ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.1K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

148

302 47 0
By SoeHmue

Chapter 148: လရိပ်ရောင်ပြန်

ဇူအန် အရင်ဘဝက သူဌေးများနှင့်ပေါင်းပြီး အရင်းနည်းနည်းဖြင့် သန်းချီချမ်းသာသွားသော ဂျက်မတို့ အန်ကယ်ဝမ်တို့ကို သတိရလိုက်မိသည်။

ဟမ့် ငါလည်း ဒါနဲ့ အဲ့လို လုပ်လို့ရမှာပဲ ဟုတ်တယ်မလား။ ငါလူကြားထဲသွားပြီး အမျက်ပွိုင့်အများကြီးရအောင်လဲ လုပ်ချင်လုပ်နိုင်မှာ။
ဟုတ်တယ် ဒီအကြံ မဆိုးဘူး တစ်ခါလောက် လုပ်ကြည့်သင့်တယ်။

ထိုနည်းလမ်းကို သေချာစစ်ကြည့်သော် အကန့်အသတ်မရှိသော်လည်း အားနည်းချက်အကြီးစားတစ်ခု ရှိနေသည်။ ပိုက်ဆံပင်။

သို့သော် ကွာခြားချက်တစ်ခုကို သတိထားလိုက်မိသည်။ သန်းတစ်ရာက ကြေးပြားပင်။ ငွေစဖြင့်တွက်လျှင် ငွေစတစ်သိန်း ဖြစ်လေသည်။
ဟမ်..ဒါက သိပ်လည်း မများသလိုပါပဲ။

လက်ရှိ ဇူအန်လက်ထဲတွင် ငွေစ ၆သိန်းခွဲရှိပြီး ပင်လယ်လေးခုလောင်းကစားဝိုင်းက သူ့ကို ငွေစ ၅သိန်း အကြွေးတင်နေသေးသည်။ စုစုပေါင်း ၆ကြိမ် သုံးနိုင်သည်။

တစ်ခြားလူများသာ သူ့အတွေးကိုကြားနိုင်လျှင် ထဆဲပေလိမ့်မည်။ ငွေစတစ်သိန်းက အလွန်များသော ပမာဏဖြစ်သည်။ အတော်အတန်ချမ်းသာသော ကုန်သည်အိမ်တော်ပင် ငွေစ တစ်သိန်းကို တစ်ချီတည်း ထုတ်ပေးရန် ခက်ခဲလေသည်။

လက်ရှိ ဇူအန် ပြဿနာအခြားတစ်ခုကို စဉ်းစားနေသည်။ ငွေသုံးပြီးလျှင် ရလာမည့် အကျိုးပင်။ ပစ္စည်းရဲ့ အသုံးဝင်ပုံက မရေမရာ ဖြစ်လွန်းသည်။ မိတ်ဆွေဖွဲ့ခြင်းတွင် မိတ်ဆွေများစွာ ရှိသေးသည်။ အေးအတူပူအမျှ အတူရင်ဆိုင်မည့် မိတ်ဆွေမျိုးနှင့် အရေးကြုံလျှင် ပစ်သွားနိုင်သော မိတ်ဆွေမျိုးပင်။ ထိုနည်းလမ်းက မည်မျှအထိ အသုံးဝင်မှန်း မသိနိုင်ချေ။

ဥပမာ ဒီဟာကို ကျန်းလော့ဖူ အပေါ်သုံးလိုက်ရင် ငါတို့က ဘာညာဘာညာ မိတ်ဆွေတွေ ဖြစ်လာနိုင်လား။ တစ်နာရီခံတယ်ဆိုတော့ မဆိုးဘူးလေ။
သို့သော် သူ့ကိုယ်မှ စည်းကိုပြန်သတိရလိုက်ပြီး စိတ်လေသွားသည်။

ငါ့ရဲ့ အဓိက တာဝန်က မှေးမှိန်ကြာပွင့် ကိုရှာဖို့ ဖြစ်သင့်တာ။ တစ်ခြား ပေါက်ကရအတွေးတွေ ဝေးဝေးသွားစမ်းကွာ။

ထီဆက်လှည့်သော်လည်း ကောင်းကောင်းကန်းကန်း ဘာမှမရတော့ပေ။ နောက်ဆုံး ကီသီး ၇၀ပင် ရလိုက်သည်။ ထို့နောက် စတုတ္ထအစီအရင်ကိုဖြည့်ရန် လိုအပ်သော ၁၅၆သီး တွင် ၇၇သီးသာ လိုအပ်တော့သည်။

သူ့ကျင့်ကြံမှုနှုန်းက အလွန်နှေးသည်ဟု ထင်ရသော်လည်း အမှန်တော့ ဒီလောကမှ လူအများစုထက် ပိုမြန်နေသည်။ တစ်ခြားလူများက နှစ်ဆယ်ချီ ကြာမြင့်သော်လည်း သူ့အတွက် တစ်လကျော်သာ ကြာလေသည်။

ထို့နောက် ကောင်းကင်ဖီးနစ်ကျင့်စဉ်ကြောင့် သူအရိုက်ခံရတိုင်း ကျင့်ကြံမှုတစ်ခါမြင့်လာ၍ အခြားသူများကို အမီလိုက်ရန် အချိန်သိပ်မလိုပေ။
တစ်ခြားသူများသာ ဇူအန်လျှို့ဝှက်ချက်ကိုသိလျှင် မနာလို၍ ထိုကျင့်စဉ်ကိုရရန် လိုက်သတ်ပေလိမ့်မည်။

