Chapter 125: ကျုပ်ဆုကြေး
ဇူအန်၏ စကားများက ချူကျုန်းထန်ကိုပါ ကြောင်အသွားစေသည်။
မင်း ယောက္ခမတွေ နဲ့ ဇနီးသည် တို့ရဲ့ ရှေ့မှာ အစေခံလှလှလေးတွေကို တောင်းဆိုရဲတာ မင်းက ဘယ်လောက်တောင်အရှက်မရှိတာလဲ။ ငါတို့သမီးနဲ့ ပြိုင်လုဖို့ အဲ့လိုလူမျိုးတွေကို မင်းဆီ ငါတို့ ပို့ပေးမယ်လို့ ထင်နေတာလား။ အဲ့လိုလုပ်မယ့် မိဘမျိုး ဒီကမ္ဘာပေါ်မှာ မရှိဘူးကွ။
အရင်တုန်းက ငါလည်း အစေခံလှလှလေး အချို့ လိုချင်ခဲ့တာပဲ။ ဒါပေမယ့် နောက်ဆုံးတော့လည်း ဒီမှာ ငါ တစ်ယောက်တည်းရှိနေဆဲပဲမလား။
ချင်၀မ်ယွီထံ လှည့်ကြည့်လိုက်သော ချူကျုံးထန်၏ အကြည့်များတွင် ကြေကွဲမှုများပြည့်လျှက်ရှိသည်။
ဇူအန်လည်း ထိုစကားများကြောင့် ထိတ်လန့်အံ့သြသွားခဲ့သည်။ သူ့နဖူးများ ကြုတ်လာပြီး မေးလိုက်သည်။ “ချူကလန်အတွက် ကျုပ် ကြီးကြီးမားမား လုပ်ဆောင်ပေးပြီးတဲ့နောက်မှာ နစ်နာကြေးကို လျော့ချဖို့ ခင်ဗျား အရမ်းကပ်စေးနှဲလို့တော့ မဖြစ်ဘူးလေ ဟုတ်တယ်မလား”
“…….” ချင်ဝမ်ယွီ
ထိုအချိန်မှ ချူချူယန် ဝင်ပြောလိုက်သည်။ “အခြေအနေကို ရှင် နားမလည်သေးဘူးလား။ ရှင့်နောက်ကွယ်က လူကို ကျွန်မတို့ သိချင်တာ။ ကျွန်မတို့ ချူမိသားစုကို ဝင်နှောက်ဖို့ ဒီလောက်အထိ လုပ်လိုက်တာ ရှင့်ရည်ရွယ်ချက်က ဘာလဲ အဟွတ် အဟွတ်”
စကားပြောနေရင်း ရုတ်တရက် သူမ ဆိုးဆိုးရွားရွား ချောင်းဆိုးလာခဲ့သည်။ ချူကျုန်းထန်က စိုးရိမ်ပူပန်စွာဖြင့် အမောတကော မေးလိုက်သည်။ “မင်းဒဏ်ရာတွေက ငါ ထင်ထားတာထက် ပိုဆိုးရွားမယ့်ပုံပဲ”
“ဒါက ပြဿနာကြီးမဟုတ်ပါဘူး။ ဒီလောက်လေးက သမီးကို တားဆီးနိုင်မှာ မဟုတ်ဘူး” ချူချူယန်သည် ခေါင်းခါလိုက်ပြီးမှ ဇူအန်ကို ပြန်စိုက်ကြည့်လိုက်သည်။
“ငါက ချူမိသားစုကို ဝင်နှောက်တယ်” ဇူအန်က အလိုအလျောက် ပြန်ဖြေလိုက်သည်။ “ငါ့ကို သားမက်အဖြစ် ရွေးချယ်ပြီး ဒီအိမ်တော်ထဲ ခေါ်လာခဲ့တဲ့သူက မင်း မဟုတ်ဘူးလား”
ချူချူယန်၏ မျက်နှာထက်၌ ရှက်သွေးဖြာ အနီရောင်သန်းလာခဲ့ပြီး ရှင်းပြလိုက်သည်။ “ကျွန်မက ဒီအတိုင်း ရည်ရွယ်ချက်မကြီးမားတဲ့ သာမာန်ယောကျာ်းလေးတစ်ယောက်ကို ရွေးချယ်ဖို့ပဲ စဉ်းစားထားခဲ့တာ။ ရှင်က အဲ့အချက်တွေနဲ့ ကိုက်ညီတယ်လို့ ထင်ခဲ့တာ။ လောကကြီးက ရှင့်ကို အသုံးမကျဘူးလို့ ပြောကြတဲ့အချိန်မှာ ကျွန်မအဲ့ဒါတွေအားလုံးကို ဂရုမစိုက်ဘူး။ ဒါပေမယ့် အခုတော့ ရှင် ကျွန်မကို အကြာကြီး ဖုံးကွယ်နေခဲ့တာပဲဆိုတာ သိသွားပြီ”
ချင်ဝမ်ယွီလည်း ဝင်ပြောလိုက်သည်။ “အမှန်ပဲ။ ငါတို့ရှေ့မှာ အန္တရာယ်မရှိသလိုမျိုး ပေါ်နိုင်အောင် မင်းရဲ့ခွန်အားအမှန်ကို ဖုံးကွယ်ဖို့ မင်း အားအများကြီး စိုက်ထုတ်ခဲ့တာ။ မင်း ကြီးကြီးမားမား တစ်ခုခုကို ကြံစည်ထားတာဖြစ်ရမယ်ဆိုတာ ပြောစရာတောင်မလိုတော့ဘူး။အဲ့ဒါတွေအပြင် ငါတို့စုံစမ်းတဲ့ မင်းရဲ့နေထိုင်ပုံ နောက်ကြောင်းတွေကိုတောင် မင်း လှည့်စားနိုင်ခဲ့တယ်။ ဆိုလိုတာက မင်းကို ကူညီပေးနေတဲ့ အင်အားကြီးအဖွဲ့အစည်းတစ်ခုခုရှိနေတယ်ဆိုတာပဲ။ ပြောစမ်း။ မင်းကို မိဖုရားကြီးတို့အုပ်စုဘက်က စေလွှတ်တာလား ဒါမှမဟုတ် ချီဘုရင် တို့အုပ်စုဘက်က စေလွှတ်တာလား”
နောက်ဆုံး၌ သူတို့ အဘယ်ကြောင့် သူ့ကို အရမ်းစိတ်ဆိုးနေကြလဲဆိုသည်ကို ဇူအန် နားလည်သွားသည်။ သူက ပြန်ဖြေလိုက်သည်။ “ယောက္ခမကြီး ဒါဆိုလည်း ကျုပ်ကို စေလွှတ်တဲ့သူက ဘယ်သူလို့ ထင်လဲ”
“ပါးစပ်ပိတ်ထားစမ်း။ ငါ့ကို ယောက္ခမလို့ မခေါ်နဲ့” ချင်ဝမ်ယွီက ဒေါသတကြီးဖြင့် အော်လိုက်သည်။ “ပြောစရာတောင် လိုသေးလို့လား မင်းက……”
စကားတစ်ဝက်တစ်ပျက်ဖြင့် ရုတ်တရက် သူမ ရပ်လိုက်သည်။ ဇူအန်၏ လုပ်ရပ်များသည် သူမ ပြောခဲ့သည့် ဘယ်အုပ်စုကိုမဆို အကျိုးမပြုကြောင်း သူမ သဘောပေါက်လိုက်သည်။
“တကယ်လို့ ကျုပ် စိတ်ထဲမှာ တခြားအကြံအစည်တွေသာ ရှိနေရင် အိမ်တော်ပြိုင်ပွဲမှာ ချူမိသားစုက အနိုင်ရနိုင်အောင် ကျုပ်ကိုယ်ကျုပ် ဘာလို့ဖော်ထုတ်ရမှာလဲ။ ဒီပြိုင်ပွဲနောက်ကွယ်က လျို့ဝှက်ပါဝင်ပတ်သက်နေသူတွေကို ခင်ဗျားလည်း သိထားမှာပဲလေ” ဇူအန်က ထပ်ပြောလိုက်သည်။
“ဟမ့်…ချူမိသားစုက ဒီနေ့ဒီအချိန်ထိ မင်းကို တန်ဖိုးမထားကြလို့ ငါတို့ရဲ့နှစ်သက်မှု ရနိုင်အောင် မင်းကိုယ်မင်း နာမည်ကြီးအောင် လုပ်ချင်လို့ နေမှာပေါ့။ တစ်ပြိုက်နက်တည်း ချူယန်နဲ့လည်း မင်း အတူ နေနိုင်သွား..အဟွတ်…”
သူမ သမီး နှင့် သားမက်တို့က အခန်းတစ်ခုတည်း၌ အတူတူမအိပ်ကြသည့် အဖြစ်ကို သူမ သတိမပြုမိနိုင်စရာအကြောင်းမရှိပါ။
“ကောင်းပြီ။ ဒါဆိုလည်း ဒီလိုမျိုး ပြောကြရအောင်။ တကယ်လို့ ကျုပ်က မိဖုရားကြီးတို့အုပ်စုဘက်ကဆိုရင် ကျုပ် ဘာလို့ ရှီမိသားစုနဲ့ ပဋိပက္ခဖြစ်အောင် လုပ်မှာလဲ။ ပြီးတော့ ချူယန်ဘေးမှာ သူတို့ ထားထားတဲ့ စနိုးကရော ကျုပ် ဘဝထဲကနေ ဘာလို့ထွက်သွားရမှာလဲ။” ဇူအန်က ပြောလိုက်သည်။ “နောက်ပြီး ကျုပ်သာ ချီဘုရင်တို့အုပ်စုဘက်ကဆိုရင်…အိုး ဒီဘက်မှာတော့ အခွင့်အရေး ရှိမယ့်ပုံပဲ”
ချင်ဝမ်ယွီက အေးတိအေးစက်ဖြင့် ထေ့ငေါ့ပြောလိုက်သည်။ “ခုတော့ မင်းပြောပြီပေါ့ ဟမ့်…”
ဒါပေမယ့် ဇူအန်က ဘယ်လိုလုပ် အငြင်းအပွားတစ်ခုမှာ ရှုံးနိမ့်နိုင်မှာလဲ။ အလျှင်အမြန်ဖြင့် ……ပြန်ဆည်ပြီး အကြံတစ်ခု ရလိုက်သည်။
“တကယ်တော့ ကျုပ် ချီဘုရင် နဲ့ ပတ်သက်မှုမရှိကြောင်း သက်သေပြဖို့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ရှိပါတယ်”
“ရှင်က ဘယ်လိုသက်သေပြချင်လို့လဲ” ချူချူယန်က မေးလိုက်သည်။
