ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.5K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

180

321 44 0
By SoeHmue

Chapter 180: နှလုံးကိုလွှမ်းမိုးတဲ့ နဂါးချက်မနက္ခတ်

ရွာက အိမ်ထောင်စု ဆယ်စုကျော်သာရှိပြီး သိပ်မကြီးပေ။

ရွာပတ်လည်ကို သူတို့လှည့်လည်ကြည့်ပြီးချိန်တွင် ညမှောင်သွားလေပြီ။ လယ်ထဲမှ ယောက်ျားသားများအိမ်ပြန်ရောက်နေပြီး ဟိုနား သည်နားမှ ရယ်သံများကြားနေရသည်။ ဒါပေါ့ ညစာစားချိန်ရောက်ပြီဖြစ်သောကြောင့် ဟိုမှသည် ဟင်းနံ့များမွှေးပျံ့နေသည်။

ဘယ်လိုပဲဖြစ်စေ ရှေးခေတ်ကျေးလက်တောရွာ အစစ်ပင် ဖြစ်လေသည်။

ဇူအန်နှင့် ရှောင်းရွှယ်ယင်တို့ သဲလွန်စ ရလိုရငြား ရွာထဲမှစကားဝိုင်းများကို ချောင်းနားထောင်လိုက်သည်။

"ဟင်…ဟိုနားက ထူးဆန်းတဲ့ အသံတစ်ချို့ကြားတယ်" ရှောင်းရွှယ်ယင် ဇူအန်လက်ကို ဆွဲ၍ အိမ်တစ်အိမ်ထံ သွားလိုက်သည်။

မကြာခင် အိမ်နားရောက်သော် ထူးဆန်းသောအသံများကို အမှန်ပင်ကြားလိုက်ရသည်။ ကုတင်လှုပ်သံ။ ခနနေတော့ ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်၏ ကလူသံများ...

ရှောင်းရွှယ်ယင် မျက်နှာရဲသွားပြီး ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
"ဒီလောက်အချိန်အစောကြီး လုပ်ရအောင် ဘယ်လောက်တောင် ဆာနေကြလဲ"

"မင်းက ချမ်းသာတဲ့ဘဝကို နေသားကျပြီး လူဆင်းရဲတွေအကြောင်း ဘာမှမသိဘူး။ သူတို့အများစုက ရေနံဆီဖိုးမတတ်နိုင်ဘူး။ မင်းက သူတို့နေဝင်ပြီးရင် ဘာလုပ်မယ်ထင်နေတာလဲ"

ရှောင်းရွှယ်ယင် နားပိတ်၍ လှောင်လိုက်သည်။
"ဒီစကားမျိုးကို ပညာရှင်ကျကျ လာပြောနေတယ်။ တော်ပြီ။ တစ်ခြားအိမ်သွားရအောင်"

"အာ..ဒါက ငါ့ကို ပဟေဠိတစ်ခု သတိရသွားစေတယ်။ မင်းစမ်းကြည့်ချင်လား" ဇူအန် မေးလိုက်သည်။

"ဘာပဟေဋိလဲ။ ပြောပြကြည့်"ရှောင်းရွှယ်ယင် သူ့ကိုယ်သူ ဉာဏ်မကောင်းဘူးဟု မယုံပေ။ ထို့အပြင် ကြားနေရသော အသံများကြောင့် အန်းတန်းတန်း ဖြစ်နေသေး၍ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"နတ်ဆေးဆရာကျီက ယောက်ျားလေးစားရင် မိန်းကလေးက အရှုံးပေါ်ပြီး မိန်းကလေးစားရင် ယောက်ျားလေး အရှုံးပေါ်မယ့် ဆေးကို တီထွင်လိုက်တယ်။ နှစ်ယောက်လုံး စားလိုက်ရင် ဘယ်သူအရှုံးပေါ်မယ်ထင်လဲ"

ရှောင်းရွှယ်ယင် မျက်နှာရဲသွားပြီး ဆဲလိုက်မိသည်။
"အဲ့ဒီ အဖိုးကြီးက တကယ့် နှာဘူးအကြီးစားပဲ။ ဒါတောင် နတ်ဆေးဆရာ အဖြစ် လေးစားခံနေရသေးတယ်။ ဝေဒနာခံစားနေရတဲ့လူတွေကို ကယ်မယ့်အစား ဒီလိုထူးထူးဆန်းဆန်းပစ္စည်းတွေ ထွင်နေသေးတယ်"

ဇူအန် အော်ရယ်လိုက်ပြီး
"မင်း လပြည့်မြို့ကို ပြန်ရောက်မှ ကျီတန်ထုကို ကြိုက်သလို ပြောလို့ရတယ်။ အခုတော့ မင်းအဖြေက ဘာလဲ "

"အဲ့လိုမေးခွန်းမျိုးကို ကျွန်မဘယ်လိုလုပ် သိမှာလဲ" ရှောင်းရွှယ်ယင် မျက်နှာလွှဲလိုက်သည်။

"ဟမ့် မင်းရဲ့ ဦးနှောက်သေးသေးလေးနဲ့ အဖြေကို ရှာနိုင်မှာမဟုတ်ဘူးလို့ ငါသိတယ်။ ကောင်းပြီလေ။ မင်းကိုငါအဖြေပေးရမှာပေါ့။ အရှုံးပေးပြီလို့သာပြောလိုက်"ဇူအန် အားရပါးရ အော်ရယ်သည်။

ရှောင်းရွှယ်ယင် ဇူအန်ကိုကြည့်၍ သရော်လိုက်သည်။
"ရှင် ဒီလို ဟာသရိုင်းရိုင်းမျိုးကို ချူချူယန် ရှေ့ ပြောရဲရင် သူရှင့်ကို ချူအိမ်က တန်းနှင်ထုတ်မှာပဲ"

"ဟမ့် သူတစ်ခြားလူကိုသာ နှင်ထုတ်ချင်ထုတ်မယ်။ ငါ့ကိုတော့ လုံးဝ မထုတ်ဘူး"ဇူအန် ပြန်ဖြေသည်။

"ရှင့်ယုံကြည်မှုတွေ ဘယ်ကရောက်လာလဲ သိချင်သား" ရှောင်းရွှယ်ယင် ခြေစောင့်၍ ဆက်သွားလိုက်သည်။

ဇူအန် အေးအေးဆေးဆေး ပုခုံးတွန့်၍ နောက်ကလိုက်လေသည်။

မကြာခင် အသားညိုညို ချန်ဝေ့ရဲ့ အိမ်ကို ရောက်လာကြသည်။ထင်မထားစွာ ချန်ဝေ့အဖေက ရွာသူကြီးဖြစ်နေသည်။

