ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.4K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

175

307 42 0
By SoeHmue

Chapter 175: အစ္ကို

နှစ်ယောက်လုံး ခေါင်းလေးများထောင်ပြီး လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ မြင်းစီစစ်သားတပ်စုတစ်ခု သူတို့ဘက်သို့ ဒုန်းစိုင်းချီတက်လာနေကြသည်ကို တွေ့လိုက်ကြရသည်။ သူတို့သည် အလွန်လျှင်မြန်ကြသဖြင့် နှစ်ယောက်သား ရှိနေကြသည့် မြောင်းတူးသို့ ရောက်လာကြရန် အချိန်တခဏသာ ကြာလိမ့်မည်ဖြစ်သည်။

ချီတက်လာသော မြင်းစီးစစ်သားများ၏ စွမ်းအားအရ သူတို့နှစ်ယောက်သည် ချက်ချင်းအသားစများအဖြစ်သို့ ရောက်သွားကြမည်မှာ သံသယဝင်နေစရာပင် မလိုတော့ချေ။

ဇူအန် အလိုအလျောက် ဓာတ်မီးကို မြင်းစီးစစ်သားများဘက်သို့ ထိုးလိုက်သည်။ ထိုအခါ သူတို့ရှေ့၌ ဒိုင်းကာများဖြင့် ကာထားကြသည်ကို တွေ့လိုက်ရတော့သည်။ ထို့ကြောင့် သူ့ပစ်မှတ်ကို သူတို့စီးနေသည့် မြင်းများဘက်သို့ ပြောင်းရွှေ့လိုက်သည်။ ထိုအခိုက်တွင်လည်း သူတို့မြင်းများ၏ မျက်လုံးများကို အဝတ်စများဖြင့် ဖုံးထားကြသည်ကိုသာ တအံ့တသြဖြင့် မြင်ရပြန်လေသည်။

သူ လုံးဝဆွံ့အမှင်သက်သွားသည်။ ဘာလဲဟ။ မင်းတို့က ရွှံ့တွေနဲ့ လုပ်ထားတဲ့ တာရာကိုတာစစ်သားတွေလေ။ အဲ့အဝတ်စကို ဘယ်ကမ္ဘာကနေ ရလာကြတာလဲ။

မည်သို့ဆိုဆို သူ့ရှေ့မှောက် ရောက်လာသည့် သေရေးရှင်ရေးအခြေအနေကို ဖြေရှင်းရန် သူ နည်းလမ်းတစ်ခု ရှာတွေ့ဖို့လိုအပ်သည်။

သူ့စိတ်ထဲ အကြံတစ်ခု ထွက်ပေါ်လာသည်။ နေကြာပန်းသိုင်းကို အသက်သွင်းပြီး အခြေခံဓါးပညာမှ ‘ထိုး၊ပယ်’ အကွက်ကို အဆက်မပြတ်ထုတ်သုံး၍ မြေပြင်ပေါ်တွင် တွင်းသေးသေးလေးများ ဆက်တိုက်တူးနေလိုက်သည်။

လပြည့်ဝန်းကျောင်းတော်မှ သူ ရရှိသည့် အခြေခံဓါးပညာ၏ အလွန်ရိုးစင်းပုံ ပေါ်နေသည့် သိုင်းကွက်ကို သူ တကယ်အထင်ကြီးမိသည်။ ‘ထိုး၊ပယ်’ ၏ သဘောသဘာဝသည် လှုပ်ရှားသည့်အချိန်တွင် အပြည့်အဝ ပေါ်လွင်လာသည်။ သူ့ဓားမြောင်က ကျောက်တုံးများကို ကျွမ်းကျွမ်းကျင်ကျင် ထိုးယူပုံနှင့် ဘေးသို့ ပစ်ဖယ်လိုက်ပုံတို့က သက်သေပင်။

အကယ်၍ အခြေခံဓါးပညာ ၏ တီထွင်သူသာ သူ့ဆက်ခံသူသည် သူ့ပညာကို တွင်းတူးဖို့ အသုံးပြုနေကြောင်း သိသွားလျှင် အလွန်အမျက်ဒေါသထွက်ပြီး သူ့ခေါင်းတလားထဲမှ ပြန်ထလာလောက်သည်။

မည်သို့ပင်ဖြစ်စေ ၎င်းသည် အခုချိန် ဇူအန် အရေးစိုက်သည့် ကိစ္စမဟုတ်သည်မှာ လုံးဝသေချာနေသည်။ အဆိပ်ပြင်းတန်ဆာ က မယုံနိုင်လောက်အောင် ထက်မြိနေသည့်အဖြစ်ကြောင့် သူ ဝမ်းသာပျော်ရွှင်နေသည်။ မဟုတ်လျှင် အခုလိုမျိုး ကျွမ်းကျွမ်းကျင်ကျင်ဖြင့် သူ တွင်းတူနိုင်မှာ မဟုတ်ချေ။

ရှောင်းရွှယ်ယင်သည် ဇူအန် လုပ်ရပ်ကြောင့် လုံးဝစိတ်ရှုပ်ထွေးနေသည်။ ဒီမြင်းစီးစစ်တပ်ဆီကနေ ပုန်းကွယ်ဖို့ တွင်းဆက်တူးဖို့ သူ ရည်ရွယ်ထားတာလား။

အရင်တုန်းကသာဆိုလျှင် ဇူအန် လုပ်ရပ်ကို အဓိပ္ပါယ်မရှိသည့် အရာအဖြစ် သူမ အရေးမစိုက်ဘဲ သေချာပေါက်နေခဲ့လိမ့်မည်။ သို့သော် အရာအားလုံး အတူတကွ ကျော်ဖြတ်လာကြပြီးနောက်၌ သူ့ကို ကူပေးရန် သူမ ဆုံးဖြတ်လိုက်သည်။ ကျန်ရှိနေသေးသော သူမကီများကို စုစည်းပြီး သူမလက်ကို မြေပြင်ပေါ်သို့ ကပ်ထားလိုက်သည်။ မကြာခင်တွင် မြေကြီးထဲမှ နွယ်ပင်များ ထွက်ပေါ်လာကြပြီး အဝိုင်းပုံ တွင်းပေါက်များစွာ အတူတကွ ဖန်တီးလိုက်ကြသည်။

မြင်းစီးစစ်သားများ ပိုပိုနီးကပ်လာကြသည်နှင့် ရုတ်တရက် ဇူအန် ထိုတွင်းကို စွန့်ပစ်လိုက်ပြီး ရှောင်းရွှယ်ယင်အား သူနှင့်အတူ ဆွဲခေါ်၍ ထိုနေရာမှ ဆုတ်ခွာလိုက်သည်။

“အခုမှ ထွက်ပြေးတာ အရမ်းနောက်ကျမနေဘူးလား” ရှောင်းရွှယ်ယင် ဇဝေဇဝါ ဖြစ်သွားသည်။
သို့သော် သူမကို ပိုပြီး စိတ်ရှုပ်ထွေးသွားစေသည်မှာ လီသုံးဆယ်လောက် ပြေးလိုက်ပြီးနောက် ဇူအန် ဆတ်ခနဲ ရပ်လိုက်ခြင်းဖြစ်သည်။

သူ့လက်ထဲ ဓားမြောင်ကိုင်ထားလျက် ချီတက်လာနေသည့် မြင်းစီးစစ်သားများကို လှည့်ကြည့်ရင်ဆိုင်လိုက်သည်။ သူ့ပုံစံသည် အချိန်မရွေး ပြန်ခုန်အုပ်ရန် အဆင်သင့်ဖြစ်နေသည့် ခြသေ့င်္တစ်ကောင်ပမာ ဖြစ်နေသည်။

ရှောင်းရွှယ်ယင် ဘာကိုဘာမှ နားမလည်နိုင်ပါ။ သူ တကယ်ကြီး မြင်းစီးစစ်သားတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ထားတာလား။ အဲ့ဒါက သတ်သေတာနဲ့ ခြားမှမခြားတာ။

သို့သော် နောက်တခဏ၌ သူမပါးစပ်အဟောင်းသား ဖြစ်သွားစေသည့် မြင်ကွင်းအား မျက်မြင်တွေ့လိုက်ရသည်။
ရှေ့ဆုံးတန်းမှ စစ်သားများ၏ မြင်းများသည် ရုတ်တရက် တစ်ခုခုကြောင့် ထိတ်လန့်သွားကြသည့်ပမာ ရုတ်တရက် ချော်လဲသွားကြပြီး မြေကြီးပေါ်သို့ ဗုန်းခနဲ လဲကျသွားကြသည်။ သူတို့ကို ဖန်ဆင်းရာ၌ အသုံးပြုကြသော ကြွပ်ဆပ်ကွဲလွယ်သည့် ပစ္စည်းများသည် အစိတ်စိတ်အပိုင်းပိုင်းအဖြစ်သို့ ကြေမွပျက်စီးသွားကြသည်။

ရှေ့ဆုံးတန်း ရုတ်တရက် ပြိုလဲသွားမှုကြောင့် အနောက်ဘက်က မြင်းစီးစစ်သားများအတွက် မမျှော်လင့်ဘဲ အတားအဆီး ရှိလာခဲ့သည်။ ထိုကဲ့သို့သောအခြေအနေမျိုး၌ တခြားမြင်းစီးစစ်သားများသည် ရပ်လျှင်ရပ် သို့မဟုတ် အခြားလမ်းကြောင်းသို့ ပြောင်းရွှေ့သွားကြရမည်ဖြစ်သည်။ သို့သော် သူတို့ အပြင်းချီတက်လာခြင်း၏ ရွေ့လျားပုံက သူတို့ကို ရပ်တန့်သွားနိုင်အောင် အခွင့်မသာစေခဲ့ပါ။ ရလဒ်အနေဖြင့် ထိခိုက်ပျက်စီးမှုသည် ပိုပိုတိုးသွားပြီး ပို၍ ပို၍ များပြားသော မြင်းစီးစစ်သားများသည် ပြိုလဲသွားကြသည်။

