Chapter 98. ဂတိ
"အဲ့တာတွေကြောင့် ငါတို့ချူအိမ်က ဒီအချိန်မှာ သတိထားနေရမယ်။ ရန်သူတွေ ထိုးနှက်နိုက်ဖို့ ဟာကွက်တစ်ခုမှ ပြလို့မရဘူး" ချူချူယန် လေသံက စိတ်ပူတာထက် ပိုနေလေသည်။
သူတို့ကို ဦးတည်လာသော ထောင်ချောက်များကို တစ်ချိန်လုံးရှောင်ရန် မဖြစ်နိုင်ကြောင်း ချူချူယန် သိလေသည်။ သူတို့ သတိမထားမိဘဲ ထောက်ချောက်ထဲဝင်ဖို့ အချိန်အနည်းအများပင်။ သို့သော် တောင့်ခံရန်မှအပ မရှိချေ။
ဇူအန် သံသယဝင်လာသည်။
"ငါ နားမလည်ဘူး။ ဘာလို့ ကြားနေ နေတာလဲ။ တစ်ဖက်ကို ရွေးလိုက်တာ ပိုမကောင်းဘူးလား။ အနည်းဆုံးတော့ ဒီလို ခက်ခဲတဲ့ အခြေအနေမျိုး မရောက်တော့ဘူးလေ"
ချူချူယန် ခေါင်းယမ်းလိုက်သည်။
"အဓိကပြဿနာက နှစ်ဘက်လုံး ညီနေတာပဲ။ ဘယ်ဘက်က အနိုင်ရမယ်လို့ မသေချာဘူး။ ကျွန်မတို့သာ ဘက်မှားရွေးမိရင် ချူအိမ်က ပြဿနာအကြီးကြီးတက်လိမ့်မယ်။ ကြားနေက လက်ရှိတော့ ခက်ခဲပေမဲ့ တိုက်ပွဲပြီးတဲ့အချိန်ထိ တောင့်ခံနိုင်ရင် ရေရှည်မှာ အကျိုးများတယ်။ အနိုင်ရတဲ့ အဖွဲ့က ပြန်ကောင်းဖို့ အချိန်လိုပြီး ရန်သူမဟုတ်တဲ့ အင်အားစုတိုင်းကို ဆွဲခေါ်လိမ့်မယ်။ အနည်းဆုံး အဲ့တာက ချူအိမ်ကို ရှင်သန်ဖို့ လမ်းစပေးတာပေါ့"
ဇူအန် အံ့သြသွားသည်။ နိုင်ငံရေးမှာ ကျွမ်းကျင်တဲ့လူက တကယ် အဆင့်မတူတာပဲ။ ချူကျုန်းထန်လို ရိုးသားတဲ့လူတောင် အဆင့်များစွာ ကြိုစဉ်းစားနိုင်တယ်။
အင်း ငါလည်း ပိုသတိထားသင့်တယ်။ သူတို့က အကုန်လုံး ကောက်ကျစ်တဲ့မြေခွေးအိုကြီးတွေ။ ဟမ်..ဖေးမြန့်မုန်လည်း ချူအိမ်ကို ခိုးဝင်ပြီး စာရင်းစာအုပ်ခိုးဖို့ လုပ်သေးတယ်မလား။ သူက ဘယ်ဘက်ကလဲ သိချင်မိသား....
သူတို့ရထားလုံး ရုတ်တရက် ရပ်တန့်သွားသည်။ ရှေ့မှ ရုတ်ရုတ်သဲသဲ အသံများ ကြားလိုက်ရသည်။ မျက်မှောင်ကြုံ့၍ ချူချူယန် ရထားလုံးကို ခေါက်လိုက်ပြီး မေးလေသည်။
"အပြင်မှာ ဘာဖြစ်နေတာလဲ"
ချူအိမ်အစောင့်တစ်ယောက်က အမြန်ပြန်ဖြေသည်။
"မမလေး ကြည့်ရတာ ရှီအိမ် ၆ ယောက်မြောက် သခင်လေး ရောက်နေတဲ့ပုံပဲ။ လူအများကြီး လမ်းမှာပြည့်နေပြီး သူ့ရထားလုံးကို ပန်းတွေ သစ်သီးတွေ ကျဲနေကြတာ။ အဲ့တာကြောင့် လမ်းက နည်းနည်း ကြပ်နေတယ်"
ဇူအန် နားမလည်ပေ။
"သူက မျောက်ဝံနဲ့ တူလို့လား။ လူအများကြီး ဘာလို့သူ့ကို လာကြည့်ပြီး သစ်သီးနဲ့ပေါက်ရမှာလဲ"
ချူချူယန် စိတ်ဝင်စားစွာ ပြုံးလိုက်သည်။ ချူဟွမ်ကျောက် ရှေ့တက်၍ ရှင်းပြလေသည်။
"ခဲအို ရှီအိမ်ရဲ့ ရှီခွန်းကို မကြားဖူးဘူးလား"
"သူက အဲ့လောက်နာမည်ကြီးလို့လား" ဇူအန် မေးလိုက်သည်။
"ငါက လပြည့်မြို့မှာ နာမည်ကြီးတစ်ယောက်ဖြစ်ပေမဲ့ ဘယ်သူမှ ငါ့ကို ပန်းလာမပေးဖူးဘူး"
ချူဟွမ်ကျောက်ပင် ထိုစကားကြောင့် နင်သွားသည်။ မျက်လုံးလှိမ့်၍ ပြောလေသည်။
"ရှင့်ကိစ္စက နာမည်ကြီးတာထက် နာမည်ပျက်တာဆို ပိုမှန်မယ်။ ရှီခွန်းက ရုပ်ချောတယ်လို့ နာမည်ကြီးတာ ။ ရထားလုံးကို ပန်းနဲ့သစ်သီးနဲ့ ကြိုဆိုတာ မကြားဖူးဘူးလား"
"မကြားဖူးဘူး" ဇူအန် စိတ်ရှုပ်သွားသည်။
ဘာကြီးလားဟ..။
ထို့ကြောင့် ချူဟွမ်ကျောက် ဇာတ်လမ်းပြောပြလေသည်။
"ရှီအိမ် သခင်လေးက ရုပ်ရည်ချောမောပြီး တင့်တယ်တဲ့ အမူအရာရှိတယ်လို့ ပြောကြတယ်။ သူ့ငယ်ရွယ်စဉ်တုန်းက သူမြို့တော်ရဲ့ ဘယ်လမ်းကိုသွားသွား အဖွားအိုကြီတောင် ကြွေပြီး သူ့ရထားလုံးကို သစ်သီးပစ်ပေးတယ်တဲ့။ သူ့ဇာတ်လမ်းကိုကြားပြီး တစ်ခြားသခင်လေးတစ်ယောက်က ရှီခွန်းလိုလုပ်တာ သစ်သီးအစား တံတွေးတွေသာ ပြည့်နှက်သွားတယ်ဆိုပဲ"
"အဲ့တာက ရှီခွန်းဘယ်လောက်ချောကြောင်း ပြနေတာပဲ။ ကျွန်မက ဇာတ်လမ်းကို ကောလဟလထင်ထားတာ။ ကြည့်ရတာ တကယ်နဲ့တူတယ်"
