ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.4K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

97

331 53 1
By SoeHmue

Chapter 97. သဘောပေါက်ခြင်း

"မင်းပြောတာကြားမှ ဒီလူကို စိတ်ဝင်စားချင်လာပြီ။ မနက်ဖြန် အကယ်ဒမီသွားပြီး သူ့ကို ငါကိုယ်တိုင်သွားကြည့်မယ်" ရှီခွန်း အကယ်ဒမီရှိရာကို လှည့်၍ ပြောလိုက်သည်။ သူ့လေသံက သာမန်ကိစ္စတစ်ခု ပြောနေသလို ယုံကြည်ချက်အပြည့်ပင်။

စနိုး ရှက်ရွံစွာ ခေါင်းငုံ့လိုက်သည်။
ငါအသုံးမကျလို့ သခင်လေးကိုယ်တိုင် လှုပ်ရှားရတာ။

"ဆန်းသခင်လေးက ငါ့ကို အပြင်မှာ စောင့်နေသေးတယ်။ သူနဲ့ ငါအခု စကားပြောမယ်" ရှီခွန်း ထွက်သွားရန် ခြေလှမ်းပြင်ပြီးမှ တံခါးဝတွင် ရပ်လိုက်သည်။ မေချောက်ဖုန် ကိုလှည့်ကြည့်၍
"ငွေစ ၇ သန်းခွဲ ရှုံးသွားတဲ့ မင်းရဲ့ လက်အောက်ငယ်သား နာမည်ကဘာလဲ"

"မက်မွန်ပွင့် ၇ ပါ" မေချောက်ဖုန်း ကြောက်ကြောက်လန့်လန့် ပြန်ဖြေသည်။

ရှီခွန်း ခေါင်းငြိမ့်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"အသုံးမကျတဲ့ဟာတွေကို ဘေးနားမှာထားတာ အလကားပဲ။ သူ့ကို နုပ်နုပ်စင်းပြီး ခွေးကျွေးလိုက်"

"ဟုတ်..ဟုတ်ကဲ့" မေချောက်ဖုန်း အေးစက်သွားရသည်။ ။

ဒါက ရှီခွန်း သူ့ကို သတိပေးခြင်းမှန်း သူသိပြီး အနည်းငယ် မကျေနပ်ပေ။ သူက အာဏာအပြည့်အဝရှိသော လပြည့်မြို့ မြေအောက်လောကခေါင်းဆောင် ဖြစ်သည်။ဘယ်အချိန်က လူငယ်တစ်ယောက် သူ့ကို ဒီလို ခြိမ်းခြောက်ဖူးလို့လဲ။

သို့သော် သူ့မကျေနပ်မှုက ရှီခွန်းနောက်က အဘိုးအိုတစ်ယောက်ကို တွေ့ပြီး ပျောက်ကွယ်သွားရသည်။ ရှီခွန်းက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေ။ သူ့ကို ယှဉ်နိုင်ရန်ဝေးပေသည်။ သို့သော် ဒီလူကြီးကတော့ မေချောက်ဖုန် ထက် အဆများစွာ ပိုအားကောင်းလေသည်။

ကြည့်ရတာ ရှီအိမ်က ထည့်တွက်သင့်တဲ့ အိမ်တော်တစ်ခုပဲ။ အစောင့်တစ်ယောက်ကတောင် ဒီလောက် အင်အားကောင်းတယ်။
မေချောက်ဖုန်း စိတ်တွင် ပြိုလဲသွားသည်။ သူ့လို သိုင်းလောကက လူများမှာ ဒီလို အိမ်တော်ကြီးများ ကြိုးဆွဲရာကနေရခြင်းက ဝမ်းနည်းစရာပင် ။

အပြင်ဘက် ဧည့်ခန်းတွင် ဆန်းရှန် စောင့်ရလွန်း၍ စိတ်မရှည်တော့ပေ။ သို့သော် ရှီခွန်းကိုမြင်သည်နှင့် အပြုံးတစ်ခု သူ့မျက်နှာတွင် တပ်ဆင်လိုက်ရသည်။
"ရှီသခင်လေး မတွေ့ရတာ အတော်ကြာပြီ။ အရင်လို ချောမောနေတုန်းပဲ"

ရှီခွန်း၏ ဒေါသထွက်နေသော မျက်နှာမှာလည်း အပြုံးတစ်ခု အစားထိုးလာသည်။
"မြို့တော်မှာ လမ်းခွဲလိုက်တာ တကယ့်ကို ကြာပြီပဲ။ ခင်ဗျားက ခုထိ စိတ်ဝင်စားစရာကောင်းနေတုန်းပဲ"

သူတို့နှစ်ယောက်က သိကျွမ်းကြလေသည်။ အာလာပသလ္လာပတစ်ချို့ ပြောပြီးနောက် ရှီခွန်း လိုရင်းကို ပြောလိုက်သည်။
"မင်းအဖေ အကြံက ဘာလဲ သိလို့ရမလား။ လင်ချွမ်းပြည်ကို တာဝန်ကျတာ ကြာတာတောင် ခုထိ ဘာမှမလုပ်ရသေးဘူး။ သူ့အစီအစဉ်ကို ကျုပ်သေချာမသိဘူးဗျ"

ဆန်းရှန် ပြုံးလိုက်သည်။
"ကျုပ်အဖေက လိုအပ်တာတွေပြင်ဖို့ အချိန်ယူနေတာပါ။ ရှီသခင်လေးသာ တစ်ခုခုလှုပ်ရှားချင်ရင် လုပ်လို့ရတယ်လို့ သူကမှာလိုက်တယ်။ ခင်ဗျားအစီအစဉ်က ကျုပ်တို့နဲ့ မတိုက်ဘူးတဲ့"

"အုပ်ချုပ်ရေးမှူး ဆန်းဟုန်က တစ်ခုခုမလုပ်ခင် အသေးစိတ်ပြင်ဆင်တတ်တယ်လို့ ကျုပ်ကြားဖူးပြီးသား။ ကြည့်ရတာ တကယ်ပဲနဲ့ တူတယ်"

သို့သော် စိတ်ထဲတွင်တော့ ရှီခွန်းက လှောင်လိုက်သည်။
သူက ငါ့ကို ဖြစ်သမျှ တာဝန်ခံဖို့ ရှေ့ပို့နေတာ။ ငါက ချူအိမ်ကို မဖြေရှင်းနိုင်လို့ မင်းတို့က နောက်ဆုံးမှ ဝင်ဖြေရှင်းလိုက်ရတဲ့ ပုံစံ ဖမ်းမလို့မလား။

"အစ်ကိုရှီက ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်တို့ စလှုပ်ရှားလိုက်ရင် အစ်ကိုရှီရဲ့ ချူအိမ်ပထမသခင်မလေးကို အရယူမယ့် အစီအစဉ်ကို ပျက်မှာစိုးလို့ပါ။ ချူပထမသခင်မလေးကို မင်းဘက်ကို ဆွဲခေါ်နိုင်ရင် ကျုပ်တို့ အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့"

ဆန်းရှန်စကားက ယဉ်ကျေးနေသော်လည်း စိတ်ထဲက အားကျမှုများ အပြည့်ပင်။ ချူအိမ်သခင်မလေး၏ လှပထူးချွန်မှုကို မြင်ရပြီးနောက် စိတ်မလှုပ်ရှားသော ယောက်ျားမရှိပေ။ ကံမကောင်းစွာနဲ့ သူ့အဖေက ရာထူးများတိုးလာသော်လည်း ဆန်းအိမ်တော်၏ အခြေခံအုတ်မြစ်က တစ်ခြားအိမ်တော်များ၏ နှစ်ရာချီတည်ရှိလာသော အမွေအနှစ်မရှိသေးပေ။

