ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

81.3K 10.8K 63

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

181

319 45 0
By SoeHmue

Chapter 181: ဝိရောဓိ

ရွာသားများ သူတို့ကို ကူညီထားသောကြောင့် ရှောင်းရွှယ်ယင် မီးငြှိမ်းကူပြီး ဒဏ်ရာရသူများကို ဝိုင်းသယ်ပေးနေသည်။ တစ်ခါတစ်ခါ ပြိုကျလုနီးသော အမိုးများကိုလည်း နွယ်များဖြင့် ထောက်ပေးသေးသည်။

ဇူအန်ကတော့ သူတို့ကိုဝိုင်းမကူဘဲ လယ်ကွင်းဘက်ကို ဦးတည်သွားလိုက်သည်။ ရှောင်းရွှယ်ယင် သူ့ကို လှမ်းခေါ်ချင်သော်လည်း ဇူအန်နောက်ကျောကိုကြည့်၍ စုပ်သတ်လိုက်မိသည်။

ဘယ်လိုတောင် သဘောထားသေးရတာလဲ။ အရင်ဖြစ်ရပ်ကြောင့် ရွာသားတွေကို အခုထိ အငြှိုးထားနေသေးတာလား။

ဇူအန် လယ်ကွင်းထဲက အလင်းဆုံးနေရာကိုသွား၍ သူ့မှတ်ဉာဏ်ထဲမှ တစ်စုံတစ်ခုကို အတည်ပြုချင်သည်။

ဥက္ကာပျံခဲက အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး အကြီးဆုံးအစိတ်အပိုင်းက ရွာ၏ ကီလိုမီတာတစ်ဝက်အကွာတွင် ကျသွားခြင်းပင်။ အဝေးကတောင် အပုချိန်ကို ခံစားနေရ၍ ဇူအန် ကီဖြင့် အကာအကွယ်ယူလိုက်သည်။

ဒါတောင် ကျင့်ကြံမှုအဆင့်နိမ့်သောကြောင့် အနီးကို မကပ်နိုင်ပေ။ အနီးတွင် မီးလောင်မှုများရှိသေး၍ ဇူအန်အဝေးတွင်သာ ရပ်နိုင်လေသည်။ သို့သော်လည်း ဇူအန် ရှာနေသောအရာကို တွေ့လိုက်သည်။

ဥက္ကာပျံမျက်နှာပြင်ပေါ်က စာကြောင်းများကြောင့် ဇူအန် မျက်နှာထူးဆန်းသွားသည်။ မိုးကောင်းကင်က တကယ်ပဲ တည်ရှိတဲ့အရာလားဟု ဇူအန် ခေါင်းမော့ကြည့်မိသည်။

လေးလံသောစိတ်ဖြင့် ရွာထဲ ပြန်လာလိုက်သည်။ ရှောင်းရွှယ်ယင် သူ့ကို အသာဆွဲကာ
"ရှင်ဘယ်သွားနေတာလဲ။ အခုပြန်ရောက်လာပြီဆိုတော့ ရွာသားတွေကို တစ်ချက်ကူလိုက်ဦး"

သို့သော် ဇူအန် ခေါင်းယမ်း၍ ပြန်ဖြေသည်။
"ဘာထူးလဲ။ ငါတို့က ရလဒ်ကိုမှ မပြောင်းနိုင်တာ။ အကုန် အလကားပဲ"

ရှောင်းရွှယ်ယင်က စိတ်တိုသွားသည်။
"ရှင်ဘယ်လို လုပ်နိုင်ရတာလဲ။ ဟုတ်တယ်။ သူတို့က ရှင့်ကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံပေမဲ့ အဲ့တာက ဒီတိုင်းပြည်ရဲ့ ဥပဒေကြောင့် ဖြစ်ရတာလေ။ အဲ့တာပြီးတော့ သူတို့ကြင်နာမှုကို ပြသေးတာပဲ။ ကျွန်မတို့ကို ရေနဲ့ ဆေးတွေ ပေးသေးတယ် မဟုတ်ဘူးလား"

"မင်းအတွက်တော့ ဟုတ်တာပေါ့" ဇူအန် ပြန်ဖြေသည်။

ရှောင်းရွှယ်ယင်က ကြောင်သွားသည်။
"ရှင်အဲ့တာကို ရန်ငြှိုးထားနေတာတော့ မဟုတ်ဘူးမလား။ ယောက်ျားလေးဖြစ်ပြီး အဲ့လောက် သဘောထားမသေးလို့ မရဘူးလား"

"အခု အဲ့ဒါက ပြဿနာမဟုတ်ဘူး။ ဘာလုပ်လုပ် အကုန်လုံး အလဟဿဖြစ်မှာပဲ။ မင်း ခဏနေ သိလိမ့်မယ်" ဇူအန် ပြန်ဖြေသည်။
"မင်းကို အကြံတစ်ခု ပေးလိုက်မယ်။ ဒီနေရာမှာ ခွန်အားဖြုန်းတီးမနေနဲ့"

"ရှင့်ကိုတော့ ပြောမနေတော့ဘူး" ရှောင်းရွှယ်ယင် ဆူပူ၍ ရွာသွားများကို ဆက်ကူညီလေသည်။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၁၁..၁၁..၁၁..၁၁...ရယူလိုက်သည်။

ဇူအန် ရလာသောအမျက်ပွိုင့်များကိုကြည့်၍ ရယ်လိုက်မိသည်။
သူက ငါ့ကို တကယ်ကြီး အခဲမကျေဖြစ်နေတာပဲ။

ခေတ္တအကြာ အဝေးမှ မြင်းခွာသံများ ထွက်လာသည်။ မကြာခင် အရာရှိတစ်ဦး တပ်သားများနှင့်အတူ ရောက်လာသည်။

ရွာသားများ မတည်မငြိမ်ဖြစ်လာကြသည်။ ဘာပဲပြောပြော ဒီခေတ်တွင် အရာရှိများနှင့် ရင်ဆိုင်ရခြင်းက ကောင်းသောအရာမဟုတ်ပေ။ ရွာသူကြီးအမြန်ရှေ့တက်၍ နှုတ်ဆက်လိုက်သည်။
"အရာရှိဝမ် ဘာကိစ္စရှိလို့များပါလိမ့်"

"ဒီလို ဥက္ကာပျံခဲကျပြီးတာတောင် ငါက မလာလို့ရမလား။ ငါ တော်ဝင်လွှတ်တော်ကို အမြန်ချက်ချင်း သတင်းပို့ရမှာ" အရာရှိက ရွာသူကြီးကို အဖတ်မလုပ်ဘဲ အချက်ပြ၍ တပ်သားများကို အရှာလွှတ်လိုက်သည်။

ရွာသူကြီးက တွေဝေပြီး ဆက်မေးသည်။
"အရာရှိ ဝမ် ကြည့်ပါဦး။ ဒီတစ်ခေါက် ကျုပ်တို့ရွာက အသေအကျေများတယ်။ ပြီးတော့ အိမ်တိုင်းနီးပါး မီးလောင်ပြာကျသွားတာ။ ဒီအခက်အခဲကို ဖြေရှင်းနိုင်အောင် ကျုပ်တို့ရွာကို ထောက်ပံ့ကြေးလေးဘာလေး.."