"ငါတော့ ပုံကြီးချဲ့ထားတယ်လို့ ထင်တာပဲ" ဇူအန်က ချူဟွမ်ကျောက် မျက်နှာမှ စိတ်လှုပ်ရှားမှုကြောင့် မကျေနပ်ပေ။
"ကျွန်မ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ သူဘယ်လောက် ရုပ်ဖြောင့်လဲ ကြည့်ရမယ်" ချူဟွမ်ကျောက် ခြေထောက်မြှောက်၍ ရထားလုံးအပြင်ဘက်ထွက်ရန် ပြင်လိုက်သော်လည်း သူ့အစ်မက တားလိုက်သည်။
"ရှီအိမ်က ဧကရာဇ်ဘက်တော်သား။ မင်းသူနဲ့ မပတ်သက်တာ ပိုကောင်းလိမ့်မယ်" ချူချူယန် အေးအေးဆေးဆေး ထပြောသည်။
ဇူအန် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ သူက ချူဟွမ်ကျောက်ကို မျက်စောင်းထိုး၍
"မင်းမိဘတွေ မင်းကို တစ်ချိန်လုံးဆူနေတာ ဖြစ်သင့်တယ်နဲ့ တူတယ်။ မင်းအစ်မလို ဘယ်အချိန်မှ ရင့်ကျက်လာမှာလဲ"
စိတ်ပျက်သွား၍ ချူဟွမ်ကျောက် ပြန်ထိုင်လိုက်ပြီး ဆူပုတ်နေသည်။
"ခဲအို ရှင်က မနာလိုနေတာ"
ဇူအန် မတ်မတ်ထိုင်လိုက်ပြီး
"သူက ဘယ်လောက်ချောချော ငါ့ထက်ပိုပြီးတော့ ရုပ်မချောနိုင်ပါဘူး။ ငါ့ကို ကြည့်ရရင် လုံလောက်ပြီ"
ချူဟွမ်ကျောက် မျက်နှာရဲသွားသည်။ မျက်နှာတစ်ဖက်လှည့်၍ ရေရွတ်လိုက်သည်။
"အရှက်မရှိလိုက်တာ"
ရထားလုံးအပြင်မှ ညင်သာသော အသံတစ်ခု မထင်မှတ်စွာ ထွက်လာသည်။
"ချူမိန်းကလေး အထဲမှာ ရှိပါလား။ ရှီအိမ်ရဲ့ ရှီခွန်းက တွေ့ချင်လို့ပါ"
အပြင်မှ ရေရွတ်သံများ ထွက်လာသည်။
"အိုး ငါ့ကိုသာ ရှီသခင်လေး အဲ့လို ဖိတ်ခေါ်ရင်"
"မင်း မှန်ကို ပြန်ကြည့်သင့်တယ်။ မင်းကိုယ်မင်း ထိုက်တန်တယ် ထင်လို့လား"
"နင်လည်း အဲ့လောက်လှတာ မဟုတ်ဘဲနဲ့"
"ပြိုင်မနေနဲ့တော့ မင်းတို့နှစ်ယောက်လုံး ချူအိမ်သခင်မလေးနဲ့ ရုပ်ရည်ချင်း မယှဉ်နိုင်ဘူး"
"သူဘယ်လောက်လှလှ သူက လက်ထပ်ပြီးသားဆိုတဲ့အချက်က မပြောင်းလဲသွားဘူး။ ရှီသခင်လေးအတွက် ငါက အပျိုစင်ဘဝကို ထိန်းသိမ်းထားတာ"
အပြင်မှ ဆွေးနွှေးသံများက ဇူအန်ကို သိချင်စိတ်ဖြစ်စေသည်။ ရထားလုံးလိုက်ကာကို အနည်းငယ်ပင့်ကြည့်၍ မိန်းကလေးတစ်ချို့ကို တွေ့လိုက်သည်။
ဟမ့် ငါက မိန်းမလှတွေများ တွေ့မလားလို့ အကုန်လုံး အိုကြီးအိုမတွေချည်းပဲ။ ငါ့မိန်းမနဲ့ လားလားမှ မနီးစပ်ဘူး။
ကြည့်ရတာ ရှီသခင်လေးကလည်း ကောလဟလတွေလောက် ရုပ်မချောတဲ့ပုံပဲ
ဇူအန် အကြည့်ကို ရှေ့ကိုအနည်းငယ်ရွှေ့လိုက်သော် တောက်ပလွန်း၍ ကန်းမတတ်ပင်။ ရှေ့မှ လူငယ်က အလွန်ရုပ်ချောလွန်း၍ မြင်သူတိုင်း တစ်နာရီလောက် ချီကျူးသီဆို မိပေလိမ့်မည်။
ငါလခွမ်း…သောက်ရမ်းရုပ်ချောတာပဲဟ..။
ဇူအန်ပင် မတတ်နိုင်စွာ လက်ခံရပေလိမ့်မည်။ ရုပ်ရည်အရ ဒီလူက သူနှင့် ယှဉ်နိုင်လေသည်။ သို့သော် မိန်းမများက ယောက်ျားတစ်ယောက်မည်မျှချောကြောင်း မခွဲခြားနိုင်၍ အပြင်မှ အကြည့်ဖယ်ကာ ချူချူယန်ကို စိတ်ပူစွာ ကြည့်လိုက်သည်။
မမျှော်လင့်စွာ ချူချူယန်က ဆောင်းတွင်း၏ ကန်ရေပြင်လို ငြိမ်သက်နေသေးသည်။ သဘာဝကျသော အသံဖြင့်
"တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်မလို အိမ်ထောင်ရှိမိန်းမက သူစိမ်းယောက်ျားတစ်ယောက်နဲ့ သီးသန့်တွေ့ဖို့ မသင့်တော်လို့ပါ။ ခွင့်လွှတ်ဖို့ တောင်းဆိုပါတယ် ရှီသခင်လေး"
သူမစကားပြောအပြီး လှည်းထိန်းကို ရှေ့ဆက်ရန် ပြောလိုက်သည်။
ဇူအန်က ထိုစကားများကြားရတာ သဘောကျလွန်း၍ သူ့မိန်းမကို ပြေးဖက်လိုက်ချင်မိသွားသည်။ တစ်ချိန်လုံး သူ့ကို အထင်သေး၍ အေးစက်စက်ဆက်ဆံသည်ဟု ထင်ခဲ့တာ။ အခုတော့ သူမက အားလုံးကို တန်းတူဆက်ဆံနေခြင်းပင်။
အမှန်တော့ သူက ငါ့ကို အတော်လေး ကောင်းပါတယ်။
....
