Chapter 119.
ဘာဖြစ်သွားတာလဲ
လူအုပ်က အော်ဟစ်အားပေးနေတုန်းရှိသေး အားလုံး ငြိမ်ကျသွားသည်။ လူတိုင်း မယုံနိုင်စွာ မျက်လုံးပြူးသွားကြသည်။
ဆန်းဟုန် ကျန်းလော့ဖူ ချီရီနှင့် အခြားအကျော်အမော်များ စကားစမြည်ပြောနေကြသည်။ဝူ၊ကျန်းနှင့်ယွမ်အိမ်က လူများက ချူကျုန်းထန် အရှက်ရတာကို စောင့်ကြည့်နေကြသည်။ ဇူအန် စင်ပေါ်ရောက်သွား၍ ရှီခွန်း စိတ်အေးသွားရပြီး ရေနွေးသောက်ရန်ပြင်နေသည်။
ထိုအချိန်တွင် အားလုံး ကြောင်အပြီး ငြိမ်သွားသည်။
မျက်လုံးမှောက်နေတာများလား။ ဇူအန်က ယွမ်ဝမ်ဒုံကို ပါးရိုက်လိုက်တယ်။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
လူတိုင်း၏ အတွေးက သူတို့အမြင်မှားနေသည်ဟုပင်။ ယွမ်ဝမ်ဒုံက နာမည်ကျော်သော အဆင့် ၅ ကျင့်ကြံသူဖြစ်ပြီး ဇူအန်ကတော့ သာမန်လူထက်ပင် အားနည်းသော နာမည်ကြီး အလကားလူပင်။
မျက်စိပွတ်၍ ဘေးကလူကို အတည်ပြုရန် မေးလိုက်ကြသည်။ နောက်ဆုံး သူတို့အမြင်မှားခြင်းမဟုတ်ကြောင်း သိလိုက်ရ၍ ဆူညံသွားသည်။
သူဘယ်လိုလုပ်လိုက်တာလဲ
ဇူအန် ကြိုးဝိုင်းပေါ်တက်သွားသည်ကို ကြည့်၍ ချူအိမ်မှလူများ လိုက်ဆွဲရန် ပြင်နေသည်။ သို့သော် ထိုမြင်ကွင်းက သူတို့ကိုလည်း မင်သက်သွားစေသည်။ ချူကျုန်းထန်က ချင်ဝမ်ယွီ နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ချူချူယန် တုန်သွားသည်။ သူတို့မျက်လုံးများက နားမလည်နိုင်မှုများ ပြည့်နေလေသည်။
ထမ်းစင်ပေါ်တွင် လှဲနေသော ချူဟွမ်ကျောက် တစ်ယောက်တည်းသာ ဝမ်းသာအားရ လက်ခုပ်တီးလေသည်။
"လုပ်တာကောင်းတယ် ခဲအို အားရိုး..."
လှုပ်ရှားမှုက ဒဏ်ရာကို ထိသွား၍ နာကျင်စွာ အော်လိုက်မိသည်။
ယွမ်ဝမ်ဒုံ လုံးဝ ကြောင်သွားသည်။ ရိုက်ချက်ကြောင့် သူ့ခေါင်းက အလုပ်မလုပ်သေးချေ။ ပါးပေါ်မှ နာကျင်မှုကြောင့်သာ မဟုတ်ပါက ဘာဖြစ်သွားလဲသိရန် စူးစမ်းမိပေမည်။
"ငါက အဲ့အမှိုက်ရိုက်တာ ခံလိုက်ရတာလား"
ဒေါသများ ငယ်ထိပ်တက်လာသည်။
သင်သည် ယွမ်ဝမ်ဒုံ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။
ဇူအန်ကို လူသတ်ငွေ့မပေါ်လွင်ဘဲ ဘယ်လိုနှိပ်စက်မည်ဟု မျိုးစုံ စိတ်ကူးယဉ်ဖူးသည်။ ချူအိမ်ကလူများ သူ့ကို ဝင်တားလျှင် မည်သို့တုန့်ပြန်ရမည်အထိ စဉ်းစားထားပြီးသားပင်။ သို့သော် ဒီဖြစ်ရပ်ကတော့ သူ့အတွေးထဲတွင် တစ်ခါလေးမှ ပေါ်မလာဖူးချေ။
မြို့တွင်းရှိ အာဏာရပုဂ္ဂိုလ်များအားလုံးရှေ့တွင် အမှိုက်တစ်ယောက်၏ ပါးရိုက်ခြင်းကို သူခံလိုက်ရသည်။
"ငါမင်းကို သတ်မယ်"
ယွမ်ဝမ်ဒုံ မျက်နှာချောချောက ဒေါသကြောင့် သုန်မှုန်သွားပြီး ဇူအန်ထံ ပြေးဝင်လာသည်။
"နေဦး" ဇူအန် လက်ကာ၍ တားလိုက်သည်။
"အခုချိန်မှ ချမ်းသာပေးပါဆိုရင် နောက်ကျသွားပြီ " ယွမ်ဝမ်ဒုံ အေးစက်စက် ပြောလိုက်သည်။
ထိုသို့ပြောလိုက်သော်လည်း သူက ရပ်တန့်လိုက်သည်။ သူ့မာနကို အဖတ်ဆယ်နိုင်မည့် နည်းလမ်းကို တွေးနေသေးသည်။
ဒီကောင် မျက်ရည်ဝဲပြီး ခခယယဒူးထောက်တောင်းပန်အောင် လုပ်ရမယ်။ မဟုတ်ဘူး ဒါလည်း မလုံလောက်သေးဘူး။
ဇူအန် ဆံပင်ကို လက်ဖြင့် နောက်ကိုသပ်လိုက်ပြီး ပြန်ဖြေသည်။
"ငါစင်ပေါ်တက်ဖို့ အလျင်စလိုလုပ်လိုက်ရလို့ ငါ့ရဲ့ အထူးနောက်ခံတေးလုံးကို မေ့သွားလို့"
ပြောရင်းနှင့် အဝတ်ထဲမှ ကမာခွံတစ်ခု ထုတ်လိုက်ပြီး တက်ကြွဖွယ် တေးသွားတစ်ပုဒ် ကွင်းအတွင်း ပျံ့နှံ့လာသည်။
"..."ယွမ်ဝမ်ဒုံ
"..."ရှီခွန်း
"..."ဝူချင်း
"..."ချူချူယန်
ကောင်းကင်ခန်းမှ ကျောင်းသားများ တန်းနားလည်သွားသည်။ ဒါမျိုး မကြာသေးခင်က အတွက်အချက်ခန်းတွင် သူတို့ကြုံဖူးလေသည်။ သို့သော် ကျန်သူများက နားမလည်၍ အချင်းချင်း တီးတိုးပြောနေကြသည်။
"ဒီသံစဉ်ကဘာလဲ။ နားထောင်ရုံနဲ့ ငါ့နှလုံးခုန်သံတွေ မြန်လာတယ်"
"ငါ့သွေးကြောထဲက ခွန်အားတွေ ပြည့်လာသလိုပဲ။ အဲ့ဒီ မကောင်းတဲ့ကောင်တွေ ဘယ်မလဲ။ လောကကြီးကိုကယ်ဖို့ ငါသူတို့ကို သွားသတ်မယ်"