သို့သော် သူ့စကားမဆုံးခင် အရာရှိဝမ်က ဖြတ်ပြောသည်။
"အခုချိန်မှာ တော်ဝင်လွှတ်တော်ရဲ့ ဘဏ္ဍာငွေက ကျပ်တည်းနေတယ်။ အခုချိန် မြောက်ဘက်နယ်စပ်မှာ အခြားလူမျိုးတွေနဲ့ စစ်ဖြစ်နေပြီးတော့ နန်းတော်နဲ့ တော်ဝင်သင်္ချိုင်းဆောက်ဖို့အကုန်လုံးက ငွေလိုတယ်။ ဒီလို ရိုးရိုးပြဿနာမျိုးကို မင်းဘာသာ ဖြေရှင်းနိုင်သင့်တယ်။ ဒီလို အသေးအမွှားအတွက် လွှတ်တော်ကို အပူမပေးနဲ့"

ရွာလူကြီး စိတ်ပူပန်လာပြီး ပြန်ဖြေသည်။
"ဒါပေမဲ့ ကျုပ်တို့ အထွက်နှုန်းက ဒီနှစ်နည်းပြီး အိမ်တွေအားလုံးလည်း မီးလောင်.."

တပ်သားတစ်ယောက် ဒရောသောပါးပြေးလာပြီး သူ့စကားကိုဖြတ်ကာ သတင်းပို့လိုက်သည်။
"သတင်းဆိုး ဝမ်သခင်"

အရာရှိဝမ် တပ်သားကိုကန်၍ အော်ဟစ်လိုက်သည်။
"အမူအရာလေး ဘာလေးထိန်း"

တပ်သားက အကန်ခံလိုက်ရသောနေရာကို ပွတ်၍ ဥက္ကာပျံကျရာ ဘက်သို့ လက်ညှိုးထိုးလိုက်ပြီး
"အဲ့..အဲ့ဒီမှာ..ဥက္ကာပျံပေါ်မှာ... စာလုံးတွေ"

"စာလုံးတွေ ဟုတ်လား" အရာရှိဝမ် မျက်လုံးလက်သွားသည်။ သူက တပ်သားပြရာကို အမြန်သွားလိုက်သည်။
နမိတ်ကောင်းတဲ့ စာလုံးဆို အထက်ကိုတင်ပြလိုက်ရင် မင်းကြီးက ငါ့ကို ကျိန်းသေ ရာထူးတိုးပေးမှာပဲ။

ဥက္ကာပျံပေါ်မှာ ဘာရေးထားလဲဆိုတာ အရေးမကြီးဘူး။ အဲ့တာက စာပေပညာရှင်တွေ လုပ်ရမယ့်အလုပ်။ သူတို့ပါးစပ်ထဲမှာ ပုံမှန်စာသားကတောင် ချင်ခေတ်အတွက် ကံကောင်းတဲ့စာသားတွေ ဖြစ်သွားနိုင်သည်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်မှလာသော စာလုံးဆိုတာက အရေးကြီးသည်ပင်။

တပ်သားများလည်း အရာရှိဝမ်နှင့်အတူ လိုက်သွားပြီး စပ်စုသောရွာသွားများလည်း ပါသွားကြသည်။ ချန်ဝေ့ သူ့အဖေကိုတွဲပြီး နောက်ကလိုက်ရန် ပြင်လိုက်သည်။ တိုးတိုးဖြင့်
"အဖေ ဘာလို့ အဲ့ဒီမောက်မာတဲ့ အရာရှိကို တောင်းဆိုနေရတာလဲ။ သူကျုပ်တို့ကို ကူဖို့ ငွေထုတ်ပေးမှာ မဟုတ်တာ သေချာနေတာပဲကို။ အဖေမေးတော့ရော အရှက်ခွဲခံရတာပဲ အဖတ်တင်တယ်"

ရွာသူကြီးက သက်ပြင်းချ၍
"အနည်းဆုံး စမ်းကြည့်တာပေါ့။ ရွာသားတွေအတွက် ငါ့ရဲ့ မာနနဲ့ သိက္ခာက ဘာအရေးလဲ"

ချန်ဝေ့ သပ်ပြင်းချကာ အရာရှိဝမ်နောက်ကျောကို အမုန်းဖြင့် ကြည့်လိုက်သည်။

အရာရှိဝမ်က ရာထူးတိုး၍ အမြင့်တက်ရန် စိတ်ကူးယဉ်နေပြီး နောက်ဆုံး စာကြောင်းများကိုမြင်သော် တောင့်ခဲသွားသည်။ ဆက်မရပ်နိုင်လောင်အောင် ခြေထောက်များ ထုံကျင်လာကာ ကျောရိုးမှတစ်ဆင့် စိမ့်အေးလာသည်။

သူ့နောက်လိုက်များ ရင်ဘတ်ကို ပွတ်သပ်ပေးပြီးမှသာ ထိပ်လန့်မှုမှ သတိပြန်လည်လာခြင်းပင်။

"ဒီ..ဒီစကားတွေ ဘယ်သူထွင်းတာလဲ" အရာရှိဝမ် အော်လိုက်သည်။ ရွာသားများကို လက်ညှိုးထိုးကာ
"မင်းတို့အပြစ်ကို ဝန်ခံတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းတို့တစ်ရွာလုံး တစ်ယောက်မှ အသက်ရှင်လျက် ထွက်သွားဖို့မကြံနဲ့"

ရွာသူကြီးက ဘာဖြစ်နေလဲ နားမလည်၍ လူအုပ်ကိုကျော်ကာ ဥက္ကာပျံကိုကြည့်လိုက်သည်။ စာကြောင်းမှာ
"တည်ထောင်သူ ဧကရာဇ်သေအံ့..တိုင်းပြည်လည်း ကွဲအံ့"

"ဒ..ဒါ..ဒါက" ရွာသူကြီး တုန်ရင်လာ၍ မေ့လဲကာ မြေပေါ်သို့ ပြုတ်ကျသွားသည်။ ချန်ဝေ့အမြန် လှမ်းထိန်းလိုက်၍သာ တော်ပေသည်။

"ခင်ဗျား မေ့လဲသွားတာနဲ့ အကုန်ပြီးသွားပြီလို့ ထင်နေတာလား"

အရာရှိဝမ်က ဒီကိစ္စကို လွယ်လွယ်အလွတ်မပေးနိုင်ပေ။ တစ်ခြားစာကြောင်းဖြစ်ပါက နမိတ်ကောင်းသော စကားအဖြစ် လှည့်လိုက်၍ရသော်လည်း ဒီစကားများက ဧကရာဇ်အတွက် တိုက်ရိုက်ပြောနေခြင်းပင်။ သူဘယ်လောက်ရဲတင်းတင်း ဒီစကားကိုတော့ မပြောရဲပေ။

"ကျုပ်အဖေ တကယ်မေ့လဲသွားတာဗျ" ချန်ဝေ့ ဒေါသထွက်သွားသည်။

"သူမေ့လဲတာ မမေ့လဲတာ ငါဂရုမစိုက်ဘူး။ ဒီကိစ္စကို အဆုံးထိ ငါလိုချင်တယ်။ မဟုတ်ရင်မင်းတို့ တစ်ယောက်မှ လွတ်မယ်မထင်နဲ့"