ထိုအခိုက်အတန့်၌ ဇူအန် လှုပ်ရှားလာခဲ့သည်။ ဖရိုဖရဲ ဖြစ်နေကြသာ မြင်းစီးစစ်သားများထံ ချီတက်ပြေးလွှားပြီး မသေသေးသူများ၏ အသက်များကို နှုတ်ယူရင်း မြင်းပေါ် ထိုင်နေကြသေးသူများကိုလည်း တိုက်ခိုက်လိုက်သည်။

အမှန်ဆိုလျှင် မြင်းစီးစစ်သားများသည် ချီတက်လာမှုအရှိန်အဟုန် ပျောက်ဆုံးသွားကြသော်လည်း မြင်းတစ်စီးပေါ် ထိုင်နေရခြင်းကြောင့် အပေါ်စီးအနေအထားဖြင့် ပို၍ အကျိုးသာသည့် ဘက်၌ ရှိနေနိုင်ကြသေးသည်။ ၎င်းက သူတို့ကို ဖြေရှင်းကိုင်တွယ်ရခက်ခဲသွားစေသည်။ သို့သော် ဇူအန်သည် ထူးခြားဆန်းကြယ်သော ဓာတ်မီးတစ်ခုကို ကိုင်စွဲအသုံးပြုသူဖြစ်သည်။ အလင်းရောင်ခြည်ကို ဟိုနေရာ သည်နေရာ လင်းဖြာစေခြင်းဖြင့် ယင်းမြင်းစီးစစ်သားများသည် အလျှင်အမြန် ဗြောင်းဆန်သွားကြပြီး ဇူအန်၏ နေကြာပန်းသိုင်းအတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးပေးလိုက်ကြသည်။

မြင်းစီးစစ်သားများကြားတွင် ကြိုတင်မှန်းဆလို့မရသော ခြေလှမ်းများဖြင့် လှစ်ခနဲ လှစ်ခနဲ လျှောက်သွားရင်း ပိုင်ရှီးဓါးသိုင်းကိုလည်း မကြာခဏ ထုတ်သုံးလိုက်သည်။ တာရာကိုတာစစ်သားများ၏ ဦးခေါင်းကို ဖြတ်ခုန်ရန်အတွက်ဖြစ်၏။

သူတို့နှင့် အချိန်တခဏမျှ တိုက်ခိုက်လိုက်ပြီးနောက် သူတို့အားနည်းချက်ကို သူ ရှာတွေ့သွားပြီဖြစ်သည် - သူတို့ ဦးခေါင်းများပင်ဖြစ်၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် ကြာသွားပြီးသည့်နောက်၌ မြင်းစီးစစ်သားတစ်ရာကျော်သည် ဖုန်မှုန့်များအဖြစ်သို့ ပြန်ရောက်သွားကြပြီဖြစ်သည်။ သူတို့ထဲက တစ်ဝက်သည် အချင်းချင်းနင်းခြေမိမှုကြောင့် သေသွားကြခြင်းဖြစ်ပြီး နောက်တစ်ဝက်ကို ဇူအန်က သတ်လိုက်ခြင်းဖြစ်သည်။

“ဒီကောင်က တကယ် အဆင့် ၃ ကျင့်ကြံသူပဲလား”

စစ်မြေပြင်တွင် တစ္ဆေတစ်ကောင်ပမာ ရိပ်ခနဲ လှုပ်ရှားနေသည့် ဇူအန်ကို ကြည့်ရင်း ရှောင်းရွှယ်ယင် ကျောချမ်းသွားသည်။ ဇူအန်၏ ကျင့်ကြံခြင်းအဆင့် နိမ့်သော်ငြားလည်း သူ့ပုံစံသည် သူမ မြင်ဖူးခဲ့သမျှ ကြောက်စရာအကောင်းဆုံး လူသတ်သမားများထက်ပင် လူသတ်သမားပုံပေါက်နေသည်။ သူ့တိုက်ခိုက်မှုပုံစံများသည် ရိုးစင်းတိကျပြီး အပိုလှုပ်ရှားမှုမျိုးကို ရှောင်ရှားသည်။ သူ တစ်ချက် တိုက်ခိုက်သည့်အချိန်တိုင်း အသက်တစ်ခု နှုတ်ယူနိုင်တတ်သည်။

ထိုစဉ် ဇူအန်သည် အလွန်အမင်းမောပန်းမှုကြောင့် အမောတကော အသက်လုရှူနေရသည်။ သူသည် မျှတသင့်တော်သော ရလဒ်ကို ရရှိနိုင်ခဲ့သည်။ သို့သော် သူ့ဘာသာသူလည်း အင်အားအများကြီး ကုန်ဆုံးခဲ့ရသည်။

ထိုအချိန်မှ တာရာကိုတာစစ်သားများ၏ လက်ကျန်စစ်သားများသည် အသိပြန်ဝင်လာကြသည်။ အနောက်ဘက်က လေးသမားများသည် သူတို့ရဲဘော်ရဲဘက်များကို ထိမှန်သွားနိုင်သည့် အခွင့်ရှိနေပါလျက်နှင့် ဆက်လက်ပစ်ခတ်နေရန် ဆုံးဖြတ်လိုက်ကြသည်။ ရလဒ်အနေဖြင့် မြားမိုးများ မြန်မြန်ဆန်ဆန် ရွာချလာကြပြန်သည်။

“မြန်မြန် မြောင်းတူးထဲမှာ ပုန်းနေလိုက်” ရှောင်းရွှယ်ယင် ဇူအန်ကို ဆွဲလိုက်သည်။ သူ အလွန်ပင်းပန်းပြီး မလှုပ်ရှားနိုင်တော့မှာ စိုးရိမ်သောကြောင့်ဖြစ်၏။

မမျှော်လင့်ဘဲ ဇူအန်သည် သူမကို ဒိုင်းကာတစ်ခု ပစ်ပေးလာပြီး ပြောလိုက်သည်။ “ဘာအတွက် ပြေးနေတာလဲ။ အခုတော့ ငါတို့မှာ ဒိုင်းကာရှိနေပြီပဲကို”

လေးသမားများနှင့် ရင်ဆိုင်ရန် အကောင်းဆုံးလက်နက်သည် ဒိုင်းကာများ ဖြစ်ကြသည်။ စောစောတုန်းက ကြံရာမရတော့သောကြောင့်သာ ဇူအန် လျှင်လျှင်မြန်မြန်ဖြင့် မြောင်းတူး တူးလိုက်ရခြင်းဖြစ်သည်။ သို့သော် မြင်းစီးစစ်သား တော်တော်များများကို ရှင်းထုတ်ပစ်လိုက်ပြီးနောက် စစ်မြေပြင်သည် ယခုအခါ ဒိုင်းကာများဖြင့် ပြည့်နှက်နေလေသည်။

သူတို့ခန္ဓာကိုယ်များအား ဖုံးဝှက်ရန် သူတို့ရှေ့၌ ဒိုင်းကာများကို အစုအပြုံလိုက် တည်ထားလိုက်ကြသည်။ မြားများသည် သူတို့အပေါ် သဲသဲမဲမဲ ပစ်ကျလာကြသော်လည်း သူတို့ကို လုံးဝမထိခိုက်စေနိုင်တော့ပါ။

ဇူအန်သည် ဤအခွင့်အရေးကို အသုံးချပြီး ရှောင်းရွှယ်ယင်ကို အရေးတကြီး မေးလိုက်သည်။ “ငါတို့မှာ ဒိုင်းကာတွေ ရှိနေပြီပဲကို မင်းက ငါ့ကို မြောင်းတူးထဲ ဆက်ဆွဲခေါ်ချင်နေသေးတယ်။ အမှန်အတိုင်းပြောစမ်း။ အဲ့ထဲမှာ ငါမင်းကို နောက်တစ်ကြိမ် ပြန်ပွေ့ဖက်ပေးဖို့ မျှော်လင့်နေတာမလား”

“နင့်ဖင်ကိုပွေ့ဖက်” ရှောင်းရွှယ်ယင် နီနီရဲရဲမျက်နှာနှင့် သူ့ကို ကန်ပစ်လိုက်သည်။ ဒါတွေအားလုံး ဒီကောင်စုတ်အမှားပဲ။ သူ့မယ် အမြဲတမ်း ထူးဆန်းတဲ့ အတွေးတွေတွေးမိနေလို့ ငါလည်း အမြဲတမ်း စိတ်တိုတိုသွားနေရတာ။
“အဲ့ဒါထက် ဟိုစက်ဝိုင်းပုံသဏ္ဍာန်တွင်းတွေ တူးလိုက်ရုံနဲ့ မြင်းစီးစစ်သားတွေ ချော်လဲကျသွားအောင် နင်ဘယ်လိုလုပ်လိုက်တာလဲ”

ဇူအန် သူ့လက်ကို ခါရမ်းပြီး ပြောလိုက်သည်။ “အဲ့ဒါလည်း လျို့ဝှက်ချက်ပဲ။ ငါ့ကို အစ်ကိုလို့ခေါ်လိုက်။ အဲ့ဒါဆို ငါ ပြောပြမယ်”

ရှောင်းရွှယ်ယင် ဒေါသတကြီး အံကြိတ်လိုက်သည်။ စစ်မြေပြင်ဘက် သူမ လှမ်းကြည့်လိုက်သည့်အခါ အရှေ့ဘက်က တာရာကိုတာစစ်သားရာပေါင်းများစွာကို တွေ့လိုက်ရသည်။ တဖက်၌ သူမက ဆိုးဆိုးရွားရွား ဒဏ်ရာရထားနေသည်။ လက်ရှိအခြေအနေအရ ဤစမ်းသပ်ပွဲ ပြီးဆုံးသည့်အချိန်ထိ သူမ အသက်ရှင်နိုင်မယ့်ပုံမပေါ်ပါ။

ဘာမှမသိလိုက်ရဘဲ မသေသွားချင်သဖြင့် သူမ၏ သိချင်စိတ်ကို အရှုံးပေး၍ မကြားနိုင်လုနီးပါးဖြစ်သော အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။ “အ…အစ်ကို”

“…” ဇူအန်
ရှောင်းရွှယ်ယင်က သူ ပြောသလိုမျိုး တကယ်လုပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။ ဒီနေ့ နေ အနောက်ဘက်ကနေ ထွက်တာလား။