လမ်းမပေါ်တွင် ထွက်သွားသော ရထားလုံးကို ရှီခွန်း ဒေါသဖြင့် ကြည့်နေမိသည်။ ဝတ်ရုံထဲမှ လက်များက ကျစ်ကျစ်ဆုတ်မိနေသည်။
ချူချူယန် မင်းစောင့်ကြည့်နေလိုက် မကြာခင် မင်းက ငါ့အပိုင် ဖြစ်လာတော့မှာ။
သူ့ရုပ်ဆိုးသော မျက်နှာထားက ဘေးကလူများ၏ အကြည့်မှ မလွတ်သောကြောင့် တီးတိုးပြောဆိုနေကြသည်။
"အဲ့ဒီ ချူမျိုးနွယ်က အတော်မောက်မာတာပဲ ရှီသခင်လေးကို ဒီလို ငြင်းရဲတယ်"
"နင်သာ သူ့လောက်လှရင် နင်လည်း လုပ်လို့ရတယ်"
"ငါဘယ်လောက်လှလှ ရှီသခင်လေးကို အဲ့လိုလုပ်မှာ မဟုတ်ဘူး"
"အမှန်ပဲ သူက ဘာတွေ ဘဝင်မြင့်နေတာလဲ။ နောက်ဆုံးတော့ ဆန်ကုန်မြေလေးကို ယောက်ျားတော်ရတာပဲ မဟုတ်ဘူးလား။ သူ့ကို ဘယ်အရာမှ မမီနိုင်ပေမဲ့ အနည်းဆုံး သူ့ထက်သာတဲ့ ယောက်ျားတော့ ရအောင်ယူပြမယ်"
ဒါပေါ့ မဝံ့မရဲ ထောက်ပြသော လူတစ်ချို့လည်း ရှိပေသေးသည်။
"ရှီသခင်လေး မျက်လုံးက ခုနက ကြောက်စရာကြီး..."
ထိုသို့သော စကားများက အင်အားတောင့်တင်းသော အခြားဖန်များ၏ ထိုးနှက်ခြင်းခံရလေသည်။
"မင်းဘာသိလို့လဲ။ အဲ့တာက မိစ္ဆာဆန်ဆန် ဆွဲဆောင်မှုလို့ ခေါ်တာ။ ဒါက ငါတို့ရှီသခင်လေးပဲ ပိုင်ဆိုင်တဲ့ အပြုအမူ တစ်ခုပဲ"
ရထားလုံးထဲတွင် ဇူအန်အကြည့်ကြောင့် ချူချူယန် မသက်မသာဖြစ်လာသည်။ မနေနိုင်တော့ဘဲ မေးလိုက်သည်။
"ရှင် ဘာကြည့်နေတာလဲ"
ဇူအန် ပြုံး၍ ပြန်ဖြေသည်။
"မင်းကိုကြည့်နေတာလေ အသည်းရဲ့ ကိုယ်မင်းကို ပိုပြီး သဘောကျလာသလိုပဲ"
ချူဟွမ်ကျောက် သည်းမခံနိုင်တော့ပေ။
"ဟေး ဟေး ဟေး ဒီမှာ ကလေးတစ်ယောက်ရှိနေသေးတယ်။ ကိုယ့်ကိုကိုယ် ထိန်းချုပ်ကြပါဦး"
ဇူအန် ပြောစရာမရှိတော့ပေ။
မင်းငယ်သေးတာတော့ ဝန်ခံပါတယ်။ ကလေးလို့ ပြောတာတော့ လွန်လွန်းမနေဘူးလား။
"အထင်မလွဲနဲ့ ရှင့်ကြောင့် ရှီသခင်လေးကို ငြင်းလိုက်တာမဟုတ်ဘူး။ ရှီအိမ်နဲ့ ပတ်သက်ရမှာ ပြဿနာများလို့" ချူချူယန် ပြန်ဖြေသည်။
ဒါက ဇူအန်ပျော်ရွှင်မှုကို မလျော့နည်းစေပေ။
"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မင်းသူ့ကို ငြင်းလိုက်တာ ငါဝမ်းသာတယ်"
ချူချူယန် စိတ်ရှုပ်လာရသည်။ သူမပြောနေသောအရာနှင့် ဇူအန်ပြောသောအရာ မအပ်စပ်ဘူးလို့ ခံစားရသည်။ ခေတ္တစဉ်းစား၍ တည့်တည့်ပြောရန် ဆုံးဖြတ်လိုက်သည်။
"အပြင်မှာ ရှင့်မိန်းမလို ဟန်ဆောင်နေပမဲ့ ကျွန်မတို့ဆက်ဆံရေးကို ရှင်အသိဆုံးပဲ။ ကျွန်မက ဇနီးတစ်ယောက်တာဝန် ကျေပေးနိုင်မှာ မဟုတ်ဘူး။ အဲ့တာကြောင့် ရှင့်ကိုရှင် ဒီဆက်ဆံရေးကို သိပ်စိတ်ထဲမထားနဲ့ မဟုတ်ရင် နာကျင်ရလိမ့်မယ်"
ထိုစကားများကြားသောအခါ ချူဟွမ်ကျောက် ဇူအန်ကို အတော်သနားသွားရသည်။ ချူအိမ်တွင် ဒီလိုသတင်းမျိုး ကြားနေကျဖြစ်သော်လည်း သူ့အစ်မပါးစပ်က ထွက်လာခြင်းက လုံးဝကွာခြားလေသည်။
ငါ့ခဲအိုက ဒီစကားတွေကြားရတာ အတော်စိတ်ဆင်းရဲသွားမှာပဲ။
မျှော်လင့်မထားစွာ ဇူအန်က ပျော်ရွှင်နေဆဲပင်။
"သိပါတယ်။ ဒါပေမဲ့ ငါ မင်းကို ကြိုက်တာ မကြိုက်တာက ငါ့ကိစ္စ။ မင်ငါ့ကို ကြိုက်တာ မကြိုက်တာနဲ့ မဆိုင်ဘူး။ ပြီးတော့ ဘယ်သူသိမှာလဲ။ မင်းငါ့အပေါ် ချစ်ရင်ချစ်လာမှာပေါ့"
ချူချူယန် တွေဝေခြင်းမရှိဘဲ ခေါင်းယမ်းလိုက်သည်။
"ဒါက မဖြစ်နိုင်ပါဘူး "
ဇူအန် စိတ်ထဲမထားဘဲ ပုခုံးတွန့်လိုက်သည်။
"မင်းက အဲ့လို ထုတ်ပြောမှတော့ ငါလည်း မင်းကို မေးစရာရှိသေးတယ်။ မင်းက ငါ့မိန်းမတာဝန် ကျေအောင်မလုပ်ပေးနိုင်မှတော့ ငါတစ်ခြားမိန်းမရှာရင် ရလား"
ဇူအန်အတွက် ဝမ်းနည်းပေးနေသော ချူဟွမ်ကျောက် လန့်ဖြန့်၍ ခုံပေါ်က ပြုတ်ကျမတတ်ပင်။ မျက်လုံးပြူးသွားသည်။
ကြောက်စရာကောင်းလိုက်တဲ့ ခဲအိုပါလား။ သူ့ကို ဖောက်ပြန်လို့ မမကြီးသတ်မှာ မကြောက်ဘူးလားပဲ။
ချူချူယန်လည်း အံ့သြသွားသည်။ ဇူအန် ဒီလိုမေးလိမ့်မည်ဟု သူမထင်ထားပေ။ သို့သော်လည်း တည်ငြိမ်စွာ ပြန်ဖြေလေသည်။
"ကျွန်မ စိတ်မရှိပါဘူး။ ဒါပေမဲ့ ရှင်က..."
