Chapter 186: ကမ္ဘာဦးမူလကျင့်စဉ်
“အနောက်ဘက်ခွေးခေါင်းတောင် လား” အရင်ဘဝက ကီးဘုတ်ဖိုက်တာတစ်ယောက်အနေနှင့် အင်တာနက်ဖိုရမ်များပေါ် ကျင်လည်တတ်သူအနေဖြင့် ဇူအန် ဤနာမည်ကို ကြားဖူးပါသည်။ ၎င်းသည် ချင် မင်းဆက် တော်ဝင်မိသားစု၏ ခမ်းနားထည်ဝါသော ဘိုးဘွားကုန်းမြေ ဖြစ်သည့်ဟန်ပေါ်သည်။
ဒါပေမယ့်လည်း ငါ ဘာအတွက် အနောက်ဘက်ခွေးခေါင်းတောင် ကို သွားရမှာလဲဆိုတာ ငါ့ကို ဒီအတိုင်း ပြောပြလို့မရဘူးလား။ မင်းတို့လို ပညာရှင်တွေက ဘာလို့ ပဟေဠိဆန်ဆန် လုပ်ရတာ ကြိုက်ကြတာလဲ။ ဒီလိုမျိုးလုပ်တာက မင်းတို့ကို ပညာရှိတဲ့ပုံပေါက်စေတယ်လို့ တကယ်ထင်နေကြတာလား။
“မှတ်ထားပါ။ မင်းနဲ့အတူ ထိုက်ဝူဓါး ကို ယူဆောင်လာပြီး အနောက်ဘက်ခွေးခေါင်းတောင် ကို လာရမယ်” နဂါးဝတ်ရုံဝတ်ထားသည့် လူကြီးက မှာလိုက်သည်။
“ဘာလို့လဲ” ဇူအန် ပြန်မေးလိုက်သည်။
“ထိုက်ဝူဓါး က အနောက်ဘက်ခွေးခေါင်းတောင် ထဲ ဝင်သွားနိုင်ဖို့ သော့ချက်ပဲ”
“သော့”
ဇူအန် သူ့လက်ထဲက ဓားကို ကြည့်ပြီး ဒီလောက်ကြီးမားတဲ့ သော့နှင့်ဆို တံခါးက ဘယ်လောက်တောင်ကြီးလိုက်မလဲဆိုပြီး တအံ့တသြ စဉ်းစားမိလိုက်သည်။
“သေချာပေါက် ငါ မင်းကို အလကား လုပ်ခိုင်းမှာ မဟုတ်ပါဘူး။ ထိုက်ဝူဓါးထဲက ချိတ်ပိတ်မန္တာန်က ကမ္ဘာဦးမူလကျင့်စဉ် ရဲ့ ပထမတစ်ဝက်ပဲ။ အဲ့ဒါက မင်းရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဆေးကြောပေးနိုင်တယ်။ သူ့မှာ အားပြင်းတဲ့ သန့်စင်ဆေးကြောနိုင်စွမ်း နဲ့ ပြန်ကောင်းနိုင်စွမ်းလည်း ရှိတယ်။ မင်းအတွက် အများကြီးအထောက်အကူဖြစ်မှာပါ”
“ကမ္ဘာဦးမူလကျင့်စဉ်” ဇူအန် ပြန်ရေရွတ်လိုက်သည်။
နာမည်တစ်ခုနှင့်တင် ၎င်းသည် ဖြုံလောက်စရာ ပစ္စည်းတစ်ခုခု ဖြစ်နိုင်ကြောင်း သူ ပြောနိုင်သည်။ သန့်စင်ဆေးကြောပေးနိုင်စွမ်းကို သူ သိပ်ဂရုမစိုက်သော်လည်း ပြန်ကောင်းနိုင်စွမ်းသည် အခုချိန် သူ လိုအပ်နေသည့် အရာဖြစ်သည်။
သူ့ကျန်းမာရေးအခြေအနေ နိမ့်ကျတဲ့အချိန် သူ့ခန္ဓာကိုယ်ကို အားရှိစေနိုင်သော ကောင်းကင်ဖီးနစ်ကျင့်စဉ် ၏ အစွမ်းအစသည် တကယ်ဖြုံစရာကောင်းပါသည်။ သို့သော် ၎င်းသည် အန္တရာယ်လည်း အလွန်များ၏။ အကယ်၍ သူ့ကျန်းမာရေးအခြေအနေကို သေချာမစောင့်ကြည့်မိဘဲ မတော်တဆ သူခံနိုင်သည့် အကန့်အသတ်ထက် ကျော်လွန်မိသွားလျှင် သူ့အတွက် တကယ်အဆုံးသတ်ရောက်သွားလိမ့်မည်။
ထိုအချက်များအပြင် နတ်ဆေးဆရာကျီ အပါအဝင် အခြားဆေးဆရာ အများစု ဖော်စပ်သော ဆေးလုံးများသည် အာနိသင်ပြရန် တခဏမျှ ကြာတတ်သည်။ အကယ်၍ သူ အရေးပေါ်အခြေအနေသို့ ရောက်သွားလျှင် ယင်းဆေးလုံးများက သူ့အသက်ကို မကယ်တင်နိုင်ဖို့ ဖြစ်နိုင်ချေရှိသည်။ နောက်ဆုံး၌ တကယ်အားကိုးလို့ရသည့် တစ်ခုတည်းသော အရာသည် ‘နွေဦးကိုကြီးတွင်ယုံကြည်မှု’ သာဖြစ်သည်။ သို့သော် ၎င်းကို ရွေးချယ်မိရန်လည်း အလွန်ခက်ခဲသည်။
“ကျုပ် အဲ့ဒီပညာကို ဘယ်လိုကျင့်ကြံနိုင်မလဲ” ဇူအန် မေးလိုက်သည်။
“မင်းရဲ့ အသိစိတ်တွေအားလုံးကို ဓားပေါ် ထည့်ထားလိုက်၊ အဲ့ဒါဆို မင်း ခံစားမိနိုင်လိမ့်မယ်” နဂါးဝတ်ရုံဝတ်ထားသူ လူကြီးက ပြန်ဖြေကြားလိုက်သည်။
ဇူအန်သည် တဖက်လူက သူ့ကို ဝင်ပူးဖို့ ကြိုးစားမှာ စိုးရိမ်သဖြင့် သူ့အသိစိတ်ပါးပါးလေးကို သူ့ဘေးပတ်ဝန်းကျင်တစ်နေရာ၌ သေသေချာချာ ထားလိုက်သည်။ မည်သို့ဆိုဆို ၎င်းသည် အရင်ဘဝတုန်းက သူ ဖတ်ခဲ့ ကြည့်ခဲ့ဖူးသည့် ဒရာမာများ ၊ ဝတ္ထုများထဲက ဖန်တရာတေနေသော ဇာတ်ကြောင်းဖြစ်နေသည်။
သူ့အသိစိတ်ကို ထိုက်ဝူ ဓားပေါ်သို့ ကြိုးစားအာရုံစိုက်ထည့်သွင်းလိုက်သည်။ ထိုအခါ သူ့စိတ်ထဲ စကားလုံးများ အစီအရီလိုက် ထွက်ပေါ်လာကြသည်။
“ကမ္ဘာဦးတုန်းက ကောင်းကင်နှင့်မြေကြီးတို့ မကွဲထွက်သွားကြသေးသလို မှောင်မည်းညိုမှိုင်းပြီး ဘာမှမရှိသေးပါ။ အရာအားလုံးသည် ကမ္ဘာဦးအချိန်မှ စတင်ပေါ်ပေါက်လာကြသည်”
ထိုအချိန်၌ ကီးဘုတ်၏ အသံ မြည်လာသည်။ “အနောက်ဘက်ခွေးခေါင်းတောင် ၏ လျို့ဝှက်ကျမ်းစာလိပ် - ကမ္ဘာဦးမူလကျင့်စဉ် ကို တွေ့ရှိ ၊ ကီးဘုတ် ဖန်ရှင် တစ်ခုကို အသက်သွင်းရန် ၎င်းကို လက်ခံလိုက်ပါ”
ဇူအန် အပျော်လွန်သွားသည်။ မထင်မှတ်ပဲ အံ့သြစရာအကြီးကြီးရလိုက်တာပဲဟ။ ဒီနေရာမှာ တကယ်ကြီး နောက်ထပ်လျို့ဝှက်ပညာတစ်ခု ငါ ရှာတွေ့လိုက်တာပဲ။
ယင်းအခွင့်အရေးကို သူ လျှင်လျှင်မြန်မြန် လက်ခံလိုက်သည်။ အမည်းရောင်မြူခိုးများသည် F3 ခလုတ်ပေါ်သို့ အလျှင်အမြန် တိုးဝင်သွားကြပြီး ၎င်းပေါ်၌ ထူးခြားဆန်းကြယ်သော အမှတ်အသားတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မင်းရဲ့ ခန္ဓာကိုယ်ကို စတင်သန့်စင်ဆေးကြောတော့မလား” ကီးဘုတ်က မဆိုင်းမတွ မေးလာခဲ့သည်။
ငါ့ခန္ဓာကိုယ်ကို သန့်စင်ဆေးကြောမယ်…အဲ့ဒါက ဘာကိုဆိုလိုတာလဲ။
မည်သို့ပင်ဖြစ်စေ ဤရွေးချယ်မှုကို သူ ငြင်းလိုက်လျှင် ဤအခွင့်အရေးအား ဆုံးရှုံးသွားမှာ စိုးရိမ်သဖြင့် ‘Yes’ ခလုတ်ကို မြန်မြန်နှိပ်လိုက်သည်။
