Chapter 157: အန္တရာယ်ကြားတိုး၀င်ခြင်း
ရှီခွန်း ကြောင်သွားသည်။
သူမနိုင်နိုင်လို့ သေကြောင်းကြံစည်နေတာလား။ ဒါပေမဲ့ ဒါလည်း ငါသဘောကျတာပဲ။
သူ့နောက်လိုက် အဆင့် ၄ ကျင့်ကြံသူ နှစ်ယောက်လည်း စိတ်အေးသွားသည်။ အမှန်အတိုင်းပြောရလျှင် ဇူအန်ကို မရင်ဆိုင်ချင်ပေ။ ဇူအန်က အဆင့် ၃သာ ရှိသေးသော်လည်း ရင်ဆိုင်ရခက်ပြီး ထူးခြားသော နည်းလမ်းများ ရှိနေသေးသည်။
ဇူအန်ရင်ခွင်ထဲမှ ချူချူယန် မျက်နှာပေါ် သွေးစက်များကျလာသည်ကို ခံစားလိုက်ရသည်။ မယုံနိုင်စွာ မျက်လုံးပြူး၍ မေးလိုက်သည်။
"နင်..နင်ဘာလုပ်နေတာလဲ"
ဘာလို့ သူ့ကိုယ်သူ ပြန်ထိုးလိုက်ရတာလဲ။ ငါ့ကို မကယ်နိုင်လို့ အတူတူသေမလို့လား။
ရှောင်းရွှယ်ယင် နှင့် နှစ်များစွာ အတူတူရှိလာခဲ့ခြင်းကြောင့်လားမသိ။ အတွေးတူတူဖြစ်နေသည်။
ချူချူယန် မျက်နှာတွင် အနီရောင်သန်းလာပြီး ပြောလိုက်သည်။
"နင်ဒီလိုလုပ်ဖို့ မလိုပါဘူး။ ငါတို့က.."
သူ့စကားမဆုံးခင် ဇူအန် ဖြတ်ပြောလိုက်သည်။
"ငါတို့ ချစ်စကားတွေ နောက်မှပြောလို့ရတယ်။ အခုတော့ မုန်းစရာကောင်းတဲ့ ဒီကောင်တွေကို အရင်သတ်ပါရစေဦး"
ချူချူယန်ကို လက်တစ်ဖက်ဖြင့် ဆွဲထူလိုက်ပြီး တစ်ဖက်မှ ဓားကိုင်ကာ အော်လိုက်သည်။
"ငါ့ တားမြစ်ကျင့်စဉ်ကို မြည့်ကြည့်ကြစမ်း။ ဓားတစ်သောင်းရဲ့ အပြန်လမ်း"
လူတိုင်းက ဇူအန် အပြုအမူကြောင့် ဝေဝါးနေစဉ် ရုတ်တရက်အော်သံကြောင့် လန့်ကာ နောက်ဆုတ်လိုက်မိကြသည်။ ချူချူယန်၏ တားမြစ်ကျင့်စဉ်ကို မျက်မြင်တွေ့လိုက်ရ၍ တားမြစ်ကျင့်စဉ်ဆိုသော စကားကို သတိထားနေကြခြင်းပင်။
ဇူအန်၏ ထူးခြားသော စွမ်းရည်များနှင့် အားကောင်းသော ဟိတ်ဟန်ကြောင့် ရှီခွန်းပင် အခြေအနေကို ဆုံးဖြတ်ရန် နောက်တစ်လှမ်းဆုတ်လိုက်မိသည်။
လူတိုင်းက ဇူအန်ကို သတိထားစောင့်ကြည့်နေစဉ် ဇူအန် ဓားကို လွှတ်ချကာ ချူချူယန်ကို ကောက်ပွေ့ပြီး ထွက်ပြေးသွားလေသည်။
"…"ရှီခွန်း
"…"ရှောင်းရွှယ်ယင်
"…" အဆင့် ၄ ကျင့်ကြံသူ နှစ်ယောက်
လူတိုင်း ခေတ္တကြောင်သွားပြီးမှ ဇူအန်လှည့်ကွက်ထဲ ကျသွားကြောင်း သဘောပေါက်လိုက်သည်။ ဇူအန်က လွတ်အောင်ပြေးရန် အချိန်ဆွဲလိုက်ခြင်းပင်။ ဒီလို ထောင်ချောက်အညံ့စားတစ်ခုအပေါ် ကျသွားခြင်းက လူတိုင်းကို ဒေါသဖြစ်စေသည်။
သင်သည် ရှီခွန်း ထံမှ အမျက်ပွိုင့် ၆၆၆ ရယူလိုက်သည်။
သင်သည် အဆင့်၄ နောက်လိုက်Aထံမှ အမျက်ပွိုင့် ၂၃၃ ရယူလိုက်သည်။
သင်သည် အဆင့် ၄ နောက်လိုက်Bထံမှ အမျက်ပွိုင့် ၂၃၃ ရယူလိုက်သည်။
ရှောင်းရွှယ်ယင် ဇူအန်နောက်ကျောကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ ဇူအန်သေရေးရှင်ရေးကို နည်းနည်းမှ စိတ်မဝင်စားသော်လည်း ချူချူယန်ကို စိတ်ပူသေးသည်။ တစ်ဖက်တွင် မမလေးလွတ်မြောက်သွား၍ စိတ်အေးရပြီး တစ်ဖက်တွင်တော့ ဇူအန် သူ့ကို မကုနိုင်မှာ စိုးရိမ်နေမိသည်။ ဒါက ရှောင်းရွှယ်ယင်ကို ဒွိဟဖြစ်စေသည်။
"သူတို့နောက်ကိုလိုက်"
ရှီခွန်း ဒေါသတကြီး အမိန့်ပေး၍ အမြန်လိုက်လေသည်။ လေဒြပ်စင် ပိုင်ရှင်ဖြစ်သောကြောင့် ပုံမှန်ကျင့်ကြံသူများနှင့်ယှဉ်လျှင် အရှိန်ပိုမြန်သည်။ အဆင့်ကွာခြားသည့်အပြင် ဇူအန်က လူတစ်ယောက်ကို ပွေ့ထားခြင်းကြောင့် စက္ကန့်ပိုင်းအတွင်း အမီလိုက်နိုင်မည်ဟု ရှီခွန်းတွေးလိုက်သည်။ သို့သော် အံ့သြစရာကောင်းစွာပင် အချိန်အတော်ကြာအထိ အလှမ်းကွာနေသေးသည်။
ချူချူယန်က ဇူအန်ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင်လုပ်စဉ်က နားမလည်သော်လည်း သူ့ကိုပွေ့၍ ထွက်ပြေးသောအခါ သဘောပေါက်သွားသည်ာ တစ်ခဏတော့ ဇူအန်ဖြတ်ထိုးဉာဏ်ကို လေးစားသွားသည်။ သို့သော် သူဘယ်လိုအကြံကောင်းပဲထုတ်ထုတ် ကျင့်ကြံမှုအဆင့် ကွာလွန်းသောကြောင့် ရှီခွန်းကို မနိုင်နိုင်ပေ။
"ကျွန်မကိုချပေး။ ရှင်တစ်ယောက်တည်းပြေးရင် လွတ်နိုင်သေးတယ်"
"ပါးစပ်ပိတ်ထား။ ငါက မင်းကို ဘယ်လိုထားခဲ့ရမှာလဲ" ဇူအန် မျက်နှာထားတင်းတင်းဖြင့် ပြန်ဖြေသည်။
ကောင်းကင်ဖီးနစ်ကျင့်စဉ်ကြောင့် သူဒဏ်ရာတစ်ချို့ရလိုက်တာနှင့် ကီမြင့်တက်လာပြီး အရှိန်နှင့် ခွန်အား မြင့်မားလာပေသည်။
ဖေးမြန့်မုန် နှင့် ရှောင်းရွှယ်ယင် တို့က အကြောင်းကြောင်းကြောင့် သူ့အပေါ် ညှာခဲ့သော်လည်း ထိုကျင့်စဉ်ကြောင့်သာ အနိုင်ရခဲ့ခြင်းပင်။ သူတို့က ချူအိမ်သိသွားမည်ဆိုး၍ ဒြပ်စင်မသုံးဘဲ နပန်းလုံးခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့်သာ ဇူအန် ရင်ဆိုင်နိုင်ခဲ့သည်။.
