Chapter 182: ထွက်ပေါက်
“အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ” ရှောင်းရွှယ်ယင် ကြောင်အသွားသည်။ သို့သော် သိပ်မကြာခင်တွင် သူမမျက်နှာ လက်ခနဲ တောက်ပလာပြီး ပြန်ပြောလိုက်သည်။ “အဲ့ဒါက ပိုမကောင်းဘူးလား။ နင်အမှန်အတိုင်း ပြောလိုက်ရုံပဲလေ။ အဲ့ဒါဆို ရွာသူရွာသားတွေလည်း သံသယအဝင်ခံရတဲ့ အဖြစ်ကနေ လွတ်မြောက်သွားကြမှာ”
“အဲ့လိုမျိုးစကားကို ဒီလောက်အသံအကျယ်ကြီးနဲ့ ပြောတာ မင်း ဘယ်လောက်တောင်တုံးလိုက်သလဲ” ဇူအန် ရှောင်းရွှယ်ယင်ကို အထင်သေးမှုအပြည့်ဖြင့် ကြည့်လိုက်ပြီး “ဒါက ဘာကိုဆိုလိုတာလဲဆိုတာ မင်း မသိဘူးလား။ သဘောတရားအရဆို အမှန်အတိုင်းပြောလိုက်ရင် ကောင်းကင်ဘုံက ရှင်ဘုရင် သေသွားအောင် စီရင်ချက်ချလိုက်တယ်ဆိုတဲ့ အချက်ကို အတည်ပြုပေးလိုက်သလိုပဲ။ ငါတို့ ဒီကိစ္စကို ဒီအတိုင်း တင်ပြလိုက်ရင် ရှင်ဘုရင်က ငါတို့ကို လုံးဝလွှတ်ပေးမှာ မဟုတ်ဘူး”
“ဒါဆို ငါတို့ဘာလုပ်ရမလဲ” ရှောင်းရွှယ်ယင် အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်သည်။ “ငါတို့ အမှန်အတိုင်း ပြောလို့လည်း မရသလို ဒီက ရွာသူရွာသားတွေကလည်း အပြစ်ကင်းတဲ့သူတွေပဲ။ သူတို့ထဲက တစ်ယောက်ကို အတင်းဝန်ခံခိုင်းပြီး တရားခံလုပ်ခိုင်းလို့တော့ မရဘူးလေ ဟုတ်တယ်မလား”
“အဲ့လိုလုပ်ချင်ရင်တောင် လွယ်မှာမဟုတ်ဘူး” ဇူအန် အေးတိအေးစက်ဖြင့် ပြန်ပြောလိုက်သည်။ “ချင်မင်းဆက်က အလွန့်အလွန် စည်းကမ်းတင်းကျပ်ကြတယ်။ ရှင်ဘုရင်အပေါ် အဲ့လောက်ကြီးမားတဲ့ အရိုအသေမဲ့မှုအပြစ်ကျူးလွန်တာက မျိုးရိုးစဉ်ဆက် ကိုးခုအထိ သတ်ဖြတ်သုတ်သင်ခံရဖို့အထိ ပြစ်ဒဏ်သတ်မှတ်နိုင်တယ်။ သူတို့ အခု မှားယွင်းစွပ်စွဲခံနေရတာကို မပြောနဲ့အုံး၊ အဲ့လောက်ကြီးမားတဲ့အပြစ်ကို ဘယ်သူက ဝန်ခံချင်မှာလဲ”
“အဲ့ဒါဆို တစ်ရက်အတွင်း လူသတ်သမားကို ရှာတွေ့ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာလား” ရှောင်းရွှယ်ယင် သူမနှလုံးသား တဒုတ်ဒုတ် ခုန်လာနေသည်ကို ခံစားလိုက်ရသည်။
“နည်းလမ်းတစ်ခုတော့ ရှိတယ်” ဇူအန် ရွာသူရွာသားများဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့အသံသည် ကျောချမ်းဖွယ်ကောင်းအောင် စတင်အေးစက်လာသည်။
“ဘာနည်းလမ်းလဲ” ရှောင်းရွှယ်ယင် မေးလိုက်သည်။
“ဘယ်သူကမှ မဝန်ခံချင်ကြဘူးဆိုရင် ဒီဥက္ကာပျံအနီးတစ်ဝိုက် နေထိုင်ကြတဲ့ ရွာသူရွာသားတွေအားလုံးကို ငါတို့ သတ်လိုက်ရုံပဲ။ ဘယ်လိုပဲဆိုဆို တရားခံက ဒီရွာသူရွာသားတွေထဲက တစ်ယောက်ဖြစ်ရမှာ၊ ဘုရင်ကလည်း ဒီလူတွေရဲ့ နေထိုင်မှုဘဝပုံစံကို သိပ်ဂရုစိုက်တာမဟုတ်ဘူး။ အဲ့လိုဆို ဒီအမှုကိစ္စကို အားထုတ်စရာမလိုဘဲ အောင်အောင်မြင်မြင်နဲ့ ပိတ်သိမ်းနိုင်မှာပဲ” ဇူအန် အလေးအနက်ဖြင့် ပြန်ပြောလိုက်သည်။
သမိုင်းမှတ်တမ်းထဲ၌ ချင်ရှီဟွမ် အုပ်စိုးသည့် ၃၆ နှစ်မြောက်တွင် ဖြစ်သွားခဲ့သည့် ‘နှလုံးကိုလွှမ်းမိုးသောနက္ခတ်’ အဖြစ်အပျက်ကို ထိုနည်းအတိုင်း မှတ်တမ်းတင်ထားကြသည်။ ဘယ်ရွာသူရွားသားကမှ ယင်းစကားလုံးများကို ရေးထွင်းသူအဖြစ် ဝန်မခံချင်ကြပါ။ ထို့ကြောင့် နောက်ဆုံးတွင် မှူးမတ်များက ရွာသူရွာသားများအားလုံးကို သတ်ခဲ့ကြရတော့သည်။ လူသတ်သမားကို လွတ်မြောက်ခိုင်းမယ့်အစား သူတို့သည် အားလုံးကို သုတ်သင်ရှင်းလင်းပစ်ကြမည်ဖြစ်သည်။
ဤသမိုင်းအပိုင်းအစကို သူ သိထားခဲ့သဖြင့် ဇူအန် ပျော်သွားသည်။ ထို့ကြောင့်သာ ဤဝိရောဓိမှ လွတ်နိုင်မယ့် နည်းလမ်းကို သူ သိနိုင်ခြင်းဖြစ်သည်။ ၎င်းက သူ့ကို အရင်စမ်းသပ်မှုနှစ်ခုထက် ဤကောင်းကင်အချိတ်အပိတ်စမ်းသပ်မှုကို အလွယ်တူဖြေရှင်းသွားနိုင်စေသည်။
သို့သော် ရှောင်းရွှယ်ယင်က ထိုအကြံကို ချက်ချင်းငြင်းလာခဲ့သည်။ “အဲ့ဒါတော့ မဖြစ်ဘူး။ အဲ့နည်းလမ်းက အရမ်းရက်စက်တယ်။ ငါ သဘောမတူဘူး”
ဇူအန် မျက်မှောင်ကြုတ်လိုက်ပြီး “မင်း မြင်ရတဲ့ အရာအားလုံးက ကောင်းကင်အချိတ်အပိတ်ကနေ ထွက်လာတဲ့ ပုံရိပ်ယောင်တွေသက်သက်ဆိုတာ မင်း သိထားသင့်တယ်။ သူတို့က လူအစစ်မှ မဟုတ်ကြတာ။ အဲ့ဒါကို ဘာလို့ရက်စက်ရာကြမှာလဲ”
ရှောင်းရွှယ်ယင် အသည်းအသန် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ဒါပေမယ့် စောစောက ငါတို့ သူတို့နဲ့ ပြောဆိုဆက်ဆံရတုန်းက အသက်ရှင်နေတဲ့ လူသားတွေနဲ့ ဘာမှမခြားကြဘူးလေ။ ဒါက ပုံရိပ်ယောင်သက်သက်ဆိုရင်တောင် ငါ့ရဲ့ တကိုယ်ကောင်းဆန်တဲ့ပန်းတိုင်အတွက်နဲ့ ဒီလောက်အပြစ်ကင်းတဲ့ လူအများကြီးရဲ့ အသက်ကို မနှုတ်ယူနိုင်ဘူး။ ငါ့ကို တုံးအပြီး ရူးမိုက်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဒီစည်းကျော်လွန်းတဲ့နည်းလမ်းကိုတော့ ငါ့အသိစိတ်က လက်မခံနိုင်ဘူး”
ဇူအန် ထေ့ထေ့ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်သည်။ “ဒါပေမယ့် မင်း ငါ့အသက်ကို နှုတ်ယူဖို့ ကြိုးစားတုန်းကတော့ တကယ်ခိုင်မာပြတ်သားနေခဲ့တာပဲ ဟမ်”