ချီဒေါင်ရင်း သူမထိုင်ခုံတွင် မလှုပ်မယှက် ထိုင်နေတာ ကြာလေပြီ။ သူမက တိုက်ပွဲများကို မနှစ်ခြိုက်၍ ပြိုင်ပွဲကသူမကို အိပ်ငိုက်စေသည်။ သို့သော် သံစဉ်ကိုကြားကြားချင်း သူမခန္ဓာကိုယ် မတ်လာ၍ မျက်လုံးတွင် အံ့သြမှုများ ပြည့်လာသည်။
"ကြေး၊ ကြိုး၊ လေ၊ မိုး...ဟမ်…ဒီဟာက ဂီတအမှတ်တွေနဲ့ မကိုက်ဘူး။ ငါမကြားဖူးတဲ့ သံစဉ်တွေ အများကြီး ပါနေတယ်။ သူဘယ်လိုလုပ်နိုင် တာလဲ"
"အိုး…ဒီလူက အမြဲတမ်း ဝင့်ကြွားနေတာပဲ" ချီရှို့ ထုတ်မပြောနိုင်သော်လည်း အံ့အားသင့်နေသည်။ ရုတ်တရက် အတွေးတစ်ခု သူ့ခေါင်းထဲဝင်လာပြီး သူ့အစ်မဘက် လှည့်လိုက်သည်။
"မမ နင်လည်း ဂီတမှာ ကျွမ်းကျင်တယ်မဟုတ်ဘူးလား။ ငါ့အတွက် နောက်ခံတေးသွားတစ်ခု လုပ်ပေးပါလား"
ချီဒေါင်ရင်း ခေါင်းယမ်း၍ ပြန်ဖြေသည်။
"ဒီသံစဉ်က တစ်ခုခု ထူးဆန်းနေတာ ရှိတယ်။ ဒီဟာက အတော်ဆုံးဂီတပညာရှင်တစ်ယောက် ဖန်တီးထားတာလို့ ငါထင်တယ်။ ဒီလိုအဆင်မြင့်တဲ့ သံစဉ်မျိုး ငါမလုပ်နိုင်ဘူး"
ချီရှို့ ကြောင်သွားသည်။
"ဇူအန် ဂီတမှာလည်း ပါရမီပါလို့လား"
သူ့အစ်မ မျက်လုံးများအရောင်တောက်လာသည်ကို တွေ့၍ ပြောလိုက်မိခြင်းကို နောင်တရသွားသည်။
"ဒါက ဇူအန် ဖန်တီးထားတဲ့ သံစဉ်လား"
"ထင်တာပဲ။ ဇူအန် အတန်းထဲမှာ တစ်ခါ ဖွင့်ပြဖူးတယ်။ ကျန်တဲ့နေရာမှာ တစ်ခါမှ မကြားဖူးဘူး" ချီရှို့ ခေတ္တတွေဝေလိုက်ပြီး အမှန်ပြောလိုက်သည်။ လပြည့်ဝန်းအကယ်ဒမီတွင် ဒီကိစ္စကို သိသောသူ များစွာရှိ၍ ချီဒေါင်ရင်း သိလိုလျှင် သူ တားဆီးနိုင်မည်မဟုတ်ပေ။
"ဒီလူက စိတ်ဝင်စားစရာပဲ" ချီဒေါင်ရင်း ကြိုးဝိုင်းထဲကလူကို သိချင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ကျန်းလော့ဖူလည်း ဇူအန်ကို ကြည့်နေသည်။ သို့သော် သူ့အကြည့်က ဇူအန်လက်တွင်းရှိ ကမာခွံကို ကြည့်နေခြင်းပင်။
ဒါက ရှန်းလျှို့ယီ ပစ္စည်း ထင်တယ်။ သူ့ပစ္စည်းကို ဇူအန်ကို ပေးလိုက်တယ်လား။ ဟမ့်။ ဒါတောင် မင်းတို့နှစ်ယောက် မပတ်သက်ဘူးလို့ ပြောချင်သေးတယ်။
"ဒီလို ပွဲလုပ်နေတော့ ဘာဖြစ်လဲ။ မင်းမရှက်ဘူးလား"
ယွမ်ဝမ်ဒုံ မျက်နှာက မီးသွေးလို မည်းမှောင်နေသည်။ ဇူအန် ဒါလုပ်ဖို့ သူ့ကိုတားလိုက်မှန်း သူ မတွေးမိချေ။
"မင်းဘာသိလို့လဲ။ ဒါက အစဉ်အလာကွ" ဇူအန် လက်ဖြန့်၍ ပြောလိုက်သည်။
"ငါ့ရဲ့ သမိုင်းမှာ ငါက အရှုံးမရှိဘူး"
"မင်းရဲ့ ဒီအရှုပ်ထုတ်တွေက အသုံးမဝင်မှန်း မင်းသိလာလိမ့်မယ်။ အကုန်လုံးက မင်းကို လူပြက်တစ်ယောက်ပဲ ဖြစ်စေမှာ" ယွမ်ဝမ်ဒုံ မာနပြန်ထိန်းရန် ဇူအန်ကို လှောင်လိုက်သော်လည်း သူများကို လှောင်ရာတွင်ဇူအန်လောက် မကျွမ်းကျင်ဘူးဟု ခံစားနေရသည်။ သူက အောက်ကျနေသည်ဟု ခံစားရပြီး ထိုအရာက ပိုစိတ်တိုစေသည်။
သင်သည် ယွမ်ဝမ်ဒုံ ထံမှ အမျက်ပွိုင့် ၄၀၀ ရယူလိုက်သည်။
ဇူအန် သက်ပြင်းချ၍ ပြောလိုက်သည်။
"ငါ့ရဲ့ ပါးရိုက်တာ ခံရပြီးတာတောင် ဒီစကားတွေပြောဖို့ ဘယ်ကသတ္တိရလဲ ငါမစဉ်းစားတတ်တော့ဘူး။ မင်း မျက်နှာမပူဘူးလား"
ယွမ်ဝမ်ဒုံ သီးမတတ်ပင်။ဇူအန်ကို ဒေါသဖြင့် ကြည့်လိုက်သည်။
"ငါ သတိမထားမိလိုက်လို့ပါ။ မင်းငါ့ကို အဲ့လိုပဲ တိုက်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ အခုငါသတိထားလိုက်ပြီ။ မင်း ငါ့ကို ဘယ်လိုမှ ပြိုင်နိုင်မှာ မဟုတ်ဘူး"
သင်သည် ယွမ်ဝမ်ဒုံ ထံမှ အမျက်ပွိုင့် ၅၁၁ ရယူလိုက်သည်။
ထိုစကားများက လူအုပ်မှ အော်ဟစ်သံများ ရလိုက်သည်။
အဆင့် ၅ ကျင့်ကြံသူက အလကားလူတစ်ယောက်၏ ပါးရိုက်ခြင်းခံလိုက်ရသည်က သတိမထားမှုတစ်ခုတည်းကြောင့် မဖြစ်နိုင်ပေ။
ယွမ်ဝမ်ဒုံ လူအုပ်၏ တုံ့ပြန်မှုကို မျက်ကွယ်ပြုလိုက်သည်။ ဇူအန်က အဆင့်၃ ကျင့်ကြံသူသာ ဖြစ်သော်လည်း အင်အားက ထို့ထက်ပိုသည်ဟု စနိုးပြောထားပြီးသားပင်။ထို့ကြေူင့် ဇူအန် သူ့ကို ချောင်းမြောင်းတိုက်ခိုက်နိုင်ခြင်းအား သံသယမဝင်ပေ။
သို့သော် အခု ကွာသွားပြီ။ ဇူအန်ကို သတိထားနေ၍ သူ့ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
ဟမ့် ငါ့လက်ထဲ သူရောက်တဲ့အထိပဲစောင့်။ ငါသူ့လက်ကို အရင်ချိုး....