မသိစိတ်ဖြင့် ဇူအန်က ထိုအင်အားအဖွဲ့အစည်းများနှင့် ပတ်သက်မှုတစ်ခုမှ မရှိစေရန် သူမ မျှော်လင့်မိသည်။ သူမ ဇူအန်ကို တကယ်သဘောကျမိသွားသည်ဟုတော့ မထင်ပါ။ သူနှင့် အတူတူနေထိုင်ရတာကို ကျင့်သားရနေသောကြောင့်သာဖြစ်သည်။ သူ့ပုံစံသည် သူမ ထင်ထားခဲ့သည့်ပုံစံနှင့် ကွဲပြားနေသော်လည်း အခုချိန်၌ တခြားတစ်ယောက်ကို ပြန်ရှာရန် သူမအတွက် မလွယ်ကူတော့ချေ။
ဇူအန်သည် ကောင်းကင်ကို လက်ညိုးထိုးပြီး သစ္စာဆိုလိုက်သည်။ “ဒီလိုဆိုရင်ရော။ ချီဘုရင်ရဲ့ သားတွေမှာ ဖင်ပေါက်ပါမလာကြပါစေနဲ့။ သူ့သမီးတွေအားလုံး ကျုပ် ကိုယ်လုပ်တော် ဖြစ်လာကြပါစေ။ အခုရော ကျုပ်ကို ချီဘုရင်တို့အုပ်စုဘက်ကလို့ မထင်တော့ဘူးမလား”
ချင်ဝမ်ယွီသည် ကြောက်လန့်တကြားဖြင့် နောက်ဆုတ်လိုက်ပြီး ချူချူယန်သည် လျှင်လျှင်မြန်မြန်ဖြင့် အကြည့်လွှဲလိုက်သည်။
ချူကျုန်းထန်က ဒေါသတကြီးဖြင့် ပေါက်ကွဲအော်ဟစ်လိုက်သည်။ “အဲ့လိုမျိုးစကားကို အသံအကျယ်ကြီးနဲ့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။ ချီဘုရင်သာ ကြားသွားရင် မင်းကို ချက်ခြင်း သုတ်သင်ပစ်မှာ”
ဇူအန်သည် ရဲရဲတင်းတင်းဖြင့် ရယ်ပြီး ပြန်ပြောလိုက်သည်။ “အဲ့လိုဆို ကျုပ်က ချီဘုရင်နဲ့ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာ သက်သေပြသွားတာပဲမလား။ အခုတော့ ခင်ဗျားတို့ ကျုပ်ကို ယုံကြည်သင့်နေပြီမလား”
“မင်းက ချီဘုရင်နဲ့ မပတ်သက်ရင်တောင် မိဖုရားကြီးတို့အုပ်စုဘက်က လူ မဖြစ်နိုင်စရာအကြောင်းမရှိဘူး” ချင်ဝမ်ယွီက ပြောလိုက်သည်။ “ဘယ်သူသိနိုင်မလဲ။ ငါတို့ယုံကြည်မှုကို ရဖို့ မင်းက ရှီခွန်းရယ် တခြားသူတွေရယ်နဲ့ ဟန်ဆောင်ပြနေတာလည်း ဖြစ်နိုင်တာပဲ”
“အဲ့ဒါလည်း မမှန်ကန်ကြောင်း ပြဖို့ အလွယ်လေးပဲ မဟုတ်ဘူးလား” ဇူအန်သည် သူ့လက်ကို မြောက်ပြီး နောက်ထပ်တစ်ကြိမ် သစ္စာဆိုလိုက်သည်။ “အခုချိန်မှစ၍ မိဖုရားကြီးက…..”
ချူကျုန်းထန်သည် အလျှင်အမြန်ဖြင့် ဇူအန်၏ ပါးစပ်ကို ကာပိတ်ပေးလိုက်သည်။ “တော်ပြီ တော်ပြီ။ သူ မင်းပြောတာမကြားနိုင်ဘူးဆိုရင်တောင် မိဖုရားကြီးအကြောင်းကို ဒီလိုပုံစံမျိုးနဲ့ မင်း ပြောလို့မဖြစ်ဘူး။ ဒီလိုမျိုးနဲ့ဆို မင်းရဲ့ ဒီအပေါက်ဆိုးဆိုးပါးစပ်က မင်းကို ပြဿနာအကြီးကြီး ရောက်သွားစေမှာ အသေအချာပဲ”
ဇူအန်သည် ထိုစကားများကို ကြားသောအခါ မသိမသာဖြင့် မဲ့ရွဲ့လိုက်သည်။ စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်။ ဒါပေမယ့် အဆင့်တက်ဖို့ ကျုပ်ရဲ့ ဒီအပေါက်ဆိုးဆိုးပါးစပ်ကို အားကိုးနေရဦးမှာပဲ။
“ဒါဆို ရှင့်ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်ကို ဘယ်လိုရောက်သွားတာလဲ” ချူချူယန်သည် ဇူအန်ကို စူးရှစွာ ကြည့်လိုက်သည်။ “ကြိုးဝိုင်းမှာတုန်းက ကျွန်မတွေ့ခဲ့ပုံအရဆို အနည်းဆုံး ရှင် တတိယအဆင့်လောက်တော့ ရှိမှာပဲ”
“မင်းယောကျာ်းက တခြားသူတွေပြောတာနဲ့ ဆန့်ကျင်ပြီး အသုံးမကျသူမဟုတ်တာကို တွေ့ရတာ မင်း အံ့သြသွားတာလား” ဇူအန်သည် ချူချူယန်ဘက်သို့ ယိုင်ပြီး ပြုံးစစဖြင့် မေးလိုက်သည်။
ချူချူယန်သည် အလိုအလျောက် နောက်ဆုတ်ပြီး သူတို့နှစ်ယောက်ကြား အကွာအဝေးကို ကျယ်စေလိုက်ပြီးမှ ပြောလိုက်သည်။ “အံ့သြတယ်ဆိုတာထက် ပိုလန့်သွားတာပါ။ ရှင် ကျွန်မ မေးခွန်းကို ပြန်မဖြေရသေးဘူး”
“အို” ဇူအန်သည် ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။ “တကယ်တော့ ငါက ငယ်စဉ်ကတည်းက ပါရမီရှိတဲ့သူပါ။ ဒီအတိုင်း ကြွားရတာကို မကြိုက်လို့ ဒီတစ်ချိန်လုံး နှိမ့်ချပြိး နေနေခဲ့တာပါ။ အဲ့ဒါကြောင့်ပဲ လောကကြီးက ငါ့ကို အထင်လွဲသွားကြတာ။ အာ…သာမာန်ပြည်သူပြည်သားတွေက သူမတူတဲ့ ပါရမီရှင်တွေဆို နားမလည်နိုင်ကြဘဲ ခွဲခြားခွဲခြားဆက်ဆံတတ်ကြတာပဲ”
“ငါတို့ကို အရူးလို့ ထင်နေတာလား” ချင်ဝမ်ယွီသည် နောက်ထပ်သည်းမခံနိုင်တော့ပါ။ “ငါတို့သားမက်အဖြစ် မင်းကို လက်မခံခင်မှာ မင်းအကြောင်းကို ငါတို့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ မင်းက ခေါင်းအစခြေအဆုံး ဘာမှအသုံးမကျတဲ့ သူပဲ။ မင်းရဲ့ ဆုံးသွားတဲ့ ဦးလေးကလဲ ဘာကျင့်ကြံမှုအကြောင်းကိုမှ မသိဘူး။ အဲ့ဒါကြောင့် ဘယ်လိုကျင့်ကြံရမလဲဆိုတာ မင်းကို သင်ကြားပေးနိုင်မယ့်လူ မင်း ပတ်ဝန်းကျင်မှာ တစ်ယောက်မှ မရှိဘူး”
“အမ်း…ဒါက ဒီလိုပါ။ လွန်ခဲ့တဲ့နှစ်အများကြီးတုန်းက ငတ်မွတ်ဆာလောင်လို့ သေလုနီးပါးဖြစ်နေတဲ့ သူတောင်းစားလူအိုကြီးတစ်ယောက်ကို ကျုပ် တွေ့ခဲ့တယ်။ သနားသွားလို့ ကျုပ် သူ့ကို ပေါက်စီတစ်ခု ကျွေးခဲ့တာ။ အဲ့ကိစ္စကြောင့် သူက ကျုပ်အပေါ် အရမ်းကျေးဇူးတင်သွားခဲ့တယ်။ အဲ့ဒါကြောင့် သူက ကျုပ်ကို ကျင့်ကြံခြင်းပညာရပ်တစ်ခု လက်ဆင့်ကမ်းပေးခဲ့တယ်။ အဲ့ချိန်ကတည်းက အဲ့ဒါကို ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့တာ။ ကျုပ် သတိမထားမိခင်မှာ လက်ရှိအဆင့်ကို ရောက်နေခဲ့တာပဲ” ဇူအန်က အားပါးတရ ပြောလိုက်သည်။
သူ့အရင်ဘဝက သိုင်းဇာတ်ကား အများအပြား သူ ကြည့်ခဲ့ဖူးသဖြင့် အဓိကဇာတ်လိုက်၏ အင်အား တဟုန်ထိုး ထိုးတက်သွားစေသည့် ဇာတ်ကြောင်းအသွားအလာ အများအပြားကို သူ သိထား၏။
“ဟား မင်း သူ့ကို ကယ်ဖို့ လိုရလောက်တဲ့အထိ ငတ်မွတ်ဆာလောင်နေတဲ့ ကျင့်ကြံသူတစ်ယောက်လား” ချင်ဝမ်ယွီသည် ယင်းလုပ်ဇာတ်ပုံပြင်ကို လုံးဝ မယုံကြည်ပါ။ “မင်း ငါ့ကို အရူးထင်နေတာလား”
“ကျုပ် ပြောချင်တာက ကျင့်ကြံသူတွေလည်း ဆိုးရွားတဲ့ အခြေအနေမှာ ရောက်နိုင်ကြတာပဲ။ သူ ဘာတွေကြုံခဲ့ရလဲဆိုတာတော့ ဘုရားကပဲ သိမှာပေါ့” ဇူအန်သည် သူ့လုပ်ဇတ်ပုံပြင်ကို အလျှင်အမြန်ဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
