ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

73.9K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

104

310 59 1
By SoeHmue

Chapter 104.

ခနနေဦး အဲ့ဒီလူက ဇူအန် မဟုတ်ဘူးလား၊

ရှီခွန်း အမြင်မှားမည်စိုး၍ မျက်လုံးပွတ်လိုက်သေးသည်။

သူ့လို အတွေးတူသော လူများစွာ ရှိလေသည်။ ကျောင်းသားအားလုံးနီးပါး ဇူအန်ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

"သူ့ဆံပင်ကို ဘယ်လိုလုပ်လာတာလဲ။ ကြည့်ရတာ မိုက်တယ်။ ငါလည်း တစ်ရက်လောက်စမ်းကြည့်ရမလား။ ပြီးတော့ အခုနက တီးလုံးကဘာလဲ။ ငါ့ကို နှလုံးခုန်မြန်လာအောင် လုပ်ပေးတယ်ဟ" ချီရှို့ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အခုမှ သူ့ကို သေချာကြည့်မိတယ်။ သူက အတော်လေး ရုပ်ချောတာပဲ။ ပုံမှန်ထက် သပ်သပ်ရပ်ရပ်ဝတ်စားလိုက်တော့ ပိုကြည့်ကောင်းသွားတယ်" ကျန်းတန် ဝေဖန်လိုက်သည်။

"ဒီလူ ခုနကထက် ပိုကြည့်ကောင်းလာတယ်လို့ ငါဘာလို့ထင်နေရတာလဲ။ အမယ်လေး..ငါရူးသွားတာဖြစ်ရမယ်" ဝူချင်း အေးစက်စက် ထပ်ပြောသည်။

ချူချူယန်လည်း ထိုအချိန်မှ သတိပြန်ဝင်လာသည်။ သူက အမြင်မှားတာမဟုတ်ဘဲ စင်မြင်ပေါ်ကလူသည် သူ့ခင်ပွန်းအစစ်ပင်ဖြစ်နေသည်။ အေးစက်စက်စရိုက်ရှိသော ချူချူယန်ပင် မျက်နှာပူလာရသည်။ သူ့ရှေ့တွင် တွင်းတစ်ခုရှိပါက တွေဝေမနေဘဲ ခုန်ဆင်းပြီးနေပြီ။

"ရှင် ဘာလုပ်နေတာလဲ" ဇူအန်ထံ အသံတိတ်တဆိတ် ပို့လိုက်သည်။

ဇူအန် သူ့ကို အကြည့်တစ်ချက် ပို့လိုက်သော်လည်း ပြန်မဖြေပင်။

ချူချူယန် နှုတ်ခမ်းကိုက်၍ ဆက်ပြောသည်။
"လျှောက်လုပ်မနေနဲ့ ပြန်တော့"

သူမတစ်သက်လုံး ဒီလောက်တစ်ခါမှ အရှက်မရဘူးပေ။ တစ်သက်လုံး သူများကို ချုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။ အကယ်ဒမီတွင်ပင် မည်သူမှ သူ့ကို လာမရှုပ်ရဲပေ။
သို့သော် ယခုအချိန်တွင် အပ်များပေါ်တွင် ထိုင်နေရသလို ခံစားနေရသည်။ လူတိုင်းက ချူအိမ်ကို ဟာသလုပ်ရန် သူမကို ထူးထူးဆန်းဆန်း ကြည့်နေကြသည်ဟု ခံစားရသည်။

ထိုစဉ် ဇူအန်ကို နေရာကို ရောက်သွားပြီဖြစ်ပြီး ကျောင်းသားများနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ချူချူယန် မျက်နှာရဲနေမှုကို သတိထားမိ၍ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
"ဟိုက ကျောင်းသူ..အခု အတန်းချိန်ဆိုတာ သတိရပါ။ စာသင်ချိန်အတွင်း ဆရာကို ခိုးပြီး စကားခနခနလာမပြောပါနဲ့"

"အိုး.."

ဇူအန် ချူချူယန်ကို ပြောနေကြောင်း သဘောပေါက်သွားသောအခါ အခန်းတွင်း ဆူညံသွားရသည်။ သူတို့လက်ထပ်ထားသည်ကိုကြည့်၍ တီးတိုးပြောနေကြကြောင်း ခန့်မှန်းကြည့်နိုင်လေသည်။ ဟိုနား ဒီနား ပြဇာတ်ဆန်ခြင်းက လူတိုင်း ကြိုဆိုသောအရာပင်။

သို့သော် လူတိုင်းက အကောင်းမြင်သည်တော့ မဟုတ်ပေ။

"လူကြားထဲမှာ ကလူကျီစယ်နဲ့ မရှက်ဘူးလား" ဝူချင်း လက်နှစ်ဘက်က အင်္ကျီစကို ကိုင်၍ စိတ်ရှုပ်စွာ ပြောလိုက်သည်။

ကျန်းတန်လည်း မျက်မှောင်ကြုံ့လိုက်မိသည်။
"ကြည့်ရတာ သူတို့က ငါထင်တာထက် ပိုရင်းနှီးတဲ့ပုံပဲ။ အဲ့တာက ပြဿနာနည်းနည်းရှိတယ်..."

ထိုစဉ် ချူချူယန်က သူ့မျက်နှာသူ အုပ်ချင်မိသွားသည်။ သူမ တစ်သက်လုံး ဒီလောက် မရှက်ဖူးပေ။
ဒီလူ့စိတ်ထဲ ဘာတွေရှိနေတာလဲ။
ခနနေဦး သူက ဆရာလို့ ပြောလိုက်လား။

ရှီခွန်းလည်း သံသယရှိ၍ သူ့နောက်လိုက်များကို အချက်ပြလိုက်သည်။ ကံမကောင်းသွာ သူ့နောက်လိုက်များက အကြည့်လွှဲ၍ ပြန်မတုံ့ပြန်ပေ။ ရွေးချယ်စရာမရှိ၍ သူကိုယ်တိုင်ရှေ့တက်ပြီး ဇူအန်ကို ဆန့်ကျင်လိုက်သည်။
"မင်းပတ်ဝန်းကျင်ကို သေချာကြည့်ဦ။ ဒါက ကောင်းကင်ခန်း။ မင်းလို အဝါရောင်ခန်းကလူ ရှိနေရမယ့်နေရာ မဟုတ်ဘူး"
ဒီကောင်တွေ အတော်အသုံးမကျတာပဲ။ အခြေအနေကို ကြည့်ရကောင်းမှန်း မသိဘူး။ ငါ နောက်လိုက်အသစ်တစ်ချို့ ရှာသင့်နေပြီ။

"အို..ဒီနေရာက ငါရှိမနေသင့်တဲ့နေရာလို့ မင်းပြောလိုက်တာလား" ဇူအန် ရှီခွန်းကို ကစားချင်သော မျက်လုံးဖြင့် ကြည့်လိုက်သည်။

"ဒါပေါ့။ လူတစ်ယောက်က သူ့နေရာသူသိသင့်တယ်။ မင်းက အရည်အချင်းမရှိလို့ အဝါရောင်ခန်းကို ရောက်တာ ကိစ္စမရှိဘူး။ ဒါပေမဲ့ အမြင့်ရောက်ချင်လို့ မင်းစည်းကျော်ပြီး လုပ်ချင်ရာလုပ်ရင်တော့ မှားသွားပြီ"
ရှီခွန်းက လူအားလုံးရှေ့တွင် ဇူအန်ကို နင်းခြေရန် ဆုံးဖြတ်ထားသည်။ လူအများကြီးရှေ့တွင် အရှက်ကွဲပြီးတာတောင် ချူအိမ်က သူ့ကို လက်ခံဦးမလား ကြည့်ချင်သည်။

"မင်းဘာလုပ်နေလဲ ကြည့်ဦး။ ခုနက တီးလုံးနဲ့ မင်းဆံပင်က ဘာဖြစ်နေတာလဲ။ မင်းရဲ့ ရုပ်ရည်ကို မြှင့်တင်ဖို့ ကြိုးစားနေသမျှက ငါတို့လို ပါရမီရှင်တွေရှေ့မှာ ဟာသထက်မပိုဘူး"
သူ့ဘေးနားလူများကို လက်ပြလိုက်သော်လည်း မကြာခင် မျက်မှောင်ကြုတ်လိုက်သည်။ အခန်းထဲရှိ လေထုက ထူးဆန်းနေပြီး အားလုံးက သူ့ကို အကြည့်တစ်မိုးဖြင့် ကြည့်နေကြသည်။ ယွမ်ဝမ်ဒုံပင် တွေဝေသော မျက်နှာဖြင့် သူ့ကို ကြည့်နေသည်။