ဇူအန် ထိုအရာကို သိသော်လည်း သူလက်ခံရမည့် လမ်းကြောင်းဟု မြင်နေလေသည်။ သူက တစ်လောကလုံး၏ အင်အားအကောင်းဆုံးသူ ဖြစ်ချင်နေခြင်းပင်။
သူက ဝတ္ထုပေါင်းစုံဖတ်ဖူး၍ ခေါင်းထဲတွင် အားကောင်းသော ဇာတ်လိုက်များအကြောင်း ပြည့်နေသည်။ သူ့ကိုယ်သူ ထိုဇာတ်လိုက်များနှင့် တန်းတူထား၍ နှိုင်းယှဉ်နေခြင်းပင်။ ထို့နောက် သူ့အောင်မြင်မှုကိုချို့တဲ့နေသေးသည်ဟု တွေးနေလေသည်။

ဟုတ်တယ် ငါ့လို ထိပ်တန်းပါရမီရှင်တစ်ယောက်က ကောင်းကင်က ကြယ်တွေကို မှန်းသင့်တာ မဟုတ်ဘူးလား။

အနားယူပြီး ဇူအန် အားပြည့်လာ၍ တောထဲမှ ထွက်ကာ ကျီရှောင်ချီကို ရှာရန်ထွက်လိုက်သည်။ ထီမှ မှော်ပစ္စည်း ၂ခု ရထား၍ စိတ်ပျော်နေသည်။
သို့သော် တောထဲမှ အပြင်ထွက်ထွက်ချင်း ဇူအန်အပြုံး တောင့်ခဲသွားသည်။ နှလုံးခုန်သံမြန်လာ၍ ကြက်သီးများ ထလာသည်။

သူ့ရှေ့တွင် အစိမ်းရောင်ဝတ် မိန်းကလေးတစ်ယောက် ရပ်နေလေသည်။ တင့်တယ်သော ခန္ဓာကိုယ်နှင့် ပျော့ပျောင်းသော ခါးသွယ်သွယ် ရှိသည်။ လေပြေတစ်ခုတိုက်လာ၍ ဝတ်ရုံလွင့်နေသည်။ မျက်နှာက မျက်နှာဖုံးအောက်တွင် ကွယ်နေ၍ ဆန်းကြယ်သောအရှိန်အဝါတစ်ခု ပေးနေသည်။

တစ်ခြားယောက်ျားများက သူ့အလှတွင် ကျဆင်းမည်ဖြစ်သော်လည်း ဇူအန်တွင် သူ့အလှကို ငေးမောချင်စိတ်မရှိပေ။  သူ့သေးသွယ်သောခန္ဓာ၏ တိုက်ခိုက်နိုင်စွမ်းကို ဇူအန် ကိုယ်တွေ့ကြုံထားပြီးသားပင်။

ထိုမိန်းကလေးက စနိုးပင်။

သူလည်း ဇူအန်ကို သတိထားမိသွားပြီး ပြုံးလိုက်သည်။
တွေ့ပြီ။

ဇူအန် ထိပ်လန့်စွာမျက်လုံးကစားမိပြီးနောက် စိတ်ကို ငြိမ်အောင် ထိန်းလိုက်သည်။ အမြီးကုပ်၍ ထွက်ပြေးမည့်အစား ပြုံး၍ ပြောလိုက်သည်။
"အိုး..ရှောင်းမိန်းကလေး တိုက်ဆိုင်လိုက်တာ"

စနိုး အံ့သြသွားသည်။ သူတို့နှစ်ယောက်၏ ရန်ငြှိုးအရ တွေ့တွေ့ချင်း အသေအလဲ တိုက်သင့်ပေသည်။ သို့သော် တစ်ဖက်လူက သူ့ကို ချဉ်းကပ်နေသည်။

ခဏနေမှ သူက လပြည့်ဝန်းအကယ်ဒမီ၏ ရှောင်းရွှယ်ယင် ဖြစ်ပြီး စနိုးမဟုတ်ကြောင်း သတိရသွားသည်။ ဇူအန်မမှတ်မိတာ သဘာဝကျလေသည်။
ဟမ့်.. ငါက အိပ်မက်ချစ်သူစာရင်းရဲ့ နံပါတ် ၁၀မို့ ဒီလူက ငါ့ကို လာရောနေတာပဲ။ ဒီလူက တကယ်...မြုံနေတာတောင် ရမက်ကြီးနေတုန်းပဲ။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၂၃၃ ရယူလိုက်သည်။

ဇူအန် ရင်ထိတ်သွားသည်။
ဝေါင်း သူငါ့ကို အတော်လေး မုန်းနေတာ ဖြစ်ရမယ်။ နှုတ်ဆက်ရုံလေးနဲ့တောင် ငါ့ကို စိတ်တိုနေသေးတယ်။

ဇူအန် အရူးလို ချဉ်းကပ်လာပုံကိုကြည့်၍ စနိုး လှောင်ပြုံးပြုံးလိုက်သည်။ ရုတ်တရက် သူ့ကို အမြန်ကြီး မသတ်ချင်တော့ပေ။
ဒီလူက ငါ့ကို အရင်တစ်ခေါက်က အကြီးအကျယ် နစ်နာစေတာ။ငါ့ကို...ငါ့ကို..ငါ့ကို..ဟွန့်။ သူ့ကို မကစားရရင် ငါ့ဒေါသကို ဘယ်လိုဖြေရမလဲ။

"ရှောင်းမိန်းကလေးက စိတ်ပျော်နေတဲ့ပုံပဲ။အဲ့တာ ကျုပ်ကြောင့်လား" ဇူအန် သက်ပြင်းချလိုက်သည်။
"ဒါတော့ ကျုပ်လည်း မတတ်နိုင်ဘူး ။ ကျုပ်ရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့် ဘယ်မိန်းကလေးမဆို ကျုပ်ကိုမြင်ရင် ပျော်သွားကြတာပဲ"

"..." ရှောင်းရွှယ်ယင်
အရင်လို မျက်နှထူနေတုန်းပဲ။ ငါသိနေတယ်။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၁၃၁ ရယူလိုက်သည်။

သို့သော် အပြုံးမပျက်စွာ
"ဇူသခင်လေး ရှင့်မိန်းမ သဘောမကျမှာ မကြောက်ဘူးလား"