ဒြပ်စင်စွမ်းရည်သာ သုံးလိုက်ပါက သူ့လို အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ကို အသာလေး အနိုင်ရပေလိမ့်မည်။
လက်ရှိမှာ မြေအောက်ဂူထဲတွင်ဖြစ်သောကြောင့် ရှောင်းရွှယ်ယင် ရော ရှီခွန်း ပါ သူ့ကိုညှာရန်အကြောင်း မရှိချေ။ ဇူအန်မှာ ကောင်းကင်ဖီးနစ်ကျင့်စဉ် အစွမ်းရှိနေသော်လည်း သူတို့ပြိုင်ဘက်မဟုတ်ကြောင်း ဇူအန်နားလည်သည်။
သူ့ကိုယ်သူ ဓားထိုးလိုက်ခြင်းက တိုက်ခိုက်ရန် ခွန်အားတိုးအောင်လုပ်ခြင်းမဟုတ်။ ကျင့်စဉ်သုံး၍ ထွက်ပြေးရန် အရှိန်မြှင့်လိုက်ခြင်းပင်။ ဒါ့ကြောင့်လည်း ရှီခွန်း အခုချိန်ထိ လိုက်မမီသေးခြင်းပင်။
"ကျွန်မတို့ လွတ်မှာ မဟုတ်ဘူး" ချူချူယန် သက်ပြင်းချလိုက်သည်။
ဇူအန် ဘာနည်းသုံးပြီး အရှိန်မြှင့်လိုက်လည်း ချူချူယန် မသိပေ။ သို့သော် ရှီခွန်းက အဆင့် ၅ ကျင့်ကြံသူပင်။ အခြေခံကွာခြားချက်က သိသာလှသည်။ ဇူအန် ဖမ်းမိရန် အချိန်တစ်ခုသာ လိုပေသည်။
"မျှော်လင့်ချက်ပေးနိုင်တဲ့ နေရာတစ်ခုရှိတယ်" ဇူအန် ရှေ့က တောင်ကုန်းအသေးတစ်ခုကို ကြည့်၍ ပြောလိုက်သည်။
ဇူအန်က မျက်စိမှိတ်ပြေးနေခြင်းမဟုတ်။ တစ်ချိန်လုံး ထိုလေးယောက်လက်မှလွတ်ရန် တွေးနေခြင်းဖြစ်ပြီး သူ့ကျင့်စဉ်နှင့် ဝှက်ဖဲအားလုံးက အသုံးမဝင်ချေ။ ထို့အပြင် အကူလာမည့်ပုံလည်းမပေါ်ပေ။ မဟုတ်ပါက သူတို့တိုက်ပွဲကြောင့် ရောက်လာပြီးနေပြီ။ ဝါးမျိုသူခွန်း ပေါ်လာသောကြောင့် လူတိုင်း ခပ်ဝေးဝေးနေနေကြခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။
ထို့ကြောင့် တစ်နည်းသာကျန်တော့သည်။ အန္တရာယ်ကြားကို ထိုးဖောက်ဝင်၍ အခွင့်အရေးရှာရန် ဖြစ်သည်။
ကြောက်စရာကောင်းသော ဖုတ်ကောင်များ ထိုတောင်ကြားထဲ ဝင်သွားကြောင်း သူ့မျက်စိနှင့် တပ်အပ်တွေ့ထားသည်။ ထိုအကြောင်းကို ရှီခွန်းတို့ မသိချေ။ သူတို့ကို မြှားခေါ်သွားပါက အခွင့်အရေးရနိုင်လေသည်။
ဒါပေါ့ ထို အလောင်းကောင်တပ်ဖွဲ့ မည်မျှ ကြောက်စရာကောင်းကြောင်း ဇူအန်နားလည်သည်။ သူနှင့်ချူချူယန်လည်း သူတို့လက်ထဲ သေသွားနိုင်လေသည်။ သို့သော် ဘာမှမကြိုးစားတာက သေရန် သေချာသည်။ ဖုတ်ကောင်များက မျှော်လင့်ချက်အနည်းငယ် ပေးနိုင်သေးသည်။ ထို့အပြင် ရန်သူကို ဆွဲချနိုင်ခြင်းကလည်း မဆိုးပေ။
ကောင်းရော လူတွေထီထိုးတာ အကြောင်းရှိတယ်လို့ ငါထင်တယ်။ ကံတစ်ချက် ကောင်းလိုက်တာနဲ့ အရာအားလုံး ချောမွေ့သွားမယ်။ ပြောချင်တာက အိပ်မက်မရှိရင် ဘာလုပ်မှာလဲ။
ထိုအချိန်တွင် နောက်ကလူများ နီးကပ်လာပြီး ရှီခွန်းအသံကို ကြားလိုက်ရသည်။
"ဟမ့် ပြေးနိုင်သလောက်ပြေးထား။ မင်းဘယ်လောက်ပြေးနိုင်လဲ ငါစောင့်ကြည့်မယ်။ မင်းကီကုန်တဲ့အချိန်က မင်းသေမယ့်အချိန်ပဲ"
ဇူအန်ကို မသတ်ခင် အကယ်ဒမီက ဆရာအားလုံး၏ တည်နေရာကို ကြိုလေ့လာထားပြီးသားပင်။ ထို့ကြောင့် အကုန်လုံး ဝေးနေကြောင်း သိလေသည်။ ဇူအန်ကို လိုက်မီရန် အချိန်ရေနွေးတစ်အိုးကျက်ခန့်သာလိုပြီး သူတို့ရောက်လာနိုင်စရာ အကြောင်းမရှိပေ။
"စနိုး သူ့ကိုတား" တောတစ်ခုကိုမြင်ပြီး ရှီခွန်း ပြောလိုက်သည်။
ရှောင်းရွှယ်ယင် တွေဝေသွားသည်။ သို့သော် လက်ကိုဝေ့ယမ်း၍ ဇူအန်နောက်မှ အပင်များ အသက်ဝင်လာလေသည်။ နွယ်ကြိုးပေါင်းစုံ ဇူအန်ထံ ဝင်လာပြီး ခြေထိုးခံရန် ကြိုးစားကြသည်။
ဇူအန်က တစ်ခါခံရပြီး၍ သတိထားနေသည်။ နေကြာပန်းသိုင်းကို အရှိန်မြှင့်၍ လမ်းရှိ ခလုတ်ကသင်းအားလုံး ကျော်လွှားလိုက်သည်။ အရင်တစ်ခါကထက် နွယ်ကြိုးတွင် ဟာကွက်များ ရှိနေလေသည်။
ရှီခွန်း မျက်နှာမည်းသွားသည်။ ရှောင်းရွှယ်ယင် တမင် အလျော့ပေးနေကြောင်း သူမြင်နိုင်လေသည်။ သို့သော် လက်ရှိအချိန်တွင် ဘာမှ ပြော၍ မရချေ။
“လေနတ်ရှေ့တိုး…”
