ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

73.9K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
192
193
194
195
196
197
198
199
200

191

327 55 0
By SoeHmue

Chapter 191: ရွေးချယ်မှု

“ကျုပ် ဘယ်လိုလုပ်ရမလဲ။ ခင်ဗျား စကားတွေကို တစ်ခါတည်းဆုံးအောင် ပြောလို့မရဘူးလား” မိန်လိ၏ တစ်ဝက်တစ်ပျက် စကားပြောပုံကြောင့် ဇူအန် ဒေါသထွက်သွားသည်။ သူမပုံစံသည် သူ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေသည့်ပမာပင်။

ချူချူယန်လည်း မျှော်လင့်ချက်အပြည့်ဖြင့် မိန်လိကို ကြည့်လိုက်သည်။ ပြောစရာမလိုအောင် သူမ၏ လှုပ်ရှားသွားလာနိုင်စွမ်း တစ်ခုတည်း ပြန်ကောင်းလာမှာထက် သူမ၏ ကျင့်ကြံခြင်းအပြည့်အစုံကို ပြန်ကောင်းလာစေချင်သည်။

မျက်လုံး တဖိတ်ဖိတ်နှင့် မိန်လိက မေးလိုက်သည်။ “ဒဏ္ဍာရီလာအကြည်ရောင်အဆင့်ဆိုတာ မင်းတို့ ကြားဖူးလား”

“ဒဏ္ဍာရီလာ အကြည်ရောင်အဆင့်” ချူချူယန် နှင့် ရှောင်းရွှယ်ယင် တို့ အကြည့်ချင်းဖလှယ်ကြသည်။ တစ်ယောက်မျက်လုံး၌ မယုံသင်္ကာဖြစ်မှုများကို တစ်ယောက်က မြင်နိုင်ကြသည်။

ရှောင်းရွှယ်ယင် တခဏလောက် တုံ့ဆိုင်းစဉ်းစားနေပြီးမှ ပြောလိုက်သည်။ “ကျွန်မသိထားပုံအရဆို အကြည်ရောင်အဆင့်က ဒဏ္ဍာရီဝင်ပုံပြင်သက်သက်ပဲ။ တကယ်တော့ အဲ့ဒါရဲ့တည်ရှိမှုကို လူအများကြီးက သံသယဝင်ကြတယ်။ ဘာလို့ဆို ဒီကမ္ဘာပေါ်က အတော်ဆုံးကျင့်ကြံသူတွေတောင် အမြင့်စား ကျာ(A+) အဆင့်ပဲ ရှိကြတာလေ။ အဲ့လိုလူတွေတောင် ဆယ်ယောက်လောက်ပဲ ရှိကြတာ။ အဲ့လိုအခြေအနေနဲ့ သာလွန်ထူးကဲတဲ့ အရည်အသွေးပိုင်ရှင်က ဘယ်လိုလုပ်တကယ်ရှိနိုင်မလဲ”

ချူချူယန် နှင့် ရှောင်းရွှယ်ယင် တို့နှစ်ယောက်လုံးသည် ကိုယ်စီ အလွန်ပါရမီရှိသူများ ဖြစ်ကြသည်။ သို့သော် သူတို့နှစ်ယောက်လုံး အနိမ့်စားကျာအဆင့်(A-) သာ ရှိကြသည်။ ပို၍ မြင့်သော အဆင့်တစ်ခုစီတိုင်း၌ ကြီးမားသော ကွာဟမှုတစ်ခုစီ ရှိကြသည်။ ဥပမာအနေဖြင့် အမြင့်စားကျာ စွမ်းရည် ကျင့်ကြံသူများသည် သူတို့လက်လှမ်းမမှီနိုင်သူများဖြစ်ကြသည်။ အကြည်ရောင်အဆင့် ရှိသူများကိုဆို ပြောနေစရာပင် မလိုတော့ချေ။

“အဲ့ဒါ တကယ်ရှိမရှိကို မင်းတို့ သံသယဝင်နေစရာ မလိုဘူး” မိန်လိက ပြောလိုက်သည်။ သူမ ဇူအန်ကို လက်ညိုးထိုးပြီး ဆက်ပြောလိုက်သည်။ “ဘာလို့ဆို သူက အဲ့လိုလူတွေထဲက တစ်ယောက်ဖြစ်လို့ပဲ”

“…” ချူချူယန်

“…” ရှောင်းရွှယ်ယင်

နှစ်ယောက်လုံး ဇူအန်ကို တပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

သူက ဒဏ္ဍာရီလာ အကြည်ရောင်အဆင့် ပိုင်ဆိုင်ထားတာလား။ အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မိန်းကလေးနှစ်ယောက်သည် သူနှင့် အလွန်အမင်း ရင်းနှီးကြသည်။ ထို့ကြောင့် လပြည့်မြို့တော်၌ သူသည် လူလေလူလွင့်အဖြစ် မည်မျှတောင် နာမည်ကြီးလဲဆိုသည်ကို သူတို့ သိကြသည်။ အဲ့တုန်းက ဇူအန်ကို သူမခင်ပွန်းအဖြစ် မယူခင်တုန်းက ချူချူယန်သည် သူ့အရည်အသွေးကို တိတ်တိတ်လေး စစ်ဆေးခဲ့သေးသည်။ ထိုတုန်းက သူသည် အနိမ့်စား ဒင်အဆင့်သာ ရှိခဲ့သည်။

တကယ်လို့ ဒီတစ်လျှောက်လုံး သူ့သိုင်းပညာအစစ်နဲ့ ကျင့်ကြံခြင်းတွေကို ဖုံးကွယ်ထားခဲ့တယ်ဆိုရင်တောင် သူ့အရည်အသွေးကိုတော့ ဖုံးဝှက်ထားနိုင်မှာ မဟုတ်ဘူးမလား။

“သူက ဒဏ္ဍာရီလာ အကြည်ရောင်အဆင့် အရည်အသွေးပိုင်ရှင် ကျင့်ကြံသူလား။ အကြီးအကဲ ရှင် အထင်မှားနေတာများဖြစ်မလား” ချူချူယန် မေးလိုက်သည်။

ဤတစ်ခေါက်တွင် ဇူအန်က သူ့အစွမ်းအစများနှင့် သူမကို အထင်ကြီးစေခဲ့သည်မှာ အမှန်ပင်။ သို့သော် သူ့ကို ဒဏ္ဍာရီဝင် အကြည်ရောင် အရည်အသွေးပိုင်ရှင်အဖြစ်တော့ သူမ လက်မခံနိုင်သေးပါ။ သူမ၏ အနိမ့်စားကျာအဆင့် အရည်အသွေးနှင့်ပင် အဆင့် ၆ သို့ ရောက်နိုင်ခဲ့သည်။ အဲ့ဒါဆို သူက အခုချိန်မှာ ဘာလို့ အဆင့် ၃ ပဲ ရောက်နေအုံးမှာလဲ။

“သူ့ရဲ့ ဒီလောက်တောင်အားနည်းပုံကြောင့် ငါလည်း စိတ်ရှုပ်ထွေးသွားပါသေးတယ်။ ဒါပေမယ့် ဒီကိစ္စမှာ ငါ အထင်မှားတာ လုံးဝမဖြစ်နိုင်ဘူး။ စောနတုန်းက ငါ သူ့သွေးနဲ့ ထိတွေ့မိသွားခဲ့တယ်။ သူက အကြည်ရောင်အရည်အသွေးကို ပိုင်ဆိုင်ထားတာ အသေအချာပဲ” မိန်လိက ပြန်ပြောလိုက်သည်။

မိန်းကလေးသုံးယောက်၏ အကြည့်များ သူ့ပေါ်သို့ စိုက်ရောက်လာသည်ကို ခံစားမိသည့်အခါ ဇူအန် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ပြီး ပြောလိုက်သည်။ “ငါက ငါ့အရည်အသွေးကို ဖုံးကွယ်ပြီး မင်းတို့လိုမျိုး သာမာန်လူထုကြားမှာ ရောနှောနေဖို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမယ့် ကြည့်ရတာတော့ ငါ ဖော်ထုတ်ခံလိုက်ရပြီထင်တယ်။ ဟုတ်ပါတယ် ငါက ဒဏ္ဍာရီလာ အကြည်ရောင်အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့ သူပဲ။ ဒီကိစ္စကြောင့်နဲ့ အနာဂတ်မှာ ငါ့ကို ခွဲခြားခွဲခြား မဆက်ဆံကြဖို့ မျှော်လင့်ပါတယ်”

“……” ချူချူယန်

“…..” ရှောင်းရွှယ်ယင်

သူ့ဝန်ခံမှုကြောင့် သူတို့နှစ်ယောက်လုံး လုံးဝကြောင်အသွားကြသည်။ ဒီလောကကြီးက ဘာဖြစ်နေတာလဲ။ သူလိုလူမျိုးက အကြည်ရောင် အရည်အသွေးကို တကယ်ကြီး ပိုင်ဆိုင်ထားတာလား။

မိန်လိ နှင့် ဇူအန် တို့နှစ်ယောက်လုံးက အတည်ပြုဝန်ခံလိုက်ကြသော်လည်း ဇူအန်နားပတ်ပတ်လည်ရှိ နမော်နမဲ့နိုင်သော အော်ရာက သူသည် သူမတို့ကို စနောက်နေခြင်းသာဖြစ်သည်ဟု တွေးထင်သွားအောင် လုပ်နေဆဲဖြစ်သည်။