ထိုအတွေး ပေါ်လာရုံရှိသေး နောက်ထပ် ဖြောင်း အသံတစ်ခုထွက်လာသည်။
ယွမ်ဝမ်ဒုံ ဒယိမ်းဒယိုင်ဖြင့် လဲကျမတတ်ပင်။ နောက်ထပ် ပါးတွင် နာကျင်မှုတစ်ခု ပိုတိုးလာသည်။
ဘာဖြစ်သွားတာလဲ…
ယွမ်ဝမ်ဒုံ နားမလည်နိုင်ပေ။ သူတွေ့လိုက်တာက ဝိုးတဝါးအရိပ်တစ်သာဖြစ်သည်။ ဇူအန်အပေါ် အကြည့်ပျောက်သွားခြင်းက တစ်ခနပင်။ ထို့နောက် ပါးတွင် ချက်ချင်း အရိုက်ခံလိုက်ရသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ယွမ်ဝမ်ဒုံက နားမလည်သော တစ်ဦးတည်းသောသူ မဟုတ်ပေ။ လူအုပ်လည်း ထပ်တူ ပဟေဋိဖြစ်နေသည်။
ဆန်းဟုန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တစ်ခြားလူများနှင့်မတူစွာ အဆင့် ၈ ကျင့်ကြံသူဖြစ်သောကြောင့် သူက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဇူအန်က ထူးဆန်းသော ခြေလှမ်းတစ်ခု သုံး၍ ယွမ်ဝမ်ဒုံ အနား ကပ်သွားခြင်းပင်။ သူ့ခြေလှမ်းက မြန်လွန်း၍ ယွမ်ဝမ်ဒုံ အချိန်မီ မတုံ့ပြန်နိုင်ခြင်းပင်။
ရှီခွန်းလည်း မျက်မှောင်ကြုံ့သွားသည်။ စနိုးကို ခပ်တင်းတင်းကြည့်၍
"ဘာဖြစ်နေတာလဲ။ မင်းသတင်းပို့တဲ့အထဲသူ့မှာ ဒီလိုအားကောင်းတဲ့ သိုင်းတစ်ခုရှိတာ မပါဘူးလေ"
စနိုးလည်း ထပ်တူ ရှုပ်ထွေးနေသည်။
"ကျွန်မလည်းမသိဘူး။ နောက်ဆုံးတစ်ခေါက် သူနဲ့တိုက်တုန်းက သူဒီဟာကို ထုတ်မသုံးဘူး"
"အသုံးမကျဘူး" ရှီခွန်း အေးစက်စက်ပြော၍ ကြိုးဝိုင်းကို ပြန်ကြည့်လိုက်သည်။
စနိုး နှုတ်ခမ်းကိုက်၍ မျက်လုံးများ နီလာသည်။ သူမကျေနပ်၍ ဝမ်းနည်းသော်လည်း ပြန်ပြောရန် အခွင့်မရှိကြောင်း နားလည်၍ နှုတ်ထိန်းလိုက်သည်။
ကျန်းလော့ဖူ သဘောတူစွာ ပြုံးလိုက်သည်။
သူ့မှာ ဒီလို ဝှက်ဖဲရှိတာ သိရင် ငါသူ့အတွက် စိတ်ပူမနေပါဘူး။
သို့သော် အအံ့သြဆုံးလူများမှာ ချူအိမ်မှဖြစ်ကြသည်။ ချင်ဝမ်ယွီ သူ့ယောက်ျား လက်မောင်းကိုကိုင်၍
"ယောက်ျား ကျွန်မမျက်စိမှောက်နေတာလား"
ချူကျုန်းထန်လည်း သူမနီးပါး အံ့သြနေလေသည်။ သူက ခါးသက်သက်ပြုံးလိုက်ပြီး
"ငါတို့နှစ်ယောက်လုံး အမြင်မှားတာ ဖြစ်နိုင်လို့လား"
ဇူအန် ကီလမ်းကြောင်းအရ သူက အဆင့် ၃ ကျင့်ကြံသူဖြစ်လေသည်။ သို့သော် အဆင့် ၃ ကျင့်ကြံသူတစ်ယောက်က ဒီလောက်မြန်မြန် မလှုပ်ရှားနိုင်ပေ။
ဇူအန်က သူ့အစွမ်းကို တစ်ချိန်လုံး လျှို့ဝှက်ထားခြင်း ဖြစ်နေသည်။ သူ ဒီအဆင့်အထိ တိတ်တဆိတ်လေ့ကျင့်နိုင်မည်ဟု ဘယ်သူထင်မလဲ။
"အဖေ သူသုံးတဲ့ ခြေလှမ်းကဘာလဲ။ ကျွန်မတစ်ခါမှ မမြင်ဖူးဘူး" ချူချူယန် မေးလိုက်သည်။
ချူကျုန်းထန် ခေါင်းယမ်း၍
"အဖေလည်း တစ်ခါမှ မမြင်ဖူးဘူး"
ဝမ်းအသာဆုံးလူမှာ ချူဟွမ်ကျောက် ဖြစ်လေသည်။ ကြိုးဝိုင်းပေါ်က လူကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
ငါ့ခဲအိုက ဒီလောက်တော်တယ်ဟ။ ဟမ့် ငါ့ကို ဒီလောက်ကြာအောင် လိမ်ထားတယ်။ နောက်မှ ဖြည်းဖြည်းချင်း စာရင်းရှင်းရမယ်။
"ဒါက အကယ်ဒမီရဲ့ ကောင်းကင်တန်းက ကျောင်းသားလား ဟမ့်"
"ဘာ အဆင့် ၅ ဘာပါရမီရှင်လဲ။ သာမန်လူတစ်ယောက်ကတောင် သူ့ကို လွယ်လွယ် ပါးရိုက်နိုင်တယ်။ ငါတောင် သူ့ထက်ပိုပြီး အားကောင်းသလိုပဲ"
"သူတို့နှစ်ယောက်က ပြပွဲလုပ်ဖို့ ညှိထားတာများလား"
...
