ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.1K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

151

310 51 1
By SoeHmue

Chapter 151: သူဌေးတစ်ယောက်ကို မိတ်ဆွေဖွဲ့ခြင်း

ထိုစကားလုံးများ ကြားရသောအခါ ဇူအန် အော်ရယ်လုနီးပါးဖြစ်သွားသည်။
အေးပါကွာ။ သူက ငါ့မိန်းမလေ။ သူ့လက်ကို ငါ ကိုင်ချင်ကိုင်မှာပေါ့။ မင်း အပူပါလို့လား။ မင်းက အရမ်းတကိုယ်ကောင်းမဆန်ဘူးလား။ မင်းအတွက် ငါ့မိန်းမကို အပျိုစင် အတိုင်းကျန်စေချင်နေတာလား။ မင်းရဲ့ စွဲလမ်းမှုက စိတ်ဝေဒနာတစ်ခုပဲ။ ကိုယ့်ဟာကိုယ် စိတ္တဇဆေးရုံ တစ်ခုခုမှာ သွား အခန်းအောင်းနေလိုက်။

ချူချူယန်၏ မျက်နှာ အေးစက်သွားသည်။ “ကျွန်မနဲ့ ကျွန်မယောက်ျား ကြားက ကိစ္စကို ဝင်စွပ်ဖက်ရအောင် စည်းကျော်နေပြီ”
သူမကဲ့သို့ အေးဆေးတည်ငြိမ်သောသူ ပင် ယခုအခြေအနေတွင် စိတ်တိုသွားသည်။
ဒီလူက ဘာတွေမှားနေတာလဲ။ သူနဲ့ ယှဉ်ရင် ဇူအန် ကမှ ပုံမှန် နဲ့တူဦးမယ်။

အသက်ခပ်ပြင်ပြင်းရှုကာ သူ့ကိုယ်သူ စိတ်ငြိမ်စေကာ ရှီခွန်း ပြောလိုက်သည်။ “ငါက မင်းကို နတ်ပြည်က ဆင်းသက်လာတဲ့ နတ်သမီးတစ်ပါးအဖြစ် တွေးခဲ့တာ။ ပြီးတော့ မင်း ကို ဖြည်းဖြည်းချင်း ပိုးပန်းဖို့ ကြံထားခဲ့တာ။ ဒါပေမယ့် ကြည့်ရတာ ငါ့ အစီအစဉ် က အလုပ်မဖြစ်တော့ဘူးထင်တယ်။ ငါသာ ဆက်ပြီးတော့ အချိန်ယူနေရင် ငါ့ထက်အရင် တစ်ခြားယောက်ျားတစ်ယောက်က ရသွားလိမ့်မယ်”

ဘေးတွင် မတ်တပ်ရပ်နေသော ရှောင်ရွှယ်ယင်း မှာ စကားပြောရန် အနည်းငယ် တွန့်ဆုတ်နေသည်။
တကယ်တော့ သခင်လေး စိတ်ပူစရာမလိုဘူး။ ဇူအန်က....
သို့သော် ထိုအကြောင်းအရာကို အစကတည်းက အဘယ်ကြောင့်ဖုံးကွယ်ထားသနည်း ဟူသော အမေးကို ပြန်ဖြေရှင်းနိုင်မည်မဟုတ်ပေ။

ဇူအန် နှင့် ချူချူယန် တို့လည်း ရှောင်းရွှယ်ယင် ကို အံသြနေကြသည်။ သူတို့၏စိတ်ထဲတွင်လည်း တူညီသော အတွေးရှိနေသည်။ စနိုးက ဇူအန် မြုံနေသည့်အကြောင်း ရှီခွန်း ကို ဖုံးကွယ်ထားမည်ဟု သူတို့လည်း မထင်မှတ်ထားကြပေ။

ဇူအန် က သူ့မိန်းမကို တံတောင်နဲ့ တို့လိုက်ကာ တီးတိုးပြောလိုက်သည်။ “တွေ့လား။ စနိုးက အဲ့ဒါနဲ့ ငါ့ကို စနောက်နေပေမယ့် ငါ့ရဲ့ ဂုဏ်သိက္ခာကို အများကြီး ဂရုစိုက်နေသေးတယ်”

ထိုအခြေအနေကို ချူချူယန်လည်း တွေးမိနေသည်။ ဒီနှစ်ယောက်က တကယ်ပဲ ဇူအန် အခုနကပြောခဲ့တဲ့ ‘သမီးရည်းစားချင်း ကျီစားနေတယ်’ ဆိုတာလား။

သူတို့၏ နီးနီးကပ်ကပ် အပြုအမူသည် ရှီခွန်း နှလုံးသားထဲရှိ မီးတောက်ကို လေပင့်ပေးလိုက်သည်။ “ငါ ကွေ့ဝိုက်မနေတော့ဘဲ ဒဲ့တိုးပဲ ပြောတော့မယ်။ ဒီအချိန် ဒီနေရာမှာ ငါ ဇူအန်ကို သတ်ပြီးတော့ မင်းနဲ့ စာရင်းရှင်းရမယ်”

သင်သည် ရှီခွန်းထံမှအမျက်ပွိုင့် ၆၇၈ ရရှိလိုက်သည်။

“တကယ်ကို ရှင်က လက်သည်ဖြစ်နေတာပဲ။ စနိုးကို ချူကလန်ထဲ သူလျှိုလွှတ်တာနဲ့ အကယ်ဒမီအထဲကို ရှင့်ရဲ့ လက်ပါးစေတွေ အများကြီး ဝင်စေခဲ့တာ တွေရဲ့ အကြောင်းအရင်းက ကျွန်မကို ရှင့် အပိုင်သိမ်းချင်လို့ပေါ့ ဟုတ်လား”

“အမှန်ပဲ။ ငါက မင်းကို မြင်မြင်ချင်းပဲ စွဲလမ်းခဲ့တယ်လေ ဒါကြောင့် အဲ့ဒီအတွက် နှစ်တွေအများကြီး အစီအစဉ်ချခဲ့ရတယ်။ မိန်းမတော်တော်များများက သူတို့ကိုယ်သူတို့ ငါ့ရှေ့မှောက် ဆက်သကြတယ်။ ဒါပေမယ့် ငါက သူတို့ကို တစ်ချက်ကလေးတောင် မကြည့်ခဲ့ဘူး။ ငါတို့ရဲ့ ပတ်သက်မှုက စင်ကြယ်မှု အပေါ်မှာ လုံးဝ ပြည့်စုံနေဦးမှာပဲ။ မင်းအတွက် ငါ့ရဲ့ မယိုင်လဲတဲ့ ဆုံးဖြတ်ချက် ကို မင်း အထင်မကြီးဘူးလား” ရှီခွန်းက ချူချူယန်ကို မျှော်လင့်သောအကြည့်ဖြင့်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကြီးကြီးမားမား ခံစားနေရသည်။ သူ၏ နှလုံးသားထဲရှိ နတ်သမီးသည် ယခုအခါတွင် တစ်ခြား ယောက်ျားတစ်ယောက် နှင့် လက်ထပ်ထားပြီးဖြစ်သည်။ ပြီးခဲ့သော ရက်များတွင် သူတို့အတူနေခဲ့  မလားကို တွေးမိရုံဖြင့်ပင် သူ့ကို စိတ်ရှုးသွားစေနိုင်သည်အထ် လုံလောက်နေသည်။

သူ၏ အိမ်မက် မိန်းကလေးကို လက်ထပ်နိုင်ရန်အတွက် ထိုကိစ္စအပေါ်တွင် ဆယ်စုနှစ်တစ်ခုကျော် အားစိုက်ထုတ်ခဲ့ရသည်။ နောက်ဆုံးတွင် ဖမ်းဆုပ်နိုင်တော့မည်အချိန်ရောက်လာပြီး အကွက်ရွေ့ရန် သာ ကျန်တော့သောအချိန်တွင် အခြားယောက်ျားတစ်ဦးက သူမကို အရင်ဆုံးရသွားခဲ့သည်။ ဘယ်လိုကြောင့် ဒေါသမထွက်ဘဲနေရမည်နည်း။

သင်သည် ရှီခွန်း ထံမှ အမျက်ပွိုင့် ၇၈၅ ရရှိလိုက်သည်။

“ရွံဖို့ကောင်းလိုက်တာ” ချူချူယန် မျက်မှောင်ကြုတ်လိုက်သည်။

“မင်း...”
သူပြုလုပ်ခဲ့သော ပေးဆပ်မှုများမှာ ယခုကဲ့သို့သော ရလဒ်မျိုးကို ထွက်ပေါ်စေလိမ့်မည်ဟု ရှီခွန်း ဘယ်သောအခါကမှ မတွေးမိခဲ့ပေ။ သူ၏ မျက်မှာမှာ မှင်ရည် ထွက်လာနိုင်သကဲ့သို့ မဲမှောင် ပြာနှမ်းနေသည်။

“ကောင်းပြီလေ။ ငါ့အပေါ် ဘာခံစားချက်မှ မရှိမှတော့ အတင်း လုပ်ယူမှပဲ ရမယ်ထင်တယ်။ မင်း ခန္ဓာကိုယ်ကို ငါပိုင်ဆိုင်ရရင် ငါ့ကို အစပိုင်းမှာ မုန်းရင် မုန်းနေလိမ့််မယ်။ နောက်ဆုံးမှာတော့ ငါ့ကို လက်ခံလာပြီးတော့ ချစ်လာရမှာပဲ။ ဟားဟားဟား”

