ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.3K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
194
195
196
197
198
199
200

193

328 49 0
By SoeHmue

Chapter 193: ဖော်ထုတ်ခြင်း

"သရဲလို့တော့ ထင်တယ်။ လူတစ်ယောက်ဆိုရင်တော့ အဲ့ဒီလောက် အချိန်အကြာကြီး အသက်ရှင်နိုင်မှာမဟုတ်ဘူး" တခဏတွေးတောလိုက်ကာ ဇူအန် ပြန်ဖြေလိုက်သည်။

"အဲ့လိုလား" ချူချူယန် ပြောလိုက်သည်။ သူမ၏ လက်သည်းဖြင့် သူ၏ နှလုံးကို ထိုးဖောက်ရန် ပြင်လိုက်သည်။

"ဒါပေမယ့် သူက အတော်လေး သနားစရာကောင်းတဲ့ သူတစ်ယောက်လို့လည်း ထင်တယ်။ သူ့မှာ စကားပြောဖော်တောင်မရှိဘဲနဲ့ အဲ့ဒီ ခေါင်ခိုက်နေတဲ့ မြေအောက်နန်းတော်ထဲမှာ နှစ်တွေအကြာကြီး တစ်ကိုယ်တည်း ချိတ်ပိတ်ခံထားရတာ လေ" ရုတ်တရက် ဇူအန် ထပ်ဖြည့်လိုက်သည်။

"သနားစရာကောင်းတယ် ဟုတ်လား" ချူချူယန် လှုပ်ရှားမှု ရပ်တန့်သွားသည်။

"ဟုတ်တယ် အသည်းရယ်။ အဲ့ဒီ ယင်ကျန်း က သူ့ကို ဆက်ဆံသလို ငါ မင်းကို ဘယ်တော့မှ အဲ့ဒီလို မဆက်ဆံဘူးလို့ ကတိပေးတယ်" ဇူအန် ကတိပေးလိုက်သည်။

"ကတိတွေက ဘာအသုံးဝင်လို့လဲ။ ငါတို့ရဲ့ စိတ်ဝင်စားမှုတွေ အဆုံးသတ်သွားတဲ့တစ်နေ့ကျရင် ငါ့ကို သေချာပေါက် ကျောခိုင်းသွားမှာပဲ" ချူချူယန် ပြက်ရယ်ပြုလိုက်သည်။

ချူချူယန်၏ စကားပြောဟန်မှာ တစ်ခုခုမှားယွင်းနေကြောင်း ဇူအန် သတိပြုမိလိုက်သည်။ သူသည် ချူချူယန် အရေခြုံထားသော တစ်ခြားမိန်းမတစ်ယောက်နှင့် စကားပြောနေရသည်ဟု ခံစားနေရသည်။ သို့သော်လည်း ထိုအတွေးမှာ သူ၏စိတ်ထဲမှ အလျှင်အမြန် ပျောက်ကွယ်သွားသည်။ သူမ ကြုံတွေ့ခဲ့ရသော ကိစ္စများပြီးနောက်တွင် ချူချူယန် ကွဲပြားစွာ ပြုမူနိုင်သည်မှာ ပုံမှန်ကိစ္စတစ်ခုသာဖြစ်သည်ဟု တွေးလိုက်သည်။

သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။
သူမနဲ့ အတူရှိနေတာတောင် တစ်ခြားမိန်းမတစ်ယောက်ကို ဘာဖြစ်လို့ တွေးနေရသေးတာလဲ။ အဲ့ဒါ အရမ်းလောဘကြီးလွန်းတယ်။
"စိတ်မပူပါနဲ့။ ငါက အဲ့ဒီလို လူစားမျိုးမဟုတ်ပါဘူး"

သူမ၏ အပျိုစင်ဘ၀ကို ဆုံးရှုံးခဲ့ရပြီးနောက် ချူချူယန် စိတ်မလုံမခြုံခံစားနေရသည်ဟု ဇူအန် တွေးထင်လိုက်သည်။ ထို့ကြောင့် သူမကို နှစ်သိမ့်ရန် ရွေးချယ်လိုက်သည်။
"ပြီးတော့ ဘယ်လိုလုပ် ငါတို့ရဲ့ စိတ်ဝင်စားမှုတွေ ပြယ်ပျက်သွားနိုင်မှာလဲ။ ငါတို့က စုံတွဲပဲလေ။ ငါ့ရဲ့အရာအားလုံးက မင်းပိုင်တာတွေပဲပေါ့။ ငါတို့ကြားမှာ ဘယ်အရာကမှ အရေးမပါပါဘူး"

"ထင်ရတာပဲ" ချူချူယန် ညင်သာစွာ ပြုံးလိုက်သည်။ "နင့်မှာ တကယ်ကို သွက်လက်တဲ့ လျှာရှိတာပဲ"

"အခုတော့ အဲ့ဒီကိစ္စတွေကို မပြောတော့ဘဲနဲ့ လုပ်လက်စအလုပ်ကို ဆက်လုပ်ရအောင်လေ" ချူချူယန် ကို နမ်းရန် ကပ်မှီလိုက်သည်။
မိမိခန္ဓာကိုယ်၏ အခြေအနေကို အာရုံခံမိလိုက်သောအခါ သူမ အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။

ဒီခန္ဓာကိုယ်က အပြည့်အဝပြန်ကောင်းသွားပြီလို့ ငါထင်ခဲ့တာ။ ဒါပေမယ့် သူက အရမ်းကြီး နှေးလွန်းမနေဘူးလား။ ဒီလောက်အချိန်ကြာပြီးတာတောင် သူ့ရဲ့ ကီသွေးကြောတွေကို ဘာလို့ မကုသနိုင်ရသေးတာလဲ။ ဒီတစ်ချိန်လုံး သူဘာတွေလုပ်နေတာလဲ။

ရွေးချယ်စရာမရှိတော့ဘဲ သူမ ပြန်ကောင်းရန်အတွက် ဇူအန်၏ နောက်တစ်ဖန် ဗုံးကြဲမှုကို သည်းခံရုံသာ ရှိတော့သည်။

သူမသည် ချင်ရာဇဝင် ဧကရာဇ် ၏ မိဖုရားကြီး ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော ကိစ္စများနှင့် မစိမ်းကားပေ။ အရင်ချိန်က သူမ၏ အဖွားဖြစ်သူ မိဖုရား ရှန်းမီသည် ချင်နိုင်ငံ၏ အနောက်မြောက်ဘက် နယ်မိမိတ် တွင် ကပ်ဆိုးဝင်နေမှုကို ဖြေရှင်းရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို ယီချီဘုရင် ထံ ဆက်သကာ သားနှစ်ယောက် မွေးဖွားပေးသည်အထိ ပြုလုပ်ခဲ့သည်။
ချင်နိုင်ငံ ပြန်လည် ဦးမော့လာသောအခါ သူမသည် ယီချီဘုရင် ကို သတ်ရန်အခွင့်ကောင်းရှာခဲ့ပြီး ယီချီမျိုးနွယ်ရန်စွယ်ကို အပြီးသတ်ဖယ်ရှားခဲ့သည်။

၎င်းအဖြစ်သည် ချင်ရာဇဝင် ၏ တော်ဝင်မိသားစု ၏ မိန်းကလေးများအတွက် စံနမူနာဖြစ်ခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်သည် ပိုကြီးမားသော ရည်မှန်းချက်အတွက် အသုံးချရန် အရာ၀တ္ထုတစ်ခုထက် မပိုဟု ရှု့မြင်ကြသည်။ မိန်လိသည် ထိုစိတ်ဓာတ်ကို အသားတကျရှိနေသည်ဟု ပြောလို့ရသည်။ သို့သော် ထိုအရာကို သူမ လက်မခံနိုင်ပေ။
သူမသည် ယင်ကျန်းကို သစ္စာဖောက်ခြင်းအပေါ် စိတ်ထင့်ခြင်းအလျင်းမရှိခဲ့ပေ။ အမှန်ဆိုလျှင် သူမသည် သူ၏ အုပ်ဂူကို ပြောင်းပြန်လှန်ပစ်ကာ ဤမြင်ကွင်းအား သူ့ကို မျက်ဝါးထင်ထင် မြင်တွေ့စေချင်သည်။