ရွာသူကြီးဖြစ်သောကြောင့် သူတို့အိမ်က အခြားအိမ်များထက် သာလေသည်။ အနည်းဆုံး သူတို့က မီးအိမ်တတ်နိုင်လေသည်။ ပြတင်းပေါက်တွင် စကားပြောနေသော အရိပ်များကို အပြင်မှ တွေ့နေရသည်။

ကြောက်လန့်နေသော အသံတစ်ခုဖြင့် ရွာသူကြီး ပြောလိုက်သည်။
"နှလုံးကိုလွှမ်းမိုးတဲ့ နဂါးချက်မနက္ခတ်…ဒါက ရောက်လာမယ့် ကပ်ဆိုးကို ပြနေတာပဲ"

သို့သော် ချန်ဝေ့ ဘယ်လိုမှ အရေးမထားပေ။
"အဖေ အဲ့တာက အာဏာရှိတဲ့လူတွေ သူတို့ရည်ရွယ်ချက် အောင်မြင်ဖို့ အသုံးချတဲ့ ရှေးဒဏ္ဍာရီတစ်ခုသက်သက်ပဲ။ အဲ့တာမျိုးက ဘယ်လိုလုပ် ကပ်ဆိုးကို နမိတ်ပြမှာလဲ"

"မင်းက ငယ်သေးလို့ မသိတာ...လောကကြီးကယုံရင် အဲ့လိုအတုအယောင်တောင်အမှန် ဖြစ်လာနိုင်တယ်။ လူတွေရဲ့ စိတ်ကြောင့်ဖြစ်လာတဲ့ ကပ်ဆိုးကွ" ရွာသူကြီး ခေါင်းယမ်းကာ ပြန်ဖြေသည်။

"အဲ့လို တကယ်ဖြစ်ခဲ့ရင်တောင် အဓိကခံရတဲ့လူက ဧကရာဇ်လေ။ အဲ့တာက ကျုပ်တို့သာမန်ပြည်သူတွေနဲ့ ဘာဆိုင်လဲ။ ပြီးတော့ အဲ့ဒီ မင်းဆိုး သေသွားရင် ကျုပ်တို့အတွက် ပိုတောင်ကောင်းသေးတယ်"

"ရှူး...မင်းသေချင်နေပြီလား" ရွာသူကြီး ကြောက်ကြောက်လန့်လန့်ဖြင့် သူ့သားပါးစပ်ကို အမြန်ပိတ်လိုက်သည်။
"ဒါက မျိုးဆက်ကိုးဆက်အသတ်ခံရမယ့် အပြစ်ဒဏ်နော်။ တစ်ယောက်ယောက်ကြားလို့ သတင်းပို့လိုက်ရင် ငါတို့အားလုံး သေကုန်လိမ့်မယ်"

ချန်ဝေ့ နှာမှုတ်လိုက်သည်။
"ဟမ့် ကျွန်တော်ပြောတာ မှားမှမမှားတာ။ နှလုံးကိုလွှမ်းမိုးတဲ့ နဂါးချက်မနက္ခတ်က တကယ်ဖြစ်ရင်တောင် ဧကရာဇ်နဲ့ သူ့ရဲ့ အမျိုးမြတ်တွေ စိတ်ပူရမှာ။ ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး"

"ငါလည်း အဲ့လို မျှော်လင့်ပါတယ်..." ရွာသူကြီးမျက်နှာက ပူပန်မှုများ ပြည့်ဝနေသည်။

သူတို့နှစ်ယောက် စကားဝိုင်းကို ဆက်မပြောချင်တော့၍ မကြာခင် အနားယူသွားကြသည်။

"နှလုံးကိုလွှမ်းမိုးတဲ့ နဂါးချက်မနက္ခတ်ဆိုတာ ဘာလဲ" ဇူအန် နားမလည်ပေ။ ဇူအန် ရှောင်းရွှယ်ယင်ကို လှည့်မေးလိုက်သော်လည်း သူမက ကောင်းကင်ကိုမော့ငေးနေကြောင်း တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ" ဇူအန် ခေါင်းမော့ကြည့်လိုက်သော် အမှောင်ထုတွင်းမှ ကြယ်ရောင်လက်လက်များကို တွေ့လိုက်ရသည်။ ထူးခြားတာ ဘာမှ မတွေ့ပေ။

စဉ်းစားကြည့်မှ မြို့ပေါ်တွင် ဒီလို ကြယ်ရောင်ကောင်းကင် မမြင်ရတာ ကြာနေပြီ။

စိတ်ပူနေသောမျက်နှာဖြင့် ရှောင်းရွှယ်ယင် တစ်နေရာကို လက်ညှိုးထိုးပြ၍
"ဟိုမှာ အတောက်ပဆုံး ကြယ်နှစ်ခုကို မြင်လား"

ဇူအန် သူညွှန်ပြရာ လိုက်ကြည့်သော် တစ်ခြားကြယ်များထက် ပိုလင်းနေသော ကြယ်နှစ်လုံး တွေ့လိုက်ရသည်။

"အပေါ်ဘက် ဘယ်ခြမ်းက ကြယ်က နဂါးချက်မကြယ်။ သူက ကပ်ဆိုးနဲ့ သေခြင်းရဲ့ နက္ခတ်ကြယ်။ သူ့အောက်ဘက် ညာခြမ်းမှာ ကြယ်၃လုံးရှိတယ်။ သူတို့က နှလုံးဆောင်ကို ညွှန်ပြနေတာ။ အလယ်က အလင်းဆုံးကြယ်က ကောင်းကင်ရဲ့သားတော် -ဧကရာဇ်ကို ပြောတာ။ ဘေးက နှစ်လုံးက အ်ိမ်ရှေ့စံနဲ့ တိုင်းသူပြည်သားကိုပြောနေတာ။ အခု နဂါးချက်မကြယ်က နှလုံးဆောင်အလယ်ကို ရောက်နေပြီး ဧကရာဇ်ကိုဖော်ညွှန်းတဲ့ ကြယ်ရဲ့ ဘေးကို ရောက်နေတယ်။ ဒါကို နမိတ်မကောင်းတဲ့ အာကာသနက္ခတ်- နှလုံးကိုလွှမ်းမိုးတဲ့ နဂါးချက်မနက္ခတ် လို့ခေါ်တယ်"

"အာကာသနက္ခတ် ဟုတ်လား" ဇူအန် ရွဲ့လိုက်သည်။
"မင်းက ဒီလို ရှေးရိုးစွဲတွေ ယုံသေးတာလား"

အရင်ဘဝတွင် သိပ္ပံနှင့်နည်းပညာအကြား ကြီးပြင်းလာသော ဇူအန်အဖို့ ထိုအရာများကို မယုံပေ။ သို့သော် ထပ်တွေးကြည့်လျှင် သူ့ကီးဘုတ်၊ ကျင့်ကြံမှုလောက၊ ဒီလောကမှ အရာအားလုံးသည် သိပ္ပံနှင့် ရှင်းပြ၍ မရပေ။

