ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

73.9K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

177

292 43 0
By SoeHmue

Chapter 177: သက်တမ်းတစ်ဝက်ကံကြမ္မာ

"မင်းဘာကြည့်နေတာလဲ။အော် ငါသိပြီ မင်းက တစ်ချိန်လုံး ငါ့ကို သဘောကျနေတာပဲ။ ငါ့ရဲ့ အာရုံစိုက်မှုရချင်လို့ ငါ့ကို တစ်ချိန်လုံး ဆန့်ကျင်နေတာ" ဆယ်ကျော်သက်များ အချစ်နှင့်စထိတွေ့စဉ် မည်သို့ပြုမူရမှန်းမသိ၍ သူတို့ crush ၏ အာရုံစိုက်မှုရရန် အနိုင်ကျင့်မိကြကြောင်း ဇူအန် သတိရလိုက်သည်။

အမ်း..ဒါက လုံးဝ အဓိပ္ပာယ် ရှိတယ်။

"..."ရှောင်းရွှယ်ယင်

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

"ထားလိုက်ပါတော့ ငါတို့က အခုသေတော့မှာဆိုတော့ မင်းကို ဗွေမယူတော့ဘူး" ဇူအန် သက်ပြင်းချ၍ ဆက်ပြောသည်။
"စိတ်မပူနဲ့ တမလွန်မှာ ချူယန်နဲ့ ပြန်တွေ့ရင်တောင် မင်းငါ့ကို နမ်းခဲ့တာ ပြန်မပြောပါဘူး"

"..." ရှောင်းရွှယ်ယင်

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

ဇူအန်က တစ်ခုခုဆက်ပြောချင်သေးသော်လည်း ရှောင်းရွှယ်ယင် ပေါက်ကွဲသွားလေပြီ။
"နင် မတော်သေးဘူးလား"

"မတော်သေးဘူး။ လိုအပ်ရင် ၃ရက်ဆက်တိုက် ဆက်ပြောနိုင်တယ်။ မိုးနတ်မင်းက ငါ့ကို စွမ်းအားကောင်းတဲ့ ပါးစပ် ချီးမြှင့်ထားတယ် မင်းတောင် မနေနိုင်လို့ နမ်းလိုက်သေးတယ် မလား"ဇူအန် သူ့ပါးစပ်သူ ပြန်ထိ၍ ပြောလိုက်သည်။

".."ရှောင်းရွှယ်ယင်

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

ဒီအချိန်မှာ တကယ် ဒေါသထွက်လာပြီဖြစ်သည်။
ဒီမျိုးမစစ်ကတော့…ငါ သရဲဝင်ပူးနေလို့ သူ့ကို ဟိုလိုအတွေးမျိုး ဝင်မိတာဖြစ်ရမယ်။

အသက်ပြင်းပြင်ရှိုက်၍ အေးစက်စက် ပြောလိုက်သည်။
"နင့်ကိုယ်နင် ထူးခြားတာ မခံစားမိဘူးလား"

"ထူးခြားတာလား...ဘာများထူးခြားနိုင်လို့..အမ်" ဇူအန် လက်မြှောက်လိုက်ပြီး ကြောင်သွားသည်။ သူ့ဒဏ်ရာအများစု ပျောက်သွားပြီး ကုန်ခမ်းသွားသော ကီများပင် ပြန်ပြည့်သွားကြောင်း တွေ့လိုက်ရသည်။
"ဘာ..ဘာဖြစ်သွားတာလဲ"

"ကျွန်မမျိုးနွယ်ရဲ့ လျှို့ဝှက်ပညာကို သုံးလိုက်တာ။ ဘဝတစ်ဝက်ကံကြမ္မာလို့ခေါ်တယ်။ အခုကစပြီး ရှင်က ကျွန်မရဲ့ သက်တမ်းနဲ့ ရှင်သန်နိုင်စွမ်းတစ်ဝက်ကို မျှလိမ့်မယ်။ ရှင့်ဒဏ်ရာတွေကတော့ အပိုဆုပေါ့" ရှောင်းရွှယ်ယင် ရှင်းပြလိုက်သည်။

"ဘာရယ်။ မင်းရဲ့ သက်တမ်းနဲ့ ရှင်သန်နိုင်စွမ်း တစ်ဝက်တည်း လား" ဇူအန် လန့်သွားသည်။
"မင်းငါ့ကို ဘယ်လိုရန်ငြှိုးရှိလို့ ဒီလိုလုပ်ရတာလဲ။ ငါ့ဘာသာ အစက နှစ်ပေါင်းရာချီ နေနိုင်တာကို အခုတော့ မင်းသက်တမ်းတစ်ဝက်ပဲ နေရတော့မယ်"

"..."ရှောင်းရွှယ်ယင်

ဇူအန် သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့ ဒါမင်းငါ့အတွက် ကောင်းဖို့လုပ်တာမှန်း သိတယ်။ ထားလိုက်ပါတော့"

ရှောင်းရွှယ်ယင် အံကြိတ်၍ ပြောလိုက်သည်။
"ငါ့သက်တမ်းဘယ်လောက်ရှိလဲ နင်မသိဘူးလား"