ထိုစဉ်တွင် ဇူအန်သည် ချူချူယန်၏ တုန့်ပြန်မှုကို အနည်းငယ် အံသြသွားသည်။ သူ၏ အနမ်းကို သူမ ငြင်းဆန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထိုတစ်ခဏတွင် သူမ၏ မျက်နှာပေါ်တွင် အလွန်မရင်းနှီးသော အမူအရာဖြစ်ပေါ်နေသည်။

သူမ၏ ဟန်ဆောင်မှုကို ဇူအန် သိသွားမည်ကို စိုးရိမ်သောကြောင့် ချူချူယန်က စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဟေ့ ငါနဲ့ မိန်လိ ဘယ်သူပိုလှတယ်လို့ ထင်လဲ"

"သေချာပေါက်ကို မင်းပေါ့" ဇူအန် တွန့်ဆုတ်ခြင်းမရှိဖြေလိုက်သည်။
"..." ချူချူယန်
"အဲ့လိုလား" ချူချူယန် အေးစက်စွာ တခစ်ခစ်ရယ်လိုက်ကာ သူမ၏ လက်သည်းများ ဇူအန်နောက်ကျောဘက်တွင် နောက်တစ်ကြိမ် ရှည်ထွက်လာပြန်သည်။

ဇူအန် တခဏရပ်လိုက်ကာ ထပ်ဖြည့်ပြောလိုက်သည်။
"ရိုးရိုးသားသားပြောရရင် ဒီစကားလုံးကို မင်း စိတ်ကျေနပ်အောင် ပြောလိုက်တာ။ မိန်လိရဲ့ အလှက မင်းထက်မနိမ့်ဘူး။ မင်းတို့ နှစ်ယောက်မှာ မတူညီတဲ့ ပုံစံတွေရှိကြတယ်။ မင်းက အေးစက်ပြီးတော့ လန်းဆန်းတဲ့ ပုံစံရှိပြီးတော့ သူမကတော့ ကြီးကျယ်မြင့်မြတ်တဲ့ ပုံစံမျိုး ရှိတယ်။ မင်းတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ယှဉ်ဖို့ဆိုတာ ခက်ခဲတယ်"

နောက်ဆုံးတွင် ချူချူယန်၏ နှုတ်ခမ်းများ ကွေးသွားကာ သူ၏ အဖြေကို ကျေနပ်သွားသည်။ သို့သော် တစ်စုံတစ်ရာကို သတိပြုမိလိုက်သဖြင့် မျက်မှောင်ကျုံ့ကာ မေးလိုက်သညိ။ "သူမအကြောင်းကို ပြောတဲ့အခါမှာ ဘာဖြစ်လို့ နင်ခန္ဓာကိုယ်က အရမ်းဖျတ်လတ်လာတာလဲ"

"..." ဇူအန်
ချူချူယန်သည် သူ၏ အသေးအမွှားအပြောင်းအလဲကိုပင် ရှာတွေ့သည်အထိ အာရုံခံစားလွယ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အခြားမိန်းမတစ်ယောက်မှာ သူ့မိန်းမထက် ပိုမိုပူပြင်းလောင်မြိုက်ဖွယ်ကောင်းကြောင်းကို ရှင်းပြလိုက်လျှင် မည်သို့အဆုံးသတ်မည်ကို မသိတော့ပေ။

ကံကောင်းသည်မှာ ဤ'ချူချူယန်' မှာ ဆက်လက် စကားမကပ်သပ်တော့ပေ။ သူမ၏ လက်မောင်းကို ဆန့်ထုတ်ကာ သူ၏ ခါးကို ဖက်လိုက်သည်။

သူမ၏ ဖိတ်ခေါ်မှုကို ဇူအန် ဝမ်းသာစွာ လက်ခံလိုက်သည်။ သူမကို ကိုလုပ်ချင်တာလုပ်နေသော်လည်း တစ်ချိန်လုံး တိတ်ဆိတ်ကာ လက်ခံခဲ့သည်ကို မြင်ရကာ သူမ၏ အတွေးများကို ဇူအန် နားမလည်ဖြစ်နေခဲ့သည်။ သို့သော်လည်း သူမ၏ လိုလားစွာပြသမှုမှာ သူ၏ နှလုံးသားတွင် အလေးချိန်ပိနေသော အစိုင်အခဲကို လွှတ်ချသွားစေနိုင်သည်။ နောက်ဆုံးတွင် သူ၏ ထိန်းချုပ်မှုများကို ဖယ်ရှားကာ အားကုန်ထုတ်သုံးနိုင်ပြီဖြစ်သည်။

ချူချူယန် ကိုယ်တိုင်မှာလည်း ဇူအန် ၏ တရစပ်တိုက်ကွက်၏ လွှမ်းမိုးမှုကို ခံနေရသည်။ သူမ ဒေါသဖြင့် မျက်လုံးမှိတ်လိုက်သည်။ ဒီမိန်းမခန္ဓာကိုယ်က အရမ်း အားမနည်းလွန်းဘူးလား။ ဒီလောက်လေးတောင် ကျိန်းစပ်ထူပူနေပြီ။

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၂၃၃ ရရှိလိုက်သည်။

ဇူအန် တွေဝေသွားသည်။
မိန်လိ လား။ သူက ဒီနေရာကနေ ထွက်သွားပြီမဟုတ်ဘူးလား။ တစ်နေရာရာကများ ခိုးနားထောင်နေတာလား။
လန့်သွားကာ ပတ်ဝန်းကျင် ကို အလျှင်အမြန်ကြည့်လိုက်သည်။ သို့သော် မိန်လိ ကို ရှာမတွေ့ပေ။

"နင်ဘာလုပ်နေတာလဲ" ဇူအန် ရပ်သွားသောကြောင့် ချူချူယန် မေးလိုက်သည်။

"ဒီနေရာမှာ မိန်လိ က ငါတို့နှစ်ယောက်ကို တိတ်တဆိတ် စောင့်ကြည့်နေတယ်လို့ ထင်လား" ဇူအန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ချူချူယန် နှလုံးခုန်မြန်သွားသည်။ "ငါတော့ မထင်ပါဘူး။ ခုနက သူထွက်သွားပြီမဟုတ်လား။ သူက ဒီနေရာမှာ ရှိနေသေးတယ်လို့ နင်ဘာကြောင့်ထင်တာလဲ"

ဇူအန် ခေါင်းခါကာ ပြောလိုက်သည်။ "အင်း ငါအတွေးလွန်သွားတာထင်ပါတယ်"

ချူချူယန်က 'အင်း' တစ်လုံးဖြင့် တုန့်ပြန်လိုက်ပြီး သူမ၏ အပေါ်တွင် ရှိနေသော ယောက်ျားကို ဖက်တွယ်ထားလိုက်ပြီး သူမ၏ ခန္ဓာကိုယ်နွေးနွေးဖြင့် ဇူအန်၏ စိတ်ကို လွှမ်းမိုးစေသည်။ ထိုလောက်လှပသော မိန်းကလေး၏ ဆွဲညှို့မှုဖြင့် အခြားသော အထင်လွဲမှားစေနိုင်သည့် အတွေးများ သူ၏ ခေါင်းထဲမှ ထွက်သွားရန် အချိန်မကြာလိုက်ပေ။

ထိုအချိန်တွင် သူမ၏ လက်ကို ဇူအန်၏ ခါးပေါ်တွင် တိတ်တဆိတ်တင်လိုက်ကာ သူမ၏ သေးသွယ်သောလက်ချောင်းလေးများဖြင့် အသာအယာ ဖိလိုက်သည်။ ထိုးတက်လာသော သာယာမှုကြောင့် ဇူအန်၏ ကိုယ်ကို တုန်သွားစေသည်။ မကြာခင်တွင် ဇူအန် ပြုစားခံလိုက်ရပြီး သူ၏ ယန်စွမ်းအင်များကို သူမ၏ ကိုယ်ထဲသို့ အလျှင်အမြန် ထည့်သွင်းကာ သူမ၏ ယင်စွမ်းအင်နှင့် ရောနှောသွားစေသည်။

