ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.4K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

106

323 52 0
By SoeHmue

Chapter 106. မင်းငါ့ကို ဆက်တိုက် ငြင်းနေပေမဲ့

ရှီခွန်း မျက်ခုံးများ လှုပ်လာသည်။ အမှန်တော့ ကွင်းလယ်တွင် ရပ်ရန် အပြစ်ပေးခြင်းက ဘာမှမဟုတ်ပေ။ သူက အာရုံစိုက်ခံရခြင်းကို ကျင့်သားရပြီးသားပင်။ သူ့လို ရုပ်ရည်ရှိသောသူက ဘယ်နေရာသွားသွား လူကြားထဲ ထင်ပေါ်နေခြင်းက သဘာဝပင်။ သူ့ဖြတ်ထိုးဉာဏ်ဖြင့် အပြစ်ဒဏ်ကို ပရိသတ်တွေ့ဆုံပွဲ လုပ်လိုက်၍ ရလေသည်။

ဇူအန် အရှက်ခွဲမှုကို တွေး၍ မခံမရပ်နိုင် ဖြစ်နေခြင်းပင်။

သို့သော် ဒီသစ်သားပြားကို ချိတ်ဆွဲလိုက်ပါက မတူတော့ပေ။ ထိုအရာက သူ့ကို လူတကာ ဆော့ကစား၍ရသော အိမ်မွေးတိရိစ္ဆာန်လို သဘောသက်ရောက်သွားပေလိမ့်မည်။

"မင်း ဒါက ဘာကို ဆိုလိုတာလဲ" ရှီခွန်း ဇူအန်ကို ဒေါသတကြီး မျက်စောင်းထိုးလိုက်သည်။

သင်သည် ရှီခွန်း ထံမှ အမျက်ပွိုင့်  ၄၄၄ ရယူလိုက်သည်။

"ငါက ဒါကို မင်းအတွက် စဉ်းစားပြီး လုပ်ပေးနေတာ " ဇူအန် အပြုံးဖြင့် ပြန်ဖြေသည်။
"ရှီအိမ် သခင်လေးတစ်ယောက်က လူကြားထဲ အလှောင်ခံရရင် ဘယ်လောက်ဆိုးမလဲ စဉ်းစားကြည့်လိုက်။ အဲ့တာကြောင့် သူတို့ကို မရယ်အောင် ငါအထူး ပြင်လာပေးတာ။ အဲ့တာ ငါ့ စေတနာကို ပြသပေးတာလေ"

စေတနာ ဟုတ်လား ငါ့ခေါင်းပဲ။

ရှီခွန်း ရူးမတတ် ခံစားလိုက်ရသည်။ ထိုအခါမှ သူပြဿနာတစ်ခု စဉ်းစားလိုက်မိခြင်းပင်။
"ခနနေဦး ။ ဒီဆိုင်းပုဒ်ကို ဘယ်တုန်းက ပြင်လာတာလဲ။ အစတည်းက ငါ့ကို ပြဿနာရှာဖို့ ပြင်ထားတာတော့ မဟုတ်ဘူးမလား။"

ဇူအန် ပုခုံးတွန်းပြလိုက်သည်။
"ငါက လိုအပ်လို လိုအပ်ငြား ပြင်လာတာ။ မင်းက ဒီလောက် ပူးပေါင်းဆောင်ရွက်မယ်လို့ ဘယ်သူထင်မှာလဲ။ မင်းဒီလောက် စိတ်အားသန်နေမှတော့ ဒါကို ထုတ်မပြရင် ငါစိတ်မကောင်းလို့"

"..."ရှီခွန်း

သင်သည် ရှီခွန်း ထံမှ အမျက်ပွိုင့် ၈၁၃ ရယူလိုက်သည်။

အခန်းထဲမှ ကျောင်းသားများ ရှီခွန်း ဇူအန်ကို ပေါက်ကွဲလာမည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ ထိုသို့ဆိုလျှင် ဇူအန်ကို ကာကွယ်ရန် ချူချူယန် ရှေ့တက်ရမည်။ အကယ်ဒမီက အကြီးအကဲများပင် သတိပြုမိသွားနိုင်လေသည်။

အင်း ဒါက ရန်ဝေ့ သင်ခန်းစာတွေ တက်တာထက် ပိုစိတ်ဝင်စားစရာကောင်းတယ်။ လာလာ..နောက်ထပ် ဒီလို ဆရာ ဆယ်ယောက်လောက်ပေးကြဦး

ချူချူယန်လည်း အနီးကပ်ကြည့်နေသည်။ ရှီခွန်းသာ တစ်ခုခုလုပ်မည်ဆိုလျှင် ဇူအန် အန္တရာယ်များပေလိမ့်မည်။ လိုအပ်လျှင် ရှေ့တိုး၍ ဇူအန်ကို ကာကွယ်ရန် အသင့်ပြင်ထားသည်။

မမျှော်လင့်စွာ ရှီခွန်း အသက်ပြင်းပြင်းရှူလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလေသည်။
"ဟုတ်တယ် ကျုပ်က စိတ်လောသွားပြီး မမျှော်လင့်ဘဲ မင်းကို ပြန်ပြောမိသွားတာ။ ကျုပ်အပြစ်ပေးခံရတာ ဖြစ်သင့်ပါတယ်။ အကယ်ဒမီမှာ စည်းစနစ်ရှိဖို့ စည်းမျဉ်းတွေ လိုက်နာဖို့ လိုတာပဲ"

ထိုစကားများပြောပြီး သစ်သားပြားကိုယူကာ အခန်းထဲမှ တည်ငြိမ်စွာ ထွက်သွားလေသည်။ သူ့လှုပ်ရှားမှုများက တင့်တယ်လွန်း၍ ခနတဖြုတ် ပညာရှိတစ်ယောက်ဟုပင် ထင်ယောင်ထင်မှား ဖြစ်စေသည်။

အခန်းထဲမှ ကျောင်းသူတစ်ချို့ မျက်စိကလယ်ကလယ် ဖြစ်လာသည်။

"ဝေါင်း မိုက်လိုက်တာ"

"ရှီသခင်လေးက ကောလဟလထဲကလို တကယ့် လူကြီးလူကောင်းပဲ"

"သူ့အချစ်ပြိုင်ဖက်ကိုတွေ့လို့ စိတ်ခနလွတ်သွားတာ ဖြစ်ရမယ်"

"သူဒီလောက် ခံစားချက်ပြင်းထန်မှန်း မသိခဲ့ဘူး။ ပိုပြီးတောင် သဘောကျလာပြီ"

ဇူအန် အံ့သြသွားသည်။ သူက ရှီခွန်း အပြင်းအထန် ပြန်တိုက်ခိုက်မည်ဟု မျှော်လင့်ထားပြီး တန်ပြန်တိုင်ခိုက်ရန်လည်း ပြင်ထားပြီးပြီ။ မမျှော်လင့်စွာ ဒီအတိုင်း နောက်ဆုတ်သွားသည်။

ဟမ်..သူ့ပရိသတ်တွေကြားမှာ ဂုဏ်သိက္ခာမကျအောင် ခြေတစ်လှမ်းဆုတ်လိုက်တာလား။ ဒါက မဖြစ်နိုင်ဘူး။

ထိုအချိန်တွင် ရှီခွန်း အခန်းပြင်ရောက်သွားပြီး မျက်နှာမှ အပြုံးက ပျောက်ကွယ်သွားကာ အေးစက်မှုများ အစားထိုးဝင်လာသည်။

ဟမ့် ငါ သတိလက်မဲ့ ဖြစ်သွားတယ်။ ဒီလို စကားမျိုး ချန်မထားခဲ့သင့်ဘူး။ သူတစ်ခုခုဖြစ်သွားရင် ငါ့ကို သံသယဝင်သွားကြလိမ့်မယ်။ ငါဘယ်လောက် ဒေါသထွက်ထွက် အခြားလူတွေ ငါ့ကို မေးခွန်းမထုတ်နိုင်အောင် အပြင်ပိုင်းမှာ ဟန်မပျက်နေပြမှရမယ်။

သူက ဒီလူကို လောကကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားအောင် လုပ်မည်ဟု ဆုံးဖြတ်ထားပြီးသားပင်။