ရှောင်းရွှယ်ယင် မျက်နှာ ချက်ချင်းနီရဲသွားပြီး “အဲ့တာကတော့ လုံးဝမတူတဲ့ကိစ္စပဲ။ နင်က အရမ်းမုန်းဖို့ကောင်းတဲ့အကြောင်းကို အသာထားဦး နင်က ငါ့ရဲ့ ရန်သူတစ်ယောက်လေ။ နင့်အပေါ် ငါ ညှာတာဖို့အတွက် မမျှော်လင့်ထားသင့်ဘူး”
ဇူအန် သူ့မျက်နှာကို ထိကြည့်ပြီး ပြောလိုက်သည်။ “ဒီလောက် ချောမောခံ့ညားတဲ့ မျက်နှာကို မင်း ငါ့ကို မုန်းဖို့ကောင်းတယ်လို့ တကယ်မြင်ခဲ့တာပေါ့။ ကြည့်ရတာ မင်းမျက်လုံးတွေက မင်းမျက်နှာပေါ်က အဆင်တန်ဆာတစ်ခုအဖြစ်ထက် ဘာမှမပိုဘူးပဲ”
“……” ရှောင်းရွှယ်ယင်
ထိုအချိန်တွင် အရာရှိဝမ် အလျင်စလို ပြေးလာပြီး ဇူအန် ကို ဖိနှိပ်ထားသော အသံဖြင့် တိုးတိုးလေးပြောလိုက်သည်။ “စစ်ဆေးရေးအရာရှိခင်ဗျာ…ကျုပ်တို့ ရွာသူရွာသားတွေအားလုံးကို စိစစ်မေးမြန်းပြီးပြီ။ ဒါပေမယ့် စာရေးတတ်တယ်ဆိုပြီး ဘယ်သူကမှ မဝန်ခံကြဘူး။ ကျုပ်အထင် ကျုပ်တို့……”
သူ့လက်မကို သူ့လည်ပင်းပေါ် ဆွဲတင်ပြီး ရွာသူရွာသားများအား သတ်ပစ်မယ်ဆိုသည်ကို လက်ဟန်ဖြင့် လုပ်ပြလိုက်သည်။ “အဲ့လိုဆို လူသတ်သမားကလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့လည်း အရှင်မင်းကြီးအပေါ် တာဝန်ကျေသလို ဖြစ်သွားမှာပဲ”
ဇူအန် ပြန်မပြောနိုင်ခင်တွင် ရှောင်းရွှယ်ယင်က ကန့်ကွက်လိုက်သည်။ “အဲ့လိုတော့မဖြစ်ဘူး”
အရာရှိဝမ်၏ မျက်နှာ မည်းသွားပြီး “မိန်းကလေး ငါ အလုပ်လုပ်တဲ့ပုံစံကို ကန့်ကွက်ချင်တယ်ဆိုရင် ဘာလို့နည်းလမ်းတစ်ခုခုလောက် အဆိုမသွင်းတာလဲ။ ငါတို့ အဲ့လူတွေကို မသတ်ရင် သေသွားရမယ့်သူတွေက ငါတို့ပဲ။ စစ်ဆေးရေးအရာရှိ…ဒီလိုမျိုးအချိန်မှာ ခင်ဗျား ပြတ်သားမှဖြစ်မယ်”
ရှောင်းရွှယ်ယင် ဇူအန် အင်္ကျီစကို သွားဆွဲပြီး ဒီကိစ္စ၌ သူမကို ထောက်ခံပေးရန် တောင်းဆိုလိုက်သည်။
ဇူအန် သက်မချလိုက်ပြီး ပြောလိုက်သည်။ “အရာရှိ ဝမ် သူတို့ကို နောက်တစ်ခေါက် ပြန်စစ်မေးကြည့်ပါ။ ဘာသဲလွန်စမှ ထွက်မလာသေးရင် နောက်နည်းလမ်းရှာကြတာပေါ့”
“နားလည်ပါပြီး စစ်ဆေးရေးအရာရှိ” အရာရှိဝမ် ခေါင်းတချက်ညိတ်ပြရင်း ပြန်ဖြေလိုက်သည်။
သူ ပြန်ထွက်သွားခါနီးတွင် ရဲမက်တစ်ယောက် ရုတ်တရက် ပြေးရောက်လာပြီး တင်ပြလာခဲ့သည်။ “သတင်းဆိုးပဲ သခင်ကြီး…ရွာသူကြီးက ကျုပ်တို့ စစ်မေးနေတဲ့အချိန်အတွင်း သေဆုံးသွားလို့ အခု သူ့သားက ပြဿနာရှာနေတယ်။ သူက အတော်အတန်လောက် အင်အားကြီးတဲ့ ကျင့်ကြံသူဖြစ်နေခဲ့တာ။ ကျုပ်တို့ညီအစ်ကို အချို့ကိုလည်း သူ ထိခိုက်ဒဏ်ရာရစေသွားပြီ”
အရာရှိဝမ် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “မဖွယ်မရာတွေ။ ဒီလိုအချိန်မျိုးမှာမှ သူက ဘာလို့ပြဿနာရှာရဲရတာလဲ။ တာ၀န်ကို တားဆီးနှောင့်ယှက်ဖို့ကြိုးစားသူတိုင်း သူတို့အသက်နဲ့ ပေးဆပ်ရမှာပဲ။သူ့ကို သတ်လိုက်”
“ဟုတ်ကဲ့”
ထိုရဲမက် ပြန်လှည့်ထွက်သွားခါနီးတွင် ဇူအန် သူ့ကို ရုတ်တရက် တားလိုက်သည်။ “နေအုံး ရွာသူကြီးက ဘယ်လိုသေသွားတာလဲ”
“စစ်ဆေးရေးအရာရှိခင်ဗျာ…ရွာသူကြီးက နဂိုကတည်းက ကျန်းမာရေးမကောင်းတဲ့သူပါ။ စောစောက ထိတ်လန့်တကြားဖြစ်မှုက သူ့အခြေအနေကို ပိုဆိုးရွားသွားစေခဲ့တယ်။ ကျုပ်တို့ညီအစ်ကိုတွေက စစ်ဆေးမေးမြန်းရင်း သူ့ကို နည်းနည်းပါးပါးနှိပ်စက်ကောင်းနှိပ်စက်ကြလိမ့်မယ်။ ဒါပေမယ့် သိပ်လွန်လွန်ကျူးကျူးမလုပ်မိဖို့ ကျုပ်တို့ သေချာအောင် လုပ်ခဲ့ပြီးသားပါ။ အခြားရွာသူရွာသားတွေအားလုံးက ပြဿနာတစ်စုံတစ်ရာမရှိဘဲ တောင့်ခံနိုင်ခဲ့ကြတယ်။ ရွာသူကြီးတစ်ယောက်တည်းပဲ ရုတ်တရက်ကြီး သေသွားတာပါ” ထိုရဲမက်က တဒီးဒီး ကျလာသော ချွေးများကို သုတ်ရင်း လျှင်လျှင်မြန်မြန် ပြန်ဖြေလိုက်သည်။
ဇူအန် ခေါင်းညိတ်ပြလိုက်သည်။ ရွာသူကြီး၏ နဂိုကတည်းက ဆိုးရွားသော ကျန်းမာရေးအခြေအနေကို ကြည့်လိုက်လျှင် စစ်ဆေးမေးမြန်းနေရင်း သေဆုံးသွားခြင်းက သိပ်မဆန်းပါ။ သံသယရှိသူများ ဝန်ခံလာစေရန် သူတို့ကို နှိပ်စက်ခြင်းက ဤခေတ်ကာလ၏ ထုံးတမ်းစဉ်လာဖြစ်သည်။ ထို့ကြောင့် ဤကိစ္စအတွက် ရဲမက်များကိုလည်း အပြစ်သွားတင်လို့ မရပါ။
“အခုလောလောဆယ်တော့ သူ့သားကို ဖမ်းပြီး အကျဉ်းချထားလိုက်။ နောက်မှ ငါ သူ့ကို စီရင်ကိုင်တွယ်လိုက်မယ်”
“ဟုတ်ကဲ့”
ထိုစစ်သားသည် ဇူအန် အမိန့်အတိုင်း လိုက်လုပ်ရန် ထိုနေရာမှ မြန်မြန်ထွက်ခွာသွားလိုက်သည်။ ထိုသို့ဖြင့် သိပ်မကြာခင်၌ ချန်ဝေ့ သည် တပ်စုတစ်ခုလုံး၏ ဝိုင်းရံခံလိုက်ရသည်။ သူ ဘယ်လောက်ပြင်းပြင်းထန်ထန် ကြိုးစားရုန်းကန်နေပါစေ ရန်သူအများအပြားနှင့် တစ်ခါတည်း ရင်ဆိုင်ရန် သူ့အတွက် ခက်ခဲသည်။ ထို့ကြောင့် သူ့လက်များ သံကြိုးခတ်ခံရပြီး အခန်းတစ်ခုထဲ၌ ဖမ်းဆီးပိတ်သိမ်းခံလိုက်ရသည်။
“နင် သူတို့အားလုံးကို သတ်ဖို့ တကယ်ရည်ရွယ်ထားတာလား” ရှောင်းရွှယ်ယင် စိုးရိမ်တကြီး မေးလိုက်သည်။
ဇူအန် သူမမျက်ဝန်းများထဲသို့ တခဏမျှ စိုက်ကြည့်လိုက်ပြီးမှ ပြန်မေးလိုက်သည်။ “နင်သူတို့ကို ကယ်ဖို့ တကယ်ရည်ရွယ်ထားတာလား”
ရှောင်းရွှယ်ယင် ချက်ချင်းခေါင်းညိတ်လိုက်သည်။