ဟမ့် ငါနင့်ကို ငါ့လက်ထဲမှာ ကစားပြမယ်။ ငါ့ကို အရင်ဆုံး သဘောကျအောင်လုပ်ပြီးမှ ဘယ်သူလဲ သိအောင်လုပ်မယ်။ နင်အဲ့ဒီအခါ ဘယ်လိုတုံပြန်မလဲ ကြည့်ရသေးတာပေါ့။

ဇူအန် လက်ခါ၍
"ရှောင်းမိန်းကလေး စိတ်မပူပါနဲ့ ။ကျုပ်မိန်းမက ကျုပ်တစ်ခြားမိန်းမရှာတာ သဘောတူထားပြီးသား။ ကျုပ်ကိုမယုံရင် သူ့ကို အချိန်မရွေး သွားမေးလို့ရတယ်"

ရှောင်းရွှယ်ယင် စိတ်တိုစွာ လျှာကိုက်လိုက်မိသည်။
ဒီကောင် မမလေးနောက်ကွယ်မှာ ဘယ်လိုလုပ် တစ်ခြားမိန်းမတွေနဲ့ ရှုပ်ရဲရတာလဲ။

သို့သော် ထိုအတွေး ပေါ်လာလာချင်း ချူချူယန်ကို မမလေးဟု သတ်မှတ်ပြီး သူ့အစား စိတ်တိုနေကြောင်း သတိထားမိသွားသည်။ ကြည့်ရတာ ချူအိမ်တွင် နေခဲ့သော နှစ်များက သူ့အပေါ် သက်ရောက်မှု နက်နဲသလိုပင်။

"ရှောင်းမိန်းကလေး တစ်ယောက်တည်း ဘာလုပ်နေတာလဲ။ ဒါက မလုံခြုံဘူး။ ဒီဂူက မှတ်တမ်းတွေထဲကထက် ပိုအန္တရာယ်များတယ်" ဇူအန် ပြောလိုက်သည်။
"ဒါပေမဲ့ အခုကျုပ်ကိုတွေ့မှတော့ စိတ်ပူစရာမလိုတော့ဘူး။ ကျုပ်ခင်ဗျားကို စောင့်ရှောက်မှာပါ"

"ရှင်ကလား" စနိုး မနေနိုင်စွာ သရော်လိုက်မိသည်။ သို့သော် လေသံအမြန်ပြောင်း၍ ပြန်ဖြေသည်။
"ကျွန်မ ကျေးဇူးအများကြီးတင်ပါတယ် ဇူသခင်လေး"

"ခဏနေပါဦး ရှင်ကလားဆိုတာ ဘာစကားလဲ။ ကျုပ်ကို မယုံဘူးလား" ဇူအန် ရုတ်တရက် စိတ်တိုသွားသည်။
"မင်း ယွမ်ဝမ်ဒုံကို မကြားဖူးဘူးလား။ သူက အဆင့်၅နော် အဆင့် ၅..ကျုပ်သူ့ကို အနိုင်တိုက်ခဲ့တာ။ အဲ့တာလည်း..."

ရှောင်းရွှယ်ယင် ဆက်နားမထောင်ဘဲ ဖြတ်မေးလိုက်သည်။
"ရှင် တစ်ခြားကျောင်းသားတွေနဲ့ တွေ့ခဲ့လား"

"ကျောင်းသားလား။ မတွေ့ပါဘူး။ မင်းက ပထမဆုံးပဲ။ အာ..ကြည့်ရတာ ရေစက်ပါလို့ ဖြစ်ရမယ်"

"ရှင်ဘယ်သူနဲ့မှ မတွေ့ဘူးပေါ့" ဇူအန်ရင်ဘတ်က ဒဏ်ရာကိုကြည့်၍
"ဒါဆို ဒဏ်ရာက ဘယ်ကရတာလဲ"

"ကျုပ် ဖုတ်ကောင်တစ်ချို့နဲ့တွေ့ပြီး တိုက်ခဲ့တာ။ တကယ်လည်း အတော်ပြင်းတဲ့ တိုက်ပွဲဗျ။ ဒီမြေအောက်ဂူက တစ်ခုခု ထူးဆန်းနေတယ်။ ဖုတ်ကောင်တွေ ရှိရတယ်လို့..အကယ်ဒမီက တစ်ခုခုကြိုပြောထားသင့်တာပေါ့" ဇူအန် ကြောက်လန့်နေသောလေသံဖြင့် ပြောလိုက်သည်။ သူ့သရုပ်ဆောင်မှုက လက်ဖျားခါလောက်ပေသည်။

ရှောင်းရွှယ်ယင် ဇူအန်စကားကို စဉ်းစားရင်း တောင်ကြားတွင် မြင်ခဲ့သောမြင်ကွင်းကို ပြန်သတိရလိုက်ပြီး မျက်မှောင်ကြုတ်လာသည်။
ကျားကျန်းကျီ နဲ့ တစ်ခြားလူတွေ အလောင်းကောင်တွေနဲ့တွေ့ပြီး အသတ်ခံလိုက်ရတာများလား။

"ဟင်…အသည်းလေး…မင်းဒီမှာ ဘာလုပ်နေတာလဲ" ဇူအန် ရှောင်းရွှယ်ယင် နောက်ကျောဘက်ကို ကျော်ကြည့်၍ ဝမ်းသာစွာ အော်လိုက်သည်။

"မမလေး" ရှောင်းရွှယ်ယင် တုန်ရင်သွားပြီး အနောက်ကို အမြန်လှည့်ကြည့်လိုက်သည်။ သို့သော် ဘယ်သူမှ မရှိပေ။

ဇူအန်က ဒီအခွင့်အရေးကို တစ်ချိန်လုံးစောင့်နေခြင်းပေ။ စကားပြောနေခြင်းကလည်း စနိုးကို သတိလက်လွတ် ဖြစ်စေချင်၍ဖြစ်သည်။