ထိုစကားများပြော၍ အရာရှိဝမ် မှော်ကြေးမုံကိုထုတ်ကာ အထက်ကို သတင်းပို့လိုက်သည်။

ထိုစဉ် ဇူအန်မှာ ဘေးမှ အသာလေး ကြည့်နေလေသည်ာ ထိုမှန်က အရင်ဘဝ video call နှင့် ဆင်တူကြောင်း တွေ့လိုက်၍ အံ့သြနေသည်။ ကျင့်ကြံခြင်းလောကတွင် သိပ္ပံနှင့်နည်းပညာမရှိလည်း ကမ္ဘာပတ်နိုင်နေသည်။

အရာရှိဝမ်က ခေါင်းငုံ့ကာ မှန်ထဲမှလူကို သတင်းပို့နေသည်။ သတင်းပို့ပြီးသော် မှန်ကိုပြန်သိမ်း၍ ရွာသားများကို ဒေါသတကြီး ကြည့်လိုက်သည်။
"ရွာသားတစ်ယောက်ချင်းစီကို သေချာ စစ်မေးလိုက်။ ဒီစာကြောင်းကို ဘယ်သူထွင်းသွားလဲ သိအောင်လုပ်ရမယ်။ မဟုတ်ရင် မင်းတို့အားလုံး သေပြီပဲ"

ထိုစကားများကြားသော် ရွာသားများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သူတို့က စပ်စုရုံသာဖြစ်သော်လည်း ပြဿနာတက်လိမ့်မည်ဟု ထင်မထားကြပေ။

"အဲ့တာကျုပ်တို့ မဟုတ်ဘူး။ ကျုပ်တို့က မီးငြှိမ်းရင်း အလုပ်ရှုပ်နေတာ"

"ကျုပ်တို့က စာတောင်မဖတ်တတ်တာ။ ရေးဖို့ဆို အဝေးကြီး"

"ကျုပ်တို့ မှားယွင်းစွတ်စွဲခံရတာပါ။ ကျုပ်မျက်စိကန်းနေတာ လူတိုင်းသိတယ်"

.....

ရွာသားများ ချက်ချင်း အော်ဟစ်တောင်းပန်နေကြသည်။

ရှောင်းရွှယ်ယင် ဇူအန်လက်ကို ဆွဲ၍ မေးလိုက်သည်။
"ဘယ်သူထွင်းတာလဲ မြင်လိုက်လား။ ကျွန်မက မီးငြှိမ်းရင်း အလုပ်များနေလို့ ဘာဖြစ်နေလဲ မသိလိုက်ဘူး။ "

ဇူအန် ရင်လေးစွာ ခေါင်းယမ်းလိုက်သည်။

ရွာသားတစ်ဦးက ဇူအန်ကို လက်ညှိုးထိုး၍အော်လိုက်သည်။
"ဒီလူ အစောက ဒီနေရာကို လာတာ ကျုပ်တွေ့လိုက်သလိုပဲ"

"အမှန်ပဲ ဒီလူနှစ်ယောက်မှာ သံသယဝင်စရာ နောက်ခံတွေနဲ့။ သူတို့ လုပ်တာပဲ ဖြစ်ရမယ်"

လူများစွာ သဘောတူကြသည်။ သူတို့အသက်ဘေးနှင့်ရင်ဆိုင်ရသော် ဘယ်သူ့ကိုမဆို အပြစ်တင်ဖို့ ဝန်မလေးပေ။

ရှောင်းရွှယ်ယင် ကြောင်သွားသည်။ သူမက စေတနာဖြင့် ကူညီခဲ့သော်လည်း ဒီလိုမျိုး တုံ့ပြန်ခံရသည်။

"ဒါက လူတွေရဲ့ သဘာဝပဲ။ ဒါကို သင်ခန်းစာလို့မှတ်" ဇူအန် ထပြောသည်။

ရှောင်းရွှယ်ယင် ဇူအန်ကို ထူးထူးဆန်းဆန်း ကြည့်၍
"ဟမ့် ရှင်ကပဲ ဉာဏ်အလင်းရသလို လာပြောနေတယ်။ လူကဖြင့် အဲ့လောက် အသက်မကြီးသေးဘဲနဲ့"

"ဒါက အသက်နဲ့ ဘာဆိုင်လို့လဲ။ တစ်ချို့လူတွေဆို ဆယ်စုနှစ်အများကြီးနေတာတောင် ငတုံးတွေလိုပဲ" ဇူအန် တပ်သားများ၏ အခြေအနေကို ကြည့်ရင်း ပြန်ဖြေသည်။ လိုအပ်လျှင် ဖောက်ထွက်ရန် အသင့်ဖြစ်နေပြီးသားပင်။

ရွာသားများ၏ သက်သေခံမှုကြောင့် အရာရှိဝမ် သူတို့ကို ကြည့်လာသည်။ တပ်သားမျာကလည်း ပတ်ပတ်လည်ကို ဝန်းရဲ၍ ထွက်မပြေးနိုင်အောင် ကာလိုက်သည်။

ဇူအန် ဖောက်ထွက်ရန် လှုပ်ရှားဖို့မစခင် အရာရှိဝမ်မျက်နှာတွင် သံသယအမူအရာတစ်ခု ပေါ်လာပြီး အော်ရယ်လိုက်လေသည်။
"အာ..စစ်ဆေးရေးအရာရှိ ခင်ဗျားကို ရှာနေတာကြာပြီ။ ဒီရောက်နေမယ်လို့ မထင်ထားဘူး"

"စစ်ဆေးရေးအရာရှိ ဟုတ်လား"ဇူအန် ကြောင်သွားသည်။ အရာရှိဝမ်က သူတို့ကို လှည့်စားရန် ထောင်ချောက်ဆင်နေခြင်းဟု တွေးလိုက်သော်လည်း ထိုသို့ဟုတ်ဟန်မတူပေ။ ဒီလို အဓိပ္ပာယ်မရှိသော အလိမ်အညာကို ပြောစရာအကြောင်း မရှိပေ။

ဂိမ်းတော်တော်များများ ဆော့ဖူး၍ ဒီအခြေအနေက ဇာတ်လမ်းဆက်သွားရန် ပါဝင်သရုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

အရာရှိဝမ်က ရွာသားများကို မျက်စောင်းခဲ၍
"မင်းတို့ ဘာပေါက်ကရတွေ ပြောနေတာလဲ။ ဒီလူက တော်ဝင်လွှတ်တော်ရဲ့ စစ်ဆေးရေးအရာရှိ ပဲ။ သူက ဘယ်လိုလုပ် ဥက္ကာပျံပေါ် ဒီလိုစာကြောင်း ထွင်းရမှာလဲ။ မင်းတို့စကားကို သတိထားပြော"

ရွာသားများကို ဆူငေါက်ပြီးနောက် ဇူအန် ဘက်လှည့်ကာ
"အရာရှိမင်း လွှတ်တော်က ဒီကိစ္စကို တစ်ရက်အတွင်း စုံစမ်းပြီးတင်ပြရမယ်တဲ့။ မဟုတ်ရင် ကျုပ်တို့ ရာထူးအချခံရပြီး သေဒဏ်အပေးခံရမှာ။ ခင်ဗျားက ဒီနေရာမှာ ရာထူးအကြီးဆုံးဆိုတော့ ဒီကိစ္စမှာ ခင်ဗျားအမိန့်ကို ကျုပ်နာခံပါ့မယ်"