လူအုပ်ထဲက အများစုက စူးရှသော အမြင်အာရုံမရှိ၍ ဇူအန် လှုပ်ရှားမှုကို ထိုးထွင်းမမြင်နိုင်ပေ။ ယွမ်ဝမ်ဒုံက အဆင့် ၅ ဖြစ်သော်လည်း အစွမ်းမရှိ၍ ပြိုင်ဘက်၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည်ဟု တွေးကြသည်။
လူအုပ်၏စကားသံများကို ကြားပြီးနောက် ယွမ်ဝမ်ဒုံ မျက်လုံးများ ရဲလာသည်။
သင်သည် ယွမ်ဝမ်ဒုံ ထံမှ အမျက်ပွိုင့် ၁၀၂၄ ရယူလိုက်သည်။
သူက ဒေါသရော ရှက်တာရော ပါသော်လည်း အများစုက ထိပ်လန့်သွားခြင်းပင်။ ဇူအန် ဘယ်လိုလှုပ်ရှားလိုက်လဲ မမြင်ရ၍ ဖြောင့်ဖြောင့်တန်းတန်း မစဉ်းစားနိုင်တော့ချေ။
"ငတုံး မင်းရဲ့ ဒြပ်စင်တွေက အလှကြည့်ဖို့လား။ ဇူအန်ခြေလှမ်းက ထူးဆန်းတယ်။ သူနဲ့ ထိပ်တိုက်မတွေ့နဲ့" ဝူဝေ့ အသံ နားထဲ ဝင်လာသည်။
ယွမ်ဝမ်ဒုံ မျက်လုံးလက်သွားသည်။ သူ့လို အဆင့် ၅ ကျင့်ကြံသူက အဆင့် ၃ တစ်ယောက်ကို လွယ်လွယ်ရှင်းနိုင်သည်ဟုတွက်ပြီး ဒြပ်စင်ထုတ်သုံးရန် မတွေးထားချေ။ ထို့အပြင် ဇူအန်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီး တိုက်ပွဲအမြန်ပြီးသွားမည်ကို စိုးရိမ်နေသေးသည်။ ထို့ကြောင့် နှိပ်စက်ရန် အချိန်ဆွဲရမည်ဟု မှတ်ထားခြင်းပင်။
ပါးနှစ်ချက်အရိုက်ခံရပြီးနောက် ထိုဟာများကိုဂရုမစိုက်နိုင်တော့ပေ။ ဒေါသဖြေရန် ဇူအန်ကို တစ်စစီဆုတ်ဖြဲရမည်ဟု တွေးလိုက်မိသည်။
"မင်းငါ့ကို ဒေါသဆွလိုက်ပြီ" ယွမ်ဝမ်ဒုံ ထိုသို့ပြော၍ စင်ထောင့်ကို နောက်ဆုတ်သွားပြီး အကွာအဝေးခြားလိုက်သည်။ ထို့နောက် လက်မြှောက်၍ ဗီလိန်ဆန်ဆန် အမှာစကားပြောလိုက်သေးသည်။
"မင်းရဲ့ ခြေလှမ်းက ထင်တာထက်ပိုအားကောင်းတာ ငါဝန်ခံရမယ်။ ဒါပေမဲ့ အင်အားရဲ့ ရှေ့မှောက်မှာ အားလုံးက အလကားပဲ"
သူပြောနေစဉ် စင်ဘေးက လူအုပ်ထံမှ ဓားပေါင်းစုံ တုန်ခါလာသည်။ တစ်စုံတစ်ခုက သူတ်ို့ကို ဆင့်ခေါ်နေသယောင်ပင်။ ထိပ်လန့်သွားပြီး လူအုပ်က သူတို့လက်နက်များကို အတင်းကိုင်ထားလိုက်ကြသည်။
ယွမ်အိမ်ကလူများသာ သူတို့ဓားများကိုယူသုံးခွင့် ပြုလေသည်။ ဓားများက ယွမ်ဝမ်ဒုံနောက်တွင် ဝဲပျံလာကြသည်။ သူတို့၏ ဓားထိပ်များက ဇူအန်ထံ ဦးတည်နေသည်။
"ဒါက အဆင့် ၅ ကျင့်ကြံသူ တစ်ယောက်ရဲ့ အစွမ်းလား"
"ဟာ…ဒီဓားပျံတပ်က အံ့မခန်းပဲ"
"မြင်လား ယွမ်ဝမ်ဒုံလို အဆင့် ၅ ကျင့်ကြံသူက ချူအိမ်က တေလေဂျပိုးကို ရှုံးမှာလဲ"
ချင်ဝမ်ယွီ စိတ်လှုပ်ရှားနေသည်။
"ဇူအန် ဘာလို့ သူ့သိုင်းကိုသုံးပြီး ယွမ်ဝမ်ဒုံ နား ကပ်ပြီး မတိုက်တာလဲ။ သူလုပ်မယ့်အစား ယွမ်ဝမ်ဒုံ သူနဲ့ဝေးသွားတာကို လက်ပိုက်ကြည့်နေတယ်။ သူက ဘာလုပ်မလို့ ပြင်နေတာလဲ။ သူဘယ်လောက်မြန်မြန် အဲ့ဒီဓားတွေကို မရှောင်နိုင်ဘူးလေ"
တွေးလေလေ ပိုဒေါသထွက်လေလေပင်။
"သူက အလကား ကြွားနေတာပဲ"
သင်သည် ချင်ဝမ်ယွီ ထံမှ အမျက်ပွိုင့် ၅၆၇ ရယူလိုက်သည်။
----------------------------------------------------------------------------
Chapter 119.