ထိုသို့နှိပ်လိုက်ပြီးနောက် ကီးဘုတ်မှ အမည်းရောင်မြူခိုးတပြုံကြီး ထွက်လာကြပြီး သူ့ခန္ဓာကိုယ်အား လွှမ်းခြုံလာကြသည်ကို သူ တွေ့လိုက်သည်။ ဤလောက၏ ကီ..မဟုတ်ဘူး..ကီထက် ပိုဖြူစင်ပြီး အားပိုများသော စွမ်းအားတစ်ခု ၊အရင်တုန်းက သူ မခံစားမိဖူးသည့် တစ်စုံတစ်ရာသည် သူ့ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး ဝင်ရောက်သွားကြသည့် ခံစားချက်မျိုး သူ ရရှိနေသည်။
ဒါက စာအုပ်တွေထဲ မကြာခဏ ထည့်ရေးလေ့ရှိကြတဲ့ ‘ကမ္ဘာဦးကီ’ လား။
သူ့ခန္ဓာကိုယ်ထဲ တိုးဝင်ရောက်သွားသည့် ကမ္ဘာဦးကီများက သူ့ခန္ဓာကိုယ်နှင့် သွေးကြောများအား ပြောင်းလဲပြုပြင်ပေးနေသည်ကို သူ ခံစားမိသည်။ ရေပူစမ်းတစ်ခုထဲ သက်သောင့်သက်သာဖြင့် စိမ်နေရသည့်ပမာ သူ ခံစားရသည်။ သို့သော် ရံဖန်ရံခါ စူးအောင့်နာကျင်သည့် ဝေဒနာမျိုး ထွက်လာလေ့ရှိသည်။ တစ်စုံတစ်ယောက်က သူ့ကို အပ်ဖြင့်ချုပ်နေသည့်သဖွယ်ပင်။
ယင်းဝေဒနာက မြန်မြန်ပြန်ပျောက်ကွယ်သွားပြီး နာကျင်မှုဝေဒနာတစ်ခါ ပေါ်လာပြီးတိုင်း ရွှင်ပျလန်းဆန်းသော ခံစားချက်တစ်ခု မသိမသာ ပေါ်လာသဖြင့် တော်သေးသည်။ ထိုသို့မဖြစ်လျှင် သူ့ကိုယ်သူ တဖက်လူ၏ ထောင်ချောက်ထဲ ကျဆင်းသွားပြီဟု တွေးမိလိမ့်မည်ဖြစ်သည်။
“ဝမ်းဗိုက်အောက်မှာ ကီကို ချိတ်ပိတ်ထားတဲ့ ဗဟိုချက်ကို တွေ့ရှိပါတယ်။ ၎င်းချိတ်ပိတ်စည်းကို ဖယ်ရှားပါမည်လော” ကီးဘုတ်က နောက်ထပ်တစ်ကြိမ် ပြန်မေးလာသည်။
ဇူအန် တခဏလောက် ကြောင်သွားပြီးမှ သူ့တကိုယ်လုံး အလွန်အမင်းပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားပြီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်လုနီးပါးဖြစ်သွားခဲ့သည်။ “ဖယ်…ဖယ်ရှားမယ်…ဖယ်ရှားမယ်…”
ကမ္ဘာဦးကီသည် ယင်းချိတ်ပိတ်မန္တန်ကို ဖယ်ရှားရန် သူ့ဝမ်းဗိုက်ဘက်သို့ တန်းခနဲ သွားလိုက်သည်။ အရင်တုန်းက မှေးမှိန်ကြာပန်း၏ ပွင့်ဖတ်မှ ထွက်လာသည့် စွမ်းအား လုပ်ခဲ့ပုံနှင့် ဆင်တူ၏။ သို့သော် မတူညီသည့် အချက်မှာ ကမ္ဘာဦးကီသည် အများကြီး ပိုအာရုံစိုက်ပြီး အင်အားပိုကြီးသည်။ မှေးမှိန်ကြာပန်းပွင့်ဖတ်၏ စွမ်းအားသည် ချိတ်ပိတ်မန္တာန်ကို ပြိုကျသွားအောင် လုပ်ရန် မလုံလောက်ခဲ့ပါ။ သို့သော် ကမ္ဘာဦးကီ၏ ပြင်းပြင်းထန်ထန် တွန်းတိုက်ဆောင့်မှုအောက်၌ အရင်တုန်းက သူ့လမ်းပေါ် ရပ်နေသည့် အတားအဆီးသည် စတင်ပြေလျော့လာခဲ့သည်။
ဤနေရာက အဖြစ်အပျက်ကို ခံစားသိရှိသွားကြသည့်ပမာ သူ့ခန္ဓာကိုယ်တခြားအစိတ်အပိုင်းများထဲ ရောက်နေသည့် ကမ္ဘာဦးကီများသည် ကူညီပေးရန် ထိုနေရာသို့ အလျှင်အမြန် ကူးပြောင်းစီးဆင်းလာကြသည်။ သိပ်မကြာလိုက်ပါ ကမ္ဘာဦးကီအားလုံးသည် သူ့ဝမ်းဗိုက်ထဲ၌ အာရုံတစိုက် အလုပ်လုပ်နေကြသည်။ ၎င်းက ဇူအန်ကို အလွန်အမင်းစိုးရိမ်ကြောက်လန့်သွားစေသည်။
ထိုနေရာသည် အလွန့်အလွန်နူးညံ့ပျော့ပျောင်းသဖြင့် အမှားတစ်ချက်လေးကပင် ပြန်မကောင်းနိုင်တော့သော ထိခိုက်ဒဏ်ရာရစေနိုင်သည်ဟု လောင်မိုင် ထံမှ ကြားခဲ့ဖူးသည်ကို သူ ပြန်မှတ်မိသွားသည်။
ကမ္ဘာဦးကီက ဒီနေရာမှာ အမှားတစ်ခုလေးမှ မလုပ်မိရင် ပိုကောင်းမယ်။ အခုချိန် ငါ ချိတ်ပိတ်ခံထားရကောင်းရနိုင်ပေမယ့် အနည်းဆုံးတော့ ငါက ယောကျာ်းလေး တစ်ယောက်ပဲ။ တကယ်လို့ ကမ္ဘာဦးကီက အလွန်အကျူး လုပ်မိသွားလို့ ဟိုဟာကို မတော်တဆ သွားထိမိသွားရင် ငါ့ခေါင်းနဲ့တိုင်ဆောင့်ပြီး ဒီနေရာမှာ ချက်ချင်း သတ်သေလိုက်မယ်။
ကမ္ဘာဦးကီသည် သူ ထင်ထားတာထက် ပိုပြီး အများကြီးအင်အားပိုကြီး၍ တော်သေးသည်။ မကြာခင်တွင် ‘ဗုန်း’ ဆိုသည့် အသံ မသဲမကွဲ ထွက်လာခဲ့သည်။ နှစ်အကြာကြီးပိတ်ခံခဲ့ရသည့် တစ်စုံတစ်ရာသည် နောက်ဆုံး၌ ပွင့်သွားပြီဖြစ်ကြောင်းကို ဇူအန် ခံစားမိသည်။ ၎င်းက သူ့ကို လန်းဆန်းတက်ကြွပြီး အားရှိသွားစေသည်။ မမျှော်လင့်ဘဲ သူ့ခန္ဓာကိုယ်သည်လည်း ခါတိုင်းထက် ပိုပေါ့ပါးနေသည်။
ချိတ်ပိတ်စည်းအကြောင်းကို သူ အများကြီးမသိကောင်းမသိလိမ့်မည်။ သို့သော် မည်သည့်အရာပဲဖြစ်ဖြစ် သူ့ကိုယ်ထဲ ထည့်ထားသည့် ထိုစည်းသည် နောက်ဆုံး၌ ပျောက်ပြယ်သွားပြီဖြစ်ကြောင်းကိုမူ သူ သိသည်။
ပိုကောင်းသည့်အရာမှာ ကမ္ဘာဦးကီသည် ချိတ်ပိတ်စည်းကို ဖယ်ရှားပြီးနောက် ချက်ချင်းမပျံ့နှံ့မပျောက်ကွယ်သွားပါ။ ၎င်းသည် သူ့ခန္ဓာကိုယ်တစ်လျှောက် လည်ပတ်စီးဆင်းပြီး ဆက်လက်သန့်စင်ပေးနေသည်။
ဇူအန် ခေါင်းငုံ့ပြီး ကြည့်ကြည့်လိုက်သည်။ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်လုံးများသည် အလျှင်အမြန် နီရဲသွားသည်။ သူ အကြီးအကျယ် စိုးရိမ်ပူပန်ခဲ့သည့် ကြက်ပေါက်စသည် နောက်ဆုံး၌ သူ့တောင်ပံကို ဖြန့်ပြီး ကြီးမားထည်ဝါသော ဂဠုန် အဖြစ်သို့ အရွယ်ရောက်ကြီးထွားသွားသည်။
သူ့အရင်ဘဝက မနက်နိုးတိုင်း ခံစားခဲ့ရသည့် ယင်းခံစားချက်သည် နောက်ဆုံး၌ ပြန်ရောက်လာသည်။
ဇူအန် ခေါင်းမော့ပြီး သူ့နှလုံးသားထဲ ပြည့်လျှံလာသည့် ခံစားချက်များကို ပေါက်ကွဲပစ်ရန် ဝံပုလွေတစ်ကောင်ပမာ မြည်ကြွေးလိုက်သည်။
“အူး…ဝူး….”