ဒီမှာ ဘာဖြစ်နေတာလဲ။

တစ်ခုခုဖြစ်တော့မည်ဟု ရှီခွန်း ခံစားလိုက်ရသည်။

ချူချူယန် မတ်တပ်ရပ်၍ ရှီခွန်းကို အေးစက်စွာ ကြည့်လိုက်သည်။.
"ရှီသခင်လေး ဇူအန်က ကျွန်မခင်ပွန်း။ သူ့အရည်အချင်းက ဘာဖြစ်နေနေ ရှင်ဝင်ပြီး စော်ကားလို့ရတဲ့လူ မဟုတ်ဘူး"
သူက ဇူအန်ကို မနှစ်သက်သော်လည်း သူ့ရှေ့တွင် ဇူအန်ကို နှိမ်နေခြင်းအား လက်မခံနိုင်ပေ။

ဇူအန်အတွက် ချူချူယန် ရပ်တည်ပေးခြင်းက ရှီခွန်းကို ပိုဒေါသထွက်စေသည်။ သို့သော် သူ့ခံစားချက်များကို မပေါ်စေဘဲ ပုံမှန်အပြုံးဖြင့်
"ချူမိန်းကလေး ကျုပ်စကားကို အထင်လွဲသွားတာ။ ကျုပ်က ချူအိမ်တော်ကို နှိမ့်ချဖို့ မရည်ရွယ်ပါဘူး ။ မင်းလို ထူးချွန်တဲ့လူက မင်းကို မှီတဲ့ အရည်အချင်းနဲ့လူကိုပဲ လက်ထပ်သင့်တယ်လို့ ကျုပ်ကထင်လို့ပါ။ အဲ့ဒီလူက မင်းနဲ့လုံးဝ မထိုက်တန်ဘူး"

"တန်းတူ အရည်အချင်းရှိတဲ့လူလား" ချူချူယန် ရယ်လိုက်သည်။
"ဒီလို အဆင့်အတန်းမျိုးက ကျွန်မအတွက် အဓိပ္ပာယ်မရှိဘူး။ ဇူအန်က ဒီလိုပဲ သူ့ပုံစံအတိုင်း ပြည့်စုံတယ်လို့ ကျွန်မထင်တယ်"
သူမကိုယ်တိုင်က ထူးချွန်ပြီးသားပဲ။ သူ့ခင်ပွန်းကိုပါ ထူးချွန်ရန် မလိုအပ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့ယောက်ျားက ထူးချွန်လွန်းရင်သာ မကောင်းတာ။

ဇူအန် ထိုစကားများကြားသော် စိတ်လှုပ်ရှားသွားရသည်။
ငါ့ရဲ့ အေးစက်စက်မိန်းမက ဒီလို နွေးထွေးမယ်လို့ မထင်ထားဘူး။ အာ..ဒီဝင်လာတဲ့ အမျက်ပွိုင့်တွေက ဘာတုန်းဟ

ဇူအန် အမျက်ပွိုင့် များစွာ ဝင်လာကြောင်း သတိထားမိလိုက်သည်။သူ့ရှေ့က ကျောင်းသားများကို တစ်ချက်ကြည့်လိုက်ပြီး ကျောင်းသားများမျက်လုံးတွင် မနာလိုမှု ဒေါသများ ပြည့်နှက်နေကြောင်း သတိထားမိလိုက်သည်။

"သူ အရင်ဘဝက လောကကြီးကို ကယ်တင်ခဲ့လို့လား။ ဘယ်လိုလုပ် သူက ငါတို့ နတ်သမီးမျက်လုံးထဲ ရောက်သွားရတာလဲ"

"ငါ့နတ်သမီးရဲ့ အာရုံစိုက်မှုကို ဘာလို့မရလဲ ငါနားလည်သွားပြီ။ ငါက ထူးချွန်လွန်းနေလို့ကိုး"

"သူ့မှာ ဒီလိုထူးဆန်းတဲ့ အကြိုက်ရှိမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူက ထူးချွန်တဲ့လူအစား သာမန်ယောက်ျားကို သဘောကျတယ်တဲ့"

"ကျစ်စ်..မင်းတို့ကိုယ် မင်းတို့ ထူးချွန်တယ်လို့ ပြောနေရအောင် ချူချူယန် ရှေ့မှာ ဘာမှ မဟုတ်ဘူး မဟုတ်လား"

"ဒါဆို ရှီသခင်လေးကရော။ သူက မင်းအတွက် လုံလုံလောက်လောက်ထူးချွန်တယ်မလား။ ဒါဆို သူ့ကို ချူချူယန် စိတ်ဝင်စားတာ မြင်လို့လား "

ကျောင်းသားများကြားမှ တီးတိုးပြောမှုများသည် ရှီခွန်းကို မျက်ခုံးလှုပ်စေသည်။
ဒီမ်ိနးမက ငါ့ကို လူကြားထဲမှာ အရှက်ခွဲရဲတယ်။ ဒါပေမဲ့ ငါက ဘာလို့ စိတ်မတိုတာလဲ။ အဲ့ဒီအစား ငါတွေ့ဖူးတဲ့ မိန်းမတွေနဲ့ ကွာခြားတယ်လို့ပဲ ထင်သွားတယ်။

ဟမ့် ဘာပဲပြောပြော အဲ့တာအကုန် ဇူအန်အမှားပဲ။ သူက ဘာမို့လို့ ချူချူယန်အချစ်ကို ရသွားတာလဲ။

အခြေအနေလုံလောက်သွားတာတွေ့၍ ဇူအန် လည်ချောင်းရှင်းလိုက်သည်။ သူ့မိန်းမနောက်တွင် ပုန်းနေရန် ကိစ္စမရှိသော်လည်း ရှီခွန်းဆိုသောလူကို သည်းမခံနိုင်တော့ပေ။
"မင်းပြောတော့ မင်းလိုလူတွေအတွက် ငါက ဟာသတစ်ခုထက်မပိုဘူးဆို။ ဘယ်လူတွေကို ပြောနေတာလဲ"

ဇူအန် တုံပြန်ခြင်းကိုကြား၍ ရှီခွန်း ဝမ်းသာသွားသည်။ ချူချူယန်ကြောင့် သူထပ်မံတိုက်ခိုက်ရန် လမ်းစ ရှာမရဖြစ်သွားသည်။ ဒါကို ဒီအရူးက စကားဆက်ပေးလိုက်သေးသည်။
ဟမ့် ကြည့်ရတာ သူက ဘာကြီးကြီးမားမားမှ မလုပ်နိုင်တဲ့ အလကားလူ ပဲ။ အနိုင်နည်းနည်းရတာနဲ့ နားထင်သွေးရောက်သွားတာ။

"ဒါပေါ့ ကျုပ်ပြောတာက အမျိုးမြတ်ကမွေးတဲ့လူတွေ ဒါမှမဟုတ် ကျင့်ကြံမှုမှာ အရည်အသွေး မြင့်မားတဲ့လူတွေကို ပြောတာ" ရှီခွန်း အခန်းထဲမှ လူအုပ်ကို လှည့်လည်ကြည့်၍
"ဒီအခန်းထဲက လူအားလုံးအတွက် မင်းက ဟာသ တစ်ခုထက်မပိုဘူး"

ရှီအိမ်ရဲ့ အာဂာနှင့် ဂုဏ်သတင်းပေါ် မူတည်၍ အတန်းထဲရှိ လူများ သူ့ကို မဆန့်ကျင်ရဲဘူးဟု ရှီခွန်း အပိုင်တွက်ထားသည်။ အထူးသဖြင့် ဆန်ကုန်မြေလေးတစ်ယောက်အတွက် မလုပ်နိုင်ကြပေ။

"အဲ့လိုလား" ဇူအန် ချီရှို့ထံ လှည့်၍
"အဲ့နားက မိန်းကလေးလိုချောတဲ့ ကျောင်းသား။ လျှောက်ကြည့်မနေနဲ့ မင်းကို ပြောနေတာ။ ငါ့ကို ဟာသလို့ မြင်လား"

ချီရှို့ ဒီအရှုပ်အထွေးကြားထဲ ဆွဲထည့်ခံရ၍ ကြောင်သွားသည်။
ငါ့ကိုပါ ဘာလို့ ဆွဲချနေတာလဲ။
သူက မျက်နှာပျက်ယွင်းနေသော ရှီခွန်းကို တစ်ချက်ကြည့်၍ ဇူအန်ထံ ပြန်လှည့်လိုက်သည်။ နောက်ဆုံး အသာ သက်ပြင်းချကာပြောလေသည်။
"မမြင်ပါဘူး"

အစတည်းက ချီအိမ်ပါဝင်သော ချီဘုရင်အုပ်စုနှင့် ရှီအိမ်ပါဝင်သော ဧကရီအုပ်စုက မတည့်သောကြောင့် ရှီခွန်းကို သူကူညီရန် မဖြစ်နိုင်ပေ။ထို့အပြင် ဇူအန်က အကယ်ဒမီ၏ ဆရာတစ်ယောက်ဖြစ်သောကြောင့် ပို၍ရှီခွန်းဘက် မလိုက်နိုင်ချေ။

အဖြေကို ကျေနပ်စွာ ချီရှို့ကို ပြန်ထိုင်ခိုင်း၍ နောက်တစ်ယောက်ကို ထခိုင်းလိုက်သည်။
"ရှေ့တန်းမှာ ထိုင်နေတဲ့လှလှပပ ကျောင်းသူလေ။ မင်းရော ငါ့ကို ဟာသလို့ ထင်လား"