“အရှက်မရှိဘူး” ချူချူယန်၏ မျက်လုံးများ အေးစက်သွားသည်။ ဆက်သည်းမခံနိုင်တော့ဘဲ ဓားဆွဲထုတ်ကာ ရှီခွန်း ဆီသို့ ပြေးသွားသည်။
သို့သော်လည်း ရှီခွန်းမှာ အသင့်ဖြစ်နေသည်။ သူ၏ ပတ်ဝန်းကျင်တွင် လေပွေ လေးခုကို ဖန်တီးလိုက်ပြီး ရှေ့တိုးကာ ချူချူယန် ၏ တိုက်ခိုက်မှု ကို ရင်ဆိုင်လိုက်သည်။

အကယ်၍ တစ်စုံယောက်သည် ရှီကလန်၏ လေနတ်ဘုရားကျင့်စဉ် ကို အမြင့်ဆုံးအဆင့်အထိ တက်ကျွမ်းသွားပါက ပျက်စီးခြင်းအတိဖြစ်စေနိုင်သော အကြီအကျယ်ဖျက်ဆီးနိုင်စွမ်းရှိသော လေဆင်နှာမောင်း ကိုးခုကို ထုတ်သုံးနိုင်စွမ်းရှိမည်ဖြစ်သည်။ ယခုအခိုက်အတန့်တွင် လေးခုကိုသာ ထုတ်သုံးနိုင်သော်လည်း သူ၏ အသက်အရွယ်မျိုးဆက် ဖြင့် နှိုင်းယှဉ်ပါက ရှီကလန် တစ်ခုလုံးရှိ အထူးချွန်ဆုံးသော ကျင့်ကြံသူများ အနက်မှ တစ်ယောက်အဖြစ် အလွယ်တကူ သတ်မှတ်ခံရမည်ဖြစ်သည်။

တခဏအကြာတွင် သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် တိုက်ကွက်ချင်း ဖလှယ်ကြတော့သည်။ နှင်းမုန်တိုင်းတစ်ခု ထန်စေသည်။ ပတ်ဝန်းကျင် ရှိ မြက်ပင်များအားလုံး ရေခဲလွှမ်း သွားရကာ ထိုနေရာရှိ သစ်ပင်များလည်း အားကောင်းသော လေပြင်း၏ ရိုက်ခတ်မှုဒဏ်ကို ခံနေရသည်။

ချူချူယန်၏ အနောက်တွင် ဇူအန်သည် အဆိပ်အပ်ကို တိတ်တဆိတ် ထုတ်ထားပြီး ရှီခွန်း တွင် ဟာကွက်တစ်ခုရှိပါက အံ့သြသွားလား လုပ်ပေးရန် အသင့်ပြင်ထားလိုက်သည်။ သူ၏ ဇနီးကို မျက်စောင်းနေသော အခြားယောက်ျားတစ်ယောက်ကို မည်သို့ သည်းခံရမည်နည်း။

သို့သော်လည်း သူ၏ အကြံမှာ အောင်မြင်ရန် ကံမပါလာခဲ့ပေ။ ရှီခွန်း၏ လက်ပါးစေများမှာ အရူးမဟုတ်ပေ။ အဆင့်လေး နှစ်ဦး နှင့် အဆင့်သုံး ငါးဦးတို့မှာ ဇူအန် ဆီသို့ ချက်ချင်း ပြေးသွားကြသည်။
ရှီခွန်းက ဇူအန်ကို မည်မျှ မုန်းတီးကြောင်း ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ဇူအန်၏ အသက်ကို သူတို့၏ လက်ဖြင့် အဆုံးသတ်နိုင်လိုက်ပါက ဆုငွေများစွာ ရလိမ့်မည်ကို အသေအချာ နားလည်သဘောပေါက်နေသည်။

ဇူအန် မှာ လည်း အလွယ်တကူ အနိုင်ကျင့်ခံမည့်သူ မဟုတ်ပေ။ ယခုကဲ့သို့သော အချိန်မျိုးတွင် ထိုလက်ပါးစေများ ဝင်ရှုပ်နေချင်နေခြင်းမှာ သူ့ကို ဒေါသဖြစ်စေခဲ့သည်။ သူ၏ ဓားတစ်ချက်ဖြင့် အဆင့်သုံး ကျင့်ကြံသူတစ်ဦးကို ညှာတာမှုကင်းမဲ့စွာ အဆုံးသတ်ပေးလိုက်သည်။

ကျန်ရှိနေသော လက်ပါးစေ ခြောက်ယောက်မှာ နေရာတွင် အေးခဲသွားကြသည်။

သူတို့ တုန်လှုပ်သွားသည်မှာ အစောက တိုက်ခိုက်မှုကို မည်သူမှ သေချာ မတွေ့လိုက်ကြပေ။ သူ၏ ဓားသည် ရှီခွန်းကို ချိန်ရွယ်ထားသည်မှာ ရှင်းလင်းနေသည်။ သို့သော်လည်း ရှင်းပြမရသော အကြောင်းအရင်းကြောင့် ၎င်းသည် ပုံမှန်မဟုတ်သော ထောင့်အချိုးအတိုင်း ချိုးကွေ့သွားပြီး သူတို့ မသိလိုက်ခင်မှာပင် သူတို့၏ အပေါင်းအဖော်တစ်ယောက် ကျဆုံးသွားရပြီဖြစ်သည်။ ထိုကြက်သီးထဖွယ် ဖြစ်ရပ်သည် ဇူအန်ကို အနိုင်ယူချင်သည့်် သူတို့၏ ယုံကြည်မှုကို ကြေမွသွားစေကာ တွန့်ဆုတ်သွားစေသည်။

တစ်ချိန်လုံး ဘေးမှ စောင့်ကြည့်နေသော ရှောင်းရွှယ်ယင် လည်း လန့်သွားရသည်။ ဇူအန်သည် ချူကလန်တွင် တစ်ချိန်လုံး ရူးဟန်ဆောင်နေသည်ကို သူမသိနေသည်။ သို့သော် ထိုကဲ့သို့သော နက်နဲသည့် ဓားကွက်ကို သူ တတ်ကျွမ်းနေလိမ့်မည်ဟု ဘယ်သောအခါကမှ မတွေးမိခဲ့ပေ။

ထိုအချိန်က ရေကန်ထဲသို့ ဇူအန် က သူမကို မည်သို့ ဆွဲခေါ်ခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။ ၎င်းသည် သူမ၏ ရေကြောက်သည့် အကျင့်ကြောင့် အလွယ်တကူ ပြုလုပ်ခွင့်ပေးလိုက်မိသည်ဟု ထင်နေခဲ့သည်။ သို့သော် ယခုတွင် ပြန်တွေးကြည့်သောအခါ ဇူအန်၏ မထင်မှတ်စရာ ခွန်အား မှာလည်း အခန်းကဏ္ဍာကြီးတစ်ခု ပါဝင်ခဲ့သည်မှာ ဖြစ်နိုင်သည်။
သူမ၏ ရင်ဘတ်ပေါ်သို့ သူ၏ လက်များ တင်ကာ ဖိနှိပ်ခဲ့သည်ကို တွေးမိရုံဖြင့် မျက်နှာနီရဲကာ ရှက်ရွံပြီး စိတ်တိုစေသည်။
တွေးရင်း တွေးရင်းနဲ့ သူက တကယ်ကို အကျင့်မကောင်းတဲ့ ကောင်ပဲ။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၁၂၈ ရရှိလိုက်သည်။

အခြား လက်ပါးစေ ခြောက်ယောက်သည် ဇူအန် ၏ တိုက်ကွက်ကြောင့် ထိတ်လန့်သွားသော်လည်း မရပ်တန့်ခဲ့ပေ။ သူတို့၏ ကနဦး အစီအစဉ်မှာ ဇူအန် နှင့် ထိပ်တိုက်ရင်ဆိုင်ရန်ဖြစ်သည်။ သို့သော် ယခုအခါတွင် လူခွဲရန် ဆုံးဖြတ်လိုက်ပြီး သူ့ကို ဝိုင်းထားလိုက်ကြသည်။

ဇူအန် မည်မျှပင် အင်အားကြီးစေကာမူ အရည်အချင်းပြည့်သော ကျင့်ကြံသူ ခြောက်ယောက်၏ ဝိုင်းဝန်းမှုတွင် သိပ်မလှုပ်ရှားနိုင်ပေ။ နေကြာပန်းသိုင်း ကိုသာ အသုံးပြု၍ သူတို့၏ တိုက်ကွက်များကို အကောင်းဆုံး ရှောင်တိမ်းနေရသည်။ ထိုကျင့်ကြံသူများမှာ ကျားကျန်းကျီ နှင့် အခြားသူများထက် အားနည်းနေသည်မှာ ကံကောင်းသည်။ မဟုတ်ပါက ယခုအခါတွင် သေနေပြီးသားဖြစ်နေလိမ့်မည်ဖြစ်သည်။

ရှီခွန်း နှင့် ချူချူယန်တို့ ကြား တိုက်ပွဲ ဖြစ်ရခြင်း၏ သော့ချက်ကို လူတိုင်း နားလည်နေသည်။ အကယ်၍ ရှီခွန်း အနိုင်ရပါက ဇူအန်လည်း သေချာပေါက် ကျဆုံးရမည်ဖြစ်သည်။ အကယ်၍ ချူချူယန် အနိုင်ရပါက အဆင့် သုံးနှင့် အဆင့်လေး ကျင့်ကြံသူ တစ်အုပ်သည် သူမကို ရင်ဆိုင်ရဲမည်မဟုတ်ပေ။

