ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.1K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

160

318 50 0
By SoeHmue

Chapter 160: ပိုးကြေးပန်းကြေး

ကြောက်ရွံ့တုန်လှုပ်သော အမူအရာဖြင့် ရှီခွန်း ဇူအန်ကို အသည်းအသန် အော်ဟစ်နေသည်။

မည်သို့ပင်ဆိုစေ ဇူအန်သည် ရှီခွန်း စကားကို နားထောင်ဖို့ လုံးဝမဖြစ်နိုင်ချေ။ သူ့ရင်ခွင်ထဲ ချူချူယန်ကို ဖက်ထားရင်း ရှီခွန်း ရှိနေသည့်နေရာဘက်သို့ တန်းနေအောင်ပြေးလာသည်။

သူ့နောက်မှ လိုက်လာသည့် လှံသမားဖုတ်ကောင်များကို ကြည့်ပြီး ရှီခွန်း သူ့စိတ်ထဲ တစ်ခုခုပေါက်ကွဲသွားသည့်ပမာ ခံစားလိုက်ရသည်။ သူ့ဘဝတစ်လျှောက်လုံး၌ လူတစ်ယောက်ကို အခုချိန် စက်ဆုပ်မုန်းတီးသလိုမျိုး အရင်တုန်းက မမုန်းခဲ့ဖူးပါ။

သူ့ခံစားချက်ထဲ နစ်မြုပ်နေရန် လက်ရှိအခြေအနေက သူ့ကို တစ်ခါလေးမျှ ရပ်နားခွင့်မပေးပါ။ လှံသမားဖုတ်ကောင်များကို ခုခံတိမ်းရှောင်ပြီး ထွက်ပြေးရန် သူ့၌ ရှိသမျှနည်းလမ်းအားလုံးကို အလျှင်အမြန် အသုံးပြုလိုက်သည်။ မဟုတ်လျှင် မကြာခင်အတွင်း သူ နင်းခြေခံရလိမ့်မည်။

“သခင်လေး သတိထားပါ”

ရှောင်းရွှယ်ယင် သည် ရှီခွန်းဘက်သို့ ချီတက်ပြေးလာနေသော လှံသမားဖုတ်ကောင်အချို့ကို တားဆီးရန် သူ့ဘက်သို့ သူမနွယ်ပင်အချို့ကို စေလွှတ်လိုက်သည်။ သစ်သားစွမ်းရည်သည် မသေနိုင်သူများပေါ်သို့ ပိုပြီး အသုံးဝင်ပုံပေါ်သည်။ ၎င်း၏ ချုပ်နှောင်မှုစွမ်းရည်ကြောင့်ဖြစ်နိုင်၏။

ရှီခွန်း၏ ဓားမုန်တိုင်းသည် အင်အားကြီးလွန်းသော်ငြားလည်း သူ့အတွက် လှံသမားဖုတ်ကောင် ခန္ဓာကိုယ်များမှ သွေး သို့မဟုတ် အသွေးအသားများ လှီးဖြတ်စရာမရှိပါ။ ယင်းဖုတ်ကောင်များက ဒိုင်းကာများ ကိုင်ထားနေသည့်အချက်ကို ထည့်ပြောစရာပင်မလိုတော့ချေ။ ရလဒ်အနေဖြင့် သူ့ကိုယ်သူ ကူကယ်ရာမဲ့သော အခြေအနေသို့ ရောက်သွားကြောင်း တွေ့ရှိလိုက်သည်။

ငါတောင် သူတို့ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ဒီလောက်ကြိုးစားရုန်းကန်နေတယ်ဆိုရင် ဇူအန် အားနည်းပုံနဲ့  အခုလောက်ဆို သူ သေသွားလောက်ပြီ ဟုတ်တယ်မလား။

အခုချိန်၌ ဇူအန် သေမသေကို သူ တစ်စက်လေးမျှ ဂရုမစိုက်နိုင်ပါ။ သူ့အာရုံစိုက်မှုသည် ချူချူယန်အပေါ်၌သာ ရောက်နေသည်။ သူ့ပတ်ဝန်းကျင်ကို အလျှင်အမြန် စစ်ဆေးကြည့်ရှုလိုက်သည်။ နောက်တခဏ၌ သူ့မျက်လုံးများ ပြူးသွားရလေသည်။ ဇူအန်သည် လှံသမားဖုတ်ကောင်များပတ်ပတ်လည်တွင် ရိပ်ကနဲ ရိပ်ကနဲ လည်ပတ်နေပြီး ထိုးနှက်ရန် အခွင့်ကောင်း စောင့်နေသည်။ အံ့သြဖွယ်ကောင်းစွာဖြင့် သူ ထုတ်လွှတ်သည့် ထိုးနှက်မှုတစ်ခုစီတိုင်းသည် လှံသမားဖုတ်တစ်ကောင် သေသွားခြင်းဖြင့် အဆုံးသတ်သွားသည်။

“အဓိပ္ပါယ်မရှိလိုက်တာ။ သူ့အင်အား နဲ့ အမြန်နှုန်းက အများဆုံး ငါ နဲ့ပဲ ယှဉ်လို့ရတာကို” ရှီခွန်း ဇဝေဇဝါဖြစ်သွားသည်။ လှံသမားဖုတ်ကောင်များ၏ ခုခံစွမ်းအားကို သူ ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။ ၎င်းတို့သည် လှံဖြင့် တစ်ချက်ထိုးလိုက်ရုံနှင့် သတ်လို့ရသည့် သူမျိုး လုံးဝမဟုတ်ကြပါ။

ခဏနေအုံး…လှံလား

ဇူအန်သည် လှံသမားဖုတ်ကောင်များ အသုံးပြုသည့် လှံ နှင့် တစ်ထေရာတည်းတူညီသည့် လှံတစ်ခုကို အသုံးပြုနေခြင်းဖြစ်ကြောင်း ရှီခွန်း ရုတ်တရက် သတိထားမိသွားသည်။ ကြည့်ရတာ မြေပြင်ပေါ်ကနေ သူ ကောက်ယူထားတဲ့ပုံပဲ။ သူ့စိတ်ထဲ အတွေးတစ်ခု ထွက်ပေါ်လာပြီး သူ့လက်အောက်ငယ်သားနှစ်ယောက်ထံသို့ ချက်ချင်းလှမ်းအော်ပြောလိုက်သည်။ “ဖုတ်ကောင်တွေရဲ့ လက်နက်တွေကို အသုံးပြုကြ။ အဲ့ဒါတွေက သူတို့ကို ဟန့်တားနိုင်တယ်”

ယင်းစကားများ လှမ်းပြောလိုက်ပြီးနောက် မြေပြင်ပေါ် ကျသွားသည့် လှံများထဲမှ တစ်ခုကို ချက်ချင်းကောက်ယူပြီး စတင်ဝှေ့ယမ်းလိုက်သည်။ လှံနှင့် ပတ်သက်ပြီး သူ သိပ်မတတ်ကျွမ်းသော်လည်း သူ တစ်ခါထိုးနှက်နိုင်လျှင် ဖုတ်ကောင်များ၏ ရွေ့လျားနှုန်းသည် အနည်းဆုံး တစ်ဝက်ကျော်ကျော်နှေးကွေးသွားကြောင်း သူ တွေ့ရှိလိုက်သည်။ ထိုအရာက သူ့အပေါ် ဖိကျလာသည့် ဖိအားများကို လျော့နည်းသွားစေသည်။

သူတို့လှံတွေက ဒီလောက်ကြီးမားတဲ့ အစွမ်းအစမျိုး ပိုင်ဆိုင်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။

ယင်းလှံများကို တပ်စုတစ်ခုစာလောက် ပြန်ယူသွားဖို့ ရှီခွန်း စဉ်းစားလိုက်သည်။ အဲ့ဒါတွေက မယုံနိုင်လောက်အောင် အင်အားကြီးတဲ့ လက်နက်တွေ ဖြစ်နေနိုင်တာပဲ။

ရှောင်းရွှယ်ယင် နှင့် အခြား အဆင့် ၄ ကျင့်ကြံသူများကလည်း သူ့အတိုင်း အလျှင်အမြန် လိုက်လုပ်ကြသည်။ လူတစ်ယောက် လှံတစ်ခုစီ ဖမ်းဆုပ်ကိုင်ဆောင်ထားကြပြီး စတင်တန်ပြန်တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် အချိန်တစ်ခုအထိ တောင့်ခံနိုင်ကြမယ့်ဟန်ပေါ်သည်။

ဇူအန်သည် လှံသမားဖုတ်ကောင် အများစုကို ရှီခွန်းဘက်သို့ မျှားခေါ်သွားလိုက်ပြီဖြစ်သော်လည်း ဇွဲမလျော့ဘဲ သူ့နောက်မှ လိုက်နေသော ဖုတ်ကောင် ငါးကောင် ရှိနေသေးသည်။

“ငါ့ကို ချပေးပါ” ချူချူယန်က အင်အားချည့်နဲ့စွာ ပြောလိုက်သည်။

ဇူအန် ခေါင်းရမ်းပြီး သူမကို လွှတ်ချထားဖို့ကို ငြင်းဆန်လိုက်သည်။

ချူချူယန် မျှော်လင့်ချက်မဲ့စွာ သက်ပြင်းချပြီး ရှင်းပြလိုက်သည်။ “ငါ့ကို ချီထားရင်းနဲ့ လှံသမားဖုတ်ကောင်အများကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ နင့်အတွက် လွယ်ကူမှာ မဟုတ်ဘူး။ ထောင့်တစ်နေရာရာမှာ ငါ့ကို အရင်ချထားပြီးမှ သူတို့ကို တိုက်ခိုက်လိုက်ပါ။ နင် ပြီးသွားတာနဲ့..ငါ့ကို ပြန်လာခေါ်ပြီး ထွက်သွားလို့ရတာပဲ”