သူ့အိမ်တော်က ချူအိမ်ထက် နိမ့်ကျသည့်အပြင် ရှီခွန်းလို တစ်ခြားလူများလည်း ချူချူယန်ကို ပိုးပန်းနေသေးသည်။ ထိုအကြောင်းပြချက်များကြောင့် သူ့တွင် အခွင့်အရေးမရှိမှန်း ဆန်းရှန် သိလေသည်။ထို့ကြောင့် ကျန်းအိမ်ကိုသာ ရည်ရွယ်လိုက်ရသည်။

ကျန်းအိမ်ကို စဉ်းစာမိမှ သူ့ဇနီးလောင်းကို ခိုင်းထားသော ပျားရည်ထောင်ချောက်အကြောင်း တွေးလိုက်မိသည်။  အခြေအနေဘယ်လိုရှိလဲ သူမကို မေးကြည့်လိုက်သော်လည်း အောင်မြင်မှု မရသေးပေ။ သို့သော် သူ့စကားအရ အားလုံး အစီအစဉ်အတိုင်း ရှေ့ဆက်နေသည်။

ဟမ့် ဇူအန် သူ့ကို အသားမယူနိုင်ဖို့ပဲ ငါမျှော်လင့်ရတာပဲ။

ကျန်းတန်ကသူ့ကို လက်ပင် မကိုင်ခိုင်းကြောင်း သတိရလိုက်ပြီး စိတ်ပူမှုများ အဝေးလွှင့်လိုက်သည်။
အဲ့ဒီအမှိုက်ကို သူ့အနား အကပ်ခံဖို့ အကြောင်းမရှိဘူး။

ထိုစဉ် ရှီခွန်းကတော့ ဆန်းရှန်မြှောက်ပင့်မှုကြောင့် သဘောကျနေသည်။
"ဟားဟားဟား အရာအားလုံး အစ်ကိုဆန်း ဆုပေးသလို ဖြစ်မယ်လို့ ကျုပ်သေချာတယ်။ ကျုပ် ချူအိမ်ပထမသခင်မလေးရဲ့ နှလုံးသားကို ရတာနဲ့ ခင်ဗျားကို ဖိတ်စာပို့လိုက်မယ်။ ကျုပ်တို့ ကောင်းကောင်းသောက်ကြတာပေါ့"

ဟမ့် မင်းက ငါ့မျက်နှာရှေ့ လာကြွားချင်တာမလား..ဆန်းရှန် မျက်နှာကို တည်တည်ထား၍ သူ့စိတ်ထဲက လှောင်ပြောင်မှုကို ဝှက်လိုက်သည်။
"ကျုပ်တို့အားလုံး တော်ဝင်မိသားစုအတွက် အလုပ်လုပ်နေတာပဲ။ အစ်ကိုရှီကို အရက်အစား ဒီရေနွေးကြမ်းနဲ့ ကမ်းခွင့်ပြု။ အောင်မြင်မှုအတွက်"

"ဒါပေါ့ ဒါပေါ့ အောင်မြင်မှုအတွက်" ရှီခွန်းလည်း ရေနွေးခွက်ကိုမြှောက်၍ ဆန်းရှန်ခွက်နှင့် တိုက်လိုက်သည်။ သူလည်း စိတ်ထဲတွင် အခြားအတွေးများ ရှိလေသည်။
မင်းစကားကို ဘယ်လိုကောင်းကောင်းသုံးရမလဲ သိတာပဲ။ တော်ဝင်မိသားစုအတွက် ဟုတ်လား။ ဟမ့်...။

အမှန်တော့ ဆန်းအိမ်က ဧကရာဇ်အတွက် အလုပ်လုပ်ပြီး ရှီအိမ်တော်က ဧကရီရဲ့ အုပ်စုကပင်။ အပေါ်ယံတွင်တော့ တော်ဝင်စုံတွဲက ဆက်ဆံရေးကောင်းမွန်နေသော်လည်း ထိုအရာက လက်ရှိတွင် ဘုံရန်သူတစ်ယောက်-ချီဘုရင် ရှိနေသောကြောင့်ပင်။
အနာဂတ်တွင် ဘာဖြစ်မလဲ ဘယ်သူသိမှာလဲ။ သဘာဝအတိုင်း အိမ်တော်ချင်း မယုံကြည်နိုင်ကြပေ။

သူ့အတွေးများက ဆန်းရှန်နှင့် ထပ်တူပေ။

.....

နောက်တစ်နေ့မနက် ဇူအန် စိတ်ငြိမ်သွားသည်။ သူက စိတ်အေးအေးထား၍ တွေးချိန်ရှိသွားလေသည်။ အင်အားက အဓိကဖြစ်သော ဒီလောကတွင် သူ့မာနကို ပစ်၍ အားကောင်းအောင် အရင်လုပ်ရပေမည်။

ဒီလောကက သူ့အပေါ် သိပ်မကြင်နာပေ။ အကြိမ်များစွာ အန္တရာယ်တောထဲကျရောက်ပြီးနောက် သူ့မာနကို လက်ကိုင်ထား၍ အထိန်းတော်သင်ပေးသော သိုင်းပညာဖြစ်ရုံနှင့် မလေ့ကျင့်ရန် မဖြစ်နိုင်ပေ။သူ့လုံခြုံရေးကို နောက်ထပ်နည်းလမ်းတစ်မျိုးရသည်က ပိုကောင်းပေသည်။
ငါပြေချင်တာက နေကြာပန်းသိုင်းကို ငါလေ့ကျင့်တော့ရော ဘာဖြစ်လဲကွာ။ ဒီလောကက လူတွေက သိုင်းလောကစိန်ခေါ်သံ ကြည့်ဖူးတာမှ မဟုတ်တာ။ ငါဘာကြောက်စရာရှိလို့လဲ။ လခွမ်းနဲ့မှ။

သူက မနက်ဖြန်ပြိုင်ပွဲအတွက်ဖြစ်စေ အာဆယ်မြေအောက်ဂူကိုဝင်ရန်ဖြစ်စေ နေကြာပန်းလှိုင်းကို လိုအပ်လေသည်။
ထို့ကြောင့် နေကြာပန်းလှိုင်းကို သေချာလေ့လာရန် အာရုံစိုက်လိုက်သည်။ ကီလမ်းကြောင်းတိုင်းကို သေချာသတိထားကြည့်လိုက်သည်။

မနက်စာစားပြီးနောက် အကယ်ဒမီသွားရန် ချူဟွမ်ကျောက် လာခေါ်လေသည်။ ဇူအန်က အကယ်ဒမီကို သွားချင်စိတ်မရှိသော်လည်း လှပသောခယ်မလေးက လိုက်ပို့သောကြောင့် သိပ်စိတ်ထဲမထားတော့ပေ။
သို့သော် ဒီနေ့တော့ တစ်ခုထူးခြားသည်။ ချူချူယန်လည်း ဒီနေ့ အကယ်ဒမီကို သွားပေလိမ့်မည်။