သူ ခဏစဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။ “ငါ့ကို အခုချိန်ကစပြီး အစ်ကိုလို့ ခေါ်ပါ့မယ်လို့ ကတိပေးရင် မင်းကို ကူဖို့ စဉ်းစားပေးမယ်”
“ငါ….” ရှောင်းရွှယ်ယင် မျက်နှာနီရဲသွားသည်။ ဟိုအချိန် သူမ သူ့ကို ထိုသို့ ခေါ်နိုင်ရခြင်းက သူမကိုယ်သူမ သေခြင်းခြောက်ကမ်းပါးသို့ ရောက်နေပြီဟု ထင်ကာ ဘာမှမသိလိုက်ရဘဲ သေသွားမှာစိုးသောကြောင့်ဖြစ်သည်။ ပုံမှန်အခြေအနေမျိုးမှာ သူ့ကို အစ်ကိုဟု သူမ လုံးဝမခေါ်နိုင်ပါ။
ဇူအန် နက်ရှိုင်းစွာ သက်ပြင်းချပြီး မှတ်ချက်ချလိုက်သည်။ “ကြည့်ရတာ မင်းက အပြောပဲကြီးတယ်ထင်တယ်။ ဟိုလူတွေအားလုံးကို ကယ်တင်ချင်သလိုမျိုးသာ ပြောနေတာ။ နောက်ဆုံးတော့လည်း သူတို့အတွက် မင်းမာနကိုတောင် ခဝါမချနိုင်ဘူးမလား”
ရှောင်းရွှယ်ယင် ဒေါသတကြီးဖြင့် ပက်ခနဲ ပြန်ပြောလိုက်သည်။ “နင် ငါ့အပေါ် အခွင့်ကောင်းယူနေတာ”
ဇူအန် ပုခုံးတွန့်လိုက်ပြီး “ငါ့ကိုယ်ငါ သူတော်စင်တစ်ယောက်အဖြစ် အရင်တုန်းက ပြောဖူးလို့လား။ ငါ့အတွက် ဘာအကျိုးအမြတ်မှ ရဖို့မရှိရင် ငါနဲ့ ဘာမှမပတ်သက်တဲ့ လူစုကြီးကို ဘာလို့အလုပ်ရှုပ်ခံကူညီနေမှာလဲ။ စောစောတုန်းက သူတို့ ငါ့ကို ချောက်ချဖို့ လုပ်ကြတာကိုတောင် ထည့်မပြောရသေးဘူး”
ရှောင်းရွှယ်ယင် အံကြိတ်လိုက်ပြီး “ငါ နင့်ကို အစ်ကိုလို့ ခေါ်ရင် သူတို့ကို တကယ် ကယ်တင်ပေးမှာလား”
“သေချာအောင်ပြောရရင် အနာဂတ်မှာလည်း မင်း ငါ့ကို အဲ့လိုဆက်ခေါ်ဖို့ ငါ မျှော်လင့်ထားတယ်” ဇူအန် ပြန်ပြင်ပြောလိုက်သည်။ “ပြီးတော့ ငါ အတတ်နိုင်ဆုံး ကြိုးပဲကြိုးစားပေးနိုင်မှာ။ ငါ သူတို့ကို သေချာပေါက်ကယ်တင်နိုင်လိမ့်မယ်လို့ အာမမခံဘူး”
“အောင်မြင်ဖို့ အာမတောင်မခံနိုင်တာ ငါ ဘာလို့ နင့်ကို အစ်ကိုလို့ ဆက်ခေါ်နေရမှာလဲ။ ဟာသပဲ” ရှောင်းရွှယ်ယင် ပြန်ချေပလိုက်သည်။
“အင်း…ငါ သူတို့ကို မကယ်နိုင်ခဲ့ရင် မင်း ငါ့ကို အစ်ကိုလို့ ဆက်ခေါ်စရာမလိုတော့ဘူး။ ဒါပေမယ့် အနည်းဆုံး အစမှာတော့ မင်း ငါ့ကို ခေါ်သင့်တယ်မဟုတ်ဘူးလား” ဇူအန် ပြုံးရင်း ပြောလိုက်သည်။
“ဒါဆိုလည်း ကောင်းပြီလေ။ နင့်ရဲ့ကတိကို တည်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်” ရှောင်းရွှယ်ယင် နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။ သူမမျက်နှာသည် အနီရောင်သန်းနေ၏။ ခဏအကြာမှသာ အသံတိုးတိုးဖြင့် သူမ ခေါ်လိုက်နိုင်သည်။ “အစ်ကို…”
ဇူအန် သူမအနီးသို့ အနည်းငယ်ယ်ိမ်းလိုက်ပြီး မေးလိုက်သည်။ “မင်း ဘာပြောလိုက်တယ်။ မင်း အသံက အရမ်းညင်သာလို့ ငါ သေသေချာချာမကြားလိုက်ရဘူး”
“သိပ်လွန်မလာနဲ့နော်” ရှောင်းရွှယ်ယင် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
သင်သည် ရှောင်းရွှယ်ယင်ထံမှ အမျက်ပွိုင့် ၃၃ ရရှိပါသည်။
“ဘယ်တတ်နိုင်မလဲ။ မင်းအသံက အရမ်းတိုးနေတာကို”
ရှောင်းရွှယ်ယင်ထံမှ ရရှိသည့် အမျက်ပွိုင့် အလွန်နည်းသဖြင့် ဇူအန် အနည်းငယ်စိတ်ပျက်သွားသည်။ အရင်တုန်းက သူမက ယမ်းမှုန့်အပြည့်ပါတဲ့ စည်ကြီးတစ်ခုလိုပါ။ နည်းနည်းလောက် သွားစလိုက်ရုံနဲ့ အမျက်ပွိုင့် တပုံတပင် ရသွားတာလေ။ ဒါပေမယ့် အခုတော့ သူ့ယမ်းမှုန့်တွေ လျော့နည်းနေပြီလို့ ထင်တယ်။ သူပေးနိုင်တဲ့ အမျက်ပွိုင့်က ရင်နာဖို့ကောင်းလောက်အောင်ကို နည်းသွားတာ။
“နင်ငါ့ကို လိမ်ရဲရင် မသေမရှင်ဖြစ်သွားမယ်နော်” ရွေးချယ်စရာမရှိသဖြင့် ရှောင်းရွှယ်ယင် သူ့ကို နီရဲနေသော မျက်နှာနှင့် နောက်တစ်ကြိမ်ပြန်ခေါ်လိုက်သည်။ “အစ်ကို…”
ဇူအန် တဟားဟားရယ်ပစ်လိုက်သည်။ “ဗျာ ငါ့ရဲ့ညီမလေး…လိမ္မာလိုက်တာ”
ထိုစကားများ ပြောလိုက်ပြီးနောက် ချန်ဝေ့ကို ဖမ်းဆီးပိတ်လှောင်ထားသည့် အခန်းဘက်သို့ သွားလိုက်သည်။
တဖက်၌ ရှောင်းရွှယ်ယင်သည် ထိုနေရာတွင် ငုတ်တုတ် ရပ်ကျန်နေခဲ့သည်။ အလိုအလျောက် သူမပါးပြင်ကို သွားထိကြည့်မိသည့်အခါ အလွန်ပူနွေးနေသည်ကို သိရှိသွားသည်။ ဖီ…ငါ ရူးနေတာပဲ ဖြစ်ရမယ်။
ထိုစဉ် ဇူအန်သည် ချန်ဝေ့ ဖမ်းဆီးခံရသည့် အခန်းအပြင်ဘက်၌ ရပ်နေသည်။ သူ လေးလေးနက်နက် စဉ်းစားသုံးသပ်ကြည့်လိုက်သည်။ ရှောင်းရွှယ်ယင် သူ့ကို အစ်ကိုလို့ ခေါ်လိုက်ရုံနှင့် ရွာသူရွာသားများကို ကယ်တင်ပေးဖို့ သူ ရွေးချယ်လိုက်ခြင်းမဟုတ်သည်မှာ ပြောနေစရာပင် မလိုပါ။ မည်သို့ဆိုဆို သူသည် ၂၁ ရာစုမှ လာသော လူတစ်ယောက်ဖြစ်သည်။ သူ့ကိုယ်ပိုင်တကိုယ်ကောင်းဆန်မှုအတွက် အပြစ်မဲ့လူအများအပြားကို သေခိုင်းရအောင် သူ့အသိစိတ်က ခွင့်မပြုနိုင်ပါ။
သူ၏ ယုတ္တိရှိရှိ စဉ်းစားသုံးသပ်တတ်သော စိတ်က ယင်းရွာသားများသည် ကောင်းကင်စည်းဖြင့် ဖန်တီးထားသည့် ပုံရိပ်ယောင်များသက်သက်သာဖြစ်ကြောင်း ပြောပြနေသည်။ သို့သော် သူ့အသိအာရုံကမူ မတူညီသော ပုံပြင်တစ်ခု ပြောပြနေသည်။ ဤအရာအားလုံးသည် သူ့အတွက် တကယ်အစစ်လိုဖြစ်နေပြီး ယင်းရွာသားများကို သူ မြင်ခဲ့ဖူးသည့် လူများနှင့် သူ မခွဲခြားနိုင်တော့ပါ။ ဤအဖြစ်ကို သူ စွန့်စားလောင်းကြေးထပ်ပြီး မဖြေရှင်းချင်သလို သူ့ဘဝတစ်လျှောက်လုံး သူ့ကို အရိပ်လိုအမြဲလိုက်ခြောက်လှန့်နေစေမယ့် စိတ်ဒဏ်ရာတစ်ခုလည်း ဖြစ်မလာစေချင်ပါ။