“အာ ငါ မင်းစကားတွေကို နားလည်မှုလွဲသွားတာ” ဇူအန် တိုးတိုးညင်းသာစွာ ရယ်လိုက်သည်။ သူမရှေ့တွင် အစောင့်တစ်ယောက်ပမာ ရပ်ရင်း လှိုဏ်ဂူထောင့်နားတစ်နေရာ၌ သူမကို ညင်ညင်သာသာ ချပေးလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်ပြီး လှံသမားဖုတ်ကောင် ငါးကောင်ဘက်သို့ တဟုန်ထိုးချီတက်လိုက်သည်။

နေကြာပန်းသိုင်းကို အမြင့်ဆုံးထိ ထုတ်လွှတ်ပြီး သူ့လက်ထဲရှိ လှံဖြင့် သူတို့ကို ထိုးနှက်လိုက်သည်။ သို့သော် သူ၏ လှံ ကိုင်စွဲအသုံးပြုပုံ မတတ်ကျွမ်းမှုကြောင့် လှံသမားဖုတ်ကောင်များ၏ ခန္ဓာကိုယ်များကို ထိုးနှက်မိရန် သူတို့၏ ဒိုင်းကာများကို ရှောင်ကွင်းဖို့ သူ အခက်တွေ့နေလေသည်။

“နင့်လှံချက်ကို သူတို့ ထိုးနှက်လာတဲ့အချိန်မှာ အချိန်ကိုက်ထုတ်လွှတ်ဖို့ ဂရုတစိုက် ချိန်ထားလိုက်ပါ” ချူချူယန်က သတိပေးလိုက်သည်။

သူမကိုယ်သူမ ကံတရားလက်ထဲသို့ ပုံအပ်လိုက်ပြီဖြစ်သည်။ သို့သော် သူမကြောင့်နဲ့ ဤနေရာ၌ ဇူအန် သေသွားမှာကို သူမ မမြင်ချင်ပါ။ လပြည့်မြို့၏ နံပါတ်တစ် ပါရမီရှင်အနေဖြင့် သူမ၏ ထိုးစစ်အာရုံ နှင့် အတွေ့အကြုံများသည် လက်ရှိဇူအန်နှင့် အများကြီးကွာဟနေသည်။

ဇူအန် ခေါင်းညိတ်ပြလိုက်သည်။ လှံသမားဖုတ်ကောင်များကြား၌ လှစ်ခနဲ လှုပ်ရှားပြီး သူတို့ဘက်မှ တိုက်ခိုက်လာရန် မျှားလိုက်သည်။ သူတို့ထဲမှ တစ်ယောက်က သူတို့လှံများဖြင့် ထိုးနှက်လာရန် သူတို့ဒိုင်းကာများ အနည်းငယ်လျော့လိုက်သည့်အချိန်ထိ စောင့်ပြီး သူ့လှံဖြင့် လျှင်လျှင်မြန်မြန် ထိုးလိုက်သည်။ ၎င်းက ယင်းဖုတ်ကောင်ရင်ဘတ်သို့ တည့်တည့်ထိမှန်သွား၏။

ထိုနည်းလမ်းအတိုင်း နောက်ထပ်ဖုတ်ကောင်တစ်ကောင်ကို သူ့ရင်ဘတ်တည့်တည့်သို့ ထိုးလိုက်ပြီး သူ့နေရာ၌တင် သတ်လိုက်သည်။ သို့သော် သူ့လှံက ယင်းဖုတ်ကောင်ရင်ဘတ်ထဲ ထိုးစိုက်နေစဉ်တွင် သူ့ရဲဘော်ရဲဘက်များထဲက တစ်ယောက်က ရုတ်တရက် ရှေ့တိုးလာပြီး သူ့လှံ၏ အခြားတစ်ဖက်မှ ဖမ်းဆုပ်၍ သူ့လက်ထဲမှ လှံကို ဆွဲလုရန် ကြိုးစားနေသည်။

“လွှတ်စမ်း” ဇူအန် သူ့လှံကို ပြန်ဆွဲနှုတ်ရန် အားအင်အပြည့်နဲ့ကြိုးစားနေရင်း အော်ပြောလိုက်သည်။

ထိုဖုတ်ကောင်သည် ရုတ်ခနဲပြန်ဆွဲယူမှုကြောင့် အရှေ့ဘက်သို့ ယိမ်းယိုင်လာသော်လည်း လက်နက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားနေဆဲဖြစ်သည်။ ထိုသို့ဖြင့် လူတစ်ယောက်နှင့် အလောင်းတစ်ကောင်သည် ရက်စက်ကြမ်းတမ်းသော စစ်မြေပြင်အလယ်၌ အဓိပ္ပါယ်မရှိသည့် လွန်ဆွဲပွဲကို စတင်လိုက်ကြသည်။

ထိုအချိန်တွင် ကျန်နေသေးသည့် အခြားဖုတ်ကောင်နှစ်ကောင်ကလည်း ဘေးတစ်ဖက်တစ်ချက်ဆီမှ သူ့ကို ဝိုင်းရံလာကြပြီး သူ့လက်မအားသည့်အချိန်အတွင်း၌ သူ့ကို တိုက်ခိုက်ရန် ကြိုးစားလိုက်ကြသည်။

သူတို့၏ အဆက်အစပ်ရှိရှိ လှုပ်ရှားမှုအောက် ဇူအန် ကျရှုံးသွားတော့မည့်ပမာ ဖြစ်ပေါ်နေသည့်အချိန်တွင် ရုတ်တရက် သူ့လက်မောင်းတစ်ဖက်ကို မြောက်ပြီး သူ့လှံကို ပြိုင်ဆွဲနေသည့် ဖုတ်ကောင်ခေါင်းသို့ မြားတစ်ချက် ပစ်ထည့်လိုက်သည်။

“……” ဖုတ်ကောင်

ကျင့်ကြံသူတစ်ယောက်ပီသမှုက ဘယ်လိုဖြစ်သွားပြီလဲ။ ဒါက မျှတတဲ့ တိုက်ပွဲဖြစ်ရမှာလေ။ ဘယ်လိုလုပ်ပြီး လက်နက်ပုန်းတွေ ထုတ်သုံးနိုင်ရတာလဲ။

သင်သည် ဖုတ်ကောင်ထံမှ အမျက်ပွိုင့် ၆၆၆ ရရှိပါသည်။

ထိုအဖြစ်ကို တွေ့သည့်အခါ ဇူအန် အူမြူးသွားသည်။ ဖုတ်ရဲမက်တွေက ထိတွေ့ခံစားနိုင်မှု ရှိကြလိမ့်မယ်ဟု သူ မထင်ပါ။ သူတို့ပုံစံသည် သိပ်မထက်မြတ်သည့် ပုံစံ ပေါက်နေကြတာကတော့ နှမျောစရာပင်။ မဟုတ်လျှင် သူ ရရှိနိုင်မယ့် အမျက်ပွိုင့်ပမာဏသည် ပိုများသွားနိုင်လိမ့်မည်။

ဒါပေမယ့်လည်း တကယ်လို့ သူတို့သာ ထက်မြတ်သွားကြရင် သူတို့ကို ရင်ဆိုင်ကိုင်တွယ်ရာမှာ သူ ပိုပြီး အခက်တွေ့သွားလိမ့်မည်။

သူ့စိတ် အနည်းငယ် ပျံ့လွင့်သွားသော်လည်း သူ့ခန္ဓာကိုယ်သည် လုံးဝမရပ်တန့်နေခဲ့ပါ။ သူ့ရှေ့ရှိ ဖုတ်ကောင်ကို ပစ်ချလိုက်ပြီးနောက် သူ့လှံကို အလျှင်အမြန် ပြန်ဆွဲနှုတ်ပြီး သူ့ဘေးရှိ ကျန်ဖုတ်ကောင်နှစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ အမြန်နိုင်ဆုံးဖြင့် ထိုးထည့်လိုက်သည်။

လှံသမားဖုတ်ငါးကောင်ကို သုတ်သင်ပြီးနောက် ဇူအန် သူ့အောင်မြင်မှုကို ချူချူယန်ထံ တင်ပြရန် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ခေါင်းနောက်လှည့်လိုက်သည်။ သို့သော်ငြားလည်း သူကသာ အလွန်ကြောက်လန့်တုန်လှုပ်သွားရသည်။

ပုဆိန်သမား ဖုတ် သုံးကောင်သည် သူမအနား၌ ရောက်နေကြပြီဖြစ်ပြီး သူတို့၏ ပုဆိန်များဖြင့် သူမကို ဖြတ်ခုတ်လုနီးဖြစ်နေပြီဖြစ်သည်။ ထိုသို့ဖြစ်နေလျှက်နှင့် ချူချူယန်သည် အေးဆေးတည်ငြိမ်ငြိမ်းချမ်းသော မျက်နှာအမူအယာနှင့် ရှိနေပြီး အကူညီတောင်းသံတစ်စက်လေးမျှ မထွက်ခဲ့ချေ။

