ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

81.3K 10.8K 63

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

82

345 46 0
By SoeHmue

Chapter 82.နာမည်ကြီးကြယ်ပွင့် ရှန်းလျှို့ယီ

ရန်ဝေ့ ဆရာတစ်ယောက်၏အလုပ်ကို အလွန်ဂုဏ်ယူ၍ ဆူညံနေသော အခြေအနေက သူ့ကို စိတ်တိုစေသည်။ ဒါက စာသင်ခန်းထက် လမ်းဘေးပြပွဲနှင့် တူနေလေသည်။ သို့သော် သည်းခံရုံမှအပမရှိပေ။ အရေးကြီးတာ ဇူအန်ကို အရင်ရှင်းထုတ်ဖို့ပင်
"အဲ့လိုဆိုမှ နောက်ရှုံးမှ လောင်းကစားကို ငြင်းမှာကို တားဖို့ ငါတို့ကျောင်းသားတွေကို သက်သေထားသင့်တယ်"

ဇူအန် လက်မြှောက်၍ တားလိုက်သည်။
"ခနေနဦး"

"ဘာလဲ ကြောက်နေပြီလား" ရန်ဝေ့ မျက်မှောင်ကြုံ့လိုက်သည်။ ဇူအန် နောက်ဆုံးအချိန်မှ နောက်ဆုတ်မည်ကို သူမလိုလားပေ။

"ကြောက်တယ်ဟုတ်လား" ဇူအန် အော်ရယ်လိုက်ပြီး
"မဖြစ်နိုင်တာ ကျုပ်က မျက်မြင်သက်သေရှာမလို့ပါ"

ရန်ဝေ့ ဘေးက ကျောင်းသားများကို ပြ၍
"ဒီလူတွေက မလုံလောက်သေးဘူးလား"

"ဒါပေါ့ ဘယ်ရမလဲ" ဇူအန် ပြတ်ပြတ်သားသားပြန်ဖြေသည်။
"ခင်ဗျားနိုင်ရင် ဒီလူတွေက လုံလောက်တယ်။ ဒါပေမဲ့ ကျုပ်နိုင်ရင် ဒီလူတွေက ခင်ဗျားလောင်းကြေးကို တာဝန်ယူဖို့ ပြောနိုင်မှာမဟုတ်ဘူး။ ကျုပ်တို့က ဘာပဲပြောပြော ခင်ဗျားထက် အဆင့်နိမ့်နေတာကို"

"ငါမင်းကို ရှုံးမယ်လို့ ပြောနေတာလား" ရန်ဝေ့ ဒေါသတကြီး ပြောလိုက်သည်။
သူက ကျင့်ကြံမှုတွင် မတော်သော်လည်း အတွက်အချက်တွင်တော့ ယုံကြည်မှု ပြည့်နေသည်။ ထိုနယ်တွင် မည်သူမျှ သူ့ကို မေးခွန်းထုတ်ခွင့်မပြုပေ။

"လောကမှာ ဘယ်အရာမှ မသေချာဘူး။ ခင်ဗျားလက်မခံချင်ရင် လောင်းတာကို ဖျက်လိုက်လေ" ဇူအန် ပုခုံးတွန့်၍ ပြန်ထွက်သွားရန် ပြင်လိုက်သည်။

ဇူအန် နောက်ဆုံးအချိန်တွင် လက်လျှော့တော့မည်ကို မြင်၍ ရန်ဝေ့ စိတ်ပူသွားသည်။ သူ့သားကောင်ကို နှာခေါင်းမှဆွဲ၍ ထောင်ချောက်ထဲပို့ရန် မလွယ်ကူပေ။ဖမ်းမိခါနီးနေလေပြီ။ ဒီအခိုက်အတန့်ရောက်မှ ဇူအန်ကို လွှတ်မပေးနိုင်ချေ။

ထို့ကြောင့် ပြန်ဖြေလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီ။ နောက်ထပ်ဆရာတစ်ယောက် မျက်မြင်သက်သေ ခေါ်တာပေါ့။ ဒါပေမဲ့ ဒီအချိန် ဘယ်သူအားမလဲ မသိဘူး"

ရန်ဝေ့က သူနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်ကို ဆွဲခေါ်ရန် စဉ်းစားနေသော်လည်း ထိုအချိန်တွင် တံခါးဝမှ ချိုသာသောအသံတစ်ခုထွက်လာသည်။
"ဒီကိစ္စမှာ ကျွန်မ သက်သေလုပ်ပေးမယ်"

ငြိမ့်ညောင်းလှသော အသံက လူအုပ်ရဲ့ အာရုံကို ဆွဲခေါ်သွားပြီး အားလုံး အသံလာရာ ခေါင်းလှည့်သွားသည်။ ချက်ချင်း ဆူညံပွက်နေသော အခန်းက ငြိမ်ကျသွားသည်။

အမျိုးသမီးတစ်ဦးက တံခါးဘောင်တွင် ပျင်းရိစွာ မှီနေသည်။ အသားအရည်က ဖြူဖွေး၍ နှုတ်ခမ်းက နီရဲနေသည်။ ဝတ်ရုံက ပိုးသားပမာ သူ့ကိုယ်ပေါ် လွှမ်းခြုံနေပြီး ခန္ဓာကိုယ်အလှကို မသိမသာပေါ်လွင်နေစေသည်။ သူ့ဝတ်စုံက လက်နှင်ခြေထောက်အဖျားတစ်ချို့သာ ပေါ်နေသော်လည်း သူမရုပ်ရည်က ရှိသမျှ ယောက်ျားသားတိုင်းကို အသက်ရှူရပ်စေလောက်သည်။

သူမတွင် အပူအပင်ကင်းသော အရှိန်အဝါတစ်ခုရှိပြီး ထိုအရာက သူမကို တင့်တယ်စေသည်။ ပြီးစလွယ် ရပ်နေခြင်းကပင် ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးတစ်ပါးပမာ လှပလွန်းသည်။
သူမခါးမှ အစိမ်းရောင်အရက်ပုလင်းကြောင့်သာ မဟုတ်ပါက လူ့လောကနှင့် မသက်ဆိုင်သော သိမ်မွေ့သည့် နတ်သမီးတစ်ပါးဟု ထင်နိုင်လေသည်။

"ရှ..ရှန်းဆရာမ"
အခန်း၏ တိတ်ဆိတ်မှုက အားပေးသံအကျယ်ကြီးကြောင့် ပျက်စီးသွားရသည်။ ကျောင်းသားများက စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် သူ့ကို ဝန်းရံလိုက်သည်။

ရန်ဝေ့အသက်ရှူသံပင် မြန်လာသည်။
အမှန်က သူအကယ်ဒမီတွင် စာမသင်ချင်ပေ။ မြို့ပြအုပ်ချုပ်ရေးမှူးရုံးမှ သူ့အလုပ်သည် လက်မလည်ပေ။ တော်ဝင်လွှတ်တော်၏ အမိန့်ကြောင့်သာ မဟုတ်လျှင် မရင့်ကျက်သောအစုတ်ပလုတ်များကို လာသင်ရန် စိတ်မဝင်စားပေ။

သို့သော် သူကျောင်းတွင် ပထမအကြိမ် စာသင်တုန်းက ဒီအမျိုးသမီး၏ မျက်နှာကို တစ်ချက်မြင်လိုက်၍ ရုတ်တရက် သူ့တာဝန်များက အလုပ်နှင့်မတူတော့ပေ။ အမှန်တော့ သူ့ကို နောက်တစ်ကြိမ် မြင်နိုင်ဖို့ အကယ်ဒမီတွင် နေရန် အကြောင်းရှာဖြစ်ပေလိမ့်မည်။

ဇူအန်လည်း ဒီအခြေအနေကြောင့် အံသြသွားသည်။ သူ ဒီအမျိုးသမီးကို တွေ့ဖူးလေသည်။ လေသာဆောင်တွင် အတူတကွ ပုလွေတောင် မှုတ်ဖူးသည်။
အာ ဖီး..ဖီး..ဖီး..ငါတို့က သံစဉ်နဲ့ ရစ်နှောင်တယ်လို့ ပြောတာ..