“အကြည်ရောင်အရည်အသွေးပိုင်ရှင် ကျင့်ကြံသူတွေက အလျှင်အမြန် ကြီးထွားကြတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမယ့် အဲ့ဒါတစ်ခုတည်းနဲ့ သာလွန်ထူးကဲတယ်လို့ သတ်မှတ်ဖို့ မလုံလောက်ဘူး။ သူတို့ကို သာလွန်ထူးကဲတယ်လို့ သတ်မှတ်ရတဲ့ အဓိကသော့ချက်က ဘာလို့လဲဆိုတော့ သူတို့ သွေးကီတွေက ကျင့်ကြံသူအားလုံးအတွက် အမြင့်ဆုံးအာဟာရဓာတ်ဖြစ်နေလို့ပဲ။ အကြည်ရောင်အရည်အသွေးပိုင်ရှင် ကျင့်ကြံသူရဲ့ သွေးကီကို သောက်သုံးခွင့်ရတဲ့သူတွေက သူတို့ကျင့်ကြံခြင်းကို ကြီးကြီးမားမားနဲ့ မြန်မြန်ဆန်ဆန် မြှင့်တင်နိုင်ပြီး သူတို့ဒဏ်ရာအားလုံးကိုလည်း ကုသပေးနိုင်တယ်။ လူတစ်ယောက်က အကြည်ရောင် အရည်အသွေးပိုင်ရှင် ကျင့်ကြံသူပိုင်ဆိုင်ထားတဲ့ သွေးကီ အားလုံးကို သောက်သုံးနိုင်ရင် အဲ့လူက ထာဝရရှင်သန်မှုကို ရနိုင်တယ်လို့တောင် ကောလဟလတွေ ထွက်ထားတယ်” မိန်လိက ပြောလိုက်သည်။

“အစ်မတော် ဘုရင်မကြီး ခင်ဗျား နှုတ်ခမ်းသပ်နေတာကို ရပ်လို့ရမလား။ အဲ့လိုလုပ်တာက ကျုပ်ကို နည်းနည်းကျောချမ်းစေသလိုပဲ” ဇူအန် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် တံတွေးမျိုချလိုက်သည်။ ကျန်းလော့ဖူက သူသည် အကြည်ရောင်အရည်အသွေးပိုင်ရှင် ကျင့်ကြံသူဖြစ်ကြောင်း နားလည်သိရှိသွားတာနှင့် အဘယ်ကြောင့် သူ့ကို ထူးဆန်းသည့် အကြည့်မျိုးဖြင့် စိုက်ကြည့်နေခဲ့လဲဆိုသည်ကို နောက်ဆုံးတော့ သူ နားလည်သွားပြီဖြစ်သည်။

အိုက်ယိုး..အစကတည်းက ပြောလိုက်သင့်တာကို။ တကယ်လို့ ကျက်သရေရှိလွန်းတဲ့ ကျောင်းအုပ်ကြီးက ငါ့ကီအနှစ်သာရကို လိုအပ်ရင် ငါက လိုလိုလားလား ပေးလိုက်မှာပဲကို…..အာ နေအုံး အောက်ကထုတ်ရင်ရော အဲ့ဒါက တူညီတဲ့ ကီအနှစ်သာရဖြစ်နိုင်မလား။

“ထာဝရရှင်သန်မှု” ချူချူယန် နှင့် ရှောင်းရွှယ်ယင် တို့နှစ်ယောက်လုံး တအံ့တသြနှင့် အသံကျယ်ကျယ်ဖြင့် ရေရွတ်လိုက်မိကြသည်။

ဤလောက၌ သာမာန်လူသားများ၏ ဘဝသက်တမ်းထက် ပိုရှည်ကြာအောင် နေထိုင်သွားသည့်သူ ကျင့်ကြံသူ အများအပြားရှိကြပါသည်။ သို့သော် ယနေ့အချိန်ထိ ဘယ်တစ်ယောက်မှ သေခြင်းတရားကနေ မလွတ်မြောက်နိုင်ကြပါ။ မိန်လိကိုတောင် မူမမှန်သည့် အရာအချို့ရှိနေသော်ငြားလည်း ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကြောင့်သာ ဒီလောက်ရှာကြာအောင် အသက်ရှင်နေနိုင်ခြင်းဖြစ်သည်ဟု သူတို့ ထင်ကြသည်။

သို့သော် ဖုတ်ကောင်တို့သည် ပို၍ ရှည်ကြာသော ဘဝသက်တမ်းကို ရရှိနိုင်ရန် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ဖြင့် အလဲအလှယ်လုပ်ကြရသည်။ ထို့ကြောင့် မိန်လိ လိုမျိုး အလှတရားကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့် မသေလူအကြောင်းကို မကြားဖူးကြပါ။

“ထာဝရရှင်သန်မှု အပိုင်းကတော့ အမှားပဲဖြစ်လိမ့်မယ်” မိန်လိက ခေါင်းခါရင်း ပြောလိုက်သည်။ “လူသားမျိုးနွယ်စုရဲ့ သမိုင်းမှတ်တမ်းမှာ အကြည်ရောင်အရည်အသွေးပိုင်ရှင် ကျင့်ကြံသူတစ်ယောက်က ထာဝရရှင်သန်မှုကို တကယ်ရသွားတယ်ဆိုတာမျိုး ငါ အရင်က မကြားခဲ့ဖူးဘူး။ ယင်ကျန်းကလည်း ထာဝရရှင်သန်မှုနောက် လိုက်ခဲ့ဖူးတာပဲ။ အကြည်ရောင်အရည်အသွေးပိုင်ရှင် ကျင့်ကြံသူတွေကို ဖမ်းပြီး သူတို့သွေး သောက်သုံးပစ်တဲ့ဟာတွေအပါအဝင် နည်းလမ်းမျိုးစုံ လုပ်ခဲ့တာပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့ရည်မှန်းချက်ကို မရနိုင်ခဲ့ပါဘူး”

ချူချူယန် နှင့် ရှောင်းရွှယ်ယင် တို့ စိတ်ရှုပ်သွားကြသည်။ ယင်ကျန်း ဆိုသည့် နာမည်ကို သူမတို့ မကြားဖူးကြသည်မှာ သိသာနေသည်။

တဖက်၌ ဇူအန်သည် တုန်လှုပ်ချောက်ချားသွားသည်။ ဧကရာဇ် ချင်ရှီ ဆိုတဲ့အတိုင်းပဲ။ သူ့မှာ အကြည်ရောင်အရည်အသွေးပိုင်ရှင် ကျင့်ကြံသူတွေကို ရှာပြီး သူတို့သွေးတွေကို စုပ်ယူသောက်သုံးပစ်နိုင်တဲ့ အစွမ်းအစ တကယ်ရှိနေတာပဲ။

တဖက်၌ အကြည်ရောင်အရည်အသွေးကို ပိုင်ဆိုင်ခဲ့သော ဧကရာဇ်ချင်ရှီ၏ လက်အောက်ငယ်သားများအတွက် သူ စာနာမိသည်။ သို့သော် တစ်ချိန်တည်း၌ ထိုအချိန်တုန်းက မိန်လိရော ဘယ်လိုအခြေအနေမျိုး ရောက်နေခဲ့လဲဆိုသည်ကို သူ သိချင်မိသွားသည်။ ဧကရာဇ်ချင်ရှီတောင် ထာဝရရှင်သန်မှုကို မရနိုင်ခဲ့တာ မိန်လိက ပိတ်လှောင်ခံနေရပါလျက် ဒီလောက်နှစ်အများကြီးကို သူမ ဘယ်လိုဖြတ်သန်းရှင်သန်လာခဲ့လဲဆိုသည်မှာ သူ့အတွက် စဉ်းစားရခက်နေသည်။

“အကြီးအကဲ…ချူမိန်းကလေးရဲ့ ကီသွေးကြောတွေကို ပြန်ပြင်ဖို့ ဘာလုပ်ရမလဲဆိုတာ မပြောပြသေးဘူးနော်” ရှောင်းရွှယ်ယင်သည် အမြဲတမ်း စိတ်တိုလွယ်သည့်သူ ဖြစ်သည်။ ထို့ကြောင့် မိန်လိက အချိန်အတော်ကြာအောင် စကားပြောနေသော်လည်း အဓိကကိစ္စအား မည်သို့ဖြေရှင်းရမလဲဆိုသည်ကို မပြောသေးကြောင်း သတိပြုမိသည့်အခါ မေးလိုက်သည်။

“ခုနက ငါ အရိပ်အမြွက်အများကြီး ပေးခဲ့ပြီးပြီမဟုတ်ဘူးလား” မိန်လိ နှာရှုံ့ပြီး “သူ့သွေးကီကို  ဖောက်ပြီး သူ့ကမ္ဘာဦးကီနဲ့ သူမခန္ဓာကိုယ်ထဲ ပို့ပေးဖို့ပဲ လိုတာလေ။ အဲ့ဒါက သူမရဲ့ ကီသွေးကြောတွေကို ပြင်ပေးဖို့ လုံလောက်လိမ့်မယ်”

“သွေးကီ” ချူချူယန် စိတ်ရှုပ်သွားသည်။ “ကျွန်မက သူ့သွေးကို သောက်ဖို့ လိုအပ်တာလား”

မိန်လိ မျက်မှောင်ကြုတ်လိုက်ပြီး “မင်းတို့နှစ်ယောက်က လင်မယားတွေမဟုတ်ကြဘူးလား။ ဘာလို့ ဘာဆိုဘာမှ မသိကြတာလဲ”

ရုတ်တရက် ချူချူယန် တစ်စုံတစ်ခုကို တွေးမိသွားသည်။ ရှောင်းရွှယ်ယင် စိတ်ထဲ၌လည်း ထပ်တူညီပုံရိပ်များသာ ပေါ်လိုက်သည်။ နှစ်ယောက်သား ရှက်သွေးဖြာနီရဲသော မျက်နှာများနှင့် အချင်းချင်းတီးတိုးပြောလိုက်ကြသည်။

“ဒါ…ဒါပေမယ့်…အဲ့ဒါကို ဘယ်လိုသောက်နိုင်….” အရင်တုန်းက ချူချူယန် ဤမျှလောက်ထိ မရှက်ခဲ့ဖူးပါ။ ထိုစကားများကို ပြောထွက်နိုင်ဖို့ သူမ ခန္ဓာကိုယ်ထဲရှိ နောက်ဆုံးလက်ကျန်သတ္တိကို ထုတ်ညှစ်သုံးခဲ့ရသည်။