"အဲ့တာက ဘယ်လိုလုပ် ရှေးရိုးစွဲ ဖြစ်မလဲ။ ဒီဖြစ်ရပ်ဖြစ်တဲ့အချိန်တိုင်း ဧကရာဇ်မဟုတ်ရင် အာဏာကြီးတဲ့ အမတ်တစ်ယောက်ယောက်သေလေ့ရှိတယ်။ တစ်ခါတစ်ရံ အကြီးအကျယ်တောင် သွေးချောင်းစီးတတ်သေးတယ်" ရှောင်းရွှယ်ယင်က ဇူအန်၏ မယုံသင်္ကာအမူအရာကို မကျေနပ်ပေ။

ဒီလို လူတိုင်းသိတဲ့ အခြေခံဗဟုသုတကို ဘာလို့ ဒီလူက မသိရတာလဲ။

ဇူအန် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။
"ပြောကြည့်။ ငါတို့ ကောင်းကင်စည်းက ဒီ နှလုံးကိုလွှမ်းမိုးတဲ့ နဂါးချက်မနက္ခတ်နဲ့ ဆိုင်နေမလား"

ရှောင်းရွှယ်ယင် မျက်လုံးပြူးသွား၍
"မဟုတ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ အဲ့လိုဆိုရင် ကျွန်မတို့ အန္တရာယ်များလွန်းတယ်"

ပြောနေရင်း ဇူအန်မျက်နှာ တစ်ဖြည်းဖြည်းလင်းလာသည်ကို သတိထားမိလိုက်သည်။ ကောင်းကင်ကိုအမြန်လှည့်ကြည့်လိုက်သော် ကောင်းကင်လည်း အရောင်တောက်လာကြောင်း တွေ့လိုက်သည်။ မီးတောက်အလုံးကြီးတစ်ခု ကောင်းကင်မှ ဆင်းသက်လာလေသည်။

"ဥက္ကာပျံ " ရှောင်းရွှယ်ယင် အံ့သြတကြီး ရေရွတ်လိုက်သည်။

"မင်းလည်း ဥက္ကာပျံကို သိတယ်လား" ဇူအန် ပြန်မေးလိုက်သည်။

"ဒါပေါ့။ အားကောင်းတဲ့ မီးဒြပ်စင်နဲ့ မြေဒြပ်စင်ကျင့်ကြံသူတွေက ဥက္ကာပျံကို ဆင့်ခေါ်လို့ရတာ ရှင်မသိဘူးလား" ဇူအန် မဟုတ်တာကို ပုံကြီးချဲ့နေသည်ဟု ရှောင်းရွှယ်ယင် ထင်လိုက်သည်။

မီးလုံးက တစ်ဖြည်းဖြည်းကြီးလာပြီး မီးလုံးအပေါ်ယံက မီးတောက်များကိုပါ မြင်နိုင်လာသည်။ ဇူအန် ရေရွတ်လိုက်သည်။
"ဒီဟာ ဘယ်နားကျမယ်ထင်လဲ။ ငါတို့ဆီတော့ တည့်တည့်ကြီး မကျလောက်ပါဘူးဟုတ်တယ်မလား"

သူပြောပြီးပြီးချင်းပဲ မီးလုံးမှာ အစိတ်စိတ်ကွဲ၍ မီးလုံးအသေးစားများအဖြစ် ကွဲသွားသည်။ ပေါက်ကွဲအားက လမ်းကြောင်းကို သက်ရောက်စေ၍ သူတို့ထံ ကျလာလေသည်။

"ရှင့်ရဲ့ ပါးစပ်ပေါက်ကတော့" ရှောင်းရွှယ်ယင် ဒေါသတကြီး အော်လိုက်ပြီး ဇူအန်ကို ဆွဲကာ ပြေးလေသည်။

မီးတောက်များက အဝေးကြီးဟုထင်ရသော်လည်း ကျလာသောအရှိန်က အလွန်မြန်လွန်းသည်။ သူတို့မျက်စိရှေ့ရောက်ရန် အချိန်တစ်ခုသာ ကြာလေသည်။

ရှောင်းရွှယ်ယင် မျက်နှာဖြူဖျော့သွားသည်။ ဒီလို သဘာဝဥက္ကာပျံက ကျင့်ကြံသူတွေဆင့်ခေါ်တာထက် အဆပေါင်းများစွာ ပိုအင်အားကြီးလေသည်။ ကောင်းကင်တွင်သာ မီးတောက်တစ်စဟု ထင်ရသော်လည်း အနီးကပ်ဆိုပါက ပြေး၍မလွတ်နိုင်အောင် ကျယ်ပြန့်လွန်းလေသည်။

အစပိုင်းတွင် ရှောင်းရွှယ်ယင်က ဇူအန်ကို ဆွဲပြေးနေပြီး နောက်ပိုင်း ဇူအန်က ဆွဲပြေးနေရသည်။

နေကြာပန်းလှိုင်းကိုသုံးကာ ဇူအန် မီးကျီခဲများအကြား မနည်း ရှောင်လွှားတိမ်းရှောင်နေရသည်။ ဥက္ကာခဲများကို ရှောင်ရန်လွယ်သော်လည်း မြေပေါ်ကျသော အားလှိုင်းများကို ရှောင်ရန်ကား ခက်ခဲလေသည်။ ဒီမီးတောက်များက ဒုံးကျည်တစ်ခုစာ အားကောင်းကြောင်း သိရမည်ပင်။

ထို့အပြင် ပတ်ဝန်းကျင် အပူချိန်မြင့်လွန်းသောကြောင့် အောက်ဆီဂျင်ပြတ်လတ်မှုကိုလည်း သိထားရမည်။

ဇူအန်သာ ပုံမှန်လူဖြစ်ပါက အနားရှိမီးတောက်တစ်ခုကပင် အသက်ပါသွားစေနိုင်သည်။ ကံကောင်းစွာ ဇူအန်ကိုယ်က ခံနိုင်ရည်မြင့်၍ လတ်တလော တောင့်ခံနိုင်ခြင်းပင်။

သို့သော် ဥက္ကာပျံများက အဆက်မပြတ်ဖြစ်နေပြီး တစ်ချိန်လုံး ကျဆင်းနေသည်။ ထိုအရာက မပြီးဆုံးနိုင်တော့ပေ။ ဇူအန်တစ်ကိုယ်လုံး ကိုက်ခဲလာပြီး ရပ်လိုက်ရသည်။ ရှူရသောလေမှာ ပူလောင်လွန်း၍ အဆုတ်များ မွန်းကြပ်လာသလိုပင်။

ရှောင်းရွှယ်ယင် လက်လွှဲ၍ သစ်ရွက်စိမ်းများစွာ ဝန်းရံလိုက်သည်။ အတွင်းပိုင်းရှိလေထုက အေးမြလာသည်။