သူက နာမည်မေးဖူးသော်လည်း ကံကြုံရင်ပြန်ဆုံမယ် ဟူ၍ ပြောမပြခဲ့ချေ။

ထိုစဉ်က သူမငြင်းလိုက်သည်ဟု ဇူအန်ထင်ခဲ့ခြင်းပင်။ ဒီလောက်ကျယ်ပြန့်သော လောကကြီးတွင် သူစ်ိမ်းနှစ်ယောက် နောက်တစ်ကြိမ်ပြန်ဆုံရန်ကား မဖြစ်နိုင်ချေ။ သူမက သူ့ကို အကယ်ဒမီကျောင်းသားမှန်းသိပြီး ပြန်ဆုံမည်ကို ကြိုခန့်မှန်းနိုင်၍ ထိုသို့ပြောခဲ့မှန်း ဇူအန် အခုမှသိလေသည်။
ဇူအန်က ဇာတ်လမ်းထဲမှ ဇာတ်လိုက်ငတုံးမဟုတ်ပေ။ သူ့ဘေးက လူအားလုံး ရှန်းဆရာမဟုခေါ်ပြီး ယောက်ျားအားလုံး မိတ်လိုက်ရာသီကဲ့သို့ တက်ကြွနေတာကိုကြည့်၍ အိပ်မက်ချစ်သူစာရင်း၏ တတိယမိန်းမလှ ရှန်းလျှို့ယီ မှန်း တန်းသိလိုက်သည်။

ကျောင်းအုပ်က ရှန်းလျှို့ယီကို သိသလားမေးခြင်းက သူမသည် သူ့မှတ်တမ်းကို ဖျောက်ပေးလိုက်သော အကြောင်းပြချက်ဖြစ်ရမည်။ အခုမှ ရှင်းသွားလေပြီ။

ရန်ဝေ့မျက်နှာက အပြုံးဝေနေပြီး
"ရှန်းဆရာမ ဒီကို ဘယ်လိုရောက်လာတာလဲ"

ရှန်းလျှို့ယီ ပြန်ပြုံးပြလိုက်ပြီး ဖြေသည်။
"ကျွန်မက ဖြတ်သွားရုံပါ။ အသံဆူဆူညံညံကြားလို့ ဝင်ကြည့်တာ"

ရန်ဝေ့ အရည်ပျော်သွားလောက်အောင် သူမအပြုံးက အစွမ်းထက်လေသည်။ သို့သော် အခြေအနေကို ပြန်တွေးမိ၍ မျက်နှာပူလာပြီး အမြန်ရှင်းပြလိုက်သည်။
"ဒီလိုကိစ္စမျိုး ကြုံလိုက်ရတာ စိတ်မကောင်းပါဘူး။ ဒီကျောင်းသားက ခေါင်းမာလွန်းလို့ ကျုပ်က သင်ခန်းစာပေးမလို့ပါ"

ရှန်းလျှို့ယီ ဇူအန်ကို အကြည့်တစ်ချက်ပေး၍ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
"ရှင်တို့နှစ်ယောက် လောင်းမယ်လို့ ကြားလိုက်တယ်။ ကျွန်မက မျက်မြင်သက်သေ လုပ်ပေးရင်ရော ဘယ်လိုလဲ"

"ကောင်းတယ်"

"ရှန်းဆရာမက အကောင်းဆုံးပဲ"

"ရှန်းဆရာမက ကျွန်မ စံပြပုဂ္ဂိုလ်ပါ"

အခန်းထဲတွက် အားပေးသံအကျယ်ကြီး ထွက်လာသည်။ ရှန်းလျှို့ယီက အတော်ကြီး လူကြိုက်များတာ သိသာသည်။

"ဒါက... " ရန်ဝေ့ ရှန်းလျှို့ယီ ကို လက်ခံရန် တွေဝေနေသည်။ ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ကို ရှင်းထုတ်ခြင်းက လွန်လှပြီ။ နောက်ဆရာတစ်ယောက် ပါလာပါက ရှုပ်ထွေးလာတိုင်သည်။

"ကျွန်မကို မကြိုဆိုဘူးလား" ရှန်းလျှို့ယီ ရန်ဝေ့ကို လှပသောမျက်လုံးများဖြင့် တိတ်တဆိတ်ကြည့်လိုက်သည်။

ရန်ဝေ့က သူမနှင့် အနီးကပ်ဆက်ဆံရခြင်းမှာ ဒါပထမဆုံးပင်။ သူမရဲ့ ပြစ်မျိုးမှဲ့မထင် လှပသောမျက်နှာက သူ့ရင်ဘတ်ကို တည့်တည့်ထိသွားလေသည်။
"ဒါ..ဒါက ကျုပ်အဲ့လို ပြောချင်တာမဟုတ်ပါဘူး။ မင်းက ဒီမှာ ကြိုဆိုတာထက် ပိုပါတယ်"

ရန်ဝေ့ ကိစ္စမရှိဘူးဟု ကိုယ့်ကိုကိုပြန်နှစ်သိမ့်လိုက်သည်။
ငါတစ်ခါမှ ရှန်းလျှို့ယီ နဲ့ အနီးကပ်မဆက်ဆံဖူးဘူး။ ဒါက အခွင့်အရေးကောင်းပဲ။ ငါဘယ်လောက်တော်ကြောင်း ပြရမယ်။ ငါက ကျင့်ကြံမှုမှာ သိပ်မထူးချွန်ပေမဲ့ အတွက်အချက်ပညာမှာတော့ လပြည့်မြို့မှာ ငါ့ထက်တော်တာ မရှိဘူး။

သူ့အတွက်အချက် ကျွမ်းကျင်မှုက ထုတ်ပြရတာ ခက်ခဲသည်။ သူက ရှန်းလျှို့ယီကို နှိုးပြီး သင်္ချာညီမျှခြင်းများ ရွတ်ပြ၍မရ-သူ့ကို အရူးထင်သွားလိမ့်မည်။ နောက်တစ်ကြိမ် သူမကို အထင်ကြီးစေရန် အစွမ်းပြနိုင်မည်မဟုတ်ပေ။

"ရှန်းဆရာမ ဒီဘက်ကို ကြွပါ" ရန်ဝေ့ စင်မြင့်ပေါ်ကို ခေါ်လိုက်သည်။

ဇူအန် သူ့ဝတ်တွားခယနေမှုကို ကြည့်၍ လျှာကိုက်လိုက်မိသည်။ ဒါက နောက်ထပ် မိုက်မဲမှု၏ နမူနာတစ်ခုပင်။

ရှန်းလျှို့ယီ ထိုင်ခုံတစ်ခုတွင် အသာထိုင်၍ ကျောင်းသားများကို ပြုံးပြလိုက်သည်။
"ကောင်းပြီ သူတို့ပြိုင်ပွဲကို အနှောင့်အယှက်မဖြစ်အောင် တိတ်တိတ်နေပေးလိုက်ရအောင်"