“သောက်မယ်” မိန်လိသည် ခဏတာကြောင်သွားပြီးမှ ချူချူယန် ဘာတွေးမိသွားလဲဆိုသည်ကို သဘောပေါက်သွားသည်။ သူမနှုတ်ခမ်းထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး “အဲ့လိုပြောရင်လည်း မမှားဘူး။ ဒါပေမယ့် အဲ့ဒါကို အဲ့ပါးစပ်ကနေ သောက်ရမှာ မဟုတ်ဘူး”

“…….” ဇူအန်

အစ်မတော် ဘုရင်မကြီး ခင်ဗျားသာ ၂၁ ရာစုခေတ်မှာ နေရင် ရုပ်ပြောင်ဆရာမ သေချာပေါက် ဖြစ်သွားမှာပဲ။

ရှောင်းရွှယ်ယင် နှင့် ချူချူယန် တို့သည် မိန်းမပျိုလေးများ ဖြစ်ကြသည်။ သို့သော် မိန်လိ ပြောနေသည့် အကြောင်းအရာကို မသိနားမလည်လောက်အောင် မတုံးအကြပါ။ အထူးသဖြင့် တဖက်လူက ဘွင်းဘွင်းရှင်းရှင်း ပြောထားသောကြောင့်ဖြစ်သည်။ သူတို့မျက်နှာများသည် အလွန်နီရဲသွားပြီး ကိုက်စားဖို့ အသင့်ဖြစ်နေသော ပန်းသီးမှည့်ပမာ ဖြစ်နေကြသည်။

မိန်လိကလည်း ကွေ့ဝိုက်သွယ်ဝိုက်ပြောဖို့ မကြိုးစားပါ။ “အကြည်ရောင် အရည်အသွေးပိုင်ရှင် ကျင့်ကြံသူရဲ့ သွေးမှာ ကြီးမားတဲ့ အသက်အင်အားနဲ့ ထူးခြားဆန်းကြယ်တဲ့ စွမ်းအားပါပြီး ကမ္ဘာဦးကီက ဒီတလောကလုံးမှာ အဖြူစင်ဆုံးပစ္စည်းပဲ။ မင်းရဲ့ ကီသွေးကြောကို ပြင်ဆင်ဖို့ အဲ့နှစ်ခုစလုံးကို လိုအပ်တယ်။ ငါ မင်းကို နည်းလမ်းတစ်ခု လက်ဆင့်ကမ်းသင်ကြားပေးမယ်။ နောက်ကျ ယင် နဲ့ ယန် တို့ ရောစပ်သွားကြတဲ့အချိန် မင်းအထဲ ဝင်လာတဲ့ သွေးကီကို ဆွဲယူနိုင်ဖို့ပေါ့။ အဲ့လောက်အဖိုးတန်တဲ့ စွမ်းအားကို မင်း ဖြုန်းတီးမိမှာစိုးလို့ပါ”

“ကျ…ကျွန်မ ဘယ်..ဘယ်လိုလုပ်အဲ့လိုလုပ်နိုင်မှာလဲ” ချူချူယန် မျက်နှာသည် လုံးဝနီရဲသွားသည်။ အလွန်စိတ်လှုပ်ရှားနေသဖြင့် သူမ၏ တဒုတ်ဒုန် အခုန်မြန်သော နှလုံးခုန်သံကိုပင် ပြန်ကြားနိုင်ခဲ့သည်။ ကုသဖို့နည်းလမ်းက ဒီလိုမျိုးဖြစ်လိမ့်မယ်ဟု သူမ မတွေးဖူးခဲ့ပါ။

သူမသည် ဇူအန်နှင့် လင်မယား ဖြစ်နေကြသော်လည်း ၎င်းသည် အမည်ခံရုံသက်သက်သာဖြစ်သည်။ ၎င်းသည် အခြားအိမ်တော် အဖွဲ့အစည်းများ၏ ပါးစပ်ကို ပိတ်ပစ်ဖို့အတွက်သာဖြစ်သည်။

ဇူအန်က သူမကို ကယ်ရန် သူ့အသက်ကို စွန့်စားခဲ့သည့်အဖြစ်ကြောင့် သူမ အလွန်ခံစားရပါသည်။ အခုချိန် သူ့အပေါ် သူမ စိတ်ကောင်းစေတနာရှိနေသည်မှာ ပြောစရာပင်မလိုတော့ပါ။ သို့သော်ငြားလည်း ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံရတာ သူမ၏ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူမ ကြောက်လန့်စိုးရိမ်နေမည်မှာ မလွဲမသွေပင်။

ထိုစဉ် ရှောင်းရွှယ်ယင်သည် သူမနှုတ်ခမ်းများကို ခပ်တင်းတင်းစေ့ထားပြီး သူမမျက်လုံးများသည် မှိုင်းထိုင်းနေသည်။ ကိစ္စက ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်ဟု သူ မမျှော်လင့်ထားခဲ့ဖူးပါ။ ၎င်းက သူမကို အနည်းငယ်တွေဝေကြောင်အသွားစေသည်။

“အဲ့ဒါက ဘာမှားနေလို့လဲ” မိန်လိ ဇဝေဇဝါဖြင့် မေးလိုက်သည်။ “မင်းတို့နှစ်ယောက်က လင်မယားတွေ…ဟင်…မင်းက အပျိုစင်ပဲ ရှိသေးတယ်ပေါ့”

နောက်ဆုံး၌ ပြဿနာအရင်းအမြစ်ကို သူမ နားလည်သွားသည်။ ဇူအန်ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။ “မင်း မလုပ်နိုင်ဘူးပေါ့”

ယောကျာ်းလေးတစ်ယောက်က မျက်နှာရှေ့တည့်တည့်မှာ ‘မစွမ်းနိုင်ဘူး’ ဆိုပြီး ဘယ်လိုလုပ်အပြောခံနိုင်မလဲ။ ဇူအန် ချက်ချင်း ပက်ခနဲ ပြန်ပြောလိုက်သည်။ “ဘယ်သူက အဲ့လိုပြောလို့လဲ”

သူ့အသံသည် အနည်းငယ် တုန်ယင်နေသည်။ မကြာသေးခင်အချိန်ထိ သူ တကယ် မစွမ်းနိုင်ခဲ့သောကြောင့်ဖြစ်၏။

မည်သို့ဆိုစေ သူ့စကားများက မိန်လိကို မကြာသေးခင်က ခေါင်းတလားထဲ၌ သူမ မြင်ခဲ့ရသည့် သူ့ဘောင်းဘီထဲက မျှော်စင်ကြီးကို ပြန်သတိရသွားစေပြီး သူမ မျက်နှာသည် ကိုးယိုးကားယားဖြစ်သွားသည်။ ငါ သူ့ကို အထင်မှားခဲ့တယ်ထင်တာပဲ။  “မင်း စွမ်းနိုင်တယ်ဆိုမှတော့ ဘာလို့ မင်းရဲ့ ဇနီးချောလေးကို ကိုယ့်အားကိုယ်ကိုးနေရအောင် လုပ်နေတာလဲ”

“……” ဇူအန်

အစ်မတော် ကျုပ်ကို ယုံပါ။ ကျုပ်လည်း လုပ်ချင်ခဲ့ပါတယ်။ ဒီတိုင်း ကျုပ်….မလုပ်နိုင်ခဲ့လို့ပါ။

“မေ့လိုက်တော့။ မင်း ဘာမှထပ်ပြောဖို့ မလိုတော့ဘူး။ ဒီမှာ အဓိပ္ပါယ်မရှိတဲ့ ဇာတ်လမ်းမျိုးဖြစ်နေတယ်ဆိုတာ ငါ အတပ်ပြောရဲတယ်” ရုတ်တရက် မိန်လိအသံသည် အနည်းငယ် စိတ်ဆိုးနေသည့်ဟန် ပေါ်သည်။ သူမ ချူချူယန်ဘက်သို့ လှည့်ကြည့်ပြီး ပြောလိုက်သည်။ “ငါ မြင်ရသလောက်တော့ မင်းတို့နှစ်ယောက်လုံး တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်ရှိနေကြတာပဲ။ မင်း ငြင်းဆန်ရတဲ့ အကြောင်းပြချက်ကို ငါ နားမလည်ဘူး။ ဒါပေမယ့် မင်းရဲ့ ကျန်ဘဝသက်တမ်းတစ်ခုလုံးကို ကိုယ့်ရဲ့လက်ကိုတောင် ပုခုံးထက်ထိ မမြောက်နိုင်တော့တဲ့ သာမာန်လူသားတစ်ယောက်အဖြစ် နေချင်တာ မင်း သေချာရဲ့လား”

ရှောင်းရွှယ်ယင် ခဏတုံ့ဆိုင်နေပြီးမှ သခင်မလေးကို အကြံပြုလိုက်သည်။ “အစ်မချူ အခုလက်ရှိ ချူ အိမ်တော် ကြုံနေတဲ့ ဆိုးရွားတဲ့ အကျဉ်းအကျပ်ကို နင်သိမှာပါ။ နင် ဒုက္ခိတဖြစ်သွားရင် ချူ အိမ်တော်ကို နောက်ထပ်ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ နင့်အသက်ကို ကယ်ဖို့ ဇူအန်က သူ့အသက်ကို အကြိမ်အများကြီးဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်။ သူ့စတေးမှု နဲ့ ကြိုးစားမှုတွေအားလုံးကို အလကားဖြစ်သွားစေချင်လို့လား”
“နင့်လို မျိုးရိုးအဆင့်အတန်းမြင့်သူတွေက အနာဂတ် လက်တွဲဖော်အတွက် မျှော်လင့်ချက်မြင့်မားကြတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ဖြစ်ပြီးတာက ဖြစ်ပြီးတာပါပဲ။ ဘာပဲဆိုဆို ဇူအန်က နင့်ခင်ပွန်းပဲလေ။ ဒီလိုနေ့မျိုးက မလွဲမသွေ ရောက်လာမှာပဲ။ နင့်ရဲ့ အနာဂတ်က ဒီကိစ္စပေါ် မူတည်နေတာတောင် သူ့ကို အရမ်းရွံမုန်းလွန်းလို့ ငြင်းတာလား”