"ဒီတစ်နေ့လုံး လုပ်ခဲ့သမျှထဲ အမှန်ဆုံးက မင်းကိုခေါ်လာမိတာပဲလို့ ထင်တယ်။ မင်းမှာ လုပ်နိုင်တာဒီလောက်များမှန်း ငါမသိခဲ့ဘူး" ဇူအန် ကောက်ချက်ချလိုက်သည်။

"ပြီးတော့ ကျွန်မလုပ်ခဲ့သမျှထဲ အတုံးဆုံးလုပ်ရပ်က ရှင်နဲ့အတူ ဝင်လာမိတာပဲ။ ကျွန်မအရှုံးကြီး ရှုံးရတယ်လို့ ထင်တယ်"
ရှောင်းရွှယ်ယင် ငြီးငြူလိုက်သည်။

နောက်ထပ် ပေါက်ကွဲမှုတစ်ခုဖြစ်လာပြီး အားလှိုင်းကြောင့် ရှောင်းရွှယ်ယင်၏ သစ်ရွက်အကာအရံတွင် လောင်ကျွမ်းမှုများပေါ်လာကာ အကာအရံကို ချုံ့ရင်း ချုံ့ရင်း သူမကိုယ်လုံးလေးက ဇူအန်ရင်ခွင်ထဲ ဝင်သွားသည်။ သို့သော် မကြာခင် ကီကိုပြန်ထည့်၍ အကာအရံကို အားဖြည့်လိုက်သည်။

သူမပါးစပ်မှ သွေးစီးကြောင်းကို သတိထားမိ၍ ဇူအန် ပြောလိုက်သည်။
"ငါ့အနားကပ်နေပြီး မင်းအကာအရံကို သေးအောင်လုပ်လိုက်။ ဒီလိုဆို မင်းကီ ပိုကြာကြာခံလိမ့်မယ်"

"မဖြစ်နိုင်ဘူး" ရှောင်းရွှယ်ယင် နောက်တစ်လှမ်း ပြန်ဆုတ်ပြီး တမင် အကာအရံကို ကြီးအောင်လုပ်လိုက်သည်။

"သေလိုက်။ မိန်းမတွေက ဒီလောက် ပြဿနာရှာပြီး စိတ်အပြောင်းအလဲမြန်ကြတာလား" သူဘာလို့ ဒီလိုလုပ်မှန်း ဇူအန် နားမလည်နိုင်ပေ။  ထို့ကြောင့် ရှောင်းရွှယ်ယင်ခါးကို ဆွဲဖက်ကာ သူ့ဘက် ဆွဲလိုက်သည်။ နီးနီးကပ်ကပ်နေခြင်းဖြင့် အကာအရံမျက်နှာပြင်ကို ချုံ့နိုင်ပြီး အားလှိုင်းများ၏ သက်ရောက်မှုကို လျော့စေနိုင်သည်။

"ရှင်ဘာလုပ်နေတာလဲ" ရှောင်းရွှယ်ယင် ရုန်းလိုက်သည်။

သို့သော် ဇူအန် မြဲမြဲကိုင်ထားပြီး စိတ်မရှည်စွာ လှောင်လိုက်သည်။
"မင်းဘာတွေ ဒီလောက်ဖြစ်နေတာလဲ။ ငါတို့ ပွေ့ဖက်နမ်းတာ ဒါပထမဆုံးအကြိမ်လည်း မဟုတ်ဘူး။ ကောင်းကင်စည်းမှာ ဒီထက်ပိုများတဲ့ အန္တရာယ်တွေရှိလာဦးမှာ။ မင်းအဲ့တာတွေကို ရင်ဆိုင်ဖို့ ခွန်အားချွေတာသင့်တယ် မဟုတ်ဘူးလား"

ဇူအန်အမှန်ပြောနေကြောင်း ရှောင်းရွှယ်ယင် သိ၍ ခေတ္တတွေဝေပြီး ဇူအန်ပြောသလို အကာအရံကို ချုံ့လိုက်သည်။

အချိန်တစ်ခုကြာပြီးနောက် ပေါက်ကွဲမှုများရပ်တန့်သွားသည်။ ရှောင်းရွှယ်ယင် သစ်ရွက်အကာအရံကို ဖယ်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်ရန် ထွက်လာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးနေပြီ။ ရွာတစ်ခုလုံးလည်း မီးလောင်နေပြီး မီးငြှိမ်းသူများ ဒဏ်ရာရသူကို ကယ်သူများ ရှုပ်ယှက်ခတ်နေသည်။ ငိုသံများလည်း ဟိုတစ်စ သည်တစ်စ ကြားနေရသည်။

ဇူအန် တိတ်ဆိတ်နေသည်။

ခုနက ဥက္ကာခဲမိုးက ကြောက်စရာကောင်းပေမဲ့ ကောင်းကင်စည်းရဲ့ စမ်းသပ်ချက်ဖြစ်ရအောင် မလုံလောက်ဘူး။ နောက်ထပ် ရှိသေးတာလား။

--- --- --- ------------------------------------ --- --- --- --- --- ---

Chapter 180: ႏွလုံးကိုလႊမ္းမိုးတဲ့ နဂါးခ်က္မနကၡတ္

႐ြာက အိမ္ေထာင္စု ဆယ္စုေက်ာ္သာရွိၿပီး သိပ္မႀကီးေပ။

႐ြာပတ္လည္ကို သူတို႔လွည့္လည္ၾကည့္ၿပီးခ်ိန္တြင္ ညေမွာင္သြားေလၿပီ။ လယ္ထဲမွ ေယာက္်ားသားမ်ားအိမ္ျပန္ေရာက္ေနၿပီး ဟိုနား သည္နားမွ ရယ္သံမ်ားၾကားေနရသည္။ ဒါေပါ့ ညစာစားခ်ိန္ေရာက္ၿပီျဖစ္ေသာေၾကာင့္ ဟိုမွသည္ ဟင္းနံ႕မ်ားေမႊးပ်ံ့ေနသည္။

ဘယ္လိုပဲျဖစ္ေစ ေရွးေခတ္ေက်းလက္ေတာ႐ြာ အစစ္ပင္ ျဖစ္ေလသည္။

ဇူအန္ႏွင့္ ေရွာင္း႐ႊယ္ယင္တို႔ သဲလြန္စ ရလိုရျငား ႐ြာထဲမွစကားဝိုင္းမ်ားကို ေခ်ာင္းနားေထာင္လိုက္သည္။

"ဟင္ဟိုနားက ထူးဆန္းတဲ့ အသံတစ္ခ်ိဳ႕ၾကားတယ္" ေရွာင္း႐ႊယ္ယင္ ဇူအန္လက္ကို ဆြဲ၍ အိမ္တစ္အိမ္ထံ သြားလိုက္သည္။

မၾကာခင္ အိမ္နားေရာက္ေသာ္ ထူးဆန္းေသာအသံမ်ားကို အမွန္ပင္ၾကားလိုက္ရသည္။ ကုတင္လႈပ္သံ။ ခနေနေတာ့ ေယာက္်ားတစ္ေယာက္ႏွင့္မိန္းမတစ္ေယာက္၏ ကလူသံမ်ား...

