...” မိန်လိ

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၅၁၃ ရရှိလိုက်သည်။

“သေလမ်းရှာနေတာပဲ”
မိန်လိ သူမ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ ဆယ်မီတာရှိသော ဓားတစ်ချောင်း ထွက်ပေါ်လာသည်။

“သတိထား” ထိုစကားပြောပြီးနောက် ချက်ချင်း ရှောင်တိမ်းရန် ဇူအန် ဟန်ပြင်လိုက်သည်။ ရှောင်းရွယ်ယင် ကို ဖက်ကာ မြေပြင်ပေါ်တွင် အကြိမ်ရေအနည်းငယ် လိမ့်သွားပြီး ထိုတိုက်ခိုက်မှုကို လက်မတင်လေး ရှောင်ရှားနိုင်လိုက်သည်။
မိန်လိ ရပ်နေသော နေရာမှ သူတို့နှစ်ဦးရှိနေခဲ့သော နံရံဆီသို့ လမ်းတစ်လျှောက် နက်ရှိုင်းသော ဓားချက်ရာကြီး တစ်ခု ဖြစ်ပေါ်သွားသည်။ ကမ္ဘာနှစ်ခြမ်းကွဲသွားသကဲ့သို့ အလွန်တူနေသည်။
ရှောင်းရွယ်ယင် အလွန်အံသြသွားသည်။ “ဒါ...”

သူမ မြင်တွေ့နေရသည်ကို မယုံနိုင်ဖြစ်နေသည်။ ယခုအချိန်ထိ ချူချူယန် နှင့် ရှိနေခဲ့သော ကာလတစ်လျှောက်လုံးတွင် သူမမှာ မည်မျှ ပါရမီရှိသည်ကို အခြားသူများထက် ပိုသိနေသည်။ အခြားသူမှာ ဤကဲ့သို့ စွမ်းအားကြီးနေစရာ အကြောင်းမရှိပေ။

ဇူအန် သူမကို အလျှင်အမြန် ရှင်းပြလိုက်သည်။ “သတိထား။ သူက ချူချူယန် မဟုတ်ဘူး။ သူ့ကို မိန်လိ ဝင်ပူးထားတယ်”

“ဘာ..” ရှောင်းရွယ်ယင် က ချူချူယန် ဘက်သို့ တအံ့တသြ လှည့်ကြည့်လိုက်သည်။ ထိုအချက်သည် အဘယ့်ကြောင့် အခြားသူက အလွန်မူမမှန်စွာ ပြုမူနေသည်ကို ရှင်းလင်းသွားစေသည်။ “မိန်းကလေးချူက....”

ဇူအန် ခေါင်းခါကာ ဖြေလိုက်သည်။ “ချူယန် က အဆင်ပြေနေတုန်းပဲ။ သူ့ရဲ့ ဝိဉာဉ်က အချိန်အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ခံထားရရုံပဲ။ ဒါကြောင့် သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တာ”

မိန်လိကာ လက်နောက်ပစ်ကာ ဇူအန်ကို စိတ်ဝင်တစား အကဲခတ်နေသည်။ “နင်ရဲ့ ကျင့်ကြံမှုအဆင့် က နိမ့်ပေမယ့် အမြင်ကတော့ စူးရှတာပဲ”

“ဟုတ်တာပေါ့။ ဒါတောင် ကျုပ်ရဲ့ လုပ်ဆောင်နိုင်စွမ်းအစစ်အမှန်ကို မမြင်ရသေးဘူး။ အချိန်ကြာလာတာနဲ့အမျှ ကျုပ် ဘယ်လောက်တောင် အသိပညာဗဟုသုတ ကြွယ်ဝ ကျယ်ပြန့်တယ်ဆိုတာကို မြင်တွေ့လာလိမ့်မယ်။ ခင်ဗျားဆို ဒဏ္ဍာရီလာ ဂျပန်ကတုံးရဲ့ လျှို့ဝှက်ပညာတွေကိုတောင် မြည်းစမ်းလို့ရတယ်”

“ဂျပန်...အဲ့ဒါ ဘာလဲ” ဇူအန် ပြောနေသည့်အရာကို မိန်လိ တွေဝေသွားသည်။ သို့သော် သူမလည်း သိပ်စိတ်မဝင်စားပေ။
“နင်ရဲ့ ပညာလေးတစ်ထွာ တစ်မိုက်လောက်နဲ့ ငါ့ကို အထင်ကြီးစေမယ့် လျှို့ဝှက်ပညာမျိုးကို ထုတ်ပြနိုင်လောက်တဲ့ အစွမ်းအစရှိမှာမဟုတ်ဘူး”

ထို့နောက် သူမ တခဏ ရပ်နားကာ မေးလိုက်သည်။ “ဒီတစ်ချိန်လုံး ငါ့စိတ်ထဲ စွဲနေတာတစ်ခုရှိတယ်။ ငါ့နာမည်ကို အစကတည်းက ဘယ်လိုလုပ်သိနေတာလဲ”

ဒါပေါ့။ ကီးဘုတ် ၏ တည်ရှိမှုကို ဇူအန် ဖော်ပြမည်မဟုတ်ပေ။ ထို့ကြောင့် သူ ပြန်ဖြေလိုက်သည်။
“ကျုပ်က ယင်ကျန်း ပြန်ဝင်စားတာလို့ ပြောပြီးပြီမဟုတ်လား။ ခင်ဗျားအသံကို ကြားကတည်းက နာမည်က ခေါင်းထဲမှာ တန်းပေါ်လာတာပဲ”

“ယုံမယ်ထင်နေရင် သွားသေလိုက်” မိန်လိ နှာမှုတ်ကာ သူမ၏ လက်ကို ဒေါသတကြီး ဝှေ့ရမ်းလိုက်သည်။ နောက်ထပ် ဓားကီက ဇူအန် ဆီသို့ သွားနေသည်။

“သတိထား” ရှောင်းရွယ်ယင် က ဇူအန်ကို ဘေးသို့ ဆွဲလိုက်သည်။
ဇူအန်မှာလည်း ရှောင်တိမ်းရန်အတွက် သူမကို အခြားတစ်ဖက်သို့ ဆွဲလိုက်မည်ဟု မည်သူ ထင်မိမည်နည်း။ ရလဒ်အနေဖြင့် သူတို့နှစ်ဦး ၏ ခွန်အား ညီမျှကာ တစ်ယောက်ကိုတစ်ယောက် ဆွဲရင်း ထိုနေရာတွင် သာ ဆက်ရှိနေစေသည်။

