ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.1K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

122

336 47 1
By SoeHmue

122.

ထိုအချိန်တွင် ဝူဝေ့နှင့် ယွမ်ကျန်းချူ တို့ ယွမ်ဝမ်ဒုံ ဇူအန်ကို အကြောဖြတ်ပြီးသောရလဒ်ကိုကြည့်ရန် ကြိုးဝိုင်းဘက် လှည့်လိုက်သည်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းက နှစ်ယောက်လုံးကို ပါးစပ်ဟောင်းလောင်းဖြစ်စေသည်။

ယွမ်ကျန်းချူ ခေတ္တကြောင်သွားပြီးမှ ပေါက်ကွဲလေသည်။ ရက်စက်သောမျက်နှာဖြင့် ဇူအန်ထံ ပြေးဝင်လာပြီး
"မင်းငါ့သားကို ဒဏ်ရာရအောင်လုပ်ရဲတာလဲ။ သေစမ်း"

သင်သည် ယွမ်ကျန်းချူ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

ယွမ်ကျန်းချူ ကျင့်ကြံမှုက မြို့တော်ဝန်နှစ်ယောက်အောက် နိမ့်ကျသော်လည်း ဇူအန်ကို သတ်ရန် အပန်းမကြီးပေ။ သူက ဖူအန်ရှောင်ချင်ရင်တောင် ရှောင်မရသော အားတစ်ခု ပစ်သွင်းလိုက်သည်။

သို့သော် လူတစ်ယောက် ဇူအန်ရှေ့ရပ်လိုက်၍ ဇူအန်ရှောင်စရာပင် မလိုချေ။ ချူကျုန်းထန် ယွမ်ကျန်းချူတိုက်ခိုက်မှုကို တားလိုက်ပြီး သရော်ပြုံးဖြင့်
"ယွမ်ခေါင်းဆောင် ဒါက လူငယ်တွေရဲ့ တိုက်ပွဲပါ။ ခင်ဗျား ဝင်ပါတာ နိမ့်ကျလွန်းတယ် မထင်ဘူးလား"

ယွမ်ကျန်းချူကို ထိုစကားများ ပြန်ပြောနိုင်ခြင်းကြောင့် အလွန်စိတ်ချမ်းသာသွားသည်။ သူက လူကောင်းတစ်ယောက်ဖြစ်သော်လည်း လူတိုင်းသူ့ကို အနိုင်ကျင့်၍ ရသည်ဟု မဆိုလိုပေ။ ယွမ်အိမ်က တစ်နေ့လုံး အထက်စီးဆန်ဆန် ပြုမူနေပြီး အခု ပြန်ပေးဆပ်ရမည့် အချိန်ရောက်လေပြီ။

"မင်း!"

ယွမ်ကျန်းချူ ဒေါသထွက်သွားသော်လည်း သူ့အဆင့်က ချူကျုန်းထန်ထက်နိမ့်၍ လုံးဝ မတိုးဖောက်နိုင်ချေ။

ကံကောင်းစွာ ဝူဝေ့ ထိုအချိန်တွင် ရှေ့တက်လိုက်သည်။သို့သော် ချူကျုန်းထန်ထံ လာရမည့်အစား ယွမ်ဝမ်ဒုံ၏ သွေးထွက်နေမှုကို တားဆီးလိုက်သည်။ ထို့နောက် ဒဏ်ရာကို မျက်နှာပျက်စွာ စစ်ဆေးလိုက်သည်။

ဇူအန်လုံခြုံမှုကို စိုးရိမ်၍ ချူကျုန်းထန် ဝူဝေ့ရော ယွမ်ကျန်းချူပါ မတိုက်နိုင်သည့်ဘက်တွင် ထားလိုက်သည်။

ယွမ်ကျန်းချူ သူ့သားနားကိုသွား၍ အမြန်ထူလိုက်သည်။ ဆေးတစ်ချို့ထုတ်ပြီး ပါးစပ်ထဲ ထည့်ပေးလိုက်လေသည်။ ထို့နောက် ဇူအန်ဘက်လှည့်၍ အော်လိုက်သည်။
"ပြိုင်ပွဲစည်းကမ်းအရ ပြိုင်ဘက်ကို အနာတရဖြစ်အောင် မလုပ်သင့်ဘူးလို့ မပြောထားဘူးလား။ ဒါတောင် မင်က ငါ့သားကို ရက်ရက်စက်စက် အကြောဖြတ်လိုက်သေးတယ်"

သင်သည် ယွမ်ကျန်းချူ ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

ထိုစကားကို ဇူအန် ပုခုံးတွန့်၍ ပြန်ဖြေသည်။
"ခင်ဗျားဘာပြောနေလဲ ကျုပ်နားမလည်ဘူး။ ကျင့်ကြံသူတွေရဲ့ တိုက်ပွဲမှာ အနိုင်အရှုံးက လျပ်တပြတ်ပဲ။ ကျုပ်က မကြာသေးခင်ကမှ ယွမ်သခင်လေးရဲ့ ပြောင်မြောက်တဲ့ဓားသိုင်းကို ကြုံတွေ့ထားရတာ။ အဆင့် ၃ ကျင့်ကြံသူ တစ်ယောက်အနေနဲ့ အဆင့် ၅ ကျင့်ကြံသူကို တိုက်တဲ့နေရာမှာ ခွန်အားလျှိုထားလို့ ဘယ်ရမလဲ။ ယွမ်သခင်လေးက ကျုပ်ထင်တာထက် အားပျော့မယ်လို့ ကျုပ်က ဘယ်ထင်ထားမလဲ။ ဟေး သူ့ကို ကျုပ်ဇနီး ချူယန်နဲ့ တစ်တန်းတည်း မထားသင့်ဘူး"

ထိုစကားများသည် ယွမ်ဝမ်ကျီ ချူဟွမ်ကျောက်ကို တမင်သက်သက် ဒဏ်ရာရအောင်လုပ်စဉ်က ယွမ်ဝမ်ဒုံ ပြောထားသော စကားများပင်။ဇူအန်က ပြန်ပို့လိုက်ရုံပင်။

"မင်း!" ယွမ်ဝမ်ဒုံ ဒေါသတကြီး အော်လိုက်ပြီး ဒဏ်ရာပြင်းထန်မှုကြောင့်ရော စိတ်မငြိမ်မှုကြောင့်ပါ မေ့လဲသွားလေသည်။

သင်သည် ယွမ်ဝမ်ဒုံ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

"မင် မျိုးမစစ် ။ မင်းကများ.." ယွမ်ကျန်းချူ ဒေါသထွက်သွားသော်လည်း ဇူအန်ကို ပြန်ငြင်းရန် စကားရှာမရပေ။

သင်သည် ယွမ်ကျန်းချူ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

ထိုအခါ ချူကျုန်းထန် ထပြောလိုက်သည်။
"ယွမ်အိမ်ခေါင်းဆောင် ဇူအန်က ကျုပ်တို့ချူအိမ်ရဲ့ သားမက် မျိုးမစစ် မဟုတ်ဘူး။ ခင်ဗျားရဲ့ ဒဏ်ရာရနေတဲ့သားမျက်နှာကြည့်ပြီး ဒီတစ်ခါ မျက်နှာလွှဲလိုက်မယ်။ ဒါပေမဲ့ ကျုပ်တို့ ချူအိမ်က အိမ်သားတစ်ယောက် အစော်ကားခံနေရတာကို ကြည့်နေမှာမဟုတ်ဘူး"

"မင်း" ယွမ်ကျန်းချူ ဒေါသထွက်နေသော်လည်း အဆင့်အတန်းရော ကျင့်ကြံမှုအရ သူက ချူကျုန်းထန်ကို မမီပင်။ သူစိတ်တိုနေသော်လည်း လှုပ်ရှား၍ မရပေ။

ဝူဝေ့ ခေါင်းဆောင်၍ ဒိုင်များဘက် လှည့်လိုက်သည်။
"ဒိုင်လူကြီးမင်းများ ပြိုင်ပွဲဝင်က ပြိုင်ဘက်ကို တမင်သက်သက် ထိခိုက်အောင် မလုပ်ရတာ စည်းကမ်းပါ။ အရင်တိုက်ပွဲတုန်းက ယွမ်ဝမ်ကျီက ချူဟွမ်ကျောက်ကို ဒဏ်ရာရအောင်လုပ်လိုက်ပေမဲ့ အချိန်ယူလိုက်ရင် ပြန်ကောင်းနိုင်မယ့် ဒဏ်ရာပါ။ ဒါပေမဲ့ ဇူအန်ကတော့ ရက်ရက်စက်စက် ယွမ်ဝမ်ဒုံကို အကြောဖြတ်ပစ်တယ်။ သူ့ပြိုင်ပွဲဝင်ခွင့်ကို ရုတ်သိမ်းပြီး ချူအိမ်အရှုံးလို့ သတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်"

"ပေါက်ကရတွေ" ချူကျုန်းထန် အော်လိုက်သည်။
"ဝူဝေ့ မင်း လူတိုင်းကို ကန်းနေတယ် ထင်နေလား။ ခုနက ယွမ်ဝမ်ဒုံက ဇာအန်ကို လုပ်ဖို့ အရင်ကြိုးစားလို့ ပြန်တိုက်ခိုက်တာ ခံရတာလေ။ သူ့ကံကြမ္မာက သူလုပ်လို့ ပြန်ခံရတာပဲ။ သူ့ရလဒ်ကို သူ့ကိုယ်သူကလွဲရင် တစ်ခြားလူ အပြစ်တင်လို့မရဘူး"

လူအုပ်ထဲတွင် မြင်လိုက်သောသူတစ်ချို့ရှိ၍ ထောက်ခံလေသည်။
"အဲ့တာအမှန်ပဲ ယွမ်ဝမ်ဒုံက ဇူအန်ကို အကြောဖြတ်ဖို့ စလုပ်တာ"

သို့သော် ယွမ်အိမ်၏ ထောက်ခံသူများက ချက်ချင်းပြန်ငြင်းသည်။
"ပေါက်ကရတွေ။ ယွမ်သခင်လေးက ဘာလို့လုပ်ရမှာလဲ။ သူ့လို အဆင့် ၅ ကျင့်ကြံသူက ဇူအန်လို အဆင့်၃ ကျင့်ကြံသူကို ပစ်မှတ်ထားစရာမရှိဘူး။ ဇူအန်က သူသတိမထားမိတာကို အခွင့်ကောင်းယူပြီး ရက်စက်လိုက်တာ။ သူက ဘယ်လိုတောင် ကောက်ကျစ်ရတာလဲ"

အမှန်တော့ ပွဲကြည့်သူအများစုက ပုံမှန်လူများနှင့် အဆင့်နိမ့်သူများဖြစ်၍ သေချာမမြင်နိုင်ပေ။ သူတို့က နှစ်ဖက်လုံးရဲ့ ငြင်းခုန်မှုကို နားထောင်ပြီး ဘက်ရွေးခြင်းပင်။

ထိုစဉ် သူ့နေရာကို ဖော်ပြရမည့်အစား ဆန်းဟုန် မြို့စားချီနှင့် ကျောင်းအုပ်ကျန်းကို မေးလိုက်သည်။
"မြို့စားချီ ကျောင်းအုပ်ကျန်း ဘယ်လိုထင်လဲ"

မြေခွေးအိုကြီး..

ချီရှို့ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ဘယ်လို ပြောပြော တစ်ဖက်ကို ဆန့်ကျင်သလို ဖြစ်သွားမည်ပင်။ သို့သော် နိုင်ငံရေးတွင် နှစ်ပေါင်းများစွာ ကျင်လည်လာ၍ ဒီအခြေအနေကို ဘယ်လိုရှောင်ရမလဲ ချီရီ နားလည်လေသည်။
"ကျုပ်အားနည်းတာကို ခွင့်ပြုပါ။ ဇူသခင်လေးက ယွမ်သခင်လေးကို အခြေခံဓားသိုင်းနဲ့ ဘယ်လို အနိုင်တိုက်နိုင်လိုက်လဲ ကျုပ်မပြောနိုင်ဘူး။ ကျုပ် အုပ်ချုပ်ရေးမှူးဆန်း ထောက်ပြဖို့ မျှော်လင့်ပါတယ်"

သူ့အသံက လူအများ၏ သံသယကို ထောက်ပြလိုက်သည်။ ယွမ်ဝမ်ဒုံ အသာစီးရနေကြောင်း လူတိုင်းမြင်နိုင်၍ နောက်ဆုံးအချိန်တွင် ဘာလို့ပြောင်းသွားလဲ မသိကြပေ။

"အဲ့ဒီအမှိုက် ယွမ်ဝမ်ဒုံက အရေးကြီးတဲ့အချိန်မှ ဇူအန်မေးခွန်းကို ဘာလို့သွားဖြေလိုက်တာလဲမသိဘူး။ သူက ဒုက္ခိတဖြစ်သင့်တယ်" ရှီခွန်း ရေနွေးသောက်ချလိုက်သော်လည်း ဒေါသ မပြေပေ။ ယွမ်ဝမ်ဒုံ ဇူအန်ကို ရှင်းနိုင်ရန် နည်းလမ်းပေါင်းစုံ ကြိုပြင်ထားသော်လည်း သူ့အစီအစဉ် ပျက်စီးသွားလေသည်။

စနိုး နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
"ဇူအန်က မုန်းစရာကောင်းလွန်းလို့ ယွမ်ဝမ်ဒုံ စိတ်မထိန်းနိုင်တာ ဖြစ်ပါလိမ့်မယ်"

"တကယ့်အမှိုက်ပဲ" ရှီခွန်း လက်သီးဆုတ်၍ ရေနွေးခွက်ကို ခြေမွပစ်လိုက်သည်။

ထိုအရာကိုမြင်သော် စနိုး တိတ်ဆိတ်သွားသည်။ ရှီခွန်းဒေါသတွင် အဆစ်မပါချင်ပေ။

လူအုပ်ကြားမှ ကျီတန်ထု မျက်လုံးလှန်လိုက်မိသည်။

အဲ့ကောင်လေးပါးစပ်က တကယ့် အဆိပ်ပြင်းတာပဲ။ အချိန်ကောင်းမှာ ယွမ်ဝမ်ဒုံ မေးခွန်းဖြေအောင် လုပ်နိုင်လိုက်တယ်။ ဒါပေမဲ့ သူသုံးတဲ့ ခြေလှမ်းက ဘာပါလိမ့်။
ငါနည်းနည်း ရင်းနှီးနေသလိုပဲ ။ တစ်နေရာရာမှာ တွေ့ဖူးလို့လား။

ဒါပေမဲ့ ငါဘာလို့ မမှတ်မိရတာလဲ။ ငါစာအုပ်တွေဖတ်တာများပြီး မှတ်ဉာဏ်ချို့ယွင်းလာတာများလား။ ဟမ် ကြည့်ရတာ ငါ့ကိုယ်ငါ နည်းနည်းပြန်ထိန်းရမယ်။ အားဖြည့်ဖို့ ဆေးတစ်ချို့ ဖော်ဦးမှပါ