ထို့ကြောင့် ဥက္ကာပျံပေါ်က စာလုံးများကို သူ မြင်လိုက်ကတည်းက ဤအကျပ်ရိုက်နေသည့် အခြေအနေမှ လွတ်နိုင်မယ့် နည်းလမ်းကို ရှာရန် သူ့ဦးနှောက်ကို ခိုင်းစေနှိပ်စက်နေခဲ့သည်။ ရှောင်းရွှယ်ယင် သူ့ကို အစ်ကိုဟု မခေါ်ခဲ့လျှင်တောင် သူတို့ကို ကယ်ရန် သူအစွမ်းကုန်ကြိုးစားနေအုံးမည်ဖြစ်သည်။
တကယ်လို့ ရှောင်းရွှယ်ယင်သာ ဒီအကြောင်းကို သိသွားရင် အမျက်ပွိုင့်တွေ တပုံတမကြီး ပေးလာမှာပဲ ဟုတ်တယ်မလား။
မည်သို့ပင်ဆိုစေ ဇူအန် သူမကို မပြောပြရန် ဆုံးဖြတ်လိုက်သည်။ ထောင်ချီကျော် အမျက်ပွိုင့်တွေထက် အနာဂတ်မှာ အဲ့မိန်းကလေးရဲ့ အစ်ကိုလို့ အခေါ်ခံရမှာက ပိုထိုက်တန်တယ်ဟု သူ ထင်သည်။ သူမသည် သူ့အသက်ကို နှုတ်ယူဖို့ ကြိုးစားခဲ့သည့် ရန်သူဖြစ်ခဲ့ဖူးသည့်အချက်က ဤကိစ္စကို ပိုပြီးစိတ်လှုပ်ရှားဖွယ်ကောင်းသွားစေသည်။
သူ့စိတ်အခြေအနေကို လျှင်လျှင်မြန်မြန် ပြင်ဆင်ထိန်းချုပ်လိုက်ပြီးနောက် တံခါးတွန်းဖွင့်ပြီး အထဲသို့ ဝင်သွားလိုက်သည်။ အထဲ၌ ချန်ဝေ့ သည် တိုင်တစ်ခုတွင် တင်းတင်းကျပ်ကျပ် အချည်ခံထားရသည်။
“သောက်အရာရှိ။ အစကတည်းက မင်းက မယုံသင်္ကာဖြစ်ဖို့ကောင်းတယ်လို့ ငါ သိသားပဲ။ ဒါကလည်း မင်းရဲ့ အကြံအစည်ပဲဖြစ်ရမယ်” ဇူအန်ကို တွေ့သည်နှင့် ချန်ဝေ့ မျက်လုံးများ ချက်ချင်းနီရဲသွားသည်။ တဖက်လူကို ခုန်အုပ် ထိုးနှက်ပစ်ရန် ချည်ထားသောကြိုးများကို ကြိုးစားရုန်းလိုက်သည်။ သို့သော် ဘာမှအသုံးမဝင်လိုက်ပါ။
သင်သည် ချန်ဝေ့ ထံမှ အမျက်ပွိုင့် ၄၄၄ ရရှိပါသည်။
“ငြိမ်ငြိမ်နေစမ်း” အစောင့်တစ်ယောက်သည် ချန်ဝေ့ တိတ်သွားရန် တစ်ချက်ရိုက်နှက်လိုက်ပြီး ဇူအန်ဘက်သို့ ကပ်ဖားယပ်ဖား လှမ်းကြည့်လိုက်သည်။ “စစ်ဆေးရေးအရာရှိကို မရိုမသေ လုပ်ရဲတယ်ပေါ့”
ဇူအန် ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးမှ ပြောလိုက်သည်။ “ငါ သူ့ကို မေးစရာရှိတယ်။ မင်းတို့ အပြင်ကနေ စောင့်နေကြ”
“ဟုတ်ကဲ့”
အစောင့်များသည် အခန်းထဲမှ အလျှင်အမြန် ထွက်သွားလိုက်ကြသည်။
ထိုအချိန်မှ ရှောင်းရွှယ်ယင် ရောက်ရှိလာသည်။ သူမနောက်က တံခါးကို ပိတ်လိုက်ပြီးနောက် အခန်းအနီးနားသို့ ဘယ်သူမှမလာတာသေချာစေရန် အပြင်ဘက်ကို သတိတထား စောင့်ကြပ်ကြည့်ရှုထားလိုက်သည်။
ထိုအချိန်ကျမှ ဇူအန် ချန်ဝေ့ကို စကားစပြောသည်။ “မင်း စွပ်စွဲခံရတယ်ဆိုတာ ငါ သိတယ်”
“လူယုတ်မာ တကယ်ပဲ မင်းကိုး”ချန်ဝေ့ မျက်လုံးများသည်အမုန်းတရားများနှင့် တဖိတ်ဖိတ်တောက်နေသည်။ သူ့အဖေ သေဆုံးမှု နှင့် အခြားရွာသူရွာသားများ ခံစားရသည့် ဒုက္ခပေါင်းစုံက သူ့ဒေါသကို ပုံတိုးသွားစေသည်။
သင်သည် ချန်ဝေ့ထံမှ အမျက်ပွိုင့် ၉၉၉ ရရှိပါသည်။
“အရမ်းဒေါသထွက်နေဖို့ မလိုဘူး။ ငါ မင်းကို ကယ်ဖို့ လာတာပါ” ဇူအန် ပြန်ပြောလိုက်သည်။
“ငါ့ကို ကယ်မယ်” ချန်ဝေ့ မျက်မှောင်ကြုတ်ပြီး သရော်လိုက်သည်။ “ဒါဆို အဲ့ဒီအတွက် ငါ မင်းကို ကျေးဇူးတင်သင့်လား”
“ချန်ဝေ့ ကျ…ကျွန်မအစ်ကိုက ရှင့်ကို ကယ်ဖို့ ဒီကို လာတာ အမှန်ပါ” ရှောင်းရွှယ်ယင် ဖျောင်းဖျလိုက်သည်။
ထိုစကားများကြားသည့်အခါ ချန်ဝေ့ ဇူအန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီးနောက် နောက်ဆုံး၌ တိတ်သွားသည်။
“မင်း စွပ်စွဲခံရတယ်ဆိုတာကို ငါ ဘာလို့သိလဲဆိုတော့ အဲ့ဒီဥက္ကာပျံ ကျလာပြီးပြီးချင်း ငါ အဲ့ဒီနေရာကို ပြေးခဲ့တယ်။ အဲ့ဒီတုန်းကတည်းက သူ့မျက်နှာပြင်ပေါ်က စာလုံးတွေက ရေးထွင်းပြီးသားဖြစ်နေတယ်” ဇူအန် ပြောလိုက်သည်။
ချန်ဝေ့၏ ခန္ဓာကိုယ်သည် ယင်းစကားများကြောင့် တုန်သွားပြီး ထိတ်လန့်ချောက်ချားစွာဖြင့် “သွားပြီ။ ငါတို့တရွာလုံးတော့ သွားပြီပဲ”
တဖက်လူထံမှ ထိုသို့သော စကားမျိုး ကြားလိုက်ရသောကြောင့် ဇူအန် အံ့အားသင့်သွားသည်။ “ဘာလို့အဲ့လိုပြောရတာလဲ”
ကြောက်လန့်တုန်လှုပ်နေသည့် ချန်ဝေ့ သည် ငေးကြောင်ကြောင်ဖြင့် သူ့အရှေ့ကိုသာ ကြည့်နေရင်း ပြောလိုက်သည်။ “အဲ့ဒီစာလုံးတွေကို ရေးထွင်းတဲ့သူ တရားခံကို ရှာတွေ့သွားရင် ဒီပြဿနာကနေ ငါတို့ လွတ်မြောက်နိုင်လိမ့်မယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့် အဲ့ဒီစာလုံးတွေက ကောင်းကင်ဘုံကနေ ကျလာတဲ့ တကယ့်စီရင်ချက်ဆိုရင်……ရှင်ဘုရင်က ဒီလိုကိစ္စမျိုးကို လုံးဝသည်းခံမှာ မဟုတ်ဘူး။ ဒီကိစ္စကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုကို လျော့ချဖို့ ငါတို့အပေါ် သေချာပေါက် အပြစ်ပုံချမှာပဲ”
ရှောင်းရွှယ်ယင် မနေနိုင်ဘဲ ဇူအန်ကို လှမ်းကြည့်လိုက်သည်။ အံ့သြဖွယ်ကောင်းစွာဖြင့် ထိုစကားများသည် ခုနတုန်းက ဇူအန်ထံမှ ကြားခဲ့ရသည့် စကားများနှင့် ဆင်တူနေသည်။