ချူချူယန်နှင့် ယှဉ်သော် ကြိုဆိုမှုကွာခြားသောကြောင့် ဇူအန် မတရားဘူးလို့ တွေးလိုက်မိသည်။  သူမ ကျောင်းမသွားတာ ကြာနေပြီဖြစ်သော်လည်း ကျောင်းသားတိုင်းက သူမကို စံပြကျောင်းသားလို ဆက်ဆံနေကြသေးသည်။ သို့သော် သူကျောင်းလေး တစ်ရက်လစ်ရုံဖြင့် သူ့ကို ဆိုးသွမ်းလူငယ်စာရင်း ထည့်လိုက်ကြသည်။

ချူချူယန်၏ ရုပ်ရည်ကြောင့် ပုံမှန် ရထားလုံးဖြင့် သွားလေသည်။ ဒါက လမ်းပေါ်တွင် မလိုအပ်သော လမ်းပိတ်ခြင်းကို ကာကွယ်နိုင်လေသည်။
နူးညံ့သောထိုင်ဖုံနှင့် လေထဲရှိ ရနံ့သင်းသင်းက ဇူအန် ဒီလောကကို ရောက်ရောက်ချင်းနေ့က ရထားလုံးစီးခဲ့ပုံကို သတိရစေလိုက်သည်။ ထိုအချိန်မှစ၍ အဖြစ်အပျက်များစွာ ဖြစ်ပြီးလေပြီ။

"အသည်း…မင်းမှာ စနိုးနဲ့ ပတ်သက်တဲ့ သတင်းရလား" ဇူအန် မေးလိုက်သည်။

ထုံးစံအတိုင်း သူ့နာမ်စားက ချူချူယန်ကို မျက်နှာမသာမယာဖြစ်စေသည်။ သူ့ကို အကြိမ်များစွာ ပြင်ပေးရန် ကြိုးစားသော်လည်း အချည်းနှီးပင်။ ဝန်ခံရမည်ဆိုလျှင် ချူချူယန်လည်း ကျင့်သားရလာပြီး ခေါ်ခွင့်ပြုထားမိသွားသည်။

"သူ့ကို မတွေ့သေးဘူး။ လေထဲမှာ ပျောက်သွားသလိုပဲ။ ဘာလဲ။ လွမ်းလို့လား"

"ငါက…သူ့ကိုလွမ်းတာလား" ဇူအန် မယုံနိုင်စွာ ထခုန်မိမတတ်ပင်။
"အဲ့ဒီမိန်းမက ငါ့ကိုသတ်ဖို့ အကြိမ်ကြိမ်ကြိုးစားထားတာ။ ငါ့ကို မင်းမျက်လုံးထဲမှာ နာကျင်တာကိုကြိုက်တဲ့လူ ထင်နေလား။ ဘာလို့ လွမ်းရမှာလဲ"

"ပြောရင်းနဲ့ ရှင်ပြောတော့ သူရှင့်ကို လုပ်ကြံတာ ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူးဆို။ ဘာလို့ ကျွန်မကို မပြောတာလဲ" ချူချူယန် မေးလိုက်သည်။

ဇူအန် မျက်လုံးလှိမ့်လိုက်သည်။
"ငါ့ကို သတ်ဖို့ကြိုးစားနေတာ ဘယ်သူလဲ ငါက ဘယ်လိုလုပ် သေချာသိမှာလဲ။ သူက မင်းရဲ့ ကိုယ်ပိုင်အစေခံလေ။ မင်းအပြင်မှာအပျော်ကောင်လေးရှိပြီး သူနဲ့အတူနေရဖို့ ငါ့ကို သတ်ခိုင်းတာဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

ချူချူယန် မျက်နှာရဲသွားသည်။
"အပျော်ကောင်လေးဆိုတာ ရှင်ဘာစကားလဲ။ ရှင့်ပါးစပ်ကို ထိန်းဖို့ သေချာသင်ယူသင့်တယ်"

"ခဲအို ရှင့်အခြေအနေက တကယ့်ကို သနားစရာပဲ။ ဒီအတောအတွင်း အတော်လေး စိတ်ပူနေရမှာပဲ" ချူဟွမ်ကျောက် ထပြောသည်။

ဇူအန် ရင်ထဲ နွေးထွေးသွားရသည်။ သူက ချူချူယန်ကို မျက်စောင်းထိုး၍
"ကြည့်လိုက်။ ငါ့ကို ဂရုစိုက်တာ ငါ့ခယ်မလေးပဲရှိတာ။ သူ့ဆီက မင်းနည်းနည်းပါးပါး သင်သင့်တယ်"

ချူဟွမ်ကျောက်က ဒီထူးထူးဆန်းဆန်းစကားကြောင့် အံ့သြသွားသည်။ အိမ်တွင် သူ့မိဘများက သူ့မမကြီးထံမှ သင်ယူရန် တစ်ချိန်လုံး ပြောနေသည်။ ပထမဆုံးအကြိမ် လူတစ်ယောက်က သူ့အစ်မကို သူ့ဆီက သင်ယူရန် ပြောနေခြင်းပင်။ တစ်ကြိမ်လောက် အလှည့်ပြောင်းလိုက်ရသည်က ကျေနပ်စရာပင်။

တစ်ခြားဖက်တွင် ချူချူယန်က သူ့စကားကို အရေးမလုပ်ပေ။
"နောက်ဆိုရင် ကျွန်မကို အကုန်ပြောလို့ရတယ်။ ကျွန်မတို့က အခုမိသားစုပဲ..."

သူ့ညီမလေးကို တစ်ချက်ကြည့်၍ တွေဝေစွာ စကားပြောင်းလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ရှင့်ကို ကျွန်မကာကွယ်ပေးမယ်။ စိတ်မပူနဲ့"

ဇူအန် မျက်လုံးလက်သွားသည်။
"အဲ့တာက ပြည့်စုံသွားပြီ။ ငါ့ကို တစ်ယောက်ယောက်အနိုင်ကျင့်ရဲရင် မင်းသူတို့ခေါင်းတွေ မြေပေါ်ကျအောင်လုပ်ဖို့ မင်းကို ခေါ်လိုက်မယ်"

ချူချူယန် သူ့ကို အကြည့်တစ်ချက် ပေးလိုက်သည်။
"ရှင်လျှောက်လုပ်နိုင်အောင် ပြောနေတာ မဟုတ်ဘူး"

"သိတယ် သိပါတယ်" ဇူအန် ရယ်လိုက်သည်။
"မင်းတို့ချူအိမ်က ငါထင်သလောက် အာဏာမရှိတာတော့ ပြောရမယ်။ မြို့တော်ဝန်အိမ်တော်တစ်ခုဖြစ်ပြီး မြေအောက်ဂိုဏ်းလေးတစ်ခုကို မရှင်းနိုင်တဲ့အပြင် အစေခံတစ်ယောက်ကိုတောင် မရှာနိုင်ဘူး။ မင်းတို့ အဲ့တာကို ပြင်ဖို့ ကြိုးစားသင့်တယ်လို့ ငါထင်တယ်"

ချူချူယန်က ဇူအန်စွတ်စွဲချက်များကို မမှုပေ။
"ရှင်က ချူအိမ်သားတစ်ယောက်ဖြစ်နေပြီဆိုတော့ ရှင့်ကို မဖြစ်မနေပြောပြရမယ့် အရာတွေရှိတယ်။ ကျွန်မတို့က မြို့တော်ဝန်အိမ်တော်ဆိုပေမဲ့ အပြင်ကကြည့်ရသလောက် အခြေအနေမကောင်းဘူး။ ရှင်းရှင်းပြောရရင် အခုကျွန်မတို့က ထီနန်းလုပွဲကြားမှာ ညပ်နေတာ။