ဇူအန်ခွကြားကို အကြည့်ပို့ရင်း ပြောလိုက်သည်။ သူ့ညီမလေးရော ရထားလုံးထဲတွင် ရှိသောကြောင့် ထုတ်မပြောလိုက်ပေ။
"အဲ့တာကို မင်းစိတ်ပူစရာမလိုပါဘူး။ မကြာခင် ငါပြန်ကောင်းတော့မှာ" ဇူအန် ရင်ဘတ်ကို ဂုဏ်ယူစွာ ပုတ်လိုက်သည်။ သူက မှေးမှိန်ကြာပွင့် ရှာနိုင်ရန် ယုံကြည်ချက်မရှိသော်လည်း ထိုမသေချာမှုက ချူချူယန် ရှေ့တွင် သန်မာကြောင်းပြရန် မတားဆီးနိုင်ပေ။
ချူချူယန် ထိုကိစ္စကို ဆက်မပြောတော့ပေ။ ဇူအန် ရက်စက်သောအမှန်တရားမှ မျက်နှာလွှဲရန် ကြိုးစားနေခြင်းဟုသာ ထင်လေသည်။
ချူဟွမ်ကျောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ငါ့ခဲအိုက သူ့မိန်းမကို နောက်တစ်ယောက်ရှာလို့ရလား ခွင့်တောင်းနေတဲ့အပြင် ငါ့အစ်မကလည်း စိတ်မဆိုးတဲ့အပြင် ခွင့်ပြုနေသေးတယ်။
မမကြီး ခဲအိုက မမထင်တာထက် ပိုထူးချွန်တာကို မသိဘူးနော်။ သူ့ကို လက်ခုပ်ထဲက လျှော့ပေးလိုက်ရင် အပြင်က မြေခွေးမတွေက မမလက်ထဲကသူ့ကို အပြေးလုယူကြမှာ။
မဖြစ်ဘူး ဒီလိုမဖြစ်ရဘူး မမကြီးအစား ငါသူ့ကို သေချာစောင့်ကြည့်ထားရမယ်။
သူတို့၃ယောက် အတွေးကိုယ်စီဖြင့် အကယ်ဒမီကို ရောက်လာသည်။ စည်းကမ်းအရ ကျောင်းသားများ ကထားလုံးစီး၍ မဝင်ရသဖြင့် ဝင်ပေါက်တွင် ဆင်းလိုက်ရသည်။
ချူချူယန် ရုပ်ရည်က ဘေးကလူများကို အုပ်အုပ်ကြွကြွဖြစ်သေပြီး အိပ်မက်ချစ်သူစာရင်း၏ အလှဆုံးမိန်းမလှကို မြင်ခွင့်ရသွား၍ မိုးနတ်မင်းကို ကျေးဇူးတင်နေသူများပင် ရှိသေးသည်။
သို့သော် ချူချူယန်နှင့် လှည်းထဲမှ ဆင်းလာသော ဇူအန်ကို မြင်သောအခါ အားကျလာရသည်။ သူတို့ နတ်သမီးက အလကားလူတစ်ယောက်ကို လက်ထပ်ပြီးကြောင်း သတိပေးလိုက်ခြင်းက သူတို့စိတ်ကို ချဉ်သွားစေသည်။
"တိုက်ဆိုင်လိုက်တာ ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး ချူမိန်းကလေး" ရင်းနှီးသော အသံတစ်ခု ဘေးမှ ထွက်လာသည်။
ဇူအန် ခေါင်းလှည့်လိုက်ပြီး ရှီခွန်းကို တွေ့လိုက်ရသည်။ သူ့မျက်နှာတွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ရှိနေသော်လည်း ဇူအန်မျက်လုံးထဲတွင် မျက်စိစူးနေသည်။
-----------------------------------------------------------------
Chapter 98. ဂတိ
"အဲ့တာေတြေၾကာင့္ ငါတို႔ခ်ဴအိမ္က ဒီအခ်ိန္မွာ သတိထားေနရမယ္။ ရန္သူေတြ ထိုးႏွက္နိုက္ဖို႔ ဟာကြက္တစ္ခုမွ ျပလို႔မရဘူး" ခ်ဴခ်ဴယန္ ေလသံက စိတ္ပူတာထက္ ပိုေနေလသည္။
သူတို႔ကို ဦးတည္လာေသာ ေထာင္ေခ်ာက္မ်ားကို တစ္ခ်ိန္လုံးေရွာင္ရန္ မျဖစ္နိုင္ေၾကာင္း ခ်ဴခ်ဴယန္ သိေလသည္။ သူတို႔ သတိမထားမိဘဲ ေထာက္ေခ်ာက္ထဲဝင္ဖို႔ အခ်ိန္အနည္းအမ်ားပင္။ သို႔ေသာ္ ေတာင့္ခံရန္မွအပ မရွိေခ်။
ဇူအန္ သံသယဝင္လာသည္။
"ငါ နားမလည္ဘူး။ ဘာလို႔ ၾကားေန ေနတာလဲ။ တစ္ဖက္ကို ေ႐ြးလိုက္တာ ပိုမေကာင္းဘူးလား။ အနည္းဆုံးေတာ့ ဒီလို ခက္ခဲတဲ့ အေျခအေနမ်ိဳး မေရာက္ေတာ့ဘူးေလ"
ခ်ဴခ်ဴယန္ ေခါင္းယမ္းလိုက္သည္။
"အဓိကျပႆနာက ႏွစ္ဘက္လုံး ညီေနတာပဲ။ ဘယ္ဘက္က အနိုင္ရမယ္လို႔ မေသခ်ာဘူး။ ကြၽန္မတို႔သာ ဘက္မွားေ႐ြးမိရင္ ခ်ဴအိမ္က ျပႆနာအႀကီးႀကီးတက္လိမ့္မယ္။ ၾကားေနက လက္ရွိေတာ့ ခက္ခဲေပမဲ့ တိုက္ပြဲၿပီးတဲ့အခ်ိန္ထိ ေတာင့္ခံနိုင္ရင္ ေရရွည္မွာ အက်ိဳးမ်ားတယ္။ အနိုင္ရတဲ့ အဖြဲ႕က ျပန္ေကာင္းဖို႔ အခ်ိန္လိုၿပီး ရန္သူမဟုတ္တဲ့ အင္အားစုတိုင္းကို ဆြဲေခၚလိမ့္မယ္။ အနည္းဆုံး အဲ့တာက ခ်ဴအိမ္ကို ရွင္သန္ဖို႔ လမ္းစေပးတာေပါ့"
ဇူအန္ အံ့ၾသသြားသည္။ နိုင္ငံေရးမွာ ကြၽမ္းက်င္တဲ့လူက တကယ္ အဆင့္မတူတာပဲ။ ခ်ဴက်ဳန္းထန္လို ရိုးသားတဲ့လူေတာင္ အဆင့္မ်ားစြာ ႀကိဳစဥ္းစားနိုင္တယ္။
အင္း ငါလည္း ပိုသတိထားသင့္တယ္။ သူတို႔က အကုန္လုံး ေကာက္က်စ္တဲ့ေျမေခြးအိုႀကီးေတြ။ ဟမ္..ေဖးျမန့္မုန္လည္း ခ်ဴအိမ္ကို ခိုးဝင္ၿပီး စာရင္းစာအုပ္ခိုးဖို႔ လုပ္ေသးတယ္မလား။ သူက ဘယ္ဘက္ကလဲ သိခ်င္မိသား....