ဇူအန်စကားနောက်လိုက်၍ သစ်သားပြားလည်ပင်းစွတ်လိမ့်မည် မဟုတ်ပေ။ ကွင်းထဲသို့ သွားစဉ် လမ်းတွင် သစ်သားပြားကို လက်ဖြင့် အသာတစ်ချက်ပွတ်၍ စာသားများကို ဖျက်လိုက်သည်။ သစ်သားပြားကို သူ့လက်အောက် အသာထည့်၍ ခပ်မိုက်မိုက် ဖြစ်အောင် လုပ်လိုက်သည်။

ထိုအချိန်တွင် သူ့ဘေးသို့ လူတစ်ယောက် ရောက်လာသည်။ သူ့နောက်တွင် တစ်ချိန်လုံး ကပ်ပါလာသော အဘိုးအိုကြီးပင်။
"သခင်လေး ကျုပ်လှုပ်ရှားပြီး အဲ့ဒီကောင်ကို တစ်ချက်တည်း သတ်လိုက်ရမလား"

ရှီခွန်းလက်ခါ၍ ပြောလိုက်သည်။
"စိတ်လောဖို့ မလိုဘူး။ ငါနဲ့ အတိုက်အခံဖြစ်ပြီးပြီးချင်း သေသွားရင် ငါတို့ကို သံသယဝင်လိမ့်မယ်။ ချူအိမ်ရဲ့ အင်အားကို လျှော့တွက်လို့မရဘူး။ ငါတို့လုပ်ရပ်က သူတို့ကို ချီဘုရင်ဘက် ပို့သလိုဖြစ်သွားရင် အရှုံးကြီးရှုံးသွားလိမ့်မယ်"

"ဒါပေမဲ့ အဲ့ဒီ မျိုးမစစ်က သခင်လေးကို ဒီလို ဆက်ဆံရဲတယ်လေ။ ကြည့်နေတဲ့ ကျုပ်တောင် ဒေါသထွက်တယ်" အဘိုးကြီးက အခန်းထဲတွင် ဖြစ်ပျက်သမျှကို တစ်ချိန်လုံး မြင်နေ ကြားနေရသည်။

"စိတ်မပူနဲ့။ တစ်ခြားလူတစ်ယောက် သူ့ကို ဖြေရှင်းလိမ့်မယ်။ မနက်ဖြန်ကျရင် ယွမ်အိမ်နဲ့ ချူအိမ်ရဲ့ ပြိုင်ပွဲ။ ညကျရင် ယွမ်ဝမ်ဒုံကို ခေါ်လိုက်...မဟုတ်သေးဘူး..ငါကိုယ်တိုင် လုပ်လို့မရဘူး။ ယွမ်ဝမ်ဒုံကို ပြောပြဖို့ မင်းနည်းလမ်းရှာလိုက်။ ဇူအန်ကို မတော်တဆတစ်ခုခုလုပ်ပြီး ကြိုးဝိုင်းထဲမှာ သေအောင်သတ်ခိုင်းလိုက်။ အနည်းဆုံး သူ့ကို ဒုက္ခိတတော့ ဖြစ်အောင်လုပ်ရမယ်" ရှီခွန်း အေးစက်စက် ပြောလိုက်သည်။

နှစ်ပေါင်းများစွာ သူ့ကို ရန်စပြီး ကိုယ်လွတ်ရုန်းနိုင်သူ တစ်ယောက်မှ မရှိပေ။

မကြာခင် အတန်းပြီးချိန်ဖြစ်၍ ကွင်းလယ်တွင် ရပ်နေသော ရှီခွန်းကို ကျောင်းသားများ သတိထားမိလာကြသည်။ သိချင်စိတ်ဖြင့် သူ့အနားကို ဝန်းရံလာကြသည်။ အတင်းသတင်းက အမြန်ပြန့်၍ မကြာခင် ရှီခွန်း ဆရာကို ပြန်ပြောသောကြောင့် အပြစ်ပေးခံရမှန်း အားလုံးသိသွားကြသည်။

ရှီခွန်း ပရိသတ်မိန်းကလေးများ ဒေါသအကြီးအကျယ် ထသွားကြသည်။

"အဲ့ဒီ ဇူအန်က အရှက်မရှိလိုက်တာ။ ရှီသခင်လေးကို တမင် အပြစ်ရှာနေတာ မဟုတ်ဘူးလား"

"အမှန်ပဲ သူ့လိုဆရာတစ်ယောက်က ပေါ်တင် သူ့မိန်းမကို ဘက်လိုက်နေသေးတယ်။ သူက ချူချူယန်ကို ဒီလောက်လွယ်တဲ့ မေးခွန်းပေးပြီး ရှီသခင်လေးကိုကျ ဒီလောက်ခက်တဲ့ မေးခွန်းပေးတယ်။ ငါသူ့ကို အကယ်ဒမီဆီ တိုင်မှာ"

"ဟုတ်တယ် သူ့ကို စုပေါင်းတိုင်စာပို့သင့်တယ်"

....

ကျောင်းသူများနှင့်ယှဉ်လျှင် ကျောင်းသားများက အများကြီး ပိုကောင်းလေသည်။ ရှီခွန်း ကျောင်းကို ရောက်ကတည်းက ဒီမိန်းမအားလုံး အရူးထနေကြသောကြောင့် သူတို့ကို သိပ်မကျေနပ်စေပေ။ ထို့ကြောင့် ရှီခွန်း ဒီလို အရှက်ရသည်ကို ပိုကျေနပ်နေလေသည်။

ဒီအခွင့်အရေးကို အသုံးချ၍ ရှီခွန်းကို လှောင်ချင်သူ တစ်ချို့ ရှိလေသည်။ သို့သော် ရှီခွန်းနားမရောက်ခင် အားကောင်းသော အရှိန်အဝါတစ်ခုကြောင့် နောက်ပြန်ဆုတ်လိုက်ရသည်။

"ထွက်သွားစမ်း" ရှီခွန်း ဘေးက အဘိုးအိုကြီးက အေးစက်စက် ပြောလိုက်သည်။

ထိုလူအိုကြီးရှေ့တွင် ကျောင်းသားများ အလိုလို ကျောချမ်းလာပြီး ထိုအချိန်မှ ရှီခွန်းက သူတို့ရန်စလို့မရေသော သူတစ်ယောက်ဖြစ်ကြောင်း သတိရလာကြသည်။ ထို့ကြောင့် အမြန် ထွက်သွားကြလေသည်။

ဝန်ထမ်းရုံခန်းထဲမှ လုဒီသည် ကွင်းထဲရှိ လူအိုကြီးကို ကြည့်နေသည်။

ဒီလူကြီးရဲ့ ခွန်အားကို ငါမှန်းကြည့်လို့ မရဘူး။ ရှီအိမ်ရဲ့ အစေခံက ဒီလောက်တောင် အားကောင်းတာလား။ ကြည့်ရတာ ရှီအိမ်ရဲ့ ခွန်အားကို ငါလျစ်လျှူရှူနေမိသလိုပဲ။ ဒီလို အိမ်တော်ကြီးတွေကြား ဝင်မပါတာ အကောင်းဆုံးပဲ။ ဟမ့်…ဇူအန်ဝင်လာတည်းက ပြဿနာတွေ တစ်ခုပြီး တစ်ခုပဲ။

ထိုစဉ် ဇူအန်က အမျက်ပွိုင့် များစွာ ဝင်လာသောကြောင့် ဝမ်းသားအားရဖြစ်နေသည်။
အရင်ဘဝတုန်းက boyband တွေ ဒီလောက်များတာမထူးဆန်းတော့ဘူး။ မိန်းမတွေက သူတို့ idol ရှေ့ဆို ဘာမှ မထိန်းတော့ဘူးပဲ။

"ခဲအို ခဲအို ခုနက ရှင်အခန်းထဲဝင်တုန်းက မမ ဘယ်လို မျက်နှာမျိုး ဖြစ်သွားလဲ ကျွန်မကို မြန်မြန်ပြောပြ" ချူဟွမ်ကျောက် ဇူအန် အနားကို လျစ်ခနဲ ရောက်လာပြီး မေးလေသည်။ သူက အတန်းလစ်၍ လာချောင်းကြည့်ရန် ပြင်ထားသော်လည်း အခန်းထဲမှ ထွက်ထွက်ချင်း လုဒီနှင့်တိုး၍ ကြောက်လန့်စွာ အခန်းထဲသာ ပြန်ဝင်ပြီး အတန်းပြီးအောင် စောင့်နေလိုက်ရသည်။