ကျန်းတန်က လှပသည်ဟု ချီမွန်းခံရ၍ ကျေနပ်နေသည်။ သို့သော် လူသိရှင်ကြား ရှီခွန်းကို ဆန့်ကျင်ရန် မတ်တပ်ရပ်ရသည်က သူ့ကို ကြက်သီးထစေသည်။ ဝိုးတဝါးအဖြေတစ်ခုသာ ပေးရဲသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူ့သတို့သားလောင်းက ရှီခွန်းနှင့် တစ်ဖက်တည်းတွင်ရှိသော ဆန်းရှန်ပင်။ သို့သော် ဇူအန်က အကယ်ဒမီ၏ ဆရာတစ်ယောက်ဖြစ်သောကြောင့် ဇူအန်ကို ဟာသဟု ပေါ်တင်ပြောရန် မဖြစ်နိုင်ပေ။

အဲ့ဒီ ရှီခွန်းက ပုံမှန်ဆို ဉာဏ်ကောင်းတဲ့ပုံနဲ့ အခုကျမှ ဘာလို့ ဒီလောက် တုံးနေရတာလဲ။

ဇူအန်ကျေနပ်စွာ ခေါင်းညိတ်ပြီးမှ ဝူချင်းထံ အကြည့်ပို့လိုက်သည်။
"ဝူသခင်မလေး ကျုပ်ကို ဟာသလို့ ထင်လား"

ဝူချင်း အံကြိတ်လိုက်သည်။ သူအရမ်းကို ခေါင်းငြိမ့်လိုက်ချင်သော်လည်း အခုလေးတင်မှ ဒီကိစ္စမျိုးကြုံပြီး၍ ဇူအန်ထောင်ချောက်ထဲ နောက်တစ်ကြိမ် အဝင်မခံနိုင်ပေ။ ထို့အပြင် ချီရှို့က အဖြေပေးပြီးသားပင်။ သူ့အစ်ကိုချီကို လူကြားထဲဆန့်ကျင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် မကျေမနပ် ပြောလိုက်ရသည်။
"မထင်ရဲပါဘူး"

ချူချူယန် မျက်လုံးဝိုင်းသွားသည်။
ဒီနေ့ ဘာဖြစ်နေတာလဲ။ ဒီလူတွေ အားလုံး ဘာလို့ ဇူအန်ဘက်က ပြောပေးနေတာလဲ။
ထို့အပြင် သူတို့ထဲက တစ်ချို့က သူမနှင့် မတည့်၍ ဇူအန်အတွက် ပြောပေးခြင်းက ပို၍ အဓိပ္ပာယ်မရှိပေ။

ရုတ်တရက် ဝူချင်းပြောလိုက်သော စကားများကို ပြန်ကြားယောင်လာရင်း အတွေးတစ်ခု ပေါ်လာသည်။
ဒီလူ ဝူချင်းနဲ့ ငြိစွန်းသွားတာတော့ မဟုတ်ပါဘူးနော်။

အခြေအနေကို နားမလည်တာ ချူချူယန် တစ်ယောက်တည်း မဟုတ်ချေ။ ရှီခွန်းလည်း အလားတူ ကြောင်အနေသည်။ ဒီလူတွေ ဘာမှားနေလဲ သူနားမလည်ပေ။
ဒီအမှိုက်အတွက် ငါ့ကိုဘာလို့ ဆန့်ကျင်နေရတာလဲ။

ကျောင်းသားတစ်ချို့ကို ဆက်မေးပြီးနောက် ဇူအန် ဆောက်တည်ရာမရသော ရှီခွန်းကို ကြည့်လိုက်သည်။ အာဏာပြည့်သော အသံဖြင့် အမိန့်ပေးလိုက်သည်။
"သွားပြီး အခန်းပြင်မှာ ရပ်နေ"

ရှီခွန်း အော်ရယ်လိုက်သည်။
"မင်းကိုယ်မင် ဘာထင်နေလဲ။ ငါ့ကိုအမိန့်ပေးနေရအောင်"

ချူချူယန်လည်း ရှုပ်ထွေးနေသည်။
ဘာဖြစ်နေတာလဲ။ ဒီနေ့ သူထူးဆန်းနေတယ်။ သူမှမဟုတ်ဘူး အကုန်လုံးပဲ။

ဇူအန် အသာသက်ပြင်းချ၍ ပြောလေသည်။
"စည်းကမ်းအရ လပြည့်ဝန်းအကယ်ဒမီမှာ စာသင်ချိန်အတွင်း ဆရာကို ပြန်ပြောတဲ့ ကျောင်းသားက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်။ အဆိုးဆုံး အခြေအနေအရ ကျောင်းမှ ထုတ်ပယ်ခြင်းတောင် ခံနိုင်ရသေးတယ်။ ငါ့စကားက ဟန်ပြပဲလို့ မင်းထင်နေတာလား"

တကယ်တော့ စည်းကမ်းက အမှန်တကယ် မထိရောက်ကြောင်း ဇူအန် သိလေသည်။ သြဇာရှိသော ရှီအိမ်၏ သခင်လေးကို ကိစ္စအသေးအဖွဲကြောင့် ကျောင်းထုတ်ရန် မဖြစ်နိုင်ပေ။ သို့သော် ပြစ်ဒဏ်အသေးစားဆိုလျှင် အကယ်ဒမီက ဘာမှ ပြောမည်မဟုတ်ပေ။

"မင်းက ဆရာတစ်ယောက် ဟုတ်လား" ရှီခွန်းက ရယ်စရာအကောင်းဆုံး ဟာသတစ်ခု ကြားလိုက်သည့်အလား ပြန်ပြောရန် ပြင်နေစဉ် ယွမ်ဝမ်ဒုံ သူ့အင်္ကျီစကို အသည်းအသန် ဆွဲ၍ သတိပေးလေသည်။

"သူက တကယ် လပြည့်ဝန်းအကယ်ဒမီရဲလ အတွက်အချက်ဆရာ အသစ်ပဲ"

ရှီခွန်း ကြားကြားချင်း ယွမ်ဝမ်ဒုံ ရူးနေသည်ဟု ထင်လိုက်သည်။ သို့သော် မကြာခင် လူတစ်ချို့ သနားသောမကြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သောကြောင့် သူတောင့်ခဲသွားသည်။

"ဘာလို့ စောစောတည်းက ကြိုမပြောတာလဲ"

ရှီခွန်း ဒေါသထွက်လွန်း၍ ပုံမှန် ယဉ်ကျေးသော မျက်နှာဖုံးကို ခွာချပြီး ကျိန်ဆဲလိုက်မိသည်။

"မင်းက မမေးတာ"

ယွမ်ဝမ်ဒုံလည်း အစွတ်စွဲခံလိုက်ရသလို ခံစားမိလေသည်။
ဒီကိစ္စကို မသိတဲ့လူ အကယ်ဒမီမှာ တစ်ယောက်မှ မရှိဘူး။ မင်းမှာ အားကောင်းတဲ့ အဆက်အသွယ်တွေ ရှိတယ်မဟုတ်ဘူးလား။ ဒီကိစ္စကို မင်းမကြားဖူးတာ ငါဘယ်လို သိမှာလဲ။

ရှီခွန်း သွေးအန်ချင်လာသည်။
စနိုးနဲ့ မေချောက်ဖုန်က ငါ့ကို ဒီကိစ္စ ဘာလို့ မပြောတာလဲ။ တစ်တန်းလုံးရှေ့မှာ ငါ့ကို အရှက်ကွဲအောင် လုပ်တယ်။ အခန်းထဲက လေထုတစ်မျိုးဖြစ်နေတာ မထူးဆန်းတော့ဘူး။

ကံကောင်းစွာ သူ့ဖြတ်ထိုးဉာဏ်ကြောင့် လွတ်လမ်းရှာရန် မခက်ခဲပေ။
"ကျုပ်က ဒီနေ့မှ ကျောင်းပြောင်းလာတာ။ အဲ့တာကြောင့် အကယ်ဒမီရဲ့ အကြောင်းတွေ မသိသေးဘူး။ ပြီးတော့ မင်းအခန်းထဲ ဝင်လာတုန်းက မင်းကိုယ်မင်းမှ မိတ်မဆက်ပေးတာ။ ဒီလို အထင်လွဲတာ ငါ့အပြစ်မဟုတ်ဘူး"

ဇူအန် ခေါင်းငြိမ့်လိုက်သည်။
"မင်းပြောတာမှန်တယ်။ ငါမင်းကို ဒီတိုင်း အပြစ်ပေးလိုက်ရင် မင်းလည်း ကျေနပ်မှာ မဟုတ်လောက်ဘူး။ ကောင်းပြီလေ ဒီလိုဆိုတော့ အတွက်အချက်ပညာသုံးပြီး ဖြေရှင်းကြတာပေါ့။ ငါဒီနေ့ မေးခွန်းတစ်ချို့မေးမယ်။ မှန်အောင် မဖြေနိုင်တဲ့ ကျောင်းသားတိုင်း အပြင်ထွက် မတ်တပ်ရပ်ရမယ်။ ဘယ်လို သဘောရလဲ"