နောက်ဆုံးတော့…နောက်ဆုံးတော့ ငါ ဆုံးရှုံးခဲ့ရတဲ့ အရာကို ပြန်ရသွားပြီ။
ဒီတစ်ချိန်လုံး လူတိုင်းက သူ့ကို အဆင့်မြင့်ကောင်းမွန်သော ဘဝ၌ နေထိုင်နေရသည်ဟုသာ ထင်ကြသည်။ လူရည်လည်ပြီး၊ ချောမောခံ့ညားရုံသာမက ကြင်လည်းကြင်နာတတ်ပြီး အံ့သြဖွယ်ဇနီးတစ်ယောက်လည်း ပိုင်ဆိုင်ထားသည်။ ငါက ဘဝမှာ သုညကနေ အောင်မြင်သူတစ်ယောက်ရဲ့ ဘဝကို ပုံဖော်ပေးသူစစ်စစ်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အဲ့ဒါတွေအားလုံးက အပြင်ပိုင်းသွင်ပြင်သာဖြစ်ကြောင်းကို ငါ တစ်ယောက်တည်းကပဲ သိထားတာ။ ဒီအောက်ဘက်မှာသာ ငါ မစွမ်းနိုင်ရင် တခြားအရာအားလုံးက အဓိပ္ပါယ်မရှိဘူးလေ။
သူ အလွန်အမင်းဝမ်းမြောက်ပျော်ရွှင်နေမိသည်။
ငါ့ရဲ့မစွမ်းနိုင်မှုကြောင့် စိတ်ပျက်လက်ပျက်နဲ့ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေအားလုံးအတွက် နောက်ဆုံးတော့ အဆုံးသတ်သွားပြီ။
သူ မြုံခဲ့ဖူးကြောင်း အခြားသူတွေကို ပြောပြဖို့က ရှက်ဖို့ကောင်းနေလို့သာ၊ မဟုတ်လျှင် သူ မောင်း တီးပြီး ပျော်ရွှင်စရာဤသတင်းကို လူတိုင်းထံသို့ ကြေညာလိုက်မည်ဖြစ်သည်။
ထို့နောက် သူ ခေါင်းငုံ့ပြီး နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည့်အခါ ထိတ်လန့်တုန်လှုပ်ပြီး ဆတ်ခနဲ ခုန်မိသွားသည်။ “ဒါပေမယ့် ဒါ…ဒါက နည်းနည်းမလွန်လွန်းဘူးလား”
ကျန်ရှိနေသေးသော ကမ္ဘာဦးကီများက သူ့ခန္ဓာကိုယ်အား ဆက်လက်သန့်စင်ပေးနေသည်ကို ကြည့်ရင်း သူ အနည်းငယ်ရှက်သွားသည်နှင့်တပြိုင်နက် ပျော်လည်းပျော်သွားသည်။ သန့်စင်ဆေးကြောခြင်းပြီးသွားသည့်အချိန်၌ သူ့ခန္ဓာကိုယ်သည် အရင်ဒဏ်ရာများမှ အပြည့်အဝပြန်ကောင်းသွားပြီဖြစ်ပြီး သူသည် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ခါတိုင်းထက် အင်အား ‘ပိုကြီး’ သန်မာသည့် ယောက်ျားဘသားတစ်ဦးပမာ သူ ခံစားရသည်။
ထိုအချိန်၌ ကီးဘုတ် အသံ နောက်တစ်ခေါက် ထပ်မြည်လာသည်။ “ကမ္ဘာဦးမူလကျင့်စဉ် ရဲ့ မပြည့်စုံမှုကြောင့် နောက် ဖန်ရှင်အသစ်ကို မဖွင့်နိုင်ပါ”
“ဟမ်” ဇူအန် တခဏလောက် ကြောင်သွားပြီးမှ သူ့တွင် ကမ္ဘာဦးမူလကျင့်စဉ် ၏ အပိုင်းတဝက်သာရှိကြောင်း ပြန်မှတ်မိသွားသည်။
“မင်းက ကံလည်းကောင်းသလို အရည်အချင်းလည်းရှိတာပဲ။ သန့်စင်ဆေးကြောခြင်းရဲ့ ပထမအဆင့်ကို ဒီလောက်မြန်မြန်ပြီးအောင် လုပ်နိုင်တာ မယုံနိုင်စရာပဲ။ မင်းရဲ့အင်အား ၊ ခံနိုင်ရည် နဲ့ ပြန်ကောင်းနိုင်စွမ်းတို့က အရင်တုန်းကထက် အများကြီးပိုတိုးတက်သွားလိမ့်မယ်” နဂါးဝတ်ရုံဝတ်ထားသူ လူကြီးက ပြောလိုက်သည်။
“ကမ္ဘာဦးမူလကျင့်စဉ် မှာ အဆင့်တက်သွားတိုင်း မင်းခန္ဓာကိုယ်ကလည်း ပြောင်းလဲမှု ကြုံရလိမ့်မယ်။ အဆင့်တူ ကျင့်ကြံသူတွေက မင်းကို သိပ်ထိခိုက်နိုင်ကြတော့မှာ မဟုတ်သလို ပိုအဆင့်မြင့်တဲ့ ကျင့်ကြံသူတွေထံကနေ မင်း ရရှိတဲ့ ထိခိုက်ပျက်စီးနှုန်းကလည်း အများကြီးလျော့နည်းသွားလိမ့်မယ်။ တကယ်လို့ မင်း ပညာအားလုံးရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နိင်ရင် မင်း ပြာမှုန့်မဖြစ်သွားသေရွ့ မင်းခန္ဓာကိုယ်က သူ့နဂိုမူလအခြေအနေကို ပြန်ရောက်သွားနိုင်လိမ့်မယ်။ အဲ့ချိန်ကျရင်တော့ မင်း ဒီလောကကြီးပေါ်က အင်အားအကြီးဆုံးလူဖြစ်လာလိမ့်မယ်…မယ်…နေစမ်းပါဦး…အဲ့ဟာကို ငါ့ဘက် တယမ်းယမ်း မလုပ်လို့ရမလား”
ဇူအန် ပျာယာခတ်သွားသည်။ ရှက်ကိုးရှက်ကန်းနှင့် သူ့ခန္ဓာကိုယ်ကို ဖုံးဖို့ ကြိုးစားပြီး ပြောလိုက်သည်။ “ကျုပ်အမှားပါ။ ကျုပ်ခန္ဓာကိုယ်ကို သန့်စင်ဆေးကြောတာ ပြီးခါစဆိုတော့ ဒီဟာက သူ့ဟာသူ…ဟို…အလိုအလျောက်”
နဂါးဝတ်ရုံဝတ်ထားသူ လူကြီးသည် အေးတိအေးစက်ဖြင့် နှာမှုတ်ပြီး ပြောလိုက်သသည်။ “သေချာပေါက် ငါ အဲ့ဒါကို သိတာပေါ့။ မင်း ငါ့ကို စကားဆက်ပြောနိုင်သေးတာ ဘာကြောင့်လို့ ထင်နေတာလဲ”
ဇူအန် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ “ပြောရင်းနဲ့ ဘာလို့ ကမ္ဘာဦးမူလကျင့်စဉ် ရဲ့ အပိုင်းတဝက်ပဲ ရှိရတာလဲ။ နောက်တဝက်က ဘယ်မှာရှိလဲဆိုတာ ကျုပ်သိခွင့်ရမလား”
“နောက်တဝက်က အနောက်ဘက်ခွေးခေါင်းတောင် မှာ ရှိတယ်” နဂါးဝတ်ရုံဝတ်ထားသူ လူကြီးက ပြန်ဖြေလာသည်။ “အနာဂတ်မှာ မင်း အဲ့ဒီနေရာကို ရောက်သွားရင် မင်း ရသွားမှာပါ”
ဇူအန် မနေနိုင်ဘဲ ဤလူကြီးက တမင်တကာ လုပ်နေတာလားဟု သံသယဝင်မိသည်။ ခင်ဗျားရဲ့ အမိန့်ကို အတင်းလုပ်ခိုင်းနိုင်ဖို့ ကမ္ဘာဦးမူလကျင့်စဉ် ကို နှစ်ပိုင်းခွဲထားတယ်ဆိုတာ ကြိုမပြောဘဲ အဲ့ဒါရဲ့ ကောင်းမြတ်ပုံကို ကျုပ်ကို အရင်ခံစားကြည့်ခိုင်းလိုက်တာမလား။