ဇူအန်အောင်မြင်မှုကို မအံ့သြသော တစ်ဦးတည်းသောလူက ဖေးမြန့်မုန် ပင်။ သက်တောင့်သက်သာ ထိုင်နေ၍ သူ့ကောက်ကြောင်းက ဘေးရှိယောက်ျားများကို အကြည့်ရောက်စေသည်။ သို့သော် သူစိတ်ထဲ မထည့်ပေ။ မက်မွန်မျက်လုံးများက လခြမ်းပမာ ကွေးညွတ်သွားပြီး တီးတိုးပြောလိုက်သည်။
"ငါတောင် သတ်လို့မရတဲ့ လူတစ်ယောက်က ယွမ်ဝမ်ဒုံကို အနိုင်ရဖို့ ဘယ်ခက်ခဲလိမ့်မလဲ"

ဒိုင်များအကြား ဆန်းဟုန် ချီရီကို ငါရှဉ့်မြွေကဲ့သို့ ချော်ထွက်နေသည်ဟု ဆဲလိုက်ပြီး လူအုပ်စကားသံကို နားစွင့်လိုက်သည်။ အမှန်တော့ ယွမ်ဝမ်ဒုံ အရေးကြီးချိန်မှ ဘာကြောင့်အာရုံလွတ်သွားမှန်း နားမလည်လိုက်ချေ။
သူကငယ်လွန်းလို့ ဖြစ်ရမယ်။ ဒါ့ကြောင့် အာရုံမစိုက်နိုင်တာ။

ထို့ကြောင့် ကျန်းလော့ဖူကို မေးလိုက်သည်။
"ကျောင်းအုပ်ကျန်း ဘယ်လိုမြင်လဲ"

ချူအိမ်၏ အနိုင်ရမှုက သူ့အစီအစဉ်များကို နှောင့်နှေးစေ၍ ဆန်းဟုန် စိတ်ဓာတ်ကျနေသည်။ ကျန်းလော့ဖူ ခြေထောက်များကပင် သူ့ကို စိတ်မလှုပ်ရှားစေတော့ပေ။

ကျန်းလော့ဖူ တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။
"ယွမ်ဝမ်ဒုံ၏က ဇူအန်ကို ဒက္ခိတဖြစ်ဖို့ အရင်ကြံစည်ပြီး ဇူအန် တုံပြန်တာ ခံလိုက်ရတာ အမှန်ပဲ။ အရေးကြီးတဲ့အချိန်ဆိုတော့ နှစ်ဖက်လုံး နောက်ဆုတ်လို့မရတဲ့ အခြေအနေပဲ။ အဖြေကဘာပဲဖြစ်ဖြစ် နှစ်ဖက်လုံးကို အပြစ်တင်လို့မရဘူး။. အနိုင်ရတဲ့သူ ထွက်လာမှတော့ ကျွန်မတို့ ဆွေးနွှေးစရာ မလိုတော့ဘူးလို့ ကျွန်မထင်တယ်"

ကျန်းလော့ဖူ ဇူအန်ဘက်လိုက်၍ ဆန်းဟုန် အံ့သြသွားသည်။ သို့သော် ချူအိမ်ကို ဖိနှိပ်သော အချိန်များတွင် ဝင်မစွက်ဖက်၍သူက ဘက်လိုက်နေပုံ မရပေ။ အကယ်ဒမီထုံးစံအတိုင်း ကြားနေ ခြင်းဖြစ်ရမည်။

ကျန်းလော့ဖူ ပြာပြီးတာကြောင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်စရာ အကြောင်းမရှိတော့ပေ။ ထို့ကြောင့် ဆန်းဟုန် ကြေညာလိုက်သည်။
"အနိုင်ရသူက အဖြေထွက်လာမှတော့ ကျုပ်ဒီနေရာမှာ ချူအိမ်က ပြိုင်ပွဲကို အနိုင်ရသွားကြောင်း ကြေညာလိုက်တယ်"

ဆန်းဟုန်က ချူအိမ်ကို ဖြေရှင်းရန် ရောက်လာသော်လည်း တော်ဝင်လွှတ်တော်၏ ဂုဏ်သိက္ခာကို ထည့်တွက်ရသေးသည်။ ချူအိမ်ကို ပေါ်တင်ဆန့်ကျင်၍ မရပေ။ မဟုတ်ပါက ရန်သူကို ပျော့ကွက်ပေးသလို ဖြစ်သွားလိမ့်မည်။ အရာအားလုံး အခြေကျပြီးဖြစ်၍ နောက်တသ်လှမ်းဆုတ်ကာ အစီအစဉ် ပြန်ဆွဲရန်သာ ကျန်တော့သည်။

ချူအိမ်မှလူများ ချက်ချင်း အောင်ပွဲခံလိုက်ကြသည်။တစ်နေ့လုံး အဖြစ်အပျက်များစွာ ဖြစ်သွားပြီး ဝူအိမ်နှင့် ယွမ်အိမ်လက်ထဲ အရှုံးပေးလိုက်ရပြီဟု တွေးထားကြလေသည်။ နောက်ဆုံးအချိန်မှ ပြောင်လဲမည်ဟု မထင်ထားပေ။

ဝူအိမ်နှင့် ယွမ်အိမ်မှ လူများ မျက်နှာပျက်နေသည်။ ပြင်ဆင်မှုများစွာလုပ်ထားပြီး နောက်ဆုံး ဒီလိုအဆုံးသတ်မည်ဟု စိတ်ကူးတောင် မယဉ်ဖူးချေ။ သူတို့က အောင်မြင်ဖို့ အလွန်နီးကပ်နေပြီး လက်ချောင်းကြားမှ ပြန်ထွက်သွားလေသည်။ ဘယ်သူမှ လက်မခံနိုင်ပ၊

"ဆန်းအုပ်ချုပ်ရေးမှူး" ဝူဝေ့ ဆန်းဟုန်ကို မျက်နှာပျက်ပြီး ကြည့်လိုက်သည်။ ဆန်းဟုန် ကြေညာချက်ကို လက်မခံနိုင်တာ သိသာသည်။

ဆန်းဟုန် ဝူဝေ့ကို တည်ငြိမ်စွာ ကြည့်၍
"ဟူတ်တယ် ချုအိမ်က ယွမ်သခင်လေးဒဏ်ရာအတွက် တာဝန်ယူရမှာ ကျုပ်နားလည်ပါတယ်။ လပြည့်မြို့တော်ဝန် ခင်ဗျားတို့ချူအိမ်က ယွမ်သခင်လေးရဲ့ ဆေးဝါးခကို တာဝန်ယူရမယ်။ ငြင်းစရာရှိလား"

"ဒါပေါ့ မရှိပါဘူး" ချူကျုန်းထန် ဝမ်းသာအားရ ပြန်ဖြေသည်။ ယွမ်အိမ်က ချူအိမ်အတွက် ဆေးဖိုးဝါးခပေးရန်ပြောပြီး လှောင်စဉ်က သူအတော် ဒေါသထွက်သွားခြင်းပင်။
ဒါပေမဲ့ ကံ၊ကံ၏အကျိုးက တကယ်ထင်တယ်။

"မလိုပါဘူး။ ကျုပ်တို့က ကိုယ့်အိမ်သားအတွက် ဆေးဖိုးတော့ တတ်နိုင်ပါတယ်" ယွမ်ကျန်းချူ အေးစက်စက် ပြောလိုက်သည်။ဒါက ဆန်းဟုန် သူတို့ကို လက်လျှော့လိုက်သော လက္ခဏာမှန်း သူသိလေသည်။

ထို့ကြောင့် အိမ်သားများကို အချက်ပြ၍ ယွမ်အိမ်ကိုပြန်ရန် အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် ဇူအန် ထပြောလေသည်။
"ခဏလေး ဒီလိုပဲ ပြန်တော့မှာလား"

ယွမ်ကျန်းချူ နောက်ပြန်လှည့်၍ ဇူအန်ကို ဒေါသတကြီး မျက်စောင်းခဲလိုက်သည်။
"ဇူအန် မင်းဘာလိုချင်သေးလို့လဲ"

သင်သည် ယွမ်ကျန်းချူ ထံမှ အမျက်ပွိုင့် ၇၈၃ ရယူလိုက်သည်။

သူတို့အသာထား ချူအိမ်မှလူများပင် ဇူအန် ယွမ်အိမ်ကို ဘာကြောင့်တားမှန်း နားမလည်ပေ။

"ဘာရယ်မဟုတ်ပါဘူး။ ခင်ဗျားတို့ ကျုပ်ကို တစ်စစီ လုပ်ချင်တဲ့အထိ မုန်းနေတာ ကျုပ်သိတယ်။ ဒီလို ဆိုမှတော့ ခင်ဗျားတို့ ကျုပ်ကို လက်စားချေဖို့ အခွင့်အရေးပေးမယ်" ဇူအန် ဓားကို ယွမ်ဝမ်ကျီ ထံ ထိုးလိုက်၍
"သူ့ကို တိုက်ဖို့ ကျုပ်စိန်ခေါ်မယ်။ အကုန်လုံး ဒီနေရာမှာ အပြတ်ရှင်းလိုက်ကြတာပေါ့"

ပွဲကြည့်သူအများစုက ပြန်ရန်ပြင်နေစဉ် ထိုစကားများကြား၍ စိတ်လှုပ်ရှားစွာ ထိုင်ခုံကိုပြန်ထိုင်လိုက်ကြသည်။
ဟုတ်ပြီ နောက်ထပ်ပွဲတစ်ခု..

ယွမ်ကျန်းချူ ကြောင်သွားပြီးမှ သဘောပေါက်သွားသည်။
"မင်းက ချူဒုတိယသခင်မလေးအတွက် လက်စားချေချင်တာလား"

ဇာအန် ခေါင်းညိတ်လိုက်သည်။
"ဒါက ကျုပ်သဘောပဲ။ ဒါပေမဲ့ ခင်ဗျားတို့ ယွမ်အိမ်အတွက် အခွင့်အရေးတစ်ခု ပေးလိုက်တာ။ နောက်နေ့ကစပြီး ကျုပ်က ယွမ်အိမ်အစောင့်တွေရဲ့ ကာကွယ်မှုအောက်မှာ ရှိနေမှာ။ ဒါက ခင်ဗျားရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ဒါကို မရလိုက်ရင် နောက်ထပ်အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး။ ခင်ဗျား သေချာစဉ်းစားပေါ့"

ထမ်းစင်ပေါ်တွင် ချူဟွမ်ကျောက် အလွန် စိတ်လှုပ်ရှားနေသည်။
"ခဲအို အကောင်းဆုံးပဲ။ "

ချင်ဝမ်ယွီ မျက်မှောင်ကြုံ့လိုက်သည်။
"ဒါက ပေါက်ကရတွေ။ သူက ယွမ်ဝမ်ဒုံကို တိုက်ဆိုင်လို့ နိုင်သွားတာနဲ့ လောကကြီးမှ အတုမရှိဘူးထင်နေလား။ ယွမ်ဝမ်ကျီက ယွမ်ဝမ်ဒုံထက် အဆင့်ပိုနိမ့်ပေမဲ့ ဇူအန် တိုက်နိုင်တဲ့ အနေအထားမဟုတ်ဘူး။ ပြီးတော့ ယွမ်အိမ်က သူ့လက်ထဲမှာ တစ်ခါခံလိုက်ရပြီးပြီ နောက်တစ်ခါ လှည့်ကွက်ထဲ အရောက်ခံမှာ မဟုတ်ဘူး။ ဇူအန် သူ့ဘာသာ ချောင်ပိတ်နေတာ မဟုတ်ဘူးလား"

ထိုအချိန်တွင် ယွမ်ကျန်းချူ ရှီခွန်းထံမှ အသံရလိုက်သည်။
"သူ့ကိုလက်ခံလိုက်။ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို ဒုက္ခိတ ဖြစ်အောင်လုပ် ။ ရှီအိမ်က ထိုက်ထိုက်တန်တန် ဆုချမယ်"

ယွမ်ကျန်းချူ ထိုအကြံရှိပြီးသားဖြစ်၍ ရှီခွန်းစကားက လောင်စာထည့်လိုက်သလိုပင်။ ဝမ်းသာစွာဖြင့် ဇူအန်ကို အေးစက်စက် လှောင်လိုက်သည်။
"ကောင်းပြီလေ မင်းဆုံးဖြတ်ချက်ကို မင်းနောင်တမရဖို့ ငါမျှော်လင့်တယ်"

ဇူအန် ပုခုံးတွန့်ပြလေသည်။
"ရှိနေတဲ့လူအားလုံး။ ကျုပ်ရဲ့ မျက်မြင်သက်သေ ဖြစ်ပေးပါ။ ဒီပြိုင်ပွဲက မျှတတယ်။ ဘယ်သူနိုင်နိုင် တစ်ခြားလူကို လက်တုံ့မပြန်ရဘူး"

ဆန်းဟုန် မျက်လုံး အရောင်တောက်သွားသည်။ သူချက်ချင်း သဘောတူလိုက်ပြီး
" ကောင်းပြီလေ ငါက ဒီလူငယ်နှစ်ယောက်အတွက် မျက်မြင်သက်သေ လုပ်ပေးမယ်"

သူလည်း ဒီကိစ္စတွင် ဝင်မပါချင်ပေ။ သို့သော် သူ့သားက ဇူအန်လောင်းကြေးအကြောင်း မျက်ရည်စက်လက်ဖြင့် ဝန်ခံလိုက်သည်။ ငွေစ တစ်မီလီယံတောင် လျော်ရမည့်အကြောင်း ကြား၍ သူကြောက်လန့်သွားသည်။ ဒီပမာဏက အိမ်တော်ကြီးများအတွက် ဘာမှမဟုတ်သော်လည်း ဆန်းအိမ်လို တက်သစ်စ အိမ်တော်တစ်ခုအတွင် အလွန်များသော ပမာဏ ဖြစ်လေသည်။

သူ့သား၏ ရူးသွပ်မှုကြောင့် ဒေါသထွက်သော်လည်း လုပ်ပြီးသွားပြီဖြစ်သည်။ တစ်နည်းနည်းဖြင့် ဖြေရှင်းရန်သာကြိုးစားနိုင်တော့သည်။ ဒီလိုအချိန်မှာ သူတို့နှစ်ယောက်က ပြိုင်ပွဲလုပ်ရန် ပြင်နေသည်။ ဇူအန်သာ တစ်ခုခုဖြစ်သွားပါက အကြွေးကို မသိချင်ယောင်ဆောင်၍ မရှိဘူးဟု သတ်မှတ်နိုင်လေသည်။ ထို့ကြောင့် သဘောတူလိုက်ခြင်းပင်။

သူ့ကြေညာချက်က မြန်လွန်း၍ ချူကျုန်းထန် တားချိန်ပင် မရလိုက်ချေ။

122(B )

ကျန်းလော့ဖူ အလောတကြီး သဘောတူလိုက်သော ဆန်းဟုန်ကို အံသြစွာ ကြည့်နေသည်။ သို့သော် ဘာမှမတွေးနိုင်တော့ဘဲ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ သက်တောင့်သက်သာ ခြေချိတ်၍ ပွဲကြည့်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ ဇူအန် ဘာများထုတ်သုံးဦးမလဲ သိချင်သေးသည်။

ဆန်းဟုန်နှင့် ကျန်းလော့ဖူ ကိုကြည့်၍ ကျန်သောသူများလည်း ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

ချင်ဝမ်ယွီ သူ့ယောက်ျားလက်ကိုဆွဲ၍ မေးလိုက်သည်။
"ဇူအန် ယွမ်ဝမ်ကျီကို နိုင်နိုင်လား"