သို့သော် သိချင်စိတ်က စိတ်ကို ကလိကလိဖြစ်စေ၍ အတန်းပြီးပြီးချင်း အပြေးထွက်လာခြင်းပင်။

"နင်က ဒီလူနဲ့ ပေါင်းပြီး ငါ့ကို လှည့်စားရဲတယ်ပေါ့" ချူဟွမ်ကျောက် မျက်နှာက မျှော်လင့်တကြီး အမူအရာက ချူချူယန်ကို ပိုဒေါသထွက်စေသည်။ လက်ထုတ်၍ သူ့ညီမ နားရွက်ကို ဆွဲလိုက်သည်။

"ဟီးဟီးဟီး ငါ့မမ အတော်လေး စိတ်ဝင်စားစရာကောင်းတဲ့ မျက်နှာထား ဖြစ်သွားတာပဲ" ချူဟွမ်ကျောက် စိတ်လှုပ်ရှားစွာ ပြောရင်း ဇူအန်နောက် အကာအကွယ်ယူလိုက်သည်။

ချူချူယန် သူ့ကို မျက်စောင်းထိုး၍ ဇူအန်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"ရှင်က ဘယ်လိုလုပ် အတွက်အချက် ဆရာ ဖြစ်လာတာလဲ"

ဒီလို အဖြစ်အပျက်မျိုးကို စိတ်ကူးယဉ်ကြည့်၍ပင် မရချေ။

"ငါ့မှာ မင်းထုတ်ဖော်ရမယ့် အံ့သြစရာတွေ အများကြီး ရှိသေးတယ်" ဇူအန် မြောက်ကြွကြွ ပြန်ဖြေသည်။

ချူချူယန် အသာ ရယ်လိုက်သည်။
"ဟုတ်တယ်။ ဒီနေ့ ကျွန်မကို အံ့သြအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အခုရှင်က ရှီအိမ် သခင်လေးကို ပေါ်တင် ရန်စလိုက်တော့ နောက်ဆို သတိထားရတော့မယ်"

"သူက ငါ့မိန်းမကို မက်မောနေတော့ ငါဘာတတ်နိုင်မှာလဲ။ သူ့ကို သင်ခန်းစာမပေးရင် ငါ့ခေါင်းပေါ်ထိ တက်လိမ့်မယ်"ဇူအန် ပြောလိုက်သည်။

"ဘယ်သူက ရှင့်မိန်းမလဲ" ချူချူယန် မျက်နှာရဲသွားသည်။ သို့သော် သူ့စကားများ ပါးစပ်မှထွက်ထွက်ချင်း သူတို့နှစ်ယောက် ပတ်သက်မှုကို သတိရသွားပြီး သက်ပြင်းချလိုက်သည်။
ကြည့်ရတာ ငါ့နေရာအသစ်ကို ငါနေသားမကျသေးတဲ့ပုံပဲ။

"ဘာပဲဖြစ်ဖြစ် ရှင်လတ်တလော သတိထားသင့်တယ်။ ရှီခွန်း တစ်ယောက်ယောက်ကို ရှင့်နောက် လွှတ်မှာစိုးလို့ ဖြစ်နိုင်သမျှ ကျွန်မနဲ့ နီးနီးနေ" ချူချူယန် သတိပေးလိုက်သည်။

"အသည်း ကြည့်ရတာ မင်းက ငါ့ကို ဆက်တိုက်ငြင်းနေပေမဲ့ ငါ့လုံခြုံရေးကို စိတ်ပူသေးတဲ့ ပုံပဲ"ဇူအန် ပြုံး၍ ပြန်ပြောသည်။

"အဲ့လို မခေါ်ဖို့ ရှင့်ကို ပြောထားတယ်လေ" ချူချူယန် သူ့ကို မျက်စောင်းထိုးလိုက်သည်။
"ကျွန်မကြောင့် ရှင့်ကို မထိခိုက်စေချင်ရုံပါ"

ဇူအန် အဝေးမှ ရှီခွန်းကို တစ်ချက်ကြည့်၍
"စိတ်ချပါ နောက်နှစ်ရက်တော့ သူဘယ်သူ့မှ မလွှတ်ပါဘူး။ သဘက်ခါကျရင် အိမ်တော်ပြိုင်ပွဲရောက်တော့မှာပဲ။ သူက ကြိုးဝိုင်းပေါ်မှာ ငါ့ကို ပေါ်တင်သတ်နိုင်မှတော့ လျှို့ဝှက်ပြီး လုပ်စရာမလိုဘူးလေ"

ရှီခွန်းနေရာမှ တွေးလျှင် ဇူအန်ကို အိမ်တော်ပြိုင်ပွဲတွင် ဖြေရှင်းရန် ကြံစည်မည်ဖြစ်ကြောင်း သိသာသည်။

ဇူအန်ပြောတာ အဓိပ္ပာယ်ရှိသောကြောင့် ချူချူယန် အတွေးနက်သွားသည်။ ခေါင်းမော့လိုက်သော် ဇူအန်၏ ယုံကြည်မှုပြည့်နေသော မျက်နှာကို တွေ့လိုက်ရသည်။ ထိုအချိန်ခနတွင် ဇူအန်က သူ ထင်ထားသလိုမဟုတ်နိုင်ကြောင်း တွေးလိုက်မိသည်။

ထို့နောက်တွင် ကိစ္စထွေထွေထူးထူး မရှိဘဲ တစ်နေ့တာ အမြန်ကုန်ဆုံးသွားသည်။ အတန်းပြီးသွားသော် ဇူအန် ရှန်းလျှို့ယီထံ ကမာခွံပြန်ပေးရန် ပြင်လိုက်သည်။ သို့သော် သူ့ဘေးက ညီအစ်မနှစ်ယောက်ကို ကြည့်၍ စိတ်ပြောင်းသွားသည်။

သူတို့ရှေ့မှာ တစ်ခြားမိန်းမတစ်ယောက်နဲ့ စကားပြောတာက သိပ်ကောင်းမယ် မထင်ဘူး။ အဟင်း။

အကယ်ဒမီမှ ထွက်၍ ရထားလုံးအတွင်း ဝင်သွားလိုက်သည်။ ချူအိမ်အစောင့်များ၏ ပို့ဆောင်မှုအောက်တွင် ချူအိမ်ကို ပြန်သွားကြသည်။ ချန်ရှို့ပင်း သူ့သခင်လေးကို ပုံမှန်အတိုင်း ကျောင်းလာကြိုသော်လည်း ကျောင်းပြင်တွင် အစွန့်ပစ်ခံလိုက်ရကြောင်း တွေ့လိုက်သည်။

ခါတိုင်းဆို အနည်းဆုံး သခင်လေးနဲ့ ဒုတိယမမလေးတို့နဲ့ အတူ လမ်းလျှောက်ပြန်နိုင်သေးတယ်။ အခုတော့ သူတို့နောက်ကပဲ ခြေရာကောက်နိုင်တော့တယ်။ အား..ကြည့်ရတာ ပထမသခင်မလေးက ဒုတိယသခင်မလေးလောက် ချဉ်းကပ်လို့ မရသလိုပဲ။ သခင်လေးကသာ ဒုတိယသခင်မလေးကို လက်ထပ်လိုက်ရင်....