“မဟုတ်ဘူး..အဲ့လိုမဟုတ်….အဲ့လိုမဟုတ်ဘူး…..” ချူချူယန် မျက်တောင်များ တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။ သူမနှလုံးသားထဲက အတွင်းပိုင်းလွန်ဆွဲမှုများ ပေါက်ကြားသွားသည်။

မိန်လိ ဇူအန်ကို လှမ်းကြည့်ပြီး အသံကူးပြောင်းမှုဖြင့် သူ့ကို နိုးဆော်လိုက်သည်။ “မင်း ယောကျာ်း ဟုတ်လား မဟုတ်ဘူးလား။ အဲ့မှာ အူကြောင်ကြောင်နဲ့ ဘာရပ်လုပ်နေတာလဲ။ မိန်းကလေးဘက်က စလှုပ်ရှားလာဖို့ထိ မျှော်လင့်ထားတာလား”

ဇူအန် ကြောင်တောင်တောင်ဖြစ်နေရာမှ အသိပြန်ဝင်လာသည်။ သူ့စိတ်ကို စုစည်းလိုက်ပြီးနောက် ချူချူယန် ဘေးသို့ လျှောက်သွားလိုက်သည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ကောက်ပွေ့ပြီး သူမနားသို့ ညင်သာစွာ တီးတိုးပြောလိုက်သည်။ “ငါက မင်းအတွက် အဆင်မပြေလို့လား”

ချူချူယန်သည် ရုတ်တရက် ထုတ်ပြလာသော နူးညံ့ညင်သာမှုကြောင့် ထိတ်လန့်သွားသည်။ ၎င်းက သူမကို ပိုပြီး ဗျာများသွားစေ၏။ “မဟုတ် အဲ့လိုမဟုတ်ပါဘူး။ ဒီတိုင်း…..”

“ဒီတစ်ခါပဲ ငါ့စကားကို နားထောင်ပေးပါ။ ငါတို့နှစ်ယောက်လုံးအတွက်ပေါ့….” ဇူအန် သူမမျက်လုံးထဲ စိုက်ကြည့်ရင်း ပြောလိုက်သည်။

ချူချူယန်သည် ဇူအန်မျက်နှာထက်က  စိတ်အားထက်သန်မှုမျိုးကို အရင်တုန်းက မမြင်ခဲ့ဖူးပါ။ ၎င်းက သူမမျက်နှာကို နီရဲသွားစေခဲ့သည်။ အချိန်အတော်ကြာထိ တုံ့ဆိုင်းနေပြီးမှ မသိမသာလေး ခေါင်းညိတ်လိ်ုသည်။

ရှောင်းရွှယ်ယင်သည် သက်မချလိုက်ပြီးနောက် ထွက်သွားလိုက်သည်။

မိန်လိသည် ချူချူယန်ထံ ကီဖြင့်အသံပို့ကာ နည်းလမ်းတစ်ခု လက်ဆင့်ကမ်းပေးလိုက်သည်။ ပြီးနောက် ထပ်မှာလိုက်သည်။ “အခုလောက်ဆို မင်း နည်းလမ်းကို မှတ်မိနေလောက်ပြီ။ နောက်ကျ အဲ့ဒါကို သေချာအသုံးပြုပါ”

ထွက်မသွားခင်၌ တာရာကိုတာစစ်သားအချို့သည် တစ်ခုသောနေရာသို့ ချောင်းကြည့်နေကြသည်ကို သူမ သတိပြုမိသွားသည်။ ထို့ကြောင့် နှာရှုံ့ပြီး ပြောလိုက်သည်။ “မင်းတို့တွေက ပွဲ ကြည့်ချင်နေကြတာလား”

တာရာကိုတာစစ်သားများသည် ချက်ချင်း ခေါင်းလှည့်လိုက်ကြပြီး မတ်မတ်ရပ်လိုက်ကြသည်။ ကျောက်ရုပ်ကြွင်းများအဖြစ်သို့ ပြန်ရောက်သွားကြသည့်ပမာပင်။

မိန်လိ နှာရှုတ်လိုက်သည်။ သူမ အင်္ကျီစကို လွှဲရမ်းပြီး ယဇ်ပူဇော်ပလ္လင်တဝိုက်၌ ကီဖြင့် ကာထားပေးလိုက်သည်။

ယင်းအကာရံထဲ၌ ဇူအန်သည် ချူချူယန်ကို ကျောက်စားပွဲထိပ်ပေါ် ချပေးလိုက်ပြီး သူမ၏ ခါးပတ်ကို ညင်ညင်သာသာဖြင့် ချွတ်ပေးလိုက်သည်။ သူမ၏ ၀င်းမွတ်ဖြူစင်သော အသားအရေများ ပေါ်လွင်လာခဲ့သည်။

အေးစိမ့်စိမ့်အထိအတွေ့က ချူချူယန်၏ အသားအရေကို  တုန်ခါသွားစေသည်။ မနေနိုင်ဘဲ ထိုအချိန်တွင် သူမ တုံ့ဆိုင်းသွားမိသည်။ “ခ…ခဏနေအုံး…ငါ…ငါ မသိ……”

ဇူအန် ညင်သာစွာ သက်ပြင်းချပြီး မေးလိုက်သည်။ “မင်း ငါ့ကို မုန်းလို့လား”

“မ.မဟုတ်…အဲ့လိုမဟုတ်ပါဘူး….” ချူချူယန်သည် ဇူအန် မျက်လုံးကိုပင် ပြန်မကြည့်နိုင်ပါ။ သူမ ခေါင်းကို တဖက်သို့ လှည့်လိုက်သည်။ သူမ ကိုယ်ခန္ဓာတစ်ခုလုံး နီရဲသွားခဲ့၏။ “အဲ့ဒါက…ဒီ…ဒီအတိုင်း…..”

ချူချူယန်သည် အလွန်ပျာယာခတ်နေသဖြင့် အချိန်အတော်ကြာသည်အထိ အဓိပ္ပါယ်ရှိသော စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပါ။

ဇူအန် သူမ အနီးသို့ တိုးလိုက်ပြီး သူ့နှုတ်ခမ်းဖြင့် သူမ၏ ရွှမ်းရွှမ်းစိုသော နှုတ်ခမ်းကို ညင်သာစွာ ပိတ်ပစ်လိုက်သည်။ ၎င်းက ချူချူယန်၏ မျက်လုံးများကို ကြီးကြီးမားမား ပျြူးကျယ်သွားစေသည်။ ထိုတခဏ၌ သူမ စိတ် ဗလာဖြစ်သွား၏။

--- --- --- ----------------------------------------- ----- - - - - - -

Chapter 191: ေ႐ြးခ်ယ္မႈ

က်ဳပ္ ဘယ္လိုလုပ္ရမလဲ။ ခင္ဗ်ား စကားေတြကို တစ္ခါတည္းဆုံးေအာင္ ေျပာလို႔မရဘူးလား မိန္လိ၏ တစ္ဝက္တစ္ပ်က္ စကားေျပာပုံေၾကာင့္ ဇူအန္ ေဒါသထြက္သြားသည္။ သူမပုံစံသည္ သူ႕ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနသည့္ပမာပင္။

ခ်ဴခ်ဴယန္လည္း ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ မိန္လိကို ၾကည့္လိုက္သည္။ ေျပာစရာမလိုေအာင္ သူမ၏ လႈပ္ရွားသြားလာနိုင္စြမ္း တစ္ခုတည္း ျပန္ေကာင္းလာမွာထက္ သူမ၏ က်င့္ႀကံျခင္းအျပည့္အစုံကို ျပန္ေကာင္းလာေစခ်င္သည္။

မ်က္လုံး တဖိတ္ဖိတ္ႏွင့္ မိန္လိက ေမးလိုက္သည္။ ဒ႑ာရီလာအၾကည္ေရာင္အဆင့္ဆိုတာ မင္းတို႔ ၾကားဖူးလား

ဒ႑ာရီလာ အၾကည္ေရာင္အဆင့္ ခ်ဴခ်ဴယန္ ႏွင့္ ေရွာင္း႐ႊယ္ယင္ တို႔ အၾကည့္ခ်င္းဖလွယ္ၾကသည္။ တစ္ေယာက္မ်က္လုံး၌ မယုံသကၤာျဖစ္မႈမ်ားကို တစ္ေယာက္က ျမင္နိုင္ၾကသည္။

ေရွာင္း႐ႊယ္ယင္ တခဏေလာက္ တုံ႕ဆိုင္းစဥ္းစားေနၿပီးမွ ေျပာလိုက္သည္။ ကြၽန္မသိထားပုံအရဆို အၾကည္ေရာင္အဆင့္က ဒ႑ာရီဝင္ပုံျပင္သက္သက္ပဲ။ တကယ္ေတာ့ အဲ့ဒါရဲ႕တည္ရွိမႈကို လူအမ်ားႀကီးက သံသယဝင္ၾကတယ္။ ဘာလို႔ဆို ဒီကမၻာေပၚက အေတာ္ဆုံးက်င့္ႀကံသူေတြေတာင္ အျမင့္စား က်ာ(A+) အဆင့္ပဲ ရွိၾကတာေလ။ အဲ့လိုလူေတြေတာင္ ဆယ္ေယာက္ေလာက္ပဲ ရွိၾကတာ။ အဲ့လိုအေျခအေနနဲ႕ သာလြန္ထူးကဲတဲ့ အရည္အေသြးပိုင္ရွင္က ဘယ္လိုလုပ္တကယ္ရွိနိုင္မလဲ