ဘာျဖစ္သြားတာလဲ
လူအုပ္က ေအာ္ဟစ္အားေပးေနတုန္းရွိေသး အားလုံး ၿငိမ္က်သြားသည္။ လူတိုင္း မယုံနိုင္စြာ မ်က္လုံးျပဴးသြားၾကသည္။
ဆန္းဟုန္ က်န္းေလာ့ဖူ ခ်ီရီႏွင့္ အျခားအေက်ာ္အေမာ္မ်ား စကားစျမည္ေျပာေနၾကသည္။ဝူ၊က်န္းႏွင့္ယြမ္အိမ္က လူမ်ားက ခ်ဴက်ဳန္းထန္ အရွက္ရတာကို ေစာင့္ၾကည့္ေနၾကသည္။ ဇူအန္ စင္ေပၚေရာက္သြား၍ ရွီခြန္း စိတ္ေအးသြားရၿပီး ေရႏြေးေသာက္ရန္ျပင္ေနသည္။
ထိုအခ်ိန္တြင္ အားလုံး ေၾကာင္အၿပီး ၿငိမ္သြားသည္။
မ်က္လုံးေမွာက္ေနတာမ်ားလား။ ဇူအန္က ယြမ္ဝမ္ဒုံကို ပါးရိုက္လိုက္တယ္။ ဒါက ဘယ္လို ျဖစ္နိုင္မွာလဲ။
လူတိုင္း၏ အေတြးက သူတို႔အျမင္မွားေနသည္ဟုပင္။ ယြမ္ဝမ္ဒုံက နာမည္ေက်ာ္ေသာ အဆင့္ ၅ က်င့္ႀကံသူျဖစ္ၿပီး ဇူအန္ကေတာ့ သာမန္လူထက္ပင္ အားနည္းေသာ နာမည္ႀကီး အလကားလူပင္။
မ်က္စိပြတ္၍ ေဘးကလူကို အတည္ျပဳရန္ ေမးလိုက္ၾကသည္။ ေနာက္ဆုံး သူတို႔အျမင္မွားျခင္းမဟုတ္ေၾကာင္း သိလိုက္ရ၍ ဆူညံသြားသည္။
သူဘယ္လိုလုပ္လိုက္တာလဲ
ဇူအန္ ႀကိဳးဝိုင္းေပၚတက္သြားသည္ကို ၾကည့္၍ ခ်ဴအိမ္မွလူမ်ား လိုက္ဆြဲရန္ ျပင္ေနသည္။ သို႔ေသာ္ ထိုျမင္ကြင္းက သူတို႔ကိုလည္း မင္သက္သြားေစသည္။ ခ်ဴက်ဳန္းထန္က ခ်င္ဝမ္ယြီ ႏွင့္ အၾကည့္ခ်င္းဖလွယ္လိုက္ၿပီး ခ်ဴခ်ဴယန္ တုန္သြားသည္။ သူတို႔မ်က္လုံးမ်ားက နားမလည္နိုင္မႈမ်ား ျပည့္ေနေလသည္။
ထမ္းစင္ေပၚတြင္ လွဲေနေသာ ခ်ဴဟြမ္ေက်ာက္ တစ္ေယာက္တည္းသာ ဝမ္းသာအားရ လက္ခုပ္တီးေလသည္။
"လုပ္တာေကာင္းတယ္ ခဲအို အားရိုး..."
လႈပ္ရွားမႈက ဒဏ္ရာကို ထိသြား၍ နာက်င္စြာ ေအာ္လိုက္မိသည္။
ယြမ္ဝမ္ဒုံ လုံးဝ ေၾကာင္သြားသည္။ ရိုက္ခ်က္ေၾကာင့္ သူ႕ေခါင္းက အလုပ္မလုပ္ေသးေခ်။ ပါးေပၚမွ နာက်င္မႈေၾကာင့္သာ မဟုတ္ပါက ဘာျဖစ္သြားလဲသိရန္ စူးစမ္းမိေပမည္။
"ငါက အဲ့အမွိုက္ရိုက္တာ ခံလိုက္ရတာလား"
ေဒါသမ်ား ငယ္ထိပ္တက္လာသည္။
သင္သည္ ယြမ္ဝမ္ဒုံ ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။
ဇူအန္ကို လူသတ္ေငြ႕မေပၚလြင္ဘဲ ဘယ္လိုႏွိပ္စက္မည္ဟု မ်ိဳးစုံ စိတ္ကူးယဥ္ဖူးသည္။ ခ်ဴအိမ္ကလူမ်ား သူ႕ကို ဝင္တားလွ်င္ မည္သို႔တုန့္ျပန္ရမည္အထိ စဥ္းစားထားၿပီးသားပင္။ သို႔ေသာ္ ဒီျဖစ္ရပ္ကေတာ့ သူ႕အေတြးထဲတြင္ တစ္ခါေလးမွ ေပၚမလာဖူးေခ်။
ၿမိဳ႕တြင္းရွိ အာဏာရပုဂၢိုလ္မ်ားအားလုံးေရွ႕တြင္ အမွိုက္တစ္ေယာက္၏ ပါးရိုက္ျခင္းကို သူခံလိုက္ရသည္။
"ငါမင္းကို သတ္မယ္"
ယြမ္ဝမ္ဒုံ မ်က္ႏွာေခ်ာေခ်ာက ေဒါသေၾကာင့္ သုန္မႈန္သြားၿပီး ဇူအန္ထံ ေျပးဝင္လာသည္။
"ေနဦး" ဇူအန္ လက္ကာ၍ တားလိုက္သည္။
"အခုခ်ိန္မွ ခ်မ္းသာေပးပါဆိုရင္ ေနာက္က်သြားၿပီ " ယြမ္ဝမ္ဒုံ ေအးစက္စက္ ေျပာလိုက္သည္။
ထိုသို႔ေျပာလိုက္ေသာ္လည္း သူက ရပ္တန့္လိုက္သည္။ သူ႕မာနကို အဖတ္ဆယ္နိုင္မည့္ နည္းလမ္းကို ေတြးေနေသးသည္။
ဒီေကာင္ မ်က္ရည္ဝဲၿပီး ခခယယဒူးေထာက္ေတာင္းပန္ေအာင္ လုပ္ရမယ္။ မဟုတ္ဘူး ဒါလည္း မလုံေလာက္ေသးဘူး။
ဇူအန္ ဆံပင္ကို လက္ျဖင့္ ေနာက္ကိုသပ္လိုက္ၿပီး ျပန္ေျဖသည္။
"ငါစင္ေပၚတက္ဖို႔ အလ်င္စလိုလုပ္လိုက္ရလို႔ ငါ့ရဲ႕ အထူးေနာက္ခံေတးလုံးကို ေမ့သြားလို႔"
ေျပာရင္းႏွင့္ အဝတ္ထဲမွ ကမာခြံတစ္ခု ထုတ္လိုက္ၿပီး တက္ႂကြဖြယ္ ေတးသြားတစ္ပုဒ္ ကြင္းအတြင္း ပ်ံ့ႏွံ႕လာသည္။
"..."ယြမ္ဝမ္ဒုံ
"..."ရွီခြန္း
"..."ဝူခ်င္း
"..."ခ်ဴခ်ဴယန္
ေကာင္းကင္ခန္းမွ ေက်ာင္းသားမ်ား တန္းနားလည္သြားသည္။ ဒါမ်ိဳး မၾကာေသးခင္က အတြက္အခ်က္ခန္းတြင္ သူတို႔ႀကဳံဖူးေလသည္။ သို႔ေသာ္ က်န္သူမ်ားက နားမလည္၍ အခ်င္းခ်င္း တီးတိုးေျပာေနၾကသည္။
"ဒီသံစဥ္ကဘာလဲ။ နားေထာင္႐ုံနဲ႕ ငါ့ႏွလုံးခုန္သံေတြ ျမန္လာတယ္"
"ငါ့ေသြးေၾကာထဲက ခြန္အားေတြ ျပည့္လာသလိုပဲ။ အဲ့ဒီ မေကာင္းတဲ့ေကာင္ေတြ ဘယ္မလဲ။ ေလာကႀကီးကိုကယ္ဖို႔ ငါသူတို႔ကို သြားသတ္မယ္"