ဇူအန် သူ့ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး
"အင်း.. မင်းရဲ့ မျက်ခုံးကွေးကွေးနဲ့ နှုတ်ခမ်းသေးသေးကိုကြည့်ရတာ မင်းက ကောင်းချီးပေခံရတဲ့ လူဟုတ်မဟုတ် သံသယဖြစ်မိတယ်။ မင်းမှာ ရှေ့လျှောက် နှစ်အများကြီး မကျန်လောက်ဘူး။ အများဆုံး ၇၀,၈၀ပေါ့ ငါ့အထင်ပြောရရင်…"

"ပုံမှန်အခြေအနေဆို ငါ့သက်တမ်းက အနှစ် ၁၅၀၀ ရှိတယ်။ ငါက တစ်ဝက်ခွဲပေးတာတောင် နင်က အပြစ်တင်နေသေးတယ်" ရှောင်းရွှယ်ယင် အေးစက်စက် ပြောလိုက်သည်။

"ဘာ..ဘာရယ်။ နှစ်ပေါင်း ၁၅၀၀ ဟုတ်လား" ဇူအန် ကြောင်သွားသည်။

ရှောင်းရွှယ်ယင် စိတ်တိုစွာ ခေါင်းလှည့်၍
"ဒါက အနည်းဆုံးနော်။ ကျွန်မ ကျင့်ကြံမှုမြင့်လာတာနဲ့ နှစ် ၂၀၀၀ ထိ ရောက်နိုင်တယ်"

"လူတစ်ယောက်က ဘာလို့ဒီလောက်အကြာကြီး နေနိုင်မှာလဲ..." အတွေးတစ်ခု ဇူအန် တွေးလိုက်မိသည်။
"ခဏလေး။ မင်းက လူမဟုတ်ဘူးလား"

""ကျွန်မက လူလို့ ရှင့်ကို ဘယ်သူပြောလဲ။ " ရှောင်းရွှယ်ယင် မျက်လုံးလှန်ပြလိုက်သည်။
"ကျွန်မက လူသားတွေကြားထဲ ကြီးလာရုံပဲ"

"ဒါဆို မင်းက ဘာမျိုးနွယ်လဲ။ နဂါးလား။ မြေခွေးမလား" သိချင်စိတ်ဖြင့် ဇူအန် စကပ်လှန်ကြည့်ရန်ကြိုးစားလိုက်သည်။

ရှောင်းရွှယ်ယင် ရှက်ရွံ့၍ ဒေါသထွက်လာသည်။ စကပ်ကို အမြန်ပြန်ချ၍ အော်လိုက်သည်။
"ဘာလုပ်နေတာလဲ"

"မင်းမှာ ဘယ်လိုအမြီးရှိလဲ ကြည့်မလို့လေ" ဇူအန် ပြန်ဖြေသည်။

"..."ရှောင်းရွှယ်ယင်

ထိုကိစ္စကို ဒီတိုင်းမထားချင်၍ ဆက်မေးလိုက်သည်။
"ပြောရရင် မင်းရဲ့တကယ့်ခန္ဓာကိုယ်က ဘယ်မှာလဲ။ အာ…မင်းက နွယ်ကြိုးတွေ စိတ်ကြိုက်ထုတ်လို့ရတာ ငါမှတ်မိတယ်။ ဘုရားရေ..မင်းက သစ်ပင်မိစ္ဆာတော့ မဟုတ်ဘူးမလား"

သစ်ပင်မိစ္ဆာအပေါ် သူ့အမြင်က လူအိုကြီးမှ မိန်းမပျိုလေးများကို ကိုယ်လုပ်တော်အဖြစ် သိမ်းသွင်းနေသောမြင်ကွင်းပင်။ အင်းလေ....ဒါက ဇာတ်လမ်းတွဲထဲမှာ ပါတာပဲ။

"နင်သာ သစ်ပင်မိစ္ဆာ။ နင့်တစ်မိသားစုလုံးကမှ သစ်ပင်မိစ္ဆာ။ " ရှောင်းရွှယ်ယင် အော်လိုက်သည်။

"ဒါဆို မင်းက ဘာလဲ"

"ငါ ပြောလို့ မရဘူး" ရှောင်းရွှယ်ယင် ဇူအန်လက်မှ လှံသွားနှစ်ခုကိုကြည့်ရင်း စိတ်ပျော့သွားသည်။
"ငါ့အကြောင်းသိရင်လည်း နင့်အတွက် ဘာမှကောင်းလာမှာ မဟုတ်ဘူး။ နင့်ကို ပြဿနာတွေပဲ ဖြစ်စေလိမ့်မယ်"

"ကောင်းပါပြီ။ ကောင်းပြီလေ။ မပြောချင်ရင်လည်း ထားလိုက်ပါတော့" ဇူအန် ပြောလိုက်သည်။

သူတို့နှစ်ယောက် ငြင်းခုန်နေခြင်းကြောင့် တပ်သားများ ဆယ်မီတာခန့်အတွင်း ရောက်လာလေပြီ။ သူ့လက်မောင်းက လှံသွားများကို ဆွဲနှုတ်ပြီး ရှောင်းရွှယ်ယင်ကို တွဲကာ တိုးဝင်လိုက်သည်။

သူ့ဒဏ်ရာပျောက်၍ ကီပြန်ပြည့်လာသောကြောင့် ဇူအန်မှာ အသစ်မွေးဖွားလာသလိုပင်။ ဒဏ်ရာပျောက်သွားခြင်းကြောင့် ကောင်းကင်ဖီးနစ်ကျင့်စဉ်ကို သုံး၍မရတော့သော်လည်း အနည်းဆုံး ရုတ်တရက်သေသွားမှာ မကြောက်ရတော့ပေ။