ရှီခွန်းခြေထောက်များ လှုပ်ရှားလာပြီး ပုံရိပ်တစ်ချို့သာ ကျန်တော့သည်။ အရှိန်အမြန် မြင့်တက်လာသည်။ ဤလှုပ်ရှားမှုသိုင်းက ကီအကုန်မြန်စေ၍ မလိုအပ်ဘဲ မသုံးပေ။
နောက်ကျောမှ ဝှစ်ခနဲ အသံကြားလိုက်ရာတွင် ရှီခွန်းတစ်ခုခုလုပ်မည်မှန်း ဇူအန် သိလိုက်သည်။ ထို့ကြောင့် ရှောင်တိမ်းရန် ဘေးသို့ လှမ်းလိုက်သော်လည်း နောက်ကျသွားလေပြီ။ ရှီခွန်းဓားက ဇူအန်နောက်ကျောကို ထိုးမိသွားသည်။
"ဟမ်…"
ရှီခွန်းက ဇူအန်ရင်ဘတ်ကို ဓားပေါက်သွားမည်ထင်ထားသော်လည်း ကြီးမားသော ကန်အားတစ်ခုက သူ့ဓားကို တွန်းလိုက်လေသည်။ ထိုအခါမှ ဇူအန်အင်္ကျီအောက်တွင် သံချပ်ကာဝတ်ထားကြောင်း သိလိုက်ရသည်။
ဇူအန်လို ငမွဲမျိုးက ရင်ဘတ်ပေါက်မည့်ဓားချက်ကို တစ်လက်မလောက်သာ နစ်ဝင်သွားစေနိုင်လောက်သည့် သံချပ်ကာကောင်းကောင်းရှိမည်ဟု မထင်ထားပေ။ အားစိုက်ရန် ပြင်လိုက်စဉ်တွင် ဇူအန်က ကန်အားကိုယူကာ ခုန်ပြေးသွားချေပြီ။
ရှီခွန်း အေးစက်စက် သရော်လိုက်သည်။
ငါက မင်းကို မီသွားပြီ။ မင်းဘယ်ကို ပြေးနိုင်ဦးမလဲ။
လေနတ်ရှေ့တိုး ၏ အစွမ်းကြောင့် သူ့အရှိန်က ဇူအန်ထက် ၂၀ ရာခိုင်နှုန်း ပိုမြန်လေသည်။ ထို့အပြင် ဇူအန်မှာ လူတစ်ယောက်ကို ပွေ့ထားရပြီး ဓားမရှိတော့ပေ။ ထိုမျှ အခွင့်သာသော အခြေအနေတွင် ဇူအန်ကို ရအောင်မလုပ်နိုင်လျှင် သူတကယ် အသုံးမကျသူ ဖြစ်သွားပေလိမ့်မည်။
ရှီခွန်းက ဇူအန်ခြေကြောလက်ကြောများ ဖြတ်လိုက်လျှင် ပိုလွယ်မည်ဟု တွေးကာ ဓားကို ခြေထောက်ထံ ဦးတည်လိုက်သည်။
သို့သော် ဇူအန် ရုတ်တရက် နောက်လှည့်၍ လက်ကိုခါလိုက်သည်။ လက်ကောက်ဝတ်ထဲမှ အရာတစ်ခု လွင့်ထွက်လာလေသည်။
လျှို့ဝှက် ဒူးလေးမြားတစ်စင်းဖြစ်ကြောင်း ရှီခွန်း ပြောနိုင်သည်။ သူ့နောက်လိုက်တစ်ယောက်တွင် ထိုလက်နက်မျိုး ရှိလေသည်။ သို့သော် ထိုသို့သော မြားတစ်လက်က သူ့လို အဆင့် ၅ကျင့်ကြံသူကို ထိခိုက်နိုင်မည်ဟု တွေးလိုက်သည်။ သူ့လိုလူအတွက် မြားတစ်စင်းက ကီအကာအရံကို ထိုးမဖောက်နိုင်ချေ။
ထို့ကြောင် ဝင်လာသောမြားကို ဂရုမထားဘဲ ရှေ့တက်လိုက်လေသည်။
သူ့ဓားက ဇူအန်ကိုယ်ထဲ ဝင်ခါနီးတွင် သူ စူးခနဲခံစားလိုက်ရသည်။ အံ့သြစရာကောင်းစွာ မြားက ကီအကာအရံကို ဖောက်ထွက်ပြီး သူ့ပုခုံးကို စိုက်နေလေသည်။ သူ့သံချပ်ကာက မြားဒဏ်ကို ခုခံပေးပြီး ဒဏ်ရာကို ထိန်းပေးသော်ငြား မြားမှထွက်လာသော အေးစက်စက်အရှိန်အဝါက ဒဏ်ရာမှတစ်ဆင့် တစ်ကိုယ်လုံးပြန့်လာကာ တုန်ရင်သွားရသည်။
"ဒါက ဘာလဲ။ အဆိပ်လူးမြားလား" ရှီခွန်း အံသြသွားသည်။ သူ့ကီကို အမြန်လွှဲပြောင်း၍ အအေးဓာတ်ကို ဖယ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဇူအန် ရုတ်တရက်နောက်လှည့်၍ ရှီခွန်းကို တိုက်ခိုက်လေသည်။သူ့လက်ထဲတွင် အနက်ရောင်ဓားမြှောင်တစ်ခု ရှိနေသည်။
"သခင်လေး သတိထား" ရှောင်းရွှယ်ယင်က ဓားမြှောင်အစွမ်းကို ကိုယ်တွေ့ကြုံဖူး၍ သတ်ိပေးလိုက်သည်။
ရှီခွန်းက သူ့ကီအကာအရံကို ဇူအန်ထိုးဖောက်နိုင်ကြောင်း တွေးလိုက်မိ၍ ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ ဓားကို လွှတ်ချ၍ လေဓားများ ပစ်လိုက်သည်။
လေဓားသွားများက ဇူအန်ကိုယ်ကို ဝင်စိုက်ပြီး ဇူအန်ကို သွေးအန်စေသည်။ ဒီတစ်ချက်က သူ့ကို ဒဏ်ရာပြင်းထန်သွားစေသည်။ ထို့အပြင် ထိုဓားချက်ကြောင့် ဟာကွက်တစ်ခု ယာယီပေါ်သွားပြီး ရှီခွန်း ဇူအန်ဓားကို ရှောင်လိုက်နိုင်သည်။
အခြေအနေအရ ဇူအန် မဖြစ်မနေ နောက်ဆုတ်လိုက်ရသည်။
လျှို့ဝှက်ဒူးလေးက ကျားကျန်းကျီ အုပ်စုမှ ရထားခြင်းဖြစ်ပြီး သာမန်မြားကို အလောင်းကောင်းတပ်မှရသော မြားဖြင့် အစားထိုးထားခြင်းပင်။