စိတ်အားသန်မှုများ ပြည့်ဝလျက် ရန်ဝေ့ အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။ သူက သူ့တန်ဖိုးကို ပြရန် အသင့်ပင်။ သူ့အနှစ်နှစ်ဆယ်ကျော် ကြုံဖူးသမျှ အားလုံးပေါင်း၍ အခက်ဆုံးမေးခွန်း ၂၀ ကို ထုတ်လိုက်သည်။ သူကိုယ်တိုင်တောင် အာရုံတစ်ချက်လွတ်သွားလျှင် မှားသွားနိုင်၍ ကျောင်းသားတစ်ယောက်မှ မဖြေနိုင်ဘူးဟု ယုံကြည်ချက်ရှိလေသည်။

သူက ဖြစ်လာတော့မည့် အကြောင်းကို ခန့်မှန်းကြည့်နိုင်နေပြီ။ ဇူအန် မေးခွန်းများကို ကြည့်၍ မဖြေနိုင်ဘဲ စုတ်တံကိုင်ကာ စိတ်ရှုပ်နေလိမ့်မည်။ ထို့နောက် ကျောင်းသားအားလုံး၏ ရှေ့တွင် သူ ရန်ဝေ့က မေးခွန်းများကို ဖြေပြပြီး လေးစားမှုများ အရယူလိမ့်မည်။

ရှန်းလျှို့ယီလည်း သူ့ကို အရောင်တောက်တောက်မျက်လုံးများဖြင့် ကြည့်နေနိုင်သေးသည်။ ဒါက ပျော်ရွှင်တဲ့ဆက်ဆံရေး၏ အစဖြစ်ပေလိမ့်မည်။

တွေးကြည့်ရုံဖြင့်ပင် သူ့ကို ရယ်ချင်သလို ပြုံးချင်သလို ဖြစ်လာစေသည်။
မဟုတ်သေးဘူး မဟုတ်သေးဘူး။ ငါစိတ်ငြိမ်ရမယ်။ မျက်လုံးတွေအများကြီး ငါ့ကိုကြည့်နေတာ ငါ့ပုံရိပ်ကို ထိန်းရမယ်။

သူ့ပုံရိပ်ကြောင့် ရန်ဝေ့ ချောင်းအသာဟန့်၍ မေးခွန်းကို ဇူအန်လက်ထဲ ပေးလိုက်သည်။
"ခုချိန်နောက်ဆုတ်လည်း နောက်မကျသေးဘူး။ မင်းတစ်ခုမှ မှန်အောင် မလုပ်နိုင်ရင် အကယ်ဒမီက ထွက်သွားရမှာနော်"
သူထိုစကားများပြောခြင်းက သူက ကျောင်းသားကို ချောင်ပိတ်ခြင်းမဟုတ်ဘဲ ကျောင်းသားက သူ့ဘာသာနောက်မဆုတ်ခြင်းဖြစ်ကြောင်း ရှန်းလျှို့ယီကို သိစေချင်၍ပင်။ ဒါပေါ့ လက်ရှိအခြေအနေအရ ဇူအန်နောက်ဆုတ်ရန် မလွယ်ကူပေ။

တုံ့ပြန်သောအနေဖြင့် ဇူအန်ရယ်လိုက်ပြီး
"ကျုပ်သာ အားလုံးမှန်ခဲ့ရင် အကယ်ဒမီက ထွက်သွားရမယ့်လူက ခင်ဗျားနော်"

ရန်ဝေ့သာမက တစ်ခြားကျောင်းသားများပင် ဇူအန်ကြောင်နေသည်ဟု ခံစားလိုက်ရသည်။ ရှန်းလျှို့ယီက သူများမသိသောအရာတစ်ခုကို သိနေသည့်အလား နားလည်ရခက်သော အပြုံးသဲ့သဲ့ဖြင့် အသာကြည့်နေသည်။

"မာနကြီးလိုက်တာ..မောက်မာလိုက်တာ" ရန်ဝေ့ ဒေါသတကြီး ပေါက်ကွဲသွားသည်။
"မင်းကိုယ့်ကိုကိုယ် အထင်ကြီးတာရဲ့ အကျိုးဆက်ကို ခံစားရလိမ့်မယ်"

သင်သည် ရန်ဝေ့ထံမှ အမျက်ပွိုင့် ၅၄၁ ရယူလိုက်သည်။

သူ့နတ်သမီးရှေ့တွင် စော်ကားခံရခြင်းကို လက်မခံနိုင်ပေ။ အထူးသဖြင့် ကျောင်းသားတစ်ယောက်ထံမှပင်။

သူ့ကိုလျစ်လျှူရှူ၍ ဇူအန် မေးခွန်းစာရွက်ယူလိုက်သည်။
ရုတ်တရက် အော်ရယ်လိုက်သည်။
"ဒါက ခင်ဗျားရတာ အကုန်ပဲလား"

အမှန်တော့ မေးခွန်းအကုန်ဖြေနိုင်မလား သူ မသေချာပင်။ ဒီလောကတွင် သင်္ချာဘယ်လောက် တိုးတက်နေမှန်း သူမသိချေ။ သို့သော် မေးခွန်းများကို မြင်လိုက်သောအခါ ရန်ဝေ့ကို အထင်ကြီးလိုက်မိကြောင်း ဇူအန်သိလိုက်သည်။

"မင်းပါးစပ်သရမ်းနေမယ့်အစား မေးခွန်းကို အာရုံစိုက်ဖို့ အကြံပေးလိုက်မယ်။ မင်းအတန်းချိန်ပြီးလို့မှ ဖြေလို့မပြီးသေးရင် ဟမ့်.." ရန်ဝေ့ စကားဆုံးအောင် မပြောသော်လည်း အဓိပ္ပာယ်က သိသာလေသည်။

ရှန်းလျှို့ယီက ထပြောသည်။
"အတန်းပြီးဖို့ အချိန်ဘယ်လောက်မှ မကျန်တော့ဘူး။ ဒါက အရမ်းလောရာမကျဘူးလား။ ဒီလိုလုပ်ပါလား။ ကျွန်မအချိန်က နောက်သင်ခန်းစာဆိုတော့ ရှင်တို့ ဖြည်းဖြည်းချင်း လုပ်လို့ရအောင် ကျွန်မအချိန်တစ်ဝက်ပေးလိုက်မယ်"

ရန်ဝေ့က အံ့သြသွားသည်။ သို့သော်လည်း ဇူအန်ကို ကူညီရန် ပြောခြင်းဟု သူ မထင်ပေ။ သူတို့နှစ်ယောက်က ပတ်သက်မှုမရှိ၍ ကူညီစရာအကြောင်းမရှိချေ။
ငါ့နတ်သမီးက အငယ်ကို သနားပြီး အခွင့်အရေးပေးနေတာ ဖြစ်ရမယ်။ သူများတွေ ငါ့ကို အငယ်ကိုအနိုင်ကျင့်တယ်ပြောမှာစိုးလို့ ငါ့ဂုဏ်သိက္ခာကို ငဲ့ပြီးပြောတာ ဖြစ်ရမယ်။ ဘယ်လိုတောင် စိတ်လှုပ်ရှားစရာကောင်းလိုက်လဲ။