မည်သို့ဆိုဆို သူ့ညီလေးပေါ်က ချိတ်ပိတ်မန္တာန်ကို ဖယ်ရှားနိုင်ခဲ့သဖြင့် ထိုအရာအားလုံးသည် ထိုက်တန်ပါသည်။ ယင်းပညာက ကောင်းကင်ဖီးနစ်ကျင့်စဉ်နှင့် အတူတကွ အသုံးပြုလို့ရသည့်အချက်ကိုမူ ပြောနေစရာပင် မလိုတော့ပါ။ တစ်ခုသည် သူ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားဖို့ လိုအပ်ပြီး နောက်တစ်ခုသည် သူ့ကို မြန်မြန်ပြန်ကောင်းသွားစေနိုင်သည်။ ၎င်းသည် ပြီးပြည့်စုံသော ပေါင်းစပ်မှုဖြစ်သည်။
“ကမ္ဘာဦးမူလကျင့်စဉ်က မကြာခဏ လေ့ကျင့်ဖို့ လိုတယ်။ မင်း အဲ့ဒါကို အသုံးပြုလေလေ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ ပိုလွယ်ကူလေလေပဲ။ မင်းကိုယ်မင်း ကောင်းကောင်းကာကွယ်ပါ။ အနောက်ဘက်ခွေးခေါင်းတောင် ကို ရှာမတွေ့ခင် သေမသွားနဲ့အုံး” နဂါးဝတ်ရုံဝတ်ထားသူ လူကြီးက ပြောလိုက်သည်။
“အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ။ အနောက်ဘက်ခွေးခေါင်းတောင် ကို ဘယ်လိုရှာရမလဲဆိုတာ သိခွင့်ရှိမလား” ဇူအန် ပြန်ပြောလိုက်သည်။
နဂါးဝတ်ရုံဝတ်ထားသူ လူကြီးသည် အကြာကြီး တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ပြန်ပြောလာခဲ့သည်။ “ငါလည်း မသိဘူး”
“ရေးမှတ်ထားတာမျိုး ၊ မြေပုံ ဒါမှမဟုတ် သဲလွန်စအဖြစ် အသုံးပြုနိုင်မယ့် တစ်ခုခုလေးတောင် မရှိဘူးလား” ဇူအန် ထပ်မေးလိုက်သည်။
“ဘာဆိုဘာမှ မရှိဘူး” နဂါးဝတ်ရုံဝတ်ထားသူ လူကြီးက ခေါင်းခါလိုက်သည်။
“ဘာမှမရှိဘူး” ဇူအန် ထိတ်လန့်သွားသည်။ ဒါက သောက်တလွဲထောင်ချောက်တစ်ခုမဟုတ်ဘူးလား။ ဒီလောကကြီး ဘယ်လောက်ကြီးမားကျယ်ပြောသလဲဆိုတာကို စဉ်းစားကြည့်၊ သဲလွန်စတစ်ခုလေးတောင် မရှိဘဲ တည်နေရာတစ်ခုကို ငါ ဘယ်လိုလုပ်ရှာနိုင်မလဲ။
နဂါးဝတ်ရုံဝတ်ထားသူ လူကြီးက ဆက်ပြောလာသည်။ “အခုချိန် ငါက ငွေရောင် ဝိဉာဉ်တစ်ကောင်သက်သက်ပါ။ ငါသိထားတာတွေကလည်း အကန့်အသတ်နဲ့ရှိပြီး နှစ်အများကြီး ကုန်လွန်သွားခဲ့ပြီ။ အနောက်ဘက်ခွေးခေါင်းတောင် က ရှိခဲ့ဖူးတဲ့ နေရာမှာ မရှိတော့တာလည်း ဖြစ်နိုင်တယ်။ အဲ့အတွက်တော့ မင်းကိုယ်မင်းပဲ အားကိုးရလိမ့်မယ်”
သူ့ပုံရိပ်သည် စတင်မှေးမှိန်လာသည်။ အချိန်မရွေး ပျောက်ကွယ်သွားတော့မယ့်ပမာ ဖြစ်နေ၏။
ဇူအန် အမောတကောဖြင့် ထပ်မေးလိုက်သည်။ “ဒီတာဝန်အတွက် အချိန်ကန့်သတ်ထားတာ ရှိလား”
“အဲ့လိုမျိုး ဘာမှမရှိဘူး။ ဒါပေမယ့် ငါ့မှတ်ဉာဏ်တွေကတော့ မင်း ဒီတာဝန်ကို မြန်နိုင်သမျှ အမြန်ဆုံးဖြင့် ပြီးမြောက်အောင် လုပ်သင့်တယ်လို့ ပြောနေတယ်” နဂါးဝတ်ရုံဝတ်ထားသူ လူကြီးက ပြန်ပြောလိုက်သည်။
ဇူအန် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ အချိန်ကန့်သတ်ထားတာ မရှိသဖြင့် သူ ပျော်သွားသည်။ ဒါဆို အနောက်ဘက်ခွေးခေါင်းတောင် ကို ရှာဖို့ သူ အချိန်ယူလို့ရတာပဲ။
နဂါးဝတ်ရုံဝတ်ထားသူ လူကြီး၏ အော်ရာသည် ပိုမှေးမှိန်သွားပြီး ပြောလိုက်သည်။ “ငါ မကြာခင် ပျောက်ကွယ်သွားရတော့မယ်။ မင်းမှာ တခြားမေးစရာရှိသေးရင် မေးလိုက် ငါ ပြန်ဖြေပေးမယ်”
“ဟိုခေါင်းတလားထဲက အမျိုးသမီးကို ကျုပ်ဘယ်လိုလုပ်ရမလဲ” ဇူအန် ဂရုတစိုက်ဖြင့် မေးလိုက်သည်။
နဂါးဝတ်ရုံဝတ်ထားသူ လူကြီး၏ မျက်ဝန်းထဲ စူးရှသည့် အလင်းတန်း ဖျတ်ခနဲ လက်သွားပြီး ပြန်ဖြေလိုက်သည်။ “သတ်လိုက်”
“သတ်ရမယ်” ဇူအန် ဆွံ့အသွားသည်။ ဘယ်လိုပဲဆိုဆို ခင်ဗျားတို့နှစ်ယောက်က စုံတွဲဖြစ်ခဲ့ကြဖူးတယ်လေ၊ ဒီလောက်ရက်စက်ဖို့ လိုလို့လား။ ပြီးတော့ အဲ့လောက်လှတဲ့ မိန်းကလေးကို သတ်ပစ်ဖို့က တကယ်နှမျောစရာကြီး…. “ဒါပေမယ့် သူက ကျုပ်ထက် အများကြီးအင်အားပိုကြီးတယ်လေ။ ကျုပ် သူ့ကို ဘယ်လိုသတ်နိုင်မှာလဲ”
“မင်း လုပ်နိုင်ပါတယ်။ ကမ္ဘာဦးမူလကျင့်စဉ်ကို အသုံးပြုလိုက်ပါ…သန့်စင်….” နဂါးဝတ်ရုံဝတ်ထားသူ လူကြီးသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး ခပ်တိုးတိုး စကားသံများသာ ကျန်ရစ်သွားသည်။
ဇူအန်ရှေ့က မြင်ကွင်းများ မှုန်ဝါးသွားပြီး သူ သတိပြန်ဝင်လာသည့်အချိန်တွင် သူသည် မြေအောက်နန်းဆောင်သို့ ပြန်ရောက်နေခဲ့ပြီဖြစ်သည်။ သူ့လက်ထဲ၌ ထိုက်ဝူဓားကို ဆုပ်ကိုင်ထားခဲ့၏။
“အဲ့မှာ ဘာလို့ငေးကြောင်ကြောင်ဖြစ်နေတာလဲ။ မြန်မြန် ဆင်းလာခဲ့လေ” မိန်လိ လှမ်းအော်လိုက်သည်။
--- --- --- ---------------------------------------- --- -- -- - - - - -
Chapter 186: ကမၻာဦးမူလက်င့္စဥ္
အေနာက္ဘက္ေခြးေခါင္းေတာင္ လား အရင္ဘဝက ကီးဘုတ္ဖိုက္တာတစ္ေယာက္အေနႏွင့္ အင္တာနက္ဖိုရမ္မ်ားေပၚ က်င္လည္တတ္သူအေနျဖင့္ ဇူအန္ ဤနာမည္ကို ၾကားဖူးပါသည္။ ၎သည္ ခ်င္ မင္းဆက္ ေတာ္ဝင္မိသားစု၏ ခမ္းနားထည္ဝါေသာ ဘိုးဘြားကုန္းေျမ ျဖစ္သည့္ဟန္ေပၚသည္။