လျှို့ဝှက်ဒူးလေး၏ တည်ဆောက်ပုံက ရိုးရှင်း၍ တော်သေးသည်။ ဇူအန် လုပ်စရာလိုသည်က မြား၏ အရှည်ကိုဖြတ်ပြီး တပ်လိုက်ရုံပင်။ ထိုကျေးဇူးကြောင့် ရှီခွန်းကို တစ်ချက်ပစ်လိုက်နိုင်လေသည်။
သို့သော် မသတ်လိုက်နိုင်သည်က နှမြောစရာပင်။
ရှောင်းရွှယ်ယင် နှင့် တစ်ခြားနှစ်ယောက် မီတော့မည်ကို မြင်၍ နောက်ပြန်လှည့်ကာ ထွက်ပြေးလေသည်။
ထိုစဉ် ရှီခွန်း ဆေးသောက်ရန်နှင့် မြာဒဏ်ရာမှ အအေးဓာတ်ကို ကီဖြင့်ဖယ်ရန် ခေတ္တရပ်လိုက်ရသည်။ ထို့နောက် ပုခုံးမှ မြားကိုနှုတ်ကာ လေ့လာကြည့်လေသည်။
"ဒါက ဘယ်လိုမြားလဲ။ ဘာလို့ ဒီလောက် ကောင်းရတာလဲ"
သို့သော် ဒါက အချိန်ဖြုန်းရမည့်အချိန်မဟုတ်ပေ။ ထို့ကြောင့် လက်အောက်ငယ်သားများကို အမိန့်ပေးကာ ဆက်လိုက်လေသည်။
နောက်ဆုံး တောင်ကုန်းအောက်ခြေ ကျောက်တုံးတံခါးနေရာကို ဇူအန် ရောက်သွားလေပြီ။ နောင်ကလိုက်လာသူများကိုကြည့်၍ ဇူအန် အံကြိတ်ကာ တံခါးဆီပြေးသွားလိုက်သည်။
ချူချူယန် တစ်ချိန်လုံး ဇူအန်ရင်ခွင်ထဲတွင် ရှိနေခြင်းပေ။ သူမနေရာမှ ဇူအန်၏ သွေးစွန်းနေသော အဝတ်အစား ကျယ်လောင်သော နှလုံးခုန်သံနှင့် အသက်ရှူသံပြင်းပြင်းကို အတိုင်းသား ကြားနေရသည်။ ဖြည်းဖြည်းချင်း မျှော်လင့်ချက်မဲ့နေသော သူမမျက်လုံးတွင် အခြားအရာတစ်ခု အစားထိုးဝင်ရောက်လာသည်။
ပါရမီဖြင့်မွေးလာ၍ တစ်ချိန်လုံး သူက အခြားသူများကို ကာကွယ်ပေးသော သူခဲ့သည်။ သို့သော် ကံကြမ္မာအပြောင်းအလဲကြောင့် သူ့ကိုကယ်ရန် နည်းပေါင်းစုံကြိုးစားနေသော ယောက်ျားတစ်ယောက်၏ ရင်ခွင်ထဲ ရောက်နေရသည်။ဇူအန်ဘာသာ ထွက်ပြေး၍ ရသော်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်သော သူမကို လွှတ်မချခဲ့ပေ။
"အရူး"
ချူချူယန် တစ်ယောက်တည်း ကောက်ချက်ချ၍ မျက်လုံးမှိတ်လိုက်သည်။
ဇူအန် သူ့ရင်ခွင်ထဲက မိန်းမလှ၏ အတွေးကို မသိချေ။ မဖွင့်နိုင်မှာစိုး၍ ကျောက်တုံးတံခါးထံ စိတ်ပူစွာ ချဉ်းကပ်နေသည်။ သို့သော် ကောင်းကင်ဖီးနစ်ကျင့်စဉ်က ခွန်အားကို မြှင့်တင်ပေးထား၍လားမသိ။ တံခါးတွင် လူတစ်ကိုယ်စာ အကွဲရာတစ်ခု ပေါ်လာသည်။
သူ့ရှေ့က နက်မှောင်သော ဂူလမ်းကြောင်းက အန္တရာယ်ဟု သတိပေးနေသည်။ ဇူအန် အံတင်းတင်းကြိတ်၍ အမှောင်ထုတွင်း ဝင်သွားလိုက်သည်။
မကြာခင် ရှီခွန်းတို့ အုပ်စုလည်း ရောက်လာလေသည်။ သူတို့လည်း ပွင့်နေသော တံခါး၏ အပ်ကြောင်းကြားမှထွက်လာသည့် အေးစိမ့်စိမ့်လေထုကြောင့် တွေဝေစွာ ချဉ်းကပ်လာသည်။
"ဒါက ဘယ်နေရာလဲ"
"ဟမ့် ဇူအန်လိုလူတောင် ဝင်နိုင်သေးတာ။ ငါတို့က ဘာလို့ မဝင်ရမှာလဲ။ သူ့နောက်လိုက်ကြ" လက်ခါ၍ အရှေ့မှဦးဆောင်ကာ ဝင်သွားကြသည်။
ဒီနေ့ ဆုံးရှုံးရတာ များလွန်း၍ ဒီအချိန်မှ လက်မလျှော့နိုင်ပေ။
--- --- --- --- -------------------------------------------------------------- --- --- ---
Chapter 157: အႏၱရာယ္ၾကားတိုး၀င္ျခင္း
ရွီခြန္း ေၾကာင္သြားသည္။
သူမနိုင္နိုင္လို႔ ေသေၾကာင္းႀကံစည္ေနတာလား။ ဒါေပမဲ့ ဒါလည္း ငါသေဘာက်တာပဲ။
သူ႕ေနာက္လိုက္ အဆင့္ ၄ က်င့္ႀကံသူ ႏွစ္ေယာက္လည္း စိတ္ေအးသြားသည္။ အမွန္အတိုင္းေျပာရလွ်င္ ဇူအန္ကို မရင္ဆိုင္ခ်င္ေပ။ ဇူအန္က အဆင့္ ၃သာ ရွိေသးေသာ္လည္း ရင္ဆိုင္ရခက္ၿပီး ထူးျခားေသာ နည္းလမ္းမ်ား ရွိေနေသးသည္။
ဇူအန္ရင္ခြင္ထဲမွ ခ်ဴခ်ဴယန္ မ်က္ႏွာေပၚ ေသြးစက္မ်ားက်လာသည္ကို ခံစားလိုက္ရသည္။ မယုံနိုင္စြာ မ်က္လုံးျပဴး၍ ေမးလိုက္သည္။
"နင္..နင္ဘာလုပ္ေနတာလဲ"
ဘာလို႔ သူ႕ကိုယ္သူ ျပန္ထိုးလိုက္ရတာလဲ။ ငါ့ကို မကယ္နိုင္လို႔ အတူတူေသမလို႔လား။
ေရွာင္း႐ႊယ္ယင္ ႏွင့္ ႏွစ္မ်ားစြာ အတူတူရွိလာခဲ့ျခင္းေၾကာင့္လားမသိ။ အေတြးတူတူျဖစ္ေနသည္။
ခ်ဴခ်ဴယန္ မ်က္ႏွာတြင္ အနီေရာင္သန္းလာၿပီး ေျပာလိုက္သည္။
"နင္ဒီလိုလုပ္ဖို႔ မလိုပါဘူး။ ငါတို႔က.."