ေရွာင္း႐ႊယ္ယင္ မ်က္ႏွာရဲသြားၿပီး ရွက္ကိုးရွက္ကန္း ေျပာလိုက္သည္။
"ဒီေလာက္အခ်ိန္အေစာႀကီး လုပ္ရေအာင္ ဘယ္ေလာက္ေတာင္ ဆာေနၾကလဲ"

"မင္းက ခ်မ္းသာတဲ့ဘဝကို ေနသားက်ၿပီး လူဆင္းရဲေတြအေၾကာင္း ဘာမွမသိဘူး။ သူတို႔အမ်ားစုက ေရနံဆီဖိုးမတတ္နိုင္ဘူး။ မင္းက သူတို႔ေနဝင္ၿပီးရင္ ဘာလုပ္မယ္ထင္ေနတာလဲ"

ေရွာင္း႐ႊယ္ယင္ နားပိတ္၍ ေလွာင္လိုက္သည္။
"ဒီစကားမ်ိဳးကို ပညာရွင္က်က် လာေျပာေနတယ္။ ေတာ္ၿပီ။ တစ္ျခားအိမ္သြားရေအာင္"

"အာ..ဒါက ငါ့ကို ပေဟဠိတစ္ခု သတိရသြားေစတယ္။ မင္းစမ္းၾကည့္ခ်င္လား" ဇူအန္ ေမးလိုက္သည္။

"ဘာပေဟဋိလဲ။ ေျပာျပၾကည့္"ေရွာင္း႐ႊယ္ယင္ သူ႕ကိုယ္သူ ဉာဏ္မေကာင္းဘူးဟု မယုံေပ။ ထို႔အျပင္ ၾကားေနရေသာ အသံမ်ားေၾကာင့္ အန္းတန္းတန္း ျဖစ္ေနေသး၍ စမ္းၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။

"နတ္ေဆးဆရာက်ီက ေယာက္်ားေလးစားရင္ မိန္းကေလးက အရႈံးေပၚၿပီး မိန္းကေလးစားရင္ ေယာက္်ားေလး အရႈံးေပၚမယ့္ ေဆးကို တီထြင္လိုက္တယ္။ ႏွစ္ေယာက္လုံး စားလိုက္ရင္ ဘယ္သူအရႈံးေပၚမယ္ထင္လဲ"

ေရွာင္း႐ႊယ္ယင္ မ်က္ႏွာရဲသြားၿပီး ဆဲလိုက္မိသည္။
"အဲ့ဒီ အဖိုးႀကီးက တကယ့္ ႏွာဘူးအႀကီးစားပဲ။ ဒါေတာင္ နတ္ေဆးဆရာ အျဖစ္ ေလးစားခံေနရေသးတယ္။ ေဝဒနာခံစားေနရတဲ့လူေတြကို ကယ္မယ့္အစား ဒီလိုထူးထူးဆန္းဆန္းပစၥည္းေတြ ထြင္ေနေသးတယ္"

ဇူအန္ ေအာ္ရယ္လိုက္ၿပီး
"မင္း လျပည့္ၿမိဳ႕ကို ျပန္ေရာက္မွ က်ီတန္ထုကို ႀကိဳက္သလို ေျပာလို႔ရတယ္။ အခုေတာ့ မင္းအေျဖက ဘာလဲ "

"အဲ့လိုေမးခြန္းမ်ိဳးကို ကြၽန္မဘယ္လိုလုပ္ သိမွာလဲ" ေရွာင္း႐ႊယ္ယင္ မ်က္ႏွာလႊဲလိုက္သည္။

"ဟမ့္ မင္းရဲ႕ ဦးႏွောက္ေသးေသးေလးနဲ႕ အေျဖကို ရွာနိုင္မွာမဟုတ္ဘူးလို႔ ငါသိတယ္။ ေကာင္းၿပီေလ။ မင္းကိုငါအေျဖေပးရမွာေပါ့။ အရႈံးေပးၿပီလို႔သာေျပာလိုက္"ဇူအန္ အားရပါးရ ေအာ္ရယ္သည္။

ေရွာင္း႐ႊယ္ယင္ ဇူအန္ကိုၾကည့္၍ သေရာ္လိုက္သည္။
"ရွင္ ဒီလို ဟာသရိုင္းရိုင္းမ်ိဳးကို ခ်ဴခ်ဴယန္ ေရွ႕ ေျပာရဲရင္ သူရွင့္ကို ခ်ဴအိမ္က တန္းႏွင္ထုတ္မွာပဲ"

"ဟမ့္ သူတစ္ျခားလူကိုသာ ႏွင္ထုတ္ခ်င္ထုတ္မယ္။ ငါ့ကိုေတာ့ လုံးဝ မထုတ္ဘူး"ဇူအန္ ျပန္ေျဖသည္။

"ရွင့္ယုံၾကည္မႈေတြ ဘယ္ကေရာက္လာလဲ သိခ်င္သား" ေရွာင္း႐ႊယ္ယင္ ေျခေစာင့္၍ ဆက္သြားလိုက္သည္။

ဇူအန္ ေအးေအးေဆးေဆး ပုခုံးတြန့္၍ ေနာက္ကလိုက္ေလသည္။

မၾကာခင္ အသားညိုညို ခ်န္ေဝ့ရဲ႕ အိမ္ကို ေရာက္လာၾကသည္။ထင္မထားစြာ ခ်န္ေဝ့အေဖက ႐ြာသူႀကီးျဖစ္ေနသည္။

႐ြာသူႀကီးျဖစ္ေသာေၾကာင့္ သူတို႔အိမ္က အျခားအိမ္မ်ားထက္ သာေလသည္။ အနည္းဆုံး သူတို႔က မီးအိမ္တတ္နိုင္ေလသည္။ ျပတင္းေပါက္တြင္ စကားေျပာေနေသာ အရိပ္မ်ားကို အျပင္မွ ေတြ႕ေနရသည္။

ေၾကာက္လန့္ေနေသာ အသံတစ္ခုျဖင့္ ႐ြာသူႀကီး ေျပာလိုက္သည္။
"ႏွလုံးကိုလႊမ္းမိုးတဲ့ နဂါးခ်က္မနကၡတ္ဒါက ေရာက္လာမယ့္ ကပ္ဆိုးကို ျပေနတာပဲ"