ရန်ဝေ့က မျက်ရည်ဝိုင်းလုနီးပါး နွေးထွေးသွားပြီး ခေါင်းအမြန်ငြိမ့်လိုက်သည်။
"ဟုတ်တယ် ရှန်းဆရာမ ပြောတာ ပြည့်စုံတယ်။ ဇူအန် မင်းကို မေးခွန်းဖြေဖို့ နောက်ထက် အချိန်တစ်ဝက် နောက်ထပ်ပေးမယ်"

ဇူအန် ရန်ဝေ့ကို ပြန်မဖြေတော့ပဲ ပထမမေးခွန်းကို ကြည့်လိုက်သည်။

လူသုံးယောက် သုံးရက်အတွင်း ရေသုံးပုံး သောက်တယ်။ လူကိုးယောက် ကိုးရက်မှာ ဘယ်နှစ်ပုံး သောက်လဲ။

ဝေဆောင်မျက်လုံးချက်ချင်း လက်သွားသည်။
"ဒါက အလွယ်လေးပဲ ကျွန်တော်တောင် ဖြေလို့ရတယ်။ ၃ယောက်က ရက်မှာ၃ ရေ၃ပုံးဆိုရင် ၉ယောက်က ၉ရက်မှာ ရေ၉ပုံးပေါ့"

ကျောင်းသားအများစုက ခေါင်းညိတ်လက်ခံကြသည်။ အနည်းစုကသာ ဝေဆောင်ပြောသော အဖြေက တစ်ခုခုမှားနေသလို ခံစားရသော်လည်း ဘာမှားနေမှန်းမသိချေ။

ရန်ဝေ့က ဝေဆောင်ကို ကြည့်၍ မဲ့ပြုံး ပြုံးလိုက်သည်။
ငါက အဲ့လောက်လွယ်တာ မေးမယ်ထင်လို့လား
ဒါပေါ့ အမှားကို ထောက်ပြရန်လည်း မလုပ်ပေ။ ဒီလူတွေ ဇူအန်ကို အမှားထင်စေလျှင် သူက ပိုကောင်းပေသေးသည်။

ဇူအန်ကတော့ စိတ်ပျက်စွာ ခေါင်းယမ်းမိလိုက်သည်။

ဒီဟာကို မူလတန်းကျောင်းသားများပင် ဖြေနိုင်လိမ့်မည်။ လူ၃ယောက် ရေ၃ပုံးကို ၃ရက်သောက်တော့ တစ်ရက်ကို ၃ယောက် တစ်ပုံး ။ မြှောက်လိုက်ရင် ၉ယောက်ဆိုတော့ တစ်ရက်ကို ၃ပုံး ၊ ၉ရက်ဆိုတော့ ၉×၃=၂၇ ပုံး ဖြစ်ရမည်။

ဇူအန် အဖြေကို ချက်ခြင်းချရေးလိုက်သောအခါ ရန်ဝေ့ မျက်လုံးပြူးသွားရသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူပထမဆုံးအကြိမ် ရှေးဟောင်းစာအုပ်တွင် တွေ့တုန်းက သူလှည့်ကွက်ထဲဝင်ပြီး အဖြေမှားခဲ့သည်။ နောက်တော့ သူ့လုပ်ဖော်ကိုင်ဖက် အများစုကို မေးလိုက်သော် အများစုက အလိုလို ၉ပုံးဟု ဖြေပေလိမ့်မည်။ ဒီကောင်က ဘယ်လိုလုပ် အလွယ်တကူ ဖြေနိုင်ရတာလဲ။
သို့သော် ဒီမေးခွန်းက သိပ်မခက်ပေ။ ဇူအန် ကံကောင်းသွားတာ ဖြစ်နိုင်လေသည်။

ဟမ့် ဒါက အကုန်လုံးထဲက အလွယ်ဆုံး မေးခွန်းပဲ။ တဖြည်းဖြည်း ပိုခက်လာမှာ မင်းအကုန်ဖြေနိုင်မယ်လို့ ငါမထင်ဘူး။

အခု ဇူအန်က မေးခွန်းတစ်ခု ဖြေနိုင်သွား၍ အကယ်ဒမီမှ နှင်ထုတ်ရန် မလွယ်တော့ပေ။
ဒီလိုဖြစ်မယ်မှန်းသိရင် မေးခွန်းဒီလောက် မနိမ့်လိုက်ပါဘူး။

သင်သည် ရန်ဝေ့ထံမှ အမျက်ပွိုင့် ၉ ရယူလိုက်သည်...၉..၉..၉...

အမျက်ပွိုင့် ဝင်လာနှုန်းကိုကြည့်၍ ရန်ဝေ့၏ နာမည်နှင့်လူ လိုက်ဖက်မှုကို အံ့သြနေသည်။ အမျက်ပွိုင့် ဝင်တာတောင် အီးပေါက်သလို တဖွတ်ဖွတ်နဲ့။

ဒုတိယမေးခွန်းကို သွားလိုက်သည်။

လယ်သမားတစ်ယောက်ရဲ့ ဇနီးက မြစ်ကမ်းဘေးမှာ ပန်းကန်ဆေးနေတယ်။လမ်းသွားလမ်းလာတွေက ပန်းကန်ဘာလို့ ဒီလောက်များရတာလဲ မေးတော့ သူက အိမ်မှာ ဧည့်သည်အများကြီး ထမင်းကျွေးထားလို့ပါ ပြန်ဖြေသည်။ လူနှစ်ယောက် ထမင်းပန်းကန် တစ်လုံး၊ လူသုံးယောက်က ဟင်းချိုတစ်ခွက်၊ လူလေးယောက်က အရံဟင်းတစ်ပန်းကန် မျှဝေတယ်။ ဒါဆို ဧည့်သည် ဘယ်နှစ်ယောက်လဲ။

---------------------------------------------------------------------

Chapter 82.နာမည္ႀကီးၾကယ္ပြင့္ ရွန္းလွ်ို႔ယီ

ရန္ေဝ့ ဆရာတစ္ေယာက္၏အလုပ္ကို အလြန္ဂုဏ္ယူ၍ ဆူညံေနေသာ အေျခအေနက သူ႕ကို စိတ္တိုေစသည္။ ဒါက စာသင္ခန္းထက္ လမ္းေဘးျပပြဲႏွင့္ တူေနေလသည္။ သို႔ေသာ္ သည္းခံ႐ုံမွအပမရွိေပ။ အေရးႀကီးတာ ဇူအန္ကို အရင္ရွင္းထုတ္ဖို႔ပင္
"အဲ့လိုဆိုမွ ေနာက္ရႈံးမွ ေလာင္းကစားကို ျငင္းမွာကို တားဖို႔ ငါတို႔ေက်ာင္းသားေတြကို သက္ေသထားသင့္တယ္"

ဇူအန္ လက္ျမႇောက္၍ တားလိုက္သည္။
"ခေနနဦး"

"ဘာလဲ ေၾကာက္ေနၿပီလား" ရန္ေဝ့ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။ ဇူအန္ ေနာက္ဆုံးအခ်ိန္မွ ေနာက္ဆုတ္မည္ကို သူမလိုလားေပ။

"ေၾကာက္တယ္ဟုတ္လား" ဇူအန္ ေအာ္ရယ္လိုက္ၿပီး
"မျဖစ္နိုင္တာ က်ဳပ္က မ်က္ျမင္သက္ေသရွာမလို႔ပါ"

ရန္ေဝ့ ေဘးက ေက်ာင္းသားမ်ားကို ျပ၍
"ဒီလူေတြက မလုံေလာက္ေသးဘူးလား"