သို့သော် အရှိန်နိမ့်ကျသွားခြင်းကြောင့် နေကြာပန်းလှိုင်းသုံးသော်လည်း လှံချက်များကို ရှောင်ရန် ခက်နေသည်။ ကောင်းကောင်းမွန်မွန် တိုက်ပွဲပြန်ဝင်နိုင်သော်လည်း မကြာခင် ဒဏ်ရာဒဏ်ချက်များ ပြန်ပြည့်လာသည်။

ရှောင်းရွှယ်ယင်ကို ငုံ့ကြည့်ပြီး တပ်သားများကြားမှ ရုန်းထွက်ရန်ပြင်လိုက်သည်။ ရှောင်းရွှယ်ယင်၏ သံသယမျက်လုံးအောက်တွင် ဇူအန် သူ့ကို နမ်းလိုက်သည်။

"ဝူး..." ရှောင်းရွှယ်ယင် သူ့ထံမှ ရုန်းထွက်ရန် အတော်လေး ကြိုးပမ်းလိုက်ရသည်။ မျက်စောင်းထိုး၍ အော်လိုက်သည်။
"ဘာလုပ်နေတာလဲ"

"ဘာမှမဟုတ်ဘူး။ တစ်ချက်နမ်းလို့ ဒဏ်ရာပြန်ပျောက်မှတော့ နောက်ထပ် တစ်ခါနှစ်ခါပိုနမ်းရင် ဒဏ်ရာများ ပြန်ပျောက်မလားလို့"

ဇူအန် ဘာလို့ အလုပ်မဖြစ်လဲ ဝေခွဲမရပေ။
ငါခပ်ကြာကြာလေး နမ်းသင့်လား။

"ရူးလား" ရှောင်းရွှယ်ယင် အော်လိုက်သည်။
"သက်တမ်းတစ်ဝက်ကံကြမ္မာက ငါတို့ မျိုးနွယ်ရဲ့ ထိပ်တန်းလျှို့ဝှက်ပညာပဲ။ တစ်သက်မှာ တစ်ခါပဲ သုံးလို့ရတယ်"

"တစ်သက်မှာ တစ်ခါပဲ သုံးလို့ ရတာလား" ဇူအန် ကြောင်သွားသည်။
"မင်းရဲ့ တန်ဖိုးအကြီးဆုံးအရာကို ငါ့ကို ပေးလိုက်တာလား"

ရှောင်းရွှယ်ယင် မျက်နှာရဲလာသည်။
"ငါက ဒီနေရာမှာ မသေချင်ရုံသက်သက်ပဲ။ လျှောက်မတွေးနဲ့"

"မင်းဒီထက်ပိုကောင်းတဲ့ ဆင်ခြေရှာသင့်တယ်။ မင်းခုနကမှ မျှော်လင့်ချက်မဲ့နေသေးတာ" ဇူအန် ပြောသည်။

"နင့်မှာ ဘာလို့ ပြောစရာဒီလောက်များရတာလဲ။ ငါ ရုတ်တရက် မသေချင်တော့လို့ ရပြီလား။ ပြီးတော့ ငါက နင်မမလေးကိုကယ်တာမှာ ကူညီပေးဖို့ ဒီကိုလိုက်လာတာ" ရှောင်းရွှယ်ယင် အော်လိုက်သည်။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၂၁၃ ရယူလိုက်သည်။

ဇူအန် ဆက်မေးချင်သေးသော်လည်း တပ်သားများ အမီလိုက်လာသောကြောင့် တိုက်ရန်သာ အာရုံစိုက်နိုင်တော့သည်။
ဒီအချိန်မှာ တပ်သားများလည်း နားမလည်တော့ပေ။ ဇူအန် ပြိုလဲခါနီးနေကြောင်း သေချာသော်လည်း ရုတ်တရက် အင်အားအပြည့်ပြန်ဖြစ်လာသည်။
လူသားတွေက ပိုးဟပ်လို ခံနိုင်ရည် ရှိကြတာလား။

သူတို့ ရဲဖော်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားသည်ကို ကြည့်နေရသည်။ ဇူအန်ကို ဒဏ်ရာရအောင် အသည်းအသန် ကြိုးစားနေကြသော်လည်း အသေမသတ်နိုင်ကြပေ။

ပိုဆိုးသည်က ထိုလူသား အလင်းရောင်တောက်တောက် အချောင်းတစ်ခုကို မြေပေါ်မှ ကောက်ယူလိုက်ချိန်တွင် ဖြစ်သည်။ အလင်းရောင် ကျသည့်နေရာတိုင်း နောက်ဆုတ်နေရ၍ သူတို့ အသေအကြေတိုက်ရန် မရတော့ချေ။

ခက်ခက်ခဲခဲတိုက်ပြီးနောက် ဇူအန် တပ်သားအားလုံးကို အနိုင်တိုက်နိုင်လိုက်သည်။ သို့သော် တစ်ယောက်ကို အရှင်ချန်ထားလိုက်သည်။

