ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

Af SoeHmue

72.8K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... Mere

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

163

286 47 0
Af SoeHmue

Chapter 163: ဆန်းကြယ်သော မိန်းမတစ်ယောက်၏ အသံ

ချူချူယန်ကို ရင်ခွင်ပိုက်ကာ လှိုဏ်ဂူ အတွင်းပိုင်းသို့ ဇူအန် ဦးတည်နေသည်။ လွန်ခဲ့သော နာရီဝက် အချိန်ကဆိုပါက သူ့တွင် ရှီခွန်းကို မျက်ခြေဖြတ်နိုင်မည့် အခွင့်အရေးတစ်ခုရှိလာလျှင် သေချာပေါက် နောက်ကြောင်းလှည့်ကာ သင်္ချိုင်းဂူ အတွင်းမှ ထွက်သွားမည်ဖြစ်သည်။ ဖုတ်ကောင် စစ်တပ်မှာ သူ့အဖို့ ကြီးမားသော အန္တရာယ်တစ်ခုလည်းဖြစ်နေသည်။

သို့သော်လည်း ယခု ဖုတ်ကောင်များကို ဟန့်တားနိုင်သော မှော်ဓါတ်မီး ၏ စွမ်းရည်ကို မြင်တွေ့ပြီးနောက် စိတ်ပြောင်းသွားခဲ့သည်။
ဂိမ်းများ၊ ဝတ္ထုများ မှ အတွေ့အကြုံများအရ ဤကြက်သီးထစရာ သင်္ချိုင်းဂူမှာ အန္တရာယ်များသော်လည်း ဆုလဒ်များ ရတနာများမှာ စွန်းစားရခြင်းနှင့် တိုက်ရိုက်အချိုးကျနေသည်။
ဤနေရာတွင် စောင့်ဆိုင်းနေသော အံဖွယ် ရတနာများကို ရှာတွေ့ရန် အခွင့်ကောင်းတစ်ခုဖြစ်သည်။

အာဆယ်မြေအောက်ဂူ သို့ ဝင်ရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ မှေးမှိန်ကြာပွင့်ကို ရှာဖွေကာ သူ၏ အချိတ်အပိတ်ကို ဖျက်ရန်ဖြစ်သည်။ သူ၏ ကျန်ဘဝတစ်လျှောက်လူံး ကောင်းချီးခြင်း သို့မဟုတ် ဒုက္ခရောက်ခြင်း ဖြင့် နေထိုင်ရမည်မှာ ၎င်းအဖိုးတန် ရတနာ အပေါ် မူတည်နေသည်။ ထို့ကြောင့် ထိုအဖိုးတန်ရတနာအား အမဲလိုက်ခြင်းကို လက်လျော့မည်မဟုတ်ပေ။
ယခုအချိန်တွင် သူ၏ လက်ထဲ၌ ဝှက်ဖဲတစ်ချပ် ရှိနေပြီဖြစ်သောကြောင့် ၎င်း၏ စွမ်းရည်ကို အပြည့်အဝ အသုံးမချပါက နှမြောစရာကောင်းပေတော့မည်ဖြစ်သည်။

“ဒီ ဓါတ်မီးရဲ့ အသုံးပြုနိုင်တဲ့ ကြာချိန်ကို ဘယ်လို ရေတွက်သလဲ သိချင်မိတယ်”
မှော်ဓါတ်မီး မှာ သုံးကြိမ် သာ အသုံးပြုနိုင်ကြောင်း ဇူအန် သတိရလိုက်သည်။

အဲ့ဒါက ဒီတစ်ချိန်လုံး လင်းနေတာဆိုတော့ အလင်းရောင် မပျောက်သွားသရွေ့အသုံးပြုမှုတစ်ကြိမ် လို့ပဲ သတ်မှတ်တာလား။
အကယ်၍ အဲ့ဒီလိုသာဆိုရင် ဒီသင်္ချိုင်းဂူ မှာ အလင်းမှိန်မှိန်လေး ရှိနေတဲ့အတွက် ဓါတ်မီးကလည်း အားပြန်ပြည့်နေတယ်။

သေချာစေရန်အတွက် ဆေးထုပ်များထဲမှ မီးလောင်လွယ်သော စက္ကူတစ်ခုကို လိပ်ကာ လက်ထဲတွင် ဆောင်ထားလိုက်သည်။ လုံးဝ အမှောင်ကျသော နေရာသို့ ရောက်သွားပါက ထွန်းညှိနိုင်ရန်အတွက်ဖြစ်သည်။

“အသည်းရေ ခုနက ရှီခွန်းရဲ့ မျက်နှာ အမူအရာကို တွေ့လိုက်ရလား။ သူ လုပ်ထားတာတွေကိုလည်း ကြည့်ဦး။ ငါ့ကို သူနဲ့ ပူးပေါင်းဖို့ ဘယ်လိုတောင် မေးရဲတာလဲ” ဇူအန် နှာမှုတ်လိုက်သည်။ “ စနိုး အတွက်တော့ သနားစရာပဲ။ သူက အဲ့ဒီနေရာမှာ သူနဲ့အတူ သေရတော့မယ်။ ငါ့ကို အဲ့ဒီအတွက် အပြစ်တင်မှာလား”

ရှီခွန်း နှင့် ရှောင်ရွှယ်ယင်း တို့ အားလျော့နေသည့်အတွက် ဖုတ်ကောင်စစ်သည်များစွာကို အချိန်ကြာကြာ ခုခံနိုင်မည်မဟုတ်ပေ။
“အိုက်ယား ဟန်နီရေ စနိုးက ငါတို့ကို အစောက နှစ်ခါတောင် ကယ်ခဲ့တယ်မဟုတ်လား။ သူ့ကို ဒီနေရာမှာ ပစ်ထားခဲ့ရတာ အရမ်း အကြင်နာကင်းမဲ့နေရာ မရောက်ဘူးလား။ ပြန်လှည့်ပြီးတော့ သူ့ကို သွားကယ်လိုက်ရမလား။ အဟီး။ ရှီခွန်းကတော့ အရမ်းဒေါသထွက်လွန်းလို့ မီးတောင်တစ်ခုလို ဖြစ်နေမှာ မြင်ယောင်နေမိသေးတယ်” အခြေအနေကို စိတ်ကူးမိရုံဖြင့် ဇူအန် ပြုံးလိုက်မိသည်။

“ဟမ် အသည်း ဘာဖြစ်လို့ ဘာမှ ပြန်မဖြေတာလဲ” တစ်စုံတစ်ခု မှားယွင်းနေကြောင်း ဇူအန် ရုတ်တရက် သတိပြုမိလိုက်သည်။ ချူချူယန်၏ အသံကို မကြားရတော့သည်မှာ တခဏကြာနေပြီဖြစ်သည်။ ထို့ကြောင့် ခေါင်းငုံ့ကာ သူမကို ကြည့်လိုက်သည်။ သူ၏ ရင်ခွင်ထဲတွင်ရှိနေသော မိန်းကလေးမှာ မျက်လုံးတင်းတင်းမှိတ်ထားပြီး မျက်နှာမှာ အလွန်ဖြူဖပ်နေသည်။ အသက်ကိုပင် ခက်ခက်ခဲခဲ ရှုနေရသည်။

တားမြစ်ပညာကို အသုံးပြုခဲ့သောကြောင့် သူမ၏ အသက်မှာ ချည်မျှင်တစ်စ မျှသာ ရှိနေတော့သည်။ ဇူအန်က သူမကို နတ်ဆေးဆရာကျီ၏ ပြန်လည်ကုသရေး ဆေးများစွာ မတိုက်ကျွေးခဲ့ပါက ယခုအချိန်တွင် သူမ နောက်ဆုံးထွက်သက် ထွက်သွားလောက်ပြီဖြစ်သည်။

