ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.1K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

124

322 45 0
By SoeHmue

124

"ကျေးဇူးပါ ကျေးဇူးပါ " ဇူအန် ပိုက်ဆံများစွာ ရလိုက်ပြီး ချန်ရှို့ပင်း၏ စိတ်မချရသော စရိုက်ကို အသုံးချရန် နည်းလမ်းစဉ်းစားမိသွားသောကြောင့် စိတ်ချမ်းသာနေသည်။

ဆန်းရှန် နှင့် ကျန်းတန် စကားအနည်းငယ်ပြောပြီးမှ ထွက်သွားကြသည်။ ဇူအန်အမြင်ကွယ်ရာ ရောက်ရောက်ချင်း ဆန်းရှန် မျက်နှာ ချက်ချင်းရုပ်ဆိုးသွားသည်။
"သေစမ်း ငါဘာလို့ ရူးရုးမိုက်မိုက်နဲ့ လောင်းကြေးပြောင်းပေးလိုက်ရတာလဲ"
ကျန်းတန်လည်း ခါးသက်သက် မျက်နှာရှိနေသည်။
"စာဖတ်ဖော်တစ်ယောက်က သခင်ရဲ့အမိန့်ကို စိတ်တိုင်းကျပြောင်းရဲတဲ့အထိ အတင့်ရဲမယ်လို့ ဘယ်သူက ထင်မှာလဲ"

ဆန်းရှန် ထိုစကားများကို သဘောတူလေသည်။ ရုတ်တရက် အတွေးတစ်ခုပေါ်လာပြီး
"ဒါက တကယ်ကို အဓိပ္ပာယ် မရှိဘူး။ ဇူအန်ကို ငါတို့လောင်းကြေးပြောင်းလိမ့်မယ်လို့ ကြိုခန့်မှန်းထားပြိး ယွမ်အိမ်ကို သတင်းမှားပေးဖို့ တမင် အရှုံးဘက်ကလောင်းတာလို့ မင်းထင်လား"

"သူသာ အဲ့လောက် အရှည်ကြီး တွေးနိုင်ရင် သူက တကယ် ကြောက်စရာကောင်းတဲ့လူဖြစ်သွားလိမ့်မယ်" ကျန်းတန် ခေါင်းယမ်းလိုက်သည်။
"သူအဲ့လောက်အထိ ကျွန်မတို့လုပ်ရပ်ကို ခန့်မှန်းနိုင်မယ်လို့ ကျွန်မ မထင်ဘူး။ သူက ယွမ်အိမ်ကို လှည့်စားဖို့ ငွေစ တစ်သောင်း အဆုံးခံလိုက်တာဖြစ်ရမယ်။ ကျွန်မတို့ လောင်းကြေးကိုပြောင်းမိသွားတာ ဖြစ်ရမယ်"

"သေစမ်း" ဆန်းရှန် အခုတလော ကံမကောင်းဘူးလို့ ခံစားမိသည်။ ဘာလုပ်လုပ် အဆင်မချောပေ။

သင်သည် ဆန်းရှန် ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

"ကျွန်မတို့ရဲ့ စာရွက်လဲမယ့် အစီအစဉ်ကပျက်စီးသွားပြီ ။ ဘာဆက်လုပ်ကြမလဲ" ကျန်းတန် ယခင်ရေးထားသော လောင်းကြေးစာရွက်ကို ဆုတ်ဖြဲလိုက်ပြီး မေးလေသည်။

"ကြည့်ရတာ မင်းကိုပဲ အားကိုးရတော့မယ် ထင်တယ်" ဆန်းရှန် ကျန်းတန် ကို ကြည့်၍ ပြောလိုက်သည်။

ကျန်းတန် မျက်နှာ အေးစက်သွားသည်။
"ရှင်က ကျွန်မကို ပျားရည်ထောင်ချောက် ထပ်ဆင်ခိုင်းတာလား"

ဆန်းရှန် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး
"မင်းက ငွေစ ၇သန်းခွဲ ရှာရမှာပဲ။ အပို စာရွက်တစ်ခု ရှာရတာ..."

ကျန်းတန် မကျေနပ်သောမျက်နှာထားဖြင့် စကားဖြတ်ပြောလိုက်သည်။
"ဆန်းရှန် ရှင့်ရဲ့ သတို့သမီးလောင်းကို ဘာလို့ တစ်ခြားယောက်ျားရင်ခွင်ထဲ တွန်းပို့နေရတာလဲ။ ရှင့်မှာ အဲ့တာနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့ စွဲလမ်းမှုတွေ ဘာတွေ ရှိနေလား"

ဆန်းရှန် ချက်ချင်း စိတ်ဆတ်သွားသည်။
"ငါက မင်းကို တကယ်လုပ်ဖို့ပြောနေတာမှ မဟုတ်တာ။ သူမင်းကို အသားမယူနိုင်ဘူးလို့ မင်းပဲပြောတယ်လေ။ငါက မင်းခန္ဓာကိုယ်ကို ရောင်းခိုင်းနေသလို ဘာလို့ပြောနေတာလဲ"

ကျန်းတန် မျက်လုံးနီ၍ မျက်ရည်ဝဲလာသည်။
"မြစ်နားမှာ လမ်းလျှောက်တဲ့လူက ခြေထောက် ရေတော့စိုမှာပဲ။ ဇူအန်က ကောလဟလတွေထဲကလောက် မပျော်ညံ့ဘူး။ သူတကယ် ကျွန်မကို အသားယူချင်ရင် ကျွန်မ လူတွေကို တွေ့ဖို့ မျက်နှာရှိမှာ မဟုတ်တော့ဘူး"

အမှန်တော့ ဇူအန်ကို ချဉ်းကပ်ရန် ထိုမျှ မဆန့်ကျင်ပေ။ သို့သော် စိတ်ပါကြောင်း ဒီနေရာတွင် ဖော်ပြ၍မရ။ ဆန်းရှန် အားနာပြီး သူ့ကို အတင်းဖိအားပေးသလိုဖြစ်အောင် လုပ်ရမည်။ ထိုအခါမှ ဆန်းရှန် သူ့ကို တန်ဖိုးထား၍ လက်ထပ်ပြီးနောက်ပိုင်း ဒီကိစ္စကို ပြန်မဖော်စေရန်ပင်။

ကျန်းတန်မျက်နှာမှ သနားစရာရုပ်ကိုကြည့်၍ ဆန်းရှန် ရင်နာသွားသည်။ အမြန် နှစ်သိမ့်လိုက်ပြီး
"မင်းကို အကြပ်ရိုက်စေတာ ငါသိပါတယ်။စိတ်မပူနဲ့ ငါမင်းကို ကာကွယ်မှာပါ။ ဇူအန်မင်းကို အနိုင်ကျင့်ရဲရင် သူ့အသက်ကို ငါနှုပ်ပစ်မယ်လို့ အာမခံရဲတယ်"

"တကယ်လား" ကျန်းတန် ကြီးမားရွှန်းလဲ့သော မျက်လုံးများဖြင့် ဇူအန်ကို ကြည့်လိုက်သည်။

"ဒါပေါ့" ဆန်းရှန် လှပသော သူ့သတို့သမီးလောင်းကိုကြည့်၍ စိတ်ပျော့သွားသည်။
"ထားလိုက်ပါတော့။ အဲ့ဒီ ငွေစ ၇သန်းခွဲ ကို မေ့လိုက်တော့။ ငါတို့ မစွန့်စားသင့်ဘူး"

သို့သော် ကျန်းတန် ခေါင်းမာစွာ ငြင်းပယ်လိုက်သည်။
"အဲ့လိုဆို မဖြစ်ဘူး။ ရှင့်အစီအစဉ်တွေအတွက် အဲ့ဒီ အကြွေးစာချုပ်က အရေးကြီးတယ်။ ပြီးတော့ ကျွန်မတို့တဲ့ ငွေစ တစ်သန်း တန် လောင်းကြေးစာရွက်လည်း ရှိနေသေးတယ်။ ကျွန်မတို့ အနာဂတ်အတွက် ကျွန်မပဲ အနစ်နာခံရမှာပေါ့"

"ငါ မင်းအတွက် ဖြည့်စည်းပေးမှာပါ" သူ့ရှေ့က လှပသိမ်မွေ့သော မိန်းကလေးကိုကြည့်၍ ဆန်းရှန် ဤသို့ ဝတ္တရားကျေသော သတို့သမီးလောင်းရှိတာ ကံကောင်းသည်ဟု တွေးလိုက်မိသည်။

သို့သော် ကျန်းတန် အတွေးများကတော့ ဇူအန်ကို မည်သို့အကောင်းဆုံး ချဉ်းကပ်ရန် စဉ်းစားနေလေသည်။

....