သူတို႔ရထားလုံး ႐ုတ္တရက္ ရပ္တန့္သြားသည္။ ေရွ႕မွ ႐ုတ္႐ုတ္သဲသဲ အသံမ်ား ၾကားလိုက္ရသည္။ မ်က္ေမွာင္ႀကဳံ႕၍ ခ်ဴခ်ဴယန္ ရထားလုံးကို ေခါက္လိုက္ၿပီး ေမးေလသည္။
"အျပင္မွာ ဘာျဖစ္ေနတာလဲ"
ခ်ဴအိမ္အေစာင့္တစ္ေယာက္က အျမန္ျပန္ေျဖသည္။
"မမေလး ၾကည့္ရတာ ရွီအိမ္ ၆ ေယာက္ေျမာက္ သခင္ေလး ေရာက္ေနတဲ့ပုံပဲ။ လူအမ်ားႀကီး လမ္းမွာျပည့္ေနၿပီး သူ႕ရထားလုံးကို ပန္းေတြ သစ္သီးေတြ က်ဲေနၾကတာ။ အဲ့တာေၾကာင့္ လမ္းက နည္းနည္း ၾကပ္ေနတယ္"
ဇူအန္ နားမလည္ေပ။
"သူက ေမ်ာက္ဝံနဲ႕ တူလို႔လား။ လူအမ်ားႀကီး ဘာလို႔သူ႕ကို လာၾကည့္ၿပီး သစ္သီးနဲ႕ေပါက္ရမွာလဲ"
ခ်ဴခ်ဴယန္ စိတ္ဝင္စားစြာ ၿပဳံးလိုက္သည္။ ခ်ဴဟြမ္ေက်ာက္ ေရွ႕တက္၍ ရွင္းျပေလသည္။
"ခဲအို ရွီအိမ္ရဲ႕ ရွီခြန္းကို မၾကားဖူးဘူးလား"
"သူက အဲ့ေလာက္နာမည္ႀကီးလို႔လား" ဇူအန္ ေမးလိုက္သည္။
"ငါက လျပည့္ၿမိဳ႕မွာ နာမည္ႀကီးတစ္ေယာက္ျဖစ္ေပမဲ့ ဘယ္သူမွ ငါ့ကို ပန္းလာမေပးဖူးဘူး"
ခ်ဴဟြမ္ေက်ာက္ပင္ ထိုစကားေၾကာင့္ နင္သြားသည္။ မ်က္လုံးလွိမ့္၍ ေျပာေလသည္။
"ရွင့္ကိစၥက နာမည္ႀကီးတာထက္ နာမည္ပ်က္တာဆို ပိုမွန္မယ္။ ရွီခြန္းက ႐ုပ္ေခ်ာတယ္လို႔ နာမည္ႀကီးတာ ။ ရထားလုံးကို ပန္းနဲ႕သစ္သီးနဲ႕ ႀကိဳဆိုတာ မၾကားဖူးဘူးလား"
"မၾကားဖူးဘူး" ဇူအန္ စိတ္ရႈပ္သြားသည္။
ဘာႀကီးလားဟ..။
ထို႔ေၾကာင့္ ခ်ဴဟြမ္ေက်ာက္ ဇာတ္လမ္းေျပာျပေလသည္။
"ရွီအိမ္ သခင္ေလးက ႐ုပ္ရည္ေခ်ာေမာၿပီး တင့္တယ္တဲ့ အမူအရာရွိတယ္လို႔ ေျပာၾကတယ္။ သူ႕ငယ္႐ြယ္စဥ္တုန္းက သူၿမိဳ႕ေတာ္ရဲ႕ ဘယ္လမ္းကိုသြားသြား အဖြားအိုႀကီေတာင္ ေႂကြၿပီး သူ႕ရထားလုံးကို သစ္သီးပစ္ေပးတယ္တဲ့။ သူ႕ဇာတ္လမ္းကိုၾကားၿပီး တစ္ျခားသခင္ေလးတစ္ေယာက္က ရွီခြန္းလိုလုပ္တာ သစ္သီးအစား တံေတြးေတြသာ ျပည့္ႏွက္သြားတယ္ဆိုပဲ"
"အဲ့တာက ရွီခြန္းဘယ္ေလာက္ေခ်ာေၾကာင္း ျပေနတာပဲ။ ကြၽန္မက ဇာတ္လမ္းကို ေကာလဟလထင္ထားတာ။ ၾကည့္ရတာ တကယ္နဲ႕တူတယ္"
"ငါေတာ့ ပုံႀကီးခ်ဲ့ထားတယ္လို႔ ထင္တာပဲ" ဇူအန္က ခ်ဴဟြမ္ေက်ာက္ မ်က္ႏွာမွ စိတ္လႈပ္ရွားမႈေၾကာင့္ မေက်နပ္ေပ။
"ကြၽန္မ ဒီအခြင့္အေရးကို လက္လႊတ္မခံဘဲ သူဘယ္ေလာက္ ႐ုပ္ေျဖာင့္လဲ ၾကည့္ရမယ္" ခ်ဴဟြမ္ေက်ာက္ ေျခေထာက္ျမႇောက္၍ ရထားလုံးအျပင္ဘက္ထြက္ရန္ ျပင္လိုက္ေသာ္လည္း သူ႕အစ္မက တားလိုက္သည္။
"ရွီအိမ္က ဧကရာဇ္ဘက္ေတာ္သား။ မင္းသူနဲ႕ မပတ္သက္တာ ပိုေကာင္းလိမ့္မယ္" ခ်ဴခ်ဴယန္ ေအးေအးေဆးေဆး ထေျပာသည္။
ဇူအန္ သေဘာတူစြာ ေခါင္းညိတ္လိုက္သည္။ သူက ခ်ဴဟြမ္ေက်ာက္ကို မ်က္ေစာင္းထိုး၍
"မင္းမိဘေတြ မင္းကို တစ္ခ်ိန္လုံးဆူေနတာ ျဖစ္သင့္တယ္နဲ႕ တူတယ္။ မင္းအစ္မလို ဘယ္အခ်ိန္မွ ရင့္က်က္လာမွာလဲ"