ရုတ်တရက် ရှီခွန်း ဟားတိုက်ရယ်ကာ ပြောလိုက်သည်။ “ချူယန် မင်းရဲ့ အကောင်းဆုံး အခြေအနေမှာဆိုရင် အနိုင်ရဖို့ အခွင့်အရေး တူတူရှိနေလိမ့်မယ်။ လက်ရှိ အခြေအနေမှာတော့ မင်း နိုင်ဖို့ အခွင်အရေးတစ်ခုတောင် ရှိမှာမဟုတ်ဘူး”
လေနတ်ဘုရားကျင့်စဉ် ၏ ပံပိုးမှုအောက်တွင် သူ၏ ဓားချက်များမှာ ပုံရိပ်ယောင်များစွာ ဖြစ်ပေါ်သွားစေပြီး ရန်သူအပေါ်သို့ မုန်တိုင်းတစ်ခု သက်ရောက်သွားစေသည်။

တစ်ဖက်တွင် ချူချူယန် က ရှီခွန်း ၏ စကားလုံးများကို လစ်လျူရှုထားကာ ရှီခွန်း၏ တိုက်ကွက်ကို ရင်ဆိုင်ရန်အတွက် သူမ၏ အရှေ့တွင် ရေခဲ အကာအရံတစ်ခု ဖန်တီးလိုက်သည်။
ရေခဲအကာအရံ ပေါ်တွင် ဓားများ တိုက်မိကာ “တချွမ်ချွမ်” ဆူညံသွားစေသည်။ တခဏအကြာတွင် ရေခဲအကာအရံမျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ စတင်ပေါ်လာသည်။
အက်ကြောင်းများပေါ်လာသောအခါ ချူချူယန် မျက်မှောင်ကြုတ်သွားသည်ကို မြင်ရင်း ရှီခွန်း ၏ ရယ်သံ ဟိန်းထွက်လာသည်။

နောက်ဆုံးတွင် ရေခဲအကာအရံမှာ ပြိုလဲသွားသည်။ ရှီခွန်းက လေပွေတစ်ခု အသွင်ပြောင်းကာ ရှေ့တိုးလာသည်။ သူ၏ လမ်းကြောင်းတွင် ရှိနေသော အရာအားလုံးမှာ ကျောက်တုံး အကြီးအသေးဖြစ်စေကာမူ အကုန် ကွဲကြေသွားရသည်။ သူနှင့် ချူချူယန် ကြားရှိ လမ်းကြောင်းတွင် မည်သည့်အရာမှ မရပ်တည်နိုင်တော့ပေ။

သူမ၏ လက်ရှိအခြေအနေဖြင့် ရှီခွန်းကို တိုက်ခိုက်ရသည်မှာ အရေးမသာဟု ချူချူယန် သိနေသည်။ ထို့ကြောင့် သူ့ကို ဖမ်းချူပ်ရန် ရွေးချယ်ခဲ့သည်။ သူမသည် တိုက်ပွဲမြေပြင်တွင် မုန်တိုင်း အကြား ကခုန်နေသော နှင်းနတ်သမီးပမာ လှုပ်ရှားနေသည်။

သူမ၏ ဒဏ်ရာများအကြောင်း ဇူအန် သိလိုက်ရပြီးနောက် ချူချူယန်ကို စိုးရိမ်နေမိသည်။ ထိုနေရာသို့ တိုက်ခတ်လာသော အသေးစား မုန်တိုင်းကြောင့် သူမ အတင်းပြန်ဆုတ်နေရသည်ကို သတိထားမိလိုက်သည်။ ထိုအချိန်တွင် သူမ မရှုံးနိမ့်သေးပေ။ သို့သော်လည်း ၎င်းစွမ်းအားပြင်းသော အင်အားကို သူမ ကြာကြာတောင့်နိုင်ထားနိုင်မည်မှာ မသေချာပေ။

ဇူအန်၏ နှလုံးမှာ စိုးရိမ်မှုဖြင့် တုန်ယင်နေရသည်။ သူ၏ စိတ်ရှုပ်ထွေးမှုကြောင့် ဒဏ်ရာ အနည်းငယ် ထပ်ရသွားသည်။ သို့သော်လည်း ကံကောင်းသည်မှာ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ပြီး ပြင်းထန်သော ထိခိုက်မှု ကို ရှောင်ရှားနိုင်ခဲ့သည်။

ထိုအခိုက်အတန့်တွင် ချူချူယန် မှာ ခုခံနေရသည့် အနေအထားဖြစ်နေသည်။ သို့သော်လည်း သူမ အရှုံးပေးလိုက်ခြင်းမဟုတ်ပေ။ မကြာခင်ရောက်လာတော့မည့် အခွင့်ကောင်းကို သူမ စောင့်ဆိုင်းနေသည်။ သူမ အေးစက်စွာ နှာမှုတ်လိုက်သည်။ “မုန်တိုင်းကို ထုတ်နိုင်စွမ်းရှိတာ နင်တစ်ယောက်တည်းရှိတယ်လို့ ထင်နေတာလား”
သူမ၏ ဓားမှာ လှပသော စက်ဝန်းတစ်ခုပမာ ရွေ့လျားသွားသည်။ နှင်းမုန်တိုင်းတစ်ခုမှာ သူမ၏ ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း တည်ဆောက်ဖြစ်ပေါ်လာပြီး ရှီခွန်း ရှိရာအရပ်သို့ တိုက်ခတ်သွားသည်။

မုန်တိုင်း နှစ်ခု တစ်ခုနှင့်တစ်ခု တိုက်မိကြပြီး နားပင်းမတတ် အသံတစ်ခုထွက်ပေါ်လာစေကာ အပြင်ဘက်သို့ အဖျက်အားကောင်းသော လေဓားများ ပြန့်ကားထွက်လာသည်။ ၎င်းတို့သည် ထိမိသမျှ အရာအားလုံးကို နှစ်ခြမ်းကွဲသွားစေသည်။ သစ်ပင်များ၊ မြက်ပင်များ နှင့် ကျောက်တုံးကြီးများပင် ပါဝင်နေသေးသည်။

ကြောက်မက်ဖွယ် တုန်ခါလှိုင်းများ သူတို့ဘက်သို့ ရောက်လာသည်ကို မြင်ရသောအခါ တိုက်ခိုက်နေသော ကျင့်ကြံသူများမှာ အလျှင်အမြန် ခိုလှုံရာ ရှာလိုက်ရသည်။ အဆင့်သုံး အနိမ့်ပိုင်း ကျင့်ကြံသူတစ်ဦးသည် အချိန်မီ မပုန်းနိုင်သဖြင့် ရေခဲချွန်များ ထိုးစိုက်ခဲရကာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲ အပေါက်များဖြစ်သွားစေသည်။

ဇူအန် တုန်လှုပ်သွားသည်။ အဆင့်ငါး ကျင့်ကြံသူများ ပိုင်ဆိုင်သော ခွန်အားသည် လက်ရှိ သူ ကိုင်တွယ်နိုင်သည်ထက် ကျော်လွန်နေသည်မှာ အမှန်ဖြစ်ကြောင်း ဇူအန် သိသွားသည်။ ယွမ်ဝမ်ဒုံ ကို အနိုင်ရခဲ့သော သူ၏ အနိုင်မှာ ခေတ်မီနည်းပညာ၏ အကူအညီ များစွာ သက်ရောက်နေသည်။

ထိုအချိန်တွင် ချူချူယန် နှင့် ရှီခွန်း တို့မဖျာ မုန်တိုင်း အလယ်တွင် မတ်တပ်ရပ်နေကြသည်။ သူတို့၏ ပုံရိပ်များမှာ ဟိုနေရာ ဒီနေရာ တဖျပ်ဖျပ်ပေါ်နေပြီး တစ်ဦးကိုတစ်ဦး တိုက်ခိုက်နေကြသည်။

လေမုန်တိုင်းမှာ နှင်းမုန်တိုင်း၏ အသာရမှုကို ခံနေရကြောင်း တဖြည်းဖြည်း ထင်ရှားလာသည်။ နှင်းမုန်တိုင်းသည် ချူချူယန်၏ ပတ်လည် မီတာနှစ်ဆယ် အတွင်းရှိ အရာအားလုံးကို နှင်းများဖြင့် ဖြူဖွေးသွားစေသည်။ ရှီခွန်း၏ ဆံပင်၊ ခြေလက်များ နှင့် ခန္ဓာကိုယ် မျက်နှာပြင်တို့မှာ ရေခဲမှုန်တစ်လွှာ ဖုံးအုပ်ခြင်းခံနေရသည်။

ငါက ဒီလိုအခြေအနေမှာတောင် ပြန်ဆုတ်နေရပါလား။ ဒီမိန်းကလေးက လပြည့်မြို့ရဲ့ အထူးချွန်ဆုံး ပါရမီရှင် လို့ လူတွေပြောကြတာ မဆန်းတော့ပါဘူး။ သူ့ရဲ့ လက်ရှိ အခြေအနေမှာတောင် ထိပ်တိုက် ရင်ဆိုင်မှုမှာ ငါက အရေးမသာတဲ့ အနေအထားတစ်ခု ရှိနေဆဲပဲ။