“...” ဇူအန်

“...” ရှောင်းရွယ်ယင်

သို့သော်လည်း ပိုအံသြစရာကောင်းသည်မှာ ဓားကီ မှာ ရုတ်တရက် နှစ်ခြမ်းကွဲသွားကာ သူတို့နှစ်ယောက် ဘေးမှ ဖြတ်သွားသည်။ ယခင်က အဖြစ်ကို မိန်လိ သင်ခန်းစာယူခဲ့ဟန်ရှိသည်။ သူမသည် သူတို့ ရှောင်တိမ်းမည့်နေရာကို ခန့်မှန်းကာ ဖြစ်နိုင်ဖွယ် နှစ်နေရာလုံးကို ချိန်ရွယ်ခဲ့သည်။ ထိုတိုက်ဆိုင်သော ဖြစ်ရပ်က သူတို့ကို ထိုနေရာမှာပင် ဆက်ရှိနေစေကာ မိန်လိ၏ အပိုင် တိုက်ခိုက်မှုမှ လွတ်သွားစေသည်။

“...” မိန်လိ

ဇူအန် ဟားတိုက်ရယ်လိုက်သည်။ သူ့ရင်ခွင်ထဲရှိ မိန်းကလေးကို ကြည့်ကာ ပြောလိုက်သည်။ “အိုးဟိုး…ငါတို့တွေက ဒီလိုတိုက်ခိုက်မှုကိုတောင် ရှောင်လိုက်နိုင်တယ်။ ကြည့်ရတာ မင်းက ငါ့ရဲ့ ကံကောင်းခြင်း ကြယ်ပွင့်ပဲ”

သူ့လက်မှ ရှောင်းရွယ်ယင် အမြန်ရုန်းကာ မျက်နှာနီရဲလျှက် ကြည့်လိုက်သည်။

“ကျေးဇူးပြုပြီးတော့ အခြေအနေကို ကြည့်ပါဦးလား။ ဒီလိုအချိန်မျိုးမှာ ဘာလို့ရှက်ရွံတဲ့ မိန်းကလေးတစ်ယောက် ဟန်ဆောင်နေတာလဲ” ဇူအန် ဆွံ့အ သွားသည်။ “ပြီးတော့ မင်းရဲ့ လေယာဉ်ကွင်းကနေ ဘာတစ်ခုမှ ခံစားမရဘူး။ ရှိခဲ့ရင်တောင် မင်းရဲ့ နံရိုး ထိုးတဲ့ နာကျင်မှုပဲဖြစ်မယ်။ အစ်မတော် နဲ့ယှဉ်ရင် မင်းက ဘာမှမဟုတ်ဘူး”

ထိုစကားလုံးများက သူ၏ စိတ်ထဲကထက် လွန်သွားသည်။ ရှောင်ရွယ်ယင်း တွင် သေးသွယ်သော ကိုယ်အနေအထားရှိသည်မှာ မှန်သည်။ သို့သော် ၎င်းသည် ပြားချပ်သည်ဟု ယူဆရလောက်အောင် မသေးပေ။ အနည်းဆုံး သူမသည် ချူကျုန်းထန် ထက် တော့ ကြီးသေးသည်။

“...” ရှောင်ရွှယ်ယင်း
သင်သည် ရှောင်းရွယ်ယင် ထံမှ အမျက်ပွိုင့် ၃၂၅ ရရှိလိုက်သည်။

လေယာဉ်ကွင်းဆိုသည်ကို သူမ မသိပေ။ သို့သော် ဇူအန် ရည်ညွှန်းနေသည့်အချက်ကို မှန်းဆရန် မခက်ခဲပေ။ ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ခန္ဓာကိုယ် ပုံစံအား လှောင်ပြောင်ပြောဆိုမှုကို နှစ်သက်သော မိန်းမဟူ၍မရှိပေ။

မိန်လိသည်လည်း သူမ၏ ဒဏ်ရာများကို ပြန်ကုစားနေချိန်က ဖြစ်ခဲ့သော အရာအားလုံးကို ပြန်တွေးလိုက်သည်။
ဤခန္ဓာသည် သူမ၏ ခန္ဓာမဟုတ်သော်လည်း ၎င်းအရာအားလုံးကို ကိုယ်တိုင်မြင်တွေ့ရသူ နေရာမှ ကြုံတွေရခြင်းဖြစ်ခဲ့သည်။
အကယ်၍ ထိုအဖြစ်မဟုတ်လျှင် ဇူအန်သည် ထိုအရာမတိုင်ခင် အဖြစ်အကြောင်းကို လျှောက်ပြောနေခြင်းဖြစ်နိုင်သည်။

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၄၀၄ ရရှိလိုက်သည်။

“နင့်လောက် ရွံစရာကောင်းတဲ့ လူမျိုးကို မမြင်ဖူးသေးဘူး။ ဒီလောက်တောင် သေချင်နေမှတော့ နင့် ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
စကားပြောပြီးနောက် သူမ၏ အရှေ့တွင် အမည်းရောင် စက်ဝိုင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။  ကီဖြင့် ဖန်တီးထားသော မရေမတွက်နိုင်သော ဓားများ အလျှင်အမြန်ဖြစ်ပေါ်လာသည်။ ထို့နောက် သူတို့နှစ်ဦးဘက်သို့ ဓားများစွာကို ကြောက်စရာအရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။

“သေစမ်း” ဇူအန် မျက်လုံး ကျွတ်ထွက်မတတ် ဖြစ်သွားသည်။ နေရာတစ်ခုလုံးမှာ ဓားကီများဖြင့် ပြည့်နေသောကြောင့် ရှောင်ပုန်းစရာနေရာမရှိတော့ပေ။
ဓားပျံများကို ယခင်က မမြင်ဖူးသည်မဟုတ်ပေ။ ကလန်ပြိုင်ပွဲ အချိန်က ယွမ်ဝမ်ဒုံ က သူ၏ သတ္တုဒြပ်စင်အစွမ်းကို အသုံးပြုကာ ဓားများစွာကို တစ်ချိန်တည်းတွင် ထိန်းချုပ်ခဲ့သည်။ သို့သော် ၎င်းတို့သည် ယခု သူတွေ့ကြုံနေရသည့် အရာနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