ထိုစကားများက အခန်းထဲရှိ ကျောင်းသားအားလုံးကို ထိပ်လန့်သွားစေသည်။ ရန်ဝေ့ မေးခွန်းတစ်ခုမှ မဖြေနိုင်ခြင်းကို ပြန်မြင်ယောင်လာကြသည်။

အတန်းဖော်များ၏ တုံ့ပြန်မှုကို မကြည့်ဘဲ ရှီခွန်း ခေတ္တကြောင်သွားပြီး ချက်ချင်းလက်ခံလိုက်သည်။
"ရတယ် ဒါက ကိစ္စမရှိဘူး"

သူ့ကိုယ်သူ ကျင့်ကြံမှုရော အတန်းပညာပါကျွမ်းကျင်သောကြောင့် ဂုဏ်ယူလေသည်။ ဇူအန် မေးသော မေးခွန်းများက သူ့ကို ရှုံးစေမည်ဟု ရှီခွန်း မထင်ပေ။ ထို့အပြင် သူတစ်ယောက်တည်း ပါဝင်သည်မဟုတ် အတန်းထဲက လူအားလုံး ပါဝင်လေသည်။ သူမဖြေနိုင်သော မေးခွန်းကို အတန်းထဲက မည်သူမှ မဖြေနိုင်ဟု ယုံကြည်လေသည်။ဇူအန် အကုန်လုံးကို အခန်းပြင်ထုတ်ရလောက်အောင် အတင့်မရဲနိုင်ပေ။ သူ့ဇနီးလည်း ပါဝင်နေသည်ပင်။

"ကောင်းပြီ ။ သေချာနားထောင်" ဇူအန် မေးခွန်း စမေးသည်။

"ဒီမေးခွန်းမှာ လူနှစ်ယောက် ပါတယ်။ Aနဲ့ B။ Aက အလိမ်တွေပဲပြောပြီး Bက အမှန်တွေချည်းပဲ ပြောတတ်တယ်။ ဒါပေမဲ့ သူတို့က ခေါင်းငြိမ့် ခေါင်းခါပြီးပဲ ပြန်ဖြေတတ်တာ။ တစ်နေ့တော့ မင်းလမ်းဆုံတစ်ခုကိုရောက်လာတယ်။ လမ်း1 နဲ့ လမ်း2 ဆိုပြီး ခွဲသွားတာ။ တစ်လမ်းက မြို့တော်ကို ရောက်ပြီး တစ်လမ်းက ချောင်ကျတဲ့ ရွာလေးတစ်ရွာကို ရောက်တာ။ မင်းက Aနဲ့ Bရဲ့ ရှေ့မှာ ရောက်နေပြီး ဘယ်သူက A ဘယ်သူက Bလို့မသိဘူး။ ခေါင်းငြိမ့်တာက အမှန်လား ခေါင်းယမ်းတာက အမှန်လားလဲ မသိဘူး။ လက်ရှိမှာ မင်းသူတို့ကို မေးခွန်းတစ်ခုမေးပြီး မြို့တော်ကို သွားမယ့်လမ်းကို အဖြေထုတ်ရမယ်။ အဲ့တာဆို ဘာမေးခွန်း မေးမလဲ"

မေးခွန်းကို ကြားသော် အခန်းထဲမှ ကျောင်းသားများ ပင့်သက်ရှိုက်မိသွားသည်။ ထင်သည့်အတိုင်း ခက်ခဲသော မေးခွန်းတစ်ခုပင်။

ရှီခွန်း ကြောင်အသွားသည်။ မေးခွန်းတစ်ခုလုံး ကြားပြီးတာတောင် နားလည်ရန် ခက်ခဲနေသေးသည်။ အချိန်အကြာကြီးနေမှ မျက်နှာရဲရဲဖြင့် ပြန်ဖြေသည်။
"ကျုပ်မသိဘူး။ ဒီအခန်းထဲက ဘယ်သူမှ သိမယ်လို့လဲ မထင်ဘူး ။ ဘာလို့ သူ့ကို မမေးလဲ"

သူက ချူချူယန်ကို လက်ညှိုးထိုး၍ မေးလိုက်သည်။ သူက အပြစ်ပေးခံရလျှင်ပင် ချူချူယန်နှင့်အတူဆိုပါက မဆိုးဘူးလို့ တွေးလိုက်သည်။
မင်းမိန်းမကို  ငါ့ရင်ခွင်ထဲ ပို့ချင်ရင် ငါက ဝမ်းသာအားရ လက်ကမ်းကြိုနေဦးမှာ။

ထိုစကားများကြားသော် ဇူအန် ချူချူယန်ထံ လျှောက်သွား၍ တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ထိုအချိန်တွင် ချူချူယန် စိတ်ထဲ ပျာယာခတ်နေပြီဖြစ်သည်။ သူက ဇူအန်ယခင်မေးခွန်းကြောင့် အံ့သြနေတုန်းရှိသေးသည်။ထိုမေးခွန်းကို သူမလည်း မဖြေနိုင်ပေ။

သူက အကယ်ဒမီ၏ နံပါတ် ၁ပါရမီရှင်ဟု နှစ်ပေါင်းများစွာ ကျော်ကြား၍ ကျောင်းသားအားလုံး၏ လေးစားခြင်းခံခဲ့ရသည်။ မေးခွန်းတစ်ခုတောင် မှန်အောင် မဖြေနိုင်ခဲ့ဘဲ အပြစ်ပေးခံရလျှင် သူမဂုဏ်သိက္ခာ ရေထဲ မြောသွားပေလိမ့်မည်။

ဇူအန် သူမ၏ ထိပ်လန့်မှုကို မြင်နိုင်ပြီး အပြုံးတစ်ခု ပေါ်လာသည်။
"အဆင်သင့်ဖြစ်ပြီလား။ မင်းကို မေးခွန်းမေးတော့မလို့"

"လုပ်ပါ" ချူချူယန် တစ်ခါမှ ဒီလောက် မတုန်လှုပ်ဖူးပေ။ ယခင်မေးခွန်းကို မည်သို့ဖြေရမည်ဟုတွေးရင်း သူ့ဦးနှောက်က ဗလာကျင်းပြီး စဉ်းစားနိုင်စွမ်း ရပ်တန့်သွားသည်။

ထိုအချိန် လူအားလုံးရှေ့မှာပင် ဇူအန် မေးလိုက်သည်။
"မင်းအတွက် မေးခွန်းက တစ်နဲ့ တစ်ပေါင်း ဘယ်လောက်လဲ"

------------------------------------------------------------------------------

Chapter 104.

ခနေနဦး အဲ့ဒီလူက ဇူအန္ မဟုတ္ဘူးလား၊

ရွီခြန္း အျမင္မွားမည္စိုး၍ မ်က္လုံးပြတ္လိုက္ေသးသည္။

သူ႕လို အေတြးတူေသာ လူမ်ားစြာ ရွိေလသည္။ ေက်ာင္းသားအားလုံးနီးပါး ဇူအန္ကို မယုံနိုင္ေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၾကသည္။

"သူ႕ဆံပင္ကို ဘယ္လိုလုပ္လာတာလဲ။ ၾကည့္ရတာ မိုက္တယ္။ ငါလည္း တစ္ရက္ေလာက္စမ္းၾကည့္ရမလား။ ၿပီးေတာ့ အခုနက တီးလုံးကဘာလဲ။ ငါ့ကို ႏွလုံးခုန္ျမန္လာေအာင္ လုပ္ေပးတယ္ဟ" ခ်ီရွို႔ ခပ္တိုးတိုး ေရ႐ြတ္လိုက္သည္။

"အခုမွ သူ႕ကို ေသခ်ာၾကည့္မိတယ္။ သူက အေတာ္ေလး ႐ုပ္ေခ်ာတာပဲ။ ပုံမွန္ထက္ သပ္သပ္ရပ္ရပ္ဝတ္စားလိုက္ေတာ့ ပိုၾကည့္ေကာင္းသြားတယ္" က်န္းတန္ ေဝဖန္လိုက္သည္။

"ဒီလူ ခုနကထက္ ပိုၾကည့္ေကာင္းလာတယ္လို႔ ငါဘာလို႔ထင္ေနရတာလဲ။ အမယ္ေလး..ငါ႐ူးသြားတာျဖစ္ရမယ္" ဝူခ်င္း ေအးစက္စက္ ထပ္ေျပာသည္။