ခ်ဴခ်ဴယန္ ႏွင့္ ေရွာင္း႐ႊယ္ယင္ တို႔ႏွစ္ေယာက္လုံးသည္ ကိုယ္စီ အလြန္ပါရမီရွိသူမ်ား ျဖစ္ၾကသည္။ သို႔ေသာ္ သူတို႔ႏွစ္ေယာက္လုံး အနိမ့္စားက်ာအဆင့္(A-) သာ ရွိၾကသည္။ ပို၍ ျမင့္ေသာ အဆင့္တစ္ခုစီတိုင္း၌ ႀကီးမားေသာ ကြာဟမႈတစ္ခုစီ ရွိၾကသည္။ ဥပမာအေနျဖင့္ အျမင့္စားက်ာ စြမ္းရည္ က်င့္ႀကံသူမ်ားသည္ သူတို႔လက္လွမ္းမမွီနိုင္သူမ်ားျဖစ္ၾကသည္။ အၾကည္ေရာင္အဆင့္ ရွိသူမ်ားကိုဆို ေျပာေနစရာပင္ မလိုေတာ့ေခ်။

အဲ့ဒါ တကယ္ရွိမရွိကို မင္းတို႔ သံသယဝင္ေနစရာ မလိုဘူး မိန္လိက ေျပာလိုက္သည္။ သူမ ဇူအန္ကို လက္ညိုးထိုးၿပီး ဆက္ေျပာလိုက္သည္။ ဘာလို႔ဆို သူက အဲ့လိုလူေတြထဲက တစ္ေယာက္ျဖစ္လို႔ပဲ

ခ်ဴခ်ဴယန္

ေရွာင္း႐ႊယ္ယင္

ႏွစ္ေယာက္လုံး ဇူအန္ကို တၿပိဳင္နက္ လွည့္ၾကည့္လိုက္ၾကသည္။

သူက ဒ႑ာရီလာ အၾကည္ေရာင္အဆင့္ ပိုင္ဆိုင္ထားတာလား။ အဲ့ဒါက ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ။

မိန္းကေလးႏွစ္ေယာက္သည္ သူႏွင့္ အလြန္အမင္း ရင္းႏွီးၾကသည္။ ထို႔ေၾကာင့္ လျပည့္ၿမိဳ႕ေတာ္၌ သူသည္ လူေလလူလြင့္အျဖစ္ မည္မွ်ေတာင္ နာမည္ႀကီးလဲဆိုသည္ကို သူတို႔ သိၾကသည္။ အဲ့တုန္းက ဇူအန္ကို သူမခင္ပြန္းအျဖစ္ မယူခင္တုန္းက ခ်ဴခ်ဴယန္သည္ သူ႕အရည္အေသြးကို တိတ္တိတ္ေလး စစ္ေဆးခဲ့ေသးသည္။ ထိုတုန္းက သူသည္ အနိမ့္စား ဒင္အဆင့္သာ ရွိခဲ့သည္။

တကယ္လို႔ ဒီတစ္ေလွ်ာက္လုံး သူ႕သိုင္းပညာအစစ္နဲ႕ က်င့္ႀကံျခင္းေတြကို ဖုံးကြယ္ထားခဲ့တယ္ဆိုရင္ေတာင္ သူ႕အရည္အေသြးကိုေတာ့ ဖုံးဝွက္ထားနိုင္မွာ မဟုတ္ဘူးမလား။

သူက ဒ႑ာရီလာ အၾကည္ေရာင္အဆင့္ အရည္အေသြးပိုင္ရွင္ က်င့္ႀကံသူလား။ အႀကီးအကဲ ရွင္ အထင္မွားေနတာမ်ားျဖစ္မလား ခ်ဴခ်ဴယန္ ေမးလိုက္သည္။

ဤတစ္ေခါက္တြင္ ဇူအန္က သူ႕အစြမ္းအစမ်ားႏွင့္ သူမကို အထင္ႀကီးေစခဲ့သည္မွာ အမွန္ပင္။ သို႔ေသာ္ သူ႕ကို ဒ႑ာရီဝင္ အၾကည္ေရာင္ အရည္အေသြးပိုင္ရွင္အျဖစ္ေတာ့ သူမ လက္မခံနိုင္ေသးပါ။ သူမ၏ အနိမ့္စားက်ာအဆင့္ အရည္အေသြးႏွင့္ပင္ အဆင့္ ၆ သို႔ ေရာက္နိုင္ခဲ့သည္။ အဲ့ဒါဆို သူက အခုခ်ိန္မွာ ဘာလို႔ အဆင့္ ၃ ပဲ ေရာက္ေနအုံးမွာလဲ။

သူ႕ရဲ႕ ဒီေလာက္ေတာင္အားနည္းပုံေၾကာင့္ ငါလည္း စိတ္ရႈပ္ေထြးသြားပါေသးတယ္။ ဒါေပမယ့္ ဒီကိစၥမွာ ငါ အထင္မွားတာ လုံးဝမျဖစ္နိုင္ဘူး။ ေစာနတုန္းက ငါ သူ႕ေသြးနဲ႕ ထိေတြ႕မိသြားခဲ့တယ္။ သူက အၾကည္ေရာင္အရည္အေသြးကို ပိုင္ဆိုင္ထားတာ အေသအခ်ာပဲ မိန္လိက ျပန္ေျပာလိုက္သည္။

မိန္းကေလးသုံးေယာက္၏ အၾကည့္မ်ား သူ႕ေပၚသို႔ စိုက္ေရာက္လာသည္ကို ခံစားမိသည့္အခါ ဇူအန္ ရွက္ကိုးရွက္ကန္းျဖင့္ ေခါင္းကုတ္ၿပီး ေျပာလိုက္သည္။ ငါက ငါ့အရည္အေသြးကို ဖုံးကြယ္ၿပီး မင္းတို႔လိုမ်ိဳး သာမာန္လူထုၾကားမွာ ေရာႏွောေနဖို႔ ရည္႐ြယ္ထားခဲ့တာ။ ဒါေပမယ့္ ၾကည့္ရတာေတာ့ ငါ ေဖာ္ထုတ္ခံလိုက္ရၿပီထင္တယ္။ ဟုတ္ပါတယ္ ငါက ဒ႑ာရီလာ အၾကည္ေရာင္အရည္အေသြးကို ပိုင္ဆိုင္ထားတဲ့ သူပဲ။ ဒီကိစၥေၾကာင့္နဲ႕ အနာဂတ္မွာ ငါ့ကို ခြဲျခားခြဲျခား မဆက္ဆံၾကဖို႔ ေမွ်ာ္လင့္ပါတယ္

ခ်ဴခ်ဴယန္

.. ေရွာင္း႐ႊယ္ယင္

သူ႕ဝန္ခံမႈေၾကာင့္ သူတို႔ႏွစ္ေယာက္လုံး လုံးဝေၾကာင္အသြားၾကသည္။ ဒီေလာကႀကီးက ဘာျဖစ္ေနတာလဲ။ သူလိုလူမ်ိဳးက အၾကည္ေရာင္ အရည္အေသြးကို တကယ္ႀကီး ပိုင္ဆိုင္ထားတာလား။

မိန္လိ ႏွင့္ ဇူအန္ တို႔ႏွစ္ေယာက္လုံးက အတည္ျပဳဝန္ခံလိုက္ၾကေသာ္လည္း ဇူအန္နားပတ္ပတ္လည္ရွိ နေမာ္နမဲ့နိုင္ေသာ ေအာ္ရာက သူသည္ သူမတို႔ကို စေနာက္ေနျခင္းသာျဖစ္သည္ဟု ေတြးထင္သြားေအာင္ လုပ္ေနဆဲျဖစ္သည္။

အၾကည္ေရာင္အရည္အေသြးပိုင္ရွင္ က်င့္ႀကံသူေတြက အလွ်င္အျမန္ ႀကီးထြားၾကတယ္ဆိုတာ လူတိုင္း သိၾကပါတယ္။ ဒါေပမယ့္ အဲ့ဒါတစ္ခုတည္းနဲ႕ သာလြန္ထူးကဲတယ္လို႔ သတ္မွတ္ဖို႔ မလုံေလာက္ဘူး။ သူတို႔ကို သာလြန္ထူးကဲတယ္လို႔ သတ္မွတ္ရတဲ့ အဓိကေသာ့ခ်က္က ဘာလို႔လဲဆိုေတာ့ သူတို႔ ေသြးကီေတြက က်င့္ႀကံသူအားလုံးအတြက္ အျမင့္ဆုံးအာဟာရဓာတ္ျဖစ္ေနလို႔ပဲ။ အၾကည္ေရာင္အရည္အေသြးပိုင္ရွင္ က်င့္ႀကံသူရဲ႕ ေသြးကီကို ေသာက္သုံးခြင့္ရတဲ့သူေတြက သူတို႔က်င့္ႀကံျခင္းကို ႀကီးႀကီးမားမားနဲ႕ ျမန္ျမန္ဆန္ဆန္ ျမႇင့္တင္နိုင္ၿပီး သူတို႔ဒဏ္ရာအားလုံးကိုလည္း ကုသေပးနိုင္တယ္။ လူတစ္ေယာက္က အၾကည္ေရာင္ အရည္အေသြးပိုင္ရွင္ က်င့္ႀကံသူပိုင္ဆိုင္ထားတဲ့ ေသြးကီ အားလုံးကို ေသာက္သုံးနိုင္ရင္ အဲ့လူက ထာဝရရွင္သန္မႈကို ရနိုင္တယ္လို႔ေတာင္ ေကာလဟလေတြ ထြက္ထားတယ္ မိန္လိက ေျပာလိုက္သည္။