ချင်ဝမ်ယွီ နှင့် ချူကျုန်းထန် တို့သည် တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်ကြပြီးမှ မသိမသာဖြင့် ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။ အကယ်၍ ဇူအန်က အသေးစိတ်ရှင်းပြဖို့ ကြိုးစားခဲ့လျှင် သူတို့သည် သူ့ကို ပို၍ သံသယဝင်ကြလိမ့်မည်ဖြစ်သည်။ သို့သော် ဟာကွက်များသည့် သူ့လုပ်ဇတ်ပုံပြင်အပေါ် ဇူအန်၏ ပြင်းပြင်းထန်ထန် တင်းခံသည့် အပြုအမူက သူ့ကို တစ်နည်းတစ်ဖုံ ယုံကြည့်လို့ရသည့်ပုံ ပေါက်သွားစေသည်။ အခြားဖြစ်နိုင်ဖွယ်အကြောင်းလည်း စဉ်းစားလို့မထွက်ချေ။
“အရမ်းကောင်းတယ်။ ငါတို့ မင်းကို အချိန်တစ်ခုထိ ယုံကြည်ပေးမယ်။ ဒါပေမယ့်…” ချင်ဝမ်ယွီ၏ အသံသည် ရုတ်တရက် ရင့်သီးကြမ်းတမ်းသွားသည်။ “မင်း ငါတို့ကို လှည့်စားနေခဲ့တဲ့အကြောင်း ငါတို့ ရှာတွေ့သွားခဲ့မယ်ဆိုရင် မင်းအပေါ် ရက်စက်ကြမ်းကြုတ်မှုအတွက် ငါတို့ကို အပြစ်မတင်နဲ့”
“ဒါပေမယ့် အဲ့အချိန်ကျ ကျုပ်နဲ့ ချူယန်တို့ ခင်ဗျားတို့အတွက် မြေးလေးတွေ မွေးပေးခဲ့ပြီးပြီဆိုရင်ရော။ ခင်ဗျားရဲ့ မြေးလေးတွေကို ငဲ့ပြီး ကျုပ်အပေါ် နည်းနည်းလောက် မညင်သာပေးဘူးလား”
“…..” ချူကျုန်းထန်။
“…..” ချင်ဝမ်ယွီ။
ချူချူယန်သည် ရှက်လည်းရှက် စိတ်လည်း တိုသွားသည်။ “ပါးစပ်ပိတ်လိုက်စမ်း။ ဘယ်သူက ရှင်နဲ့ ကလေးမွေးမှာလဲ”
ဇူအန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပုခုံးတွန့်လိုက်ပြီး “ငါတို့က လင်မယားတွေ မဟုတ်ဘူးလား။ ငါတို့ ကလေးမွေးဖို့က လုံးဝပုံမှန်ကိစ္စပါပဲ”
“ဖီး…” ချူချူယန်သည် မည်မျှအေးစက်တည်ငြိမ်သည့်သူဖြစ်နေပါစေ သူမသည် မိန်းမငယ်လေး တစ်ယောက်ဖြစ်နေသေးသည်။ ဇူအန်၏ စနောက်ကျီစယ်မှုက သူမကို စွေ့စွေ့ခုန်စေလုမတတ်ပင်။
ဒီလူကတော့ အရမ်းလွန်တာပဲ။ ဟိုဟာဖြစ်နေတာတောင် ငါ့ကိုအသားယူချင်သေးတယ်။
ချူကျုန်းထန်သည် အခန်းထဲရှိ ကသိကအောက်ဖြစ်မှုကို ပြေလျော့စေရန် ချောင်းဟန့်လိုက်သည်။ “ဒါဆို ဇူအန်….”
သို့သော် သူ့စကား မဆုံးခင်၌ ဇူအန်က ကြားဖြတ်ပြောလိုက်သည်။ “ယောက္ခထီး ကျေးဇူးပြုပြီး ကျုပ်ကို ဇူအန်လို့ မခေါ်ပါနဲ့တော့။ အဲ့အစား အားဇူလို့ပဲ ခေါ်ပေးပါ”
“အားဇူ” ချူကျုန်းထန်သည် ဇဝေဇဝါဖြစ်သွားပြီး “မင်းကို ခေါ်စေချင်တဲ့ နာမည်က တကယ်ထူးဆန်းတဲ့ နာမည်ပဲ”
ဇူအန်က ပြုံးပြီး ရှင်းပြလိုက်သည်။ “ကျွန်တော့်ဇာတိမှာတော့ အားဇူဆိုတာ ချောမောခံ့ညားတဲ့ ကောင်လေးတွေကို ရည်ညွှန်းပြီး ခေါ်တဲ့နာမည်ပဲ”
ထိုစကားကို ကြားသောအခါ ချူကျုန်းထန်သည် မထိန်းနိုင်ဘဲ မျက်လုံးလှန်လိုက်မိသည်။ သို့သော် ဇူအန်သည် ပေါကြောင်ကြောင်ဖြစ်နေသည်ကို သိထားသဖြင့် သူနှင့် ပြိုင်မငြင်းရန် ဆုံးဖြတ်လိုက်သည်။ “အားဇူ မင်း ဒီနေ့ ယွမ် အိမ်တော်ရဲ့ အတော်ဆုံးလူငယ်နှစ်ယောက်ကို ဒုက္ခိတ ဖြစ်အောင် လုပ်ခဲ့တယ်။ အခုချိန်ကစပြီး မင်း သတိထားဖို့ လိုတယ်။ မင်းကို ကာကွယ်စောင့်ရှောက်ပေးဖို့ သိုင်းပညာရှင်တွေကိုလည်း ငါ စေလွှတ်ပေးမယ်”
ချင်ဝမ်ယွီကလည်း ထပ်ပြောလိုက်သည်။ “ပြီးတော့ ဒီနေ့ ကြိုးဝိုင်းမှာ ကံကောင်းပြီး အနိုင်ရသွားရုံနဲ့ မင်းကိုယ်မင်း အရမ်းကျေနပ်အားရနေလို့ မဖြစ်ဘူး။ မင်းရဲ့ တကယ့်ကျင့်ကြံခြင်းအဆင့်က တတိယအဆင့်ပဲ ရှိသေးတာ။ တကယ်လို့ ယွမ်ဝမ်ဒုံကသာ အရေးကြီးတဲ့အချိန်မှာ အာရုံမထွေပြားခဲ့ရင် ဒုက္ခိတဖြစ်သွားတဲ့သူက မင်း ဖြစ်နေမှာပဲ။ အခုချိန်ကစပြီး မင်း နှိမ့်နှိမ့်ချချနဲ့ သိုသိပ်ပြီး နေရမယ်”
ဇူအန်သည် ဘာမှမတတ်နိုင်ဘဲ ပုခုံးတွန့်ပြလိုက်ပြီး “အဲ့ကိစ္စကတော့ ကျုပ်တတ်နိုင်တာ ဘာမှမရှိဘူး။ ကျုပ်လိုမျိုး အရည်အချင်းရှိတဲ့သူတွေက ဘယ်နေရာသွားသွား ထင်ရှားနေကြရမှာပဲ။ ကျုပ်က နှိမ့်ချပြီး နေချင်ရင်တောင် လောကကြီးက ခွင့်ပြုမှာ မဟုတ်ဘူး”
ဇူအန် ထံမှ ထွက်လာသည့် ကြွားလုံးများကို သည်းမခံနိုင်ကြတော့သဖြင့် ချူကျုန်းထန် နှင့် ချင်ဝမ်ယွီတို့သည် ဇူအန်ကို အခန်းထဲမှ ပြတ်ပြတ်သားသားဖြင့် နှင်ထုတ်လိုက်ကြသည်။
အခန်းထဲမှ ဇူအန် ထွက်သွားသည်နှင့် ချူကျုန်းထန်သည် သူ့သမီးဘက်သို့ လှည့်ပြီး မေးလိုက်သည်။ “ချူယန် ဒီကိစ္စအပေါ် သမီး ဘယ်လိုသဘောရလဲ”
ချူချူယန်သည် မျက်မှောင်ကြုတ် စဉ်းစားချင့်ချိန်ပြီးမှ ဖြေလိုက်သည်။ “သူ့ကို အခြားကလန်တွေက စေလွှတ်တဲ့ သူလျိုဖြစ်မယ်လို့ သမီး မထင်ဘူး။ သမီးတို့ကို ထောက်လှမ်းဖို့ သူလိုလူမျိုးကို ဘယ်သူကမှ စေလွှတ်ကြမှာ မဟုတ်ဘူး”
ဇူအန်၏ ထိန်းမနိုင်သိမ်းမရသော အကျင့်စရိုက်ကို စဉ်းစားပြီး ချူကျုန်းထန် နှင့် ချင်ဝမ်ယွီတို့သည် သူမစကားကို အလေးအနက် သဘောတူကြသည်။
“ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူက အဆင့် ၃ ကျင့်ကြံသူပဲ ဖြစ်သေးတာ။ တကယ်လို့ သူ့မှာ မူမမှန်တာ တစ်ခုခုရှိနေရင် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ ငါတို့မှာ နည်းလမ်းရှိပါသေးတယ်” ချင်ဝမ်ယွီက ပြောလိုက်သည်။
ချူချူယန်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ “နောက်ဆို သမီး သူ့ကို သတိထားလိုက်ပါ့မယ်”
ထိုစဉ် အခန်းထဲမှ ဇူအန် ထွက်လာသည်နှင့် ချူဟွမ်ကျောက်သည် လူအုပ်တစ်အုပ်နှင့် သူ့ထံသို့ အလျှင်အမြန် ပြေးလာသည်။
“ခဲအို ခဲအို ဘယ်လိုလဲ။ အမေတို့က ခဲအိုရဲ့ ကြိုးစားအားထုတ်မှုအတွက် ခဲအိုကို တစ်ခုခု ဆု ချီးမြှင့်ကြသေးလား”
လူအုပ်ထဲက အခြားသူတွေကလည်း ဇူအန်ကို မျက်လုံးထဲ မျှော်လင့်ချက်အပြည့်နှင့် ကြည့်လိုက်ကြသည်။ အရင်တုန်းက ချူကလန်၌ ဇူအန်၏ အဆင့်အတန်းသည် မည်မျှပင် နိမ့်ကျနေပါစေ သူသည် သားမက်တစ်ယောက် ဖြစ်နေသေးသည်။ ယနေ့ ပြိုင်ပွဲမှ သူ ရရှိသော အကျိုးအမြတ်များဖြင့် အခုချိန်မှစ၍ သူသည် ချူကလန်၏ အကြီးအကျယ်အရေးပေးမှုခံရမည်မှာ ဧကန်မလွဲပင်။
ထိုအချိန်မှသာ ဇူအန်သည် အရေးကြီးကိစ္စတစ်ခုကို ပြန်မှတ်မိသွားသည်။ နေပါအုံး…ဟုတ်သားပဲ ငါ့ဆုကြေးက ဘယ်နားမှာလဲ။