ထိုဓားများမှ ပေးစွမ်းနေသော ပွတ်မှုအားသည် သူ့ကို မျှော်လင့်ချက်မဲ့သွားစေသည်။
ဒီမိန်းမက ငါ့အသက်ကို တကယ်အဆုံးသတ်ပေးတော့မှာပဲ။

“သတိထား”
ရှောင်းရွယ်ယင် အရှေ့သို့ ပြေးလိုက်သည်။ သူမ၏ ဆံပင်များ ရူးသွပ်စွာ ကြီးထွားလာပြီး ချက်ချင်းပင် ဆူးချွန်ချုံပုတ်တစ်ခုဖြစ်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အစိမ်းရောင် သစ်ရွက်များ စုပေါင်းကာ သူတို့အရှေ့တွင် အကာအကွယ်တစ်ခုဖြစ်စေလိုက်သည်။

ဓားများက ချုံပုတ်ကို ထိုးစိုက်သွားသည်။ ၎င်းကို တဖြည်းဖြည်း ပိုင်းဖြတ်စေသည်။ တဖြည်းဖြည်း ပါးလွှာလာပြီး နောက်ဆုံး ပျောက်ကွယ်သွားသည်။ ထို့နောက် ဓားကီများက အစိမ်းရောင်သစ်ရွက်အကာအရံဆီသို့ ဆက်လက်ဦးတည်နေသည်။ ၎င်းသည်လည်း သုံးစက္ကန့်မျှသာ ခံ၍ ပျက်စီးသွားရသည်။

ရှောင်းရွယ်ယင် ၏ မျက်ဝန်းတွင် ပြတ်သားသော ဆုံးဖြတ်ချက် တဖျပ်ဖျပ် လက်ကာ ဇူအန်ကို ဘေးသို့ တွန်းလိုက်ကာ သူမကိုယ်ကို ဓားစိုက်ခံလိုက်သည်။

“စနိုး” ဇူအန် အော်လိုက်သည်။
ခက်ထန်သော ဓားကီ၏ အောက်တွင် ရှောင်ရွယ်ယင်း မှာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် သူ၏မျက်စိရှေ့မှောက်တွင် ဆုပ်ဖြဲခံလိုက်ရသည်။

“ခင်ဗျား သူ့ကို တကယ်သတ်လိုက်တာပဲ” ဇူအန်၏ မျက်လုံးများ နီရဲသွားကာ မိန်လိကို ဒေါသတကြီး ကြည့်လိုက်သည်။

“ဘာတွေ အော်နေတာလဲ။ သူ မသေသေးဘူး” မိန်လိ က ဘေးတစ်နေရာကို ကြည့်ကာ နှာမှုတ်လိုက်သည်။
မီတာများစွာအကွာတွင် ရှောင်းရွယ်ယင် ၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပြန်ပေါ်လာသည်။ သို့သော် သူမ၏ မျက်နှာမှာ ဖြူဖပ်နေသည်။

ထိုအချိန်မှ သူမတွင် အသက်ကယ်ပညာဖြစ်သော ‘လရိပ်ရောင်ပြန်’သို့မဟုတ် တစ်စုံတစ်ရာ ရှိသည်ကို ဇူအန် သတိရလိုက်သည်။ သူ၏ အဆိပ်ပြင်းတန်ဆာ ကို ရင်ဆိုင်ရန်အတွက် ထိုပညာကို အသုံးပြုခဲ့ဖူးသည်။

“မင်း အဆင်ပြေလား”
သူမဆီသို့ ပြေးသွားကာ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။

“ငါ့ကို မထိနဲု့” ရှောင်းရွယ်ယင် က သူ၏လက်ကို အေးစက်စွာ ပုတ်ခတ်လိုက်သည်။

“အကောင်းအတိုင်း ရှိနေသေးတာ တော်သေးတယ်” ဇူအန် စိတ်သက်သာစွာ အသက်ရှုထုတ်လိုက်သည်။

“အခုတော့ အဆင်ပြေနေသေးပေမယ့် ဒီလို ကြာကြာမနေနိုင်တော့ဘူးထင်တယ်”
ရှောင်းရွယ်ယင် ၏ အသားအရေမှာ ဆိုးရွားနေသည်။ သူမ၏ တစ်သက်စာ ကံဆိုးမှုက သူမကို ရုတ်တရက် တိုက်ခိုက်လိုက်သည်ဟု ခံစားရစေသည်။ ပထမတွင် သူမသည် ရှီခွန်း၏ သစ္စာဖောက်ခြင်းခံရသည်။ ထို့နောက် သူမ၏ တန်ဖိုးအရှိဆုံးသော သက်တမ်းတစ်၀က်ကြမ္မာကို သုံးခဲ့ရသည်။ ထို့အပြင် ယခုအခါတွင် လရိပ်ရောင်ပြန် ပညာကို နှစ်ကြိမ်မြောက်အဖြစ် သုံးလိုက်ရပြီဖြစ်သည်။ ၎င်းစကေးကို သူမ၏ တစ်သက်တွင် သုံးခါသာ အသုံးပြုနိုင်မည်ဖြစ်သည်။

ဒီအကောင် အပေါ်ကို အရင်ဘဝက ငါ အကြွေးဘယ်လောက်တောင် တင်ထားသလဲမသိဘူး။

မိန်လိက သူမကို စိတ်ဝင်တစား ကြည့်လိုက်သည်။ “ဒါဆိုရင် အဲ့ဒါက နတ်သူငယ်တွေရဲ့ လျှို့ဝှက်ပညာဖြစ်တဲ့ လရိပ်ရောင်ပြန် ပေါ့။ အခုသုံးလိုက်တဲ့ ပညာကို ကြည့််ရရင် နင်က တောစောင့်နတ်မျိုးနွယ် ဖြစ်ရမယ်”

ဇူအန် ကြောင်သွားသည်။ ရှောင်ရွယ်ယင်း ကို အနီးကပ်ကြည့်ကာ မေးလိုက်သည်။ “မင်းက နတ်သူငယ်လား”

----- ----- -------------------------------------- -- --- ----

Chapter 195: ေတာေစာင့္နတ္မ်ိဳးႏြယ္

ပု႐ြတ္ဆိတ္တစ္ေကာင္ ႏွင့္ အမွန္တကယ္ ခ်စ္ႀကိဳက္မိနိုင္သည္ ဟူေသာ အေတြးက မိန္လိ၏ ခံစားမႈမ်ားကို လုံးဝ ရႈပ္ေထြးသြားေစသည္။