ဒါေပမယ့္လည္း ငါ ဘာအတြက္ အေနာက္ဘက္ေခြးေခါင္းေတာင္ ကို သြားရမွာလဲဆိုတာ ငါ့ကို ဒီအတိုင္း ေျပာျပလို႔မရဘူးလား။ မင္းတို႔လို ပညာရွင္ေတြက ဘာလို႔ ပေဟဠိဆန္ဆန္ လုပ္ရတာ ႀကိဳက္ၾကတာလဲ။ ဒီလိုမ်ိဳးလုပ္တာက မင္းတို႔ကို ပညာရွိတဲ့ပုံေပါက္ေစတယ္လို႔ တကယ္ထင္ေနၾကတာလား။
မွတ္ထားပါ။ မင္းနဲ႕အတူ ထိုက္ဝူဓါး ကို ယူေဆာင္လာၿပီး အေနာက္ဘက္ေခြးေခါင္းေတာင္ ကို လာရမယ္ နဂါးဝတ္႐ုံဝတ္ထားသည့္ လူႀကီးက မွာလိုက္သည္။
ဘာလို႔လဲ ဇူအန္ ျပန္ေမးလိုက္သည္။
ထိုက္ဝူဓါး က အေနာက္ဘက္ေခြးေခါင္းေတာင္ ထဲ ဝင္သြားနိုင္ဖို႔ ေသာ့ခ်က္ပဲ
ေသာ့
ဇူအန္ သူ႕လက္ထဲက ဓားကို ၾကည့္ၿပီး ဒီေလာက္ႀကီးမားတဲ့ ေသာ့ႏွင့္ဆို တံခါးက ဘယ္ေလာက္ေတာင္ႀကီးလိုက္မလဲဆိုၿပီး တအံ့တၾသ စဥ္းစားမိလိုက္သည္။
ေသခ်ာေပါက္ ငါ မင္းကို အလကား လုပ္ခိုင္းမွာ မဟုတ္ပါဘူး။ ထိုက္ဝူဓါးထဲက ခ်ိတ္ပိတ္မႏၱာန္က ကမၻာဦးမူလက်င့္စဥ္ ရဲ႕ ပထမတစ္ဝက္ပဲ။ အဲ့ဒါက မင္းရဲ႕ ခႏၶာကိုယ္ကို သန့္စင္ေဆးေၾကာေပးနိုင္တယ္။ သူ႕မွာ အားျပင္းတဲ့ သန့္စင္ေဆးေၾကာနိုင္စြမ္း နဲ႕ ျပန္ေကာင္းနိုင္စြမ္းလည္း ရွိတယ္။ မင္းအတြက္ အမ်ားႀကီးအေထာက္အကူျဖစ္မွာပါ
ကမၻာဦးမူလက်င့္စဥ္ ဇူအန္ ျပန္ေရ႐ြတ္လိုက္သည္။
နာမည္တစ္ခုႏွင့္တင္ ၎သည္ ၿဖဳံေလာက္စရာ ပစၥည္းတစ္ခုခု ျဖစ္နိုင္ေၾကာင္း သူ ေျပာနိုင္သည္။ သန့္စင္ေဆးေၾကာေပးနိုင္စြမ္းကို သူ သိပ္ဂ႐ုမစိုက္ေသာ္လည္း ျပန္ေကာင္းနိုင္စြမ္းသည္ အခုခ်ိန္ သူ လိုအပ္ေနသည့္ အရာျဖစ္သည္။
သူ႕က်န္းမာေရးအေျခအေန နိမ့္က်တဲ့အခ်ိန္ သူ႕ခႏၶာကိုယ္ကို အားရွိေစနိုင္ေသာ ေကာင္းကင္ဖီးနစ္က်င့္စဥ္ ၏ အစြမ္းအစသည္ တကယ္ၿဖဳံစရာေကာင္းပါသည္။ သို႔ေသာ္ ၎သည္ အႏၱရာယ္လည္း အလြန္မ်ား၏။ အကယ္၍ သူ႕က်န္းမာေရးအေျခအေနကို ေသခ်ာမေစာင့္ၾကည့္မိဘဲ မေတာ္တဆ သူခံနိုင္သည့္ အကန့္အသတ္ထက္ ေက်ာ္လြန္မိသြားလွ်င္ သူ႕အတြက္ တကယ္အဆုံးသတ္ေရာက္သြားလိမ့္မည္။
ထိုအခ်က္မ်ားအျပင္ နတ္ေဆးဆရာက်ီ အပါအဝင္ အျခားေဆးဆရာ အမ်ားစု ေဖာ္စပ္ေသာ ေဆးလုံးမ်ားသည္ အာနိသင္ျပရန္ တခဏမွ် ၾကာတတ္သည္။ အကယ္၍ သူ အေရးေပၚအေျခအေနသို႔ ေရာက္သြားလွ်င္ ယင္းေဆးလုံးမ်ားက သူ႕အသက္ကို မကယ္တင္နိုင္ဖို႔ ျဖစ္နိုင္ေခ်ရွိသည္။ ေနာက္ဆုံး၌ တကယ္အားကိုးလို႔ရသည့္ တစ္ခုတည္းေသာ အရာသည္ ႏြေဦးကိုႀကီးတြင္ယုံၾကည္မႈ သာျဖစ္သည္။ သို႔ေသာ္ ၎ကို ေ႐ြးခ်ယ္မိရန္လည္း အလြန္ခက္ခဲသည္။
က်ဳပ္ အဲ့ဒီပညာကို ဘယ္လိုက်င့္ႀကံနိုင္မလဲ ဇူအန္ ေမးလိုက္သည္။
မင္းရဲ႕ အသိစိတ္ေတြအားလုံးကို ဓားေပၚ ထည့္ထားလိုက္၊ အဲ့ဒါဆို မင္း ခံစားမိနိုင္လိမ့္မယ္ နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီးက ျပန္ေျဖၾကားလိုက္သည္။
ဇူအန္သည္ တဖက္လူက သူ႕ကို ဝင္ပူးဖို႔ ႀကိဳးစားမွာ စိုးရိမ္သျဖင့္ သူ႕အသိစိတ္ပါးပါးေလးကို သူ႕ေဘးပတ္ဝန္းက်င္တစ္ေနရာ၌ ေသေသခ်ာခ်ာ ထားလိုက္သည္။ မည္သို႔ဆိုဆို ၎သည္ အရင္ဘဝတုန္းက သူ ဖတ္ခဲ့ ၾကည့္ခဲ့ဖူးသည့္ ဒရာမာမ်ား ၊ ဝတၳဳမ်ားထဲက ဖန္တရာေတေနေသာ ဇာတ္ေၾကာင္းျဖစ္ေနသည္။
သူ႕အသိစိတ္ကို ထိုက္ဝူ ဓားေပၚသို႔ ႀကိဳးစားအာ႐ုံစိုက္ထည့္သြင္းလိုက္သည္။ ထိုအခါ သူ႕စိတ္ထဲ စကားလုံးမ်ား အစီအရီလိုက္ ထြက္ေပၚလာၾကသည္။
ကမၻာဦးတုန္းက ေကာင္းကင္ႏွင့္ေျမႀကီးတို႔ မကြဲထြက္သြားၾကေသးသလို ေမွာင္မည္းညိုမွိုင္းၿပီး ဘာမွမရွိေသးပါ။ အရာအားလုံးသည္ ကမၻာဦးအခ်ိန္မွ စတင္ေပၚေပါက္လာၾကသည္
ထိုအခ်ိန္၌ ကီးဘုတ္၏ အသံ ျမည္လာသည္။ အေနာက္ဘက္ေခြးေခါင္းေတာင္ ၏ လ်ိဳ႕ဝွက္က်မ္းစာလိပ္ - ကမၻာဦးမူလက်င့္စဥ္ ကို ေတြ႕ရွိ ၊ ကီးဘုတ္ ဖန္ရွင္ တစ္ခုကို အသက္သြင္းရန္ ၎ကို လက္ခံလိုက္ပါ
ဇူအန္ အေပ်ာ္လြန္သြားသည္။ မထင္မွတ္ပဲ အံ့ၾသစရာအႀကီးႀကီးရလိုက္တာပဲဟ။ ဒီေနရာမွာ တကယ္ႀကီး ေနာက္ထပ္လ်ိဳ႕ဝွက္ပညာတစ္ခု ငါ ရွာေတြ႕လိုက္တာပဲ။
ယင္းအခြင့္အေရးကို သူ လွ်င္လွ်င္ျမန္ျမန္ လက္ခံလိုက္သည္။ အမည္းေရာင္ျမဴခိုးမ်ားသည္ F3 ခလုတ္ေပၚသို႔ အလွ်င္အျမန္ တိုးဝင္သြားၾကၿပီး ၎ေပၚ၌ ထူးျခားဆန္းၾကယ္ေသာ အမွတ္အသားတစ္ခု ထြက္ေပၚလာခဲ့သည္။
မင္းရဲ႕ ခႏၶာကိုယ္ကို စတင္သန့္စင္ေဆးေၾကာေတာ့မလား ကီးဘုတ္က မဆိုင္းမတြ ေမးလာခဲ့သည္။
ငါ့ခႏၶာကိုယ္ကို သန့္စင္ေဆးေၾကာမယ္အဲ့ဒါက ဘာကိုဆိုလိုတာလဲ။
မည္သို႔ပင္ျဖစ္ေစ ဤေ႐ြးခ်ယ္မႈကို သူ ျငင္းလိုက္လွ်င္ ဤအခြင့္အေရးအား ဆုံးရႈံးသြားမွာ စိုးရိမ္သျဖင့္ Yes ခလုတ္ကို ျမန္ျမန္ႏွိပ္လိုက္သည္။