ခ်ီေဒါင္ရင္း သူမထိုင္ခုံတြင္ မလႈပ္မယွက္ ထိုင္ေနတာ ၾကာေလၿပီ။ သူမက တိုက္ပြဲမ်ားကို မႏွစ္ၿခိဳက္၍ ၿပိဳင္ပြဲကသူမကို အိပ္ငိုက္ေစသည္။ သို႔ေသာ္ သံစဥ္ကိုၾကားၾကားခ်င္း သူမခႏၶာကိုယ္ မတ္လာ၍ မ်က္လုံးတြင္ အံ့ၾသမႈမ်ား ျပည့္လာသည္။
"ေၾကး၊ ႀကိဳး၊ ေလ၊ မိုး...ဟမ္ဒီဟာက ဂီတအမွတ္ေတြနဲ႕ မကိုက္ဘူး။ ငါမၾကားဖူးတဲ့ သံစဥ္ေတြ အမ်ားႀကီး ပါေနတယ္။ သူဘယ္လိုလုပ္နိုင္ တာလဲ"
"အိုးဒီလူက အၿမဲတမ္း ဝင့္ႂကြားေနတာပဲ" ခ်ီရွို႔ ထုတ္မေျပာနိုင္ေသာ္လည္း အံ့အားသင့္ေနသည္။ ႐ုတ္တရက္ အေတြးတစ္ခု သူ႕ေခါင္းထဲဝင္လာၿပီး သူ႕အစ္မဘက္ လွည့္လိုက္သည္။
"မမ နင္လည္း ဂီတမွာ ကြၽမ္းက်င္တယ္မဟုတ္ဘူးလား။ ငါ့အတြက္ ေနာက္ခံေတးသြားတစ္ခု လုပ္ေပးပါလား"
ခ်ီေဒါင္ရင္း ေခါင္းယမ္း၍ ျပန္ေျဖသည္။
"ဒီသံစဥ္က တစ္ခုခု ထူးဆန္းေနတာ ရွိတယ္။ ဒီဟာက အေတာ္ဆုံးဂီတပညာရွင္တစ္ေယာက္ ဖန္တီးထားတာလို႔ ငါထင္တယ္။ ဒီလိုအဆင္ျမင့္တဲ့ သံစဥ္မ်ိဳး ငါမလုပ္နိုင္ဘူး"
ခ်ီရွို႔ ေၾကာင္သြားသည္။
"ဇူအန္ ဂီတမွာလည္း ပါရမီပါလို႔လား"
သူ႕အစ္မ မ်က္လုံးမ်ားအေရာင္ေတာက္လာသည္ကို ေတြ႕၍ ေျပာလိုက္မိျခင္းကို ေနာင္တရသြားသည္။
"ဒါက ဇူအန္ ဖန္တီးထားတဲ့ သံစဥ္လား"
"ထင္တာပဲ။ ဇူအန္ အတန္းထဲမွာ တစ္ခါ ဖြင့္ျပဖူးတယ္။ က်န္တဲ့ေနရာမွာ တစ္ခါမွ မၾကားဖူးဘူး" ခ်ီရွို႔ ေခတၱေတြေဝလိုက္ၿပီး အမွန္ေျပာလိုက္သည္။ လျပည့္ဝန္းအကယ္ဒမီတြင္ ဒီကိစၥကို သိေသာသူ မ်ားစြာရွိ၍ ခ်ီေဒါင္ရင္း သိလိုလွ်င္ သူ တားဆီးနိုင္မည္မဟုတ္ေပ။
"ဒီလူက စိတ္ဝင္စားစရာပဲ" ခ်ီေဒါင္ရင္း ႀကိဳးဝိုင္းထဲကလူကို သိခ်င္ေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။
က်န္းေလာ့ဖူလည္း ဇူအန္ကို ၾကည့္ေနသည္။ သို႔ေသာ္ သူ႕အၾကည့္က ဇူအန္လက္တြင္းရွိ ကမာခြံကို ၾကည့္ေနျခင္းပင္။
ဒါက ရွန္းလွ်ို႔ယီ ပစၥည္း ထင္တယ္။ သူ႕ပစၥည္းကို ဇူအန္ကို ေပးလိုက္တယ္လား။ ဟမ့္။ ဒါေတာင္ မင္းတို႔ႏွစ္ေယာက္ မပတ္သက္ဘူးလို႔ ေျပာခ်င္ေသးတယ္။
"ဒီလို ပြဲလုပ္ေနေတာ့ ဘာျဖစ္လဲ။ မင္းမရွက္ဘူးလား"
ယြမ္ဝမ္ဒုံ မ်က္ႏွာက မီးေသြးလို မည္းေမွာင္ေနသည္။ ဇူအန္ ဒါလုပ္ဖို႔ သူ႕ကိုတားလိုက္မွန္း သူ မေတြးမိေခ်။
"မင္းဘာသိလို႔လဲ။ ဒါက အစဥ္အလာကြ" ဇူအန္ လက္ျဖန့္၍ ေျပာလိုက္သည္။
"ငါ့ရဲ႕ သမိုင္းမွာ ငါက အရႈံးမရွိဘူး"
"မင္းရဲ႕ ဒီအရႈပ္ထုတ္ေတြက အသုံးမဝင္မွန္း မင္းသိလာလိမ့္မယ္။ အကုန္လုံးက မင္းကို လူျပက္တစ္ေယာက္ပဲ ျဖစ္ေစမွာ" ယြမ္ဝမ္ဒုံ မာနျပန္ထိန္းရန္ ဇူအန္ကို ေလွာင္လိုက္ေသာ္လည္း သူမ်ားကို ေလွာင္ရာတြင္ဇူအန္ေလာက္ မကြၽမ္းက်င္ဘူးဟု ခံစားေနရသည္။ သူက ေအာက္က်ေနသည္ဟု ခံစားရၿပီး ထိုအရာက ပိုစိတ္တိုေစသည္။
သင္သည္ ယြမ္ဝမ္ဒုံ ထံမွ အမ်က္ပြိုင့္ ၄၀၀ ရယူလိုက္သည္။
ဇူအန္ သက္ျပင္းခ်၍ ေျပာလိုက္သည္။
"ငါ့ရဲ႕ ပါးရိုက္တာ ခံရၿပီးတာေတာင္ ဒီစကားေတြေျပာဖို႔ ဘယ္ကသတၱိရလဲ ငါမစဥ္းစားတတ္ေတာ့ဘူး။ မင္း မ်က္ႏွာမပူဘူးလား"
ယြမ္ဝမ္ဒုံ သီးမတတ္ပင္။ဇူအန္ကို ေဒါသျဖင့္ ၾကည့္လိုက္သည္။
"ငါ သတိမထားမိလိုက္လို႔ပါ။ မင္းငါ့ကို အဲ့လိုပဲ တိုက္လိမ့္မယ္လို႔ မေမွ်ာ္လင့္ထားဘူး။ အခုငါသတိထားလိုက္ၿပီ။ မင္း ငါ့ကို ဘယ္လိုမွ ၿပိဳင္နိုင္မွာ မဟုတ္ဘူး"
သင္သည္ ယြမ္ဝမ္ဒုံ ထံမွ အမ်က္ပြိုင့္ ၅၁၁ ရယူလိုက္သည္။
ထိုစကားမ်ားက လူအုပ္မွ ေအာ္ဟစ္သံမ်ား ရလိုက္သည္။
အဆင့္ ၅ က်င့္ႀကံသူက အလကားလူတစ္ေယာက္၏ ပါးရိုက္ျခင္းခံလိုက္ရသည္က သတိမထားမႈတစ္ခုတည္းေၾကာင့္ မျဖစ္နိုင္ေပ။
ယြမ္ဝမ္ဒုံ လူအုပ္၏ တုံ႕ျပန္မႈကို မ်က္ကြယ္ျပဳလိုက္သည္။ ဇူအန္က အဆင့္၃ က်င့္ႀကံသူသာ ျဖစ္ေသာ္လည္း အင္အားက ထို႔ထက္ပိုသည္ဟု စနိုးေျပာထားၿပီးသားပင္။ထို႔ေၾကဴင့္ ဇူအန္ သူ႕ကို ေခ်ာင္းေျမာင္းတိုက္ခိုက္နိုင္ျခင္းအား သံသယမဝင္ေပ။
သို႔ေသာ္ အခု ကြာသြားၿပီ။ ဇူအန္ကို သတိထားေန၍ သူ႕ကို ထိခိုက္ေအာင္ လုပ္နိုင္မည္ မဟုတ္ေပ။
ဟမ့္ ငါ့လက္ထဲ သူေရာက္တဲ့အထိပဲေစာင့္။ ငါသူ႕လက္ကို အရင္ခ်ိဳး....