ချူကျုန်းထန် ခေါင်းယမ်းလိုက်သည်။
"ငါလည်း မသိဘူး။ ခုနက တိုက်ပွဲအရ သူက ယွမ်ဝမ်ကျီထက် နည်းနည်းပိုအားပျော့တယ်။ အမှန်တော့ ယွမ်ဝမ်ဒုံ ဘယ်လိုဖြစ်ပြီး ရှုံးသွားလဲတောင် ငါမသေချာဘူး"

ဟုန်ရှင်းယင် ထိုစကားများကြားသော် စိတ်အေးသွားသည်။
အဲ့ဒီကောင်သာ အဆင့် ၅ကျင့်ကြံသူကို နိုင်ပြီး ချူအိမ်ကိုပြန်လာရင် ငါဘာလုပ်ရမလဲ မသိဘူး။ ဒါပေမဲ့ သူ့ဘာလာ လောဘတက်လာတော့ ဒီနေရာမှာပဲ ပွဲသိမ်းမယ်ထင်ရတာပဲ။

ဇူအန် ရှုံးသွားရင် ခုနက နိုင်တဲ့ ဂုဏ်တောင် ပျောက်သွားမှာ။ အဲ့လိုသာဆို ငါဘာမှ စိတ်ပူစရာ မလိုတော့ဘူး။ ဟမ့် နောက်ဆုံးတော့ သူက ကံကောင်းလို့ အပေါ်ယောက်လာတဲ့ လူရမ်းကား တစ်ယောက်ထက် ဘာမှမပိုဘူး။ သူဘယ်လို ကျင့်ကြံနိုင်လဲ မသိပေမဲ့ သူက နားထင်သွေးရောက်သွားတာပဲ။ သူ့လိုလူတွေက ဘာမှန်းမသိလိုက်ဘဲ သေသွားရတာပဲ။

ထိုစဉ် ချူဟွမ်ကျောက် စိတ်ပူနေသည်။
"ဒါဆို ခဲအိုက အန္တရာယ် ရှိနေတာ မဟုတ်ဘူးလား"

ချူကျုန်းထန် နှစ်သိမ့်လိုက်သည်။
"စိတ်ချပါ အဲ့လိုဖြစ်လာရင် အဖေဆင်းပြီး သူ့ကို ကယ်မှာပါ"

"ဟင့် ပြိုင်ပွဲတစ်ခုလုံး အဖေတစ်ယောက်မှတောင် မကယ်နိုင်ဘဲနဲ့" ချူဟွမ်ကျောက် ပြန်ခံပြောသည်။

ဒီကလေးအစုတ်ပလုတ်ကတော့.

ချူကျုန်းထန် သူ့စကားကြောင့် နင်မတတ်ပင်။ သူ့သမီးပြောတာကို ပြန်ငြင်းစရာ စကားမရှိပေ။ အကြာကြီးနေမှ သူမနည်းပြောလိုက်နိုင်သည်။
"တစ်ခုခု ဖြစ်ရင် မင်းအမေနဲ့အစ်မပါ တစ်ခါတည်း လှုပ်ရှားမယ်။ အဲ့တာဆို ရလောက်ပြီမလား"

ထိုအခါမှ ချူဟွမ်ကျောက် ခေါင်းငြိမ့်၍ လက်ခံလိုက်သည်။
"အဲ့တာမှ ဟုတ်သေး"

ချူကျုန်းထန် မျက်နှာမည်းသွားသည်။
သမီးတွေရှိတာ ဘာအကျိုးရှိလဲ။ သူက ဒီလောက်ငယ်သေးတာတောင် အပြင်လူဘက်က လိုက်ပြောနေပြီ။ ဒီနှုန်းအတိုင်းဆို ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်လိမ့်မယ်။

ထိုအချိန်တွင် ယွမ်အိမ်မှ တစ်ခြားသူများက ယွမ်ဝမ်ကျီကို ဝန်းရံကာ အကြံပေးနေကြသည်။
"ဝမ်ကျီ ကြောက်စရာမလိုဘူး။ သူ့ကျင့်ကြံမှုက အဆင့် ၃ ပဲရှိသေးတာ။ မင်းနဲ့ တကယ်တိုက်ရင် သူနိုင်စရာ အကြောင်းမရှိဘူး"

"ဝမ်ဒုံက ခုနက သူနဲ့တိုက်ရင်း သတိလက်လွတ်ဖြစ်သွားတာ။ ပြီးရင် ဒီနားကြပ်တွေတပ်သွား။ အဲ့ဒီလူရဲ့ ပေါက်ကရစကားတွေကြောင့် မင်းအာရုံအပျံ့စေနဲ့။ ကြိုးဝိုင်းထဲရောက်တာနဲ့ သူ့ကို အနိုင်ပိုင်းဖို့ပဲ စိတ်ထဲထည့်။ အနည်းဆုံးတော့ သူ့ဆီက ခြေတစ်ဖက် လက်တစ်ဖက် ရအောင်လုပ်ခဲ့"

"သူ့ရဲ့ ခြေလှမ်းသိုင်းကိုလည်း မင်းစိတ်ပူစရာမလိုပါဘူး။ ငါတို့ ခုနက သေချာအကဲဖြတ်ပြီးပြီ။ ဘာမှ ကြောက်စရာမရှိဘူး။ မင်း ဒီလို လုပ်ဖို့ပဲလိုတာ...."

ကြိုးဝိုင်းပေါ်မှ ဇူအန် ပျင်းရိစွာ  သန်းလိုက်သည်။
"မင်းတို့ ပြောလို့ပြီးပြီလား။ တိုက်ဦးမှာလား"

သူ့စကားတစ်ဝက်တွင် ဇူအန်သူ့ဟာသူ တောင့်ခဲသွားသည်။

ဒီဟာက တအားရင်းနှီးနေသည်။ ငါစင်ပေါ် မတက်ခင် ယွမ်ဝမ်ဒုံ ပြောလိုက်တဲ့ စကားမလား။ သေစမ်း ချီးပဲ ငါ သူ့လမ်းကို လျှောက်ရတော့မှာတော့ မဟုတ်ဘူးမလား။

ဖီး..ဖီး..ဖီး..ငါက သူနဲ့ ယှဉ်လို့ရမလား။ အဲ့ကောင်က ငါ့ရုပ်ရည်ရဲ့ အပုံတစ်ရာမှာ တစ်ပုံတောင် မရှိဘူး။ ကံကောင်းခြင်းနတ်သမီးတောင် ငါ့ရုပ်ချောမှုကြောင့် ငါ့ကို မျက်နှာသာ ပေးရမှာ..။

"မင်းက ဒီလောက်တောင် အမြန်သေချင်နေမှတော့ ငါက ဖြည့်စည်းပေးရမှာပေါ့"
ယွမ်ဝမ်ကျီ မျက်နှာမည်းလျက် စင်ပေါ် တက်လာသည်။

"တစ်ချိန်လုံး လေကြီးပြီး နောက်ဆုံး လူတိုင်းကို စိတ်ပျက်အောင်လုပ်သွားတဲ့ မင်းတစ်ဝမ်းကွဲအစ်ကိုလို လုပ်မနေနဲ့" ဇူအန် တည်ငြိမ်စွာ ပြန်ဖြေသည်။

"မင်းက အစ်ပို ဝမ်ဒုံကို နိုင်ဖို့ ကောက်ကျစ်နဲ့နည်းလမ်းသုံးခဲ့တာ။ မင်းသူ့ကို လုပ်ခဲ့တာအတွက် မင်းပြန်ပေးဆပ်ရမယ်" ယွမ်ဝမ်ကျီ ဓားဆွဲ၍ ဇူအန်ကို ချိန်လိုက်သည်။

ထိုအချိန်တွင် ယွမ်ကျန်းချူ အော်လိုက်သည်။
"မင်းကို ငါဘာပြောထားလဲ။ သူနဲ့ စကားမပြောနဲ့။ နားကြပ်ကိုတပ်ထား"

ယွမ်ဝမ်ကျီ မျက်နှာရဲလာပြီး နားကြပ်အမြန် ကောက်တပ်လိုက်သည်။

ဒီလူ့စကားက ပြုစားထားနေသလိုပဲ။ သူဘာပြောပြော ပြန်ပြောချင်လာတာ။

ဝါဂွမ်းနားကြပ်များကိုမြင်ပြီး ဇူအန် စိတ်ပျက်သွားသည်။ မင်းဘာကြည့်နေလဲ အစွမ်းက ယခင်တိုက်ပွဲတွင် အသုံးဝင်ခဲ့သည်။ ယွမ်ဝမ်ဒုံကို စက္ကန့်ပိုင်းတသ်ခုသာ အာရုံလွှဲစေနိုင်သော်လည်း ထိုအရာက အရေးကြီးသောတိုက်ပွဲတစ်ခုတွင် အဆုံးအဖြတ်ပေးနိုင်သည်။

ငါ့ရန်သူအားလုံးက နားပိတ်ပြီးသာ ငါ့ကိုလာတိုက်ရင် ဒီဟာက အသုံးမဝင်တော့ဘူး မလား။

သို့သော် လူတိုင်း နားပိတ်ရန်မဖြစ်နိုင်ဟု ဇူအန် နှစ်သိမ့်လိုက်သည်။ ယွမ်ဝမ်ကျီ နားပိတ်ထားခြင်းမှာ ထိုအစွမ်းကို ကာကွယ်ရန်မဟုတ်ဘဲ ဇူအန်စကားများကြောင့် အာရုံလွှဲမိသွားပြီး ယွမ်ဝမ်ဒုံလို ဖြစ်မှာစိုး၍ပင်။

"သေစမ်း" ယွမ်ဝမ်ကျီ ဓားဆွဲ၍ ကျယ်ကျယ်လောင်လောင် အော်လိုက်သည်။ ဓားပညာတွင် ကျွမ်းကျင်မှုက ယွမ်ဝမ်ဒုံအောက် နိမ့်ကျသော်လည်း အခြေခံပိုင်သောကြောင့် အားကောင်းလေသည်။

ဇူအန် အကြိမ်များစွာ တိုက်ခိုက်လိုက်ပြီး မကြာခင် တစ်ခုခုလွဲနေတာ သတိထားမိလေသည်။ သူ့ခြေလှမ်းများကို ကြိုမှန်းထားနိုင်ကြောင်း တွေ့လိုက်ရသည်။

"ဟားဟားဟား မင်းရဲ့ အဲ့ဒီကြီးကြီးကျယ်ကျယ်သိုင်းက စကြည့်တုန်းသာ ကြောက်စရာကောင်းတယ်ထင်ရတာ။ တကယ်တော့ ဘာမှ မဟုတ်ဘူး" ဇူအန်အတွေးများကို ရိပ်မိ၍ ယွမ်ဝမ်ကျီ အော်ရယ်လိုက်သည်။ သူ့စကားများက သူ့လှုပ်ရှားမှုကို မရပ်တန့်စေပေ။ ဇူအန်ထံ အပြင်းအထန် ဝင်ရောက်နေဆဲပင်။

ဇူအန်ကမူ စိတ်ထဲတွင် ဟာကွက်များသော သိုင်းကို ပြန်ပြင်ပေးသည့် လောင်မိုင်ကို ကျိန်ဆဲနေလေသည်။

ဒီလောက်လွယ်လွယ် ထိုးဖောက်မြင်နိုင်ရင် ဒီဟာက ဘာအသုံးကျမှာလဲ။

ပြောရလျှင် လောင်မိုင် တစ်ယောက်ယောက် မှတ်မိသွားမည်စိုး၍ နေကြာပန်းလှိုင်းကို ပြန်ပြင်ထားသော ဗားရှင်းကို ဇူအန်သုံးနေခြင်းပင်။ သူ ထိုဗားရှင်းကို သေချာလေ့လာချိန်မရ၍ ဟာကွက်များစွာ ပေါ်လာရခြင်းပင်။ ပညာရှင်များစွာ ယခင်တိုက်ပွဲကို လေ့လာသုံးသပ်ကြခြင်းကြောင့် ဟာကွက် ချက်ချင်း ပေါ်လာရခြင်းပင်။

လောင်မိုင်သာ အချိန်နည်းနည်း ပိုယူ၍ မြှင့်တင်လိုက်လျှင် လက်ရှိလူများ အလွယ်တကူ ထိုးဖောက်မမြင်နိုင်လောက်အောင် အားကောင်းပေလိမ့်မည်။

ဇူအန် စိတ်လေမိသွားစဉ် ယွမ်ဝမ်ကျီ ထိုအခွင့်အရေးကို အသုံးချကာ တိုက်ခိုက်လေသည်။ ဇူအန်ခြေထောက်ကို နှစ်ပိုင်းပြတ်စေနိုင်သော အားဖြင့် ဓားကိုခုတ်လွှဲကာ ယွမ်ဝမ်ကျီ ပြုံးလိုက်သည်။

ငါ့ကံက ဒီနေ့ မဆိုးဘူးပဲ။ ယွမ်ဝမ်ဒုံ ဒုက္ခိတဖြစ်သွားလို့ ယွမ်အိမ်မှာ ငါနဲ့ ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ မရှိတော့ဘူး။ပြီးတော့ ယွမ်ဝမ်ဒုံ အတွက် လက်စားချေနိုင်လိုက်လို့ ယွမ်အိမ်ကို အကျိုးထူးဆောင်နိုင်ဦးမှာ။ အဲ့တာဆို ငါ ယွမ်အိမ်ရဲ့ နောက်ခေါင်းဆောင်ဖြစ်ဖို့ သေချာသလောက်ပဲ။

တွေးလိုက်ရင် ချူအိမ်ဒုတိယသခင်မလေးကို ကျေးဇူးတောင် တင်ရဦးမှာ။ ငါအငယ်တည်းက နင်ငါ့ကို အနိုင်ကျင့်ခဲ့ပေမဲ့ အနည်းဆုံး နင်က ဒီလို လက်ဆောင်ကြီးကြီး ပြန်ပေးလိုက်သေးတာပဲ။

ဟားဟားဟား ငါ ယွမ်အိမ်ခေါင်းဆောင် ဖြစ်လာတဲ့အထိ စောင့်။ ငါနဲ့ လက်ထပ်ဖို့ ချူအိမ်က နင့်ကို ပေးချင်ပေးရမှာ။ အဲ့တာမှ နင့်ကိုငါ နေ့တိုင်း လက်တုံ့ပြန်နိုင်မှာ။ တွေးလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားလာပြီ။

သို့သော် ယွမ်ဝမ်ကျီ ဇူအန်ခြေထောက်ကို ဖြတ်လိုက်ချိန်တွင်ကား ဓားသွားက ဘာကိုမှ မထိလိုက်ပေ။ သူခုတ်မိလိုက်သည်က ဇူအန်၏ ကျန်ခဲ့သော အရိပ်ပင်။ လူအစစ်က နေရာမှ ပျောက်သွားလေပြီ။

သူ့မျက်လုံးထောင့်မှ အလင်းရောင်တစ်ခု လက်သွားတာ တွေ့လိုက်ရသည်။ သူဘေးကို အသည်းအသန်ရှောင်ရင်း ရင်ထိတ်သွားသည်။ ကံမကောင်းစွာနဲ့ နောက်ကျသွားလေပြီ။

လက်တစ်ဖက် လေပေါ် ဝဲပျံသွားပြီး ကြိုးဝိုင်းအတွင်း နာကျင်အော်ဟစ်သံတစ်ခု ထွက်လာသည်။ လက်ငါးချောင်းလုံး အကြောခါနေပြီး ဓားတစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုတ်ထားသေးသည်။မြင်ကွင်းက ကြည့်ရဆိုးလေသည်။

ထို့နောက် ဇူအန် ယွမ်ဝမ်ကျီ ဝမ်းဗိုက်ကို ကန်၍ မြေပေါ်ကို ပြင်းပြင်းထန်ထန် လဲကျသွားစေလိုက်သည်။ ယွမ်ဝမ်ကျီ ပြန်ထရန်ကြိုးစားသော်လည်း ဒဏ်ရာက ပြင်းထန်လွန်းသည်။ နောက်ဆုံးတော့ ဇူအန်ကို အသံတုန်တုန်ဖြင့် ကြည့်လိုက်သည်။
"မ..မင်း ရက်စက်လိုက်တာ.."