ဇူအန် နှာအကြီးကြီး ချေလိုက်သည်။ နှာခေါင်းပွတ်၍ တိုးတိုးရေရွတ်လိုက်မိသည်။
"ဘယ်မိန်းမလှလေးက ငါ့အကြောင်း စဉ်းစားနေပါလိမ့်"

သူ့ဘေးမှ ချန်ရှို့ပင်း ကပ်ဖား၍ ခေါင်းငြိမ့်လိုက်သည်။

အစောပိုင်းက သခင်လေး အဆင့် ၅ကျင့်ကြံသူကို အနိုင်တိုက်ပြီး သူ့တန်ဖိုးကို ထုတ်ပြလိုက်တာ။ ပိုအရေးကြီးတာက ချူအိမ်ကို ပြိုင်ပွဲနိုင်ဖို့ ကူညီပေးလိုက်တာပဲ။ ဒီနေ့ကစပြီး အမြင့်ရောက်မှာ စိတ်ပူစရာမလိုတော့ဘူး။ ငါလည်း တူတူပဲ။

ဒီလိုအချိန်မျိုးမှာ သခင်လေး အကောင်းမြင်အောင် ငါကြိုးစားသင့်တယ်။

"ရှင့်မိန်းမ ဒီစကားတွေ ကြားသွားမှာ မကြောက်ဘူးလား"

စနောက်သံတစ်ခုပေါ်လာပြီး ရနံ့သင်းသင်းနှင့် ဖေးမြန့်မုန် ထွက်လာသည်။

ဇူအန် အသာရယ်၍ ပြန်ဖြေလိုက်သည်။
"ငါ့မိန်းမက တစ်ခြားမိန်းကလေးတွေရှာလည်း ကိစ္စမရှိဘူးလို့ ပြောထားတယ်"

ဖေးမြန့်မုန် ဇူအန် ထိုသို့ တုံပြန်မည်ဟု မမျှော်လင့်ထား၍ အံ့အားသင့်သွားသည်။
"ချူချူယန် အဲ့စကားတွေ ပြောလိုက်တာလား"

"သူ့ကို ဘာလို့ မေးမကြည့်လဲ" ဇူအန် ချူချူယန်ကို လက်ညှိုးထိုးပြရင်း ပြန်ပြောသည်။
"ဘယ်လိုလဲ။ ငါ့မိန်းကလေးဖြစ်ဖို့ စိတ်ဝင်စားသွားလား။ ချူချူယန်က မင်းသူငယ်ချင်းဆိုတော့ မင်းတို့နှစ်ယောက် ကောင်းကောင်းတည့်မှာပါ"

ချန်ရှို့ပင်း ထိုစကားများကြားပြီး သူ့သခင်လေးကို သတ္တိရှိကြောင်း တွေးလိုက်မိသည်။
ကြည့်ရတာ သူ့ကိုငါ အရင်က လျှော့တွက်မိထားတာထင်တယ်။ သူ့မိန်းမရှေ့တည့်တည့်မှာ သူ့သူငယ်ချင်းကို ကျီစယ်ရဲတယ်။ ဒ..ဒါ..သခင်လေး သူ့ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်တွေကို ဘယ်အချိန်မှ ငါ့ကို ထောက်ပြမှာလဲ။

"ရှင်က ကျွန်မလူဖြစ်ချင်တာလား" ဖေးမြန့်မုန် ဒေါသမထွက်ဘဲ အသာရယ်လိုက်သည်။
"မဖြစ်နိုင်တာတော့ မဟုတ်ပေမဲ့ ရှင့်ရဲ့ လက်ရှိခွန်အားက အများကြီးလိုနေသေးတယ်"

ချန်ရှို့ပင်း မျက်လုံးများ ချက်ချင်း နီရဲလာပြီး ခေါင်းအမြန် ငုံ့လိုက်သည်။ ဖေးမြန့်မုန် ကို ကြည့်ရုံဖြင့်ပင် သူ့နှလုံးခုန်သံ အလွန်မြန်လာသည်။
သူက တကယ့်ကို ညှို့နိုင်တာပဲ။ သူ့မျက်လုံးတွေကတောင် လူတိုင်းရဲ့ ဝိညာဉ်ကို ဆွဲခေါ်နိုင်တယ်။ သူနဲ့ ဒီလောက် တည်တည်ငြိမ်ငြိမ် စကားပြောနိုင်တာ သခင်လေးက လေးစားစရာပဲ။

"ငါ့ကျင့်ကြံမှု ဘယ်လောက်ထိမြင့်မှ အားကောင်းပြီလို့ သတ်မှတ်လို့ရမှာလဲ" ဇူအန် ပြုံး၍ မေးလိုက်သည်။

"အဲ့ဒီအခါကျ ရှင်သိမှာပေါ့" ချူချူယန် လောနေသည်ကို သတိထားလိုက်မိပြီး ဖေးမြန့်မုန် ရပ်လိုက်သည်။
"ဟုတ်ပြီ။ ကျွန်မ သွားတော့မယ်။ ကျွန်မတို့ ဂတိကို မမေ့နဲ့"

ပြောပြီးပြီးချင်း ထွက်သွားလေသည်။ လမ်းတစ်လျှောက် ရနံ့သင်းသင်းများသာ ကျန်ခဲ့တော့သည်။

"ရှင်တို့နှစ်ယောက် ဘာသဘောတူထားတာလဲ" ချူချူယန် ဇူအန်ကို နားမလည်စွာ မေးလိုက်သည်။

"သူတစ်ချိန်ကျ ငါ့ရဲ့ မိန်းမဖြစ်လာဖို့ သဘောတူလိုက်ကြတာ"ဇူအန် ပြန်ဖြေသည်။

ချန်ရှို့ပင်း ထိုစကားများကြောင့် အထင်ကြီးသွားရသည်။
သခင်လေးက တကယ့်စစ်သည်ပဲ။

ချူချူယန် ကတော့ ပြောစရာမရှိတော့ပေ။ ဇူအန်စကားကို အရေးမစိုက်တာ သိသာလှသည်။
"ရှင် ကျွန်မနဲ့ လိုက်ခဲ့။ လူတိုင်းက ရှင့်ကို ပြောစရာရှိနေတယ်"

ချူအိမ်ရှိရာနေရာသို့ ရောက်ရောက်ချင်း ဇူအန်အနားကို လူများစုပြုံလာသည်။

"သခင်လေး ဒီလောက် အားကောင်းမယ်လို့ မထင်ထားဘူး။ ဒါက အနီရောင်ဝတ်ရုံတပ်က ထုတ်ထားတဲ့ ဆေး.."