အရင်ဧကရာဇ်ရဲ့ ဂတိစကားအရ ထီးနန်းက ချီဘုရင်လက်ထဲကို ပေးလိုက်ရမှာ။ ဧကရာဇ်က အဲ့ဒီအစား သူ့သား အိမ်ရှေ့စံကို ပေးချင်တယ်။ ပုံမှန်အတိုင်းဆို အမတ်တွေက မင်းကြီးရဲ့စိတ်အတိုင်း သူ့ဘက်ကို လိုက်ရမှာ-မကျေနပ်ရင်တောင် သူက တစ်ဦးတည်းသော မြေအင်မော်တယ်ပဲလေ။ ဒါပေမဲ့ အိမ်ရှေ့စံက ဉာဏ်ရည်မပြည့်ဝဘူး ပြီးတော့ ချီဘုရင်ကို ဘယ်နားမှ မမီဘူး။

အမတ်အများကြီးနဲ့ အိမ်တော်အများစုက ဂတိဖျက်လို့ ဧကရာဇ်ကို အမြင်ကြည်တာမဟုတ်ဘူး။ အိမ်ရှေ့စံရဲ့ အရည်အချင်းမပြည့်တာက အဲ့တာကို ပိုမကျေမနပ်ဖြစ်စေတယ်။ ချီဘုရင်က ဒီအခွင့်အရေးကို အသုံးချပြီး အမတ်တွေကို သူ့ဘက်ဆွဲခေါ်ထားတော့ အခု တော်ဝင်လွှတ်တော်က နှစ်ဖက်ကွဲနေတယ်။

ဧကရာဇ်က အင်အားကြီးပေမဲ့ သူက အိုနေပြီ။ အိမ်ရှေ့စံကလည်း ကိုယ်တိုင်ထိန်းချုပ်ဖို့ အရည်အချင်းမရှိဘူး ပျော့ညံ့တယ်။ ဒါက အဖွဲ့နှစ်ခုကို ဘက်ညီနေစေတယ်။ အပေါ်စီးရဖို့ နှစ်ဖက်လုံးက တိုင်းပြည်တစ်လွှားက နာမည်ကြီး အမျိုးမြတ်အိမ်တော်တွေကို ရဖို့ ကြိုးစားနေကြတာ။ ငါတို့ချူအိမ်က လပြည့်မြို့ရဲ့ ဆားနဲ့လက်နက်ရောင်းဝယ်ရေးကို ချုပ်ကိုင်ထားတော နှစ်ဖွဲ့လုံးရဲ့ အဓိကပစ်မှတ်ဖြစ်နေတယ်။

ဒါပေမဲ့ ချူအိမ်က ဒီအရှုပ်ထဲမှာ ဝင်မပါချင်တော့ ဘယ်ဘက်ကိုမှ မလိုက်ဘဲ နေနေတာ။ ဒါက နှစ်ဖက်လုံးကို စိတ်တိုစေတယ်။ ဧကရာဇ်က ငါတို့ ချီဘုရင်ဘက်ပါမှာကြောက်လို့ လင်ချွမ်းပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးကို ဘဏ္ဍာရေးဒုဝန်ကြီးဟောင်း ဆန်းဟုန်ကို လွှတ်လိုက်တာ။ ဆန်းဟုန်က ဆားနဲ့လက်နက်ရောင်းဝယ်ရေးကို တာဝန်ယူထားတော့ ဒါက ငါတို့ချုအိမ်ကို တိုက်ရိုက်လာထိတာပဲ။

လက်ရှိတော့ ချီဘုရင်က ဘေးကနေ ကြည့်နေပုံပဲ။ ဆန်းဟုန်နဲ့ တစ်ခြားလူတွေ ချူအိမ်ကို ခြေကုန်လက်ပန်းကျအောင်လုပ်ပြီးမှ သူ့အဖွဲ့ကို ဝင်ဖို့ ငါတို့ကို ကူညီမယ့်ပုံပဲ။ ပြောရရင် မြို့စားအိမ်တော်က ချီဘုရင်ဘက်တော်သားပဲ။ ရှင်လောင်းကစားဝိုင်းမှုတုန်းက ခံစားမိမှာပေါ့"

အခြေအနေမည်မျှရှုပ်ထွေးနေကြောင်း ဇူအန် နားလည်သွားသည်။
ငါ ချူအိမ်ရဲ့ အိမ်ပါသားမက်ဖြစ်လာတည်းက ဘာလို့ ပစ်မှတ်ထားခံနေရပြီး ငါ့အသက်ကို လိုချင်နေကြလဲ သိလိုက်ပြီ။ သူတို့ ချူချူယန်အလှကို အရယူဖို့ ငါကတားလိုက်သလိုဖြစ်နေတာ လက်စသတ်တော့ သူတို့က ချူချူယန်ကတစ်ဆင့် ချုအိမ်တစ်ခုလုံးကို လိုချင်နေတာပဲ။

---------------------------------------------------------------------

Chapter 97. သေဘာေပါက္ျခင္း

"မင္းေျပာတာၾကားမွ ဒီလူကို စိတ္ဝင္စားခ်င္လာၿပီ။ မနက္ျဖန္ အကယ္ဒမီသြားၿပီး သူ႕ကို ငါကိုယ္တိုင္သြားၾကည့္မယ္" ရွီခြန္း အကယ္ဒမီရွိရာကို လွည့္၍ ေျပာလိုက္သည္။ သူ႕ေလသံက သာမန္ကိစၥတစ္ခု ေျပာေနသလို ယုံၾကည္ခ်က္အျပည့္ပင္။

စနိုး ရွက္႐ြံစြာ ေခါင္းငုံ႕လိုက္သည္။
ငါအသုံးမက်လိဳ႕ သခင္ေလးကိုယ္တိုင္ လႈပ္ရွားရတာ။

"ဆန္းသခင္ေလးက ငါ့ကို အျပင္မွာ ေစာင့္ေနေသးတယ္။ သူနဲ႕ ငါအခု စကားေျပာမယ္" ရွီခြန္း ထြက္သြားရန္ ေျခလွမ္းျပင္ၿပီးမွ တံခါးဝတြင္ ရပ္လိုက္သည္။ ေမေခ်ာက္ဖုန္ ကိုလွည့္ၾကည့္၍
"ေငြစ ၇ သန္းခြဲ ရႈံးသြားတဲ့ မင္းရဲ႕ လက္ေအာက္ငယ္သား နာမည္ကဘာလဲ"

"မက္မြန္ပြင့္ ၇ ပါ" ေမေခ်ာက္ဖုန္း ေၾကာက္ေၾကာက္လန့္လန့္ ျပန္ေျဖသည္။

ရွီခြန္း ေခါင္းၿငိမ့္လိုက္ၿပီး ေအးေအးေဆးေဆး ေျပာလိုက္သည္။
"အသုံးမက်တဲ့ဟာေတြကို ေဘးနားမွာထားတာ အလကားပဲ။ သူ႕ကို ႏုပ္ႏုပ္စင္းၿပီး ေခြးေကြၽးလိုက္"