တစ်ခြားလူက တာဝန်ကို သူ့ခေါင်းပေါ်ပုံချနေကြောင်း ဇူအန်သိသော်လည်း ကောင်းကင်စည်းကို ဖြေရန် အရေးကြီးအချက်ဖြစ်နိုင်၍ လက်ခံလိုက်သည်။
"ကောင်းပြီလေ။ ကျုပ်ဒီကိစ္စကို တာဝန်ယူလိုက်မယ်။ အိမ်တိုင်းကို တစ်ယောက်စီ ခွဲချုပ်ပြီး စစ်ဆေးလိုက်။ မဟုတ်ရင် သူတို့ အတူတူ ညာနေလိမ့်မယ်"

"ဟုတ်ကဲ့ အရာရှိမင်း" အရာရှိဝမ် လက်ခါ၍ တပ်သားများကို အမိန့်ပေးလိုက်သည်။
အမိန့်ပေးပြီး ဇူအန်ကို ဖားရန်ပြင်လိုက်စဉ် မျက်နှာမရ ခြေထောက်ရ ဖြစ်သွားသည်။

"မင်းက ဒီမှာ ဘာကြောင်နေသေးတာလဲ။ ဒီမှာ လူလိုနေတာ မသိဘူးလား။ အမြန် အလုပ်သွားလုပ်ချေ။"

"ဟု..ဟုတ်ကဲ့" အရာရှိဝမ် တလေးတစား ခေါင်းညိတ်လိုက်သည်။

နောက်လိုက်တစ်ယောက်လို အဆက်ဆံခံရသော်လည်း ဒီကိစ္စကို လက်လွှဲပြီးဖြစ်၍ ဝမ်းသာနေသည်။ တစ်ခုခုမှားသွားရင်တောင် အကြီးဆုံးတာဝန်ယူတဲ့သူက စစ်ဆေးရေးအရာရှိသာ ဖြစ်လိမ့်မည်။

အရာရှိဝမ်ထွက်သွားမှ ရှောင်းရွှယ်ယင် မနေနိုင်ဘဲ မေးလေသည်။
"ရှင်က ဘယ်တုန်းက အရာရှိဖြစ်သွားရတာလဲ"

"ဒါက ကောင်းကင်စည်းက ပေးတဲ့ နေရာ။ အဖြစ်နိုင်ဆုံးက ငါတို့ စာရေးသွားတဲ့လူကို ရှာပြီး အပြစ်ပေးရမယ်။ ဒါမှ ဒီစည်းကို ဖြတ်နိုင်မှာ" ဇူအန် ပြန်ဖြေသည်။

"ဟမ်..ဒါက လွယ်သလိုပဲ။ လူစည်းနဲ့ မြေစည်းကလောက် မခက်သလိုပဲ" ရှောင်းရွှယ်ယင် စိတ်အေးသွားသည်။

"မင်းက သတိလက်လွတ် အဖြစ်မြန်လွန်းနေတာ။ ငါတို့သာ မဖြေရှင်းနိုင်ရင် ချင်ခေတ်ဥပဒေအရ ငါတို့သေဒဏ်အပေးခံရလိမ့်မယ်။ အရာရှိဝမ်က လက်ထောက်အဖြစ်ပဲ လုပ်တာဆိုတော့ အများဆုံးမှ ရာထူးပြုတ်ရုံပဲ။ မဟုတ်ရင် သူဘာလို့ ငါဒီမှာရှိနေတာ ဒီလောက်ပျော်နေတယ် ထင်လဲ"

"ဒါပေမဲ့ ဒါက အဆိုးဆုံးအခြေအနေရောက်မှ မဟုတ်လား။ ရွာထဲမှာ ဒီလောက်လူနည်းနည်းပဲရှိတော့ သိပ်မခက်ပါဘူး။ ပြီးတော့ တရားရုံးတပ်သားတွေထဲ ကျွမ်းကျင်တဲ့ စစ်မေးသူတွေ အများကြီးရှိတာပဲ။ သတင်းတစ်ချို့ရလောက်ပါတယ်" ရှောင်းရွှယ်ယင် ပြန်ဖြေသည်။
"ပြီးတော့ ကျွန်မက လူတစ်ချို့ကို သိထားပြီးသား။ ကျွန်မနဲ့အတူ မီးငြှိမ်းနေတဲ့လူတွေက ဥက္ကာပျံကို မချဉ်းကပ်နိုင်ဘူး"

"အဲ့လောက်သာ လွယ်မယ်ဆိုရင်တော့....ဒီပြဿနာက ကောင်းကင်စည်းဖြစ်မလာဘူး" ဇူအန် သက်ပြင်းကြီးကြီးချလိုက်သည်။
ဘာကြောင့် ကောင်းကင်စည်းဖြစ်နေရလဲ ဇူအန် သိသွားပြီ။ ကောင်းကင်က ကြယ်များနှင့် သက်ဆိုင်နေပြီး သေခြင်းတရားနှင့်လည်း ပတ်သက်နေသည်။

"ဘာလို့လဲ" ရှောင်းရွှယ်ယင် နားမလည်ပေ။
"ကျွန်မမှတ်မိသလောက် ရှင်လည်း အဲ့ဘက်ကို သွားသေးတယ်မလား ။ ဘယ်သူရေးသွားလဲ ရှင်သိလောက်တာပဲ"

"အဲ့တာကြောင့် ဒီပြဿနာမှာ အဖြေမရှိဘူးလို့ ငါပြောတာပေါ့" ဇူအန် ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"ကောင်းကင်က ကျလာတည်းက စာကြောင်းက ပါလာပြီးသားဖြစ်နေတာ"

--- -- -- --- -- -- ---------------------------------------- -- -- --- - - - - - - - - -

Chapter 181: ဝိေရာဓိ

႐ြာသားမ်ား သူတို႔ကို ကူညီထားေသာေၾကာင့္ ေရွာင္း႐ႊယ္ယင္ မီးျငႇိမ္းကူၿပီး ဒဏ္ရာရသူမ်ားကို ဝိုင္းသယ္ေပးေနသည္။ တစ္ခါတစ္ခါ ၿပိဳက်လဳနီးေသာ အမိုးမ်ားကိုလည္း ႏြယ္မ်ားျဖင့္ ေထာက္ေပးေသးသည္။

ဇူအန္ကေတာ့ သူတို႔ကိုဝိုင္းမကူဘဲ လယ္ကြင္းဘက္ကို ဦးတည္သြားလိုက္သည္။ ေရွာင္း႐ႊယ္ယင္ သူ႕ကို လွမ္းေခၚခ်င္ေသာ္လည္း ဇူအန္ေနာက္ေက်ာကိုၾကည့္၍ စုပ္သတ္လိုက္မိသည္။

ဘယ္လိုေတာင္ သေဘာထားေသးရတာလဲ။ အရင္ျဖစ္ရပ္ေၾကာင့္ ႐ြာသားေတြကို အခုထိ အျငႇိုးထားေနေသးတာလား။

ဇူအန္ လယ္ကြင္းထဲက အလင္းဆုံးေနရာကိုသြား၍ သူ႕မွတ္ဉာဏ္ထဲမွ တစ္စုံတစ္ခုကို အတည္ျပဳခ်င္သည္။