ခ်ဴခ်ဴယန္လည္း ထိုအခ်ိန္မွ သတိျပန္ဝင္လာသည္။ သူက အျမင္မွားတာမဟုတ္ဘဲ စင္ျမင္ေပၚကလူသည္ သူ႕ခင္ပြန္းအစစ္ပင္ျဖစ္ေနသည္။ ေအးစက္စက္စရိုက္ရွိေသာ ခ်ဴခ်ဴယန္ပင္ မ်က္ႏွာပူလာရသည္။ သူ႕ေရွ႕တြင္ တြင္းတစ္ခုရွိပါက ေတြေဝမေနဘဲ ခုန္ဆင္းၿပီးေနၿပီ။

"ရွင္ ဘာလုပ္ေနတာလဲ" ဇူအန္ထံ အသံတိတ္တဆိတ္ ပို႔လိုက္သည္။

ဇူအန္ သူ႕ကို အၾကည့္တစ္ခ်က္ ပို႔လိုက္ေသာ္လည္း ျပန္မေျဖပင္။

ခ်ဴခ်ဴယန္ ႏႈတ္ခမ္းကိုက္၍ ဆက္ေျပာသည္။
"ေလွ်ာက္လုပ္မေနနဲ႕ ျပန္ေတာ့"

သူမတစ္သက္လုံး ဒီေလာက္တစ္ခါမွ အရွက္မရဘူးေပ။ တစ္သက္လုံး သူမ်ားကို ခ်ဳပ္ကိုင္လာခဲ့ျခင္းျဖစ္သည္။ အကယ္ဒမီတြင္ပင္ မည္သူမွ သူ႕ကို လာမရႈပ္ရဲေပ။
သို႔ေသာ္ ယခုအခ်ိန္တြင္ အပ္မ်ားေပၚတြင္ ထိုင္ေနရသလို ခံစားေနရသည္။ လူတိုင္းက ခ်ဴအိမ္ကို ဟာသလုပ္ရန္ သူမကို ထူးထူးဆန္းဆန္း ၾကည့္ေနၾကသည္ဟု ခံစားရသည္။

ထိုစဥ္ ဇူအန္ကို ေနရာကို ေရာက္သြားၿပီျဖစ္ၿပီး ေက်ာင္းသားမ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ ခ်ဴခ်ဴယန္ မ်က္ႏွာရဲေနမႈကို သတိထားမိ၍ မ်က္ႏွာထားတင္းတင္းျဖင့္ ေျပာလိုက္သည္။
"ဟိုက ေက်ာင္းသူ..အခု အတန္းခ်ိန္ဆိုတာ သတိရပါ။ စာသင္ခ်ိန္အတြင္း ဆရာကို ခိုးၿပီး စကားခနခနလာမေျပာပါနဲ႕"

"အိုး.."

ဇူအန္ ခ်ဴခ်ဴယန္ကို ေျပာေနေၾကာင္း သေဘာေပါက္သြားေသာအခါ အခန္းတြင္း ဆူညံသြားရသည္။ သူတို႔လက္ထပ္ထားသည္ကိုၾကည့္၍ တီးတိုးေျပာေနၾကေၾကာင္း ခန့္မွန္းၾကည့္နိုင္ေလသည္။ ဟိုနား ဒီနား ျပဇာတ္ဆန္ျခင္းက လူတိုင္း ႀကိဳဆိုေသာအရာပင္။

သို႔ေသာ္ လူတိုင္းက အေကာင္းျမင္သည္ေတာ့ မဟုတ္ေပ။

"လူၾကားထဲမွာ ကလူက်ီစယ္နဲ႕ မရွက္ဘူးလား" ဝူခ်င္း လက္ႏွစ္ဘက္က အကၤ်ီစကို ကိုင္၍ စိတ္ရႈပ္စြာ ေျပာလိုက္သည္။

က်န္းတန္လည္း မ်က္ေမွာင္ႀကဳံ႕လိုက္မိသည္။
"ၾကည့္ရတာ သူတို႔က ငါထင္တာထက္ ပိုရင္းႏွီးတဲ့ပုံပဲ။ အဲ့တာက ျပႆနာနည္းနည္းရွိတယ္..."

ထိုစဥ္ ခ်ဴခ်ဴယန္က သူ႕မ်က္ႏွာသူ အုပ္ခ်င္မိသြားသည္။ သူမ တစ္သက္လုံး ဒီေလာက္ မရွက္ဖူးေပ။
ဒီလူ႕စိတ္ထဲ ဘာေတြရွိေနတာလဲ။
ခနေနဦး သူက ဆရာလို႔ ေျပာလိုက္လား။

ရွီခြန္းလည္း သံသယရွိ၍ သူ႕ေနာက္လိုက္မ်ားကို အခ်က္ျပလိုက္သည္။ ကံမေကာင္းသြာ သူ႕ေနာက္လိုက္မ်ားက အၾကည့္လႊဲ၍ ျပန္မတုံ႕ျပန္ေပ။ ေ႐ြးခ်ယ္စရာမရွိ၍ သူကိုယ္တိုင္ေရွ႕တက္ၿပီး ဇူအန္ကို ဆန့္က်င္လိုက္သည္။
"မင္းပတ္ဝန္းက်င္ကို ေသခ်ာၾကည့္ဦ။ ဒါက ေကာင္းကင္ခန္း။ မင္းလို အဝါေရာင္ခန္းကလူ ရွိေနရမယ့္ေနရာ မဟုတ္ဘူး"
ဒီေကာင္ေတြ အေတာ္အသုံးမက်တာပဲ။ အေျခအေနကို ၾကည့္ရေကာင္းမွန္း မသိဘူး။ ငါ ေနာက္လိုက္အသစ္တစ္ခ်ိဳ႕ ရွာသင့္ေနၿပီ။

"အို..ဒီေနရာက ငါရွိမေနသင့္တဲ့ေနရာလို႔ မင္းေျပာလိုက္တာလား" ဇူအန္ ရွီခြန္းကို ကစားခ်င္ေသာ မ်က္လုံးျဖင့္ ၾကည့္လိုက္သည္။

"ဒါေပါ့။ လူတစ္ေယာက္က သူ႕ေနရာသူသိသင့္တယ္။ မင္းက အရည္အခ်င္းမရွိလို႔ အဝါေရာင္ခန္းကို ေရာက္တာ ကိစၥမရွိဘူး။ ဒါေပမဲ့ အျမင့္ေရာက္ခ်င္လို႔ မင္းစည္းေက်ာ္ၿပီး လုပ္ခ်င္ရာလုပ္ရင္ေတာ့ မွားသြားၿပီ"
ရွီခြန္းက လူအားလုံးေရွ႕တြင္ ဇူအန္ကို နင္းေျခရန္ ဆုံးျဖတ္ထားသည္။ လူအမ်ားႀကီးေရွ႕တြင္ အရွက္ကြဲၿပီးတာေတာင္ ခ်ဴအိမ္က သူ႕ကို လက္ခံဦးမလား ၾကည့္ခ်င္သည္။

"မင္းဘာလုပ္ေနလဲ ၾကည့္ဦး။ ခုနက တီးလုံးနဲ႕ မင္းဆံပင္က ဘာျဖစ္ေနတာလဲ။ မင္းရဲ႕ ႐ုပ္ရည္ကို ျမႇင့္တင္ဖို႔ ႀကိဳးစားေနသမွ်က ငါတို႔လို ပါရမီရွင္ေတြေရွ႕မွာ ဟာသထက္မပိုဘူး"
သူ႕ေဘးနားလူမ်ားကို လက္ျပလိုက္ေသာ္လည္း မၾကာခင္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ အခန္းထဲရွိ ေလထုက ထူးဆန္းေနၿပီး အားလုံးက သူ႕ကို အၾကည့္တစ္မိုးျဖင့္ ၾကည့္ေနၾကသည္။ ယြမ္ဝမ္ဒုံပင္ ေတြေဝေသာ မ်က္ႏွာျဖင့္ သူ႕ကို ၾကည့္ေနသည္။

ဒီမွာ ဘာျဖစ္ေနတာလဲ။

တစ္ခုခုျဖစ္ေတာ့မည္ဟု ရွီခြန္း ခံစားလိုက္ရသည္။

ခ်ဴခ်ဴယန္ မတ္တပ္ရပ္၍ ရွီခြန္းကို ေအးစက္စြာ ၾကည့္လိုက္သည္။.
"ရွီသခင္ေလး ဇူအန္က ကြၽန္မခင္ပြန္း။ သူ႕အရည္အခ်င္းက ဘာျဖစ္ေနေန ရွင္ဝင္ၿပီး ေစာ္ကားလို႔ရတဲ့လူ မဟုတ္ဘူး"
သူက ဇူအန္ကို မႏွစ္သက္ေသာ္လည္း သူ႕ေရွ႕တြင္ ဇူအန္ကို ႏွိမ္ေနျခင္းအား လက္မခံနိုင္ေပ။