အစ္မေတာ္ ဘုရင္မႀကီး ခင္ဗ်ား ႏႈတ္ခမ္းသပ္ေနတာကို ရပ္လို႔ရမလား။ အဲ့လိုလုပ္တာက က်ဳပ္ကို နည္းနည္းေက်ာခ်မ္းေစသလိုပဲ ဇူအန္ ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ျဖင့္ တံေတြးမ်ိဳခ်လိဳက္သည္။ က်န္းေလာ့ဖူက သူသည္ အၾကည္ေရာင္အရည္အေသြးပိုင္ရွင္ က်င့္ႀကံသူျဖစ္ေၾကာင္း နားလည္သိရွိသြားတာႏွင့္ အဘယ္ေၾကာင့္ သူ႕ကို ထူးဆန္းသည့္ အၾကည့္မ်ိဳးျဖင့္ စိုက္ၾကည့္ေနခဲ့လဲဆိုသည္ကို ေနာက္ဆုံးေတာ့ သူ နားလည္သြားၿပီျဖစ္သည္။

အိုက္ယိုး..အစကတည္းက ေျပာလိုက္သင့္တာကို။ တကယ္လို႔ က်က္သေရရွိလြန္းတဲ့ ေက်ာင္းအုပ္ႀကီးက ငါ့ကီအႏွစ္သာရကို လိုအပ္ရင္ ငါက လိုလိုလားလား ေပးလိုက္မွာပဲကို..အာ ေနအုံး ေအာက္ကထုတ္ရင္ေရာ အဲ့ဒါက တူညီတဲ့ ကီအႏွစ္သာရျဖစ္နိုင္မလား။

ထာဝရရွင္သန္မႈ ခ်ဴခ်ဴယန္ ႏွင့္ ေရွာင္း႐ႊယ္ယင္ တို႔ႏွစ္ေယာက္လုံး တအံ့တၾသႏွင့္ အသံက်ယ္က်ယ္ျဖင့္ ေရ႐ြတ္လိုက္မိၾကသည္။

ဤေလာက၌ သာမာန္လူသားမ်ား၏ ဘဝသက္တမ္းထက္ ပိုရွည္ၾကာေအာင္ ေနထိုင္သြားသည့္သူ က်င့္ႀကံသူ အမ်ားအျပားရွိၾကပါသည္။ သို႔ေသာ္ ယေန႕အခ်ိန္ထိ ဘယ္တစ္ေယာက္မွ ေသျခင္းတရားကေန မလြတ္ေျမာက္နိုင္ၾကပါ။ မိန္လိကိုေတာင္ မူမမွန္သည့္ အရာအခ်ိဳ႕ရွိေနေသာ္ျငားလည္း ဖုတ္ေကာင္အျဖစ္သို႔ ေျပာင္းလဲသြားေၾကာင့္သာ ဒီေလာက္ရွာၾကာေအာင္ အသက္ရွင္ေနနိုင္ျခင္းျဖစ္သည္ဟု သူတို႔ ထင္ၾကသည္။

သို႔ေသာ္ ဖုတ္ေကာင္တို႔သည္ ပို၍ ရွည္ၾကာေသာ ဘဝသက္တမ္းကို ရရွိနိုင္ရန္ သူတို႔၏ ခႏၶာကိုယ္ႏွင့္ ဝိညာဥ္တို႔ျဖင့္ အလဲအလွယ္လုပ္ၾကရသည္။ ထို႔ေၾကာင့္ မိန္လိ လိုမ်ိဳး အလွတရားကို ဆက္လက္ထိန္းသိမ္းထားနိုင္သည့္ မေသလူအေၾကာင္းကို မၾကားဖူးၾကပါ။

ထာဝရရွင္သန္မႈ အပိုင္းကေတာ့ အမွားပဲျဖစ္လိမ့္မယ္ မိန္လိက ေခါင္းခါရင္း ေျပာလိုက္သည္။ လူသားမ်ိဳးႏြယ္စုရဲ႕ သမိုင္းမွတ္တမ္းမွာ အၾကည္ေရာင္အရည္အေသြးပိုင္ရွင္ က်င့္ႀကံသူတစ္ေယာက္က ထာဝရရွင္သန္မႈကို တကယ္ရသြားတယ္ဆိုတာမ်ိဳး ငါ အရင္က မၾကားခဲ့ဖူးဘူး။ ယင္က်န္းကလည္း ထာဝရရွင္သန္မႈေနာက္ လိုက္ခဲ့ဖူးတာပဲ။ အၾကည္ေရာင္အရည္အေသြးပိုင္ရွင္ က်င့္ႀကံသူေတြကို ဖမ္းၿပီး သူတို႔ေသြး ေသာက္သုံးပစ္တဲ့ဟာေတြအပါအဝင္ နည္းလမ္းမ်ိဳးစုံ လုပ္ခဲ့တာပဲ။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ သူ႕ရည္မွန္းခ်က္ကို မရနိုင္ခဲ့ပါဘူး

ခ်ဴခ်ဴယန္ ႏွင့္ ေရွာင္း႐ႊယ္ယင္ တို႔ စိတ္ရႈပ္သြားၾကသည္။ ယင္က်န္း ဆိုသည့္ နာမည္ကို သူမတို႔ မၾကားဖူးၾကသည္မွာ သိသာေနသည္။

တဖက္၌ ဇူအန္သည္ တုန္လႈပ္ေခ်ာက္ခ်ားသြားသည္။ ဧကရာဇ္ ခ်င္ရွီ ဆိုတဲ့အတိုင္းပဲ။ သူ႕မွာ အၾကည္ေရာင္အရည္အေသြးပိုင္ရွင္ က်င့္ႀကံသူေတြကို ရွာၿပီး သူတို႔ေသြးေတြကို စုပ္ယူေသာက္သုံးပစ္နိုင္တဲ့ အစြမ္းအစ တကယ္ရွိေနတာပဲ။

တဖက္၌ အၾကည္ေရာင္အရည္အေသြးကို ပိုင္ဆိုင္ခဲ့ေသာ ဧကရာဇ္ခ်င္ရွီ၏ လက္ေအာက္ငယ္သားမ်ားအတြက္ သူ စာနာမိသည္။ သို႔ေသာ္ တစ္ခ်ိန္တည္း၌ ထိုအခ်ိန္တုန္းက မိန္လိေရာ ဘယ္လိုအေျခအေနမ်ိဳး ေရာက္ေနခဲ့လဲဆိုသည္ကို သူ သိခ်င္မိသြားသည္။ ဧကရာဇ္ခ်င္ရွီေတာင္ ထာဝရရွင္သန္မႈကို မရနိုင္ခဲ့တာ မိန္လိက ပိတ္ေလွာင္ခံေနရပါလ်က္ ဒီေလာက္ႏွစ္အမ်ားႀကီးကို သူမ ဘယ္လိုျဖတ္သန္းရွင္သန္လာခဲ့လဲဆိုသည္မွာ သူ႕အတြက္ စဥ္းစားရခက္ေနသည္။

အႀကီးအကဲခ်ဴမိန္းကေလးရဲ႕ ကီေသြးေၾကာေတြကို ျပန္ျပင္ဖို႔ ဘာလုပ္ရမလဲဆိုတာ မေျပာျပေသးဘူးေနာ္ ေရွာင္း႐ႊယ္ယင္သည္ အၿမဲတမ္း စိတ္တိုလြယ္သည့္သူ ျဖစ္သည္။ ထို႔ေၾကာင့္ မိန္လိက အခ်ိန္အေတာ္ၾကာေအာင္ စကားေျပာေနေသာ္လည္း အဓိကကိစၥအား မည္သို႔ေျဖရွင္းရမလဲဆိုသည္ကို မေျပာေသးေၾကာင္း သတိျပဳမိသည့္အခါ ေမးလိုက္သည္။

ခုနက ငါ အရိပ္အႁမြက္အမ်ားႀကီး ေပးခဲ့ၿပီးၿပီမဟုတ္ဘူးလား မိန္လိ ႏွာရႈံ႕ၿပီး သူ႕ေသြးကီကို  ေဖာက္ၿပီး သူ႕ကမၻာဦးကီနဲ႕ သူမခႏၶာကိုယ္ထဲ ပို႔ေပးဖို႔ပဲ လိုတာေလ။ အဲ့ဒါက သူမရဲ႕ ကီေသြးေၾကာေတြကို ျပင္ေပးဖို႔ လုံေလာက္လိမ့္မယ္

ေသြးကီ ခ်ဴခ်ဴယန္ စိတ္ရႈပ္သြားသည္။ ကြၽန္မက သူ႕ေသြးကို ေသာက္ဖို႔ လိုအပ္တာလား

မိန္လိ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မင္းတို႔ႏွစ္ေယာက္က လင္မယားေတြမဟုတ္ၾကဘူးလား။ ဘာလို႔ ဘာဆိုဘာမွ မသိၾကတာလဲ

႐ုတ္တရက္ ခ်ဴခ်ဴယန္ တစ္စုံတစ္ခုကို ေတြးမိသြားသည္။ ေရွာင္း႐ႊယ္ယင္ စိတ္ထဲ၌လည္း ထပ္တူညီပုံရိပ္မ်ားသာ ေပၚလိုက္သည္။ ႏွစ္ေယာက္သား ရွက္ေသြးျဖာနီရဲေသာ မ်က္ႏွာမ်ားႏွင့္ အခ်င္းခ်င္းတီးတိုးေျပာလိုက္ၾကသည္။

ဒါဒါေပမယ့္အဲ့ဒါကို ဘယ္လိုေသာက္နိုင္. အရင္တုန္းက ခ်ဴခ်ဴယန္ ဤမွ်ေလာက္ထိ မရွက္ခဲ့ဖူးပါ။ ထိုစကားမ်ားကို ေျပာထြက္နိုင္ဖို႔ သူမ ခႏၶာကိုယ္ထဲရွိ ေနာက္ဆုံးလက္က်န္သတၱိကို ထုတ္ညွစ္သုံးခဲ့ရသည္။