ဥကၠာပ်ံခဲက အစိတ္စိတ္အမႊာမႊာ ကြဲသြားၿပီး အႀကီးဆုံးအစိတ္အပိုင္းက ႐ြာ၏ ကီလိုမီတာတစ္ဝက္အကြာတြင္ က်သြားျခင္းပင္။ အေဝးကေတာင္ အပုခ်ိန္ကို ခံစားေနရ၍ ဇူအန္ ကီျဖင့္ အကာအကြယ္ယူလိုက္သည္။

ဒါေတာင္ က်င့္ႀကံမႈအဆင့္နိမ့္ေသာေၾကာင့္ အနီးကို မကပ္နိုင္ေပ။ အနီးတြင္ မီးေလာင္မႈမ်ားရွိေသး၍ ဇူအန္အေဝးတြင္သာ ရပ္နိုင္ေလသည္။ သို႔ေသာ္လည္း ဇူအန္ ရွာေနေသာအရာကို ေတြ႕လိုက္သည္။

ဥကၠာပ်ံမ်က္ႏွာျပင္ေပၚက စာေၾကာင္းမ်ားေၾကာင့္ ဇူအန္ မ်က္ႏွာထူးဆန္းသြားသည္။ မိုးေကာင္းကင္က တကယ္ပဲ တည္ရွိတဲ့အရာလားဟု ဇူအန္ ေခါင္းေမာ့ၾကည့္မိသည္။

ေလးလံေသာစိတ္ျဖင့္ ႐ြာထဲ ျပန္လာလိုက္သည္။ ေရွာင္း႐ႊယ္ယင္ သူ႕ကို အသာဆြဲကာ
"ရွင္ဘယ္သြားေနတာလဲ။ အခုျပန္ေရာက္လာၿပီဆိုေတာ့ ႐ြာသားေတြကို တစ္ခ်က္ကူလိုက္ဦး"

သို႔ေသာ္ ဇူအန္ ေခါင္းယမ္း၍ ျပန္ေျဖသည္။
"ဘာထူးလဲ။ ငါတို႔က ရလဒ္ကိုမွ မေျပာင္းနိုင္တာ။ အကုန္ အလကားပဲ"

ေရွာင္း႐ႊယ္ယင္က စိတ္တိုသြားသည္။
"ရွင္ဘယ္လို လုပ္နိုင္ရတာလဲ။ ဟုတ္တယ္။ သူတို႔က ရွင့္ကို ရိုင္းရိုင္းစိုင္းစိုင္းဆက္ဆံေပမဲ့ အဲ့တာက ဒီတိုင္းျပည္ရဲ႕ ဥပေဒေၾကာင့္ ျဖစ္ရတာေလ။ အဲ့တာၿပီးေတာ့ သူတို႔ၾကင္နာမႈကို ျပေသးတာပဲ။ ကြၽန္မတို႔ကို ေရနဲ႕ ေဆးေတြ ေပးေသးတယ္ မဟုတ္ဘူးလား"

"မင္းအတြက္ေတာ့ ဟုတ္တာေပါ့" ဇူအန္ ျပန္ေျဖသည္။

ေရွာင္း႐ႊယ္ယင္က ေၾကာင္သြားသည္။
"ရွင္အဲ့တာကို ရန္ျငႇိုးထားေနတာေတာ့ မဟုတ္ဘူးမလား။ ေယာက္်ားေလးျဖစ္ၿပီး အဲ့ေလာက္ သေဘာထားမေသးလို႔ မရဘူးလား"

"အခု အဲ့ဒါက ျပႆနာမဟုတ္ဘူး။ ဘာလုပ္လုပ္ အကုန္လုံး အလဟႆျဖစ္မွာပဲ။ မင္း ခဏေန သိလိမ့္မယ္" ဇူအန္ ျပန္ေျဖသည္။
"မင္းကို အႀကံတစ္ခု ေပးလိုက္မယ္။ ဒီေနရာမွာ ခြန္အားျဖဳန္းတီးမေနနဲ႕"

"ရွင့္ကိုေတာ့ ေျပာမေနေတာ့ဘူး" ေရွာင္း႐ႊယ္ယင္ ဆူပူ၍ ႐ြာသြားမ်ားကို ဆက္ကူညီေလသည္။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၁၁..၁၁..၁၁..၁၁...ရယူလိုက္သည္။

ဇူအန္ ရလာေသာအမ်က္ပြိုင့္မ်ားကိုၾကည့္၍ ရယ္လိုက္မိသည္။
သူက ငါ့ကို တကယ္ႀကီး အခဲမေက်ျဖစ္ေနတာပဲ။

ေခတၱအၾကာ အေဝးမွ ျမင္းခြာသံမ်ား ထြက္လာသည္။ မၾကာခင္ အရာရွိတစ္ဦး တပ္သားမ်ားႏွင့္အတူ ေရာက္လာသည္။

႐ြာသားမ်ား မတည္မၿငိမ္ျဖစ္လာၾကသည္။ ဘာပဲေျပာေျပာ ဒီေခတ္တြင္ အရာရွိမ်ားႏွင့္ ရင္ဆိုင္ရျခင္းက ေကာင္းေသာအရာမဟုတ္ေပ။ ႐ြာသူႀကီးအျမန္ေရွ႕တက္၍ ႏႈတ္ဆက္လိုက္သည္။
"အရာရွိဝမ္ ဘာကိစၥရွိလို႔မ်ားပါလိမ့္"

"ဒီလို ဥကၠာပ်ံခဲက်ၿပီးတာေတာင္ ငါက မလာလို႔ရမလား။ ငါ ေတာ္ဝင္လႊတ္ေတာ္ကို အျမန္ခ်က္ခ်င္း သတင္းပို႔ရမွာ" အရာရွိက ႐ြာသူႀကီးကို အဖတ္မလုပ္ဘဲ အခ်က္ျပ၍ တပ္သားမ်ားကို အရွာလႊတ္လိုက္သည္။

႐ြာသူႀကီးက ေတြေဝၿပီး ဆက္ေမးသည္။
"အရာရွိ ဝမ္ ၾကည့္ပါဦး။ ဒီတစ္ေခါက္ က်ဳပ္တို႔႐ြာက အေသအေက်မ်ားတယ္။ ၿပီးေတာ့ အိမ္တိုင္းနီးပါး မီးေလာင္ျပာက်သြားတာ။ ဒီအခက္အခဲကို ေျဖရွင္းနိုင္ေအာင္ က်ဳပ္တို႔႐ြာကို ေထာက္ပံ့ေၾကးေလးဘာေလး.."

သို႔ေသာ္ သူ႕စကားမဆုံးခင္ အရာရွိဝမ္က ျဖတ္ေျပာသည္။
"အခုခ်ိန္မွာ ေတာ္ဝင္လႊတ္ေတာ္ရဲ႕ ဘ႑ာေငြက က်ပ္တည္းေနတယ္။ အခုခ်ိန္ ေျမာက္ဘက္နယ္စပ္မွာ အျခားလူမ်ိဳးေတြနဲ႕ စစ္ျဖစ္ေနၿပီးေတာ့ နန္းေတာ္နဲ႕ ေတာ္ဝင္သခၤ်ိဳင္းေဆာက္ဖို႔အကုန္လုံးက ေငြလိုတယ္။ ဒီလို ရိုးရိုးျပႆနာမ်ိဳးကို မင္းဘာသာ ေျဖရွင္းနိုင္သင့္တယ္။ ဒီလို အေသးအမႊားအတြက္ လႊတ္ေတာ္ကို အပူမေပးနဲ႕"

႐ြာလူႀကီး စိတ္ပူပန္လာၿပီး ျပန္ေျဖသည္။
"ဒါေပမဲ့ က်ဳပ္တို႔ အထြက္ႏႈန္းက ဒီႏွစ္နည္းၿပီး အိမ္ေတြအားလုံးလည္း မီးေလာင္.."