စိတ္ပ်က္သြား၍ ခ်ဴဟြမ္ေက်ာက္ ျပန္ထိုင္လိုက္ၿပီး ဆူပုတ္ေနသည္။
"ခဲအို ရွင္က မနာလိုေနတာ"
ဇူအန္ မတ္မတ္ထိုင္လိုက္ၿပီး
"သူက ဘယ္ေလာက္ေခ်ာေခ်ာ ငါ့ထက္ပိုၿပီးေတာ့ ႐ုပ္မေခ်ာနိုင္ပါဘူး။ ငါ့ကို ၾကည့္ရရင္ လုံေလာက္ၿပီ"
ခ်ဴဟြမ္ေက်ာက္ မ်က္ႏွာရဲသြားသည္။ မ်က္ႏွာတစ္ဖက္လွည့္၍ ေရ႐ြတ္လိုက္သည္။
"အရွက္မရွိလိုက္တာ"
ရထားလုံးအျပင္မွ ညင္သာေသာ အသံတစ္ခု မထင္မွတ္စြာ ထြက္လာသည္။
"ခ်ဴမိန္းကေလး အထဲမွာ ရွိပါလား။ ရွီအိမ္ရဲ႕ ရွီခြန္းက ေတြ႕ခ်င္လို႔ပါ"
အျပင္မွ ေရ႐ြတ္သံမ်ား ထြက္လာသည္။
"အိုး ငါ့ကိုသာ ရွီသခင္ေလး အဲ့လို ဖိတ္ေခၚရင္"
"မင္း မွန္ကို ျပန္ၾကည့္သင့္တယ္။ မင္းကိုယ္မင္း ထိုက္တန္တယ္ ထင္လို႔လား"
"နင္လည္း အဲ့ေလာက္လွတာ မဟုတ္ဘဲနဲ႕"
"ၿပိဳင္မေနနဲ႕ေတာ့ မင္းတို႔ႏွစ္ေယာက္လုံး ခ်ဴအိမ္သခင္မေလးနဲ႕ ႐ုပ္ရည္ခ်င္း မယွဥ္နိုင္ဘူး"
"သူဘယ္ေလာက္လွလွ သူက လက္ထပ္ၿပီးသားဆိုတဲ့အခ်က္က မေျပာင္းလဲသြားဘူး။ ရွီသခင္ေလးအတြက္ ငါက အပ်ိဳစင္ဘဝကို ထိန္းသိမ္းထားတာ"
အျပင္မွ ေဆြးႏႊေးသံမ်ားက ဇူအန္ကို သိခ်င္စိတ္ျဖစ္ေစသည္။ ရထားလုံးလိုက္ကာကို အနည္းငယ္ပင့္ၾကည့္၍ မိန္းကေလးတစ္ခ်ိဳ႕ကို ေတြ႕လိုက္သည္။
ဟမ့္ ငါက မိန္းမလွေတြမ်ား ေတြ႕မလားလို႔ အကုန္လုံး အိုႀကီးအိုမေတြခ်ည္းပဲ။ ငါ့မိန္းမနဲ႕ လားလားမွ မနီးစပ္ဘူး။
ၾကည့္ရတာ ရွီသခင္ေလးကလည္း ေကာလဟလေတြေလာက္ ႐ုပ္မေခ်ာတဲ့ပုံပဲ
ဇူအန္ အၾကည့္ကို ေရွ႕ကိုအနည္းငယ္ေ႐ႊ႕လိုက္ေသာ္ ေတာက္ပလြန္း၍ ကန္းမတတ္ပင္။ ေရွ႕မွ လူငယ္က အလြန္႐ုပ္ေခ်ာလြန္း၍ ျမင္သူတိုင္း တစ္နာရီေလာက္ ခ်ီက်ဴးသီဆို မိေပလိမ့္မည္။
ငါလခြမ္းေသာက္ရမ္း႐ုပ္ေခ်ာတာပဲဟ..။
ဇူအန္ပင္ မတတ္နိုင္စြာ လက္ခံရေပလိမ့္မည္။ ႐ုပ္ရည္အရ ဒီလူက သူႏွင့္ ယွဥ္နိုင္ေလသည္။ သို႔ေသာ္ မိန္းမမ်ားက ေယာက္်ားတစ္ေယာက္မည္မွ်ေခ်ာေၾကာင္း မခြဲျခားနိုင္၍ အျပင္မွ အၾကည့္ဖယ္ကာ ခ်ဴခ်ဴယန္ကို စိတ္ပူစြာ ၾကည့္လိုက္သည္။
မေမွ်ာ္လင့္စြာ ခ်ဴခ်ဴယန္က ေဆာင္းတြင္း၏ ကန္ေရျပင္လို ၿငိမ္သက္ေနေသးသည္။ သဘာဝက်ေသာ အသံျဖင့္
"ေတာင္းပန္ပါတယ္။ ဒါေပမဲ့ ကြၽန္မလို အိမ္ေထာင္ရွိမိန္းမက သူစိမ္းေယာက္်ားတစ္ေယာက္နဲ႕ သီးသန့္ေတြ႕ဖို႔ မသင့္ေတာ္လို႔ပါ။ ခြင့္လႊတ္ဖို႔ ေတာင္းဆိုပါတယ္ ရွီသခင္ေလး"
သူမစကားေျပာအၿပီး လွည္းထိန္းကို ေရွ႕ဆက္ရန္ ေျပာလိုက္သည္။
ဇူအန္က ထိုစကားမ်ားၾကားရတာ သေဘာက်လြန္း၍ သူ႕မိန္းမကို ေျပးဖက္လိုက္ခ်င္မိသြားသည္။ တစ္ခ်ိန္လုံး သူ႕ကို အထင္ေသး၍ ေအးစက္စက္ဆက္ဆံသည္ဟု ထင္ခဲ့တာ။ အခုေတာ့ သူမက အားလုံးကို တန္းတူဆက္ဆံေနျခင္းပင္။
အမွန္ေတာ့ သူက ငါ့ကို အေတာ္ေလး ေကာင္းပါတယ္။
....
