ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

81.3K 10.8K 63

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

99

333 56 0
By SoeHmue

Chapter 99.

"ဟယ်…ချောလိုက်တာ"

"သူက ရှီအိမ်ရဲ့ ၆ ယောက်မြောက် သခင်လေး မဟုတ်ဘူးလား"

"မိန်းမတွေ သူ့ကို အစားအစာပို့ပေးတာ မဆန်းတော့ဘူး။ သူ့ရုပ်ကိုပဲ ကြည့်ပါလား။ ငါတောင် သူ့ကို အလိုလိုက်ချင်လာတယ်"

"အဲ့လိုလား ငါတော့ ကောလဟလတွေလောက် ချောတယ်မထင်ပါဘူး ငါတို့ကျောင်းက ချီရှို့ကိုပဲကြည့်လေ သူနဲ့ယှဉ်ရင် ပိုသာသလိုပဲ"

"အဲ့လို အမှိုက်မျိုးကို မပြောစမ်းပါနဲ့။ အဲ့ဒီကောင်က ရှီသခင်လေးနဲ့ တစ်တန်းတည်း နှိုင်းလို့ရမလား"

ဖြတ်သွားဖြတ်လာကျောင်းသူများ ရှီခွန်းကို မြှောက်ပင့်နေကြသည်။

"ဟ..မိန်းမတွေများ" ဇူအန် သရော်လိုက်သည်။
ရှီခွန်းအနားတွင် လူတစ်ချို့ရှိနေသည်။ အများစုကို ဇူအန် မရင်းနှီးသော်လည်း တစ်ချို့ကို မှတ်မိသေးသည်။ ယွမ်ဝမ်ဒုံ နှင့် ရီချန်းလျန် ကို အသာလေး ဆွဲထုတ်နိုင်သည်။

ယွမ်ဝမ်ဒုံက အမြဲတမ်း သူ့ကိုယ်သူ လောကကြီးတစ်ခုလုံး ပိုင်စီးနေသလို ပြုမူနေတတ်သည်။ သို့သော် ယနေ့ သူ့ပုံမှန် မောက်မာမှုများ လုံးဝမမြင်ရပေ။ ရှီခွန်းနောက်တွင် ကျိုးနွံစွာ ပြုံး၍ မြှောက်ပင့်ရန် နည်းလမ်းရှာကာ တစ်ကောက်ကောက်လိုက်နေလေသည်။
ရီချန်းလျန် ကပိုဆိုးသေးသည်။ သူ့မျက်နှာထားက ဖော်လံဖား ၏ ပြဌာန်းစာအုပ်မျက်နှာဖုံးအလားပင်။

ဒီလောကကြီးက လက်တွေ့ဆန်ချက်ပဲနော် ဟင်း။
အရင်ဘဝတွင် များစွာမြင်ဖူးပြီးဖြစ်၍ ဇူအန် သက်ပြင်းချလိုက်မိသည်။

ချူဟွမ်ကျောက် ရှီခွန်းကို တစ်ချက်ကြည့်၍ တီးတိုးပြောလေသည်။
"သူ့ကို အများကြီးပိုချောမယ်ထင်ထားတာ။ ငါ့ခဲအိုနဲ့ သိပ်လည်းမကွာဘူး"

ဇူအန် မျက်နှာမည်းသွားသည်။
သူက ငါ့ကို ချီးကျူးနေတာလား။ နှိမ်နေတာလား။

ရှီခွန်းက သူတို့ထံ နှစ်လိုဖွယ်ရအပြုံးဖြင့် လျှောက်လာသော်လည်း ချူချူယန်ကို မျက်မှောင်သာ ကြုံ့စေသည်။ သူမ ပါးစပ်ဖွင့်၍ ပြောရန်ကြံလိုက်စဉ်မှာပင် ရှီခွန်း ဖြတ်ပြောလေသည်။
"ချူမိန်းကလေး လမ်းမပေါ်မှာ ကျုပ်ကို တစ်ခြားယောက်ျားတစ်ယောက်လို့ ခေါ်တာ ထားပါတော့ ။ အခု ကျုပ်တို့က ကျောင်းဝန်းထဲမှာ။ အနည်းဆုံး ကျောင်းနေဖက်တွေဖြစ်နေပြီ။ ချူမိန်းကလေးအတွက် တစ်ခြားယောက်ျားတော့ မဟုတ်တော့ပါဘူးနော်"

ရှီခွန်း၏ ယဉ်ကျေးသော အပြောအဆိုက ချူချူယန်ကို ငြင်းစရာမရှိဖြစ်စေသည်။ ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
"ဟုတ်ပြီ ကျွန်မနားလည်ပြီ"

သူ့ရှေ့က အဖြူရောင်ဝတ်နတ်သမီးကို ကြည့်၍ ရှီခွန်း စိတ်ကူးယဉ်နေသည်။ မိန်းမအများကြီး သူ့ရင်ခွင်ထဲ ပစ်ဝင်ရန် ကြိုးစားကြသည်။ တစ်ချို့ဆို နောက်ခံကောင်းသော မိသားစုမှ လာကြသော်လည်း မည်သူမှ ချူချူယန်ကို မမီပင်။ သူမရဲ့ ရုပ်ရည်နှင့် တည်ငြိမ်သော အရှိန်အဝါက ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးတစ်ယောက်လို ခံစားရစေသည်။

သူ့ကို ငါရရမယ်။
ရှီခွန်း ရမ္မက်က အချိန်ကြာလေ ပိုတိုးလာလေပင်။

ရှီခွန်း ဘေးက ကျောင်းသူအားလုံးကို ညှို့ယူနိုင်သည့် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုပြုံး၍ ပြောလိုက်သည်။
"ချူမိန်းကလေး ဒါက ကျုပ်တို့ ပထမဆုံး တွေ့တာမဟုတ်ဘူး"

"အို" ချူချူယန် အံသြသွားသည်။
"ကျွန်မကို ခွင့်လွှတ်ပါ။ ကျွန်မရှင့်ကို တွေ့ဖူးတယ်လို့ သတိမထားမိဘူး"

"လွန်ခဲ့တဲ့ ၇ နှစ်လောက်တုန်းက မြို့တော် အစုအဝေးတစ်ခုမှာ မင်းကို ရေကန်အလွန်က တစ်ချက်မြင်ခွင့် ရလောက်တယ်။ ကျုပ်ဘယ်လောက်တောင် ညှို့ယူခံလိုက်ရလဲ စကားလုံးနဲ့ ပြောမရဘူး။ အဲ့ဒီနေ့တည်းက ကျုပ်စိတ်မှာ နောင်တရနေတာ။ ကျုပ်တွေ့လိုက်တဲ့ နတ်သမီးကို နှစ်ပေါင်းများစွာ ရှာနေပေမဲ့ ရှာမတွေ့ဘူး။ ကြည့်ရတာ ကျုပ်ကိုသနားထလို့ မိုးနတ်မင်းက မင်းကိုနောက်တစ်ကြိမ် အခုလိုပြန်ဆုံခွင့် ပေးလိုက်တာပဲ"

"ဟယ်..ရှီသခင်လေးက ဒီလောက်သစ္စာရှိတဲ့ လူလို့ မထင်ထားဘူး"

"အဲ့ဒီစကားတွေကသာ ငါ့အတွက်ဆိုရင် ငါပျော်လို့ မေ့လဲသွားလောက်ပြီ"

"ဟုတ်တယ် ရုပ်ချောတဲ့ ယောက်ျားအားလုံးက ချီရှို့လို လူပွေတွေချည်းလို့ ထင်လိုက်တာ။ သူ့လို ခံစားချက်စစ်မှန်တဲ့လူ ရှိဦးမယ်လို့ ထင်မှာလဲ"

...