ထိုသို႔ႏွိပ္လိုက္ၿပီးေနာက္ ကီးဘုတ္မွ အမည္းေရာင္ျမဴခိုးတၿပဳံႀကီး ထြက္လာၾကၿပီး သူ႕ခႏၶာကိုယ္အား လႊမ္းၿခဳံလာၾကသည္ကို သူ ေတြ႕လိုက္သည္။ ဤေလာက၏ ကီ..မဟုတ္ဘူး..ကီထက္ ပိုျဖဴစင္ၿပီး အားပိုမ်ားေသာ စြမ္းအားတစ္ခု ၊အရင္တုန္းက သူ မခံစားမိဖူးသည့္ တစ္စုံတစ္ရာသည္ သူ႕ခႏၶာကိုယ္ထဲသို႔ တဟုန္ထိုး ဝင္ေရာက္သြားၾကသည့္ ခံစားခ်က္မ်ိဳး သူ ရရွိေနသည္။
ဒါက စာအုပ္ေတြထဲ မၾကာခဏ ထည့္ေရးေလ့ရွိၾကတဲ့ ကမၻာဦးကီ လား။
သူ႕ခႏၶာကိုယ္ထဲ တိုးဝင္ေရာက္သြားသည့္ ကမၻာဦးကီမ်ားက သူ႕ခႏၶာကိုယ္ႏွင့္ ေသြးေၾကာမ်ားအား ေျပာင္းလဲျပဳျပင္ေပးေနသည္ကို သူ ခံစားမိသည္။ ေရပူစမ္းတစ္ခုထဲ သက္ေသာင့္သက္သာျဖင့္ စိမ္ေနရသည့္ပမာ သူ ခံစားရသည္။ သို႔ေသာ္ ရံဖန္ရံခါ စူးေအာင့္နာက်င္သည့္ ေဝဒနာမ်ိဳး ထြက္လာေလ့ရွိသည္။ တစ္စုံတစ္ေယာက္က သူ႕ကို အပ္ျဖင့္ခ်ဳပ္ေနသည့္သဖြယ္ပင္။
ယင္းေဝဒနာက ျမန္ျမန္ျပန္ေပ်ာက္ကြယ္သြားၿပီး နာက်င္မႈေဝဒနာတစ္ခါ ေပၚလာၿပီးတိုင္း ႐ႊင္ပ်လန္းဆန္းေသာ ခံစားခ်က္တစ္ခု မသိမသာ ေပၚလာသျဖင့္ ေတာ္ေသးသည္။ ထိုသို႔မျဖစ္လွ်င္ သူ႕ကိုယ္သူ တဖက္လူ၏ ေထာင္ေခ်ာက္ထဲ က်ဆင္းသြားၿပီဟု ေတြးမိလိမ့္မည္ျဖစ္သည္။
ဝမ္းဗိုက္ေအာက္မွာ ကီကို ခ်ိတ္ပိတ္ထားတဲ့ ဗဟိုခ်က္ကို ေတြ႕ရွိပါတယ္။ ၎ခ်ိတ္ပိတ္စည္းကို ဖယ္ရွားပါမည္ေလာ ကီးဘုတ္က ေနာက္ထပ္တစ္ႀကိမ္ ျပန္ေမးလာသည္။
ဇူအန္ တခဏေလာက္ ေၾကာင္သြားၿပီးမွ သူ႕တကိုယ္လုံး အလြန္အမင္းေပ်ာ္႐ႊင္မႈမ်ားႏွင့္ ျပည့္ႏွက္သြားၿပီး စိတ္လႈပ္ရွားစြာ ခုန္ေပါက္လုနီးပါးျဖစ္သြားခဲ့သည္။ ဖယ္ဖယ္ရွားမယ္ဖယ္ရွားမယ္
ကမၻာဦးကီသည္ ယင္းခ်ိတ္ပိတ္မႏၱန္ကို ဖယ္ရွားရန္ သူ႕ဝမ္းဗိုက္ဘက္သို႔ တန္းခနဲ သြားလိုက္သည္။ အရင္တုန္းက ေမွးမွိန္ၾကာပန္း၏ ပြင့္ဖတ္မွ ထြက္လာသည့္ စြမ္းအား လုပ္ခဲ့ပုံႏွင့္ ဆင္တူ၏။ သို႔ေသာ္ မတူညီသည့္ အခ်က္မွာ ကမၻာဦးကီသည္ အမ်ားႀကီး ပိုအာ႐ုံစိုက္ၿပီး အင္အားပိုႀကီးသည္။ ေမွးမွိန္ၾကာပန္းပြင့္ဖတ္၏ စြမ္းအားသည္ ခ်ိတ္ပိတ္မႏၱာန္ကို ၿပိဳက်သြားေအာင္ လုပ္ရန္ မလုံေလာက္ခဲ့ပါ။ သို႔ေသာ္ ကမၻာဦးကီ၏ ျပင္းျပင္းထန္ထန္ တြန္းတိုက္ေဆာင့္မႈေအာက္၌ အရင္တုန္းက သူ႕လမ္းေပၚ ရပ္ေနသည့္ အတားအဆီးသည္ စတင္ေျပေလ်ာ့လာခဲ့သည္။
ဤေနရာက အျဖစ္အပ်က္ကို ခံစားသိရွိသြားၾကသည့္ပမာ သူ႕ခႏၶာကိုယ္တျခားအစိတ္အပိုင္းမ်ားထဲ ေရာက္ေနသည့္ ကမၻာဦးကီမ်ားသည္ ကူညီေပးရန္ ထိုေနရာသို႔ အလွ်င္အျမန္ ကူးေျပာင္းစီးဆင္းလာၾကသည္။ သိပ္မၾကာလိုက္ပါ ကမၻာဦးကီအားလုံးသည္ သူ႕ဝမ္းဗိုက္ထဲ၌ အာ႐ုံတစိုက္ အလုပ္လုပ္ေနၾကသည္။ ၎က ဇူအန္ကို အလြန္အမင္းစိုးရိမ္ေၾကာက္လန့္သြားေစသည္။
ထိုေနရာသည္ အလြန့္အလြန္ႏူးညံ့ေပ်ာ့ေပ်ာင္းသျဖင့္ အမွားတစ္ခ်က္ေလးကပင္ ျပန္မေကာင္းနိုင္ေတာ့ေသာ ထိခိုက္ဒဏ္ရာရေစနိုင္သည္ဟု ေလာင္မိုင္ ထံမွ ၾကားခဲ့ဖူးသည္ကို သူ ျပန္မွတ္မိသြားသည္။
ကမၻာဦးကီက ဒီေနရာမွာ အမွားတစ္ခုေလးမွ မလုပ္မိရင္ ပိုေကာင္းမယ္။ အခုခ်ိန္ ငါ ခ်ိတ္ပိတ္ခံထားရေကာင္းရနိုင္ေပမယ့္ အနည္းဆုံးေတာ့ ငါက ေယာက်ာ္းေလး တစ္ေယာက္ပဲ။ တကယ္လို႔ ကမၻာဦးကီက အလြန္အက်ဴး လုပ္မိသြားလို႔ ဟိုဟာကို မေတာ္တဆ သြားထိမိသြားရင္ ငါ့ေခါင္းနဲ႕တိုင္ေဆာင့္ၿပီး ဒီေနရာမွာ ခ်က္ခ်င္း သတ္ေသလိုက္မယ္။
ကမၻာဦးကီသည္ သူ ထင္ထားတာထက္ ပိုၿပီး အမ်ားႀကီးအင္အားပိုႀကီး၍ ေတာ္ေသးသည္။ မၾကာခင္တြင္ ဗုန္း ဆိုသည့္ အသံ မသဲမကြဲ ထြက္လာခဲ့သည္။ ႏွစ္အၾကာႀကီးပိတ္ခံခဲ့ရသည့္ တစ္စုံတစ္ရာသည္ ေနာက္ဆုံး၌ ပြင့္သြားၿပီျဖစ္ေၾကာင္းကို ဇူအန္ ခံစားမိသည္။ ၎က သူ႕ကို လန္းဆန္းတက္ႂကြၿပီး အားရွိသြားေစသည္။ မေမွ်ာ္လင့္ဘဲ သူ႕ခႏၶာကိုယ္သည္လည္း ခါတိုင္းထက္ ပိုေပါ့ပါးေနသည္။
ခ်ိတ္ပိတ္စည္းအေၾကာင္းကို သူ အမ်ားႀကီးမသိေကာင္းမသိလိမ့္မည္။ သို႔ေသာ္ မည္သည့္အရာပဲျဖစ္ျဖစ္ သူ႕ကိုယ္ထဲ ထည့္ထားသည့္ ထိုစည္းသည္ ေနာက္ဆုံး၌ ေပ်ာက္ျပယ္သြားၿပီျဖစ္ေၾကာင္းကိုမူ သူ သိသည္။
ပိုေကာင္းသည့္အရာမွာ ကမၻာဦးကီသည္ ခ်ိတ္ပိတ္စည္းကို ဖယ္ရွားၿပီးေနာက္ ခ်က္ခ်င္းမပ်ံ့ႏွံ႕မေပ်ာက္ကြယ္သြားပါ။ ၎သည္ သူ႕ခႏၶာကိုယ္တစ္ေလွ်ာက္ လည္ပတ္စီးဆင္းၿပီး ဆက္လက္သန့္စင္ေပးေနသည္။
ဇူအန္ ေခါင္းငုံ႕ၿပီး ၾကည့္ၾကည့္လိုက္သည္။ အလြန္အမင္း စိတ္လႈပ္ရွားမႈေၾကာင့္ သူ႕မ်က္လုံးမ်ားသည္ အလွ်င္အျမန္ နီရဲသြားသည္။ သူ အႀကီးအက်ယ္ စိုးရိမ္ပူပန္ခဲ့သည့္ ၾကက္ေပါက္စသည္ ေနာက္ဆုံး၌ သူ႕ေတာင္ပံကို ျဖန့္ၿပီး ႀကီးမားထည္ဝါေသာ ဂဠုန္ အျဖစ္သို႔ အ႐ြယ္ေရာက္ႀကီးထြားသြားသည္။
သူ႕အရင္ဘဝက မနက္နိုးတိုင္း ခံစားခဲ့ရသည့္ ယင္းခံစားခ်က္သည္ ေနာက္ဆုံး၌ ျပန္ေရာက္လာသည္။
ဇူအန္ ေခါင္းေမာ့ၿပီး သူ႕ႏွလုံးသားထဲ ျပည့္လွ်ံလာသည့္ ခံစားခ်က္မ်ားကို ေပါက္ကြဲပစ္ရန္ ဝံပုေလြတစ္ေကာင္ပမာ ျမည္ေႂကြးလိုက္သည္။
အူးဝူး.