သို႔ေသာ္ ခ်န္ေဝ့ ဘယ္လိုမွ အေရးမထားေပ။
"အေဖ အဲ့တာက အာဏာရွိတဲ့လူေတြ သူတို႔ရည္႐ြယ္ခ်က္ ေအာင္ျမင္ဖို႔ အသုံးခ်တဲ့ ေရွးဒ႑ာရီတစ္ခုသက္သက္ပဲ။ အဲ့တာမ်ိဳးက ဘယ္လိုလုပ္ ကပ္ဆိုးကို နမိတ္ျပမွာလဲ"

"မင္းက ငယ္ေသးလို႔ မသိတာ...ေလာကႀကီးကယုံရင္ အဲ့လိုအတုအေယာင္ေတာင္အမွန္ ျဖစ္လာနိုင္တယ္။ လူေတြရဲ႕ စိတ္ေၾကာင့္ျဖစ္လာတဲ့ ကပ္ဆိုးကြ" ႐ြာသူႀကီး ေခါင္းယမ္းကာ ျပန္ေျဖသည္။

"အဲ့လို တကယ္ျဖစ္ခဲ့ရင္ေတာင္ အဓိကခံရတဲ့လူက ဧကရာဇ္ေလ။ အဲ့တာက က်ဳပ္တို႔သာမန္ျပည္သူေတြနဲ႕ ဘာဆိုင္လဲ။ ၿပီးေတာ့ အဲ့ဒီ မင္းဆိုး ေသသြားရင္ က်ဳပ္တို႔အတြက္ ပိုေတာင္ေကာင္းေသးတယ္"

"ရႉး...မင္းေသခ်င္ေနၿပီလား" ႐ြာသူႀကီး ေၾကာက္ေၾကာက္လန့္လန့္ျဖင့္ သူ႕သားပါးစပ္ကို အျမန္ပိတ္လိုက္သည္။
"ဒါက မ်ိဳးဆက္ကိုးဆက္အသတ္ခံရမယ့္ အျပစ္ဒဏ္ေနာ္။ တစ္ေယာက္ေယာက္ၾကားလို႔ သတင္းပို႔လိုက္ရင္ ငါတို႔အားလုံး ေသကုန္လိမ့္မယ္"

ခ်န္ေဝ့ ႏွာမႈတ္လိုက္သည္။
"ဟမ့္ ကြၽန္ေတာ္ေျပာတာ မွားမွမမွားတာ။ ႏွလုံးကိုလႊမ္းမိုးတဲ့ နဂါးခ်က္မနကၡတ္က တကယ္ျဖစ္ရင္ေတာင္ ဧကရာဇ္နဲ႕ သူ႕ရဲ႕ အမ်ိဳးျမတ္ေတြ စိတ္ပူရမွာ။ က်ဳပ္တို႔နဲ႕ ဘာမွမဆိုင္ဘူး"

"ငါလည္း အဲ့လို ေမွ်ာ္လင့္ပါတယ္..." ႐ြာသူႀကီးမ်က္ႏွာက ပူပန္မႈမ်ား ျပည့္ဝေနသည္။

သူတို႔ႏွစ္ေယာက္ စကားဝိုင္းကို ဆက္မေျပာခ်င္ေတာ့၍ မၾကာခင္ အနားယူသြားၾကသည္။

"ႏွလုံးကိုလႊမ္းမိုးတဲ့ နဂါးခ်က္မနကၡတ္ဆိုတာ ဘာလဲ" ဇူအန္ နားမလည္ေပ။ ဇူအန္ ေရွာင္း႐ႊယ္ယင္ကို လွည့္ေမးလိုက္ေသာ္လည္း သူမက ေကာင္းကင္ကိုေမာ့ေငးေနေၾကာင္း ေတြ႕လိုက္ရသည္။

"ဘာျဖစ္လို႔လဲ" ဇူအန္ ေခါင္းေမာ့ၾကည့္လိုက္ေသာ္ အေမွာင္ထုတြင္းမွ ၾကယ္ေရာင္လက္လက္မ်ားကို ေတြ႕လိုက္ရသည္။ ထူးျခားတာ ဘာမွ မေတြ႕ေပ။

စဥ္းစားၾကည့္မွ ၿမိဳ႕ေပၚတြင္ ဒီလို ၾကယ္ေရာင္ေကာင္းကင္ မျမင္ရတာ ၾကာေနၿပီ။

စိတ္ပူေနေသာမ်က္ႏွာျဖင့္ ေရွာင္း႐ႊယ္ယင္ တစ္ေနရာကို လက္ညွိုးထိုးျပ၍
"ဟိုမွာ အေတာက္ပဆုံး ၾကယ္ႏွစ္ခုကို ျမင္လား"

ဇူအန္ သူၫႊန္ျပရာ လိုက္ၾကည့္ေသာ္ တစ္ျခားၾကယ္မ်ားထက္ ပိုလင္းေနေသာ ၾကယ္ႏွစ္လုံး ေတြ႕လိုက္ရသည္။

"အေပၚဘက္ ဘယ္ျခမ္းက ၾကယ္က နဂါးခ်က္မၾကယ္။ သူက ကပ္ဆိုးနဲ႕ ေသျခင္းရဲ႕ နကၡတ္ၾကယ္။ သူ႕ေအာက္ဘက္ ညာျခမ္းမွာ ၾကယ္၃လုံးရွိတယ္။ သူတို႔က ႏွလုံးေဆာင္ကို ၫႊန္ျပေနတာ။ အလယ္က အလင္းဆုံးၾကယ္က ေကာင္းကင္ရဲ႕သားေတာ္ -ဧကရာဇ္ကို ေျပာတာ။ ေဘးက ႏွစ္လုံးက အ်ိမ်ရှေ့စံနဲ့ တိုင္းသူျပည္သားကိုေျပာေနတာ။ အခု နဂါးခ်က္မၾကယ္က ႏွလုံးေဆာင္အလယ္ကို ေရာက္ေနၿပီး ဧကရာဇ္ကိုေဖာ္ၫႊန္းတဲ့ ၾကယ္ရဲ႕ ေဘးကို ေရာက္ေနတယ္။ ဒါကို နမိတ္မေကာင္းတဲ့ အာကာသနကၡတ္- ႏွလုံးကိုလႊမ္းမိုးတဲ့ နဂါးခ်က္မနကၡတ္ လို႔ေခၚတယ္"

"အာကာသနကၡတ္ ဟုတ္လား" ဇူအန္ ႐ြဲ႕လိုက္သည္။
"မင္းက ဒီလို ေရွးရိုးစြဲေတြ ယုံေသးတာလား"

အရင္ဘဝတြင္ သိပၸံႏွင့္နည္းပညာအၾကား ႀကီးျပင္းလာေသာ ဇူအန္အဖို႔ ထိုအရာမ်ားကို မယုံေပ။ သို႔ေသာ္ ထပ္ေတြးၾကည့္လွ်င္ သူ႕ကီးဘုတ္၊ က်င့္ႀကံမႈေလာက၊ ဒီေလာကမွ အရာအားလုံးသည္ သိပၸံႏွင့္ ရွင္းျပ၍ မရေပ။