သူသည် ချူကျုန်းထန် နှင့် ချင်ဝမ်ယွီတို့၏ စစ်ဆေးမေးမြန်းမှု၌ အလွန်အာရုံစိုက်နေခဲ့သဖြင့် ဆုကြေးအကြောင်းကို တကယ်မေ့သွားခဲ့သည်။
“ခဲအို ဘာဆုလာဘ်မှ မရလိုက်ဘူးလား” ဇူအန် တိတ်ဆိတ်သွားသည်ကို သတိပြုမိသောအခါ ချက်ချင်းပင် သူ့ကိုယ်စား မကျေမနပ်ဖြစ်သွားသည်။ “ငါ့မိဘတွေက ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်ကြတာလဲ။ မမကလည်း ခဲအိုအတွက် ပြောပေးရမှာပေါ့”
“ဘာဆုလာဘ်မှ မရဘူးလို့ ဘယ်သူပြောလို့လဲ” ဇူအန်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ပေါ်လာပြီး “သူတို့က ဆုကြေးအနေနဲ့ မင်းကို ငါ့ဆီ ပေးကြတယ်”
“အာ” ချူဟွမ်ကျောက်သည် တခဏမျှ ကြောင်အသွားပြီးမှ ထိုစကားလုံးများ၏ ဆိုလိုရင်းကို နားလည်သဘောပေါက်သွားသည်။ ချက်ချင်းပင် သူမ မျက်နှာ နီရဲသွားပြီး “တကယ်ပဲ သူတို့……”
ထိုအချိန်မှ ဇူအန်၏ မျက်လုံးထဲရှိ ကျီစယ်အကြည့်များကို သတိပြုမိသွားပြီး သူမကို စနောက်နေခြင်းသာဖြစ်ကြောင်း နားလည်သွားသည်။ ချက်ချင်းပင် သူမ ခန္ဓာကိုယ်ကို ထောက်ပေးသည့် ချိုင်းထောက်အား မပြီး သူ့ကို ရိုက်လိုက်သည်။ “အကျင့်ပုတ်ခဲအို ကျွန်မကို လိမ်တယ်။ ကျွန်မ ရှင့်ကို အသေရိုက်ပစ်မယ်”
“ငါစတာပါ။ အဲ မင်း ဒဏ်ရာရထားတယ်မဟုတ်ဘူးလား။ ဘယ်လိုလုပ်အဲ့လောက်မြန်မြန် ပြေးနိုင်ရတာလဲ” ဇူအန်သည် လှစ်ခနဲ ပြေးသွားသည်။ ချူဟွမ်ကျောက်ကလည်း သူ့နောက်မှ အသည်းအသန် လိုက်ရိုက်နေ၏။
လူအုပ်ကြီးသည် ဇဝေဇဝါနှင့် အချင်းချင်းလှည့်ကြည့်ကြရင်း ကျန်နေခဲ့ကြသည်။ ဒုတိယအိမ်တော်ခွဲမှ ချူဟုန်ခိုင်သည် သက်ပြင်းအကျယ်ကြီးချပြီးမှ ပြောလိုက်သည်။ “လန့်သွားတာပဲ။ ဦးလေးက ဟွမ်ကျောက်ကို သူ့ဆီပေးလိုက်တယ်လို့ တကယ်ထင်မိသွားတာ”
ဝတုတ်လေး ချူယွီရှန်၏ မျက်လုံးများသည် မှေးသွားပြီး “အဲ့ဒါက လုံးဝမဖြစ်နိုင်တာလည်း မဟုတ်ဘူး”
ချူဟုန်ခိုင်က လှောင်ပြောင်ပြီး ပြန်ပြောလိုက်သည်။ “ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ ချူယန် နဲ့ ဟွမ်ကျောက် တို့က ဘယ်လိုလူစားမျိုးတွေလဲဆိုတာ စဉ်းစားကြည့်လေ။ ဘယ်လိုလုပ်ပြီး ညီအစ်မနှစ်ယောက်က ယောကျာ်းတစ်ယောက်တည်းကို မျှကြရမှာလဲ။ နောက်ပြီး ဇူအန်က အစမ်းခန့်သားမက်ပဲ ဖြစ်နေသေးတာကို”
၀တုတ်လေးချူယွီရှန်သည် သူ့စကားကို ပြိုင်ငြင်းမနေတော့ပါ။ ထို့အစား ချူအိမ်တော်ဝန်းတစ်လျှောက် ပေါ့ပေါ့ပါးပါးဖြင့် ပြေးနေကြသည့် လူနှစ်ယောက်ကို ငေးကြည့်လိုက်သည်။ အစောတုန်းက ဟွမ်ကျောက်၏ ရှက်သွေးဖြာမှုမှတစ်ဆင့် သူမသည် ထိုအကြံကို လုံးဝမဆန့်ကျင်ကြောင်း သူ ပြောနိုင်သည်။ ထို့အပြင် ဇူအန်ကို ရိုက်နှက်ဖို့ သူမ၏ ကြာပွတ်ကို ထုတ်ယူသည့်အစား အလိုအလျောက်ဖြင့် သူမ၏ ချိုင်းထောက်ကိုသာ အသုံးပြုလိုက်သည်။
ကြည့်ရတာ ငါတို့သားမက်လောင်းက စိတ်ဝင်စားဖို့ကောင်းတဲ့ လူ ဖြစ်မယ့်ပုံပဲ။
ချူဟွမ်ကျောက် နှင့် စနောက်ကျီစယ်နေရင်း မသိလိုက်ဘဲ သူသည် သူ့ကိုယ်ပိုင်အဆောင်သို့ ပြန်ရောက်သွားခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် သူ့ရှေ့၌ လောင်မိုင် ကို တွေ့လိုက်ရသဖြင့် ကြောက်ကြောက်လန့်လန့်နှင့် ဆတ်ခနဲ နောက်ပြန်ဆုတ်မိသွားသည်။
အကြောင်းအရင်းမရှိပါဘဲ ဤလူကြီးရှေ့၌ သူ မသက်မသာ ခံစားရတတ်သည်။
ချူဟွမ်ကျောက်လည်း လူစိမ်း တစ်ယောက် ရှိနေသည်ကို သတိပြုမိသွားသည်။ ထိုအချိန်မှ ချူအိမ်တော်၏ ဒုတိယသခင်မလေးက သူ့ခဲအိုနှင့် အခုလိုမျိုး ခုန်ပေါက်ကစားနေသည်က မသင့်တော်ကြောင်းကို သဘောပေါက်သွားသည်။ သူမ မျက်နှာနီရဲသွားပြီး နှာမှုတ်လိုက်သည်။ “ဟွန့်…ရှင်နဲ့ နောက်တစ်ခါမှ စာရင်းရှင်းမယ်”
ထိုသို့ ပြောပြီးနောက် ထိုနေရာမှ မြန်မြန်ဆန်ဆန် ထွက်သွားလိုက်သည်။
ချူဟွမ်ကျောက် ထွက်သွားပြီးနောက် လောင်မိုင်သည် ဇူအန်ကို ကြည်ြ့ပီး အေးစက်စက်ဖြင့် မေးလိုက်သည်။ “မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဘယ်လိုလုပ် အဲ့လောက်မြန်မြန် မြှင့်တင်နိုင်တာလဲ”
----- ----- ----- --------------------------------------------------------
Chapter 125: က်ဳပ္ဆုေၾကး
ဇူအန္၏ စကားမ်ားက ခ်ဴက်ဳန္းထန္ကိုပါ ေၾကာင္အသြားေစသည္။
မင္း ေယာကၡမေတြ နဲ႕ ဇနီးသည္ တို႔ရဲ႕ ေရွ႕မွာ အေစခံလွလွေလးေတြကို ေတာင္းဆိုရဲတာ မင္းက ဘယ္ေလာက္ေတာင္အရွက္မရွိတာလဲ။ ငါတို႔သမီးနဲ႕ ၿပိဳင္လုဖို႔ အဲ့လိုလူမ်ိဳးေတြကို မင္းဆီ ငါတို႔ ပို႔ေပးမယ္လို႔ ထင္ေနတာလား။ အဲ့လိုလုပ္မယ့္ မိဘမ်ိဳး ဒီကမၻာေပၚမွာ မရွိဘူးကြ။
အရင္တုန္းက ငါလည္း အေစခံလွလွေလး အခ်ိဳ႕ လိုခ်င္ခဲ့တာပဲ။ ဒါေပမယ့္ ေနာက္ဆုံးေတာ့လည္း ဒီမွာ ငါ တစ္ေယာက္တည္းရွိေနဆဲပဲမလား။
ခ်င္၀မ္ယြီထံ လွည့္ၾကည့္လိုက္ေသာ ခ်ဴက်ဳံးထန္၏ အၾကည့္မ်ားတြင္ ေၾကကြဲမႈမ်ားျပည့္လွ်က္ရွိသည္။
ဇူအန္လည္း ထိုစကားမ်ားေၾကာင့္ ထိတ္လန့္အံ့ၾသသြားခဲ့သည္။ သူ႕နဖူးမ်ား ၾကဳတ္လာၿပီး ေမးလိုက္သည္။ ခ်ဴကလန္အတြက္ က်ဳပ္ ႀကီးႀကီးမားမား လုပ္ေဆာင္ေပးၿပီးတဲ့ေနာက္မွာ နစ္နာေၾကးကို ေလ်ာ့ခ်ဖိဳ႕ ခင္ဗ်ား အရမ္းကပ္ေစးႏွဲလို႔ေတာ့ မျဖစ္ဘူးေလ ဟုတ္တယ္မလား
. ခ်င္ဝမ္ယြီ
ထိုအခ်ိန္မွ ခ်ဴခ်ဴယန္ ဝင္ေျပာလိုက္သည္။ အေျခအေနကို ရွင္ နားမလည္ေသးဘူးလား။ ရွင့္ေနာက္ကြယ္က လူကို ကြၽန္မတို႔ သိခ်င္တာ။ ကြၽန္မတို႔ ခ်ဴမိသားစုကို ဝင္ႏွောက္ဖို႔ ဒီေလာက္အထိ လုပ္လိုက္တာ ရွင့္ရည္႐ြယ္ခ်က္က ဘာလဲ အဟြတ္ အဟြတ္
စကားေျပာေနရင္း ႐ုတ္တရက္ သူမ ဆိုးဆိုး႐ြား႐ြား ေခ်ာင္းဆိုးလာခဲ့သည္။ ခ်ဴက်ဳန္းထန္က စိုးရိမ္ပူပန္စြာျဖင့္ အေမာတေကာ ေမးလိုက္သည္။ မင္းဒဏ္ရာေတြက ငါ ထင္ထားတာထက္ ပိုဆိုး႐ြားမယ့္ပုံပဲ