သို့သော် နောက်ရှူထောင့်တစ်ခုမှ အမြန်ပြန်တွေးလိုက်မိသည်။

သခင်လေးနဲ့ မမလေးသာ နီးစပ်သွားရင် ချူအိမ်သားမက်အဖြစ် တရားဝင် အသိအမှတ်ပြုခံရတဲ့ရက်လည်း နီးလာမှာပဲ။ အဲ့ဒီအခါကျ ငါ့နေရာလည်း မြင့်လာလိမ့်မယ်။ ဟမ်..သခင်လေးက ဒုတိယမမလေးကိုလည်း လက်ထပ်နိုင်ရင် ငါ့နေရာ ဒီထက်ပိုမြင့်မသွားနိုင်ဘူးလား။

ချန်ရှို့ပင်း ထိုအတွေးများကို အမြန်ဖျောက်လိုက်သည်။

မင်းနောက်နေတာလား။ သခင်လေးက ငါ့ထက် နည်းနည်းပိုချောပြီး နည်းနည်းပိုကံကောင်းရုံပဲ။ အဲ့တာအပြင် ငါ့ထက်ပိုကောင်းတာ ဘာမှမရှိဘူး။ သူ့မှာ အဲ့လိုကိစ္စ ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ။

ညစာစားချိန် ချူကျုန်းထန်နှင့် ချင်ဝမ်ယွီ မနက်ဖြန် ပြိုင်ပွဲအကြောင်း ပြောရန် သူတို့ကို အခေါ်လွှတ်လေသည်။

ဇူအန် ဒီကိုစရောက်စဉ်ကတည်းက ပြောင်းလဲမှုများကို တွေးလိုက်မိသည်။ အဲ့ဒီတုန်းက သူတစ်ယောက်တည်း အခန်းထဲတွင် ထမင်းစားရပြီး အခုတော့ ထမင်းသားပွဲကို မကြာခဏ ဝင်စားရသည်။ အဲ့တာအပြင် ချူချူယန်လည်း သူ့ကို ဒီနေ့ အများကြီး ပြုံးပြသလိုပဲ။

ဖီး..ဖီး..ဖီး..အပြုံးလေးတစ်ချို့ကို ငါက ဘာကိစ္စအပျော်လွန်နေရတာလဲ။ ဒီလောက်လေးနဲ့ ကျေနပ်နေရင် ငါက အလကားလူဖြစ်သွားမှာပေါ့။

ချူချူယန် လှလွန်း၍ဖြစ်တာဟု ဇူအန် သတ်မှတ်လိုက်သည်။ လူသားတွေက အလှကြိုက်သော သတ္တဝါများဖြစ်တာကြောင့် ချူချူယန်လို လှပသော မိန်းကလေးတစ်ယောက်အောက် သူကျဆင်းသွားတာ သဘာဝပင်။

ဒါပေမဲ့ ပြောရရင် ငါလည်း အတော်ရုပ်ချောပါတယ်။ ငါ့မိန်းမက ငါ့ကိုကျ ဘာလို့ သွားရည်မကျရတာလဲ။ ဒါက အဓိပ္ပာယ် မရှိဘူး။

ဇူအန် အတွေးလွန်နေတုန်း ချူဟွမ်ကျောက်က ဇူအန် မည်သို့ အကယ်ဒမီက ဆရာဖြစ်လာကြောင်း တစ်ချို့နေရာများ ပုံကြီးချဲ့ကာ ပြောဆိုနေသည်။ သူက အမှန်တော့ ဒီလောက်ကြီးတဲ့ အတင်းအဖျင်း မပြောရတာကြာ၍ စိတ်လှုပ်ရှားနေခြင်းပင်။ ထို့ကြောင့် ဖွင့်ထုတ်လိုက်ရတာ ခံစားလို့ကောင်းပေသည်။

"ဇူအန် အကယ်ဒမီရဲ့ ဆရာတစ်ယောက်ဖြစ်လာတယ်လို့ ကြားရတာ တကယ်စိတ်ချမ်းသာစရာပဲ" ချူကျုန်းထန် ရင်ထဲက ပြုံးလိုက်သည်။ သူ့သားမက်က ဘယ်နေရာမှ မတော်တာ နှမြေစရာဟု သူထင်ထားသည်ပင်။ အခုတော့ တစ်နေရာမှာ ထူးချွန်ပေသေးသည်။ ပြောစရာမလိုအောင် ဒါက အောင်ပွဲခံစရာတစ်ခုပင်။

ချင်ဝမ်ယွီလည်း အံ့သြသွားသည်။ ဇူအန်ကို စိုက်ကြည့်လိုက်သော်လည်း သူ့ရှေ့က တော်ရိလျော်ရိလူနှင့် အကယ်ဒမီဆရာတစ်ယောက်က ဘယ်လိုမှ တစ်ထပ်တည်းမကျပေ။ ဇူအန်ကလည်း ထိုအချိန်တွင် ထရယ်လိုက်၍ သူ့ကို သွားဆွမိသွားသည်။
ထို့ကြောင့် ထဆူမိသွားသည်။
"ဆရာတစ်ယောက်ဖြစ်လာရုံနဲ့ ဒီလောက် မြောက်ကြွကြွဖြစ်လာရလား။ အစတည်းက မင်းက ယာယီဆရာတသ်ယောက်ပဲ။ တော်ဝင်လွှတ်တော်က တရားဝင်ဆရာလွှတ်လိုက်တာနဲ့ မင်းနေရာက ပြီးသွားပြီ။ ပြီးတော့ ဟွမ်ကျောက် ပြောပုံအရ မင်းက ရှီသခင်လေးကို အတန်းထဲမှာ အပြစ်ရှာသေးတယ်ဆို။ အာဏာလေးနည်းနည်းရလိုက်တာနဲ့ နားထင်သွေးရောက်နေတာ မဟုတ်ဘူးလား။ စိတ်ပျက်စရာကောင်းအောင်"

ဇူအန် ခေါင်းယမ်းရုံသာ တတ်နိုင်လေသည်။
ငါဘာလုပ်လုပ် အပြစ်ရှာနေတဲ့ ယောက္ခမတစ်ယောက်ရှိတာ အတော် ကံမကောင်းတာပဲ။

ထိုအရာကိုမြင်သော် ချူဟွမ်ကျောက် မနေနိုင်ဘဲ ဇူအန်အတွက် ထပြောသည်။
"အမေ ဒီနေ့ကိစ္စက ရှီခွန်း လွန်တာလေ။ ခဲအိုကို အပြစ်မတင်သင့်ဘူး။ မနက်ဖြန် ကြိုးဝိုင်းပေါ်မှာ ဇူအန်ကို တစ်ယောက်ယောက် ဒုက္ခပေးမှာ ကျွန်မက ပိုစိုးရိမ်တယ်"

----------------------------------------------------------------------------

Chapter 106. မင္းငါ့ကို ဆက္တိုက္ ျငင္းေနေပမဲ့

ရွီခြန္း မ်က္ခုံးမ်ား လႈပ္လာသည္။ အမွန္ေတာ့ ကြင္းလယ္တြင္ ရပ္ရန္ အျပစ္ေပးျခင္းက ဘာမွမဟုတ္ေပ။ သူက အာ႐ုံစိုက္ခံရျခင္းကို က်င့္သားရၿပီးသားပင္။ သူ႕လို ႐ုပ္ရည္ရွိေသာသူက ဘယ္ေနရာသြားသြား လူၾကားထဲ ထင္ေပၚေနျခင္းက သဘာဝပင္။ သူ႕ျဖတ္ထိုးဉာဏ္ျဖင့္ အျပစ္ဒဏ္ကို ပရိသတ္ေတြ႕ဆုံပြဲ လုပ္လိုက္၍ ရေလသည္။

ဇူအန္ အရွက္ခြဲမႈကို ေတြး၍ မခံမရပ္နိုင္ ျဖစ္ေနျခင္းပင္။

သို႔ေသာ္ ဒီသစ္သားျပားကို ခ်ိတ္ဆြဲလိုက္ပါက မတူေတာ့ေပ။ ထိုအရာက သူ႕ကို လူတကာ ေဆာ့ကစား၍ရေသာ အိမ္ေမြးတိရိစ္ဆာန္လို သေဘာသက္ေရာက္သြားေပလိမ့္မည္။

"မင္း ဒါက ဘာကို ဆိုလိုတာလဲ" ရွီခြန္း ဇူအန္ကို ေဒါသတႀကီး မ်က္ေစာင္းထိုးလိုက္သည္။

သင္သည္ ရွီခြန္း ထံမွ အမ်က္ပြိုင့္  ၄၄၄ ရယူလိုက္သည္။

"ငါက ဒါကို မင္းအတြက္ စဥ္းစားၿပီး လုပ္ေပးေနတာ " ဇူအန္ အၿပဳံးျဖင့္ ျပန္ေျဖသည္။
"ရွီအိမ္ သခင္ေလးတစ္ေယာက္က လူၾကားထဲ အေလွာင္ခံရရင္ ဘယ္ေလာက္ဆိုးမလဲ စဥ္းစားၾကည့္လိုက္။ အဲ့တာေၾကာင့္ သူတို႔ကို မရယ္ေအာင္ ငါအထူး ျပင္လာေပးတာ။ အဲ့တာ ငါ့ ေစတနာကို ျပသေပးတာေလ"