သို့သော်လည်း နတ်ဆေးဆရာကျီ၏ ဆေးသည် သူမကို တခဏသာ ထောက်ပံ့ပေးနိုင်သည်။ ၎င်းသည် သူမ၏ ဝေဒနာ ကို မကုသပေးနိုင်ပေ။ ထို့အပြင် သူတို့သည် ထွက်ပြေးနေရသဖြင့် သူမ ကောင်းမွန်စွာ အနားမယူနိုင်ခဲ့ပေ။ အစောက သူမ ကိုယ်သူမ တွန်းအားပေးကာ ဇူအန်၏ ဘေးကင်းရေးအတွက် အာရုံစိုက်ခဲ့သည်။ သို့သော်ယခုတွင် အန္တရာယ်မှ သူတို့ လွတ်မြောက်လာပြီဖြစ်သောကြောင့် သူမ၏ တင်းထားသော အာရုံများမှာလည်း ဖြေလျော့နိုင်ပြီဖြစ်သည်။ သူမသည် ပင်ပန်းနွယ်နယ်မှု၏ အလျှင်အမြန် လွှမ်းမိုးမှုကို ခံနေရသည်။

“အသည်း” ဇူအန် ပျာပျာသလဲလဲ အော်လိုက်သည်။
သူသည် သမားတော် တစ်ယောက် မဟုတ်သော်လည်း ချူချူယန် ၏ အသက်မှာ တဖြည်းဖြည်း လျော့ကျနေသည်ကို အာရုံရနေသည်။ ဆေးများကို အလျှင်အမြန် ထုတ်ကာ သူမ၏ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။

“အသုံးမဝင်ဘူး။ သူ့ရဲ့ ကီကြောတွေ ပျက်စီးသွားပြီ။ နင့်ရဲ့ ဆေးက သူ့ရဲ့ ပြဿနာအရင်းအမြစ် ကို မကုပေးနိုင်ဘူး” မိန်းမအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံမှာ သာယာနာပျော်ဖွယ် အရည်အသွေးရှိသည်။ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းတွင် သြဇာညောင်းမှုလည်း ရှိနေသည်။

“ဘယ်သူလဲ။ ဘယ်သူ စကားပြောလိုက်တာလဲ” ဇူအန် က သူ၏ ဓါတ်မီး ကို လှိုဏ်ဂူ ထဲတွင် အလျှင်အမြန် ရွေ့လိုက်ကာ သူ့ကို စကားပြောလိုက်သော လူကို ရှာလိုက်သည်။ သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ သရဲများ ဖြစ်နေမလား။

“ငါ ဘယ်သူလဲ ဆိုတာကို ဂရုစိုက်စရာမလိုဘူး။ မေးခွန်းတစ်ခုပဲ မေးမယ်။ သူ့ကို ကယ်တင်ချင်လား”  မိန်းမအသံ ထပ်မံထွက်ပေါ်လာသည်။ ထိုအသံမှာ သူ၏ နား အနားသို့ ကပ်တိုးပြောနေသည်ဟု ထင်ရသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းသည် အဝေးတစ်နေရာမှ လာနေသည်ဟုလည်း ထင်နေရသည်။

“သေချာတာပေါ့” ဇူအန် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ လျှောက်လာခဲ့။ ပြီးရင် ဝိဉာဉ်ဆေးပင် တစ်ခုကို တွေ့ရလိမ့်မယ်။ အဲ့ဒါကို ခူးပြီးတော့ သူမကို တိုက်လိုက်။ ဒါဆို သူ့ရဲ့ အသက်ကို ထိန်းထားနိုင်လိမ့်မယ်”

ဇူအန် ချက်ချင်း မလှုပ်ရှားပေ။ ထို့အစား ခပ်ပြတ်ပြတ်မေးလိုက်သည်။ “မင်း စကားကို ဘာဖြစ်လို့ ယုံရမှာလဲ”
ကမ္ဘာတွင် အလကားရသောအရာမျိုး မရှိသည်ကို သူသိနေသည်။ သူ့ကိုယ်သူ ဤကမ္ဘာ၏ ဇာတ်လိုက်ဟု မကြာခဏ စိတ်ကူးယဉ်သော်လည်း ဤသင်္ချိုင်းဂူထဲတွင် ဆုံတွေ့ရသော ကျပန်း သူစိမ်းတစ်ယောက်က သူ့ကို စိတ်ကောင်းစေတနာဖြင့် အကူအညီပေးလိမ့်မည်ကို ယုံရလောက်သည်အထိ မတုံးအ ပေ။

သူ၏ အမြင်တွင် ထိုအသံပိုင်ရှင်သည် ဇာတ်လမ်းများတွင် မကြာခဏ ဖော်ပြလေ့ရှိသော မိစ္ဆာ တစ်ကောင်နှင့် ပိုတူနေသည်။ သူ့ကို ၎င်း၏ ထောင်ချောက်အတွင်းသို့ ကျရောက်စေရန် မျှားခေါ်နေသည်လည်း ဖြစ်နိုင်သည်။

“ ငါ့ကို ယုံဖို့ကလွဲ ပြီးတော့ နင့်မှာ ရွေးချယ်စရာ မရှိဘူး။ သူ့ကို ကယ်နိုင်ဖို့ တစ်ခြားနည်းလမ်းမရှိဘူး” မိန်းမအသံက အေးစက်စက် ပြန်ဖြေလိုက်သည်။
ဇူအန် နှလုံးနင့်သွားသည်။ အခြားသူပြောသည်မှာ မှန်နေသည်။

ဤသင်္ချိုင်းဂူမှ ထွက်သွားကာ ကံကောင်းမှုကြောင့် အကယ်ဒမီမှ တစ်ခြားဆရာများ၊ ကျီရှောင်ချီတို့နှင့် တွေ့ခြင်း နှင့် ဤဂူထဲတွင် ချူချူယန်ကို ကုသပေးနိုင်သည့် အံဖွယ်ရတနာတစ်ချို့ ရှာတွေ့ခြင်း တို့မှလွဲ၍ မရှိပေ။
ဒါပေမယ့် အဲ့ဒီလို ဖြစ်နိုင်ပါ့မလား။

အခြားသူများ က ထိုကဲ့သို့သော ရတနာမျိုး ရှာတွေ့ပါက ချူချူယန် အဖို့ ခွဲပေးလိမ့်မည်မဟုတ်ပေ။ သူတို့တွင် ထိုသို့လုပ်ပေးရန် တာဝန်မရှိပေ။ ထို့အပြင် ကျီတန်ထု ဤနေရာတွင် ရှိနေရင်တောင်မှ ချူချူယန်ကို ကုသပေးနိုင်မည်မှာ မသေချာပေ။ မဟုတ်ပါက ချူချူယန် အလွန်စိတ်အားငယ်သွားမည်ဖြစ်သည်။

“ကောင်းပြီလေ။ ဘယ်ကိုသွားရမလဲဆိုတာကို ပြောပြ” ဇူအန် အံကြိတ်ထားသည်။
ချူချူယန် အတွက် အရှေ့တွင် မည်သည့်အန္တရာယ်မျိုးမဆို စောင့်နေပါစေ ရှေ့ဆက် တိုးရန်သာရှိတော့သည်။

ဆန်းကြယ်သောအသံက သူ့ကို ဖျောင်းဖျမည့်လေသံအစား ခက်ထန်သော လေသံ ဖြင့် ပြောခဲ့သည်ကို အကဲခတ်ခြင်းဖြင့် သူမက သူ့ကို မလိမ်ညာနေကြောင်း ဇူအန် ယူဆလိုက်သည်။
သေစမ်း။ ငါ ဘာဖြစ်နေတာလဲ။ သူက ငါ့ကို ရိုင်းစိုင်းလိုက်ရုံနဲ့ ဘာလို့ ယုံကြည်ဖို့ ရွေးလိုက်မိတာလဲ။

ဇူအန် သည် ချူချူယန်၏ ကိုယ်ကို သယ်ကာ မိန်းမအသံ ညွှန်ပြသော အရပ်မျက်နှာဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ သူ၏ အရှေ့တွင်ရှိနေသော အဆုံးမဲ့ လမ်းကြောင်းကို ကြည့်ကာ သူသည် ဧရာမသားရဲတစ်ကောင်၏ ခံတွင်းဝအထဲသို့ လျှောက်လှမ်းသွားနေရသည်ဟု ခံစားနေရသည်။ သူ၏ ဓါတ်မီး မှ ထွက်လာသော အလင်းရောင်ကြောင့်သာ သူ၏ စိတ်ကို အနည်းငယ် သက်သာရာရစေသည်။