သင်သည် ယွမ်ဝမ်ကျီ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

လက်တစ်ဖက်ဆုံးရှုံးလိုက်ခြင်းက အသာထား။ ကန်ချက်က သူ့ကီဗဟိုကို ကြေမွစေပြီး ကျင့်ကြံမှုအားလုံး ပျက်စီးသွားစေသည်။ မကြာသေးမီကပင် အမြင့်ဆုံးသို့တက်ရန် စိတ်ကူးယဉ်နေပြီး အခု မြေကြီးထဲသို့ ပြုတ်ကျသွားသည်။ ထိုစိတ်ခံစားမှုအတက်အကျက သူ့ကို ရူးသွပ်လုနီးနီး ဖြစ်စေသည်။

ဇူအန် သူ့ထံလာ၍ အပေါ်မှ စိုက်ကြည့်လိုက်သည်။
"ငါက သဘောထားကြီးတဲ့လူတစ်ယောက် မဟုတ်ဘူး။ လူတစ်ယောက် ငါ့အပေါ်ကောင်းဖူးရင် ငါ စကားနာထိုးရုံလောက်ပဲ လုပ်တာ။ ဒါပေမဲ့ ငါ့အပေါ်မကောင်းရင်တော့ ငါက ဆယ်ဆ ပြန်လုပ်တတ်တယ်။ ဟွမ်ကျောက်အစား လက်တုံ့ပြန်ဖို့ မင်းရဲ့ လက်ကို အဆစ်လွဲအောင်လုပ်ပြီး ဗိုက်ကို ဒဏ်ရာရရုံပဲ လုပ်မလို့။ ဒါပေမဲ့ မင်းက ငါ့ခြေထောက်ကို ဖြတ်ဖို့ ကြိုးစားမှတော့ ငါ ပြန်လုပ်တာကို မင်း အပြစ်မတင်သင့်ဘူး"

ဘေးတွင်ကြည့်နေသော ဟုန်ရှင်းယင် ကြောက်လန့်၍ တံတွေးမြိုချမိလိုက်သည်။ ကျောချမ်းသွားသလိုပင်။
သူက ရက်စက်လိုက်တာ..

ထိုအချိန်တွင် ယွမ်အိမ်မှလူများ ဒေါသပုန်ထသွားကြသည်။
"ဇူအန် မင်းသေချင်လို့လား"

သင်သည် ယွမ်ကျန်းချူ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။

သင်သည် ယွမ်…ထံမှ အမျက်ပွိုင့် ၄၄၄ ရယူလိုက်သည်။

သင်သည် ယွမ်…ထံမှ အမျက်ပွိုင့် ၄၄၄ ရယူလိုက်သည်။

သူ့အိမ်သားနှစ်ယောက် ဒုက္ခိတဖြစ်သွားတာကို ကြည့်ပြီး ယွမ်ကျန်းချူ မခံနိုင်တော့ပေ။ ဇူအန်ကို ပြန်လုပ်ရန် ယွမ်အိမ်မှ ပညာရှင်များကို ဦးဆောင်၍ ကြိုးဝိုင်းပေါ် တက်လိုက်သည်။

သို့သော် ချူကျုန်းထန်က ပြင်ဆင်ပြီးသားပင်။ သူက ချူအိမ်မှလူများကို ခေါ်၍ တားလေသည်။
"ယွမ်ကျန်းချူ မင်း မရှက်တတ်ဖူးလား။ မင်းခုနကျ တစ်ချိန်လုံး ပြောနေပြီး အခုကျ အငယ်တွေရဲ့ တိုက်ပွဲကို ဝင်ပါမလို့လား"

ယွမ်ကျန်းချူ သူ့ကိုယ်သူ ချူကျုန်းထန် ပြိုင်ဘက်မဟုတ်ကြောင်း သိ၍ ဆန်းဟုန်ဘက်လှည့်ကာ ငိုလိုက်သည်။
"အုပ်ချုပ်ရေးမှူး ဆန်း ဒီလူက ရက်စက်လွန်းတယ်။ ကျုပ်တို့ ယွမ်အိမ်အတွက် တရားမျှတမှုပေးပါ"

ချူအိမ်သားများကြားတွင် ရပ်နေ၍ ဇူအန် ယုံကြည်မှု မြင့်တက်နေသည်။ ထို့ကြောင့် သူ ထပြောလိုက်သည်။
"ဦးလေးယွမ် ကျုပ် ခင်ဗျားပြောတာကို နားမလည်ဘူး။ ကျုပ်တို့က ရန်ကြွေးဆပ်ဖို့ သဘောတူပြီးသားလေ။ အခု ပြိုင်ပွဲပြီးမှ ငြီးငြူနေတာလား။ ဒါက အရှုံးသမားတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်ဘူးလား"

ယွမ်ကျန်းချူ ထိုစကားများကြားသော် နင်သွားသည်။
ဘယ်သူက မင်းဦးလေးလဲ။ ငါ့မှာ မင်းလို တူရှိရင် မင်းကို အိမ်သာတွင်းထဲ နှစ်သတ်လိုက်တာ ကြာပြီ။

သင်သည် ယွမ်ကျန်းချူ ထံမှ အမျက်ပွိုင့် ၉၉၉ ရယူလိုက်သည်။

ဆန်းဟုန်လည်း အလွန် စိတ်စနိုးစနောင့် ဖြစ်နေခြင်းပင်။
ယွမ်အိမ်က ငါထင်တာထက် ပိုအသုံးမကျတာပဲ။ သူတို့က တစ်ကြိမ်ပြီးတစ်ကြိမ် လွဲချော်နေပြီး ငါက နောက်က လိုက်ရှင်းပေးနေရတယ်။

ချက်ချင်းပြန်မဖြေဘဲ ကျန်းလော့ဖူဘက် လှည့်လိုက်သည်။
"ကျောင်းအုပ်ကျန်း အခြေခံဓားပညာ ၁၃ မျိုးက ဒီလောက်စွမ်းမယ် မထင်ခဲ့ဘူး။ တကယ့်ကို အထင်ကြီးသွားရပြီ"

ဇူအန် ဓားချက်က အခြေခံဓားပညာထဲက တစ်ခုပင်။ သို့သော် ထူးဆန်းစွာ အဆင့်ပိုမြင့်သော ယွမ်ဝမ်ကျီက မတိမ်းရှောင်နိုင်ခဲ့ပေ။

ကျန်းလော့ဖူ တိုက်ပွဲကို ပြန်မြင်ယောင်လိုက်သော်လည်း ဇူအန် ဒီလိုရိုးရှင်းသော ဓားချက်ကို အင်အားကြီးအောင် ဘယ်လိုလုပ်လိုက်လဲ နားမလည်ပေ။ အခြေခံဓားသိုင်းမှ ကွဲပြားလာသော ဓားသိုင်းတစ်ခုခုရှိနေပုံပေါ်သည်။ သို့သော် ဘယ်လိုကွာခြားလဲ သူ မပြောတတ်ချေ။

"အခြေခံဓားပညာ ၁၃ မျိုးက ကျွန်မတို့ အကယ်ဒမီရဲ့ ရာစုနှစ်များစွာ အနှစ်သာရပဲ။ အဲ့တာကြောင့် သူ့မှာ ခွန်အားရှိတယ်။ သူ့ထဲက နက်နဲတဲ့အဓိပ္ပာယ်ကို နားလည်ဖို့ ကျွန်မတို့မှာ ပါရမီရှင် နည်းနေတာ နှမြောစရာပဲ" ကျန်းလော့ဖူ ပြန်ဖြေသည်။

ထိုစဉ် ချီရီလည်း ဝင်ပြောသည်။
"အုပ်ချုပ်ရေးမှူး ဆန်း ကျုပ်တို့ဘယ်လိုပဲကြည့်ကြည့် ဇူအန်ဓားချက်က အခြေခံဓားပညာထဲကပဲ။ ယွမ်ဝမ်ကျီ ဒီလိုဓားချက်ကိုတောင် မရှောင်နိုင်ရင် အပြစ်ကို ဇူအန်ပေါ် ပုံချလို့ မကောင်းလောက်ဘူး"

ဆန်းဟုန် သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။ လက်ရှိအခြေအနေအရ ယွမ်အိမ်ကို ထောက်ခံရန် မဖြစ်နိုင်ပေ။
"ယွမ်အိမ်ခေါင်းဆောင် ကျုပ်တို့ ဘယ်သူ နိုင်နိုင်ရှုံးရှုံး ရလဒ်ကို မဝေဖန်ဖို့ ပြောထားပြီးသားလေ။ ခင်ဗျားက ကျုပ်ကို အနေကြပ်အောင် လုပ်နေတာပဲ"

သူ့စကားများက လူအုပ်၏ ထောက်ခံမှုကို ရလေသည်။

"အမှန်ပဲ ကျုပ်တို့လည်း ကြားလိုက်တယ်"

"ယွမ်အိမ်က အရှုံးသမားတွေပဲ"

"အခြေခံဓားပညာကိုတောင် မရှောင်နိုင်လောက်အောင် သူက ဘယ်လောက်ညံ့ရတာလဲ"
...

ဇူအန် စိတ်အေးသွားရသည်။ သူ နေကြာပန်းလှိုင်းကို တစ်ချက်သုံးလိုက်မိသည်။ ကံကောင်းစွာဖြင့် မည်သူမှ သတိမထားမိလိုက်ချေ။ လူတိုင်း အခြေခံဓားပညာကိုသာ မြင်ကြပြီး နေကြာပန်းလှိုင်းနှင့် ပေါင်းစပ်ထားသော ပိုင်ရှီးဓားသိုင်းဖြစ်နေကြောင်း မသိကြပေ။ ဒီဓားသိုင်းက မျက်နှာချင်းဆိုင်ရင်ဆိုင်ရသောသူသာလျှင် တကယ့်အင်အားကို သိစေနိုင်ပြီး ထူးဆန်းလေသည်။ ပွဲကြည့်သူများက ပြိုင်ဘက် မည်သို့ မရှောင်နိုင်ကြောင်းကိုသာ သံသယဝင်ကြပေလိမ့်မည်။

သို့သော် ဇူအန် မသိလိုက်သည်က လူအုပ်ထဲတွင် သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေသော လူတစ်ယောက်ရှိသည်ပင်။
"ခုနက ထုတ်သုံးလိုက်တဲ့ ဓားသိုင်းက ဟိုလူနဲ့ ဘာလို့ဒီလောက်ဆင်တူနေရတာလဲ။ ဒါ မဖြစ်ဘူး။ ငါ အထက်ကို အမြန်တင်ပြရမယ်"

---------------------------------------------------------------------------------------

122.

ထိုအခ်ိန္တြင္ ဝူေဝ့ႏွင့္ ယြမ္က်န္းခ်ဴ တို႔ ယြမ္ဝမ္ဒုံ ဇူအန္ကို အေၾကာျဖတ္ၿပီးေသာရလဒ္ကိုၾကည့္ရန္ ႀကိဳးဝိုင္းဘက္ လွည့္လိုက္သည္။ သို႔ေသာ္ ျမင္လိုက္ရေသာ ျမင္ကြင္းက ႏွစ္ေယာက္လုံးကို ပါးစပ္ေဟာင္းေလာင္းျဖစ္ေစသည္။

ယြမ္က်န္းခ်ဴ ေခတၱေၾကာင္သြားၿပီးမွ ေပါက္ကြဲေလသည္။ ရက္စက္ေသာမ်က္ႏွာျဖင့္ ဇူအန္ထံ ေျပးဝင္လာၿပီး
"မင္းငါ့သားကို ဒဏ္ရာရေအာင္လုပ္ရဲတာလဲ။ ေသစမ္း"

သင္သည္ ယြမ္က်န္းခ်ဴ ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။

ယြမ္က်န္းခ်ဴ က်င့္ႀကံမႈက ၿမိဳ႕ေတာ္ဝန္ႏွစ္ေယာက္ေအာက္ နိမ့္က်ေသာ္လည္း ဇူအန္ကို သတ္ရန္ အပန္းမႀကီးေပ။ သူက ဖူအန္ေရွာင္ခ်င္ရင္ေတာင္ ေရွာင္မရေသာ အားတစ္ခု ပစ္သြင္းလိုက္သည္။

သို႔ေသာ္ လူတစ္ေယာက္ ဇူအန္ေရွ႕ရပ္လိုက္၍ ဇူအန္ေရွာင္စရာပင္ မလိုေခ်။ ခ်ဴက်ဳန္းထန္ ယြမ္က်န္းခ်ဴတိုက္ခိုက္မႈကို တားလိုက္ၿပီး သေရာ္ၿပဳံးျဖင့္
"ယြမ္ေခါင္းေဆာင္ ဒါက လူငယ္ေတြရဲ႕ တိုက္ပြဲပါ။ ခင္ဗ်ား ဝင္ပါတာ နိမ့္က်လြန္းတယ္ မထင္ဘူးလား"

ယြမ္က်န္းခ်ဴကို ထိုစကားမ်ား ျပန္ေျပာနိုင္ျခင္းေၾကာင့္ အလြန္စိတ္ခ်မ္းသာသြားသည္။ သူက လူေကာင္းတစ္ေယာက္ျဖစ္ေသာ္လည္း လူတိုင္းသူ႕ကို အနိုင္က်င့္၍ ရသည္ဟု မဆိုလိုေပ။ ယြမ္အိမ္က တစ္ေန႕လုံး အထက္စီးဆန္ဆန္ ျပဳမူေနၿပီး အခု ျပန္ေပးဆပ္ရမည့္ အခ်ိန္ေရာက္ေလၿပီ။

"မင္း!"