“မင်း အဲ့ဒီမှာ ဘာတွေ အချိန်ဖြုန်းနေတာလဲ။ ငါ့ကို လာကူစမ်း” ရှောင်းရွှယ်ယင် ကို ရှီခွန်း စူးစူးရှရှ ကြည့်လိုက်သည်။
အစောက ချူချူယန်အပေါ် သယ၏ လှုပ်ရှားမှုများမှာ လုံးဝ ကျရှုံးခဲ့ရသည်။ ယခုအခြေအနေတွင် သူ၏ မာန သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။ မဟုတ်ပါက ဇူအန် သို့မဟုတ် ချူချူယန်သာ ဤနေရာမှ အသက်ရှင်လျက်ထွက်သွားနိုင်လျှင် သူနှင့် ရှီကလန်တစ်ခုလုံး အရှက်ရသွားလိမ့်မည်ဖြစ်သည်။

ရှောင်းရွှယ်ယင် မှာ နက်နက်နဲနဲ တွေဝေနေဆဲဖြစ်သည်။ ချူချူယန် ကို တိုက်ခိုက်လိုစိတ် သူမတွင် မရှိပေ။ သို့သော် သခင်လေး၏ အမိန့်ကို မလိုက်နာ၍လည်းမရပေ။ နှုတ်ခမ်းကို ကိုက်ကာ ဇူအန်ဆီသို့ ပြေးသွားရန် သူမ ရွေးချယ်လိုက်သည်။
သူမ မည်သူ့ကို ကူညီပေးရမည်ဟု သခင်လေး မဖော်ပြခဲ့ပေ။ ထို့ကြောင့် ၎င်းမုန်းစရာကောင်းသောကောင်ကို ကိုင်တွယ် လိုက်ခြင်းသည်လည်း အတူတူပင်ဖြစ်သည်။

ဇူအန် နှုတ်ခမ်းသပ်လိုက်သည်။ ဒီ မိန်းမဆိုးကတော့ လက်မလျော့သေးဘူးဟုတ်လား။
အဆင့်ငါး ကျင့်ကြံသူတစ်ဦး ထပ် ပေါင်းလာသောကြောင့် ဇူအန် ခံစားနေရသော ဖိအား ချက်ချင်း မြင့်တက်သွားသည်။ ရှောင်းရွှယ်ယင် အားအကုန်မသုံးခြင်းကြောင့် သို့မဟုတ် အခြားကျင့်ကြံသူများနှင့် ပူးပေါင်မှု အားနည်းနေခြင်းကြောင့် ထိုကဲ့သို့ စွမ်းအားကြီးသော လူအုပ်ကို ခုခံနိုင်ရုံမျှသာ ရှိနေသည်။

အခြားတစ်ဖက်တွင် သူမ၏ လှုပ်ရှားမှုကို မြင်ရသောအခါ ရှီခွန်း မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်းရွှယ်ယင် ကို သူ့ဆီသို့ လာကူညီရန် ပြောလိုက်သည်မှာ သိသာနေသည်။ သို့သော် သူမသည် ဇူအန်ကို တိုက်ခိုက်ရန်သာ ရွေးချယ်ခဲ့သည်။ သူမက ချူကလန်အပေါ် သံယောဇဉ်ရှိနေတုန်းပဲလား။

သို့သော် ယခုအချိန်သည် ထိုကဲ့သို့ ကိစ္စမျိုးကို တွေးနေရမည့်အချိန်မဟုတ်ပေ။ ချူချူယန် ကို ရင်ဆိုင်ရမည့်အပေါ်တွင်သာ အာရုံစိုက်ထားသင့်သည်။ အခြားသူများက ဇူအန်ကို အလျှင်အမြန် ဖမ်းဆီးနိုင်ပါက ချူချူယန်ကို ဖြေရှင်းရန် အတွက် သူတို့ အားစိုက်လာနိုင်မည်ဖြစ်သည်။

ဇူအန် ဘက်မှ အခြေအနေကိုလည်း ချူချူယန် သတိထားမိလိုက်သည်။ ကျင့်ကြံသူ ခြောက်ယောက်ကို တစ်လှည့်စီ ရင်ဆိုင်နေရသော ဇူအန် မှာ အခြေအနေဆိုးနေပြီးသားဖြစ်သည်။ ထို့အပြင် စနိုးပါဝင်လာခြင်းကြောင့် ပိုမိုဆိုးသွားရသည်။
စိုးရိမ်နေသည့် အခိုက်အတန့်တွင် သူမ၏ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ နီရဲသွားသညိ။ ထို့နောက် သူမ သည် ရေခဲအပိုင်းစများ ပါနေသည့် သွေးများ အန်ထုတ်လိုက်ကာ သူမ၏ အော်ရာကို သိသိသာသာ အားနည်းသွားစေသည်။

ထိုအဖြစ်ကို မြင်ရသောအခါ ရှီခွန်း ပျော်သွားသည်။ နောက်ဆုံးတော့ သူ့ရဲ့ ဒဏ်ရာတွေ ပြန်ထလာပြီပဲ။ ဟ အခုဆိုရင် ငါ ရှုံးနိုင်စရာ အကြောင်းမရှိတော့ဘူး။
ထို့နောက် သူမကို ဖိအားပေးရန် ချက်ချင်း လှုပ်ရှားလိုက်သည်။ အခြေအနေ ပြောင်းလဲသွားသည်။

ဇူအန်သည် ပုံမှန်မဟုတ်သော ချူချူယန်ကို သတိထားမိလိုက်သည်။ သူ၏ ဆိုးရွားနေသော အနေအထားကိုလည်း တွေးတောလိုက်သညိ။ ဤနေရာတွင် သူတို့ အဆုံးသတ်ရတော့မည်မှာ အချိန်တစ်ခုသာ လိုတော့သည်။ ထို့ကြောင့် အသက်ပြင်းပြင်းရှုကာ ကျယ်လောင်စွာ အော်လိုက်သည်။ “ခဏနေပါဦး။ ငါက မင်းတို့ရဲ့ သခင်လေးနဲ့ မိတ်ဆွေတွေပဲ”

ရှောင်းရွှယ်ယင် မျက်လုံးပြူးကာကြည့်လိုက်သည်။ နင်က ငါတို့ သခင်လေးနဲ့ မိတ်ဆွေတွေ ဟုတ်လား။ ဟားဟားဟား။ အဲ့ဒီအစား ငါက နင်နဲ့ ကြိုက်နေတယ်လို့ ဘာလို့ မပြောတာလဲ။ အဲ့ဒါက ပိုပြီးတော့ ယုတ္တိရှိဦးမယ်။

အခြားလက်ပါးစေများသည်လည်း ဇူအန်၏ စကားကို လျစ်လျူရှု့ရန် ကြံရွယ်ထားလိုက်ကာ ဆက်လက် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် မထင်မှတ်စရာမှာ ရှီခွန်း ပြန်အော်လိုက်ခြင်းဖြစ်သည်။ “ခဏနေပါဦး။ သူက တကယ်ကို ငါ့ မိတ်ဆွေပဲ”

---- ---- --------------------------------------------------------- -- --- ------

Chapter 151: သူေဌးတစ္ေယာက္ကို မိတ္ေဆြဖြဲ႕ျခင္း

ထိုစကားလုံးမ်ား ၾကားရေသာအခါ ဇူအန္ ေအာ္ရယ္လုနီးပါးျဖစ္သြားသည္။
ေအးပါကြာ။ သူက ငါ့မိန္းမေလ။ သူ႕လက္ကို ငါ ကိုင္ခ်င္ကိုင္မွာေပါ့။ မင္း အပူပါလို႔လား။ မင္းက အရမ္းတကိုယ္ေကာင္းမဆန္ဘူးလား။ မင္းအတြက္ ငါ့မိန္းမကို အပ်ိဳစင္ အတိုင္းက်န္ေစခ်င္ေနတာလား။ မင္းရဲ႕ စြဲလမ္းမႈက စိတ္ေဝဒနာတစ္ခုပဲ။ ကိုယ့္ဟာကိုယ္ စိတၱဇေဆး႐ုံ တစ္ခုခုမွာ သြား အခန္းေအာင္းေနလိုက္။

ခ်ဴခ်ဴယန္၏ မ်က္ႏွာ ေအးစက္သြားသည္။ ကြၽန္မနဲ႕ ကြၽန္မေယာက္်ား ၾကားက ကိစၥကို ဝင္စြပ္ဖက္ရေအာင္ စည္းေက်ာ္ေနၿပီ
သူမကဲ့သို႔ ေအးေဆးတည္ၿငိမ္ေသာသူ ပင္ ယခုအေျခအေနတြင္ စိတ္တိုသြားသည္။
ဒီလူက ဘာေတြမွားေနတာလဲ။ သူနဲ႕ ယွဥ္ရင္ ဇူအန္ ကမွ ပုံမွန္ နဲ႕တူဦးမယ္။

အသက္ခပ္ျပင္ျပင္းရႈကာ သူ႕ကိုယ္သူ စိတ္ၿငိမ္ေစကာ ရွီခြန္း ေျပာလိုက္သည္။ ငါက မင္းကို နတ္ျပည္က ဆင္းသက္လာတဲ့ နတ္သမီးတစ္ပါးအျဖစ္ ေတြးခဲ့တာ။ ၿပီးေတာ့ မင္း ကို ျဖည္းျဖည္းခ်င္း ပိုးပန္းဖို႔ ႀကံထားခဲ့တာ။ ဒါေပမယ့္ ၾကည့္ရတာ ငါ့ အစီအစဥ္ က အလုပ္မျဖစ္ေတာ့ဘူးထင္တယ္။ ငါသာ ဆက္ၿပီးေတာ့ အခ်ိန္ယူေနရင္ ငါ့ထက္အရင္ တစ္ျခားေယာက္်ားတစ္ေယာက္က ရသြားလိမ့္မယ္