ဇူအန်သည် ချက်ချင်း သူ့လက်ထဲရှိ လှံကို ပစ်လွှတ်လိုက်ပြီး ပုဆိန်သမား ဖုတ်တစ်ကောင်ကို သတ်လိုက်သည်။ ထို့နောက် သူ ဝှက်ထားသော လေးကို မြောက်ပြီး နောက်တစ်ကောင်ကို ပစ်ထည့်လိုက်သည်။

နောက်ဆုံးတစ်ယောက်ကိုမူ နေကြာပန်းသိုင်းအား အမြင့်ဆုံးထိ မြှင့်တင်ပြီး ယင်းဖုတ်ကောင်၏ ပုဆိန်ကို နောက်ဆုံးအချိန်လေး၌ အချိန်မှီ တားဆီးနိုင်ခဲ့သည်။ ထို့နောက် မြေပြင်ပေါ် ကျနေသည့် လှံတစ်စင်းကို အလျှင်အမြန် ကောက်ယူပြီး ယင်းပုဆိန်သမားဖုတ်ကောင်၏ အသက်ကို နှုတ်ယူလိုက်သည်။

ထိုအရာအားလုံး လုပ်ဆောင်ပြီးနောက် ချူချူယန် အခြေအနေကို ဂရုတစိုက်ဖြင့် အလျင်စလို စစ်ဆေးရင်း အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ “မင်း ဒဏ်ရာရသွားသေးလား။ ဘာလို့ အကူအညီမတောင်းလိုက်တာလဲ”

“ခုနတုန်းက နင်လည်း အန္တရာယ်များတဲ့ အနေအထားမှာ ရောက်နေတာလေ။ ငါ နင့်ကို အာရုံမလွဲစေချင်လို့ပါ။ ဒါ့အပြင် ငါက သေလူ ဖြစ်ပြီးသားပါ။ ငါ အခု သေသေ နောက်မှသေသေ ဘာမှမကွဲပြားပါဘူး” ချူချူယန်၏ မျက်နှာ ဖြည်းဖြည်းချင်း နီရဲလာပြီး အလျှင်အမြန် ထည့်ပြောလိုက်သည်။ “ပြီးတော့ နင် ငါ့ကို ထိတွေ့စမ်းသပ်နေတာ ရပ်လို့ရမလား”

ဇူအန် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ပြီး သူ့လက်ကို အလျှင်အမြန် ရုတ်သိမ်းလိုက်သည်။ “မင်း ဒဏ်ရာရမရ ငါ စစ်ဆေးပေးလိုက်တာပါ။ မင်းကို အသားယူဖို့ ကြိုးစားနေတာ မဟုတ်ဘူး”

ချူချူယန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်တိတ်ဆိတ်သွားသည်။

ထိုစဉ် အခြားလှံသမားဖုတ်ကောင်များသည် ဇူအန်ဘက်က သူ့ရဲဘော်ရဲဘက်များ၏ ဆိုးရွားသော အဖြစ်ကို တွေ့သွားကြပြီး သူ့ဘက်သို့ အလျှင်အမြန် ချီတက်လာကြသည်။ အကြမ်းဖျင်းခန့်မှန်းတွက်ချက်မှုအရ အနည်းဆုံး သုံးဆယ်မှ လေးဆယ်လောက်အထိ ဖြစ်ကြလိမ့်မည်။

ချူချူယန် မျက်နှာထက်တွင် နက်နဲသော အရေးအကြောင်းများ ချက်ချင်းထွက်ပေါ်လာသည်။ “မြန်မြန် ငါ့ကို ချပေးလိုက်”

“အဲ့တာတော့ မဖြစ်ဘူး။ ငါ အဲ့လောက်ဖုတ်ကောင်အများကြီးကို တစ်ခါတည်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ငါ မင်းကို ဒီမှာ ချန်ထားလိုက်ရင် ပြောစရာမလိုအောင် မင်း သေသွားလိမ့်မယ်” ဇူအန် ခေါင်းခါလိုက်သည်။ အန္တရာယ်ကျရောက်ခါနီးသော်လည်း အော်ဟစ်အကူအညီတောင်းဖို့ ချူချူယန် ငြင်းဆန်ခဲ့ပြီးသည့်နောက် သူမကို တစ်ယောက်တည်း နောက်ထပ်လွှတ်ထားလို့မဖြစ်ကြောင်း သူ သိလိုက်သည်။

သူမခန္ဓာကိုယ်ကို အလျှင်အမြန် ချီပွေ့ပြီး လှံသမားဖုတ်ကောင်များကြားသို့ ချီတက်လိုက်သည်။ ဤနေရာ၌ သူ့ဘက်မှ အရင်ထိုးစစ်ဆင်ကာကွယ်ဖို့ လိုအပ်သည်။ မဟုတ်လျှင် သူတို့ သူ့ကို ပတ်ပတ်လည်ကနေ ဝိုင်းရံနိုင်သွားကြတာနဲ့ ပိုခက်ခဲသွားလိမ့်မည်။

သူ့လှုပ်ရှားမှုများကို ကြိုတင်မှန်းဆလို့မရပါ။ ထို့အပြင် လှံကို သူ့နေကြာပန်းသိုင်းနှင့် တွဲဖက်အသုံးပြုခြင်းအား သူ လျှင်လျှင်မြန်မြန် ပိုအသားကျလာသည်။ အချို့လှံသမားဖုတ်ကောင်များသည် သူ့လှံ၏ တည့်တည့်ထိမှန်မှု ခံကြရပြီး ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သေသွားကြသည်။

“ငါ့ကို ချီထားရင်းနဲ့ဆို နင့်လက်တစ်ဖက်တည်းကိုပဲ အသုံးပြုနိုင်မှာ။ အဲ့ဒါကလည်း နင့်ရဲ့ အမြန်နှုန်းနဲ့ ကိုယ်နေဟန်ထားကို ထိခိုက်စေလိမ့်မယ်။ လက်တစ်ဖက်တည်းနဲ့ဆို လှံကို ကောင်းကောင်းအသုံးပြုနိုင်မှာ မဟုတ်ဘူး။ အဲ့အပြင် နင့်ရဲ့ ကီတွေ ကုန်ဆုံးလျော့ပါးလာနှုန်းကလည်း မြန်လွန်းတယ်။ ဒီလိုပုံစံနဲ့ဆို နင်တကယ်သေသွားလိမ့်မယ်” ချူချူယန် စိုးရိမ်တကြီး ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ လူဆိုးတွေက နှစ်ပေါင်းအများကြီးအထိ အသက်ရှင်ကြတယ်လို့ မင်းပဲ ပြောခဲ့တာမဟုတ်ဘူးလား။ ငါ အဲ့လောက်လွယ်လွယ်နဲ့ သေသွားမှာ မဟုတ်ဘူး” ဇူအန် ပြန်ပြောလိုက်သည်။ “ငါ့မိန်းမက ဝတဲ့သူ မဟုတ်လို့ ငါ ဝမ်းသာနေတာ။ မဟုတ်ရင် မင်းကို လက်တစ်ဖက်နဲ့ ချီပွေ့ထားလျက် တိုက်ခိုက်ဖို့ ငါ့အတွက် လွယ်ကူမှာ မဟုတ်ဘူး”

ချူချူယန် ရှက်ကိုးရှက်ကန်းဖြင့် ပက်ခနဲ ပြန်ပြောလိုက်သည်။ “နင်သာ ဝနေတာ”

ဇူအန် စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်ကို တွေ့သောအခါ သူ့ကို အာရုံမလွဲစေရန် ဘာမှထပ်မပြောဖို့ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူမနဖူးထက်၌ စိုးရိမ်ပူပန်မှုကြောင့် ထွက်လာသည့် တွန့်မဲ့နေသော အရေးအကြောင်းများ ရှိနေဆဲဖြစ်သည်။ သူ့အကောင်းဆုံးအခြေအနေမှာတောင် လှံသမားဖုတ်ကောင် ဒီလောက်အများကြီးကို မရပ်မနား ဖြေရှင်းကိုင်တွယ်ဖို့ သူ့အတွက် လွယ်ကူမှာ မဟုတ်ဘူး။ အခုဆို သူမက သူနဲ့ အနှောင့်အယှက်သက်သက်ဖြစ်အောင် ရှိနေသေးတယ်။

သို့သော် ခဏအကြာတွင် ဇူအန် အင်အားကို အထင်သေးလျော့တွက်နေခဲ့မိကြောင်း ချူချူယန် သဘောပေါက်သွားသည်။ သူမကို ချီထားလျက်နှင့်ပင် သူသည် လျှင်မြန်ဖျတ်လတ်စွာ လှုပ်ရှားနိုင်ဆဲဖြစ်ပြီး သူ့လှံထိုးနှက်ချက်တိုင်းကလည်း လှံသမားဖုတ်တစ်ကောင်၏ အသက်ကို ထိထိရောက်ရောက် နှုတ်ယူသွားနိုင်သည်။

အမှန်မှာ အင်အားနှင့်အမြန်နှုန်းဘက်၌ သူသည် အကောင်းဆုံးအခြေအနေရောက်နေသည့် သူမနှင့် တန်းတူဖြစ်နေပြီဖြစ်သည်။ သူ၏ အားပြင်းလွန်းလှသော တိုက်ကွက်ကိုပါ ထည့်တွက်လိုက်လျှင် အကယ်၍ သူမ၏ စွမ်းအားအရင်းအမြစ်ကိုသာ မထုတ်သုံးလျှင် သူမသည် သူ့အတွက် တန်းညီပြိုင်ဖက် ဖြစ်တော့မှာ မဟုတ်ချေ။