"ဟုတ္..ဟုတ္ကဲ့" ေမေခ်ာက္ဖုန္း ေအးစက္သြားရသည္။ ။

ဒါက ရွီခြန္း သူ႕ကို သတိေပးျခင္းမွန္း သူသိၿပီး အနည္းငယ္ မေက်နပ္ေပ။ သူက အာဏာအျပည့္အဝရွိေသာ လျပည့္ၿမိဳ႕ ေျမေအာက္ေလာကေခါင္းေဆာင္ ျဖစ္သည္။ဘယ္အခ်ိန္က လူငယ္တစ္ေယာက္ သူ႕ကို ဒီလို ၿခိမ္းေျခာက္ဖူးလို႔လဲ။

သို႔ေသာ္ သူ႕မေက်နပ္မႈက ရွီခြန္းေနာက္က အဘိုးအိုတစ္ေယာက္ကို ေတြ႕ၿပီး ေပ်ာက္ကြယ္သြားရသည္။ ရွီခြန္းက သူ႕အတြက္ ၿခိမ္းေျခာက္မႈတစ္ခုမဟုတ္ေပ။ သူ႕ကို ယွဥ္နိုင္ရန္ေဝးေပသည္။ သို႔ေသာ္ ဒီလူႀကီးကေတာ့ ေမေခ်ာက္ဖုန္ ထက္ အဆမ်ားစြာ ပိုအားေကာင္းေလသည္။

ၾကည့္ရတာ ရွီအိမ္က ထည့္တြက္သင့္တဲ့ အိမ္ေတာ္တစ္ခုပဲ။ အေစာင့္တစ္ေယာက္ကေတာင္ ဒီေလာက္ အင္အားေကာင္းတယ္။
ေမေခ်ာက္ဖုန္း စိတ္တြင္ ၿပိဳလဲသြားသည္။ သူ႕လို သိုင္းေလာကက လူမ်ားမွာ ဒီလို အိမ္ေတာ္ႀကီးမ်ား ႀကိဳးဆြဲရာကေနရျခင္းက ဝမ္းနည္းစရာပင္ ။

အျပင္ဘက္ ဧည့္ခန္းတြင္ ဆန္းရွန္ ေစာင့္ရလြန္း၍ စိတ္မရွည္ေတာ့ေပ။ သို႔ေသာ္ ရွီခြန္းကိုျမင္သည္ႏွင့္ အၿပဳံးတစ္ခု သူ႕မ်က္ႏွာတြင္ တပ္ဆင္လိုက္ရသည္။
"ရွီသခင္ေလး မေတြ႕ရတာ အေတာ္ၾကာၿပီ။ အရင္လို ေခ်ာေမာေနတုန္းပဲ"

ရွီခြန္း၏ ေဒါသထြက္ေနေသာ မ်က္ႏွာမွာလည္း အၿပဳံးတစ္ခု အစားထိုးလာသည္။
"ၿမိဳ႕ေတာ္မွာ လမ္းခြဲလိုက္တာ တကယ့္ကို ၾကာၿပီပဲ။ ခင္ဗ်ားက ခုထိ စိတ္ဝင္စားစရာေကာင္းေနတုန္းပဲ"

သူတို႔ႏွစ္ေယာက္က သိကြၽမ္းၾကေလသည္။ အာလာပသလႅာပတစ္ခ်ိဳ႕ ေျပာၿပီးေနာက္ ရွီခြန္း လိုရင္းကို ေျပာလိုက္သည္။
"မင္းအေဖ အႀကံက ဘာလဲ သိလို႔ရမလား။ လင္ခြၽမ္းျပည္ကို တာဝန္က်တာ ၾကာတာေတာင္ ခုထိ ဘာမွမလုပ္ရေသးဘူး။ သူ႕အစီအစဥ္ကို က်ဳပ္ေသခ်ာမသိဘူးဗ်"

ဆန္းရွန္ ၿပဳံးလိုက္သည္။
"က်ဳပ္အေဖက လိုအပ္တာေတြျပင္ဖို႔ အခ်ိန္ယူေနတာပါ။ ရွီသခင္ေလးသာ တစ္ခုခုလႈပ္ရွားခ်င္ရင္ လုပ္လို႔ရတယ္လို႔ သူကမွာလိုက္တယ္။ ခင္ဗ်ားအစီအစဥ္က က်ဳပ္တို႔နဲ႕ မတိုက္ဘူးတဲ့"

"အုပ္ခ်ဳပ္ေရးမႉး ဆန္းဟုန္က တစ္ခုခုမလုပ္ခင္ အေသးစိတ္ျပင္ဆင္တတ္တယ္လို႔ က်ဳပ္ၾကားဖူးၿပီးသား။ ၾကည့္ရတာ တကယ္ပဲနဲ႕ တူတယ္"

သို႔ေသာ္ စိတ္ထဲတြင္ေတာ့ ရွီခြန္းက ေလွာင္လိုက္သည္။
သူက ငါ့ကို ျဖစ္သမွ် တာဝန္ခံဖို႔ ေရွ႕ပို႔ေနတာ။ ငါက ခ်ဴအိမ္ကို မေျဖရွင္းနိုင္လို႔ မင္းတို႔က ေနာက္ဆုံးမွ ဝင္ေျဖရွင္းလိုက္ရတဲ့ ပုံစံ ဖမ္းမလို႔မလား။

"အစ္ကိုရွီက ယဥ္ေက်းလြန္းေနပါၿပီ။ က်ဳပ္တို႔ စလႈပ္ရွားလိုက္ရင္ အစ္ကိုရွီရဲ႕ ခ်ဴအိမ္ပထမသခင္မေလးကို အရယူမယ့္ အစီအစဥ္ကို ပ်က္မွာစိုးလို႔ပါ။ ခ်ဴပထမသခင္မေလးကို မင္းဘက္ကို ဆြဲေခၚနိုင္ရင္ က်ဳပ္တို႔ အလုပ္ရႈပ္စရာ မလိုေတာ့ဘူးေပါ့"

ဆန္းရွန္စကားက ယဥ္ေက်းေနေသာ္လည္း စိတ္ထဲက အားက်မႈမ်ား အျပည့္ပင္။ ခ်ဴအိမ္သခင္မေလး၏ လွပထူးခြၽန္မႈကို ျမင္ရၿပီးေနာက္ စိတ္မလႈပ္ရွားေသာ ေယာက္်ားမရွိေပ။ ကံမေကာင္းစြာနဲ႕ သူ႕အေဖက ရာထူးမ်ားတိုးလာေသာ္လည္း ဆန္းအိမ္ေတာ္၏ အေျခခံအုတ္ျမစ္က တစ္ျခားအိမ္ေတာ္မ်ား၏ ႏွစ္ရာခ်ီတည္ရွိလာေသာ အေမြအႏွစ္မရွိေသးေပ။

သူ႕အိမ္ေတာ္က ခ်ဴအိမ္ထက္ နိမ့္က်သည့္အျပင္ ရွီခြန္းလို တစ္ျခားလူမ်ားလည္း ခ်ဴခ်ဴယန္ကို ပိုးပန္းေနေသးသည္။ ထိုအေၾကာင္းျပခ်က္မ်ားေၾကာင့္ သူ႕တြင္ အခြင့္အေရးမရွိမွန္း ဆန္းရွန္ သိေလသည္။ထို႔ေၾကာင့္ က်န္းအိမ္ကိုသာ ရည္႐ြယ္လိုက္ရသည္။