ဒါက ျပႆနာႀကီးမဟုတ္ပါဘူး။ ဒီေလာက္ေလးက သမီးကို တားဆီးနိုင္မွာ မဟုတ္ဘူး ခ်ဴခ်ဴယန္သည္ ေခါင္းခါလိုက္ၿပီးမွ ဇူအန္ကို ျပန္စိုက္ၾကည့္လိုက္သည္။
ငါက ခ်ဴမိသားစုကို ဝင္ႏွောက္တယ္ ဇူအန္က အလိုအေလ်ာက္ ျပန္ေျဖလိုက္သည္။ ငါ့ကို သားမက္အျဖစ္ ေ႐ြးခ်ယ္ၿပီး ဒီအိမ္ေတာ္ထဲ ေခၚလာခဲ့တဲ့သူက မင္း မဟုတ္ဘူးလား
ခ်ဴခ်ဴယန္၏ မ်က္ႏွာထက္၌ ရွက္ေသြးျဖာ အနီေရာင္သန္းလာခဲ့ၿပီး ရွင္းျပလိုက္သည္။ ကြၽန္မက ဒီအတိုင္း ရည္႐ြယ္ခ်က္မႀကီးမားတဲ့ သာမာန္ေယာက်ာ္းေလးတစ္ေယာက္ကို ေ႐ြးခ်ယ္ဖို႔ပဲ စဥ္းစားထားခဲ့တာ။ ရွင္က အဲ့အခ်က္ေတြနဲ႕ ကိုက္ညီတယ္လို႔ ထင္ခဲ့တာ။ ေလာကႀကီးက ရွင့္ကို အသုံးမက်ဘဴးလို႔ ေျပာၾကတဲ့အခ်ိန္မွာ ကြၽန္မအဲ့ဒါေတြအားလုံးကို ဂ႐ုမစိုက္ဘူး။ ဒါေပမယ့္ အခုေတာ့ ရွင္ ကြၽန္မကို အၾကာႀကီး ဖုံးကြယ္ေနခဲ့တာပဲဆိုတာ သိသြားၿပီ
ခ်င္ဝမ္ယြီလည္း ဝင္ေျပာလိုက္သည္။ အမွန္ပဲ။ ငါတို႔ေရွ႕မွာ အႏၱရာယ္မရွိသလိုမ်ိဳး ေပၚနိုင္ေအာင္ မင္းရဲ႕ခြန္အားအမွန္ကို ဖုံးကြယ္ဖို႔ မင္း အားအမ်ားႀကီး စိုက္ထုတ္ခဲ့တာ။ မင္း ႀကီးႀကီးမားမား တစ္ခုခုကို ႀကံစည္ထားတာျဖစ္ရမယ္ဆိုတာ ေျပာစရာေတာင္မလိုေတာ့ဘူး။အဲ့ဒါေတြအျပင္ ငါတို႔စုံစမ္းတဲ့ မင္းရဲ႕ေနထိုင္ပုံ ေနာက္ေၾကာင္းေတြကိုေတာင္ မင္း လွည့္စားနိုင္ခဲ့တယ္။ ဆိုလိုတာက မင္းကို ကူညီေပးေနတဲ့ အင္အားႀကီးအဖြဲ႕အစည္းတစ္ခုခုရွိေနတယ္ဆိုတာပဲ။ ေျပာစမ္း။ မင္းကို မိဖုရားႀကီးတို႔အုပ္စုဘက္က ေစလႊတ္တာလား ဒါမွမဟုတ္ ခ်ီဘုရင္ တို႔အုပ္စုဘက္က ေစလႊတ္တာလား
ေနာက္ဆုံး၌ သူတို႔ အဘယ္ေၾကာင့္ သူ႕ကို အရမ္းစိတ္ဆိုးေနၾကလဲဆိုသည္ကို ဇူအန္ နားလည္သြားသည္။ သူက ျပန္ေျဖလိုက္သည္။ ေယာကၡမႀကီး ဒါဆိုလည္း က်ဳပ္ကို ေစလႊတ္တဲ့သူက ဘယ္သူလို႔ ထင္လဲ
ပါးစပ္ပိတ္ထားစမ္း။ ငါ့ကို ေယာကၡမလို႔ မေခၚနဲ႕ ခ်င္ဝမ္ယြီက ေဒါသတႀကီးျဖင့္ ေအာ္လိုက္သည္။ ေျပာစရာေတာင္ လိုေသးလို႔လား မင္းက
စကားတစ္ဝက္တစ္ပ်က္ျဖင့္ ႐ုတ္တရက္ သူမ ရပ္လိုက္သည္။ ဇူအန္၏ လုပ္ရပ္မ်ားသည္ သူမ ေျပာခဲ့သည့္ ဘယ္အုပ္စုကိုမဆို အက်ိဳးမျပဳေၾကာင္း သူမ သေဘာေပါက္လိုက္သည္။
တကယ္လို႔ က်ဳပ္ စိတ္ထဲမွာ တျခားအႀကံအစည္ေတြသာ ရွိေနရင္ အိမ္ေတာ္ၿပိဳင္ပြဲမွာ ခ်ဴမိသားစုက အနိုင္ရနိုင္ေအာင္ က်ဳပ္ကိုယ္က်ဳပ္ ဘာလို႔ေဖာ္ထုတ္ရမွာလဲ။ ဒီၿပိဳင္ပြဲေနာက္ကြယ္က လ်ိဳ႕ဝွက္ပါဝင္ပတ္သက္ေနသူေတြကို ခင္ဗ်ားလည္း သိထားမွာပဲေလ ဇူအန္က ထပ္ေျပာလိုက္သည္။
ဟမ့္ခ်ဴမိသားစုက ဒီေန႕ဒီအခ်ိန္ထိ မင္းကို တန္ဖိုးမထားၾကလို႔ ငါတို႔ရဲ႕ႏွစ္သက္မႈ ရနိုင္ေအာင္ မင္းကိုယ္မင္း နာမည္ႀကီးေအာင္ လုပ္ခ်င္လို႔ ေနမွာေပါ့။ တစ္ၿပိဳက္နက္တည္း ခ်ဴယန္နဲ႕လည္း မင္း အတူ ေနနိုင္သြား..အဟြတ္
သူမ သမီး ႏွင့္ သားမက္တို႔က အခန္းတစ္ခုတည္း၌ အတူတူမအိပ္ၾကသည့္ အျဖစ္ကို သူမ သတိမျပဳမိနိုင္စရာအေၾကာင္းမရွိပါ။
ေကာင္းၿပီ။ ဒါဆိုလည္း ဒီလိုမ်ိဳး ေျပာၾကရေအာင္။ တကယ္လို႔ က်ဳပ္က မိဖုရားႀကီးတို႔အုပ္စုဘက္ကဆိုရင္ က်ဳပ္ ဘာလို႔ ရွီမိသားစုနဲ႕ ပဋိပကၡျဖစ္ေအာင္ လုပ္မွာလဲ။ ၿပီးေတာ့ ခ်ဴယန္ေဘးမွာ သူတို႔ ထားထားတဲ့ စနိုးကေရာ က်ဳပ္ ဘဝထဲကေန ဘာလို႔ထြက္သြားရမွာလဲ။ ဇူအန္က ေျပာလိုက္သည္။ ေနာက္ၿပီး က်ဳပ္သာ ခ်ီဘုရင္တို႔အုပ္စုဘက္ကဆိုရင္အိုး ဒီဘက္မွာေတာ့ အခြင့္အေရး ရွိမယ့္ပုံပဲ
ခ်င္ဝမ္ယြီက ေအးတိေအးစက္ျဖင့္ ေထ့ေငါ့ေျပာလိုက္သည္။ ခုေတာ့ မင္းေျပာၿပီေပါ့ ဟမ့္
ဒါေပမယ့္ ဇူအန္က ဘယ္လိုလုပ္ အျငင္းအပြားတစ္ခုမွာ ရႈံးနိမ့္နိုင္မွာလဲ။ အလွ်င္အျမန္ျဖင့္ ျပန္ဆည္ၿပီး အႀကံတစ္ခု ရလိုက္သည္။
တကယ္ေတာ့ က်ဳပ္ ခ်ီဘုရင္ နဲ႕ ပတ္သက္မႈမရွိေၾကာင္း သက္ေသျပဖို႔ လြယ္ကူတဲ့ နည္းလမ္းတစ္ခု ရွိပါတယ္
ရွင္က ဘယ္လိုသက္ေသျပခ်င္လို႔လဲ ခ်ဴခ်ဴယန္က ေမးလိုက္သည္။
မသိစိတ္ျဖင့္ ဇူအန္က ထိုအင္အားအဖြဲ႕အစည္းမ်ားႏွင့္ ပတ္သက္မႈတစ္ခုမွ မရွိေစရန္ သူမ ေမွ်ာ္လင့္မိသည္။ သူမ ဇူအန္ကို တကယ္သေဘာက်မိသြားသည္ဟုေတာ့ မထင္ပါ။ သူႏွင့္ အတူတူေနထိုင္ရတာကို က်င့္သားရေနေသာေၾကာင့္သာျဖစ္သည္။ သူ႕ပုံစံသည္ သူမ ထင္ထားခဲ့သည့္ပုံစံႏွင့္ ကြဲျပားေနေသာ္လည္း အခုခ်ိန္၌ တျခားတစ္ေယာက္ကို ျပန္ရွာရန္ သူမအတြက္ မလြယ္ကူေတာ့ေခ်။
ဇူအန္သည္ ေကာင္းကင္ကို လက္ညိုးထိုးၿပီး သစၥာဆိုလိုက္သည္။ ဒီလိုဆိုရင္ေရာ။ ခ်ီဘုရင္ရဲ႕ သားေတြမွာ ဖင္ေပါက္ပါမလာၾကပါေစနဲ႕။ သူ႕သမီးေတြအားလုံး က်ဳပ္ ကိုယ္လုပ္ေတာ္ ျဖစ္လာၾကပါေစ။ အခုေရာ က်ဳပ္ကို ခ်ီဘုရင္တို႔အုပ္စုဘက္ကလို႔ မထင္ေတာ့ဘူးမလား
ခ်င္ဝမ္ယြီသည္ ေၾကာက္လန့္တၾကားျဖင့္ ေနာက္ဆုတ္လိုက္ၿပီး ခ်ဴခ်ဴယန္သည္ လွ်င္လွ်င္ျမန္ျမန္ျဖင့္ အၾကည့္လႊဲလိုက္သည္။
ခ်ဴက်ဳန္းထန္က ေဒါသတႀကီးျဖင့္ ေပါက္ကြဲေအာ္ဟစ္လိုက္သည္။ အဲ့လိုမ်ိဳးစကားကို အသံအက်ယ္ႀကီးနဲ႕ ဘယ္လိုလုပ္ေျပာနိုင္ရတာလဲ။ ခ်ီဘုရင္သာ ၾကားသြားရင္ မင္းကို ခ်က္ျခင္း သုတ္သင္ပစ္မွာ
ဇူအန္သည္ ရဲရဲတင္းတင္းျဖင့္ ရယ္ၿပီး ျပန္ေျပာလိုက္သည္။ အဲ့လိုဆို က်ဳပ္က ခ်ီဘုရင္နဲ႕ ဘာပတ္သက္မႈမွ မရွိဘူးဆိုတာ သက္ေသျပသြားတာပဲမလား။ အခုေတာ့ ခင္ဗ်ားတို႔ က်ဳပ္ကို ယုံၾကည္သင့္ေနၿပီမလား
မင္းက ခ်ီဘုရင္နဲ႕ မပတ္သက္ရင္ေတာင္ မိဖုရားႀကီးတို႔အုပ္စုဘက္က လူ မျဖစ္နိုင္စရာအေၾကာင္းမရွိဘူး ခ်င္ဝမ္ယြီက ေျပာလိုက္သည္။ ဘယ္သူသိနိုင္မလဲ။ ငါတို႔ယုံၾကည္မႈကို ရဖို႔ မင္းက ရွီခြန္းရယ္ တျခားသူေတြရယ္နဲ႕ ဟန္ေဆာင္ျပေနတာလည္း ျဖစ္နိုင္တာပဲ
အဲ့ဒါလည္း မမွန္ကန္ေၾကာင္း ျပဖို႔ အလြယ္ေလးပဲ မဟုတ္ဘူးလား ဇူအန္သည္ သူ႕လက္ကို ေျမာက္ၿပီး ေနာက္ထပ္တစ္ႀကိမ္ သစၥာဆိုလိုက္သည္။ အခုခ်ိန္မွစ၍ မိဖုရားႀကီးက..