"ငါတို့သခင်လေးက ရန်သူကို လွယ်လွယ်ကူကူအနိုင်တိုက်လာလို့ ဘာဒဏ်ရာမှ မရဘူး။ မင်းဆေးကို သူက ဘာလုပ်ရမှာလဲ"

"ငါတို့ဆေးက ဒဏ်ရာကုရုံပဲ မဟုတ်ဘူး။ သူက ကီကိုလည်း ပြန်ဖြည့်ပေးတယ်။ သခင်လေး တိုက်ပွဲနှစ်ခုတိုက်ထားတော့ ကီအတော်များများ ကုန်နေမှာ သေချာတယ်"

"ဖော်လံဖား အုပ်စုတွေ" ဟုန်ရှင်းယင် အေးစက်စက် ပြောလိုက်သည်။ ဇူအန်ကို တစ်ခြားလူများ မြှောက်ပင့်နေခြင်းအား သူမကြည့်နိုင်ပေ။

သူတို့ထဲက တစ်ချို့ ဟုန်ရှင်းယင်ကို စိတ်ပူပြနေပြီး အခု ဇူအန်ထံ ချက်ချင်းရောက်သွားကြသည်။ ဇူအန်၏ ယနေ့အောင်မြင်မှုကြောင့် ချူအိမ်အတွင်း နေရာရမည်မှာ အသေအချာပင်။ ထိုအရာကိုမြင်သော် ဟုန်ရှင်းယင် မျက်နှာပျက်သွားသည်။

ကျစ်..လောကကြီးက တကယ့်လူသတ်ကွင်းလိုပဲ။ အခုကစပြီး ငါဘာလုပ်ရပါ့..

ထိုအချိန်တွင် သူ့မြင်ကွင်း အမှောင်ကျသွားသည်။ မျက်လုံးပင့်လိုက်သော် အိမ်တော်မှ အစေခံနှစ်ယောက် စားပွဲတစ်လုံးလာချပြီး သူ့ကို စိတ်အားသန်စွာ ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ချက်ချင်း စိတ်မရှည်စွာ မေးလိုက်သည်။
"မင်းတို့ ဘာလုပ်နေတာလဲ"

ကြည့်ရတာ ကျားနာတစ်ကောင်က ခွေးတွေရန်စတာတောင် ခံရပုံပဲ။ ဒီလို ငပျော့တွေကတောင် ငါ့ကို ရန်စရဲတယ်ပေါ့ ဟမ့်။

"ငါ့ခဲအိုနိုင်ရင် စားပွဲတစ်လုံးစားပြမယ်လို့ ဘယ်သူပြောထားတာပါလိမ့်" အသံတစ်ခု ထွက်လာသည်။

ချူဟွမ်ကျောက်က အဖြစ်ဆိုးစွာ ထမ်းစင်ပေါ် လှဲနေရတုန်းပင်။ သို့သော် လေပေါ်ခြေထောက်မြှောက်၍ ခါနေပုံကိုကြည့်ပြီး မည်မျှ စိတ်ချမ်းသာနေကြောင်း သိနိုင်သည်။

တစ်ခြားအခြေအနေသာဆိုလျှင် ဟုန်ရှင်းယင် သူ့လှပဖြောင့်တန်းသော ခြေထောက်များကို သဘောတကျ ငေးမိပေလိမ့်မည်။သို့သော် ထိုစကားများက သူ့ကို စိတ်တိုစေသည်။

ချူဟွမ်ကျောက် စားပွဲကို ပုတ်၍ ပြောလိုက်သည်။
"ကြည့်လိုက် ။ ငါက စေတနာနဲ့ နင့်အတွက် သစ်သားနီစားပွဲတောင် ရှာပေးလာသေးတယ်။ ဒါက အကောင်းဆုံးမဟုတ်ပေမဲ့ တစ်ခြားစားပွဲတွေထက် ပိုနူးညံ့တယ်။ အဲ့တာကြောင့် ငါနင့်ကို အသားယူတယ်လို့မပြောနဲ့နော်။ ပြီးတော့ ရေနွေးတစ်အိုးလည်း ကြိုထားပေးသေးတယ်။ နင့်ကို အစာကြေအောင်လို့လေ။ မလောက်ရင် ငါ့ကိုပြောလို့ရတယ်။ တစ်ခြားအစေခံတွေကို ငါသယ်ခိုင်းပေးလို့ရတယ်"

"ငါ..." ဟုန်ရှင်းယင် ပါးစပ် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသော်လည်း ပြန်ပြောရန် စကားရှာမရပေ။ သူက မေ့ချင်ယောင်မဆောင်မိ၍ ဒီလို အခြေအနေမျိုးကြုံလာရသည်ကို နောင်တရနေပြီပင်။

အဲ့တာအကုန် ဇူအန် အမှားပဲ။

သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

ဇူအန်က လူအုပ်ထံမှ လက်ဆောင်များ လက်ခံနေစဉ် ထိုအမျက်ပွိုင့်ကို သတိထားမိလိုက်သည်။ သူက ဟုန်ရှင်းယင်ဘက် လှည့်ကြည့်လိုက်သော် ချူဟွမ်ကျောက် စားပွဲတစ်လုံးအား သူ့ရှေ့ချရန် အစေခံများအား ခိုင်းနေကြောင်း တွေ့လိုက်ရသည်။

အိုး..ကြည့်ရတာ ငါ့ခယ်မလေးက ငါ့အတွက် သူ့ကို ပြန်ချေပေးနေပုံပဲ။ ဟမ်?

ထိုအချိန်မှ ချူကျုန်းထန် နှင့် ချင်ဝမ်ယွီ လည်း ဟုန်ရှင်းယင် အခြေအနေကို သတိထားမိသွားသည်။ ချူကျုန်းထန် သူ့သမီးကို မျက်စောင်းထိုး၍ အော်လိုက်သည်။
"ရမ်းကားလိုက်တာ။ မင်းဘာလုပ်နေတာလဲ"

ချူဟွမ်ကျောက် မပျော်မရွှင် နှုတ်ခမ်းဆူလိုက်ပြီး ပြန်ဖြေသည်။
"ခဲအိုပြိုင်ပွဲနိုင်ရင် စားပွဲတစ်လုံးကို နေရာတင် ထိုင်စားပြမယ်လို့ ပြောတာ သူပဲလေ။ အဖေတို့လည်း သူ့စကားကို ရှင်းရှင်းလင်းလင်း ကြားသားပဲ။ ကျွန်မက သူ့ကို တစ်ခုခုလုပ်ဖို့ အတင်းအကြပ်လုပ်နေတာမှမဟုတ်တာ"

"တော်ပြီ။ မင်းဒီလို ဟာသကို အတည်ယူလို့ ရမလား" ချင်ဝမ်ယွီ အစေခံများကို တစ်ချက်ကြည့်လိုက်ရာ ချက်ချင်း စားပွဲကို ပြန်မသွားရသည်။
"ငါတို့က တစ်အိမ်သားထဲလေ။ ရှင်းယင် အဲ့လိုစကားပြောတာ စိတ်ပူလို့ဖြစ်မှာပါ။ မင်း ပြဿနာ မရှာနဲ့တော့"

အိမ်ထိန်းဟုန်အတွက်ဖြစ်စေ ဟုန်ရှင်းယင် ချူအိမ်ကို အကျိုးပြုလာသောအချိန်များကိုဖြစ်စေ ငဲ့၍ ချင်ဝမ်ယွီ ဟုန်ရှင်းယင်ဘက်မှ ပြောပေးလိုက်သည်။ သို့သော် ဟုန်ရှင်းယင်က ထင်သလောက် ယုံကြည်ချင်စရာမကောင်းဘူးဟုတော့ တွေးလိုက်မိသည်။