မိန်လိသည် ချူချူယန်၏ ခန္ဓာကိုယ်ကို ကိရိယာတစ်ခုအဖြစ် အသုံးချခြင်းကို စိတ်ထဲစနိုးစနောင့်မဖြစ်ပေ။ ၎င်းသည် သူမ၏ ခန္ဓာကိုယ်လည်း မဟုတ်ပေ။ သို့သော်လည်း ဤခန္ဓာကိုယ်သည် ကမ္ဘာဦးကီ ၏ ပြင်းထန်ခြင်းကို ခံနိုင်ရန် ရိုးရိုးရှင်းရှင်း အလွန်အားနည်းနေသည်။
သူမ၏ အသက်ကို တစ်ပါးသူ လက်ထဲဆုပ်ကိုင်ထားခြင်း၏ ခံစားချက်ကို သူမ မကြိုက်ပေ။ သူမ၏ မျက်လုံးထဲတွင် ပုရွတ်ဆိတ် တစ်ကောင်သာသာ ရှိသော ဇူအန် ကိုပင် မဆိုထား။ သူမ၏ မာနက ယောက်ျားတစ်ယောက်၏ သာယာမှုအတွက် လွှမ်းမိုးခွင့့်ကို မပေးချင်ပေ။ သာမန်ထက် ပိုတုတ်ခိုင်သန်မာနေသော်လည်း ဒါက ကိရိယာတစ်ခုထက် မပိုကြောင်း သူမ တွေးလိုက်သည်။

ထို့ကြောင့် သူမ၏ လျှို့ဝှက်ပညာကို သုံးကာ သူ၏ ယင်စွမ်းအင်ကို ရှေးဦးစွာ ထွက်ပေါ်စေပြီး သူ၏ သွေးအဆီအနှစ်နှင့် ကမ္ဘာဦးကီ တို့ကို လည်ပတ်ရန်စဉ်းစားလိုက်သည်။ သူမက ဇူအန်ကို အသာပြန်တွန်းဖယ်လိုက်သည်။

ဇူအန်က သူမနှင့် နောက်တစ်ချီ မီးခိုးထောင်းရန် စိုင်းပြင်နေဆဲ ဖြစ်သည်။ သို့သော်လည်း ရုတ်ချည်း ငြင်းဆန်လိုက်ခြင်းက သူ၏ နှလုံးသားကို အနည်းငယ် လစ်ဟာသွားစေသည်။ သို့သော်လည်း ရှု့ထောင့်တစ်မျိုးမှကြည့်ပါက ၎င်းသည် ချူချူယန်က သူ့ထွားကြိုင်းမှုကို မည်သို့ရင်ဆိုင်ရမည်ကို မသိသောကြောင့်ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။
၎င်းအတွေးက အခြေအနေကို လက်ခံစေခဲ့သည်။

သူ ဖယ်ခွာလိုက်ပြီးနောက် ချူချူယန်က ကျင့်ကြံမှုတွင် သူမ၏ အာရုံကို ပြန်ထားလိုက်သည်ကို တွေ့လိုက်ရသောအခါ သူမကို လေးစားမိသည်။ ဉာဏ်ကြီးရှင်လို့ သိထားတဲ့အတိုင်းပဲ။ သူမက ကျင့်ကြံအားထုတ်ဖို့အတွက် ဘယ်အခွင့်အရေးကိုမှ လက်လွှတ်ဆုံးရှုံးခံမှာမဟုတ်ဘူး။
အခုနက အချီချီနွှဲခဲ့သောကြောင့် နွမ်းနယ်မှုတွေ စုပုံနေလို့လည်းဖြစ်နိုင်သည်။ ရုတ်တရက် ဇူအန် ငိုက်မျဉ်းသွားသည်။ သူ မသိလိုက်ခင်မှာပင် ဇူအန် အိပ်ပျော်သွားသည်။

ချူချူယန် မျက်လုံးဖွင့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမ တခဏ တွန့်ဆုတ်လိုက်ပြီးနောက် သူမ၏ ကီသွေးကြောများ ပြုပြင်ခြင်းတွင် အာရုံပြန်စိုက်လိုက်သည်။ ဒီခန္ဓာကိုယ်နဲ့ ငါ့ဝိဉာဉ် နေသားကျသွားတော့မှ ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်တော့မယ်။

အချိန်တစ်ချို့ကြာပြီးနောက် လည်ချောင်းတွင် အေးစက်သော ခံစားချက်ကို ဇူအန် ရုတ်တရက် ခံစားလိုက်ရသည်။ သူ ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ချူချူယန်ု အဝတ်အစားပြန်ဝတ်ထားကာ သူ ပုံမှန်အေးစက်သည့်ပုံစံရှိနေသည်။ သူမသည် ယဇ်ပလ္လင်ပေါ်တွင် မတ်တပ်ရပ်နေပြီး သူ၏ လည်ပင်းကို ဓားတစ်ချောင်းတင်ထားသည်။ သူမ၏ အမူအရာမှာ တစ်စုံတစ်ရာအတွက်ကြောင့်် အလိုမကျနေဟန်ရှိကာ အနည်းငယ် ထူးဆန်းနေသည်။

ငိုက်မျဉ်းနေရာမှာ ဇူအန် ချက်ချင်း နိုးသွားသည်။ နမော်နမဲ့ မလှုပ်ရှားရဲပေ။ လှုပ်ရှားမှုတစ်ချို့က သူ၏အသက်ကို အဆုံးသတ်စေမည်ကို စိုးရွံနေသည်။ ထို့ကြောင့် ဂရုတစိုက်မေးလိုက်သည်။ "အသည်းဘာတွေလုပ်နေတာလဲ"

ချူချူယန် လှောင်ရယ်လိုက်ကာ အေးစက်စွာပြောလိုက်သည်။ "ငါ့ခန္ဓာကိုယ် ကို ယူဆောင်သွားတဲ့ ယောက်ျားတစ်ယောက်ကို ဒီကမ္ဘာမှာ ဆက်အသက်ရှင်ခွင့်မပေးနိုင်ဘူး"

"..." ဇူအန်
ဘာလဲဟ။ တကယ်ကြီးလား။ ခုနက နင်လဲကောင်းနေတာပဲကို။

"မင်းကို ကယ်ဖို့အတွက် အခက်အခဲအများကြီး ဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် မင်းက အဲ့ဒါလေးအတွက်နဲ့ ငါ့ကို သတ်တော့မယ်ပေါ့။ အရမ်းကျေးဇူးမသိတတ်ဘူးလို့ မထင်ဘူးလား" ဇူအန် မှတ်ချက်ပေးလိုက်သည်။

ချူချူယန်၏ မျက်နှာ ရဲတွတ်သွားကာ ဒေါသတကြီး ပြောလိုက်သည်။" အဲ့ဒါက နင့်အတွက် အဲ့ဒီလောက် ခက်ခဲလို့လား"

ဇူအန်သည် ထိုဖြစ်ရပ်ကို အခွင့်ကောင်းယူခဲ့မိသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် မလုံမလဲ ခေါင်းကုတ်ကာ ပြောလိုက်သည်။
"အဲ့ဒါကို ထားလိုက်ပါဦး။ ငါလုပ်ခဲ့တဲ့အရာအားလုံးက မှန်တဲ့အရာတွေတော့ဟုတ်တယ်မလား။ ငါပြောချင်တာကလေ မင်းကို ကယ်ဖို့အတွက် အကြိမ်များစွာ သေမလိုဖြစ်ခဲ့ရတယ်"

ချူချူယန် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။" ဒီကိစ္စမှာ မှားတယ်လို့ ခံစားစရာမလိုဘူး။ နင်က ယောက်ျားတွေ တစ်ဘဝလုံးစာရဲ့ အိမ်မက်ထဲမှာတောင် မရနိုင်တဲ့ တစ်စုံတစ်ခုကို ပျော်ရွင် ခံစားခဲ့ပြီးပြီပဲ။ အဲ့ဒီအသိနဲ့တင် ငြိမ်းငြိမ်းချမ်းချမ်း သေလို့ရပြီ"