"အဲ့တာက ဘယ္လိုလုပ္ ေရွးရိုးစြဲ ျဖစ္မလဲ။ ဒီျဖစ္ရပ္ျဖစ္တဲ့အခ်ိန္တိုင္း ဧကရာဇ္မဟုတ္ရင္ အာဏာႀကီးတဲ့ အမတ္တစ္ေယာက္ေယာက္ေသေလ့ရွိတယ္။ တစ္ခါတစ္ရံ အႀကီးအက်ယ္ေတာင္ ေသြးေခ်ာင္းစီးတတ္ေသးတယ္" ေရွာင္း႐ႊယ္ယင္က ဇူအန္၏ မယုံသကၤာအမူအရာကို မေက်နပ္ေပ။

ဒီလို လူတိုင္းသိတဲ့ အေျခခံဗဟုသုတကို ဘာလို႔ ဒီလူက မသိရတာလဲ။

ဇူအန္ ႐ုတ္တရက္ အေတြးတစ္ခု ဝင္လာသည္။
"ေျပာၾကည့္။ ငါတို႔ ေကာင္းကင္စည္းက ဒီ ႏွလုံးကိုလႊမ္းမိုးတဲ့ နဂါးခ်က္မနကၡတ္နဲ႕ ဆိုင္ေနမလား"

ေရွာင္း႐ႊယ္ယင္ မ်က္လုံးျပဴးသြား၍
"မဟုတ္ပါေစနဲ႕လို႔ ဆုေတာင္းရမွာပဲ။ အဲ့လိုဆိုရင္ ကြၽန္မတို႔ အႏၱရာယ္မ်ားလြန္းတယ္"

ေျပာေနရင္း ဇူအန္မ်က္ႏွာ တစ္ျဖည္းျဖည္းလင္းလာသည္ကို သတိထားမိလိုက္သည္။ ေကာင္းကင္ကိုအျမန္လွည့္ၾကည့္လိုက္ေသာ္ ေကာင္းကင္လည္း အေရာင္ေတာက္လာေၾကာင္း ေတြ႕လိုက္သည္။ မီးေတာက္အလုံးႀကီးတစ္ခု ေကာင္းကင္မွ ဆင္းသက္လာေလသည္။

"ဥကၠာပ်ံ " ေရွာင္း႐ႊယ္ယင္ အံ့ၾသတႀကီး ေရ႐ြတ္လိုက္သည္။

"မင္းလည္း ဥကၠာပ်ံကို သိတယ္လား" ဇူအန္ ျပန္ေမးလိုက္သည္။

"ဒါေပါ့။ အားေကာင္းတဲ့ မီးျဒပ္စင္နဲ႕ ေျမျဒပ္စင္က်င့္ႀကံသူေတြက ဥကၠာပ်ံကို ဆင့္ေခၚလို႔ရတာ ရွင္မသိဘူးလား" ဇူအန္ မဟုတ္တာကို ပုံႀကီးခ်ဲ့ေနသည္ဟု ေရွာင္း႐ႊယ္ယင္ ထင္လိုက္သည္။

မီးလုံးက တစ္ျဖည္းျဖည္းႀကီးလာၿပီး မီးလုံးအေပၚယံက မီးေတာက္မ်ားကိုပါ ျမင္နိုင္လာသည္။ ဇူအန္ ေရ႐ြတ္လိုက္သည္။
"ဒီဟာ ဘယ္နားက်မယ္ထင္လဲ။ ငါတို႔ဆီေတာ့ တည့္တည့္ႀကီး မက်ေလာက္ပါဘူးဟုတ္တယ္မလား"

သူေျပာၿပီးၿပီးခ်င္းပဲ မီးလုံးမွာ အစိတ္စိတ္ကြဲ၍ မီးလုံးအေသးစားမ်ားအျဖစ္ ကြဲသြားသည္။ ေပါက္ကြဲအားက လမ္းေၾကာင္းကို သက္ေရာက္ေစ၍ သူတို႔ထံ က်လာေလသည္။

"ရွင့္ရဲ႕ ပါးစပ္ေပါက္ကေတာ့" ေရွာင္း႐ႊယ္ယင္ ေဒါသတႀကီး ေအာ္လိုက္ၿပီး ဇူအန္ကို ဆြဲကာ ေျပးေလသည္။

မီးေတာက္မ်ားက အေဝးႀကီးဟုထင္ရေသာ္လည္း က်လာေသာအရွိန္က အလြန္ျမန္လြန္းသည္။ သူတို႔မ်က္စိေရွ႕ေရာက္ရန္ အခ်ိန္တစ္ခုသာ ၾကာေလသည္။

ေရွာင္း႐ႊယ္ယင္ မ်က္ႏွာျဖဴေဖ်ာ့သြားသည္။ ဒီလို သဘာဝဥကၠာပ်ံက က်င့္ႀကံသူေတြဆင့္ေခၚတာထက္ အဆေပါင္းမ်ားစြာ ပိုအင္အားႀကီးေလသည္။ ေကာင္းကင္တြင္သာ မီးေတာက္တစ္စဟု ထင္ရေသာ္လည္း အနီးကပ္ဆိုပါက ေျပး၍မလြတ္နိုင္ေအာင္ က်ယ္ျပန့္လြန္းေလသည္။

အစပိုင္းတြင္ ေရွာင္း႐ႊယ္ယင္က ဇူအန္ကို ဆြဲေျပးေနၿပီး ေနာက္ပိုင္း ဇူအန္က ဆြဲေျပးေနရသည္။

ေနၾကာပန္းလွိုင္းကိုသုံးကာ ဇူအန္ မီးက်ီခဲမ်ားအၾကား မနည္း ေရွာင္လႊားတိမ္းေရွာင္ေနရသည္။ ဥကၠာခဲမ်ားကို ေရွာင္ရန္လြယ္ေသာ္လည္း ေျမေပၚက်ေသာ အားလွိုင္းမ်ားကို ေရွာင္ရန္ကား ခက္ခဲေလသည္။ ဒီမီးေတာက္မ်ားက ဒုံးက်ည္တစ္ခုစာ အားေကာင္းေၾကာင္း သိရမည္ပင္။

ထို႔အျပင္ ပတ္ဝန္းက်င္ အပူခ်ိန္ျမင့္လြန္းေသာေၾကာင့္ ေအာက္ဆီဂ်င္ျပတ္လတ္မႈကိုလည္း သိထားရမည္။

ဇူအန္သာ ပုံမွန္လူျဖစ္ပါက အနားရွိမီးေတာက္တစ္ခုကပင္ အသက္ပါသြားေစနိုင္သည္။ ကံေကာင္းစြာ ဇူအန္ကိုယ္က ခံနိုင္ရည္ျမင့္၍ လတ္တေလာ ေတာင့္ခံနိုင္ျခင္းပင္။