ေနာက္ဆုံးေတာ့ေနာက္ဆုံးေတာ့ ငါ ဆုံးရႈံးခဲ့ရတဲ့ အရာကို ျပန္ရသြားၿပီ။
ဒီတစ္ခ်ိန္လုံး လူတိုင္းက သူ႕ကို အဆင့္ျမင့္ေကာင္းမြန္ေသာ ဘဝ၌ ေနထိုင္ေနရသည္ဟုသာ ထင္ၾကသည္။ လူရည္လည္ၿပီး၊ ေခ်ာေမာခံ့ညား႐ုံသာမက ၾကင္လည္းၾကင္နာတတ္ၿပီး အံ့ၾသဖြယ္ဇနီးတစ္ေယာက္လည္း ပိုင္ဆိုင္ထားသည္။ ငါက ဘဝမွာ သုညကေန ေအာင္ျမင္သူတစ္ေယာက္ရဲ႕ ဘဝကို ပုံေဖာ္ေပးသူစစ္စစ္ျဖစ္ေနခဲ့တယ္။ ဒါေပမယ့္ အဲ့ဒါေတြအားလုံးက အျပင္ပိုင္းသြင္ျပင္သာျဖစ္ေၾကာင္းကို ငါ တစ္ေယာက္တည္းကပဲ သိထားတာ။ ဒီေအာက္ဘက္မွာသာ ငါ မစြမ္းနိုင္ရင္ တျခားအရာအားလုံးက အဓိပ္ပါယ်မရှိဘူးလေ။
သူ အလြန္အမင္းဝမ္းေျမာက္ေပ်ာ္႐ႊင္ေနမိသည္။
ငါ့ရဲ႕မစြမ္းနိုင္မႈေၾကာင့္ စိတ္ပ်က္လက္ပ်က္နဲ႕ ျဖတ္သန္းခဲ့ရတဲ့ ေန႕ရက္ေတြအားလုံးအတြက္ ေနာက္ဆုံးေတာ့ အဆုံးသတ္သြားၿပီ။
သူ ၿမဳံခဲ့ဖူးေၾကာင္း အျခားသူေတြကို ေျပာျပဖို႔က ရွက္ဖို႔ေကာင္းေနလို႔သာ၊ မဟုတ္လွ်င္ သူ ေမာင္း တီးၿပီး ေပ်ာ္႐ႊင္စရာဤသတင္းကို လူတိုင္းထံသို႔ ေၾကညာလိုက္မည္ျဖစ္သည္။
ထို႔ေနာက္ သူ ေခါင္းငုံ႕ၿပီး ေနာက္တစ္ေခါက္ ျပန္ၾကည့္လိုက္သည့္အခါ ထိတ္လန့္တုန္လႈပ္ၿပီး ဆတ္ခနဲ ခုန္မိသြားသည္။ ဒါေပမယ့္ ဒါဒါက နည္းနည္းမလြန္လြန္းဘူးလား
က်န္ရွိေနေသးေသာ ကမၻာဦးကီမ်ားက သူ႕ခႏၶာကိုယ္အား ဆက္လက္သန့္စင္ေပးေနသည္ကို ၾကည့္ရင္း သူ အနည္းငယ္ရွက္သြားသည္ႏွင့္တၿပိဳင္နက္ ေပ်ာ္လည္းေပ်ာ္သြားသည္။ သန့္စင္ေဆးေၾကာျခင္းၿပီးသြားသည့္အခ်ိန္၌ သူ႕ခႏၶာကိုယ္သည္ အရင္ဒဏ္ရာမ်ားမွ အျပည့္အဝျပန္ေကာင္းသြားၿပီျဖစ္ၿပီး သူသည္ စြမ္းအားမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ ခါတိုင္းထက္ အင္အား ပိုႀကီး သန္မာသည့္ ေယာက္်ားဘသားတစ္ဦးပမာ သူ ခံစားရသည္။
ထိုအခ်ိန္၌ ကီးဘုတ္ အသံ ေနာက္တစ္ေခါက္ ထပ္ျမည္လာသည္။ ကမၻာဦးမူလက်င့္စဥ္ ရဲ႕ မျပည့္စုံမႈေၾကာင့္ ေနာက္ ဖန္ရွင္အသစ္ကို မဖြင့္နိုင္ပါ
ဟမ္ ဇူအန္ တခဏေလာက္ ေၾကာင္သြားၿပီးမွ သူ႕တြင္ ကမၻာဦးမူလက်င့္စဥ္ ၏ အပိုင္းတဝက္သာရွိေၾကာင္း ျပန္မွတ္မိသြားသည္။
မင္းက ကံလည္းေကာင္းသလို အရည္အခ်င္းလည္းရွိတာပဲ။ သန့္စင္ေဆးေၾကာျခင္းရဲ႕ ပထမအဆင့္ကို ဒီေလာက္ျမန္ျမန္ၿပီးေအာင္ လုပ္နိုင္တာ မယုံနိုင္စရာပဲ။ မင္းရဲ႕အင္အား ၊ ခံနိုင္ရည္ နဲ႕ ျပန္ေကာင္းနိုင္စြမ္းတို႔က အရင္တုန္းကထက္ အမ်ားႀကီးပိုတိုးတက္သြားလိမ့္မယ္ နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီးက ေျပာလိုက္သည္။
ကမၻာဦးမူလက်င့္စဥ္ မွာ အဆင့္တက္သြားတိုင္း မင္းခႏၶာကိုယ္ကလည္း ေျပာင္းလဲမႈ ႀကဳံရလိမ့္မယ္။ အဆင့္တူ က်င့္ႀကံသူေတြက မင္းကို သိပ္ထိခိုက္နိုင္ၾကေတာ့မွာ မဟုတ္သလို ပိုအဆင့္ျမင့္တဲ့ က်င့္ႀကံသူေတြထံကေန မင္း ရရွိတဲ့ ထိခိုက္ပ်က္စီးႏႈန္းကလည္း အမ်ားႀကီးေလ်ာ့နည္းသြားလိမ့္မယ္။ တကယ္လို႔ မင္း ပညာအားလုံးရဲ႕ အျမင့္ဆုံးအဆင့္ကို ေရာက္နိင္ရင္ မင္း ျပာမႈန့္မျဖစ္သြားေသ႐ြ႕ မင္းခႏၶာကိုယ္က သူ႕နဂိုမူလအေျခအေနကို ျပန္ေရာက္သြားနိုင္လိမ့္မယ္။ အဲ့ခ်ိန္က်ရင္ေတာ့ မင္း ဒီေလာကႀကီးေပၚက အင္အားအႀကီးဆုံးလူျဖစ္လာလိမ့္မယ္မယ္ေနစမ္းပါဦးအဲ့ဟာကို ငါ့ဘက္ တယမ္းယမ္း မလုပ္လို႔ရမလား
ဇူအန္ ပ်ာယာခတ္သြားသည္။ ရွက္ကိုးရွက္ကန္းႏွင့္ သူ႕ခႏၶာကိုယ္ကို ဖုံးဖို႔ ႀကိဳးစားၿပီး ေျပာလိုက္သည္။ က်ဳပ္အမွားပါ။ က်ဳပ္ခႏၶာကိုယ္ကို သန့္စင္ေဆးေၾကာတာ ၿပီးခါစဆိုေတာ့ ဒီဟာက သူ႕ဟာသူဟိုအလိုအေလ်ာက္
နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီးသည္ ေအးတိေအးစက္ျဖင့္ ႏွာမႈတ္ၿပီး ေျပာလိုက္သသည္။ ေသခ်ာေပါက္ ငါ အဲ့ဒါကို သိတာေပါ့။ မင္း ငါ့ကို စကားဆက္ေျပာနိုင္ေသးတာ ဘာေၾကာင့္လို႔ ထင္ေနတာလဲ
ဇူအန္ ရွက္ကိုးရွက္ကန္းျဖင့္ ေခါင္းကုတ္ၿပီး စကားလမ္းေၾကာင္းလႊဲလိုက္သည္။ ေျပာရင္းနဲ႕ ဘာလို႔ ကမၻာဦးမူလက်င့္စဥ္ ရဲ႕ အပိုင္းတဝက္ပဲ ရွိရတာလဲ။ ေနာက္တဝက္က ဘယ္မွာရွိလဲဆိုတာ က်ဳပ္သိခြင့္ရမလား
ေနာက္တဝက္က အေနာက္ဘက္ေခြးေခါင္းေတာင္ မွာ ရွိတယ္ နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီးက ျပန္ေျဖလာသည္။ အနာဂတ္မွာ မင္း အဲ့ဒီေနရာကို ေရာက္သြားရင္ မင္း ရသြားမွာပါ
ဇူအန္ မေနနိုင္ဘဲ ဤလူႀကီးက တမင္တကာ လုပ္ေနတာလားဟု သံသယဝင္မိသည္။ ခင္ဗ်ားရဲ႕ အမိန့္ကို အတင္းလုပ္ခိုင္းနိုင္ဖို႔ ကမၻာဦးမူလက်င့္စဥ္ ကို ႏွစ္ပိုင္းခြဲထားတယ္ဆိုတာ ႀကိဳမေျပာဘဲ အဲ့ဒါရဲ႕ ေကာင္းျမတ္ပုံကို က်ဳပ္ကို အရင္ခံစားၾကည့္ခိုင္းလိုက္တာမလား။