ယြမ္က်န္းခ်ဴ ေဒါသထြက္သြားေသာ္လည္း သူ႕အဆင့္က ခ်ဴက်ဳန္းထန္ထက္နိမ့္၍ လုံးဝ မတိုးေဖာက္နိုင္ေခ်။

ကံေကာင္းစြာ ဝူေဝ့ ထိုအခ်ိန္တြင္ ေရွ႕တက္လိုက္သည္။သို႔ေသာ္ ခ်ဴက်ဳန္းထန္ထံ လာရမည့္အစား ယြမ္ဝမ္ဒုံ၏ ေသြးထြက္ေနမႈကို တားဆီးလိုက္သည္။ ထို႔ေနာက္ ဒဏ္ရာကို မ်က္ႏွာပ်က္စြာ စစ္ေဆးလိုက္သည္။

ဇူအန္လုံၿခဳံမႈကို စိုးရိမ္၍ ခ်ဴက်ဳန္းထန္ ဝူေဝ့ေရာ ယြမ္က်န္းခ်ဴပါ မတိုက္နိုင္သည့္ဘက္တြင္ ထားလိုက္သည္။

ယြမ္က်န္းခ်ဴ သူ႕သားနားကိုသြား၍ အျမန္ထူလိုက္သည္။ ေဆးတစ္ခ်ိဳ႕ထုတ္ၿပီး ပါးစပ္ထဲ ထည့္ေပးလိုက္ေလသည္။ ထို႔ေနာက္ ဇူအန္ဘက္လွည့္၍ ေအာ္လိုက္သည္။
"ၿပိဳင္ပြဲစည္းကမ္းအရ ၿပိဳင္ဘက္ကို အနာတရျဖစ္ေအာင္ မလုပ္သင့္ဘူးလို႔ မေျပာထားဘူးလား။ ဒါေတာင္ မင္က ငါ့သားကို ရက္ရက္စက္စက္ အေၾကာျဖတ္လိုက္ေသးတယ္"

သင္သည္ ယြမ္က်န္းခ်ဴ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရယူလိုက္သည္။

ထိုစကားကို ဇူအန္ ပုခုံးတြန့္၍ ျပန္ေျဖသည္။
"ခင္ဗ်ားဘာေျပာေနလဲ က်ဳပ္နားမလည္ဘူး။ က်င့္ႀကံသူေတြရဲ႕ တိုက္ပြဲမွာ အနိုင္အရႈံးက လ်ပ္တျပတ္ပဲ။ က်ဳပ္က မၾကာေသးခင္ကမွ ယြမ္သခင္ေလးရဲ႕ ေျပာင္ေျမာက္တဲ့ဓားသိုင္းကို ႀကဳံေတြ႕ထားရတာ။ အဆင့္ ၃ က်င့္ႀကံသူ တစ္ေယာက္အေနနဲ႕ အဆင့္ ၅ က်င့္ႀကံသူကို တိုက္တဲ့ေနရာမွာ ခြန္အားလွ်ိုထားလို႔ ဘယ္ရမလဲ။ ယြမ္သခင္ေလးက က်ဳပ္ထင္တာထက္ အားေပ်ာ့မယ္လို႔ က်ဳပ္က ဘယ္ထင္ထားမလဲ။ ေဟး သူ႕ကို က်ဳပ္ဇနီး ခ်ဴယန္နဲ႕ တစ္တန္းတည္း မထားသင့္ဘူး"

ထိုစကားမ်ားသည္ ယြမ္ဝမ္က်ီ ခ်ဴဟြမ္ေက်ာက္ကို တမင္သက္သက္ ဒဏ္ရာရေအာင္လုပ္စဥ္က ယြမ္ဝမ္ဒုံ ေျပာထားေသာ စကားမ်ားပင္။ဇူအန္က ျပန္ပို႔လိုက္႐ုံပင္။

"မင္း!" ယြမ္ဝမ္ဒုံ ေဒါသတႀကီး ေအာ္လိုက္ၿပီး ဒဏ္ရာျပင္းထန္မႈေၾကာင့္ေရာ စိတ္မၿငိမ္မႈေၾကာင့္ပါ ေမ့လဲသြားေလသည္။

သင္သည္ ယြမ္ဝမ္ဒုံ ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။

"မင္ မ်ိဳးမစစ္ ။ မင္းကမ်ား.." ယြမ္က်န္းခ်ဴ ေဒါသထြက္သြားေသာ္လည္း ဇူအန္ကို ျပန္ျငင္းရန္ စကားရွာမရေပ။

သင္သည္ ယြမ္က်န္းခ်ဴ ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။

ထိုအခါ ခ်ဴက်ဳန္းထန္ ထေျပာလိုက္သည္။
"ယြမ္အိမ္ေခါင္းေဆာင္ ဇူအန္က က်ဳပ္တို႔ခ်ဴအိမ္ရဲ႕ သားမက္ မ်ိဳးမစစ္ မဟုတ္ဘူး။ ခင္ဗ်ားရဲ႕ ဒဏ္ရာရေနတဲ့သားမ်က္ႏွာၾကည့္ၿပီး ဒီတစ္ခါ မ်က္ႏွာလႊဲလိုက္မယ္။ ဒါေပမဲ့ က်ဳပ္တို႔ ခ်ဴအိမ္က အိမ္သားတစ္ေယာက္ အေစာ္ကားခံေနရတာကို ၾကည့္ေနမွာမဟုတ္ဘူး"

"မင္း" ယြမ္က်န္းခ်ဴ ေဒါသထြက္ေနေသာ္လည္း အဆင့္အတန္းေရာ က်င့္ႀကံမႈအရ သူက ခ်ဴက်ဳန္းထန္ကို မမီပင္။ သူစိတ္တိုေနေသာ္လည္း လႈပ္ရွား၍ မရေပ။

ဝူေဝ့ ေခါင္းေဆာင္၍ ဒိုင္မ်ားဘက္ လွည့္လိုက္သည္။
"ဒိုင္လူႀကီးမင္းမ်ား ၿပိဳင္ပြဲဝင္က ၿပိဳင္ဘက္ကို တမင္သက္သက္ ထိခိုက္ေအာင္ မလုပ္ရတာ စည္းကမ္းပါ။ အရင္တိုက္ပြဲတုန္းက ယြမ္ဝမ္က်ီက ခ်ဴဟြမ္ေက်ာက္ကို ဒဏ္ရာရေအာင္လုပ္လိုက္ေပမဲ့ အခ်ိန္ယူလိုက္ရင္ ျပန္ေကာင္းနိုင္မယ့္ ဒဏ္ရာပါ။ ဒါေပမဲ့ ဇူအန္ကေတာ့ ရက္ရက္စက္စက္ ယြမ္ဝမ္ဒုံကို အေၾကာျဖတ္ပစ္တယ္။ သူ႕ၿပိဳင္ပြဲဝင္ခြင့္ကို ႐ုတ္သိမ္းၿပီး ခ်ဴအိမ္အရႈံးလို႔ သတ္မွတ္ေပးဖို႔ ေတာင္းဆိုပါတယ္"

"ေပါက္ကရေတြ" ခ်ဴက်ဳန္းထန္ ေအာ္လိုက္သည္။
"ဝူေဝ့ မင္း လူတိုင္းကို ကန္းေနတယ္ ထင္ေနလား။ ခုနက ယြမ္ဝမ္ဒုံက ဇာအန္ကို လုပ္ဖို႔ အရင္ႀကိဳးစားလို႔ ျပန္တိုက္ခိုက္တာ ခံရတာေလ။ သူ႕ကံၾကမၼာက သူလုပ္လို႔ ျပန္ခံရတာပဲ။ သူ႕ရလဒ္ကို သူ႕ကိုယ္သူကလြဲရင္ တစ္ျခားလူ အျပစ္တင္လို႔မရဘူး"

လူအုပ္ထဲတြင္ ျမင္လိုက္ေသာသူတစ္ခ်ိဳ႕ရွိ၍ ေထာက္ခံေလသည္။
"အဲ့တာအမွန္ပဲ ယြမ္ဝမ္ဒုံက ဇူအန္ကို အေၾကာျဖတ္ဖို႔ စလုပ္တာ"

သို႔ေသာ္ ယြမ္အိမ္၏ ေထာက္ခံသူမ်ားက ခ်က္ခ်င္းျပန္ျငင္းသည္။
"ေပါက္ကရေတြ။ ယြမ္သခင္ေလးက ဘာလို႔လုပ္ရမွာလဲ။ သူ႕လို အဆင့္ ၅ က်င့္ႀကံသူက ဇူအန္လို အဆင့္၃ က်င့္ႀကံသူကို ပစ္မွတ္ထားစရာမရွိဘူး။ ဇူအန္က သူသတိမထားမိတာကို အခြင့္ေကာင္းယူၿပီး ရက္စက္လိုက္တာ။ သူက ဘယ္လိုေတာင္ ေကာက္က်စ္ရတာလဲ"

အမွန္ေတာ့ ပြဲၾကည့္သူအမ်ားစုက ပုံမွန္လူမ်ားႏွင့္ အဆင့္နိမ့္သူမ်ားျဖစ္၍ ေသခ်ာမျမင္နိုင္ေပ။ သူတို႔က ႏွစ္ဖက္လုံးရဲ႕ ျငင္းခုန္မႈကို နားေထာင္ၿပီး ဘက္ေ႐ြးျခင္းပင္။

ထိုစဥ္ သူ႕ေနရာကို ေဖာ္ျပရမည့္အစား ဆန္းဟုန္ ၿမိဳ႕စားခ်ီႏွင့္ ေက်ာင္းအုပ္က်န္းကို ေမးလိုက္သည္။
"ၿမိဳ႕စားခ်ီ ေက်ာင္းအုပ္က်န္း ဘယ္လိုထင္လဲ"

ေျမေခြးအိုႀကီး..

ခ်ီရွို႔ စိတ္ထဲမွ က်ိန္ဆဲလိုက္မိသည္။ ဘယ္လို ေျပာေျပာ တစ္ဖက္ကို ဆန့္က်င္သလို ျဖစ္သြားမည္ပင္။ သို႔ေသာ္ နိုင္ငံေရးတြင္ ႏွစ္ေပါင္းမ်ားစြာ က်င္လည္လာ၍ ဒီအေျခအေနကို ဘယ္လိုေရွာင္ရမလဲ ခ်ီရီ နားလည္ေလသည္။
"က်ဳပ္အားနည္းတာကို ခြင့္ျပဳပါ။ ဇူသခင္ေလးက ယြမ္သခင္ေလးကို အေျခခံဓားသိုင္းနဲ႕ ဘယ္လို အနိုင္တိုက္နိုင္လိုက္လဲ က်ဳပ္မေျပာနိုင္ဘူး။ က်ဳပ္ အုပ္ခ်ဳပ္ေရးမႉးဆန္း ေထာက္ျပဖို႔ ေမွ်ာ္လင့္ပါတယ္"

သူ႕အသံက လူအမ်ား၏ သံသယကို ေထာက္ျပလိုက္သည္။ ယြမ္ဝမ္ဒုံ အသာစီးရေနေၾကာင္း လူတိုင္းျမင္နိုင္၍ ေနာက္ဆုံးအခ်ိန္တြင္ ဘာလို႔ေျပာင္းသြားလဲ မသိၾကေပ။

"အဲ့ဒီအမွိုက္ ယြမ္ဝမ္ဒုံက အေရးႀကီးတဲ့အခ်ိန္မွ ဇူအန္ေမးခြန္းကို ဘာလို႔သြားေျဖလိုက္တာလဲမသိဘူး။ သူက ဒုကၡိတျဖစ္သင့္တယ္" ရွီခြန္း ေရႏြေးေသာက္ခ်လိဳက္ေသာ္လည္း ေဒါသ မေျပေပ။ ယြမ္ဝမ္ဒုံ ဇူအန္ကို ရွင္းနိုင္ရန္ နည္းလမ္းေပါင္းစုံ ႀကိဳျပင္ထားေသာ္လည္း သူ႕အစီအစဥ္ ပ်က္စီးသြားေလသည္။

စနိုး ႏွစ္သိမ့္ရန္ ႀကိဳးစားလိုက္သည္။
"ဇူအန္က မုန္းစရာေကာင္းလြန္းလို႔ ယြမ္ဝမ္ဒုံ စိတ္မထိန္းနိုင္တာ ျဖစ္ပါလိမ့္မယ္"

"တကယ့္အမွိုက္ပဲ" ရွီခြန္း လက္သီးဆုတ္၍ ေရႏြေးခြက္ကို ေျခမြပစ္လိုက္သည္။

ထိုအရာကိုျမင္ေသာ္ စနိုး တိတ္ဆိတ္သြားသည္။ ရွီခြန္းေဒါသတြင္ အဆစ္မပါခ်င္ေပ။

လူအုပ္ၾကားမွ က်ီတန္ထု မ်က္လုံးလွန္လိုက္မိသည္။

အဲ့ေကာင္ေလးပါးစပ္က တကယ့္ အဆိပ္ျပင္းတာပဲ။ အခ်ိန္ေကာင္းမွာ ယြမ္ဝမ္ဒုံ ေမးခြန္းေျဖေအာင္ လုပ္နိုင္လိုက္တယ္။ ဒါေပမဲ့ သူသုံးတဲ့ ေျခလွမ္းက ဘာပါလိမ့္။
ငါနည္းနည္း ရင္းႏွီးေနသလိုပဲ ။ တစ္ေနရာရာမွာ ေတြ႕ဖူးလို႔လား။

ဒါေပမဲ့ ငါဘာလို႔ မမွတ္မိရတာလဲ။ ငါစာအုပ္ေတြဖတ္တာမ်ားၿပီး မွတ္ဉာဏ္ခ်ိဳ႕ယြင္းလာတာမ်ားလား။ ဟမ္ ၾကည့္ရတာ ငါ့ကိုယ္ငါ နည္းနည္းျပန္ထိန္းရမယ္။ အားျဖည့္ဖို႔ ေဆးတစ္ခ်ိဳ႕ ေဖာ္ဦးမွပါ

ဇူအန္ေအာင္ျမင္မႈကို မအံ့ၾသေသာ တစ္ဦးတည္းေသာလူက ေဖးျမန့္မုန္ ပင္။ သက္ေတာင့္သက္သာ ထိုင္ေန၍ သူ႕ေကာက္ေၾကာင္းက ေဘးရွိေယာက္်ားမ်ားကို အၾကည့္ေရာက္ေစသည္။ သို႔ေသာ္ သူစိတ္ထဲ မထည့္ေပ။ မက္မြန္မ်က္လုံးမ်ားက လျခမ္းပမာ ေကြးၫြတ္သြားၿပီး တီးတိုးေျပာလိုက္သည္။
"ငါေတာင္ သတ္လို႔မရတဲ့ လူတစ္ေယာက္က ယြမ္ဝမ္ဒုံကို အနိုင္ရဖို႔ ဘယ္ခက္ခဲလိမ့္မလဲ"

ဒိုင္မ်ားအၾကား ဆန္းဟုန္ ခ်ီရီကို ငါရွဥ့္ေႁမြကဲ့သို႔ ေခ်ာ္ထြက္ေနသည္ဟု ဆဲလိုက္ၿပီး လူအုပ္စကားသံကို နားစြင့္လိုက္သည္။ အမွန္ေတာ့ ယြမ္ဝမ္ဒုံ အေရးႀကီးခ်ိန္မွ ဘာေၾကာင့္အာ႐ုံလြတ္သြားမွန္း နားမလည္လိုက္ေခ်။
သူကငယ္လြန္းလို႔ ျဖစ္ရမယ္။ ဒါ့ေၾကာင့္ အာ႐ုံမစိုက္နိုင္တာ။

ထို႔ေၾကာင့္ က်န္းေလာ့ဖူကို ေမးလိုက္သည္။
"ေက်ာင္းအုပ္က်န္း ဘယ္လိုျမင္လဲ"

ခ်ဴအိမ္၏ အနိုင္ရမႈက သူ႕အစီအစဥ္မ်ားကို ႏွောင့္ႏွေးေစ၍ ဆန္းဟုန္ စိတ္ဓာတ္က်ေနသည္။ က်န္းေလာ့ဖူ ေျခေထာက္မ်ားကပင္ သူ႕ကို စိတ္မလႈပ္ရွားေစေတာ့ေပ။