သူမ ယုံမွားသံသယျဖစ္ေနသည့္ အခြင့္အေရးကို အသုံးခ်ကာ ဇူအန္သည္ ကမၻာဦးမူလက်င့္စဥ္ ကို သုံး၍ ဒဏ္ရာကုသလိုက္သည္။ သူ၏ ခႏၶာကိုယ္ မွာ ကမၻာဦးကီျဖင့္ ထုဆစ္ခဲ့ေသာေၾကာင့္ ယခင္ကထက္ မ်ားစြာ ပိုမိုအၾကမ္းခံေနၿပီျဖစ္သည္။
အတိတ္ကာလတြင္ ဤကဲ့သို႔ ျပင္းထန္ေသာ ရိုက္ခ်က္ကို ခံလိုက္ရပါက သူ၏ ရင္ဘတ္မွာ ဓားကီေၾကာင့္ ပြင့္ထြက္သြားမည္ျဖစ္သည္။ သူ၏ ရင္ဘတ္ထဲ ရွိသမွ် အဂၤါမ်ားလည္း အသားအစုအပုံမ်ား ျဖစ္သြားေတာ့မည္ျဖစ္သည္။

ယခုအခိုက္အတန့္တြင္ သူ၏ရင္ဘတ္၌ ဒဏ္ရာနက္နက္တစ္ခုသာ ရွိေနေတာ့သည္။ ၎မွာ အသက္ေဘးျဖစ္နိုင္ေသာ ဒဏ္ရာတစ္ခုဆိုမွာ မွားစရာမရွိေပ။ သို႔ေသာ္ ၎သည္ မ်က္လုံျဖင့္ျမင္ရေသာ ႏႈန္းထားတစ္ခုျဖင့္ ျပန္လည္ကုသေနသည္။
ရင္ဘတ္မွာ ဓားကို ဆြဲႏႈတ္ရသည္မွာ သူ႕အဖို႔ မလြယ္ကူခဲ့ေပ။ ဓားႏွင့္ နံရိုးၾကား ပြတ္မႈ အသံသည္ ဇူအန္ကို ခတၱေငးငိုင္သြားေစမိသည္။ အကယ္၍ အဲ့ဒီလိုမ်ိဳး အရင္ဘဝမွာ ျဖစ္ခဲ့ရင္ ငါေတာ့ အေၾကာက္လြန္ၿပီးေသမွာပဲ။

တစ္ခ်ိန္တည္းမွာပင္ ခ်ဴခ်ဴယန္ ၏ ဓားျဖင့္ ေမးခိုင္ပိုး ကူးစက္ခံရနိုင္မလားဟု ေတြးမိလိုက္သည္။ ထိုသို႔ျဖစ္လာပါက အလြန္ဆိုး႐ြားမည္ျဖစ္သည္။ သို႔ေသာ္လည္း သူ၏ လက္ရွိ ခႏၶာကိုယ္ျဖင့္ ထိုကဲ့သို႔ေသာ ေရာဂါမ်ိဳးက သူ႕ကို အလဲထိုးရန္ ခက္ခဲလိမ့္မည္ကို အသိအမွတ္ျပဳလိုက္သည္။

နင္ဘာ...ဘာေတြလုပ္ေနတာလဲ သိပ္မေဝးေသာ ေနရာတစ္ခုမွ ေရွာင္း႐ႊယ္ယင္ ၏ တုန္ယင္ေနေသာ အသံထြက္ေပၚလာသည္။ တံခါးနားတြင္ ရွိေနစဥ္ လႈပ္ရွားသံမ်ား ၾကားရေသာေၾကာင့္ သူမ အေျပးအလႊားေရာက္လာျခင္းျဖစ္သည္။
ျမင္ကြင္းက သူမကို အမွန္ပင္ ထိတ္လန့္ေစခဲ့သည္။ ဇူအန္မွာ ဂူနံရံမွ ေသြးစီးေၾကာင္းတစ္ခုျဖင့္ ေအာက္သို႔ ေလွ်ာက်ေနသည္။ သူ၏လက္ထဲတြင္ ေသြးမ်ားေပေနေသာ ရင္းႏွီးေနေသာ ဓားတစ္ေခ်ာင္း ကိုင္ထားသည္ကို ခပ္မွိန္မွိန္ ေတြ႕လိုက္ရသည္။
အဲ့ဒါက ခ်ဴခ်ဴယန္ရဲ႕ ႏွင္းပန္း ဓားမဟုတ္ဘူးလား။

ေရွာင္း႐ႊယ္ယင္ အလွ်င္အျမန္ ေျပးသြားကာ ဇူအန္ကို ထူေပးလိုက္သည္။ အနီးကပ္ျမင္ရမွ သူ၏ ဒဏ္ရာမ်ား မည္မွ် ဆိုး႐ြားသည္ကို ေသခ်ာေတြ႕လိုက္ရသည္။ သူမ၏ ေဆးတစ္ပုလင္း ထုတ္ရန္ သူမ၏ ဝတ္႐ုံထဲ ႏွိုက္လိုက္သည္။ သို႔ေသာ္လည္း ယခင္ တိုက္ပြဲတြင္ အရာအားလုံး အသုံးျပဳခဲ့ၿပီးၿပီကို သူမ ေနာက္က်မွ သတိရလိုက္သည္။

အစ္မခ်ဴ စိတ္လြတ္သြားၿပီလား ေရွာင္း႐ႊယ္ယင္က ခ်ဴခ်ဴယန္ကို စိုက္ၾကည့္ကာ ေဒါသျဖစ္သြားသည္။ ခုနက ဘာေတြျဖစ္ခဲ့တာလဲဆိုတာကို လက္ခံဖို႔ နင့္အတြက္ ခက္ခဲလိမ့္မယ္ဆိုတာကို သိတယ္။ ဒါေပမယ့္ ဒါေတြအားလုံးက နင့္ကို ကယ္ဖို႔အတြက္ပဲေလ။ ဒီေလာက္အထိ လုပ္စရာမလိုဘူးမဟုတ္လား

ေရွာင္း႐ႊယ္ယင္ က သူ႕ဘက္တြင္ ရပ္တည္ေပးေနသည္ကို ျမင္ရေသာအခါ ဇူအန္ အံၾသသြားသည္။ မတတ္နိုင္ေသာ အၿပဳံးတစ္ခုျဖင့္ မွတ္ခ်က္ေပးလိုက္သည္။
အရင္က ငါ့ကို ကယ္ဖို႔ႀကိဳးစားတဲ့သူက အခု ငါ့ကို သတ္ဖို႔လုပ္ေနတယ္။ အရင္က သတ္ဖို႔ႀကိဳးစားခဲ့တဲ့သူကေတာ့ အခု ငါ့ကို ကယ္ဖို႔လုပ္ေနတယ္။ ဒီကမၻာႀကီးက တကယ္ကို ရယ္စရာေကာင္းတဲ့ေနရာတစ္ခုပဲ