သူ႕စကားမဆုံးခင္ ဇူအန္ ျဖတ္ေျပာလိုက္သည္။
"ငါတို႔ ခ်စ္စကားေတြ ေနာက္မွေျပာလို႔ရတယ္။ အခုေတာ့ မုန္းစရာေကာင္းတဲ့ ဒီေကာင္ေတြကို အရင္သတ္ပါရေစဦး"
ခ်ဴခ်ဴယန္ကို လက္တစ္ဖက္ျဖင့္ ဆြဲထူလိုက္ၿပီး တစ္ဖက္မွ ဓားကိုင္ကာ ေအာ္လိုက္သည္။
"ငါ့ တားျမစ္က်င့္စဥ္ကို ျမည့္ၾကည့္ၾကစမ္း။ ဓားတစ္ေသာင္းရဲ႕ အျပန္လမ္း"
လူတိုင္းက ဇူအန္ အျပဳအမူေၾကာင့္ ေဝဝါးေနစဥ္ ႐ုတ္တရက္ေအာ္သံေၾကာင့္ လန့္ကာ ေနာက္ဆုတ္လိုက္မိၾကသည္။ ခ်ဴခ်ဴယန္၏ တားျမစ္က်င့္စဥ္ကို မ်က္ျမင္ေတြ႕လိုက္ရ၍ တားျမစ္က်င့္စဥ္ဆိုေသာ စကားကို သတိထားေနၾကျခင္းပင္။
ဇူအန္၏ ထူးျခားေသာ စြမ္းရည္မ်ားႏွင့္ အားေကာင္းေသာ ဟိတ္ဟန္ေၾကာင့္ ရွီခြန္းပင္ အေျခအေနကို ဆုံးျဖတ္ရန္ ေနာက္တစ္လွမ္းဆုတ္လိုက္မိသည္။
လူတိုင္းက ဇူအန္ကို သတိထားေစာင့္ၾကည့္ေနစဥ္ ဇူအန္ ဓားကို လႊတ္ခ်ကာ ခ်ဴခ်ဴယန္ကို ေကာက္ေပြ႕ၿပီး ထြက္ေျပးသြားေလသည္။
""ရွီခြန္း
""ေရွာင္း႐ႊယ္ယင္
"" အဆင့္ ၄ က်င့္ႀကံသူ ႏွစ္ေယာက္
လူတိုင္း ေခတၱေၾကာင္သြားၿပီးမွ ဇူအန္လွည့္ကြက္ထဲ က်သြားေၾကာင္း သေဘာေပါက္လိုက္သည္။ ဇူအန္က လြတ္ေအာင္ေျပးရန္ အခ်ိန္ဆြဲလိုက္ျခင္းပင္။ ဒီလို ေထာင္ေခ်ာက္အညံ့စားတစ္ခုအေပၚ က်သြားျခင္းက လူတိုင္းကို ေဒါသျဖစ္ေစသည္။
သင္သည္ ရွီခြန္း ထံမွ အမ်က္ပြိုင့္ ၆၆၆ ရယူလိုက္သည္။
သင္သည္ အဆင့္၄ ေနာက္လိုက္Aထံမွ အမ်က္ပြိုင့္ ၂၃၃ ရယူလိုက္သည္။
သင္သည္ အဆင့္ ၄ ေနာက္လိုက္Bထံမွ အမ်က္ပြိုင့္ ၂၃၃ ရယူလိုက္သည္။
ေရွာင္း႐ႊယ္ယင္ ဇူအန္ေနာက္ေက်ာကို စိတ္ရႈပ္ေထြးစြာ ၾကည့္လိုက္မိသည္။ ဇူအန္ေသေရးရွင္ေရးကို နည္းနည္းမွ စိတ္မဝင္စားေသာ္လည္း ခ်ဴခ်ဴယန္ကို စိတ္ပူေသးသည္။ တစ္ဖက္တြင္ မမေလးလြတ္ေျမာက္သြား၍ စိတ္ေအးရၿပီး တစ္ဖက္တြင္ေတာ့ ဇူအန္ သူ႕ကို မကုနိုင္မွာ စိုးရိမ္ေနမိသည္။ ဒါက ေရွာင္း႐ႊယ္ယင္ကို ဒြိဟျဖစ္ေစသည္။
"သူတို႔ေနာက္ကိုလိုက္"
ရွီခြန္း ေဒါသတႀကီး အမိန့္ေပး၍ အျမန္လိုက္ေလသည္။ ေလျဒပ္စင္ ပိုင္ရွင္ျဖစ္ေသာေၾကာင့္ ပုံမွန္က်င့္ႀကံသူမ်ားႏွင့္ယွဥ္လွ်င္ အရွိန္ပိုျမန္သည္။ အဆင့္ကြာျခားသည့္အျပင္ ဇူအန္က လူတစ္ေယာက္ကို ေပြ႕ထားျခင္းေၾကာင့္ စကၠန့္ပိုင္းအတြင္း အမီလိုက္နိုင္မည္ဟု ရွီခြန္းေတြးလိုက္သည္။ သို႔ေသာ္ အံ့ၾသစရာေကာင္းစြာပင္ အခ်ိန္အေတာ္ၾကာအထိ အလွမ္းကြာေနေသးသည္။
ခ်ဴခ်ဴယန္က ဇူအန္ကိုယ့္ကိုကိုယ္ ဒဏ္ရာရေအာင္လုပ္စဥ္က နားမလည္ေသာ္လည္း သူ႕ကိုေပြ႕၍ ထြက္ေျပးေသာအခါ သေဘာေပါက္သြားသည္ာ တစ္ခဏေတာ့ ဇူအန္ျဖတ္ထိုးဉာဏ္ကို ေလးစားသြားသည္။ သို႔ေသာ္ သူဘယ္လိုအႀကံေကာင္းပဲထုတ္ထုတ္ က်င့္ႀကံမႈအဆင့္ ကြာလြန္းေသာေၾကာင့္ ရွီခြန္းကို မနိုင္နိုင္ေပ။
"ကြၽန္မကိုခ်ေပး။ ရွင္တစ္ေယာက္တည္းေျပးရင္ လြတ္နိုင္ေသးတယ္"
"ပါးစပ္ပိတ္ထား။ ငါက မင္းကို ဘယ္လိုထားခဲ့ရမွာလဲ" ဇူအန္ မ်က္ႏွာထားတင္းတင္းျဖင့္ ျပန္ေျဖသည္။
ေကာင္းကင္ဖီးနစ္က်င့္စဥ္ေၾကာင့္ သူဒဏ္ရာတစ္ခ်ိဳ႕ရလိုက္တာႏွင့္ ကီျမင့္တက္လာၿပီး အရွိန္ႏွင့္ ခြန္အား ျမင့္မားလာေပသည္။
ေဖးျမန့္မုန္ ႏွင့္ ေရွာင္း႐ႊယ္ယင္ တို႔က အေၾကာင္းေၾကာင္းေၾကာင့္ သူ႕အေပၚ ညွာခဲ့ေသာ္လည္း ထိုက်င့္စဥ္ေၾကာင့္သာ အနိုင္ရခဲ့ျခင္းပင္။ သူတို႔က ခ်ဴအိမ္သိသြားမည္ဆိုး၍ ျဒပ္စင္မသုံးဘဲ နပန္းလုံးခဲ့ၾကျခင္းျဖစ္သည္။ ထို႔ေၾကာင့္သာ ဇူအန္ ရင္ဆိုင္နိုင္ခဲ့သည္။.