ဇူအန်ကလည်း ဤတုတ်ခိုင်သန်မာသော ယောကျာ်းက စူးရှထက်မြတ်ပြီး ဖြစ်လာနိုင်ချေရှိသည့် ကိစ္စကို ချက်ခြင်းသိရှိနားလည်သွားလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပါ။ “ကြည့်ရတာ မင်းက ထက်မြက်တဲ့ပုံပဲ။ မင်းကို ဒီကိစ္စကနေ ကယ်ထုတ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုတော့ ငါ သိတယ်။ ဒါပေမယ့် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ မင်း သတ္တိရှိမလားဆိုတာတော့ ငါ သိပ်မသေချာဘူး”
--- --- --- --- --------------------------------- -- -- - - - - - - ----------
Chapter 182: ထြက္ေပါက္
အဲ့ဒါ ဘယ္လိုလုပ္ျဖစ္နိုင္မလဲ ေရွာင္း႐ႊယ္ယင္ ေၾကာင္အသြားသည္။ သို႔ေသာ္ သိပ္မၾကာခင္တြင္ သူမမ်က္ႏွာ လက္ခနဲ ေတာက္ပလာၿပီး ျပန္ေျပာလိုက္သည္။ အဲ့ဒါက ပိုမေကာင္းဘူးလား။ နင္အမွန္အတိုင္း ေျပာလိုက္႐ုံပဲေလ။ အဲ့ဒါဆို ႐ြာသူ႐ြာသားေတြလည္း သံသယအဝင္ခံရတဲ့ အျဖစ္ကေန လြတ္ေျမာက္သြားၾကမွာ
အဲ့လိုမ်ိဳးစကားကို ဒီေလာက္အသံအက်ယ္ႀကီးနဲ႕ ေျပာတာ မင္း ဘယ္ေလာက္ေတာင္တုံးလိုက္သလဲ ဇူအန္ ေရွာင္း႐ႊယ္ယင္ကို အထင္ေသးမႈအျပည့္ျဖင့္ ၾကည့္လိုက္ၿပီး ဒါက ဘာကိုဆိုလိုတာလဲဆိုတာ မင္း မသိဘူးလား။ သေဘာတရားအရဆို အမွန္အတိုင္းေျပာလိုက္ရင္ ေကာင္းကင္ဘုံက ရွင္ဘုရင္ ေသသြားေအာင္ စီရင္ခ်က္ခ်လိဳက္တယ္ဆိုတဲ့ အခ်က္ကို အတည္ျပဳေပးလိုက္သလိုပဲ။ ငါတို႔ ဒီကိစၥကို ဒီအတိုင္း တင္ျပလိုက္ရင္ ရွင္ဘုရင္က ငါတို႔ကို လုံးဝလႊတ္ေပးမွာ မဟုတ္ဘူး
ဒါဆို ငါတို႔ဘာလုပ္ရမလဲ ေရွာင္း႐ႊယ္ယင္ အသံက်ယ္က်ယ္ျဖင့္ ေအာ္ေမးလိုက္သည္။ ငါတို႔ အမွန္အတိုင္း ေျပာလို႔လည္း မရသလို ဒီက ႐ြာသူ႐ြာသားေတြကလည္း အျပစ္ကင္းတဲ့သူေတြပဲ။ သူတို႔ထဲက တစ္ေယာက္ကို အတင္းဝန္ခံခိုင္းၿပီး တရားခံလုပ္ခိုင္းလို႔ေတာ့ မရဘူးေလ ဟုတ္တယ္မလား
အဲ့လိုလုပ္ခ်င္ရင္ေတာင္ လြယ္မွာမဟုတ္ဘူး ဇူအန္ ေအးတိေအးစက္ျဖင့္ ျပန္ေျပာလိုက္သည္။ ခ်င္မင္းဆက္က အလြန့္အလြန္ စည္းကမ္းတင္းက်ပ္ၾကတယ္။ ရွင္ဘုရင္အေပၚ အဲ့ေလာက္ႀကီးမားတဲ့ အရိုအေသမဲ့မႈအျပစ္က်ဴးလြန္တာက မ်ိဳးရိုးစဥ္ဆက္ ကိုးခုအထိ သတ္ျဖတ္သုတ္သင္ခံရဖို႔အထိ ျပစ္ဒဏ္သတ္မွတ္နိုင္တယ္။ သူတို႔ အခု မွားယြင္းစြပ္စြဲခံေနရတာကို မေျပာနဲ႕အုံး၊ အဲ့ေလာက္ႀကီးမားတဲ့အျပစ္ကို ဘယ္သူက ဝန္ခံခ်င္မွာလဲ
အဲ့ဒါဆို တစ္ရက္အတြင္း လူသတ္သမားကို ရွာေတြ႕ဖို႔ မျဖစ္နိုင္ဘူးလို႔ ဆိုလိုတာလား ေရွာင္း႐ႊယ္ယင္ သူမႏွလုံးသား တဒုတ္ဒုတ္ ခုန္လာေနသည္ကို ခံစားလိုက္ရသည္။
နည္းလမ္းတစ္ခုေတာ့ ရွိတယ္ ဇူအန္ ႐ြာသူ႐ြာသားမ်ားဘက္သို႔ လွည့္ၾကည့္လိုက္သည္။ သူ႕အသံသည္ ေက်ာခ်မ္းဖြယ္ေကာင္းေအာင္ စတင္ေအးစက္လာသည္။
ဘာနည္းလမ္းလဲ ေရွာင္း႐ႊယ္ယင္ ေမးလိုက္သည္။
ဘယ္သူကမွ မဝန္ခံခ်င္ၾကဘူးဆိုရင္ ဒီဥကၠာပ်ံအနီးတစ္ဝိုက္ ေနထိုင္ၾကတဲ့ ႐ြာသူ႐ြာသားေတြအားလုံးကို ငါတို႔ သတ္လိုက္႐ုံပဲ။ ဘယ္လိုပဲဆိုဆို တရားခံက ဒီ႐ြာသူ႐ြာသားေတြထဲက တစ္ေယာက္ျဖစ္ရမွာ၊ ဘုရင္ကလည္း ဒီလူေတြရဲ႕ ေနထိုင္မႈဘဝပုံစံကို သိပ္ဂ႐ုစိုက္တာမဟုတ္ဘူး။ အဲ့လိုဆို ဒီအမႈကိစၥကို အားထုတ္စရာမလိုဘဲ ေအာင္ေအာင္ျမင္ျမင္နဲ႕ ပိတ္သိမ္းနိုင္မွာပဲ ဇူအန္ အေလးအနက္ျဖင့္ ျပန္ေျပာလိုက္သည္။
သမိုင္းမွတ္တမ္းထဲ၌ ခ်င္ရွီဟြမ္ အုပ္စိုးသည့္ ၃၆ ႏွစ္ေျမာက္တြင္ ျဖစ္သြားခဲ့သည့္ ႏွလုံးကိုလႊမ္းမိုးေသာနကၡတ္ အျဖစ္အပ်က္ကို ထိုနည္းအတိုင္း မွတ္တမ္းတင္ထားၾကသည္။ ဘယ္႐ြာသူ႐ြားသားကမွ ယင္းစကားလုံးမ်ားကို ေရးထြင္းသူအျဖစ္ ဝန္မခံခ်င္ၾကပါ။ ထို႔ေၾကာင့္ ေနာက္ဆုံးတြင္ မႉးမတ္မ်ားက ႐ြာသူ႐ြာသားမ်ားအားလုံးကို သတ္ခဲ့ၾကရေတာ့သည္။ လူသတ္သမားကို လြတ္ေျမာက္ခိုင္းမယ့္အစား သူတို႔သည္ အားလုံးကို သုတ္သင္ရွင္းလင္းပစ္ၾကမည္ျဖစ္သည္။
ဤသမိုင္းအပိုင္းအစကို သူ သိထားခဲ့သျဖင့္ ဇူအန္ ေပ်ာ္သြားသည္။ ထို႔ေၾကာင့္သာ ဤဝိေရာဓိမွ လြတ္နိုင္မယ့္ နည္းလမ္းကို သူ သိနိုင္ျခင္းျဖစ္သည္။ ၎က သူ႕ကို အရင္စမ္းသပ္မႈႏွစ္ခုထက္ ဤေကာင္းကင္အခ်ိတ္အပိတ္စမ္းသပ္မႈကို အလြယ္တူေျဖရွင္းသြားနိုင္ေစသည္။
သို႔ေသာ္ ေရွာင္း႐ႊယ္ယင္က ထိုအႀကံကို ခ်က္ခ်င္းျငင္းလာခဲ့သည္။ အဲ့ဒါေတာ့ မျဖစ္ဘူး။ အဲ့နည္းလမ္းက အရမ္းရက္စက္တယ္။ ငါ သေဘာမတူဘူး
ဇူအန္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မင္း ျမင္ရတဲ့ အရာအားလုံးက ေကာင္းကင္အခ်ိတ္အပိတ္ကေန ထြက္လာတဲ့ ပုံရိပ္ေယာင္ေတြသက္သက္ဆိုတာ မင္း သိထားသင့္တယ္။ သူတို႔က လူအစစ္မွ မဟုတ္ၾကတာ။ အဲ့ဒါကို ဘာလို႔ရက္စက္ရာၾကမွာလဲ
ေရွာင္း႐ႊယ္ယင္ အသည္းအသန္ ေခါင္းခါလိုက္ၿပီး ေျပာလိုက္သည္။ ဒါေပမယ့္ ေစာေစာက ငါတို႔ သူတို႔နဲ႕ ေျပာဆိုဆက္ဆံရတုန္းက အသက္ရွင္ေနတဲ့ လူသားေတြနဲ႕ ဘာမွမျခားၾကဘူးေလ။ ဒါက ပုံရိပ္ေယာင္သက္သက္ဆိုရင္ေတာင္ ငါ့ရဲ႕ တကိုယ္ေကာင္းဆန္တဲ့ပန္းတိုင္အတြက္နဲ႕ ဒီေလာက္အျပစ္ကင္းတဲ့ လူအမ်ားႀကီးရဲ႕ အသက္ကို မႏႈတ္ယူနိုင္ဘူး။ ငါ့ကို တုံးအၿပီး ႐ူးမိုက္တယ္လို႔ ေျပာလို႔ရတယ္။ ဒါေပမယ့္ ဒီစည္းေက်ာ္လြန္းတဲ့နည္းလမ္းကိုေတာ့ ငါ့အသိစိတ္က လက္မခံနိုင္ဘူး
ဇူအန္ ေထ့ေထ့ေငါ့ေငါ့ျဖင့္ ျပန္ေျပာလိုက္သည္။ ဒါေပမယ့္ မင္း ငါ့အသက္ကို ႏႈတ္ယူဖို႔ ႀကိဳးစားတုန္းကေတာ့ တကယ္ခိုင္မာျပတ္သားေနခဲ့တာပဲ ဟမ္