သို႔ေသာ္ ဥကၠာပ်ံမ်ားက အဆက္မျပတ္ျဖစ္ေနၿပီး တစ္ခ်ိန္လုံး က်ဆင္းေနသည္။ ထိုအရာက မၿပီးဆုံးနိုင္ေတာ့ေပ။ ဇူအန္တစ္ကိုယ္လုံး ကိုက္ခဲလာၿပီး ရပ္လိုက္ရသည္။ ရႉရေသာေလမွာ ပူေလာင္လြန္း၍ အဆုတ္မ်ား မြန္းၾကပ္လာသလိုပင္။

ေရွာင္း႐ႊယ္ယင္ လက္လႊဲ၍ သစ္႐ြက္စိမ္းမ်ားစြာ ဝန္းရံလိုက္သည္။ အတြင္းပိုင္းရွိေလထုက ေအးျမလာသည္။

"ဒီတစ္ေန႕လုံး လုပ္ခဲ့သမွ်ထဲ အမွန္ဆုံးက မင္းကိုေခၚလာမိတာပဲလို႔ ထင္တယ္။ မင္းမွာ လုပ္နိုင္တာဒီေလာက္မ်ားမွန္း ငါမသိခဲ့ဘူး" ဇူအန္ ေကာက္ခ်က္ခ်လိဳက္သည္။

"ၿပီးေတာ့ ကြၽန္မလုပ္ခဲ့သမွ်ထဲ အတုံးဆုံးလုပ္ရပ္က ရွင္နဲ႕အတူ ဝင္လာမိတာပဲ။ ကြၽန္မအရႈံးႀကီး ရႈံးရတယ္လို႔ ထင္တယ္"
ေရွာင္း႐ႊယ္ယင္ ၿငီးျငဴလိုက္သည္။

ေနာက္ထပ္ ေပါက္ကြဲမႈတစ္ခုျဖစ္လာၿပီး အားလွိုင္းေၾကာင့္ ေရွာင္း႐ႊယ္ယင္၏ သစ္႐ြက္အကာအရံတြင္ ေလာင္ကြၽမ္းမႈမ်ားေပၚလာကာ အကာအရံကို ခ်ဳံ႕ရင္း ခ်ဳံ႕ရင္း သူမကိုယ္လုံးေလးက ဇူအန္ရင္ခြင္ထဲ ဝင္သြားသည္။ သို႔ေသာ္ မၾကာခင္ ကီကိုျပန္ထည့္၍ အကာအရံကို အားျဖည့္လိုက္သည္။

သူမပါးစပ္မွ ေသြးစီးေၾကာင္းကို သတိထားမိ၍ ဇူအန္ ေျပာလိုက္သည္။
"ငါ့အနားကပ္ေနၿပီး မင္းအကာအရံကို ေသးေအာင္လုပ္လိုက္။ ဒီလိုဆို မင္းကီ ပိုၾကာၾကာခံလိမ့္မယ္"

"မျဖစ္နိုင္ဘူး" ေရွာင္း႐ႊယ္ယင္ ေနာက္တစ္လွမ္း ျပန္ဆုတ္ၿပီး တမင္ အကာအရံကို ႀကီးေအာင္လုပ္လိုက္သည္။

"ေသလိုက္။ မိန္းမေတြက ဒီေလာက္ ျပႆနာရွာၿပီး စိတ္အေျပာင္းအလဲျမန္ၾကတာလား" သူဘာလို႔ ဒီလိုလုပ္မွန္း ဇူအန္ နားမလည္နိုင္ေပ။  ထို႔ေၾကာင့္ ေရွာင္း႐ႊယ္ယင္ခါးကို ဆြဲဖက္ကာ သူ႕ဘက္ ဆြဲလိုက္သည္။ နီးနီးကပ္ကပ္ေနျခင္းျဖင့္ အကာအရံမ်က္ႏွာျပင္ကို ခ်ဳံ႕နိုင္ၿပီး အားလွိုင္းမ်ား၏ သက္ေရာက္မႈကို ေလ်ာ့ေစနိုင္သည္။

"ရွင္ဘာလုပ္ေနတာလဲ" ေရွာင္း႐ႊယ္ယင္ ႐ုန္းလိုက္သည္။

သို႔ေသာ္ ဇူအန္ ၿမဲၿမဲကိုင္ထားၿပီး စိတ္မရွည္စြာ ေလွာင္လိုက္သည္။
"မင္းဘာေတြ ဒီေလာက္ျဖစ္ေနတာလဲ။ ငါတို႔ ေပြ႕ဖက္နမ္းတာ ဒါပထမဆုံးအႀကိမ္လည္း မဟုတ္ဘူး။ ေကာင္းကင္စည္းမွာ ဒီထက္ပိုမ်ားတဲ့ အႏၱရာယ္ေတြရွိလာဦးမွာ။ မင္းအဲ့တာေတြကို ရင္ဆိုင္ဖို႔ ခြန္အားေခြၽတာသင့္တယ္ မဟုတ္ဘူးလား"

ဇူအန္အမွန္ေျပာေနေၾကာင္း ေရွာင္း႐ႊယ္ယင္ သိ၍ ေခတၱေတြေဝၿပီး ဇူအန္ေျပာသလို အကာအရံကို ခ်ဳံ႕လိုက္သည္။

အခ်ိန္တစ္ခုၾကာၿပီးေနာက္ ေပါက္ကြဲမႈမ်ားရပ္တန့္သြားသည္။ ေရွာင္း႐ႊယ္ယင္ သစ္႐ြက္အကာအရံကို ဖယ္လိုက္ကာ ပတ္ဝန္းက်င္ကို ၾကည့္ရန္ ထြက္လာသည္။ ပတ္ဝန္းက်င္တစ္ခုလုံး ပ်က္စီးေနၿပီ။ ႐ြာတစ္ခုလုံးလည္း မီးေလာင္ေနၿပီး မီးျငႇိမ္းသူမ်ား ဒဏ္ရာရသူကို ကယ္သူမ်ား ရႈပ္ယွက္ခတ္ေနသည္။ ငိုသံမ်ားလည္း ဟိုတစ္စ သည္တစ္စ ၾကားေနရသည္။

ဇူအန္ တိတ္ဆိတ္ေနသည္။

ခုနက ဥကၠာခဲမိုးက ေၾကာက္စရာေကာင္းေပမဲ့ ေကာင္းကင္စည္းရဲ႕ စမ္းသပ္ခ်က္ျဖစ္ရေအာင္ မလုံေလာက္ဘူး။ ေနာက္ထပ္ ရွိေသးတာလား။

--- --- --- ------------------------------------ --- --- --- --- --- ---

Continue Reading

You'll Also Like

241K 17.2K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
79.4K 10.9K 77
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
115K 4.4K 26
Short novel Mixed by Sakurak🌸