သူမကို တအံ့တသြ ကြည့်လာသည့် ဇူအန် မျက်နှာအမူအရာကို တွေ့သောအခါ ရှောင်းရွှယ်ယင် မျက်နှာ နီရဲသွားသည်။ သူမ သူ့ကို ပြန်စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဘာတွေကြည့်နေတာလဲ။ နင်ပြောတဲ့အတိုင်း ငါ လုပ်ပြီးပြီ။ ငါ့ကို အဖြေ မြန်မြန်ပြောပြတော့”

“မင်း ဘာလုပ်ခဲ့လို့လဲ။ ငါ ကောင်းကောင်းမကြားလိုက်ရဘူး” ဇူအန် တစ်စတစ်စ ပြုံးရင်းဖြင့် ပြောလိုက်သည်။

“နင်ငါ့ကို နောက်နေတာလား” ရှောင်းရွှယ်ယင် ဒေါသအကြီးအကျယ် ထွက်သွားသည်။

သင်သည် ရှောင်းရွှယ်ယင်ထံမှ အမျက်ပွိုင့် ၃၉၈ ရရှိပါသည်။

ဇူအန် အလျှင်အမြန် ထပ်ပြောလိုက်ရသည်။ “ငါ တကယ်ပြောတာ ငါ ကောင်းကောင်းမကြားခဲ့ရဘူး။ နောက်တစ်ခေါက် ထပ်ပြောပါဦး။ အဲ့ဒါဆို ချက်ချင်း ငါ ဖြေပေးမယ်”

ရှောင်းရွှယ်ယင် နှုတ်ခမ်းကိုက်ထားလိုက်သည်။ သူမမာနသည် သူမ သိချင်စိတ်နှင့် ထိပ်တိုက်ဆုံနေသည်။ နောက်ဆုံးတွင် သူမခေါင်းကို တဘက်သို့ လှည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။  “အစ်ကို...”

“ဟဲဟဲ…အေး…ညီမလေး…ဟဲဟဲ” ဇူအန် မျက်နှာထက်က ဝမ်းမြောက်အူမြူးသည့် အပြုံးက ရှောင်းရွှယ်ယင်ကို ဒေါသထွက်သွားစေသည်။
“ရပြီ။ တကယ်တော့ သဘောသဘာဝက အရမ်းရိုးရှင်းပါတယ်။ တကယ်လို့ မင်း မြက်စိမ်းလွင်ပြင်မှာ နေဖူးတယ်ဆိုရင် မြက်ခင်းပြင်က မြင်းတွေက အခြားတိရိစ္ဆာန်တွင်းပေါက်တွေကို ကြောက်ကြတယ်ဆိုတာ မင်း သိမှာပဲ။ သူတို့ အဲ့တွင်းပေါက်ထဲ မတော်တဆ နင်းမိသွားရင် သူတို့ခြေထောက်တွေ ကျိုးသွားမှာ ကြောက်ကြတယ်။ အခု ဒီမှာတော့ ငါ့ဓာတ်မီးရဲ့ သက်ရောက်ခံရမှုကို ရှောင်ဖို့ တာရာကိုတာစစ်သားတွေက သူတို့မြင်းတွေရဲ့ မျက်လုံးတွေကို စည်းထားကြတယ်။ အဲ့ဒါက မြေကြီးပေါ်က တွင်းပေါက်တွေကို မမြင်နိုင်တော့အောင် တားသလိုဖြစ်သွားတာပေါ့။ ဒါပေမယ့် အဲ့လိုလုပ်တာနဲ့ ကိုယ့်သေတွင်းကိုယ်တူးကြသလို ဖြစ်သွားကြတော့တာပဲ”

“ရှေ့ဆုံးတန်းက သူတွေကို လဲကျသွားအောင် ငါတို့ လုပ်နိုင်တာနဲ့ ကျန်မြင်းတွေလည်း ဆက်လဲကျသွားကြမှာပဲ။ ဘာလို့ဆို သူတို့ချီတက်လာနှုန်းအရှိန်အဟုန်နဲ့ သူတို့မြင်းတွေရဲ့ မျက်လုံးတွေကို စည်းထားကြလို့လေ။ ရလဒ်အနေနဲ့ သုံးပုံဖဲကြွေပြားတွေ လဲကျသွားလိုမျိုး တစ်ယောက်နဲ့တစ်ယောက် တက်နင်းတိုက်မိသွားကြတာပေါ့”

“နင်အရင်တုန်းက မြက်စိမ်းလွင်ပြင်မှာ နေဖူးလို့လား။ ဘာလို့အဲ့လောက်အသေးစိတ် သိရတာလဲ” ရှောင်းရွှယ်ယင် စိတ်ရှုပ်ထွေးသွားသည်။ ချူအိမ်တော်ထဲ သူလျိုအနေဖြင့် ဝင်ရောက်နေထိုင်နေနစဉ် သူမ ရရှိခဲ့သည့် သတင်းအချက်အလက်များအရ ဇူအန်သည် မြက်စိမ်းလွင်ပြင်သို့ အရင်တုန်းက မရောက်ဖူးကြောင်း အတပ်ပြောနိုင်သည်။

ဇူအန်သည် ဘဝင်မြင့်စွာ ပုခုံးတွန့်လိုက်ပြီး “မင်းအစ်ကိုက ဘယ်အပိုင်းမှာဖြစ်ဖြစ် ဗဟုသုတအကြောင်းအရာတွေကို ကောင်းကောင်းနောကျေသိတဲ့သူဆိုတာ မသိဘူးလား။ မြို့ပြင်ဘက်ကို ခရီးမသွားရရင်တောင် အပြင်ဘက်ကမ္ဘာမှာ ဘာဖြစ်နေလဲဆိုတာကို ငါ သိနိုင်သေးတယ်”

သူ့အရင်ဘဝက အင်တာနက်သည် ဝင်ငွေရှာလို့မရသော ထူးဆန်းသည့် အသေးအဖွဲ့ကိစ္စမျိုးစုံနှင့် ပြည့်နှက်နေခဲ့သည်။ ကီးဘုတ်ဖိုက်တာအစစ်တစ်ယောက်သည် ယင်းအသေးအဖွဲကိစ္စများကို ကြိုးကြိုးစားစား သင်ယူကြရသည်။ သို့မှသာ အငြင်းအပွားအချေအတင်ဖြစ်သည့် နေရာမျိုး၌ ဗဟုသုတကြွယ်ဟန်ဖြင့် ၎င်းတို့ကို အသုံးပြုနိုင်ကြမည်ဖြစ်သည်။

“ဖီး အရှက်မဲ့လိုက်တာ” ရှောင်းရွှယ်ယင်သည် နီရဲသော မျက်နှာထားနှင့် ပက်ခနဲ ပြောလိုက်သည်။ ဒီကောင်ကို အစ်ကိုလို့ တကယ်ခေါ်မိသွားအောင် ငါ တစ်ခုခု ဝင်ပူးခံရတာပဲ ဖြစ်ရမယ်။

သိပ်မကြာခင်၌ မြားမိုးများ လျော့နည်းသွားကြသည်။ တာရာကိုတာစစ်သားများက သူတို့မြားများ အလုပ်မဖြစ်ကြောင်းကို သိသွားကြသောကြောင့်ဖြစ်သည်။ ခြေလျှင်စစ်သားများ၏ ရှေ့ဆုံးတန်းသည် ရှေ့သို့ စတင်ချီတက်လာကြသည်။ သူတို့ဖွဲ့စည်းပုံအစီအရင်ထဲ သတိထားနေနေရင်း ရှေ့ဘက်သို့ ဖြည်းဖြည်းချင်းနှင့် မှန်မှန်လေးဖြင့် ချီတက်လာကြသည်။ သူတို့လက်မောင်းပေါ်က ဒိုင်းကာများအား ထူးခြားဆန်းကြယ်သော အလင်းရောင်ခြည်တန်းကို ကာရန်အတွက် မ ထားကြသည်။

ခြေလျှင်စစ်သားများနှင့် ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းသည် သူတို့ကို ဘေးဘက် သို့မဟုတ် အနောက်ဘက်မှ တိုက်ခိုက်ပြီး သူတို့ဖွဲ့စည်းပုံကို မွှေနှောက်ပစ်ရန်ဖြစ်သည်။ ဇူအန် အရင်ဘ၀က အင်တာနက်ဖိုရမ်တစ်ခုတွင် ဖတ်ခဲ့ဖူးသည်များကို အမှတ်ရသွားသည်။ မဟုတ်လျှင် ခြေလျှင်စစ်သည်စစ်တပ်ကြီးအား သူတို့ဖွဲ့စည်းပုံရှေ့မှ ထိပ်တိုက်တိုက်ခိုက်ဖို့ ကြိုးစားလျှင် မြင်းတပ်ကြီးပင်ဖြစ်ပါစေ ဆုံးရှုံးမှုအကြီးအကျယ် ခံစားကြရမည်ဖြစ်သည်။

သူတို့နားတစ်ဝိုက် ရှိနေသေးသည့် မြင်းများကို သူ ကြည့်လိုက်သည်။ မြင်းစီးစစ်သားများသည် မကြာသေးခင်ကမှ ရှုံးနိမ့်သွားကြခြင်းဖြစ်သဖြင့် မြင်းအနည်းစုသည် ထိုနေရာတစ်ဝိုက်၌ လဲလျောင်းနေကြဆဲဖြစ်ကြသည်။

“ငါတို့ ဒီမြင်းတွေကို စီးပြီး သူတို့နောက်ဘက်ကနေ ပြန်ဝိုင်းမယ်”

ဇူအန်သည် မြင်းတစ်ကောင်ပေါ်သို့ အလျှင်အမြန် ခုန်တက်လိုက်ပြီး ရှေ့သို့ ချီတက်ရန် နှိုးဆော်လိုက်သည်။ ထိုမြင်းများသည် ရွှံများဖြင့် လုပ်ထားခြင်းဖြစ်သော်လည်း စစ်မြင်းများနှင့် ကွာခြားမှု သိပ်မရှိကြပါ။ အမှန်မှာ သူတို့သည် ဒရာမာများထဲ ဇူအန် မြင်ခဲ့ဖူးသည့် စစ်မြင်းများထက်ပင် ပိုအပြေးသန်ကြသည်။