"ဒါေပါ့ ဘယ္ရမလဲ" ဇူအန္ ျပတ္ျပတ္သားသားျပန္ေျဖသည္။
"ခင္ဗ်ားနိုင္ရင္ ဒီလူေတြက လုံေလာက္တယ္။ ဒါေပမဲ့ က်ဳပ္နိုင္ရင္ ဒီလူေတြက ခင္ဗ်ားေလာင္းေၾကးကို တာဝန္ယူဖို႔ ေျပာနိုင္မွာမဟုတ္ဘူး။ က်ဳပ္တို႔က ဘာပဲေျပာေျပာ ခင္ဗ်ားထက္ အဆင့္နိမ့္ေနတာကို"

"ငါမင္းကို ရႈံးမယ္လို႔ ေျပာေနတာလား" ရန္ေဝ့ ေဒါသတႀကီး ေျပာလိုက္သည္။
သူက က်င့္ႀကံမႈတြင္ မေတာ္ေသာ္လည္း အတြက္အခ်က္တြင္ေတာ့ ယုံၾကည္မႈ ျပည့္ေနသည္။ ထိုနယ္တြင္ မည္သူမွ် သူ႕ကို ေမးခြန္းထုတ္ခြင့္မျပဳေပ။

"ေလာကမွာ ဘယ္အရာမွ မေသခ်ာဘူး။ ခင္ဗ်ားလက္မခံခ်င္ရင္ ေလာင္းတာကို ဖ်က္လိုက္ေလ" ဇူအန္ ပုခုံးတြန့္၍ ျပန္ထြက္သြားရန္ ျပင္လိုက္သည္။

ဇူအန္ ေနာက္ဆုံးအခ်ိန္တြင္ လက္ေလွ်ာ့ေတာ့မည္ကို ျမင္၍ ရန္ေဝ့ စိတ္ပူသြားသည္။ သူ႕သားေကာင္ကို ႏွာေခါင္းမွဆြဲ၍ ေထာင္ေခ်ာက္ထဲပို႔ရန္ မလြယ္ကူေပ။ဖမ္းမိခါနီးေနေလၿပီ။ ဒီအခိုက္အတန့္ေရာက္မွ ဇူအန္ကို လႊတ္မေပးနိုင္ေခ်။

ထို႔ေၾကာင့္ ျပန္ေျဖလိုက္သည္။
"ဒါဆိုလည္း ေကာင္းၿပီ။ ေနာက္ထပ္ဆရာတစ္ေယာက္ မ်က္ျမင္သက္ေသ ေခၚတာေပါ့။ ဒါေပမဲ့ ဒီအခ်ိန္ ဘယ္သူအားမလဲ မသိဘူး"

ရန္ေဝ့က သူႏွင့္ ရင္းႏွီးေသာ လုပ္ေဖာ္ကိုင္ဖက္ကို ဆြဲေခၚရန္ စဥ္းစားေနေသာ္လည္း ထိုအခ်ိန္တြင္ တံခါးဝမွ ခ်ိဳသာေသာအသံတစ္ခုထြက္လာသည္။
"ဒီကိစၥမွာ ကြၽန္မ သက္ေသလုပ္ေပးမယ္"

ၿငိမ့္ေညာင္းလွေသာ အသံက လူအုပ္ရဲ႕ အာ႐ုံကို ဆြဲေခၚသြားၿပီး အားလုံး အသံလာရာ ေခါင္းလွည့္သြားသည္။ ခ်က္ခ်င္း ဆူညံပြက္ေနေသာ အခန္းက ၿငိမ္က်သြားသည္။

အမ်ိဳးသမီးတစ္ဦးက တံခါးေဘာင္တြင္ ပ်င္းရိစြာ မွီေနသည္။ အသားအရည္က ျဖဴေဖြး၍ ႏႈတ္ခမ္းက နီရဲေနသည္။ ဝတ္႐ုံက ပိုးသားပမာ သူ႕ကိုယ္ေပၚ လႊမ္းၿခဳံေနၿပီး ခႏၶာကိုယ္အလွကို မသိမသာေပၚလြင္ေနေစသည္။ သူ႕ဝတ္စုံက လက္ႏွင္ေျခေထာက္အဖ်ားတစ္ခ်ိဳ႕သာ ေပၚေနေသာ္လည္း သူမ႐ုပ္ရည္က ရွိသမွ် ေယာက္်ားသားတိုင္းကို အသက္ရႉရပ္ေစေလာက္သည္။

သူမတြင္ အပူအပင္ကင္းေသာ အရွိန္အဝါတစ္ခုရွိၿပီး ထိုအရာက သူမကို တင့္တယ္ေစသည္။ ၿပီးစလြယ္ ရပ္ေနျခင္းကပင္ ေကာင္းကင္မွ ဆင္းသက္လာေသာ နတ္သမီးတစ္ပါးပမာ လွပလြန္းသည္။
သူမခါးမွ အစိမ္းေရာင္အရက္ပုလင္းေၾကာင့္သာ မဟုတ္ပါက လူ႕ေလာကႏွင့္ မသက္ဆိုင္ေသာ သိမ္ေမြ႕သည့္ နတ္သမီးတစ္ပါးဟု ထင္နိုင္ေလသည္။

"ရွ..ရွန္းဆရာမ"
အခန္း၏ တိတ္ဆိတ္မႈက အားေပးသံအက်ယ္ႀကီးေၾကာင့္ ပ်က္စီးသြားရသည္။ ေက်ာင္းသားမ်ားက စိတ္လႈပ္ရွားေနေသာ မ်က္ႏွာမ်ားျဖင့္ သူ႕ကို ဝန္းရံလိုက္သည္။

ရန္ေဝ့အသက္ရႉသံပင္ ျမန္လာသည္။
အမွန္က သူအကယ္ဒမီတြင္ စာမသင္ခ်င္ေပ။ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးမႉး႐ုံးမွ သူ႕အလုပ္သည္ လက္မလည္ေပ။ ေတာ္ဝင္လႊတ္ေတာ္၏ အမိန့္ေၾကာင့္သာ မဟုတ္လွ်င္ မရင့္က်က္ေသာအစုတ္ပလုတ္မ်ားကို လာသင္ရန္ စိတ္မဝင္စားေပ။

သို႔ေသာ္ သူေက်ာင္းတြင္ ပထမအႀကိမ္ စာသင္တုန္းက ဒီအမ်ိဳးသမီး၏ မ်က္ႏွာကို တစ္ခ်က္ျမင္လိုက္၍ ႐ုတ္တရက္ သူ႕တာဝန္မ်ားက အလုပ္ႏွင့္မတူေတာ့ေပ။ အမွန္ေတာ့ သူ႕ကို ေနာက္တစ္ႀကိမ္ ျမင္နိုင္ဖို႔ အကယ္ဒမီတြင္ ေနရန္ အေၾကာင္းရွာျဖစ္ေပလိမ့္မည္။

ဇူအန္လည္း ဒီအေျခအေနေၾကာင့္ အံၾသသြားသည္။ သူ ဒီအမ်ိဳးသမီးကို ေတြ႕ဖူးေလသည္။ ေလသာေဆာင္တြင္ အတူတကြ ပုေလြေတာင္ မႈတ္ဖူးသည္။
အာ ဖီး..ဖီး..ဖီး..ငါတို႔က သံစဥ္နဲ႕ ရစ္ႏွောင္တယ္လို႔ ေျပာတာ..