ခ်ဴက်ဳန္းထန္သည္ အလွ်င္အျမန္ျဖင့္ ဇူအန္၏ ပါးစပ္ကို ကာပိတ္ေပးလိုက္သည္။ ေတာ္ၿပီ ေတာ္ၿပီ။ သူ မင္းေျပာတာမၾကားနိုင္ဘူးဆိုရင္ေတာင္ မိဖုရားႀကီးအေၾကာင္းကို ဒီလိုပုံစံမ်ိဳးနဲ႕ မင္း ေျပာလို႔မျဖစ္ဘူး။ ဒီလိုမ်ိဳးနဲ႕ဆို မင္းရဲ႕ ဒီအေပါက္ဆိုးဆိုးပါးစပ္က မင္းကို ျပႆနာအႀကီးႀကီး ေရာက္သြားေစမွာ အေသအခ်ာပဲ
ဇူအန္သည္ ထိုစကားမ်ားကို ၾကားေသာအခါ မသိမသာျဖင့္ မဲ့႐ြဲ႕လိုက္သည္။ စိတ္ပ်က္ေစမိလို႔ ေတာင္းပန္ပါတယ္။ ဒါေပမယ့္ အဆင့္တက္ဖို႔ က်ဳပ္ရဲ႕ ဒီအေပါက္ဆိုးဆိုးပါးစပ္ကို အားကိုးေနရဦးမွာပဲ။
ဒါဆို ရွင့္ရဲ႕ လက္ရွိက်င့္ႀကံျခင္းအဆင့္ကို ဘယ္လိုေရာက္သြားတာလဲ ခ်ဴခ်ဴယန္သည္ ဇူအန္ကို စူးရွစြာ ၾကည့္လိုက္သည္။ ႀကိဳးဝိုင္းမွာတုန္းက ကြၽန္မေတြ႕ခဲ့ပုံအရဆို အနည္းဆုံး ရွင္ တတိယအဆင့္ေလာက္ေတာ့ ရွိမွာပဲ
မင္းေယာက်ာ္းက တျခားသူေတြေျပာတာနဲ႕ ဆန့္က်င္ၿပီး အသုံးမက်သဴမဟုတ္တာကို ေတြ႕ရတာ မင္း အံ့ၾသသြားတာလား ဇူအန္သည္ ခ်ဴခ်ဴယန္ဘက္သို႔ ယိုင္ၿပီး ၿပဳံးစစျဖင့္ ေမးလိုက္သည္။
ခ်ဴခ်ဴယန္သည္ အလိုအေလ်ာက္ ေနာက္ဆုတ္ၿပီး သူတို႔ႏွစ္ေယာက္ၾကား အကြာအေဝးကို က်ယ္ေစလိုက္ၿပီးမွ ေျပာလိုက္သည္။ အံ့ၾသတယ္ဆိုတာထက္ ပိုလန့္သြားတာပါ။ ရွင္ ကြၽန္မ ေမးခြန္းကို ျပန္မေျဖရေသးဘူး
အို ဇူအန္သည္ ခဏစဥ္းစားၿပီးမွ ေျပာလိုက္သည္။ တကယ္ေတာ့ ငါက ငယ္စဥ္ကတည္းက ပါရမီရွိတဲ့သူပါ။ ဒီအတိုင္း ႂကြားရတာကို မႀကိဳက္လို႔ ဒီတစ္ခ်ိန္လုံး ႏွိမ့္ခ်ၿပိး ေနေနခဲ့တာပါ။ အဲ့ဒါေၾကာင့္ပဲ ေလာကႀကီးက ငါ့ကို အထင္လြဲသြားၾကတာ။ အာသာမာန္ျပည္သူျပည္သားေတြက သူမတူတဲ့ ပါရမီရွင္ေတြဆို နားမလည္နိုင္ၾကဘဲ ခြဲျခားခြဲျခားဆက္ဆံတတ္ၾကတာပဲ
ငါတို႔ကို အ႐ူးလို႔ ထင္ေနတာလား ခ်င္ဝမ္ယြီသည္ ေနာက္ထပ္သည္းမခံနိုင္ေတာ့ပါ။ ငါတို႔သားမက္အျဖစ္ မင္းကို လက္မခံခင္မွာ မင္းအေၾကာင္းကို ငါတို႔ ေစ့ေစ့စပ္စပ္ စုံစမ္းစစ္ေဆးခဲ့တယ္။ လြန္ခဲ့တဲ့ႏွစ္ေတြမွာ မင္းက ေခါင္းအစေျခအဆုံး ဘာမွအသုံးမက်တဲ့ သူပဲ။ မင္းရဲ႕ ဆုံးသြားတဲ့ ဦးေလးကလဲ ဘာက်င့္ႀကံမႈအေၾကာင္းကိုမွ မသိဘူး။ အဲ့ဒါေၾကာင့္ ဘယ္လိုက်င့္ႀကံရမလဲဆိုတာ မင္းကို သင္ၾကားေပးနိုင္မယ့္လူ မင္း ပတ္ဝန္းက်င္မွာ တစ္ေယာက္မွ မရွိဘူး
အမ္းဒါက ဒီလိုပါ။ လြန္ခဲ့တဲ့ႏွစ္အမ်ားႀကီးတုန္းက ငတ္မြတ္ဆာေလာင္လို႔ ေသလုနီးပါးျဖစ္ေနတဲ့ သူေတာင္းစားလူအိုႀကီးတစ္ေယာက္ကို က်ဳပ္ ေတြ႕ခဲ့တယ္။ သနားသြားလို႔ က်ဳပ္ သူ႕ကို ေပါက္စီတစ္ခု ေကြၽးခဲ့တာ။ အဲ့ကိစၥေၾကာင့္ သူက က်ဳပ္အေပၚ အရမ္းေက်းဇူးတင္သြားခဲ့တယ္။ အဲ့ဒါေၾကာင့္ သူက က်ဳပ္ကို က်င့္ႀကံျခင္းပညာရပ္တစ္ခု လက္ဆင့္ကမ္းေပးခဲ့တယ္။ အဲ့ခ်ိန္ကတည္းက အဲ့ဒါကို ႀကိဳးႀကိဳးစားစား က်င့္ႀကံေနခဲ့တာ။ က်ဳပ္ သတိမထားမိခင္မွာ လက္ရွိအဆင့္ကို ေရာက္ေနခဲ့တာပဲ ဇူအန္က အားပါးတရ ေျပာလိုက္သည္။
သူ႕အရင္ဘဝက သိုင္းဇာတ္ကား အမ်ားအျပား သူ ၾကည့္ခဲ့ဖူးသျဖင့္ အဓိကဇာတ္လိုက္၏ အင္အား တဟုန္ထိုး ထိုးတက္သြားေစသည့္ ဇာတ္ေၾကာင္းအသြားအလာ အမ်ားအျပားကို သူ သိထား၏။
ဟား မင္း သူ႕ကို ကယ္ဖို႔ လိုရေလာက္တဲ့အထိ ငတ္မြတ္ဆာေလာင္ေနတဲ့ က်င့္ႀကံသူတစ္ေယာက္လား ခ်င္ဝမ္ယြီသည္ ယင္းလုပ္ဇာတ္ပုံျပင္ကို လုံးဝ မယုံၾကည္ပါ။ မင္း ငါ့ကို အ႐ူးထင္ေနတာလား
က်ဳပ္ ေျပာခ်င္တာက က်င့္ႀကံသူေတြလည္း ဆိုး႐ြားတဲ့ အေျခအေနမွာ ေရာက္နိုင္ၾကတာပဲ။ သူ ဘာေတြႀကဳံခဲ့ရလဲဆိုတာေတာ့ ဘုရားကပဲ သိမွာေပါ့ ဇူအန္သည္ သူ႕လုပ္ဇတ္ပုံျပင္ကို အလွ်င္အျမန္ျဖင့္ ထပ္ျဖည့္ေျပာလိုက္သည္။
ခ်င္ဝမ္ယြီ ႏွင့္ ခ်ဴက်ဳန္းထန္ တို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ လွမ္းၾကည့္ၾကၿပီးမွ မသိမသာျဖင့္ ၿပိဳင္တူေခါင္းညိတ္လိုက္ၾကသည္။ အကယ္၍ ဇူအန္က အေသးစိတ္ရွင္းျပဖို႔ ႀကိဳးစားခဲ့လွ်င္ သူတို႔သည္ သူ႕ကို ပို၍ သံသယဝင္ၾကလိမ့္မည္ျဖစ္သည္။ သို႔ေသာ္ ဟာကြက္မ်ားသည့္ သူ႕လုပ္ဇတ္ပုံျပင္အေပၚ ဇူအန္၏ ျပင္းျပင္းထန္ထန္ တင္းခံသည့္ အျပဳအမူက သူ႕ကို တစ္နည္းတစ္ဖုံ ယုံၾကည့္လို႔ရသည့္ပုံ ေပါက္သြားေစသည္။ အျခားျဖစ္နိုင္ဖြယ္အေၾကာင္းလည္း စဥ္းစားလို႔မထြက္ေခ်။
အရမ္းေကာင္းတယ္။ ငါတို႔ မင္းကို အခ်ိန္တစ္ခုထိ ယုံၾကည္ေပးမယ္။ ဒါေပမယ့္ ခ်င္ဝမ္ယြီ၏ အသံသည္ ႐ုတ္တရက္ ရင့္သီးၾကမ္းတမ္းသြားသည္။ မင္း ငါတို႔ကို လွည့္စားေနခဲ့တဲ့အေၾကာင္း ငါတို႔ ရွာေတြ႕သြားခဲ့မယ္ဆိုရင္ မင္းအေပၚ ရက္စက္ၾကမ္းၾကဳတ္မႈအတြက္ ငါတို႔ကို အျပစ္မတင္နဲ႕