သူ့ရင်ခွင်ထဲက မိန်းကလေး သတိလစ်သွားပြီဖြစ်ကြောင်း ဇူအန် သတိထားမိလိုက်သည်။ အစတည်းက ဒဏ်ရာပြင်းထန်၍ သွေးထွက်လွန်နေခြင်းကို မျိုးနွယ်လျှို့ဝှက်ပညာသုံးပြီး ဇူအန်ကို ကယ်လိုက်သေးသည်။ ရှင်သန်နိုင်စွမ်း ကျဆင်းသွားသောကြောင့် အခြေအနေပိုဆိုးသွားခြင်းပင်။

သူမကို သတိမလစ်သွားရန် ဇူအန်တစ်ချိန်လုံး စိတ်တိုအောင် လုပ်နေခြင်းပင်။ သို့သော် တိုက်ခိုက်နေရ၍ စကားဆက်ပြောရန် မဖြစ်နိုင်တော့ချေ။ ဇူအန် သတိထားမိချန်တွင် ရှောင်းရွှယ်ယင် မေ့သွားပြီဖြစ်သည်။

ဇူအန် နှာခေါင်းအောက်တွင် လက်ချောင်းတင်ကြည့်သော် အသက်ရှုနှုန်းအလွန် နှေးနေကြောင်း သတိထားမိလိုက်သည်။

သူတို့ ကောင်းကင်စည်းကို ဖြတ်ရန်ကျန်နေသည့်အပြင် အခုချက်ချင်း အပြင်ထုတ်လိုက်လျှင်ပင် ကုနိုင်မည့်သူ ရှာတွေ့ချိန်အထိ ခံနိုင်ရည် မရှိလောက်ပေ။

ထို့ကြောင့် ဤအချိန်တွင် ခေတ္တနား၍ အမျက်ပွိုင့် ကုန်အောင်သုံးရန် ဆုံးဖြတ်လိုက်သည်။ သူ့အသက်ကိုကယ်ရန် တစ်ခုခုရလိုရငြား မျှော်လင့်နေခြင်းပင်။ သူအရင်က နွေဦးကိုကြီး ဆေးများရဖူး၍ မျှော်လင့်ချက်မရှိတာတော့ မဟုတ်ပေ။

ကောင်းကင်စည်းကို ကျော်ဖြတ်ရန် မှော်လက်နက်တစ်ခုခုရပါက ပိုကောင်းပေမည်။ မြေစည်းကပင် သူတို့ကို သေလုနီးပါးဖြစ်စေသည်။ ကောင်းကင်စည်းက ပိုအန္တရာယ်များမည်မှာ တွေးစရာပင်မလိုချေ။

ဘာလို့ ဒီမှာ ကံစမ်းရလဲဆို မိန်လိရှေ့တွင် မလုပ်ချင်၍ပင်။ ဒါ့ကြောင့်လည်း တပ်သားအကုန်သတ်ပြီး မြေစည်းအောင်မြင်သည့်အနေဖြင့် အပြင်ထုတ်လိုက်မည်ကို စိုးရိမ်သောကြောင့် တပ်သားတစ်ယောက် ချန်ထားခြင်းဖြစ်သည်။

သူ့တွင် ပုံမှန်ထက်နည်းသော အမျက်ပွိုင့် ၄၉၂၁၇ သာရှိသည်။ ရန်သူ့တပ်သားများက အမျက်ပွိုင့်တစ်ချို့ပေးသော်လည်း တပ်သားများမှာ ဉာဏ်နည်း၍ အမျက်ပွိုင့် များများစားစား မရချေ။

ဘာပဲပြောပြော ၄၉၂ကြိမ် ကံစမ်း၍ ရသေးသည်။ ရှောင်းရွှယ်ယင် သေရေးရှင်ရေးဖြစ်နေ၍ ဇူအန် ထုံးစံအတိုင်း အစဉ်အလာမလုပ်တော့ပဲ ထီကို တန်းသွားလိုက်သည်။

---- ---- ---- --------------------------------------------- -- -- --- ---

Chapter 177: သက္တမ္းတစ္ဝက္ကံၾကမၼာ

"မင္းဘာၾကည့္ေနတာလဲ။ေအာ္ ငါသိၿပီ မင္းက တစ္ခ်ိန္လုံး ငါ့ကို သေဘာက်ေနတာပဲ။ ငါ့ရဲ႕ အာ႐ုံစိုက္မႈရခ်င္လို႔ ငါ့ကို တစ္ခ်ိန္လုံး ဆန့္က်င္ေနတာ" ဆယ္ေက်ာ္သက္မ်ား အခ်စ္ႏွင့္စထိေတြ႕စဥ္ မည္သို႔ျပဳမူရမွန္းမသိ၍ သူတို႔ crush ၏ အာ႐ုံစိုက္မႈရရန္ အနိုင္က်င့္မိၾကေၾကာင္း ဇူအန္ သတိရလိုက္သည္။

အမ္း..ဒါက လုံးဝ အဓိပၸာယ္ ရွိတယ္။

"..."ေရွာင္း႐ႊယ္ယင္

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရယူလိုက္သည္။

"ထားလိုက္ပါေတာ့ ငါတို႔က အခုေသေတာ့မွာဆိုေတာ့ မင္းကို ေဗြမယူေတာ့ဘူး" ဇူအန္ သက္ျပင္းခ်၍ ဆက္ေျပာသည္။
"စိတ္မပူနဲ႕ တမလြန္မွာ ခ်ဴယန္နဲ႕ ျပန္ေတြ႕ရင္ေတာင္ မင္းငါ့ကို နမ္းခဲ့တာ ျပန္မေျပာပါဘူး"