လမ္းမေပၚတြင္ ထြက္သြားေသာ ရထားလုံးကို ရွီခြန္း ေဒါသျဖင့္ ၾကည့္ေနမိသည္။ ဝတ္႐ုံထဲမွ လက္မ်ားက က်စ္က်စ္ဆုတ္မိေနသည္။
ခ်ဴခ်ဴယန္ မင္းေစာင့္ၾကည့္ေနလိုက္ မၾကာခင္ မင္းက ငါ့အပိုင္ ျဖစ္လာေတာ့မွာ။
သူ႕႐ုပ္ဆိုးေသာ မ်က္ႏွာထားက ေဘးကလူမ်ား၏ အၾကည့္မွ မလြတ္ေသာေၾကာင့္ တီးတိုးေျပာဆိုေနၾကသည္။
"အဲ့ဒီ ခ်ဴမ်ိဳးႏြယ္က အေတာ္ေမာက္မာတာပဲ ရွီသခင္ေလးကို ဒီလို ျငင္းရဲတယ္"
"နင္သာ သူ႕ေလာက္လွရင္ နင္လည္း လုပ္လို႔ရတယ္"
"ငါဘယ္ေလာက္လွလွ ရွီသခင္ေလးကို အဲ့လိုလုပ္မွာ မဟုတ္ဘူး"
"အမွန္ပဲ သူက ဘာေတြ ဘဝင္ျမင့္ေနတာလဲ။ ေနာက္ဆုံးေတာ့ ဆန္ကုန္ေျမေလးကို ေယာက္်ားေတာ္ရတာပဲ မဟုတ္ဘူးလား။ သူ႕ကို ဘယ္အရာမွ မမီနိုင္ေပမဲ့ အနည္းဆုံး သူ႕ထက္သာတဲ့ ေယာက္်ားေတာ့ ရေအာင္ယူျပမယ္"
ဒါေပါ့ မဝံ့မရဲ ေထာက္ျပေသာ လူတစ္ခ်ိဳ႕လည္း ရွိေပေသးသည္။
"ရွီသခင္ေလး မ်က္လုံးက ခုနက ေၾကာက္စရာႀကီး..."
ထိုသို႔ေသာ စကားမ်ားက အင္အားေတာင့္တင္းေသာ အျခားဖန္မ်ား၏ ထိုးႏွက္ျခင္းခံရေလသည္။
"မင္းဘာသိလို႔လဲ။ အဲ့တာက မိစ္ဆာဆန္ဆန္ ဆြဲေဆာင္မႈလို႔ ေခၚတာ။ ဒါက ငါတို႔ရွီသခင္ေလးပဲ ပိုင္ဆိုင္တဲ့ အျပဳအမူ တစ္ခုပဲ"
ရထားလုံးထဲတြင္ ဇူအန္အၾကည့္ေၾကာင့္ ခ်ဴခ်ဴယန္ မသက္မသာျဖစ္လာသည္။ မေနနိုင္ေတာ့ဘဲ ေမးလိုက္သည္။
"ရွင္ ဘာၾကည့္ေနတာလဲ"
ဇူအန္ ၿပဳံး၍ ျပန္ေျဖသည္။
"မင္းကိုၾကည့္ေနတာေလ အသည္းရဲ႕ ကိုယ္မင္းကို ပိုၿပီး သေဘာက်လာသလိုပဲ"
ခ်ဴဟြမ္ေက်ာက္ သည္းမခံနိုင္ေတာ့ေပ။
"ေဟး ေဟး ေဟး ဒီမွာ ကေလးတစ္ေယာက္ရွိေနေသးတယ္။ ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္ၾကပါဦး"
ဇူအန္ ေျပာစရာမရွိေတာ့ေပ။
မင္းငယ္ေသးတာေတာ့ ဝန္ခံပါတယ္။ ကေလးလို႔ ေျပာတာေတာ့ လြန္လြန္းမေနဘူးလား။
"အထင္မလြဲနဲ႕ ရွင့္ေၾကာင့္ ရွီသခင္ေလးကို ျငင္းလိုက္တာမဟုတ္ဘူး။ ရွီအိမ္နဲ႕ ပတ္သက္ရမွာ ျပႆနာမ်ားလို႔" ခ်ဴခ်ဴယန္ ျပန္ေျဖသည္။
ဒါက ဇူအန္ေပ်ာ္႐ႊင္မႈကို မေလ်ာ့နည္းေစေပ။
"ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ မင္းသူ႕ကို ျငင္းလိုက္တာ ငါဝမ္းသာတယ္"
ခ်ဴခ်ဴယန္ စိတ္ရႈပ္လာရသည္။ သူမေျပာေနေသာအရာႏွင့္ ဇူအန္ေျပာေသာအရာ မအပ္စပ္ဘူးလို႔ ခံစားရသည္။ ေခတၱစဥ္းစား၍ တည့္တည့္ေျပာရန္ ဆုံးျဖတ္လိုက္သည္။
"အျပင္မွာ ရွင့္မိန္းမလို ဟန္ေဆာင္ေနပမဲ့ ကြၽန္မတို႔ဆက္ဆံေရးကို ရွင္အသိဆုံးပဲ။ ကြၽန္မက ဇနီးတစ္ေယာက္တာဝန္ ေက်ေပးနိုင္မွာ မဟုတ္ဘူး။ အဲ့တာေၾကာင့္ ရွင့္ကိုရွင္ ဒီဆက္ဆံေရးကို သိပ္စိတ္ထဲမထားနဲ႕ မဟုတ္ရင္ နာက်င္ရလိမ့္မယ္"
ထိုစကားမ်ားၾကားေသာအခါ ခ်ဴဟြမ္ေက်ာက္ ဇူအန္ကို အေတာ္သနားသြားရသည္။ ခ်ဴအိမ္တြင္ ဒီလိုသတင္းမ်ိဳး ၾကားေနက်ျဖစ္ေသာ္လည္း သူ႕အစ္မပါးစပ္က ထြက္လာျခင္းက လုံးဝကြာျခားေလသည္။
ငါ့ခဲအိုက ဒီစကားေတြၾကားရတာ အေတာ္စိတ္ဆင္းရဲသြားမွာပဲ။
ေမွ်ာ္လင့္မထားစြာ ဇူအန္က ေပ်ာ္႐ႊင္ေနဆဲပင္။
"သိပါတယ္။ ဒါေပမဲ့ ငါ မင္းကို ႀကိဳက္တာ မႀကိဳက္တာက ငါ့ကိစၥ။ မင္ငါ့ကို ႀကိဳက္တာ မႀကိဳက္တာနဲ႕ မဆိုင္ဘူး။ ၿပီးေတာ့ ဘယ္သူသိမွာလဲ။ မင္းငါ့အေပၚ ခ်စ္ရင္ခ်စ္လာမွာေပါ့"