ယခင်နှင့် မတူသည်မှာ လမ်းတစ်လျှောက်တွင် လမ်းကြောင်းအခွဲများစွာ တွေ့မြင်ခဲ့ရပြီး ယခင်ကထက် ပိုမိုရှုပ်ထွေး နေသည်။ သူသည် ဝင်္ကမ္ဘာတစ်ခုအတွင်းတွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရပြီး အရပ်မျက်နှာ ခွဲခြားနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားရန် အချိန်မကြာလိုက်ပေ။

လမ်းတစ်လျှောက်တွင် ဖုတ်ကောင် စစ်သည်တစ်ချို့ကို တွေ့ကြုံခဲ့ရသည်။ ထို့အပြင် ၎င်းတို့ တစ်ချို့မှာ ဖုတ်ကောင် ဓားသမားများ ထက်ပင် သန်မာနေသေးသည်။ သို့သော်လည်း သူ၏ မှော်ဓါတ်မီး ၏ တောက်ပမှုအောက်တွင် ဖုတ်ကောင်စစ်သည်များမှာ နောက်ဆုတ်ထွက်ပြေးကြရသည်။

မိန်းမအသံပင် မတတ်နိုင်ဘဲ မှတ်ချက်ပေးလိုက်ရသည်။ “ကြည့်ရတာ ကောင်းကင် အလိုတော်ပဲထင်တယ်။ နင့်မှာ အဲ့ဒီ ဆန်းကြယ်တဲ့ ပစ္စည်းရှိမနေရင် ဒီမြေအောက်နန်းတော်ရဲ့ အလယ်ခေါင်ကို နင့်ရဲ့ အစွမ်းလောက်နဲ့ ရောက်နိုင်မှာမဟုတ်ဘူး”

ဇူအန်က ထိုအခွင့်အရေးကို အသုံးချကာ မေးလိုက်သည်။ “ခင်ဗျား ပြောနေပုံကို ကြည့်ရတာ ဒီနေရာမှာ အချိန်အတော်ကြာအောင် ရှိနေခဲ့တယ်ထင်တယ်။ ခင်ဗျားက လူလား သရဲလား”

မိန်းမအသံက ညင်သာစွာ တခစ်ခစ် ရယ်လိုက်သည်။ “နင် ဘယ်လိုထင်လဲ”

ဇူအန်၏ ခေါင်းထဲတွင် ဣနြေ္ဒရှိသော မိန်းမတစ်ဦး၏ ပုံရိပ်ပေါ်လာသည်။ “အင်း..ခင်ဗျားက လူ တစ်ယောက်ပဲ ဖြစ်ဖြစ်၊ သရဲတစ်ကောင်ပဲ ဖြစ်ဖြစ် အရမ်းလှတဲ့ မိန်းမတစ်ယောက်ဖြစ်ခဲ့မှာတော့ သေချာတယ်”

“လှတယ်...” ထိုအချက်တွင် အသံက ရုတ်တရက် တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာ ရပ်သွားပြီးမှ အထီးကျန်ခြင်းဖြင့် သက်ပြင်းချလိုက်သည်။ “လှတာက ဘာအသုံးဝင်လို့လဲ”

၎င်းသည် သာမန် မှတ်ချက်တစ်ခုဖြစ်သော်လည်း ဇူအန်၏ ခန္ဓာကို တုန်ယင်သွားစေသည်။ တစ်စုံတစ်ရာက သူ၏ အဒရီနယ်ဂလင်း ကို နိုးဆွပေးလိုက်သကဲ့သို့ သူ၏ နှလုံးမှာ အဆက်မပြတ်ခုန်လာသည်။ “တိမ်လွှာနဂါး သူရဲကောင်းများ “ ဇာတ်လမ်းတွဲကို သူ ကြည့်ခဲ့စဉ်က အဘယ်ကြောင့် သွမ့်ယွိ က ၀မ်ယီယင် ကို သူမ၏ အသံကြားရရုံဖြင့် အဘယ်ကြောင့် စွဲလမ်းသွားသည်ကို နားမလည်နိုင်ဖြစ်ခဲ့ရသည်။
သို့သော်လည်း ယခုအခိုက်အတန့်တွင် လူတစ်ယောက်ကို သူတို့၏ အသံဖြင့် ဆွဲ့ညို့နိုင်စွမ်းရှိသော မိန်းကလေးတစ်ချို့ ကမ္ဘာတွင် ရှိကြောင်း နောက်ဆုံး သူ နားလည်သွားပြီဖြစ်သည်။
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် တဏှာ ဖြစ်နိုင်တာပဲလား။ အာ…။

သူ့ကိုယ်သူ ဆိတ်ဆွဲလိုက်ကာ အာရုံများ ရှင်းလင်းသွားသည်။ လမ်းကြောင်းမှာ တဖြည်းဖြည်းဖြင့် ကျယ်လာသည်ကို တွေ့လိုက်ရသည်။ အကြမ်းဖျင်းကြည့်ရုံဖြင့် ၎င်းသည် ဘောလုံးကွင်းပေါင်း များစွာ အကျယ်ရှိမည်ဟု သိနိုင်သည်။

ထိုနေရာတွင် သူ၏ အာရုံကို ဖမ်းယူနိုင်ဆုံး အရာမှာ အရှေ့တွင် ရှိနေသော ရေကန် ပင်ဖြစ်သည်။ လှိုဏ်ဂူထဲတွင် ရေကန်တစ်ခု ဖြစ်ရသည်အထိ ရေစုဝေးနေသည်မှာ မထူးဆန်းပေ။ သို့သော်လည်း ရေ၏ ကြည်လင်မှုမှာ သာမန်မဟုတ်ပေ။ ထို့အပြင် ရေအထက်တွင် ရှင်သန်နေသော အစိမ်းဖျော့ရောင် အပင်အညှောင့်တစ်ချို့လည်းရှိနေသေးသည်။ ရေကန်၏ မျက်နှာပြင်မှာ မြူအလွှာ ပါးပါးတစ်ခု၏ လွှမ်းခြုံခြင်းကို ခံထားရသည်။ ခြုံငုံကြည့်ပါက မှောင်မဲနေသော မြေအောက်နန်းတော်တစ်ခု၏ အလယ်တွင် ၎င်းသည် အလွန်အမင်း ကြည့်ရ ထည်ဝါလွန်းနေသည်။

ဇူအန်တွင် ဤကမ္ဘာ၏ သာမန် ဗဟုသုတမရှိပေ။ သို့သော်လည်း ထိုအပင်များမှာ သာမန်မဟုတ်ကြောင်း သူပြောနိုင်နေသည်။
ထိုအကြောင်းတွေးနေစဉ် မိန်းမအသံ ထွက်ပေါ်လာသည်။ “အမှန်ပဲ။ အဲ့ဒီရေကန်ထဲမှာရှိနေတဲ့ ဆေးက နင့်ရဲ့ အဖော်ကို ကုသပေးနိုင်တဲ့ အရာပဲ”

ဇူအန်က ချူချူယန်၏ အသက်ရှုသံမှာ တဖြည်းဖြည်း တိုးလာနေသည်ကို ခံစားမိနေသည်။ ၎င်းသည် အာရုံမစိုက်ပါက မကြားရတော့သည့် အချက်အထိ ရောက်နေပြီဖြစ်သည်။ အချိန်ဖြုန်းမနေသင့်သည်ကို သိကာ သူမကို ပွေ့လိုက် ရေကန်ဆီသို့ ပြေးသွားလိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တစ်လျှောက် အလိုအလျှောက် ခိုက်ခိုက်တုန်သွားသည်။ သူ၏ ခြေလှမ်းများကို ရပ်တန့်သွားစေသည်။ ဘယ်ဖက်သို့ လှည့်ကြည့်လိုက်သည်။