ဇူအန် ဒေါသထွက်ပြီး စိတ်တိုနေသည်။
ဒီအချစ်ရူးနေတဲလ ငတုံးမတွေ။ ဒီလို စကားတစ်ခွန်းလောက်နဲ့ မြောသွားရောလား။ ဒီလိုနှုန်းနဲ့ သူဒီနေရာမှာ အီထိုင်ပါရင်တောင် ချီးကျူးဖို့ စကားရှာနေဦးမှာပဲ။

တစ်ချိန်လုံး ရှီခွန်းက သူ့ကို လျစ်လျှူရှု၍ သူ့မိန်းမကို ချစ်စကားပြောနေသည်။ လောကမှာ ဘယ်ယောက်ျားမှ ဒါကို သည်းမခံနိုင်ပေ။

ဇူအန် ချူချူယန်ရှေ့ကို သွားလိုက်ပြီး
"ချီးခွန်းအစ်ကို ခင်ဗျားပြောတာ တစ်ခုခုမှားနေတယ်လို့ ကျုပ်ထင်တယ်"

"ချီးခွန်း?" ရှီခွန်းမျက်နှာ ဒေါသထွက်၍ နီရဲလာသည်။
"မင်းက ဘယ်သူ့ကို ချီးခွန်းလို့ ခေါ်နေတာပဲ။ ရှီခွန်းကွ"

သင်သည် ရှီခွန်းထံမှ အမျက်ပွိုင့် အမျက်ပွိုင့် ၃၁၅ ရယူလိုက်သည်။

"ဟုတ်ပြီ ဟုတ်ပြီ ချီးခွန်းအစ်ကို" ဇူအန် သူ့စကားကို အရေးမလုပ်ပေ။
"ခင်ဗျားပြောတာကို အနှစ်ချုပ်လိုက်ရရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တစ်ချက်တွေ့ပြီး နောက်ယောင်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို ဖူးစာလို့ ဘယ်လိုများ နာမည်တပ်လိုက်ရတာလဲ"

"မင်းက ဘယ်သူလဲ မင်းမေးခွန်းကို ငါက ဘာလို့ဖြေနေရမှာလဲ" ရှီခွန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ဇူအန်ကို သူ မသိရန် အကြောင်းမရှိပေ။ သို့သော် သူ့နေရာမှ ဇူအန်ကို မသိချင်ယောင်ဆောင်ခြင်းက အကောင်းဆုံးပေ။

"အာ မင်းက ငါ့ကို မသိဘူးလား။ တရားဝင်နှုတ်ဆက်ဖို့တော့ လိုနေပြီနော်" ဇူအန် ချူချူယန်လက်ကို ဆုတ်ကိုင်၍
"ငါက မင်းနေ့နေ့ညညအိပ်မက်မက်နေတဲ့ နတ်သမီးရဲ့ ယောက်ျား။ မင်းက တစ်ချိန်လုံး သူ့အကြောင်းစိတ်ကူးယဉ်နေပေမဲ့ ငါကတော့ စိတ်ကူးယဉ်စရာမလိုဘူးလေ။ ငါတို့နှစ်ယောက်က တစ်ကုတင်တည်း အိပ်တာပဲ။ အဲ့တာက နှုတ်ဆက်ဖို့ လုံလောက်ပြီလား"

ချူချူယန် သူ့လက်ကို ဆွဲကိုင်ခံရ၍ ရုတ်တရက် လန့်သွားသည်။ သူ့အကျင့်အရ လက်ကို ပြန်ထုတ်ရန် ပြင်လိုက်သော်လည်း ထိုသို့ လုပ်ခြင်းက ဇူအန်ကို လူကြားထဲ အရှက်ခွဲရာကျမည်ဖြစ်မှန်း သိလေသည်။

ထို့အပြင် ဇူအန်ကို လက်ထပ်ရခြင်း ရည်ရွယ်ချက်က ဧကရာဇ်အုပ်စုရော ချီဘုရင်အုပ်စုရဲ့ လက်ထပ်ပွဲမှ ပူးပေါင်းခြင်းကို ရှောင်လွှဲရန်ပင်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေး ဝေးကွာလှကြောင်း အနည်းငယ် ပြမိပါက တစ်ချိန်လုံး ကြိုးစားလာသမျှ အလကားဖြစ်သွားပေလိမ့်မည်။

ထိုအကြောင်းပြချက်များကြောင့် သူ့ကိုယ်သူထိန်း၍ ဇူအန်ကို လက်ကိုင်ခွင့် ပြုလိုက်သည်။ ဇူအန်ကလည်း ခန့်မှန်းပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လုပ်ရဲခြင်းပင်။

ချူချူယန် ထင်မထားသည်က ဇူအန် လျှာဘယ်လောက် အဆိပ်ပြင်းလဲပင်။ သူပြောသော တဲ့တိုးစကားများကြောင့် အေးစက်စက်စရိုက်ရှိသော သူမပင် နားရွက်များ ပူလာရသည်။
ငါသူ့ကို မဆန့်ကျင်မှန်းသိလို့ တမင်သက်သက် အသားယူနေတာလား။

သူ့စကားကို နားလည်စွာ လူအုပ်က အုံကြွသွားသည်။ သူတို့က ချူချူယန် နှင့် ဇာအန် လက်ထပ်ထားကြောင်းသိသော်လည်း ချူချူယန် သူ့ကို လက်ထပ်ရခြင်းက အကြောင်းရှိမည်ဖြစ်ပြီး အသားယူရန် ခွင့်ပြုမည်မဟုတ်ကြောင်း ကိုယ့်ကိုကိုယ် နှစ်သိမ့်နေကြခြင်းပင်။ အမှန်တော့ သူတို့နှစ်ယောက် မင်္ဂလာဦးည အတူမကုန်ဆုံးရသေးဟု တွေးနေသူများပင် ရှိသေးသည်။

သို့သော် ဇူအန် ကြေညာချက်က သူတို့စိတ်ကူးယဉ်ထားသမျှကို ကြေမွသွားစေသည်။ ပိုဆိုးစေသည်က ချူချူယန်က မငြင်းဘဲ ရှက်ရွံ့ဟန်သာ ပြနေခြင်းပင်။
အောင်မလေး..ရူးတော့မှာပဲ။