တွေဝေခြင်းမရှိ ဓားမြှောင်ကို စနိုးရင်ဘတ်သို့ ထိုးစိုက်လိုက်သည်။ သူက အလျော့မပေးတော့ဘဲ အဆိပ်ပြင်းတန်ဆာကို အသုံးပြုလိုက်ခြင်းပင်။ မိန်းမလှတစ်ယောက် ထိုသို့ အသက်ဆုံးရမှာ နှမြောသော်လည်း သူ့ကိုသတ်ရန် ရောက်လာကြောင်း ဇူအန် ကောင်းကောင်းသိသည်။ စနိုးကျင့်ကြံမှုနှင့် သူအလျော့ပေးမှုမှန်သမျှက သူ့သေလမ်းကိုပို့နေကြောင်း နားလည်လေသည်။

ပိုင်ရှီဓားသိုင်းက အလွန်မြန်၍ စနိုးကို အခွင့်ကောင်းယူလိုက်နိုင်သည်။ ရှောင်းရွှယ်ယင်ကဲ့သို့ အဆင့်၅ကျင့်ကြံသူမျိုးပင် မရှောင်နိုင်ချေ။

ဇွပ်…

သွေးများ ပြန့်ကျဲသွားသည်။
ဇူအန် ရှောင်းရွှယ်ယင် ခန္ဓာကိုယ်ထဲ ဓားစိုက်လိုက်နိုင်သည်။ သို့သော် စိတ်မအေးသွားချေ။ ဓားမြှောင်မှ ပြန်ရလာသော ခံစားချက်က တစ်ခုခုမှားနေသည်။

ဇူအန်ထင်သလိုပင်။ ရှောင်းရွှယ်ယင် ခန္ဓာကိုယ်က ပန်းပွင့်အဖြစ်သို့ပြောင်းသွားပြီး ညှိုးကျသွားလေသည်။ ထိုစဉ် တကယ့်ရှောင်းရွှယ်ယင်အစစ်က မီတာအနည်းငယ်အကွာမှ အေးစက်စက် ကြည့်နေလေသည်။

နောက်လှည့်မိ၍ လူမမြင်ချိန်တွင် သူမ အမှားလုပ်မိလိုက်ကြောင်း စနိုး နားလည်သွားသည်။ အစက ကီအကာအရံကိုသုံး၍ ခုခံရန်ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်က ဆဲလ်တိုင်းသည် ကျရောက်လာမည့်အန္တရာယ်ကို အကြီးအကျယ် သတိပေးနေသည်။

ဇူအန်က သူ့ကို ဘာကြောင့် ဒီလောက်ထိ အန္တရာယ်ဖြစ်စေနိုင်မှန်း နားမလည်သော်လည်း မသိစိတ်မှ ၃ ကြိမ်သာသုံး၍ရမည့် အထူးနည်းလမ်းတစ်ခု ထုတ်သုံးလိုက်မိသည်။ ထိုအရာက သူ့အပေါ်ကျလာမည့် အန္တရာယ်ကို ပန်းတစ်ပွင့်ထံ လွှဲပြောင်းပေးနိုင်သော လရိပ်ရောင်ပြန် ပင်။

"နင်က ငါ့ရဲ့ လရိပ်ရောင်ပြန် တစ်ခု ထုတ်သုံးရအောင် လုပ်လိုက်တယ်" ရှောင်းရွှယ်ယင် အော်လိုက်သည်။

သင်သည် ရှောင်းရွှယ်ယင် ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

လရိပ်ရောင်ပြန် တစ်ကြိမ်ချင်းစီက အသက်ပိုတစ်ခုနှင့် ညီမျှလေသည်။ သူမငယ်စဉ်တည်းက အန္တရာယ်ပေါင်းစုံကြုံဖူးသော်လည်း လရိပ်ရောင်ပြန် တစ်ခါမှ ထုတ်မသုံးခဲ့ပေ။ ထိုနည်းလမ်းက သူမယှဉ်နိုင်သော ရန်သူတစ်ယောက်လက်မှ အသက်ကယ်နိုင်ကြောင်းသိ၍ အလွန်တန်ဖိုးထားခြင်းပင်။

သို့သော် အခုတော့ သူမအထင်သေးသော ပုရွက်ဆိတ်တစ်ကောင်ကြောင့် ထုတ်သုံးလိုက်ရသည်။

ဒေါသတကြီး အော်လိုက်သော်လည်း သူမကို ပြန်ဖြေမည့်သူ မရှိချေ။ တောထဲသို့ တန်းနေအောင် ပြေး၀င်သွားသော ဇူအန်၏ ဖင်ကိုသာ မှုန်ဝါးဝါး မြင်ရတော့သည်။

--- ----- --- ---------------------------------------------- -- --- --- -----

Chapter 148: လရိပ္ေရာင္ျပန္

ဇူအန္ အရင္ဘဝက သူေဌးမ်ားႏွင့္ေပါင္းၿပီး အရင္းနည္းနည္းျဖင့္ သန္းခ်ီခ်မ္းသာသြားေသာ ဂ်က္မတို႔ အန္ကယ္ဝမ္တို႔ကို သတိရလိုက္မိသည္။

ဟမ့္ ငါလည္း ဒါနဲ႕ အဲ့လို လုပ္လို႔ရမွာပဲ ဟုတ္တယ္မလား။ ငါလူၾကားထဲသြားၿပီး အမ်က္ပြိုင့္အမ်ားႀကီးရေအာင္လဲ လုပ္ခ်င္လုပ္နိုင္မွာ။
ဟုတ္တယ္ ဒီအႀကံ မဆိုးဘူး တစ္ခါေလာက္ လုပ္ၾကည့္သင့္တယ္။

ထိုနည္းလမ္းကို ေသခ်ာစစ္ၾကည့္ေသာ္ အကန့္အသတ္မရွိေသာ္လည္း အားနည္းခ်က္အႀကီးစားတစ္ခု ရွိေနသည္။ ပိုက္ဆံပင္။