ချူဟွမ်ကျောက် ထိုကိစ္စကို ပြိုင်ငြင်းချင်သော်လည်း သူ့အစ်မက လက်ဆွဲ၍ တားလိုက်သည်။ ထို့ကြောင့် မကျေမနပ်ဖြင့်သာ နေနိုင်တော့သည်။

"သခင်ကြီးနဲ့ သခင်မကို ကျေးဇူးတင်ပါတယ်" ဟုန်ရှင်းယင် ဦးညွှတ်၍ ကျေးဇူးတင်လိုက်သော်လည်း စိတ်ထဲမှ ခါးသက်နေသည်။ တစ်ခြားသူများ၏ စူးရှသော အကြည့်များကို သူခံစားမိလေသည်။

အဲ့တာအားလုံး ဇူအန် အမှားပဲ။

သင်သည် ဟုန်ရှင်းယင် ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

ဇူအန်လုံးဝ နားမလည်ချေ။
ဘာလားဟ။ ငါ့ကိုဘာလို့ အပြစ်တင်နေရတာလဲ။

သူတို့နှစ်ယောက်ကြား ပြန်တည့်ရန်အကြောင်းမရှိသောကြောင့် ရနိုင်သမျှ အမျက်ပွိုင့် ထုတ်ရန် ဇူအန် ဆုံးဖြတ်လိုက်သည်။
"တကယ်တော့ စားပွဲတစ်လုံးစားရတာ ဒီလောက်မခက်ပါဘူး။ ပျော့သွားအောင် ရက်နည်းနည်းလောက် ရေစိမ်ပြီးမှ ကိုက်စားလို့ရတယ်။ မဟုတ်ရင် အမှုန့်ကြိတ်ပြီး ရေနဲ့ဖျော်သောက်လည်း ရတာပဲ။ အရသာမရှိဘူးထင်ရင် ဂျုံမှုန့်နဲ့ရောနယ်ပြီး အကြော်ကြော်စားလေ။ မင်းအရသာကို စွဲရင်တောင် စွဲသွားဦးမှာ"

"...."ဟုန်ရှင်းယင်

"...."ချူကျုန်းထန်

"...."ချင်ဝမ်ယွီ

ငါဘာကြားလိုက်တာပါလိမ့်။ စိတ်မှန်တဲ့ ဘယ်သူက စားပွဲသားဖို့နည်းလမ်းကို ထိုင်စဉ်းစားနေမှာလဲ။

ချင်ဝမ်ယွီ အေးစက်စက်ပြောလိုက်သည်။
"အစေခံတွေ ဒဏ်ရာရတဲ့သူတွေကို အိမ်တော်အရင်ပြန်ပို့လိုက်"

အတူရှိနေလျှင် ရန်ထဖြစ်မည်စိုး၍ အမြန်လူခွဲရန် စီစဉ်လိုက်သည်။

ဇူအန် ဝင်လာသော အမျက်ပွိုင့်များကိုကြည့်၍ ဝမ်းသာနေသည်။
အင်း ကောင်းပြီလေ။ အခုတော့ အနားယူသင့်တယ် ထင်တာပဲ။ ရေရှည်ကို တွေးရမယ်လေ။ ဟုန်ရှင်းယင်ကို အခုစိတ်လွတ်အောင်လုပ်လိုက်ရင် နောက်ဆို သူ့ဆီက ဘာမှမရတော့မှာ စိုးရိမ်ရတယ်။

ဟုန်ရှင်းယင် ဒဏ်ရာရသူအဖြစ် ပြန်ပို့ခံရပြီးနောက် ကျန်သူများလည်း အထုတ်ပြင်၍ အိမ်တော်ပြန်ကြလေသည်။

အိမ်ရောက်သည်နှင့် ချူကျုန်းထန် နှင့် ချင်ဝမ်ယွီ က အခြားသူများကို အပြင်တွင်စောင့်ခိုင်းပြီး ဇူအန်တစ်ယောင်တည်းကို စာကြည့်ခန်းတွင်း ခေါ်လိုက်သည်။

ဇူအန် ဒီအချိန်တွင် အဆင့်တက်ရန် ဝင်သွားသည်ဟု လူတိုင်းထင်နေသည်။ ထို့ကြောင့် ဇူအန်နှင့် နီးစပ်ရန် နည်းလမ်းစဉ်းစားနေကြသည်။ အရင်က သူ့ကို လှောင်ဖူးသူများလည်း နောင်တရ၍ ဇူအန်နှင့် ပြန်ပြေလည်ရန် အသည်းအသန်ဖြစ်နေကြသည်။

စာကြည့်ခန်းအတွင်းတွင် တံခါးပိတ်ပြီးပြီးချင်း ဇူအန် အားရပါးရ အော်ရယ်လိုက်သည်။
"တကယ်တော့ ကျုပ်ကို သိပ်ကျေးဇူးတင်ဖို့ မလိုပါဘူး။ ချူယန်က ကျုပ်ဇနီးဆိုတော့ ချူအိမ်အတွက် ကျုပ်က လုပ်ပေးသင့်ပါတယ်။ ဒါပေါ့ ကျုပ်ကို ငွေစတစ်သိန်းတို့ဘာတို့ ဆုပေးချင်ရင်လည်း ကျုပ်က ဝမ်းသာအားရ လက်ခံရမှာပေါ့။ မဟုတ်ရင် လှလှပပအစေခံတစ်ယောက်ဆိုလည်း မဆိုးပါဘူး"

"..."ချူကျုန်းထန်

"..."ချင်ဝမ်ယွီ

"..."ချူချူယန်

"အိပ်မက်မက်နေလေ" ထပ်သည်းမခံနိုင်တော့ပဲ ချင်ဝမ်ယွီ စားပွဲကိုရိုက်၍ မေးခွန်းထုတ်လိုက်သည်။

"ပြောစမ်း နင့်ကို ဘယ်သူ ပို့လိုက်တာလဲ"

-------------------------------------------------------------------------------

124

"ေက်းဇူးပါ ေက်းဇူးပါ " ဇူအန္ ပိုက္ဆံမ်ားစြာ ရလိုက္ၿပီး ခ်န္ရွို႔ပင္း၏ စိတ္မခ်ရေသာ စရိုက္ကို အသုံးခ်ရန္ နည္းလမ္းစဥ္းစားမိသြားေသာေၾကာင့္ စိတ္ခ်မ္းသာေနသည္။

ဆန္းရွန္ ႏွင့္ က်န္းတန္ စကားအနည္းငယ္ေျပာၿပီးမွ ထြက္သြားၾကသည္။ ဇူအန္အျမင္ကြယ္ရာ ေရာက္ေရာက္ခ်င္း ဆန္းရွန္ မ်က္ႏွာ ခ်က္ခ်င္း႐ုပ္ဆိုးသြားသည္။
"ေသစမ္း ငါဘာလို႔ ႐ူး႐ုးမိုက္မိုက္နဲ႕ ေလာင္းေၾကးေျပာင္းေပးလိုက္ရတာလဲ"
က်န္းတန္လည္း ခါးသက္သက္ မ်က္ႏွာရွိေနသည္။
"စာဖတ္ေဖာ္တစ္ေယာက္က သခင္ရဲ႕အမိန့္ကို စိတ္တိုင္းက်ေျပာင္းရဲတဲ့အထိ အတင့္ရဲမယ္လို႔ ဘယ္သူက ထင္မွာလဲ"

ဆန္းရွန္ ထိုစကားမ်ားကို သေဘာတူေလသည္။ ႐ုတ္တရက္ အေတြးတစ္ခုေပၚလာၿပီး
"ဒါက တကယ္ကို အဓိပၸာယ္ မရွိဘူး။ ဇူအန္ကို ငါတို႔ေလာင္းေၾကးေျပာင္းလိမ့္မယ္လို႔ ႀကိဳခန့္မွန္းထားၿပိး ယြမ္အိမ္ကို သတင္းမွားေပးဖို႔ တမင္ အရႈံးဘက္ကေလာင္းတာလို႔ မင္းထင္လား"