က်န္းေလာ့ဖူ တည္တည္ၿငိမ္ၿငိမ္ ျပန္ေျဖသည္။
"ယြမ္ဝမ္ဒုံ၏က ဇူအန္ကို ဒကၡိတျဖစ္ဖို႔ အရင္ႀကံစည္ၿပီး ဇူအန္ တုံျပန္တာ ခံလိုက္ရတာ အမွန္ပဲ။ အေရးႀကီးတဲ့အခ်ိန္ဆိုေတာ့ ႏွစ္ဖက္လုံး ေနာက္ဆုတ္လို႔မရတဲ့ အေျခအေနပဲ။ အေျဖကဘာပဲျဖစ္ျဖစ္ ႏွစ္ဖက္လုံးကို အျပစ္တင္လို႔မရဘူး။. အနိုင္ရတဲ့သူ ထြက္လာမွေတာ့ ကြၽန္မတို႔ ေဆြးႏႊေးစရာ မလိုေတာ့ဘူးလို႔ ကြၽန္မထင္တယ္"

က်န္းေလာ့ဖူ ဇူအန္ဘက္လိုက္၍ ဆန္းဟုန္ အံ့ၾသသြားသည္။ သို႔ေသာ္ ခ်ဴအိမ္ကို ဖိႏွိပ္ေသာ အခ်ိန္မ်ားတြင္ ဝင္မစြက္ဖက္၍သူက ဘက္လိုက္ေနပုံ မရေပ။ အကယ္ဒမီထုံးစံအတိုင္း ၾကားေန ျခင္းျဖစ္ရမည္။

က်န္းေလာ့ဖူ ျပာၿပီးတာေၾကာင့္ အေျခအေနကို ေျပာင္းျပန္လွန္နိုင္စရာ အေၾကာင္းမရွိေတာ့ေပ။ ထို႔ေၾကာင့္ ဆန္းဟုန္ ေၾကညာလိုက္သည္။
"အနိုင္ရသူက အေျဖထြက္လာမွေတာ့ က်ဳပ္ဒီေနရာမွာ ခ်ဴအိမ္က ၿပိဳင္ပြဲကို အနိုင္ရသြားေၾကာင္း ေၾကညာလိုက္တယ္"

ဆန္းဟုန္က ခ်ဴအိမ္ကို ေျဖရွင္းရန္ ေရာက္လာေသာ္လည္း ေတာ္ဝင္လႊတ္ေတာ္၏ ဂုဏ္သိကၡာကို ထည့္တြက္ရေသးသည္။ ခ်ဴအိမ္ကို ေပၚတင္ဆန့္က်င္၍ မရေပ။ မဟုတ္ပါက ရန္သူကို ေပ်ာ့ကြက္ေပးသလို ျဖစ္သြားလိမ့္မည္။ အရာအားလုံး အေျခက်ၿပီးျဖစ္၍ ေနာက္တသ္လွမ္းဆုတ္ကာ အစီအစဥ္ ျပန္ဆြဲရန္သာ က်န္ေတာ့သည္။

ခ်ဴအိမ္မွလူမ်ား ခ်က္ခ်င္း ေအာင္ပြဲခံလိုက္ၾကသည္။တစ္ေန႕လုံး အျဖစ္အပ်က္မ်ားစြာ ျဖစ္သြားၿပီး ဝူအိမ္ႏွင့္ ယြမ္အိမ္လက္ထဲ အရႈံးေပးလိုက္ရၿပီဟု ေတြးထားၾကေလသည္။ ေနာက္ဆုံးအခ်ိန္မွ ေျပာင္လဲမည္ဟု မထင္ထားေပ။

ဝူအိမ္ႏွင့္ ယြမ္အိမ္မွ လူမ်ား မ်က္ႏွာပ်က္ေနသည္။ ျပင္ဆင္မႈမ်ားစြာလုပ္ထားၿပီး ေနာက္ဆုံး ဒီလိုအဆုံးသတ္မည္ဟု စိတ္ကူးေတာင္ မယဥ္ဖူးေခ်။ သူတို႔က ေအာင္ျမင္ဖို႔ အလြန္နီးကပ္ေနၿပီး လက္ေခ်ာင္းၾကားမွ ျပန္ထြက္သြားေလသည္။ ဘယ္သူမွ လက္မခံနိုင္ပ၊

"ဆန္းအုပ္ခ်ဳပ္ေရးမႉး" ဝူေဝ့ ဆန္းဟုန္ကို မ်က္ႏွာပ်က္ၿပီး ၾကည့္လိုက္သည္။ ဆန္းဟုန္ ေၾကညာခ်က္ကို လက္မခံနိုင္တာ သိသာသည္။

ဆန္းဟုန္ ဝူေဝ့ကို တည္ၿငိမ္စြာ ၾကည့္၍
"ဟူတ္တယ္ ခ်ဳအိမ္က ယြမ္သခင္ေလးဒဏ္ရာအတြက္ တာဝန္ယူရမွာ က်ဳပ္နားလည္ပါတယ္။ လျပည့္ၿမိဳ႕ေတာ္ဝန္ ခင္ဗ်ားတို႔ခ်ဴအိမ္က ယြမ္သခင္ေလးရဲ႕ ေဆးဝါးခကို တာဝန္ယူရမယ္။ ျငင္းစရာရွိလား"

"ဒါေပါ့ မရွိပါဘူး" ခ်ဴက်ဳန္းထန္ ဝမ္းသာအားရ ျပန္ေျဖသည္။ ယြမ္အိမ္က ခ်ဴအိမ္အတြက္ ေဆးဖိုးဝါးခေပးရန္ေျပာၿပီး ေလွာင္စဥ္က သူအေတာ္ ေဒါသထြက္သြားျခင္းပင္။
ဒါေပမဲ့ ကံ၊ကံ၏အက်ိဳးက တကယ္ထင္တယ္။

"မလိုပါဘူး။ က်ဳပ္တို႔က ကိုယ့္အိမ္သားအတြက္ ေဆးဖိုးေတာ့ တတ္နိုင္ပါတယ္" ယြမ္က်န္းခ်ဴ ေအးစက္စက္ ေျပာလိုက္သည္။ဒါက ဆန္းဟုန္ သူတို႔ကို လက္ေလွ်ာ့လိုက္ေသာ လကၡဏာမွန္း သူသိေလသည္။

ထို႔ေၾကာင့္ အိမ္သားမ်ားကို အခ်က္ျပ၍ ယြမ္အိမ္ကိုျပန္ရန္ အမိန့္ေပးလိုက္သည္။

ထိုအခ်ိန္တြင္ ဇူအန္ ထေျပာေလသည္။
"ခဏေလး ဒီလိုပဲ ျပန္ေတာ့မွာလား"

ယြမ္က်န္းခ်ဴ ေနာက္ျပန္လွည့္၍ ဇူအန္ကို ေဒါသတႀကီး မ်က္ေစာင္းခဲလိုက္သည္။
"ဇူအန္ မင္းဘာလိုခ်င္ေသးလို႔လဲ"

သင္သည္ ယြမ္က်န္းခ်ဴ ထံမွ အမ်က္ပြိုင့္ ၇၈၃ ရယူလိုက္သည္။

သူတို႔အသာထား ခ်ဴအိမ္မွလူမ်ားပင္ ဇူအန္ ယြမ္အိမ္ကို ဘာေၾကာင့္တားမွန္း နားမလည္ေပ။

"ဘာရယ္မဟုတ္ပါဘူး။ ခင္ဗ်ားတို႔ က်ဳပ္ကို တစ္စစီ လုပ္ခ်င္တဲ့အထိ မုန္းေနတာ က်ဳပ္သိတယ္။ ဒီလို ဆိုမွေတာ့ ခင္ဗ်ားတို႔ က်ဳပ္ကို လက္စားေခ်ဖိဳ႕ အခြင့္အေရးေပးမယ္" ဇူအန္ ဓားကို ယြမ္ဝမ္က်ီ ထံ ထိုးလိုက္၍
"သူ႕ကို တိုက္ဖို႔ က်ဳပ္စိန္ေခၚမယ္။ အကုန္လုံး ဒီေနရာမွာ အျပတ္ရွင္းလိုက္ၾကတာေပါ့"

ပြဲၾကည့္သူအမ်ားစုက ျပန္ရန္ျပင္ေနစဥ္ ထိုစကားမ်ားၾကား၍ စိတ္လႈပ္ရွားစြာ ထိုင္ခုံကိုျပန္ထိုင္လိုက္ၾကသည္။
ဟုတ္ၿပီ ေနာက္ထပ္ပြဲတစ္ခု..

ယြမ္က်န္းခ်ဴ ေၾကာင္သြားၿပီးမွ သေဘာေပါက္သြားသည္။
"မင္းက ခ်ဴဒုတိယသခင္မေလးအတြက္ လက္စားေခ်ခ်င္တာလား"

ဇာအန္ ေခါင္းညိတ္လိုက္သည္။
"ဒါက က်ဳပ္သေဘာပဲ။ ဒါေပမဲ့ ခင္ဗ်ားတို႔ ယြမ္အိမ္အတြက္ အခြင့္အေရးတစ္ခု ေပးလိုက္တာ။ ေနာက္ေန႕ကစၿပီး က်ဳပ္က ယြမ္အိမ္အေစာင့္ေတြရဲ႕ ကာကြယ္မႈေအာက္မွာ ရွိေနမွာ။ ဒါက ခင္ဗ်ားရဲ႕ တစ္ခုတည္းေသာ အခြင့္အေရးပဲ။ ဒါကို မရလိုက္ရင္ ေနာက္ထပ္အခြင့္အေရးရွိမွာ မဟုတ္ေတာ့ဘူး။ ခင္ဗ်ား ေသခ်ာစဥ္းစားေပါ့"

ထမ္းစင္ေပၚတြင္ ခ်ဴဟြမ္ေက်ာက္ အလြန္ စိတ္လႈပ္ရွားေနသည္။
"ခဲအို အေကာင္းဆုံးပဲ။ "

ခ်င္ဝမ္ယြီ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
"ဒါက ေပါက္ကရေတြ။ သူက ယြမ္ဝမ္ဒုံကို တိုက္ဆိုင္လို႔ နိုင္သြားတာနဲ႕ ေလာကႀကီးမွ အတုမရွိဘူးထင္ေနလား။ ယြမ္ဝမ္က်ီက ယြမ္ဝမ္ဒုံထက္ အဆင့္ပိုနိမ့္ေပမဲ့ ဇူအန္ တိုက္နိုင္တဲ့ အေနအထားမဟုတ္ဘူး။ ၿပီးေတာ့ ယြမ္အိမ္က သူ႕လက္ထဲမွာ တစ္ခါခံလိုက္ရၿပီးၿပီ ေနာက္တစ္ခါ လွည့္ကြက္ထဲ အေရာက္ခံမွာ မဟုတ္ဘူး။ ဇူအန္ သူ႕ဘာသာ ေခ်ာင္ပိတ္ေနတာ မဟုတ္ဘူးလား"

ထိုအခ်ိန္တြင္ ယြမ္က်န္းခ်ဴ ရွီခြန္းထံမွ အသံရလိုက္သည္။
"သူ႕ကိုလက္ခံလိုက္။ ဒီအခြင့္အေရးကို အသုံးခ်ၿပီး သူ႕ကို ဒုကၡိတ ျဖစ္ေအာင္လုပ္ ။ ရွီအိမ္က ထိုက္ထိုက္တန္တန္ ဆုခ်မယ္"

ယြမ္က်န္းခ်ဴ ထိုအႀကံရွိၿပီးသားျဖစ္၍ ရွီခြန္းစကားက ေလာင္စာထည့္လိုက္သလိုပင္။ ဝမ္းသာစြာျဖင့္ ဇူအန္ကို ေအးစက္စက္ ေလွာင္လိုက္သည္။
"ေကာင္းၿပီေလ မင္းဆုံးျဖတ္ခ်က္ကို မင္းေနာင္တမရဖို႔ ငါေမွ်ာ္လင့္တယ္"

ဇူအန္ ပုခုံးတြန့္ျပေလသည္။
"ရွိေနတဲ့လူအားလုံး။ က်ဳပ္ရဲ႕ မ်က္ျမင္သက္ေသ ျဖစ္ေပးပါ။ ဒီၿပိဳင္ပြဲက မွ်တတယ္။ ဘယ္သူနိုင္နိုင္ တစ္ျခားလူကို လက္တုံ႕မျပန္ရဘူး"

ဆန္းဟုန္ မ်က္လုံး အေရာင္ေတာက္သြားသည္။ သူခ်က္ခ်င္း သေဘာတူလိုက္ၿပီး
" ေကာင္းၿပီေလ ငါက ဒီလူငယ္ႏွစ္ေယာက္အတြက္ မ်က္ျမင္သက္ေသ လုပ္ေပးမယ္"

သူလည္း ဒီကိစၥတြင္ ဝင္မပါခ်င္ေပ။ သို႔ေသာ္ သူ႕သားက ဇူအန္ေလာင္းေၾကးအေၾကာင္း မ်က္ရည္စက္လက္ျဖင့္ ဝန္ခံလိုက္သည္။ ေငြစ တစ္မီလီယံေတာင္ ေလ်ာ္ရမည့္အေၾကာင္း ၾကား၍ သူေၾကာက္လန့္သြားသည္။ ဒီပမာဏက အိမ္ေတာ္ႀကီးမ်ားအတြက္ ဘာမွမဟုတ္ေသာ္လည္း ဆန္းအိမ္လို တက္သစ္စ အိမ္ေတာ္တစ္ခုအတြင္ အလြန္မ်ားေသာ ပမာဏ ျဖစ္ေလသည္။

သူ႕သား၏ ႐ူးသြပ္မႈေၾကာင့္ ေဒါသထြက္ေသာ္လည္း လုပ္ၿပီးသြားၿပီျဖစ္သည္။ တစ္နည္းနည္းျဖင့္ ေျဖရွင္းရန္သာႀကိဳးစားနိုင္ေတာ့သည္။ ဒီလိုအခ်ိန္မွာ သူတို႔ႏွစ္ေယာက္က ၿပိဳင္ပြဲလုပ္ရန္ ျပင္ေနသည္။ ဇူအန္သာ တစ္ခုခုျဖစ္သြားပါက အေႂကြးကို မသိခ်င္ေယာင္ေဆာင္၍ မရွိဘူးဟု သတ္မွတ္နိုင္ေလသည္။ ထို႔ေၾကာင့္ သေဘာတူလိုက္ျခင္းပင္။

သူ႕ေၾကညာခ်က္က ျမန္လြန္း၍ ခ်ဴက်ဳန္းထန္ တားခ်ိန္ပင္ မရလိုက္ေခ်။

122(B )

က်န္းေလာ့ဖူ အေလာတႀကီး သေဘာတူလိုက္ေသာ ဆန္းဟုန္ကို အံၾသစြာ ၾကည့္ေနသည္။ သို႔ေသာ္ ဘာမွမေတြးနိုင္ေတာ့ဘဲ ထိုင္ခုံတြင္ ျပန္ထိုင္လိုက္သည္။ သက္ေတာင့္သက္သာ ေျခခ်ိတ္၍ ပြဲၾကည့္ရန္သာ ဆုံးျဖတ္လိုက္ေလသည္။ ဇူအန္ ဘာမ်ားထုတ္သုံးဦးမလဲ သိခ်င္ေသးသည္။

ဆန္းဟုန္ႏွင့္ က်န္းေလာ့ဖူ ကိုၾကည့္၍ က်န္ေသာသူမ်ားလည္း ထိုင္ခုံတြင္ ျပန္ထိုင္လိုက္သည္။