"..." ေရွာင္း႐ႊယ္ယင္

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။

ဇူအန္က တစ္ခုခုဆက္ေျပာခ်င္ေသးေသာ္လည္း ေရွာင္း႐ႊယ္ယင္ ေပါက္ကြဲသြားေလၿပီ။
"နင္ မေတာ္ေသးဘူးလား"

"မေတာ္ေသးဘူး။ လိုအပ္ရင္ ၃ရက္ဆက္တိုက္ ဆက္ေျပာနိုင္တယ္။ မိုးနတ္မင္းက ငါ့ကို စြမ္းအားေကာင္းတဲ့ ပါးစပ္ ခ်ီးျမႇင့္ထားတယ္ မင္းေတာင္ မေနနိုင္လို႔ နမ္းလိုက္ေသးတယ္ မလား"ဇူအန္ သူ႕ပါးစပ္သူ ျပန္ထိ၍ ေျပာလိုက္သည္။

".."ေရွာင္း႐ႊယ္ယင္

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။

ဒီအခ်ိန္မွာ တကယ္ ေဒါသထြက္လာၿပီျဖစ္သည္။
ဒီမ်ိဳးမစစ္ကေတာ့ငါ သရဲဝင္ပူးေနလို႔ သူ႕ကို ဟိုလိုအေတြးမ်ိဳး ဝင္မိတာျဖစ္ရမယ္။

အသက္ျပင္းျပင္ရွိုက္၍ ေအးစက္စက္ ေျပာလိုက္သည္။
"နင့္ကိုယ္နင္ ထူးျခားတာ မခံစားမိဘူးလား"

"ထူးျခားတာလား...ဘာမ်ားထူးျခားနိုင္လို႔..အမ္" ဇူအန္ လက္ျမႇောက္လိုက္ၿပီး ေၾကာင္သြားသည္။ သူ႕ဒဏ္ရာအမ်ားစု ေပ်ာက္သြားၿပီး ကုန္ခမ္းသြားေသာ ကီမ်ားပင္ ျပန္ျပည့္သြားေၾကာင္း ေတြ႕လိုက္ရသည္။
"ဘာ..ဘာျဖစ္သြားတာလဲ"

"ကြၽန္မမ်ိဳးႏြယ္ရဲ႕ လွ်ို႔ဝွက္ပညာကို သုံးလိုက္တာ။ ဘဝတစ္ဝက္ကံၾကမၼာလို႔ေခၚတယ္။ အခုကစၿပီး ရွင္က ကြၽန္မရဲ႕ သက္တမ္းနဲ႕ ရွင္သန္နိုင္စြမ္းတစ္ဝက္ကို မွ်လိမ့္မယ္။ ရွင့္ဒဏ္ရာေတြကေတာ့ အပိုဆုေပါ့" ေရွာင္း႐ႊယ္ယင္ ရွင္းျပလိုက္သည္။

"ဘာရယ္။ မင္းရဲ႕ သက္တမ္းနဲ႕ ရွင္သန္နိုင္စြမ္း တစ္ဝက္တည္း လား" ဇူအန္ လန့္သြားသည္။
"မင္းငါ့ကို ဘယ္လိုရန္ျငႇိုးရွိလို႔ ဒီလိုလုပ္ရတာလဲ။ ငါ့ဘာသာ အစက ႏွစ္ေပါင္းရာခ်ီ ေနနိုင္တာကို အခုေတာ့ မင္းသက္တမ္းတစ္ဝက္ပဲ ေနရေတာ့မယ္"

"..."ေရွာင္း႐ႊယ္ယင္

ဇူအန္ သက္ျပင္းခ်လိဳက္သည္။
"ထားလိုက္ပါေတာ့ ဒါမင္းငါ့အတြက္ ေကာင္းဖို႔လုပ္တာမွန္း သိတယ္။ ထားလိုက္ပါေတာ့"

ေရွာင္း႐ႊယ္ယင္ အံႀကိတ္၍ ေျပာလိုက္သည္။
"ငါ့သက္တမ္းဘယ္ေလာက္ရွိလဲ နင္မသိဘူးလား"

ဇူအန္ သူ႕ကို ေခါင္းအစေျခအဆုံး ၾကည့္လိုက္ၿပီး
"အင္း.. မင္းရဲ႕ မ်က္ခုံးေကြးေကြးနဲ႕ ႏႈတ္ခမ္းေသးေသးကိုၾကည့္ရတာ မင္းက ေကာင္းခ်ီးေပခံရတဲ့ လူဟုတ္မဟုတ္ သံသယျဖစ္မိတယ္။ မင္းမွာ ေရွ႕ေလွ်ာက္ ႏွစ္အမ်ားႀကီး မက်န္ေလာက္ဘူး။ အမ်ားဆုံး ၇၀,၈၀ေပါ့ ငါ့အထင္ေျပာရရင္"