"သူသာ အဲ့ေလာက္ အရွည္ႀကီး ေတြးနိုင္ရင္ သူက တကယ္ ေၾကာက္စရာေကာင္းတဲ့လူျဖစ္သြားလိမ့္မယ္" က်န္းတန္ ေခါင္းယမ္းလိုက္သည္။
"သူအဲ့ေလာက္အထိ ကြၽန္မတို႔လုပ္ရပ္ကို ခန့္မွန္းနိုင္မယ္လို႔ ကြၽန္မ မထင္ဘူး။ သူက ယြမ္အိမ္ကို လွည့္စားဖို႔ ေငြစ တစ္ေသာင္း အဆုံးခံလိုက္တာျဖစ္ရမယ္။ ကြၽန္မတို႔ ေလာင္းေၾကးကိုေျပာင္းမိသြားတာ ျဖစ္ရမယ္"

"ေသစမ္း" ဆန္းရွန္ အခုတေလာ ကံမေကာင္းဘူးလို႔ ခံစားမိသည္။ ဘာလုပ္လုပ္ အဆင္မေခ်ာေပ။

သင္သည္ ဆန္းရွန္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရယူလိုက္သည္။

"ကြၽန္မတို႔ရဲ႕ စာ႐ြက္လဲမယ့္ အစီအစဥ္ကပ်က္စီးသြားၿပီ ။ ဘာဆက္လုပ္ၾကမလဲ" က်န္းတန္ ယခင္ေရးထားေသာ ေလာင္းေၾကးစာ႐ြက္ကို ဆုတ္ၿဖဲလိုက္ၿပီး ေမးေလသည္။

"ၾကည့္ရတာ မင္းကိုပဲ အားကိုးရေတာ့မယ္ ထင္တယ္" ဆန္းရွန္ က်န္းတန္ ကို ၾကည့္၍ ေျပာလိုက္သည္။

က်န္းတန္ မ်က္ႏွာ ေအးစက္သြားသည္။
"ရွင္က ကြၽန္မကို ပ်ားရည္ေထာင္ေခ်ာက္ ထပ္ဆင္ခိုင္းတာလား"

ဆန္းရွန္ ရွက္ကိုးရွက္ကန္း ၿပဳံးလိုက္ၿပီး
"မင္းက ေငြစ ၇သန်းခွဲ ရွာရမွာပဲ။ အပို စာ႐ြက္တစ္ခု ရွာရတာ..."

က်န္းတန္ မေက်နပ္ေသာမ်က္ႏွာထားျဖင့္ စကားျဖတ္ေျပာလိုက္သည္။
"ဆန္းရွန္ ရွင့္ရဲ႕ သတို႔သမီးေလာင္းကို ဘာလို႔ တစ္ျခားေယာက္်ားရင္ခြင္ထဲ တြန္းပို႔ေနရတာလဲ။ ရွင့္မွာ အဲ့တာနဲ႕ပတ္သက္ၿပီး ထူးဆန္းတဲ့ စြဲလမ္းမႈေတြ ဘာေတြ ရွိေနလား"

ဆန္းရွန္ ခ်က္ခ်င္း စိတ္ဆတ္သြားသည္။
"ငါက မင္းကို တကယ္လုပ္ဖို႔ေျပာေနတာမွ မဟုတ္တာ။ သူမင္းကို အသားမယူနိုင္ဘူးလို႔ မင္းပဲေျပာတယ္ေလ။ငါက မင္းခႏၶာကိုယ္ကို ေရာင္းခိုင္းေနသလို ဘာလို႔ေျပာေနတာလဲ"

က်န္းတန္ မ်က္လုံးနီ၍ မ်က္ရည္ဝဲလာသည္။
"ျမစ္နားမွာ လမ္းေလွ်ာက္တဲ့လူက ေျခေထာက္ ေရေတာ့စိုမွာပဲ။ ဇူအန္က ေကာလဟလေတြထဲကေလာက္ မေပ်ာ္ညံ့ဘူး။ သူတကယ္ ကြၽန္မကို အသားယူခ်င္ရင္ ကြၽန္မ လူေတြကို ေတြ႕ဖို႔ မ်က္ႏွာရွိမွာ မဟုတ္ေတာ့ဘူး"

အမွန္ေတာ့ ဇူအန္ကို ခ်ဥ္းကပ္ရန္ ထိုမွ် မဆန့္က်င္ေပ။ သို႔ေသာ္ စိတ္ပါေၾကာင္း ဒီေနရာတြင္ ေဖာ္ျပ၍မရ။ ဆန္းရွန္ အားနာၿပီး သူ႕ကို အတင္းဖိအားေပးသလိုျဖစ္ေအာင္ လုပ္ရမည္။ ထိုအခါမွ ဆန္းရွန္ သူ႕ကို တန္ဖိုးထား၍ လက္ထပ္ၿပီးေနာက္ပိုင္း ဒီကိစၥကို ျပန္မေဖာ္ေစရန္ပင္။

က်န္းတန္မ်က္ႏွာမွ သနားစရာ႐ုပ္ကိုၾကည့္၍ ဆန္းရွန္ ရင္နာသြားသည္။ အျမန္ ႏွစ္သိမ့္လိုက္ၿပီး
"မင္းကို အၾကပ္ရိုက္ေစတာ ငါသိပါတယ္။စိတ္မပူနဲ႕ ငါမင္းကို ကာကြယ္မွာပါ။ ဇူအန္မင္းကို အနိုင္က်င့္ရဲရင္ သူ႕အသက္ကို ငါႏႈပ္ပစ္မယ္လို႔ အာမခံရဲတယ္"

"တကယ္လား" က်န္းတန္ ႀကီးမား႐ႊန္းလဲ့ေသာ မ်က္လုံးမ်ားျဖင့္ ဇူအန္ကို ၾကည့္လိုက္သည္။

"ဒါေပါ့" ဆန္းရွန္ လွပေသာ သူ႕သတို႔သမီးေလာင္းကိုၾကည့္၍ စိတ္ေပ်ာ့သြားသည္။
"ထားလိုက္ပါေတာ့။ အဲ့ဒီ ေငြစ ၇သန်းခွဲ ကို ေမ့လိုက္ေတာ့။ ငါတို႔ မစြန့္စားသင့္ဘူး"

သို႔ေသာ္ က်န္းတန္ ေခါင္းမာစြာ ျငင္းပယ္လိုက္သည္။
"အဲ့လိုဆို မျဖစ္ဘူး။ ရွင့္အစီအစဥ္ေတြအတြက္ အဲ့ဒီ အေႂကြးစာခ်ဳပ္က အေရးႀကီးတယ္။ ၿပီးေတာ့ ကြၽန္မတို႔တဲ့ ေငြစ တစ္သန္း တန္ ေလာင္းေၾကးစာ႐ြက္လည္း ရွိေနေသးတယ္။ ကြၽန္မတို႔ အနာဂတ္အတြက္ ကြၽန္မပဲ အနစ္နာခံရမွာေပါ့"

"ငါ မင္းအတြက္ ျဖည့္စည္းေပးမွာပါ" သူ႕ေရွ႕က လွပသိမ္ေမြ႕ေသာ မိန္းကေလးကိုၾကည့္၍ ဆန္းရွန္ ဤသို႔ ဝတၱရားေက်ေသာ သတို႔သမီးေလာင္းရွိတာ ကံေကာင္းသည္ဟု ေတြးလိုက္မိသည္။

သို႔ေသာ္ က်န္းတန္ အေတြးမ်ားကေတာ့ ဇူအန္ကို မည္သို႔အေကာင္းဆုံး ခ်ဥ္းကပ္ရန္ စဥ္းစားေနေလသည္။

....