သို႔ေသာ္ ကြာျခားခ်က္တစ္ခုကို သတိထားလိုက္မိသည္။ သန္းတစ္ရာက ေၾကးျပားပင္။ ေငြစျဖင့္တြက္လွ်င္ ေငြစတစ္သိန္း ျဖစ္ေလသည္။
ဟမ္..ဒါက သိပ္လည္း မမ်ားသလိုပါပဲ။

လက္ရွိ ဇူအန္လက္ထဲတြင္ ေငြစ ၆သိန္းခြဲရွိၿပီး ပင္လယ္ေလးခုေလာင္းကစားဝိုင္းက သူ႕ကို ေငြစ ၅သိန္း အေႂကြးတင္ေနေသးသည္။ စုစုေပါင္း ၆ႀကိမ္ သုံးနိုင္သည္။

တစ္ျခားလူမ်ားသာ သူ႕အေတြးကိုၾကားနိုင္လွ်င္ ထဆဲေပလိမ့္မည္။ ေငြစတစ္သိန္းက အလြန္မ်ားေသာ ပမာဏျဖစ္သည္။ အေတာ္အတန္ခ်မ္းသာေသာ ကုန္သည္အိမ္ေတာ္ပင္ ေငြစ တစ္သိန္းကို တစ္ခ်ီတည္း ထုတ္ေပးရန္ ခက္ခဲေလသည္။

လက္ရွိ ဇူအန္ ျပႆနာအျခားတစ္ခုကို စဥ္းစားေနသည္။ ေငြသုံးၿပီးလွ်င္ ရလာမည့္ အက်ိဳးပင္။ ပစၥည္းရဲ႕ အသုံးဝင္ပုံက မေရမရာ ျဖစ္လြန္းသည္။ မိတ္ေဆြဖြဲ႕ျခင္းတြင္ မိတ္ေဆြမ်ားစြာ ရွိေသးသည္။ ေအးအတူပူအမွ် အတူရင္ဆိုင္မည့္ မိတ္ေဆြမ်ိဳးႏွင့္ အေရးႀကဳံလွ်င္ ပစ္သြားနိုင္ေသာ မိတ္ေဆြမ်ိဳးပင္။ ထိုနည္းလမ္းက မည္မွ်အထိ အသုံးဝင္မွန္း မသိနိုင္ေခ်။

ဥပမာ ဒီဟာကို က်န္းေလာ့ဖူ အေပၚသုံးလိုက္ရင္ ငါတို႔က ဘာညာဘာညာ မိတ္ေဆြေတြ ျဖစ္လာနိုင္လား။ တစ္နာရီခံတယ္ဆိုေတာ့ မဆိုးဘူးေလ။
သို႔ေသာ္ သူ႕ကိုယ္မွ စည္းကိုျပန္သတိရလိုက္ၿပီး စိတ္ေလသြားသည္။

ငါ့ရဲ႕ အဓိက တာဝန္က ေမွးမွိန္ၾကာပြင့္ ကိုရွာဖို႔ ျဖစ္သင့္တာ။ တစ္ျခား ေပါက္ကရအေတြးေတြ ေဝးေဝးသြားစမ္းကြာ။

ထီဆက္လွည့္ေသာ္လည္း ေကာင္းေကာင္းကန္းကန္း ဘာမွမရေတာ့ေပ။ ေနာက္ဆုံး ကီသီး ၇၀ပင္ ရလိုက္သည္။ ထို႔ေနာက္ စတုတၳအစီအရင္ကိုျဖည့္ရန္ လိုအပ္ေသာ ၁၅၆သီး တြင္ ၇၇သီးသာ လိုအပ္ေတာ့သည္။

သူ႕က်င့္ႀကံမႈႏႈန္းက အလြန္ႏွေးသည္ဟု ထင္ရေသာ္လည္း အမွန္ေတာ့ ဒီေလာကမွ လူအမ်ားစုထက္ ပိုျမန္ေနသည္။ တစ္ျခားလူမ်ားက ႏွစ္ဆယ္ခ်ီ ၾကာျမင့္ေသာ္လည္း သူ႕အတြက္ တစ္လေက်ာ္သာ ၾကာေလသည္။

ထို႔ေနာက္ ေကာင္းကင္ဖီးနစ္က်င့္စဥ္ေၾကာင့္ သူအရိုက္ခံရတိုင္း က်င့္ႀကံမႈတစ္ခါျမင့္လာ၍ အျခားသူမ်ားကို အမီလိုက္ရန္ အခ်ိန္သိပ္မလိုေပ။
တစ္ျခားသူမ်ားသာ ဇူအန္လွ်ို႔ဝွက္ခ်က္ကိုသိလွ်င္ မနာလို၍ ထိုက်င့္စဥ္ကိုရရန္ လိုက္သတ္ေပလိမ့္မည္။

ဇူအန္ ထိုအရာကို သိေသာ္လည္း သူလက္ခံရမည့္ လမ္းေၾကာင္းဟု ျမင္ေနေလသည္။ သူက တစ္ေလာကလုံး၏ အင္အားအေကာင္းဆုံးသူ ျဖစ္ခ်င္ေနျခင္းပင္။
သူက ဝတၳဳေပါင္းစုံဖတ္ဖူး၍ ေခါင္းထဲတြင္ အားေကာင္းေသာ ဇာတ္လိုက္မ်ားအေၾကာင္း ျပည့္ေနသည္။ သူ႕ကိုယ္သူ ထိုဇာတ္လိုက္မ်ားႏွင့္ တန္းတူထား၍ ႏွိုင္းယွဥ္ေနျခင္းပင္။ ထို႔ေနာက္ သူ႕ေအာင္ျမင္မႈကိုခ်ိဳ႕တဲ့ေနေသးသည္ဟု ေတြးေနေလသည္။

ဟုတ္တယ္ ငါ့လို ထိပ္တန္းပါရမီရွင္တစ္ေယာက္က ေကာင္းကင္က ၾကယ္ေတြကို မွန္းသင့္တာ မဟုတ္ဘူးလား။