ဇူအန္အတြက္ ခ်ဴခ်ဴယန္ ရပ္တည္ေပးျခင္းက ရွီခြန္းကို ပိုေဒါသထြက္ေစသည္။ သို႔ေသာ္ သူ႕ခံစားခ်က္မ်ားကို မေပၚေစဘဲ ပုံမွန္အၿပဳံးျဖင့္
"ခ်ဴမိန္းကေလး က်ဳပ္စကားကို အထင္လြဲသြားတာ။ က်ဳပ္က ခ်ဴအိမ္ေတာ္ကို ႏွိမ့္ခ်ဖိဳ႕ မရည္႐ြယ္ပါဘူး ။ မင္းလို ထူးခြၽန္တဲ့လူက မင္းကို မွီတဲ့ အရည္အခ်င္းနဲ႕လူကိုပဲ လက္ထပ္သင့္တယ္လို႔ က်ဳပ္ကထင္လို႔ပါ။ အဲ့ဒီလူက မင္းနဲ႕လုံးဝ မထိုက္တန္ဘူး"

"တန္းတူ အရည္အခ်င္းရွိတဲ့လူလား" ခ်ဴခ်ဴယန္ ရယ္လိုက္သည္။
"ဒီလို အဆင့္အတန္းမ်ိဳးက ကြၽန္မအတြက္ အဓိပၸာယ္မရွိဘူး။ ဇူအန္က ဒီလိုပဲ သူ႕ပုံစံအတိုင္း ျပည့္စုံတယ္လို႔ ကြၽန္မထင္တယ္"
သူမကိုယ္တိုင္က ထူးခြၽန္ၿပီးသားပဲ။ သူ႕ခင္ပြန္းကိုပါ ထူးခြၽန္ရန္ မလိုအပ္ေပ။ ဆန့္က်င္ဘက္အေနျဖင့္ သူ႕ေယာက္်ားက ထူးခြၽန္လြန္းရင္သာ မေကာင္းတာ။

ဇူအန္ ထိုစကားမ်ားၾကားေသာ္ စိတ္လႈပ္ရွားသြားရသည္။
ငါ့ရဲ႕ ေအးစက္စက္မိန္းမက ဒီလို ႏြေးေထြးမယ္လို႔ မထင္ထားဘူး။ အာ..ဒီဝင္လာတဲ့ အမ်က္ပြိုင့္ေတြက ဘာတုန္းဟ

ဇူအန္ အမ်က္ပြိုင့္ မ်ားစြာ ဝင္လာေၾကာင္း သတိထားမိလိုက္သည္။သူ႕ေရွ႕က ေက်ာင္းသားမ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေက်ာင္းသားမ်ားမ်က္လုံးတြင္ မနာလိုမႈ ေဒါသမ်ား ျပည့္ႏွက္ေနေၾကာင္း သတိထားမိလိုက္သည္။

"သူ အရင္ဘဝက ေလာကႀကီးကို ကယ္တင္ခဲ့လို႔လား။ ဘယ္လိုလုပ္ သူက ငါတို႔ နတ္သမီးမ်က္လုံးထဲ ေရာက္သြားရတာလဲ"

"ငါ့နတ္သမီးရဲ႕ အာ႐ုံစိုက္မႈကို ဘာလို႔မရလဲ ငါနားလည္သြားၿပီ။ ငါက ထူးခြၽန္လြန္းေနလို႔ကိုး"

"သူ႕မွာ ဒီလိုထူးဆန္းတဲ့ အႀကိဳက္ရွိမယ္လို႔ ဘယ္သူက ထင္ထားမွာလဲ။ သူက ထူးခြၽန္တဲ့လူအစား သာမန္ေယာက္်ားကို သေဘာက်တယ္တဲ့"

"က်စ္စ္..မင္းတို႔ကိုယ္ မင္းတို႔ ထူးခြၽန္တယ္လို႔ ေျပာေနရေအာင္ ခ်ဴခ်ဴယန္ ေရွ႕မွာ ဘာမွ မဟုတ္ဘူး မဟုတ္လား"

"ဒါဆို ရွီသခင္ေလးကေရာ။ သူက မင္းအတြက္ လုံလုံေလာက္ေလာက္ထူးခြၽန္တယ္မလား။ ဒါဆို သူ႕ကို ခ်ဴခ်ဴယန္ စိတ္ဝင္စားတာ ျမင္လို႔လား "

ေက်ာင္းသားမ်ားၾကားမွ တီးတိုးေျပာမႈမ်ားသည္ ရွီခြန္းကို မ်က္ခုံးလႈပ္ေစသည္။
ဒီမ်ိနးမက ငါ့ကို လူၾကားထဲမွာ အရွက္ခြဲရဲတယ္။ ဒါေပမဲ့ ငါက ဘာလို႔ စိတ္မတိုတာလဲ။ အဲ့ဒီအစား ငါေတြ႕ဖူးတဲ့ မိန္းမေတြနဲ႕ ကြာျခားတယ္လို႔ပဲ ထင္သြားတယ္။

ဟမ့္ ဘာပဲေျပာေျပာ အဲ့တာအကုန္ ဇူအန္အမွားပဲ။ သူက ဘာမို႔လို႔ ခ်ဴခ်ဴယန္အခ်စ္ကို ရသြားတာလဲ။

အေျခအေနလုံေလာက္သြားတာေတြ႕၍ ဇူအန္ လည္ေခ်ာင္းရွင္းလိုက္သည္။ သူ႕မိန္းမေနာက္တြင္ ပုန္းေနရန္ ကိစၥမရွိေသာ္လည္း ရွီခြန္းဆိုေသာလူကို သည္းမခံနိုင္ေတာ့ေပ။
"မင္းေျပာေတာ့ မင္းလိုလူေတြအတြက္ ငါက ဟာသတစ္ခုထက္မပိုဘူးဆို။ ဘယ္လူေတြကို ေျပာေနတာလဲ"

ဇူအန္ တုံျပန္ျခင္းကိုၾကား၍ ရွီခြန္း ဝမ္းသာသြားသည္။ ခ်ဴခ်ဴယန္ေၾကာင့္ သူထပ္မံတိုက္ခိုက္ရန္ လမ္းစ ရွာမရျဖစ္သြားသည္။ ဒါကို ဒီအ႐ူးက စကားဆက္ေပးလိုက္ေသးသည္။
ဟမ့္ ၾကည့္ရတာ သူက ဘာႀကီးႀကီးမားမားမွ မလုပ္နိုင္တဲ့ အလကားလူ ပဲ။ အနိုင္နည္းနည္းရတာနဲ႕ နားထင္ေသြးေရာက္သြားတာ။

"ဒါေပါ့ က်ဳပ္ေျပာတာက အမ်ိဳးျမတ္ကေမြးတဲ့လူေတြ ဒါမွမဟုတ္ က်င့္ႀကံမႈမွာ အရည္အေသြး ျမင့္မားတဲ့လူေတြကို ေျပာတာ" ရွီခြန္း အခန္းထဲမွ လူအုပ္ကို လွည့္လည္ၾကည့္၍
"ဒီအခန္းထဲက လူအားလုံးအတြက္ မင္းက ဟာသ တစ္ခုထက္မပိုဘူး"

ရွီအိမ္ရဲ႕ အာဂာႏွင့္ ဂုဏ္သတင္းေပၚ မူတည္၍ အတန္းထဲရွိ လူမ်ား သူ႕ကို မဆန့္က်င္ရဲဘူးဟု ရွီခြန္း အပိုင္တြက္ထားသည္။ အထူးသျဖင့္ ဆန္ကုန္ေျမေလးတစ္ေယာက္အတြက္ မလုပ္နိုင္ၾကေပ။

"အဲ့လိုလား" ဇူအန္ ခ်ီရွို႔ထံ လွည့္၍
"အဲ့နားက မိန္းကေလးလိုေခ်ာတဲ့ ေက်ာင္းသား။ ေလွ်ာက္ၾကည့္မေနနဲ႕ မင္းကို ေျပာေနတာ။ ငါ့ကို ဟာသလို႔ ျမင္လား"

ခ်ီရွို႔ ဒီအရႈပ္အေထြးၾကားထဲ ဆြဲထည့္ခံရ၍ ေၾကာင္သြားသည္။
ငါ့ကိုပါ ဘာလို႔ ဆြဲခ်ေနတာလဲ။
သူက မ်က္ႏွာပ်က္ယြင္းေနေသာ ရွီခြန္းကို တစ္ခ်က္ၾကည့္၍ ဇူအန္ထံ ျပန္လွည့္လိုက္သည္။ ေနာက္ဆုံး အသာ သက္ျပင္းခ်ကာေျပာေလသည္။
"မျမင္ပါဘူး"

အစတည္းက ခ်ီအိမ္ပါဝင္ေသာ ခ်ီဘုရင္အုပ္စုႏွင့္ ရွီအိမ္ပါဝင္ေသာ ဧကရီအုပ္စုက မတည့္ေသာေၾကာင့္ ရွီခြန္းကို သူကူညီရန္ မျဖစ္နိုင္ေပ။ထို႔အျပင္ ဇူအန္က အကယ္ဒမီ၏ ဆရာတစ္ေယာက္ျဖစ္ေသာေၾကာင့္ ပို၍ရွီခြန္းဘက္ မလိုက္နိုင္ေခ်။