"ပုံမွန္အေျခအေနဆို ငါ့သက္တမ္းက အႏွစ္ ၁၅၀၀ ရွိတယ္။ ငါက တစ္ဝက္ခြဲေပးတာေတာင္ နင္က အျပစ္တင္ေနေသးတယ္" ေရွာင္း႐ႊယ္ယင္ ေအးစက္စက္ ေျပာလိုက္သည္။

"ဘာ..ဘာရယ္။ ႏွစ္ေပါင္း ၁၅၀၀ ဟုတ္လား" ဇူအန္ ေၾကာင္သြားသည္။

ေရွာင္း႐ႊယ္ယင္ စိတ္တိုစြာ ေခါင္းလွည့္၍
"ဒါက အနည္းဆုံးေနာ္။ ကြၽန္မ က်င့္ႀကံမႈျမင့္လာတာနဲ႕ ႏွစ္ ၂၀၀၀ ထိ ေရာက္နိုင္တယ္"

"လူတစ္ေယာက္က ဘာလို႔ဒီေလာက္အၾကာႀကီး ေနနိုင္မွာလဲ..." အေတြးတစ္ခု ဇူအန္ ေတြးလိုက္မိသည္။
"ခဏေလး။ မင္းက လူမဟုတ္ဘူးလား"

""ကြၽန္မက လူလို႔ ရွင့္ကို ဘယ္သူေျပာလဲ။ " ေရွာင္း႐ႊယ္ယင္ မ်က္လုံးလွန္ျပလိုက္သည္။
"ကြၽန္မက လူသားေတြၾကားထဲ ႀကီးလာ႐ုံပဲ"

"ဒါဆို မင္းက ဘာမ်ိဳးႏြယ္လဲ။ နဂါးလား။ ေျမေခြးမလား" သိခ်င္စိတ္ျဖင့္ ဇူအန္ စကပ္လွန္ၾကည့္ရန္ႀကိဳးစားလိုက္သည္။

ေရွာင္း႐ႊယ္ယင္ ရွက္႐ြံ႕၍ ေဒါသထြက္လာသည္။ စကပ္ကို အျမန္ျပန္ခ်၍ ေအာ္လိုက္သည္။
"ဘာလုပ္ေနတာလဲ"

"မင္းမွာ ဘယ္လိုအၿမီးရွိလဲ ၾကည့္မလို႔ေလ" ဇူအန္ ျပန္ေျဖသည္။

"..."ေရွာင္း႐ႊယ္ယင္

ထိုကိစၥကို ဒီတိုင္းမထားခ်င္၍ ဆက္ေမးလိုက္သည္။
"ေျပာရရင္ မင္းရဲ႕တကယ့္ခႏၶာကိုယ္က ဘယ္မွာလဲ။ အာမင္းက ႏြယ္ႀကိဳးေတြ စိတ္ႀကိဳက္ထုတ္လို႔ရတာ ငါမွတ္မိတယ္။ ဘုရားေရ..မင္းက သစ္ပင္မိစ္ဆာေတာ့ မဟုတ္ဘူးမလား"

သစ္ပင္မိစ္ဆာအေပၚ သူ႕အျမင္က လူအိုႀကီးမွ မိန္းမပ်ိဳေလးမ်ားကို ကိုယ္လုပ္ေတာ္အျဖစ္ သိမ္းသြင္းေနေသာျမင္ကြင္းပင္။ အင္းေလ....ဒါက ဇာတ္လမ္းတြဲထဲမွာ ပါတာပဲ။

"နင္သာ သစ္ပင္မိစ္ဆာ။ နင့္တစ္မိသားစုလုံးကမွ သစ္ပင္မိစ္ဆာ။ " ေရွာင္း႐ႊယ္ယင္ ေအာ္လိုက္သည္။

"ဒါဆို မင္းက ဘာလဲ"

"ငါ ေျပာလို႔ မရဘူး" ေရွာင္း႐ႊယ္ယင္ ဇူအန္လက္မွ လွံသြားႏွစ္ခုကိုၾကည့္ရင္း စိတ္ေပ်ာ့သြားသည္။
"ငါ့အေၾကာင္းသိရင္လည္း နင့္အတြက္ ဘာမွေကာင္းလာမွာ မဟုတ္ဘူး။ နင့္ကို ျပႆနာေတြပဲ ျဖစ္ေစလိမ့္မယ္"

"ေကာင္းပါၿပီ။ ေကာင္းၿပီေလ။ မေျပာခ်င္ရင္လည္း ထားလိုက္ပါေတာ့" ဇူအန္ ေျပာလိုက္သည္။

သူတို႔ႏွစ္ေယာက္ ျငင္းခုန္ေနျခင္းေၾကာင့္ တပ္သားမ်ား ဆယ္မီတာခန့္အတြင္း ေရာက္လာေလၿပီ။ သူ႕လက္ေမာင္းက လွံသြားမ်ားကို ဆြဲႏႈတ္ၿပီး ေရွာင္း႐ႊယ္ယင္ကို တြဲကာ တိုးဝင္လိုက္သည္။

သူ႕ဒဏ္ရာေပ်ာက္၍ ကီျပန္ျပည့္လာေသာေၾကာင့္ ဇူအန္မွာ အသစ္ေမြးဖြားလာသလိုပင္။ ဒဏ္ရာေပ်ာက္သြားျခင္းေၾကာင့္ ေကာင္းကင္ဖီးနစ္က်င့္စဥ္ကို သုံး၍မရေတာ့ေသာ္လည္း အနည္းဆုံး ႐ုတ္တရက္ေသသြားမွာ မေၾကာက္ရေတာ့ေပ။