ခ်ဴခ်ဴယန္ ေတြေဝျခင္းမရွိဘဲ ေခါင္းယမ္းလိုက္သည္။
"ဒါက မျဖစ္နိုင္ပါဘူး "
ဇူအန္ စိတ္ထဲမထားဘဲ ပုခုံးတြန့္လိုက္သည္။
"မင္းက အဲ့လို ထုတ္ေျပာမွေတာ့ ငါလည္း မင္းကို ေမးစရာရွိေသးတယ္။ မင္းက ငါ့မိန္းမတာဝန္ ေက်ေအာင္မလုပ္ေပးနိုင္မွေတာ့ ငါတစ္ျခားမိန္းမရွာရင္ ရလား"
ဇူအန္အတြက္ ဝမ္းနည္းေပးေနေသာ ခ်ဴဟြမ္ေက်ာက္ လန့္ျဖန့္၍ ခုံေပၚက ျပဳတ္က်မတတ္ပင္။ မ်က္လုံးျပဴးသြားသည္။
ေၾကာက္စရာေကာင္းလိုက္တဲ့ ခဲအိုပါလား။ သူ႕ကို ေဖာက္ျပန္လို႔ မမႀကီးသတ္မွာ မေၾကာက္ဘူးလားပဲ။
ခ်ဴခ်ဴယန္လည္း အံ့ၾသသြားသည္။ ဇူအန္ ဒီလိုေမးလိမ့္မည္ဟု သူမထင္ထားေပ။ သို႔ေသာ္လည္း တည္ၿငိမ္စြာ ျပန္ေျဖေလသည္။
"ကြၽန္မ စိတ္မရွိပါဘူး။ ဒါေပမဲ့ ရွင္က..."
ဇူအန္ခြၾကားကို အၾကည့္ပို႔ရင္း ေျပာလိုက္သည္။ သူ႕ညီမေလးေရာ ရထားလုံးထဲတြင္ ရွိေသာေၾကာင့္ ထုတ္မေျပာလိုက္ေပ။
"အဲ့တာကို မင္းစိတ္ပူစရာမလိုပါဘူး။ မၾကာခင္ ငါျပန္ေကာင္းေတာ့မွာ" ဇူအန္ ရင္ဘတ္ကို ဂုဏ္ယူစြာ ပုတ္လိုက္သည္။ သူက ေမွးမွိန္ၾကာပြင့္ ရွာနိုင္ရန္ ယုံၾကည္ခ်က္မရွိေသာ္လည္း ထိုမေသခ်ာမႈက ခ်ဴခ်ဴယန္ ေရွ႕တြင္ သန္မာေၾကာင္းျပရန္ မတားဆီးနိုင္ေပ။
ခ်ဴခ်ဴယန္ ထိုကိစၥကို ဆက္မေျပာေတာ့ေပ။ ဇူအန္ ရက္စက္ေသာအမွန္တရားမွ မ်က္ႏွာလႊဲရန္ ႀကိဳးစားေနျခင္းဟုသာ ထင္ေလသည္။
ခ်ဴဟြမ္ေက်ာက္ ပါးစပ္အေဟာင္းသား ျဖစ္သြားသည္။
ဒီမွာ ဘာေတြ ျဖစ္ေနတာလဲ။ ငါ့ခဲအိုက သူ႕မိန္းမကို ေနာက္တစ္ေယာက္ရွာလို႔ရလား ခြင့္ေတာင္းေနတဲ့အျပင္ ငါ့အစ္မကလည္း စိတ္မဆိုးတဲ့အျပင္ ခြင့္ျပဳေနေသးတယ္။
မမႀကီး ခဲအိုက မမထင္တာထက္ ပိုထူးခြၽန္တာကို မသိဘူးေနာ္။ သူ႕ကို လက္ခုပ္ထဲက ေလွ်ာ့ေပးလိုက္ရင္ အျပင္က ေျမေခြးမေတြက မမလက္ထဲကသူ႕ကို အေျပးလုယူၾကမွာ။
မျဖစ္ဘူး ဒီလိုမျဖစ္ရဘူး မမႀကီးအစား ငါသူ႕ကို ေသခ်ာေစာင့္ၾကည့္ထားရမယ္။
သူတို႔၃ေယာက္ အေတြးကိုယ္စီျဖင့္ အကယ္ဒမီကို ေရာက္လာသည္။ စည္းကမ္းအရ ေက်ာင္းသားမ်ား ကထားလုံးစီး၍ မဝင္ရသျဖင့္ ဝင္ေပါက္တြင္ ဆင္းလိုက္ရသည္။
ခ်ဴခ်ဴယန္ ႐ုပ္ရည္က ေဘးကလူမ်ားကို အုပ္အုပ္ႂကြႂကြျဖစ္ေသၿပီး အိပ္မက္ခ်စ္သူစာရင္း၏ အလွဆုံးမိန္းမလွကို ျမင္ခြင့္ရသြား၍ မိုးနတ္မင္းကို ေက်းဇူးတင္ေနသူမ်ားပင္ ရွိေသးသည္။
သို႔ေသာ္ ခ်ဴခ်ဴယန္ႏွင့္ လွည္းထဲမွ ဆင္းလာေသာ ဇူအန္ကို ျမင္ေသာအခါ အားက်လာရသည္။ သူတို႔ နတ္သမီးက အလကားလူတစ္ေယာက္ကို လက္ထပ္ၿပီးေၾကာင္း သတိေပးလိုက္ျခင္းက သူတို႔စိတ္ကို ခ်ဥ္သြားေစသည္။
"တိုက္ဆိုင္လိုက္တာ ဒီမွာ ေတြ႕ရမယ္လို႔ မထင္ထားဘူး ခ်ဴမိန္းကေလး" ရင္းႏွီးေသာ အသံတစ္ခု ေဘးမွ ထြက္လာသည္။
ဇူအန္ ေခါင္းလွည့္လိုက္ၿပီး ရွီခြန္းကို ေတြ႕လိုက္ရသည္။ သူ႕မ်က္ႏွာတြင္ ဆြဲေဆာင္မႈရွိေသာ အၿပဳံးတစ္ခု ရွိေနေသာ္လည္း ဇူအန္မ်က္လုံးထဲတြင္ မ်က္စိစူးေနသည္။
-----------------------------------------------------------------