လပြည့်မြို့ရဲ့ အလှဆုံးမိန်းကလေး ဖူအန်အောက် ကျရောက်သွားသည်ကို တွေးမိရင်ပင်....လူအများကြီး မနာလို၍ ဒေါသပေါက်ကွဲလာရသည်။

သင်သည် ကောင်းရန် ထံမှ အမျက်ပွိုင့် ၄၄၄ ရယူလိုက်သည်။

သင်သည် ဟယ်ပုယူ ထံမှ အမျက်ပွိုင့် ၄၄၄ ရယူလိုက်သည်။

သင်သည် ဝူကျန်းကျင် ထံမှ အမျက်ပွိုင့် ၄၄၄ ရယူလိုက်သည်။

အမျက်ပွိုင့် မြောက်များစွာက ဇူအန်စိတ်ကို ကျေနပ်စေသည်။ သူဖတ်ဖူးသော သိုင်းဝတ္ထုများအတိုင်းပင် မိန်းမလှတစ်ဦး ပါဝင်ပတ်သက်လာသည်နှင့် ရန်စရန် အလွန်လွယ်လေသည်။

ရှီခွန်း သူတို့၏ ဆုတ်ထားသော လက်များကို ကြည့်ရင်း ပါးများ တုန်ခါလာသည်။ သူက အမြဲတမ်း ချူချူယန်ကို သူ့အပိုင်ဟု တွက်ထားပြီး အခုတော့ အခြားယောက်ျားတစ်ယောက်က သူ့ကို ထိပါးနေသည်။ လက်တစ်ခုတည်း ဖြစ်သော်လည်း ဒါက သူ့ကို ဒေါသထွက်စေရန် လုံလောက်လေသည်။

သင်သည် ရှီခွန်းထံမှ အမျက်ပွိုင့် ၅၂၀ ရယူလိုက်သည်။

"ဇူအန် ငါသိသလောက်တော့ မင်းနဲ့ ချူမိန်းကလေးက တစ်ခန်းစီအိပ်တာ။ မင်းကို သူ့အခန်းတောင် ဝင်ခွင့်မပြုဘူးဆို။ မင်းဆီက ဒီစကားမျိုး ကြားရတာ ဘယ်လောက်တောင် ရယ်ချင်စရာလဲ" ရှီခွန်း အထင်သေးစွာ သရော်လိုက်သည်။

တစ်ဖက်တွင် ဇူအန် အံ့သြသွားသည်။
ငါတို့ အခန်းခွဲအိပ်တာ သူဘယ်လိုသိလဲ။
သူ့စိတ်ထဲ အတွေးတစ်ခု ရုတ်တရက်ပေါ်လာပြီး
"ချူယန်ရဲ့ ယောကျာ်းအဖြစ် မိတ်ဆက်တုန်းက ကျုပ်နာမည်ကို မိတ်မဆက်မိပါဘူး။ ကျုပ်နာမည် ဇူအန်ဆိုတာ ဘယ်လိုသိလဲ။ ကျုပ်တို့ ချူအိမ်ထဲကို သူလျှိုပို့ထားတာ များလား။ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်တို့ စနိုး ဆိုတဲ့နာမည်နဲ့ သူလျှိုတစ်ယောက် ပေါ်သွားတာ မကြာသေးဘူး။ မင်းက သူ့နောက်က ကြိုးကိုင်တဲ့လူများလား"

ချူချူယန် ရှီခွန်းကို သံသယဖြင့် ကြည့်လိုက်သည်။ ချူအိမ်ရဲ့ အနေအထားဖြင့် စနိုးကို မစုံစမ်းနိုင်လျှင် နောက်ကွယ်ကလူသည် အမြင့်ပိုင်းက ဖြစ်ရမည်။ ရှီခွန်းက ဖြစ်နိုင်ချေထဲက တစ်ယောက်ပင်။

"အမှိုက်ပဲ ။ စနိုးလား ဆောင်းလား ငါက ဒီလိုကိစ္စတွေ ဘယ်လိုလုပ်သိမှာလဲ။ ငါ့ကို လာမစွတ်စွဲနဲ့" ရှီခွန်း အလျင်အမြန် ငြင်းလိုက်သည်။ သူက ဇူအန်ကို ဒီလောက် စူးရှမည်ဟု မထင်ထားပေ။
"မင်းနာမည်ကတော့ ချူအိမ်သခင်မလေးလက်ထပ်တာက လူသိရှင်ကြားပဲ။ မင်းနာမည်သိတာ ထူးဆန်းလို့လား"

ဇူအန်နှာမှုတ်လိုက်သည်။
"မင်းငါ့ကို သိမှတော့ အစောတုန်းက ဘာလို့ မသိချင်ယောင်ဆောင်နေသေးတာလဲ။ ကြည့်ရတာ မင်းမျက်နှာချောချောအောက်က ကြောင်သူတော်နှလုံးသားရှိပုံပဲ"

ရှီခွန်း ဖြေစရာ မရှိတော့ချေ။

သင်သည် ရှီခွန်းထံမှ အမျက်ပွိုင့် ၃၀၀ ရယူလိုက်သည်။

ဇူအန် ဆက်ပြောသည်။
"ပြီးတော့ မင်းရဲ့ မောက်မောက်မာမာစရိုက်အရ ငါ့စွတ်စွဲချက်ကို မကြားချင်ယောင်ဆောင်ပြီး လျစ်လျှူရှုသင့်တာ မဟုတ်ဘူးလား။ ငါ့လို ဘာမဟုတ်တဲ့လူရဲ့ စကားကို အသည်းအသန် ပြန်ငြင်းနေတာက စိတ်ဝင်စားစရာပဲ။ မင်းက ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့များလား"

ပွဲကြည့်ပရိသတ်အများစုက ခေါင်းညိတ်ပြလိုက်သည်။ ဇူအန်က မုန်းစရာကောင်းသော်လည်း သူ့သကားက အဓိပ္ပာယ်ရှိနေသေးသည်။ ဒီအပြုအမူက ရှီသခင်လေးစရိုက်နှင့် ဆန့်ကျင်နေသည်။
တကယ်ပဲ လိပ်ပြာမလုံလို့ များလား။

ဇူအန် ထောင်ချောက်ဆင်ထားမှန်း ရှီခွန်းနားလည်သွားသည်။ မေချောက်ဖုန်နှင့် စနိုး သူ့လက်ထဲ ဘယ်လိုကျရှုံးသွားလဲ နားလည်လိုက်သည်။ စိတ်ထဲက စနိုးကို ကျိန်ဆဲလိုက်သည်။
သူက ဒီရွံစရာကောင်းတဲ့ ကောင်ကို ဘာလို့ မသတ်လိုက်နိုင်တာလဲ။