အနားယူၿပီး ဇူအန္ အားျပည့္လာ၍ ေတာထဲမွ ထြက္ကာ က်ီေရွာင္ခ်ီကို ရွာရန္ထြက္လိုက္သည္။ ထီမွ ေမွာ္ပစၥည္း ၂ခု ရထား၍ စိတ္ေပ်ာ္ေနသည္။
သို႔ေသာ္ ေတာထဲမွ အျပင္ထြက္ထြက္ခ်င္း ဇူအန္အၿပဳံး ေတာင့္ခဲသြားသည္။ ႏွလုံးခုန္သံျမန္လာ၍ ၾကက္သီးမ်ား ထလာသည္။

သူ႕ေရွ႕တြင္ အစိမ္းေရာင္ဝတ္ မိန္းကေလးတစ္ေယာက္ ရပ္ေနေလသည္။ တင့္တယ္ေသာ ခႏၶာကိုယ္ႏွင့္ ေပ်ာ့ေပ်ာင္းေသာ ခါးသြယ္သြယ္ ရွိသည္။ ေလေျပတစ္ခုတိုက္လာ၍ ဝတ္႐ုံလြင့္ေနသည္။ မ်က္ႏွာက မ်က္ႏွာဖုံးေအာက္တြင္ ကြယ္ေန၍ ဆန္းၾကယ္ေသာအရွိန္အဝါတစ္ခု ေပးေနသည္။

တစ္ျခားေယာက္်ားမ်ားက သူ႕အလွတြင္ က်ဆင္းမည္ျဖစ္ေသာ္လည္း ဇူအန္တြင္ သူ႕အလွကို ေငးေမာခ်င္စိတ္မရွိေပ။ သူ႕ေသးသြယ္ေသာခႏၶာ၏ တိုက္ခိုက္နိုင္စြမ္းကို ဇူအန္ ကိုယ္ေတြ႕ႀကဳံထားၿပီးသားပင္။

ထိုမိန္းကေလးက စနိုးပင္။

သူလည္း ဇူအန္ကို သတိထားမိသြားၿပီး ၿပဳံးလိုက္သည္။
ေတြ႕ၿပီ။

ဇူအန္ ထိပ္လန့္စြာမ်က္လုံးကစားမိၿပီးေနာက္ စိတ္ကို ၿငိမ္ေအာင္ ထိန္းလိုက္သည္။ အၿမီးကုပ္၍ ထြက္ေျပးမည့္အစား ၿပဳံး၍ ေျပာလိုက္သည္။
"အိုး..ေရွာင္းမိန္းကေလး တိုက္ဆိုင္လိုက္တာ"

စနိုး အံ့ၾသသြားသည္။ သူတို႔ႏွစ္ေယာက္၏ ရန္ျငႇိုးအရ ေတြ႕ေတြ႕ခ်င္း အေသအလဲ တိုက္သင့္ေပသည္။ သို႔ေသာ္ တစ္ဖက္လူက သူ႕ကို ခ်ဥ္းကပ္ေနသည္။

ခဏေနမွ သူက လျပည့္ဝန္းအကယ္ဒမီ၏ ေရွာင္း႐ႊယ္ယင္ ျဖစ္ၿပီး စနိုးမဟုတ္ေၾကာင္း သတိရသြားသည္။ ဇူအန္မမွတ္မိတာ သဘာဝက်ေလသည္။
ဟမ့္.. ငါက အိပ္မက္ခ်စ္သူစာရင္းရဲ႕ နံပါတ္ ၁၀မို႔ ဒီလူက ငါ့ကို လာေရာေနတာပဲ။ ဒီလူက တကယ္...ၿမဳံေနတာေတာင္ ရမက္ႀကီးေနတုန္းပဲ။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၂၃၃ ရယူလိုက္သည္။

ဇူအန္ ရင္ထိတ္သြားသည္။
ေဝါင္း သူငါ့ကို အေတာ္ေလး မုန္းေနတာ ျဖစ္ရမယ္။ ႏႈတ္ဆက္႐ုံေလးနဲ႕ေတာင္ ငါ့ကို စိတ္တိုေနေသးတယ္။

ဇူအန္ အ႐ူးလို ခ်ဥ္းကပ္လာပုံကိုၾကည့္၍ စနိုး ေလွာင္ၿပဳံးၿပဳံးလိုက္သည္။ ႐ုတ္တရက္ သူ႕ကို အျမန္ႀကီး မသတ္ခ်င္ေတာ့ေပ။
ဒီလူက ငါ့ကို အရင္တစ္ေခါက္က အႀကီးအက်ယ္ နစ္နာေစတာ။ငါ့ကို...ငါ့ကို..ငါ့ကို..ဟြန့္။ သူ႕ကို မကစားရရင္ ငါ့ေဒါသကို ဘယ္လိုေျဖရမလဲ။

"ေရွာင္းမိန္းကေလးက စိတ္ေပ်ာ္ေနတဲ့ပုံပဲ။အဲ့တာ က်ဳပ္ေၾကာင့္လား" ဇူအန္ သက္ျပင္းခ်လိဳက္သည္။
"ဒါေတာ့ က်ဳပ္လည္း မတတ္နိုင္ဘူး ။ က်ဳပ္ရဲ႕ ေခ်ာေမာတဲ့ ႐ုပ္ရည္ေၾကာင့္ ဘယ္မိန္းကေလးမဆို က်ဳပ္ကိုျမင္ရင္ ေပ်ာ္သြားၾကတာပဲ"

"..." ေရွာင္း႐ႊယ္ယင္
အရင္လို မ်က္ႏွထူေနတုန္းပဲ။ ငါသိေနတယ္။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၁၃၁ ရယူလိုက္သည္။

သို႔ေသာ္ အၿပဳံးမပ်က္စြာ
"ဇူသခင္ေလး ရွင့္မိန္းမ သေဘာမက်မွာ မေၾကာက္ဘူးလား"