ေဘးတြင္ မတ္တပ္ရပ္ေနေသာ ေရွာင္႐ႊယ္ယင္း မွာ စကားေျပာရန္ အနည္းငယ္ တြန့္ဆုတ္ေနသည္။
တကယ္ေတာ့ သခင္ေလး စိတ္ပူစရာမလိုဘူး။ ဇူအန္က....
သို႔ေသာ္ ထိုအေၾကာင္းအရာကို အစကတည္းက အဘယ္ေၾကာင့္ဖုံးကြယ္ထားသနည္း ဟူေသာ အေမးကို ျပန္ေျဖရွင္းနိုင္မည္မဟုတ္ေပ။

ဇူအန္ ႏွင့္ ခ်ဴခ်ဴယန္ တို႔လည္း ေရွာင္း႐ႊယ္ယင္ ကို အံၾသေနၾကသည္။ သူတို႔၏စိတ္ထဲတြင္လည္း တူညီေသာ အေတြးရွိေနသည္။ စနိုးက ဇူအန္ ၿမဳံေနသည့္အေၾကာင္း ရွီခြန္း ကို ဖုံးကြယ္ထားမည္ဟု သူတို႔လည္း မထင္မွတ္ထားၾကေပ။

ဇူအန္ က သူ႕မိန္းမကို တံေတာင္နဲ႕ တို႔လိုက္ကာ တီးတိုးေျပာလိုက္သည္။ ေတြ႕လား။ စနိုးက အဲ့ဒါနဲ႕ ငါ့ကို စေနာက္ေနေပမယ့္ ငါ့ရဲ႕ ဂုဏ္သိကၡာကို အမ်ားႀကီး ဂ႐ုစိုက္ေနေသးတယ္

ထိုအေျခအေနကို ခ်ဴခ်ဴယန္လည္း ေတြးမိေနသည္။ ဒီႏွစ္ေယာက္က တကယ္ပဲ ဇူအန္ အခုနကေျပာခဲ့တဲ့ သမီးရည္းစားခ်င္း က်ီစားေနတယ္ ဆိုတာလား။

သူတို႔၏ နီးနီးကပ္ကပ္ အျပဳအမူသည္ ရွီခြန္း ႏွလုံးသားထဲရွိ မီးေတာက္ကို ေလပင့္ေပးလိုက္သည္။ ငါ ေကြ႕ဝိုက္မေနေတာ့ဘဲ ဒဲ့တိုးပဲ ေျပာေတာ့မယ္။ ဒီအခ်ိန္ ဒီေနရာမွာ ငါ ဇူအန္ကို သတ္ၿပီးေတာ့ မင္းနဲ႕ စာရင္းရွင္းရမယ္

သင္သည္ ရွီခြန္းထံမွအမ်က္ပြိုင့္ ၆၇၈ ရရွိလိုက္သည္။

တကယ္ကို ရွင္က လက္သည္ျဖစ္ေနတာပဲ။ စနိုးကို ခ်ဴကလန္ထဲ သူလွ်ိုလႊတ္တာနဲ႕ အကယ္ဒမီအထဲကို ရွင့္ရဲ႕ လက္ပါးေစေတြ အမ်ားႀကီး ဝင္ေစခဲ့တာ ေတြရဲ႕ အေၾကာင္းအရင္းက ကြၽန္မကို ရွင့္ အပိုင္သိမ္းခ်င္လို႔ေပါ့ ဟုတ္လား

အမွန္ပဲ။ ငါက မင္းကို ျမင္ျမင္ခ်င္းပဲ စြဲလမ္းခဲ့တယ္ေလ ဒါေၾကာင့္ အဲ့ဒီအတြက္ ႏွစ္ေတြအမ်ားႀကီး အစီအစဥ္ခ်ခဲ့ရတယ္။ မိန္းမေတာ္ေတာ္မ်ားမ်ားက သူတို႔ကိုယ္သူတို႔ ငါ့ေရွ႕ေမွာက္ ဆက္သၾကတယ္။ ဒါေပမယ့္ ငါက သူတို႔ကို တစ္ခ်က္ကေလးေတာင္ မၾကည့္ခဲ့ဘူး။ ငါတို႔ရဲ႕ ပတ္သက္မႈက စင္ၾကယ္မႈ အေပၚမွာ လုံးဝ ျပည့္စုံေနဦးမွာပဲ။ မင္းအတြက္ ငါ့ရဲ႕ မယိုင္လဲတဲ့ ဆုံးျဖတ္ခ်က္ ကို မင္း အထင္မႀကီးဘူးလား ရွီခြန္းက ခ်ဴခ်ဴယန္ကို ေမွ်ာ္လင့္ေသာအၾကည့္ျဖင့္ၾကည့္လိုက္သည္။

တစ္ခ်ိန္တည္းမွာပင္ ႀကီးႀကီးမားမား ခံစားေနရသည္။ သူ၏ ႏွလုံးသားထဲရွိ နတ္သမီးသည္ ယခုအခါတြင္ တစ္ျခား ေယာက္်ားတစ္ေယာက္ ႏွင့္ လက္ထပ္ထားၿပီးျဖစ္သည္။ ၿပီးခဲ့ေသာ ရက္မ်ားတြင္ သူတို႔အတူေနခဲ့  မလားကို ေတြးမိ႐ုံျဖင့္ပင္ သူ႕ကို စိတ္ရႈးသြားေစနိုင္သည္အထ္ လုံေလာက္ေနသည္။

သူ၏ အိမ္မက္ မိန္းကေလးကို လက္ထပ္နိုင္ရန္အတြက္ ထိုကိစၥအေပၚတြင္ ဆယ္စုႏွစ္တစ္ခုေက်ာ္ အားစိုက္ထုတ္ခဲ့ရသည္။ ေနာက္ဆုံးတြင္ ဖမ္းဆုပ္နိုင္ေတာ့မည္အခ်ိန္ေရာက္လာၿပီး အကြက္ေ႐ြ႕ရန္ သာ က်န္ေတာ့ေသာအခ်ိန္တြင္ အျခားေယာက္်ားတစ္ဦးက သူမကို အရင္ဆုံးရသြားခဲ့သည္။ ဘယ္လိုေၾကာင့္ ေဒါသမထြက္ဘဲေနရမည္နည္း။

သင္သည္ ရွီခြန္း ထံမွ အမ်က္ပြိုင့္ ၇၈၅ ရရွိလိုက္သည္။

႐ြံဖို႔ေကာင္းလိုက္တာ ခ်ဴခ်ဴယန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

မင္း...
သူျပဳလုပ္ခဲ့ေသာ ေပးဆပ္မႈမ်ားမွာ ယခုကဲ့သို႔ေသာ ရလဒ္မ်ိဳးကို ထြက္ေပၚေစလိမ့္မည္ဟု ရွီခြန္း ဘယ္ေသာအခါကမွ မေတြးမိခဲ့ေပ။ သူ၏ မ်က္မွာမွာ မွင္ရည္ ထြက္လာနိုင္သကဲ့သို႔ မဲေမွာင္ ျပာႏွမ္းေနသည္။

ေကာင္းၿပီေလ။ ငါ့အေပၚ ဘာခံစားခ်က္မွ မရွိမွေတာ့ အတင္း လုပ္ယူမွပဲ ရမယ္ထင္တယ္။ မင္း ခႏၶာကိုယ္ကို ငါပိုင္ဆိုင္ရရင္ ငါ့ကို အစပိုင္းမွာ မုန္းရင္ မုန္းေနလိမ့္္မယ္။ ေနာက္ဆုံးမွာေတာ့ ငါ့ကို လက္ခံလာၿပီးေတာ့ ခ်စ္လာရမွာပဲ။ ဟားဟားဟား

အရွက္မရွိဘူး ခ်ဴခ်ဴယန္၏ မ်က္လုံးမ်ား ေအးစက္သြားသည္။ ဆက္သည္းမခံနိုင္ေတာ့ဘဲ ဓားဆြဲထုတ္ကာ ရွီခြန္း ဆီသို႔ ေျပးသြားသည္။
သို႔ေသာ္လည္း ရွီခြန္းမွာ အသင့္ျဖစ္ေနသည္။ သူ၏ ပတ္ဝန္းက်င္တြင္ ေလေပြ ေလးခုကို ဖန္တီးလိုက္ၿပီး ေရွ႕တိုးကာ ခ်ဴခ်ဴယန္ ၏ တိုက္ခိုက္မႈ ကို ရင္ဆိုင္လိုက္သည္။

အကယ္၍ တစ္စုံေယာက္သည္ ရွီကလန္၏ ေလနတ္ဘုရားက်င့္စဥ္ ကို အျမင့္ဆုံးအဆင့္အထိ တက္ကြၽမ္းသြားပါက ပ်က္စီးျခင္းအတိျဖစ္ေစနိုင္ေသာ အႀကီအက်ယ္ဖ်က္ဆီးနိုင္စြမ္းရွိေသာ ေလဆင္ႏွာေမာင္း ကိုးခုကို ထုတ္သုံးနိုင္စြမ္းရွိမည္ျဖစ္သည္။ ယခုအခိုက္အတန့္တြင္ ေလးခုကိုသာ ထုတ္သုံးနိုင္ေသာ္လည္း သူ၏ အသက္အ႐ြယ္မ်ိဳးဆက္ ျဖင့္ ႏွိုင္းယွဥ္ပါက ရွီကလန္ တစ္ခုလုံးရွိ အထူးခြၽန္ဆုံးေသာ က်င့္ႀကံသူမ်ား အနက္မွ တစ္ေယာက္အျဖစ္ အလြယ္တကူ သတ္မွတ္ခံရမည္ျဖစ္သည္။