အသက်ပြင်းပြင်းရှူ၍ ဖူအန်ကို လျစ်လျှူရှူရန် ဆုံးဖြတ်လိုက်သည်။
"ချူမိန်းကလေး သူ့စကားတွေက ချူအိမ်နဲ့ ရှီအိမ်ကြားက သံယောဇဉ်ကို မပျက်စီးပါစေနဲ့။ မင်းတို့ ချူအိမ်တွင်းက ကိစ္စတွေကို ကျုပ်မသိဘူး။  ကျုပ်တို့ ရှီအိမ်နဲ့ ဘာမှမဆိုင်ပါဘူး"

ချူချူယန် ဒီကိစ္စနှင့်ပတ်သက်ပြီး စိတ်ဆုံးဖြတ်ပြီး၍ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
"ကျွန်မမျှော်လင့်ပါတယ်။ ကျွန်မတို့ ချူအိမ်တော်က အရမ်းအင်အားမကောင်းပေမဲ့ ဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့်ပေးမှာမဟုတ်ပါဘူး"

ရှီခွန်း အန်းတန်းတန်း ရယ်လိုက်သည်။
"ချူမိန်းကလေးက ကျုပ်ကို နောက်နေပါပြီ။ ချူအိမ်လို မြို့တော်ဝန်အိမ်တော်က တော်၀င်အိမ်တော်တစ်ခုပါ။ ပြီးတော့ ကျုပ်က ခင်ဗျားကို နှစ်သက်တာ ကြာပြီ။ ခင်ဗျားကို ထိခိုက်အောင် ဘာမှမလုပ်ပါဘူး"

ချူချူယန် ပြန်မပြောနိုင်ခင် ဇူအန် ဖြတ်ပြောသည်။
"အာ အခုမှ ကျုပ်သတိရတယ်။ မင်းပြောတော့ ငါ့မိန်းမကို အရင်နှစ်အနည်းငယ်က တွေ့ပြီး အဲ့ဒီအချိန်တည်းက စိတ်ထဲ စွဲနေတာဆို။ သူ့ကို လပြည့်မြို့မှာ တွေ့မယ်လို့ မထင်ထားတော့ ဖူးစာလို့ ထင်နေတယ်မလား။"

"အမှန်ပဲ" ရှီခွန်း ဇူအန်ကို အေးစက်စက်စိုက်ကြည့်ပြီး
"အဲ့ဒီတုန်းက ချူမိန်းကလေးက မင်းနဲ့ လက်မထပ်ရသေးဘူး။ ငါသူ့ကို နှစ်သက်တာ ဘာပြဿနာရှိလို့လဲ။ သူ့ကို နှစ်သက်တာ နှစ်ပေါင်းများစွာ ကြာတော့ ဒီခံစားချက်က ရင်ထဲ စွဲနေပြီ။ သူလက်ထပ်ပြီးတာ သိပေမဲ့ ငါ့ခံစားချက်ကို မထိန်းနိုင်ဘူး။ ချူမိန်းကလေး အဲ့ဒီအတွက် ခွင့်လွှတ်ပါ"

ဒီလို သစ္စာရှိပြီး ခံစားချက်ပြင်းတဲ့ ပုံစံလာဟန်ဆောငိနေတယ် ဟုတ်လား ဟမ့်.
ဇူအန် အေးစက်စက် လှောင်လိုက်သည်။ အင်တာနက်ပေါ်တွင် မိန်းမပိုးနည်း ပေါင်းစုံရှိသည်။ ကီးဘုတ်သူရဲကောင်းတစ်ယောက်အနေနဲ့ ဇူအန် မမြင်ဖူးတာ မရှိပေ။

"အိုး..အဲ့တာက အတော်လေး ထူးဆန်းတယ်။ ရှီအိမ်တော်က မြို့တော်မှာ အာဏာရှိပြီး အဆက်အသွယ်များတဲ့ အိမ်တော်တစ်ခုလို့ ကျုပ်ကြားဖူးတာ။ ချူယန်ကလည်း အမည်မသိ သာမန်လူမဟုတ်ဘူး။ ချူအိမ်တော်ရဲ့ ပထမသခင်မလေးပဲ။ အဲ့ဒီတုန်းက ဘေးနားကလူကို မေးကြည့်ရင်တောင် သူ့အကြောင်းသိတဲ့လူ ရှိမှာအမှန်ပဲ။ ဒါတောင် နှစ်အများကြီး မင်းကရှာမတွေ့ဘဲ ကံကြမ္မာကြောင့် ဆုံတွေ့ရတဲ့ ပုံစံ လုပ်နေသေးတယ်။ ဒီအခြေအနေမှာ မင်းက အကြံဆိုးတစ်ခုခုရှိနေတာလား။ ရိုးရိုး အသုံးမကျတာလား ငါတောင်မပြောတတ်တော့ဘူး။"

--------------------------------------------------------------------

Chapter 99.

"ဟယ္ေခ်ာလိုက္တာ"

"သူက ရွီအိမ္ရဲ႕ ၆ ေယာက္ေျမာက္ သခင္ေလး မဟုတ္ဘူးလား"

"မိန္းမေတြ သူ႕ကို အစားအစာပို႔ေပးတာ မဆန္းေတာ့ဘူး။ သူ႕႐ုပ္ကိုပဲ ၾကည့္ပါလား။ ငါေတာင္ သူ႕ကို အလိုလိုက္ခ်င္လာတယ္"

"အဲ့လိုလား ငါေတာ့ ေကာလဟလေတြေလာက္ ေခ်ာတယ္မထင္ပါဘူး ငါတို႔ေက်ာင္းက ခ်ီရွို႔ကိုပဲၾကည့္ေလ သူနဲ႕ယွဥ္ရင္ ပိုသာသလိုပဲ"

"အဲ့လို အမွိုက္မ်ိဳးကို မေျပာစမ္းပါနဲ႕။ အဲ့ဒီေကာင္က ရွီသခင္ေလးနဲ႕ တစ္တန္းတည္း ႏွိုင္းလို႔ရမလား"

ျဖတ္သြားျဖတ္လာေက်ာင္းသူမ်ား ရွီခြန္းကို ျမႇောက္ပင့္ေနၾကသည္။

"ဟ..မိန္းမေတြမ်ား" ဇူအန္ သေရာ္လိုက္သည္။
ရွီခြန္းအနားတြင္ လူတစ္ခ်ိဳ႕ရွိေနသည္။ အမ်ားစုကို ဇူအန္ မရင္းႏွီးေသာ္လည္း တစ္ခ်ိဳ႕ကို မွတ္မိေသးသည္။ ယြမ္ဝမ္ဒုံ ႏွင့္ ရီခ်န္းလ်န္ ကို အသာေလး ဆြဲထုတ္နိုင္သည္။