ေရွာင္း႐ႊယ္ယင္ မ်က္ႏွာ ခ်က္ခ်င္းနီရဲသြားၿပီး အဲ့တာကေတာ့ လုံးဝမတူတဲ့ကိစၥပဲ။ နင္က အရမ္းမုန္းဖို႔ေကာင္းတဲ့အေၾကာင္းကို အသာထားဦး နင္က ငါ့ရဲ႕ ရန္သူတစ္ေယာက္ေလ။ နင့္အေပၚ ငါ ညွာတာဖို႔အတြက္ မေမွ်ာ္လင့္ထားသင့္ဘူး
ဇူအန္ သူ႕မ်က္ႏွာကို ထိၾကည့္ၿပီး ေျပာလိုက္သည္။ ဒီေလာက္ ေခ်ာေမာခံ့ညားတဲ့ မ်က္ႏွာကို မင္း ငါ့ကို မုန္းဖို႔ေကာင္းတယ္လို႔ တကယ္ျမင္ခဲ့တာေပါ့။ ၾကည့္ရတာ မင္းမ်က္လုံးေတြက မင္းမ်က္ႏွာေပၚက အဆင္တန္ဆာတစ္ခုအျဖစ္ထက္ ဘာမွမပိုဘူးပဲ
ေရွာင္း႐ႊယ္ယင္
ထိုအခ်ိန္တြင္ အရာရွိဝမ္ အလ်င္စလို ေျပးလာၿပီး ဇူအန္ ကို ဖိႏွိပ္ထားေသာ အသံျဖင့္ တိုးတိုးေလးေျပာလိုက္သည္။ စစ္ေဆးေရးအရာရွိခင္ဗ်ာက်ဳပ္တို႔ ႐ြာသူ႐ြာသားေတြအားလုံးကို စိစစ္ေမးျမန္းၿပီးၿပီ။ ဒါေပမယ့္ စာေရးတတ္တယ္ဆိုၿပီး ဘယ္သူကမွ မဝန္ခံၾကဘူး။ က်ဳပ္အထင္ က်ဳပ္တို႔
သူ႕လက္မကို သူ႕လည္ပင္းေပၚ ဆြဲတင္ၿပီး ႐ြာသူ႐ြာသားမ်ားအား သတ္ပစ္မယ္ဆိုသည္ကို လက္ဟန္ျဖင့္ လုပ္ျပလိုက္သည္။ အဲ့လိုဆို လူသတ္သမားကလည္း လြတ္ေျမာက္နိုင္မွာ မဟုတ္ဘူး။ က်ဳပ္တို႔လည္း အရွင္မင္းႀကီးအေပၚ တာဝန္ေက်သလို ျဖစ္သြားမွာပဲ
ဇူအန္ ျပန္မေျပာနိုင္ခင္တြင္ ေရွာင္း႐ႊယ္ယင္က ကန့္ကြက္လိုက္သည္။ အဲ့လိုေတာ့မျဖစ္ဘူး
အရာရွိဝမ္၏ မ်က္ႏွာ မည္းသြားၿပီး မိန္းကေလး ငါ အလုပ္လုပ္တဲ့ပုံစံကို ကန့္ကြက္ခ်င္တယ္ဆိုရင္ ဘာလို႔နည္းလမ္းတစ္ခုခုေလာက္ အဆိုမသြင္းတာလဲ။ ငါတို႔ အဲ့လူေတြကို မသတ္ရင္ ေသသြားရမယ့္သူေတြက ငါတို႔ပဲ။ စစ္ေဆးေရးအရာရွိဒီလိုမ်ိဳးအခ်ိန္မွာ ခင္ဗ်ား ျပတ္သားမွျဖစ္မယ္
ေရွာင္း႐ႊယ္ယင္ ဇူအန္ အကၤ်ီစကို သြားဆြဲၿပီး ဒီကိစၥ၌ သူမကို ေထာက္ခံေပးရန္ ေတာင္းဆိုလိုက္သည္။
ဇူအန္ သက္မခ်လိဳက္ၿပီး ေျပာလိုက္သည္။ အရာရွိ ဝမ္ သူတို႔ကို ေနာက္တစ္ေခါက္ ျပန္စစ္ေမးၾကည့္ပါ။ ဘာသဲလြန္စမွ ထြက္မလာေသးရင္ ေနာက္နည္းလမ္းရွာၾကတာေပါ့
နားလည္ပါၿပီး စစ္ေဆးေရးအရာရွိ အရာရွိဝမ္ ေခါင္းတခ်က္ညိတ္ျပရင္း ျပန္ေျဖလိုက္သည္။
သူ ျပန္ထြက္သြားခါနီးတြင္ ရဲမက္တစ္ေယာက္ ႐ုတ္တရက္ ေျပးေရာက္လာၿပီး တင္ျပလာခဲ့သည္။ သတင္းဆိုးပဲ သခင္ႀကီး႐ြာသူႀကီးက က်ဳပ္တို႔ စစ္ေမးေနတဲ့အခ်ိန္အတြင္း ေသဆုံးသြားလို႔ အခု သူ႕သားက ျပႆနာရွာေနတယ္။ သူက အေတာ္အတန္ေလာက္ အင္အားႀကီးတဲ့ က်င့္ႀကံသူျဖစ္ေနခဲ့တာ။ က်ဳပ္တို႔ညီအစ္ကို အခ်ိဳ႕ကိုလည္း သူ ထိခိုက္ဒဏ္ရာရေစသြားၿပီ
အရာရွိဝမ္ ေဒါသတႀကီးျဖင့္ ေျပာလိုက္သည္။ မဖြယ္မရာေတြ။ ဒီလိုအခ်ိန္မ်ိဳးမွာမွ သူက ဘာလို႔ျပႆနာရွာရဲရတာလဲ။ တာ၀န္ကို တားဆီးႏွောင့္ယွက္ဖို႔ႀကိဳးစားသူတိုင္း သူတို႔အသက္နဲ႕ ေပးဆပ္ရမွာပဲ။သူ႕ကို သတ္လိုက္
ဟုတ္ကဲ့
ထိုရဲမက္ ျပန္လွည့္ထြက္သြားခါနီးတြင္ ဇူအန္ သူ႕ကို ႐ုတ္တရက္ တားလိုက္သည္။ ေနအုံး ႐ြာသူႀကီးက ဘယ္လိုေသသြားတာလဲ
စစ္ေဆးေရးအရာရွိခင္ဗ်ာ႐ြာသူႀကီးက နဂိုကတည္းက က်န္းမာေရးမေကာင္းတဲ့သူပါ။ ေစာေစာက ထိတ္လန့္တၾကားျဖစ္မႈက သူ႕အေျခအေနကို ပိုဆိုး႐ြားသြားေစခဲ့တယ္။ က်ဳပ္တို႔ညီအစ္ကိုေတြက စစ္ေဆးေမးျမန္းရင္း သူ႕ကို နည္းနည္းပါးပါးႏွိပ္စက္ေကာင္းႏွိပ္စက္ၾကလိမ့္မယ္။ ဒါေပမယ့္ သိပ္လြန္လြန္က်ဴးက်ဴးမလုပ္မိဖို႔ က်ဳပ္တို႔ ေသခ်ာေအာင္ လုပ္ခဲ့ၿပီးသားပါ။ အျခား႐ြာသူ႐ြာသားေတြအားလုံးက ျပႆနာတစ္စုံတစ္ရာမရွိဘဲ ေတာင့္ခံနိုင္ခဲ့ၾကတယ္။ ႐ြာသူႀကီးတစ္ေယာက္တည္းပဲ ႐ုတ္တရက္ႀကီး ေသသြားတာပါ ထိုရဲမက္က တဒီးဒီး က်လာေသာ ေခြၽးမ်ားကို သုတ္ရင္း လွ်င္လွ်င္ျမန္ျမန္ ျပန္ေျဖလိုက္သည္။
ဇူအန္ ေခါင္းညိတ္ျပလိုက္သည္။ ႐ြာသူႀကီး၏ နဂိုကတည္းက ဆိုး႐ြားေသာ က်န္းမာေရးအေျခအေနကို ၾကည့္လိုက္လွ်င္ စစ္ေဆးေမးျမန္းေနရင္း ေသဆုံးသြားျခင္းက သိပ္မဆန္းပါ။ သံသယရွိသူမ်ား ဝန္ခံလာေစရန္ သူတို႔ကို ႏွိပ္စက္ျခင္းက ဤေခတ္ကာလ၏ ထုံးတမ္းစဥ္လာျဖစ္သည္။ ထို႔ေၾကာင့္ ဤကိစၥအတြက္ ရဲမက္မ်ားကိုလည္း အျပစ္သြားတင္လို႔ မရပါ။
အခုေလာေလာဆယ္ေတာ့ သူ႕သားကို ဖမ္းၿပီး အက်ဥ္းခ်ထားလိုက္။ ေနာက္မွ ငါ သူ႕ကို စီရင္ကိုင္တြယ္လိုက္မယ္
ဟုတ္ကဲ့
ထိုစစ္သားသည္ ဇူအန္ အမိန့္အတိုင္း လိုက္လုပ္ရန္ ထိုေနရာမွ ျမန္ျမန္ထြက္ခြာသြားလိုက္သည္။ ထိုသို႔ျဖင့္ သိပ္မၾကာခင္၌ ခ်န္ေဝ့ သည္ တပ္စုတစ္ခုလုံး၏ ဝိုင္းရံခံလိုက္ရသည္။ သူ ဘယ္ေလာက္ျပင္းျပင္းထန္ထန္ ႀကိဳးစား႐ုန္းကန္ေနပါေစ ရန္သူအမ်ားအျပားႏွင့္ တစ္ခါတည္း ရင္ဆိုင္ရန္ သူ႕အတြက္ ခက္ခဲသည္။ ထို႔ေၾကာင့္ သူ႕လက္မ်ား သံႀကိဳးခတ္ခံရၿပီး အခန္းတစ္ခုထဲ၌ ဖမ္းဆီးပိတ္သိမ္းခံလိုက္ရသည္။
နင္ သူတို႔အားလုံးကို သတ္ဖို႔ တကယ္ရည္႐ြယ္ထားတာလား ေရွာင္း႐ႊယ္ယင္ စိုးရိမ္တႀကီး ေမးလိုက္သည္။
ဇူအန္ သူမမ်က္ဝန္းမ်ားထဲသို႔ တခဏမွ် စိုက္ၾကည့္လိုက္ၿပီးမွ ျပန္ေမးလိုက္သည္။ နင္သူတို႔ကို ကယ္ဖို႔ တကယ္ရည္႐ြယ္ထားတာလား
ေရွာင္း႐ႊယ္ယင္ ခ်က္ခ်င္းေခါင္းညိတ္လိုက္သည္။