ဇူအန် ခေါင်းခါလိုက်သည်။ "မဟုတ်တာ။ ငါက သစ်ပင်တစ်ပင်အတွက်နဲ့ သစ်တောတစ်ခုလုံးကို စွန့်ပစ်မယ့် လူစားမျိုးမဟုတ်ဘူး။ အခြားမိန်းမတစ်ယောက်ကို ရှာဖွေတာ စိတ်ထဲမထားဘူးလို့ မင်းကိုယ်တိုင်ပဲ ပြောခဲ့တယ်မဟုတ်လား။ အကယ်၍ ငါနဲ့အတူ ဆက်မရှိနေချင်တော့ရင် လမ်းခွဲ ပြီးတော့ ကိုယ့်ဘဝ ကိုယ်နေလိုက်ရုံပဲ။ အဲ့ဒီလောက်အထိ ငါ့အပေါ် အကြင်နာမဲ့စရာလိုလို့လား"

ချူချူယန် ဇဝေဇဝါ ဖြစ်သွားသည်။ ထိုနှစ်ယောက်အကြားတွင် ထိုကဲ့သို့သော ကို့ရို့ကားယား ကတိစကားမျိုးရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဤကိစ္စအပေါ် ဇူအန်၏ ခံယူချက်က သူမကို ပိုမိုဒေါသထွက်စေသည်။
ကိုယ့်ဇနီးအပေါ် ဖောက်ပြန်တဲ့အကြောင်းပြောနေတဲ့ဟာကို ဘာဖြစ်လို့ မှန်သလိုလို ဟန်ဆောင်နေတာလဲ။

သင်သည် မိန်လိ ထံမှ အမျက်ပွိုင့် ၄၀၄ ရရှိလိုက်သည်။

မိန်လိထံမှ အမျက်ပွိုင့် ရုတ်တရက် ရရှိလိုက်သောအခါ ဇူအန် နောက်တစ်ကြိမ် တုန်လှုပ်သွားသည်။ ချူချူယန်ကို စိုက်ကြည့်လိုက်ကာ တွေးတော လိုက်သည်။

"နင့်လို ယောက်ျားမျိုးက ဒီကမ္ဘာကို ဘေးအန္တရာယ် ပဲ ဖြစ်စေမယ်။ မိန်းမသားတွေအားလုံးအတွက် နင့်ကို ဒီနေရာမှာ အဆုံးသတ်ပေးမယ်" ချူချူယန်၏ ဓားသည် ဇူအန်၏ လည်ပင်းဆီသို့ တည့်မတ်စွာတိုး၀င်လာသည်။ သူ၏ ခွန်အားဖြင့် ဓားကို ရှောင်နိုင်စွမ်းမရှိဟု သူမ သိနေသည်။
သို့သော် အံသြစရာမှာ သူမ၏ တိုက်ခိုက်မှုသည် ဗလာကိုသာ ဆင်းသက်သွားခဲ့သည်။

ဇူအန်ကို အေးစက်စွာ ကြည့်လိုက်သည်။ "ငါ့တိုက်ခိုက်မှုကို မှန်းဆပြီးတော့ ကြိုရှောင်လိုက်တာလား"
ငါ အကွက်ရွေ့မယ်ဆိုတာကို သူ ဘယ်လိုသိနေတာလဲ။ ငါ့ဓားကို မရွေ့ရသေးခင်မှာ သူက ဘေးကို ရှောင်ပြီးနေပြီ။

ဇူအန် ကျောပြင်တွင် ချွဲရွှဲနစ်နေကာ ကြောက်ရွံစွာ ရေရွတ်လိုက်သည်။ "အစ်မတော်မိဘုရားကြီး…တကယ်ကို ခင်ဗျားပဲ"

ချူချူယန် ကြောင်သွားသည်။ "ငါဆိုတာကို ဘယ်လိုသိတာလဲ"
သူမ၏ ကျင့်ကြံမှုအဆင့်အတန်းဖြင့် ဇူအန်၏ အရှေ့တွင် လိမ်ညာလှည့်ဖျားရန်ပင် မလိုအပ်ပေ။ ဤနေရာရှိအခြေအနေကို သူမ ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်ဟု ယုံကြည်မှုအပြည့်ရှိခဲ့သည်။ ထို့ကြောင့် သူ့အပေါ် ဇူအန် အလှည့်အပြောင်းများ လုပ်မည်ကို မထင်ထားခဲ့ပေ။

သူမ၏ ဝန်ခံချက်ကို ကြားရသောအခါ ဇူအန် နှလုံးစူးနင့်သွားသည်။
"ချူယန်ကို ခင်ဗျား ဘာလုပ်လိုက်တာလဲ"

"ချူယန်လား။ သူသေသွားပြီဆိုတာ ပြောစရာကိုမလိုဘူး" ချူချူယန်က ခေါင်းမော့ကာ သူမ၏ သေးသွယ်သောလက်ချောင်းများကို ထောင်ကြည့်လိုက်သည်။ "သူ့ရဲ့ ခန္ဓာကိုယ်က တကယ်ကို မဆိုးဘူးဆိုတာကို ဝန်ခံရမယ်။ အခုအချိန်မှာတော့ အားနည်းနေသေးပေမယ့် သူ့ရဲ့ ကြန်အင်လက္ခဏာက ကောင်းမွန်တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်အသစ်ရဲ့ သတ်မှတ်ချက်စံနှုန်းတွေကို မှီတယ်ဆိုရုံ အနေအထားလောက်တော့ရှိတယ်"

ချူချူယန် သေပြီဟူသော စကားကိုကြားလိုက်ရသောအခါ ဇူအန်၏ ခန္ဓာကိုယ်တစ်ခုလုံး ကျောက်တုံးပမာ တောင့်တင်း အေးစက်သွားသည်။
"သူ့ကို နည်းစနစ် သင်ကြားပေးလိုက်ကတည်းက ခင်ဗျားမှာ ဒီလိုမကောင်းတဲ့ အကြံတွေရှိနေပြီးသား မဟုတ်လား"

--- --- --- ---------------------------------- --- --- - - - - - - - - -

Chapter 193: ေဖာ္ထုတ္ျခင္း

"သရဲလို႔ေတာ့ ထင္တယ္။ လူတစ္ေယာက္ဆိုရင္ေတာ့ အဲ့ဒီေလာက္ အခ်ိန္အၾကာႀကီး အသက္ရွင္နိုင္မွာမဟုတ္ဘူး" တခဏေတြးေတာလိုက္ကာ ဇူအန္ ျပန္ေျဖလိုက္သည္။

"အဲ့လိုလား" ခ်ဴခ်ဴယန္ ေျပာလိုက္သည္။ သူမ၏ လက္သည္းျဖင့္ သူ၏ ႏွလုံးကို ထိုးေဖာက္ရန္ ျပင္လိုက္သည္။

"ဒါေပမယ့္ သူက အေတာ္ေလး သနားစရာေကာင္းတဲ့ သူတစ္ေယာက္လို႔လည္း ထင္တယ္။ သူ႕မွာ စကားေျပာေဖာ္ေတာင္မရွိဘဲနဲ႕ အဲ့ဒီ ေခါင္ခိုက္ေနတဲ့ ေျမေအာက္နန္းေတာ္ထဲမွာ ႏွစ္ေတြအၾကာႀကီး တစ္ကိုယ္တည္း ခ်ိတ္ပိတ္ခံထားရတာ ေလ" ႐ုတ္တရက္ ဇူအန္ ထပ္ျဖည့္လိုက္သည္။

"သနားစရာေကာင္းတယ္ ဟုတ္လား" ခ်ဴခ်ဴယန္ လႈပ္ရွားမႈ ရပ္တန့္သြားသည္။

"ဟုတ္တယ္ အသည္းရယ္။ အဲ့ဒီ ယင္က်န္း က သူ႕ကို ဆက္ဆံသလို ငါ မင္းကို ဘယ္ေတာ့မွ အဲ့ဒီလို မဆက္ဆံဘူးလို႔ ကတိေပးတယ္" ဇူအန္ ကတိေပးလိုက္သည္။

"ကတိေတြက ဘာအသုံးဝင္လို႔လဲ။ ငါတို႔ရဲ႕ စိတ္ဝင္စားမႈေတြ အဆုံးသတ္သြားတဲ့တစ္ေန႕က်ရင္ ငါ့ကို ေသခ်ာေပါက္ ေက်ာခိုင္းသြားမွာပဲ" ခ်ဴခ်ဴယန္ ျပက္ရယ္ျပဳလိုက္သည္။