လှံသမားဖုတ်ကောင် ၂၃ ကောင်ကို မရပ်မနား သတ်ဖြတ်လိုက်ပြီးသည့်နောက်၌ ဇူအန်၏ အမြန်နှုန်းသည် စတင်နှေးလာခဲ့သည်။ သူ့အားစိုက်ထုတ်မှုက သူ့အပေါ် စတင်သက်ရောက်လာခဲ့သည်။ သူ၏ လေးလံသော အသက်ရှူသံက သက်သေပင်။ လက်တစ်ဖက်ဖြင့် လူတစ်ယောက်ကို ပွေ့ချီပြီး နောက်တစ်ဖက်ဖြင့် လှံ ကိုင်စွဲတိုက်ခိုက်ခြင်းသည် သေချာပေါက် ပင်ပန်းခက်ခဲသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ အလွန်ခက်ခဲပုံမှာ ဇူအန်၏ ညာဘက်လက်မောင်းသည် ထုံထိုင်းသွားလုခါနီးအထိ ဆိုးဆိုးရွားရွား ကိုက်ခဲနာကျင်နေသည်။

ပိုဆိုးရွားသည်မှာ လှံသမားဖုတ်ကောင်အများအပြား သူ ပိုသတ်လေလေ အခြားဖုတ်ကောင်များထံမှ အာရုံစိုက်ခံရမှု သူ ပိုရလေလေဖြစ်သည်။ ပို၍ ပို၍ များပြားသော ဖုတ်ကောင်များသည် ရှီခွန်းတို့ဘက်ကို ကျောခိုင်းပြီး သူ့ဘက်သို့ လာနေကြသည်။

သောက်တလွဲတွေ ဖုတ်ကောင်တွေကရော ငါ့ခံ့ညားမှုရဲ့ ဆွဲဆောင်မှု ခံကြရတာလား။

“အစ်ကို ချီး မင်းကိုယ်မင်း အမြဲတမ်း ဒီကမ္ဘာပေါ်က အကြီးမြတ်ဆုံးသူလိုမျိုး ပြောနေတတ်တာ။ အဲ့ဒါကို အခုချိန်ကျ ဘာလို့မကြိုးစားတော့တာလဲ။ မင်းဖုတ်ကောင်တွေအားလုံးက အခု ငါ့ဘက်ကို လာနေကြပြီ” ဇူအန် ကျိန်ဆဲရင်း လှမ်းပြောလိုက်သည်။

ရှီခွန်းသည် သူ့ပုံမှန်ဟန်ဆောင်မှုပုံစံကို ထည့်မစဉ်းစားတော့ဘဲ ချက်ချင်း ပြန်ကျိန်ဆဲလိုက်သည်။ “သောက်တလွဲတွေ။ခုနတုန်းက ဖုတ်ကောင်အများအပြားကို ထိန်းချုပ်ပြီး မင်းကို အချိန်ကောင်းပေးတဲ့သူက ငါတို့နော်။ ညဉ်းညူနေတာ ရပ်ပြီး မင်းလုပ်စရာရှိတာကို လုပ်နေလိုက်”

ဒီမှာ တိုက်ခိုက်မှုကို စုပြုံခံနေရတဲ့သူက သူ ဆိုတာ သိသာနေတာပဲကို သူချစ်ရတဲ့ နတ်မိမယ်ကို ဖက်ချီထားတဲ့သူက အမှတ်အများဆုံးယူပြီး ညဉ်းညူရဲသေးတယ်။ ထိုအချက်က ရှီခွန်းကို အကြီးအကျယ် နင်သွားစေသည်။

သင်သည် ရှီခွန်းထံမှ အမျက်ပွိုင့် ၉၉၉ ရရှိပါသည်။

တဖက်၌ ဖူအန်သည် ရောက်လာသည့် အမျက်ပွိုင့်များကို စစ်ဆေးရန် အချိန်မပေးအားပါ။ သူ့ဘယ်ဘက်လက်မောင်းကို တင်းကျပ်စေလိုက်ပြီး ချူချူယန်ကို သူ့အနီးသို့ ဆွဲလိုက်၍ သူ့လှံဖြင့် လှံသမားဖုတ်ကောင်များကို ဆက်လက်လွှဲရမ်းတိုက်ခိုက်လိုက်သည်။

ကံမကောင်းစွာဖြင့် သူ့အင်အားနှင့် အမြန်နှုန်းတို့သည် ကြီးကြီးမားမား လျော့နည်းသွားခဲ့ပြီဖြစ်သည်။ လှံသမားဖုတ်တစ်ကောင်ကို သတ်ပြီး သူ့လှံကို ပြန်ဆွဲနှုတ်ဖို့ ကြိုးစားနေချိန် နောက်တစ်ကောင်၏ လှံချက်က ချူချူယန်ဘက်သို့ ချက်ချင်းထိုးစိုက်လာခဲ့သည်။ အခုချိန်၌ ချူချူယန်သည် သူ့အကြီးမားဆုံးအားနည်းချက်ဖြစ်ကြောင်း သူတို့ သိသွားသည်မှာ သိသာထင်ရှားနေသည်။

ဇူအန် အံကြိတ်ပြီး သူ့ခန္ဓာကိုယ်ကို လှည့်၍ ချူချူယန်ကိုယ်စား ခံပေးလိုက်သည်။

ဇွပ်…

လှံသည် ဇူအန် အသွေးသားထဲသို့ ထိုးနစ်ဝင်သွားပြီး သူ့အသိစိတ်သည် တန်းခနဲ ဝေဝါးသွားသည်။ အစကတည်းက သူသည် အင်အားချည့်နဲ့နေခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ဤထိုးချက်တစ်ခုလေးက သူ့အသက်ကို ဆွဲနှုတ်လုနီးပါးဖြစ်သွားခဲ့ရသည်။

“အားဇူ” ချူချူယန် စိုးရိမ်တကြီးဖြင့် ခေါ်လိုက်သည်။

ဇူအန် သူမကို အားတင်းပြုံးပြပြီး ပြန်ပြောလိုက်သည်။ “မင်း ပိုးကြေးပန်းကြေးအတွက် ငါ့အသက်ကိုတောင် ဆုံးရှုံးတော့မလို ဖြစ်နေတာ။ တုံ့ပြန်တဲ့အနေနဲ့ မင်းကိုယ်မင်း ငါ့ဆီအပ်နှင်းဖို့ မစဉ်းစားသေးဘူးလား”

---- --- --- --- -- -- -------------------------------------------------------- -- -- -- -- --

Chapter 160: ပိုးေၾကးပန္းေၾကး

ေၾကာက္႐ြံ႕တုန္လႈပ္ေသာ အမူအရာျဖင့္ ရွီခြန္း ဇူအန္ကို အသည္းအသန္ ေအာ္ဟစ္ေနသည္။

မည္သို႔ပင္ဆိုေစ ဇူအန္သည္ ရွီခြန္း စကားကို နားေထာင္ဖို႔ လုံးဝမျဖစ္နိုင္ေခ်။ သူ႕ရင္ခြင္ထဲ ခ်ဴခ်ဴယန္ကို ဖက္ထားရင္း ရွီခြန္း ရွိေနသည့္ေနရာဘက္သို႔ တန္းေနေအာင္ေျပးလာသည္။

သူ႕ေနာက္မွ လိုက္လာသည့္ လွံသမားဖုတ္ေကာင္မ်ားကို ၾကည့္ၿပီး ရွီခြန္း သူ႕စိတ္ထဲ တစ္ခုခုေပါက္ကြဲသြားသည့္ပမာ ခံစားလိုက္ရသည္။ သူ႕ဘဝတစ္ေလွ်ာက္လုံး၌ လူတစ္ေယာက္ကို အခုခ်ိန္ စက္ဆုပ္မုန္းတီးသလိုမ်ိဳး အရင္တုန္းက မမုန္းခဲ့ဖူးပါ။

သူ႕ခံစားခ်က္ထဲ နစ္ျမဳပ္ေနရန္ လက္ရွိအေျခအေနက သူ႕ကို တစ္ခါေလးမွ် ရပ္နားခြင့္မေပးပါ။ လွံသမားဖုတ္ေကာင္မ်ားကို ခုခံတိမ္းေရွာင္ၿပီး ထြက္ေျပးရန္ သူ႕၌ ရွိသမွ်နည္းလမ္းအားလုံးကို အလွ်င္အျမန္ အသုံးျပဳလိုက္သည္။ မဟုတ္လွ်င္ မၾကာခင္အတြင္း သူ နင္းေျခခံရလိမ့္မည္။

သခင္ေလး သတိထားပါ

ေရွာင္း႐ႊယ္ယင္ သည္ ရွီခြန္းဘက္သို႔ ခ်ီတက္ေျပးလာေနေသာ လွံသမားဖုတ္ေကာင္အခ်ိဳ႕ကို တားဆီးရန္ သူ႕ဘက္သို႔ သူမႏြယ္ပင္အခ်ိဳ႕ကို ေစလႊတ္လိုက္သည္။ သစ္သားစြမ္းရည္သည္ မေသနိုင္သူမ်ားေပၚသို႔ ပိုၿပီး အသုံးဝင္ပုံေပၚသည္။ ၎၏ ခ်ဳပ္ႏွောင္မႈစြမ္းရည္ေၾကာင့္ျဖစ္နိုင္၏။