မည္သို႔ဆိုဆို သူ႕ညီေလးေပၚက ခ်ိတ္ပိတ္မႏၱာန္ကို ဖယ္ရွားနိုင္ခဲ့သျဖင့္ ထိုအရာအားလုံးသည္ ထိုက္တန္ပါသည္။ ယင္းပညာက ေကာင္းကင္ဖီးနစ္က်င့္စဥ္ႏွင့္ အတူတကြ အသုံးျပဳလို႔ရသည့္အခ်က္ကိုမူ ေျပာေနစရာပင္ မလိုေတာ့ပါ။ တစ္ခုသည္ သူ ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရသြားဖို႔ လိုအပ္ၿပီး ေနာက္တစ္ခုသည္ သူ႕ကို ျမန္ျမန္ျပန္ေကာင္းသြားေစနိုင္သည္။ ၎သည္ ၿပီးျပည့္စုံေသာ ေပါင္းစပ္မႈျဖစ္သည္။
ကမၻာဦးမူလက်င့္စဥ္က မၾကာခဏ ေလ့က်င့္ဖို႔ လိုတယ္။ မင္း အဲ့ဒါကို အသုံးျပဳေလေလ ေနာက္တစ္ဆင့္ကို တက္နိုင္ဖို႔ ပိုလြယ္ကူေလေလပဲ။ မင္းကိုယ္မင္း ေကာင္းေကာင္းကာကြယ္ပါ။ အေနာက္ဘက္ေခြးေခါင္းေတာင္ ကို ရွာမေတြ႕ခင္ ေသမသြားနဲ႕အုံး နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီးက ေျပာလိုက္သည္။
အႀကံေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ အႀကီးအကဲ။ အေနာက္ဘက္ေခြးေခါင္းေတာင္ ကို ဘယ္လိုရွာရမလဲဆိုတာ သိခြင့္ရွိမလား ဇူအန္ ျပန္ေျပာလိုက္သည္။
နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီးသည္ အၾကာႀကီး တိတ္ဆိတ္ၿငိမ္သက္သြားၿပီးမွ ျပန္ေျပာလာခဲ့သည္။ ငါလည္း မသိဘူး
ေရးမွတ္ထားတာမ်ိဳး ၊ ေျမပုံ ဒါမွမဟုတ္ သဲလြန္စအျဖစ္ အသုံးျပဳနိုင္မယ့္ တစ္ခုခုေလးေတာင္ မရွိဘူးလား ဇူအန္ ထပ္ေမးလိုက္သည္။
ဘာဆိုဘာမွ မရွိဘူး နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီးက ေခါင္းခါလိုက္သည္။
ဘာမွမရွိဘူး ဇူအန္ ထိတ္လန့္သြားသည္။ ဒါက ေသာက္တလြဲေထာင္ေခ်ာက္တစ္ခုမဟုတ္ဘူးလား။ ဒီေလာကႀကီး ဘယ္ေလာက္ႀကီးမားက်ယ္ေျပာသလဲဆိုတာကို စဥ္းစားၾကည့္၊ သဲလြန္စတစ္ခုေလးေတာင္ မရွိဘဲ တည္ေနရာတစ္ခုကို ငါ ဘယ္လိုလုပ္ရွာနိုင္မလဲ။
နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီးက ဆက္ေျပာလာသည္။ အခုခ်ိန္ ငါက ေငြေရာင္ ဝိဉာဥ္တစ္ေကာင္သက္သက္ပါ။ ငါသိထားတာေတြကလည္း အကန့္အသတ္နဲ႕ရွိၿပီး ႏွစ္အမ်ားႀကီး ကုန္လြန္သြားခဲ့ၿပီ။ အေနာက္ဘက္ေခြးေခါင္းေတာင္ က ရွိခဲ့ဖူးတဲ့ ေနရာမွာ မရွိေတာ့တာလည္း ျဖစ္နိုင္တယ္။ အဲ့အတြက္ေတာ့ မင္းကိုယ္မင္းပဲ အားကိုးရလိမ့္မယ္
သူ႕ပုံရိပ္သည္ စတင္ေမွးမွိန္လာသည္။ အခ်ိန္မေ႐ြး ေပ်ာက္ကြယ္သြားေတာ့မယ့္ပမာ ျဖစ္ေန၏။
ဇူအန္ အေမာတေကာျဖင့္ ထပ္ေမးလိုက္သည္။ ဒီတာဝန္အတြက္ အခ်ိန္ကန့္သတ္ထားတာ ရွိလား
အဲ့လိုမ်ိဳး ဘာမွမရွိဘူး။ ဒါေပမယ့္ ငါ့မွတ္ဉာဏ္ေတြကေတာ့ မင္း ဒီတာဝန္ကို ျမန္နိုင္သမွ် အျမန္ဆုံးျဖင့္ ၿပီးေျမာက္ေအာင္ လုပ္သင့္တယ္လို႔ ေျပာေနတယ္ နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီးက ျပန္ေျပာလိုက္သည္။
ဇူအန္ စိတ္သက္သာစြာ သက္ျပင္းခ်လိဳက္သည္။ အခ်ိန္ကန့္သတ္ထားတာ မရွိသျဖင့္ သူ ေပ်ာ္သြားသည္။ ဒါဆို အေနာက္ဘက္ေခြးေခါင္းေတာင္ ကို ရွာဖို႔ သူ အခ်ိန္ယူလို႔ရတာပဲ။
နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီး၏ ေအာ္ရာသည္ ပိုေမွးမွိန္သြားၿပီး ေျပာလိုက္သည္။ ငါ မၾကာခင္ ေပ်ာက္ကြယ္သြားရေတာ့မယ္။ မင္းမွာ တျခားေမးစရာရွိေသးရင္ ေမးလိုက္ ငါ ျပန္ေျဖေပးမယ္
ဟိုေခါင္းတလားထဲက အမ်ိဳးသမီးကို က်ဳပ္ဘယ္လိုလုပ္ရမလဲ ဇူအန္ ဂ႐ုတစိုက္ျဖင့္ ေမးလိုက္သည္။
နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီး၏ မ်က္ဝန္းထဲ စူးရွသည့္ အလင္းတန္း ဖ်တ္ခနဲ လက္သြားၿပီး ျပန္ေျဖလိုက္သည္။ သတ္လိုက္
သတ္ရမယ္ ဇူအန္ ဆြံ႕အသြားသည္။ ဘယ္လိုပဲဆိုဆို ခင္ဗ်ားတို႔ႏွစ္ေယာက္က စုံတြဲျဖစ္ခဲ့ၾကဖူးတယ္ေလ၊ ဒီေလာက္ရက္စက္ဖို႔ လိုလို႔လား။ ၿပီးေတာ့ အဲ့ေလာက္လွတဲ့ မိန္းကေလးကို သတ္ပစ္ဖို႔က တကယ္ႏွေမ်ာစရာႀကီး. ဒါေပမယ့္ သူက က်ဳပ္ထက္ အမ်ားႀကီးအင္အားပိုႀကီးတယ္ေလ။ က်ဳပ္ သူ႕ကို ဘယ္လိုသတ္နိုင္မွာလဲ
မင္း လုပ္နိုင္ပါတယ္။ ကမၻာဦးမူလက်င့္စဥ္ကို အသုံးျပဳလိုက္ပါသန့္စင္. နဂါးဝတ္႐ုံဝတ္ထားသူ လူႀကီးသည္ ေနာက္ဆုံးတြင္ ေပ်ာက္ကြယ္သြားၿပီး ခပ္တိုးတိုး စကားသံမ်ားသာ က်န္ရစ္သြားသည္။
ဇူအန္ေရွ႕က ျမင္ကြင္းမ်ား မႈန္ဝါးသြားၿပီး သူ သတိျပန္ဝင္လာသည့္အခ်ိန္တြင္ သူသည္ ေျမေအာက္နန္းေဆာင္သို႔ ျပန္ေရာက္ေနခဲ့ၿပီျဖစ္သည္။ သူ႕လက္ထဲ၌ ထိုက္ဝူဓားကို ဆုပ္ကိုင္ထားခဲ့၏။
အဲ့မွာ ဘာလို႔ေငးေၾကာင္ေၾကာင္ျဖစ္ေနတာလဲ။ ျမန္ျမန္ ဆင္းလာခဲ့ေလ မိန္လိ လွမ္းေအာ္လိုက္သည္။
--- --- --- ---------------------------------------- --- -- -- - - - - -