ေသာက္မယ္ မိန္လိသည္ ခဏတာေၾကာင္သြားၿပီးမွ ခ်ဴခ်ဴယန္ ဘာေတြးမိသြားလဲဆိုသည္ကို သေဘာေပါက္သြားသည္။ သူမႏႈတ္ခမ္းထက္တြင္ ထူးဆန္းေသာ အၿပဳံးတစ္ခု ေပၚလာၿပီး အဲ့လိုေျပာရင္လည္း မမွားဘူး။ ဒါေပမယ့္ အဲ့ဒါကို အဲ့ပါးစပ္ကေန ေသာက္ရမွာ မဟုတ္ဘူး

. ဇူအန္

အစ္မေတာ္ ဘုရင္မႀကီး ခင္ဗ်ားသာ ၂၁ ရာစုေခတ္မွာ ေနရင္ ႐ုပ္ေျပာင္ဆရာမ ေသခ်ာေပါက္ ျဖစ္သြားမွာပဲ။

ေရွာင္း႐ႊယ္ယင္ ႏွင့္ ခ်ဴခ်ဴယန္ တို႔သည္ မိန္းမပ်ိဳေလးမ်ား ျဖစ္ၾကသည္။ သို႔ေသာ္ မိန္လိ ေျပာေနသည့္ အေၾကာင္းအရာကို မသိနားမလည္ေလာက္ေအာင္ မတုံးအၾကပါ။ အထူးသျဖင့္ တဖက္လူက ဘြင္းဘြင္းရွင္းရွင္း ေျပာထားေသာေၾကာင့္ျဖစ္သည္။ သူတို႔မ်က္ႏွာမ်ားသည္ အလြန္နီရဲသြားၿပီး ကိုက္စားဖို႔ အသင့္ျဖစ္ေနေသာ ပန္းသီးမွည့္ပမာ ျဖစ္ေနၾကသည္။

မိန္လိကလည္း ေကြ႕ဝိုက္သြယ္ဝိုက္ေျပာဖို႔ မႀကိဳးစားပါ။ အၾကည္ေရာင္ အရည္အေသြးပိုင္ရွင္ က်င့္ႀကံသူရဲ႕ ေသြးမွာ ႀကီးမားတဲ့ အသက္အင္အားနဲ႕ ထူးျခားဆန္းၾကယ္တဲ့ စြမ္းအားပါၿပီး ကမၻာဦးကီက ဒီတေလာကလုံးမွာ အျဖဴစင္ဆုံးပစၥည္းပဲ။ မင္းရဲ႕ ကီေသြးေၾကာကို ျပင္ဆင္ဖို႔ အဲ့ႏွစ္ခုစလုံးကို လိုအပ္တယ္။ ငါ မင္းကို နည္းလမ္းတစ္ခု လက္ဆင့္ကမ္းသင္ၾကားေပးမယ္။ ေနာက္က် ယင္ နဲ႕ ယန္ တို႔ ေရာစပ္သြားၾကတဲ့အခ်ိန္ မင္းအထဲ ဝင္လာတဲ့ ေသြးကီကို ဆြဲယူနိုင္ဖို႔ေပါ့။ အဲ့ေလာက္အဖိုးတန္တဲ့ စြမ္းအားကို မင္း ျဖဳန္းတီးမိမွာစိုးလို႔ပါ

က်ကြၽန္မ ဘယ္..ဘယ္လိုလုပ္အဲ့လိုလုပ္နိုင္မွာလဲ ခ်ဴခ်ဴယန္ မ်က္ႏွာသည္ လုံးဝနီရဲသြားသည္။ အလြန္စိတ္လႈပ္ရွားေနသျဖင့္ သူမ၏ တဒုတ္ဒုန္ အခုန္ျမန္ေသာ ႏွလုံးခုန္သံကိုပင္ ျပန္ၾကားနိုင္ခဲ့သည္။ ကုသဖို႔နည္းလမ္းက ဒီလိုမ်ိဳးျဖစ္လိမ့္မယ္ဟု သူမ မေတြးဖူးခဲ့ပါ။

သူမသည္ ဇူအန္ႏွင့္ လင္မယား ျဖစ္ေနၾကေသာ္လည္း ၎သည္ အမည္ခံ႐ုံသက္သက္သာျဖစ္သည္။ ၎သည္ အျခားအိမ္ေတာ္ အဖြဲ႕အစည္းမ်ား၏ ပါးစပ္ကို ပိတ္ပစ္ဖို႔အတြက္သာျဖစ္သည္။

ဇူအန္က သူမကို ကယ္ရန္ သူ႕အသက္ကို စြန့္စားခဲ့သည့္အျဖစ္ေၾကာင့္ သူမ အလြန္ခံစားရပါသည္။ အခုခ်ိန္ သူ႕အေပၚ သူမ စိတ္ေကာင္းေစတနာရွိေနသည္မွာ ေျပာစရာပင္မလိုေတာ့ပါ။ သို႔ေသာ္ျငားလည္း ဤကဲ့သို႔ေသာ အေျခအေနမ်ိဳးကို ႀကဳံရတာ သူမ၏ ပထမဆုံးအႀကိမ္ျဖစ္သည္။ ထို႔ေၾကာင့္ သူမ ေၾကာက္လန့္စိုးရိမ္ေနမည္မွာ မလြဲမေသြပင္။

ထိုစဥ္ ေရွာင္း႐ႊယ္ယင္သည္ သူမႏႈတ္ခမ္းမ်ားကို ခပ္တင္းတင္းေစ့ထားၿပီး သူမမ်က္လုံးမ်ားသည္ မွိုင္းထိုင္းေနသည္။ ကိစၥက ဒီလိုမ်ိဳး ျဖစ္သြားလိမ့္မယ္ဟု သူ မေမွ်ာ္လင့္ထားခဲ့ဖူးပါ။ ၎က သူမကို အနည္းငယ္ေတြေဝေၾကာင္အသြားေစသည္။

အဲ့ဒါက ဘာမွားေနလို႔လဲ မိန္လိ ဇေဝဇဝါျဖင့္ ေမးလိုက္သည္။ မင္းတို႔ႏွစ္ေယာက္က လင္မယားေတြဟင္မင္းက အပ်ိဳစင္ပဲ ရွိေသးတယ္ေပါ့

ေနာက္ဆုံး၌ ျပႆနာအရင္းအျမစ္ကို သူမ နားလည္သြားသည္။ ဇူအန္ဘက္သို႔ လွည့္ၾကည့္ၿပီး ေျပာလိုက္သည္။ မင္း မလုပ္နိုင္ဘူးေပါ့

ေယာက်ာ္းေလးတစ္ေယာက္က မ်က္ႏွာေရွ႕တည့္တည့္မွာ မစြမ္းနိုင္ဘူး ဆိုၿပီး ဘယ္လိုလုပ္အေျပာခံနိုင္မလဲ။ ဇူအန္ ခ်က္ခ်င္း ပက္ခနဲ ျပန္ေျပာလိုက္သည္။ ဘယ္သူက အဲ့လိုေျပာလို႔လဲ

သူ႕အသံသည္ အနည္းငယ္ တုန္ယင္ေနသည္။ မၾကာေသးခင္အခ်ိန္ထိ သူ တကယ္ မစြမ္းနိုင္ခဲ့ေသာေၾကာင့္ျဖစ္၏။

မည္သို႔ဆိုေစ သူ႕စကားမ်ားက မိန္လိကို မၾကာေသးခင္က ေခါင္းတလားထဲ၌ သူမ ျမင္ခဲ့ရသည့္ သူ႕ေဘာင္းဘီထဲက ေမွ်ာ္စင္ႀကီးကို ျပန္သတိရသြားေစၿပီး သူမ မ်က္ႏွာသည္ ကိုးယိုးကားယားျဖစ္သြားသည္။ ငါ သူ႕ကို အထင္မွားခဲ့တယ္ထင္တာပဲ။  မင္း စြမ္းနိုင္တယ္ဆိုမွေတာ့ ဘာလို႔ မင္းရဲ႕ ဇနီးေခ်ာေလးကို ကိုယ့္အားကိုယ္ကိုးေနရေအာင္ လုပ္ေနတာလဲ

ဇူအန္

အစ္မေတာ္ က်ဳပ္ကို ယုံပါ။ က်ဳပ္လည္း လုပ္ခ်င္ခဲ့ပါတယ္။ ဒီတိုင္း က်ဳပ္.မလုပ္နိုင္ခဲ့လို႔ပါ။

ေမ့လိုက္ေတာ့။ မင္း ဘာမွထပ္ေျပာဖို႔ မလိုေတာ့ဘူး။ ဒီမွာ အဓိပ္ပါယ်မရှိတဲ့ ဇာတ္လမ္းမ်ိဳးျဖစ္ေနတယ္ဆိုတာ ငါ အတပ္ေျပာရဲတယ္ ႐ုတ္တရက္ မိန္လိအသံသည္ အနည္းငယ္ စိတ္ဆိုးေနသည့္ဟန္ ေပၚသည္။ သူမ ခ်ဴခ်ဴယန္ဘက္သို႔ လွည့္ၾကည့္ၿပီး ေျပာလိုက္သည္။ ငါ ျမင္ရသေလာက္ေတာ့ မင္းတို႔ႏွစ္ေယာက္လုံး တစ္ေယာက္အေပၚ တစ္ေယာက္ ခံစားခ်က္ရွိေနၾကတာပဲ။ မင္း ျငင္းဆန္ရတဲ့ အေၾကာင္းျပခ်က္ကို ငါ နားမလည္ဘူး။ ဒါေပမယ့္ မင္းရဲ႕ က်န္ဘဝသက္တမ္းတစ္ခုလုံးကို ကိုယ့္ရဲ႕လက္ကိုေတာင္ ပုခုံးထက္ထိ မေျမာက္နိုင္ေတာ့တဲ့ သာမာန္လူသားတစ္ေယာက္အျဖစ္ ေနခ်င္တာ မင္း ေသခ်ာရဲ႕လား