ျဒပ္စင္စြမ္းရည္သာ သုံးလိုက္ပါက သူ႕လို အဆင့္နိမ့္က်င့္ႀကံသူတစ္ေယာက္ကို အသာေလး အနိုင္ရေပလိမ့္မည္။
လက္ရွိမွာ ေျမေအာက္ဂူထဲတြင္ျဖစ္ေသာေၾကာင့္ ေရွာင္း႐ႊယ္ယင္ ေရာ ရွီခြန္း ပါ သူ႕ကိုညွာရန္အေၾကာင္း မရွိေခ်။ ဇူအန္မွာ ေကာင္းကင္ဖီးနစ္က်င့္စဥ္ အစြမ္းရွိေနေသာ္လည္း သူတို႔ၿပိဳင္ဘက္မဟုတ္ေၾကာင္း ဇူအန္နားလည္သည္။
သူ႕ကိုယ္သူ ဓားထိုးလိုက္ျခင္းက တိုက္ခိုက္ရန္ ခြန္အားတိုးေအာင္လုပ္ျခင္းမဟုတ္။ က်င့္စဥ္သုံး၍ ထြက္ေျပးရန္ အရွိန္ျမႇင့္လိုက္ျခင္းပင္။ ဒါ့ေၾကာင့္လည္း ရွီခြန္း အခုခ်ိန္ထိ လိုက္မမီေသးျခင္းပင္။
"ကြၽန္မတို႔ လြတ္မွာ မဟုတ္ဘူး" ခ်ဴခ်ဴယန္ သက္ျပင္းခ်လိဳက္သည္။
ဇူအန္ ဘာနည္းသုံးၿပီး အရွိန္ျမႇင့္လိုက္လည္း ခ်ဴခ်ဴယန္ မသိေပ။ သို႔ေသာ္ ရွီခြန္းက အဆင့္ ၅ က်င့္ႀကံသူပင္။ အေျခခံကြာျခားခ်က္က သိသာလွသည္။ ဇူအန္ ဖမ္းမိရန္ အခ်ိန္တစ္ခုသာ လိုေပသည္။
"ေမွ်ာ္လင့္ခ်က္ေပးနိုင္တဲ့ ေနရာတစ္ခုရွိတယ္" ဇူအန္ ေရွ႕က ေတာင္ကုန္းအေသးတစ္ခုကို ၾကည့္၍ ေျပာလိုက္သည္။
ဇူအန္က မ်က္စိမွိတ္ေျပးေနျခင္းမဟုတ္။ တစ္ခ်ိန္လုံး ထိုေလးေယာက္လက္မွလြတ္ရန္ ေတြးေနျခင္းျဖစ္ၿပီး သူ႕က်င့္စဥ္ႏွင့္ ဝွက္ဖဲအားလုံးက အသုံးမဝင္ေခ်။ ထို႔အျပင္ အကူလာမည့္ပုံလည္းမေပၚေပ။ မဟုတ္ပါက သူတို႔တိုက္ပြဲေၾကာင့္ ေရာက္လာၿပီးေနၿပီ။ ဝါးမ်ိဳသူခြန္း ေပၚလာေသာေၾကာင့္ လူတိုင္း ခပ္ေဝးေဝးေနေနၾကျခင္း ျဖစ္ရမည္ဟု ေကာက္ခ်က္ခ်လိဳက္သည္။
ထို႔ေၾကာင့္ တစ္နည္းသာက်န္ေတာ့သည္။ အႏၱရာယ္ၾကားကို ထိုးေဖာက္ဝင္၍ အခြင့္အေရးရွာရန္ ျဖစ္သည္။
ေၾကာက္စရာေကာင္းေသာ ဖုတ္ေကာင္မ်ား ထိုေတာင္ၾကားထဲ ဝင္သြားေၾကာင္း သူ႕မ်က္စိႏွင့္ တပ္အပ္ေတြ႕ထားသည္။ ထိုအေၾကာင္းကို ရွီခြန္းတို႔ မသိေခ်။ သူတို႔ကို ျမႇားေခၚသြားပါက အခြင့္အေရးရနိုင္ေလသည္။
ဒါေပါ့ ထို အေလာင္းေကာင္တပ္ဖြဲ႕ မည္မွ် ေၾကာက္စရာေကာင္းေၾကာင္း ဇူအန္နားလည္သည္။ သူႏွင့္ခ်ဴခ်ဴယန္လည္း သူတို႔လက္ထဲ ေသသြားနိုင္ေလသည္။ သို႔ေသာ္ ဘာမွမႀကိဳးစားတာက ေသရန္ ေသခ်ာသည္။ ဖုတ္ေကာင္မ်ားက ေမွ်ာ္လင့္ခ်က္အနည္းငယ္ ေပးနိုင္ေသးသည္။ ထို႔အျပင္ ရန္သူကို ဆြဲခ်နိဳင္ျခင္းကလည္း မဆိုးေပ။
ေကာင္းေရာ လူေတြထီထိုးတာ အေၾကာင္းရွိတယ္လို႔ ငါထင္တယ္။ ကံတစ္ခ်က္ ေကာင္းလိုက္တာနဲ႕ အရာအားလုံး ေခ်ာေမြ႕သြားမယ္။ ေျပာခ်င္တာက အိပ္မက္မရွိရင္ ဘာလုပ္မွာလဲ။
ထိုအခ်ိန္တြင္ ေနာက္ကလူမ်ား နီးကပ္လာၿပီး ရွီခြန္းအသံကို ၾကားလိုက္ရသည္။
"ဟမ့္ ေျပးနိုင္သေလာက္ေျပးထား။ မင္းဘယ္ေလာက္ေျပးနိုင္လဲ ငါေစာင့္ၾကည့္မယ္။ မင္းကီကုန္တဲ့အခ်ိန္က မင္းေသမယ့္အခ်ိန္ပဲ"
ဇူအန္ကို မသတ္ခင္ အကယ္ဒမီက ဆရာအားလုံး၏ တည္ေနရာကို ႀကိဳေလ့လာထားၿပီးသားပင္။ ထို႔ေၾကာင့္ အကုန္လုံး ေဝးေနေၾကာင္း သိေလသည္။ ဇူအန္ကို လိုက္မီရန္ အခ်ိန္ေရႏြေးတစ္အိုးက်က္ခန့္သာလိုၿပီး သူတို႔ေရာက္လာနိုင္စရာ အေၾကာင္းမရွိေပ။
"စနိုး သူ႕ကိုတား" ေတာတစ္ခုကိုျမင္ၿပီး ရွီခြန္း ေျပာလိုက္သည္။
ေရွာင္း႐ႊယ္ယင္ ေတြေဝသြားသည္။ သို႔ေသာ္ လက္ကိုေဝ့ယမ္း၍ ဇူအန္ေနာက္မွ အပင္မ်ား အသက္ဝင္လာေလသည္။ ႏြယ္ႀကိဳးေပါင္းစုံ ဇူအန္ထံ ဝင္လာၿပီး ေျခထိုးခံရန္ ႀကိဳးစားၾကသည္။