သူက နာမည္ေမးဖူးေသာ္လည္း ကံႀကဳံရင္ျပန္ဆုံမယ္ ဟူ၍ ေျပာမျပခဲ့ေခ်။

ထိုစဥ္က သူမျငင္းလိုက္သည္ဟု ဇူအန္ထင္ခဲ့ျခင္းပင္။ ဒီေလာက္က်ယ္ျပန့္ေသာ ေလာကႀကီးတြင္ သူစ်ိမ်းနှစ်ယောက် ေနာက္တစ္ႀကိမ္ျပန္ဆုံရန္ကား မျဖစ္နိုင္ေခ်။ သူမက သူ႕ကို အကယ္ဒမီေက်ာင္းသားမွန္းသိၿပီး ျပန္ဆုံမည္ကို ႀကိဳခန့္မွန္းနိုင္၍ ထိုသို႔ေျပာခဲ့မွန္း ဇူအန္ အခုမွသိေလသည္။
ဇူအန္က ဇာတ္လမ္းထဲမွ ဇာတ္လိုက္ငတုံးမဟုတ္ေပ။ သူ႕ေဘးက လူအားလုံး ရွန္းဆရာမဟုေခၚၿပီး ေယာက္်ားအားလုံး မိတ္လိုက္ရာသီကဲ့သို႔ တက္ႂကြေနတာကိုၾကည့္၍ အိပ္မက္ခ်စ္သူစာရင္း၏ တတိယမိန္းမလွ ရွန္းလွ်ို႔ယီ မွန္း တန္းသိလိုက္သည္။

ေက်ာင္းအုပ္က ရွန္းလွ်ို႔ယီကို သိသလားေမးျခင္းက သူမသည္ သူ႕မွတ္တမ္းကို ေဖ်ာက္ေပးလိုက္ေသာ အေၾကာင္းျပခ်က္ျဖစ္ရမည္။ အခုမွ ရွင္းသြားေလၿပီ။

ရန္ေဝ့မ်က္ႏွာက အၿပဳံးေဝေနၿပီး
"ရွန္းဆရာမ ဒီကို ဘယ္လိုေရာက္လာတာလဲ"

ရွန္းလွ်ို႔ယီ ျပန္ၿပဳံးျပလိုက္ၿပီး ေျဖသည္။
"ကြၽန္မက ျဖတ္သြား႐ုံပါ။ အသံဆူဆူညံညံၾကားလို႔ ဝင္ၾကည့္တာ"

ရန္ေဝ့ အရည္ေပ်ာ္သြားေလာက္ေအာင္ သူမအၿပဳံးက အစြမ္းထက္ေလသည္။ သို႔ေသာ္ အေျခအေနကို ျပန္ေတြးမိ၍ မ်က္ႏွာပူလာၿပီး အျမန္ရွင္းျပလိုက္သည္။
"ဒီလိုကိစၥမ်ိဳး ႀကဳံလိုက္ရတာ စိတ္မေကာင္းပါဘူး။ ဒီေက်ာင္းသားက ေခါင္းမာလြန္းလို႔ က်ဳပ္က သင္ခန္းစာေပးမလို႔ပါ"

ရွန္းလွ်ို႔ယီ ဇူအန္ကို အၾကည့္တစ္ခ်က္ေပး၍ ႏႈတ္ခမ္းမ်ား ေကြးၫြတ္သြားသည္။
"ရွင္တို႔ႏွစ္ေယာက္ ေလာင္းမယ္လို႔ ၾကားလိုက္တယ္။ ကြၽန္မက မ်က္ျမင္သက္ေသ လုပ္ေပးရင္ေရာ ဘယ္လိုလဲ"

"ေကာင္းတယ္"

"ရွန္းဆရာမက အေကာင္းဆုံးပဲ"

"ရွန္းဆရာမက ကြၽန္မ စံျပပုဂၢိုလ္ပါ"

အခန္းထဲတြက္ အားေပးသံအက်ယ္ႀကီး ထြက္လာသည္။ ရွန္းလွ်ို႔ယီက အေတာ္ႀကီး လူႀကိဳက္မ်ားတာ သိသာသည္။

"ဒါက... " ရန္ေဝ့ ရွန္းလွ်ို႔ယီ ကို လက္ခံရန္ ေတြေဝေနသည္။ ဆရာတစ္ေယာက္က ေက်ာင္းသားတစ္ေယာက္ကို ရွင္းထုတ္ျခင္းက လြန္လွၿပီ။ ေနာက္ဆရာတစ္ေယာက္ ပါလာပါက ရႈပ္ေထြးလာတိုင္သည္။

"ကြၽန္မကို မႀကိဳဆိုဘူးလား" ရွန္းလွ်ို႔ယီ ရန္ေဝ့ကို လွပေသာမ်က္လုံးမ်ားျဖင့္ တိတ္တဆိတ္ၾကည့္လိုက္သည္။

ရန္ေဝ့က သူမႏွင့္ အနီးကပ္ဆက္ဆံရျခင္းမွာ ဒါပထမဆုံးပင္။ သူမရဲ႕ ျပစ္မ်ိဳးမွဲ႕မထင္ လွပေသာမ်က္ႏွာက သူ႕ရင္ဘတ္ကို တည့္တည့္ထိသြားေလသည္။
"ဒါ..ဒါက က်ဳပ္အဲ့လို ေျပာခ်င္တာမဟုတ္ပါဘူး။ မင္းက ဒီမွာ ႀကိဳဆိုတာထက္ ပိုပါတယ္"

ရန္ေဝ့ ကိစၥမရွိဘူးဟု ကိုယ့္ကိုကိုျပန္ႏွစ္သိမ့္လိုက္သည္။
ငါတစ္ခါမွ ရွန္းလွ်ို႔ယီ နဲ႕ အနီးကပ္မဆက္ဆံဖူးဘူး။ ဒါက အခြင့္အေရးေကာင္းပဲ။ ငါဘယ္ေလာက္ေတာ္ေၾကာင္း ျပရမယ္။ ငါက က်င့္ႀကံမႈမွာ သိပ္မထူးခြၽန္ေပမဲ့ အတြက္အခ်က္ပညာမွာေတာ့ လျပည့္ၿမိဳ႕မွာ ငါ့ထက္ေတာ္တာ မရွိဘူး။

သူ႕အတြက္အခ်က္ ကြၽမ္းက်င္မႈက ထုတ္ျပရတာ ခက္ခဲသည္။ သူက ရွန္းလွ်ို႔ယီကို ႏွိုးၿပီး သခၤ်ာညီမွ်ျခင္းမ်ား ႐ြတ္ျပ၍မရ-သူ႕ကို အ႐ူးထင္သြားလိမ့္မည္။ ေနာက္တစ္ႀကိမ္ သူမကို အထင္ႀကီးေစရန္ အစြမ္းျပနိုင္မည္မဟုတ္ေပ။

"ရွန္းဆရာမ ဒီဘက္ကို ႂကြပါ" ရန္ေဝ့ စင္ျမင့္ေပၚကို ေခၚလိုက္သည္။

ဇူအန္ သူ႕ဝတ္တြားခယေနမႈကို ၾကည့္၍ လွ်ာကိုက္လိုက္မိသည္။ ဒါက ေနာက္ထပ္ မိုက္မဲမႈ၏ နမူနာတစ္ခုပင္။