ဒါေပမယ့္ အဲ့အခ်ိန္က် က်ဳပ္နဲ႕ ခ်ဴယန္တို႔ ခင္ဗ်ားတို႔အတြက္ ေျမးေလးေတြ ေမြးေပးခဲ့ၿပီးၿပီဆိုရင္ေရာ။ ခင္ဗ်ားရဲ႕ ေျမးေလးေတြကို ငဲ့ၿပီး က်ဳပ္အေပၚ နည္းနည္းေလာက္ မညင္သာေပးဘူးလား
.. ခ်ဴက်ဳန္းထန္။
.. ခ်င္ဝမ္ယြီ။
ခ်ဴခ်ဴယန္သည္ ရွက္လည္းရွက္ စိတ္လည္း တိုသြားသည္။ ပါးစပ္ပိတ္လိုက္စမ္း။ ဘယ္သူက ရွင္နဲ႕ ကေလးေမြးမွာလဲ
ဇူအန္သည္ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ပုခုံးတြန့္လိုက္ၿပီး ငါတို႔က လင္မယားေတြ မဟုတ္ဘူးလား။ ငါတို႔ ကေလးေမြးဖို႔က လုံးဝပုံမွန္ကိစၥပါပဲ
ဖီး ခ်ဴခ်ဴယန္သည္ မည္မွ်ေအးစက္တည္ၿငိမ္သည့္သူျဖစ္ေနပါေစ သူမသည္ မိန္းမငယ္ေလး တစ္ေယာက္ျဖစ္ေနေသးသည္။ ဇူအန္၏ စေနာက္က်ီစယ္မႈက သူမကို ေစြ႕ေစြ႕ခုန္ေစလုမတတ္ပင္။
ဒီလူကေတာ့ အရမ္းလြန္တာပဲ။ ဟိုဟာျဖစ္ေနတာေတာင္ ငါ့ကိုအသားယူခ်င္ေသးတယ္။
ခ်ဴက်ဳန္းထန္သည္ အခန္းထဲရွိ ကသိကေအာက္ျဖစ္မႈကို ေျပေလ်ာ့ေစရန္ ေခ်ာင္းဟန့္လိုက္သည္။ ဒါဆို ဇူအန္.
သို႔ေသာ္ သူ႕စကား မဆုံးခင္၌ ဇူအန္က ၾကားျဖတ္ေျပာလိုက္သည္။ ေယာကၡထီး ေက်းဇူးျပဳၿပီး က်ဳပ္ကို ဇူအန္လို႔ မေခၚပါနဲ႕ေတာ့။ အဲ့အစား အားဇူလို႔ပဲ ေခၚေပးပါ
အားဇူ ခ်ဴက်ဳန္းထန္သည္ ဇေဝဇဝါျဖစ္သြားၿပီး မင္းကို ေခၚေစခ်င္တဲ့ နာမည္က တကယ္ထူးဆန္းတဲ့ နာမည္ပဲ
ဇူအန္က ၿပဳံးၿပီး ရွင္းျပလိုက္သည္။ ကြၽန္ေတာ့္ဇာတိမွာေတာ့ အားဇူဆိုတာ ေခ်ာေမာခံ့ညားတဲ့ ေကာင္ေလးေတြကို ရည္ၫႊန္းၿပီး ေခၚတဲ့နာမည္ပဲ
ထိုစကားကို ၾကားေသာအခါ ခ်ဴက်ဳန္းထန္သည္ မထိန္းနိုင္ဘဲ မ်က္လုံးလွန္လိုက္မိသည္။ သို႔ေသာ္ ဇူအန္သည္ ေပါေၾကာင္ေၾကာင္ျဖစ္ေနသည္ကို သိထားသျဖင့္ သူႏွင့္ ၿပိဳင္မျငင္းရန္ ဆုံးျဖတ္လိုက္သည္။ အားဇူ မင္း ဒီေန႕ ယြမ္ အိမ္ေတာ္ရဲ႕ အေတာ္ဆုံးလူငယ္ႏွစ္ေယာက္ကို ဒုကၡိတ ျဖစ္ေအာင္ လုပ္ခဲ့တယ္။ အခုခ်ိန္ကစၿပီး မင္း သတိထားဖို႔ လိုတယ္။ မင္းကို ကာကြယ္ေစာင့္ေရွာက္ေပးဖို႔ သိုင္းပညာရွင္ေတြကိုလည္း ငါ ေစလႊတ္ေပးမယ္
ခ်င္ဝမ္ယြီကလည္း ထပ္ေျပာလိုက္သည္။ ၿပီးေတာ့ ဒီေန႕ ႀကိဳးဝိုင္းမွာ ကံေကာင္းၿပီး အနိုင္ရသြား႐ုံနဲ႕ မင္းကိုယ္မင္း အရမ္းေက်နပ္အားရေနလို႔ မျဖစ္ဘူး။ မင္းရဲ႕ တကယ့္က်င့္ႀကံျခင္းအဆင့္က တတိယအဆင့္ပဲ ရွိေသးတာ။ တကယ္လို႔ ယြမ္ဝမ္ဒုံကသာ အေရးႀကီးတဲ့အခ်ိန္မွာ အာ႐ုံမေထြျပားခဲ့ရင္ ဒုကၡိတျဖစ္သြားတဲ့သူက မင္း ျဖစ္ေနမွာပဲ။ အခုခ်ိန္ကစၿပီး မင္း ႏွိမ့္ႏွိမ့္ခ်ခ်နဲ႕ သိုသိပ္ၿပီး ေနရမယ္
ဇူအန္သည္ ဘာမွမတတ္နိုင္ဘဲ ပုခုံးတြန့္ျပလိုက္ၿပီး အဲ့ကိစၥကေတာ့ က်ဳပ္တတ္နိုင္တာ ဘာမွမရွိဘူး။ က်ဳပ္လိုမ်ိဳး အရည္အခ်င္းရွိတဲ့သူေတြက ဘယ္ေနရာသြားသြား ထင္ရွားေနၾကရမွာပဲ။ က်ဳပ္က ႏွိမ့္ခ်ၿပီး ေနခ်င္ရင္ေတာင္ ေလာကႀကီးက ခြင့္ျပဳမွာ မဟုတ္ဘူး
ဇူအန္ ထံမွ ထြက္လာသည့္ ႂကြားလုံးမ်ားကို သည္းမခံနိုင္ၾကေတာ့သျဖင့္ ခ်ဴက်ဳန္းထန္ ႏွင့္ ခ်င္ဝမ္ယြီတို႔သည္ ဇူအန္ကို အခန္းထဲမွ ျပတ္ျပတ္သားသားျဖင့္ ႏွင္ထုတ္လိုက္ၾကသည္။
အခန္းထဲမွ ဇူအန္ ထြက္သြားသည္ႏွင့္ ခ်ဴက်ဳန္းထန္သည္ သူ႕သမီးဘက္သို႔ လွည့္ၿပီး ေမးလိုက္သည္။ ခ်ဴယန္ ဒီကိစၥအေပၚ သမီး ဘယ္လိုသေဘာရလဲ
ခ်ဴခ်ဴယန္သည္ မ်က္ေမွာင္ၾကဳတ္ စဥ္းစားခ်င့္ခ်ိန္ၿပီးမွ ေျဖလိုက္သည္။ သူ႕ကို အျခားကလန္ေတြက ေစလႊတ္တဲ့ သူလ်ိဳျဖစ္မယ္လို႔ သမီး မထင္ဘူး။ သမီးတို႔ကို ေထာက္လွမ္းဖို႔ သူလိုလူမ်ိဳးကို ဘယ္သူကမွ ေစလႊတ္ၾကမွာ မဟုတ္ဘူး
ဇူအန္၏ ထိန္းမနိုင္သိမ္းမရေသာ အက်င့္စရိုက္ကို စဥ္းစားၿပီး ခ်ဴက်ဳန္းထန္ ႏွင့္ ခ်င္ဝမ္ယြီတို႔သည္ သူမစကားကို အေလးအနက္ သေဘာတူၾကသည္။
ဘာပဲျဖစ္ျဖစ္ အခုခ်ိန္မွာ သူက အဆင့္ ၃ က်င့္ႀကံသူပဲ ျဖစ္ေသးတာ။ တကယ္လို႔ သူ႕မွာ မူမမွန္တာ တစ္ခုခုရွိေနရင္ သူ႕ကို ကိုင္တြယ္ေျဖရွင္းဖို႔ ငါတို႔မွာ နည္းလမ္းရွိပါေသးတယ္ ခ်င္ဝမ္ယြီက ေျပာလိုက္သည္။
ခ်ဴခ်ဴယန္လည္း သေဘာတူညီသည့္အေနျဖင့္ ေခါင္းညိတ္လိုက္သည္။ ေနာက္ဆို သမီး သူ႕ကို သတိထားလိုက္ပါ့မယ္
ထိုစဥ္ အခန္းထဲမွ ဇူအန္ ထြက္လာသည္ႏွင့္ ခ်ဴဟြမ္ေက်ာက္သည္ လူအုပ္တစ္အုပ္ႏွင့္ သူ႕ထံသို႔ အလွ်င္အျမန္ ေျပးလာသည္။
ခဲအို ခဲအို ဘယ္လိုလဲ။ အေမတို႔က ခဲအိုရဲ႕ ႀကိဳးစားအားထုတ္မႈအတြက္ ခဲအိုကို တစ္ခုခု ဆု ခ်ီးျမႇင့္ၾကေသးလား