သို႔ေသာ္ အရွိန္နိမ့္က်သြားျခင္းေၾကာင့္ ေနၾကာပန္းလွိုင္းသုံးေသာ္လည္း လွံခ်က္မ်ားကို ေရွာင္ရန္ ခက္ေနသည္။ ေကာင္းေကာင္းမြန္မြန္ တိုက္ပြဲျပန္ဝင္နိုင္ေသာ္လည္း မၾကာခင္ ဒဏ္ရာဒဏ္ခ်က္မ်ား ျပန္ျပည့္လာသည္။

ေရွာင္း႐ႊယ္ယင္ကို ငုံ႕ၾကည့္ၿပီး တပ္သားမ်ားၾကားမွ ႐ုန္းထြက္ရန္ျပင္လိုက္သည္။ ေရွာင္း႐ႊယ္ယင္၏ သံသယမ်က္လုံးေအာက္တြင္ ဇူအန္ သူ႕ကို နမ္းလိုက္သည္။

"ဝူး..." ေရွာင္း႐ႊယ္ယင္ သူ႕ထံမွ ႐ုန္းထြက္ရန္ အေတာ္ေလး ႀကိဳးပမ္းလိုက္ရသည္။ မ်က္ေစာင္းထိုး၍ ေအာ္လိုက္သည္။
"ဘာလုပ္ေနတာလဲ"

"ဘာမွမဟုတ္ဘူး။ တစ္ခ်က္နမ္းလို႔ ဒဏ္ရာျပန္ေပ်ာက္မွေတာ့ ေနာက္ထပ္ တစ္ခါႏွစ္ခါပိုနမ္းရင္ ဒဏ္ရာမ်ား ျပန္ေပ်ာက္မလားလို႔"

ဇူအန္ ဘာလို႔ အလုပ္မျဖစ္လဲ ေဝခြဲမရေပ။
ငါခပ္ၾကာၾကာေလး နမ္းသင့္လား။

"႐ူးလား" ေရွာင္း႐ႊယ္ယင္ ေအာ္လိုက္သည္။
"သက္တမ္းတစ္ဝက္ကံၾကမၼာက ငါတို႔ မ်ိဳးႏြယ္ရဲ႕ ထိပ္တန္းလွ်ို႔ဝွက္ပညာပဲ။ တစ္သက္မွာ တစ္ခါပဲ သုံးလို႔ရတယ္"

"တစ္သက္မွာ တစ္ခါပဲ သုံးလို႔ ရတာလား" ဇူအန္ ေၾကာင္သြားသည္။
"မင္းရဲ႕ တန္ဖိုးအႀကီးဆုံးအရာကို ငါ့ကို ေပးလိုက္တာလား"

ေရွာင္း႐ႊယ္ယင္ မ်က္ႏွာရဲလာသည္။
"ငါက ဒီေနရာမွာ မေသခ်င္႐ုံသက္သက္ပဲ။ ေလွ်ာက္မေတြးနဲ႕"

"မင္းဒီထက္ပိုေကာင္းတဲ့ ဆင္ေျခရွာသင့္တယ္။ မင္းခုနကမွ ေမွ်ာ္လင့္ခ်က္မဲ့ေနေသးတာ" ဇူအန္ ေျပာသည္။

"နင့္မွာ ဘာလို႔ ေျပာစရာဒီေလာက္မ်ားရတာလဲ။ ငါ ႐ုတ္တရက္ မေသခ်င္ေတာ့လို႔ ရၿပီလား။ ၿပီးေတာ့ ငါက နင္မမေလးကိုကယ္တာမွာ ကူညီေပးဖို႔ ဒီကိုလိုက္လာတာ" ေရွာင္း႐ႊယ္ယင္ ေအာ္လိုက္သည္။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၂၁၃ ရယူလိုက္သည္။

ဇူအန္ ဆက္ေမးခ်င္ေသးေသာ္လည္း တပ္သားမ်ား အမီလိုက္လာေသာေၾကာင့္ တိုက္ရန္သာ အာ႐ုံစိုက္နိုင္ေတာ့သည္။
ဒီအခ်ိန္မွာ တပ္သားမ်ားလည္း နားမလည္ေတာ့ေပ။ ဇူအန္ ၿပိဳလဲခါနီးေနေၾကာင္း ေသခ်ာေသာ္လည္း ႐ုတ္တရက္ အင္အားအျပည့္ျပန္ျဖစ္လာသည္။
လူသားေတြက ပိုးဟပ္လို ခံနိုင္ရည္ ရွိၾကတာလား။

သူတို႔ ရဲေဖာ္မ်ား တစ္ေယာက္ၿပီးတစ္ေယာက္ က်ဆဳံးသြားသည္ကို ၾကည့္ေနရသည္။ ဇူအန္ကို ဒဏ္ရာရေအာင္ အသည္းအသန္ ႀကိဳးစားေနၾကေသာ္လည္း အေသမသတ္နိုင္ၾကေပ။