အေျဖကို ေက်နပ္စြာ ခ်ီရွို႔ကို ျပန္ထိုင္ခိုင္း၍ ေနာက္တစ္ေယာက္ကို ထခိုင္းလိုက္သည္။
"ေရွ႕တန္းမွာ ထိုင္ေနတဲ့လွလွပပ ေက်ာင္းသူေလ။ မင္းေရာ ငါ့ကို ဟာသလို႔ ထင္လား"

က်န္းတန္က လွပသည္ဟု ခ်ီမြန္းခံရ၍ ေက်နပ္ေနသည္။ သို႔ေသာ္ လူသိရွင္ၾကား ရွီခြန္းကို ဆန့္က်င္ရန္ မတ္တပ္ရပ္ရသည္က သူ႕ကို ၾကက္သီးထေစသည္။ ဝိုးတဝါးအေျဖတစ္ခုသာ ေပးရဲသည္။
"ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ"

သူ႕သတို႔သားေလာင္းက ရွီခြန္းႏွင့္ တစ္ဖက္တည္းတြင္ရွိေသာ ဆန္းရွန္ပင္။ သို႔ေသာ္ ဇူအန္က အကယ္ဒမီ၏ ဆရာတစ္ေယာက္ျဖစ္ေသာေၾကာင့္ ဇူအန္ကို ဟာသဟု ေပၚတင္ေျပာရန္ မျဖစ္နိုင္ေပ။

အဲ့ဒီ ရွီခြန္းက ပုံမွန္ဆို ဉာဏ္ေကာင္းတဲ့ပုံနဲ႕ အခုက်မွ ဘာလို႔ ဒီေလာက္ တုံးေနရတာလဲ။

ဇူအန္ေက်နပ္စြာ ေခါင္းညိတ္ၿပီးမွ ဝူခ်င္းထံ အၾကည့္ပို႔လိုက္သည္။
"ဝူသခင္မေလး က်ဳပ္ကို ဟာသလို႔ ထင္လား"

ဝူခ်င္း အံႀကိတ္လိုက္သည္။ သူအရမ္းကို ေခါင္းၿငိမ့္လိုက္ခ်င္ေသာ္လည္း အခုေလးတင္မွ ဒီကိစၥမ်ိဳးႀကဳံၿပီး၍ ဇူအန္ေထာင္ေခ်ာက္ထဲ ေနာက္တစ္ႀကိမ္ အဝင္မခံနိုင္ေပ။ ထို႔အျပင္ ခ်ီရွို႔က အေျဖေပးၿပီးသားပင္။ သူ႕အစ္ကိုခ်ီကို လူၾကားထဲဆန့္က်င္စရာ အေၾကာင္းမရွိေပ။ ထို႔ေၾကာင့္ မေက်မနပ္ ေျပာလိုက္ရသည္။
"မထင္ရဲပါဘူး"

ခ်ဴခ်ဴယန္ မ်က္လုံးဝိုင္းသြားသည္။
ဒီေန႕ ဘာျဖစ္ေနတာလဲ။ ဒီလူေတြ အားလုံး ဘာလို႔ ဇူအန္ဘက္က ေျပာေပးေနတာလဲ။
ထို႔အျပင္ သူတို႔ထဲက တစ္ခ်ိဳ႕က သူမႏွင့္ မတည့္၍ ဇူအန္အတြက္ ေျပာေပးျခင္းက ပို၍ အဓိပၸာယ္မရွိေပ။

႐ုတ္တရက္ ဝူခ်င္းေျပာလိုက္ေသာ စကားမ်ားကို ျပန္ၾကားေယာင္လာရင္း အေတြးတစ္ခု ေပၚလာသည္။
ဒီလူ ဝူခ်င္းနဲ႕ ၿငိစြန္းသြားတာေတာ့ မဟုတ္ပါဘူးေနာ္။

အေျခအေနကို နားမလည္တာ ခ်ဴခ်ဴယန္ တစ္ေယာက္တည္း မဟုတ္ေခ်။ ရွီခြန္းလည္း အလားတူ ေၾကာင္အေနသည္။ ဒီလူေတြ ဘာမွားေနလဲ သူနားမလည္ေပ။
ဒီအမွိုက္အတြက္ ငါ့ကိုဘာလို႔ ဆန့္က်င္ေနရတာလဲ။

ေက်ာင္းသားတစ္ခ်ိဳ႕ကို ဆက္ေမးၿပီးေနာက္ ဇူအန္ ေဆာက္တည္ရာမရေသာ ရွီခြန္းကို ၾကည့္လိုက္သည္။ အာဏာျပည့္ေသာ အသံျဖင့္ အမိန့္ေပးလိုက္သည္။
"သြားၿပီး အခန္းျပင္မွာ ရပ္ေန"

ရွီခြန္း ေအာ္ရယ္လိုက္သည္။
"မင္းကိုယ္မင္ ဘာထင္ေနလဲ။ ငါ့ကိုအမိန့္ေပးေနရေအာင္"

ခ်ဴခ်ဴယန္လည္း ရႈပ္ေထြးေနသည္။
ဘာျဖစ္ေနတာလဲ။ ဒီေန႕ သူထူးဆန္းေနတယ္။ သူမွမဟုတ္ဘူး အကုန္လုံးပဲ။

ဇူအန္ အသာသက္ျပင္းခ်၍ ေျပာေလသည္။
"စည္းကမ္းအရ လျပည့္ဝန္းအကယ္ဒမီမွာ စာသင္ခ်ိန္အတြင္း ဆရာကို ျပန္ေျပာတဲ့ ေက်ာင္းသားက ျပင္းျပင္းထန္ထန္ အျပစ္ေပးခံရမယ္။ အဆိုးဆုံး အေျခအေနအရ ေက်ာင္းမွ ထုတ္ပယ္ျခင္းေတာင္ ခံနိုင္ရေသးတယ္။ ငါ့စကားက ဟန္ျပပဲလို႔ မင္းထင္ေနတာလား"

တကယ္ေတာ့ စည္းကမ္းက အမွန္တကယ္ မထိေရာက္ေၾကာင္း ဇူအန္ သိေလသည္။ ၾသဇာရွိေသာ ရွီအိမ္၏ သခင္ေလးကို ကိစၥအေသးအဖြဲေၾကာင့္ ေက်ာင္းထုတ္ရန္ မျဖစ္နိုင္ေပ။ သို႔ေသာ္ ျပစ္ဒဏ္အေသးစားဆိုလွ်င္ အကယ္ဒမီက ဘာမွ ေျပာမည္မဟုတ္ေပ။

"မင္းက ဆရာတစ္ေယာက္ ဟုတ္လား" ရွီခြန္းက ရယ္စရာအေကာင္းဆုံး ဟာသတစ္ခု ၾကားလိုက္သည့္အလား ျပန္ေျပာရန္ ျပင္ေနစဥ္ ယြမ္ဝမ္ဒုံ သူ႕အကၤ်ီစကို အသည္းအသန္ ဆြဲ၍ သတိေပးေလသည္။

"သူက တကယ္ လျပည့္ဝန္းအကယ္ဒမီရဲလ အတြက္အခ်က္ဆရာ အသစ္ပဲ"

ရွီခြန္း ၾကားၾကားခ်င္း ယြမ္ဝမ္ဒုံ ႐ူးေနသည္ဟု ထင္လိုက္သည္။ သို႔ေသာ္ မၾကာခင္ လူတစ္ခ်ိဳ႕ သနားေသာမၾကည့္ျဖင့္ ေခါင္းညိတ္ျပလိုက္ေသာေၾကာင့္ သူေတာင့္ခဲသြားသည္။

"ဘာလို႔ ေစာေစာတည္းက ႀကိဳမေျပာတာလဲ"

ရွီခြန္း ေဒါသထြက္လြန္း၍ ပုံမွန္ ယဥ္ေက်းေသာ မ်က္ႏွာဖုံးကို ခြာခ်ၿပီး က်ိန္ဆဲလိုက္မိသည္။

"မင္းက မေမးတာ"

ယြမ္ဝမ္ဒုံလည္း အစြတ္စြဲခံလိုက္ရသလို ခံစားမိေလသည္။
ဒီကိစၥကို မသိတဲ့လူ အကယ္ဒမီမွာ တစ္ေယာက္မွ မရွိဘူး။ မင္းမွာ အားေကာင္းတဲ့ အဆက္အသြယ္ေတြ ရွိတယ္မဟုတ္ဘူးလား။ ဒီကိစၥကို မင္းမၾကားဖူးတာ ငါဘယ္လို သိမွာလဲ။

ရွီခြန္း ေသြးအန္ခ်င္လာသည္။
စနိုးနဲ႕ ေမေခ်ာက္ဖုန္က ငါ့ကို ဒီကိစၥ ဘာလို႔ မေျပာတာလဲ။ တစ္တန္းလုံးေရွ႕မွာ ငါ့ကို အရွက္ကြဲေအာင္ လုပ္တယ္။ အခန္းထဲက ေလထုတစ္မ်ိဳးျဖစ္ေနတာ မထူးဆန္းေတာ့ဘူး။