ေစတနာ ဟုတ္လား ငါ့ေခါင္းပဲ။

ရွီခြန္း ႐ူးမတတ္ ခံစားလိုက္ရသည္။ ထိုအခါမွ သူျပႆနာတစ္ခု စဥ္းစားလိုက္မိျခင္းပင္။
"ခနေနဦး ။ ဒီဆိုင္းပုဒ္ကို ဘယ္တုန္းက ျပင္လာတာလဲ။ အစတည္းက ငါ့ကို ျပႆနာရွာဖို႔ ျပင္ထားတာေတာ့ မဟုတ္ဘူးမလား။"

ဇူအန္ ပုခုံးတြန္းျပလိုက္သည္။
"ငါက လိုအပ္လို လိုအပ္ျငား ျပင္လာတာ။ မင္းက ဒီေလာက္ ပူးေပါင္းေဆာင္႐ြက္မယ္လို႔ ဘယ္သူထင္မွာလဲ။ မင္းဒီေလာက္ စိတ္အားသန္ေနမွေတာ့ ဒါကို ထုတ္မျပရင္ ငါစိတ္မေကာင္းလို႔"

"..."ရွီခြန္း

သင္သည္ ရွီခြန္း ထံမွ အမ်က္ပြိုင့္ ၈၁၃ ရယူလိုက္သည္။

အခန္းထဲမွ ေက်ာင္းသားမ်ား ရွီခြန္း ဇူအန္ကို ေပါက္ကြဲလာမည္ကို စိတ္ရွည္စြာ ေစာင့္ဆိုင္းေနၾကသည္။ ထိုသို႔ဆိုလွ်င္ ဇူအန္ကို ကာကြယ္ရန္ ခ်ဴခ်ဴယန္ ေရွ႕တက္ရမည္။ အကယ္ဒမီက အႀကီးအကဲမ်ားပင္ သတိျပဳမိသြားနိုင္ေလသည္။

အင္း ဒါက ရန္ေဝ့ သင္ခန္းစာေတြ တက္တာထက္ ပိုစိတ္ဝင္စားစရာေကာင္းတယ္။ လာလာ..ေနာက္ထပ္ ဒီလို ဆရာ ဆယ္ေယာက္ေလာက္ေပးၾကဦး

ခ်ဴခ်ဴယန္လည္း အနီးကပ္ၾကည့္ေနသည္။ ရွီခြန္းသာ တစ္ခုခုလုပ္မည္ဆိုလွ်င္ ဇူအန္ အႏၱရာယ္မ်ားေပလိမ့္မည္။ လိုအပ္လွ်င္ ေရွ႕တိုး၍ ဇူအန္ကို ကာကြယ္ရန္ အသင့္ျပင္ထားသည္။

မေမွ်ာ္လင့္စြာ ရွီခြန္း အသက္ျပင္းျပင္းရႉလိုက္ၿပီး အၿပဳံးတစ္ခုျဖင့္ ေျပာေလသည္။
"ဟုတ္တယ္ က်ဳပ္က စိတ္ေလာသြားၿပီး မေမွ်ာ္လင့္ဘဲ မင္းကို ျပန္ေျပာမိသြားတာ။ က်ဳပ္အျပစ္ေပးခံရတာ ျဖစ္သင့္ပါတယ္။ အကယ္ဒမီမွာ စည္းစနစ္ရွိဖို႔ စည္းမ်ဥ္းေတြ လိုက္နာဖို႔ လိုတာပဲ"

ထိုစကားမ်ားေျပာၿပီး သစ္သားျပားကိုယူကာ အခန္းထဲမွ တည္ၿငိမ္စြာ ထြက္သြားေလသည္။ သူ႕လႈပ္ရွားမႈမ်ားက တင့္တယ္လြန္း၍ ခနတျဖဳတ္ ပညာရွိတစ္ေယာက္ဟုပင္ ထင္ေယာင္ထင္မွား ျဖစ္ေစသည္။

အခန္းထဲမွ ေက်ာင္းသူတစ္ခ်ိဳ႕ မ်က္စိကလယ္ကလယ္ ျဖစ္လာသည္။

"ေဝါင္း မိုက္လိုက္တာ"

"ရွီသခင္ေလးက ေကာလဟလထဲကလို တကယ့္ လူႀကီးလူေကာင္းပဲ"

"သူ႕အခ်စ္ၿပိဳင္ဖက္ကိုေတြ႕လို႔ စိတ္ခနလြတ္သြားတာ ျဖစ္ရမယ္"

"သူဒီေလာက္ ခံစားခ်က္ျပင္းထန္မွန္း မသိခဲ့ဘူး။ ပိုၿပီးေတာင္ သေဘာက်လာၿပီ"

ဇူအန္ အံ့ၾသသြားသည္။ သူက ရွီခြန္း အျပင္းအထန္ ျပန္တိုက္ခိုက္မည္ဟု ေမွ်ာ္လင့္ထားၿပီး တန္ျပန္တိုင္ခိုက္ရန္လည္း ျပင္ထားၿပီးၿပီ။ မေမွ်ာ္လင့္စြာ ဒီအတိုင္း ေနာက္ဆုတ္သြားသည္။

ဟမ္..သူ႕ပရိသတ္ေတြၾကားမွာ ဂုဏ္သိကၡာမက်ေအာင္ ေျခတစ္လွမ္းဆုတ္လိုက္တာလား။ ဒါက မျဖစ္နိုင္ဘူး။

ထိုအခ်ိန္တြင္ ရွီခြန္း အခန္းျပင္ေရာက္သြားၿပီး မ်က္ႏွာမွ အၿပဳံးက ေပ်ာက္ကြယ္သြားကာ ေအးစက္မႈမ်ား အစားထိုးဝင္လာသည္။

ဟမ့္ ငါ သတိလက္မဲ့ ျဖစ္သြားတယ္။ ဒီလို စကားမ်ိဳး ခ်န္မထားခဲ့သင့္ဘူး။ သူတစ္ခုခုျဖစ္သြားရင္ ငါ့ကို သံသယဝင္သြားၾကလိမ့္မယ္။ ငါဘယ္ေလာက္ ေဒါသထြက္ထြက္ အျခားလူေတြ ငါ့ကို ေမးခြန္းမထုတ္နိုင္ေအာင္ အျပင္ပိုင္းမွာ ဟန္မပ်က္ေနျပမွရမယ္။

သူက ဒီလူကို ေလာကႀကီးမွ အၿပီးတိုင္ ေပ်ာက္ကြယ္သြားေအာင္ လုပ္မည္ဟု ဆုံးျဖတ္ထားၿပီးသားပင္။

ဇူအန္စကားေနာက္လိုက္၍ သစ္သားျပားလည္ပင္းစြတ္လိမ့္မည္ မဟုတ္ေပ။ ကြင္းထဲသို႔ သြားစဥ္ လမ္းတြင္ သစ္သားျပားကို လက္ျဖင့္ အသာတစ္ခ်က္ပြတ္၍ စာသားမ်ားကို ဖ်က္လိုက္သည္။ သစ္သားျပားကို သူ႕လက္ေအာက္ အသာထည့္၍ ခပ္မိုက္မိုက္ ျဖစ္ေအာင္ လုပ္လိုက္သည္။

ထိုအခ်ိန္တြင္ သူ႕ေဘးသို႔ လူတစ္ေယာက္ ေရာက္လာသည္။ သူ႕ေနာက္တြင္ တစ္ခ်ိန္လုံး ကပ္ပါလာေသာ အဘိုးအိုႀကီးပင္။
"သခင္ေလး က်ဳပ္လႈပ္ရွားၿပီး အဲ့ဒီေကာင္ကို တစ္ခ်က္တည္း သတ္လိုက္ရမလား"