ယြမ္ဝမ္ဒုံက အၿမဲတမ္း သူ႕ကိုယ္သူ ေလာကႀကီးတစ္ခုလုံး ပိုင္စီးေနသလို ျပဳမူေနတတ္သည္။ သို႔ေသာ္ ယေန႕ သူ႕ပုံမွန္ ေမာက္မာမႈမ်ား လုံးဝမျမင္ရေပ။ ရွီခြန္းေနာက္တြင္ က်ိဳးႏြံစြာ ၿပဳံး၍ ျမႇောက္ပင့္ရန္ နည္းလမ္းရွာကာ တစ္ေကာက္ေကာက္လိုက္ေနေလသည္။
ရီခ်န္းလ်န္ ကပိုဆိုးေသးသည္။ သူ႕မ်က္ႏွာထားက ေဖာ္လံဖား ၏ ျပဌာန္းစာအုပ္မ်က္ႏွာဖုံးအလားပင္။

ဒီေလာကႀကီးက လက္ေတြ႕ဆန္ခ်က္ပဲေနာ္ ဟင္း။
အရင္ဘဝတြင္ မ်ားစြာျမင္ဖူးၿပီးျဖစ္၍ ဇူအန္ သက္ျပင္းခ်လိဳက္မိသည္။

ခ်ဴဟြမ္ေက်ာက္ ရွီခြန္းကို တစ္ခ်က္ၾကည့္၍ တီးတိုးေျပာေလသည္။
"သူ႕ကို အမ်ားႀကီးပိုေခ်ာမယ္ထင္ထားတာ။ ငါ့ခဲအိုနဲ႕ သိပ္လည္းမကြာဘူး"

ဇူအန္ မ်က္ႏွာမည္းသြားသည္။
သူက ငါ့ကို ခ်ီးက်ဴးေနတာလား။ ႏွိမ္ေနတာလား။

ရွီခြန္းက သူတို႔ထံ ႏွစ္လိုဖြယ္ရအၿပဳံးျဖင့္ ေလွ်ာက္လာေသာ္လည္း ခ်ဴခ်ဴယန္ကို မ်က္ေမွာင္သာ ႀကဳံ႕ေစသည္။ သူမ ပါးစပ္ဖြင့္၍ ေျပာရန္ႀကံလိုက္စဥ္မွာပင္ ရွီခြန္း ျဖတ္ေျပာေလသည္။
"ခ်ဴမိန္းကေလး လမ္းမေပၚမွာ က်ဳပ္ကို တစ္ျခားေယာက္်ားတစ္ေယာက္လို႔ ေခၚတာ ထားပါေတာ့ ။ အခု က်ဳပ္တို႔က ေက်ာင္းဝန္းထဲမွာ။ အနည္းဆုံး ေက်ာင္းေနဖက္ေတြျဖစ္ေနၿပီ။ ခ်ဴမိန္းကေလးအတြက္ တစ္ျခားေယာက္်ားေတာ့ မဟုတ္ေတာ့ပါဘူးေနာ္"

ရွီခြန္း၏ ယဥ္ေက်းေသာ အေျပာအဆိုက ခ်ဴခ်ဴယန္ကို ျငင္းစရာမရွိျဖစ္ေစသည္။ ေခါင္းညိတ္၍ ျပန္ေျဖလိုက္သည္။
"ဟုတ္ၿပီ ကြၽန္မနားလည္ၿပီ"

သူ႕ေရွ႕က အျဖဴေရာင္ဝတ္နတ္သမီးကို ၾကည့္၍ ရွီခြန္း စိတ္ကူးယဥ္ေနသည္။ မိန္းမအမ်ားႀကီး သူ႕ရင္ခြင္ထဲ ပစ္ဝင္ရန္ ႀကိဳးစားၾကသည္။ တစ္ခ်ိဳ႕ဆို ေနာက္ခံေကာင္းေသာ မိသားစုမွ လာၾကေသာ္လည္း မည္သူမွ ခ်ဴခ်ဴယန္ကို မမီပင္။ သူမရဲ႕ ႐ုပ္ရည္ႏွင့္ တည္ၿငိမ္ေသာ အရွိန္အဝါက ေကာင္းကင္မွ ဆင္းသက္လာေသာ နတ္သမီးတစ္ေယာက္လို ခံစားရေစသည္။

သူ႕ကို ငါရရမယ္။
ရွီခြန္း ရမၼက္က အခ်ိန္ၾကာေလ ပိုတိုးလာေလပင္။

ရွီခြန္း ေဘးက ေက်ာင္းသူအားလုံးကို ညွို႔ယူနိုင္သည့္ ဆြဲေဆာင္မႈရွိေသာ အၿပဳံးတစ္ခုၿပဳံး၍ ေျပာလိုက္သည္။
"ခ်ဴမိန္းကေလး ဒါက က်ဳပ္တို႔ ပထမဆုံး ေတြ႕တာမဟုတ္ဘူး"

"အို" ခ်ဴခ်ဴယန္ အံၾသသြားသည္။
"ကြၽန္မကို ခြင့္လႊတ္ပါ။ ကြၽန္မရွင့္ကို ေတြ႕ဖူးတယ္လို႔ သတိမထားမိဘူး"

"လြန္ခဲ့တဲ့ ၇ ႏွစ္ေလာက္တုန္းက ၿမိဳ႕ေတာ္ အစုအေဝးတစ္ခုမွာ မင္းကို ေရကန္အလြန္က တစ္ခ်က္ျမင္ခြင့္ ရေလာက္တယ္။ က်ဳပ္ဘယ္ေလာက္ေတာင္ ညွို႔ယူခံလိုက္ရလဲ စကားလုံးနဲ႕ ေျပာမရဘူး။ အဲ့ဒီေန႕တည္းက က်ဳပ္စိတ္မွာ ေနာင္တရေနတာ။ က်ဳပ္ေတြ႕လိုက္တဲ့ နတ္သမီးကို ႏွစ္ေပါင္းမ်ားစြာ ရွာေနေပမဲ့ ရွာမေတြ႕ဘူး။ ၾကည့္ရတာ က်ဳပ္ကိုသနားထလို႔ မိုးနတ္မင္းက မင္းကိုေနာက္တစ္ႀကိမ္ အခုလိုျပန္ဆုံခြင့္ ေပးလိုက္တာပဲ"

"ဟယ္..ရွီသခင္ေလးက ဒီေလာက္သစၥာရွိတဲ့ လူလို႔ မထင္ထားဘူး"

"အဲ့ဒီစကားေတြကသာ ငါ့အတြက္ဆိုရင္ ငါေပ်ာ္လို႔ ေမ့လဲသြားေလာက္ၿပီ"

"ဟုတ္တယ္ ႐ုပ္ေခ်ာတဲ့ ေယာက္်ားအားလုံးက ခ်ီရွို႔လို လူေပြေတြခ်ည္းလို႔ ထင္လိုက္တာ။ သူ႕လို ခံစားခ်က္စစ္မွန္တဲ့လူ ရွိဦးမယ္လို႔ ထင္မွာလဲ"

...