“မြန်မြန်လုပ်လေ” ရှောင်းရွှယ်ယင်က မိန်းမောတွေဝေနေဆဲဖြစ်သည်ကို တွေ့သောအခါ သူ သူမကို အလျှင်အမြန် သတိပေးလိုက်သည်။

“အင်း….” ရှောင်းရွှယ်ယင် အားတင်းပြုံးလိုက်ပြီး သွားး၍ မြင်းတစ်ကောင်ကောင်ပေါ်သို့ ခုန်တက်ရန်အတွက် ကြိုးစားလှုပ်ကြည့်လိုက်သည်။ သို့သော် သူမ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး မြေကြီးပေါ် လဲကျသွားသည်ကိုသာ သိလိုက်ရသည်။

ဇူအန်က သူမ၏ မူမမှန်မှုကို သတိပြုမိပြီး သူမကို အလျှင်အမြန် လာဖမ်းမိလို့သာ တော်သေးသည်။ “ဘာဖြစ်တာလဲ”

အံ့သြသွားလောက်အောင် သူလက်ဖဝါးထဲ စိုစိစိတစ်ခုခုကို သူ ခံစားလိုက်ရသည်။ သူ့လက်ဖဝါးအား အနီးကပ်သေချာကြည့်လိုက်သောအခါ သွေးများ စွန်းထင်းနေသည်ကို သူ တွေ့လိုက်သည်။ လျှင်လျှင်မြန်မြန်ဖြင့် သူမ နောက်ကျောဘက်ကို ကြည့်လိုက်သည်။ ထိုအခါ မြားတစ်စင်းသည် သူမနောက်ကျောထဲသို့ ထိုးစိုက်ဝင်နေပြီး သူမဝတ်ရုံသည် သွေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်သည်။

“မင်း ဒဏ်ရာရထားတယ်ဆိုတာ ဘာလို့ငါ့ကို မပြောပြတာလဲ။ ငါနဲ့ ငြင်းခုန်ဖို့ကျ အချိန်ရှိပြီးတော့ ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ပြောပြဖို့ကျ အချိန်မရှိတော့ဘူးလား” ဇူအန် အဝတ်စတစ်ခုကို ဆွဲဖြဲပြီး သွေးထွက်နှေးစေရန် သူမ ဒဏ်ရာပေါ်သို့ အနည်းငယ်ဖိထားပေးလိုက်သည်။

ရှောင်းရွှယ်ယင် ပြန်ပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော် စကားတစ်ခွန်းပြောထွက်ရန်ပင် သူမ အလွန်အားနည်းနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်သည်။

“တောင့်ခံထားဦး” ဇူအန် အံကြိတ်ထားရင်း ပြောလိုက်သည်။ သူတို့ဘက်သို့ မှန်မှန်လေး ချီတက်လာနေကြသည့် ခြေလျှင်စစ်သားများကို ကြည့်ပြီး သူတို့၌ ကျန်သေးသည့် အချိန်ကို မြန်မြန်ဆန်ဆန် တွက်ချက်လိုက်သည်။ ထို့နောက် သူမ နောက်ကျောဘက်က အင်္ကျီစကို ဆွဲဖြဲလိုက်သည်။

“နင်ဘာလုပ်တာလဲ” ရှောင်းရွှယ်ယင်သည် သူ၏ မမျှော်လင့်ထားသော လုပ်ရပ်ကြောင့် ထိတ်လန့်သွားပြီး ရှိသမျှခွန်အားဖြင့် မြန်မြန်ရုန်းလိုက်သည်။

“မလှုပ်နဲ့တော့။ ငါ မင်းကို မြားဆွဲနှုတ်ပေးမှာ။ မဟုတ်ရင် သွေးတိတ်အောင် ငါတို့ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး” ဇူအန် မြေကြီးပေါ်မှ ဓားမြောင်တစ်ခု ကောက်ယူပြီး မြား စိုက်ဝင်သွားသည့် နေရာတစ်စိုက်က အသားကို အနည်းငယ် ထပ်ခွဲလိုက်သည်။ ထို့နောက် သူမခန္ဓာကိ်ုယ်သွေးသားထဲ စိုက်ဝင်သွားသည့် မြားကို ဆွဲနှုတ်လိုက်သည်။

“အား” ရှောင်းရွှယ်ယင်၏ ခန္ဓာကိုယ်လေး ဆတ်ခနဲ တွန့်သွားသည်။ သူမနဖူးပြင်တွင် ချွေးများသီးလာသည်။

ဇူအန် သူမဒဏ်ရာကို အဝတ်စတစ်ခုဖြင့် လျှင်လျှင်မြန်မြန် ဖိထားလိုက်ပြီး မေးလိုက်သည်။ “မင်းရဲ့ဆေးရည်တွေ ဘယ်မှာလဲ”
အရင်တိုက်ပွဲတုန်းက သူ့ဆေးလုံးအားလုံးကို အသုံးပြုခဲ့သည်။ သို့သော် ရှောင်းရွှယ်ယင်၌ အချို့ရှိနေသေးကြောင်း သူ မှတ်မိသည်။

“ငါ့ဝတ်ရုံထဲမှာပါ ဒါပေမယ့်…..”

ရှောင်းရွှယ်ယင် စကားမဆုံးသေးခင်၌ ဇူအန်သည် ဆေးရည်ရှာရန် သူမဝတ်ရုံထဲသို့ သူ့လက်ကို ထိုးထည့်လိုက်ပြီဖြစ်သည်။

“နင်” ရှောင်းရွှယ်ယင် သူ့ကို ပါးရိုက်ပစ်ရန်လက်ကို မြောက်လိုက်သည်။ သို့သော် တစ်ခုခုလုပ်ရန်အတွက် သူမသည် အလွန်အင်အားနည်းချည့်နဲ့နေသည်။

“ညူစူမနေနဲ့။ အခုက အရေးပေါ်အခြေအနေလေ။ ပြီးတော့ အရင်တုန်းက ငါ မင်းကို မထိခဲ့ဖူးတာလည်း မဟုတ်ဘူး” ဇူအန် ပြောလိုက်သည်။
ဒဏ်ရာပေါ်သို့ ဆေး လိမ်းပေးလိုက်ပြီးနောက် ယင်းဒဏ်ရာကို မြန်မြန်ပြန်စည်းပေးလိုက်သည်။

သူ့စကားများက ရှောင်းရွှယ်ယင်ကို ချူအိမ်တော်တုန်းက သူတို့တစ်ခါ ကြုံခဲ့ဖူးသည့် အဖြစ်အပျက်ကို ပြန်သတိရသွားစေပြီး သူမ၏ ဖြူရော်နေသော မျက်နှာသည် အနည်းငယ်သွေးရောင်သမ်းသွားသည်။

“နှမျောစရာကောင်းတာ ဒီကောင်စုတ်က …..”
သူမခေါင်းထဲ ထိုအတွေး ထွက်ပေါ်လာသည်နှင့် ရှောင်းရွှယ်ယင် ထိတ်လန့်တကြား တုန်သွားသည်။ ငါ ဘာတွေ စဉ်းစားနေမိတာလဲ။

--- --- --- --- -------------------------------------------- --- ---

Chapter 175: အစၠို

ႏွစ္ေယာက္လုံး ေခါင္းေလးမ်ားေထာင္ၿပီး လွမ္းၾကည့္လိုက္ၾကသည္။ ထိုအခါ ျမင္းစီစစ္သားတပ္စုတစ္ခု သူတို႔ဘက္သို႔ ဒုန္းစိုင္းခ်ီတက္လာေနၾကသည္ကို ေတြ႕လိုက္ၾကရသည္။ သူတို႔သည္ အလြန္လွ်င္ျမန္ၾကသျဖင့္ ႏွစ္ေယာက္သား ရွိေနၾကသည့္ ေျမာင္းတူးသို႔ ေရာက္လာၾကရန္ အခ်ိန္တခဏသာ ၾကာလိမ့္မည္ျဖစ္သည္။

ခ်ီတက္လာေသာ ျမင္းစီးစစ္သားမ်ား၏ စြမ္းအားအရ သူတို႔ႏွစ္ေယာက္သည္ ခ်က္ခ်င္းအသားစမ်ားအျဖစ္သို႔ ေရာက္သြားၾကမည္မွာ သံသယဝင္ေနစရာပင္ မလိုေတာ့ေခ်။

ဇူအန္ အလိုအေလ်ာက္ ဓာတ္မီးကို ျမင္းစီးစစ္သားမ်ားဘက္သို႔ ထိုးလိုက္သည္။ ထိုအခါ သူတို႔ေရွ႕၌ ဒိုင္းကာမ်ားျဖင့္ ကာထားၾကသည္ကို ေတြ႕လိုက္ရေတာ့သည္။ ထို႔ေၾကာင့္ သူ႕ပစ္မွတ္ကို သူတို႔စီးေနသည့္ ျမင္းမ်ားဘက္သို႔ ေျပာင္းေ႐ႊ႕လိုက္သည္။ ထိုအခိုက္တြင္လည္း သူတို႔ျမင္းမ်ား၏ မ်က္လုံးမ်ားကို အဝတ္စမ်ားျဖင့္ ဖုံးထားၾကသည္ကိုသာ တအံ့တၾသျဖင့္ ျမင္ရျပန္ေလသည္။

သူ လုံးဝဆြံ႕အမွင္သက္သြားသည္။ ဘာလဲဟ။ မင္းတို႔က ႐ႊံ႕ေတြနဲ႕ လုပ္ထားတဲ့ တာရာကိုတာစစ္သားေတြေလ။ အဲ့အဝတ္စကို ဘယ္ကမၻာကေန ရလာၾကတာလဲ။

မည္သို႔ဆိုဆို သူ႕ေရွ႕ေမွာက္ ေရာက္လာသည့္ ေသေရးရွင္ေရးအေျခအေနကို ေျဖရွင္းရန္ သူ နည္းလမ္းတစ္ခု ရွာေတြ႕ဖို႔လိုအပ္သည္။