သူသည် ရေကန် အထက်တွင် ရှိနေသော အပင်များကို မြင်ကာ အလွန်စိတ်လှုပ်ရှားခဲ့ သည့်အတွက် ပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်ရန် မေ့လျော့သွားခဲ့သည်။ ထို့နောက် သူ လစ်လျူရှု့ခဲ့သောအရာများကို မြင်လိုက်ရသည်။

ဤကြီးမားသော မြေအောက်စင်္ကြန်၏ အလယ်တွင်  အတန်းလိုက် သပ်ရပ်စွာ မတ်ရပ်နေသော နီညိုရောင် ပုဆိန်လှံရှည် ကိုင်ထားသော စစ်သည်များကို တွေ့လိုက်ရသည်။ ၎င်းတို့သည် ထောင်ထောင်မောင်းမောင်းဖြစ်ကြပြီး (၁.၈၅) မီတာလောက် မြင့်မားကြသည်။ အကြမ်းဖျင်း တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့ အရေအတွက် ထောင်ပေါင်းများစွာ ရှိနေသည်ကို ဇူအန် ပြောနိုင်နေသည်။

ပုဆိန်လှံရှည် သမား မျာ ဘေးတွင် စစ်ရထား အဖွဲ့နှင့် သူတို့၏ အနောက်တွင် လေးသမားတပ်ရင်း အုပ်ကြီးရှိနေသည်။
တစ်နည်းဆိုရသော် ဇူအန်သည် ဤနေရာတွင် လက်နက်အင်အားပြည့်စုံသော စစ်တပ်တစ်တပ်ကို တွေ့ကြုံနေရပြီဖြစ်သည်။

ဇူအန် မယုံနိုင်ဖြစ်ကာ မျက်လုံးပွတ်ကြည့်လိုက်ပြန်သည်။ သူ၏ ယခင်ဘဝက သွားလည်ပတ်ခဲ့ဖူးသော ချင်ရှီ ၏ ဂူသင်္ချိုင်း နေရာ သမိုင်းပြတိုက်သို့ တစ်ဖန် ပြန်ရောက်နေသလားဟု တွေးလိုက်သည်။

ဒါက တကယ်ကို တာရာကိုတာစစ်သည်တော်တွေ မဟုတ်ဘူး မလား။ (ဧကရာဇ် ချင်ရှီ၏ ရွှံ့ရုပ်စစ်သည်များ)
သို့သော်လည်း ထိုအရာနှစ်ခုတွင် ကွာခြားချက်ရှိနေသည်။ သူ၏ အရှေ့တွင် ရှိနေသော တာရာကိုတာ စစ်သားများမှာ တောက်ပသော သံချပ်ဝတ်စုံများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ သူတို့၏ ချွန်ထက်သော လက်နက်များ က သူတို့မှာ လက်ရွေးစင်တပ်သားများဖြစ်သည်ကို ပြသနေသည်။ သူတို့သည် ယခင်ဘဝက သင်္ချိုင်းဂူ နေရာ သမိုင်းပြတိုက်ထဲတွင် မြင်ဖူးသည့် ပျက်စီးယိုယွင်းနေသည့် တာရာကိုတာ စစ်သားများနှင့် ယှဉ်၍မရပေ။

ကျူးကျော်သူတစ်ဦးကို အာရုံရမိလိုက်သကဲ့သို့ အိပ်ပျော်နေသော တာရာကိုတာ စစ်သည်တော်များ၏ မျက်လုံးများတွင် အပြာရောင်အလင်း စတင် တောက်လာသည်။ သူတို့အားလုံးမှာ ဇူအန် ဘက်သို့ ရုတ်တရက် တစ်ဦးပြီးတစ်ဦး ဆက်တိုက်လှည့်ကြည့်လိုက်ကြသည်။
ထိုခံစားချက်ကို ဖော်ပြရန် ခက်ခဲလှသည်။ ထောင်ချီသော တာရာကိုတာ စစ်သည်တော်များ၏ အကြည့်ကို တစ်ချိန်တည်း မှာ ခံရခြင်းမှာ အလွန် ခြိမ်းခြောက်ဖွယ်ကောင်းနေပြီး အသက်ရှူကြပ်လုနီးပါးဖြစ်စေသည်။

ဂျုံး…
ပထမတန်းရှိ တာရာကိုတာ စစ်သားများ စတင် ရွေ့လာကြသည်။ သူတို့၏ လက်ထဲတွင် ပုဆိန်လှံရှည်များကို ကိုင်ဆောင်ထားသည်။ သို့သော် အကြောင်းအရာတစ်ချိူ့ကြောင့် ၎င်းတို့မှာ ဇူအန် ကို ချိန်ထားသည်ဟု ထင်နေရသည်။ သူတို့၏ လှုပ်ရှားဟန်များမှာ အစတွင် အနည်းငယ် ကို့ရို့ကားယား ဖြစ်နေသော်လည်း နောက်တွင် တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။

ဇူအန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ထို တာရာကိုတာ စစ်သားများ၏ တိုက်ခိုက်ရည်ကို စမ်းသပ်ကြည့်ရန်ပင် စိတ်မကူးတော့ပေ။ သူတို့၏ အရေအတွက်ဖြင့် သူ့ဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာပါက သူ့ကို ပျောက်ကွယ်သွားသည်အထိ အလွယ်တကူ အမှုန့်ကြိတ်နိုင်နေသည်။

--- --- --- --- --------------------------------------------- --- --- ---

Chapter 163: ဆန္းၾကယ္ေသာ မိန္းမတစ္ေယာက္၏ အသံ

ခ်ဴခ်ဴယန္ကို ရင္ခြင္ပိုက္ကာ လွိုဏ္ဂူ အတြင္းပိုင္းသို႔ ဇူအန္ ဦးတည္ေနသည္။ လြန္ခဲ့ေသာ နာရီဝက္ အခ်ိန္ကဆိုပါက သူ႕တြင္ ရွီခြန္းကို မ်က္ေျချဖတ္နိုင္မည့္ အခြင့္အေရးတစ္ခုရွိလာလွ်င္ ေသခ်ာေပါက္ ေနာက္ေၾကာင္းလွည့္ကာ သခၤ်ိဳင္းဂူ အတြင္းမွ ထြက္သြားမည္ျဖစ္သည္။ ဖုတ္ေကာင္ စစ္တပ္မွာ သူ႕အဖို႔ ႀကီးမားေသာ အႏၱရာယ္တစ္ခုလည္းျဖစ္ေနသည္။

သို႔ေသာ္လည္း ယခု ဖုတ္ေကာင္မ်ားကို ဟန့္တားနိုင္ေသာ ေမွာ္ဓါတ္မီး ၏ စြမ္းရည္ကို ျမင္ေတြ႕ၿပီးေနာက္ စိတ္ေျပာင္းသြားခဲ့သည္။
ဂိမ္းမ်ား၊ ဝတၳဳမ်ား မွ အေတြ႕အႀကဳံမ်ားအရ ဤၾကက္သီးထစရာ သခၤ်ိဳင္းဂူမွာ အႏၱရာယ္မ်ားေသာ္လည္း ဆုလဒ္မ်ား ရတနာမ်ားမွာ စြန္းစားရျခင္းႏွင့္ တိုက္ရိုက္အခ်ိဳးက်ေနသည္။
ဤေနရာတြင္ ေစာင့္ဆိုင္းေနေသာ အံဖြယ္ ရတနာမ်ားကို ရွာေတြ႕ရန္ အခြင့္ေကာင္းတစ္ခုျဖစ္သည္။