ဇူအန္ ႏွာအႀကီးႀကီး ေခ်လိဳက္သည္။ ႏွာေခါင္းပြတ္၍ တိုးတိုးေရ႐ြတ္လိုက္မိသည္။
"ဘယ္မိန္းမလွေလးက ငါ့အေၾကာင္း စဥ္းစားေနပါလိမ့္"

သူ႕ေဘးမွ ခ်န္ရွို႔ပင္း ကပ္ဖား၍ ေခါင္းၿငိမ့္လိုက္သည္။

အေစာပိုင္းက သခင္ေလး အဆင့္ ၅က်င့္ႀကံသူကို အနိုင္တိုက္ၿပီး သူ႕တန္ဖိုးကို ထုတ္ျပလိုက္တာ။ ပိုအေရးႀကီးတာက ခ်ဴအိမ္ကို ၿပိဳင္ပြဲနိုင္ဖို႔ ကူညီေပးလိုက္တာပဲ။ ဒီေန႕ကစၿပီး အျမင့္ေရာက္မွာ စိတ္ပူစရာမလိုေတာ့ဘူး။ ငါလည္း တူတူပဲ။

ဒီလိုအခ်ိန္မ်ိဳးမွာ သခင္ေလး အေကာင္းျမင္ေအာင္ ငါႀကိဳးစားသင့္တယ္။

"ရွင့္မိန္းမ ဒီစကားေတြ ၾကားသြားမွာ မေၾကာက္ဘူးလား"

စေနာက္သံတစ္ခုေပၚလာၿပီး ရနံ႕သင္းသင္းႏွင့္ ေဖးျမန့္မုန္ ထြက္လာသည္။

ဇူအန္ အသာရယ္၍ ျပန္ေျဖလိုက္သည္။
"ငါ့မိန္းမက တစ္ျခားမိန္းကေလးေတြရွာလည္း ကိစၥမရွိဘူးလို႔ ေျပာထားတယ္"

ေဖးျမန့္မုန္ ဇူအန္ ထိုသို႔ တုံျပန္မည္ဟု မေမွ်ာ္လင့္ထား၍ အံ့အားသင့္သြားသည္။
"ခ်ဴခ်ဴယန္ အဲ့စကားေတြ ေျပာလိုက္တာလား"

"သူ႕ကို ဘာလို႔ ေမးမၾကည့္လဲ" ဇူအန္ ခ်ဴခ်ဴယန္ကို လက္ညွိုးထိုးျပရင္း ျပန္ေျပာသည္။
"ဘယ္လိုလဲ။ ငါ့မိန္းကေလးျဖစ္ဖို႔ စိတ္ဝင္စားသြားလား။ ခ်ဴခ်ဴယန္က မင္းသူငယ္ခ်င္းဆိုေတာ့ မင္းတို႔ႏွစ္ေယာက္ ေကာင္းေကာင္းတည့္မွာပါ"

ခ်န္ရွို႔ပင္း ထိုစကားမ်ားၾကားၿပီး သူ႕သခင္ေလးကို သတၱိရွိေၾကာင္း ေတြးလိုက္မိသည္။
ၾကည့္ရတာ သူ႕ကိုငါ အရင္က ေလွ်ာ့တြက္မိထားတာထင္တယ္။ သူ႕မိန္းမေရွ႕တည့္တည့္မွာ သူ႕သူငယ္ခ်င္းကို က်ီစယ္ရဲတယ္။ ဒ..ဒါ..သခင္ေလး သူ႕ရဲ႕ ေအာင္ျမင္မႈလွ်ို႔ဝွက္ခ်က္ေတြကို ဘယ္အခ်ိန္မွ ငါ့ကို ေထာက္ျပမွာလဲ။

"ရွင္က ကြၽန္မလူျဖစ္ခ်င္တာလား" ေဖးျမန့္မုန္ ေဒါသမထြက္ဘဲ အသာရယ္လိုက္သည္။
"မျဖစ္နိုင္တာေတာ့ မဟုတ္ေပမဲ့ ရွင့္ရဲ႕ လက္ရွိခြန္အားက အမ်ားႀကီးလိုေနေသးတယ္"

ခ်န္ရွို႔ပင္း မ်က္လုံးမ်ား ခ်က္ခ်င္း နီရဲလာၿပီး ေခါင္းအျမန္ ငုံ႕လိုက္သည္။ ေဖးျမန့္မုန္ ကို ၾကည့္႐ုံျဖင့္ပင္ သူ႕ႏွလုံးခုန္သံ အလြန္ျမန္လာသည္။
သူက တကယ့္ကို ညွို႔နိုင္တာပဲ။ သူ႕မ်က္လုံးေတြကေတာင္ လူတိုင္းရဲ႕ ဝိညာဥ္ကို ဆြဲေခၚနိုင္တယ္။ သူနဲ႕ ဒီေလာက္ တည္တည္ၿငိမ္ၿငိမ္ စကားေျပာနိုင္တာ သခင္ေလးက ေလးစားစရာပဲ။

"ငါ့က်င့္ႀကံမႈ ဘယ္ေလာက္ထိျမင့္မွ အားေကာင္းၿပီလို႔ သတ္မွတ္လို႔ရမွာလဲ" ဇူအန္ ၿပဳံး၍ ေမးလိုက္သည္။

"အဲ့ဒီအခါက် ရွင္သိမွာေပါ့" ခ်ဴခ်ဴယန္ ေလာေနသည္ကို သတိထားလိုက္မိၿပီး ေဖးျမန့္မုန္ ရပ္လိုက္သည္။
"ဟုတ္ၿပီ။ ကြၽန္မ သြားေတာ့မယ္။ ကြၽန္မတို႔ ဂတိကို မေမ့နဲ႕"

ေျပာၿပီးၿပီးခ်င္း ထြက္သြားေလသည္။ လမ္းတစ္ေလွ်ာက္ ရနံ႕သင္းသင္းမ်ားသာ က်န္ခဲ့ေတာ့သည္။

"ရွင္တို႔ႏွစ္ေယာက္ ဘာသေဘာတူထားတာလဲ" ခ်ဴခ်ဴယန္ ဇူအန္ကို နားမလည္စြာ ေမးလိုက္သည္။

"သူတစ္ခ်ိန္က် ငါ့ရဲ႕ မိန္းမျဖစ္လာဖို႔ သေဘာတူလိုက္ၾကတာ"ဇူအန္ ျပန္ေျဖသည္။

ခ်န္ရွို႔ပင္း ထိုစကားမ်ားေၾကာင့္ အထင္ႀကီးသြားရသည္။
သခင္ေလးက တကယ့္စစ္သည္ပဲ။

ခ်ဴခ်ဴယန္ ကေတာ့ ေျပာစရာမရွိေတာ့ေပ။ ဇူအန္စကားကို အေရးမစိုက္တာ သိသာလွသည္။
"ရွင္ ကြၽန္မနဲ႕ လိုက္ခဲ့။ လူတိုင္းက ရွင့္ကို ေျပာစရာရွိေနတယ္"

ခ်ဴအိမ္ရွိရာေနရာသို႔ ေရာက္ေရာက္ခ်င္း ဇူအန္အနားကို လူမ်ားစုၿပဳံလာသည္။

"သခင္ေလး ဒီေလာက္ အားေကာင္းမယ္လို႔ မထင္ထားဘူး။ ဒါက အနီေရာင္ဝတ္႐ုံတပ္က ထုတ္ထားတဲ့ ေဆး.."