ေရွာင္း႐ႊယ္ယင္က ဇူအန္ကို မ်က္ေစာင္းထိုးလိုက္သည္။ ဒီေလာက္ ဆိုးတဲ့ ဒဏ္ရာ ရထားတာေတာင္မွ ဟာသလုပ္ခ်င္စိတ္ရွိေသးတယ္

ငါ အသက္ရွင္ေနတုန္းပဲေလ မဟုတ္ဘူးလား သူမ ခႏၶာကိုယ္မွ ေပ်ာ့ေပ်ာင္းမႈကို ဇူအန္ ခံစားမိေနသည္။ သူ႕ကို သတ္ရန္ တစ္ခ်ိန္လုံးႀကိဳးစားေနခဲ့ေသာ မိန္းကေလး ကို လက္ခံေပးရန္ ခက္ခဲေနသည္။

ေရွာင္း႐ႊယ္ယင္ ေၾကာင္သြားသည္။ ဇူအန္သည္ ငေၾကာက္ဟု သူမ ထင္ျမင္ခဲ့ဖူးသည္။ သို႔ေသာ္လည္း အံၾသစရာမွာ သူ႕မ်က္ႏွာေပၚမွ တည္ၿငိမ္မႈကို ေတြ႕လိုက္ရျခင္းျဖစ္သည္။ လူအေရွ႕တြင္ အၿမဲေပါ့ပ်က္သည့္ အသြင္အျပင္ရွိသူ က ေသျခင္း၏အေရွ႕တြင္ ေလးနက္မႈကို ျပခဲ့သည္။

သူမ၏ အေရွ႕တြင္ ရွိေနေသာ ႏွစ္ေယာက္ကို ၾကည့္ကာ မိန္လိ၏ ႏႈတ္ခမ္းမ်ား ေလွာင္ၿပဳံး ၿပဳံးလိုက္သည္။ နင့္လို နိမ့္က်တဲ့ လူမ်ိဳးကို မိန္းကေလးေတြ အမ်ားႀကီး ႏွစ္သက္ၾကမယ္လို႔ မထင္ထားဘူး

ထိုစကားလုံးမ်ားေၾကာင့္ ေရွာင္း႐ႊယ္ယင္ ခ်က္ခ်င္း ဇူအန္ကို ေဘးသို႔ တြန္းလိုက္ကာ ေျပာလိုက္သည္။ ဘယ္သူက သူ႕ကို သေဘာက်ေနလို႔လဲ

အျခားတစ္ဖက္တြင္ အရာမ်ား မည္သို႔ လွည့္ေျပာင္းသြားသည္ကို ၾကည့္ကာ ဇူအန္ေပ်ာ္႐ြင္ေနသည္။ အသာအယာ ပုခုံးတြန့္ကာ ေျပာလိုက္သည္။
ဒါကိုေတာ့ က်ဳပ္လည္း မတတ္နိုင္ဘူး။ က်ဳပ္က အရမ္းေခ်ာေမာခန့္ျငားေနတာေလ။ က်ဳပ္အေၾကာင္းကို သိတဲ့ ဘယ္မိန္းကေလးမဆို က်ဳပ္ရဲ႕ ညွို႔ခ်က္ေတြကို မခုခံနိုင္ဘူး။ အစ္မမိဖုရားႀကီး လည္း က်ဳပ္ကို ႏွစ္သက္သြားတာျဖစ္ရမယ္။ မဟုတ္ရင္ အဲ့ဒီလို သဝန္တိုတဲ့ စကားကို ဘယ္ေျပာထြက္ပါ့မလဲ

... ေရွာင္း႐ြယ္ယင္

... မိန္လိ

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၅၁၃ ရရွိလိုက္သည္။

ေသလမ္းရွာေနတာပဲ
မိန္လိ သူမ၏ လက္ကို ေဝွ႕ရမ္းလိုက္သည္။ ဆယ္မီတာရွိေသာ ဓားတစ္ေခ်ာင္း ထြက္ေပၚလာသည္။

သတိထား ထိုစကားေျပာၿပီးေနာက္ ခ်က္ခ်င္း ေရွာင္တိမ္းရန္ ဇူအန္ ဟန္ျပင္လိုက္သည္။ ေရွာင္း႐ြယ္ယင္ ကို ဖက္ကာ ေျမျပင္ေပၚတြင္ အႀကိမ္ေရအနည္းငယ္ လိမ့္သြားၿပီး ထိုတိုက္ခိုက္မႈကို လက္မတင္ေလး ေရွာင္ရွားနိုင္လိုက္သည္။
မိန္လိ ရပ္ေနေသာ ေနရာမွ သူတို႔ႏွစ္ဦးရွိေနခဲ့ေသာ နံရံဆီသို႔ လမ္းတစ္ေလွ်ာက္ နက္ရွိုင္းေသာ ဓားခ်က္ရာႀကီး တစ္ခု ျဖစ္ေပၚသြားသည္။ ကမၻာႏွစ္ျခမ္းကြဲသြားသကဲ့သို႔ အလြန္တူေနသည္။
ေရွာင္း႐ြယ္ယင္ အလြန္အံၾသသြားသည္။ ဒါ...

သူမ ျမင္ေတြ႕ေနရသည္ကို မယုံနိုင္ျဖစ္ေနသည္။ ယခုအခ်ိန္ထိ ခ်ဴခ်ဴယန္ ႏွင့္ ရွိေနခဲ့ေသာ ကာလတစ္ေလွ်ာက္လုံးတြင္ သူမမွာ မည္မွ် ပါရမီရွိသည္ကို အျခားသူမ်ားထက္ ပိုသိေနသည္။ အျခားသူမွာ ဤကဲ့သို႔ စြမ္းအားႀကီးေနစရာ အေၾကာင္းမရွိေပ။

ဇူအန္ သူမကို အလွ်င္အျမန္ ရွင္းျပလိုက္သည္။ သတိထား။ သူက ခ်ဴခ်ဴယန္ မဟုတ္ဘူး။ သူ႕ကို မိန္လိ ဝင္ပူးထားတယ္

ဘာ.. ေရွာင္း႐ြယ္ယင္ က ခ်ဴခ်ဴယန္ ဘက္သို႔ တအံ့တၾသ လွည့္ၾကည့္လိုက္သည္။ ထိုအခ်က္သည္ အဘယ့္ေၾကာင့္ အျခားသူက အလြန္မူမမွန္စြာ ျပဳမူေနသည္ကို ရွင္းလင္းသြားေစသည္။ မိန္းကေလးခ်ဴက....