က်န္းအိမ္ကို စဥ္းစာမိမွ သူ႕ဇနီးေလာင္းကို ခိုင္းထားေသာ ပ်ားရည္ေထာင္ေခ်ာက္အေၾကာင္း ေတြးလိုက္မိသည္။  အေျခအေနဘယ္လိုရွိလဲ သူမကို ေမးၾကည့္လိုက္ေသာ္လည္း ေအာင္ျမင္မႈ မရေသးေပ။ သို႔ေသာ္ သူ႕စကားအရ အားလုံး အစီအစဥ္အတိုင္း ေရွ႕ဆက္ေနသည္။

ဟမ့္ ဇူအန္ သူ႕ကို အသားမယူနိုင္ဖို႔ပဲ ငါေမွ်ာ္လင့္ရတာပဲ။

က်န္းတန္ကသူ႕ကို လက္ပင္ မကိုင္ခိုင္းေၾကာင္း သတိရလိုက္ၿပီး စိတ္ပူမႈမ်ား အေဝးလႊင့္လိုက္သည္။
အဲ့ဒီအမွိုက္ကို သူ႕အနား အကပ္ခံဖို႔ အေၾကာင္းမရွိဘူး။

ထိုစဥ္ ရွီခြန္းကေတာ့ ဆန္းရွန္ျမႇောက္ပင့္မႈေၾကာင့္ သေဘာက်ေနသည္။
"ဟားဟားဟား အရာအားလုံး အစ္ကိုဆန္း ဆုေပးသလို ျဖစ္မယ္လို႔ က်ဳပ္ေသခ်ာတယ္။ က်ဳပ္ ခ်ဴအိမ္ပထမသခင္မေလးရဲ႕ ႏွလုံးသားကို ရတာနဲ႕ ခင္ဗ်ားကို ဖိတ္စာပို႔လိုက္မယ္။ က်ဳပ္တို႔ ေကာင္းေကာင္းေသာက္ၾကတာေပါ့"

ဟမ့္ မင္းက ငါ့မ်က္ႏွာေရွ႕ လာႂကြားခ်င္တာမလား..ဆန္းရွန္ မ်က္ႏွာကို တည္တည္ထား၍ သူ႕စိတ္ထဲက ေလွာင္ေျပာင္မႈကို ဝွက္လိုက္သည္။
"က်ဳပ္တို႔အားလုံး ေတာ္ဝင္မိသားစုအတြက္ အလုပ္လုပ္ေနတာပဲ။ အစ္ကိုရွီကို အရက္အစား ဒီေရႏြေးၾကမ္းနဲ႕ ကမ္းခြင့္ျပဳ။ ေအာင္ျမင္မႈအတြက္"

"ဒါေပါ့ ဒါေပါ့ ေအာင္ျမင္မႈအတြက္" ရွီခြန္းလည္း ေရႏြေးခြက္ကိုျမႇောက္၍ ဆန္းရွန္ခြက္ႏွင့္ တိုက္လိုက္သည္။ သူလည္း စိတ္ထဲတြင္ အျခားအေတြးမ်ား ရွိေလသည္။
မင္းစကားကို ဘယ္လိုေကာင္းေကာင္းသုံးရမလဲ သိတာပဲ။ ေတာ္ဝင္မိသားစုအတြက္ ဟုတ္လား။ ဟမ့္...။

အမွန္ေတာ့ ဆန္းအိမ္က ဧကရာဇ္အတြက္ အလုပ္လုပ္ၿပီး ရွီအိမ္ေတာ္က ဧကရီရဲ႕ အုပ္စုကပင္။ အေပၚယံတြင္ေတာ့ ေတာ္ဝင္စုံတြဲက ဆက္ဆံေရးေကာင္းမြန္ေနေသာ္လည္း ထိုအရာက လက္ရွိတြင္ ဘုံရန္သူတစ္ေယာက္-ခ်ီဘုရင္ ရွိေနေသာေၾကာင့္ပင္။
အနာဂတ္တြင္ ဘာျဖစ္မလဲ ဘယ္သူသိမွာလဲ။ သဘာဝအတိုင္း အိမ္ေတာ္ခ်င္း မယုံၾကည္နိုင္ၾကေပ။

သူ႕အေတြးမ်ားက ဆန္းရွန္ႏွင့္ ထပ္တူေပ။

.....

ေနာက္တစ္ေန႕မနက္ ဇူအန္ စိတ္ၿငိမ္သြားသည္။ သူက စိတ္ေအးေအးထား၍ ေတြးခ်ိန္ရွိသြားေလသည္။ အင္အားက အဓိကျဖစ္ေသာ ဒီေလာကတြင္ သူ႕မာနကို ပစ္၍ အားေကာင္းေအာင္ အရင္လုပ္ရေပမည္။

ဒီေလာကက သူ႕အေပၚ သိပ္မၾကင္နာေပ။ အႀကိမ္မ်ားစြာ အႏၱရာယ္ေတာထဲက်ေရာက္ၿပီးေနာက္ သူ႕မာနကို လက္ကိုင္ထား၍ အထိန္းေတာ္သင္ေပးေသာ သိုင္းပညာျဖစ္႐ုံႏွင့္ မေလ့က်င့္ရန္ မျဖစ္နိုင္ေပ။သူ႕လုံၿခဳံေရးကို ေနာက္ထပ္နည္းလမ္းတစ္မ်ိဳးရသည္က ပိုေကာင္းေပသည္။
ငါေျပခ်င္တာက ေနၾကာပန္းသိုင္းကို ငါေလ့က်င့္ေတာ့ေရာ ဘာျဖစ္လဲကြာ။ ဒီေလာကက လူေတြက သိုင္းေလာကစိန္ေခၚသံ ၾကည့္ဖူးတာမွ မဟုတ္တာ။ ငါဘာေၾကာက္စရာရွိလို႔လဲ။ လခြမ္းနဲ႕မွ။

သူက မနက္ျဖန္ၿပိဳင္ပြဲအတြက္ျဖစ္ေစ အာဆယ္ေျမေအာက္ဂူကိုဝင္ရန္ျဖစ္ေစ ေနၾကာပန္းလွိုင္းကို လိုအပ္ေလသည္။
ထို႔ေၾကာင့္ ေနၾကာပန္းလွိုင္းကို ေသခ်ာေလ့လာရန္ အာ႐ုံစိုက္လိုက္သည္။ ကီလမ္းေၾကာင္းတိုင္းကို ေသခ်ာသတိထားၾကည့္လိုက္သည္။

မနက္စာစားၿပီးေနာက္ အကယ္ဒမီသြားရန္ ခ်ဴဟြမ္ေက်ာက္ လာေခၚေလသည္။ ဇူအန္က အကယ္ဒမီကို သြားခ်င္စိတ္မရွိေသာ္လည္း လွပေသာခယ္မေလးက လိုက္ပို႔ေသာေၾကာင့္ သိပ္စိတ္ထဲမထားေတာ့ေပ။
သို႔ေသာ္ ဒီေန႕ေတာ့ တစ္ခုထူးျခားသည္။ ခ်ဴခ်ဴယန္လည္း ဒီေန႕ အကယ္ဒမီကို သြားေပလိမ့္မည္။