ပိုဆိုးသည္က ထိုလူသား အလင္းေရာင္ေတာက္ေတာက္ အေခ်ာင္းတစ္ခုကို ေျမေပၚမွ ေကာက္ယူလိုက္ခ်ိန္တြင္ ျဖစ္သည္။ အလင္းေရာင္ က်သည့္ေနရာတိုင္း ေနာက္ဆုတ္ေနရ၍ သူတို႔ အေသအေၾကတိုက္ရန္ မရေတာ့ေခ်။

ခက္ခက္ခဲခဲတိုက္ၿပီးေနာက္ ဇူအန္ တပ္သားအားလုံးကို အနိုင္တိုက္နိုင္လိုက္သည္။ သို႔ေသာ္ တစ္ေယာက္ကို အရွင္ခ်န္ထားလိုက္သည္။

သူ႕ရင္ခြင္ထဲက မိန္းကေလး သတိလစ္သြားၿပီျဖစ္ေၾကာင္း ဇူအန္ သတိထားမိလိုက္သည္။ အစတည္းက ဒဏ္ရာျပင္းထန္၍ ေသြးထြက္လြန္ေနျခင္းကို မ်ိဳးႏြယ္လွ်ို႔ဝွက္ပညာသုံးၿပီး ဇူအန္ကို ကယ္လိုက္ေသးသည္။ ရွင္သန္နိုင္စြမ္း က်ဆင္းသြားေသာေၾကာင့္ အေျခအေနပိုဆိုးသြားျခင္းပင္။

သူမကို သတိမလစ္သြားရန္ ဇူအန္တစ္ခ်ိန္လုံး စိတ္တိုေအာင္ လုပ္ေနျခင္းပင္။ သို႔ေသာ္ တိုက္ခိုက္ေနရ၍ စကားဆက္ေျပာရန္ မျဖစ္နိုင္ေတာ့ေခ်။ ဇူအန္ သတိထားမိခ်န္တြင္ ေရွာင္း႐ႊယ္ယင္ ေမ့သြားၿပီျဖစ္သည္။

ဇူအန္ ႏွာေခါင္းေအာက္တြင္ လက္ေခ်ာင္းတင္ၾကည့္ေသာ္ အသက္ရႈႏႈန္းအလြန္ ႏွေးေနေၾကာင္း သတိထားမိလိုက္သည္။

သူတို႔ ေကာင္းကင္စည္းကို ျဖတ္ရန္က်န္ေနသည့္အျပင္ အခုခ်က္ခ်င္း အျပင္ထုတ္လိုက္လွ်င္ပင္ ကုနိုင္မည့္သူ ရွာေတြ႕ခ်ိန္အထိ ခံနိုင္ရည္ မရွိေလာက္ေပ။

ထို႔ေၾကာင့္ ဤအခ်ိန္တြင္ ေခတၱနား၍ အမ်က္ပြိုင့္ ကုန္ေအာင္သုံးရန္ ဆုံးျဖတ္လိုက္သည္။ သူ႕အသက္ကိုကယ္ရန္ တစ္ခုခုရလိုရျငား ေမွ်ာ္လင့္ေနျခင္းပင္။ သူအရင္က ႏြေဦးကိုႀကီး ေဆးမ်ားရဖူး၍ ေမွ်ာ္လင့္ခ်က္မရွိတာေတာ့ မဟုတ္ေပ။

ေကာင္းကင္စည္းကို ေက်ာ္ျဖတ္ရန္ ေမွာ္လက္နက္တစ္ခုခုရပါက ပိုေကာင္းေပမည္။ ေျမစည္းကပင္ သူတို႔ကို ေသလုနီးပါးျဖစ္ေစသည္။ ေကာင္းကင္စည္းက ပိုအႏၱရာယ္မ်ားမည္မွာ ေတြးစရာပင္မလိုေခ်။

ဘာလို႔ ဒီမွာ ကံစမ္းရလဲဆို မိန္လိေရွ႕တြင္ မလုပ္ခ်င္၍ပင္။ ဒါ့ေၾကာင့္လည္း တပ္သားအကုန္သတ္ၿပီး ေျမစည္းေအာင္ျမင္သည့္အေနျဖင့္ အျပင္ထုတ္လိုက္မည္ကို စိုးရိမ္ေသာေၾကာင့္ တပ္သားတစ္ေယာက္ ခ်န္ထားျခင္းျဖစ္သည္။

သူ႕တြင္ ပုံမွန္ထက္နည္းေသာ အမ်က္ပြိုင့္ ၄၉၂၁၇ သာရွိသည္။ ရန္သူ႕တပ္သားမ်ားက အမ်က္ပြိုင့္တစ္ခ်ိဳ႕ေပးေသာ္လည္း တပ္သားမ်ားမွာ ဉာဏ္နည္း၍ အမ်က္ပြိုင့္ မ်ားမ်ားစားစား မရေခ်။

ဘာပဲေျပာေျပာ ၄၉၂ႀကိမ္ ကံစမ္း၍ ရေသးသည္။ ေရွာင္း႐ႊယ္ယင္ ေသေရးရွင္ေရးျဖစ္ေန၍ ဇူအန္ ထုံးစံအတိုင္း အစဥ္အလာမလုပ္ေတာ့ပဲ ထီကို တန္းသြားလိုက္သည္။

---- ---- ---- --------------------------------------------- -- -- --- ---

Continue Reading

You'll Also Like

328K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
732K 41.5K 26
Jk - Possessive type #Warning Cv_ Pinterest
49.4K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
1.7M 94.3K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...