ခ်ဴခ်ဴယန္၏ စကားေျပာဟန္မွာ တစ္ခုခုမွားယြင္းေနေၾကာင္း ဇူအန္ သတိျပဳမိလိုက္သည္။ သူသည္ ခ်ဴခ်ဴယန္ အေရၿခဳံထားေသာ တစ္ျခားမိန္းမတစ္ေယာက္ႏွင့္ စကားေျပာေနရသည္ဟု ခံစားေနရသည္။ သို႔ေသာ္လည္း ထိုအေတြးမွာ သူ၏စိတ္ထဲမွ အလွ်င္အျမန္ ေပ်ာက္ကြယ္သြားသည္။ သူမ ႀကဳံေတြ႕ခဲ့ရေသာ ကိစၥမ်ားၿပီးေနာက္တြင္ ခ်ဴခ်ဴယန္ ကြဲျပားစြာ ျပဳမူနိုင္သည္မွာ ပုံမွန္ကိစၥတစ္ခုသာျဖစ္သည္ဟု ေတြးလိုက္သည္။

သူ႕ကိုယ္သူ အျပစ္တင္လိုက္သည္။
သူမနဲ႕ အတူရွိေနတာေတာင္ တစ္ျခားမိန္းမတစ္ေယာက္ကို ဘာျဖစ္လို႔ ေတြးေနရေသးတာလဲ။ အဲ့ဒါ အရမ္းေလာဘႀကီးလြန္းတယ္။
"စိတ္မပူပါနဲ႕။ ငါက အဲ့ဒီလို လူစားမ်ိဳးမဟုတ္ပါဘူး"

သူမ၏ အပ်ိဳစင္ဘ၀ကို ဆုံးရႈံးခဲ့ရၿပီးေနာက္ ခ်ဴခ်ဴယန္ စိတ္မလုံမၿခဳံခံစားေနရသည္ဟု ဇူအန္ ေတြးထင္လိုက္သည္။ ထို႔ေၾကာင့္ သူမကို ႏွစ္သိမ့္ရန္ ေ႐ြးခ်ယ္လိုက္သည္။
"ၿပီးေတာ့ ဘယ္လိုလုပ္ ငါတို႔ရဲ႕ စိတ္ဝင္စားမႈေတြ ျပယ္ပ်က္သြားနိုင္မွာလဲ။ ငါတို႔က စုံတြဲပဲေလ။ ငါ့ရဲ႕အရာအားလုံးက မင္းပိုင္တာေတြပဲေပါ့။ ငါတို႔ၾကားမွာ ဘယ္အရာကမွ အေရးမပါပါဘူး"

"ထင္ရတာပဲ" ခ်ဴခ်ဴယန္ ညင္သာစြာ ၿပဳံးလိုက္သည္။ "နင့္မွာ တကယ္ကို သြက္လက္တဲ့ လွ်ာရွိတာပဲ"

"အခုေတာ့ အဲ့ဒီကိစၥေတြကို မေျပာေတာ့ဘဲနဲ႕ လုပ္လက္စအလုပ္ကို ဆက္လုပ္ရေအာင္ေလ" ခ်ဴခ်ဴယန္ ကို နမ္းရန္ ကပ္မွီလိုက္သည္။
မိမိခႏၶာကိုယ္၏ အေျခအေနကို အာ႐ုံခံမိလိုက္ေသာအခါ သူမ အလိုမက်စြာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

ဒီခႏၶာကိုယ္က အျပည့္အဝျပန္ေကာင္းသြားၿပီလို႔ ငါထင္ခဲ့တာ။ ဒါေပမယ့္ သူက အရမ္းႀကီး ႏွေးလြန္းမေနဘူးလား။ ဒီေလာက္အခ်ိန္ၾကာၿပီးတာေတာင္ သူ႕ရဲ႕ ကီေသြးေၾကာေတြကို ဘာလို႔ မကုသနိုင္ရေသးတာလဲ။ ဒီတစ္ခ်ိန္လုံး သူဘာေတြလုပ္ေနတာလဲ။

ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ သူမ ျပန္ေကာင္းရန္အတြက္ ဇူအန္၏ ေနာက္တစ္ဖန္ ဗုံးႀကဲမႈကို သည္းခံ႐ုံသာ ရွိေတာ့သည္။

သူမသည္ ခ်င္ရာဇဝင္ ဧကရာဇ္ ၏ မိဖုရားႀကီး ျဖစ္သည္။ ထို႔ေၾကာင့္ ထိုကဲ့သို႔ေသာ ကိစၥမ်ားႏွင့္ မစိမ္းကားေပ။ အရင္ခ်ိန္က သူမ၏ အဖြားျဖစ္သူ မိဖုရား ရွန္းမီသည္ ခ်င္နိုင္ငံ၏ အေနာက္ေျမာက္ဘက္ နယ္မိမိတ္ တြင္ ကပ္ဆိုးဝင္ေနမႈကို ေျဖရွင္းရန္အတြက္ သူမ၏ ခႏၶာကိုယ္ကို ယီခ်ီဘုရင္ ထံ ဆက္သကာ သားႏွစ္ေယာက္ ေမြးဖြားေပးသည္အထိ ျပဳလုပ္ခဲ့သည္။
ခ်င္နိုင္ငံ ျပန္လည္ ဦးေမာ့လာေသာအခါ သူမသည္ ယီခ်ီဘုရင္ ကို သတ္ရန္အခြင့္ေကာင္းရွာခဲ့ၿပီး ယီခ်ီမ်ိဳးႏြယ္ရန္စြယ္ကို အၿပီးသတ္ဖယ္ရွားခဲ့သည္။

၎အျဖစ္သည္ ခ်င္ရာဇဝင္ ၏ ေတာ္ဝင္မိသားစု ၏ မိန္းကေလးမ်ားအတြက္ စံနမူနာျဖစ္ခဲ့သည္။ သူတို႔၏ ခႏၶာကိုယ္သည္ ပိုႀကီးမားေသာ ရည္မွန္းခ်က္အတြက္ အသုံးခ်ရန္ အရာ၀တၳဳတစ္ခုထက္ မပိုဟု ရႈ႕ျမင္ၾကသည္။ မိန္လိသည္ ထိုစိတ္ဓာတ္ကို အသားတက်ရွိေနသည္ဟု ေျပာလို႔ရသည္။ သို႔ေသာ္ ထိုအရာကို သူမ လက္မခံနိုင္ေပ။
သူမသည္ ယင္က်န္းကို သစၥာေဖာက္ျခင္းအေပၚ စိတ္ထင့္ျခင္းအလ်င္းမရွိခဲ့ေပ။ အမွန္ဆိုလွ်င္ သူမသည္ သူ၏ အုပ္ဂူကို ေျပာင္းျပန္လွန္ပစ္ကာ ဤျမင္ကြင္းအား သူ႕ကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ေစခ်င္သည္။

ထိုစဥ္တြင္ ဇူအန္သည္ ခ်ဴခ်ဴယန္၏ တုန့္ျပန္မႈကို အနည္းငယ္ အံၾသသြားသည္။ သူ၏ အနမ္းကို သူမ ျငင္းဆန္လိမ့္မည္ဟု သူ မထင္ထားခဲ့ေပ။ ထိုတစ္ခဏတြင္ သူမ၏ မ်က္ႏွာေပၚတြင္ အလြန္မရင္းႏွီးေသာ အမူအရာျဖစ္ေပၚေနသည္။

သူမ၏ ဟန္ေဆာင္မႈကို ဇူအန္ သိသြားမည္ကို စိုးရိမ္ေသာေၾကာင့္ ခ်ဴခ်ဴယန္က စကားလမ္းေၾကာင္းလႊဲလိုက္သည္။
"ေဟ့ ငါနဲ႕ မိန္လိ ဘယ္သူပိုလွတယ္လို႔ ထင္လဲ"

"ေသခ်ာေပါက္ကို မင္းေပါ့" ဇူအန္ တြန့္ဆုတ္ျခင္းမရွိေျဖလိုက္သည္။
"..." ခ်ဴခ်ဴယန္
"အဲ့လိုလား" ခ်ဴခ်ဴယန္ ေအးစက္စြာ တခစ္ခစ္ရယ္လိုက္ကာ သူမ၏ လက္သည္းမ်ား ဇူအန္ေနာက္ေက်ာဘက္တြင္ ေနာက္တစ္ႀကိမ္ ရွည္ထြက္လာျပန္သည္။