ဇူအန္က တစ္ခါခံရၿပီး၍ သတိထားေနသည္။ ေနၾကာပန္းသိုင္းကို အရွိန္ျမႇင့္၍ လမ္းရွိ ခလုတ္ကသင္းအားလုံး ေက်ာ္လႊားလိုက္သည္။ အရင္တစ္ခါကထက္ ႏြယ္ႀကိဳးတြင္ ဟာကြက္မ်ား ရွိေနေလသည္။
ရွီခြန္း မ်က္ႏွာမည္းသြားသည္။ ေရွာင္း႐ႊယ္ယင္ တမင္ အေလ်ာ့ေပးေနေၾကာင္း သူျမင္နိုင္ေလသည္။ သို႔ေသာ္ လက္ရွိအခ်ိန္တြင္ ဘာမွ ေျပာ၍ မရေခ်။
ေလနတ္ေရွ႕တိုး
ရွီခြန္းေျခေထာက္မ်ား လႈပ္ရွားလာၿပီး ပုံရိပ္တစ္ခ်ိဳ႕သာ က်န္ေတာ့သည္။ အရွိန္အျမန္ ျမင့္တက္လာသည္။ ဤလႈပ္ရွားမႈသိုင္းက ကီအကုန္ျမန္ေစ၍ မလိုအပ္ဘဲ မသုံးေပ။
ေနာက္ေက်ာမွ ဝွစ္ခနဲ အသံၾကားလိုက္ရာတြင္ ရွီခြန္းတစ္ခုခုလုပ္မည္မွန္း ဇူအန္ သိလိုက္သည္။ ထို႔ေၾကာင့္ ေရွာင္တိမ္းရန္ ေဘးသို႔ လွမ္းလိုက္ေသာ္လည္း ေနာက္က်သြားေလၿပီ။ ရွီခြန္းဓားက ဇူအန္ေနာက္ေက်ာကို ထိုးမိသြားသည္။
"ဟမ္"
ရွီခြန္းက ဇူအန္ရင္ဘတ္ကို ဓားေပါက္သြားမည္ထင္ထားေသာ္လည္း ႀကီးမားေသာ ကန္အားတစ္ခုက သူ႕ဓားကို တြန္းလိုက္ေလသည္။ ထိုအခါမွ ဇူအန္အကၤ်ီေအာက္တြင္ သံခ်ပ္ကာဝတ္ထားေၾကာင္း သိလိုက္ရသည္။
ဇူအန္လို ငမြဲမ်ိဳးက ရင္ဘတ္ေပါက္မည့္ဓားခ်က္ကို တစ္လက္မေလာက္သာ နစ္ဝင္သြားေစနိုင္ေလာက္သည့္ သံခ်ပ္ကာေကာင္းေကာင္းရွိမည္ဟု မထင္ထားေပ။ အားစိုက္ရန္ ျပင္လိုက္စဥ္တြင္ ဇူအန္က ကန္အားကိုယူကာ ခုန္ေျပးသြားေခ်ၿပီ။
ရွီခြန္း ေအးစက္စက္ သေရာ္လိုက္သည္။
ငါက မင္းကို မီသြားၿပီ။ မင္းဘယ္ကို ေျပးနိုင္ဦးမလဲ။
ေလနတ္ေရွ႕တိုး ၏ အစြမ္းေၾကာင့္ သူ႕အရွိန္က ဇူအန္ထက္ ၂၀ ရာခိုင္ႏႈန္း ပိုျမန္ေလသည္။ ထို႔အျပင္ ဇူအန္မွာ လူတစ္ေယာက္ကို ေပြ႕ထားရၿပီး ဓားမရွိေတာ့ေပ။ ထိုမွ် အခြင့္သာေသာ အေျခအေနတြင္ ဇူအန္ကို ရေအာင္မလုပ္နိုင္လွ်င္ သူတကယ္ အသုံးမက်သဴ ျဖစ္သြားေပလိမ့္မည္။
ရွီခြန္းက ဇူအန္ေျခေၾကာလက္ေၾကာမ်ား ျဖတ္လိုက္လွ်င္ ပိုလြယ္မည္ဟု ေတြးကာ ဓားကို ေျခေထာက္ထံ ဦးတည္လိုက္သည္။
သို႔ေသာ္ ဇူအန္ ႐ုတ္တရက္ ေနာက္လွည့္၍ လက္ကိုခါလိုက္သည္။ လက္ေကာက္ဝတ္ထဲမွ အရာတစ္ခု လြင့္ထြက္လာေလသည္။
လွ်ို႔ဝွက္ ဒူးေလးျမားတစ္စင္းျဖစ္ေၾကာင္း ရွီခြန္း ေျပာနိုင္သည္။ သူ႕ေနာက္လိုက္တစ္ေယာက္တြင္ ထိုလက္နက္မ်ိဳး ရွိေလသည္။ သို႔ေသာ္ ထိုသို႔ေသာ ျမားတစ္လက္က သူ႕လို အဆင့္ ၅က်င့္ႀကံသူကို ထိခိုက္နိုင္မည္ဟု ေတြးလိုက္သည္။ သူ႕လိုလူအတြက္ ျမားတစ္စင္းက ကီအကာအရံကို ထိုးမေဖာက္နိုင္ေခ်။
ထို႔ေၾကာင္ ဝင္လာေသာျမားကို ဂ႐ုမထားဘဲ ေရွ႕တက္လိုက္ေလသည္။
သူ႕ဓားက ဇူအန္ကိုယ္ထဲ ဝင္ခါနီးတြင္ သူ စူးခနဲခံစားလိုက္ရသည္။ အံ့ၾသစရာေကာင္းစြာ ျမားက ကီအကာအရံကို ေဖာက္ထြက္ၿပီး သူ႕ပုခုံးကို စိုက္ေနေလသည္။ သူ႕သံခ်ပ္ကာက ျမားဒဏ္ကို ခုခံေပးၿပီး ဒဏ္ရာကို ထိန္းေပးေသာ္ျငား ျမားမွထြက္လာေသာ ေအးစက္စက္အရွိန္အဝါက ဒဏ္ရာမွတစ္ဆင့္ တစ္ကိုယ္လုံးျပန့္လာကာ တုန္ရင္သြားရသည္။
"ဒါက ဘာလဲ။ အဆိပ္လူးျမားလား" ရွီခြန္း အံၾသသြားသည္။ သူ႕ကီကို အျမန္လႊဲေျပာင္း၍ အေအးဓာတ္ကို ဖယ္လိုက္သည္။
တစ္ခ်ိန္တည္းမွာပင္ ဇူအန္ ႐ုတ္တရက္ေနာက္လွည့္၍ ရွီခြန္းကို တိုက္ခိုက္ေလသည္။သူ႕လက္ထဲတြင္ အနက္ေရာင္ဓားျမႇောင္တစ္ခု ရွိေနသည္။
"သခင္ေလး သတိထား" ေရွာင္း႐ႊယ္ယင္က ဓားျမႇောင္အစြမ္းကို ကိုယ္ေတြ႕ႀကဳံဖူး၍ သတ်ိပေးလိုက်သည်။
ရွီခြန္းက သူ႕ကီအကာအရံကို ဇူအန္ထိုးေဖာက္နိုင္ေၾကာင္း ေတြးလိုက္မိ၍ ထိပ္တိုက္ရင္ဆိုင္ရန္ ဆုံးျဖတ္လိုက္သည္။ ဓားကို လႊတ္ခ်၍ ေလဓားမ်ား ပစ္လိုက္သည္။