ဇူအန္ ေဒါသထြက္ၿပီး စိတ္တိုေနသည္။
ဒီအခ်စ္႐ူးေနတဲလ ငတုံးမေတြ။ ဒီလို စကားတစ္ခြန္းေလာက္နဲ႕ ေျမာသြားေရာလား။ ဒီလိုႏႈန္းနဲ႕ သူဒီေနရာမွာ အီထိုင္ပါရင္ေတာင္ ခ်ီးက်ဴးဖို႔ စကားရွာေနဦးမွာပဲ။

တစ္ခ်ိန္လုံး ရွီခြန္းက သူ႕ကို လ်စ္လ်ႉရႈ၍ သူ႕မိန္းမကို ခ်စ္စကားေျပာေနသည္။ ေလာကမွာ ဘယ္ေယာက္်ားမွ ဒါကို သည္းမခံနိုင္ေပ။

ဇူအန္ ခ်ဴခ်ဴယန္ေရွ႕ကို သြားလိုက္ၿပီး
"ခ်ီးခြန္းအစ္ကို ခင္ဗ်ားေျပာတာ တစ္ခုခုမွားေနတယ္လို႔ က်ဳပ္ထင္တယ္"

"ခ်ီးခြန္း?" ရွီခြန္းမ်က္ႏွာ ေဒါသထြက္၍ နီရဲလာသည္။
"မင္းက ဘယ္သူ႕ကို ခ်ီးခြန္းလို႔ ေခၚေနတာပဲ။ ရွီခြန္းကြ"

သင္သည္ ရွီခြန္းထံမွ အမ်က္ပြိုင့္ အမ်က္ပြိုင့္ ၃၁၅ ရယူလိုက္သည္။

"ဟုတ္ၿပီ ဟုတ္ၿပီ ခ်ီးခြန္းအစ္ကို" ဇူအန္ သူ႕စကားကို အေရးမလုပ္ေပ။
"ခင္ဗ်ားေျပာတာကို အႏွစ္ခ်ဳပ္လိုက္ရရင္ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က တစ္ခ်က္ေတြ႕ၿပီး ေနာက္ေယာင္ခံလိုက္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ဒါကို ဖူးစာလို႔ ဘယ္လိုမ်ား နာမည္တပ္လိုက္ရတာလဲ"

"မင္းက ဘယ္သူလဲ မင္းေမးခြန္းကို ငါက ဘာလို႔ေျဖေနရမွာလဲ" ရွီခြန္း ေအးစက္စက္ ႏွာေခါင္းရႈံ႕လိုက္သည္။
ဇူအန္ကို သူ မသိရန္ အေၾကာင္းမရွိေပ။ သို႔ေသာ္ သူ႕ေနရာမွ ဇူအန္ကို မသိခ်င္ေယာင္ေဆာင္ျခင္းက အေကာင္းဆုံးေပ။

"အာ မင္းက ငါ့ကို မသိဘူးလား။ တရားဝင္ႏႈတ္ဆက္ဖို႔ေတာ့ လိုေနၿပီေနာ္" ဇူအန္ ခ်ဴခ်ဴယန္လက္ကို ဆုတ္ကိုင္၍
"ငါက မင္းေန႕ေန႕ညညအိပ္မက္မက္ေနတဲ့ နတ္သမီးရဲ႕ ေယာက္်ား။ မင္းက တစ္ခ်ိန္လုံး သူ႕အေၾကာင္းစိတ္ကူးယဥ္ေနေပမဲ့ ငါကေတာ့ စိတ္ကူးယဥ္စရာမလိုဘူးေလ။ ငါတို႔ႏွစ္ေယာက္က တစ္ကုတင္တည္း အိပ္တာပဲ။ အဲ့တာက ႏႈတ္ဆက္ဖို႔ လုံေလာက္ၿပီလား"

ခ်ဴခ်ဴယန္ သူ႕လက္ကို ဆြဲကိုင္ခံရ၍ ႐ုတ္တရက္ လန့္သြားသည္။ သူ႕အက်င့္အရ လက္ကို ျပန္ထုတ္ရန္ ျပင္လိုက္ေသာ္လည္း ထိုသို႔ လုပ္ျခင္းက ဇူအန္ကို လူၾကားထဲ အရွက္ခြဲရာက်မည္ျဖစ္မွန္း သိေလသည္။

ထို႔အျပင္ ဇူအန္ကို လက္ထပ္ရျခင္း ရည္႐ြယ္ခ်က္က ဧကရာဇ္အုပ္စုေရာ ခ်ီဘုရင္အုပ္စုရဲ႕ လက္ထပ္ပြဲမွ ပူးေပါင္းျခင္းကို ေရွာင္လႊဲရန္ပင္။ သူတို႔ႏွစ္ေယာက္၏ ဆက္ဆံေရး ေဝးကြာလွေၾကာင္း အနည္းငယ္ ျပမိပါက တစ္ခ်ိန္လုံး ႀကိဳးစားလာသမွ် အလကားျဖစ္သြားေပလိမ့္မည္။

ထိုအေၾကာင္းျပခ်က္မ်ားေၾကာင့္ သူ႕ကိုယ္သူထိန္း၍ ဇူအန္ကို လက္ကိုင္ခြင့္ ျပဳလိုက္သည္။ ဇူအန္ကလည္း ခန့္မွန္းၿပီးျဖစ္လိမ့္မည္။ ထို႔ေၾကာင့္ လုပ္ရဲျခင္းပင္။

ခ်ဴခ်ဴယန္ ထင္မထားသည္က ဇူအန္ လွ်ာဘယ္ေလာက္ အဆိပ္ျပင္းလဲပင္။ သူေျပာေသာ တဲ့တိုးစကားမ်ားေၾကာင့္ ေအးစက္စက္စရိုက္ရွိေသာ သူမပင္ နား႐ြက္မ်ား ပူလာရသည္။
ငါသူ႕ကို မဆန့္က်င္မွန္းသိလို႔ တမင္သက္သက္ အသားယူေနတာလား။

သူ႕စကားကို နားလည္စြာ လူအုပ္က အုံႂကြသြားသည္။ သူတို႔က ခ်ဴခ်ဴယန္ ႏွင့္ ဇာအန္ လက္ထပ္ထားေၾကာင္းသိေသာ္လည္း ခ်ဴခ်ဴယန္ သူ႕ကို လက္ထပ္ရျခင္းက အေၾကာင္းရွိမည္ျဖစ္ၿပီး အသားယူရန္ ခြင့္ျပဳမည္မဟုတ္ေၾကာင္း ကိုယ့္ကိုကိုယ္ ႏွစ္သိမ့္ေနၾကျခင္းပင္။ အမွန္ေတာ့ သူတို႔ႏွစ္ေယာက္ မဂၤလာဦးည အတူမကုန္ဆုံးရေသးဟု ေတြးေနသူမ်ားပင္ ရွိေသးသည္။