"ငါတို႔သခင္ေလးက ရန္သူကို လြယ္လြယ္ကူကူအနိုင္တိုက္လာလို႔ ဘာဒဏ္ရာမွ မရဘူး။ မင္းေဆးကို သူက ဘာလုပ္ရမွာလဲ"

"ငါတို႔ေဆးက ဒဏ္ရာကု႐ုံပဲ မဟုတ္ဘူး။ သူက ကီကိုလည္း ျပန္ျဖည့္ေပးတယ္။ သခင္ေလး တိုက္ပြဲႏွစ္ခုတိုက္ထားေတာ့ ကီအေတာ္မ်ားမ်ား ကုန္ေနမွာ ေသခ်ာတယ္"

"ေဖာ္လံဖား အုပ္စုေတြ" ဟုန္ရွင္းယင္ ေအးစက္စက္ ေျပာလိုက္သည္။ ဇူအန္ကို တစ္ျခားလူမ်ား ျမႇောက္ပင့္ေနျခင္းအား သူမၾကည့္နိုင္ေပ။

သူတို႔ထဲက တစ္ခ်ိဳ႕ ဟုန္ရွင္းယင္ကို စိတ္ပူျပေနၿပီး အခု ဇူအန္ထံ ခ်က္ခ်င္းေရာက္သြားၾကသည္။ ဇူအန္၏ ယေန႕ေအာင္ျမင္မႈေၾကာင့္ ခ်ဴအိမ္အတြင္း ေနရာရမည္မွာ အေသအခ်ာပင္။ ထိုအရာကိုျမင္ေသာ္ ဟုန္ရွင္းယင္ မ်က္ႏွာပ်က္သြားသည္။

က်စ္..ေလာကႀကီးက တကယ့္လူသတ္ကြင္းလိုပဲ။ အခုကစၿပီး ငါဘာလုပ္ရပါ့..

ထိုအခ်ိန္တြင္ သူ႕ျမင္ကြင္း အေမွာင္က်သြားသည္။ မ်က္လုံးပင့္လိုက္ေသာ္ အိမ္ေတာ္မွ အေစခံႏွစ္ေယာက္ စားပြဲတစ္လုံးလာခ်ၿပီး သူ႕ကို စိတ္အားသန္စြာ ၾကည့္ေနေၾကာင္း ေတြ႕လိုက္ရသည္။ ခ်က္ခ်င္း စိတ္မရွည္စြာ ေမးလိုက္သည္။
"မင္းတို႔ ဘာလုပ္ေနတာလဲ"

ၾကည့္ရတာ က်ားနာတစ္ေကာင္က ေခြးေတြရန္စတာေတာင္ ခံရပုံပဲ။ ဒီလို ငေပ်ာ့ေတြကေတာင္ ငါ့ကို ရန္စရဲတယ္ေပါ့ ဟမ့္။

"ငါ့ခဲအိုနိုင္ရင္ စားပြဲတစ္လုံးစားျပမယ္လို႔ ဘယ္သူေျပာထားတာပါလိမ့္" အသံတစ္ခု ထြက္လာသည္။

ခ်ဴဟြမ္ေက်ာက္က အျဖစ္ဆိုးစြာ ထမ္းစင္ေပၚ လွဲေနရတုန္းပင္။ သို႔ေသာ္ ေလေပၚေျခေထာက္ျမႇောက္၍ ခါေနပုံကိုၾကည့္ၿပီး မည္မွ် စိတ္ခ်မ္းသာေနေၾကာင္း သိနိုင္သည္။

တစ္ျခားအေျခအေနသာဆိုလွ်င္ ဟုန္ရွင္းယင္ သူ႕လွပေျဖာင့္တန္းေသာ ေျခေထာက္မ်ားကို သေဘာတက် ေငးမိေပလိမ့္မည္။သို႔ေသာ္ ထိုစကားမ်ားက သူ႕ကို စိတ္တိုေစသည္။

ခ်ဴဟြမ္ေက်ာက္ စားပြဲကို ပုတ္၍ ေျပာလိုက္သည္။
"ၾကည့္လိုက္ ။ ငါက ေစတနာနဲ႕ နင့္အတြက္ သစ္သားနီစားပြဲေတာင္ ရွာေပးလာေသးတယ္။ ဒါက အေကာင္းဆုံးမဟုတ္ေပမဲ့ တစ္ျခားစားပြဲေတြထက္ ပိုႏူးညံ့တယ္။ အဲ့တာေၾကာင့္ ငါနင့္ကို အသားယူတယ္လို႔မေျပာနဲ႕ေနာ္။ ၿပီးေတာ့ ေရႏြေးတစ္အိုးလည္း ႀကိဳထားေပးေသးတယ္။ နင့္ကို အစာေၾကေအာင္လို႔ေလ။ မေလာက္ရင္ ငါ့ကိုေျပာလို႔ရတယ္။ တစ္ျခားအေစခံေတြကို ငါသယ္ခိုင္းေပးလို႔ရတယ္"

"ငါ..." ဟုန္ရွင္းယင္ ပါးစပ္ ဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနေသာ္လည္း ျပန္ေျပာရန္ စကားရွာမရေပ။ သူက ေမ့ခ်င္ေယာင္မေဆာင္မိ၍ ဒီလို အေျခအေနမ်ိဳးႀကဳံလာရသည္ကို ေနာင္တရေနၿပီပင္။

အဲ့တာအကုန္ ဇူအန္ အမွားပဲ။

သင္သည္ ဟုန္ရွင္းယင္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရယူလိုက္သည္။

ဇူအန္က လူအုပ္ထံမွ လက္ေဆာင္မ်ား လက္ခံေနစဥ္ ထိုအမ်က္ပြိုင့္ကို သတိထားမိလိုက္သည္။ သူက ဟုန္ရွင္းယင္ဘက္ လွည့္ၾကည့္လိုက္ေသာ္ ခ်ဴဟြမ္ေက်ာက္ စားပြဲတစ္လုံးအား သူ႕ေရွ႕ခ်ရန္ အေစခံမ်ားအား ခိုင္းေနေၾကာင္း ေတြ႕လိုက္ရသည္။

အိုး..ၾကည့္ရတာ ငါ့ခယ္မေလးက ငါ့အတြက္ သူ႕ကို ျပန္ေခ်ေပးေနပုံပဲ။ ဟမ္?

ထိုအခ်ိန္မွ ခ်ဴက်ဳန္းထန္ ႏွင့္ ခ်င္ဝမ္ယြီ လည္း ဟုန္ရွင္းယင္ အေျခအေနကို သတိထားမိသြားသည္။ ခ်ဴက်ဳန္းထန္ သူ႕သမီးကို မ်က္ေစာင္းထိုး၍ ေအာ္လိုက္သည္။
"ရမ္းကားလိုက္တာ။ မင္းဘာလုပ္ေနတာလဲ"

ခ်ဴဟြမ္ေက်ာက္ မေပ်ာ္မ႐ႊင္ ႏႈတ္ခမ္းဆူလိုက္ၿပီး ျပန္ေျဖသည္။
"ခဲအိုၿပိဳင္ပြဲနိုင္ရင္ စားပြဲတစ္လုံးကို ေနရာတင္ ထိုင္စားျပမယ္လို႔ ေျပာတာ သူပဲေလ။ အေဖတို႔လည္း သူ႕စကားကို ရွင္းရွင္းလင္းလင္း ၾကားသားပဲ။ ကြၽန္မက သူ႕ကို တစ္ခုခုလုပ္ဖို႔ အတင္းအၾကပ္လုပ္ေနတာမွမဟုတ္တာ"

"ေတာ္ၿပီ။ မင္းဒီလို ဟာသကို အတည္ယူလို႔ ရမလား" ခ်င္ဝမ္ယြီ အေစခံမ်ားကို တစ္ခ်က္ၾကည့္လိုက္ရာ ခ်က္ခ်င္း စားပြဲကို ျပန္မသြားရသည္။
"ငါတို႔က တစ္အိမ္သားထဲေလ။ ရွင္းယင္ အဲ့လိုစကားေျပာတာ စိတ္ပူလို႔ျဖစ္မွာပါ။ မင္း ျပႆနာ မရွာနဲ႕ေတာ့"