တခဏအၾကာတြင္ သူတို႔ႏွစ္ဦးမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ တိုက္ကြက္ခ်င္း ဖလွယ္ၾကေတာ့သည္။ ႏွင္းမုန္တိုင္းတစ္ခု ထန္ေစသည္။ ပတ္ဝန္းက်င္ ရွိ ျမက္ပင္မ်ားအားလုံး ေရခဲလႊမ္း သြားရကာ ထိုေနရာရွိ သစ္ပင္မ်ားလည္း အားေကာင္းေသာ ေလျပင္း၏ ရိုက္ခတ္မႈဒဏ္ကို ခံေနရသည္။

ခ်ဴခ်ဴယန္၏ အေနာက္တြင္ ဇူအန္သည္ အဆိပ္အပ္ကို တိတ္တဆိတ္ ထုတ္ထားၿပီး ရွီခြန္း တြင္ ဟာကြက္တစ္ခုရွိပါက အံ့ၾသသြားလား လုပ္ေပးရန္ အသင့္ျပင္ထားလိုက္သည္။ သူ၏ ဇနီးကို မ်က္ေစာင္းေနေသာ အျခားေယာက္်ားတစ္ေယာက္ကို မည္သို႔ သည္းခံရမည္နည္း။

သို႔ေသာ္လည္း သူ၏ အႀကံမွာ ေအာင္ျမင္ရန္ ကံမပါလာခဲ့ေပ။ ရွီခြန္း၏ လက္ပါးေစမ်ားမွာ အ႐ူးမဟုတ္ေပ။ အဆင့္ေလး ႏွစ္ဦး ႏွင့္ အဆင့္သုံး ငါးဦးတို႔မွာ ဇူအန္ ဆီသို႔ ခ်က္ခ်င္း ေျပးသြားၾကသည္။
ရွီခြန္းက ဇူအန္ကို မည္မွ် မုန္းတီးေၾကာင္း ကို သူတို႔ ကိုယ္တိုင္ ျမင္ေတြ႕ခဲ့ရၿပီးျဖစ္သည္။ ထို႔ေၾကာင့္ ဇူအန္၏ အသက္ကို သူတို႔၏ လက္ျဖင့္ အဆုံးသတ္နိုင္လိုက္ပါက ဆုေငြမ်ားစြာ ရလိမ့္မည္ကို အေသအခ်ာ နားလည္သေဘာေပါက္ေနသည္။

ဇူအန္ မွာ လည္း အလြယ္တကူ အနိုင္က်င့္ခံမည့္သူ မဟုတ္ေပ။ ယခုကဲ့သို႔ေသာ အခ်ိန္မ်ိဳးတြင္ ထိုလက္ပါးေစမ်ား ဝင္ရႈပ္ေနခ်င္ေနျခင္းမွာ သူ႕ကို ေဒါသျဖစ္ေစခဲ့သည္။ သူ၏ ဓားတစ္ခ်က္ျဖင့္ အဆင့္သုံး က်င့္ႀကံသူတစ္ဦးကို ညွာတာမႈကင္းမဲ့စြာ အဆုံးသတ္ေပးလိုက္သည္။

က်န္ရွိေနေသာ လက္ပါးေစ ေျခာက္ေယာက္မွာ ေနရာတြင္ ေအးခဲသြားၾကသည္။

သူတို႔ တုန္လႈပ္သြားသည္မွာ အေစာက တိုက္ခိုက္မႈကို မည္သူမွ ေသခ်ာ မေတြ႕လိုက္ၾကေပ။ သူ၏ ဓားသည္ ရွီခြန္းကို ခ်ိန္႐ြယ္ထားသည္မွာ ရွင္းလင္းေနသည္။ သို႔ေသာ္လည္း ရွင္းျပမရေသာ အေၾကာင္းအရင္းေၾကာင့္ ၎သည္ ပုံမွန္မဟုတ္ေသာ ေထာင့္အခ်ိဳးအတိုင္း ခ်ိဳးေကြ႕သြားၿပီး သူတို႔ မသိလိုက္ခင္မွာပင္ သူတို႔၏ အေပါင္းအေဖာ္တစ္ေယာက္ က်ဆဳံးသြားရၿပီျဖစ္သည္။ ထိုၾကက္သီးထဖြယ္ ျဖစ္ရပ္သည္ ဇူအန္ကို အနိုင္ယူခ်င္သည့္္ သူတို႔၏ ယုံၾကည္မႈကို ေၾကမြသြားေစကာ တြန့္ဆုတ္သြားေစသည္။

တစ္ခ်ိန္လုံး ေဘးမွ ေစာင့္ၾကည့္ေနေသာ ေရွာင္း႐ႊယ္ယင္ လည္း လန့္သြားရသည္။ ဇူအန္သည္ ခ်ဴကလန္တြင္ တစ္ခ်ိန္လုံး ႐ူးဟန္ေဆာင္ေနသည္ကို သူမသိေနသည္။ သို႔ေသာ္ ထိုကဲ့သို႔ေသာ နက္နဲသည့္ ဓားကြက္ကို သူ တတ္ကြၽမ္းေနလိမ့္မည္ဟု ဘယ္ေသာအခါကမွ မေတြးမိခဲ့ေပ။

ထိုအခ်ိန္က ေရကန္ထဲသို႔ ဇူအန္ က သူမကို မည္သို႔ ဆြဲေခၚခဲ့သည္ကို ႐ုတ္တရက္ သတိရလိုက္သည္။ ၎သည္ သူမ၏ ေရေၾကာက္သည့္ အက်င့္ေၾကာင့္ အလြယ္တကူ ျပဳလုပ္ခြင့္ေပးလိုက္မိသည္ဟု ထင္ေနခဲ့သည္။ သို႔ေသာ္ ယခုတြင္ ျပန္ေတြးၾကည့္ေသာအခါ ဇူအန္၏ မထင္မွတ္စရာ ခြန္အား မွာလည္း အခန္းက႑ာႀကီးတစ္ခု ပါဝင္ခဲ့သည္မွာ ျဖစ္နိုင္သည္။
သူမ၏ ရင္ဘတ္ေပၚသို႔ သူ၏ လက္မ်ား တင္ကာ ဖိႏွိပ္ခဲ့သည္ကို ေတြးမိ႐ုံျဖင့္ မ်က္ႏွာနီရဲကာ ရွက္႐ြံၿပီး စိတ္တိုေစသည္။
ေတြးရင္း ေတြးရင္းနဲ႕ သူက တကယ္ကို အက်င့္မေကာင္းတဲ့ ေကာင္ပဲ။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၁၂၈ ရရွိလိုက္သည္။

အျခား လက္ပါးေစ ေျခာက္ေယာက္သည္ ဇူအန္ ၏ တိုက္ကြက္ေၾကာင့္ ထိတ္လန့္သြားေသာ္လည္း မရပ္တန့္ခဲ့ေပ။ သူတို႔၏ ကနဦး အစီအစဥ္မွာ ဇူအန္ ႏွင့္ ထိပ္တိုက္ရင္ဆိုင္ရန္ျဖစ္သည္။ သို႔ေသာ္ ယခုအခါတြင္ လူခြဲရန္ ဆုံးျဖတ္လိုက္ၿပီး သူ႕ကို ဝိုင္းထားလိုက္ၾကသည္။

ဇူအန္ မည္မွ်ပင္ အင္အားႀကီးေစကာမူ အရည္အခ်င္းျပည့္ေသာ က်င့္ႀကံသူ ေျခာက္ေယာက္၏ ဝိုင္းဝန္းမႈတြင္ သိပ္မလႈပ္ရွားနိုင္ေပ။ ေနၾကာပန္းသိုင္း ကိုသာ အသုံးျပဳ၍ သူတို႔၏ တိုက္ကြက္မ်ားကို အေကာင္းဆုံး ေရွာင္တိမ္းေနရသည္။ ထိုက်င့္ႀကံသူမ်ားမွာ က်ားက်န္းက်ီ ႏွင့္ အျခားသူမ်ားထက္ အားနည္းေနသည္မွာ ကံေကာင္းသည္။ မဟုတ္ပါက ယခုအခါတြင္ ေသေနၿပီးသားျဖစ္ေနလိမ့္မည္ျဖစ္သည္။

ရွီခြန္း ႏွင့္ ခ်ဴခ်ဴယန္တို႔ ၾကား တိုက္ပြဲ ျဖစ္ရျခင္း၏ ေသာ့ခ်က္ကို လူတိုင္း နားလည္ေနသည္။ အကယ္၍ ရွီခြန္း အနိုင္ရပါက ဇူအန္လည္း ေသခ်ာေပါက္ က်ဆဳံးရမည္ျဖစ္သည္။ အကယ္၍ ခ်ဴခ်ဴယန္ အနိုင္ရပါက အဆင့္ သုံးႏွင့္ အဆင့္ေလး က်င့္ႀကံသူ တစ္အုပ္သည္ သူမကို ရင္ဆိုင္ရဲမည္မဟုတ္ေပ။