ရွီခြန္း၏ ဓားမုန္တိုင္းသည္ အင္အားႀကီးလြန္းေသာ္ျငားလည္း သူ႕အတြက္ လွံသမားဖုတ္ေကာင္ ခႏၶာကိုယ္မ်ားမွ ေသြး သို႔မဟုတ္ အေသြးအသားမ်ား လွီးျဖတ္စရာမရွိပါ။ ယင္းဖုတ္ေကာင္မ်ားက ဒိုင္းကာမ်ား ကိုင္ထားေနသည့္အခ်က္ကို ထည့္ေျပာစရာပင္မလိုေတာ့ေခ်။ ရလဒ္အေနျဖင့္ သူ႕ကိုယ္သူ ကူကယ္ရာမဲ့ေသာ အေျခအေနသို႔ ေရာက္သြားေၾကာင္း ေတြ႕ရွိလိုက္သည္။

ငါေတာင္ သူတို႔ကို ရင္ဆိုင္တိုက္ခိုက္ဖို႔ ဒီေလာက္ႀကိဳးစား႐ုန္းကန္ေနတယ္ဆိုရင္ ဇူအန္ အားနည္းပုံနဲ႕  အခုေလာက္ဆို သူ ေသသြားေလာက္ၿပီ ဟုတ္တယ္မလား။

အခုခ်ိန္၌ ဇူအန္ ေသမေသကို သူ တစ္စက္ေလးမွ် ဂ႐ုမစိုက္နိုင္ပါ။ သူ႕အာ႐ုံစိုက္မႈသည္ ခ်ဴခ်ဴယန္အေပၚ၌သာ ေရာက္ေနသည္။ သူ႕ပတ္ဝန္းက်င္ကို အလွ်င္အျမန္ စစ္ေဆးၾကည့္ရႈလိုက္သည္။ ေနာက္တခဏ၌ သူ႕မ်က္လုံးမ်ား ျပဴးသြားရေလသည္။ ဇူအန္သည္ လွံသမားဖုတ္ေကာင္မ်ားပတ္ပတ္လည္တြင္ ရိပ္ကနဲ ရိပ္ကနဲ လည္ပတ္ေနၿပီး ထိုးႏွက္ရန္ အခြင့္ေကာင္း ေစာင့္ေနသည္။ အံ့ၾသဖြယ္ေကာင္းစြာျဖင့္ သူ ထုတ္လႊတ္သည့္ ထိုးႏွက္မႈတစ္ခုစီတိုင္းသည္ လွံသမားဖုတ္တစ္ေကာင္ ေသသြားျခင္းျဖင့္ အဆုံးသတ္သြားသည္။

အဓိပ္ပါယ်မရှိလိုက်တာ။ သူ႕အင္အား နဲ႕ အျမန္ႏႈန္းက အမ်ားဆုံး ငါ နဲ႕ပဲ ယွဥ္လို႔ရတာကို ရွီခြန္း ဇေဝဇဝါျဖစ္သြားသည္။ လွံသမားဖုတ္ေကာင္မ်ား၏ ခုခံစြမ္းအားကို သူ ကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ဖူးသည္။ ၎တို႔သည္ လွံျဖင့္ တစ္ခ်က္ထိုးလိုက္႐ုံႏွင့္ သတ္လို႔ရသည့္ သူမ်ိဳး လုံးဝမဟုတ္ၾကပါ။

ခဏေနအုံးလွံလား

ဇူအန္သည္ လွံသမားဖုတ္ေကာင္မ်ား အသုံးျပဳသည့္ လွံ ႏွင့္ တစ္ေထရာတည္းတူညီသည့္ လွံတစ္ခုကို အသုံးျပဳေနျခင္းျဖစ္ေၾကာင္း ရွီခြန္း ႐ုတ္တရက္ သတိထားမိသြားသည္။ ၾကည့္ရတာ ေျမျပင္ေပၚကေန သူ ေကာက္ယူထားတဲ့ပုံပဲ။ သူ႕စိတ္ထဲ အေတြးတစ္ခု ထြက္ေပၚလာၿပီး သူ႕လက္ေအာက္ငယ္သားႏွစ္ေယာက္ထံသို႔ ခ်က္ခ်င္းလွမ္းေအာ္ေျပာလိုက္သည္။ ဖုတ္ေကာင္ေတြရဲ႕ လက္နက္ေတြကို အသုံးျပဳၾက။ အဲ့ဒါေတြက သူတို႔ကို ဟန့္တားနိုင္တယ္

ယင္းစကားမ်ား လွမ္းေျပာလိုက္ၿပီးေနာက္ ေျမျပင္ေပၚ က်သြားသည့္ လွံမ်ားထဲမွ တစ္ခုကို ခ်က္ခ်င္းေကာက္ယူၿပီး စတင္ေဝွ႕ယမ္းလိုက္သည္။ လွံႏွင့္ ပတ္သက္ၿပီး သူ သိပ္မတတ္ကြၽမ္းေသာ္လည္း သူ တစ္ခါထိုးႏွက္နိုင္လွ်င္ ဖုတ္ေကာင္မ်ား၏ ေ႐ြ႕လ်ားႏႈန္းသည္ အနည္းဆုံး တစ္ဝက္ေက်ာ္ေက်ာ္ႏွေးေကြးသြားေၾကာင္း သူ ေတြ႕ရွိလိုက္သည္။ ထိုအရာက သူ႕အေပၚ ဖိက်လာသည့္ ဖိအားမ်ားကို ေလ်ာ့နည္းသြားေစသည္။

သူတို႔လွံေတြက ဒီေလာက္ႀကီးမားတဲ့ အစြမ္းအစမ်ိဳး ပိုင္ဆိုင္လိမ့္မယ္လို႔ ဘယ္သူထင္ထားမွာလဲ။

ယင္းလွံမ်ားကို တပ္စုတစ္ခုစာေလာက္ ျပန္ယူသြားဖို႔ ရွီခြန္း စဥ္းစားလိုက္သည္။ အဲ့ဒါေတြက မယုံနိုင္ေလာက္ေအာင္ အင္အားႀကီးတဲ့ လက္နက္ေတြ ျဖစ္ေနနိုင္တာပဲ။

ေရွာင္း႐ႊယ္ယင္ ႏွင့္ အျခား အဆင့္ ၄ က်င့္ႀကံသူမ်ားကလည္း သူ႕အတိုင္း အလွ်င္အျမန္ လိုက္လုပ္ၾကသည္။ လူတစ္ေယာက္ လွံတစ္ခုစီ ဖမ္းဆုပ္ကိုင္ေဆာင္ထားၾကၿပီး စတင္တန္ျပန္တိုက္ခိုက္လိုက္ၾကသည္။ သူတို႔သည္ အခ်ိန္တစ္ခုအထိ ေတာင့္ခံနိုင္ၾကမယ့္ဟန္ေပၚသည္။

ဇူအန္သည္ လွံသမားဖုတ္ေကာင္ အမ်ားစုကို ရွီခြန္းဘက္သို႔ မွ်ားေခၚသြားလိုက္ၿပီျဖစ္ေသာ္လည္း ဇြဲမေလ်ာ့ဘဲ သူ႕ေနာက္မွ လိုက္ေနေသာ ဖုတ္ေကာင္ ငါးေကာင္ ရွိေနေသးသည္။

ငါ့ကို ခ်ေပးပါ ခ်ဴခ်ဴယန္က အင္အားခ်ည့္နဲ႕စြာ ေျပာလိုက္သည္။

ဇူအန္ ေခါင္းရမ္းၿပီး သူမကို လႊတ္ခ်ထားဖို႔ကို ျငင္းဆန္လိုက္သည္။

ခ်ဴခ်ဴယန္ ေမွ်ာ္လင့္ခ်က္မဲ့စြာ သက္ျပင္းခ်ၿပီး ရွင္းျပလိုက္သည္။ ငါ့ကို ခ်ီထားရင္းနဲ႕ လွံသမားဖုတ္ေကာင္အမ်ားႀကီးကို ကိုင္တြယ္ေျဖရွင္းဖို႔ နင့္အတြက္ လြယ္ကူမွာ မဟုတ္ဘူး။ ေထာင့္တစ္ေနရာရာမွာ ငါ့ကို အရင္ခ်ထားၿပီးမွ သူတို႔ကို တိုက္ခိုက္လိုက္ပါ။ နင္ ၿပီးသြားတာနဲ႕..ငါ့ကို ျပန္လာေခၚၿပီး ထြက္သြားလို႔ရတာပဲ

အာ ငါ မင္းစကားေတြကို နားလည္မႈလြဲသြားတာ ဇူအန္ တိုးတိုးညင္းသာစြာ ရယ္လိုက္သည္။ သူမေရွ႕တြင္ အေစာင့္တစ္ေယာက္ပမာ ရပ္ရင္း လွိုဏ္ဂူေထာင့္နားတစ္ေနရာ၌ သူမကို ညင္ညင္သာသာ ခ်ေပးလိုက္သည္။ ထို႔ေနာက္ ေနာက္ျပန္လွည့္ၿပီး လွံသမားဖုတ္ေကာင္ ငါးေကာင္ဘက္သို႔ တဟုန္ထိုးခ်ီတက္လိုက္သည္။