ခ်င္ဝမ္ယြီ သူ႕ေယာက္်ားလက္ကိုဆြဲ၍ ေမးလိုက္သည္။
"ဇူအန္ ယြမ္ဝမ္က်ီကို နိုင္နိုင္လား"

ခ်ဴက်ဳန္းထန္ ေခါင္းယမ္းလိုက္သည္။
"ငါလည္း မသိဘူး။ ခုနက တိုက္ပြဲအရ သူက ယြမ္ဝမ္က်ီထက္ နည္းနည္းပိုအားေပ်ာ့တယ္။ အမွန္ေတာ့ ယြမ္ဝမ္ဒုံ ဘယ္လိုျဖစ္ၿပီး ရႈံးသြားလဲေတာင္ ငါမေသခ်ာဘူး"

ဟုန္ရွင္းယင္ ထိုစကားမ်ားၾကားေသာ္ စိတ္ေအးသြားသည္။
အဲ့ဒီေကာင္သာ အဆင့္ ၅က်င့္ႀကံသူကို နိုင္ၿပီး ခ်ဴအိမ္ကိုျပန္လာရင္ ငါဘာလုပ္ရမလဲ မသိဘူး။ ဒါေပမဲ့ သူ႕ဘာလာ ေလာဘတက္လာေတာ့ ဒီေနရာမွာပဲ ပြဲသိမ္းမယ္ထင္ရတာပဲ။

ဇူအန္ ရႈံးသြားရင္ ခုနက နိုင္တဲ့ ဂုဏ္ေတာင္ ေပ်ာက္သြားမွာ။ အဲ့လိုသာဆို ငါဘာမွ စိတ္ပူစရာ မလိုေတာ့ဘူး။ ဟမ့္ ေနာက္ဆုံးေတာ့ သူက ကံေကာင္းလို႔ အေပၚေယာက္လာတဲ့ လူရမ္းကား တစ္ေယာက္ထက္ ဘာမွမပိုဘူး။ သူဘယ္လို က်င့္ႀကံနိုင္လဲ မသိေပမဲ့ သူက နားထင္ေသြးေရာက္သြားတာပဲ။ သူ႕လိုလူေတြက ဘာမွန္းမသိလိုက္ဘဲ ေသသြားရတာပဲ။

ထိုစဥ္ ခ်ဴဟြမ္ေက်ာက္ စိတ္ပူေနသည္။
"ဒါဆို ခဲအိုက အႏၱရာယ္ ရွိေနတာ မဟုတ္ဘူးလား"

ခ်ဴက်ဳန္းထန္ ႏွစ္သိမ့္လိုက္သည္။
"စိတ္ခ်ပါ အဲ့လိုျဖစ္လာရင္ အေဖဆင္းၿပီး သူ႕ကို ကယ္မွာပါ"

"ဟင့္ ၿပိဳင္ပြဲတစ္ခုလုံး အေဖတစ္ေယာက္မွေတာင္ မကယ္နိုင္ဘဲနဲ႕" ခ်ဴဟြမ္ေက်ာက္ ျပန္ခံေျပာသည္။

ဒီကေလးအစုတ္ပလုတ္ကေတာ့.

ခ်ဴက်ဳန္းထန္ သူ႕စကားေၾကာင့္ နင္မတတ္ပင္။ သူ႕သမီးေျပာတာကို ျပန္ျငင္းစရာ စကားမရွိေပ။ အၾကာႀကီးေနမွ သူမနည္းေျပာလိုက္နိုင္သည္။
"တစ္ခုခု ျဖစ္ရင္ မင္းအေမနဲ႕အစ္မပါ တစ္ခါတည္း လႈပ္ရွားမယ္။ အဲ့တာဆို ရေလာက္ၿပီမလား"

ထိုအခါမွ ခ်ဴဟြမ္ေက်ာက္ ေခါင္းၿငိမ့္၍ လက္ခံလိုက္သည္။
"အဲ့တာမွ ဟုတ္ေသး"

ခ်ဴက်ဳန္းထန္ မ်က္ႏွာမည္းသြားသည္။
သမီးေတြရွိတာ ဘာအက်ိဳးရွိလဲ။ သူက ဒီေလာက္ငယ္ေသးတာေတာင္ အျပင္လူဘက္က လိုက္ေျပာေနၿပီ။ ဒီႏႈန္းအတိုင္းဆို ငါ့ကို ေဒါသထြက္ၿပီး ေသေအာင္လုပ္လိမ့္မယ္။

ထိုအခ်ိန္တြင္ ယြမ္အိမ္မွ တစ္ျခားသူမ်ားက ယြမ္ဝမ္က်ီကို ဝန္းရံကာ အႀကံေပးေနၾကသည္။
"ဝမ္က်ီ ေၾကာက္စရာမလိုဘူး။ သူ႕က်င့္ႀကံမႈက အဆင့္ ၃ ပဲရွိေသးတာ။ မင္းနဲ႕ တကယ္တိုက္ရင္ သူနိုင္စရာ အေၾကာင္းမရွိဘူး"

"ဝမ္ဒုံက ခုနက သူနဲ႕တိုက္ရင္း သတိလက္လြတ္ျဖစ္သြားတာ။ ၿပီးရင္ ဒီနားၾကပ္ေတြတပ္သြား။ အဲ့ဒီလူရဲ႕ ေပါက္ကရစကားေတြေၾကာင့္ မင္းအာ႐ုံအပ်ံ့ေစနဲ႕။ ႀကိဳးဝိုင္းထဲေရာက္တာနဲ႕ သူ႕ကို အနိုင္ပိုင္းဖို႔ပဲ စိတ္ထဲထည့္။ အနည္းဆုံးေတာ့ သူ႕ဆီက ေျခတစ္ဖက္ လက္တစ္ဖက္ ရေအာင္လုပ္ခဲ့"

"သူ႕ရဲ႕ ေျခလွမ္းသိုင္းကိုလည္း မင္းစိတ္ပူစရာမလိုပါဘူး။ ငါတို႔ ခုနက ေသခ်ာအကဲျဖတ္ၿပီးၿပီ။ ဘာမွ ေၾကာက္စရာမရွိဘူး။ မင္း ဒီလို လုပ္ဖို႔ပဲလိုတာ...."

ႀကိဳးဝိုင္းေပၚမွ ဇူအန္ ပ်င္းရိစြာ  သန္းလိုက္သည္။
"မင္းတို႔ ေျပာလို႔ၿပီးၿပီလား။ တိုက္ဦးမွာလား"

သူ႕စကားတစ္ဝက္တြင္ ဇူအန္သူ႕ဟာသူ ေတာင့္ခဲသြားသည္။

ဒီဟာက တအားရင္းႏွီးေနသည္။ ငါစင္ေပၚ မတက္ခင္ ယြမ္ဝမ္ဒုံ ေျပာလိုက္တဲ့ စကားမလား။ ေသစမ္း ခ်ီးပဲ ငါ သူ႕လမ္းကို ေလွ်ာက္ရေတာ့မွာေတာ့ မဟုတ္ဘူးမလား။

ဖီး..ဖီး..ဖီး..ငါက သူနဲ႕ ယွဥ္လို႔ရမလား။ အဲ့ေကာင္က ငါ့႐ုပ္ရည္ရဲ႕ အပုံတစ္ရာမွာ တစ္ပုံေတာင္ မရွိဘူး။ ကံေကာင္းျခင္းနတ္သမီးေတာင္ ငါ့႐ုပ္ေခ်ာမႈေၾကာင့္ ငါ့ကို မ်က္ႏွာသာ ေပးရမွာ..။

"မင္းက ဒီေလာက္ေတာင္ အျမန္ေသခ်င္ေနမွေတာ့ ငါက ျဖည့္စည္းေပးရမွာေပါ့"
ယြမ္ဝမ္က်ီ မ်က္ႏွာမည္းလ်က္ စင္ေပၚ တက္လာသည္။

"တစ္ခ်ိန္လုံး ေလႀကီးၿပီး ေနာက္ဆုံး လူတိုင္းကို စိတ္ပ်က္ေအာင္လုပ္သြားတဲ့ မင္းတစ္ဝမ္းကြဲအစ္ကိုလို လုပ္မေနနဲ႕" ဇူအန္ တည္ၿငိမ္စြာ ျပန္ေျဖသည္။

"မင္းက အစ္ပို ဝမ္ဒုံကို နိုင္ဖို႔ ေကာက္က်စ္နဲ႕နည္းလမ္းသုံးခဲ့တာ။ မင္းသူ႕ကို လုပ္ခဲ့တာအတြက္ မင္းျပန္ေပးဆပ္ရမယ္" ယြမ္ဝမ္က်ီ ဓားဆြဲ၍ ဇူအန္ကို ခ်ိန္လိုက္သည္။

ထိုအခ်ိန္တြင္ ယြမ္က်န္းခ်ဴ ေအာ္လိုက္သည္။
"မင္းကို ငါဘာေျပာထားလဲ။ သူနဲ႕ စကားမေျပာနဲ႕။ နားၾကပ္ကိုတပ္ထား"

ယြမ္ဝမ္က်ီ မ်က္ႏွာရဲလာၿပီး နားၾကပ္အျမန္ ေကာက္တပ္လိုက္သည္။

ဒီလူ႕စကားက ျပဳစားထားေနသလိုပဲ။ သူဘာေျပာေျပာ ျပန္ေျပာခ်င္လာတာ။

ဝါဂြမ္းနားၾကပ္မ်ားကိုျမင္ၿပီး ဇူအန္ စိတ္ပ်က္သြားသည္။ မင္းဘာၾကည့္ေနလဲ အစြမ္းက ယခင္တိုက္ပြဲတြင္ အသုံးဝင္ခဲ့သည္။ ယြမ္ဝမ္ဒုံကို စကၠန့္ပိုင္းတသ္ခုသာ အာ႐ုံလႊဲေစနိုင္ေသာ္လည္း ထိုအရာက အေရးႀကီးေသာတိုက္ပြဲတစ္ခုတြင္ အဆုံးအျဖတ္ေပးနိုင္သည္။

ငါ့ရန္သူအားလုံးက နားပိတ္ၿပီးသာ ငါ့ကိုလာတိုက္ရင္ ဒီဟာက အသုံးမဝင္ေတာ့ဘူး မလား။

သို႔ေသာ္ လူတိုင္း နားပိတ္ရန္မျဖစ္နိုင္ဟု ဇူအန္ ႏွစ္သိမ့္လိုက္သည္။ ယြမ္ဝမ္က်ီ နားပိတ္ထားျခင္းမွာ ထိုအစြမ္းကို ကာကြယ္ရန္မဟုတ္ဘဲ ဇူအန္စကားမ်ားေၾကာင့္ အာ႐ုံလႊဲမိသြားၿပီး ယြမ္ဝမ္ဒုံလို ျဖစ္မွာစိုး၍ပင္။

"ေသစမ္း" ယြမ္ဝမ္က်ီ ဓားဆြဲ၍ က်ယ္က်ယ္ေလာင္ေလာင္ ေအာ္လိုက္သည္။ ဓားပညာတြင္ ကြၽမ္းက်င္မႈက ယြမ္ဝမ္ဒုံေအာက္ နိမ့္က်ေသာ္လည္း အေျခခံပိုင္ေသာေၾကာင့္ အားေကာင္းေလသည္။

ဇူအန္ အႀကိမ္မ်ားစြာ တိုက္ခိုက္လိုက္ၿပီး မၾကာခင္ တစ္ခုခုလြဲေနတာ သတိထားမိေလသည္။ သူ႕ေျခလွမ္းမ်ားကို ႀကိဳမွန္းထားနိုင္ေၾကာင္း ေတြ႕လိုက္ရသည္။

"ဟားဟားဟား မင္းရဲ႕ အဲ့ဒီႀကီးႀကီးက်ယ္က်ယ္သိုင္းက စၾကည့္တုန္းသာ ေၾကာက္စရာေကာင္းတယ္ထင္ရတာ။ တကယ္ေတာ့ ဘာမွ မဟုတ္ဘူး" ဇူအန္အေတြးမ်ားကို ရိပ္မိ၍ ယြမ္ဝမ္က်ီ ေအာ္ရယ္လိုက္သည္။ သူ႕စကားမ်ားက သူ႕လႈပ္ရွားမႈကို မရပ္တန့္ေစေပ။ ဇူအန္ထံ အျပင္းအထန္ ဝင္ေရာက္ေနဆဲပင္။

ဇူအန္ကမူ စိတ္ထဲတြင္ ဟာကြက္မ်ားေသာ သိုင္းကို ျပန္ျပင္ေပးသည့္ ေလာင္မိုင္ကို က်ိန္ဆဲေနေလသည္။

ဒီေလာက္လြယ္လြယ္ ထိုးေဖာက္ျမင္နိုင္ရင္ ဒီဟာက ဘာအသုံးက်မွာလဲ။

ေျပာရလွ်င္ ေလာင္မိုင္ တစ္ေယာက္ေယာက္ မွတ္မိသြားမည္စိုး၍ ေနၾကာပန္းလွိုင္းကို ျပန္ျပင္ထားေသာ ဗားရွင္းကို ဇူအန္သုံးေနျခင္းပင္။ သူ ထိုဗားရွင္းကို ေသခ်ာေလ့လာခ်ိန္မရ၍ ဟာကြက္မ်ားစြာ ေပၚလာရျခင္းပင္။ ပညာရွင္မ်ားစြာ ယခင္တိုက္ပြဲကို ေလ့လာသုံးသပ္ၾကျခင္းေၾကာင့္ ဟာကြက္ ခ်က္ခ်င္း ေပၚလာရျခင္းပင္။

ေလာင္မိုင္သာ အခ်ိန္နည္းနည္း ပိုယူ၍ ျမႇင့္တင္လိုက္လွ်င္ လက္ရွိလူမ်ား အလြယ္တကူ ထိုးေဖာက္မျမင္နိုင္ေလာက္ေအာင္ အားေကာင္းေပလိမ့္မည္။

ဇူအန္ စိတ္ေလမိသြားစဥ္ ယြမ္ဝမ္က်ီ ထိုအခြင့္အေရးကို အသုံးခ်ကာ တိုက္ခိုက္ေလသည္။ ဇူအန္ေျခေထာက္ကို ႏွစ္ပိုင္းျပတ္ေစနိုင္ေသာ အားျဖင့္ ဓားကိုခုတ္လႊဲကာ ယြမ္ဝမ္က်ီ ၿပဳံးလိုက္သည္။

ငါ့ကံက ဒီေန႕ မဆိုးဘူးပဲ။ ယြမ္ဝမ္ဒုံ ဒုကၡိတျဖစ္သြားလို႔ ယြမ္အိမ္မွာ ငါနဲ႕ ယွဥ္နိုင္တဲ့လူ တစ္ေယာက္မွ မရွိေတာ့ဘူး။ၿပီးေတာ့ ယြမ္ဝမ္ဒုံ အတြက္ လက္စားေခ်နိဳင္လိုက္လို႔ ယြမ္အိမ္ကို အက်ိဳးထူးေဆာင္နိုင္ဦးမွာ။ အဲ့တာဆို ငါ ယြမ္အိမ္ရဲ႕ ေနာက္ေခါင္းေဆာင္ျဖစ္ဖို႔ ေသခ်ာသေလာက္ပဲ။