ထိုအေတြး ေပၚလာ႐ုံရွိေသး ေနာက္ထပ္ ေျဖာင္း အသံတစ္ခုထြက္လာသည္။
ယြမ္ဝမ္ဒုံ ဒယိမ္းဒယိုင္ျဖင့္ လဲက်မတတ္ပင္။ ေနာက္ထပ္ ပါးတြင္ နာက်င္မႈတစ္ခု ပိုတိုးလာသည္။
ဘာျဖစ္သြားတာလဲ
ယြမ္ဝမ္ဒုံ နားမလည္နိုင္ေပ။ သူေတြ႕လိုက္တာက ဝိုးတဝါးအရိပ္တစ္သာျဖစ္သည္။ ဇူအန္အေပၚ အၾကည့္ေပ်ာက္သြားျခင္းက တစ္ခနပင္။ ထို႔ေနာက္ ပါးတြင္ ခ်က္ခ်င္း အရိုက္ခံလိုက္ရသည္။
ဒါက ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ။
ယြမ္ဝမ္ဒုံက နားမလည္ေသာ တစ္ဦးတည္းေသာသူ မဟုတ္ေပ။ လူအုပ္လည္း ထပ္တူ ပေဟဋိျဖစ္ေနသည္။
ဆန္းဟုန္ မ်က္လုံးမ်ား က်ဥ္းေျမာင္းသြားသည္။ တစ္ျခားလူမ်ားႏွင့္မတူစြာ အဆင့္ ၈ က်င့္ႀကံသူျဖစ္ေသာေၾကာင့္ သူက ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။ ဇူအန္က ထူးဆန္းေသာ ေျခလွမ္းတစ္ခု သုံး၍ ယြမ္ဝမ္ဒုံ အနား ကပ္သြားျခင္းပင္။ သူ႕ေျခလွမ္းက ျမန္လြန္း၍ ယြမ္ဝမ္ဒုံ အခ်ိန္မီ မတုံ႕ျပန္နိုင္ျခင္းပင္။
ရွီခြန္းလည္း မ်က္ေမွာင္ႀကဳံ႕သြားသည္။ စနိုးကို ခပ္တင္းတင္းၾကည့္၍
"ဘာျဖစ္ေနတာလဲ။ မင္းသတင္းပို႔တဲ့အထဲသူ႕မွာ ဒီလိုအားေကာင္းတဲ့ သိုင္းတစ္ခုရွိတာ မပါဘူးေလ"
စနိုးလည္း ထပ္တူ ရႈပ္ေထြးေနသည္။
"ကြၽန္မလည္းမသိဘူး။ ေနာက္ဆုံးတစ္ေခါက္ သူနဲ႕တိုက္တုန္းက သူဒီဟာကို ထုတ္မသုံးဘူး"
"အသုံးမက်ဘဴး" ရွီခြန္း ေအးစက္စက္ေျပာ၍ ႀကိဳးဝိုင္းကို ျပန္ၾကည့္လိုက္သည္။
စနိုး ႏႈတ္ခမ္းကိုက္၍ မ်က္လုံးမ်ား နီလာသည္။ သူမေက်နပ္၍ ဝမ္းနည္းေသာ္လည္း ျပန္ေျပာရန္ အခြင့္မရွိေၾကာင္း နားလည္၍ ႏႈတ္ထိန္းလိုက္သည္။
က်န္းေလာ့ဖူ သေဘာတူစြာ ၿပဳံးလိုက္သည္။
သူ႕မွာ ဒီလို ဝွက္ဖဲရွိတာ သိရင္ ငါသူ႕အတြက္ စိတ္ပူမေနပါဘူး။
သို႔ေသာ္ အအံ့ၾသဆုံးလူမ်ားမွာ ခ်ဴအိမ္မွျဖစ္ၾကသည္။ ခ်င္ဝမ္ယြီ သူ႕ေယာက္်ား လက္ေမာင္းကိုကိုင္၍
"ေယာက္်ား ကြၽန္မမ်က္စိေမွာက္ေနတာလား"
ခ်ဴက်ဳန္းထန္လည္း သူမနီးပါး အံ့ၾသေနေလသည္။ သူက ခါးသက္သက္ၿပဳံးလိုက္ၿပီး
"ငါတို႔ႏွစ္ေယာက္လုံး အျမင္မွားတာ ျဖစ္နိုင္လို႔လား"
ဇူအန္ ကီလမ္းေၾကာင္းအရ သူက အဆင့္ ၃ က်င့္ႀကံသူျဖစ္ေလသည္။ သို႔ေသာ္ အဆင့္ ၃ က်င့္ႀကံသူတစ္ေယာက္က ဒီေလာက္ျမန္ျမန္ မလႈပ္ရွားနိုင္ေပ။
ဇူအန္က သူ႕အစြမ္းကို တစ္ခ်ိန္လုံး လွ်ို႔ဝွက္ထားျခင္း ျဖစ္ေနသည္။ သူ ဒီအဆင့္အထိ တိတ္တဆိတ္ေလ့က်င့္နိုင္မည္ဟု ဘယ္သူထင္မလဲ။
"အေဖ သူသုံးတဲ့ ေျခလွမ္းကဘာလဲ။ ကြၽန္မတစ္ခါမွ မျမင္ဖူးဘူး" ခ်ဴခ်ဴယန္ ေမးလိုက္သည္။
ခ်ဴက်ဳန္းထန္ ေခါင္းယမ္း၍
"အေဖလည္း တစ္ခါမွ မျမင္ဖူးဘူး"
ဝမ္းအသာဆုံးလူမွာ ခ်ဴဟြမ္ေက်ာက္ ျဖစ္ေလသည္။ ႀကိဳးဝိုင္းေပၚက လူကို ၾကည့္ၿပီး စိတ္လႈပ္ရွားစြာ ၾကည့္လိုက္သည္။
ငါ့ခဲအိုက ဒီေလာက္ေတာ္တယ္ဟ။ ဟမ့္ ငါ့ကို ဒီေလာက္ၾကာေအာင္ လိမ္ထားတယ္။ ေနာက္မွ ျဖည္းျဖည္းခ်င္း စာရင္းရွင္းရမယ္။
"ဒါက အကယ္ဒမီရဲ႕ ေကာင္းကင္တန္းက ေက်ာင္းသားလား ဟမ့္"
"ဘာ အဆင့္ ၅ ဘာပါရမီရွင္လဲ။ သာမန္လူတစ္ေယာက္ကေတာင္ သူ႕ကို လြယ္လြယ္ ပါးရိုက္နိုင္တယ္။ ငါေတာင္ သူ႕ထက္ပိုၿပီး အားေကာင္းသလိုပဲ"
"သူတို႔ႏွစ္ေယာက္က ျပပြဲလုပ္ဖို႔ ညွိထားတာမ်ားလား"
...