ေနၾကာပန္းသိုင္းကို အျမင့္ဆုံးထိ ထုတ္လႊတ္ၿပီး သူ႕လက္ထဲရွိ လွံျဖင့္ သူတို႔ကို ထိုးႏွက္လိုက္သည္။ သို႔ေသာ္ သူ၏ လွံ ကိုင္စြဲအသုံးျပဳပုံ မတတ္ကြၽမ္းမႈေၾကာင့္ လွံသမားဖုတ္ေကာင္မ်ား၏ ခႏၶာကိုယ္မ်ားကို ထိုးႏွက္မိရန္ သူတို႔၏ ဒိုင္းကာမ်ားကို ေရွာင္ကြင္းဖို႔ သူ အခက္ေတြ႕ေနေလသည္။

နင့္လွံခ်က္ကို သူတို႔ ထိုးႏွက္လာတဲ့အခ်ိန္မွာ အခ်ိန္ကိုက္ထုတ္လႊတ္ဖို႔ ဂ႐ုတစိုက္ ခ်ိန္ထားလိုက္ပါ ခ်ဴခ်ဴယန္က သတိေပးလိုက္သည္။

သူမကိုယ္သူမ ကံတရားလက္ထဲသို႔ ပုံအပ္လိုက္ၿပီျဖစ္သည္။ သို႔ေသာ္ သူမေၾကာင့္နဲ႕ ဤေနရာ၌ ဇူအန္ ေသသြားမွာကို သူမ မျမင္ခ်င္ပါ။ လျပည့္ၿမိဳ႕၏ နံပါတ္တစ္ ပါရမီရွင္အေနျဖင့္ သူမ၏ ထိုးစစ္အာ႐ုံ ႏွင့္ အေတြ႕အႀကဳံမ်ားသည္ လက္ရွိဇူအန္ႏွင့္ အမ်ားႀကီးကြာဟေနသည္။

ဇူအန္ ေခါင္းညိတ္ျပလိုက္သည္။ လွံသမားဖုတ္ေကာင္မ်ားၾကား၌ လွစ္ခနဲ လႈပ္ရွားၿပီး သူတို႔ဘက္မွ တိုက္ခိုက္လာရန္ မွ်ားလိုက္သည္။ သူတို႔ထဲမွ တစ္ေယာက္က သူတို႔လွံမ်ားျဖင့္ ထိုးႏွက္လာရန္ သူတို႔ဒိုင္းကာမ်ား အနည္းငယ္ေလ်ာ့လိုက္သည့္အခ်ိန္ထိ ေစာင့္ၿပီး သူ႕လွံျဖင့္ လွ်င္လွ်င္ျမန္ျမန္ ထိုးလိုက္သည္။ ၎က ယင္းဖုတ္ေကာင္ရင္ဘတ္သို႔ တည့္တည့္ထိမွန္သြား၏။

ထိုနည္းလမ္းအတိုင္း ေနာက္ထပ္ဖုတ္ေကာင္တစ္ေကာင္ကို သူ႕ရင္ဘတ္တည့္တည့္သို႔ ထိုးလိုက္ၿပီး သူ႕ေနရာ၌တင္ သတ္လိုက္သည္။ သို႔ေသာ္ သူ႕လွံက ယင္းဖုတ္ေကာင္ရင္ဘတ္ထဲ ထိုးစိုက္ေနစဥ္တြင္ သူ႕ရဲေဘာ္ရဲဘက္မ်ားထဲက တစ္ေယာက္က ႐ုတ္တရက္ ေရွ႕တိုးလာၿပီး သူ႕လွံ၏ အျခားတစ္ဖက္မွ ဖမ္းဆုပ္၍ သူ႕လက္ထဲမွ လွံကို ဆြဲလုရန္ ႀကိဳးစားေနသည္။

လႊတ္စမ္း ဇူအန္ သူ႕လွံကို ျပန္ဆြဲႏႈတ္ရန္ အားအင္အျပည့္နဲ႕ႀကိဳးစားေနရင္း ေအာ္ေျပာလိုက္သည္။

ထိုဖုတ္ေကာင္သည္ ႐ုတ္ခနဲျပန္ဆြဲယူမႈေၾကာင့္ အေရွ႕ဘက္သို႔ ယိမ္းယိုင္လာေသာ္လည္း လက္နက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားေနဆဲျဖစ္သည္။ ထိုသို႔ျဖင့္ လူတစ္ေယာက္ႏွင့္ အေလာင္းတစ္ေကာင္သည္ ရက္စက္ၾကမ္းတမ္းေသာ စစ္ေျမျပင္အလယ္၌ အဓိပ္ပါယ်မရှိသည့် လြန္ဆြဲပြဲကို စတင္လိုက္ၾကသည္။

ထိုအခ်ိန္တြင္ က်န္ေနေသးသည့္ အျခားဖုတ္ေကာင္ႏွစ္ေကာင္ကလည္း ေဘးတစ္ဖက္တစ္ခ်က္ဆီမွ သူ႕ကို ဝိုင္းရံလာၾကၿပီး သူ႕လက္မအားသည့္အခ်ိန္အတြင္း၌ သူ႕ကို တိုက္ခိုက္ရန္ ႀကိဳးစားလိုက္ၾကသည္။

သူတို႔၏ အဆက္အစပ္ရွိရွိ လႈပ္ရွားမႈေအာက္ ဇူအန္ က်ရႈံးသြားေတာ့မည့္ပမာ ျဖစ္ေပၚေနသည့္အခ်ိန္တြင္ ႐ုတ္တရက္ သူ႕လက္ေမာင္းတစ္ဖက္ကို ေျမာက္ၿပီး သူ႕လွံကို ၿပိဳင္ဆြဲေနသည့္ ဖုတ္ေကာင္ေခါင္းသို႔ ျမားတစ္ခ်က္ ပစ္ထည့္လိုက္သည္။

ဖုတ္ေကာင္

က်င့္ႀကံသူတစ္ေယာက္ပီသမႈက ဘယ္လိုျဖစ္သြားၿပီလဲ။ ဒါက မွ်တတဲ့ တိုက္ပြဲျဖစ္ရမွာေလ။ ဘယ္လိုလုပ္ၿပီး လက္နက္ပုန္းေတြ ထုတ္သုံးနိုင္ရတာလဲ။

သင္သည္ ဖုတ္ေကာင္ထံမွ အမ်က္ပြိုင့္ ၆၆၆ ရရွိပါသည္။

ထိုအျဖစ္ကို ေတြ႕သည့္အခါ ဇူအန္ အူျမဴးသြားသည္။ ဖုတ္ရဲမက္ေတြက ထိေတြ႕ခံစားနိုင္မႈ ရွိၾကလိမ့္မယ္ဟု သူ မထင္ပါ။ သူတို႔ပုံစံသည္ သိပ္မထက္ျမတ္သည့္ ပုံစံ ေပါက္ေနၾကတာကေတာ့ ႏွေမ်ာစရာပင္။ မဟုတ္လွ်င္ သူ ရရွိနိုင္မယ့္ အမ်က္ပြိုင့္ပမာဏသည္ ပိုမ်ားသြားနိုင္လိမ့္မည္။

ဒါေပမယ့္လည္း တကယ္လို႔ သူတို႔သာ ထက္ျမတ္သြားၾကရင္ သူတို႔ကို ရင္ဆိုင္ကိုင္တြယ္ရာမွာ သူ ပိုၿပီး အခက္ေတြ႕သြားလိမ့္မည္။

သူ႕စိတ္ အနည္းငယ္ ပ်ံ့လြင့္သြားေသာ္လည္း သူ႕ခႏၶာကိုယ္သည္ လုံးဝမရပ္တန့္ေနခဲ့ပါ။ သူ႕ေရွ႕ရွိ ဖုတ္ေကာင္ကို ပစ္ခ်လိဳက္ၿပီးေနာက္ သူ႕လွံကို အလွ်င္အျမန္ ျပန္ဆြဲႏႈတ္ၿပီး သူ႕ေဘးရွိ က်န္ဖုတ္ေကာင္ႏွစ္ေကာင္၏ ခႏၶာကိုယ္ထဲသို႔ အျမန္နိုင္ဆုံးျဖင့္ ထိုးထည့္လိုက္သည္။

လွံသမားဖုတ္ငါးေကာင္ကို သုတ္သင္ၿပီးေနာက္ ဇူအန္ သူ႕ေအာင္ျမင္မႈကို ခ်ဴခ်ဴယန္ထံ တင္ျပရန္ ဝမ္းေျမာက္ေပ်ာ္႐ႊင္စြာျဖင့္ ေခါင္းေနာက္လွည့္လိုက္သည္။ သို႔ေသာ္ျငားလည္း သူကသာ အလြန္ေၾကာက္လန့္တုန္လႈပ္သြားရသည္။

ပုဆိန္သမား ဖုတ္ သုံးေကာင္သည္ သူမအနား၌ ေရာက္ေနၾကၿပီျဖစ္ၿပီး သူတို႔၏ ပုဆိန္မ်ားျဖင့္ သူမကို ျဖတ္ခုတ္လုနီးျဖစ္ေနၿပီျဖစ္သည္။ ထိုသို႔ျဖစ္ေနလွ်က္ႏွင့္ ခ်ဴခ်ဴယန္သည္ ေအးေဆးတည္ၿငိမ္ၿငိမ္းခ်မ္းေသာ မ်က္ႏွာအမူအယာႏွင့္ ရွိေနၿပီး အကူညီေတာင္းသံတစ္စက္ေလးမွ် မထြက္ခဲ့ေခ်။