ဇူအန္ ေခါင္းခါကာ ေျဖလိုက္သည္။ ခ်ဴယန္ က အဆင္ေျပေနတုန္းပဲ။ သူ႕ရဲ႕ ဝိဉာဥ္က အခ်ိန္အတိုင္းအတာတစ္ခုအထိ ဖိႏွိပ္ခံထားရ႐ုံပဲ။ ဒါေၾကာင့္ သူ႕ခႏၶာကိုယ္ကို မထိန္းခ်ဳပ္နိုင္တာ

မိန္လိကာ လက္ေနာက္ပစ္ကာ ဇူအန္ကို စိတ္ဝင္တစား အကဲခတ္ေနသည္။ နင္ရဲ႕ က်င့္ႀကံမႈအဆင့္ က နိမ့္ေပမယ့္ အျမင္ကေတာ့ စူးရွတာပဲ

ဟုတ္တာေပါ့။ ဒါေတာင္ က်ဳပ္ရဲ႕ လုပ္ေဆာင္နိုင္စြမ္းအစစ္အမွန္ကို မျမင္ရေသးဘူး။ အခ်ိန္ၾကာလာတာနဲ႕အမွ် က်ဳပ္ ဘယ္ေလာက္ေတာင္ အသိပညာဗဟုသုတ ႂကြယ္ဝ က်ယ္ျပန့္တယ္ဆိုတာကို ျမင္ေတြ႕လာလိမ့္မယ္။ ခင္ဗ်ားဆို ဒ႑ာရီလာ ဂ်ပန္ကတုံးရဲ႕ လွ်ို႔ဝွက္ပညာေတြကိုေတာင္ ျမည္းစမ္းလို႔ရတယ္

ဂ်ပန္...အဲ့ဒါ ဘာလဲ ဇူအန္ ေျပာေနသည့္အရာကို မိန္လိ ေတြေဝသြားသည္။ သို႔ေသာ္ သူမလည္း သိပ္စိတ္မဝင္စားေပ။
နင္ရဲ႕ ပညာေလးတစ္ထြာ တစ္မိုက္ေလာက္နဲ႕ ငါ့ကို အထင္ႀကီးေစမယ့္ လွ်ို႔ဝွက္ပညာမ်ိဳးကို ထုတ္ျပနိုင္ေလာက္တဲ့ အစြမ္းအစရွိမွာမဟုတ္ဘူး

ထို႔ေနာက္ သူမ တခဏ ရပ္နားကာ ေမးလိုက္သည္။ ဒီတစ္ခ်ိန္လုံး ငါ့စိတ္ထဲ စြဲေနတာတစ္ခုရွိတယ္။ ငါ့နာမည္ကို အစကတည္းက ဘယ္လိုလုပ္သိေနတာလဲ

ဒါေပါ့။ ကီးဘုတ္ ၏ တည္ရွိမႈကို ဇူအန္ ေဖာ္ျပမည္မဟုတ္ေပ။ ထို႔ေၾကာင့္ သူ ျပန္ေျဖလိုက္သည္။
က်ဳပ္က ယင္က်န္း ျပန္ဝင္စားတာလို႔ ေျပာၿပီးၿပီမဟုတ္လား။ ခင္ဗ်ားအသံကို ၾကားကတည္းက နာမည္က ေခါင္းထဲမွာ တန္းေပၚလာတာပဲ

ယုံမယ္ထင္ေနရင္ သြားေသလိုက္ မိန္လိ ႏွာမႈတ္ကာ သူမ၏ လက္ကို ေဒါသတႀကီး ေဝွ႕ရမ္းလိုက္သည္။ ေနာက္ထပ္ ဓားကီက ဇူအန္ ဆီသို႔ သြားေနသည္။

သတိထား ေရွာင္း႐ြယ္ယင္ က ဇူအန္ကို ေဘးသို႔ ဆြဲလိုက္သည္။
ဇူအန္မွာလည္း ေရွာင္တိမ္းရန္အတြက္ သူမကို အျခားတစ္ဖက္သို႔ ဆြဲလိုက္မည္ဟု မည္သူ ထင္မိမည္နည္း။ ရလဒ္အေနျဖင့္ သူတို႔ႏွစ္ဦး ၏ ခြန္အား ညီမွ်ကာ တစ္ေယာက္ကိုတစ္ေယာက္ ဆြဲရင္း ထိုေနရာတြင္ သာ ဆက္ရွိေနေစသည္။

... ဇူအန္

... ေရွာင္း႐ြယ္ယင္

သို႔ေသာ္လည္း ပိုအံၾသစရာေကာင္းသည္မွာ ဓားကီ မွာ ႐ုတ္တရက္ ႏွစ္ျခမ္းကြဲသြားကာ သူတို႔ႏွစ္ေယာက္ ေဘးမွ ျဖတ္သြားသည္။ ယခင္က အျဖစ္ကို မိန္လိ သင္ခန္းစာယူခဲ့ဟန္ရွိသည္။ သူမသည္ သူတို႔ ေရွာင္တိမ္းမည့္ေနရာကို ခန့္မွန္းကာ ျဖစ္နိုင္ဖြယ္ ႏွစ္ေနရာလုံးကို ခ်ိန္႐ြယ္ခဲ့သည္။ ထိုတိုက္ဆိုင္ေသာ ျဖစ္ရပ္က သူတို႔ကို ထိုေနရာမွာပင္ ဆက္ရွိေနေစကာ မိန္လိ၏ အပိုင္ တိုက္ခိုက္မႈမွ လြတ္သြားေစသည္။

... မိန္လိ

ဇူအန္ ဟားတိုက္ရယ္လိုက္သည္။ သူ႕ရင္ခြင္ထဲရွိ မိန္းကေလးကို ၾကည့္ကာ ေျပာလိုက္သည္။ အိုးဟိုးငါတို႔ေတြက ဒီလိုတိုက္ခိုက္မႈကိုေတာင္ ေရွာင္လိုက္နိုင္တယ္။ ၾကည့္ရတာ မင္းက ငါ့ရဲ႕ ကံေကာင္းျခင္း ၾကယ္ပြင့္ပဲ