အိမ္ထိန္းဟုန္အတြက္ျဖစ္ေစ ဟုန္ရွင္းယင္ ခ်ဴအိမ္ကို အက်ိဳးျပဳလာေသာအခ်ိန္မ်ားကိုျဖစ္ေစ ငဲ့၍ ခ်င္ဝမ္ယြီ ဟုန္ရွင္းယင္ဘက္မွ ေျပာေပးလိုက္သည္။ သို႔ေသာ္ ဟုန္ရွင္းယင္က ထင္သေလာက္ ယုံၾကည္ခ်င္စရာမေကာင္းဘူးဟုေတာ့ ေတြးလိုက္မိသည္။

ခ်ဴဟြမ္ေက်ာက္ ထိုကိစၥကို ၿပိဳင္ျငင္းခ်င္ေသာ္လည္း သူ႕အစ္မက လက္ဆြဲ၍ တားလိုက္သည္။ ထို႔ေၾကာင့္ မေက်မနပ္ျဖင့္သာ ေနနိုင္ေတာ့သည္။

"သခင္ႀကီးနဲ႕ သခင္မကို ေက်းဇူးတင္ပါတယ္" ဟုန္ရွင္းယင္ ဦးၫႊတ္၍ ေက်းဇူးတင္လိုက္ေသာ္လည္း စိတ္ထဲမွ ခါးသက္ေနသည္။ တစ္ျခားသူမ်ား၏ စူးရွေသာ အၾကည့္မ်ားကို သူခံစားမိေလသည္။

အဲ့တာအားလုံး ဇူအန္ အမွားပဲ။

သင္သည္ ဟုန္ရွင္းယင္ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရယူလိုက္သည္။

ဇူအန္လုံးဝ နားမလည္ေခ်။
ဘာလားဟ။ ငါ့ကိုဘာလို႔ အျပစ္တင္ေနရတာလဲ။

သူတို႔ႏွစ္ေယာက္ၾကား ျပန္တည့္ရန္အေၾကာင္းမရွိေသာေၾကာင့္ ရနိုင္သမွ် အမ်က္ပြိုင့္ ထုတ္ရန္ ဇူအန္ ဆုံးျဖတ္လိုက္သည္။
"တကယ္ေတာ့ စားပြဲတစ္လုံးစားရတာ ဒီေလာက္မခက္ပါဘူး။ ေပ်ာ့သြားေအာင္ ရက္နည္းနည္းေလာက္ ေရစိမ္ၿပီးမွ ကိုက္စားလို႔ရတယ္။ မဟုတ္ရင္ အမႈန့္ႀကိတ္ၿပီး ေရနဲ႕ေဖ်ာ္ေသာက္လည္း ရတာပဲ။ အရသာမရွိဘူးထင္ရင္ ဂ်ဳံမႈန့္နဲ႕ေရာနယ္ၿပီး အေၾကာ္ေၾကာ္စားေလ။ မင္းအရသာကို စြဲရင္ေတာင္ စြဲသြားဦးမွာ"

"...."ဟုန္ရွင္းယင္

"...."ခ်ဴက်ဳန္းထန္

"...."ခ်င္ဝမ္ယြီ

ငါဘာၾကားလိုက္တာပါလိမ့္။ စိတ္မွန္တဲ့ ဘယ္သူက စားပြဲသားဖို႔နည္းလမ္းကို ထိုင္စဥ္းစားေနမွာလဲ။

ခ်င္ဝမ္ယြီ ေအးစက္စက္ေျပာလိုက္သည္။
"အေစခံေတြ ဒဏ္ရာရတဲ့သူေတြကို အိမ္ေတာ္အရင္ျပန္ပို႔လိုက္"

အတူရွိေနလွ်င္ ရန္ထျဖစ္မည္စိုး၍ အျမန္လူခြဲရန္ စီစဥ္လိုက္သည္။

ဇူအန္ ဝင္လာေသာ အမ်က္ပြိုင့္မ်ားကိုၾကည့္၍ ဝမ္းသာေနသည္။
အင္း ေကာင္းၿပီေလ။ အခုေတာ့ အနားယူသင့္တယ္ ထင္တာပဲ။ ေရရွည္ကို ေတြးရမယ္ေလ။ ဟုန္ရွင္းယင္ကို အခုစိတ္လြတ္ေအာင္လုပ္လိုက္ရင္ ေနာက္ဆို သူ႕ဆီက ဘာမွမရေတာ့မွာ စိုးရိမ္ရတယ္။

ဟုန္ရွင္းယင္ ဒဏ္ရာရသူအျဖစ္ ျပန္ပို႔ခံရၿပီးေနာက္ က်န္သူမ်ားလည္း အထုတ္ျပင္၍ အိမ္ေတာ္ျပန္ၾကေလသည္။

အိမ္ေရာက္သည္ႏွင့္ ခ်ဴက်ဳန္းထန္ ႏွင့္ ခ်င္ဝမ္ယြီ က အျခားသူမ်ားကို အျပင္တြင္ေစာင့္ခိုင္းၿပီး ဇူအန္တစ္ေယာင္တည္းကို စာၾကည့္ခန္းတြင္း ေခၚလိုက္သည္။

ဇူအန္ ဒီအခ်ိန္တြင္ အဆင့္တက္ရန္ ဝင္သြားသည္ဟု လူတိုင္းထင္ေနသည္။ ထို႔ေၾကာင့္ ဇူအန္ႏွင့္ နီးစပ္ရန္ နည္းလမ္းစဥ္းစားေနၾကသည္။ အရင္က သူ႕ကို ေလွာင္ဖူးသူမ်ားလည္း ေနာင္တရ၍ ဇူအန္ႏွင့္ ျပန္ေျပလည္ရန္ အသည္းအသန္ျဖစ္ေနၾကသည္။

စာၾကည့္ခန္းအတြင္းတြင္ တံခါးပိတ္ၿပီးၿပီးခ်င္း ဇူအန္ အားရပါးရ ေအာ္ရယ္လိုက္သည္။
"တကယ္ေတာ့ က်ဳပ္ကို သိပ္ေက်းဇူးတင္ဖို႔ မလိုပါဘူး။ ခ်ဴယန္က က်ဳပ္ဇနီးဆိုေတာ့ ခ်ဴအိမ္အတြက္ က်ဳပ္က လုပ္ေပးသင့္ပါတယ္။ ဒါေပါ့ က်ဳပ္ကို ေငြစတစ္သိန္းတို႔ဘာတို႔ ဆုေပးခ်င္ရင္လည္း က်ဳပ္က ဝမ္းသာအားရ လက္ခံရမွာေပါ့။ မဟုတ္ရင္ လွလွပပအေစခံတစ္ေယာက္ဆိုလည္း မဆိုးပါဘူး"

"..."ခ်ဴက်ဳန္းထန္

"..."ခ်င္ဝမ္ယြီ

"..."ခ်ဴခ်ဴယန္

"အိပ္မက္မက္ေနေလ" ထပ္သည္းမခံနိုင္ေတာ့ပဲ ခ်င္ဝမ္ယြီ စားပြဲကိုရိုက္၍ ေမးခြန္းထုတ္လိုက္သည္။

"ေျပာစမ္း နင့္ကို ဘယ္သူ ပို႔လိုက္တာလဲ"

-------------------------------------------------------------------------------

Continue Reading

You'll Also Like

78.5K 10.7K 77
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
259K 24.9K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
240K 17.2K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
380K 25.5K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"