ခ်ဴခ်ဴယန္ႏွင့္ ယွဥ္ေသာ္ ႀကိဳဆိုမႈကြာျခားေသာေၾကာင့္ ဇူအန္ မတရားဘူးလို႔ ေတြးလိုက္မိသည္။  သူမ ေက်ာင္းမသြားတာ ၾကာေနၿပီျဖစ္ေသာ္လည္း ေက်ာင္းသားတိုင္းက သူမကို စံျပေက်ာင္းသားလို ဆက္ဆံေနၾကေသးသည္။ သို႔ေသာ္ သူေက်ာင္းေလး တစ္ရက္လစ္႐ုံျဖင့္ သူ႕ကို ဆိုးသြမ္းလူငယ္စာရင္း ထည့္လိုက္ၾကသည္။

ခ်ဴခ်ဴယန္၏ ႐ုပ္ရည္ေၾကာင့္ ပုံမွန္ ရထားလုံးျဖင့္ သြားေလသည္။ ဒါက လမ္းေပၚတြင္ မလိုအပ္ေသာ လမ္းပိတ္ျခင္းကို ကာကြယ္နိုင္ေလသည္။
ႏူးညံ့ေသာထိုင္ဖုံႏွင့္ ေလထဲရွိ ရနံ႕သင္းသင္းက ဇူအန္ ဒီေလာကကို ေရာက္ေရာက္ခ်င္းေန႕က ရထားလုံးစီးခဲ့ပုံကို သတိရေစလိုက္သည္။ ထိုအခ်ိန္မွစ၍ အျဖစ္အပ်က္မ်ားစြာ ျဖစ္ၿပီးေလၿပီ။

"အသည္းမင္းမွာ စနိုးနဲ႕ ပတ္သက္တဲ့ သတင္းရလား" ဇူအန္ ေမးလိုက္သည္။

ထုံးစံအတိုင္း သူ႕နာမ္စားက ခ်ဴခ်ဴယန္ကို မ်က္ႏွာမသာမယာျဖစ္ေစသည္။ သူ႕ကို အႀကိမ္မ်ားစြာ ျပင္ေပးရန္ ႀကိဳးစားေသာ္လည္း အခ်ည္းႏွီးပင္။ ဝန္ခံရမည္ဆိုလွ်င္ ခ်ဴခ်ဴယန္လည္း က်င့္သားရလာၿပီး ေခၚခြင့္ျပဳထားမိသြားသည္။

"သူ႕ကို မေတြ႕ေသးဘူး။ ေလထဲမွာ ေပ်ာက္သြားသလိုပဲ။ ဘာလဲ။ လြမ္းလို႔လား"

"ငါကသူ႕ကိုလြမ္းတာလား" ဇူအန္ မယုံနိုင္စြာ ထခုန္မိမတတ္ပင္။
"အဲ့ဒီမိန္းမက ငါ့ကိုသတ္ဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားထားတာ။ ငါ့ကို မင္းမ်က္လုံးထဲမွာ နာက်င္တာကိုႀကိဳက္တဲ့လူ ထင္ေနလား။ ဘာလို႔ လြမ္းရမွာလဲ"

"ေျပာရင္းနဲ႕ ရွင္ေျပာေတာ့ သူရွင့္ကို လုပ္ႀကံတာ ဒါက ပထမဆုံးအႀကိမ္ မဟုတ္ဘူးဆို။ ဘာလို႔ ကြၽန္မကို မေျပာတာလဲ" ခ်ဴခ်ဴယန္ ေမးလိုက္သည္။

ဇူအန္ မ်က္လုံးလွိမ့္လိုက္သည္။
"ငါ့ကို သတ္ဖို႔ႀကိဳးစားေနတာ ဘယ္သူလဲ ငါက ဘယ္လိုလုပ္ ေသခ်ာသိမွာလဲ။ သူက မင္းရဲ႕ ကိုယ္ပိုင္အေစခံေလ။ မင္းအျပင္မွာအေပ်ာ္ေကာင္ေလးရွိၿပီး သူနဲ႕အတူေနရဖို႔ ငါ့ကို သတ္ခိုင္းတာျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ"

ခ်ဴခ်ဴယန္ မ်က္ႏွာရဲသြားသည္။
"အေပ်ာ္ေကာင္ေလးဆိုတာ ရွင္ဘာစကားလဲ။ ရွင့္ပါးစပ္ကို ထိန္းဖို႔ ေသခ်ာသင္ယူသင့္တယ္"

"ခဲအို ရွင့္အေျခအေနက တကယ့္ကို သနားစရာပဲ။ ဒီအေတာအတြင္း အေတာ္ေလး စိတ္ပူေနရမွာပဲ" ခ်ဴဟြမ္ေက်ာက္ ထေျပာသည္။

ဇူအန္ ရင္ထဲ ႏြေးေထြးသြားရသည္။ သူက ခ်ဴခ်ဴယန္ကို မ်က္ေစာင္းထိုး၍
"ၾကည့္လိုက္။ ငါ့ကို ဂ႐ုစိုက္တာ ငါ့ခယ္မေလးပဲရွိတာ။ သူ႕ဆီက မင္းနည္းနည္းပါးပါး သင္သင့္တယ္"

ခ်ဴဟြမ္ေက်ာက္က ဒီထူးထူးဆန္းဆန္းစကားေၾကာင့္ အံ့ၾသသြားသည္။ အိမ္တြင္ သူ႕မိဘမ်ားက သူ႕မမႀကီးထံမွ သင္ယူရန္ တစ္ခ်ိန္လုံး ေျပာေနသည္။ ပထမဆုံးအႀကိမ္ လူတစ္ေယာက္က သူ႕အစ္မကို သူ႕ဆီက သင္ယူရန္ ေျပာေနျခင္းပင္။ တစ္ႀကိမ္ေလာက္ အလွည့္ေျပာင္းလိုက္ရသည္က ေက်နပ္စရာပင္။

တစ္ျခားဖက္တြင္ ခ်ဴခ်ဴယန္က သူ႕စကားကို အေရးမလုပ္ေပ။
"ေနာက္ဆိုရင္ ကြၽန္မကို အကုန္ေျပာလို႔ရတယ္။ ကြၽန္မတို႔က အခုမိသားစုပဲ..."

သူ႕ညီမေလးကို တစ္ခ်က္ၾကည့္၍ ေတြေဝစြာ စကားေျပာင္းလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ ရွင့္ကို ကြၽန္မကာကြယ္ေပးမယ္။ စိတ္မပူနဲ႕"

ဇူအန္ မ်က္လုံးလက္သြားသည္။
"အဲ့တာက ျပည့္စုံသြားၿပီ။ ငါ့ကို တစ္ေယာက္ေယာက္အနိုင္က်င့္ရဲရင္ မင္းသူတို႔ေခါင္းေတြ ေျမေပၚက်ေအာင္လုပ္ဖို႔ မင္းကို ေခၚလိုက္မယ္"

ခ်ဴခ်ဴယန္ သူ႕ကို အၾကည့္တစ္ခ်က္ ေပးလိုက္သည္။
"ရွင္ေလွ်ာက္လုပ္နိုင္ေအာင္ ေျပာေနတာ မဟုတ္ဘူး"