အာဆယ္ေျမေအာက္ဂူ သို႔ ဝင္ေရာက္ရျခင္း၏ ရည္႐ြယ္ခ်က္မွာ ေမွးမွိန္ၾကာပြင့္ကို ရွာေဖြကာ သူ၏ အခ်ိတ္အပိတ္ကို ဖ်က္ရန္ျဖစ္သည္။ သူ၏ က်န္ဘဝတစ္ေလွ်ာက္လူံး ေကာင္းခ်ီးျခင္း သို႔မဟုတ္ ဒုကၡေရာက္ျခင္း ျဖင့္ ေနထိုင္ရမည္မွာ ၎အဖိုးတန္ ရတနာ အေပၚ မူတည္ေနသည္။ ထို႔ေၾကာင့္ ထိုအဖိုးတန္ရတနာအား အမဲလိုက္ျခင္းကို လက္ေလ်ာ့မည္မဟုတ္ေပ။
ယခုအခ်ိန္တြင္ သူ၏ လက္ထဲ၌ ဝွက္ဖဲတစ္ခ်ပ္ ရွိေနၿပီျဖစ္ေသာေၾကာင့္ ၎၏ စြမ္းရည္ကို အျပည့္အဝ အသုံးမခ်ပါက ႏွေျမာစရာေကာင္းေပေတာ့မည္ျဖစ္သည္။

ဒီ ဓါတ္မီးရဲ႕ အသုံးျပဳနိုင္တဲ့ ၾကာခ်ိန္ကို ဘယ္လို ေရတြက္သလဲ သိခ်င္မိတယ္
ေမွာ္ဓါတ္မီး မွာ သုံးႀကိမ္ သာ အသုံးျပဳနိုင္ေၾကာင္း ဇူအန္ သတိရလိုက္သည္။

အဲ့ဒါက ဒီတစ္ခ်ိန္လုံး လင္းေနတာဆိုေတာ့ အလင္းေရာင္ မေပ်ာက္သြားသေ႐ြ႕အသုံးျပဳမႈတစ္ႀကိမ္ လို႔ပဲ သတ္မွတ္တာလား။
အကယ္၍ အဲ့ဒီလိုသာဆိုရင္ ဒီသခၤ်ိဳင္းဂူ မွာ အလင္းမွိန္မွိန္ေလး ရွိေနတဲ့အတြက္ ဓါတ္မီးကလည္း အားျပန္ျပည့္ေနတယ္။

ေသခ်ာေစရန္အတြက္ ေဆးထုပ္မ်ားထဲမွ မီးေလာင္လြယ္ေသာ စကၠဴတစ္ခုကို လိပ္ကာ လက္ထဲတြင္ ေဆာင္ထားလိုက္သည္။ လုံးဝ အေမွာင္က်ေသာ ေနရာသို႔ ေရာက္သြားပါက ထြန္းညွိနိုင္ရန္အတြက္ျဖစ္သည္။

အသည္းေရ ခုနက ရွီခြန္းရဲ႕ မ်က္ႏွာ အမူအရာကို ေတြ႕လိုက္ရလား။ သူ လုပ္ထားတာေတြကိုလည္း ၾကည့္ဦး။ ငါ့ကို သူနဲ႕ ပူးေပါင္းဖို႔ ဘယ္လိုေတာင္ ေမးရဲတာလဲ ဇူအန္ ႏွာမႈတ္လိုက္သည္။  စနိုး အတြက္ေတာ့ သနားစရာပဲ။ သူက အဲ့ဒီေနရာမွာ သူနဲ႕အတူ ေသရေတာ့မယ္။ ငါ့ကို အဲ့ဒီအတြက္ အျပစ္တင္မွာလား

ရွီခြန္း ႏွင့္ ေရွာင္႐ႊယ္ယင္း တို႔ အားေလ်ာ့ေနသည့္အတြက္ ဖုတ္ေကာင္စစ္သည္မ်ားစြာကို အခ်ိန္ၾကာၾကာ ခုခံနိုင္မည္မဟုတ္ေပ။
အိုက္ယား ဟန္နီေရ စနိုးက ငါတို႔ကို အေစာက ႏွစ္ခါေတာင္ ကယ္ခဲ့တယ္မဟုတ္လား။ သူ႕ကို ဒီေနရာမွာ ပစ္ထားခဲ့ရတာ အရမ္း အၾကင္နာကင္းမဲ့ေနရာ မေရာက္ဘူးလား။ ျပန္လွည့္ၿပီးေတာ့ သူ႕ကို သြားကယ္လိုက္ရမလား။ အဟီး။ ရွီခြန္းကေတာ့ အရမ္းေဒါသထြက္လြန္းလို႔ မီးေတာင္တစ္ခုလို ျဖစ္ေနမွာ ျမင္ေယာင္ေနမိေသးတယ္ အေျခအေနကို စိတ္ကူးမိ႐ုံျဖင့္ ဇူအန္ ၿပဳံးလိုက္မိသည္။

ဟမ္ အသည္း ဘာျဖစ္လို႔ ဘာမွ ျပန္မေျဖတာလဲ တစ္စုံတစ္ခု မွားယြင္းေနေၾကာင္း ဇူအန္ ႐ုတ္တရက္ သတိျပဳမိလိုက္သည္။ ခ်ဴခ်ဴယန္၏ အသံကို မၾကားရေတာ့သည္မွာ တခဏၾကာေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ ေခါင္းငုံ႕ကာ သူမကို ၾကည့္လိုက္သည္။ သူ၏ ရင္ခြင္ထဲတြင္ရွိေနေသာ မိန္းကေလးမွာ မ်က္လုံးတင္းတင္းမွိတ္ထားၿပီး မ်က္ႏွာမွာ အလြန္ျဖဴဖပ္ေနသည္။ အသက္ကိုပင္ ခက္ခက္ခဲခဲ ရႈေနရသည္။

တားျမစ္ပညာကို အသုံးျပဳခဲ့ေသာေၾကာင့္ သူမ၏ အသက္မွာ ခ်ည္မွ်င္တစ္စ မွ်သာ ရွိေနေတာ့သည္။ ဇူအန္က သူမကို နတ္ေဆးဆရာက်ီ၏ ျပန္လည္ကုသေရး ေဆးမ်ားစြာ မတိုက္ေကြၽးခဲ့ပါက ယခုအခ်ိန္တြင္ သူမ ေနာက္ဆုံးထြက္သက္ ထြက္သြားေလာက္ၿပီျဖစ္သည္။

သို႔ေသာ္လည္း နတ္ေဆးဆရာက်ီ၏ ေဆးသည္ သူမကို တခဏသာ ေထာက္ပံ့ေပးနိုင္သည္။ ၎သည္ သူမ၏ ေဝဒနာ ကို မကုသေပးနိုင္ေပ။ ထို႔အျပင္ သူတို႔သည္ ထြက္ေျပးေနရသျဖင့္ သူမ ေကာင္းမြန္စြာ အနားမယူနိုင္ခဲ့ေပ။ အေစာက သူမ ကိုယ္သူမ တြန္းအားေပးကာ ဇူအန္၏ ေဘးကင္းေရးအတြက္ အာ႐ုံစိုက္ခဲ့သည္။ သို႔ေသာ္ယခုတြင္ အႏၱရာယ္မွ သူတို႔ လြတ္ေျမာက္လာၿပီျဖစ္ေသာေၾကာင့္ သူမ၏ တင္းထားေသာ အာ႐ုံမ်ားမွာလည္း ေျဖေလ်ာ့နိုင္ၿပီျဖစ္သည္။ သူမသည္ ပင္ပန္းႏြယ္နယ္မႈ၏ အလွ်င္အျမန္ လႊမ္းမိုးမႈကို ခံေနရသည္။

အသည္း ဇူအန္ ပ်ာပ်ာသလဲလဲ ေအာ္လိုက္သည္။
သူသည္ သမားေတာ္ တစ္ေယာက္ မဟုတ္ေသာ္လည္း ခ်ဴခ်ဴယန္ ၏ အသက္မွာ တျဖည္းျဖည္း ေလ်ာ့က်ေနသည္ကို အာ႐ုံရေနသည္။ ေဆးမ်ားကို အလွ်င္အျမန္ ထုတ္ကာ သူမ၏ ပါးစပ္ထဲသို႔ ထိုးသြင္းလိုက္သည္။