႐ုတ္တရက္ ရွီခြန္း ဟားတိုက္ရယ္ကာ ေျပာလိုက္သည္။ ခ်ဴယန္ မင္းရဲ႕ အေကာင္းဆုံး အေျခအေနမွာဆိုရင္ အနိုင္ရဖို႔ အခြင့္အေရး တူတူရွိေနလိမ့္မယ္။ လက္ရွိ အေျခအေနမွာေတာ့ မင္း နိုင္ဖို႔ အခြင္အေရးတစ္ခုေတာင္ ရွိမွာမဟုတ္ဘူး
ေလနတ္ဘုရားက်င့္စဥ္ ၏ ပံပိုးမႈေအာက္တြင္ သူ၏ ဓားခ်က္မ်ားမွာ ပုံရိပ္ေယာင္မ်ားစြာ ျဖစ္ေပၚသြားေစၿပီး ရန္သူအေပၚသို႔ မုန္တိုင္းတစ္ခု သက္ေရာက္သြားေစသည္။

တစ္ဖက္တြင္ ခ်ဴခ်ဴယန္ က ရွီခြန္း ၏ စကားလုံးမ်ားကို လစ္လ်ဴရႈထားကာ ရွီခြန္း၏ တိုက္ကြက္ကို ရင္ဆိုင္ရန္အတြက္ သူမ၏ အေရွ႕တြင္ ေရခဲ အကာအရံတစ္ခု ဖန္တီးလိုက္သည္။
ေရခဲအကာအရံ ေပၚတြင္ ဓားမ်ား တိုက္မိကာ တခြၽမ္ခြၽမ္ ဆူညံသြားေစသည္။ တခဏအၾကာတြင္ ေရခဲအကာအရံမ်က္ႏွာျပင္ေပၚတြင္ အက္ေၾကာင္းမ်ား စတင္ေပၚလာသည္။
အက္ေၾကာင္းမ်ားေပၚလာေသာအခါ ခ်ဴခ်ဴယန္ မ်က္ေမွာင္ၾကဳတ္သြားသည္ကို ျမင္ရင္း ရွီခြန္း ၏ ရယ္သံ ဟိန္းထြက္လာသည္။

ေနာက္ဆုံးတြင္ ေရခဲအကာအရံမွာ ၿပိဳလဲသြားသည္။ ရွီခြန္းက ေလေပြတစ္ခု အသြင္ေျပာင္းကာ ေရွ႕တိုးလာသည္။ သူ၏ လမ္းေၾကာင္းတြင္ ရွိေနေသာ အရာအားလုံးမွာ ေက်ာက္တုံး အႀကီးအေသးျဖစ္ေစကာမူ အကုန္ ကြဲေၾကသြားရသည္။ သူႏွင့္ ခ်ဴခ်ဴယန္ ၾကားရွိ လမ္းေၾကာင္းတြင္ မည္သည့္အရာမွ မရပ္တည္နိုင္ေတာ့ေပ။

သူမ၏ လက္ရွိအေျခအေနျဖင့္ ရွီခြန္းကို တိုက္ခိုက္ရသည္မွာ အေရးမသာဟု ခ်ဴခ်ဴယန္ သိေနသည္။ ထို႔ေၾကာင့္ သူ႕ကို ဖမ္းခ်ဴပ္ရန္ ေ႐ြးခ်ယ္ခဲ့သည္။ သူမသည္ တိုက္ပြဲေျမျပင္တြင္ မုန္တိုင္း အၾကား ကခုန္ေနေသာ ႏွင္းနတ္သမီးပမာ လႈပ္ရွားေနသည္။

သူမ၏ ဒဏ္ရာမ်ားအေၾကာင္း ဇူအန္ သိလိုက္ရၿပီးေနာက္ ခ်ဴခ်ဴယန္ကို စိုးရိမ္ေနမိသည္။ ထိုေနရာသို႔ တိုက္ခတ္လာေသာ အေသးစား မုန္တိုင္းေၾကာင့္ သူမ အတင္းျပန္ဆုတ္ေနရသည္ကို သတိထားမိလိုက္သည္။ ထိုအခ်ိန္တြင္ သူမ မရႈံးနိမ့္ေသးေပ။ သို႔ေသာ္လည္း ၎စြမ္းအားျပင္းေသာ အင္အားကို သူမ ၾကာၾကာေတာင့္နိုင္ထားနိုင္မည္မွာ မေသခ်ာေပ။

ဇူအန္၏ ႏွလုံးမွာ စိုးရိမ္မႈျဖင့္ တုန္ယင္ေနရသည္။ သူ၏ စိတ္ရႈပ္ေထြးမႈေၾကာင့္ ဒဏ္ရာ အနည္းငယ္ ထပ္ရသြားသည္။ သို႔ေသာ္လည္း ကံေကာင္းသည္မွာ အခ်ိန္မီ ေရွာင္တိမ္းနိုင္ခဲ့ၿပီး ျပင္းထန္ေသာ ထိခိုက္မႈ ကို ေရွာင္ရွားနိုင္ခဲ့သည္။

ထိုအခိုက္အတန့္တြင္ ခ်ဴခ်ဴယန္ မွာ ခုခံေနရသည့္ အေနအထားျဖစ္ေနသည္။ သို႔ေသာ္လည္း သူမ အရႈံးေပးလိုက္ျခင္းမဟုတ္ေပ။ မၾကာခင္ေရာက္လာေတာ့မည့္ အခြင့္ေကာင္းကို သူမ ေစာင့္ဆိုင္းေနသည္။ သူမ ေအးစက္စြာ ႏွာမႈတ္လိုက္သည္။ မုန္တိုင္းကို ထုတ္နိုင္စြမ္းရွိတာ နင္တစ္ေယာက္တည္းရွိတယ္လို႔ ထင္ေနတာလား
သူမ၏ ဓားမွာ လွပေသာ စက္ဝန္းတစ္ခုပမာ ေ႐ြ႕လ်ားသြားသည္။ ႏွင္းမုန္တိုင္းတစ္ခုမွာ သူမ၏ ပတ္ဝန္းက်င္တြင္ တျဖည္းျဖည္း တည္ေဆာက္ျဖစ္ေပၚလာၿပီး ရွီခြန္း ရွိရာအရပ္သို႔ တိုက္ခတ္သြားသည္။

မုန္တိုင္း ႏွစ္ခု တစ္ခုႏွင့္တစ္ခု တိုက္မိၾကၿပီး နားပင္းမတတ္ အသံတစ္ခုထြက္ေပၚလာေစကာ အျပင္ဘက္သို႔ အဖ်က္အားေကာင္းေသာ ေလဓားမ်ား ျပန့္ကားထြက္လာသည္။ ၎တို႔သည္ ထိမိသမွ် အရာအားလုံးကို ႏွစ္ျခမ္းကြဲသြားေစသည္။ သစ္ပင္မ်ား၊ ျမက္ပင္မ်ား ႏွင့္ ေက်ာက္တုံးႀကီးမ်ားပင္ ပါဝင္ေနေသးသည္။

ေၾကာက္မက္ဖြယ္ တုန္ခါလွိုင္းမ်ား သူတို႔ဘက္သို႔ ေရာက္လာသည္ကို ျမင္ရေသာအခါ တိုက္ခိုက္ေနေသာ က်င့္ႀကံသူမ်ားမွာ အလွ်င္အျမန္ ခိုလႈံရာ ရွာလိုက္ရသည္။ အဆင့္သုံး အနိမ့္ပိုင္း က်င့္ႀကံသူတစ္ဦးသည္ အခ်ိန္မီ မပုန္းနိုင္သျဖင့္ ေရခဲခြၽန္မ်ား ထိုးစိုက္ခဲရကာ သူ၏ ခႏၶာကိုယ္ေပၚတြင္ ေသြးသံရဲရဲ အေပါက္မ်ားျဖစ္သြားေစသည္။

ဇူအန္ တုန္လႈပ္သြားသည္။ အဆင့္ငါး က်င့္ႀကံသူမ်ား ပိုင္ဆိုင္ေသာ ခြန္အားသည္ လက္ရွိ သူ ကိုင္တြယ္နိုင္သည္ထက္ ေက်ာ္လြန္ေနသည္မွာ အမွန္ျဖစ္ေၾကာင္း ဇူအန္ သိသြားသည္။ ယြမ္ဝမ္ဒုံ ကို အနိုင္ရခဲ့ေသာ သူ၏ အနိုင္မွာ ေခတ္မီနည္းပညာ၏ အကူအညီ မ်ားစြာ သက္ေရာက္ေနသည္။

ထိုအခ်ိန္တြင္ ခ်ဴခ်ဴယန္ ႏွင့္ ရွီခြန္း တို႔မဖ်ာ မုန္တိုင္း အလယ္တြင္ မတ္တပ္ရပ္ေနၾကသည္။ သူတို႔၏ ပုံရိပ္မ်ားမွာ ဟိုေနရာ ဒီေနရာ တဖ်ပ္ဖ်ပ္ေပၚေနၿပီး တစ္ဦးကိုတစ္ဦး တိုက္ခိုက္ေနၾကသည္။