တပ္သားတစ္ေယာက္ ဒေရာေသာပါးေျပးလာၿပီး သူ႕စကားကိုျဖတ္ကာ သတင္းပို႔လိုက္သည္။
"သတင္းဆိုး ဝမ္သခင္"

အရာရွိဝမ္ တပ္သားကိုကန္၍ ေအာ္ဟစ္လိုက္သည္။
"အမူအရာေလး ဘာေလးထိန္း"

တပ္သားက အကန္ခံလိုက္ရေသာေနရာကို ပြတ္၍ ဥကၠာပ်ံက်ရာ ဘက္သို႔ လက္ညွိုးထိုးလိုက္ၿပီး
"အဲ့..အဲ့ဒီမွာ..ဥကၠာပ်ံေပၚမွာ... စာလုံးေတြ"

"စာလုံးေတြ ဟုတ္လား" အရာရွိဝမ္ မ်က္လုံးလက္သြားသည္။ သူက တပ္သားျပရာကို အျမန္သြားလိုက္သည္။
နမိတ္ေကာင္းတဲ့ စာလုံးဆို အထက္ကိုတင္ျပလိုက္ရင္ မင္းႀကီးက ငါ့ကို က်ိန္းေသ ရာထူးတိုးေပးမွာပဲ။

ဥကၠာပ်ံေပၚမွာ ဘာေရးထားလဲဆိုတာ အေရးမႀကီးဘူး။ အဲ့တာက စာေပပညာရွင္ေတြ လုပ္ရမယ့္အလုပ္။ သူတို႔ပါးစပ္ထဲမွာ ပုံမွန္စာသားကေတာင္ ခ်င္ေခတ္အတြက္ ကံေကာင္းတဲ့စာသားေတြ ျဖစ္သြားနိုင္သည္။ ဘာပဲျဖစ္ျဖစ္ ေကာင္းကင္မွလာေသာ စာလုံးဆိုတာက အေရးႀကီးသည္ပင္။

တပ္သားမ်ားလည္း အရာရွိဝမ္ႏွင့္အတူ လိုက္သြားၿပီး စပ္စုေသာ႐ြာသြားမ်ားလည္း ပါသြားၾကသည္။ ခ်န္ေဝ့ သူ႕အေဖကိုတြဲၿပီး ေနာက္ကလိုက္ရန္ ျပင္လိုက္သည္။ တိုးတိုးျဖင့္
"အေဖ ဘာလို႔ အဲ့ဒီေမာက္မာတဲ့ အရာရွိကို ေတာင္းဆိုေနရတာလဲ။ သူက်ဳပ္တို႔ကို ကူဖို႔ ေငြထုတ္ေပးမွာ မဟုတ္တာ ေသခ်ာေနတာပဲကို။ အေဖေမးေတာ့ေရာ အရွက္ခြဲခံရတာပဲ အဖတ္တင္တယ္"

႐ြာသူႀကီးက သက္ျပင္းခ်၍
"အနည္းဆုံး စမ္းၾကည့္တာေပါ့။ ႐ြာသားေတြအတြက္ ငါ့ရဲ႕ မာနနဲ႕ သိကၡာက ဘာအေရးလဲ"

ခ်န္ေဝ့ သပ္ျပင္းခ်ကာ အရာရွိဝမ္ေနာက္ေက်ာကို အမုန္းျဖင့္ ၾကည့္လိုက္သည္။

အရာရွိဝမ္က ရာထူးတိုး၍ အျမင့္တက္ရန္ စိတ္ကူးယဥ္ေနၿပီး ေနာက္ဆုံး စာေၾကာင္းမ်ားကိုျမင္ေသာ္ ေတာင့္ခဲသြားသည္။ ဆက္မရပ္နိုင္ေလာင္ေအာင္ ေျခေထာက္မ်ား ထုံက်င္လာကာ ေက်ာရိုးမွတစ္ဆင့္ စိမ့္ေအးလာသည္။

သူ႕ေနာက္လိုက္မ်ား ရင္ဘတ္ကို ပြတ္သပ္ေပးၿပီးမွသာ ထိပ္လန့္မႈမွ သတိျပန္လည္လာျခင္းပင္။

"ဒီ..ဒီစကားေတြ ဘယ္သူထြင္းတာလဲ" အရာရွိဝမ္ ေအာ္လိုက္သည္။ ႐ြာသားမ်ားကို လက္ညွိုးထိုးကာ
"မင္းတို႔အျပစ္ကို ဝန္ခံတာ ေကာင္းလိမ့္မယ္။ မဟုတ္ရင္ မင္းတို႔တစ္႐ြာလုံး တစ္ေယာက္မွ အသက္ရွင္လ်က္ ထြက္သြားဖို႔မႀကံနဲ႕"

႐ြာသူႀကီးက ဘာျဖစ္ေနလဲ နားမလည္၍ လူအုပ္ကိုေက်ာ္ကာ ဥကၠာပ်ံကိုၾကည့္လိုက္သည္။ စာေၾကာင္းမွာ
"တည္ေထာင္သူ ဧကရာဇ္ေသအံ့..တိုင္းျပည္လည္း ကြဲအံ့"

"ဒ..ဒါ..ဒါက" ႐ြာသူႀကီး တုန္ရင္လာ၍ ေမ့လဲကာ ေျမေပၚသို႔ ျပဳတ္က်သြားသည္။ ခ်န္ေဝ့အျမန္ လွမ္းထိန္းလိုက္၍သာ ေတာ္ေပသည္။

"ခင္ဗ်ား ေမ့လဲသြားတာနဲ႕ အကုန္ၿပီးသြားၿပီလို႔ ထင္ေနတာလား"

အရာရွိဝမ္က ဒီကိစၥကို လြယ္လြယ္အလြတ္မေပးနိုင္ေပ။ တစ္ျခားစာေၾကာင္းျဖစ္ပါက နမိတ္ေကာင္းေသာ စကားအျဖစ္ လွည့္လိုက္၍ရေသာ္လည္း ဒီစကားမ်ားက ဧကရာဇ္အတြက္ တိုက္ရိုက္ေျပာေနျခင္းပင္။ သူဘယ္ေလာက္ရဲတင္းတင္း ဒီစကားကိုေတာ့ မေျပာရဲေပ။

"က်ဳပ္အေဖ တကယ္ေမ့လဲသြားတာဗ်" ခ်န္ေဝ့ ေဒါသထြက္သြားသည္။

"သူေမ့လဲတာ မေမ့လဲတာ ငါဂ႐ုမစိုက္ဘူး။ ဒီကိစၥကို အဆုံးထိ ငါလိုခ်င္တယ္။ မဟုတ္ရင္မင္းတို႔ တစ္ေယာက္မွ လြတ္မယ္မထင္နဲ႕"