ဇူအန္ တခဏရပ္လိုက္ကာ ထပ္ျဖည့္ေျပာလိုက္သည္။
"ရိုးရိုးသားသားေျပာရရင္ ဒီစကားလုံးကို မင္း စိတ္ေက်နပ္ေအာင္ ေျပာလိုက္တာ။ မိန္လိရဲ႕ အလွက မင္းထက္မနိမ့္ဘူး။ မင္းတို႔ ႏွစ္ေယာက္မွာ မတူညီတဲ့ ပုံစံေတြရွိၾကတယ္။ မင္းက ေအးစက္ၿပီးေတာ့ လန္းဆန္းတဲ့ ပုံစံရွိၿပီးေတာ့ သူမကေတာ့ ႀကီးက်ယ္ျမင့္ျမတ္တဲ့ ပုံစံမ်ိဳး ရွိတယ္။ မင္းတို႔ႏွစ္ေယာက္မွာ တစ္ေယာက္ကိုတစ္ေယာက္ ယွဥ္ဖို႔ဆိုတာ ခက္ခဲတယ္"

ေနာက္ဆုံးတြင္ ခ်ဴခ်ဴယန္၏ ႏႈတ္ခမ္းမ်ား ေကြးသြားကာ သူ၏ အေျဖကို ေက်နပ္သြားသည္။ သို႔ေသာ္ တစ္စုံတစ္ရာကို သတိျပဳမိလိုက္သျဖင့္ မ်က္ေမွာင္က်ဳံ႕ကာ ေမးလိုက္သညိ။ "သူမအေၾကာင္းကို ေျပာတဲ့အခါမွာ ဘာျဖစ္လို႔ နင္ခႏၶာကိုယ္က အရမ္းဖ်တ္လတ္လာတာလဲ"

"..." ဇူအန္
ခ်ဴခ်ဴယန္သည္ သူ၏ အေသးအမႊားအေျပာင္းအလဲကိုပင္ ရွာေတြ႕သည္အထိ အာ႐ုံခံစားလြယ္လိမ့္မည္ဟု သူ မထင္ထားခဲ့ေပ။ အျခားမိန္းမတစ္ေယာက္မွာ သူ႕မိန္းမထက္ ပိုမိုပူျပင္းေလာင္ၿမိဳက္ဖြယ္ေကာင္းေၾကာင္းကို ရွင္းျပလိုက္လွ်င္ မည္သို႔အဆုံးသတ္မည္ကို မသိေတာ့ေပ။

ကံေကာင္းသည္မွာ ဤ'ခ်ဴခ်ဴယန္' မွာ ဆက္လက္ စကားမကပ္သပ္ေတာ့ေပ။ သူမ၏ လက္ေမာင္းကို ဆန့္ထုတ္ကာ သူ၏ ခါးကို ဖက္လိုက္သည္။

သူမ၏ ဖိတ္ေခၚမႈကို ဇူအန္ ဝမ္းသာစြာ လက္ခံလိုက္သည္။ သူမကို ကိုလုပ္ခ်င္တာလုပ္ေနေသာ္လည္း တစ္ခ်ိန္လုံး တိတ္ဆိတ္ကာ လက္ခံခဲ့သည္ကို ျမင္ရကာ သူမ၏ အေတြးမ်ားကို ဇူအန္ နားမလည္ျဖစ္ေနခဲ့သည္။ သို႔ေသာ္လည္း သူမ၏ လိုလားစြာျပသမႈမွာ သူ၏ ႏွလုံးသားတြင္ အေလးခ်ိန္ပိေနေသာ အစိုင္အခဲကို လႊတ္ခ်သြားေစနိုင္သည္။ ေနာက္ဆုံးတြင္ သူ၏ ထိန္းခ်ဳပ္မႈမ်ားကို ဖယ္ရွားကာ အားကုန္ထုတ္သုံးနိုင္ၿပီျဖစ္သည္။

ခ်ဴခ်ဴယန္ ကိုယ္တိုင္မွာလည္း ဇူအန္ ၏ တရစပ္တိုက္ကြက္၏ လႊမ္းမိုးမႈကို ခံေနရသည္။ သူမ ေဒါသျဖင့္ မ်က္လုံးမွိတ္လိုက္သည္။ ဒီမိန္းမခႏၶာကိုယ္က အရမ္း အားမနည္းလြန္းဘူးလား။ ဒီေလာက္ေလးေတာင္ က်ိန္းစပ္ထူပူေနၿပီ။

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၂၃၃ ရရွိလိုက္သည္။

ဇူအန္ ေတြေဝသြားသည္။
မိန္လိ လား။ သူက ဒီေနရာကေန ထြက္သြားၿပီမဟုတ္ဘူးလား။ တစ္ေနရာရာကမ်ား ခိုးနားေထာင္ေနတာလား။
လန့္သြားကာ ပတ္ဝန္းက်င္ ကို အလွ်င္အျမန္ၾကည့္လိုက္သည္။ သို႔ေသာ္ မိန္လိ ကို ရွာမေတြ႕ေပ။

"နင္ဘာလုပ္ေနတာလဲ" ဇူအန္ ရပ္သြားေသာေၾကာင့္ ခ်ဴခ်ဴယန္ ေမးလိုက္သည္။

"ဒီေနရာမွာ မိန္လိ က ငါတို႔ႏွစ္ေယာက္ကို တိတ္တဆိတ္ ေစာင့္ၾကည့္ေနတယ္လို႔ ထင္လား" ဇူအန္ မ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္သည္။

ခ်ဴခ်ဴယန္ ႏွလုံးခုန္ျမန္သြားသည္။ "ငါေတာ့ မထင္ပါဘူး။ ခုနက သူထြက္သြားၿပီမဟုတ္လား။ သူက ဒီေနရာမွာ ရွိေနေသးတယ္လို႔ နင္ဘာေၾကာင့္ထင္တာလဲ"

ဇူအန္ ေခါင္းခါကာ ေျပာလိုက္သည္။ "အင္း ငါအေတြးလြန္သြားတာထင္ပါတယ္"

ခ်ဴခ်ဴယန္က 'အင္း' တစ္လုံးျဖင့္ တုန့္ျပန္လိုက္ၿပီး သူမ၏ အေပၚတြင္ ရွိေနေသာ ေယာက္်ားကို ဖက္တြယ္ထားလိုက္ၿပီး သူမ၏ ခႏၶာကိုယ္ႏြေးႏြေးျဖင့္ ဇူအန္၏ စိတ္ကို လႊမ္းမိုးေစသည္။ ထိုေလာက္လွပေသာ မိန္းကေလး၏ ဆြဲညွို႔မႈျဖင့္ အျခားေသာ အထင္လြဲမွားေစနိုင္သည့္ အေတြးမ်ား သူ၏ ေခါင္းထဲမွ ထြက္သြားရန္ အခ်ိန္မၾကာလိုက္ေပ။

ထိုအခ်ိန္တြင္ သူမ၏ လက္ကို ဇူအန္၏ ခါးေပၚတြင္ တိတ္တဆိတ္တင္လိုက္ကာ သူမ၏ ေသးသြယ္ေသာလက္ေခ်ာင္းေလးမ်ားျဖင့္ အသာအယာ ဖိလိုက္သည္။ ထိုးတက္လာေသာ သာယာမႈေၾကာင့္ ဇူအန္၏ ကိုယ္ကို တုန္သြားေစသည္။ မၾကာခင္တြင္ ဇူအန္ ျပဳစားခံလိုက္ရၿပီး သူ၏ ယန္စြမ္းအင္မ်ားကို သူမ၏ ကိုယ္ထဲသို႔ အလွ်င္အျမန္ ထည့္သြင္းကာ သူမ၏ ယင္စြမ္းအင္ႏွင့္ ေရာႏွောသြားေစသည္။