ရွီခြန္းလက္ခါ၍ ေျပာလိုက္သည္။
"စိတ္ေလာဖို႔ မလိုဘူး။ ငါနဲ႕ အတိုက္အခံျဖစ္ၿပီးၿပီးခ်င္း ေသသြားရင္ ငါတို႔ကို သံသယဝင္လိမ့္မယ္။ ခ်ဴအိမ္ရဲ႕ အင္အားကို ေလွ်ာ့တြက္လို႔မရဘူး။ ငါတို႔လုပ္ရပ္က သူတို႔ကို ခ်ီဘုရင္ဘက္ ပို႔သလိုျဖစ္သြားရင္ အရႈံးႀကီးရႈံးသြားလိမ့္မယ္"

"ဒါေပမဲ့ အဲ့ဒီ မ်ိဳးမစစ္က သခင္ေလးကို ဒီလို ဆက္ဆံရဲတယ္ေလ။ ၾကည့္ေနတဲ့ က်ဳပ္ေတာင္ ေဒါသထြက္တယ္" အဘိုးႀကီးက အခန္းထဲတြင္ ျဖစ္ပ်က္သမွ်ကို တစ္ခ်ိန္လုံး ျမင္ေန ၾကားေနရသည္။

"စိတ္မပူနဲ႕။ တစ္ျခားလူတစ္ေယာက္ သူ႕ကို ေျဖရွင္းလိမ့္မယ္။ မနက္ျဖန္က်ရင္ ယြမ္အိမ္နဲ႕ ခ်ဴအိမ္ရဲ႕ ၿပိဳင္ပြဲ။ ညက်ရင္ ယြမ္ဝမ္ဒုံကို ေခၚလိုက္...မဟုတ္ေသးဘူး..ငါကိုယ္တိုင္ လုပ္လို႔မရဘူး။ ယြမ္ဝမ္ဒုံကို ေျပာျပဖို႔ မင္းနည္းလမ္းရွာလိုက္။ ဇူအန္ကို မေတာ္တဆတစ္ခုခုလုပ္ၿပီး ႀကိဳးဝိုင္းထဲမွာ ေသေအာင္သတ္ခိုင္းလိုက္။ အနည္းဆုံး သူ႕ကို ဒုကၡိတေတာ့ ျဖစ္ေအာင္လုပ္ရမယ္" ရွီခြန္း ေအးစက္စက္ ေျပာလိုက္သည္။

ႏွစ္ေပါင္းမ်ားစြာ သူ႕ကို ရန္စၿပီး ကိုယ္လြတ္႐ုန္းနိုင္သူ တစ္ေယာက္မွ မရွိေပ။

မၾကာခင္ အတန္းၿပီးခ်ိန္ျဖစ္၍ ကြင္းလယ္တြင္ ရပ္ေနေသာ ရွီခြန္းကို ေက်ာင္းသားမ်ား သတိထားမိလာၾကသည္။ သိခ်င္စိတ္ျဖင့္ သူ႕အနားကို ဝန္းရံလာၾကသည္။ အတင္းသတင္းက အျမန္ျပန့္၍ မၾကာခင္ ရွီခြန္း ဆရာကို ျပန္ေျပာေသာေၾကာင့္ အျပစ္ေပးခံရမွန္း အားလုံးသိသြားၾကသည္။

ရွီခြန္း ပရိသတ္မိန္းကေလးမ်ား ေဒါသအႀကီးအက်ယ္ ထသြားၾကသည္။

"အဲ့ဒီ ဇူအန္က အရွက္မရွိလိုက္တာ။ ရွီသခင္ေလးကို တမင္ အျပစ္ရွာေနတာ မဟုတ္ဘူးလား"

"အမွန္ပဲ သူ႕လိုဆရာတစ္ေယာက္က ေပၚတင္ သူ႕မိန္းမကို ဘက္လိုက္ေနေသးတယ္။ သူက ခ်ဴခ်ဴယန္ကို ဒီေလာက္လြယ္တဲ့ ေမးခြန္းေပးၿပီး ရွီသခင္ေလးကိုက် ဒီေလာက္ခက္တဲ့ ေမးခြန္းေပးတယ္။ ငါသူ႕ကို အကယ္ဒမီဆီ တိုင္မွာ"

"ဟုတ္တယ္ သူ႕ကို စုေပါင္းတိုင္စာပို႔သင့္တယ္"

....

ေက်ာင္းသူမ်ားႏွင့္ယွဥ္လွ်င္ ေက်ာင္းသားမ်ားက အမ်ားႀကီး ပိုေကာင္းေလသည္။ ရွီခြန္း ေက်ာင္းကို ေရာက္ကတည္းက ဒီမိန္းမအားလုံး အ႐ူးထေနၾကေသာေၾကာင့္ သူတို႔ကို သိပ္မေက်နပ္ေစေပ။ ထို႔ေၾကာင့္ ရွီခြန္း ဒီလို အရွက္ရသည္ကို ပိုေက်နပ္ေနေလသည္။

ဒီအခြင့္အေရးကို အသုံးခ်၍ ရွီခြန္းကို ေလွာင္ခ်င္သူ တစ္ခ်ိဳ႕ ရွိေလသည္။ သို႔ေသာ္ ရွီခြန္းနားမေရာက္ခင္ အားေကာင္းေသာ အရွိန္အဝါတစ္ခုေၾကာင့္ ေနာက္ျပန္ဆုတ္လိုက္ရသည္။

"ထြက္သြားစမ္း" ရွီခြန္း ေဘးက အဘိုးအိုႀကီးက ေအးစက္စက္ ေျပာလိုက္သည္။

ထိုလူအိုႀကီးေရွ႕တြင္ ေက်ာင္းသားမ်ား အလိုလို ေက်ာခ်မ္းလာၿပီး ထိုအခ်ိန္မွ ရွီခြန္းက သူတို႔ရန္စလို႔မေရေသာ သူတစ္ေယာက္ျဖစ္ေၾကာင္း သတိရလာၾကသည္။ ထို႔ေၾကာင့္ အျမန္ ထြက္သြားၾကေလသည္။

ဝန္ထမ္း႐ုံခန္းထဲမွ လုဒီသည္ ကြင္းထဲရွိ လူအိုႀကီးကို ၾကည့္ေနသည္။

ဒီလူႀကီးရဲ႕ ခြန္အားကို ငါမွန္းၾကည့္လို႔ မရဘူး။ ရွီအိမ္ရဲ႕ အေစခံက ဒီေလာက္ေတာင္ အားေကာင္းတာလား။ ၾကည့္ရတာ ရွီအိမ္ရဲ႕ ခြန္အားကို ငါလ်စ္လ်ႉရႉေနမိသလိုပဲ။ ဒီလို အိမ္ေတာ္ႀကီးေတြၾကား ဝင္မပါတာ အေကာင္းဆုံးပဲ။ ဟမ့္ဇူအန္ဝင္လာတည္းက ျပႆနာေတြ တစ္ခုၿပီး တစ္ခုပဲ။

ထိုစဥ္ ဇူအန္က အမ်က္ပြိုင့္ မ်ားစြာ ဝင္လာေသာေၾကာင့္ ဝမ္းသားအားရျဖစ္ေနသည္။
အရင္ဘဝတုန္းက boyband ေတြ ဒီေလာက္မ်ားတာမထူးဆန္းေတာ့ဘူး။ မိန္းမေတြက သူတို႔ idol ေရွ႕ဆို ဘာမွ မထိန္းေတာ့ဘူးပဲ။

"ခဲအို ခဲအို ခုနက ရွင္အခန္းထဲဝင္တုန္းက မမ ဘယ္လို မ်က္ႏွာမ်ိဳး ျဖစ္သြားလဲ ကြၽန္မကို ျမန္ျမန္ေျပာျပ" ခ်ဴဟြမ္ေက်ာက္ ဇူအန္ အနားကို လ်စ္ခနဲ ေရာက္လာၿပီး ေမးေလသည္။ သူက အတန္းလစ္၍ လာေခ်ာင္းၾကည့္ရန္ ျပင္ထားေသာ္လည္း အခန္းထဲမွ ထြက္ထြက္ခ်င္း လုဒီႏွင့္တိုး၍ ေၾကာက္လန့္စြာ အခန္းထဲသာ ျပန္ဝင္ၿပီး အတန္းၿပီးေအာင္ ေစာင့္ေနလိုက္ရသည္။