ထိုစကားမ်ားေျပာ၍ အရာရွိဝမ္ ေမွာ္ေၾကးမုံကိုထုတ္ကာ အထက္ကို သတင္းပို႔လိုက္သည္။

ထိုစဥ္ ဇူအန္မွာ ေဘးမွ အသာေလး ၾကည့္ေနေလသည္ာ ထိုမွန္က အရင္ဘဝ video call ႏွင့္ ဆင္တူေၾကာင္း ေတြ႕လိုက္၍ အံ့ၾသေနသည္။ က်င့္ႀကံျခင္းေလာကတြင္ သိပၸံႏွင့္နည္းပညာမရွိလည္း ကမၻာပတ္နိုင္ေနသည္။

အရာရွိဝမ္က ေခါင္းငုံ႕ကာ မွန္ထဲမွလူကို သတင္းပို႔ေနသည္။ သတင္းပို႔ၿပီးေသာ္ မွန္ကိုျပန္သိမ္း၍ ႐ြာသားမ်ားကို ေဒါသတႀကီး ၾကည့္လိုက္သည္။
"႐ြာသားတစ္ေယာက္ခ်င္းစီကို ေသခ်ာ စစ္ေမးလိုက္။ ဒီစာေၾကာင္းကို ဘယ္သူထြင္းသြားလဲ သိေအာင္လုပ္ရမယ္။ မဟုတ္ရင္ မင္းတို႔အားလုံး ေသၿပီပဲ"

ထိုစကားမ်ားၾကားေသာ္ ႐ြာသားမ်ား ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားသည္။ သူတို႔က စပ္စု႐ုံသာျဖစ္ေသာ္လည္း ျပႆနာတက္လိမ့္မည္ဟု ထင္မထားၾကေပ။

"အဲ့တာက်ဳပ္တို႔ မဟုတ္ဘူး။ က်ဳပ္တို႔က မီးျငႇိမ္းရင္း အလုပ္ရႈပ္ေနတာ"

"က်ဳပ္တို႔က စာေတာင္မဖတ္တတ္တာ။ ေရးဖို႔ဆို အေဝးႀကီး"

"က်ဳပ္တို႔ မွားယြင္းစြတ္စြဲခံရတာပါ။ က်ဳပ္မ်က္စိကန္းေနတာ လူတိုင္းသိတယ္"

.....

႐ြာသားမ်ား ခ်က္ခ်င္း ေအာ္ဟစ္ေတာင္းပန္ေနၾကသည္။

ေရွာင္း႐ႊယ္ယင္ ဇူအန္လက္ကို ဆြဲ၍ ေမးလိုက္သည္။
"ဘယ္သူထြင္းတာလဲ ျမင္လိုက္လား။ ကြၽန္မက မီးျငႇိမ္းရင္း အလုပ္မ်ားေနလို႔ ဘာျဖစ္ေနလဲ မသိလိုက္ဘူး။ "

ဇူအန္ ရင္ေလးစြာ ေခါင္းယမ္းလိုက္သည္။

႐ြာသားတစ္ဦးက ဇူအန္ကို လက္ညွိုးထိုး၍ေအာ္လိုက္သည္။
"ဒီလူ အေစာက ဒီေနရာကို လာတာ က်ဳပ္ေတြ႕လိုက္သလိုပဲ"

"အမွန္ပဲ ဒီလူႏွစ္ေယာက္မွာ သံသယဝင္စရာ ေနာက္ခံေတြနဲ႕။ သူတို႔ လုပ္တာပဲ ျဖစ္ရမယ္"

လူမ်ားစြာ သေဘာတူၾကသည္။ သူတို႔အသက္ေဘးႏွင့္ရင္ဆိုင္ရေသာ္ ဘယ္သူ႕ကိုမဆို အျပစ္တင္ဖို႔ ဝန္မေလးေပ။

ေရွာင္း႐ႊယ္ယင္ ေၾကာင္သြားသည္။ သူမက ေစတနာျဖင့္ ကူညီခဲ့ေသာ္လည္း ဒီလိုမ်ိဳး တုံ႕ျပန္ခံရသည္။

"ဒါက လူေတြရဲ႕ သဘာဝပဲ။ ဒါကို သင္ခန္းစာလို႔မွတ္" ဇူအန္ ထေျပာသည္။

ေရွာင္း႐ႊယ္ယင္ ဇူအန္ကို ထူးထူးဆန္းဆန္း ၾကည့္၍
"ဟမ့္ ရွင္ကပဲ ဉာဏ္အလင္းရသလို လာေျပာေနတယ္။ လူကျဖင့္ အဲ့ေလာက္ အသက္မႀကီးေသးဘဲနဲ႕"

"ဒါက အသက္နဲ႕ ဘာဆိုင္လို႔လဲ။ တစ္ခ်ိဳ႕လူေတြဆို ဆယ္စုႏွစ္အမ်ားႀကီးေနတာေတာင္ ငတုံးေတြလိုပဲ" ဇူအန္ တပ္သားမ်ား၏ အေျခအေနကို ၾကည့္ရင္း ျပန္ေျဖသည္။ လိုအပ္လွ်င္ ေဖာက္ထြက္ရန္ အသင့္ျဖစ္ေနၿပီးသားပင္။

႐ြာသားမ်ား၏ သက္ေသခံမႈေၾကာင့္ အရာရွိဝမ္ သူတို႔ကို ၾကည့္လာသည္။ တပ္သားမ်ာကလည္း ပတ္ပတ္လည္ကို ဝန္းရဲ၍ ထြက္မေျပးနိုင္ေအာင္ ကာလိုက္သည္။

ဇူအန္ ေဖာက္ထြက္ရန္ လႈပ္ရွားဖို႔မစခင္ အရာရွိဝမ္မ်က္ႏွာတြင္ သံသယအမူအရာတစ္ခု ေပၚလာၿပီး ေအာ္ရယ္လိုက္ေလသည္။
"အာ..စစ္ေဆးေရးအရာရွိ ခင္ဗ်ားကို ရွာေနတာၾကာၿပီ။ ဒီေရာက္ေနမယ္လို႔ မထင္ထားဘူး"

"စစ္ေဆးေရးအရာရွိ ဟုတ္လား"ဇူအန္ ေၾကာင္သြားသည္။ အရာရွိဝမ္က သူတို႔ကို လွည့္စားရန္ ေထာင္ေခ်ာက္ဆင္ေနျခင္းဟု ေတြးလိုက္ေသာ္လည္း ထိုသို႔ဟုတ္ဟန္မတူေပ။ ဒီလို အဓိပၸာယ္မရွိေသာ အလိမ္အညာကို ေျပာစရာအေၾကာင္း မရွိေပ။

ဂိမ္းေတာ္ေတာ္မ်ားမ်ား ေဆာ့ဖူး၍ ဒီအေျခအေနက ဇာတ္လမ္းဆက္သြားရန္ ပါဝင္သ႐ုပ္ေဆာင္ရမည့္ တာဝန္ျဖစ္ေၾကာင္း သေဘာေပါက္လိုက္သည္။

အရာရွိဝမ္က ႐ြာသားမ်ားကို မ်က္ေစာင္းခဲ၍
"မင္းတို႔ ဘာေပါက္ကရေတြ ေျပာေနတာလဲ။ ဒီလူက ေတာ္ဝင္လႊတ္ေတာ္ရဲ႕ စစ္ေဆးေရးအရာရွိ ပဲ။ သူက ဘယ္လိုလုပ္ ဥကၠာပ်ံေပၚ ဒီလိုစာေၾကာင္း ထြင္းရမွာလဲ။ မင္းတို႔စကားကို သတိထားေျပာ"