သူ႕စိတ္ထဲ အႀကံတစ္ခု ထြက္ေပၚလာသည္။ ေနၾကာပန္းသိုင္းကို အသက္သြင္းၿပီး အေျခခံဓါးပညာမွ ထိုး၊ပယ္ အကြက္ကို အဆက္မျပတ္ထုတ္သုံး၍ ေျမျပင္ေပၚတြင္ တြင္းေသးေသးေလးမ်ား ဆက္တိုက္တူးေနလိုက္သည္။

လျပည့္ဝန္းေက်ာင္းေတာ္မွ သူ ရရွိသည့္ အေျခခံဓါးပညာ၏ အလြန္ရိုးစင္းပုံ ေပၚေနသည့္ သိုင္းကြက္ကို သူ တကယ္အထင္ႀကီးမိသည္။ ထိုး၊ပယ္ ၏ သေဘာသဘာဝသည္ လႈပ္ရွားသည့္အခ်ိန္တြင္ အျပည့္အဝ ေပၚလြင္လာသည္။ သူ႕ဓားေျမာင္က ေက်ာက္တုံးမ်ားကို ကြၽမ္းကြၽမ္းက်င္က်င္ ထိုးယူပုံႏွင့္ ေဘးသို႔ ပစ္ဖယ္လိုက္ပုံတို႔က သက္ေသပင္။

အကယ္၍ အေျခခံဓါးပညာ ၏ တီထြင္သူသာ သူ႕ဆက္ခံသူသည္ သူ႕ပညာကို တြင္းတူးဖို႔ အသုံးျပဳေနေၾကာင္း သိသြားလွ်င္ အလြန္အမ်က္ေဒါသထြက္ၿပီး သူ႕ေခါင္းတလားထဲမွ ျပန္ထလာေလာက္သည္။

မည္သို႔ပင္ျဖစ္ေစ ၎သည္ အခုခ်ိန္ ဇူအန္ အေရးစိုက္သည့္ ကိစၥမဟုတ္သည္မွာ လုံးဝေသခ်ာေနသည္။ အဆိပ္ျပင္းတန္ဆာ က မယုံနိုင္ေလာက္ေအာင္ ထက္ၿမိေနသည့္အျဖစ္ေၾကာင့္ သူ ဝမ္းသာေပ်ာ္႐ႊင္ေနသည္။ မဟုတ္လွ်င္ အခုလိုမ်ိဳး ကြၽမ္းကြၽမ္းက်င္က်င္ျဖင့္ သူ တြင္းတူနိုင္မွာ မဟုတ္ေခ်။

ေရွာင္း႐ႊယ္ယင္သည္ ဇူအန္ လုပ္ရပ္ေၾကာင့္ လုံးဝစိတ္ရႈပ္ေထြးေနသည္။ ဒီျမင္းစီးစစ္တပ္ဆီကေန ပုန္းကြယ္ဖို႔ တြင္းဆက္တူးဖို႔ သူ ရည္႐ြယ္ထားတာလား။

အရင္တုန္းကသာဆိုလွ်င္ ဇူအန္ လုပ္ရပ္ကို အဓိပ္ပါယ်မရှိသည့် အရာအျဖစ္ သူမ အေရးမစိုက္ဘဲ ေသခ်ာေပါက္ေနခဲ့လိမ့္မည္။ သို႔ေသာ္ အရာအားလုံး အတူတကြ ေက်ာ္ျဖတ္လာၾကၿပီးေနာက္၌ သူ႕ကို ကူေပးရန္ သူမ ဆုံးျဖတ္လိုက္သည္။ က်န္ရွိေနေသးေသာ သူမကီမ်ားကို စုစည္းၿပီး သူမလက္ကို ေျမျပင္ေပၚသို႔ ကပ္ထားလိုက္သည္။ မၾကာခင္တြင္ ေျမႀကီးထဲမွ ႏြယ္ပင္မ်ား ထြက္ေပၚလာၾကၿပီး အဝိုင္းပုံ တြင္းေပါက္မ်ားစြာ အတူတကြ ဖန္တီးလိုက္ၾကသည္။

ျမင္းစီးစစ္သားမ်ား ပိုပိုနီးကပ္လာၾကသည္ႏွင့္ ႐ုတ္တရက္ ဇူအန္ ထိုတြင္းကို စြန့္ပစ္လိုက္ၿပီး ေရွာင္း႐ႊယ္ယင္အား သူႏွင့္အတူ ဆြဲေခၚ၍ ထိုေနရာမွ ဆုတ္ခြာလိုက္သည္။

အခုမွ ထြက္ေျပးတာ အရမ္းေနာက္က်မေနဘူးလား ေရွာင္း႐ႊယ္ယင္ ဇေဝဇဝါ ျဖစ္သြားသည္။
သို႔ေသာ္ သူမကို ပိုၿပီး စိတ္ရႈပ္ေထြးသြားေစသည္မွာ လီသုံးဆယ္ေလာက္ ေျပးလိုက္ၿပီးေနာက္ ဇူအန္ ဆတ္ခနဲ ရပ္လိုက္ျခင္းျဖစ္သည္။

သူ႕လက္ထဲ ဓားေျမာင္ကိုင္ထားလ်က္ ခ်ီတက္လာေနသည့္ ျမင္းစီးစစ္သားမ်ားကို လွည့္ၾကည့္ရင္ဆိုင္လိုက္သည္။ သူ႕ပုံစံသည္ အခ်ိန္မေ႐ြး ျပန္ခုန္အုပ္ရန္ အဆင္သင့္ျဖစ္ေနသည့္ ျခေသ့တၤစ္ေကာင္ပမာ ျဖစ္ေနသည္။

ေရွာင္း႐ႊယ္ယင္ ဘာကိုဘာမွ နားမလည္နိုင္ပါ။ သူ တကယ္ႀကီး ျမင္းစီးစစ္သားေတြကို ထိပ္တိုက္ရင္ဆိုင္ဖို႔ ရည္႐ြယ္ထားတာလား။ အဲ့ဒါက သတ္ေသတာနဲ႕ ျခားမွမျခားတာ။

သို႔ေသာ္ ေနာက္တခဏ၌ သူမပါးစပ္အေဟာင္းသား ျဖစ္သြားေစသည့္ ျမင္ကြင္းအား မ်က္ျမင္ေတြ႕လိုက္ရသည္။
ေရွ႕ဆုံးတန္းမွ စစ္သားမ်ား၏ ျမင္းမ်ားသည္ ႐ုတ္တရက္ တစ္ခုခုေၾကာင့္ ထိတ္လန့္သြားၾကသည့္ပမာ ႐ုတ္တရက္ ေခ်ာ္လဲသြားၾကၿပီး ေျမႀကီးေပၚသို႔ ဗုန္းခနဲ လဲက်သြားၾကသည္။ သူတို႔ကို ဖန္ဆင္းရာ၌ အသုံးျပဳၾကေသာ ႂကြပ္ဆပ္ကြဲလြယ္သည့္ ပစၥည္းမ်ားသည္ အစိတ္စိတ္အပိုင္းပိုင္းအျဖစ္သို႔ ေၾကမြပ်က္စီးသြားၾကသည္။

ေရွ႕ဆုံးတန္း ႐ုတ္တရက္ ၿပိဳလဲသြားမႈေၾကာင့္ အေနာက္ဘက္က ျမင္းစီးစစ္သားမ်ားအတြက္ မေမွ်ာ္လင့္ဘဲ အတားအဆီး ရွိလာခဲ့သည္။ ထိုကဲ့သို႔ေသာအေျခအေနမ်ိဳး၌ တျခားျမင္းစီးစစ္သားမ်ားသည္ ရပ္လွ်င္ရပ္ သို႔မဟုတ္ အျခားလမ္းေၾကာင္းသို႔ ေျပာင္းေ႐ႊ႕သြားၾကရမည္ျဖစ္သည္။ သို႔ေသာ္ သူတို႔ အျပင္းခ်ီတက္လာျခင္း၏ ေ႐ြ႕လ်ားပုံက သူတို႔ကို ရပ္တန့္သြားနိုင္ေအာင္ အခြင့္မသာေစခဲ့ပါ။ ရလဒ္အေနျဖင့္ ထိခိုက္ပ်က္စီးမႈသည္ ပိုပိုတိုးသြားၿပီး ပို၍ ပို၍ မ်ားျပားေသာ ျမင္းစီးစစ္သားမ်ားသည္ ၿပိဳလဲသြားၾကသည္။

ထိုအခိုက္အတန့္၌ ဇူအန္ လႈပ္ရွားလာခဲ့သည္။ ဖရိုဖရဲ ျဖစ္ေနၾကသာ ျမင္းစီးစစ္သားမ်ားထံ ခ်ီတက္ေျပးလႊားၿပီး မေသေသးသူမ်ား၏ အသက္မ်ားကို ႏႈတ္ယူရင္း ျမင္းေပၚ ထိုင္ေနၾကေသးသူမ်ားကိုလည္း တိုက္ခိုက္လိုက္သည္။

အမွန္ဆိုလွ်င္ ျမင္းစီးစစ္သားမ်ားသည္ ခ်ီတက္လာမႈအရွိန္အဟုန္ ေပ်ာက္ဆုံးသြားၾကေသာ္လည္း ျမင္းတစ္စီးေပၚ ထိုင္ေနရျခင္းေၾကာင့္ အေပၚစီးအေနအထားျဖင့္ ပို၍ အက်ိဳးသာသည့္ ဘက္၌ ရွိေနနိုင္ၾကေသးသည္။ ၎က သူတို႔ကို ေျဖရွင္းကိုင္တြယ္ရခက္ခဲသြားေစသည္။ သို႔ေသာ္ ဇူအန္သည္ ထူးျခားဆန္းၾကယ္ေသာ ဓာတ္မီးတစ္ခုကို ကိုင္စြဲအသုံးျပဳသူျဖစ္သည္။ အလင္းေရာင္ျခည္ကို ဟိုေနရာ သည္ေနရာ လင္းျဖာေစျခင္းျဖင့္ ယင္းျမင္းစီးစစ္သားမ်ားသည္ အလွ်င္အျမန္ ေျဗာင္းဆန္သြားၾကၿပီး ဇူအန္၏ ေနၾကာပန္းသိုင္းအတြက္ အေကာင္းဆုံးအေျခအေနကို ဖန္တီးေပးလိုက္ၾကသည္။