ဇူအန္သည္ ခ်က္ခ်င္း သူ႕လက္ထဲရွိ လွံကို ပစ္လႊတ္လိုက္ၿပီး ပုဆိန္သမား ဖုတ္တစ္ေကာင္ကို သတ္လိုက္သည္။ ထို႔ေနာက္ သူ ဝွက္ထားေသာ ေလးကို ေျမာက္ၿပီး ေနာက္တစ္ေကာင္ကို ပစ္ထည့္လိုက္သည္။

ေနာက္ဆုံးတစ္ေယာက္ကိုမူ ေနၾကာပန္းသိုင္းအား အျမင့္ဆုံးထိ ျမႇင့္တင္ၿပီး ယင္းဖုတ္ေကာင္၏ ပုဆိန္ကို ေနာက္ဆုံးအခ်ိန္ေလး၌ အခ်ိန္မွီ တားဆီးနိုင္ခဲ့သည္။ ထို႔ေနာက္ ေျမျပင္ေပၚ က်ေနသည့္ လွံတစ္စင္းကို အလွ်င္အျမန္ ေကာက္ယူၿပီး ယင္းပုဆိန္သမားဖုတ္ေကာင္၏ အသက္ကို ႏႈတ္ယူလိုက္သည္။

ထိုအရာအားလုံး လုပ္ေဆာင္ၿပီးေနာက္ ခ်ဴခ်ဴယန္ အေျခအေနကို ဂ႐ုတစိုက္ျဖင့္ အလ်င္စလို စစ္ေဆးရင္း အသံက်ယ္က်ယ္ျဖင့္ ေမးလိုက္သည္။ မင္း ဒဏ္ရာရသြားေသးလား။ ဘာလို႔ အကူအညီမေတာင္းလိုက္တာလဲ

ခုနတုန္းက နင္လည္း အႏၱရာယ္မ်ားတဲ့ အေနအထားမွာ ေရာက္ေနတာေလ။ ငါ နင့္ကို အာ႐ုံမလြဲေစခ်င္လို႔ပါ။ ဒါ့အျပင္ ငါက ေသလူ ျဖစ္ၿပီးသားပါ။ ငါ အခု ေသေသ ေနာက္မွေသေသ ဘာမွမကြဲျပားပါဘူး ခ်ဴခ်ဴယန္၏ မ်က္ႏွာ ျဖည္းျဖည္းခ်င္း နီရဲလာၿပီး အလွ်င္အျမန္ ထည့္ေျပာလိုက္သည္။ ၿပီးေတာ့ နင္ ငါ့ကို ထိေတြ႕စမ္းသပ္ေနတာ ရပ္လို႔ရမလား

ဇူအန္ ရွက္ကိုးရွက္ကန္းျဖင့္ ေခါင္းကုတ္ၿပီး သူ႕လက္ကို အလွ်င္အျမန္ ႐ုတ္သိမ္းလိုက္သည္။ မင္း ဒဏ္ရာရမရ ငါ စစ္ေဆးေပးလိုက္တာပါ။ မင္းကို အသားယူဖို႔ ႀကိဳးစားေနတာ မဟုတ္ဘူး

ခ်ဴခ်ဴယန္ ေခါင္းညိတ္ျပလိုက္ၿပီးေနာက္ ျပန္တိတ္ဆိတ္သြားသည္။

ထိုစဥ္ အျခားလွံသမားဖုတ္ေကာင္မ်ားသည္ ဇူအန္ဘက္က သူ႕ရဲေဘာ္ရဲဘက္မ်ား၏ ဆိုး႐ြားေသာ အျဖစ္ကို ေတြ႕သြားၾကၿပီး သူ႕ဘက္သို႔ အလွ်င္အျမန္ ခ်ီတက္လာၾကသည္။ အၾကမ္းဖ်င္းခန့္မွန္းတြက္ခ်က္မႈအရ အနည္းဆုံး သုံးဆယ္မွ ေလးဆယ္ေလာက္အထိ ျဖစ္ၾကလိမ့္မည္။

ခ်ဴခ်ဴယန္ မ်က္ႏွာထက္တြင္ နက္နဲေသာ အေရးအေၾကာင္းမ်ား ခ်က္ခ်င္းထြက္ေပၚလာသည္။ ျမန္ျမန္ ငါ့ကို ခ်ေပးလိုက္

အဲ့တာေတာ့ မျဖစ္ဘူး။ ငါ အဲ့ေလာက္ဖုတ္ေကာင္အမ်ားႀကီးကို တစ္ခါတည္း ထိန္းခ်ဳပ္နိုင္မွာ မဟုတ္ဘူး။ ငါ မင္းကို ဒီမွာ ခ်န္ထားလိုက္ရင္ ေျပာစရာမလိုေအာင္ မင္း ေသသြားလိမ့္မယ္ ဇူအန္ ေခါင္းခါလိုက္သည္။ အႏၱရာယ္က်ေရာက္ခါနီးေသာ္လည္း ေအာ္ဟစ္အကူအညီေတာင္းဖို႔ ခ်ဴခ်ဴယန္ ျငင္းဆန္ခဲ့ၿပီးသည့္ေနာက္ သူမကို တစ္ေယာက္တည္း ေနာက္ထပ္လႊတ္ထားလို႔မျဖစ္ေၾကာင္း သူ သိလိုက္သည္။

သူမခႏၶာကိုယ္ကို အလွ်င္အျမန္ ခ်ီေပြ႕ၿပီး လွံသမားဖုတ္ေကာင္မ်ားၾကားသို႔ ခ်ီတက္လိုက္သည္။ ဤေနရာ၌ သူ႕ဘက္မွ အရင္ထိုးစစ္ဆင္ကာကြယ္ဖို႔ လိုအပ္သည္။ မဟုတ္လွ်င္ သူတို႔ သူ႕ကို ပတ္ပတ္လည္ကေန ဝိုင္းရံနိုင္သြားၾကတာနဲ႕ ပိုခက္ခဲသြားလိမ့္မည္။

သူ႕လႈပ္ရွားမႈမ်ားကို ႀကိဳတင္မွန္းဆလို႔မရပါ။ ထို႔အျပင္ လွံကို သူ႕ေနၾကာပန္းသိုင္းႏွင့္ တြဲဖက္အသုံးျပဳျခင္းအား သူ လွ်င္လွ်င္ျမန္ျမန္ ပိုအသားက်လာသည္။ အခ်ိဳ႕လွံသမားဖုတ္ေကာင္မ်ားသည္ သူ႕လွံ၏ တည့္တည့္ထိမွန္မႈ ခံၾကရၿပီး ဘာမွမတုံ႕ျပန္နိုင္ခင္မွာပင္ ေသသြားၾကသည္။

ငါ့ကို ခ်ီထားရင္းနဲ႕ဆို နင့္လက္တစ္ဖက္တည္းကိုပဲ အသုံးျပဳနိုင္မွာ။ အဲ့ဒါကလည္း နင့္ရဲ႕ အျမန္ႏႈန္းနဲ႕ ကိုယ္ေနဟန္ထားကို ထိခိုက္ေစလိမ့္မယ္။ လက္တစ္ဖက္တည္းနဲ႕ဆို လွံကို ေကာင္းေကာင္းအသုံးျပဳနိုင္မွာ မဟုတ္ဘူး။ အဲ့အျပင္ နင့္ရဲ႕ ကီေတြ ကုန္ဆုံးေလ်ာ့ပါးလာႏႈန္းကလည္း ျမန္လြန္းတယ္။ ဒီလိုပုံစံနဲ႕ဆို နင္တကယ္ေသသြားလိမ့္မယ္ ခ်ဴခ်ဴယန္ စိုးရိမ္တႀကီး ေျပာလိုက္သည္။

စိတ္မပူပါနဲ႕။ လူဆိုးေတြက ႏွစ္ေပါင္းအမ်ားႀကီးအထိ အသက္ရွင္ၾကတယ္လို႔ မင္းပဲ ေျပာခဲ့တာမဟုတ္ဘူးလား။ ငါ အဲ့ေလာက္လြယ္လြယ္နဲ႕ ေသသြားမွာ မဟုတ္ဘူး ဇူအန္ ျပန္ေျပာလိုက္သည္။ ငါ့မိန္းမက ဝတဲ့သူ မဟုတ္လို႔ ငါ ဝမ္းသာေနတာ။ မဟုတ္ရင္ မင္းကို လက္တစ္ဖက္နဲ႕ ခ်ီေပြ႕ထားလ်က္ တိုက္ခိုက္ဖို႔ ငါ့အတြက္ လြယ္ကူမွာ မဟုတ္ဘူး

ခ်ဴခ်ဴယန္ ရွက္ကိုးရွက္ကန္းျဖင့္ ပက္ခနဲ ျပန္ေျပာလိုက္သည္။ နင္သာ ဝေနတာ

ဇူအန္ စိတ္ပိုင္းျဖတ္ထားၿပီးသားျဖစ္သည္ကို ေတြ႕ေသာအခါ သူ႕ကို အာ႐ုံမလြဲေစရန္ ဘာမွထပ္မေျပာဖို႔ ဆုံးျဖတ္လိုက္သည္။ မည္သို႔ပင္ဆိုေစ သူမနဖူးထက္၌ စိုးရိမ္ပူပန္မႈေၾကာင့္ ထြက္လာသည့္ တြန့္မဲ့ေနေသာ အေရးအေၾကာင္းမ်ား ရွိေနဆဲျဖစ္သည္။ သူ႕အေကာင္းဆုံးအေျခအေနမွာေတာင္ လွံသမားဖုတ္ေကာင္ ဒီေလာက္အမ်ားႀကီးကို မရပ္မနား ေျဖရွင္းကိုင္တြယ္ဖို႔ သူ႕အတြက္ လြယ္ကူမွာ မဟုတ္ဘူး။ အခုဆို သူမက သူနဲ႕ အႏွောင့္အယွက္သက္သက္ျဖစ္ေအာင္ ရွိေနေသးတယ္။