အသုံးမဝင္ဘူး။ သူ႕ရဲ႕ ကီေၾကာေတြ ပ်က္စီးသြားၿပီ။ နင့္ရဲ႕ ေဆးက သူ႕ရဲ႕ ျပႆနာအရင္းအျမစ္ ကို မကုေပးနိုင္ဘူး မိန္းမအသံတစ္သံ ႐ုတ္တရက္ ထြက္ေပၚလာသည္။ ထိုအသံမွာ သာယာနာေပ်ာ္ဖြယ္ အရည္အေသြးရွိသည္။ သို႔ေသာ္ တစ္ခ်ိန္တည္းမွာပင္ ၎တြင္ ၾသဇာေညာင္းမႈလည္း ရွိေနသည္။

ဘယ္သူလဲ။ ဘယ္သူ စကားေျပာလိုက္တာလဲ ဇူအန္ က သူ၏ ဓါတ္မီး ကို လွိုဏ္ဂူ ထဲတြင္ အလွ်င္အျမန္ ေ႐ြ႕လိုက္ကာ သူ႕ကို စကားေျပာလိုက္ေသာ လူကို ရွာလိုက္သည္။ သူ၏ ေက်ာရိုးတစ္ေလွ်ာက္ ေအးစိမ့္သြားသည္။ သရဲမ်ား ျဖစ္ေနမလား။

ငါ ဘယ္သူလဲ ဆိုတာကို ဂ႐ုစိုက္စရာမလိုဘူး။ ေမးခြန္းတစ္ခုပဲ ေမးမယ္။ သူ႕ကို ကယ္တင္ခ်င္လား  မိန္းမအသံ ထပ္မံထြက္ေပၚလာသည္။ ထိုအသံမွာ သူ၏ နား အနားသို႔ ကပ္တိုးေျပာေနသည္ဟု ထင္ရေသာ္လည္း တစ္ခ်ိန္တည္းမွာပင္ ၎သည္ အေဝးတစ္ေနရာမွ လာေနသည္ဟုလည္း ထင္ေနရသည္။

ေသခ်ာတာေပါ့ ဇူအန္ ျပန္ေျဖလိုက္သည္။

ေကာင္းၿပီ။ ေလွ်ာက္လာခဲ့။ ၿပီးရင္ ဝိဉာဥ္ေဆးပင္ တစ္ခုကို ေတြ႕ရလိမ့္မယ္။ အဲ့ဒါကို ခူးၿပီးေတာ့ သူမကို တိုက္လိုက္။ ဒါဆို သူ႕ရဲ႕ အသက္ကို ထိန္းထားနိုင္လိမ့္မယ္

ဇူအန္ ခ်က္ခ်င္း မလႈပ္ရွားေပ။ ထို႔အစား ခပ္ျပတ္ျပတ္ေမးလိုက္သည္။ မင္း စကားကို ဘာျဖစ္လို႔ ယုံရမွာလဲ
ကမၻာတြင္ အလကားရေသာအရာမ်ိဳး မရွိသည္ကို သူသိေနသည္။ သူ႕ကိုယ္သူ ဤကမၻာ၏ ဇာတ္လိုက္ဟု မၾကာခဏ စိတ္ကူးယဥ္ေသာ္လည္း ဤသခၤ်ိဳင္းဂူထဲတြင္ ဆုံေတြ႕ရေသာ က်ပန္း သူစိမ္းတစ္ေယာက္က သူ႕ကို စိတ္ေကာင္းေစတနာျဖင့္ အကူအညီေပးလိမ့္မည္ကို ယုံရေလာက္သည္အထိ မတုံးအ ေပ။

သူ၏ အျမင္တြင္ ထိုအသံပိုင္ရွင္သည္ ဇာတ္လမ္းမ်ားတြင္ မၾကာခဏ ေဖာ္ျပေလ့ရွိေသာ မိစ္ဆာ တစ္ေကာင္ႏွင့္ ပိုတူေနသည္။ သူ႕ကို ၎၏ ေထာင္ေခ်ာက္အတြင္းသို႔ က်ေရာက္ေစရန္ မွ်ားေခၚေနသည္လည္း ျဖစ္နိုင္သည္။

ငါ့ကို ယုံဖို႔ကလြဲ ၿပီးေတာ့ နင့္မွာ ေ႐ြးခ်ယ္စရာ မရွိဘူး။ သူ႕ကို ကယ္နိုင္ဖို႔ တစ္ျခားနည္းလမ္းမရွိဘူး မိန္းမအသံက ေအးစက္စက္ ျပန္ေျဖလိုက္သည္။
ဇူအန္ ႏွလုံးနင့္သြားသည္။ အျခားသူေျပာသည္မွာ မွန္ေနသည္။

ဤသခၤ်ိဳင္းဂူမွ ထြက္သြားကာ ကံေကာင္းမႈေၾကာင့္ အကယ္ဒမီမွ တစ္ျခားဆရာမ်ား၊ က်ီေရွာင္ခ်ီတို႔ႏွင့္ ေတြ႕ျခင္း ႏွင့္ ဤဂူထဲတြင္ ခ်ဴခ်ဴယန္ကို ကုသေပးနိုင္သည့္ အံဖြယ္ရတနာတစ္ခ်ိဳ႕ ရွာေတြ႕ျခင္း တို႔မွလြဲ၍ မရွိေပ။
ဒါေပမယ့္ အဲ့ဒီလို ျဖစ္နိုင္ပါ့မလား။

အျခားသူမ်ား က ထိုကဲ့သို႔ေသာ ရတနာမ်ိဳး ရွာေတြ႕ပါက ခ်ဴခ်ဴယန္ အဖို႔ ခြဲေပးလိမ့္မည္မဟုတ္ေပ။ သူတို႔တြင္ ထိုသို႔လုပ္ေပးရန္ တာဝန္မရွိေပ။ ထို႔အျပင္ က်ီတန္ထု ဤေနရာတြင္ ရွိေနရင္ေတာင္မွ ခ်ဴခ်ဴယန္ကို ကုသေပးနိုင္မည္မွာ မေသခ်ာေပ။ မဟုတ္ပါက ခ်ဴခ်ဴယန္ အလြန္စိတ္အားငယ္သြားမည္ျဖစ္သည္။

ေကာင္းၿပီေလ။ ဘယ္ကိုသြားရမလဲဆိုတာကို ေျပာျပ ဇူအန္ အံႀကိတ္ထားသည္။
ခ်ဴခ်ဴယန္ အတြက္ အေရွ႕တြင္ မည္သည့္အႏၱရာယ္မ်ိဳးမဆို ေစာင့္ေနပါေစ ေရွ႕ဆက္ တိုးရန္သာရွိေတာ့သည္။

ဆန္းၾကယ္ေသာအသံက သူ႕ကို ေဖ်ာင္းဖ်မည့္ေလသံအစား ခက္ထန္ေသာ ေလသံ ျဖင့္ ေျပာခဲ့သည္ကို အကဲခတ္ျခင္းျဖင့္ သူမက သူ႕ကို မလိမ္ညာေနေၾကာင္း ဇူအန္ ယူဆလိုက္သည္။
ေသစမ္း။ ငါ ဘာျဖစ္ေနတာလဲ။ သူက ငါ့ကို ရိုင္းစိုင္းလိုက္႐ုံနဲ႕ ဘာလို႔ ယုံၾကည္ဖို႔ ေ႐ြးလိုက္မိတာလဲ။

ဇူအန္ သည္ ခ်ဴခ်ဴယန္၏ ကိုယ္ကို သယ္ကာ မိန္းမအသံ ၫႊန္ျပေသာ အရပ္မ်က္ႏွာဆီသို႔ ေလွ်ာက္လွမ္းသြားလိုက္သည္။ သူ၏ အေရွ႕တြင္ရွိေနေသာ အဆုံးမဲ့ လမ္းေၾကာင္းကို ၾကည့္ကာ သူသည္ ဧရာမသားရဲတစ္ေကာင္၏ ခံတြင္းဝအထဲသို႔ ေလွ်ာက္လွမ္းသြားေနရသည္ဟု ခံစားေနရသည္။ သူ၏ ဓါတ္မီး မွ ထြက္လာေသာ အလင္းေရာင္ေၾကာင့္သာ သူ၏ စိတ္ကို အနည္းငယ္ သက္သာရာရေစသည္။