သို႔ေသာ္ ဇူအန္ ေၾကညာခ်က္က သူတို႔စိတ္ကူးယဥ္ထားသမွ်ကို ေၾကမြသြားေစသည္။ ပိုဆိုးေစသည္က ခ်ဴခ်ဴယန္က မျငင္းဘဲ ရွက္႐ြံ႕ဟန္သာ ျပေနျခင္းပင္။
ေအာင္မေလး..႐ူးေတာ့မွာပဲ။

လျပည့္ၿမိဳ႕ရဲ႕ အလွဆုံးမိန္းကေလး ဖူအန္ေအာက္ က်ေရာက္သြားသည္ကို ေတြးမိရင္ပင္....လူအမ်ားႀကီး မနာလို၍ ေဒါသေပါက္ကြဲလာရသည္။

သင္သည္ ေကာင္းရန္ ထံမွ အမ်က္ပြိုင့္ ၄၄၄ ရယူလိုက္သည္။

သင္သည္ ဟယ္ပုယူ ထံမွ အမ်က္ပြိုင့္ ၄၄၄ ရယူလိုက္သည္။

သင္သည္ ဝူက်န္းက်င္ ထံမွ အမ်က္ပြိုင့္ ၄၄၄ ရယူလိုက္သည္။

အမ်က္ပြိုင့္ ေျမာက္မ်ားစြာက ဇူအန္စိတ္ကို ေက်နပ္ေစသည္။ သူဖတ္ဖူးေသာ သိုင္းဝတၳဳမ်ားအတိုင္းပင္ မိန္းမလွတစ္ဦး ပါဝင္ပတ္သက္လာသည္ႏွင့္ ရန္စရန္ အလြန္လြယ္ေလသည္။

ရွီခြန္း သူတို႔၏ ဆုတ္ထားေသာ လက္မ်ားကို ၾကည့္ရင္း ပါးမ်ား တုန္ခါလာသည္။ သူက အၿမဲတမ္း ခ်ဴခ်ဴယန္ကို သူ႕အပိုင္ဟု တြက္ထားၿပီး အခုေတာ့ အျခားေယာက္်ားတစ္ေယာက္က သူ႕ကို ထိပါးေနသည္။ လက္တစ္ခုတည္း ျဖစ္ေသာ္လည္း ဒါက သူ႕ကို ေဒါသထြက္ေစရန္ လုံေလာက္ေလသည္။

သင္သည္ ရွီခြန္းထံမွ အမ်က္ပြိုင့္ ၅၂၀ ရယူလိုက္သည္။

"ဇူအန္ ငါသိသေလာက္ေတာ့ မင္းနဲ႕ ခ်ဴမိန္းကေလးက တစ္ခန္းစီအိပ္တာ။ မင္းကို သူ႕အခန္းေတာင္ ဝင္ခြင့္မျပဳဘူးဆို။ မင္းဆီက ဒီစကားမ်ိဳး ၾကားရတာ ဘယ္ေလာက္ေတာင္ ရယ္ခ်င္စရာလဲ" ရွီခြန္း အထင္ေသးစြာ သေရာ္လိုက္သည္။

တစ္ဖက္တြင္ ဇူအန္ အံ့ၾသသြားသည္။
ငါတို႔ အခန္းခြဲအိပ္တာ သူဘယ္လိုသိလဲ။
သူ႕စိတ္ထဲ အေတြးတစ္ခု ႐ုတ္တရက္ေပၚလာၿပီး
"ခ်ဴယန္ရဲ႕ ေယာက်ာ္းအျဖစ္ မိတ္ဆက္တုန္းက က်ဳပ္နာမည္ကို မိတ္မဆက္မိပါဘူး။ က်ဳပ္နာမည္ ဇူအန္ဆိုတာ ဘယ္လိုသိလဲ။ က်ဳပ္တို႔ ခ်ဴအိမ္ထဲကို သူလွ်ိုပို႔ထားတာ မ်ားလား။ တိုက္တိုက္ဆိုင္ဆိုင္ က်ဳပ္တို႔ စနိုး ဆိုတဲ့နာမည္နဲ႕ သူလွ်ိုတစ္ေယာက္ ေပၚသြားတာ မၾကာေသးဘူး။ မင္းက သူ႕ေနာက္က ႀကိဳးကိုင္တဲ့လူမ်ားလား"

ခ်ဴခ်ဴယန္ ရွီခြန္းကို သံသယျဖင့္ ၾကည့္လိုက္သည္။ ခ်ဴအိမ္ရဲ႕ အေနအထားျဖင့္ စနိုးကို မစုံစမ္းနိုင္လွ်င္ ေနာက္ကြယ္ကလူသည္ အျမင့္ပိုင္းက ျဖစ္ရမည္။ ရွီခြန္းက ျဖစ္နိုင္ေခ်ထဲက တစ္ေယာက္ပင္။

"အမွိုက္ပဲ ။ စနိုးလား ေဆာင္းလား ငါက ဒီလိုကိစၥေတြ ဘယ္လိုလုပ္သိမွာလဲ။ ငါ့ကို လာမစြတ္စြဲနဲ႕" ရွီခြန္း အလ်င္အျမန္ ျငင္းလိုက္သည္။ သူက ဇူအန္ကို ဒီေလာက္ စူးရွမည္ဟု မထင္ထားေပ။
"မင္းနာမည္ကေတာ့ ခ်ဴအိမ္သခင္မေလးလက္ထပ္တာက လူသိရွင္ၾကားပဲ။ မင္းနာမည္သိတာ ထူးဆန္းလို႔လား"

ဇူအန္ႏွာမႈတ္လိုက္သည္။
"မင္းငါ့ကို သိမွေတာ့ အေစာတုန္းက ဘာလို႔ မသိခ်င္ေယာင္ေဆာင္ေနေသးတာလဲ။ ၾကည့္ရတာ မင္းမ်က္ႏွာေခ်ာေခ်ာေအာက္က ေၾကာင္သူေတာ္ႏွလုံးသားရွိပုံပဲ"

ရွီခြန္း ေျဖစရာ မရွိေတာ့ေခ်။

သင္သည္ ရွီခြန္းထံမွ အမ်က္ပြိုင့္ ၃၀၀ ရယူလိုက္သည္။

ဇူအန္ ဆက္ေျပာသည္။
"ၿပီးေတာ့ မင္းရဲ႕ ေမာက္ေမာက္မာမာစရိုက္အရ ငါ့စြတ္စြဲခ်က္ကို မၾကားခ်င္ေယာင္ေဆာင္ၿပီး လ်စ္လ်ႉရႈသင့္တာ မဟုတ္ဘူးလား။ ငါ့လို ဘာမဟုတ္တဲ့လူရဲ႕ စကားကို အသည္းအသန္ ျပန္ျငင္းေနတာက စိတ္ဝင္စားစရာပဲ။ မင္းက ကိုယ့္လိပ္ျပာ ကိုယ္မလုံလို႔မ်ားလား"