သို႔ေသာ္ သိခ်င္စိတ္က စိတ္ကို ကလိကလိျဖစ္ေစ၍ အတန္းၿပီးၿပီးခ်င္း အေျပးထြက္လာျခင္းပင္။

"နင္က ဒီလူနဲ႕ ေပါင္းၿပီး ငါ့ကို လွည့္စားရဲတယ္ေပါ့" ခ်ဴဟြမ္ေက်ာက္ မ်က္ႏွာက ေမွ်ာ္လင့္တႀကီး အမူအရာက ခ်ဴခ်ဴယန္ကို ပိုေဒါသထြက္ေစသည္။ လက္ထုတ္၍ သူ႕ညီမ နား႐ြက္ကို ဆြဲလိုက္သည္။

"ဟီးဟီးဟီး ငါ့မမ အေတာ္ေလး စိတ္ဝင္စားစရာေကာင္းတဲ့ မ်က္ႏွာထား ျဖစ္သြားတာပဲ" ခ်ဴဟြမ္ေက်ာက္ စိတ္လႈပ္ရွားစြာ ေျပာရင္း ဇူအန္ေနာက္ အကာအကြယ္ယူလိုက္သည္။

ခ်ဴခ်ဴယန္ သူ႕ကို မ်က္ေစာင္းထိုး၍ ဇူအန္ကို စိတ္ဝင္တစား ၾကည့္လိုက္သည္။
"ရွင္က ဘယ္လိုလုပ္ အတြက္အခ်က္ ဆရာ ျဖစ္လာတာလဲ"

ဒီလို အျဖစ္အပ်က္မ်ိဳးကို စိတ္ကူးယဥ္ၾကည့္၍ပင္ မရေခ်။

"ငါ့မွာ မင္းထုတ္ေဖာ္ရမယ့္ အံ့ၾသစရာေတြ အမ်ားႀကီး ရွိေသးတယ္" ဇူအန္ ေျမာက္ႂကြႂကြ ျပန္ေျဖသည္။

ခ်ဴခ်ဴယန္ အသာ ရယ္လိုက္သည္။
"ဟုတ္တယ္။ ဒီေန႕ ကြၽန္မကို အံ့ၾသေအာင္ လုပ္နိုင္ခဲ့တယ္။ ဒါေပမဲ့ အခုရွင္က ရွီအိမ္ သခင္ေလးကို ေပၚတင္ ရန္စလိုက္ေတာ့ ေနာက္ဆို သတိထားရေတာ့မယ္"

"သူက ငါ့မိန္းမကို မက္ေမာေနေတာ့ ငါဘာတတ္နိုင္မွာလဲ။ သူ႕ကို သင္ခန္းစာမေပးရင္ ငါ့ေခါင္းေပၚထိ တက္လိမ့္မယ္"ဇူအန္ ေျပာလိုက္သည္။

"ဘယ္သူက ရွင့္မိန္းမလဲ" ခ်ဴခ်ဴယန္ မ်က္ႏွာရဲသြားသည္။ သို႔ေသာ္ သူ႕စကားမ်ား ပါးစပ္မွထြက္ထြက္ခ်င္း သူတို႔ႏွစ္ေယာက္ ပတ္သက္မႈကို သတိရသြားၿပီး သက္ျပင္းခ်လိဳက္သည္။
ၾကည့္ရတာ ငါ့ေနရာအသစ္ကို ငါေနသားမက်ေသးတဲ့ပုံပဲ။

"ဘာပဲျဖစ္ျဖစ္ ရွင္လတ္တေလာ သတိထားသင့္တယ္။ ရွီခြန္း တစ္ေယာက္ေယာက္ကို ရွင့္ေနာက္ လႊတ္မွာစိုးလို႔ ျဖစ္နိုင္သမွ် ကြၽန္မနဲ႕ နီးနီးေန" ခ်ဴခ်ဴယန္ သတိေပးလိုက္သည္။

"အသည္း ၾကည့္ရတာ မင္းက ငါ့ကို ဆက္တိုက္ျငင္းေနေပမဲ့ ငါ့လုံၿခဳံေရးကို စိတ္ပူေသးတဲ့ ပုံပဲ"ဇူအန္ ၿပဳံး၍ ျပန္ေျပာသည္။

"အဲ့လို မေခၚဖို႔ ရွင့္ကို ေျပာထားတယ္ေလ" ခ်ဴခ်ဴယန္ သူ႕ကို မ်က္ေစာင္းထိုးလိုက္သည္။
"ကြၽန္မေၾကာင့္ ရွင့္ကို မထိခိုက္ေစခ်င္႐ုံပါ"

ဇူအန္ အေဝးမွ ရွီခြန္းကို တစ္ခ်က္ၾကည့္၍
"စိတ္ခ်ပါ ေနာက္ႏွစ္ရက္ေတာ့ သူဘယ္သူ႕မွ မလႊတ္ပါဘူး။ သဘက္ခါက်ရင္ အိမ္ေတာ္ၿပိဳင္ပြဲေရာက္ေတာ့မွာပဲ။ သူက ႀကိဳးဝိုင္းေပၚမွာ ငါ့ကို ေပၚတင္သတ္နိုင္မွေတာ့ လွ်ို႔ဝွက္ၿပီး လုပ္စရာမလိုဘူးေလ"

ရွီခြန္းေနရာမွ ေတြးလွ်င္ ဇူအန္ကို အိမ္ေတာ္ၿပိဳင္ပြဲတြင္ ေျဖရွင္းရန္ ႀကံစည္မည္ျဖစ္ေၾကာင္း သိသာသည္။

ဇူအန္ေျပာတာ အဓိပၸာယ္ရွိေသာေၾကာင့္ ခ်ဴခ်ဴယန္ အေတြးနက္သြားသည္။ ေခါင္းေမာ့လိုက္ေသာ္ ဇူအန္၏ ယုံၾကည္မႈျပည့္ေနေသာ မ်က္ႏွာကို ေတြ႕လိုက္ရသည္။ ထိုအခ်ိန္ခနတြင္ ဇူအန္က သူ ထင္ထားသလိုမဟုတ္နိုင္ေၾကာင္း ေတြးလိုက္မိသည္။

ထို႔ေနာက္တြင္ ကိစၥေထြေထြထူးထူး မရွိဘဲ တစ္ေန႕တာ အျမန္ကုန္ဆုံးသြားသည္။ အတန္းၿပီးသြားေသာ္ ဇူအန္ ရွန္းလွ်ို႔ယီထံ ကမာခြံျပန္ေပးရန္ ျပင္လိုက္သည္။ သို႔ေသာ္ သူ႕ေဘးက ညီအစ္မႏွစ္ေယာက္ကို ၾကည့္၍ စိတ္ေျပာင္းသြားသည္။

သူတို႔ေရွ႕မွာ တစ္ျခားမိန္းမတစ္ေယာက္နဲ႕ စကားေျပာတာက သိပ္ေကာင္းမယ္ မထင္ဘူး။ အဟင္း။

အကယ္ဒမီမွ ထြက္၍ ရထားလုံးအတြင္း ဝင္သြားလိုက္သည္။ ခ်ဴအိမ္အေစာင့္မ်ား၏ ပို႔ေဆာင္မႈေအာက္တြင္ ခ်ဴအိမ္ကို ျပန္သြားၾကသည္။ ခ်န္ရွို႔ပင္း သူ႕သခင္ေလးကို ပုံမွန္အတိုင္း ေက်ာင္းလာႀကိဳေသာ္လည္း ေက်ာင္းျပင္တြင္ အစြန့္ပစ္ခံလိုက္ရေၾကာင္း ေတြ႕လိုက္သည္။

ခါတိုင္းဆို အနည္းဆုံး သခင္ေလးနဲ႕ ဒုတိယမမေလးတို႔နဲ႕ အတူ လမ္းေလွ်ာက္ျပန္နိုင္ေသးတယ္။ အခုေတာ့ သူတို႔ေနာက္ကပဲ ေျခရာေကာက္နိုင္ေတာ့တယ္။ အား..ၾကည့္ရတာ ပထမသခင္မေလးက ဒုတိယသခင္မေလးေလာက္ ခ်ဥ္းကပ္လို႔ မရသလိုပဲ။ သခင္ေလးကသာ ဒုတိယသခင္မေလးကို လက္ထပ္လိုက္ရင္....