ေတြးလိုက္ရင္ ခ်ဴအိမ္ဒုတိယသခင္မေလးကို ေက်းဇူးေတာင္ တင္ရဦးမွာ။ ငါအငယ္တည္းက နင္ငါ့ကို အနိုင္က်င့္ခဲ့ေပမဲ့ အနည္းဆုံး နင္က ဒီလို လက္ေဆာင္ႀကီးႀကီး ျပန္ေပးလိုက္ေသးတာပဲ။

ဟားဟားဟား ငါ ယြမ္အိမ္ေခါင္းေဆာင္ ျဖစ္လာတဲ့အထိ ေစာင့္။ ငါနဲ႕ လက္ထပ္ဖို႔ ခ်ဴအိမ္က နင့္ကို ေပးခ်င္ေပးရမွာ။ အဲ့တာမွ နင့္ကိုငါ ေန႕တိုင္း လက္တုံ႕ျပန္နိုင္မွာ။ ေတြးလိုက္႐ုံနဲ႕တင္ စိတ္လႈပ္ရွားလာၿပီ။

သို႔ေသာ္ ယြမ္ဝမ္က်ီ ဇူအန္ေျခေထာက္ကို ျဖတ္လိုက္ခ်ိန္တြင္ကား ဓားသြားက ဘာကိုမွ မထိလိုက္ေပ။ သူခုတ္မိလိုက္သည္က ဇူအန္၏ က်န္ခဲ့ေသာ အရိပ္ပင္။ လူအစစ္က ေနရာမွ ေပ်ာက္သြားေလၿပီ။

သူ႕မ်က္လုံးေထာင့္မွ အလင္းေရာင္တစ္ခု လက္သြားတာ ေတြ႕လိုက္ရသည္။ သူေဘးကို အသည္းအသန္ေရွာင္ရင္း ရင္ထိတ္သြားသည္။ ကံမေကာင္းစြာနဲ႕ ေနာက္က်သြားေလၿပီ။

လက္တစ္ဖက္ ေလေပၚ ဝဲပ်ံသြားၿပီး ႀကိဳးဝိုင္းအတြင္း နာက်င္ေအာ္ဟစ္သံတစ္ခု ထြက္လာသည္။ လက္ငါးေခ်ာင္းလုံး အေၾကာခါေနၿပီး ဓားတစ္ေခ်ာင္းကို က်စ္က်စ္ပါေအာင္ ဆုတ္ထားေသးသည္။ျမင္ကြင္းက ၾကည့္ရဆိုးေလသည္။

ထို႔ေနာက္ ဇူအန္ ယြမ္ဝမ္က်ီ ဝမ္းဗိုက္ကို ကန္၍ ေျမေပၚကို ျပင္းျပင္းထန္ထန္ လဲက်သြားေစလိုက္သည္။ ယြမ္ဝမ္က်ီ ျပန္ထရန္ႀကိဳးစားေသာ္လည္း ဒဏ္ရာက ျပင္းထန္လြန္းသည္။ ေနာက္ဆုံးေတာ့ ဇူအန္ကို အသံတုန္တုန္ျဖင့္ ၾကည့္လိုက္သည္။
"မ..မင္း ရက္စက္လိုက္တာ.."

သင္သည္ ယြမ္ဝမ္က်ီ ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။

လက္တစ္ဖက္ဆုံးရႈံးလိုက္ျခင္းက အသာထား။ ကန္ခ်က္က သူ႕ကီဗဟိုကို ေၾကမြေစၿပီး က်င့္ႀကံမႈအားလုံး ပ်က္စီးသြားေစသည္။ မၾကာေသးမီကပင္ အျမင့္ဆုံးသို႔တက္ရန္ စိတ္ကူးယဥ္ေနၿပီး အခု ေျမႀကီးထဲသို႔ ျပဳတ္က်သြားသည္။ ထိုစိတ္ခံစားမႈအတက္အက်က သူ႕ကို ႐ူးသြပ္လုနီးနီး ျဖစ္ေစသည္။

ဇူအန္ သူ႕ထံလာ၍ အေပၚမွ စိုက္ၾကည့္လိုက္သည္။
"ငါက သေဘာထားႀကီးတဲ့လူတစ္ေယာက္ မဟုတ္ဘူး။ လူတစ္ေယာက္ ငါ့အေပၚေကာင္းဖူးရင္ ငါ စကားနာထိုး႐ုံေလာက္ပဲ လုပ္တာ။ ဒါေပမဲ့ ငါ့အေပၚမေကာင္းရင္ေတာ့ ငါက ဆယ္ဆ ျပန္လုပ္တတ္တယ္။ ဟြမ္ေက်ာက္အစား လက္တုံ႕ျပန္ဖို႔ မင္းရဲ႕ လက္ကို အဆစ္လြဲေအာင္လုပ္ၿပီး ဗိုက္ကို ဒဏ္ရာရ႐ုံပဲ လုပ္မလို႔။ ဒါေပမဲ့ မင္းက ငါ့ေျခေထာက္ကို ျဖတ္ဖို႔ ႀကိဳးစားမွေတာ့ ငါ ျပန္လုပ္တာကို မင္း အျပစ္မတင္သင့္ဘူး"

ေဘးတြင္ၾကည့္ေနေသာ ဟုန္ရွင္းယင္ ေၾကာက္လန့္၍ တံေတြးၿမိဳခ်မိလိုက္သည္။ ေက်ာခ်မ္းသြားသလိုပင္။
သူက ရက္စက္လိုက္တာ..

ထိုအခ်ိန္တြင္ ယြမ္အိမ္မွလူမ်ား ေဒါသပုန္ထသြားၾကသည္။
"ဇူအန္ မင္းေသခ်င္လို႔လား"

သင္သည္ ယြမ္က်န္းခ်ဴ ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။

သင္သည္ ယြမ္ထံမွ အမ်က္ပြိုင့္ ၄၄၄ ရယူလိုက္သည္။

သင္သည္ ယြမ္ထံမွ အမ်က္ပြိုင့္ ၄၄၄ ရယူလိုက္သည္။

သူ႕အိမ္သားႏွစ္ေယာက္ ဒုကၡိတျဖစ္သြားတာကို ၾကည့္ၿပီး ယြမ္က်န္းခ်ဴ မခံနိုင္ေတာ့ေပ။ ဇူအန္ကို ျပန္လုပ္ရန္ ယြမ္အိမ္မွ ပညာရွင္မ်ားကို ဦးေဆာင္၍ ႀကိဳးဝိုင္းေပၚ တက္လိုက္သည္။

သို႔ေသာ္ ခ်ဴက်ဳန္းထန္က ျပင္ဆင္ၿပီးသားပင္။ သူက ခ်ဴအိမ္မွလူမ်ားကို ေခၚ၍ တားေလသည္။
"ယြမ္က်န္းခ်ဴ မင္း မရွက္တတ္ဖူးလား။ မင္းခုနက် တစ္ခ်ိန္လုံး ေျပာေနၿပီး အခုက် အငယ္ေတြရဲ႕ တိုက္ပြဲကို ဝင္ပါမလို႔လား"

ယြမ္က်န္းခ်ဴ သူ႕ကိုယ္သူ ခ်ဴက်ဳန္းထန္ ၿပိဳင္ဘက္မဟုတ္ေၾကာင္း သိ၍ ဆန္းဟုန္ဘက္လွည့္ကာ ငိုလိုက္သည္။
"အုပ္ခ်ဳပ္ေရးမႉး ဆန္း ဒီလူက ရက္စက္လြန္းတယ္။ က်ဳပ္တို႔ ယြမ္အိမ္အတြက္ တရားမွ်တမႈေပးပါ"

ခ်ဴအိမ္သားမ်ားၾကားတြင္ ရပ္ေန၍ ဇူအန္ ယုံၾကည္မႈ ျမင့္တက္ေနသည္။ ထို႔ေၾကာင့္ သူ ထေျပာလိုက္သည္။
"ဦးေလးယြမ္ က်ဳပ္ ခင္ဗ်ားေျပာတာကို နားမလည္ဘူး။ က်ဳပ္တို႔က ရန္ေႂကြးဆပ္ဖို႔ သေဘာတူၿပီးသားေလ။ အခု ၿပိဳင္ပြဲၿပီးမွ ၿငီးျငဴေနတာလား။ ဒါက အရႈံးသမားတစ္ေယာက္ရဲ႕ လုပ္ရပ္ မဟုတ္ဘူးလား"

ယြမ္က်န္းခ်ဴ ထိုစကားမ်ားၾကားေသာ္ နင္သြားသည္။
ဘယ္သူက မင္းဦးေလးလဲ။ ငါ့မွာ မင္းလို တူရွိရင္ မင္းကို အိမ္သာတြင္းထဲ ႏွစ္သတ္လိုက္တာ ၾကာၿပီ။

သင္သည္ ယြမ္က်န္းခ်ဴ ထံမွ အမ်က္ပြိုင့္ ၉၉၉ ရယူလိုက္သည္။

ဆန္းဟုန္လည္း အလြန္ စိတ္စနိုးစေနာင့္ ျဖစ္ေနျခင္းပင္။
ယြမ္အိမ္က ငါထင္တာထက္ ပိုအသုံးမက်တာပဲ။ သူတို႔က တစ္ႀကိမ္ၿပီးတစ္ႀကိမ္ လြဲေခ်ာ္ေနၿပီး ငါက ေနာက္က လိုက္ရွင္းေပးေနရတယ္။

ခ်က္ခ်င္းျပန္မေျဖဘဲ က်န္းေလာ့ဖူဘက္ လွည့္လိုက္သည္။
"ေက်ာင္းအုပ္က်န္း အေျခခံဓားပညာ ၁၃ မ်ိဳးက ဒီေလာက္စြမ္းမယ္ မထင္ခဲ့ဘူး။ တကယ့္ကို အထင္ႀကီးသြားရၿပီ"

ဇူအန္ ဓားခ်က္က အေျခခံဓားပညာထဲက တစ္ခုပင္။ သို႔ေသာ္ ထူးဆန္းစြာ အဆင့္ပိုျမင့္ေသာ ယြမ္ဝမ္က်ီက မတိမ္းေရွာင္နိုင္ခဲ့ေပ။

က်န္းေလာ့ဖူ တိုက္ပြဲကို ျပန္ျမင္ေယာင္လိုက္ေသာ္လည္း ဇူအန္ ဒီလိုရိုးရွင္းေသာ ဓားခ်က္ကို အင္အားႀကီးေအာင္ ဘယ္လိုလုပ္လိုက္လဲ နားမလည္ေပ။ အေျခခံဓားသိုင္းမွ ကြဲျပားလာေသာ ဓားသိုင္းတစ္ခုခုရွိေနပုံေပၚသည္။ သို႔ေသာ္ ဘယ္လိုကြာျခားလဲ သူ မေျပာတတ္ေခ်။

"အေျခခံဓားပညာ ၁၃ မ်ိဳးက ကြၽန္မတို႔ အကယ္ဒမီရဲ႕ ရာစုႏွစ္မ်ားစြာ အႏွစ္သာရပဲ။ အဲ့တာေၾကာင့္ သူ႕မွာ ခြန္အားရွိတယ္။ သူ႕ထဲက နက္နဲတဲ့အဓိပၸာယ္ကို နားလည္ဖို႔ ကြၽန္မတို႔မွာ ပါရမီရွင္ နည္းေနတာ ႏွေျမာစရာပဲ" က်န္းေလာ့ဖူ ျပန္ေျဖသည္။

ထိုစဥ္ ခ်ီရီလည္း ဝင္ေျပာသည္။
"အုပ္ခ်ဳပ္ေရးမႉး ဆန္း က်ဳပ္တို႔ဘယ္လိုပဲၾကည့္ၾကည့္ ဇူအန္ဓားခ်က္က အေျခခံဓားပညာထဲကပဲ။ ယြမ္ဝမ္က်ီ ဒီလိုဓားခ်က္ကိုေတာင္ မေရွာင္နိုင္ရင္ အျပစ္ကို ဇူအန္ေပၚ ပုံခ်လိဳ႕ မေကာင္းေလာက္ဘူး"

ဆန္းဟုန္ သေဘာတူစြာ ေခါင္းၿငိမ့္လိုက္သည္။ လက္ရွိအေျခအေနအရ ယြမ္အိမ္ကို ေထာက္ခံရန္ မျဖစ္နိုင္ေပ။
"ယြမ္အိမ္ေခါင္းေဆာင္ က်ဳပ္တို႔ ဘယ္သူ နိုင္နိုင္ရႈံးရႈံး ရလဒ္ကို မေဝဖန္ဖို႔ ေျပာထားၿပီးသားေလ။ ခင္ဗ်ားက က်ဳပ္ကို အေနၾကပ္ေအာင္ လုပ္ေနတာပဲ"

သူ႕စကားမ်ားက လူအုပ္၏ ေထာက္ခံမႈကို ရေလသည္။

"အမွန္ပဲ က်ဳပ္တို႔လည္း ၾကားလိုက္တယ္"

"ယြမ္အိမ္က အရႈံးသမားေတြပဲ"

"အေျခခံဓားပညာကိုေတာင္ မေရွာင္နိုင္ေလာက္ေအာင္ သူက ဘယ္ေလာက္ညံ့ရတာလဲ"
...

ဇူအန္ စိတ္ေအးသြားရသည္။ သူ ေနၾကာပန္းလွိုင္းကို တစ္ခ်က္သုံးလိုက္မိသည္။ ကံေကာင္းစြာျဖင့္ မည္သူမွ သတိမထားမိလိုက္ေခ်။ လူတိုင္း အေျခခံဓားပညာကိုသာ ျမင္ၾကၿပီး ေနၾကာပန္းလွိုင္းႏွင့္ ေပါင္းစပ္ထားေသာ ပိုင္ရွီးဓားသိုင္းျဖစ္ေနေၾကာင္း မသိၾကေပ။ ဒီဓားသိုင္းက မ်က္ႏွာခ်င္းဆိုင္ရင္ဆိုင္ရေသာသူသာလွ်င္ တကယ့္အင္အားကို သိေစနိုင္ၿပီး ထူးဆန္းေလသည္။ ပြဲၾကည့္သူမ်ားက ၿပိဳင္ဘက္ မည္သို႔ မေရွာင္နိုင္ေၾကာင္းကိုသာ သံသယဝင္ၾကေပလိမ့္မည္။

သို႔ေသာ္ ဇူအန္ မသိလိုက္သည္က လူအုပ္ထဲတြင္ သူ႕ကို မ်က္ေတာင္မခတ္ စိုက္ၾကည့္ေနေသာ လူတစ္ေယာက္ရွိသည္ပင္။
"ခုနက ထုတ္သုံးလိုက္တဲ့ ဓားသိုင္းက ဟိုလူနဲ႕ ဘာလို႔ဒီေလာက္ဆင္တူေနရတာလဲ။ ဒါ မျဖစ္ဘူး။ ငါ အထက္ကို အျမန္တင္ျပရမယ္"

---------------------------------------------------------------------------------------

Continue Reading

You'll Also Like

555K 63.8K 200
This story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Q...
259K 24.9K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
43.1K 5K 73
Author _ Shuiqiancheng That's not my work.I am Just Translator
106K 5.7K 121
Kim Taehyung & Jeon Jungkook ❤ TOP TAE / BOTTOM GUKK និពន្ធដោយ : ថេយ៍ស៊ី ( រ៉ូស៊ី ) Date: 29/10/20