သို႔ေသာ္ ခဏအၾကာတြင္ ဇူအန္ အင္အားကို အထင္ေသးေလ်ာ့တြက္ေနခဲ့မိေၾကာင္း ခ်ဴခ်ဴယန္ သေဘာေပါက္သြားသည္။ သူမကို ခ်ီထားလ်က္ႏွင့္ပင္ သူသည္ လွ်င္ျမန္ဖ်တ္လတ္စြာ လႈပ္ရွားနိုင္ဆဲျဖစ္ၿပီး သူ႕လွံထိုးႏွက္ခ်က္တိုင္းကလည္း လွံသမားဖုတ္တစ္ေကာင္၏ အသက္ကို ထိထိေရာက္ေရာက္ ႏႈတ္ယူသြားနိုင္သည္။

အမွန္မွာ အင္အားႏွင့္အျမန္ႏႈန္းဘက္၌ သူသည္ အေကာင္းဆုံးအေျခအေနေရာက္ေနသည့္ သူမႏွင့္ တန္းတူျဖစ္ေနၿပီျဖစ္သည္။ သူ၏ အားျပင္းလြန္းလွေသာ တိုက္ကြက္ကိုပါ ထည့္တြက္လိုက္လွ်င္ အကယ္၍ သူမ၏ စြမ္းအားအရင္းအျမစ္ကိုသာ မထုတ္သုံးလွ်င္ သူမသည္ သူ႕အတြက္ တန္းညီၿပိဳင္ဖက္ ျဖစ္ေတာ့မွာ မဟုတ္ေခ်။

လွံသမားဖုတ္ေကာင္ ၂၃ ေကာင္ကို မရပ္မနား သတ္ျဖတ္လိုက္ၿပီးသည့္ေနာက္၌ ဇူအန္၏ အျမန္ႏႈန္းသည္ စတင္ႏွေးလာခဲ့သည္။ သူ႕အားစိုက္ထုတ္မႈက သူ႕အေပၚ စတင္သက္ေရာက္လာခဲ့သည္။ သူ၏ ေလးလံေသာ အသက္ရႉသံက သက္ေသပင္။ လက္တစ္ဖက္ျဖင့္ လူတစ္ေယာက္ကို ေပြ႕ခ်ီၿပီး ေနာက္တစ္ဖက္ျဖင့္ လွံ ကိုင္စြဲတိုက္ခိုက္ျခင္းသည္ ေသခ်ာေပါက္ ပင္ပန္းခက္ခဲေသာ လႈပ္ရွားမႈတစ္ခုျဖစ္သည္။ အလြန္ခက္ခဲပုံမွာ ဇူအန္၏ ညာဘက္လက္ေမာင္းသည္ ထုံထိုင္းသြားလုခါနီးအထိ ဆိုးဆိုး႐ြား႐ြား ကိုက္ခဲနာက်င္ေနသည္။

ပိုဆိုး႐ြားသည္မွာ လွံသမားဖုတ္ေကာင္အမ်ားအျပား သူ ပိုသတ္ေလေလ အျခားဖုတ္ေကာင္မ်ားထံမွ အာ႐ုံစိုက္ခံရမႈ သူ ပိုရေလေလျဖစ္သည္။ ပို၍ ပို၍ မ်ားျပားေသာ ဖုတ္ေကာင္မ်ားသည္ ရွီခြန္းတို႔ဘက္ကို ေက်ာခိုင္းၿပီး သူ႕ဘက္သို႔ လာေနၾကသည္။

ေသာက္တလြဲေတြ ဖုတ္ေကာင္ေတြကေရာ ငါ့ခံ့ညားမႈရဲ႕ ဆြဲေဆာင္မႈ ခံၾကရတာလား။

အစ္ကို ခ်ီး မင္းကိုယ္မင္း အၿမဲတမ္း ဒီကမၻာေပၚက အႀကီးျမတ္ဆုံးသူလိုမ်ိဳး ေျပာေနတတ္တာ။ အဲ့ဒါကို အခုခ်ိန္က် ဘာလို႔မႀကိဳးစားေတာ့တာလဲ။ မင္းဖုတ္ေကာင္ေတြအားလုံးက အခု ငါ့ဘက္ကို လာေနၾကၿပီ ဇူအန္ က်ိန္ဆဲရင္း လွမ္းေျပာလိုက္သည္။

ရွီခြန္းသည္ သူ႕ပုံမွန္ဟန္ေဆာင္မႈပုံစံကို ထည့္မစဥ္းစားေတာ့ဘဲ ခ်က္ခ်င္း ျပန္က်ိန္ဆဲလိုက္သည္။ ေသာက္တလြဲေတြ။ခုနတုန္းက ဖုတ္ေကာင္အမ်ားအျပားကို ထိန္းခ်ဳပ္ၿပီး မင္းကို အခ်ိန္ေကာင္းေပးတဲ့သူက ငါတို႔ေနာ္။ ညဥ္းၫူေနတာ ရပ္ၿပီး မင္းလုပ္စရာရွိတာကို လုပ္ေနလိုက္

ဒီမွာ တိုက္ခိုက္မႈကို စုၿပဳံခံေနရတဲ့သူက သူ ဆိုတာ သိသာေနတာပဲကို သူခ်စ္ရတဲ့ နတ္မိမယ္ကို ဖက္ခ်ီထားတဲ့သူက အမွတ္အမ်ားဆုံးယူၿပီး ညဥ္းၫူရဲေသးတယ္။ ထိုအခ်က္က ရွီခြန္းကို အႀကီးအက်ယ္ နင္သြားေစသည္။

သင္သည္ ရွီခြန္းထံမွ အမ်က္ပြိုင့္ ၉၉၉ ရရွိပါသည္။

တဖက္၌ ဖူအန္သည္ ေရာက္လာသည့္ အမ်က္ပြိုင့္မ်ားကို စစ္ေဆးရန္ အခ်ိန္မေပးအားပါ။ သူ႕ဘယ္ဘက္လက္ေမာင္းကို တင္းက်ပ္ေစလိုက္ၿပီး ခ်ဴခ်ဴယန္ကို သူ႕အနီးသို႔ ဆြဲလိုက္၍ သူ႕လွံျဖင့္ လွံသမားဖုတ္ေကာင္မ်ားကို ဆက္လက္လႊဲရမ္းတိုက္ခိုက္လိုက္သည္။

ကံမေကာင္းစြာျဖင့္ သူ႕အင္အားႏွင့္ အျမန္ႏႈန္းတို႔သည္ ႀကီးႀကီးမားမား ေလ်ာ့နည္းသြားခဲ့ၿပီျဖစ္သည္။ လွံသမားဖုတ္တစ္ေကာင္ကို သတ္ၿပီး သူ႕လွံကို ျပန္ဆြဲႏႈတ္ဖို႔ ႀကိဳးစားေနခ်ိန္ ေနာက္တစ္ေကာင္၏ လွံခ်က္က ခ်ဴခ်ဴယန္ဘက္သို႔ ခ်က္ခ်င္းထိုးစိုက္လာခဲ့သည္။ အခုခ်ိန္၌ ခ်ဴခ်ဴယန္သည္ သူ႕အႀကီးမားဆုံးအားနည္းခ်က္ျဖစ္ေၾကာင္း သူတို႔ သိသြားသည္မွာ သိသာထင္ရွားေနသည္။

ဇူအန္ အံႀကိတ္ၿပီး သူ႕ခႏၶာကိုယ္ကို လွည့္၍ ခ်ဴခ်ဴယန္ကိုယ္စား ခံေပးလိုက္သည္။

ဇြပ္

လွံသည္ ဇူအန္ အေသြးသားထဲသို႔ ထိုးနစ္ဝင္သြားၿပီး သူ႕အသိစိတ္သည္ တန္းခနဲ ေဝဝါးသြားသည္။ အစကတည္းက သူသည္ အင္အားခ်ည့္နဲ႕ေနခဲ့ၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ ဤထိုးခ်က္တစ္ခုေလးက သူ႕အသက္ကို ဆြဲႏႈတ္လုနီးပါးျဖစ္သြားခဲ့ရသည္။

အားဇူ ခ်ဴခ်ဴယန္ စိုးရိမ္တႀကီးျဖင့္ ေခၚလိုက္သည္။

ဇူအန္ သူမကို အားတင္းၿပဳံးျပၿပီး ျပန္ေျပာလိုက္သည္။ မင္း ပိုးေၾကးပန္းေၾကးအတြက္ ငါ့အသက္ကိုေတာင္ ဆုံးရႈံးေတာ့မလို ျဖစ္ေနတာ။ တုံ႕ျပန္တဲ့အေနနဲ႕ မင္းကိုယ္မင္း ငါ့ဆီအပ္ႏွင္းဖို႔ မစဥ္းစားေသးဘူးလား

---- --- --- --- -- -- -------------------------------------------------------- -- -- -- -- --

Continue Reading

You'll Also Like

1.7M 94.7K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
259K 24.9K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
49.5K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
734K 41.6K 26
Jk - Possessive type #Warning Cv_ Pinterest