လူအုပ္ထဲက အမ်ားစုက စူးရွေသာ အျမင္အာ႐ုံမရွိ၍ ဇူအန္ လႈပ္ရွားမႈကို ထိုးထြင္းမျမင္နိုင္ေပ။ ယြမ္ဝမ္ဒုံက အဆင့္ ၅ ျဖစ္ေသာ္လည္း အစြမ္းမရွိ၍ ၿပိဳင္ဘက္၏ ပါးရိုက္ျခင္းကို ခံလိုက္ရသည္ဟု ေတြးၾကသည္။
လူအုပ္၏စကားသံမ်ားကို ၾကားၿပီးေနာက္ ယြမ္ဝမ္ဒုံ မ်က္လုံးမ်ား ရဲလာသည္။
သင္သည္ ယြမ္ဝမ္ဒုံ ထံမွ အမ်က္ပြိုင့္ ၁၀၂၄ ရယူလိုက္သည္။
သူက ေဒါသေရာ ရွက္တာေရာ ပါေသာ္လည္း အမ်ားစုက ထိပ္လန့္သြားျခင္းပင္။ ဇူအန္ ဘယ္လိုလႈပ္ရွားလိုက္လဲ မျမင္ရ၍ ေျဖာင့္ေျဖာင့္တန္းတန္း မစဥ္းစားနိုင္ေတာ့ေခ်။
"ငတုံး မင္းရဲ႕ ျဒပ္စင္ေတြက အလွၾကည့္ဖို႔လား။ ဇူအန္ေျခလွမ္းက ထူးဆန္းတယ္။ သူနဲ႕ ထိပ္တိုက္မေတြ႕နဲ႕" ဝူေဝ့ အသံ နားထဲ ဝင္လာသည္။
ယြမ္ဝမ္ဒုံ မ်က္လုံးလက္သြားသည္။ သူ႕လို အဆင့္ ၅ က်င့္ႀကံသူက အဆင့္ ၃ တစ္ေယာက္ကို လြယ္လြယ္ရွင္းနိုင္သည္ဟုတြက္ၿပီး ျဒပ္စင္ထုတ္သုံးရန္ မေတြးထားေခ်။ ထို႔အျပင္ ဇူအန္ကို ျပင္းျပင္းထန္ထန္ ဒဏ္ရာရေစၿပီး တိုက္ပြဲအျမန္ၿပီးသြားမည္ကို စိုးရိမ္ေနေသးသည္။ ထို႔ေၾကာင့္ ႏွိပ္စက္ရန္ အခ်ိန္ဆြဲရမည္ဟု မွတ္ထားျခင္းပင္။
ပါးႏွစ္ခ်က္အရိုက္ခံရၿပီးေနာက္ ထိုဟာမ်ားကိုဂ႐ုမစိုက္နိုင္ေတာ့ေပ။ ေဒါသေျဖရန္ ဇူအန္ကို တစ္စစီဆုတ္ၿဖဲရမည္ဟု ေတြးလိုက္မိသည္။
"မင္းငါ့ကို ေဒါသဆြလိုက္ၿပီ" ယြမ္ဝမ္ဒုံ ထိုသို႔ေျပာ၍ စင္ေထာင့္ကို ေနာက္ဆုတ္သြားၿပီး အကြာအေဝးျခားလိုက္သည္။ ထို႔ေနာက္ လက္ျမႇောက္၍ ဗီလိန္ဆန္ဆန္ အမွာစကားေျပာလိုက္ေသးသည္။
"မင္းရဲ႕ ေျခလွမ္းက ထင္တာထက္ပိုအားေကာင္းတာ ငါဝန္ခံရမယ္။ ဒါေပမဲ့ အင္အားရဲ႕ ေရွ႕ေမွာက္မွာ အားလုံးက အလကားပဲ"
သူေျပာေနစဥ္ စင္ေဘးက လူအုပ္ထံမွ ဓားေပါင္းစုံ တုန္ခါလာသည္။ တစ္စုံတစ္ခုက သူတ်ို့ကို ဆင့္ေခၚေနသေယာင္ပင္။ ထိပ္လန့္သြားၿပီး လူအုပ္က သူတို႔လက္နက္မ်ားကို အတင္းကိုင္ထားလိုက္ၾကသည္။
ယြမ္အိမ္ကလူမ်ားသာ သူတို႔ဓားမ်ားကိုယူသုံးခြင့္ ျပဳေလသည္။ ဓားမ်ားက ယြမ္ဝမ္ဒုံေနာက္တြင္ ဝဲပ်ံလာၾကသည္။ သူတို႔၏ ဓားထိပ္မ်ားက ဇူအန္ထံ ဦးတည္ေနသည္။
"ဒါက အဆင့္ ၅ က်င့္ႀကံသူ တစ္ေယာက္ရဲ႕ အစြမ္းလား"
"ဟာဒီဓားပ်ံတပ္က အံ့မခန္းပဲ"
"ျမင္လား ယြမ္ဝမ္ဒုံလို အဆင့္ ၅ က်င့္ႀကံသူက ခ်ဴအိမ္က ေတေလဂ်ပိဳးကို ရႈံးမွာလဲ"
ခ်င္ဝမ္ယြီ စိတ္လႈပ္ရွားေနသည္။
"ဇူအန္ ဘာလို႔ သူ႕သိုင္းကိုသုံးၿပီး ယြမ္ဝမ္ဒုံ နား ကပ္ၿပီး မတိုက္တာလဲ။ သူလုပ္မယ့္အစား ယြမ္ဝမ္ဒုံ သူနဲ႕ေဝးသြားတာကို လက္ပိုက္ၾကည့္ေနတယ္။ သူက ဘာလုပ္မလို႔ ျပင္ေနတာလဲ။ သူဘယ္ေလာက္ျမန္ျမန္ အဲ့ဒီဓားေတြကို မေရွာင္နိုင္ဘူးေလ"
ေတြးေလေလ ပိုေဒါသထြက္ေလေလပင္။
"သူက အလကား ႂကြားေနတာပဲ"
သင္သည္ ခ်င္ဝမ္ယြီ ထံမွ အမ်က္ပြိုင့္ ၅၆၇ ရယူလိုက္သည္။
----------------------------------------------------------------------------