ပြဲၾကည့္ပရိသတ္အမ်ားစုက ေခါင္းညိတ္ျပလိုက္သည္။ ဇူအန္က မုန္းစရာေကာင္းေသာ္လည္း သူ႕သကားက အဓိပၸာယ္ရွိေနေသးသည္။ ဒီအျပဳအမူက ရွီသခင္ေလးစရိုက္ႏွင့္ ဆန့္က်င္ေနသည္။
တကယ္ပဲ လိပ္ျပာမလုံလို႔ မ်ားလား။

ဇူအန္ ေထာင္ေခ်ာက္ဆင္ထားမွန္း ရွီခြန္းနားလည္သြားသည္။ ေမေခ်ာက္ဖုန္ႏွင့္ စနိုး သူ႕လက္ထဲ ဘယ္လိုက်ရႈံးသြားလဲ နားလည္လိုက္သည္။ စိတ္ထဲက စနိုးကို က်ိန္ဆဲလိုက္သည္။
သူက ဒီ႐ြံစရာေကာင္းတဲ့ ေကာင္ကို ဘာလို႔ မသတ္လိုက္နိုင္တာလဲ။

အသက္ျပင္းျပင္းရႉ၍ ဖူအန္ကို လ်စ္လ်ႉရႉရန္ ဆုံးျဖတ္လိုက္သည္။
"ခ်ဴမိန္းကေလး သူ႕စကားေတြက ခ်ဴအိမ္နဲ႕ ရွီအိမ္ၾကားက သံေယာဇဥ္ကို မပ်က္စီးပါေစနဲ႕။ မင္းတို႔ ခ်ဴအိမ္တြင္းက ကိစၥေတြကို က်ဳပ္မသိဘူး။  က်ဳပ္တို႔ ရွီအိမ္နဲ႕ ဘာမွမဆိုင္ပါဘူး"

ခ်ဴခ်ဴယန္ ဒီကိစၥႏွင့္ပတ္သက္ၿပီး စိတ္ဆုံးျဖတ္ၿပီး၍ တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္သည္။
"ကြၽန္မေမွ်ာ္လင့္ပါတယ္။ ကြၽန္မတို႔ ခ်ဴအိမ္ေတာ္က အရမ္းအင္အားမေကာင္းေပမဲ့ ဘယ္သူ႕ကိုမွ အနိုင္က်င့္ခြင့္ေပးမွာမဟုတ္ပါဘူး"

ရွီခြန္း အန္းတန္းတန္း ရယ္လိုက္သည္။
"ခ်ဴမိန္းကေလးက က်ဳပ္ကို ေနာက္ေနပါၿပီ။ ခ်ဴအိမ္လို ၿမိဳ႕ေတာ္ဝန္အိမ္ေတာ္က ေတာ္၀င္အိမ္ေတာ္တစ္ခုပါ။ ၿပီးေတာ့ က်ဳပ္က ခင္ဗ်ားကို ႏွစ္သက္တာ ၾကာၿပီ။ ခင္ဗ်ားကို ထိခိုက္ေအာင္ ဘာမွမလုပ္ပါဘူး"

ခ်ဴခ်ဴယန္ ျပန္မေျပာနိုင္ခင္ ဇူအန္ ျဖတ္ေျပာသည္။
"အာ အခုမွ က်ဳပ္သတိရတယ္။ မင္းေျပာေတာ့ ငါ့မိန္းမကို အရင္ႏွစ္အနည္းငယ္က ေတြ႕ၿပီး အဲ့ဒီအခ်ိန္တည္းက စိတ္ထဲ စြဲေနတာဆို။ သူ႕ကို လျပည့္ၿမိဳ႕မွာ ေတြ႕မယ္လို႔ မထင္ထားေတာ့ ဖူးစာလို႔ ထင္ေနတယ္မလား။"

"အမွန္ပဲ" ရွီခြန္း ဇူအန္ကို ေအးစက္စက္စိုက္ၾကည့္ၿပီး
"အဲ့ဒီတုန္းက ခ်ဴမိန္းကေလးက မင္းနဲ႕ လက္မထပ္ရေသးဘူး။ ငါသူ႕ကို ႏွစ္သက္တာ ဘာျပႆနာရွိလို႔လဲ။ သူ႕ကို ႏွစ္သက္တာ ႏွစ္ေပါင္းမ်ားစြာ ၾကာေတာ့ ဒီခံစားခ်က္က ရင္ထဲ စြဲေနၿပီ။ သူလက္ထပ္ၿပီးတာ သိေပမဲ့ ငါ့ခံစားခ်က္ကို မထိန္းနိုင္ဘူး။ ခ်ဴမိန္းကေလး အဲ့ဒီအတြက္ ခြင့္လႊတ္ပါ"

ဒီလို သစၥာရွိၿပီး ခံစားခ်က္ျပင္းတဲ့ ပုံစံလာဟန္ေဆာငိေနတယ္ ဟုတ္လား ဟမ့္.
ဇူအန္ ေအးစက္စက္ ေလွာင္လိုက္သည္။ အင္တာနက္ေပၚတြင္ မိန္းမပိုးနည္း ေပါင္းစုံရွိသည္။ ကီးဘုတ္သူရဲေကာင္းတစ္ေယာက္အေနနဲ႕ ဇူအန္ မျမင္ဖူးတာ မရွိေပ။

"အိုး..အဲ့တာက အေတာ္ေလး ထူးဆန္းတယ္။ ရွီအိမ္ေတာ္က ၿမိဳ႕ေတာ္မွာ အာဏာရွိၿပီး အဆက္အသြယ္မ်ားတဲ့ အိမ္ေတာ္တစ္ခုလို႔ က်ဳပ္ၾကားဖူးတာ။ ခ်ဴယန္ကလည္း အမည္မသိ သာမန္လူမဟုတ္ဘူး။ ခ်ဴအိမ္ေတာ္ရဲ႕ ပထမသခင္မေလးပဲ။ အဲ့ဒီတုန္းက ေဘးနားကလူကို ေမးၾကည့္ရင္ေတာင္ သူ႕အေၾကာင္းသိတဲ့လူ ရွိမွာအမွန္ပဲ။ ဒါေတာင္ ႏွစ္အမ်ားႀကီး မင္းကရွာမေတြ႕ဘဲ ကံၾကမၼာေၾကာင့္ ဆုံေတြ႕ရတဲ့ ပုံစံ လုပ္ေနေသးတယ္။ ဒီအေျခအေနမွာ မင္းက အႀကံဆိုးတစ္ခုခုရွိေနတာလား။ ရိုးရိုး အသုံးမက်တာလား ငါေတာင္မေျပာတတ္ေတာ့ဘူး။"

--------------------------------------------------------------------

Continue Reading

You'll Also Like

221K 32.5K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
792K 29.5K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...
266K 18.1K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...