ျမင္းစီးစစ္သားမ်ားၾကားတြင္ ႀကိဳတင္မွန္းဆလို႔မရေသာ ေျခလွမ္းမ်ားျဖင့္ လွစ္ခနဲ လွစ္ခနဲ ေလွ်ာက္သြားရင္း ပိုင္ရွီးဓါးသိုင္းကိုလည္း မၾကာခဏ ထုတ္သုံးလိုက္သည္။ တာရာကိုတာစစ္သားမ်ား၏ ဦးေခါင္းကို ျဖတ္ခုန္ရန္အတြက္ျဖစ္၏။

သူတို႔ႏွင့္ အခ်ိန္တခဏမွ် တိုက္ခိုက္လိုက္ၿပီးေနာက္ သူတို႔အားနည္းခ်က္ကို သူ ရွာေတြ႕သြားၿပီျဖစ္သည္ - သူတို႔ ဦးေခါင္းမ်ားပင္ျဖစ္၏။

အေမႊးတိုင္တစ္တိုင္ထြန္းစာခန့္ ၾကာသြားၿပီးသည့္ေနာက္၌ ျမင္းစီးစစ္သားတစ္ရာေက်ာ္သည္ ဖုန္မႈန့္မ်ားအျဖစ္သို႔ ျပန္ေရာက္သြားၾကၿပီျဖစ္သည္။ သူတို႔ထဲက တစ္ဝက္သည္ အခ်င္းခ်င္းနင္းေျခမိမႈေၾကာင့္ ေသသြားၾကျခင္းျဖစ္ၿပီး ေနာက္တစ္ဝက္ကို ဇူအန္က သတ္လိုက္ျခင္းျဖစ္သည္။

ဒီေကာင္က တကယ္ အဆင့္ ၃ က်င့္ႀကံသူပဲလား

စစ္ေျမျပင္တြင္ တစ္ေဆတစ္ေကာင္ပမာ ရိပ္ခနဲ လႈပ္ရွားေနသည့္ ဇူအန္ကို ၾကည့္ရင္း ေရွာင္း႐ႊယ္ယင္ ေက်ာခ်မ္းသြားသည္။ ဇူအန္၏ က်င့္ႀကံျခင္းအဆင့္ နိမ့္ေသာ္ျငားလည္း သူ႕ပုံစံသည္ သူမ ျမင္ဖူးခဲ့သမွ် ေၾကာက္စရာအေကာင္းဆုံး လူသတ္သမားမ်ားထက္ပင္ လူသတ္သမားပုံေပါက္ေနသည္။ သူ႕တိုက္ခိုက္မႈပုံစံမ်ားသည္ ရိုးစင္းတိက်ၿပီး အပိုလႈပ္ရွားမႈမ်ိဳးကို ေရွာင္ရွားသည္။ သူ တစ္ခ်က္ တိုက္ခိုက္သည့္အခ်ိန္တိုင္း အသက္တစ္ခု ႏႈတ္ယူနိုင္တတ္သည္။

ထိုစဥ္ ဇူအန္သည္ အလြန္အမင္းေမာပန္းမႈေၾကာင့္ အေမာတေကာ အသက္လုရႉေနရသည္။ သူသည္ မွ်တသင့္ေတာ္ေသာ ရလဒ္ကို ရရွိနိုင္ခဲ့သည္။ သို႔ေသာ္ သူ႕ဘာသာသူလည္း အင္အားအမ်ားႀကီး ကုန္ဆုံးခဲ့ရသည္။

ထိုအခ်ိန္မွ တာရာကိုတာစစ္သားမ်ား၏ လက္က်န္စစ္သားမ်ားသည္ အသိျပန္ဝင္လာၾကသည္။ အေနာက္ဘက္က ေလးသမားမ်ားသည္ သူတို႔ရဲေဘာ္ရဲဘက္မ်ားကို ထိမွန္သြားနိုင္သည့္ အခြင့္ရွိေနပါလ်က္ႏွင့္ ဆက္လက္ပစ္ခတ္ေနရန္ ဆုံးျဖတ္လိုက္ၾကသည္။ ရလဒ္အေနျဖင့္ ျမားမိုးမ်ား ျမန္ျမန္ဆန္ဆန္ ႐ြာခ်လာၾကျပန္သည္။

ျမန္ျမန္ ေျမာင္းတူးထဲမွာ ပုန္းေနလိုက္ ေရွာင္း႐ႊယ္ယင္ ဇူအန္ကို ဆြဲလိုက္သည္။ သူ အလြန္ပင္းပန္းၿပီး မလႈပ္ရွားနိုင္ေတာ့မွာ စိုးရိမ္ေသာေၾကာင့္ျဖစ္၏။

မေမွ်ာ္လင့္ဘဲ ဇူအန္သည္ သူမကို ဒိုင္းကာတစ္ခု ပစ္ေပးလာၿပီး ေျပာလိုက္သည္။ ဘာအတြက္ ေျပးေနတာလဲ။ အခုေတာ့ ငါတို႔မွာ ဒိုင္းကာရွိေနၿပီပဲကို

ေလးသမားမ်ားႏွင့္ ရင္ဆိုင္ရန္ အေကာင္းဆုံးလက္နက္သည္ ဒိုင္းကာမ်ား ျဖစ္ၾကသည္။ ေစာေစာတုန္းက ႀကံရာမရေတာ့ေသာေၾကာင့္သာ ဇူအန္ လွ်င္လွ်င္ျမန္ျမန္ျဖင့္ ေျမာင္းတူး တူးလိုက္ရျခင္းျဖစ္သည္။ သို႔ေသာ္ ျမင္းစီးစစ္သား ေတာ္ေတာ္မ်ားမ်ားကို ရွင္းထုတ္ပစ္လိုက္ၿပီးေနာက္ စစ္ေျမျပင္သည္ ယခုအခါ ဒိုင္းကာမ်ားျဖင့္ ျပည့္ႏွက္ေနေလသည္။

သူတို႔ခႏၶာကိုယ္မ်ားအား ဖုံးဝွက္ရန္ သူတို႔ေရွ႕၌ ဒိုင္းကာမ်ားကို အစုအၿပဳံလိုက္ တည္ထားလိုက္ၾကသည္။ ျမားမ်ားသည္ သူတို႔အေပၚ သဲသဲမဲမဲ ပစ္က်လာၾကေသာ္လည္း သူတို႔ကို လုံးဝမထိခိုက္ေစနိုင္ေတာ့ပါ။

ဇူအန္သည္ ဤအခြင့္အေရးကို အသုံးခ်ၿပီး ေရွာင္း႐ႊယ္ယင္ကို အေရးတႀကီး ေမးလိုက္သည္။ ငါတို႔မွာ ဒိုင္းကာေတြ ရွိေနၿပီပဲကို မင္းက ငါ့ကို ေျမာင္းတူးထဲ ဆက္ဆြဲေခၚခ်င္ေနေသးတယ္။ အမွန္အတိုင္းေျပာစမ္း။ အဲ့ထဲမွာ ငါမင္းကို ေနာက္တစ္ႀကိမ္ ျပန္ေပြ႕ဖက္ေပးဖို႔ ေမွ်ာ္လင့္ေနတာမလား

နင့္ဖင္ကိုေပြ႕ဖက္ ေရွာင္း႐ႊယ္ယင္ နီနီရဲရဲမ်က္ႏွာႏွင့္ သူ႕ကို ကန္ပစ္လိုက္သည္။ ဒါေတြအားလုံး ဒီေကာင္စုတ္အမွားပဲ။ သူ႕မယ္ အၿမဲတမ္း ထူးဆန္းတဲ့ အေတြးေတြေတြးမိေနလို႔ ငါလည္း အၿမဲတမ္း စိတ္တိုတိုသြားေနရတာ။
အဲ့ဒါထက္ ဟိုစက္ဝိုင္းပုံသ႑ာန္တြင္းေတြ တူးလိုက္႐ုံနဲ႕ ျမင္းစီးစစ္သားေတြ ေခ်ာ္လဲက်သြားေအာင္ နင္ဘယ္လိုလုပ္လိုက္တာလဲ

ဇူအန္ သူ႕လက္ကို ခါရမ္းၿပီး ေျပာလိုက္သည္။ အဲ့ဒါလည္း လ်ိဳ႕ဝွက္ခ်က္ပဲ။ ငါ့ကို အစ္ကိုလို႔ေခၚလိုက္။ အဲ့ဒါဆို ငါ ေျပာျပမယ္

ေရွာင္း႐ႊယ္ယင္ ေဒါသတႀကီး အံႀကိတ္လိုက္သည္။ စစ္ေျမျပင္ဘက္ သူမ လွမ္းၾကည့္လိုက္သည့္အခါ အေရွ႕ဘက္က တာရာကိုတာစစ္သားရာေပါင္းမ်ားစြာကို ေတြ႕လိုက္ရသည္။ တဖက္၌ သူမက ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရထားေနသည္။ လက္ရွိအေျခအေနအရ ဤစမ္းသပ္ပြဲ ၿပီးဆုံးသည့္အခ်ိန္ထိ သူမ အသက္ရွင္နိုင္မယ့္ပုံမေပၚပါ။

ဘာမွမသိလိုက္ရဘဲ မေသသြားခ်င္သျဖင့္ သူမ၏ သိခ်င္စိတ္ကို အရႈံးေပး၍ မၾကားနိုင္လုနီးပါးျဖစ္ေသာ အသံတိုးတိုးျဖင့္ ေခၚလိုက္သည္။ အအစ္ကို

ဇူအန္
ေရွာင္း႐ႊယ္ယင္က သူ ေျပာသလိုမ်ိဳး တကယ္လုပ္လိမ့္မည္ဟု သူ မေမွ်ာ္လင့္ထားခဲ့ပါ။ ဒီေန႕ ေန အေနာက္ဘက္ကေန ထြက္တာလား။