ဟမ့္ ငါနင့္ကို ငါ့လက္ထဲမွာ ကစားျပမယ္။ ငါ့ကို အရင္ဆုံး သေဘာက်ေအာင္လုပ္ၿပီးမွ ဘယ္သူလဲ သိေအာင္လုပ္မယ္။ နင္အဲ့ဒီအခါ ဘယ္လိုတုံျပန္မလဲ ၾကည့္ရေသးတာေပါ့။

ဇူအန္ လက္ခါ၍
"ေရွာင္းမိန္းကေလး စိတ္မပူပါနဲ႕ ။က်ဳပ္မိန္းမက က်ဳပ္တစ္ျခားမိန္းမရွာတာ သေဘာတူထားၿပီးသား။ က်ဳပ္ကိုမယုံရင္ သူ႕ကို အခ်ိန္မေ႐ြး သြားေမးလို႔ရတယ္"

ေရွာင္း႐ႊယ္ယင္ စိတ္တိုစြာ လွ်ာကိုက္လိုက္မိသည္။
ဒီေကာင္ မမေလးေနာက္ကြယ္မွာ ဘယ္လိုလုပ္ တစ္ျခားမိန္းမေတြနဲ႕ ရႈပ္ရဲရတာလဲ။

သို႔ေသာ္ ထိုအေတြး ေပၚလာလာခ်င္း ခ်ဴခ်ဴယန္ကို မမေလးဟု သတ္မွတ္ၿပီး သူ႕အစား စိတ္တိုေနေၾကာင္း သတိထားမိသြားသည္။ ၾကည့္ရတာ ခ်ဴအိမ္တြင္ ေနခဲ့ေသာ ႏွစ္မ်ားက သူ႕အေပၚ သက္ေရာက္မႈ နက္နဲသလိုပင္။

"ေရွာင္းမိန္းကေလး တစ္ေယာက္တည္း ဘာလုပ္ေနတာလဲ။ ဒါက မလုံၿခဳံဘူး။ ဒီဂူက မွတ္တမ္းေတြထဲကထက္ ပိုအႏၱရာယ္မ်ားတယ္" ဇူအန္ ေျပာလိုက္သည္။
"ဒါေပမဲ့ အခုက်ဳပ္ကိုေတြ႕မွေတာ့ စိတ္ပူစရာမလိုေတာ့ဘူး။ က်ဳပ္ခင္ဗ်ားကို ေစာင့္ေရွာက္မွာပါ"

"ရွင္ကလား" စနိုး မေနနိုင္စြာ သေရာ္လိုက္မိသည္။ သို႔ေသာ္ ေလသံအျမန္ေျပာင္း၍ ျပန္ေျဖသည္။
"ကြၽန္မ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဇူသခင္ေလး"

"ခဏေနပါဦး ရွင္ကလားဆိုတာ ဘာစကားလဲ။ က်ဳပ္ကို မယုံဘူးလား" ဇူအန္ ႐ုတ္တရက္ စိတ္တိုသြားသည္။
"မင္း ယြမ္ဝမ္ဒုံကို မၾကားဖူးဘူးလား။ သူက အဆင့္၅ေနာ္ အဆင့္ ၅..က်ဳပ္သူ႕ကို အနိုင္တိုက္ခဲ့တာ။ အဲ့တာလည္း..."

ေရွာင္း႐ႊယ္ယင္ ဆက္နားမေထာင္ဘဲ ျဖတ္ေမးလိုက္သည္။
"ရွင္ တစ္ျခားေက်ာင္းသားေတြနဲ႕ ေတြ႕ခဲ့လား"

"ေက်ာင္းသားလား။ မေတြ႕ပါဘူး။ မင္းက ပထမဆုံးပဲ။ အာ..ၾကည့္ရတာ ေရစက္ပါလို႔ ျဖစ္ရမယ္"

"ရွင္ဘယ္သူနဲ႕မွ မေတြ႕ဘူးေပါ့" ဇူအန္ရင္ဘတ္က ဒဏ္ရာကိုၾကည့္၍
"ဒါဆို ဒဏ္ရာက ဘယ္ကရတာလဲ"

"က်ဳပ္ ဖုတ္ေကာင္တစ္ခ်ိဳ႕နဲ႕ေတြ႕ၿပီး တိုက္ခဲ့တာ။ တကယ္လည္း အေတာ္ျပင္းတဲ့ တိုက္ပြဲဗ်။ ဒီေျမေအာက္ဂူက တစ္ခုခု ထူးဆန္းေနတယ္။ ဖုတ္ေကာင္ေတြ ရွိရတယ္လို႔..အကယ္ဒမီက တစ္ခုခုႀကိဳေျပာထားသင့္တာေပါ့" ဇူအန္ ေၾကာက္လန့္ေနေသာေလသံျဖင့္ ေျပာလိုက္သည္။ သူ႕သ႐ုပ္ေဆာင္မႈက လက္ဖ်ားခါေလာက္ေပသည္။

ေရွာင္း႐ႊယ္ယင္ ဇူအန္စကားကို စဥ္းစားရင္း ေတာင္ၾကားတြင္ ျမင္ခဲ့ေသာျမင္ကြင္းကို ျပန္သတိရလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လာသည္။
က်ားက်န္းက်ီ နဲ႕ တစ္ျခားလူေတြ အေလာင္းေကာင္ေတြနဲ႕ေတြ႕ၿပီး အသတ္ခံလိုက္ရတာမ်ားလား။

"ဟင္အသည္းေလးမင္းဒီမွာ ဘာလုပ္ေနတာလဲ" ဇူအန္ ေရွာင္း႐ႊယ္ယင္ ေနာက္ေက်ာဘက္ကို ေက်ာ္ၾကည့္၍ ဝမ္းသာစြာ ေအာ္လိုက္သည္။