မိန္လိသည္ ခ်ဴခ်ဴယန္၏ ခႏၶာကိုယ္ကို ကိရိယာတစ္ခုအျဖစ္ အသုံးခ်ျခင္းကို စိတ္ထဲစနိုးစေနာင့္မျဖစ္ေပ။ ၎သည္ သူမ၏ ခႏၶာကိုယ္လည္း မဟုတ္ေပ။ သို႔ေသာ္လည္း ဤခႏၶာကိုယ္သည္ ကမၻာဦးကီ ၏ ျပင္းထန္ျခင္းကို ခံနိုင္ရန္ ရိုးရိုးရွင္းရွင္း အလြန္အားနည္းေနသည္။
သူမ၏ အသက္ကို တစ္ပါးသူ လက္ထဲဆုပ္ကိုင္ထားျခင္း၏ ခံစားခ်က္ကို သူမ မႀကိဳက္ေပ။ သူမ၏ မ်က္လုံးထဲတြင္ ပု႐ြတ္ဆိတ္ တစ္ေကာင္သာသာ ရွိေသာ ဇူအန္ ကိုပင္ မဆိုထား။ သူမ၏ မာနက ေယာက္်ားတစ္ေယာက္၏ သာယာမႈအတြက္ လႊမ္းမိုးခြင့့္ကို မေပးခ်င္ေပ။ သာမန္ထက္ ပိုတုတ္ခိုင္သန္မာေနေသာ္လည္း ဒါက ကိရိယာတစ္ခုထက္ မပိုေၾကာင္း သူမ ေတြးလိုက္သည္။

ထို႔ေၾကာင့္ သူမ၏ လွ်ို႔ဝွက္ပညာကို သုံးကာ သူ၏ ယင္စြမ္းအင္ကို ေရွးဦးစြာ ထြက္ေပၚေစၿပီး သူ၏ ေသြးအဆီအႏွစ္ႏွင့္ ကမၻာဦးကီ တို႔ကို လည္ပတ္ရန္စဥ္းစားလိုက္သည္။ သူမက ဇူအန္ကို အသာျပန္တြန္းဖယ္လိုက္သည္။

ဇူအန္က သူမႏွင့္ ေနာက္တစ္ခ်ီ မီးခိုးေထာင္းရန္ စိုင္းျပင္ေနဆဲ ျဖစ္သည္။ သို႔ေသာ္လည္း ႐ုတ္ခ်ည္း ျငင္းဆန္လိုက္ျခင္းက သူ၏ ႏွလုံးသားကို အနည္းငယ္ လစ္ဟာသြားေစသည္။ သို႔ေသာ္လည္း ရႈ႕ေထာင့္တစ္မ်ိဳးမွၾကည့္ပါက ၎သည္ ခ်ဴခ်ဴယန္က သူ႕ထြားႀကိဳင္းမႈကို မည္သို႔ရင္ဆိုင္ရမည္ကို မသိေသာေၾကာင့္ျဖစ္နိုင္သည္ဟု ေတြးလိုက္သည္။
၎အေတြးက အေျခအေနကို လက္ခံေစခဲ့သည္။

သူ ဖယ္ခြာလိုက္ၿပီးေနာက္ ခ်ဴခ်ဴယန္က က်င့္ႀကံမႈတြင္ သူမ၏ အာ႐ုံကို ျပန္ထားလိုက္သည္ကို ေတြ႕လိုက္ရေသာအခါ သူမကို ေလးစားမိသည္။ ဉာဏ္ႀကီးရွင္လို႔ သိထားတဲ့အတိုင္းပဲ။ သူမက က်င့္ႀကံအားထုတ္ဖို႔အတြက္ ဘယ္အခြင့္အေရးကိုမွ လက္လႊတ္ဆုံးရႈံးခံမွာမဟုတ္ဘူး။
အခုနက အခ်ီခ်ီႏႊဲခဲ့ေသာေၾကာင့္ ႏြမ္းနယ္မႈေတြ စုပုံေနလို႔လည္းျဖစ္နိုင္သည္။ ႐ုတ္တရက္ ဇူအန္ ငိုက္မ်ဥ္းသြားသည္။ သူ မသိလိုက္ခင္မွာပင္ ဇူအန္ အိပ္ေပ်ာ္သြားသည္။

ခ်ဴခ်ဴယန္ မ်က္လုံးဖြင့္ကာ သူ႕ကို တစ္ခ်က္ၾကည့္လိုက္သည္။ သူမ တခဏ တြန့္ဆုတ္လိုက္ၿပီးေနာက္ သူမ၏ ကီေသြးေၾကာမ်ား ျပဳျပင္ျခင္းတြင္ အာ႐ုံျပန္စိုက္လိုက္သည္။ ဒီခႏၶာကိုယ္နဲ႕ ငါ့ဝိဉာဥ္ ေနသားက်သြားေတာ့မွ ဘာဆက္လုပ္ရမလဲဆိုတာကို ဆုံးျဖတ္ေတာ့မယ္။

အခ်ိန္တစ္ခ်ိဳ႕ၾကာၿပီးေနာက္ လည္ေခ်ာင္းတြင္ ေအးစက္ေသာ ခံစားခ်က္ကို ဇူအန္ ႐ုတ္တရက္ ခံစားလိုက္ရသည္။ သူ ခ်က္ခ်င္း မ်က္လုံးဖြင့္ၾကည့္လိုက္ေသာအခါ ချူချူယန်ု အဝတ္အစားျပန္ဝတ္ထားကာ သူ ပုံမွန္ေအးစက္သည့္ပုံစံရွိေနသည္။ သူမသည္ ယဇ္ပလႅင္ေပၚတြင္ မတ္တပ္ရပ္ေနၿပီး သူ၏ လည္ပင္းကို ဓားတစ္ေခ်ာင္းတင္ထားသည္။ သူမ၏ အမူအရာမွာ တစ္စုံတစ္ရာအတြက္ေၾကာင့္္ အလိုမက်ေနဟန္ရွိကာ အနည္းငယ္ ထူးဆန္းေနသည္။

ငိုက္မ်ဥ္းေနရာမွာ ဇူအန္ ခ်က္ခ်င္း နိုးသြားသည္။ နေမာ္နမဲ့ မလႈပ္ရွားရဲေပ။ လႈပ္ရွားမႈတစ္ခ်ိဳ႕က သူ၏အသက္ကို အဆုံးသတ္ေစမည္ကို စိုး႐ြံေနသည္။ ထို႔ေၾကာင့္ ဂ႐ုတစိုက္ေမးလိုက္သည္။ "အသည္းဘာေတြလုပ္ေနတာလဲ"

ခ်ဴခ်ဴယန္ ေလွာင္ရယ္လိုက္ကာ ေအးစက္စြာေျပာလိုက္သည္။ "ငါ့ခႏၶာကိုယ္ ကို ယူေဆာင္သြားတဲ့ ေယာက္်ားတစ္ေယာက္ကို ဒီကမၻာမွာ ဆက္အသက္ရွင္ခြင့္မေပးနိုင္ဘူး"

"..." ဇူအန္
ဘာလဲဟ။ တကယ္ႀကီးလား။ ခုနက နင္လဲေကာင္းေနတာပဲကို။

"မင္းကို ကယ္ဖို႔အတြက္ အခက္အခဲအမ်ားႀကီး ျဖတ္သန္းခဲ့ရတယ္။ ဒါေပမယ့္ မင္းက အဲ့ဒါေလးအတြက္နဲ႕ ငါ့ကို သတ္ေတာ့မယ္ေပါ့။ အရမ္းေက်းဇူးမသိတတ္ဘူးလို႔ မထင္ဘူးလား" ဇူအန္ မွတ္ခ်က္ေပးလိုက္သည္။

ခ်ဴခ်ဴယန္၏ မ်က္ႏွာ ရဲတြတ္သြားကာ ေဒါသတႀကီး ေျပာလိုက္သည္။" အဲ့ဒါက နင့္အတြက္ အဲ့ဒီေလာက္ ခက္ခဲလို႔လား"

ဇူအန္သည္ ထိုျဖစ္ရပ္ကို အခြင့္ေကာင္းယူခဲ့မိသည္ဟု ခံစားလိုက္ရသည္။ ထို႔ေၾကာင့္ မလုံမလဲ ေခါင္းကုတ္ကာ ေျပာလိုက္သည္။
"အဲ့ဒါကို ထားလိုက္ပါဦး။ ငါလုပ္ခဲ့တဲ့အရာအားလုံးက မွန္တဲ့အရာေတြေတာ့ဟုတ္တယ္မလား။ ငါေျပာခ်င္တာကေလ မင္းကို ကယ္ဖို႔အတြက္ အႀကိမ္မ်ားစြာ ေသမလိုျဖစ္ခဲ့ရတယ္"