သူမကို တအံ့တၾသ ၾကည့္လာသည့္ ဇူအန္ မ်က္ႏွာအမူအရာကို ေတြ႕ေသာအခါ ေရွာင္း႐ႊယ္ယင္ မ်က္ႏွာ နီရဲသြားသည္။ သူမ သူ႕ကို ျပန္စိုက္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။ ဘာေတြၾကည့္ေနတာလဲ။ နင္ေျပာတဲ့အတိုင္း ငါ လုပ္ၿပီးၿပီ။ ငါ့ကို အေျဖ ျမန္ျမန္ေျပာျပေတာ့

မင္း ဘာလုပ္ခဲ့လို႔လဲ။ ငါ ေကာင္းေကာင္းမၾကားလိုက္ရဘူး ဇူအန္ တစ္စတစ္စ ၿပဳံးရင္းျဖင့္ ေျပာလိုက္သည္။

နင္ငါ့ကို ေနာက္ေနတာလား ေရွာင္း႐ႊယ္ယင္ ေဒါသအႀကီးအက်ယ္ ထြက္သြားသည္။

သင္သည္ ေရွာင္း႐ႊယ္ယင္ထံမွ အမ်က္ပြိုင့္ ၃၉၈ ရရွိပါသည္။

ဇူအန္ အလွ်င္အျမန္ ထပ္ေျပာလိုက္ရသည္။ ငါ တကယ္ေျပာတာ ငါ ေကာင္းေကာင္းမၾကားခဲ့ရဘူး။ ေနာက္တစ္ေခါက္ ထပ္ေျပာပါဦး။ အဲ့ဒါဆို ခ်က္ခ်င္း ငါ ေျဖေပးမယ္

ေရွာင္း႐ႊယ္ယင္ ႏႈတ္ခမ္းကိုက္ထားလိုက္သည္။ သူမမာနသည္ သူမ သိခ်င္စိတ္ႏွင့္ ထိပ္တိုက္ဆုံေနသည္။ ေနာက္ဆုံးတြင္ သူမေခါင္းကို တဘက္သို႔ လွည့္ၿပီး တိုးတိုးေလး ေျပာလိုက္သည္။  အစ္ကို...

ဟဲဟဲေအးညီမေလးဟဲဟဲ ဇူအန္ မ်က္ႏွာထက္က ဝမ္းေျမာက္အူျမဴးသည့္ အၿပဳံးက ေရွာင္း႐ႊယ္ယင္ကို ေဒါသထြက္သြားေစသည္။
ရၿပီ။ တကယ္ေတာ့ သေဘာသဘာဝက အရမ္းရိုးရွင္းပါတယ္။ တကယ္လို႔ မင္း ျမက္စိမ္းလြင္ျပင္မွာ ေနဖူးတယ္ဆိုရင္ ျမက္ခင္းျပင္က ျမင္းေတြက အျခားတိရိစ္ဆာန္တြင္းေပါက္ေတြကို ေၾကာက္ၾကတယ္ဆိုတာ မင္း သိမွာပဲ။ သူတို႔ အဲ့တြင္းေပါက္ထဲ မေတာ္တဆ နင္းမိသြားရင္ သူတို႔ေျခေထာက္ေတြ က်ိဳးသြားမွာ ေၾကာက္ၾကတယ္။ အခု ဒီမွာေတာ့ ငါ့ဓာတ္မီးရဲ႕ သက္ေရာက္ခံရမႈကို ေရွာင္ဖို႔ တာရာကိုတာစစ္သားေတြက သူတို႔ျမင္းေတြရဲ႕ မ်က္လုံးေတြကို စည္းထားၾကတယ္။ အဲ့ဒါက ေျမႀကီးေပၚက တြင္းေပါက္ေတြကို မျမင္နိုင္ေတာ့ေအာင္ တားသလိုျဖစ္သြားတာေပါ့။ ဒါေပမယ့္ အဲ့လိုလုပ္တာနဲ႕ ကိုယ့္ေသတြင္းကိုယ္တူးၾကသလို ျဖစ္သြားၾကေတာ့တာပဲ

ေရွ႕ဆုံးတန္းက သူေတြကို လဲက်သြားေအာင္ ငါတို႔ လုပ္နိုင္တာနဲ႕ က်န္ျမင္းေတြလည္း ဆက္လဲက်သြားၾကမွာပဲ။ ဘာလို႔ဆို သူတို႔ခ်ီတက္လာႏႈန္းအရွိန္အဟုန္နဲ႕ သူတို႔ျမင္းေတြရဲ႕ မ်က္လုံးေတြကို စည္းထားၾကလို႔ေလ။ ရလဒ္အေနနဲ႕ သုံးပုံဖဲေႂကြျပားေတြ လဲက်သြားလိုမ်ိဳး တစ္ေယာက္နဲ႕တစ္ေယာက္ တက္နင္းတိုက္မိသြားၾကတာေပါ့

နင္အရင္တုန္းက ျမက္စိမ္းလြင္ျပင္မွာ ေနဖူးလို႔လား။ ဘာလို႔အဲ့ေလာက္အေသးစိတ္ သိရတာလဲ ေရွာင္း႐ႊယ္ယင္ စိတ္ရႈပ္ေထြးသြားသည္။ ခ်ဴအိမ္ေတာ္ထဲ သူလ်ိဳအေနျဖင့္ ဝင္ေရာက္ေနထိုင္ေနနစဥ္ သူမ ရရွိခဲ့သည့္ သတင္းအခ်က္အလက္မ်ားအရ ဇူအန္သည္ ျမက္စိမ္းလြင္ျပင္သို႔ အရင္တုန္းက မေရာက္ဖူးေၾကာင္း အတပ္ေျပာနိုင္သည္။

ဇူအန္သည္ ဘဝင္ျမင့္စြာ ပုခုံးတြန့္လိုက္ၿပီး မင္းအစ္ကိုက ဘယ္အပိုင္းမွာျဖစ္ျဖစ္ ဗဟုသုတအေၾကာင္းအရာေတြကို ေကာင္းေကာင္းေနာေက်သိတဲ့သူဆိုတာ မသိဘူးလား။ ၿမိဳ႕ျပင္ဘက္ကို ခရီးမသြားရရင္ေတာင္ အျပင္ဘက္ကမၻာမွာ ဘာျဖစ္ေနလဲဆိုတာကို ငါ သိနိုင္ေသးတယ္

သူ႕အရင္ဘဝက အင္တာနက္သည္ ဝင္ေငြရွာလို႔မရေသာ ထူးဆန္းသည့္ အေသးအဖြဲ႕ကိစၥမ်ိဳးစုံႏွင့္ ျပည့္ႏွက္ေနခဲ့သည္။ ကီးဘုတ္ဖိုက္တာအစစ္တစ္ေယာက္သည္ ယင္းအေသးအဖြဲကိစၥမ်ားကို ႀကိဳးႀကိဳးစားစား သင္ယူၾကရသည္။ သို႔မွသာ အျငင္းအပြားအေခ်အတင္ျဖစ္သည့္ ေနရာမ်ိဳး၌ ဗဟုသုတႂကြယ္ဟန္ျဖင့္ ၎တို႔ကို အသုံးျပဳနိုင္ၾကမည္ျဖစ္သည္။

ဖီး အရွက္မဲ့လိုက္တာ ေရွာင္း႐ႊယ္ယင္သည္ နီရဲေသာ မ်က္ႏွာထားႏွင့္ ပက္ခနဲ ေျပာလိုက္သည္။ ဒီေကာင္ကို အစ္ကိုလို႔ တကယ္ေခၚမိသြားေအာင္ ငါ တစ္ခုခု ဝင္ပူးခံရတာပဲ ျဖစ္ရမယ္။

သိပ္မၾကာခင္၌ ျမားမိုးမ်ား ေလ်ာ့နည္းသြားၾကသည္။ တာရာကိုတာစစ္သားမ်ားက သူတို႔ျမားမ်ား အလုပ္မျဖစ္ေၾကာင္းကို သိသြားၾကေသာေၾကာင့္ျဖစ္သည္။ ေျခလွ်င္စစ္သားမ်ား၏ ေရွ႕ဆုံးတန္းသည္ ေရွ႕သို႔ စတင္ခ်ီတက္လာၾကသည္။ သူတို႔ဖြဲ႕စည္းပုံအစီအရင္ထဲ သတိထားေနေနရင္း ေရွ႕ဘက္သို႔ ျဖည္းျဖည္းခ်င္းႏွင့္ မွန္မွန္ေလးျဖင့္ ခ်ီတက္လာၾကသည္။ သူတို႔လက္ေမာင္းေပၚက ဒိုင္းကာမ်ားအား ထူးျခားဆန္းၾကယ္ေသာ အလင္းေရာင္ျခည္တန္းကို ကာရန္အတြက္ မ ထားၾကသည္။

ေျခလွ်င္စစ္သားမ်ားႏွင့္ ရင္ဆိုင္ရန္ အေကာင္းဆုံးနည္းလမ္းသည္ သူတို႔ကို ေဘးဘက္ သို႔မဟုတ္ အေနာက္ဘက္မွ တိုက္ခိုက္ၿပီး သူတို႔ဖြဲ႕စည္းပုံကို ေမႊႏွောက္ပစ္ရန္ျဖစ္သည္။ ဇူအန္ အရင္ဘ၀က အင္တာနက္ဖိုရမ္တစ္ခုတြင္ ဖတ္ခဲ့ဖူးသည္မ်ားကို အမွတ္ရသြားသည္။ မဟုတ္လွ်င္ ေျခလွ်င္စစ္သည္စစ္တပ္ႀကီးအား သူတို႔ဖြဲ႕စည္းပုံေရွ႕မွ ထိပ္တိုက္တိုက္ခိုက္ဖို႔ ႀကိဳးစားလွ်င္ ျမင္းတပ္ႀကီးပင္ျဖစ္ပါေစ ဆုံးရႈံးမႈအႀကီးအက်ယ္ ခံစားၾကရမည္ျဖစ္သည္။