"မမေလး" ေရွာင္း႐ႊယ္ယင္ တုန္ရင္သြားၿပီး အေနာက္ကို အျမန္လွည့္ၾကည့္လိုက္သည္။ သို႔ေသာ္ ဘယ္သူမွ မရွိေပ။

ဇူအန္က ဒီအခြင့္အေရးကို တစ္ခ်ိန္လုံးေစာင့္ေနျခင္းေပ။ စကားေျပာေနျခင္းကလည္း စနိုးကို သတိလက္လြတ္ ျဖစ္ေစခ်င္၍ျဖစ္သည္။

ေတြေဝျခင္းမရွိ ဓားျမႇောင္ကို စနိုးရင္ဘတ္သို႔ ထိုးစိုက္လိုက္သည္။ သူက အေလ်ာ့မေပးေတာ့ဘဲ အဆိပ္ျပင္းတန္ဆာကို အသုံးျပဳလိုက္ျခင္းပင္။ မိန္းမလွတစ္ေယာက္ ထိုသို႔ အသက္ဆုံးရမွာ ႏွေျမာေသာ္လည္း သူ႕ကိုသတ္ရန္ ေရာက္လာေၾကာင္း ဇူအန္ ေကာင္းေကာင္းသိသည္။ စနိုးက်င့္ႀကံမႈႏွင့္ သူအေလ်ာ့ေပးမႈမွန္သမွ်က သူ႕ေသလမ္းကိုပို႔ေနေၾကာင္း နားလည္ေလသည္။

ပိုင္ရွီဓားသိုင္းက အလြန္ျမန္၍ စနိုးကို အခြင့္ေကာင္းယူလိုက္နိုင္သည္။ ေရွာင္း႐ႊယ္ယင္ကဲ့သို႔ အဆင့္၅က်င့္ႀကံသူမ်ိဳးပင္ မေရွာင္နိုင္ေခ်။

ဇြပ္

ေသြးမ်ား ျပန့္က်ဲသြားသည္။
ဇူအန္ ေရွာင္း႐ႊယ္ယင္ ခႏၶာကိုယ္ထဲ ဓားစိုက္လိုက္နိုင္သည္။ သို႔ေသာ္ စိတ္မေအးသြားေခ်။ ဓားျမႇောင္မွ ျပန္ရလာေသာ ခံစားခ်က္က တစ္ခုခုမွားေနသည္။

ဇူအန္ထင္သလိုပင္။ ေရွာင္း႐ႊယ္ယင္ ခႏၶာကိုယ္က ပန္းပြင့္အျဖစ္သို႔ေျပာင္းသြားၿပီး ညွိုးက်သြားေလသည္။ ထိုစဥ္ တကယ့္ေရွာင္း႐ႊယ္ယင္အစစ္က မီတာအနည္းငယ္အကြာမွ ေအးစက္စက္ ၾကည့္ေနေလသည္။

ေနာက္လွည့္မိ၍ လူမျမင္ခ်ိန္တြင္ သူမ အမွားလုပ္မိလိုက္ေၾကာင္း စနိုး နားလည္သြားသည္။ အစက ကီအကာအရံကိုသုံး၍ ခုခံရန္ျဖစ္သည္။ သို႔ေသာ္ ခႏၶာကိုယ္က ဆဲလ္တိုင္းသည္ က်ေရာက္လာမည့္အႏၱရာယ္ကို အႀကီးအက်ယ္ သတိေပးေနသည္။

ဇူအန္က သူ႕ကို ဘာေၾကာင့္ ဒီေလာက္ထိ အႏၱရာယ္ျဖစ္ေစနိုင္မွန္း နားမလည္ေသာ္လည္း မသိစိတ္မွ ၃ ႀကိမ္သာသုံး၍ရမည့္ အထူးနည္းလမ္းတစ္ခု ထုတ္သုံးလိုက္မိသည္။ ထိုအရာက သူ႕အေပၚက်လာမည့္ အႏၱရာယ္ကို ပန္းတစ္ပြင့္ထံ လႊဲေျပာင္းေပးနိုင္ေသာ လရိပ္ေရာင္ျပန္ ပင္။

"နင္က ငါ့ရဲ႕ လရိပ္ေရာင္ျပန္ တစ္ခု ထုတ္သုံးရေအာင္ လုပ္လိုက္တယ္" ေရွာင္း႐ႊယ္ယင္ ေအာ္လိုက္သည္။

သင္သည္ ေရွာင္း႐ႊယ္ယင္ ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။

လရိပ္ေရာင္ျပန္ တစ္ႀကိမ္ခ်င္းစီက အသက္ပိုတစ္ခုႏွင့္ ညီမွ်ေလသည္။ သူမငယ္စဥ္တည္းက အႏၱရာယ္ေပါင္းစုံႀကဳံဖူးေသာ္လည္း လရိပ္ေရာင္ျပန္ တစ္ခါမွ ထုတ္မသုံးခဲ့ေပ။ ထိုနည္းလမ္းက သူမယွဥ္နိုင္ေသာ ရန္သူတစ္ေယာက္လက္မွ အသက္ကယ္နိုင္ေၾကာင္းသိ၍ အလြန္တန္ဖိုးထားျခင္းပင္။

သို႔ေသာ္ အခုေတာ့ သူမအထင္ေသးေသာ ပု႐ြက္ဆိတ္တစ္ေကာင္ေၾကာင့္ ထုတ္သုံးလိုက္ရသည္။

ေဒါသတႀကီး ေအာ္လိုက္ေသာ္လည္း သူမကို ျပန္ေျဖမည့္သူ မရွိေခ်။ ေတာထဲသို႔ တန္းေနေအာင္ ေျပး၀င္သြားေသာ ဇူအန္၏ ဖင္ကိုသာ မႈန္ဝါးဝါး ျမင္ရေတာ့သည္။

--- ----- --- ---------------------------------------------- -- --- --- -----

Continue Reading

You'll Also Like

998K 77.1K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
734K 41.6K 26
Jk - Possessive type #Warning Cv_ Pinterest
329K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
174K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...