ေလမုန္တိုင္းမွာ ႏွင္းမုန္တိုင္း၏ အသာရမႈကို ခံေနရေၾကာင္း တျဖည္းျဖည္း ထင္ရွားလာသည္။ ႏွင္းမုန္တိုင္းသည္ ခ်ဴခ်ဴယန္၏ ပတ္လည္ မီတာႏွစ္ဆယ္ အတြင္းရွိ အရာအားလုံးကို ႏွင္းမ်ားျဖင့္ ျဖဴေဖြးသြားေစသည္။ ရွီခြန္း၏ ဆံပင္၊ ေျခလက္မ်ား ႏွင့္ ခႏၶာကိုယ္ မ်က္ႏွာျပင္တို႔မွာ ေရခဲမႈန္တစ္လႊာ ဖုံးအုပ္ျခင္းခံေနရသည္။

ငါက ဒီလိုအေျခအေနမွာေတာင္ ျပန္ဆုတ္ေနရပါလား။ ဒီမိန္းကေလးက လျပည့္ၿမိဳ႕ရဲ႕ အထူးခြၽန္ဆုံး ပါရမီရွင္ လို႔ လူေတြေျပာၾကတာ မဆန္းေတာ့ပါဘူး။ သူ႕ရဲ႕ လက္ရွိ အေျခအေနမွာေတာင္ ထိပ္တိုက္ ရင္ဆိုင္မႈမွာ ငါက အေရးမသာတဲ့ အေနအထားတစ္ခု ရွိေနဆဲပဲ။

မင္း အဲ့ဒီမွာ ဘာေတြ အခ်ိန္ျဖဳန္းေနတာလဲ။ ငါ့ကို လာကူစမ္း ေရွာင္း႐ႊယ္ယင္ ကို ရွီခြန္း စူးစူးရွရွ ၾကည့္လိုက္သည္။
အေစာက ခ်ဴခ်ဴယန္အေပၚ သယ၏ လႈပ္ရွားမႈမ်ားမွာ လုံးဝ က်ရႈံးခဲ့ရသည္။ ယခုအေျခအေနတြင္ သူ၏ မာန သိကၡာကို ဂ႐ုမစိုက္နိုင္ေတာ့ေပ။ မဟုတ္ပါက ဇူအန္ သို႔မဟုတ္ ခ်ဴခ်ဴယန္သာ ဤေနရာမွ အသက္ရွင္လ်က္ထြက္သြားနိုင္လွ်င္ သူႏွင့္ ရွီကလန္တစ္ခုလုံး အရွက္ရသြားလိမ့္မည္ျဖစ္သည္။

ေရွာင္း႐ႊယ္ယင္ မွာ နက္နက္နဲနဲ ေတြေဝေနဆဲျဖစ္သည္။ ခ်ဴခ်ဴယန္ ကို တိုက္ခိုက္လိုစိတ္ သူမတြင္ မရွိေပ။ သို႔ေသာ္ သခင္ေလး၏ အမိန့္ကို မလိုက္နာ၍လည္းမရေပ။ ႏႈတ္ခမ္းကို ကိုက္ကာ ဇူအန္ဆီသို႔ ေျပးသြားရန္ သူမ ေ႐ြးခ်ယ္လိုက္သည္။
သူမ မည္သူ႕ကို ကူညီေပးရမည္ဟု သခင္ေလး မေဖာ္ျပခဲ့ေပ။ ထို႔ေၾကာင့္ ၎မုန္းစရာေကာင္းေသာေကာင္ကို ကိုင္တြယ္ လိုက္ျခင္းသည္လည္း အတူတူပင္ျဖစ္သည္။

ဇူအန္ ႏႈတ္ခမ္းသပ္လိုက္သည္။ ဒီ မိန္းမဆိုးကေတာ့ လက္မေလ်ာ့ေသးဘူးဟုတ္လား။
အဆင့္ငါး က်င့္ႀကံသူတစ္ဦး ထပ္ ေပါင္းလာေသာေၾကာင့္ ဇူအန္ ခံစားေနရေသာ ဖိအား ခ်က္ခ်င္း ျမင့္တက္သြားသည္။ ေရွာင္း႐ႊယ္ယင္ အားအကုန္မသုံးျခင္းေၾကာင့္ သို႔မဟုတ္ အျခားက်င့္ႀကံသူမ်ားႏွင့္ ပူးေပါင္မႈ အားနည္းေနျခင္းေၾကာင့္ ထိုကဲ့သို႔ စြမ္းအားႀကီးေသာ လူအုပ္ကို ခုခံနိုင္႐ုံမွ်သာ ရွိေနသည္။

အျခားတစ္ဖက္တြင္ သူမ၏ လႈပ္ရွားမႈကို ျမင္ရေသာအခါ ရွီခြန္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ေရွာင္း႐ႊယ္ယင္ ကို သူ႕ဆီသို႔ လာကူညီရန္ ေျပာလိုက္သည္မွာ သိသာေနသည္။ သို႔ေသာ္ သူမသည္ ဇူအန္ကို တိုက္ခိုက္ရန္သာ ေ႐ြးခ်ယ္ခဲ့သည္။ သူမက ခ်ဴကလန္အေပၚ သံေယာဇဥ္ရွိေနတုန္းပဲလား။

သို႔ေသာ္ ယခုအခ်ိန္သည္ ထိုကဲ့သို႔ ကိစၥမ်ိဳးကို ေတြးေနရမည့္အခ်ိန္မဟုတ္ေပ။ ခ်ဴခ်ဴယန္ ကို ရင္ဆိုင္ရမည့္အေပၚတြင္သာ အာ႐ုံစိုက္ထားသင့္သည္။ အျခားသူမ်ားက ဇူအန္ကို အလွ်င္အျမန္ ဖမ္းဆီးနိုင္ပါက ခ်ဴခ်ဴယန္ကို ေျဖရွင္းရန္ အတြက္ သူတို႔ အားစိုက္လာနိုင္မည္ျဖစ္သည္။

ဇူအန္ ဘက္မွ အေျခအေနကိုလည္း ခ်ဴခ်ဴယန္ သတိထားမိလိုက္သည္။ က်င့္ႀကံသူ ေျခာက္ေယာက္ကို တစ္လွည့္စီ ရင္ဆိုင္ေနရေသာ ဇူအန္ မွာ အေျခအေနဆိုးေနၿပီးသားျဖစ္သည္။ ထို႔အျပင္ စနိုးပါဝင္လာျခင္းေၾကာင့္ ပိုမိုဆိုးသြားရသည္။
စိုးရိမ္ေနသည့္ အခိုက္အတန့္တြင္ သူမ၏ မ်က္ႏွာမွာ ပုံမွန္မဟုတ္ဘဲ နီရဲသြားသညိ။ ထို႔ေနာက္ သူမ သည္ ေရခဲအပိုင္းစမ်ား ပါေနသည့္ ေသြးမ်ား အန္ထုတ္လိုက္ကာ သူမ၏ ေအာ္ရာကို သိသိသာသာ အားနည္းသြားေစသည္။

ထိုအျဖစ္ကို ျမင္ရေသာအခါ ရွီခြန္း ေပ်ာ္သြားသည္။ ေနာက္ဆုံးေတာ့ သူ႕ရဲ႕ ဒဏ္ရာေတြ ျပန္ထလာၿပီပဲ။ ဟ အခုဆိုရင္ ငါ ရႈံးနိုင္စရာ အေၾကာင္းမရွိေတာ့ဘူး။
ထို႔ေနာက္ သူမကို ဖိအားေပးရန္ ခ်က္ခ်င္း လႈပ္ရွားလိုက္သည္။ အေျခအေန ေျပာင္းလဲသြားသည္။

ဇူအန္သည္ ပုံမွန္မဟုတ္ေသာ ခ်ဴခ်ဴယန္ကို သတိထားမိလိုက္သည္။ သူ၏ ဆိုး႐ြားေနေသာ အေနအထားကိုလည္း ေတြးေတာလိုက္သညိ။ ဤေနရာတြင္ သူတို႔ အဆုံးသတ္ရေတာ့မည္မွာ အခ်ိန္တစ္ခုသာ လိုေတာ့သည္။ ထို႔ေၾကာင့္ အသက္ျပင္းျပင္းရႈကာ က်ယ္ေလာင္စြာ ေအာ္လိုက္သည္။ ခဏေနပါဦး။ ငါက မင္းတို႔ရဲ႕ သခင္ေလးနဲ႕ မိတ္ေဆြေတြပဲ

ေရွာင္း႐ႊယ္ယင္ မ်က္လုံးျပဴးကာၾကည့္လိုက္သည္။ နင္က ငါတို႔ သခင္ေလးနဲ႕ မိတ္ေဆြေတြ ဟုတ္လား။ ဟားဟားဟား။ အဲ့ဒီအစား ငါက နင္နဲ႕ ႀကိဳက္ေနတယ္လို႔ ဘာလို႔ မေျပာတာလဲ။ အဲ့ဒါက ပိုၿပီးေတာ့ ယုတၱိရွိဦးမယ္။

အျခားလက္ပါးေစမ်ားသည္လည္း ဇူအန္၏ စကားကို လ်စ္လ်ဴရႈ႕ရန္ ႀကံ႐ြယ္ထားလိုက္ကာ ဆက္လက္ တိုက္ခိုက္ရန္ ဟန္ျပင္လိုက္သည္။ သို႔ေသာ္ မထင္မွတ္စရာမွာ ရွီခြန္း ျပန္ေအာ္လိုက္ျခင္းျဖစ္သည္။ ခဏေနပါဦး။ သူက တကယ္ကို ငါ့ မိတ္ေဆြပဲ

---- ---- --------------------------------------------------------- -- --- ------

Continue Reading

You'll Also Like

380K 25.5K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
174K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
555K 63.8K 200
This story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Q...