ေလဓားသြားမ်ားက ဇူအန္ကိုယ္ကို ဝင္စိုက္ၿပီး ဇူအန္ကို ေသြးအန္ေစသည္။ ဒီတစ္ခ်က္က သူ႕ကို ဒဏ္ရာျပင္းထန္သြားေစသည္။ ထို႔အျပင္ ထိုဓားခ်က္ေၾကာင့္ ဟာကြက္တစ္ခု ယာယီေပၚသြားၿပီး ရွီခြန္း ဇူအန္ဓားကို ေရွာင္လိုက္နိုင္သည္။
အေျခအေနအရ ဇူအန္ မျဖစ္မေန ေနာက္ဆုတ္လိုက္ရသည္။
လွ်ို႔ဝွက္ဒူးေလးက က်ားက်န္းက်ီ အုပ္စုမွ ရထားျခင္းျဖစ္ၿပီး သာမန္ျမားကို အေလာင္းေကာင္းတပ္မွရေသာ ျမားျဖင့္ အစားထိုးထားျခင္းပင္။
လွ်ို႔ဝွက္ဒူးေလး၏ တည္ေဆာက္ပုံက ရိုးရွင္း၍ ေတာ္ေသးသည္။ ဇူအန္ လုပ္စရာလိုသည္က ျမား၏ အရွည္ကိုျဖတ္ၿပီး တပ္လိုက္႐ုံပင္။ ထိုေက်းဇူးေၾကာင့္ ရွီခြန္းကို တစ္ခ်က္ပစ္လိုက္နိုင္ေလသည္။
သို႔ေသာ္ မသတ္လိုက္နိုင္သည္က ႏွေျမာစရာပင္။
ေရွာင္း႐ႊယ္ယင္ ႏွင့္ တစ္ျခားႏွစ္ေယာက္ မီေတာ့မည္ကို ျမင္၍ ေနာက္ျပန္လွည့္ကာ ထြက္ေျပးေလသည္။
ထိုစဥ္ ရွီခြန္း ေဆးေသာက္ရန္ႏွင့္ ျမာဒဏ္ရာမွ အေအးဓာတ္ကို ကီျဖင့္ဖယ္ရန္ ေခတၱရပ္လိုက္ရသည္။ ထို႔ေနာက္ ပုခုံးမွ ျမားကိုႏႈတ္ကာ ေလ့လာၾကည့္ေလသည္။
"ဒါက ဘယ္လိုျမားလဲ။ ဘာလို႔ ဒီေလာက္ ေကာင္းရတာလဲ"
သို႔ေသာ္ ဒါက အခ်ိန္ျဖဳန္းရမည့္အခ်ိန္မဟုတ္ေပ။ ထို႔ေၾကာင့္ လက္ေအာက္ငယ္သားမ်ားကို အမိန့္ေပးကာ ဆက္လိုက္ေလသည္။
ေနာက္ဆုံး ေတာင္ကုန္းေအာက္ေျခ ေက်ာက္တုံးတံခါးေနရာကို ဇူအန္ ေရာက္သြားေလၿပီ။ ေနာင္ကလိုက္လာသူမ်ားကိုၾကည့္၍ ဇူအန္ အံႀကိတ္ကာ တံခါးဆီေျပးသြားလိုက္သည္။
ခ်ဴခ်ဴယန္ တစ္ခ်ိန္လုံး ဇူအန္ရင္ခြင္ထဲတြင္ ရွိေနျခင္းေပ။ သူမေနရာမွ ဇူအန္၏ ေသြးစြန္းေနေသာ အဝတ္အစား က်ယ္ေလာင္ေသာ ႏွလုံးခုန္သံႏွင့္ အသက္ရႉသံျပင္းျပင္းကို အတိုင္းသား ၾကားေနရသည္။ ျဖည္းျဖည္းခ်င္း ေမွ်ာ္လင့္ခ်က္မဲ့ေနေသာ သူမမ်က္လုံးတြင္ အျခားအရာတစ္ခု အစားထိုးဝင္ေရာက္လာသည္။
ပါရမီျဖင့္ေမြးလာ၍ တစ္ခ်ိန္လုံး သူက အျခားသူမ်ားကို ကာကြယ္ေပးေသာ သူခဲ့သည္။ သို႔ေသာ္ ကံၾကမၼာအေျပာင္းအလဲေၾကာင့္ သူ႕ကိုကယ္ရန္ နည္းေပါင္းစုံႀကိဳးစားေနေသာ ေယာက္်ားတစ္ေယာက္၏ ရင္ခြင္ထဲ ေရာက္ေနရသည္။ဇူအန္ဘာသာ ထြက္ေျပး၍ ရေသာ္လည္း ဝန္ထုပ္ဝန္ပိုးျဖစ္ေသာ သူမကို လႊတ္မခ်ခဲ့ေပ။
"အ႐ူး"
ခ်ဴခ်ဴယန္ တစ္ေယာက္တည္း ေကာက္ခ်က္ခ်၍ မ်က္လုံးမွိတ္လိုက္သည္။
ဇူအန္ သူ႕ရင္ခြင္ထဲက မိန္းမလွ၏ အေတြးကို မသိေခ်။ မဖြင့္နိုင္မွာစိုး၍ ေက်ာက္တုံးတံခါးထံ စိတ္ပူစြာ ခ်ဥ္းကပ္ေနသည္။ သို႔ေသာ္ ေကာင္းကင္ဖီးနစ္က်င့္စဥ္က ခြန္အားကို ျမႇင့္တင္ေပးထား၍လားမသိ။ တံခါးတြင္ လူတစ္ကိုယ္စာ အကြဲရာတစ္ခု ေပၚလာသည္။
သူ႕ေရွ႕က နက္ေမွာင္ေသာ ဂူလမ္းေၾကာင္းက အႏၱရာယ္ဟု သတိေပးေနသည္။ ဇူအန္ အံတင္းတင္းႀကိတ္၍ အေမွာင္ထုတြင္း ဝင္သြားလိုက္သည္။
မၾကာခင္ ရွီခြန္းတို႔ အုပ္စုလည္း ေရာက္လာေလသည္။ သူတို႔လည္း ပြင့္ေနေသာ တံခါး၏ အပ္ေၾကာင္းၾကားမွထြက္လာသည့္ ေအးစိမ့္စိမ့္ေလထုေၾကာင့္ ေတြေဝစြာ ခ်ဥ္းကပ္လာသည္။
"ဒါက ဘယ္ေနရာလဲ"
"ဟမ့္ ဇူအန္လိုလူေတာင္ ဝင္နိုင္ေသးတာ။ ငါတို႔က ဘာလို႔ မဝင္ရမွာလဲ။ သူ႕ေနာက္လိုက္ၾက" လက္ခါ၍ အေရွ႕မွဦးေဆာင္ကာ ဝင္သြားၾကသည္။
ဒီေန႕ ဆုံးရႈံးရတာ မ်ားလြန္း၍ ဒီအခ်ိန္မွ လက္မေလွ်ာ့နိုင္ေပ။
--- --- --- --- -------------------------------------------------------------- --- --- ---