႐ြာသားမ်ားကို ဆူေငါက္ၿပီးေနာက္ ဇူအန္ ဘက္လွည့္ကာ
"အရာရွိမင္း လႊတ္ေတာ္က ဒီကိစၥကို တစ္ရက္အတြင္း စုံစမ္းၿပီးတင္ျပရမယ္တဲ့။ မဟုတ္ရင္ က်ဳပ္တို႔ ရာထူးအခ်ခံရၿပီး ေသဒဏ္အေပးခံရမွာ။ ခင္ဗ်ားက ဒီေနရာမွာ ရာထူးအႀကီးဆုံးဆိုေတာ့ ဒီကိစၥမွာ ခင္ဗ်ားအမိန့္ကို က်ဳပ္နာခံပါ့မယ္"

တစ္ျခားလူက တာဝန္ကို သူ႕ေခါင္းေပၚပုံခ်ေနေၾကာင္း ဇူအန္သိေသာ္လည္း ေကာင္းကင္စည္းကို ေျဖရန္ အေရးႀကီးအခ်က္ျဖစ္နိုင္၍ လက္ခံလိုက္သည္။
"ေကာင္းၿပီေလ။ က်ဳပ္ဒီကိစၥကို တာဝန္ယူလိုက္မယ္။ အိမ္တိုင္းကို တစ္ေယာက္စီ ခြဲခ်ဳပ္ၿပီး စစ္ေဆးလိုက္။ မဟုတ္ရင္ သူတို႔ အတူတူ ညာေနလိမ့္မယ္"

"ဟုတ္ကဲ့ အရာရွိမင္း" အရာရွိဝမ္ လက္ခါ၍ တပ္သားမ်ားကို အမိန့္ေပးလိုက္သည္။
အမိန့္ေပးၿပီး ဇူအန္ကို ဖားရန္ျပင္လိုက္စဥ္ မ်က္ႏွာမရ ေျခေထာက္ရ ျဖစ္သြားသည္။

"မင္းက ဒီမွာ ဘာေၾကာင္ေနေသးတာလဲ။ ဒီမွာ လူလိုေနတာ မသိဘူးလား။ အျမန္ အလုပ္သြားလုပ္ေခ်။"

"ဟု..ဟုတ္ကဲ့" အရာရွိဝမ္ တေလးတစား ေခါင္းညိတ္လိုက္သည္။

ေနာက္လိုက္တစ္ေယာက္လို အဆက္ဆံခံရေသာ္လည္း ဒီကိစၥကို လက္လႊဲၿပီးျဖစ္၍ ဝမ္းသာေနသည္။ တစ္ခုခုမွားသြားရင္ေတာင္ အႀကီးဆုံးတာဝန္ယူတဲ့သူက စစ္ေဆးေရးအရာရွိသာ ျဖစ္လိမ့္မည္။

အရာရွိဝမ္ထြက္သြားမွ ေရွာင္း႐ႊယ္ယင္ မေနနိုင္ဘဲ ေမးေလသည္။
"ရွင္က ဘယ္တုန္းက အရာရွိျဖစ္သြားရတာလဲ"

"ဒါက ေကာင္းကင္စည္းက ေပးတဲ့ ေနရာ။ အျဖစ္နိုင္ဆုံးက ငါတို႔ စာေရးသြားတဲ့လူကို ရွာၿပီး အျပစ္ေပးရမယ္။ ဒါမွ ဒီစည္းကို ျဖတ္နိုင္မွာ" ဇူအန္ ျပန္ေျဖသည္။

"ဟမ္..ဒါက လြယ္သလိုပဲ။ လူစည္းနဲ႕ ေျမစည္းကေလာက္ မခက္သလိုပဲ" ေရွာင္း႐ႊယ္ယင္ စိတ္ေအးသြားသည္။

"မင္းက သတိလက္လြတ္ အျဖစ္ျမန္လြန္းေနတာ။ ငါတို႔သာ မေျဖရွင္းနိုင္ရင္ ခ်င္ေခတ္ဥပေဒအရ ငါတို႔ေသဒဏ္အေပးခံရလိမ့္မယ္။ အရာရွိဝမ္က လက္ေထာက္အျဖစ္ပဲ လုပ္တာဆိုေတာ့ အမ်ားဆုံးမွ ရာထူးျပဳတ္႐ုံပဲ။ မဟုတ္ရင္ သူဘာလို႔ ငါဒီမွာရွိေနတာ ဒီေလာက္ေပ်ာ္ေနတယ္ ထင္လဲ"

"ဒါေပမဲ့ ဒါက အဆိုးဆုံးအေျခအေနေရာက္မွ မဟုတ္လား။ ႐ြာထဲမွာ ဒီေလာက္လူနည္းနည္းပဲရွိေတာ့ သိပ္မခက္ပါဘူး။ ၿပီးေတာ့ တရား႐ုံးတပ္သားေတြထဲ ကြၽမ္းက်င္တဲ့ စစ္ေမးသူေတြ အမ်ားႀကီးရွိတာပဲ။ သတင္းတစ္ခ်ိဳ႕ရေလာက္ပါတယ္" ေရွာင္း႐ႊယ္ယင္ ျပန္ေျဖသည္။
"ၿပီးေတာ့ ကြၽန္မက လူတစ္ခ်ိဳ႕ကို သိထားၿပီးသား။ ကြၽန္မနဲ႕အတူ မီးျငႇိမ္းေနတဲ့လူေတြက ဥကၠာပ်ံကို မခ်ဥ္းကပ္နိုင္ဘူး"

"အဲ့ေလာက္သာ လြယ္မယ္ဆိုရင္ေတာ့....ဒီျပႆနာက ေကာင္းကင္စည္းျဖစ္မလာဘူး" ဇူအန္ သက္ျပင္းႀကီးႀကီးခ်လိဳက္သည္။
ဘာေၾကာင့္ ေကာင္းကင္စည္းျဖစ္ေနရလဲ ဇူအန္ သိသြားၿပီ။ ေကာင္းကင္က ၾကယ္မ်ားႏွင့္ သက္ဆိုင္ေနၿပီး ေသျခင္းတရားႏွင့္လည္း ပတ္သက္ေနသည္။

"ဘာလို႔လဲ" ေရွာင္း႐ႊယ္ယင္ နားမလည္ေပ။
"ကြၽန္မမွတ္မိသေလာက္ ရွင္လည္း အဲ့ဘက္ကို သြားေသးတယ္မလား ။ ဘယ္သူေရးသြားလဲ ရွင္သိေလာက္တာပဲ"

"အဲ့တာေၾကာင့္ ဒီျပႆနာမွာ အေျဖမရွိဘူးလို႔ ငါေျပာတာေပါ့" ဇူအန္ ေခတၱရပ္လိုက္ၿပီးမွ ဆက္ေျပာသည္။
"ေကာင္းကင္က က်လာတည္းက စာေၾကာင္းက ပါလာၿပီးသားျဖစ္ေနတာ"

--- -- -- --- -- -- ---------------------------------------- -- -- --- - - - - - - - - -

Continue Reading

You'll Also Like

1.3M 96.3K 65
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Artist-Thin Thin Hlaing
289K 26.2K 192
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
224K 5.8K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
1.2M 70.5K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...