ရွန္းလွ်ို႔ယီ ထိုင္ခုံတစ္ခုတြင္ အသာထိုင္၍ ေက်ာင္းသားမ်ားကို ၿပဳံးျပလိုက္သည္။
"ေကာင္းၿပီ သူတို႔ၿပိဳင္ပြဲကို အႏွောင့္အယွက္မျဖစ္ေအာင္ တိတ္တိတ္ေနေပးလိုက္ရေအာင္"

စိတ္အားသန္မႈမ်ား ျပည့္ဝလ်က္ ရန္ေဝ့ အကၤ်ီလက္ကို ေခါက္တင္လိုက္သည္။ သူက သူ႕တန္ဖိုးကို ျပရန္ အသင့္ပင္။ သူ႕အႏွစ္ႏွစ္ဆယ္ေက်ာ္ ႀကဳံဖူးသမွ် အားလုံးေပါင္း၍ အခက္ဆုံးေမးခြန္း ၂၀ ကို ထုတ္လိုက္သည္။ သူကိုယ္တိုင္ေတာင္ အာ႐ုံတစ္ခ်က္လြတ္သြားလွ်င္ မွားသြားနိုင္၍ ေက်ာင္းသားတစ္ေယာက္မွ မေျဖနိုင္ဘူးဟု ယုံၾကည္ခ်က္ရွိေလသည္။

သူက ျဖစ္လာေတာ့မည့္ အေၾကာင္းကို ခန့္မွန္းၾကည့္နိုင္ေနၿပီ။ ဇူအန္ ေမးခြန္းမ်ားကို ၾကည့္၍ မေျဖနိုင္ဘဲ စုတ္တံကိုင္ကာ စိတ္ရႈပ္ေနလိမ့္မည္။ ထို႔ေနာက္ ေက်ာင္းသားအားလုံး၏ ေရွ႕တြင္ သူ ရန္ေဝ့က ေမးခြန္းမ်ားကို ေျဖျပၿပီး ေလးစားမႈမ်ား အရယူလိမ့္မည္။

ရွန္းလွ်ို႔ယီလည္း သူ႕ကို အေရာင္ေတာက္ေတာက္မ်က္လုံးမ်ားျဖင့္ ၾကည့္ေနနိုင္ေသးသည္။ ဒါက ေပ်ာ္႐ႊင္တဲ့ဆက္ဆံေရး၏ အစျဖစ္ေပလိမ့္မည္။

ေတြးၾကည့္႐ုံျဖင့္ပင္ သူ႕ကို ရယ္ခ်င္သလို ၿပဳံးခ်င္သလို ျဖစ္လာေစသည္။
မဟုတ္ေသးဘူး မဟုတ္ေသးဘူး။ ငါစိတ္ၿငိမ္ရမယ္။ မ်က္လုံးေတြအမ်ားႀကီး ငါ့ကိုၾကည့္ေနတာ ငါ့ပုံရိပ္ကို ထိန္းရမယ္။

သူ႕ပုံရိပ္ေၾကာင့္ ရန္ေဝ့ ေခ်ာင္းအသာဟန့္၍ ေမးခြန္းကို ဇူအန္လက္ထဲ ေပးလိုက္သည္။
"ခုခ်ိန္ေနာက္ဆုတ္လည္း ေနာက္မက်ေသးဘူး။ မင္းတစ္ခုမွ မွန္ေအာင္ မလုပ္နိုင္ရင္ အကယ္ဒမီက ထြက္သြားရမွာေနာ္"
သူထိုစကားမ်ားေျပာျခင္းက သူက ေက်ာင္းသားကို ေခ်ာင္ပိတ္ျခင္းမဟုတ္ဘဲ ေက်ာင္းသားက သူ႕ဘာသာေနာက္မဆုတ္ျခင္းျဖစ္ေၾကာင္း ရွန္းလွ်ို႔ယီကို သိေစခ်င္၍ပင္။ ဒါေပါ့ လက္ရွိအေျခအေနအရ ဇူအန္ေနာက္ဆုတ္ရန္ မလြယ္ကူေပ။

တုံ႕ျပန္ေသာအေနျဖင့္ ဇူအန္ရယ္လိုက္ၿပီး
"က်ဳပ္သာ အားလုံးမွန္ခဲ့ရင္ အကယ္ဒမီက ထြက္သြားရမယ့္လူက ခင္ဗ်ားေနာ္"

ရန္ေဝ့သာမက တစ္ျခားေက်ာင္းသားမ်ားပင္ ဇူအန္ေၾကာင္ေနသည္ဟု ခံစားလိုက္ရသည္။ ရွန္းလွ်ို႔ယီက သူမ်ားမသိေသာအရာတစ္ခုကို သိေနသည့္အလား နားလည္ရခက္ေသာ အၿပဳံးသဲ့သဲ့ျဖင့္ အသာၾကည့္ေနသည္။

"မာနႀကီးလိုက္တာ..ေမာက္မာလိုက္တာ" ရန္ေဝ့ ေဒါသတႀကီး ေပါက္ကြဲသြားသည္။
"မင္းကိုယ့္ကိုကိုယ္ အထင္ႀကီးတာရဲ႕ အက်ိဳးဆက္ကို ခံစားရလိမ့္မယ္"

သင္သည္ ရန္ေဝ့ထံမွ အမ်က္ပြိုင့္ ၅၄၁ ရယူလိုက္သည္။

သူ႕နတ္သမီးေရွ႕တြင္ ေစာ္ကားခံရျခင္းကို လက္မခံနိုင္ေပ။ အထူးသျဖင့္ ေက်ာင္းသားတစ္ေယာက္ထံမွပင္။

သူ႕ကိုလ်စ္လ်ႉရႉ၍ ဇူအန္ ေမးခြန္းစာ႐ြက္ယူလိုက္သည္။
႐ုတ္တရက္ ေအာ္ရယ္လိုက္သည္။
"ဒါက ခင္ဗ်ားရတာ အကုန္ပဲလား"

အမွန္ေတာ့ ေမးခြန္းအကုန္ေျဖနိုင္မလား သူ မေသခ်ာပင္။ ဒီေလာကတြင္ သခၤ်ာဘယ္ေလာက္ တိုးတက္ေနမွန္း သူမသိေခ်။ သို႔ေသာ္ ေမးခြန္းမ်ားကို ျမင္လိုက္ေသာအခါ ရန္ေဝ့ကို အထင္ႀကီးလိုက္မိေၾကာင္း ဇူအန္သိလိုက္သည္။

"မင္းပါးစပ္သရမ္းေနမယ့္အစား ေမးခြန္းကို အာ႐ုံစိုက္ဖို႔ အႀကံေပးလိုက္မယ္။ မင္းအတန္းခ်ိန္ၿပီးလို႔မွ ေျဖလို႔မၿပီးေသးရင္ ဟမ့္.." ရန္ေဝ့ စကားဆုံးေအာင္ မေျပာေသာ္လည္း အဓိပၸာယ္က သိသာေလသည္။

ရွန္းလွ်ို႔ယီက ထေျပာသည္။
"အတန္းၿပီးဖို႔ အခ်ိန္ဘယ္ေလာက္မွ မက်န္ေတာ့ဘူး။ ဒါက အရမ္းေလာရာမက်ဘဴးလား။ ဒီလိုလုပ္ပါလား။ ကြၽန္မအခ်ိန္က ေနာက္သင္ခန္းစာဆိုေတာ့ ရွင္တို႔ ျဖည္းျဖည္းခ်င္း လုပ္လို႔ရေအာင္ ကြၽန္မအခ်ိန္တစ္ဝက္ေပးလိုက္မယ္"