ယခင္ႏွင့္ မတူသည္မွာ လမ္းတစ္ေလွ်ာက္တြင္ လမ္းေၾကာင္းအခြဲမ်ားစြာ ေတြ႕ျမင္ခဲ့ရၿပီး ယခင္ကထက္ ပိုမိုရႈပ္ေထြး ေနသည္။ သူသည္ ဝကၤမၻာတစ္ခုအတြင္းတြင္ လမ္းေလွ်ာက္ေနရသကဲ့သို႔ ခံစားေနရၿပီး အရပ္မ်က္ႏွာ ခြဲျခားနိုင္စြမ္း လုံးဝ ဆုံးရႈံးသြားရန္ အခ်ိန္မၾကာလိုက္ေပ။

လမ္းတစ္ေလွ်ာက္တြင္ ဖုတ္ေကာင္ စစ္သည္တစ္ခ်ိဳ႕ကို ေတြ႕ႀကဳံခဲ့ရသည္။ ထို႔အျပင္ ၎တို႔ တစ္ခ်ိဳ႕မွာ ဖုတ္ေကာင္ ဓားသမားမ်ား ထက္ပင္ သန္မာေနေသးသည္။ သို႔ေသာ္လည္း သူ၏ ေမွာ္ဓါတ္မီး ၏ ေတာက္ပမႈေအာက္တြင္ ဖုတ္ေကာင္စစ္သည္မ်ားမွာ ေနာက္ဆုတ္ထြက္ေျပးၾကရသည္။

မိန္းမအသံပင္ မတတ္နိုင္ဘဲ မွတ္ခ်က္ေပးလိုက္ရသည္။ ၾကည့္ရတာ ေကာင္းကင္ အလိုေတာ္ပဲထင္တယ္။ နင့္မွာ အဲ့ဒီ ဆန္းၾကယ္တဲ့ ပစၥည္းရွိမေနရင္ ဒီေျမေအာက္နန္းေတာ္ရဲ႕ အလယ္ေခါင္ကို နင့္ရဲ႕ အစြမ္းေလာက္နဲ႕ ေရာက္နိုင္မွာမဟုတ္ဘူး

ဇူအန္က ထိုအခြင့္အေရးကို အသုံးခ်ကာ ေမးလိုက္သည္။ ခင္ဗ်ား ေျပာေနပုံကို ၾကည့္ရတာ ဒီေနရာမွာ အခ်ိန္အေတာ္ၾကာေအာင္ ရွိေနခဲ့တယ္ထင္တယ္။ ခင္ဗ်ားက လူလား သရဲလား

မိန္းမအသံက ညင္သာစြာ တခစ္ခစ္ ရယ္လိုက္သည္။ နင္ ဘယ္လိုထင္လဲ

ဇူအန္၏ ေခါင္းထဲတြင္ ဣေျနၵရွိေသာ မိန္းမတစ္ဦး၏ ပုံရိပ္ေပၚလာသည္။ အင္း..ခင္ဗ်ားက လူ တစ္ေယာက္ပဲ ျဖစ္ျဖစ္၊ သရဲတစ္ေကာင္ပဲ ျဖစ္ျဖစ္ အရမ္းလွတဲ့ မိန္းမတစ္ေယာက္ျဖစ္ခဲ့မွာေတာ့ ေသခ်ာတယ္

လွတယ္... ထိုအခ်က္တြင္ အသံက ႐ုတ္တရက္ တိတ္ဆိတ္သြားသည္။ အခ်ိန္အေတာ္ၾကာ ရပ္သြားၿပီးမွ အထီးက်န္ျခင္းျဖင့္ သက္ျပင္းခ်လိဳက္သည္။ လွတာက ဘာအသုံးဝင္လို႔လဲ

၎သည္ သာမန္ မွတ္ခ်က္တစ္ခုျဖစ္ေသာ္လည္း ဇူအန္၏ ခႏၶာကို တုန္ယင္သြားေစသည္။ တစ္စုံတစ္ရာက သူ၏ အဒရီနယ္ဂလင္း ကို နိုးဆြေပးလိုက္သကဲ့သို႔ သူ၏ ႏွလုံးမွာ အဆက္မျပတ္ခုန္လာသည္။ တိမ္လႊာနဂါး သူရဲေကာင္းမ်ား  ဇာတ္လမ္းတြဲကို သူ ၾကည့္ခဲ့စဥ္က အဘယ္ေၾကာင့္ သြမ့္ယြိ က ၀မ်ယီယင် ကို သူမ၏ အသံၾကားရ႐ုံျဖင့္ အဘယ္ေၾကာင့္ စြဲလမ္းသြားသည္ကို နားမလည္နိုင္ျဖစ္ခဲ့ရသည္။
သို႔ေသာ္လည္း ယခုအခိုက္အတန့္တြင္ လူတစ္ေယာက္ကို သူတို႔၏ အသံျဖင့္ ဆြဲ႕ညို႔နိုင္စြမ္းရွိေသာ မိန္းကေလးတစ္ခ်ိဳ႕ ကမၻာတြင္ ရွိေၾကာင္း ေနာက္ဆုံး သူ နားလည္သြားၿပီျဖစ္သည္။
ဘာအေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ တဏွာ ျဖစ္နိုင္တာပဲလား။ အာ။

သူ႕ကိုယ္သူ ဆိတ္ဆြဲလိုက္ကာ အာ႐ုံမ်ား ရွင္းလင္းသြားသည္။ လမ္းေၾကာင္းမွာ တျဖည္းျဖည္းျဖင့္ က်ယ္လာသည္ကို ေတြ႕လိုက္ရသည္။ အၾကမ္းဖ်င္းၾကည့္႐ုံျဖင့္ ၎သည္ ေဘာလုံးကြင္းေပါင္း မ်ားစြာ အက်ယ္ရွိမည္ဟု သိနိုင္သည္။

ထိုေနရာတြင္ သူ၏ အာ႐ုံကို ဖမ္းယူနိုင္ဆုံး အရာမွာ အေရွ႕တြင္ ရွိေနေသာ ေရကန္ ပင္ျဖစ္သည္။ လွိုဏ္ဂူထဲတြင္ ေရကန္တစ္ခု ျဖစ္ရသည္အထိ ေရစုေဝးေနသည္မွာ မထူးဆန္းေပ။ သို႔ေသာ္လည္း ေရ၏ ၾကည္လင္မႈမွာ သာမန္မဟုတ္ေပ။ ထို႔အျပင္ ေရအထက္တြင္ ရွင္သန္ေနေသာ အစိမ္းေဖ်ာ့ေရာင္ အပင္အေညွာင့္တစ္ခ်ိဳ႕လည္းရွိေနေသးသည္။ ေရကန္၏ မ်က္ႏွာျပင္မွာ ျမဴအလႊာ ပါးပါးတစ္ခု၏ လႊမ္းၿခဳံျခင္းကို ခံထားရသည္။ ၿခဳံငုံၾကည့္ပါက ေမွာင္မဲေနေသာ ေျမေအာက္နန္းေတာ္တစ္ခု၏ အလယ္တြင္ ၎သည္ အလြန္အမင္း ၾကည့္ရ ထည္ဝါလြန္းေနသည္။

ဇူအန္တြင္ ဤကမၻာ၏ သာမန္ ဗဟုသုတမရွိေပ။ သို႔ေသာ္လည္း ထိုအပင္မ်ားမွာ သာမန္မဟုတ္ေၾကာင္း သူေျပာနိုင္ေနသည္။
ထိုအေၾကာင္းေတြးေနစဥ္ မိန္းမအသံ ထြက္ေပၚလာသည္။ အမွန္ပဲ။ အဲ့ဒီေရကန္ထဲမွာရွိေနတဲ့ ေဆးက နင့္ရဲ႕ အေဖာ္ကို ကုသေပးနိုင္တဲ့ အရာပဲ