လူအုပ္ထဲက အျခားသူေတြကလည္း ဇူအန္ကို မ်က္လုံးထဲ ေမွ်ာ္လင့္ခ်က္အျပည့္ႏွင့္ ၾကည့္လိုက္ၾကသည္။ အရင္တုန္းက ခ်ဴကလန္၌ ဇူအန္၏ အဆင့္အတန္းသည္ မည္မွ်ပင္ နိမ့္က်ေနပါေစ သူသည္ သားမက္တစ္ေယာက္ ျဖစ္ေနေသးသည္။ ယေန႕ ၿပိဳင္ပြဲမွ သူ ရရွိေသာ အက်ိဳးအျမတ္မ်ားျဖင့္ အခုခ်ိန္မွစ၍ သူသည္ ခ်ဴကလန္၏ အႀကီးအက်ယ္အေရးေပးမႈခံရမည္မွာ ဧကန္မလြဲပင္။
ထိုအခ်ိန္မွသာ ဇူအန္သည္ အေရးႀကီးကိစၥတစ္ခုကို ျပန္မွတ္မိသြားသည္။ ေနပါအုံးဟုတ္သားပဲ ငါ့ဆုေၾကးက ဘယ္နားမွာလဲ။
သူသည္ ခ်ဴက်ဳန္းထန္ ႏွင့္ ခ်င္ဝမ္ယြီတို႔၏ စစ္ေဆးေမးျမန္းမႈ၌ အလြန္အာ႐ုံစိုက္ေနခဲ့သျဖင့္ ဆုေၾကးအေၾကာင္းကို တကယ္ေမ့သြားခဲ့သည္။
ခဲအို ဘာဆုလာဘ္မွ မရလိုက္ဘူးလား ဇူအန္ တိတ္ဆိတ္သြားသည္ကို သတိျပဳမိေသာအခါ ခ်က္ခ်င္းပင္ သူ႕ကိုယ္စား မေက်မနပ္ျဖစ္သြားသည္။ ငါ့မိဘေတြက ဘယ္လိုလုပ္ အဲ့လိုလုပ္နိုင္ၾကတာလဲ။ မမကလည္း ခဲအိုအတြက္ ေျပာေပးရမွာေပါ့
ဘာဆုလာဘ္မွ မရဘူးလို႔ ဘယ္သူေျပာလို႔လဲ ဇူအန္၏ ႏႈတ္ခမ္းထက္၌ အၿပဳံးတစ္ပြင့္ ေပၚလာၿပီး သူတို႔က ဆုေၾကးအေနနဲ႕ မင္းကို ငါ့ဆီ ေပးၾကတယ္
အာ ခ်ဴဟြမ္ေက်ာက္သည္ တခဏမွ် ေၾကာင္အသြားၿပီးမွ ထိုစကားလုံးမ်ား၏ ဆိုလိုရင္းကို နားလည္သေဘာေပါက္သြားသည္။ ခ်က္ခ်င္းပင္ သူမ မ်က္ႏွာ နီရဲသြားၿပီး တကယ္ပဲ သူတို႔
ထိုအခ်ိန္မွ ဇူအန္၏ မ်က္လုံးထဲရွိ က်ီစယ္အၾကည့္မ်ားကို သတိျပဳမိသြားၿပီး သူမကို စေနာက္ေနျခင္းသာျဖစ္ေၾကာင္း နားလည္သြားသည္။ ခ်က္ခ်င္းပင္ သူမ ခႏၶာကိုယ္ကို ေထာက္ေပးသည့္ ခ်ိဳင္းေထာက္အား မၿပီး သူ႕ကို ရိုက္လိုက္သည္။ အက်င့္ပုတ္ခဲအို ကြၽန္မကို လိမ္တယ္။ ကြၽန္မ ရွင့္ကို အေသရိုက္ပစ္မယ္
ငါစတာပါ။ အဲ မင္း ဒဏ္ရာရထားတယ္မဟုတ္ဘူးလား။ ဘယ္လိုလုပ္အဲ့ေလာက္ျမန္ျမန္ ေျပးနိုင္ရတာလဲ ဇူအန္သည္ လွစ္ခနဲ ေျပးသြားသည္။ ခ်ဴဟြမ္ေက်ာက္ကလည္း သူ႕ေနာက္မွ အသည္းအသန္ လိုက္ရိုက္ေန၏။
လူအုပ္ႀကီးသည္ ဇေဝဇဝါႏွင့္ အခ်င္းခ်င္းလွည့္ၾကည့္ၾကရင္း က်န္ေနခဲ့ၾကသည္။ ဒုတိယအိမ္ေတာ္ခြဲမွ ခ်ဴဟုန္ခိုင္သည္ သက္ျပင္းအက်ယ္ႀကီးခ်ၿပီးမွ ေျပာလိုက္သည္။ လန့္သြားတာပဲ။ ဦးေလးက ဟြမ္ေက်ာက္ကို သူ႕ဆီေပးလိုက္တယ္လို႔ တကယ္ထင္မိသြားတာ
ဝတုတ္ေလး ခ်ဴယြီရွန္၏ မ်က္လုံးမ်ားသည္ ေမွးသြားၿပီး အဲ့ဒါက လုံးဝမျဖစ္နိုင္တာလည္း မဟုတ္ဘူး
ခ်ဴဟုန္ခိုင္က ေလွာင္ေျပာင္ၿပီး ျပန္ေျပာလိုက္သည္။ ဘာအဓိပ္ပါယ်မရှိတာတွေ ေျပာေနတာလဲ။ ခ်ဴယန္ နဲ႕ ဟြမ္ေက်ာက္ တို႔က ဘယ္လိုလူစားမ်ိဳးေတြလဲဆိုတာ စဥ္းစားၾကည့္ေလ။ ဘယ္လိုလုပ္ၿပီး ညီအစ္မႏွစ္ေယာက္က ေယာက်ာ္းတစ္ေယာက္တည္းကို မွ်ၾကရမွာလဲ။ ေနာက္ၿပီး ဇူအန္က အစမ္းခန့္သားမက္ပဲ ျဖစ္ေနေသးတာကို
၀တုတ်လေးချူယွီရှန်သည် သူ႕စကားကို ၿပိဳင္ျငင္းမေနေတာ့ပါ။ ထို႔အစား ခ်ဴအိမ္ေတာ္ဝန္းတစ္ေလွ်ာက္ ေပါ့ေပါ့ပါးပါးျဖင့္ ေျပးေနၾကသည့္ လူႏွစ္ေယာက္ကို ေငးၾကည့္လိုက္သည္။ အေစာတုန္းက ဟြမ္ေက်ာက္၏ ရွက္ေသြးျဖာမႈမွတစ္ဆင့္ သူမသည္ ထိုအႀကံကို လုံးဝမဆန့္က်င္ေၾကာင္း သူ ေျပာနိုင္သည္။ ထို႔အျပင္ ဇူအန္ကို ရိုက္ႏွက္ဖို႔ သူမ၏ ၾကာပြတ္ကို ထုတ္ယူသည့္အစား အလိုအေလ်ာက္ျဖင့္ သူမ၏ ခ်ိဳင္းေထာက္ကိုသာ အသုံးျပဳလိုက္သည္။
ၾကည့္ရတာ ငါတို႔သားမက္ေလာင္းက စိတ္ဝင္စားဖို႔ေကာင္းတဲ့ လူ ျဖစ္မယ့္ပုံပဲ။
ခ်ဴဟြမ္ေက်ာက္ ႏွင့္ စေနာက္က်ီစယ္ေနရင္း မသိလိုက္ဘဲ သူသည္ သူ႕ကိုယ္ပိုင္အေဆာင္သို႔ ျပန္ေရာက္သြားခဲ့သည္။ တံခါးဖြင့္လိုက္သည္ႏွင့္ သူ႕ေရွ႕၌ ေလာင္မိုင္ ကို ေတြ႕လိုက္ရသျဖင့္ ေၾကာက္ေၾကာက္လန့္လန့္ႏွင့္ ဆတ္ခနဲ ေနာက္ျပန္ဆုတ္မိသြားသည္။
အေၾကာင္းအရင္းမရွိပါဘဲ ဤလူႀကီးေရွ႕၌ သူ မသက္မသာ ခံစားရတတ္သည္။
ခ်ဴဟြမ္ေက်ာက္လည္း လူစိမ္း တစ္ေယာက္ ရွိေနသည္ကို သတိျပဳမိသြားသည္။ ထိုအခ်ိန္မွ ခ်ဴအိမ္ေတာ္၏ ဒုတိယသခင္မေလးက သူ႕ခဲအိုႏွင့္ အခုလိုမ်ိဳး ခုန္ေပါက္ကစားေနသည္က မသင့္ေတာ္ေၾကာင္းကို သေဘာေပါက္သြားသည္။ သူမ မ်က္ႏွာနီရဲသြားၿပီး ႏွာမႈတ္လိုက္သည္။ ဟြန့္ရွင္နဲ႕ ေနာက္တစ္ခါမွ စာရင္းရွင္းမယ္
ထိုသို႔ ေျပာၿပီးေနာက္ ထိုေနရာမွ ျမန္ျမန္ဆန္ဆန္ ထြက္သြားလိုက္သည္။
ခ်ဴဟြမ္ေက်ာက္ ထြက္သြားၿပီးေနာက္ ေလာင္မိုင္သည္ ဇူအန္ကို ၾကည္ျ့ပီး ေအးစက္စက္ျဖင့္ ေမးလိုက္သည္။ မင္းရဲ႕ က်င့္ႀကံျခင္းအဆင့္ကို ဘယ္လိုလုပ္ အဲ့ေလာက္ျမန္ျမန္ ျမႇင့္တင္နိုင္တာလဲ
----- ----- ----- --------------------------------------------------------