သူ ခဏစဥ္းစားလိုက္ၿပီးမွ ေျပာလိုက္သည္။ ငါ့ကို အခုခ်ိန္ကစၿပီး အစ္ကိုလို႔ ေခၚပါ့မယ္လို႔ ကတိေပးရင္ မင္းကို ကူဖို႔ စဥ္းစားေပးမယ္
ငါ. ေရွာင္း႐ႊယ္ယင္ မ်က္ႏွာနီရဲသြားသည္။ ဟိုအခ်ိန္ သူမ သူ႕ကို ထိုသို႔ ေခၚနိုင္ရျခင္းက သူမကိုယ္သူမ ေသျခင္းေျခာက္ကမ္းပါးသို႔ ေရာက္ေနၿပီဟု ထင္ကာ ဘာမွမသိလိုက္ရဘဲ ေသသြားမွာစိုးေသာေၾကာင့္ျဖစ္သည္။ ပုံမွန္အေျခအေနမ်ိဳးမွာ သူ႕ကို အစ္ကိုဟု သူမ လုံးဝမေခၚနိုင္ပါ။
ဇူအန္ နက္ရွိုင္းစြာ သက္ျပင္းခ်ၿပီး မွတ္ခ်က္ခ်လိဳက္သည္။ ၾကည့္ရတာ မင္းက အေျပာပဲႀကီးတယ္ထင္တယ္။ ဟိုလူေတြအားလုံးကို ကယ္တင္ခ်င္သလိုမ်ိဳးသာ ေျပာေနတာ။ ေနာက္ဆုံးေတာ့လည္း သူတို႔အတြက္ မင္းမာနကိုေတာင္ ခဝါမခ်နိဳင္ဘူးမလား
ေရွာင္း႐ႊယ္ယင္ ေဒါသတႀကီးျဖင့္ ပက္ခနဲ ျပန္ေျပာလိုက္သည္။ နင္ ငါ့အေပၚ အခြင့္ေကာင္းယူေနတာ
ဇူအန္ ပုခုံးတြန့္လိုက္ၿပီး ငါ့ကိုယ္ငါ သူေတာ္စင္တစ္ေယာက္အျဖစ္ အရင္တုန္းက ေျပာဖူးလို႔လား။ ငါ့အတြက္ ဘာအက်ိဳးအျမတ္မွ ရဖို႔မရွိရင္ ငါနဲ႕ ဘာမွမပတ္သက္တဲ့ လူစုႀကီးကို ဘာလို႔အလုပ္ရႈပ္ခံကူညီေနမွာလဲ။ ေစာေစာတုန္းက သူတို႔ ငါ့ကို ေခ်ာက္ခ်ဖိဳ႕ လုပ္ၾကတာကိုေတာင္ ထည့္မေျပာရေသးဘူး
ေရွာင္း႐ႊယ္ယင္ အံႀကိတ္လိုက္ၿပီး ငါ နင့္ကို အစ္ကိုလို႔ ေခၚရင္ သူတို႔ကို တကယ္ ကယ္တင္ေပးမွာလား
ေသခ်ာေအာင္ေျပာရရင္ အနာဂတ္မွာလည္း မင္း ငါ့ကို အဲ့လိုဆက္ေခၚဖို႔ ငါ ေမွ်ာ္လင့္ထားတယ္ ဇူအန္ ျပန္ျပင္ေျပာလိုက္သည္။ ၿပီးေတာ့ ငါ အတတ္နိုင္ဆုံး ႀကိဳးပဲႀကိဳးစားေပးနိုင္မွာ။ ငါ သူတို႔ကို ေသခ်ာေပါက္ကယ္တင္နိုင္လိမ့္မယ္လို႔ အာမမခံဘူး
ေအာင္ျမင္ဖို႔ အာမေတာင္မခံနိုင္တာ ငါ ဘာလို႔ နင့္ကို အစ္ကိုလို႔ ဆက္ေခၚေနရမွာလဲ။ ဟာသပဲ ေရွာင္း႐ႊယ္ယင္ ျပန္ေခ်ပလိုက္သည္။
အင္းငါ သူတို႔ကို မကယ္နိုင္ခဲ့ရင္ မင္း ငါ့ကို အစ္ကိုလို႔ ဆက္ေခၚစရာမလိုေတာ့ဘူး။ ဒါေပမယ့္ အနည္းဆုံး အစမွာေတာ့ မင္း ငါ့ကို ေခၚသင့္တယ္မဟုတ္ဘူးလား ဇူအန္ ၿပဳံးရင္း ေျပာလိုက္သည္။
ဒါဆိုလည္း ေကာင္းၿပီေလ။ နင့္ရဲ႕ကတိကို တည္နိုင္လိမ့္မယ္လို႔ ငါ ေမွ်ာ္လင့္ပါတယ္ ေရွာင္း႐ႊယ္ယင္ ႏႈတ္ခမ္းတင္းတင္းေစ့ထားလိုက္သည္။ သူမမ်က္ႏွာသည္ အနီေရာင္သန္းေန၏။ ခဏအၾကာမွသာ အသံတိုးတိုးျဖင့္ သူမ ေခၚလိုက္နိုင္သည္။ အစ္ကို
ဇူအန္ သူမအနီးသို႔ အနည်းငယ်ယ်ိမ်းလိုက်ပြီး ေမးလိုက္သည္။ မင္း ဘာေျပာလိုက္တယ္။ မင္း အသံက အရမ္းညင္သာလို႔ ငါ ေသေသခ်ာခ်ာမၾကားလိုက္ရဘူး
သိပ္လြန္မလာနဲ႕ေနာ္ ေရွာင္း႐ႊယ္ယင္ သူ႕ကို ေဒါသတႀကီး စိုက္ၾကည့္လိုက္သည္။
သင္သည္ ေရွာင္း႐ႊယ္ယင္ထံမွ အမ်က္ပြိုင့္ ၃၃ ရရွိပါသည္။
ဘယ္တတ္နိုင္မလဲ။ မင္းအသံက အရမ္းတိုးေနတာကို
ေရွာင္း႐ႊယ္ယင္ထံမွ ရရွိသည့္ အမ်က္ပြိုင့္ အလြန္နည္းသျဖင့္ ဇူအန္ အနည္းငယ္စိတ္ပ်က္သြားသည္။ အရင္တုန္းက သူမက ယမ္းမႈန့္အျပည့္ပါတဲ့ စည္ႀကီးတစ္ခုလိုပါ။ နည္းနည္းေလာက္ သြားစလိုက္႐ုံနဲ႕ အမ်က္ပြိုင့္ တပုံတပင္ ရသြားတာေလ။ ဒါေပမယ့္ အခုေတာ့ သူ႕ယမ္းမႈန့္ေတြ ေလ်ာ့နည္းေနၿပီလို႔ ထင္တယ္။ သူေပးနိုင္တဲ့ အမ်က္ပြိုင့္က ရင္နာဖို႔ေကာင္းေလာက္ေအာင္ကို နည္းသြားတာ။
နင္ငါ့ကို လိမ္ရဲရင္ မေသမရွင္ျဖစ္သြားမယ္ေနာ္ ေ႐ြးခ်ယ္စရာမရွိသျဖင့္ ေရွာင္း႐ႊယ္ယင္ သူ႕ကို နီရဲေနေသာ မ်က္ႏွာႏွင့္ ေနာက္တစ္ႀကိမ္ျပန္ေခၚလိုက္သည္။ အစ္ကို
ဇူအန္ တဟားဟားရယ္ပစ္လိုက္သည္။ ဗ်ာ ငါ့ရဲ႕ညီမေလးလိမၼာလိုက္တာ
ထိုစကားမ်ား ေျပာလိုက္ၿပီးေနာက္ ခ်န္ေဝ့ကို ဖမ္းဆီးပိတ္ေလွာင္ထားသည့္ အခန္းဘက္သို႔ သြားလိုက္သည္။
တဖက္၌ ေရွာင္း႐ႊယ္ယင္သည္ ထိုေနရာတြင္ ငုတ္တုတ္ ရပ္က်န္ေနခဲ့သည္။ အလိုအေလ်ာက္ သူမပါးျပင္ကို သြားထိၾကည့္မိသည့္အခါ အလြန္ပူႏြေးေနသည္ကို သိရွိသြားသည္။ ဖီငါ ႐ူးေနတာပဲ ျဖစ္ရမယ္။
ထိုစဥ္ ဇူအန္သည္ ခ်န္ေဝ့ ဖမ္းဆီးခံရသည့္ အခန္းအျပင္ဘက္၌ ရပ္ေနသည္။ သူ ေလးေလးနက္နက္ စဥ္းစားသုံးသပ္ၾကည့္လိုက္သည္။ ေရွာင္း႐ႊယ္ယင္ သူ႕ကို အစ္ကိုလို႔ ေခၚလိုက္႐ုံႏွင့္ ႐ြာသူ႐ြာသားမ်ားကို ကယ္တင္ေပးဖို႔ သူ ေ႐ြးခ်ယ္လိုက္ျခင္းမဟုတ္သည္မွာ ေျပာေနစရာပင္ မလိုပါ။ မည္သို႔ဆိုဆို သူသည္ ၂၁ ရာစုမွ လာေသာ လူတစ္ေယာက္ျဖစ္သည္။ သူ႕ကိုယ္ပိုင္တကိုယ္ေကာင္းဆန္မႈအတြက္ အျပစ္မဲ့လူအမ်ားအျပားကို ေသခိုင္းရေအာင္ သူ႕အသိစိတ္က ခြင့္မျပဳနိုင္ပါ။
သူ၏ ယုတၱိရွိရွိ စဥ္းစားသုံးသပ္တတ္ေသာ စိတ္က ယင္း႐ြာသားမ်ားသည္ ေကာင္းကင္စည္းျဖင့္ ဖန္တီးထားသည့္ ပုံရိပ္ေယာင္မ်ားသက္သက္သာျဖစ္ေၾကာင္း ေျပာျပေနသည္။ သို႔ေသာ္ သူ႕အသိအာ႐ုံကမူ မတူညီေသာ ပုံျပင္တစ္ခု ေျပာျပေနသည္။ ဤအရာအားလုံးသည္ သူ႕အတြက္ တကယ္အစစ္လိုျဖစ္ေနၿပီး ယင္း႐ြာသားမ်ားကို သူ ျမင္ခဲ့ဖူးသည့္ လူမ်ားႏွင့္ သူ မခြဲျခားနိုင္ေတာ့ပါ။ ဤအျဖစ္ကို သူ စြန့္စားေလာင္းေၾကးထပ္ၿပီး မေျဖရွင္းခ်င္သလို သူ႕ဘဝတစ္ေလွ်ာက္လုံး သူ႕ကို အရိပ္လိုအၿမဲလိုက္ေျခာက္လွန့္ေနေစမယ့္ စိတ္ဒဏ္ရာတစ္ခုလည္း ျဖစ္မလာေစခ်င္ပါ။