သူ႕လက္မွ ေရွာင္း႐ြယ္ယင္ အျမန္႐ုန္းကာ မ်က္ႏွာနီရဲလွ်က္ ၾကည့္လိုက္သည္။

ေက်းဇူးျပဳၿပီးေတာ့ အေျခအေနကို ၾကည့္ပါဦးလား။ ဒီလိုအခ်ိန္မ်ိဳးမွာ ဘာလို႔ရွက္႐ြံတဲ့ မိန္းကေလးတစ္ေယာက္ ဟန္ေဆာင္ေနတာလဲ ဇူအန္ ဆြံ႕အ သြားသည္။ ၿပီးေတာ့ မင္းရဲ႕ ေလယာဥ္ကြင္းကေန ဘာတစ္ခုမွ ခံစားမရဘူး။ ရွိခဲ့ရင္ေတာင္ မင္းရဲ႕ နံရိုး ထိုးတဲ့ နာက်င္မႈပဲျဖစ္မယ္။ အစ္မေတာ္ နဲ႕ယွဥ္ရင္ မင္းက ဘာမွမဟုတ္ဘူး

ထိုစကားလုံးမ်ားက သူ၏ စိတ္ထဲကထက္ လြန္သြားသည္။ ေရွာင္႐ြယ္ယင္း တြင္ ေသးသြယ္ေသာ ကိုယ္အေနအထားရွိသည္မွာ မွန္သည္။ သို႔ေသာ္ ၎သည္ ျပားခ်ပ္သည္ဟု ယူဆရေလာက္ေအာင္ မေသးေပ။ အနည္းဆုံး သူမသည္ ခ်ဴက်ဳန္းထန္ ထက္ ေတာ့ ႀကီးေသးသည္။

... ေရွာင္႐ႊယ္ယင္း
သင္သည္ ေရွာင္း႐ြယ္ယင္ ထံမွ အမ်က္ပြိုင့္ ၃၂၅ ရရွိလိုက္သည္။

ေလယာဥ္ကြင္းဆိုသည္ကို သူမ မသိေပ။ သို႔ေသာ္ ဇူအန္ ရည္ၫႊန္းေနသည့္အခ်က္ကို မွန္းဆရန္ မခက္ခဲေပ။ ႀကီးသည္ျဖစ္ေစ ေသးသည္ျဖစ္ေစ ခႏၶာကိုယ္ ပုံစံအား ေလွာင္ေျပာင္ေျပာဆိုမႈကို ႏွစ္သက္ေသာ မိန္းမဟူ၍မရွိေပ။

မိန္လိသည္လည္း သူမ၏ ဒဏ္ရာမ်ားကို ျပန္ကုစားေနခ်ိန္က ျဖစ္ခဲ့ေသာ အရာအားလုံးကို ျပန္ေတြးလိုက္သည္။
ဤခႏၶာသည္ သူမ၏ ခႏၶာမဟုတ္ေသာ္လည္း ၎အရာအားလုံးကို ကိုယ္တိုင္ျမင္ေတြ႕ရသူ ေနရာမွ ႀကဳံေတြရျခင္းျဖစ္ခဲ့သည္။
အကယ္၍ ထိုအျဖစ္မဟုတ္လွ်င္ ဇူအန္သည္ ထိုအရာမတိုင္ခင္ အျဖစ္အေၾကာင္းကို ေလွ်ာက္ေျပာေနျခင္းျဖစ္နိုင္သည္။

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၄၀၄ ရရွိလိုက္သည္။

နင့္ေလာက္ ႐ြံစရာေကာင္းတဲ့ လူမ်ိဳးကို မျမင္ဖူးေသးဘူး။ ဒီေလာက္ေတာင္ ေသခ်င္ေနမွေတာ့ နင့္ ဆႏၵကို ျဖည့္ဆည္းေပးမယ္
စကားေျပာၿပီးေနာက္ သူမ၏ အေရွ႕တြင္ အမည္းေရာင္ စက္ဝိုင္းတစ္ခု ႐ုတ္တရက္ ေပၚထြက္လာသည္။  ကီျဖင့္ ဖန္တီးထားေသာ မေရမတြက္နိုင္ေသာ ဓားမ်ား အလွ်င္အျမန္ျဖစ္ေပၚလာသည္။ ထို႔ေနာက္ သူတို႔ႏွစ္ဦးဘက္သို႔ ဓားမ်ားစြာကို ေၾကာက္စရာအရွိန္အဟုန္ျဖင့္ ပစ္လႊတ္လိုက္သည္။

ေသစမ္း ဇူအန္ မ်က္လုံး ကြၽတ္ထြက္မတတ္ ျဖစ္သြားသည္။ ေနရာတစ္ခုလုံးမွာ ဓားကီမ်ားျဖင့္ ျပည့္ေနေသာေၾကာင့္ ေရွာင္ပုန္းစရာေနရာမရွိေတာ့ေပ။
ဓားပ်ံမ်ားကို ယခင္က မျမင္ဖူးသည္မဟုတ္ေပ။ ကလန္ၿပိဳင္ပြဲ အခ်ိန္က ယြမ္ဝမ္ဒုံ က သူ၏ သတၱဳျဒပ္စင္အစြမ္းကို အသုံးျပဳကာ ဓားမ်ားစြာကို တစ္ခ်ိန္တည္းတြင္ ထိန္းခ်ဳပ္ခဲ့သည္။ သို႔ေသာ္ ၎တို႔သည္ ယခု သူေတြ႕ႀကဳံေနရသည့္ အရာႏွင့္ ယွဥ္လွ်င္ ဘာမွမဟုတ္ေတာ့ေပ။

ထိုဓားမ်ားမွ ေပးစြမ္းေနေသာ ပြတ္မႈအားသည္ သူ႕ကို ေမွ်ာ္လင့္ခ်က္မဲ့သြားေစသည္။
ဒီမိန္းမက ငါ့အသက္ကို တကယ္အဆုံးသတ္ေပးေတာ့မွာပဲ။