ဇူအန္က ခ်ဴခ်ဴယန္၏ အသက္ရႈသံမွာ တျဖည္းျဖည္း တိုးလာေနသည္ကို ခံစားမိေနသည္။ ၎သည္ အာ႐ုံမစိုက္ပါက မၾကားရေတာ့သည့္ အခ်က္အထိ ေရာက္ေနၿပီျဖစ္သည္။ အခ်ိန္ျဖဳန္းမေနသင့္သည္ကို သိကာ သူမကို ေပြ႕လိုက္ ေရကန္ဆီသို႔ ေျပးသြားလိုက္သည္။

သို႔ေသာ္လည္း ေနာက္အခိုက္အတန့္တြင္ သူ၏ ခႏၶာကိုယ္တစ္ေလွ်ာက္ အလိုအေလွ်ာက္ ခိုက္ခိုက္တုန္သြားသည္။ သူ၏ ေျခလွမ္းမ်ားကို ရပ္တန့္သြားေစသည္။ ဘယ္ဖက္သို႔ လွည့္ၾကည့္လိုက္သည္။

သူသည္ ေရကန္ အထက္တြင္ ရွိေနေသာ အပင္မ်ားကို ျမင္ကာ အလြန္စိတ္လႈပ္ရွားခဲ့ သည့္အတြက္ ပတ္ဝန္းက်င္ကို ဂ႐ုတစိုက္ အကဲခတ္ရန္ ေမ့ေလ်ာ့သြားခဲ့သည္။ ထို႔ေနာက္ သူ လစ္လ်ဴရႈ႕ခဲ့ေသာအရာမ်ားကို ျမင္လိုက္ရသည္။

ဤႀကီးမားေသာ ေျမေအာက္စၾကၤန္၏ အလယ္တြင္  အတန္းလိုက္ သပ္ရပ္စြာ မတ္ရပ္ေနေသာ နီညိုေရာင္ ပုဆိန္လွံရွည္ ကိုင္ထားေသာ စစ္သည္မ်ားကို ေတြ႕လိုက္ရသည္။ ၎တို႔သည္ ေထာင္ေထာင္ေမာင္းေမာင္းျဖစ္ၾကၿပီး (၁.၈၅) မီတာေလာက္ ျမင့္မားၾကသည္။ အၾကမ္းဖ်င္း တစ္ခ်က္ၾကည့္႐ုံျဖင့္ ၎တို႔ အေရအတြက္ ေထာင္ေပါင္းမ်ားစြာ ရွိေနသည္ကို ဇူအန္ ေျပာနိုင္ေနသည္။

ပုဆိန္လွံရွည္ သမား မ်ာ ေဘးတြင္ စစ္ရထား အဖြဲ႕ႏွင့္ သူတို႔၏ အေနာက္တြင္ ေလးသမားတပ္ရင္း အုပ္ႀကီးရွိေနသည္။
တစ္နည္းဆိုရေသာ္ ဇူအန္သည္ ဤေနရာတြင္ လက္နက္အင္အားျပည့္စုံေသာ စစ္တပ္တစ္တပ္ကို ေတြ႕ႀကဳံေနရၿပီျဖစ္သည္။

ဇူအန္ မယုံနိုင္ျဖစ္ကာ မ်က္လုံးပြတ္ၾကည့္လိုက္ျပန္သည္။ သူ၏ ယခင္ဘဝက သြားလည္ပတ္ခဲ့ဖူးေသာ ခ်င္ရွီ ၏ ဂူသခၤ်ိဳင္း ေနရာ သမိုင္းျပတိုက္သို႔ တစ္ဖန္ ျပန္ေရာက္ေနသလားဟု ေတြးလိုက္သည္။

ဒါက တကယ္ကို တာရာကိုတာစစ္သည္ေတာ္ေတြ မဟုတ္ဘူး မလား။ (ဧကရာဇ္ ခ်င္ရွီ၏ ႐ႊံ႕႐ုပ္စစ္သည္မ်ား)
သို႔ေသာ္လည္း ထိုအရာႏွစ္ခုတြင္ ကြာျခားခ်က္ရွိေနသည္။ သူ၏ အေရွ႕တြင္ ရွိေနေသာ တာရာကိုတာ စစ္သားမ်ားမွာ ေတာက္ပေသာ သံခ်ပ္ဝတ္စုံမ်ားကို သပ္သပ္ရပ္ရပ္ ဝတ္ဆင္ထားသည္။ သူတို႔၏ ခြၽန္ထက္ေသာ လက္နက္မ်ား က သူတို႔မွာ လက္ေ႐ြးစင္တပ္သားမ်ားျဖစ္သည္ကို ျပသေနသည္။ သူတို႔သည္ ယခင္ဘဝက သခၤ်ိဳင္းဂူ ေနရာ သမိုင္းျပတိုက္ထဲတြင္ ျမင္ဖူးသည့္ ပ်က္စီးယိုယြင္းေနသည့္ တာရာကိုတာ စစ္သားမ်ားႏွင့္ ယွဥ္၍မရေပ။

က်ဴးေက်ာ္သူတစ္ဦးကို အာ႐ုံရမိလိုက္သကဲ့သို႔ အိပ္ေပ်ာ္ေနေသာ တာရာကိုတာ စစ္သည္ေတာ္မ်ား၏ မ်က္လုံးမ်ားတြင္ အျပာေရာင္အလင္း စတင္ ေတာက္လာသည္။ သူတို႔အားလုံးမွာ ဇူအန္ ဘက္သို႔ ႐ုတ္တရက္ တစ္ဦးၿပီးတစ္ဦး ဆက္တိုက္လွည့္ၾကည့္လိုက္ၾကသည္။
ထိုခံစားခ်က္ကို ေဖာ္ျပရန္ ခက္ခဲလွသည္။ ေထာင္ခ်ီေသာ တာရာကိုတာ စစ္သည္ေတာ္မ်ား၏ အၾကည့္ကို တစ္ခ်ိန္တည္း မွာ ခံရျခင္းမွာ အလြန္ ၿခိမ္းေျခာက္ဖြယ္ေကာင္းေနၿပီး အသက္ရႉၾကပ္လုနီးပါးျဖစ္ေစသည္။

ဂ်ဳံး
ပထမတန္းရွိ တာရာကိုတာ စစ္သားမ်ား စတင္ ေ႐ြ႕လာၾကသည္။ သူတို႔၏ လက္ထဲတြင္ ပုဆိန္လွံရွည္မ်ားကို ကိုင္ေဆာင္ထားသည္။ သို႔ေသာ္ အေၾကာင္းအရာတစ္ခ်ိဴ႕ေၾကာင့္ ၎တို႔မွာ ဇူအန္ ကို ခ်ိန္ထားသည္ဟု ထင္ေနရသည္။ သူတို႔၏ လႈပ္ရွားဟန္မ်ားမွာ အစတြင္ အနည္းငယ္ ကို႔ရို႔ကားယား ျဖစ္ေနေသာ္လည္း ေနာက္တြင္ တျဖည္းျဖည္း ျပန္တည္ၿငိမ္လာသည္။

ဇူအန္ ပါးစပ္အေဟာင္းသား ျဖစ္သြားသည္။ ထို တာရာကိုတာ စစ္သားမ်ား၏ တိုက္ခိုက္ရည္ကို စမ္းသပ္ၾကည့္ရန္ပင္ စိတ္မကူးေတာ့ေပ။ သူတို႔၏ အေရအတြက္ျဖင့္ သူ႕ဆီသို႔ တစ္ၿပိဳင္နက္တည္း ေျပးဝင္လာပါက သူ႕ကို ေပ်ာက္ကြယ္သြားသည္အထိ အလြယ္တကူ အမႈန့္ႀကိတ္နိုင္ေနသည္။

--- --- --- --- --------------------------------------------- --- --- ---

Fortsæt med at læse

You'll Also Like

160K 4.9K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
372K 68.6K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
124K 5.7K 174
Bota e Mafies është një botë e errët ku jo të gjithë zgjedhin të jenë pjesë e saj. Ajo nuk kishte zgjedhur të ishte pjesë e asaj bote...ishte fati q...