ကံေကာင္းစြာ သူ႕ျဖတ္ထိုးဉာဏ္ေၾကာင့္ လြတ္လမ္းရွာရန္ မခက္ခဲေပ။
"က်ဳပ္က ဒီေန႕မွ ေက်ာင္းေျပာင္းလာတာ။ အဲ့တာေၾကာင့္ အကယ္ဒမီရဲ႕ အေၾကာင္းေတြ မသိေသးဘူး။ ၿပီးေတာ့ မင္းအခန္းထဲ ဝင္လာတုန္းက မင္းကိုယ္မင္းမွ မိတ္မဆက္ေပးတာ။ ဒီလို အထင္လြဲတာ ငါ့အျပစ္မဟုတ္ဘူး"

ဇူအန္ ေခါင္းၿငိမ့္လိုက္သည္။
"မင္းေျပာတာမွန္တယ္။ ငါမင္းကို ဒီတိုင္း အျပစ္ေပးလိုက္ရင္ မင္းလည္း ေက်နပ္မွာ မဟုတ္ေလာက္ဘူး။ ေကာင္းၿပီေလ ဒီလိုဆိုေတာ့ အတြက္အခ်က္ပညာသုံးၿပီး ေျဖရွင္းၾကတာေပါ့။ ငါဒီေန႕ ေမးခြန္းတစ္ခ်ိဳ႕ေမးမယ္။ မွန္ေအာင္ မေျဖနိုင္တဲ့ ေက်ာင္းသားတိုင္း အျပင္ထြက္ မတ္တပ္ရပ္ရမယ္။ ဘယ္လို သေဘာရလဲ"

ထိုစကားမ်ားက အခန္းထဲရွိ ေက်ာင္းသားအားလုံးကို ထိပ္လန့္သြားေစသည္။ ရန္ေဝ့ ေမးခြန္းတစ္ခုမွ မေျဖနိုင္ျခင္းကို ျပန္ျမင္ေယာင္လာၾကသည္။

အတန္းေဖာ္မ်ား၏ တုံ႕ျပန္မႈကို မၾကည့္ဘဲ ရွီခြန္း ေခတၱေၾကာင္သြားၿပီး ခ်က္ခ်င္းလက္ခံလိုက္သည္။
"ရတယ္ ဒါက ကိစၥမရွိဘူး"

သူ႕ကိုယ္သူ က်င့္ႀကံမႈေရာ အတန္းပညာပါကြၽမ္းက်င္ေသာေၾကာင့္ ဂုဏ္ယူေလသည္။ ဇူအန္ ေမးေသာ ေမးခြန္းမ်ားက သူ႕ကို ရႈံးေစမည္ဟု ရွီခြန္း မထင္ေပ။ ထို႔အျပင္ သူတစ္ေယာက္တည္း ပါဝင္သည္မဟုတ္ အတန္းထဲက လူအားလုံး ပါဝင္ေလသည္။ သူမေျဖနိုင္ေသာ ေမးခြန္းကို အတန္းထဲက မည္သူမွ မေျဖနိုင္ဟု ယုံၾကည္ေလသည္။ဇူအန္ အကုန္လုံးကို အခန္းျပင္ထုတ္ရေလာက္ေအာင္ အတင့္မရဲနိုင္ေပ။ သူ႕ဇနီးလည္း ပါဝင္ေနသည္ပင္။

"ေကာင္းၿပီ ။ ေသခ်ာနားေထာင္" ဇူအန္ ေမးခြန္း စေမးသည္။

"ဒီေမးခြန္းမွာ လူႏွစ္ေယာက္ ပါတယ္။ Aနဲ႕ B။ Aက အလိမ္ေတြပဲေျပာၿပီး Bက အမွန္ေတြခ်ည္းပဲ ေျပာတတ္တယ္။ ဒါေပမဲ့ သူတို႔က ေခါင္းၿငိမ့္ ေခါင္းခါၿပီးပဲ ျပန္ေျဖတတ္တာ။ တစ္ေန႕ေတာ့ မင္းလမ္းဆုံတစ္ခုကိုေရာက္လာတယ္။ လမ္း1 နဲ႕ လမ္း2 ဆိုၿပီး ခြဲသြားတာ။ တစ္လမ္းက ၿမိဳ႕ေတာ္ကို ေရာက္ၿပီး တစ္လမ္းက ေခ်ာင္က်တဲ့ ႐ြာေလးတစ္႐ြာကို ေရာက္တာ။ မင္းက Aနဲ႕ Bရဲ႕ ေရွ႕မွာ ေရာက္ေနၿပီး ဘယ္သူက A ဘယ္သူက Bလို႔မသိဘူး။ ေခါင္းၿငိမ့္တာက အမွန္လား ေခါင္းယမ္းတာက အမွန္လားလဲ မသိဘူး။ လက္ရွိမွာ မင္းသူတို႔ကို ေမးခြန္းတစ္ခုေမးၿပီး ၿမိဳ႕ေတာ္ကို သြားမယ့္လမ္းကို အေျဖထုတ္ရမယ္။ အဲ့တာဆို ဘာေမးခြန္း ေမးမလဲ"

ေမးခြန္းကို ၾကားေသာ္ အခန္းထဲမွ ေက်ာင္းသားမ်ား ပင့္သက္ရွိုက္မိသြားသည္။ ထင္သည့္အတိုင္း ခက္ခဲေသာ ေမးခြန္းတစ္ခုပင္။

ရွီခြန္း ေၾကာင္အသြားသည္။ ေမးခြန္းတစ္ခုလုံး ၾကားၿပီးတာေတာင္ နားလည္ရန္ ခက္ခဲေနေသးသည္။ အခ်ိန္အၾကာႀကီးေနမွ မ်က္ႏွာရဲရဲျဖင့္ ျပန္ေျဖသည္။
"က်ဳပ္မသိဘူး။ ဒီအခန္းထဲက ဘယ္သူမွ သိမယ္လို႔လဲ မထင္ဘူး ။ ဘာလို႔ သူ႕ကို မေမးလဲ"

သူက ခ်ဴခ်ဴယန္ကို လက္ညွိုးထိုး၍ ေမးလိုက္သည္။ သူက အျပစ္ေပးခံရလွ်င္ပင္ ခ်ဴခ်ဴယန္ႏွင့္အတူဆိုပါက မဆိုးဘူးလို႔ ေတြးလိုက္သည္။
မင္းမိန္းမကို  ငါ့ရင္ခြင္ထဲ ပို႔ခ်င္ရင္ ငါက ဝမ္းသာအားရ လက္ကမ္းႀကိဳေနဦးမွာ။

ထိုစကားမ်ားၾကားေသာ္ ဇူအန္ ခ်ဴခ်ဴယန္ထံ ေလွ်ာက္သြား၍ တိတ္ဆိတ္စြာ ၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္ ခ်ဴခ်ဴယန္ စိတ္ထဲ ပ်ာယာခတ္ေနၿပီျဖစ္သည္။ သူက ဇူအန္ယခင္ေမးခြန္းေၾကာင့္ အံ့ၾသေနတုန္းရွိေသးသည္။ထိုေမးခြန္းကို သူမလည္း မေျဖနိုင္ေပ။

သူက အကယ္ဒမီ၏ နံပါတ္ ၁ပါရမီရွင္ဟု ႏွစ္ေပါင္းမ်ားစြာ ေက်ာ္ၾကား၍ ေက်ာင္းသားအားလုံး၏ ေလးစားျခင္းခံခဲ့ရသည္။ ေမးခြန္းတစ္ခုေတာင္ မွန္ေအာင္ မေျဖနိုင္ခဲ့ဘဲ အျပစ္ေပးခံရလွ်င္ သူမဂုဏ္သိကၡာ ေရထဲ ေျမာသြားေပလိမ့္မည္။

ဇူအန္ သူမ၏ ထိပ္လန့္မႈကို ျမင္နိုင္ၿပီး အၿပဳံးတစ္ခု ေပၚလာသည္။
"အဆင္သင့္ျဖစ္ၿပီလား။ မင္းကို ေမးခြန္းေမးေတာ့မလို႔"

"လုပ္ပါ" ခ်ဴခ်ဴယန္ တစ္ခါမွ ဒီေလာက္ မတုန္လႈပ္ဖူးေပ။ ယခင္ေမးခြန္းကို မည္သို႔ေျဖရမည္ဟုေတြးရင္း သူ႕ဦးႏွောက္က ဗလာက်င္းၿပီး စဥ္းစားနိုင္စြမ္း ရပ္တန့္သြားသည္။

ထိုအခ်ိန္ လူအားလုံးေရွ႕မွာပင္ ဇူအန္ ေမးလိုက္သည္။
"မင္းအတြက္ ေမးခြန္းက တစ္နဲ႕ တစ္ေပါင္း ဘယ္ေလာက္လဲ"

------------------------------------------------------------------------------

Continue Reading

You'll Also Like

1.1M 65.8K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
471K 57K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
257K 24.9K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...