ေရွာင္း႐ႊယ္ယင္ ခဏတုံ႕ဆိုင္ေနၿပီးမွ သခင္မေလးကို အႀကံျပဳလိုက္သည္။ အစ္မခ်ဴ အခုလက္ရွိ ခ်ဴ အိမ္ေတာ္ ႀကဳံေနတဲ့ ဆိုး႐ြားတဲ့ အက်ဥ္းအက်ပ္ကို နင္သိမွာပါ။ နင္ ဒုကၡိတျဖစ္သြားရင္ ခ်ဴ အိမ္ေတာ္ကို ေနာက္ထပ္ကာကြယ္ေပးနိုင္ေတာ့မွာ မဟုတ္ဘူး။ နင့္အသက္ကို ကယ္ဖို႔ ဇူအန္က သူ႕အသက္ကို အႀကိမ္အမ်ားႀကီးဆုံးရႈံးလုနီးပါးျဖစ္ခဲ့တယ္။ သူ႕စေတးမႈ နဲ႕ ႀကိဳးစားမႈေတြအားလုံးကို အလကားျဖစ္သြားေစခ်င္လို႔လား
နင့္လို မ်ိဳးရိုးအဆင့္အတန္းျမင့္သူေတြက အနာဂတ္ လက္တြဲေဖာ္အတြက္ ေမွ်ာ္လင့္ခ်က္ျမင့္မားၾကတယ္ဆိုတာ ငါ သိပါတယ္။ ဒါေပမယ့္ ျဖစ္ၿပီးတာက ျဖစ္ၿပီးတာပါပဲ။ ဘာပဲဆိုဆို ဇူအန္က နင့္ခင္ပြန္းပဲေလ။ ဒီလိုေန႕မ်ိဳးက မလြဲမေသြ ေရာက္လာမွာပဲ။ နင့္ရဲ႕ အနာဂတ္က ဒီကိစၥေပၚ မူတည္ေနတာေတာင္ သူ႕ကို အရမ္း႐ြံမုန္းလြန္းလို႔ ျငင္းတာလား

မဟုတ္ဘူး..အဲ့လိုမဟုတ္.အဲ့လိုမဟုတ္ဘူး.. ခ်ဴခ်ဴယန္ မ်က္ေတာင္မ်ား တဖ်တ္ဖ်တ္ လႈပ္ခတ္သြားသည္။ သူမႏွလုံးသားထဲက အတြင္းပိုင္းလြန္ဆြဲမႈမ်ား ေပါက္ၾကားသြားသည္။

မိန္လိ ဇူအန္ကို လွမ္းၾကည့္ၿပီး အသံကူးေျပာင္းမႈျဖင့္ သူ႕ကို နိုးေဆာ္လိုက္သည္။ မင္း ေယာက်ာ္း ဟုတ္လား မဟုတ္ဘူးလား။ အဲ့မွာ အူေၾကာင္ေၾကာင္နဲ႕ ဘာရပ္လုပ္ေနတာလဲ။ မိန္းကေလးဘက္က စလႈပ္ရွားလာဖို႔ထိ ေမွ်ာ္လင့္ထားတာလား

ဇူအန္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနရာမွ အသိျပန္ဝင္လာသည္။ သူ႕စိတ္ကို စုစည္းလိုက္ၿပီးေနာက္ ခ်ဴခ်ဴယန္ ေဘးသို႔ ေလွ်ာက္သြားလိုက္သည္။ သူမ၏ ႏူးညံ့ေသာ ခႏၶာကိုယ္ကို ေကာက္ေပြ႕ၿပီး သူမနားသို႔ ညင္သာစြာ တီးတိုးေျပာလိုက္သည္။ ငါက မင္းအတြက္ အဆင္မေျပလို႔လား

ခ်ဴခ်ဴယန္သည္ ႐ုတ္တရက္ ထုတ္ျပလာေသာ ႏူးညံ့ညင္သာမႈေၾကာင့္ ထိတ္လန့္သြားသည္။ ၎က သူမကို ပိုၿပီး ဗ်ာမ်ားသြားေစ၏။ မဟုတ္ အဲ့လိုမဟုတ္ပါဘူး။ ဒီတိုင္း..

ဒီတစ္ခါပဲ ငါ့စကားကို နားေထာင္ေပးပါ။ ငါတို႔ႏွစ္ေယာက္လုံးအတြက္ေပါ့. ဇူအန္ သူမမ်က္လုံးထဲ စိုက္ၾကည့္ရင္း ေျပာလိုက္သည္။

ခ်ဴခ်ဴယန္သည္ ဇူအန္မ်က္ႏွာထက္က  စိတ္အားထက္သန္မႈမ်ိဳးကို အရင္တုန္းက မျမင္ခဲ့ဖူးပါ။ ၎က သူမမ်က္ႏွာကို နီရဲသြားေစခဲ့သည္။ အခ်ိန္အေတာ္ၾကာထိ တုံ႕ဆိုင္းေနၿပီးမွ မသိမသာေလး ခေါင်းညိတ်လိ်ုသည်။

ေရွာင္း႐ႊယ္ယင္သည္ သက္မခ်လိဳက္ၿပီးေနာက္ ထြက္သြားလိုက္သည္။

မိန္လိသည္ ခ်ဴခ်ဴယန္ထံ ကီျဖင့္အသံပို႔ကာ နည္းလမ္းတစ္ခု လက္ဆင့္ကမ္းေပးလိုက္သည္။ ၿပီးေနာက္ ထပ္မွာလိုက္သည္။ အခုေလာက္ဆို မင္း နည္းလမ္းကို မွတ္မိေနေလာက္ၿပီ။ ေနာက္က် အဲ့ဒါကို ေသခ်ာအသုံးျပဳပါ

ထြက္မသြားခင္၌ တာရာကိုတာစစ္သားအခ်ိဳ႕သည္ တစ္ခုေသာေနရာသို႔ ေခ်ာင္းၾကည့္ေနၾကသည္ကို သူမ သတိျပဳမိသြားသည္။ ထို႔ေၾကာင့္ ႏွာရႈံ႕ၿပီး ေျပာလိုက္သည္။ မင္းတို႔ေတြက ပြဲ ၾကည့္ခ်င္ေနၾကတာလား

တာရာကိုတာစစ္သားမ်ားသည္ ခ်က္ခ်င္း ေခါင္းလွည့္လိုက္ၾကၿပီး မတ္မတ္ရပ္လိုက္ၾကသည္။ ေက်ာက္႐ုပ္ႂကြင္းမ်ားအျဖစ္သို႔ ျပန္ေရာက္သြားၾကသည့္ပမာပင္။

မိန္လိ ႏွာရႈတ္လိုက္သည္။ သူမ အကၤ်ီစကို လႊဲရမ္းၿပီး ယဇ္ပူေဇာ္ပလႅင္တဝိုက္၌ ကီျဖင့္ ကာထားေပးလိုက္သည္။

ယင္းအကာရံထဲ၌ ဇူအန္သည္ ခ်ဴခ်ဴယန္ကို ေက်ာက္စားပြဲထိပ္ေပၚ ခ်ေပးလိုက္ၿပီး သူမ၏ ခါးပတ္ကို ညင္ညင္သာသာျဖင့္ ခြၽတ္ေပးလိုက္သည္။ သူမ၏ ၀င်းမွတ်ဖြူစင်သော အသားအေရမ်ား ေပၚလြင္လာခဲ့သည္။

ေအးစိမ့္စိမ့္အထိအေတြ႕က ခ်ဴခ်ဴယန္၏ အသားအေရကို  တုန္ခါသြားေစသည္။ မေနနိုင္ဘဲ ထိုအခ်ိန္တြင္ သူမ တုံ႕ဆိုင္းသြားမိသည္။ ခခဏေနအုံးငါငါ မသိ

ဇူအန္ ညင္သာစြာ သက္ျပင္းခ်ၿပီး ေမးလိုက္သည္။ မင္း ငါ့ကို မုန္းလို႔လား

မ.မဟုတ္အဲ့လိုမဟုတ္ပါဘူး. ခ်ဴခ်ဴယန္သည္ ဇူအန္ မ်က္လုံးကိုပင္ ျပန္မၾကည့္နိုင္ပါ။ သူမ ေခါင္းကို တဖက္သို႔ လွည့္လိုက္သည္။ သူမ ကိုယ္ခႏၶာတစ္ခုလုံး နီရဲသြားခဲ့၏။ အဲ့ဒါကဒီဒီအတိုင္း..

ခ်ဴခ်ဴယန္သည္ အလြန္ပ်ာယာခတ္ေနသျဖင့္ အခ်ိန္အေတာ္ၾကာသည္အထိ အဓိပ္ပါယ်ရှိသော စကားတစ္ခြန္းမွ မေျပာနိုင္ခဲ့ပါ။

ဇူအန္ သူမ အနီးသို႔ တိုးလိုက္ၿပီး သူ႕ႏႈတ္ခမ္းျဖင့္ သူမ၏ ႐ႊမ္း႐ႊမ္းစိုေသာ ႏႈတ္ခမ္းကို ညင္သာစြာ ပိတ္ပစ္လိုက္သည္။ ၎က ခ်ဴခ်ဴယန္၏ မ်က္လုံးမ်ားကို ႀကီးႀကီးမားမား ပျြူးကျယ်သွားစေသည်။ ထိုတခဏ၌ သူမ စိတ္ ဗလာျဖစ္သြား၏။

--- --- --- ----------------------------------------- ----- - - - - - -

Continue Reading

You'll Also Like

378K 25.4K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
115K 11.9K 200
အကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု...
320K 40.9K 200
All credits given to original author Goose Five and translator. Image is given credit to novel..... ဝိညာဉ်ကြောမရှိလျှင် မကျင့်ကြံနိုင်သည့် လောကတွင်...