ထို႔ေၾကာင့္ ဥကၠာပ်ံေပၚက စာလုံးမ်ားကို သူ ျမင္လိုက္ကတည္းက ဤအက်ပ္ရိုက္ေနသည့္ အေျခအေနမွ လြတ္နိုင္မယ့္ နည္းလမ္းကို ရွာရန္ သူ႕ဦးႏွောက္ကို ခိုင္းေစႏွိပ္စက္ေနခဲ့သည္။ ေရွာင္း႐ႊယ္ယင္ သူ႕ကို အစ္ကိုဟု မေခၚခဲ့လွ်င္ေတာင္ သူတို႔ကို ကယ္ရန္ သူအစြမ္းကုန္ႀကိဳးစားေနအုံးမည္ျဖစ္သည္။
တကယ္လို႔ ေရွာင္း႐ႊယ္ယင္သာ ဒီအေၾကာင္းကို သိသြားရင္ အမ်က္ပြိုင့္ေတြ တပုံတမႀကီး ေပးလာမွာပဲ ဟုတ္တယ္မလား။
မည္သို႔ပင္ဆိုေစ ဇူအန္ သူမကို မေျပာျပရန္ ဆုံးျဖတ္လိုက္သည္။ ေထာင္ခ်ီေက်ာ္ အမ်က္ပြိုင့္ေတြထက္ အနာဂတ္မွာ အဲ့မိန္းကေလးရဲ႕ အစ္ကိုလို႔ အေခၚခံရမွာက ပိုထိုက္တန္တယ္ဟု သူ ထင္သည္။ သူမသည္ သူ႕အသက္ကို ႏႈတ္ယူဖို႔ ႀကိဳးစားခဲ့သည့္ ရန္သူျဖစ္ခဲ့ဖူးသည့္အခ်က္က ဤကိစၥကို ပိုၿပီးစိတ္လႈပ္ရွားဖြယ္ေကာင္းသြားေစသည္။
သူ႕စိတ္အေျခအေနကို လွ်င္လွ်င္ျမန္ျမန္ ျပင္ဆင္ထိန္းခ်ဳပ္လိုက္ၿပီးေနာက္ တံခါးတြန္းဖြင့္ၿပီး အထဲသို႔ ဝင္သြားလိုက္သည္။ အထဲ၌ ခ်န္ေဝ့ သည္ တိုင္တစ္ခုတြင္ တင္းတင္းက်ပ္က်ပ္ အခ်ည္ခံထားရသည္။
ေသာက္အရာရွိ။ အစကတည္းက မင္းက မယုံသကၤာျဖစ္ဖို႔ေကာင္းတယ္လို႔ ငါ သိသားပဲ။ ဒါကလည္း မင္းရဲ႕ အႀကံအစည္ပဲျဖစ္ရမယ္ ဇူအန္ကို ေတြ႕သည္ႏွင့္ ခ်န္ေဝ့ မ်က္လုံးမ်ား ခ်က္ခ်င္းနီရဲသြားသည္။ တဖက္လူကို ခုန္အုပ္ ထိုးႏွက္ပစ္ရန္ ခ်ည္ထားေသာႀကိဳးမ်ားကို ႀကိဳးစား႐ုန္းလိုက္သည္။ သို႔ေသာ္ ဘာမွအသုံးမဝင္လိုက္ပါ။
သင္သည္ ခ်န္ေဝ့ ထံမွ အမ်က္ပြိုင့္ ၄၄၄ ရရွိပါသည္။
ၿငိမ္ၿငိမ္ေနစမ္း အေစာင့္တစ္ေယာက္သည္ ခ်န္ေဝ့ တိတ္သြားရန္ တစ္ခ်က္ရိုက္ႏွက္လိုက္ၿပီး ဇူအန္ဘက္သို႔ ကပ္ဖားယပ္ဖား လွမ္းၾကည့္လိုက္သည္။ စစ္ေဆးေရးအရာရွိကို မရိုမေသ လုပ္ရဲတယ္ေပါ့
ဇူအန္ ေခါင္းတစ္ခ်က္ ညိတ္ျပလိုက္ၿပီးမွ ေျပာလိုက္သည္။ ငါ သူ႕ကို ေမးစရာရွိတယ္။ မင္းတို႔ အျပင္ကေန ေစာင့္ေနၾက
ဟုတ္ကဲ့
အေစာင့္မ်ားသည္ အခန္းထဲမွ အလွ်င္အျမန္ ထြက္သြားလိုက္ၾကသည္။
ထိုအခ်ိန္မွ ေရွာင္း႐ႊယ္ယင္ ေရာက္ရွိလာသည္။ သူမေနာက္က တံခါးကို ပိတ္လိုက္ၿပီးေနာက္ အခန္းအနီးနားသို႔ ဘယ္သူမွမလာတာေသခ်ာေစရန္ အျပင္ဘက္ကို သတိတထား ေစာင့္ၾကပ္ၾကည့္ရႈထားလိုက္သည္။
ထိုအခ်ိန္က်မွ ဇူအန္ ခ်န္ေဝ့ကို စကားစေျပာသည္။ မင္း စြပ္စြဲခံရတယ္ဆိုတာ ငါ သိတယ္
လူယုတ္မာ တကယ္ပဲ မင္းကိုးခ်န္ေဝ့ မ်က္လုံးမ်ားသည္အမုန္းတရားမ်ားႏွင့္ တဖိတ္ဖိတ္ေတာက္ေနသည္။ သူ႕အေဖ ေသဆုံးမႈ ႏွင့္ အျခား႐ြာသူ႐ြာသားမ်ား ခံစားရသည့္ ဒုကၡေပါင္းစုံက သူ႕ေဒါသကို ပုံတိုးသြားေစသည္။
သင္သည္ ခ်န္ေဝ့ထံမွ အမ်က္ပြိုင့္ ၉၉၉ ရရွိပါသည္။
အရမ္းေဒါသထြက္ေနဖို႔ မလိုဘူး။ ငါ မင္းကို ကယ္ဖို႔ လာတာပါ ဇူအန္ ျပန္ေျပာလိုက္သည္။
ငါ့ကို ကယ္မယ္ ခ်န္ေဝ့ မ်က္ေမွာင္ၾကဳတ္ၿပီး သေရာ္လိုက္သည္။ ဒါဆို အဲ့ဒီအတြက္ ငါ မင္းကို ေက်းဇူးတင္သင့္လား
ခ်န္ေဝ့ က်ကြၽန္မအစ္ကိုက ရွင့္ကို ကယ္ဖို႔ ဒီကို လာတာ အမွန္ပါ ေရွာင္း႐ႊယ္ယင္ ေဖ်ာင္းဖ်လိဳက္သည္။
ထိုစကားမ်ားၾကားသည့္အခါ ခ်န္ေဝ့ ဇူအန္ကို နက္နက္ရွိုင္းရွိုင္း စိုက္ၾကည့္လိုက္ၿပီးေနာက္ ေနာက္ဆုံး၌ တိတ္သြားသည္။
မင္း စြပ္စြဲခံရတယ္ဆိုတာကို ငါ ဘာလို႔သိလဲဆိုေတာ့ အဲ့ဒီဥကၠာပ်ံ က်လာၿပီးၿပီးခ်င္း ငါ အဲ့ဒီေနရာကို ေျပးခဲ့တယ္။ အဲ့ဒီတုန္းကတည္းက သူ႕မ်က္ႏွာျပင္ေပၚက စာလုံးေတြက ေရးထြင္းၿပီးသားျဖစ္ေနတယ္ ဇူအန္ ေျပာလိုက္သည္။
ခ်န္ေဝ့၏ ခႏၶာကိုယ္သည္ ယင္းစကားမ်ားေၾကာင့္ တုန္သြားၿပီး ထိတ္လန့္ေခ်ာက္ခ်ားစြာျဖင့္ သြားၿပီ။ ငါတို႔တ႐ြာလုံးေတာ့ သြားၿပီပဲ
တဖက္လူထံမွ ထိုသို႔ေသာ စကားမ်ိဳး ၾကားလိုက္ရေသာေၾကာင့္ ဇူအန္ အံ့အားသင့္သြားသည္။ ဘာလို႔အဲ့လိုေျပာရတာလဲ
ေၾကာက္လန့္တုန္လႈပ္ေနသည့္ ခ်န္ေဝ့ သည္ ေငးေၾကာင္ေၾကာင္ျဖင့္ သူ႕အေရွ႕ကိုသာ ၾကည့္ေနရင္း ေျပာလိုက္သည္။ အဲ့ဒီစာလုံးေတြကို ေရးထြင္းတဲ့သူ တရားခံကို ရွာေတြ႕သြားရင္ ဒီျပႆနာကေန ငါတို႔ လြတ္ေျမာက္နိုင္လိမ့္မယ္လို႔ပဲ ထင္ခဲ့တာ။ ဒါေပမယ့္ အဲ့ဒီစာလုံးေတြက ေကာင္းကင္ဘုံကေန က်လာတဲ့ တကယ့္စီရင္ခ်က္ဆိုရင္ရွင္ဘုရင္က ဒီလိုကိစၥမ်ိဳးကို လုံးဝသည္းခံမွာ မဟုတ္ဘူး။ ဒီကိစၥေၾကာင့္ ျဖစ္ေပၚလာတဲ့ စိုးရိမ္ပူပန္မႈကို ေလ်ာ့ခ်ဖိဳ႕ ငါတို႔အေပၚ ေသခ်ာေပါက္ အျပစ္ပုံခ်မွာပဲ
ေရွာင္း႐ႊယ္ယင္ မေနနိုင္ဘဲ ဇူအန္ကို လွမ္းၾကည့္လိုက္သည္။ အံ့ၾသဖြယ္ေကာင္းစြာျဖင့္ ထိုစကားမ်ားသည္ ခုနတုန္းက ဇူအန္ထံမွ ၾကားခဲ့ရသည့္ စကားမ်ားႏွင့္ ဆင္တူေနသည္။
ဇူအန္ကလည္း ဤတုတ္ခိုင္သန္မာေသာ ေယာက်ာ္းက စူးရွထက္ျမတ္ၿပီး ျဖစ္လာနိုင္ေခ်ရွိသည့္ ကိစၥကို ခ်က္ျခင္းသိရွိနားလည္သြားလိမ့္မယ္ဟု မေမွ်ာ္လင့္ထားခဲ့ပါ။ ၾကည့္ရတာ မင္းက ထက္ျမက္တဲ့ပုံပဲ။ မင္းကို ဒီကိစၥကေန ကယ္ထုတ္ေပးနိုင္မယ့္ နည္းလမ္းတစ္ခုေတာ့ ငါ သိတယ္။ ဒါေပမယ့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ဖို႔ မင္း သတၱိရွိမလားဆိုတာေတာ့ ငါ သိပ္မေသခ်ာဘူး
--- --- --- --- --------------------------------- -- -- - - - - - - ----------