သူတို႔နားတစ္ဝိုက္ ရွိေနေသးသည့္ ျမင္းမ်ားကို သူ ၾကည့္လိုက္သည္။ ျမင္းစီးစစ္သားမ်ားသည္ မၾကာေသးခင္ကမွ ရႈံးနိမ့္သြားၾကျခင္းျဖစ္သျဖင့္ ျမင္းအနည္းစုသည္ ထိုေနရာတစ္ဝိုက္၌ လဲေလ်ာင္းေနၾကဆဲျဖစ္ၾကသည္။

ငါတို႔ ဒီျမင္းေတြကို စီးၿပီး သူတို႔ေနာက္ဘက္ကေန ျပန္ဝိုင္းမယ္

ဇူအန္သည္ ျမင္းတစ္ေကာင္ေပၚသို႔ အလွ်င္အျမန္ ခုန္တက္လိုက္ၿပီး ေရွ႕သို႔ ခ်ီတက္ရန္ ႏွိုးေဆာ္လိုက္သည္။ ထိုျမင္းမ်ားသည္ ႐ႊံမ်ားျဖင့္ လုပ္ထားျခင္းျဖစ္ေသာ္လည္း စစ္ျမင္းမ်ားႏွင့္ ကြာျခားမႈ သိပ္မရွိၾကပါ။ အမွန္မွာ သူတို႔သည္ ဒရာမာမ်ားထဲ ဇူအန္ ျမင္ခဲ့ဖူးသည့္ စစ္ျမင္းမ်ားထက္ပင္ ပိုအေျပးသန္ၾကသည္။

ျမန္ျမန္လုပ္ေလ ေရွာင္း႐ႊယ္ယင္က မိန္းေမာေတြေဝေနဆဲျဖစ္သည္ကို ေတြ႕ေသာအခါ သူ သူမကို အလွ်င္အျမန္ သတိေပးလိုက္သည္။

အင္း. ေရွာင္း႐ႊယ္ယင္ အားတင္းၿပဳံးလိုက္ၿပီး သြားး၍ ျမင္းတစ္ေကာင္ေကာင္ေပၚသို႔ ခုန္တက္ရန္အတြက္ ႀကိဳးစားလႈပ္ၾကည့္လိုက္သည္။ သို႔ေသာ္ သူမ ခႏၶာကိုယ္ ယိမ္းယိုင္သြားၿပီး ေျမႀကီးေပၚ လဲက်သြားသည္ကိုသာ သိလိုက္ရသည္။

ဇူအန္က သူမ၏ မူမမွန္မႈကို သတိျပဳမိၿပီး သူမကို အလွ်င္အျမန္ လာဖမ္းမိလို႔သာ ေတာ္ေသးသည္။ ဘာျဖစ္တာလဲ

အံ့ၾသသြားေလာက္ေအာင္ သူလက္ဖဝါးထဲ စိုစိစိတစ္ခုခုကို သူ ခံစားလိုက္ရသည္။ သူ႕လက္ဖဝါးအား အနီးကပ္ေသခ်ာၾကည့္လိုက္ေသာအခါ ေသြးမ်ား စြန္းထင္းေနသည္ကို သူ ေတြ႕လိုက္သည္။ လွ်င္လွ်င္ျမန္ျမန္ျဖင့္ သူမ ေနာက္ေက်ာဘက္ကို ၾကည့္လိုက္သည္။ ထိုအခါ ျမားတစ္စင္းသည္ သူမေနာက္ေက်ာထဲသို႔ ထိုးစိုက္ဝင္ေနၿပီး သူမဝတ္႐ုံသည္ ေသြးမ်ားျဖင့္ စို႐ႊဲေနသည္ကို ေတြ႕လိုက္သည္။

မင္း ဒဏ္ရာရထားတယ္ဆိုတာ ဘာလို႔ငါ့ကို မေျပာျပတာလဲ။ ငါနဲ႕ ျငင္းခုန္ဖို႔က် အခ်ိန္ရွိၿပီးေတာ့ ဒီေလာက္အေရးႀကီးတဲ့ ကိစၥကို ေျပာျပဖို႔က် အခ်ိန္မရွိေတာ့ဘူးလား ဇူအန္ အဝတ္စတစ္ခုကို ဆြဲၿဖဲၿပီး ေသြးထြက္ႏွေးေစရန္ သူမ ဒဏ္ရာေပၚသို႔ အနည္းငယ္ဖိထားေပးလိုက္သည္။

ေရွာင္း႐ႊယ္ယင္ ျပန္ေျပာရန္ ပါးစပ္ဟလိုက္သည္။ သို႔ေသာ္ စကားတစ္ခြန္းေျပာထြက္ရန္ပင္ သူမ အလြန္အားနည္းေနၿပီျဖစ္ေၾကာင္း ေတြ႕ရွိလိုက္သည္။

ေတာင့္ခံထားဦး ဇူအန္ အံႀကိတ္ထားရင္း ေျပာလိုက္သည္။ သူတို႔ဘက္သို႔ မွန္မွန္ေလး ခ်ီတက္လာေနၾကသည့္ ေျခလွ်င္စစ္သားမ်ားကို ၾကည့္ၿပီး သူတို႔၌ က်န္ေသးသည့္ အခ်ိန္ကို ျမန္ျမန္ဆန္ဆန္ တြက္ခ်က္လိုက္သည္။ ထို႔ေနာက္ သူမ ေနာက္ေက်ာဘက္က အကၤ်ီစကို ဆြဲၿဖဲလိုက္သည္။

နင္ဘာလုပ္တာလဲ ေရွာင္း႐ႊယ္ယင္သည္ သူ၏ မေမွ်ာ္လင့္ထားေသာ လုပ္ရပ္ေၾကာင့္ ထိတ္လန့္သြားၿပီး ရွိသမွ်ခြန္အားျဖင့္ ျမန္ျမန္႐ုန္းလိုက္သည္။

မလႈပ္နဲ႕ေတာ့။ ငါ မင္းကို ျမားဆြဲႏႈတ္ေပးမွာ။ မဟုတ္ရင္ ေသြးတိတ္ေအာင္ ငါတို႔ဘယ္လိုမွ လုပ္နိုင္မွာမဟုတ္ဘူး ဇူအန္ ေျမႀကီးေပၚမွ ဓားေျမာင္တစ္ခု ေကာက္ယူၿပီး ျမား စိုက္ဝင္သြားသည့္ ေနရာတစ္စိုက္က အသားကို အနည္းငယ္ ထပ္ခြဲလိုက္သည္။ ထို႔ေနာက္ သူမခန္ဓာကိ်ုယ်သွေးသားထဲ စိုက္ဝင္သြားသည့္ ျမားကို ဆြဲႏႈတ္လိုက္သည္။

အား ေရွာင္း႐ႊယ္ယင္၏ ခႏၶာကိုယ္ေလး ဆတ္ခနဲ တြန့္သြားသည္။ သူမနဖူးျပင္တြင္ ေခြၽးမ်ားသီးလာသည္။

ဇူအန္ သူမဒဏ္ရာကို အဝတ္စတစ္ခုျဖင့္ လွ်င္လွ်င္ျမန္ျမန္ ဖိထားလိုက္ၿပီး ေမးလိုက္သည္။ မင္းရဲ႕ေဆးရည္ေတြ ဘယ္မွာလဲ
အရင္တိုက္ပြဲတုန္းက သူ႕ေဆးလုံးအားလုံးကို အသုံးျပဳခဲ့သည္။ သို႔ေသာ္ ေရွာင္း႐ႊယ္ယင္၌ အခ်ိဳ႕ရွိေနေသးေၾကာင္း သူ မွတ္မိသည္။

ငါ့ဝတ္႐ုံထဲမွာပါ ဒါေပမယ့္..

ေရွာင္း႐ႊယ္ယင္ စကားမဆုံးေသးခင္၌ ဇူအန္သည္ ေဆးရည္ရွာရန္ သူမဝတ္႐ုံထဲသို႔ သူ႕လက္ကို ထိုးထည့္လိုက္ၿပီျဖစ္သည္။

နင္ ေရွာင္း႐ႊယ္ယင္ သူ႕ကို ပါးရိုက္ပစ္ရန္လက္ကို ေျမာက္လိုက္သည္။ သို႔ေသာ္ တစ္ခုခုလုပ္ရန္အတြက္ သူမသည္ အလြန္အင္အားနည္းခ်ည့္နဲ႕ေနသည္။

ၫူစူမေနနဲ႕။ အခုက အေရးေပၚအေျခအေနေလ။ ၿပီးေတာ့ အရင္တုန္းက ငါ မင္းကို မထိခဲ့ဖူးတာလည္း မဟုတ္ဘူး ဇူအန္ ေျပာလိုက္သည္။
ဒဏ္ရာေပၚသို႔ ေဆး လိမ္းေပးလိုက္ၿပီးေနာက္ ယင္းဒဏ္ရာကို ျမန္ျမန္ျပန္စည္းေပးလိုက္သည္။

သူ႕စကားမ်ားက ေရွာင္း႐ႊယ္ယင္ကို ခ်ဴအိမ္ေတာ္တုန္းက သူတို႔တစ္ခါ ႀကဳံခဲ့ဖူးသည့္ အျဖစ္အပ်က္ကို ျပန္သတိရသြားေစၿပီး သူမ၏ ျဖဴေရာ္ေနေသာ မ်က္ႏွာသည္ အနည္းငယ္ေသြးေရာင္သမ္းသြားသည္။

ႏွေမ်ာစရာေကာင္းတာ ဒီေကာင္စုတ္က ..
သူမေခါင္းထဲ ထိုအေတြး ထြက္ေပၚလာသည္ႏွင့္ ေရွာင္း႐ႊယ္ယင္ ထိတ္လန့္တၾကား တုန္သြားသည္။ ငါ ဘာေတြ စဥ္းစားေနမိတာလဲ။

--- --- --- --- -------------------------------------------- --- ---

Continue Reading

You'll Also Like

212K 31.6K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
1.7M 95K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
626K 29.3K 46
နှလုံးသားထဲဝင်ကြည့်ချိန်ရောက်ပီ နှလုံးသားထဲပန်းရောင်လေးတွေတွေ့လား အဲ့ဒါအချစ်တွေ သိမ်မွေ့နူးညံ့တဲ့အချစ်တွေအေးမြတဲ့အချစ်တွေမြင်ကြည့်ပါ... ကြည့်ပါ.....စ...