သတိထား
ေရွာင္း႐ြယ္ယင္ အေရွ႕သို႔ ေျပးလိုက္သည္။ သူမ၏ ဆံပင္မ်ား ႐ူးသြပ္စြာ ႀကီးထြားလာၿပီး ခ်က္ခ်င္းပင္ ဆူးခြၽန္ခ်ဳံပုတ္တစ္ခုျဖစ္ေစလိုက္သည္။ တစ္ခ်ိန္တည္းမွာပင္ မေရမတြက္နိုင္ေသာ အစိမ္းေရာင္ သစ္႐ြက္မ်ား စုေပါင္းကာ သူတို႔အေရွ႕တြင္ အကာအကြယ္တစ္ခုျဖစ္ေစလိုက္သည္။

ဓားမ်ားက ခ်ဳံပုတ္ကို ထိုးစိုက္သြားသည္။ ၎ကို တျဖည္းျဖည္း ပိုင္းျဖတ္ေစသည္။ တျဖည္းျဖည္း ပါးလႊာလာၿပီး ေနာက္ဆုံး ေပ်ာက္ကြယ္သြားသည္။ ထို႔ေနာက္ ဓားကီမ်ားက အစိမ္းေရာင္သစ္႐ြက္အကာအရံဆီသို႔ ဆက္လက္ဦးတည္ေနသည္။ ၎သည္လည္း သုံးစကၠန့္မွ်သာ ခံ၍ ပ်က္စီးသြားရသည္။

ေရွာင္း႐ြယ္ယင္ ၏ မ်က္ဝန္းတြင္ ျပတ္သားေသာ ဆုံးျဖတ္ခ်က္ တဖ်ပ္ဖ်ပ္ လက္ကာ ဇူအန္ကို ေဘးသို႔ တြန္းလိုက္ကာ သူမကိုယ္ကို ဓားစိုက္ခံလိုက္သည္။

စနိုး ဇူအန္ ေအာ္လိုက္သည္။
ခက္ထန္ေသာ ဓားကီ၏ ေအာက္တြင္ ေရွာင္႐ြယ္ယင္း မွာ မေရမတြက္နိုင္ေသာ အပိုင္းအစမ်ားအျဖစ္ သူ၏မ်က္စိေရွ႕ေမွာက္တြင္ ဆုပ္ၿဖဲခံလိုက္ရသည္။

ခင္ဗ်ား သူ႕ကို တကယ္သတ္လိုက္တာပဲ ဇူအန္၏ မ်က္လုံးမ်ား နီရဲသြားကာ မိန္လိကို ေဒါသတႀကီး ၾကည့္လိုက္သည္။

ဘာေတြ ေအာ္ေနတာလဲ။ သူ မေသေသးဘူး မိန္လိ က ေဘးတစ္ေနရာကို ၾကည့္ကာ ႏွာမႈတ္လိုက္သည္။
မီတာမ်ားစြာအကြာတြင္ ေရွာင္း႐ြယ္ယင္ ၏ ခႏၶာကိုယ္ တျဖည္းျဖည္း ျပန္ေပၚလာသည္။ သို႔ေသာ္ သူမ၏ မ်က္ႏွာမွာ ျဖဴဖပ္ေနသည္။

ထိုအခ်ိန္မွ သူမတြင္ အသက္ကယ္ပညာျဖစ္ေသာ လရိပ္ေရာင္ျပန္သို႔မဟုတ္ တစ္စုံတစ္ရာ ရွိသည္ကို ဇူအန္ သတိရလိုက္သည္။ သူ၏ အဆိပ္ျပင္းတန္ဆာ ကို ရင္ဆိုင္ရန္အတြက္ ထိုပညာကို အသုံးျပဳခဲ့ဖူးသည္။

မင္း အဆင္ေျပလား
သူမဆီသို႔ ေျပးသြားကာ ခႏၶာကိုယ္ကို စစ္ေဆးလိုက္သည္။

ငါ့ကို မထိနဲု႔ ေရွာင္း႐ြယ္ယင္ က သူ၏လက္ကို ေအးစက္စြာ ပုတ္ခတ္လိုက္သည္။

အေကာင္းအတိုင္း ရွိေနေသးတာ ေတာ္ေသးတယ္ ဇူအန္ စိတ္သက္သာစြာ အသက္ရႈထုတ္လိုက္သည္။

အခုေတာ့ အဆင္ေျပေနေသးေပမယ့္ ဒီလို ၾကာၾကာမေနနိုင္ေတာ့ဘူးထင္တယ္
ေရွာင္း႐ြယ္ယင္ ၏ အသားအေရမွာ ဆိုး႐ြားေနသည္။ သူမ၏ တစ္သက္စာ ကံဆိုးမႈက သူမကို ႐ုတ္တရက္ တိုက္ခိုက္လိုက္သည္ဟု ခံစားရေစသည္။ ပထမတြင္ သူမသည္ ရွီခြန္း၏ သစၥာေဖာက္ျခင္းခံရသည္။ ထို႔ေနာက္ သူမ၏ တန္ဖိုးအရွိဆုံးေသာ သက္တမ္းတစ္၀က္ၾကမၼာကို သုံးခဲ့ရသည္။ ထို႔အျပင္ ယခုအခါတြင္ လရိပ္ေရာင္ျပန္ ပညာကို ႏွစ္ႀကိမ္ေျမာက္အျဖစ္ သုံးလိုက္ရၿပီျဖစ္သည္။ ၎စေကးကို သူမ၏ တစ္သက္တြင္ သုံးခါသာ အသုံးျပဳနိုင္မည္ျဖစ္သည္။

ဒီအေကာင္ အေပၚကို အရင္ဘဝက ငါ အေႂကြးဘယ္ေလာက္ေတာင္ တင္ထားသလဲမသိဘူး။

မိန္လိက သူမကို စိတ္ဝင္တစား ၾကည့္လိုက္သည္။ ဒါဆိုရင္ အဲ့ဒါက နတ္သူငယ္ေတြရဲ႕ လွ်ို႔ဝွက္ပညာျဖစ္တဲ့ လရိပ္ေရာင္ျပန္ ေပါ့။ အခုသုံးလိုက္တဲ့ ပညာကို ၾကည့္္ရရင္ နင္က ေတာေစာင့္နတ္မ်ိဳးႏြယ္ ျဖစ္ရမယ္

ဇူအန္ ေၾကာင္သြားသည္။ ေရွာင္႐ြယ္ယင္း ကို အနီးကပ္ၾကည့္ကာ ေမးလိုက္သည္။ မင္းက နတ္သူငယ္လား

----- ----- -------------------------------------- -- --- ----

Continue Reading

You'll Also Like

1.1M 66.2K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
381K 25.5K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
240K 17.2K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...