"သိတယ္ သိပါတယ္" ဇူအန္ ရယ္လိုက္သည္။
"မင္းတို႔ခ်ဴအိမ္က ငါထင္သေလာက္ အာဏာမရွိတာေတာ့ ေျပာရမယ္။ ၿမိဳ႕ေတာ္ဝန္အိမ္ေတာ္တစ္ခုျဖစ္ၿပီး ေျမေအာက္ဂိုဏ္းေလးတစ္ခုကို မရွင္းနိုင္တဲ့အျပင္ အေစခံတစ္ေယာက္ကိုေတာင္ မရွာနိုင္ဘူး။ မင္းတို႔ အဲ့တာကို ျပင္ဖို႔ ႀကိဳးစားသင့္တယ္လို႔ ငါထင္တယ္"

ခ်ဴခ်ဴယန္က ဇူအန္စြတ္စြဲခ်က္မ်ားကို မမႈေပ။
"ရွင္က ခ်ဴအိမ္သားတစ္ေယာက္ျဖစ္ေနၿပီဆိုေတာ့ ရွင့္ကို မျဖစ္မေနေျပာျပရမယ့္ အရာေတြရွိတယ္။ ကြၽန္မတို႔က ၿမိဳ႕ေတာ္ဝန္အိမ္ေတာ္ဆိုေပမဲ့ အျပင္ကၾကည့္ရသေလာက္ အေျခအေနမေကာင္းဘူး။ ရွင္းရွင္းေျပာရရင္ အခုကြၽန္မတို႔က ထီနန္းလုပြဲၾကားမွာ ညပ္ေနတာ။

အရင္ဧကရာဇ္ရဲ႕ ဂတိစကားအရ ထီးနန္းက ခ်ီဘုရင္လက္ထဲကို ေပးလိုက္ရမွာ။ ဧကရာဇ္က အဲ့ဒီအစား သူ႕သား အိမ္ေရွ႕စံကို ေပးခ်င္တယ္။ ပုံမွန္အတိုင္းဆို အမတ္ေတြက မင္းႀကီးရဲ႕စိတ္အတိုင္း သူ႕ဘက္ကို လိုက္ရမွာ-မေက်နပ္ရင္ေတာင္ သူက တစ္ဦးတည္းေသာ ေျမအင္ေမာ္တယ္ပဲေလ။ ဒါေပမဲ့ အိမ္ေရွ႕စံက ဉာဏ္ရည္မျပည့္ဝဘူး ၿပီးေတာ့ ခ်ီဘုရင္ကို ဘယ္နားမွ မမီဘူး။

အမတ္အမ်ားႀကီးနဲ႕ အိမ္ေတာ္အမ်ားစုက ဂတိဖ်က္လို႔ ဧကရာဇ္ကို အျမင္ၾကည္တာမဟုတ္ဘူး။ အိမ္ေရွ႕စံရဲ႕ အရည္အခ်င္းမျပည့္တာက အဲ့တာကို ပိုမေက်မနပ္ျဖစ္ေစတယ္။ ခ်ီဘုရင္က ဒီအခြင့္အေရးကို အသုံးခ်ၿပီး အမတ္ေတြကို သူ႕ဘက္ဆြဲေခၚထားေတာ့ အခု ေတာ္ဝင္လႊတ္ေတာ္က ႏွစ္ဖက္ကြဲေနတယ္။

ဧကရာဇ္က အင္အားႀကီးေပမဲ့ သူက အိုေနၿပီ။ အိမ္ေရွ႕စံကလည္း ကိုယ္တိုင္ထိန္းခ်ဳပ္ဖို႔ အရည္အခ်င္းမရွိဘူး ေပ်ာ့ညံ့တယ္။ ဒါက အဖြဲ႕ႏွစ္ခုကို ဘက္ညီေနေစတယ္။ အေပၚစီးရဖို႔ ႏွစ္ဖက္လုံးက တိုင္းျပည္တစ္လႊားက နာမည္ႀကီး အမ်ိဳးျမတ္အိမ္ေတာ္ေတြကို ရဖို႔ ႀကိဳးစားေနၾကတာ။ ငါတို႔ခ်ဴအိမ္က လျပည့္ၿမိဳ႕ရဲ႕ ဆားနဲ႕လက္နက္ေရာင္းဝယ္ေရးကို ခ်ဳပ္ကိုင္ထားေတာ ႏွစ္ဖြဲ႕လုံးရဲ႕ အဓိကပစ္မွတ္ျဖစ္ေနတယ္။

ဒါေပမဲ့ ခ်ဴအိမ္က ဒီအရႈပ္ထဲမွာ ဝင္မပါခ်င္ေတာ့ ဘယ္ဘက္ကိုမွ မလိုက္ဘဲ ေနေနတာ။ ဒါက ႏွစ္ဖက္လုံးကို စိတ္တိုေစတယ္။ ဧကရာဇ္က ငါတို႔ ခ်ီဘုရင္ဘက္ပါမွာေၾကာက္လို႔ လင္ခြၽမ္းျပည္နယ္ရဲ႕အုပ္ခ်ဳပ္ေရးမႉးကို ဘ႑ာေရးဒုဝန္ႀကီးေဟာင္း ဆန္းဟုန္ကို လႊတ္လိုက္တာ။ ဆန္းဟုန္က ဆားနဲ႕လက္နက္ေရာင္းဝယ္ေရးကို တာဝန္ယူထားေတာ့ ဒါက ငါတို႔ခ်ဳအိမ္ကို တိုက္ရိုက္လာထိတာပဲ။

လက္ရွိေတာ့ ခ်ီဘုရင္က ေဘးကေန ၾကည့္ေနပုံပဲ။ ဆန္းဟုန္နဲ႕ တစ္ျခားလူေတြ ခ်ဴအိမ္ကို ေျခကုန္လက္ပန္းက်ေအာင္လုပ္ၿပီးမွ သူ႕အဖြဲ႕ကို ဝင္ဖို႔ ငါတို႔ကို ကူညီမယ့္ပုံပဲ။ ေျပာရရင္ ၿမိဳ႕စားအိမ္ေတာ္က ခ်ီဘုရင္ဘက္ေတာ္သားပဲ။ ရွင္ေလာင္းကစားဝိုင္းမႈတုန္းက ခံစားမိမွာေပါ့"

အေျခအေနမည္မွ်ရႈပ္ေထြးေနေၾကာင္း ဇူအန္ နားလည္သြားသည္။
ငါ ခ်ဴအိမ္ရဲ႕ အိမ္ပါသားမက္ျဖစ္လာတည္းက ဘာလို႔ ပစ္မွတ္ထားခံေနရၿပီး ငါ့အသက္ကို လိုခ်င္ေနၾကလဲ သိလိုက္ၿပီ။ သူတို႔ ခ်ဴခ်ဴယန္အလွကို အရယူဖို႔ ငါကတားလိုက္သလိုျဖစ္ေနတာ လက္စသတ္ေတာ့ သူတို႔က ခ်ဴခ်ဴယန္ကတစ္ဆင့္ ခ်ဳအိမ္တစ္ခုလုံးကို လိုခ်င္ေနတာပဲ။

---------------------------------------------------------------------

Continue Reading

You'll Also Like

1.1M 66.2K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
625K 29.3K 46
နှလုံးသားထဲဝင်ကြည့်ချိန်ရောက်ပီ နှလုံးသားထဲပန်းရောင်လေးတွေတွေ့လား အဲ့ဒါအချစ်တွေ သိမ်မွေ့နူးညံ့တဲ့အချစ်တွေအေးမြတဲ့အချစ်တွေမြင်ကြည့်ပါ... ကြည့်ပါ.....စ...
260K 25K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
381K 25.5K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"