သို႔ေသာ္ ေနာက္ရႉေထာင့္တစ္ခုမွ အျမန္ျပန္ေတြးလိုက္မိသည္။

သခင္ေလးနဲ႕ မမေလးသာ နီးစပ္သြားရင္ ခ်ဴအိမ္သားမက္အျဖစ္ တရားဝင္ အသိအမွတ္ျပဳခံရတဲ့ရက္လည္း နီးလာမွာပဲ။ အဲ့ဒီအခါက် ငါ့ေနရာလည္း ျမင့္လာလိမ့္မယ္။ ဟမ္..သခင္ေလးက ဒုတိယမမေလးကိုလည္း လက္ထပ္နိုင္ရင္ ငါ့ေနရာ ဒီထက္ပိုျမင့္မသြားနိုင္ဘူးလား။

ခ်န္ရွို႔ပင္း ထိုအေတြးမ်ားကို အျမန္ေဖ်ာက္လိုက္သည္။

မင္းေနာက္ေနတာလား။ သခင္ေလးက ငါ့ထက္ နည္းနည္းပိုေခ်ာၿပီး နည္းနည္းပိုကံေကာင္း႐ုံပဲ။ အဲ့တာအျပင္ ငါ့ထက္ပိုေကာင္းတာ ဘာမွမရွိဘူး။ သူ႕မွာ အဲ့လိုကိစၥ ဘယ္လိုလုပ္ ျဖစ္လာနိုင္မွာလဲ။

ညစာစားခ်ိန္ ခ်ဴက်ဳန္းထန္ႏွင့္ ခ်င္ဝမ္ယြီ မနက္ျဖန္ ၿပိဳင္ပြဲအေၾကာင္း ေျပာရန္ သူတို႔ကို အေခၚလႊတ္ေလသည္။

ဇူအန္ ဒီကိုစေရာက္စဥ္ကတည္းက ေျပာင္းလဲမႈမ်ားကို ေတြးလိုက္မိသည္။ အဲ့ဒီတုန္းက သူတစ္ေယာက္တည္း အခန္းထဲတြင္ ထမင္းစားရၿပီး အခုေတာ့ ထမင္းသားပြဲကို မၾကာခဏ ဝင္စားရသည္။ အဲ့တာအျပင္ ခ်ဴခ်ဴယန္လည္း သူ႕ကို ဒီေန႕ အမ်ားႀကီး ၿပဳံးျပသလိုပဲ။

ဖီး..ဖီး..ဖီး..အၿပဳံးေလးတစ္ခ်ိဳ႕ကို ငါက ဘာကိစၥအေပ်ာ္လြန္ေနရတာလဲ။ ဒီေလာက္ေလးနဲ႕ ေက်နပ္ေနရင္ ငါက အလကားလူျဖစ္သြားမွာေပါ့။

ခ်ဴခ်ဴယန္ လွလြန္း၍ျဖစ္တာဟု ဇူအန္ သတ္မွတ္လိုက္သည္။ လူသားေတြက အလွႀကိဳက္ေသာ သတၱဝါမ်ားျဖစ္တာေၾကာင့္ ခ်ဴခ်ဴယန္လို လွပေသာ မိန္းကေလးတစ္ေယာက္ေအာက္ သူက်ဆင္းသြားတာ သဘာဝပင္။

ဒါေပမဲ့ ေျပာရရင္ ငါလည္း အေတာ္႐ုပ္ေခ်ာပါတယ္။ ငါ့မိန္းမက ငါ့ကိုက် ဘာလို႔ သြားရည္မက်ရတာလဲ။ ဒါက အဓိပၸာယ္ မရွိဘူး။

ဇူအန္ အေတြးလြန္ေနတုန္း ခ်ဴဟြမ္ေက်ာက္က ဇူအန္ မည္သို႔ အကယ္ဒမီက ဆရာျဖစ္လာေၾကာင္း တစ္ခ်ိဳ႕ေနရာမ်ား ပုံႀကီးခ်ဲ့ကာ ေျပာဆိုေနသည္။ သူက အမွန္ေတာ့ ဒီေလာက္ႀကီးတဲ့ အတင္းအဖ်င္း မေျပာရတာၾကာ၍ စိတ္လႈပ္ရွားေနျခင္းပင္။ ထို႔ေၾကာင့္ ဖြင့္ထုတ္လိုက္ရတာ ခံစားလို႔ေကာင္းေပသည္။

"ဇူအန္ အကယ္ဒမီရဲ႕ ဆရာတစ္ေယာက္ျဖစ္လာတယ္လို႔ ၾကားရတာ တကယ္စိတ္ခ်မ္းသာစရာပဲ" ခ်ဴက်ဳန္းထန္ ရင္ထဲက ၿပဳံးလိုက္သည္။ သူ႕သားမက္က ဘယ္ေနရာမွ မေတာ္တာ ႏွေျမစရာဟု သူထင္ထားသည္ပင္။ အခုေတာ့ တစ္ေနရာမွာ ထူးခြၽန္ေပေသးသည္။ ေျပာစရာမလိုေအာင္ ဒါက ေအာင္ပြဲခံစရာတစ္ခုပင္။

ခ်င္ဝမ္ယြီလည္း အံ့ၾသသြားသည္။ ဇူအန္ကို စိုက္ၾကည့္လိုက္ေသာ္လည္း သူ႕ေရွ႕က ေတာ္ရိေလ်ာ္ရိလူႏွင့္ အကယ္ဒမီဆရာတစ္ေယာက္က ဘယ္လိုမွ တစ္ထပ္တည္းမက်ေပ။ ဇူအန္ကလည္း ထိုအခ်ိန္တြင္ ထရယ္လိုက္၍ သူ႕ကို သြားဆြမိသြားသည္။
ထို႔ေၾကာင့္ ထဆူမိသြားသည္။
"ဆရာတစ္ေယာက္ျဖစ္လာ႐ုံနဲ႕ ဒီေလာက္ ေျမာက္ႂကြႂကြျဖစ္လာရလား။ အစတည္းက မင္းက ယာယီဆရာတသ္ေယာက္ပဲ။ ေတာ္ဝင္လႊတ္ေတာ္က တရားဝင္ဆရာလႊတ္လိုက္တာနဲ႕ မင္းေနရာက ၿပီးသြားၿပီ။ ၿပီးေတာ့ ဟြမ္ေက်ာက္ ေျပာပုံအရ မင္းက ရွီသခင္ေလးကို အတန္းထဲမွာ အျပစ္ရွာေသးတယ္ဆို။ အာဏာေလးနည္းနည္းရလိုက္တာနဲ႕ နားထင္ေသြးေရာက္ေနတာ မဟုတ္ဘူးလား။ စိတ္ပ်က္စရာေကာင္းေအာင္"

ဇူအန္ ေခါင္းယမ္း႐ုံသာ တတ္နိုင္ေလသည္။
ငါဘာလုပ္လုပ္ အျပစ္ရွာေနတဲ့ ေယာကၡမတစ္ေယာက္ရွိတာ အေတာ္ ကံမေကာင္းတာပဲ။

ထိုအရာကိုျမင္ေသာ္ ခ်ဴဟြမ္ေက်ာက္ မေနနိုင္ဘဲ ဇူအန္အတြက္ ထေျပာသည္။
"အေမ ဒီေန႕ကိစၥက ရွီခြန္း လြန္တာေလ။ ခဲအိုကို အျပစ္မတင္သင့္ဘူး။ မနက္ျဖန္ ႀကိဳးဝိုင္းေပၚမွာ ဇူအန္ကို တစ္ေယာက္ေယာက္ ဒုကၡေပးမွာ ကြၽန္မက ပိုစိုးရိမ္တယ္"

----------------------------------------------------------------------------

Continue Reading

You'll Also Like

381K 25.5K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
329K 19.1K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
115K 4.4K 26
Short novel Mixed by Sakurak🌸
1.7M 95K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...