ရန္ေဝ့က အံ့ၾသသြားသည္။ သို႔ေသာ္လည္း ဇူအန္ကို ကူညီရန္ ေျပာျခင္းဟု သူ မထင္ေပ။ သူတို႔ႏွစ္ေယာက္က ပတ္သက္မႈမရွိ၍ ကူညီစရာအေၾကာင္းမရွိေခ်။
ငါ့နတ္သမီးက အငယ္ကို သနားၿပီး အခြင့္အေရးေပးေနတာ ျဖစ္ရမယ္။ သူမ်ားေတြ ငါ့ကို အငယ္ကိုအနိုင္က်င့္တယ္ေျပာမွာစိုးလို႔ ငါ့ဂုဏ္သိကၡာကို ငဲ့ၿပီးေျပာတာ ျဖစ္ရမယ္။ ဘယ္လိုေတာင္ စိတ္လႈပ္ရွားစရာေကာင္းလိုက္လဲ။

ရန္ေဝ့က မ်က္ရည္ဝိုင္းလုနီးပါး ႏြေးေထြးသြားၿပီး ေခါင္းအျမန္ၿငိမ့္လိုက္သည္။
"ဟုတ္တယ္ ရွန္းဆရာမ ေျပာတာ ျပည့္စုံတယ္။ ဇူအန္ မင္းကို ေမးခြန္းေျဖဖို႔ ေနာက္ထက္ အခ်ိန္တစ္ဝက္ ေနာက္ထပ္ေပးမယ္"

ဇူအန္ ရန္ေဝ့ကို ျပန္မေျဖေတာ့ပဲ ပထမေမးခြန္းကို ၾကည့္လိုက္သည္။

လူသုံးေယာက္ သုံးရက္အတြင္း ေရသုံးပုံး ေသာက္တယ္။ လူကိုးေယာက္ ကိုးရက္မွာ ဘယ္ႏွစ္ပုံး ေသာက္လဲ။

ေဝေဆာင္မ်က္လုံးခ်က္ခ်င္း လက္သြားသည္။
"ဒါက အလြယ္ေလးပဲ ကြၽန္ေတာ္ေတာင္ ေျဖလို႔ရတယ္။ ၃ေယာက္က ရက္မွာ၃ ေရ၃ပုံးဆိုရင္ ၉ေယာက္က ၉ရက္မွာ ေရ၉ပုံးေပါ့"

ေက်ာင္းသားအမ်ားစုက ေခါင္းညိတ္လက္ခံၾကသည္။ အနည္းစုကသာ ေဝေဆာင္ေျပာေသာ အေျဖက တစ္ခုခုမွားေနသလို ခံစားရေသာ္လည္း ဘာမွားေနမွန္းမသိေခ်။

ရန္ေဝ့က ေဝေဆာင္ကို ၾကည့္၍ မဲ့ၿပဳံး ၿပဳံးလိုက္သည္။
ငါက အဲ့ေလာက္လြယ္တာ ေမးမယ္ထင္လို႔လား
ဒါေပါ့ အမွားကို ေထာက္ျပရန္လည္း မလုပ္ေပ။ ဒီလူေတြ ဇူအန္ကို အမွားထင္ေစလွ်င္ သူက ပိုေကာင္းေပေသးသည္။

ဇူအန္ကေတာ့ စိတ္ပ်က္စြာ ေခါင္းယမ္းမိလိုက္သည္။

ဒီဟာကို မူလတန္းေက်ာင္းသားမ်ားပင္ ေျဖနိုင္လိမ့္မည္။ လူ၃ေယာက္ ေရ၃ပုံးကို ၃ရက္ေသာက္ေတာ့ တစ္ရက္ကို ၃ေယာက္ တစ္ပုံး ။ ျမႇောက္လိုက္ရင္ ၉ေယာက္ဆိုေတာ့ တစ္ရက္ကို ၃ပုံး ၊ ၉ရက္ဆိုေတာ့ ၉၃=၂၇ ပုံး ျဖစ္ရမည္။

ဇူအန္ အေျဖကို ခ်က္ျခင္းခ်ေရးလိုက္ေသာအခါ ရန္ေဝ့ မ်က္လုံးျပဴးသြားရသည္။
ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ။

သူပထမဆုံးအႀကိမ္ ေရွးေဟာင္းစာအုပ္တြင္ ေတြ႕တုန္းက သူလွည့္ကြက္ထဲဝင္ၿပီး အေျဖမွားခဲ့သည္။ ေနာက္ေတာ့ သူ႕လုပ္ေဖာ္ကိုင္ဖက္ အမ်ားစုကို ေမးလိုက္ေသာ္ အမ်ားစုက အလိုလို ၉ပုံးဟု ေျဖေပလိမ့္မည္။ ဒီေကာင္က ဘယ္လိုလုပ္ အလြယ္တကူ ေျဖနိုင္ရတာလဲ။
သို႔ေသာ္ ဒီေမးခြန္းက သိပ္မခက္ေပ။ ဇူအန္ ကံေကာင္းသြားတာ ျဖစ္နိုင္ေလသည္။

ဟမ့္ ဒါက အကုန္လုံးထဲက အလြယ္ဆုံး ေမးခြန္းပဲ။ တျဖည္းျဖည္း ပိုခက္လာမွာ မင္းအကုန္ေျဖနိုင္မယ္လို႔ ငါမထင္ဘူး။

အခု ဇူအန္က ေမးခြန္းတစ္ခု ေျဖနိုင္သြား၍ အကယ္ဒမီမွ ႏွင္ထုတ္ရန္ မလြယ္ေတာ့ေပ။
ဒီလိုျဖစ္မယ္မွန္းသိရင္ ေမးခြန္းဒီေလာက္ မနိမ့္လိုက္ပါဘူး။

သင္သည္ ရန္ေဝ့ထံမွ အမ်က္ပြိုင့္ ၉ ရယူလိုက္သည္...၉..၉..၉...

အမ်က္ပြိုင့္ ဝင္လာႏႈန္းကိုၾကည့္၍ ရန္ေဝ့၏ နာမည္ႏွင့္လူ လိုက္ဖက္မႈကို အံ့ၾသေနသည္။ အမ်က္ပြိုင့္ ဝင္တာေတာင္ အီးေပါက္သလို တဖြတ္ဖြတ္နဲ႕။

ဒုတိယေမးခြန္းကို သြားလိုက္သည္။

လယ္သမားတစ္ေယာက္ရဲ႕ ဇနီးက ျမစ္ကမ္းေဘးမွာ ပန္းကန္ေဆးေနတယ္။လမ္းသြားလမ္းလာေတြက ပန္းကန္ဘာလို႔ ဒီေလာက္မ်ားရတာလဲ ေမးေတာ့ သူက အိမ္မွာ ဧည့္သည္အမ်ားႀကီး ထမင္းေကြၽးထားလို႔ပါ ျပန္ေျဖသည္။ လူႏွစ္ေယာက္ ထမင္းပန္းကန္ တစ္လုံး၊ လူသုံးေယာက္က ဟင္းခ်ိဳတစ္ခြက္၊ လူေလးေယာက္က အရံဟင္းတစ္ပန္းကန္ မွ်ေဝတယ္။ ဒါဆို ဧည့္သည္ ဘယ္ႏွစ္ေယာက္လဲ။

---------------------------------------------------------------------

Continue Reading

You'll Also Like

224K 5.8K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
126K 4.5K 26
Short novel Mixed by Sakurak🌸