ခ်ဴခ်ဴယန္ က ေအးစက္စြာ ႏွာေခါင္းရႈံ႕လိုက္သည္။" ဒီကိစၥမွာ မွားတယ္လို႔ ခံစားစရာမလိုဘူး။ နင္က ေယာက္်ားေတြ တစ္ဘဝလုံးစာရဲ႕ အိမ္မက္ထဲမွာေတာင္ မရနိုင္တဲ့ တစ္စုံတစ္ခုကို ေပ်ာ္႐ြင္ ခံစားခဲ့ၿပီးၿပီပဲ။ အဲ့ဒီအသိနဲ႕တင္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေသလို႔ရၿပီ"

ဇူအန္ ေခါင္းခါလိုက္သည္။ "မဟုတ္တာ။ ငါက သစ္ပင္တစ္ပင္အတြက္နဲ႕ သစ္ေတာတစ္ခုလုံးကို စြန့္ပစ္မယ့္ လူစားမ်ိဳးမဟုတ္ဘူး။ အျခားမိန္းမတစ္ေယာက္ကို ရွာေဖြတာ စိတ္ထဲမထားဘူးလို႔ မင္းကိုယ္တိုင္ပဲ ေျပာခဲ့တယ္မဟုတ္လား။ အကယ္၍ ငါနဲ႕အတူ ဆက္မရွိေနခ်င္ေတာ့ရင္ လမ္းခြဲ ၿပီးေတာ့ ကိုယ့္ဘဝ ကိုယ္ေနလိုက္႐ုံပဲ။ အဲ့ဒီေလာက္အထိ ငါ့အေပၚ အၾကင္နာမဲ့စရာလိုလို႔လား"

ခ်ဴခ်ဴယန္ ဇေဝဇဝါ ျဖစ္သြားသည္။ ထိုႏွစ္ေယာက္အၾကားတြင္ ထိုကဲ့သို႔ေသာ ကို႔ရို႔ကားယား ကတိစကားမ်ိဳးရွိေနလိမ့္မည္ဟု သူမ မထင္ထားခဲ့ေပ။ ဤကိစၥအေပၚ ဇူအန္၏ ခံယူခ်က္က သူမကို ပိုမိုေဒါသထြက္ေစသည္။
ကိုယ့္ဇနီးအေပၚ ေဖာက္ျပန္တဲ့အေၾကာင္းေျပာေနတဲ့ဟာကို ဘာျဖစ္လို႔ မွန္သလိုလို ဟန္ေဆာင္ေနတာလဲ။

သင္သည္ မိန္လိ ထံမွ အမ်က္ပြိုင့္ ၄၀၄ ရရွိလိုက္သည္။

မိန္လိထံမွ အမ်က္ပြိုင့္ ႐ုတ္တရက္ ရရွိလိုက္ေသာအခါ ဇူအန္ ေနာက္တစ္ႀကိမ္ တုန္လႈပ္သြားသည္။ ခ်ဴခ်ဴယန္ကို စိုက္ၾကည့္လိုက္ကာ ေတြးေတာ လိုက္သည္။

"နင့္လို ေယာက္်ားမ်ိဳးက ဒီကမၻာကို ေဘးအႏၱရာယ္ ပဲ ျဖစ္ေစမယ္။ မိန္းမသားေတြအားလုံးအတြက္ နင့္ကို ဒီေနရာမွာ အဆုံးသတ္ေပးမယ္" ခ်ဴခ်ဴယန္၏ ဓားသည္ ဇူအန္၏ လည္ပင္းဆီသို႔ တည့္မတ္စြာတိုး၀င္လာသည္။ သူ၏ ခြန္အားျဖင့္ ဓားကို ေရွာင္နိုင္စြမ္းမရွိဟု သူမ သိေနသည္။
သို႔ေသာ္ အံၾသစရာမွာ သူမ၏ တိုက္ခိုက္မႈသည္ ဗလာကိုသာ ဆင္းသက္သြားခဲ့သည္။

ဇူအန္ကို ေအးစက္စြာ ၾကည့္လိုက္သည္။ "ငါ့တိုက္ခိုက္မႈကို မွန္းဆၿပီးေတာ့ ႀကိဳေရွာင္လိုက္တာလား"
ငါ အကြက္ေ႐ြ႕မယ္ဆိုတာကို သူ ဘယ္လိုသိေနတာလဲ။ ငါ့ဓားကို မေ႐ြ႕ရေသးခင္မွာ သူက ေဘးကို ေရွာင္ၿပီးေနၿပီ။

ဇူအန္ ေက်ာျပင္တြင္ ခြၽဲ႐ႊဲနစ္ေနကာ ေၾကာက္႐ြံစြာ ေရ႐ြတ္လိုက္သည္။ "အစ္မေတာ္မိဘုရားႀကီးတကယ္ကို ခင္ဗ်ားပဲ"

ခ်ဴခ်ဴယန္ ေၾကာင္သြားသည္။ "ငါဆိုတာကို ဘယ္လိုသိတာလဲ"
သူမ၏ က်င့္ႀကံမႈအဆင့္အတန္းျဖင့္ ဇူအန္၏ အေရွ႕တြင္ လိမ္ညာလွည့္ဖ်ားရန္ပင္ မလိုအပ္ေပ။ ဤေနရာရွိအေျခအေနကို သူမ ေကာင္းမြန္စြာ ထိန္းခ်ဳပ္နိုင္သည္ဟု ယုံၾကည္မႈအျပည့္ရွိခဲ့သည္။ ထို႔ေၾကာင့္ သူ႕အေပၚ ဇူအန္ အလွည့္အေျပာင္းမ်ား လုပ္မည္ကို မထင္ထားခဲ့ေပ။

သူမ၏ ဝန္ခံခ်က္ကို ၾကားရေသာအခါ ဇူအန္ ႏွလုံးစူးနင့္သြားသည္။
"ခ်ဴယန္ကို ခင္ဗ်ား ဘာလုပ္လိုက္တာလဲ"

"ခ်ဴယန္လား။ သူေသသြားၿပီဆိုတာ ေျပာစရာကိုမလိုဘူး" ခ်ဴခ်ဴယန္က ေခါင္းေမာ့ကာ သူမ၏ ေသးသြယ္ေသာလက္ေခ်ာင္းမ်ားကို ေထာင္ၾကည့္လိုက္သည္။ "သူ႕ရဲ႕ ခႏၶာကိုယ္က တကယ္ကို မဆိုးဘူးဆိုတာကို ဝန္ခံရမယ္။ အခုအခ်ိန္မွာေတာ့ အားနည္းေနေသးေပမယ့္ သူ႕ရဲ႕ ၾကန္အင္လကၡဏာက ေကာင္းမြန္တယ္။ ငါ့ရဲ႕ ခႏၶာကိုယ္အသစ္ရဲ႕ သတ္မွတ္ခ်က္စံႏႈန္းေတြကို မွီတယ္ဆို႐ုံ အေနအထားေလာက္ေတာ့ရွိတယ္"

ခ်ဴခ်ဴယန္ ေသၿပီဟူေသာ စကားကိုၾကားလိုက္ရေသာအခါ ဇူအန္၏ ခႏၶာကိုယ္တစ္ခုလုံး ေက်ာက္တုံးပမာ ေတာင့္တင္း ေအးစက္သြားသည္။
"သူ႕ကို နည္းစနစ္ သင္ၾကားေပးလိုက္ကတည္းက ခင္ဗ်ားမွာ ဒီလိုမေကာင္းတဲ့ အႀကံေတြရွိေနၿပီးသား မဟုတ္လား"

--- --- --- ---------------------------------- --- --- - - - - - - - - -

Continue Reading

You'll Also Like

148K 10.5K 47
មិនថាកន្លងទៅយ៉ាងណា ប៉ុន្តែអារម្មណ៍ល្អៗចំពោះឯងមិន ប្រែប្រួលឡើយ គីម ថេយ៉ុង ។ យើងខុសដែលទុកឯងចោល ប៉ុន្តែយើងតែងតែនឹកនាដល់ឯងជានិច្ច ទោះឯងខឹង ឬ ស្អប់យើងកម្រ...
43.2K 5K 73
Author _ Shuiqiancheng That's not my work.I am Just Translator
555K 63.8K 200
This story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Q...
378K 69K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...